← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅) မင်း သူ့ကို အမှိုက်လို့ တကယ်ခေါ်လိုက်တာလား

ဟွေ့နျန်၏ အသံသည် ပြောင်းလဲသွားသည်။ ဤနေရာ၌ ရှိနေသူအားလုံး၏ မျက်နှာအသားအရည်များပြောင်းလဲသွားကြသည်။ သို့သော် ရွှယ်အန်းက ပေါ့ပေါ့ပါးပါးရယ်မောလိုက်၏။

"ငါတို့နယ်ပယ်က နတ်ဆိုးတစ်ကောင်သာသာက ဒီလို အဓိပ္ပါယ်မရှိတာတွေပြောရဲတယ်ပေါ့”

ဤစကားများသည် နတ်ဆိုးစွဲနေသော ဟွေ့နျန်ကို အံ့အားသင့်သွားစေသည်။

“မင်း… မင်းက ဘယ်သူလဲ။ ငါတို့ နယ်ပယ်က နတ်ဆိုးတွေအကြောင်း မင်းဘယ်လိုသိလဲ"

ရွှယ်အန်း သူ၏ ဖြူဖွေးသော သွားများကို ဖြဲ၍ ရယ်လိုက်သည်။

"ဒါ အဲ့လောက် အံ့သြစရာကောင်းလို့လား။ ဘာလို့လဲဆိုတော့...ငါက အကုန်လုံးကို သိလို့ပဲ"

စကားပြောပြီးနောက် ရွှယ်အန်းက လက်သီးကို မြှောက်၍ ဒုတိယတစ်ချက် ပစ်သွင်းလိုက်သည်။

“ဒုတိယတစ်ချက် … ယင်နဲ့ယန်ကို ခွဲခြင်း”

ဤလက်ချက်သည် ဟွေ့နျန်ကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည့် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကြီးနှင့်တူသည်။ ထိုအခိုက်တွင် ဟွေ့နျန်အံ့အားသင့်သွားပုံရကာ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။

“ယင်နဲ့ယန်ကို ခွဲမယ်…”

ရုတ်တရက် သူ့ခန္ဓာကိုယ် တုန်လှုပ်သွားပြီးနောက် ရွှယ်အန်းကို ထိတ်လန့်တကြားကြည့်လိုက်သည်။ ရွှကို

"ဒါက နတ်ဘုရားသုတ်သင်ခြင်းနည်းလမ်းခြောက်သွယ်ပဲ…မင်း…"

ကျန်ရှိသော သူ့စကားလုံးများ ဆက်လက်ထွက်မလာနိုင်တော့ပေ. ထိုလက်သီးချက်ကြောင့် ရွှယ်အန်းသည် ဟွေ့နျန်ကို ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားစေနိုင်ခဲ့သည်။ ဟွေ့နျန်ကို ပူးကပ်နေသည့် နတ်ဆိုးသည် မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ လွင့်မျောသွားကာ သေဆုံးသွားသည့်အခိုက်အတန့်၌ပင် မောက်မာသော ယုံကြည်ချက်ပြင်းပျသည့် နတ်ဆိုးသည် မခုခံဝံ့ခဲ့ပေ။ ဤလူသည် နတ်ဆိုးနတ်ဘုရားများကပင် မနှောင့်ယှက်နိုင်သူဖြစ်သည်ကို သိထားသောကြောင့် ကြောက်ရွံ့ခြင်းနှင့် နောင်တရခြင်းမှတပါးမည်သည့်အရာမျှ မရှိတော့ပေ။

ဟွေ့နျန်သည် လဲကျလျက် သေဆုံးသွား၏။ ရွှယ်အန်းသည် သူ့လက်သီးတွေကိုရုတ်သိမ်း၍ ရှိနေသောသူများအားလုံးကို လှမ်းကြည့်လိုက်သည်။

“ကဲ တခြားကန့်ကွက်သူရှိလား။ အားလုံး တစ်ပြိုင်တည်းလာခဲ့ကြ။ ငါ့မှာအချိန်သိပ်မရှိဘူး”

ဧရိယာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ အများအပြားသည် ရွှယ်အန်း၏ အရှိန်အဝါကြောင့် နှိမ့်နှိမ့်ချချနေလျက်ရှိကြသည်။ စင်ပေါ်သို့ ရွှယ်အန်း တက်လာသည့်အချိန်မှစ၍ လူသုံးဦးကို ဆက်တိုက်သတ်ပစ်ခဲ့သည်။ ထိုသို့သော အရှိန်အဟုန်သည် အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလှ၏။ ထို့နောက်တွင် တစ်စုံတစ်ယောက်က လက်ခုပ်တီးရယ်မောလိုက်၏။

“ကောင်းပြီ! ဘယ်လောက် အစွမ်းထက်တဲ့သိုင်းကွက်လဲ"

အသံကြားပြီးနောက် ယွမ်ကျုံးဖုန်သည် စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ တက်လာသည်။ ကျိပေမြို့၏ ယွမ်မိသားစုသည် နောက်ဆုံးတွင် စတင်လှုပ်ရှားတော့မည်လော။ သူတင်သာမက များစွာသောဂိုဏ်းများ၏ တပည့်များသည် စင်မြင့်ပေါ်သို့ တိတ်တဆိတ် လိုက်သွားကြကာ အားလုံးက ယွမ်ကျုံးဖုန်နောက်တွင် ရပ်နေကြသည်။

ရှီရွှယ်ချင်းသည် ဖြူဖျော့နေကာ သူမ၏ နှလုံးသားသည် စိုးရိမ်စိတ်ဖြင့် တဖျပ်ဖျပ်ခုန်နေသည်။ ရွှယ်အန်းက မာနကြီးလွန်းသည်ဟု သူမထင်ခဲ့သည်။ သူက အစွမ်းထက်သည်ဆိုလျှင်ပင် လူများစွာနှင့် ယှဥ်ပြိုင်တိုက်ခိုက်ရန်မဖြစ်နိုင်ပေ။ တစ်ချိန်တည်း၌ပင် ယွီမင်သည် သူ့ဓားကို အဆင်သင့်ပြင်ထားကာ အဆိုးဆုံးအရာအတွက် ပြင်ဆင်နေသည်။

ရွှယ်အန်း ရှုံးနိမ့်ခဲ့လျှင် သူကိုယ်တိုင် ရှေ့သို့ အပြေးအလွှား သွားရမည်ဖြစ်သည်။

ထိုအချိန်တွင် ယွမ်ကျုံးဖုန်သည် ရွှယ်အန်းကို ကြည့်ကာ ဖြည်းညှင်းစွာပြောသည်

" လင်းနန်ရဲ့ ဓားအင်မော်တယ်ကို သတ်တဲ့လူက ဒီလောက် ငယ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးဘူး။ ပြီးတော့ နတ်အဆင့်ကိုတောင် ရောက်နေတဲ့ ကျင့်ကြံရေးအဆင့်မျီုးမှာ ရှိနေတာပဲ”

ရွှယ်အန်းက နောက်ကျောဘက်တွင် လက်နှစ်ဖက်ယှဥ်လျက် ရပ်နေကာ အမူအရာသည်လည်း ခံစားချက်ကင်းမဲ့နေ၏။

ယွမ်ကျုံးဖုန်၏အမူအရာ အေးခဲလျက်ရှိသည်။ သူသည် ဤကိစ္စတွင် ဝင်မပါချင်ခဲ့ပေ။ သူသည် မိမိဘဝကို မိမိ အလွန်တန်ဖိုးထားသူဖြစ်သဖြင့် ရွှယ်အန်းက အလွန်ကြောက်မက်ဖွယ်ကောင်းသည်ကို သိထားကာ ထိုသူ့ကို စိန်ခေါ်၍ အဘယ်ကြောင့် ကံဆိုးမိုးမှောင်ကျခံရမည်နည်း။ လူတိုင်းကို စင်ပေါ်တက်ခိုင်း၍ ဤလူကို အနိုင်ယူခိုင်းလိုက်လျှင် ပို၍ ကောင်းလိမ့်မည်။

သို့သော် ရွှယ်အန်းက သူ့ကို မည်သို့မျှ မမှတ်ယူသဖြင့် ယွမ်ကျုံးဖုန်သည် အံကို တင်းတင်းကြိတ်လျက်ပြောလိုက်သည်။

“မစ္စတာရွှယ် မင်းလူသုံးယောက်ကို အဆက်မပြတ်သတ်ပြီးသွားပြီ၊ မင်း အခုချိန် ပင်ပန်းနေလောက်ပြီ ငါတို့ နောက်နေ့မှ ပြန်စကြမလား”

“ငါ့လက်တွေ သွေးမခြောက်သေးဘူး၊ အခုအချိန်ကောင်းပါပဲ။ စကားမပြောတော့ဘူးနော်..." ရွှယ်အန်းက စကားမဆုံးခင်၌ပင် ရှု့ယင်အာသည် ယွမ်ကျုံးဖုန်၏ရှေ့သို့ လျှောက်လာကာ လေးစားသောအမူအရာမျိုးဖြင့် ဝင်ပြောသည်။

“မစ္စတာရွှယ်၊ ငါတို့ကြားမှာ နာကျည်းမှုတွေ၊ မုန်းတီးမှုတွေ မရှိဘူး၊ ဘာလို့ ဒီလောက်ကြီးတဲ့ တိုက်ပွဲကြီးကို စရမှာလဲ”

ရွှယ်အန်း၏ အမူအရာကအလွန်အေးစက်နေသည်။ စကားမပြောချင်သော်လည်း ရုတ်တရက် ရှု့ယင်အာ၏ လက်ကောက်ဝတ်မှ လက်ကောက်ကို သတိပြုမိသွားသည်။ ထို့နောက် ထိုနေရာတွင် ရပ်လျက် အံ့အားသင့်ကာ အချိန်များစွာကြာ တိတ်ဆိတ်နေ၏။ ရှု့ယင်အာနှင့် ယွမ်ကျုံးဖုန်တို့သည် အခြားသူများနှင့် မည်သို့ဖြစ်ပျက်နေသည်ကိုမသိကြသဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထိုအခါ ရွှယ်အန်းက တုန်ယင်နေသော အသံဖြင့် ပြောလာ၏။

"မင်း... ဒီလက်ကောက်ကို ဘယ်ကရလာတာလဲ"

ရှု့ယင်အာက အံ့အားသင့်ကာ လက်ကို မြှောက်ပြလိုက်သည်။

“မစ္စတာရွှယ်က ဒါကို ပြောချင်တာလား။ ဒါက ကျွန်မတို့ လကြည့်ဆောင်ရဲ့ အမှိုက်တစ်စ…”

ရွှယ်အန်းသည် လောကတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေမည့် သတ်ဖြတ်ခြင်းအငွေ့အသက်များကို ဖြန့်ကျက်လိုက်သောကြောင့် သူမ၏ စကားမဆုံးလိုက်ပေ။ ဤအငွေ့အသက်သည် အလွန်ပြင်းထန်သောကြောင့် ဆယ်မိုင်အတွင်း မြက်ပင်များနှင့် သစ်ပင်များအားလုံးကို အမြစ်မှချက်ချင်းပြတ်ထွက်ကုန်ကာ ၎င်းတို့၏ ခြေအောက်ရှိ ဖူလုံတောင်ကိုပင် သိသိသာသာ အက်ကွဲသွားစေခဲ့သည်။

ထိုကဲ့သို့ လူသတ်အငွေ့အသက်များက ယွမ်ကျုံးဖုန်နှင့် အခြားလူများကို တညီတညွတ်တည်း အရောင်ဖျော့သွားစေသည်။ ထိုအချိန်တွင်ရွှယ်အန်းသည် ဖြည်းညှင်းစွာထ၍ လေထဲ၌ရပ်ကာ ငရဲမှနတ်ဆိုးတစ်ကောင်ကဲ့သို့ အသံဖြင့်အော်လိုက်သည်။

"အမှိုက်... ဟား၊ နင်တကယ် သူ့ကို အမှိုက်လို့ ခေါ်လိုက်တာလား"

ရွှယ်အန်းက ဤသို့ပြော၍ မျက်ရည်များကျလာသည်။ သူ့မျက်ရည်များသည် ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်လှုပ်ယွယွဖြစ်သွားစေ၏။ ရွှယ်အန်းက အဘယ်သို့လုပ်တော့မည်ကို မသိကြသော လူများစွာက ထိတ်လန့်ကုန်ကြသည်။ ယွမ်ကျုံးဖုန်နှင့် ခုန်းယွမ်သိုင်တို့သည်လည်း တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။

"သူ ရူးသွားပြီ၊ အခွင့်အရေးရပြီ၊ အားလုံး အတူတူ တိုက်ကြရအောင်" ယွမ်ကျုံးဖုန်က အော်လိုက်၏။

ထိုသို့ပြောပြီးနောက် သူသည် ရှေ့သို့ အလျင်အမြန်သွားခဲ့ရာ သူ့နောက်မှ ဂိုဏ်းပေါင်းစုံ တပည့်များ အနီးကပ်လိုက်လာကြသည်။ ထို့ကြောင့် လူတိုင်း၏ ရှေ့တွင် ထူးဆန်းသော ဖြစ်ရပ်တစ်ခု

ထို့ကြောင့်၊ လူတိုင်းရှေ့တွင် အလွန်အမင်းထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ရွှယ်အန်းသည် လေထဲ၌ ရပ်နေ၍ သူ့အောက်မှ ရာနှင့်ချီသော တပည့်များက ရှေ့သို့တိုးလာသည်။

သွေးကဲ့သို့ နီရဲနေသော မြင်ကွင်းအောက်တွင် မြင်ကွင်းသည် ပို၍ ကြေကွဲဖွယ်ကောင်း၍ ရက်စက်ကြမ်းတမ်းလှသည်။ ရှီရွှယ်ချင်းသည် သူမ၏ နှလုံးခုန်ရပ်သွားသကဲ့သို့ ခံစားလိုက်ကာ နှုတ်ခမ်းများကို သွေးထွက်သည်အထိ ကိုက်လိုက်မိသည်။

မြေပြင်သို့ ပြင်းထန်စွာဖိနင်း၍ ရှေ့သို့ အပြင်းအထန် အမြန်သွားရန် ကြိုးစားခဲ့သည်။ သေခြင်းတရားနှင့်ပတ်သက်လာလျှင်ပင် သူမသည် ရွှယ်အန်းကို ဆိတ်ကွယ်ရာအရပ်မှ စောင့်ကြည့်မနေနိုင်ပေ။ သို့သော် ထိုအချိန်တွင် ယွီမင်က ရုတ်တရက် သူမ၏လက်ကို ဆုတ်ကိုင်ကာ ကြောက်ရွံ့နေသောအမူအရာဖြင့် ခေါင်းယမ်းလိုက်သည်။

“မလှုပ်နဲ့”

ရှီရွှယ်ချင်းက မည်သို့ ဖြစ်ပျက်နေသည်ကို နားမလည်ဘဲ မေးတော့မည့်ဆဲဆဲတွင် ကောင်းကင်ယံထက်မှ ရေများကျလာသည်ကို ခံစားလိုက်ရသဖြင့် လက်ဖြင့်ထိလိုက်သောအခါ သွေးများဖြစ်နေကြောင်း မြင်လိုက်ရသည်။

သူမ မော့ကြည့်လိုက်၏။ ရွှယ်အန်းကို သတ်ရန် ချီတက်သွားကြသူများအားလုံးသည် စစ်သေနတ်ဖြင့် ပစ်ချခံလိုက်ရဲ့သော ငှက်များသဖွယ်လွင့်ထွက်ကုန်သည်ကို မြင်လိုက်ရသည်။

၎င်းတို့အားလုံးသည် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲကာ သွေးများချင်းချင်းနီလျက် ခန္ဓာကိုယ်တစ်ခုလုံး ပွင့်ထွက်သွားသည်။ ဤထူးဆန်းကာ ရက်စက်ကြမ်းကြုတ်လှသည့် မြင်ကွင်းသည် ရှီရွှယ်ချင်းကို အံ့သြသွားစေသည်။

ဤထူးထူးဆန်းဆန်းနှင့် ရက်စက်ကြမ်းကြုတ်လှသော ဤမြင်ကွင်းသည် ရှီရွှယ်ချင်းအံသြသွားစေသည်။

ထိုအချိန်တွင်ယွမ်ကျုံးဖုန်သည် နောက်ဆုံးတွင် စတင်တိုက်ခိုက်ခဲ့၏။ သူသည် ရွှယ်အန်း၏ ခွန်အားကို

ယုတ်လျော့စေရန်အတွက် တစ်ချိန်လုံး လူစုလူဝေးနောက်ကွယ်တွင် ပုန်းအောင်းနေခဲ့သည်။ ယခုအချိန်သည် မှန်သည်ဟုထင်ကာ ရွှယ်အန်းနောက်သို့သွား၍ သူ၏စွမ်းအားအားလုံးကို စုစည်းကာ လက်ဖဝါးကို မြှောက်လိုက်သည်။

သူက လက်ဖဝါးဖြင့် ပြင်းထန်စွာရိုက်ချလိုက်သည်။ ရှရောင်ဝါဖြင့် လွှမ်းခြုံထားသော ဤပြင်းထန်သည့် တိုက်ခိုက်မှုသည် ရွှယ်အန်း၏နောက်ကျောဆီသို့ တည့်တည့်သွား၏။ ယွမ်ကျုံးဖုန်၏ မျက်လုံးများတွင် အကြံအစည်ကြီးသော အကြည့်တစ်ခု ပေါ်လာ၏။ ရွှယ်အန်းကို သူ သတ်လိုက်နိုင်ပါက အင်မော်တယ်ညီလာခံ၏ ချန်ပီယံမှာ သူဖြစ်လာပေလိမ့်မည်ဖြစ်သည်။

သို့သော် နောက်ထပ်တစ်စက္ကန့်၌ပင် သူ့အပြုံးနှင့် မာန်မာနများ အေးခဲသွားသည်။ ရွှယ်အန်းက ခေါင်းလှည့်၍ သူ့ဘက်သို့ကြည့်လာ၏။ ထိုမျက်လုံးချင်းဆုံလိုက်သည့်အခိုက်အတန့်တွင် ယွမ်ကျုံးဖုန်အလွန်ထိတ်လန့်သွား၏။

ရွှယ်အန်းသည် ယင်ကောင်တစ်ကောင်ကို မောင်းထုတ်သကဲ့သို့ လက်ကို ပေါ့ပေါ့ပါးပါးဝေ့ယမ်းလိုက်ရာ ပေါက်ကွဲသံနှင့်အတူ ယွမ်ကျုံးဖုန်၏ ခေါင်းတစ်ခုလုံး ကောင်းကင်သို့ ပျံတက်သွား၏။ သူ့ဝိညာဉ်သည် နောက်ပြန်မကြည့်ဝံ့ဘဲ မြောက်ဘက်သို့ ပြေးသွားခဲ့သည်။

ရွှယ်အန်းသည် မျက်တောင်တစ်ချက်ပင်မခတ်ဘဲ လက်ဖြင့် လှမ်းဆုတ်လိုက်သောအခါ ယွမ်ကျုံးဖုန်၏ ဝိဉာဥ်သည်ကွဲအက်၍ ဗလာနတ္ထိအဖြစ်သို့ ပျောက်ကွယ်သွား၏။ လက်ဆယ်ချောင်းတည်းဖြင့် ကောင်းကင်ယံသို့ ချီတက်လာကြသည့် ဂိုဏ်းသားများအားလုံး ပျောက်ကွယ်သေဆုံးသွားကြသည်။ စင်မြင့်တစ်ခုလုံးတွင် သွေးများ၊ အလောင်းများဖြင့် ဖုံးလွှမ်းသွား၏။

လေထဲ၌ နတ်ဆိုးတစ်ပါးနှင့်တူသော ရွှယ်အန်းသာ ကျန်ရှိတော့ကာ ရှု့ယင်အာကို သူ့လက်ထဲတွင် ဖမ်းကိုင်ထားသည်။

“ကဲ ပြော၊ မင်းဂိုဏ်းက ဘယ်မှာလဲ”

အခန်း(၁၄၆) ကြာနီကို ငါ့သွေးနဲ့ သန့်စင်မယ်

ရှု့ယင်အာ၏ တစ်ကိုယ်လုံး တုန်ယင်နေကာ ဤလူသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို နားမလည်နိုင်တော့ပေ။ လျှို့ဝှက်အင်မော်တယ်ဂိုဏ်းများ၏ တပည့်များက မည်သို့ပင်တိုက်ခိုက်နေစေကာမူ သူ့ကို မနှိမ်နှင်းနိုင်ကြပေ။ အထူးသဖြင့် ယွမ်ကျုံးဖုန်သေဆုံးမှုသည် သူမကို အမှန်တကယ် ထိတ်လန့်စေခဲ့သည်။ အထူး

“မစ္စတာ…မစ္စတာရွှယ်…” ရှုယင်အာကတုန်ယင်စွာဖြင့် စကားဆက်ပြောသည်။ ရွှယ်အန်းက စိတ်မရှည်တော့သဖြင့် လက်ကို ဆန့်တန်းကာ ခေါင်းပေါ်သို့ ဖိချလိုက်သည်။

ပေါင်းမြက်ခြောက်များကို ချေဖျက်နိုင်သော စွမ်းအားတစ်ခုကဲ့သို့ သူ၏ စွမ်းအားကြီးသောနတ်အာရုံသည် ရှု့ယင်အာ၏ မှတ်ဉာဏ်များကို အတင်းအကြပ်ရှာဖွေလိုက်သည်။

ခဏအကြာတွင် ရွှယ်အန်းထံမှ ထွက်ပေါ်လာသောသတ်ဖြတ်လိုစိတ်များ ပို၍ပင် ပြင်းထန်လာကာ မြင်သာထင်သာနီးပါး ဖြစ်လာသည်။

"ကောင်းတယ် အရမ်းကောင်းတယ်။ မင်း သူ့ကို ကြမ်းပြင်ကိုသုတ်ခိုင်းခဲ့တာလား။ ပြီးတော့ သူ့ကို နှစ်နှစ် လုံးလုံး အနိုင်ကျင့်ခဲ့တာလား။ ဟမ်” သူ၏ လေသံသည် ရေခဲပြင်ကဲ့သို့ အေးစက်နေသည်။

ရှု့ယင်အာသည် အလွန်အမင်းခေါင်းကိုက်လာသကဲ့သို့ ခံစားလိုက်ရသည်။

‘သူရှာနေတဲ့သူက တကယ်တော့ အဲ့အသုံးမကျတဲ့မိန်းမလား’

ဤအခိုက်အတန့်တွင် ရွှယ်အန်းက မြေပြင်ပေါ်သို့ဆင်း၍ လက်ကို ဝှေ့ယမ်းလိုက်သောအခါ မြေပြင်ထက်ရှိ သွေးများ အလောင်းများအားလုံး တစ်ခဏချင်း၌ပင် အဖြူရောင်ပြာမှုန်များအဖြစ်ပြောင်းလဲသွားသည်။

ယင်းနောက် ရွှယ်အန်းက သူ့သမီးလေးများကို ဖုံးကွယ်ထားသော လျှို့ဝှက်နည်းပညာကို ရုပ်သိမ်းလိုက်သည်။

"ဖေဖေ၊ ဘာဖြစ်နေတာလဲ" သမီးနှစ်ယောက်စလုံး ရွှယ်အန်းက ပုံမှန်မဟုတ်နေသည်ကို သတိထားမိလိုက်ကြသည်။ ရွှယ်အန်းက ပြုံးလိုက်သော်လည်း သူ့အပြုံးတွင် ဝမ်းနည်းခြင်းများ တောင့်တခြင်းများဖြင့် ပြည့်နေသည်။

“အဖေ နေကောင်းသွားပါပြီ။ သွားကြစို့ ဖေဖေတို့ မေမေ့ကို လိုက်ရှာမယ်"

"သမီးတို့ အခုသွားနေကြတာလား။" ရွှယ်အန်းနှင့် ရွှယ်လျန်က စိတ်လှုပ်ရှားစွာမေးလိုက်သည်။

"ဟုတ်တယ်၊ အခုပဲ"

ဤသို့ပြော၍ ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်လုံးကို သူ့ရင်ခွင်ထဲတွင် ပွေ့ချီလာ၏။ ရှု့ယင်အာကိုမူ အန်းယန်နှင့်တွေ့ရန် ခေါ်သွားလိုသောကြောင့် မသတ်ပစ်ခဲ့ပေ။ အန်းယန်ရှေ့တွင် သူမကို အနိုင်ကျင့်သောသူတိုင်းကို သတ်ပစ်မည်။ ရွှယ်အန်းက သူ့သမီးနှစ်ယောက်ကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်ကာ ရှု့ယင်အာကို နောက်လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ခြေဆောင့်လိုက်သောအခါ ဖူလုံတောင်အောက်ခြေမှ ကျယ်လောင်သောအသံကြီးတစ်ခု မြည်ဟည်းလာသည်။ ရွှယ်အန်းသည် လျှပ်စီးတစ်လက်သဖွယ်ကောင်းကင်ယံသို့ ခုန်တက်၍ ပျောက်ကွယ်သွား၏။

ရှီရွှယ်ချင်းနှင့် ယွီမင်တို့က အံကြိတ်ကာ ကြည့်နေသည်။ ရွှယ်အန်းစိတ်ထဲတွင် မည်သို့တွေးနေသည်ကို ၎င်းတို့ နားမလည်ကြပေ။ ထိုအချိန်တွင် ဖူလုံတောင်အောက်မှ ကြီးမားသော ကွဲအက်သံများ ထွက်ပေါ်လာ၍ ကြီးမားသော အက်ကွဲကြောင်းများ ပြန့်နှံ့သွားကာ တောင်ကြီးသည်လည်း ပြင်းထန်စွာ ကွဲအက်သွားခဲ့သည်။

"သွားကြရအောင်" ယွီမင်က ရှီရွှယ်ချင်းကို ဆွဲထုတ်၍ နှစ်ယောက်စလုံး ဖူလုံတောင်မှ အမြန်ထွက်ခွာသွားကြသည်။

ထိုအချိန်တွင် လင်နန်မြို့၌ အဖြူရောင်ရုပ်ပုံသဏ္ဍာန် ပေါ်လာသည်။

၎င်းမှာ ဟ-နိုင်ငံမှ နတ်ဆိုးဓားသမား ကျင်းချန်ဆောင်မှတပါးအခြားသူမဟုတ်ပေ။ အမြန်ပြေးထွက်လာခဲ့ပြီးနောက် နှဖူးထက်ဆီမှ ချွေးစေးများကို စိတ်သက်သာရာရစွာဖြင့်သုတ်ပစ်လိုက်သည်။

သူ့အတွက် ကံကောင်းသည်မှာ သူ အစောပိုင်းကတည်းက တစ်စုံတစ်ခု လွဲမှားနေသည်ကို သတိပြုမိကာ လွတ်မြောက်လာခဲ့သည်။ မဟုတ်လျှင် သူသည်လည်း ထိုနေရာ၌ပင် လမ်းဆုံးသွားရပေလိမ့်မည်။

‘အဲဒီလူက အရမ်းကြောက်ဖို့ကောင်းတယ်’

ကျင်းချန်ဆောင်က သက်ပြင်းတစ်ချက်ချကာ စိတ်ကို ငြိမ်သက်စေပြီးနောက် အဝေးကမိုးနတ်ဘုရားကျောင်းဆီသို့ မျှော်ကြည့်ကာ နှုတ်ခမ်းများ တွန့်ကွေးသွားသည်အထိ ပြုံးလိုက်သည်။

“ဒီနတ်ဘုရားလေး မမျှော်လင့်ဘဲရှာတွေ့ခဲ့တာ အသတ်သာခံလိုက်ရရင် ငါ့အနာဂတ်ကျင့်ကြံရေးလမ်းကြောင်းအတွက် အကျိုးအမြတ်တွေအကုန် ပျောက်ကုန်တော့မှာပဲ”

ဤသို့တွေး၍ ကျင်းချန်ဆောင်သည် နေရာမှ ပျောက်ကွယ်သွားသည်။ လသာဆောင်တွင် ယွဲ့ဝူရှန်သည် တစ်စုံတစ်ခု ဖြစ်လာတော့မည့်အလား ယနေ့တွင် နားမလည်နိုင်သော ဝေဒနာတစ်ခုကို ခံစားမိလျက်ရှိသည်။ ဘိုးဘွားများကို အမွှေးတိုင်များ ပူဇော်ပြီးသည့်အခိုက်အတန့်တွင် ထင်မှတ်မထားဘဲ အမွှေးတိုင်များ အကုန်ငြိမ်းသွားသဖြင့် သူမ အလွန်အမင်း ထိတ်လန့်သွားရသည်။

ဘာတွေဖြစ်နေတာလဲ

ထို့နောက် ဘိုးဘွားကမွည်းတိုင်များမှ သွေးများ တဖြည်းဖြည်း စိမ့်ထွက်လာသည်ကို သူမ သတိပြုမိသည်။ ဤအရာများသည် ယွဲ့ဝူရှန်အပေါ် ကြီးမားစွာ သက်ရောက်မှုရှိသည်။

"ဆရာ”

ဗိမာန်တော်ထဲမှထွက်လာသောအခါ တပည့်များစွာက သူ့ကို လေးလေးနက်နက် နှုတ်ဆက်ကြသည်။

"မင်းတို့ အစ်မ ထွက်သွားတာ ဘယ်နှစ်ရက်ရှိပြီလဲ"

“ဆရာကြီး၊ အစ်မကြီး ထွက်သွားတာ သုံးရက်ရှိပြီ၊ ဒီနေ့က အင်မော်တယ်ညီလာခံဖြစ်မယ်”

"နားလည်ပြီ မင်းတို့ လုပ်စရာရှိတာဆက်လုပ်လို့ရပြီ”

တပည့်များ လူစုခွဲလိုက်ကြသောအခါ ယွဲ့ဝူရှန်သည် ခန်းမကြီးဆီသို့ ပြန်သွားကာ တံမြက်စည်းကိုင်ဆောင်လျက် ခေါင်းငုံ့ကာ မြေပြင်ပေါ်တွင် သန့်ရှင်းရေးလုပ်နေသည့် လူတစ်ယောက်ကို သတိပြုမိသည်။ ယွဲ့ဝူရှန်၏ အကြည့်များ တုံ့ဆိုင်းသွားပြီးနောက် သူမက ခေါင်းယမ်းလိုက်သည်။

ဤအမျိူးသမီးသည် လွန်ခဲ့သော သုံးနှစ်ခန့်က သူမ ခရီးသွဋးလာနေစဉ် ခေါ်ယူလာခဲ့သောအမျိူးသမီးဖြစ်သည်။ သူမ၏ထူးခြားသောစွမ်းရည်ကြောင့် ယွဲ့ဝူရှန်သည် ထိုအချိန်က သူမကို အလွန်တန်ဖိုးထားခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် ထိုအမျိုးသမီးသည် မည်သည့် ကျင့်ကြံရေးနည်းစနစ်ကိုမျှ မကျင့်ကြံနိုင်ဘဲ တစ်စုံတစ်ခုဖြင့် ချိတ်ပိတ်ခြင်းခံထားရကြောင်း သူမတွေ့ရှိခဲ့သည်။ ထိုသို့သာမက အမျိုးသမီးသည် စကားတစ်ခွန်းမျှမပြောဘဲ ဆွံ့အနေသည့်နှယ်ထင်ရ၏

နောက်ပိုင်းတွင်၊ ယွဲ့ဝူရှန်သည် တဖြည်းဖြည်း စိတ်ဝင်တစား ပျောက်ဆုံးသွားကာ မေးမြန်းမှုကို ရပ်တန့်လိုက်သည်။ တပည့်အချို့က ထိုအမျိုးသမီးအား အနိုင်ကျင့်သည်ဟု ရံဖန်ရံခါ ကြားသိသော်လည်း အလေးအနက်မထားပေ။

ယွဲ့ဝူရှန်က မျက်နှာလွှဲ၍ ခမ်းနားသော ခန်းမထဲသို့ ဝင်ခဲ့သည်။ ကောင်းကင်မှ လေပြင်းနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ သူမ အလွန်အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်သောအခါ အလင်းတန်းတစ်ခုက ၎င်းတို့ဆီသို့ အရှိန်အဟုန်ဖြင့် ရွေ့လျားလာသည်ကို သူမမြင်လိုက်ရသည်။

လသာဆောင်သို့ ရောက်သောအခါ အလင်းရောင်က ရုတ်တရက် ရပ်သွားတယ်။ ထိုမှသာလျှင် ဤအလင်းသည် အမှန်တကယ်လူဖြစ်ကြောင်း ယွဲ့ဝူရှန် သဘောပေါက်သွားသည် ။

ဒီလူက ဘယ်သူလဲ။ ဘာလို့ လသာဆောင်ကိုလာတာလဲ။

မှန်သည်။ ယင်းသည် ရွှယ်အန်းဖြစ်သည်။ ရှု့ယင်အာ၏ မှတ်ဉာဏ်ထဲမှ လမ်းညွှန်ချက်အတိုင်း သူသည် မိုင်တစ်ထောင်ကျော်ကြာ လသာတောင်သို့ တိုက်ရိုက်ပျံသန်းလာခဲ့သည်။ လေထဲတွင် မတ်တပ်ရပ်နေသော သူ့အမူအရာသည် အလွန်အေးစက်နေ၍ မျက်လုံးများသည်လည်း မီးတောက်နှစ်စင်း တောက်လောင်နေသည့်ပုံပေါ်သည်။

ရွှယ်အန်းက သက်ဆင်းတော့မည့်အခိုက်အတန့်တွင် အပြာရောင်အလင်းတန်းတစ်ခု လျှပ်တစ်ပြက်ထွက်ပေါ်လာကာ ရွှယ်အန်းကို တားဆီးလိုက်၏။

တောင်တန်းကာကွယ်ရေး စည်း ။

ဤအခိုက်တွင်၊ ယွဲ့ဝူရှန်က တိတ်တဆိတ် သက်ပြင်းတစ်ချက်ချလိုက်သည်။ တောင်တန်းကာကွယ်ရေးစည်းကြောင့် လသာဆောင်ဂိုဏ်းသားမဟုတ်သူများ လုံးဝဝင်ရောက်နိုင်မည်မဟုတ်ပေ။ သို့သော် သူမ၏ သက်သာရာရမှုသည် တစ်စက္ကန့်မျှသာ ကြာသည်။

"ငါ့အတွက် လမ်းဖွင့်”

တောင်တန်းကာကွယ်ရေးစည်းသည် ရွှယ်အန်း၏ခြေအောက်တွင် ဥခွံကဲ့သို့ ကျိုးပဲ့ပျက်စီးသွားကာ ချက်ချင်းပင် ကွဲအက်သွားသည်။ ထို့နောက် ရွှယ်အန်းသည် မြေပြင်ပေါ်သို့ တိုက်ရိုက်ဆင်းသက်၍ ရှု့ယင်အာကို ပစ်ချလိုက်သည်။ ထိုမှသာလျှင် ယွဲ့ဝူရှန်သည် သူမ၏ အကြီးတန်း တပည့်မှာ ဤလူ၏ ဖမ်းဆီးခြင်းကို ခံထားရကြောင်း သိလိုက်ရသည်။

"မင်းဘယ်သူလဲ။ ငါတို့ရဲ့ အင်မော်တယ်တံခါးကို ဘာလို့ ကျူးကျော်လာတာလဲ။ ရွယ်အန်း၏ ခန္ဓာကိုယ်မှ ထွက်လာသော ရောင်ဝါကိုခံစားမိသောအခါ ယွဲ့ဝူရှန်၏ မျက်နှာသည် ကြည်ကြည်လေးနက်လာ၏။ ရွှယ်အန်းသည် သူမကို ဂရုမစိုက်ဘဲ ကြမ်းပြင်ကို သုတ်ရန် ခေါင်းငုံ့နေသော အမျိုးသမီးတစ်ဦးကို ငေးကြည့်လျက်ရှိသည်။

ရွှယ်အန်း၏ မျက်လုံးများ တဖြည်းဖြည်း ပျော့လာကာ သူ့အမူအရာမှာ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုတို့ ရောထွေးနေသည်။ ထိုအချိန်တွင် အနီရောင် နှင်းပွင့်များ ကောင်းကင်၌ ပျံ့လွင့်လာသည်။ ဤသည်မှာ ရွှယ်အန်း၏နှလုံးသားနယ်မြေမှ ရွေ့လျားနေသော ကောင်းကင်နှင့်မြေကြီးဖြစ်သည်။

ရွှယ်အန်းက သူမအနားကို ဖြည်းညှင်းစွာ ချဉ်းကပ်လာ၍ တုန်ယငါနေသောအသံဖြင့်ပြောသည်။

"ယန်အာ ကိုယ်.... ပြန်လာပြီ”

သူ့အသံက မကျယ်လှသော်လည်း အမျိုးသမီး၏ တကိုယ်လုံး တုန်လှုပ်သွားကာ ခေါင်းကို ဖြည်းညှင်းစွာ မော့လာသည်။ ရွှယ်အန်းက သူမကိုကြည့်၍ မျက်ရည်မျာရ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာပြီးနောက် လက်ကို ဆန့်တန်းကာ မျက်နှာကို ညင်သာစွာ ကိုင်လိုက်သည်။

"အန်းယန် ကိုယ်ပြန်ရောက်ပြီလေ”

အန်းယန်၏ လစ်လပ်နေသော မျက်လုံးများတွင် အလင်းတန်းအချို့ ဖျတ်ခနဲ လင်းလာပြီးနောက် သူမ၏ အမူအရာသည် တဖြည်းဖြည်း တုန်လှုပ်လာ၏။

“ရွှယ်… ရွှယ်အန်း”

စကားမပြောဖြစ်သည်မှာ ကြာနေပြီဖြစ်သောကြောင့် သူမ၏အသံသည် အနည်းငယ်အက်ရှ ခြောက်ကပ်နေသည်။

သို့သော် ဤအရာကညရွှယ်အန်းကို ပို၍ပင် စိတ်မကောင်းဖြစ်စေခဲ့သည။ ထိုအချိန်တွင် ဆယ်ပေပတ်လည်အတွင်းရှိ အရာအားလုံး အေးခဲသွားသည်။ ထို့နောက် တဖြည်းဖြည်းပြိုကျကာ ကွဲအက်၍ နောက်ဆုံးတွင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

“မကြောက်နဲ့နော် ဒီမှာ ကိုယ်ရှိနေပြီ။! ဘယ်သူမှ မင်းကို ထပ်ပြီး အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး” ရွှယ်အန်းက ရှေ့သို့ လှမ်း၍ အန်းယန်ကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ ရှိုက်ကြီးတစ်ငင်ဖြစ်စွာဖြင့် တသသပြောနေသည်။

ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည်လည်း မျက်ရည်များကျလျက် မိခင်နှင့် သားသမီးများ၏ နှလုံးသားတို့ ဆက်စပ်နေသည့် သဖွယ်ပင်ဖြစ်သည်။ အန်းယန်ကို မွေးကတည်းက မမြင်ခဲ့ဖူးသော်လည်း ယခုအချိန်တွင် ဤအမျိူးသမီးသည် မိမိတို့၏ အမေအစစ်အမှန်ပင်ဖြစ်သည်ဟု ခံစားနေရသည်။

အန်းယန်၏ တောင့်တင်းနေသော ခန္ဓာကိုယ်သည် ရွှယ်အန်း၏လက်မောင်းများတွင် ပျော့ပျောင်းလာကာ ရင်ဘတ်တစ်ခုလုံးတွင် မျက်ရည်များစီးကျလာပြီးနောက် သူမ အိပ်ပျော်သွားခဲ့သည်။

ဤလေးနှစ်အတွင်း သူမအလွန် ပင်ပန်းလွန်းသည်ကို ရွှယ်အန်း သိလိုက်သည်။

ဒါဆို အိပ်ပါ

မင်းနိုးလာတဲ့အခါ ကိုယ်မင်းကို အိမ်ပြန်ပို့မယ်။ရွှယ်အန်းက အန်းယန်၏ နှဖူးနုနုကို နမ်းရှိုက်လိုက်သည်။

ထို့နောက် သူ ခေါင်းလှည့်ကာ ယွီဝူရှန်ကို ကြည့်လိုက်၏။

“မင်းတို့ အားလုံး သေဖို့ ထိုက်တန်တယ်”

ဤစကားနှင့်အတူ ရွှယ်အန်း၏မျက်လုံးများသည် သွေးရောင်များ နီရဲလာသည်။

“မျိုးစုံသောနတ်ဘုရားတွေနဲ့ နတ်ဆိုးတို့ ငါ့အသွေးနဲ့ ငါ့အမိန့်ကို နာခံပါ၊ ကြာနီကို ငါ့သွေးနဲ့ သန့်စင်ပါ”

အခန်း(၁၄၇) ကောင်းကင်လောင်ကျွမ်းခြင်း ငရဲမီး

သူ၏ အမိန့်အောက်တွင် ရွှယ်အန်း၏ မျက်ခုံးကြားမှ ရွှေရောင်သွေးစက်တစ်ကစ်ထွက်လာကာ အလျင်အမြန်ပင် ကြီးမားလာပြီးနောက် သွေးနီရောင် ကြာပန်းအဖြစ် ပြောင်းလဲသွားသည်။ ကြာပန်းသည် ကြမ္မာဆိုး၏ ပြင်းထန်သော ရောင်ဝါကို ထုတ်လွှတ်လိုက်ပြီးနောက် ၎င်းအနီးတစ်ဝိုက်တွင် သေးငယ်သော အနက်ရောင်အမှုန်များစွာ ပေါ်လာသည်။ ဤမြင်ကွင်းသည် ယွဲ့ဝူရှန်ကို အလွန်အမင်းထိတ်လန့်တုန်ယင်စေသည်။

“အရှင် ဒါဘာလုပ်နေတာလဲ။ ကျွန်မတို့ လသာဆောင်ဂိုဏ်းက အရှင့်ကို မစော်ကားမိဖူးပါဘူး။

“ငါဘာလုပ်နေတာလဲ ဟုတ်လား” ရွှယ်အန်းက အေးစက်စွာပြော၍ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"မင်း ငါ့မိန်းမကို ထောင်ချပြီး သူ့ကို အရှက်ခွဲဖို့ ခွင့်ပြုထားတာတောင် အခု မင်းက ငါဘာလုပ်နေတာလဲလို့ မေးနေတာလား”

ထိုအချိန်တွင် လသာဆောင်ဂိုဏ်းမှ တပည့်များအားလုံး သတင်းကြား၍ ပြေးလာကြသည်။ ရှု့ယင်အာသည်လည်း အသိစိတ်ဝင်လာကာ သူ့ဆရာဘက်သို့ ပြေးလွှားသွားသည်။

"ဆရာကြီး ဒီလူ၊ သူက အင်မော်တယ်ညီလာခံက လူတိုင်းကို သတ်ပစ်ခဲ့တယ်။ ကယ်ပါဦး ဆရာကြီး” ရှု့ယင်အာက ထိတ်လန့်စွာအော်လိုက်သည်။

‘ဘာ’

‘အင်မော်တယ်ညီလာခံမှာ လူတွေအားလုံးကို ဒီလူက သတ်လိုက်တာလား’

ယွဲ့ဝူရှန်သည် နှဖူးတစ်ခုလုံးဆီမှ အေးစက်မှုကို ခံစားလိုက်ရပြီးနောက် အတင်းပြုံးလိုက်သည်။

"အရှင် သူက အရှင့်ရဲ့လူဆိုတာ ကျွန်မ တကယ်မသိခဲ့ပါဘူး။ ကျွန်မတို့ လသာဆောင်ဂိုဏ်းက ဆုံးရှုံးမှုအားလုံးအတွက် လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်”

ဤအရာသည် တောင်းပန်မှုနှင့် ညီမျှသည်။ သို့သော် ရွှယ်အန်းက ခေါင်းကို ညင်သာစွာခါလိုက်ကာ သူ့မျက်လုံးများသည်လည်း နတ်ဆိုးသွေးရောင်သန်းနေ၏။

“အထက်ဘုရားတွေက သူ့ကိုပြစ်မှားရင် ဘုရားတွေကို သတ်ပစ်မယ်လို့ ကတိပြုခဲ့ဖူးတယ်။ တန်ခိုးကြီးသော ကောင်းကင်တာအိုက သူ့ကို စော်ကားရင် ကောင်းကင်တာအိုကို ဖျက်ဆီးပစ်မယ်။ ဒါပေမယ့် မင်းတို့က သူ့ကို နှစ်နှစ်လောက် အရှက်ရစေခဲ့တာဆိုတော့ မင်းပေးနိုင်တဲ့ တစ်ခုတည်းသော လျော်ကြေးက… အာားလုံးသေပစ်လိုက်တာပဲ”

ထိုစကားများဆုံးသွားသည်နှင့်တပြိုင်နက်၊ ကြာနီသည် တစ်ခြမ်းမှ နှစ်ခြမ်း၊ နှစ်ခြမ်းမှ လေးခြမ်းအထိ ကွဲသွားကာ တစ်ခဏချင်း၌ပင် နတ်ဆိုးကြာနီပန်းသည် ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ပထမဆုံးသေဆုံးသူမှာ ရှု့ယင်အာဖြစ်သည်။ သူမသည် ဖြစ်ပျက်လာသမျှကို ကြောက်လန့်နေလျက် ကြာနီပေါ်လာသောအခါတွင် ခေါင်းကို ကိုင်၍ ဝမ်းနည်းစွာအော်ဟစ် ထွက်ပြေးရန် ကြိုးစားခဲ့သည်။ သို့သော် ကြာနီသည် သူမ၏ ဦးခေါင်းထက်မှ တိုက်ရိုက်ပေါက်ဖွားလာသည်။ ထို့နောက် ထူးဆန်းသော အနီရောင်မီးလျှံက သူမကို ဖုံးလွှမ်းသွားသည်။ မီးတောက်သွားလေရာလမ်းကြောင်းတွင် ရှု့ယင်အာသည် အလွန်နာကျင်စွာဖြင့် သနားဖွယ်အော်လိုက်သည်။

ထို့နောက်တွင် ထူးထူးဆန်းဆန်း အနီရောင်မီးလျှံသည် သူမအား ဖုံးလွှမ်းသွားသည်။

ကြာနီ ငရဲမီး

အင်မော်တယ်များပင်လျှင် ခပ်ဝေးဝေးမှ နေနေရလောက်မည့် အစွမ်းအထက်ဆုံးမီးတောက်တစ်ခုဖြစ်ကာ ၎င်းသည် စိတ်ဝိညာဉ်ကို တိုက်ရိုက်လောင်ကျွမ်းစေ၍ တစ်ကြိမ်ထိလိုက်မိသည်နှင့် လူဝင်စားလျှင်ပင် သင့်နောက်သို့ အရိပ်တစ်ခုကဲ့သို့ လိုက်လာမည်ဖြစ်သည်။ ၎င်းသည် အင်မော်တယ်ဧကရာဇ်ဖြစ်ခဲ့စဥ်က ရွှယ်အန်း၏ ပြိုင်ဘက်ကင်းနတ်စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။

ယနေ့ ကမ္ဘာပေါ်တွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ နာကျင်စွာအော်ဟစ်သံကြောင့် လသာဆောင်မှ တပည့်များအားလုံး ဖြူဖျော့သွားကြသည်။ ယွဲ့ဝူရှန်၏ မျက်လုံးများသည် ထိတ်လန့်မှုများ ကြောက်လန့်မှုများ ရောယှက်လျက် အံကြိတ်လိုက်သည်။

"အရှင်၊ အရှင်အရမ်းရက်စက်တယ်လို့မထင်ဘူးလား”

"အနိုင်ကျင့်တယ်ဟုတ်လား” ရွှယ်အန်းသည် ကောင်းကင်ယံထက်သို့မော့ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ငါ့ဘဝက ငါ့အပိုင်ပဲ။ ကောင်းကင်ဘုံက ပေးထားတာမဟုတ်ဘူး အနတ္တစကြဝဌာမှာ ဘယ်သူက ငါ့ကို ထိန်းချုပ်ရဲမှာလဲ။ မင်းတို့ရဲ့အမှားက သူ့ကို အနိုင်ကျင့်တာမို့လို့ မင်းတို့အားလုံး သွားသေကြစမ်း”

ကြာနီသည် ကောင်းကင်ထက်မှ ကြွလာပြီး ကမ္ဘာမြေကို ဖုံးလွှမ်းသွားကာ လသာဆောင်ဂိုဏ်း၏ တပည့်များပင် မခုခံနိုင်မီတွင် ကြာနီငရဲမီးကြောင့် ပြာများအဖြစ်သို့ ပြောင်းလဲကာ သဲလွန်စပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

ယွဲ့ဝူရှန်ကိုသာလျှင် ရွှေရောင်တောက်ပစွာ ကာရံထားသည်။ သို့သော် ကြာနီကံမီးသည် အလွန်ရက်စက်ကြမ်းကြုတ်လွန်းကာ ထိုမီးတောက်များ၏ အကျိုးသက်ရောက်မှုအောက်တွင် ရွှေရောင်များ တဖျပ်ဖျပ်ခတ်လျက် ပြိုပျက်လုနီးပါး ဖြစ်နေသည်။ ယွဲ့ဝူရှန်၏ မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ပြာသွားသည်။

"ဘိုးဘေး ကယ်ပါနော်"

သူမငိုပြီးနောက်တွင် တောက်ပသောလရောင် ရုတ်တရက်ပေါ်လာသည်။ ထို့နောက် ဆံပင်ဖြူနှင့် အဘွားကြီးတစ်ယောက် လရောင်အတွင်းမှ ထွက်လာသည်။ ဤအဘွားကြီးကိုမြင်လိုက်ရသောအခါ ယွဲ့ဝူရှန်သည် ဝမ်းသာအားရဖြင့်

"ဘိုးဘေး၊ သမီးကို မြန်မြန်ကယ်ပါ”

အဘွားကြီးသည် ရင်ပြင်ပေါ်ရှိ အခြေအနေကို မြင်သောအခါ သူမ၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။ အထူးသဖြင့် လသာဆောင်၏ တပည့်အားလုံး ကြာနီငရဲမီးကြောင့် ပြာကျသွားသည်ကို မြင်လိုက်ရသောအခါတွင် ဒေါသစိတ်ကို မထိန်းနိုင်တော့ပေ။

“ဒီလို ရက်စက်တဲ့စိတ်။ ငါ့လသာဆောင်က မင်းကို အနှောက်အယှက်ဖြစ်စေတယ်ဆိုရင်တောင် ငါ့ဂိုဏ်းတစ်ခုလုံးကို သတ်ပစ်ဖို့ လိုလို့လား”

ဤသည်ကို ကြားသောအခါ ရွှယ်အန်းက ခေါင်းကို ဖြည်းညှင်းစွာလှည့်၍ ကြည့်လိုက်သည်။ သူ့ကြက်သွေးရောင် မျက်လုံး တစ်စုံသည် အဘွားကြီး၏ အရိုးများကိုပင် အေးစက်သွားစေနိုင်၏။

"ခင်ဗျားဘယ်သူလဲ" ရွှယ်အန်းက အေးစက်စွာ မေးလိုက်သည်။

“ငါက လကြည့်ဆောင်ရဲ့ ဂိုဏ်းခေါင်းဆောင်ဟောင်း၊ ယွဲ့ဝူရှန်ရဲ့ သခင်၊ တောက်ပတဲ့ လပါတ်ရဲ့ အေးစက်တဲ့ လမင်းပဲ”

ဤအမည်သည် တစ်ချိန်က ဟွာရှားထက် ကျော်ကြားခဲ့သော လင်နန်၏ဓားအင်မော်တယ် ယွီယွမ်ယိကဲ့သို့သောခေတ်တွင် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်သော ပုဂ္ဂိုတစ်ဦးဖြစ်သည်။ သို့သော် ရွှယ်အန်းက သာမန်ရိုးကျ ခေါင်းညိတ်လိုက်သည်။

"ဒါဆို ခင်ဗျားကလည်း လသာဆောင်နဲ့ ပတ်သက်နေပုံရတယ်"

“ဒါက သဘာဝပါပဲ။ လူလေး မင်းရဲ့ ကျင့်ကြံမှုအဆင့်က လေးနက်တယ်ဆိုတာ ငါ အသိအမှတ်ပြုပါတယ်၊ ဒါပေမယ့် သေမျိုးမိန်းမတစ်ယောက်အတွက် ကောင်းကင်ဘုံရဲ့ ငြိမ်းချမ်းမှုကို အနှောက်အယှက်ဖြစ်စေမှာမကြောက်ဘူးလား။”

အေးစက်သောလ၏ အသံ ပြတ်တောက်သွားသည်။

စကားနားထောင်ပြီးနောက်တွင် ရွှယ်အန်း၏ နှုတ်ခမ်းထောင့်၌ အေးစက်၍ မထူးခြားလှသော အပြုံးတစ်ခု ပေါ်လာသည်။

"သေမျိုးမိန်းမတစ်ယောက်ဟုတ်လား။ ဒါဆို ခင်ဗျားရဲ့မျက်လုံးထဲမှာ သူက အရာတ္ထုတစ်ခုသာသာပဲပေါ့”

အေးစက်သောလသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလာရာ သူမ၏ ရောင်ဝါသည် တောက်ပသော လကဲ့သို့ ကျယ်ပြော၍ အကန့်အသတ်မဲ့လှသည်။

“လူငယ်၊ မင်းအသက်အရွယ်မှာ ဒီလိုမျိုး ကျင့်ကြံရေးအဆင့်ရှိနေပြီဆိုကတည်းက မင်းရဲ့အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ်မရှိဘူး။ မင်းငါ့ လသာဆောင်ဂိုဏ်းရဲ့ တပည့်တွေအများကြီးကို သတ်ခဲ့ပေမယ့် ဒီကိစ္စကို ငါဆက်မလိုက်တော့ဘူး။ မင်းနောက်ပြန်ဆုတ်ရင် ငါတို့ ဒီကိစ္စကို ကြေအေးပေးမယ်။ ဘယ်လိုလဲ”

အေးစက်သောလသည် ရွှယ်အန်း၏ စွမ်းရည်အစစ်အမှန်ကို မမြင်နိုင်သောကြောင့် အလွန်သတိထားလျက်ရှိသည်။ သဘောတူလိမ့်မည်ဟု သူမယုံကြည်ထားသော်လည်း ရွှယ်အန်းက ခေါင်းအနည်းငယ်ခါလိုက်သည်။

"ခင်ဗျားတစ်ခုမှားနေပြီ။ ခင်ဗျားတို့လသာဆောင်ရဲ့ လူတွေအားလုံး ပေါင်းရင်တောင် သူ့ဆံချည်မျှင်တစ်မျှင်စာ မတန်ဘူး”

အေးစက်သောလ၏အမူအရာသည် အေးခဲသွားသည်။

"လူငယ်၊ အရမ်းမဆင်မခြင်မလုပ်နဲ့။ မင်းကို ငါတကယ်ကြောက်တယ်လို့ မထင်နဲ့…”

ရွှယ်အန်းက ရုတ်တရက် မော့ကြည့်လာသောကြောင့် သူမသည် စကားဆုံးသည်အထိ ဆက်မပြောနိုင်တော့ပေ။ သူက ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် ကောင်းကင်သို့ လက်တစ်ဖက် ညွှန်ပြလိုက်သည်။

“ကမ္ဘာကြီးကို ဖျက်စီးမယ့်… ကြာနီ”

ဘမ်း

တခဏချင်းတွင် ကြာနီသည် မီးပင်လယ်အဖြစ်ပြောင်းလဲသွားသည်။ ထူးဆန်းသော မီးတောက်များ ကောင်းကင်ယံထက် သို့ ပျံတက်သွားကာ ယွဲ့ဝူရှန်သည် အော်ချိန်ပင်မရလိုက်ဘဲ မီးတောက်များအောက်တွင် ဝါးမျိုခံလိုက်ရသည်။ အေးစက်သောလသည် တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းထားသော်လည်း ငရဲမီးပေါ်လာသည်နှင့် သူမ၏ မျက်နှာသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွား၏။

"ငရဲကမ္ဘာက ငရဲမီး… မင်းက တစ္ဆေဘုံက ဘယ်သူလဲ"

သူမအသံတွင် ထိတ်လန့်မှုအပြည့်နှင့် စကားမဆုံးမီတွင် အကန့်အသတ်မရှိသော မီးပင်လယ်သည် သူမ၏တောက်ပသောလကို ဝါးမြိုသွားခဲ့သည်။ သူမ၏ကိုယ်ပိုင် ကျင့်ကြံရေးအဆင့်ဖြင့် ရုန်းကန်ခဲ့ရသော်လည်း ငရဲမီးက မဝါးမျိုသွားစေရန် ထိန်းထားနိုင်ရုံမျှသာ ထိန်းထားနိုင်၏။ တစ်ချိန်တည်း၌ပင် ကြောက်ရွံ့ထိတ်လန့်မှုများ အပြည့်ဖြင့် သူမက ဆက်ပြော၏။

“ကျွန်မကို ချမ်းသာပေးပါ သခင်။ ကျွန်မကို သက်ညှာပေးပါ။ သခင်”

ဒီအခိုက်အတန့်တွင် အေးစက်သောလသည် ဤလူရှေ့၌ သူမသည် မည်သည့်အဆင့်မျှမဟုတ်ကြောင်း နောက်ဆုံးသိလိုက်ရသည်။

"ငရဲမီး… ကောင်းကင်ကို လောင်ကျွမ်းစေ"

ပြင်းပြင်းထန်ထန် တောက်လောင်နေပြီဖြစ်သော ကြာပန်းနီသည် ချက်ချင်းပင် အဆတစ်ရာခန့် တိုးမြင့်တောက်လောင်လာသည်။

အေးစက်သော လသည် မီးပင်လယ်ထဲ လုံးလုံးလျားလျား နစ်မြုပ်နေသဖြင့် ဝမ်းနည်းစွာ အော်ဟစ်လျက်ရှိသည်။ လသာဆောင်တစ်ခုလုံးနှင့် တောင်ကြီးတစ်ခုလုံးသည် ငရဲမီးကြောင့် လောင်ကျွမ်းသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းတွင် အရာအားလုံးအချည်းနှီးဖြစ်သွားသည်။ ခမ်းနားထည်ဝါသော လသာဆောင်တောင်တန်းကြီးသည် ယခုအခါ မီးတောက်များဖြင့် ပြည့်နှက်နေသည်။ ထိုနည်းတူ လသာဆောင်ဂိုဏ်းသည်လည်း သမိုင်းဝင်အရာတစ်ခု ဖြစ်လာခဲ့သည်။ ထို့နောက် ရွှယ်အန်းကခေါင်းငုံ့ကာ အိပ်ပျော်နေသော အန်းယန်ကို ကြည့်၍ ပြောလိုက်သည်။

“မင်းကို စော်ကားတဲ့သူတွေအားလုံးကို ငါသတ်ပစ်လိုက်ပြီ။ အခု အိမ်ပြန်ရအောင်"

စကားပြောပြီးနောက် ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်ကို လက်တစ်ဖက်တည်းဖြင့် မချီကာ ကောင်းကင်သို့ ပျံတက်သွားပြီးနောက် မိုးကုတ်စက်ဝိုင်းထဲသို့တိုးဝင်ပျောက်ကွယ်သွားသည်။

All Chapters