← Chapters

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အခန်း(၁၃၆) ခရမ်းရောင်ညဘား

ခရမ်းရောင်ညဘားသည် လင်းနန်မြို့၏ စည်းကားသိုက်မြိုက်လှစွာသော နေရာတွင် တည်ရှိသည်။ ရွှယ်အန်းရောက်လာသောအခါတွင် အဝင်ဝ၌ ဇိမ်ခံကားမျိုးစုံဖြင့် ပြည့်နှင့်နေပြီဖြစ်၏။

မာချန်က အသေးစိတ်ကျစွာမိတ်ဆက်ပေးလိုက်သည်။

“မစ္စတာရွှယ်၊ ဒါက ခရမ်းရောင် ညဘားပါ။ ကျစ် ကျစ် ဒီမှာ ဖန်စီကားတွေအများကြီးရှိပေမယ့် ဒီနေ့ပိုများတယ်။ လှပတဲ့အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းအားက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ”

ရွှယ်အန်းက ခေါင်းညိတ်ရုံသာညိတ်၍ ဘားထဲသို့ ဝင်တော့မည့်အခိုက်အတန့်တွင် နောက်ကျောဘက်မှ အသံတစ်ခုထွက်လာသည်ကိုကြားလိုက်ရ၏။

“အာ အဲ့တာ မန်နေဂျာမာမဟုတ်ဘူးလား”

စကားသံက လှောင်ပြောင်သရော်မှုများနှင့် ပြည့်နှက်နေသောကြောင့် နားအဝင် အလွန်ဆိုးဝါးလှသည်။ မာချန်က ခေါင်းလှည့်ကြည့်လိုက်သောအခါ သူနှင့် မလှမ်းမကမ်းတွင် မာန်မာနပြင်းထန်သောအမူအရာမျိုးရှိသည့် အမျိုးသားတစ်ဦးကို ဝတ်ကောင်းစားလှများဖြင့် တွေ့လိုက်ရသည်။

မာချန်၏ မျက်နှာတွင် လန့်ဖျပ်ကြောက်ရွံ့ထိတ်လန့်သော အမူအရာတစ်ခု ပေါ်ထွက်လာကာ ခေါင်းကို ငုံ့၍ အတင်းပြုံးလိုက်သည်။

“အိုး မန်နေဂျာဆွေ့ချီ ခင်ဗျားရောက်နေတာ သတိမထားလိုက်မိဘူး”

ဆွေ့ချီသည် ခေါင်းညိတ်ပြပြီးနောက် လှောင်ရိပ်များကိန်းအောင်းနေသည့် အသံဖြင့် ပြောလိုက်၏။ “မန်နေဂျာမာကရော ဒီမှာ အပျော်လာတာလား”

“ဟားဟား ကျုပ်က သူများကို လိုက်ပို့ပေးတာပါ” မာချန်က ခေါင်းညိတ်ကာ ဦးညွတ်၍ပြောလိုက်သည်။

ဆွေ့ချီသည် အနည်းငယ်လှောင်ပြောင်၍ သူ့နောက်မှ အရိပ်ထဲတွင် ရပ်နေသော ရွှယ်အန်းနှင့် ယွီရန်တို့ကို ကြည့်လိုက်သည်။ ရွှယ်အန်းသည် မထူးခြားလှသော အဝတ်အစားများကို ဝတ်ဆင်ထားကာ ချမ်းသာသော သခင်လေးတစ်ယောက်ဟုတ်သည့်ပုံမပေါ်သည်ကို မြင်လိုက်ရသဖြင့် ဂုဏ်ယူစွာဖြင့် မေးမော့၍ ဘားထဲသို့ ဝင်သွားသည်။

မာန်ချန်သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချ၍ ရွှယ်အန်းကို တိတ်တဆိတ် ရှင်းပြလိုက်သည်။

“ဆွေ့ချီက လင်နန်မြို့က ချင်းမိသားစုရဲ့ အဓိကစီးပွားရေးပြိုင်ဘက်တွေထဲက တစ်ယောက်ပဲ။ အဲ့လူက ကျောထောက်နောက်ခံတွေ အများကြီးရှိတယ်”

ရွှယ်အန်းက လျစ်လျူရှု့၍ ခေါင်းညိတ်လိုက်သည်။

“မင်း သူ့ကို အရမ်းကြောက်နေရတာလား”

မာချန်၏ မျက်နှာထက်တွင် ရှက်ရွံ့သော အမူအရာတစ်ခု ပေါ်လာသည်။

“အင်း… လင်နန်ကို ပထမဆုံးရောက်တုန်းကတော့ သူ့ကို မကြိုက်ပေမယ့် နောက်တော့လည်း အကုန်လုံးအဆင်ပြေအောင်လုပ်ဖို့ တော်တော်ကြိုးစားခဲ့ရတယ်”

ရွှယ်အန်းက ပြုံး၍ အထဲသို့ ဝင်သွားသည်။

ခရမ်းရောင်ညဘားသည် လင်နန်တွင် ပထမအဆင့် သတ်မှတ်ခံရထိုက်သော ထိပ်တန်းပစ္စည်းများနှင့် အလှဆင်မှုများပါရှိသည်။ သို့သော် ထိုနေရာသည် အများအားဖြင့် စည်ကားသော်လည်း ယနေ့ခေတ်တွင် အားပေးမှုနှစ်ဆတိုးလာသည်။ ထိုအချိန်တွင် လူတိုင်းက ဘားနောက်ကွယ်မှ အမျိုးသမီးကို ငေးကြည့်နေကြသည်။ ထိုအမျိုးသမီးသည် မှိတ်တုတ်မှိတ်တုတ်မီးရောင်အောက်၌ ပခုံးပေါ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော် ယောက်ျားများ၏ အကြည့်များကို လွှဲဖယ်မရနိုင်သောအရာမှာ အမျိုးသမီး၏ မျက်နှာထက်မှ ပြုံးရိပ်ဖြစ်သည်။

သင်မည်သည့်ရှု့ထောင့်မှ ကြည့်စေကာမူ သူမသည် သင့်ကို ပြုံးပြနေသည့်ပုံရကာ နှလုံးသားသည်လည်း မသိမသာ ခုန်သွားသည့်ပုံပေါ်သည်။ ထိုအမျိုးသမီးသည် ယခုအချိန်တွင် ဆေးလိပ်သောက်နေကာ ကိုယ်ဟန်အနေအထားသည်လည်း အလွန်လှပ၍ မီးခိုးကွင်းများကို မှုတ်ထုတ်သည့် အပြုအမူသည်လည်း အံ့မခန်း လှပနေပုံပေါ်သည်။

မာချန်က အလွန်စွဲလန်းစွာဖြင့် စက္ကန့်အနည်းငယ်ကြည့်၍ ပြောလိုက်သည်။

“အရမ်းလှတယ်။ သူဒီလောက် အုတ်အော်သောင်းတင်းဖြစ်စေတာ အံ့သြစရာတော့မဟုတ်ဘူး။ ငါသာဆိုရင်လည်း ခံနိုင်ရည်ရှိမှာမဟုတ်ဘူးလို့ ငါထင်တယ်”

ထိုအချိန်တွင် ရွှယ်အန်း၏ မျက်လုံးများသည် လှောင်ရယ်ရိပ်များသန်းနေ၏။

“အရမ်းလှတယ်ဟုတ်လား။ ငါတော့ သာမန်ပဲလို့ထင်တယ်”

၎င်းတို့၏ ဘေးမှ ဆွေ့ချီသည် လှောင်ပြောင်၍ ပြောလိုက်သည်။

“တကယ့်လောကကို မမြင်ဖူးတဲ့ ခွေးတစ်ကောင်ပဲ”

“ဘာလဲ။ မြွေတစ်ကောင်က ငန်းရဲ့အသားကို မက်မောနေတာလား။ မင်းလိုလူက သူ့ကို ချဥ်းကပ်ဖို့ ထိုက်တန်တယ်ထင်လို့လား”

မာချန်က ထိုနေရာတွင်ရပ်၍ မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ပေ။

ထိုအချိန်တွင် ရွှယ်အန်းက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

“အိုး ဒါဆို မင်းက ဖားတစ်ကောင်မဟုတ်ဘူးလို့ ပြောနေတာပေါ့၊ ဟုတ်လား”

ဆွေ့ချီက အေးစက်စွာ အော်ဟစ်လိုက်သည်။

“ငါဘာကောင်လဲဆိုတာ မင်းတို့ကောင်တွေ ဆုံးဖြတ်ရမယ့် အရာမဟုတ်ဘူး။ ဒီအမျိုးသမီးက မနေ့ကမှ ရောက်လာပေမယ့် ယောက်ျားတွေရဲ့ ချဥ်းကပ်မှုကို လျစ်လျူရှု့ထားလို့ အေးစက်တဲ့နှင်းဆီလို့ နာမည်ပြောင်ရထားတယ်။ ဒါပေမယ့် ဒီကောင်တွေ မှန်ကန်တဲ့ နည်းလမ်းတွေ မသုံးခဲ့ဘူးလို့ ငါထင်တယ်”

ထို့ကြောင့် ဆွေ့ချီသည် ပြင်းပျသော မျက်လုံးများဖြင့် ရှေ့သို့တိုးလာ၍ အမျိုးသမီးအနားသို့ချဥ်းကပ်လာသည်။ အနီးမှကြည့်လျှင် သူမတွင် ကြည့်ရှု့သူကို အသက်ရှုပင် ရပ်သွားစေနိုင်သည့် အလှမျိုးရှိသည်။

အထူးသဖြင့် သူမ၏ ပတ်ဝန်းကျင် လေထုသည် အလွန် ရူးသွပ်ဖွယ်ကောင်းလှသည်။ ဤသည်ကို တွေးကာ ဆွေ့ချီက လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ အရှိန်အဝါမျိုးဖြင့် စားပွဲထိုးကို လက်ညှိုးထိုးလိုက်သည်။

“စျေးအကြီးဆုံးဝိုငဝိုင်ကို ယူခဲ့ပါ။ လှပတဲ့ အမျိုးသမီးက အကောင်းဆုံးအရက်တွေနဲ့ ထိုက်တန်တယ်”

စားပွဲထိုးသည် ထိုစကားကိုကြားသောအခါ Royal Salute ပုလင်းကို အမြန်ဖွင့်၍ ဖန်ခွက်နှစ်ခွက်ထဲသို့ ထည့်၍ ဖန်ခွက်များကို ကိုင်ကာ ပြုံး၍ ပြောလိုက်သည်။

“ဒီမိန်းမလှလေးကို သောက်ဖို့ ဖိတ်ခေါ်ပါရစေ”

ဤအမျိုးသမီးသည်ကား ရှီရွှယ်ချင်းပင်ဖြစ်သည်။ သူမက ဆွေ့ချီကို တစ်ချက်ကြည့်ကာ ခေါင်းမော့၍ နှုတ်ခမ်းထောင့်များကွေးညွတ်သွားသည်အထိ ပြုံးလိုက်သည်။

ဆွေ့ချီသည် အလွန်ပျော်မြူးနေ၏။ လူများစွာက အီစီကလီလုပ်ရန် ရှေ့သို့ ထွက်လာခဲ့ကြသော်လည်း သူမ၏ အပြုံးကိုမူ တစ်ယောက်မျှ မမြင်ခဲ့ရပေ။ ထို့ကြောင့် ယခုအချိန်တွင် သူသည် ဤအမျိုးသမီးကို အောင်မြင်စွာဖြင့် ရင်ခုန်စေနိုင်ခဲ့ပြီထင်ရ၏။ သူဂုဏ်ယူနေစဥ်၌ ရှီရွှယ်ချင်းက ဖန်ခွက်ကို ယူ၍ အနည်းငယ်လှည့်လိုက်ကာ ရုတ်တရက် ပက်လိုက်သည်။ ဆွေ့ချီသည် သတိလက်လွတ်ဖြစ်နေသောကြောင့် မျက်နှာသို့ တည့်တည့်အပက်ခံလိုက်ရ၏။ ထို့နောက် ရှီရွှယ်ချင်းက စကားတစ်ခွန်းမျှမပြောတော့ပေ။

“ထွက်သွားစမ်း”

ဆွေ့ချီ၏ အမူအရာသည် မည်းမှောင်လာပြီးနောက် ရှီရွှယ်ချင်းကို ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ထိုအချိန်တွင် ရှီရွှယ်ချင်းသည် စီးကရက်တစ်လိပ်ကို ဆွဲယူ၍ အသက်ရှုထုတ်လိုက်၏။

“ကျွန်မပြောတာ မကြားဘူးလား အခုချက်ချင်းထွက်သွားစမ်း”

ဆွေ့ချီက မတ်တပ်ထရပ်လိုက်ပြီးနောက် ပြာမှောင်နေသော မျက်နှာမျိုးဖြင့် လှည့်ထွက်သွားသည်။ ဤမြင်ကွင်းကို လူများစွာက မျှော်လင့်ထားနှင့်ပြီးသားဖြစ်သည်။ အစကတည်းက လူအယောက်လေးဆယ်ထက်မနည်း ရှီရွှယ်ချင်းကို စကားပြောရန် ကြိုးစားခဲ့ကြသည်။ ၎င်းတို့ထဲမှ နှစ်ဆယ့်တစ်ယောက်သည် အရက်ဖြင့် အပက်ခံခဲ့ရကာ ပုလင်းဆယ်လုံးခန့်ဖြင့် ကိုင်ပေါက်ခံရ၍ အချို့မှာ ရှီရွှယ်ချင်း၏ အေးစက်သောအကြည့်များအောက်တွင် ထိတ်လန့်တကြားထွက်ပြေးသွားခဲ့ရသည်။ အချုပ်အားဖြင့် ဆိုရလျှင် ဤအမျိုးသမီးသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

သူမဒေါသထွက်နေသောအခိုက်အတန့်တွင် သူမသည် ယမန်နေ့ကကဲ့သို့ လူအားလုံးကို ရူးသွပ်သွားစေ၏။

သူမ အေးစက်နေသော အခိုက်အတန့်များတွင် သူမသည် နှစ်ရှည်ကြာအရည်မပျော်သော ရေခဲတောင်ကဲ့သို့ မည်သူမျှ အနီးသို့ မချဥ်းကပ်ဝံ့စေရန် တားဆီးထားသည်။ လူအများက ခပ်တိုးတိုး လှောင်ရယ်လိုက်ကြသည်။ မာချန်နှင့် ယွီရန်တို့၏ မျက်လုံးများသည်လည်း မယုံကြည်မှုဖြင့် ပြူးကျယ်လာ၏။

ယခု အနားသို့ ချဥ်းကပ်သွားသူမှာ ရွှယ်အန်းဖြစ်သည်။

ယွီရန်သည် ၎င်းတို့အနက် အထိတ်လန့်ဆုံးဖြစ်ပေလိမ့်မည်။

ဒါဆို… သူက ဒီလိုမိန်းမမျိုးကို ကြိုက်တတ်တာလား။

ဆွေ့ချီသည် ဤမြင်ကွင်းကို မြင်ကာ ခဏအကြာတွင် ရွှယ်အန်း မောင်းထုတ်ခံလိုက်ရမည်ကို မြင်လိုက်ရသကဲ့သို့ ခပ်ပါးပါးလှောင်ရယ်လိုက်၏။ ရွှယ်အန်းသည် ဘားဆီသို့သွား၍ ပေါ့ပေါ့ပါးပါးထိုင်ကာ စကားမပြောဘဲ ရှီရွှယ်ချင်းကို တိတ်တဆိတ်စောင့်ကြည့်နေသည်။ ယခု ရွှယ်အန်းသည် လွတ်မြောက်အင်မော်တယ် တစ်ဝက်အဆင့်တွင်ရှိနေကာ သူ၏ စွမ်းအင်ကို ဖုံးကွယ်ထားသဖြင့် သာမန်လူတစ်ဦးကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါမျိုးကို အပြည့်အဝ ထုတ်လွှတ်လျက်ရှိသည်။

ရှီရွှယ်ချင်းသည် ယင်းကို သတိပြုမိသွားကဲ့သို့ ခံစားလိုက်ရကာ မျက်ခုံးအနည်းငယ်ပင့် မျက်စောင်းထိုး၍ ရွှယ်အန်းကို ကြည့်လိုက်သည်။ ရှီရွှယ်ချင်း၏ နှလုံးသားတစ်ခုလုံးတုန်လှုပ်သွား၏။

‘ဒါဘယ်လိုမျက်လုံးတွေလဲ’

‘သန့်ရှင်းကြည်လင်နေပေမယ့် ဧကရာဇ်တစ်ပါးရဲ့ အမူအရာလိုမျိုးပဲ’

သူမ အနည်းငယ် အံ့အားသင့်သွားမိသည်။ ထိုအခိုက်အတန့်တွင် ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်၏။

“လျှို့ဝှက်အင်မော်တယ်ဂိုဏ်းရဲ့ မျိုးဆက်က ငါ့ကို သောက်ဖို့တစ်ခွက်မငှဲ့ပေးဘူးလား”

ထိုစကားသည် ရှီရွှယ်ချင်း၏ နားထဲသို့ မိုးခြိမ်းလိုက်သည့်နှယ်ပေါက်ကွဲသွားသည်။ သူမ၏ အကြည့်သည် ဓားသွားတစ်စင်း၏ အစွန်းထက် ပို၍ ပြတ်သားလာသည်။

“ရှင်က ဘယ်လိုလဲ”

ရှီရွှယ်ချင်းသည် ဤအချိန်တွင်ဖြစ်နိုင်ခြေအားလုံးအတွက် သူမကိုယ်သူမ ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။

ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ ပုလဲကဲ့သို့ စွတ်စွတ်ဖြူနေသော ချွန်ထက်သည့်သွားများပေါ်လာသည်အထိ ပြုံးပြလိုက်သည်။

“စိတ်တိုနေစရာမလိုပါဘူး။ မင်းရှိနေရင်တောင် မင်းက အသုံးမဝင်ဘူး။ ငါသာမင်းကို သတ်ချင်ရင် မင်းသေနေပြီ”

အခန်း(၁၃၇) ဆာဟာလောက၏ မီးတောက်

ရှီရွှယ်ချင်းထိတ်လန့်သွားပြီးနောက် သူမ၏မျက်နှာပေါ်တွင် ထိတ်လန့်သောအကြည့်တစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် ရွှယ်အန်း၏ ရောင်ဝါသည်လည်းရုတ်တရက် သိသိသာသာ တိုးလာသည်။ ယင်းသည် သမုဒ္ဒရာကြီးတမျှ ကျယ်ပြောလှသော ရောင်ဝါတစ်ခုဖြစ်ကာ မြင်သူတိုင်းကို လေးစားတကြီးဖြစ်စေ၏။ သို့သော် ၎င်းမှာ ထင်ယောင်ထင်မှားဖြစ်ခြင်းဖြစ်သကဲ့သို့ တခဏမျှသာ ကြာခဲ့သည်။

သူမ၏ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိရန် ရုန်းကန်ပြီးနောက်၊ ရှီရွှယ်ချင်း၏ မျက်လုံးများ ပြောင်းသွားကာ ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် ပြောလိုက်၏။

“အင်း ဒါပေမယ့် ဒီက သောက်စရာတွေက ရိုးလွန်းတယ်၊ ရှင့်အတွက် ကျွန်မ တစ်ခွက်ရောစပ်ပေးပါရစေ"

ထိုစကားကြောင့် ရှီရွှယ်ချင်းမတ်တပ်ထရပ်ကာ ရွှယ်အန်းအတွက် ကော့တေးကို ကိုယ်တိုင်ကိုယ်ကျ စတင်ရောစပ်လိုက်သည်။ ဒီမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။

ဘာဖြစ်တာလဲ

‘ဒီလူက သူ့နားကပ်လာပေမယ့် ဘာလို့ မောင်းမထုတ်ဘဲ အရက်စပ်ပေးနေတာလဲ’

ဆွေ့ချီ၏ မျက်ခွံများသည် ရူးသွပ်စွာ လှုပ်ယမ်းနေလျက်ရှိကာ သူ့မျက်နှာသည်လည်း ဒေါသကြောင့် စိမ်းပုတ်နေ၏။ မာချန်ကမူ ချီးကျူးစကားများစတင်ပြောလာ၍ ရွှယ်အန်းထားသော သူ၏ ကြည်ညိုလေးစားစိတ်သည်လည်း ပို၍ပင် ကြီးထွားလာသည်။

"မစ္စတာရွှယ်က ကျင့်ကြံရေးအဆင့်မြင့်ရုံတင်မကဘဲ အမျိုးသမီးတွေနဲ့ ဆက်ဆံရာမှာလည်းကျွမ်းကျင်တယ်”

အထူးသဖြင့် ရှီရွှယ်ချင်း၏ လှုပ်ရှားမှုတိုင်းကို သတိပြုမိပြီးနောက် ယွီရန်ကသာ သူမနှင့် နှိုင်းယှဥ်ကြည့်လျှင် လုံးဝ မိန်းမမဟုတ်ဟု ခံစားမိသည်။ ရွှယ်အန်းသည် ယခုရက်ပိုင်းအတွင်း သူမကို အပိုတစ်ချက်မှမကြည့်သည်မှာ အံ့သြစရာမဟုတ်လှပေ။

ထိုအချိန်တွင် ရှီရွှယ်ချင်းသည် အရည်ကို ရောစပ်၍ ရွှယ်အန်းအတွက် တစ်ခွက်ထည့်ပေးလိုက်သည်။

ရွှယ်အန်းက ၎င်းကိုယူကာ ခွက်ထဲရှိ ပယင်းရောင်အရည်ကို မမြည်းစမ်းကြည့်ခင် ပြောလိုက်၏။

"ဒီအရက်ရဲ့နာမည်ကဘာလဲ"

ရှီရွှယ်ချင်းက ရွှယ်အန်းကိုကြည့်ကာ ဖြည်းညှင်းစွာပြောသည်။

"ကျွန်မကတော့ ညနှင်းဆီလို့ခေါ်တယ်"

"ညနှင်းဆီ..." ရွှယ်အန်းက ခေါင်းခါလိုက်၏ "သံသရာရဲ့ ရမ္မက်မီး” လို့ခေါ်တာပိုကောင်းမယ်ထင်တယ်”

“သံသရာရဲ့ ရမ္မက်မီး…” ရှီရွှယ်ချင်းက လှည့်စားခံလိုက်ရသကဲ့သို့ ဝိုးတဝါးရေရွတ်လိုက်သည်။

ရွှယ်အန်းက ဆက်ပြောသည်

"သံသရာရဲ့ ရမ္မက်မီးဆို မင်းရဲ့ သဘာဝ ဆွဲဆောင်မှု နှင့် ညှို့ငင်တဲ့နည်းလမ်းတွေနဲ့ မသင့်တော်ဘူးလား "

ရှီရွှယ်ချင်း၏အမူအရာသည် တစ်ခုခုပြောတော့မည့်အလား သိသိသာသာ ပြောင်းလဲသွားသည်။

သို့သော် ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

"ဘားထဲကို မဝင်ခင်မှာတောင် အရမ်းရင်းနှီးတဲ့ ရနံ့တစ်ခုကို ငါရခဲ့သေးတယ်၊ မင်းကို လူသားလို့ ယူဆမယ်ဆို အဲ့တာက ထူးဆန်းနေတယ်။ မင်းမှာ ဘာ့ကြောင့် မြေခွေးရဲ့ ရနံ့ ရှိရတာလဲ"

နောက်ဆုံးတွင် ရှီရွှယ်ချင်းအံ့သြသွားသည်။

ဒီလူက ဘယ်သူလဲ။ သူမမျက်လုံးထဲက လျှို့ဝှက်ချက်တွေကို ဘာကြောင့် ဖုံးကွယ်လို့မရတာလဲ။

" ခန့်မှန်းကြည့်ရအောင် မင်းရဲ့ဂိုဏ်းက မြေခွေးအင်မော်တယ်ကို ကိုးကွယ်နေတာများလား။ တကယ့်ကို ထူးဆန်းတဲ့ ဂိုဏ်းပဲ” ရွှယ်အန်းက မှတ်ချက်ချပြီးနောက် အရက်ကို တစ်ကျိုက်မော့သောက်လိုက်သည်။

ထို့နောက် ရှီရွှယ်ချင်းသည် နောက်ဆုံးတွင် အလေးအနက်ထားကာ “ဖန်ကျင်းတောင်ပေါ်ရှိ လင်ယင်နန်းတော်မှ ရှီရွှယ်ချင်းက သခင်ငယ်ကို နှုတ်ဆက်ခဲ့ပါတယ်။ ကျွန်မ အရှင့်ရဲ့နာမည်ကို သိခွင့်ရနိုင်မလား”

"ငါ့နာမည် ရွှယ်အန်းပါ"

ရွှယ်အန်း…

ရှီရွှယ်ချင်း၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ ယွီယွမ်ယိကိုသတ်ခဲ့တဲ့ ရွှယ်အန်း"

ယခုအချိန်တွင် ရှီရွှယ်ချင်းသည်ဝမ်းနည်းစိတ်ဖြင့် အော်လိုက်မိ၏။

ဤလူသည် မည်မျှ ကြောက်စရာကောင်းသည်ကို သူမသိခဲ့ရပါက မည်သည့်အခါမျှ မိမိကိုယ်ကို ထုတ်ဖော်ဝံ့မည်မဟုတ်ပေ။ ရွှယ်အန်းက ပြုံးလိုက်သည်။

"မကြောက်ပါနဲ့၊ ငါမင်းကို မသတ်ဘူးလို့ ပြောထားသားပဲ။ ငါ မင်းအကြောင်း နည်းနည်း သိချင်နေတယ် ဒါပါပဲ”

"သခင်ငယ်မှာ မြင့်မြတ်တဲ့ ကျင့်ကြံရေးအဆင့်ရှိထားတာပဲ။ ကျွန်မ နောက်ဆုံးတော့ ယုံသွားပြီ"

သူမက ဤသို့ပြော၍ ရိုသေစွာ ဦးညွှတ်လိုက်သည်။ သူမ၏‌ ကျော့ရှင်းသော ကိုယ်ဟန်အနေအထားကြောင့် အမျိုးသားများစွာ မျက်ရည်ကျလုမတတ်ဖြစ်သွားရသည်။

"ငါပြောပြီးပြီ မင်းရဲ့ဆွဲဆောင်မှုတွေဟာ ငါ့အပေါ် မသက်ရောက်ဘူး"

“မစ္စတာရွှယ်၊ ကျွန်မ အဲ့တာတွေကို တမင်သုံးခဲ့တာမဟုတ်ဘူး။ ဒီဆွဲဆောင်မှုတွေဟာ ကျွန်မရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တာပဲ”

မာချန်ထံမှ သူမအကြောင်း ကြားသောအခါတွင် သူမသည် သာမန်အလှပဂေးမျိုးဖြစ်ပေလိမ့်မည်ဟုသာ ထင်ထားခဲ့သည်။ တစ်ခုတည်းသောဖြစ်နိုင်ချေမှာ ချောမောလှပသူတစ်ယောက်က ဤသို့အုတ်အော်သောင်းတင်းဖြစ်စေခဲ့ခြင်းဟုသာ ထင်ခဲ့သည်။

အမှန်ပင် ဘားအပြင်တွင် ရွှယ်အန်းသည် မြေခွေးဝိညာဉ်၏ရနံ့ကို အနံ့ခံမိခဲ့သည်။

ဤရနံ့ကို သူအလွန်အကဲဆတ်မိရခြင်းအကြောင်းရင်းမှာ အနန္တစကြ၀ဌာတစ်လျှောက် ခရီးသွားစဉ်တွင် ချင်းချိုးမြေခွေးအဆင့် အမြီးကိုးချောင်း ကောင်းကင်မြေခွေးတစ်ကောင်၏ အဆက်မပြတ် အလိုက်ခံခဲ့ရခြင်းကြောင့်ဖြစ်သည်။ ရွှယ်အန်းသည် ဤမြေခွေးဝိညာဉ်ဖြစ်နိုင်သည်ဟု တွေးကာ ပထမတော့ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရသည်။ သို့သော် ၎င်းမှာ လူဖြစ်နေ၏။

"မင်းက ကျက်သရေရှိပေမယ့် ကံမကောင်းစွာနဲ့ မင်းရဲ့ ဆွဲဆောင်မှုစွမ်းရည်က ညံ့ဖျင်းပြီး အရေပြားလောက်ပဲနက်ရှိုင်းတယ်"

ရွှယ်အန်းကို စိုက်ကြည့်ကာ ရှီရွှယ်ချင်း၏ မျက်လုံးများ တဖြည်းဖြည်း ကျယ်လာသည်။

“မစ္စတာရွှယ်… ရှင်…”

“ငါ့မှာ မြေခွေးအင်မော်တယ် သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်” ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ပြောသည်။

ရှီရွှယ်ချင်း အံ့အားသင့်သွားသည်။ ထိုအချိန်တွင်ပင် တံခါးသည် ရုတ်တရက် ပွင့်လာ၍ နားရွက်မပါသော လူတစ်ဦး ဦးဆောင်သည့် အပေါ်ပိုင်းဗလာဖြင့် လူအုပ်ကြီးတစ်အုပ် ဖြည်းညှင်းစွာဝင်လာသည်။

ဤလူကို ကြည့်ပြီးနောက် ဘားထဲရှိ လူများစွာက ထိတ်လန့်သွားသည်။

"ဆွေ့ချွယ့်၊ တကယ် ဆွေ့ချွယ့်ပဲ"

“ပြီးပြီ၊ ငါတို့ ပြီးပြီ။ ဒီဆွေ့ချွယ်က အရမ်းရက်စက်ကြမ်းကြုတ်တဲ့ မျိုးဆက်လို့ လူသိများတယ်။ သူဘာလို့ ရောက်လာတာလဲ”

ဤတီးတိုးသံများကြားတွင် ဆွေ့ချီသည် အလွန်ပျော်နေလျက် ရှေ့သို့ အမြန်ပြေးသွားခဲ့သည်။

"ဝမ်းကွဲအစ်ကို"

ဤ ဆွေ့ချွယ့်သည် ဆွေ့ချီ၏ဝမ်းကွဲအစ်ကိုဖြစ်သည်။ ဆွေ့ချွယ့်က သူ့ကို ငုံ့ကြည့်ပြီးနောက် ရှီရွှယ်ချင်းကို အာရုံစိုက်လိုက်သည်။ အနည်းငယ်ကြည့်ပြီးနောက် ဆွေ့ချွယ့်၏မျက်လုံးများသည် လောဘနှင့် တက်မက်မှုများဖြင့်ပြည့်နေသည်။

“ဒီခွေးမသား ဝမ်ပေါင်က တကယ်ကို အရည်အချင်းရှိတယ်။ ဒီလိုအလှမျိုးကို ဘယ်မှာရှာတွေ့ခဲ့တာလဲ ကျစ်… ကျစ် အဲဒီ တင်ပါးတွေကို နောက်ကနေသာ… ” ဆွေ့ချွယ့်က ကြမ်းကြမ်းတမ်းတမ်း အော်သည်။ သို့သော် မည်သူမျှ စကားမပြောဝံ့ကြတော့ပေ။

လင်နန်တွင်၊ ဆွေ့ချွယ့်၏ နာမည်ဆိုးကိုမသိသူ မည်သူရှိသနည်း။ သူသည် ကလေးငိုသံကို တိတ်သွားစေနိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းသော ယောက်ျားတစ်ယောက်ဖြစ်သည်။ ရှီရွှယ်ချင်း အနည်းငယ် မျက်စောင်းထိုးလိုက်သောအခါ ဝမ်ပေါင်သည် မှိန်သေသောအကြည့်ဖြင့် သူ့ထံ လှမ်းတက်လာသည်။

"ကျေးဇူးပြုပြီး ဒီနေရာကနေ ထွက်သွားပါ" ဝမ်ပေါင်ကပြော၏။

"ဝမ်၊ မဆိုးပါဘူး၊ မင်းမှာ အရည်အချင်းရှိတယ်။ ဒီနေ့ ဒီကြက်ကလေးကို နှစ်ရက်လောက် ငှားဖို့ကလွဲလို့ တခြားဘာမှ မယူချင်တော့ဘူး။ နောက်မှ မင်းဆီပြန်လိုက်မယ် ဘယ်လိုသဘော"

ဝမ်ပေါင်သည် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ထိန်းချုပ်ထားကာ ရူးနှပ်၍ စိတ်လွတ်နေပုံပေါ်သည်။

ဆွေ့ချွယ်က မျက်မှောင်ကြုတ်လိုက်သည်။

“အေးပါကွာ၊ နှုတ်ဆိတ်နေတာက သဘောတူတာပဲတဲ့။ သူ့ကို ဖမ်းကြစမ်း”

လူအုပ်ကြီးသည် ရှေ့သို့ တိုးလာကာ အခြားသူများကို ထောင့်တစ်နေရာသို့ တွန်းပို့လိုက်ကြသည်။ ထို့အချိန်တွင် ဆွေ့ချွယ်သည် ရက်စက်သော အပြုံးဖြင့် ချဉ်းကပ်လာ၏။ ရှီရွှယ်ချင်း၏မျက်နှာပေါ်တွင် ရွံရှာမှုတစ်ခု ပေါ်လာသည်။ ရွှယ်အန်းသည် ထိုင်မြဲထိုင်နေလျက် သူ့ဝိုင်ကို ဖြည်းညှင်းစွာ သောက်နေသည်။

"ချစ်လေး၊ ငါနဲ့လိုက်ခဲ့။ ဟိုမှာ မင်း ကောင်းကောင်းနေ ကောင်းကောင်းစားရမယ်လို့ အာမခံတယ်”

"ငါစိတ်မဆိုးခင် ထွက်သွားစမ်းပါ” ရှီရွှယ်ချင်းက အေးစက်စွာပြော၏။

ဆွေ့ချွယ့်သည် အနည်းငယ်အံ့အားသင့်သွားပြီးနောက် အမူအရာသည်လည်း နက်မှောင်သွားသည်။

"ဒီ ကျေးဇူးကန်းတဲ့ ခွေးမ”

ထို့နောက် သူ စတင်၍ အတင်းအကြပ် ဆွဲလားရမ်းလားလုပ်ရန် ကြိုးစားခဲ့သည်။ ရွှယ်အန်းက အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်စွာကြည့်နေ၏။ ရှီရွှယ်ချင်းသည် ဆွေ့ချွယ့်ကို အလေးအနက်မထားပေ။ သူမသည် လင်ယင်နန်းတော်၏ တပည့်တစ်ဦးဖြစ်ကာ လူမိုက်တစ်ယောက်ကို ကိုင်တွယ်ရခြင်းသည် လက်ဖျောက်တီးခြင်းကဲ့သို့ လွယ်ကူလှသည်။ သို့သော် ထို သတိလက်လွတ်ဖြစ်နေသော အခိုက်အတန့်တွင် ဆွေ့ချွယ့်သည် ရုတ်တရက် လက်တစ်ဆုပ်စာအပြည့်ရှိသော အမှုန့်များကို ပစ်ချလိုက်သည်။

အမှုန့်သည် ထူးဆန်းသောရနံ့ကို သယ်ဆောင်လာသည်။

ရှီရွှယ်ချင်းသည် ဖြစ်ပျက်နေသည့်အရာကို မသိလိုက်သကဲ့သို့ လက်ကိုပင် မထောင်နိုင်တော့သည့်အပြင် သူမ၏ ခန္ဓာကိုယ် ပျော့ခွေသွားသည်ဟု မခံစားလိုက်ရသည်။

"မင်းမှာ စွမ်းအားတချို့ရှိတာ ငါသိပါတယ်၊ ဒါပေမယ့် ဒါက ဆင်တစ်ကောင်ကိုတောင် သတ်ပစ်ဖို့လုံလောက်တဲ့အထိ အားကောင်းပြီး တိရစ္ဆာန်ရုံတွေမှာ သုံးတဲ့ ထုံဆေးပဲ၊ မင်းလို နူးညံ့သိမ်မွေ့တဲ့ မိန်းမငယ်လေးဆို ထည့်ပြောနေစရာတောင်မလိုဘူး”

ဆွေ့ချွယ့်က ဤသို့ပြော၍ ပြုံးလျက် ရှီရွှယ်ချင်းကို ဆွဲထုတ်ရန် ပြင်လိုက်သည်။

ရှီရွှယ်ချင်းက ရွှယ်အန်းကို အကူအညီတောင်းသော မျက်ဝန်းများဖြင့် ငေးကြည့်နေသည်။

ဆွေ့ချီ ဤအခိုက်အတန့်တွင် ရယ်မောလိုက်သည်။ သူ့အမြင်တွင် ရွှယ်အန်း၏တိတ်ဆိတ်မှုကပင် ညှာတာ ထောက်ထားပေးနေခြင်းဖြစ်ကာ ဤသို့မဟုတ်ပါက သူ၏ ဝမ်းကွဲအစ်ကိုသည် သူ့ကို မည်သည်က မည်သို့ဖြစ်ကြောင်း သေချာပြပေလိမ့်မည်။

သို့သော် ဆွေ့ချွယ့်၏လက်က ရှီရွှယ်ချင်း၏ပခုံးကိုထိခါနီးတွင်၊ ရွှယ်အန်းက အေးဆေးတည်ငြိမ်စွာပြောသည်

"မင်းရဲ့ဝိုင်တစ်ခွက်ကို ငါသောက်လိုက်တာကြောင့် ဒါကို ပေးချေမှုလို့ သဘောထားလိုက်ရအောင်”

သူ ဤသို့ပြောလိုက်သောအခါ ဆွေ့ချွယ့်၏ လက်သည် လက်ကောက်ဝတ်မှ ရုတ်တရက် ပြတ်တောက်သွား၏။

ကြမ်းပြင်တွင် သွေးများ စွန်းထင်းကာ ရဲရဲတောက်လျက် ဆွေ့ချီနှင့် သူ့အပေါင်းအပါများ၏ မျက်လုံးများသည်လည်း နီရဲနေသည်။

အခန်း(၁၃၈) အင်း မင်းထင်နေတာ ငါပဲ

ဆွေ့ချွယ့်သည် ခေါင်းငုံ့ကြည့်၍ ကျယ်လောင်စူးရှစွာအော်လိုက်သည်။

“အား… အား… အား…”

ဤကျယ်လောင်လှသော အော်သံက လူတိုင်း၏ ကျောရိုးတစ်လျှောက်ကို စပ်ဖျင်းအေးစက်သွားစေသည်။ သို့သော် ဆွေ့ချွယ့်သည် အလွန်ရက်စက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သဖြင့် သူ၏ ကျန်လက်တစ်ဖက်ဖြင့် ရင်ဘက်ထဲမှ လက်လုပ်သေနတ်ကို ဆွဲထုတ်လိုက်သည်။

“ငါမင်းကို သတ်မယ်၊ ငါမင်းကို အသားကြိတ်သလိုကြိတ်ပစ်မယ်ကွ” ဆွေ့ချွယ့်က ကြမ်းတမ်းသော မျက်နှာထားမျိုးဖြင့် အော်လိုက်ပြီးနောက် သေနတ်ဖြင့် အဆက်မပြတ်ပစ်လိုက်၏။

ဘမ်း ဘမ်း ဘမ်း

သေနတ်ပစ်သံများသည် ဘားတစ်ခုလုံးသို့ တုန်လှုပ်သွားစေနိုင်သည့်အထိ ကျယ်လောက်လှကာ ပစ်ခတ်မှုမှထွက်ပေါ်လာသော အခိုးအငွေ့များကြောင့် လူတိုင်းက အရာအားလုံးပြီးဆုံးသွားပြီဟုထင်ကာ မျက်စိမှိတ်လိုက်ကြသည်။

ဤလူသေမည်မှာသေချာသည်။ ဆွေ့ချီက ခပ်တိုးတိုးလှောင်ရယ်လိုက်၏။

‘လင်နန်မှာ ငါ့အစ်ကိုကို ရန်စရဲတယ်ပေါ့’

‘သေခြင်းဆိုတဲ့ စာလုံးကို မရေးတတ်တာပဲနေမယ်’

သို့သော် သေနတ်အခိုးအငွေ့များ ကုန်စင်သည်အထိ မပျောက်သွားခင်တွယ် ခပ်ပါးပါးအသံတစ်ခု ထွက်ပေါ်လာသည်။

“ဆိုတော့ မင်းသေနတ်က တတ်နိုင်တာ ဒါအကုန်ပဲပေါ့။ အရမ်းနှေးလွန်းတယ်”

ဤသို့ပြောပြီးနောက် ရွှယ်အန်းသည် အရိပ်များထဲမှ ထွက်လာကာ သူ့လက်ကို မြှောက်၍ ဖွင့်ပြလိုက်သည်။

သူ့လက်ထဲမှ အဝါရောင်ကျည်ဆံများသည် ကျိုးကြေသံအချို့နှင့်အတူ ပြုတ်ကျလာသည်။

ဤမြင်ကွင်းက ဆွေ့ချွယ့်နှင့် အခြားသူများကို လုံးလုံးလျားလျား ထိတ်လန့်သွားစေသည်။

‘ကျည်ဆံတွေကို လက်ဗလာနဲ့ ဖမ်းလိုက်တာလား’

‘ဒီကောင် လူတောင်ဟုတ်ရဲ့လား’

“မြန်မြန်လုပ် အကူအညီခေါ်လိုက်” အခြေအနေက ဆိုးနေသည်ကို မြင်လိုက်သော ဆွေ့ချွယ့်က ချက်ချင်း အမိန့်ပေးလိုက်သည်။ ရွှယ်အန်းက အလျင်လိုခြင်းမရှိဘဲ အေးဆေးထိုင်ချကာ ဘားပေါ်တွင် လဲကျနေသော ရှီရွှယ်ချင်းကို ကြည့်၍ ပြုံးလိုက်သည်။

“မင်းရဲ့ လင်ယင်နန်းတော်က ဒီလိုကောင်တွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ လေ့လာဖို့လိုနေပြီထင်တယ်”

ဤစကားလုံးများက ရှီရွှယ်ချင်းကို ပို၍ပင် တုန်လှုပ်သွားစေသည်။ လျှို့ဝှက်အင်မော်တယ်ဂိုဏ်း၏ ကျော်ကြားသော အဖွဲ့ဝင်တစ်ဦးဖြစ်ရန်အတွက် အန္တရာယ်အများကို ခံရလေ့ရှိသည်။ ဤသို့ သတင်းများသာ ပျံ့နှံ့သွားပါက ရယ်စရာတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုအချိန်တွင် မာချန်က စိုးရိမ်တကြီးချဥ်းကပ်လာ၏။

“မစ္စတာရွှယ် ကျွန်တော်တို့ မြန်မြန်သွားသင့်ပြီ။ စစ်ကူတွေခေါ်နေတယ်”

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

“သွားရမယ်ဟုတ်လား။ ဘာလို့ သွားရမှာလဲ။ ဒီစိတ်လှုပ်ရှားစရာကို ကြည့်တာပိုမကောင်းဘူးလား”

ဘားထဲရှိ လေထုသည် ရုတ်တရက် ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။ တစ်ဖက်တွင် ဖြူဖျော့သော မျက်နှာဖြင့် ဆွေ့ချွယ့်က ပေါ့ပါးစွာဖြင့် ဝိုင်သောက်နေသော ရွှယ်အန်းကို ပြင်းပြင်းထန်ထန်စိုက်ကြည့်နေသည်။ စိတ်ဓာတ်မခိုင်သော ၎င်းတို့အများစုသည် အစောပိုင်းကတည်းက တိတ်တဆိတ်ထွက်သွားကြပြီဖြစ်ကာ ဤဖြစ်ရပ်ကို ခပ်ဝေးဝေးမှလှမ်းကြည့်နေကြသည့် ရဲ့ရင့်သောလူအချို့သာကျန်တော့သည်။

“ဒီကောင်က ဘယ်သူလဲ”

“မသေချာပေမယ့် သူ့ပုံစံက တော်တော် ကြောက်ဖို့ကောင်းတယ်”

“ဒေသခံမဟုတ်လောက်ဘူး အရမ်းငယ်သေးတယ်။ ဆွေ့ချွယ့်ကို လွယ်လွယ်နဲ့ စိန်ခေါ်လို့မရဘူး သူ့မှာ သိုင်းပညာရှင်တွေအများကြီး ကျောထောက်နောက်ခံရှိတယ်”

“ရှူး တိုးတိုးနေ တစ်ယောက်ယောက်လာနေပြီ”

တိုးတဆိတ် ပြောသံများကြားတွင် ခြေသံများစွာထွက်ပေါ်လာပြီးနောက် ခေါင်းဆောင်းကြီးကဲ့သို့ ပဲ့တင်ထပ်နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

“ငါ့လူတွေကို ဘယ်သူအနိုင်ကျင့်ရဲတာလဲ”

စကားသံကို ကြားလိုက်ရသောအခါ အရပ်နှစ်မီတာကျော်ရှည်‌၍ တောင့်တစ်လုံးကဲ့သို့ ကြံ့ခိုင်မာကြောသော ယောက်ျားတစ်ယောက် လမ်းလျှောက်ဝင်လာသည်။

“အဲ့တာ ရွှေနဂါးသိုင်းပညာကျောင်းရဲ့ ဆရာ ဟောက်ပေထျန်ပဲ”

“အခု အားလုံးပြီးသွားပြီ။ ဒီကောင် ဒီညကို ကျော်နိုင်မှာမဟုတ်ဘူး”

လူများစွာက အချင်းချင်း တီးတိုးပြောနေကြသည်။ ထိုအချိန်တွင် ဆွေ့ချွယ့်နှင့် ဆွေ့ချီတို့၏မျက်နှာများသည်လည်း ဝမ်းသာမှုများဖြင့် ပြည့်နေသည်။

“ဆရာဟောက် သူက ငါ့လက်ကို ဖြတ်လိုက်တဲ့ကောင်ပဲ။ ပြီးတော့ ဒီက ဒေသခံတောင်မဟုတ်ဘူး။ ကျုပ်အတွက် တရားမျှတမှုကို ယူပေးဖို့ ဆရာဟောက်ကို တောင်းဆိုပါတယ်” ဆွေ့ချွယ့်က မျက်ရည်စက်လက်ဖြင့် တောင်းပန်သည်။

ဟောက်ပေထျန်၏ အမူအရာသည် လျစ်လျူရှု့၍ ကြည့်နေသည်။ လင်နန်မြို့တွင် ယွီမိသားစုသည် ထိပ်တန်းမိသားစုကြီးတစ်ခုဖြစ်သည်မှာ သံသယဖြစ်နေရန်ပင်မလိုပေ။ သို့သော် ယွီမိသားစုသို့ရောက်နိုင်ရန် အခြေအနေများတင်းမာလွန်းသောကြောင့် ပြင်ပရှိသိုင်းပညာကျောင်းများစွာတွင် ကြယ်ပွင့်များကဲ့သို့လူများစွာရှိသေးသည်။ ထို့အပြင် ဟောက်ပေထျန်သည် ၎င်းတို့အထက် အထူးချွန်ဆုံးပုဂ္ဂိုလ်ဖြစ်၏။ အသက်လေးဆယ်အရွယ်ကတည်းကပင် သူသည် ရှောင်ယောင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ထိုကဲ့သို့သော ခွန်အားသည်ပင် မိမိကိုယ်မိမိဂုဏ်ယူရန် လုံလောက်၏။ ထိုသို့သော ခွန်အားမျိုးဖြင့် ဆွေ့ချွယ့်နှင့် အခြားသူများသည် လင်နန်မြို့တွင် မာန်တက်မောက်မာရန် လုံလောက်၏။

လူနှစ်ယောက်၏ စကားကို နားထောင်ပြီးသည့်နောက် ဟောက်ပေထျန်က လှောင်ရယ်၍ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ စိတ်ချပါ မင်းတို့ရဲ့ တရားမျှတမှုအတွက် သေချာပေါက် အာမခံပေးမယ်”

ဤသို့ပြော၍ သူက ခေါင်းလှည့်ကြည့်လိုက်သည်။ ပထမဆုံး သူတွေ့သည့်အရာမှာ ဘား၏ ဘေးတွင်လဲကျနေသည့် ရှီရွှယ်ချင်းပင်ဖြစ်သည်။ ထို့နောက် သူ ထိတ်လန့်သွား၏။ ဤအမျိုးသမီးသည် အလွန်လှပလွန်းသည်။ ဟောက်ပေထျန်၏ အသက်ရှုသံများ လေးလံလာသည်။

ဤအခိုက်အတန့်တွင် ဆွေ့ချွယ့်သည်လည်း လွဲမှားနေသည့် အရာတစ်ခုကို သတိပြုမိသွားသည်။

“ဆရာဟောက် ကျွန်တော် သူ့အကြောင်း မေးပြီးပါပြီ။ ဒီအမျိုးသမီးက လင်နန်ကို ရောက်လာပြီးတော့ ဒီမှာ ဘယ်လို အခြေအမြစ်မှမရှိပါဘူး။ သူ့ကို သိမ်းပြီးရင် ဆရာ ကြိုက်သလို လုပ်လို့ရပါတယ်”

ဟောက်ပေထျန်၏ မျက်လုံးများထဲတွင် အလင်းတစ်ခုလင်းသွားပြီးနောက် ဆိုးယုတ်စွာပြုံးလိုက်သည်။

“သူက တကယ့်ကို မှော်ဆရာမတစ်ယောက်ပဲ။ နောက်မှ သူ့ကို ကိုယ်တိုင်စကားပြောပြည့်ပါမယ်။ အခုတော့ ကျောင်းကို အရင်ပြန်ခေါ်သွားပါ”

သို့သော ဤစကားလုံးများ သူ့ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ပေါ့ပါးသော ရယ်သံထွက်လာသည်။

“ဘယ်သူလဲ ဘယ်သူရယ်နေတာလဲ” ဟောက်ပေထျန်၏ မျက်နှာသည် ဒေါသများဖြင့် တောက်လောက်နေသည်။

သို့မှသာ ရွှယ်အန်းက ပေါ့ပါးစွာပြောလိုက်၏။

“ဒီလိုမျိုး ပုဂ္ဂိုလ်ရေးအရ စကားပြောဖို့ဆိုတဲ့ အာဏာမျိုးက တော်တော် ကြီးကျယ်ခမ်းနားတာပဲ ဆရာကြီးဟောက်”

ဟောက်ပေထျန်က လှည့်ကြည့်လိုက်သောအခါမှ ဘေးတွင် ထိုင်နေသော ရွှယ်အန်းကို မြင်လိုက်ရသည်။

သူက အထင်သေးမှုအပြည့်ဖြင့် မျက်မှောင်ကြတု်လိုက်သည်။ ရွှယ်အန်း၏ ကိုယ်ရောင်ကိုယ်ဝါသည် သာမန်လူတစ်ဦးနှင့် ထူးမခြားနားလှပေ။

“မင်းက ဘယ်သူလဲ ငါ့ကို အဲ့လိုမျိုး မလေးမစားစကားပြောရဲတယ်ပေါ့” ဆွေ့ချွယ့်က အေးစက်စွာပြုံးလိုက်သည်။

“မစ္စတာဟောက် ဒီလူက ကျုပ်လက်ကို ဖြတ်တဲ့လူပါ” ဆွေ့ချွယ့်က မုန်းတီးရွံရှာမှုအပြည့်ဖြင့် ပြောလိုက်သည်။

ဟောက်ပေထျန်က မျက်မှောင်အနည်းငယ်ကြုတ်၍ လူသတ်ချင်စိတ်များအပြည့်ဖြင့်ရပ်ကြည့်နေသည်။ သို့သော် ထိုအချိန်တွင် ဤတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည့် ယွီရန်က အခန်း၏ အလယ်သို့လမ်းလျှောက်လာပြီးနောက် အေးစက်သောမျက်နှာဖြင့် ပြောလိုက်သည်။

“ဟောက်ပေထျန် ရှင် ဒီလိုမျိုး လင်နန်မှာ မလုပ်ခင် ကျွန်မတို့ ယွီမိသားစုကို အသိပေးထားလား”

မေးခွန်းသည် မိုးခြိမ်းသံကြီးကဲ့သို့ လူတိုင်း၏နားထဲတွင် ပေါက်ကွဲသွားသည်။

ယွီမိသားစု…

၎င်းသည် လင်နန်တွင် အင်မော်တယ်ဖြစ်တည်မှုတစ်ခုနှင့်တူသည်။

ဟောက်ပေထျန်သည် အစပိုင်းတွင် အလေးအနက်မထားခဲ့သော်လည်း အနီးကပ်စစ်ဆေးကြည့်ပြီးနောက် သူ တုံ့ဆိုင်းသွားသည်။

ထိုအချိန်တွင် ဆွေ့ချီက လှောင်ရယ်လိုက်၏။

“ယွီမိသားစုလား။ မင်းက ယွီမိသားစုဝင်လို့ ကိုယ့်ကိုယ်ကိုယ်ပြောရအောင် မင်းကိုယ်မင်းဘာထင်နေလဲ”

သူ ဤသို့ပြောပြီး မကြာခင်၌ပင် ဟောက်ပေထျန်က ဆွေ့ချီ၏ တစ်မျက်နှာလုံးကို ဖြတ်ရိုက်လိုက်သည်။ ဆွေ့ချီက ဆွံ့အလျက် ဟောက်ပေထျန်ကို ကြည့်နေသည်။ သူစကားပြောတော့မည့်ဆဲဆဲတွင် နောက်ထပ်ဖြစ်ရပ်တစ်ခုက သူ့ကို တိတ်ဆိတ်သွားစေ၏။

ဟောက်ပေထျန်၏ မျက်နှာထက်တွင် အလွန်နှိမ့်ချသော အပြုံးတစ်ခု ပေါ်လာပြီးနောက် အောက်သို့ မျက်လွှာချ၍ ပြောလိုက်သည်။

“မိန်းကလေး ယွီ ဘာလို့ ဒီကို ရောက်လာတာလဲ”

မိန်းကလေးယွီ

လင်နန်တွင် မိန်းကလေးယွီဟူသည် မည်မျှရှိသနည်း။

ဆွေ့ချီနှင့် ဆွေ့ချွယ့်တို့သည် အလွန်ကြောက်လန့်စွာဖြင့် တုန်ယင်နေကြသည်။ ယွီယန်သည်မူ ဟောက်ပေထျန်ကို အေးစက်စွာကြည့်နေ၏။

“ဘာလို့ ကျွန်မက ဒီမှာ မရှိနေရမှာလဲ”

ဟောက်ပေထျန်သည် ငိုချင်လာသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် ယွီရန်၏ ဖြစ်တည်မှုကို တကယ်ပင် သတိမထားခဲ့မိပေ။ သူသိခဲ့ပါက သူသေရမည်ဆိုလျှင်ပင် ဤမျှထိ မောက်မာပြမိလိမ့်မည်မဟုတ်ပေ။ သို့သော် ယခုမူ ရှင်းပြချက်များအတွက် အချိန်နှောင်းသွားခဲ့ပြီဖြစ်ကာ သူက တုန်ယင်နေသော အသံဖြင့်သာ ဆက်ပြောနိုင်၏။

“မိန်းကလေး ယွီ… ကျွန်တော် ဒီလိုပြောချင်တာမဟုတ်ပါ… ကျွန်တော်…”

“ဒါဆို ရှင်ဘာကိုဆိုလိုချင်တာလဲ” ရွှယ်အန်းက မတ်တပ်ထရပ်၍ ယွီရန်၏ ဘေးသို့လျှောက်သွားကာ ဤဟောက်ပေထျန်ကို ကြည့်လိုက်သည်။

ဟောက်ပေထျန်က တိတ်တဆိတ် အံကြိတ်လိုက်သည်။

‘ဘယ်သူက ငါအလုပ်ကို နှောင်ယှက်ချင်တာလဲ။ ခဏစောင့်၊ ငါမင်းကို ဆုတ်ဖြဲပစ်မယ်’

သို့သော် သူစကားမပြောနိုင်ခင်တွယ် ယွီရန်သည် နောက်သို့ ခြေလှမ်းတစ်ဝက်ခန့်ပြန်ဆုတ်၍ လေးနက်စွာပြောလိုက်သည်။

“မစ္စတာရွှယ် ဒါက ကျွန်မတို့ ယွီမိသားစုရဲ့ အပြစ်ပါ ဒီလိုဆန်ကုန်မြေလေးမျိုးကို လင်နန်မှာပေါ်လာလိမ့်မယ်လို့ မထင်ထားမိဘူး”

မစ္စတာရွှယ်…

ယွီမိသားစု၏ မိန်းကလေးယွီကပင် သူ့ကို လေးစားပြနေရသည်။

ဟန်ပေထျန်သည် ရုတ်တရက် တစ်စုံတစ်ယောက်၏ အကြောင်း ရုတ်တရက် တွေးမိသွားကာ ကြောက်လန့်မှုများ မျက်နှာထက်တွင် တင်ကပ်လာ၏။

“မင်း…မင်း”

ရွှယ်အန်းက ခေါင်းညိတ်၍ ခပ်ပါးပါးပြုံးလိုက်သည်။

“ဟုတ်တယ် ငါက မင်းထင်နေတဲ့လူပဲ”

All Chapters