← Chapters

မိခင်နတ်ဘုရားမဘုရားကျောင်း (၂)

Vol. 88 Ch. 873

မိခင်နတ်ဘုရားမဘုရားကျောင်း (၂)

Vol. 88 Ch. 873

အဆိပ်တထောင်တောင်သည် ကောင်းကင်မြို့တော်၏ အနောက်တောင်အရပ်တွင် ရှိ၏။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်

ရွေ့လျားနိုင်စွမ်းမရှိတော့သည့် ကောင်းကင်မြို့တော်အတွက် ပထဝီဝင်အနေအထားနှင့် ပတ်ဝန်းကျင်ဒေသများ၏ အခြေအနေက ပို၍ အရေးပါလာသည်မှာ သဘာဝကျပါ၏။

ထို့ကြောင့် သူတို့အနေနှင့် နိုင်ငံတစ်ဝန်း ဖြစ်ပွားသမျှ ဆူပူမှုမှန်သမျှကို သိရှိနိုင်မည့် ဒဏ္ဍာရီလာမူလပုံစံကွက်ကြီးကို တည်ဆောက်ထားကြ၏။ ဤပုံစံကွက်ကြီးသည် တစုံတရာ ပြသနာများ ပေါ်ပေါက်လာပါက ထိုပြသနာ၏ပြင်းအားနှင့်အရေးပါပုံကို အဖြေထုတ်ပေးနိုင်သော်လည်း ဘာတွေဖြစ်နေမှန်း အတိအကျ ပြောပြနိုင်စွမ်းတော့ မရှိချေ။

ယေဘုယျအားဖြင့် ဆိုရလျင် ကောင်းကင်နိုင်ငံအနေနှင့် ပြသနာကို မတုံ့ပြန်မီ ပြသနာမည်မျှကြီးမကြီးကို ဦးစွာ ဆုံးဖြတ်ရန် လိုအပ်၏။ သေးငယ်သောပြသနာတိုင်းကို ရေးကြီးခွင်ကျယ်လုပ်နေလျင် သင် မည်သို့ အနားယူနိုင်တော့မည်နည်း။

ထိုသို့ တိုင်းတာရာတွင်လည်း မူလစွမ်းအင်အတက်အကျပမာဏကိုတိုင်းတာကာ ပြသနာ၏ အတိမ်အနက်ကို ခန့်မှန်းလေ့ရှိကြ၏။ ထို့ကြောင့် အဆိပ်တထောင်တောင်တွင် ပြသနာတစုံတရာ ဖြစ်ပွားနေပြီမှန်း ကောင်းကင်မြို့တော်မှ ချက်ချင်း သိရှိခဲ့ခြင်းပင်။

မတည်မငြိမ်ဖြစ်နေသည့် မူလစွမ်းအင်ထုပမာဏမှ အလွန်များပြားနေ၍ ကောင်းကင်နိုင်ငံသည် အခြေအနေကို စုံစမ်းစစ်ဆေးရန် ကျွမ်းကျင်သူများကို ချက်ချင်း စေလွှတ်ခဲ့ပြီး ဖြစ်သည်။သို့သော် အကွာအဝေးကန့်သတ်ချက်ကြောင့် ထိုအုပ်စုထဲမှ တဦးတလေပင် ပြန်ရောက်မလာသေး။

စုချန်း ဘာကြောင့် ဤနေရာကို ရောက်လာမှန်း ကျောက်စိမ်းမွှေးရနံ့ နားလည်သွားခဲ့လေပြီ။

“ဒါဆို သူ အဲဒီနေရာမှာ ရှိခဲ့တာပေါ့ ပြီးတော့ ဒီသတင်းပေးလိုက်ရင် ဆုလာဘ်တစုံတရာများ ရနိုင်မလားလို့ ဒီကို အမြန်ဆုံးလာခဲ့တာပေါ့ ဟုတ်လား”

ဟဲလ်ယွန်လေစီးကြောင်း၏ ရည်ရွယ်ချက်များကို ကျောက်စိမ်းမွှေးရနံ့ ချက်ချင်းနားလည်လိုက်၏။

"အေးလေ ဘာတွေများပြောမလဲ နားထောင်ကြည့်ရသေးတာပေါ့”

ထို့နောက် သူမက ဘုန်းတော်ကြီးမျာတဦးကို စုချန်းအား အခေါ်လွှတ်လိုက်၏။ သူမကတော့ ဘေးနားရှိ အခန်းတခန်းတွင် စောင့်ဆိုင်းနေလိုက်လေသည်။

ကောင်းကင်မြို့တော်၏ အနောက်တောင်ဘက်တွင် ဖြစ်ပွားခဲ့သည့် ပြသနာသည် အတော်လေးအရေးကြီးမှန်း သူမ နားလည်ထား၏။ သို့မဟုတ်လျင် လူသားအနံ့များ ဖုံးလွှမ်းနေသည့် ဟဲယွန်လေစီးကြောင်းကို သူမအနီးသို့ ခေါ်လိမ့်မည်မဟုတ်။

ကျောက်စိမ်းမွှေးရနံ့ကို မြင်သည်နှင့် စုချန်းက လူပျံတော်များ၏ ထုံးတမ်းစဉ်လာအတိုင်း သူမကို နှုတ်ဆက်လိုက်၏။ ကျောက်စိမ်းမွှေးရနံ့က စုချန်း၏ အရိုအသေပြုမှုကို ဂရုမထားဟန်ဖြင့် လိုရင်းကို ချက်ချင်း မေးလိုက်သည်။

“ပြော ဘာဖြစ်ခဲ့တာလဲ”

စုချန်းက ပြန်ဖြေလိုက်၏။

"အခြေအနေက အတော်လေး ရှုပ်ထွေးတယ် ဒါကြောင့်မို့ ဖြစ်နိုင်ရင်တော့ ဂိုဏ်းချုပ်နဲ့ပဲ တွေ့ချင်ပါတယ်"

“ဟဲယွန်လေစီးကြောင်း"

ကျောက်စိမ်းမွှေးရနံ့ အတော်လေး မကျေမနပ်ဖြစ်သွား၏။

“ရှင်ဘာစဉ်းစားနေလဲဆိုတာ ကျွန်မ သိတယ် ဒါပေမဲ့ ဂိုဏ်းချုပ်နဲ့တွေ့ဖို့ဆိုတာကတော့ ရှင့်အဆင့်အတန်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဒါကြောင့် ရှင်သိတာကို ကျွန်မကို ပြောပြလိုက် ဂိုဏ်းချုပ်ကို အသိပေးဖို့ သင့်၏ မသင့်၏ ကျွန်မ ဆုံးဖြတ်ပေးမယ်"

စုချန်း မတတ်သာဟန်ဖြင့် ပြောလိုက်၏။

“ကောင်းပြီလေ အဆိပ်တထောင်တောင်မှာ ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင် နိုးထလာခဲ့ပါပြီ"

“ဘာ”

ကျောက်စိမ်းမွှေးရနံ့ ဝုန်းခနဲမတ်တတ်ရပ်လိုက်၏။

"ရှင် သေချာရဲ့လား"

သူမ၏ လေသံမှာ သားရဲကြီးကို လွှတ်ပေးသည့်သူက စုချန်း ဖြစ်နေသည့်အတိုင်းပင်။

“ဒီအခြေအနေ ဘယ်လောက်အရေးကြီးသလဲဆိုတာ သခင်မလေး သိမှာပါ ဒီလို သတင်းမျိုးကို ကျွန်တော် ဘယ်လိမ်ရဲပါ့မလဲ"

“ကမ္ဘာဦးမတိုင်မီသားရဲလားတဲ့လား ဒီကောင်ကြီး ဘာလို့ ရုတ်တရက် နိုးလာတာလဲ”

ကျောက်စိမ်းမွှေးရနံ့က ထပ်မေးလိုက်ပြန်သည်။

စုချန်း ဘာမှပြန်မပြောပဲ ပါးစပ်ပိတ်ထား၏။ စုချန်း၏ ရည်ရွယ်ချက်ကို ကျောက်စိမ်းမွှေးရနံ့က ချက်ချင်း နားလည်လိုက်သည်။

“ဒါဆို… ရှင်က ဂိုဏ်းချုပ်နဲ့ မတွေ့ရရင် ဘာမှ မပြောတော့ဘူးပေါ့ ဟုတ်သလား”

စုချန်းက ပြန်မေးလိုက်သည်။

“အခုလောက်ဆို ကျွန်တော် ဂိုဏ်းချုပ်နဲ့ တွေ့လို့ရပြီလား"

ကျောက်စိမ်းမွှေးရနံ့ သက်ပြင်းတစ်ချက်ကို ကြိတ်၍ချလိုက်၏။ ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင် ပါဝင်နေသောကိစ္စမျိုးကို သူမ ကြားထဲမှ ခွမတိုက်ရဲချေ။

သိပ်မကြာမီ မိခင်နတ်ဘုရားမဂိုဏ်း၏ တပည့်တစ်ဦးက စုချန်းဆီသို့ လျှောက်လာပြီး ပြောလိုက်၏။

“ဂိုဏ်းချုပ် ဘုရားကျောင်းမှာ စောင့်နေပါတယ်”

သို့သော် စုချန်းက ထပ်မံအထွန့်တက်လိုက်၏။

“ကျုပ်က နှစ်ခြင်းခံ ယဇ်ပလ္လင်မှာ တွေ့ရရင် ပိုကောင်းမလားလို့"

ထိုတပည့် မျက်လုံးပြူးသွား၏။

“ဂိုဏ်းချုပ်ကိုယ်တောင် မင်းက အထွန့်တက်ရဲသလား"

နှစ်ခြင်းခံယဇ်ပလ္လင်ဟူသည် သန့်ရှင်းသော နေရာတခုဖြစ်ပြီး နာမည်နှင့်လိုက်အောင်ပင် ကိုးကွယ်ယုံကြည်သူများသည် ၎င်းတို့၏ခန္ဓာကိုယ်နှင့် စိတ်ကို နှစ်ခြင်းခံရန် နှစ်ခြင်းခံယစ်ပလ္လင်သို့ သွားရောက်လေ့ရှိကြ၏။ ဤယစ်ပလ္လင်သည် လူပျံတော်များ၏ မူလစွမ်းအင်အထုံကို တိုးပွားလာစေရန် ကူညီပေးနိုင်သော စွမ်းအင်မျိုး ရှိပေသည်။

၎င်းသည် သတ်ဖြတ်သူတို့၏ မူလစွမ်းအင်ဘုရားကျောင်းနှင့် အနည်းငယ်ဆင်တူဟန်ရှိသော်လည်း လူပျံတော်များ၏ ယဇ်ပလ္လင်က ကောင်းမွန်နေပြီးသားအရာကိုသာ တိုးတက်စေနိုင်၏။မူလစွမ်းအင်ဘုရားကျောင်းမှာမူ ချို့တဲ့မှုများကို ပြုပြင်ပေးနေခြင်း ဖြစ်သည်။ ထို့ကြောင့် လူပျံတော်များ၏ ယဇ်ပလ္လင်နှင့် သတ်ဖြတ်သူများ၏ မူလစွမ်းအင်ဘုရားကျောင်းမှာ သက်ဆိုင်ရာတန်ဖိုးများအရ လုံးဝကွဲပြားနေ၏။

မည်သို့ဆိုစေ နှစ်ခြင်းခံယဇ်ပလ္လင်တွင် ဂိုဏ်းချုပ်နှင့် တွေ့ဆုံရန် တောင်းဆိုသည့် လူပျံတော်တိုင်းသည်အကျိုးအမြတ်တခုခုကို မျှော်က်ိုးနေသူများသာ ဖြစ်လေ့ရှိကြပေသည်။ ထို့ကြောင့် စုချန်းသည်လည်း အကျိုးအမြတ်တခုခုကို ရယူလို၍ ဤသို့တောင်းဆိုကြောင်း ထင်စရာရှိ၏။ သို့သော် စုချန်း၏ တကယ့်ရည်ရွယ်ချက်မှာကား အကျိုးအမြတ်မဟုတ်ပေ။

တကယ်တမ်း သူ ဤသ်ို့တောင်းဆိုရသည့် အဓိက အကြောင်းရင်းမှာ သူ ဘုရားကျောင်းထဲ ဝင်၍မရသောကြောင့်ပင်တည်း။

မိခင်နတ်ဘုရားမဂိုဏ်း၏ ဘုရားကျောင်းသည် မိခင်နတ်ဘုရားမအား ပူဇော်ပသသည့် နေရာဖြစ်၍ လုံခြုံရေးတင်းကြပ်၏။ ပိုအရေးကြီးသည်မှာ စစ်မှန်သောအလင်းဖြင့် ကာကွယ်ထားခြင်းပင်။

သူ ထိုနေရာသို့ သွားပါက သေချာပေါက် အလိမ်ပေါ်သွားပေလိမ့်မည်။ ထို့ကြောင့် စုချန်းက လောဘကြီးသူပမာ ဟန်ဆောင်လိုက်ရခြင်းဖြစ်သည်။

သိပ်မကြာမှီ စုချန်းကို နှစ်ခြင်းခံယဇ်ပလ္လင်သို့ တိုက်ရိုက် ခေါ်ဆောင်သွား၏။ နှစ်ခြင်းခံယဇ်ပလ္လင်သို့ ရောက်သည်နှင့် စွဲမက်ဖွယ်ကောင်းပြီး ကျက်သရေရှိသော လူပျံတော်အမျိုးသမီးတဦးကို စုချန်း တွေ့လိုက်ရ၏။ မိခင်နတ်ဘုရားမဂိုဏ်း၏ ဂိုဏ်းချုပ် အိပ်မက်ကြာပန်းသရဖူပေတည်း။

ထိုအခါ စုချန်းက အိပ်မက်ကြာပန်းသရဖူကို ဂါရဝပြိုလိုက်၏။

“ဟဲယွန်လေစီးကြောင်းက ဂိုဏ်းချုပ်ကို နှုတ်ဆက်ဂါရဝပြုပါတယ်”

အိပ်မက်ကြာပန်းသရဖူက သူ့ဘက်သို့ လှည့်လာ၏။

“ရှင် ထနိုင်ပြီ”

စုချန်းသည် မော့ကြည့်လိုက်ရာ အေးစက်သော်လည်း ကျက်သရေရှိလှသော မျက်နှာတစ်ခုကို မြင်လိုက်ရ၏။

ထိုအချိန်တွင် ကျောက်စိမ်းမွှေးရနံ့ကလည်း သူ့ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေလေရာ ခေါင်းပေါ်မှ ရေခဲရေတပုံးဖြင့် လောင်းချလိုက်သည့်နှယ် စုချန်း ခံစားလိုက်ရသည်။

အိပ်မက်ကြာပန်းသရဖူက ဆက်ပြောလိုက်ပြန်သည်။

"ကျွန်မအနေနဲ့ အနောက်တောင်ဘက်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို စုံစမ်းဖို့ အထောက်တော်တွေ စေလွှတ်ပြီးသားပဲ ရှင်ဟာ အဆိပ်တထောင်တောင်ကို ဖြတ်သွားရင်း ဒီဖြစ်ရပ်ကို မတော်တဆ သိလာတာ ဖြစ်လိမ့်မယ် အထောက်တော်တွေ ဂိုဏ်းကိုပြန်ရောက်လာဖို့ကလဲ နှစ်ရက်လောက်ပဲ ကြာတော့မယ် ဒီတော့ ပြောစမ်းပါအုံး ရှင့်ကို နှစ်ခြင်းခံဖို့ ဘယ်အချက်ကိုမူတည်ပြီး ခွင့်ပြုပေးရမှာတဲ့လဲ"

စုချန်းက ပြန်ပြောလိုက်၏။

“ဂိုဏ်းချုပ်ခင်ဗျာ ကျွန်တော် အဲဒီကနေ ဖြတ်သွားခဲ့မိတာ အမှန်ပါပဲ ဒါပေမဲ့ အဲဒီမှာ ဘာတွေဖြစ်နေသလဲဆိုတာ နားလည်ဖို့ဆိုရင် မျက်မြင်သက်သေတချို့သာ သိနိုင်မဲ့ သီးခြားအချက်အလက်တချို့ကိုလဲ သိထားဖို့ လိုအပ်ပါသေးတယ် ပြီးတော့ ကျွန်တော် လိုချင်တာက နှစ်ခြင်းခံဖို့ မဟုတ်ပါဘူး ဒါပေမဲ့…”

စုချန်း စကားကို ခေတ္တရပ်လိုက်၏။အိပ်မက်ကြာပန်းသရဖူက အေးစက်သောလေသံဖြင့် မေးလိုက်သည်။

“ပြော ရှင် ဘာလိုချင်တာလဲ”

စုချန်း ပြန်ဖြေလိုက်၏။

“ကျွန်တော့် အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ဂိုဏ်းချုပ်လဲ သိထားပြီးသား ဖြစ်ပါလိမ့်မယ်"

အိပ်မက်ကြာပန်းသရဖူ သက်ပြင်းချလိုက်၏။

“နည်းနည်းပါးပါး သိထားတယ်ပဲဆိုပါတော့ ပြီးတော့ ဒါကြောင့်မို့လို့လဲ ရှင့်ရဲ့ မလေးမစားအပြုအမူတွေကို ကျွန်မ ခွင့်လွှတ်ခဲ့တာပေါ့ ဘာပဲဖြစ်ဖြစ် ဖြစ်ခဲ့တာတွေက အတိတ်မှာ ကျန်ခဲ့ပြီ ရှင့်အနေနဲ့ ပစ္စုပ္ပန်မှာပဲ ပျော်အောင်နေဖို့သင့်နေပြီ"

စုချန်း၏ ကြိုတင်မျှော်တွေးမှုများကနောက်ဆုံးတော့ အကျိုးပေးလာခဲ့လေပြီ။ ဟဲယွန်လေစီးကြောင်း၏ အတိတ်ကို သိသူတိုင်းသည် စုချန်း၏ တချို့လုပ်ရပ်များကို နားလည်ခွင့်လွှတ်ပေးကြပေလိမ့်မည်။

ဤသည်ပင်လျင် စုချန်း အတိအကျ လိုချင်သောအရာ ဖြစ်သည်။

ထိုအခါ စုချန်း ပြန်ဖြေလိုက်ပြန်၏။

“ကျွန်တော် လုပ်ကြည့်ခဲ့ပြီးပါပြီ ဒီတနှစ်လုံး ကျွန်တော်ဟာ အတိတ်ကို မေ့ပျောက်နိုင်ဖို့ ခရီးတွေ အများကြီး သွားခဲ့တယ် ဒါပေမဲ့ ဒဏ်ရာတွေကတော့ လွယ်လွယ်နဲ့ ပျောက်မသွားခဲ့ပါဘူးခင်ဗျာ ပိုဆိုးတာက အချိန်ကြာလာတာနဲ့အမျှ ကျွန်တော် စိတ်ဒဏ်ရာပါရလာခဲ့တာပဲ နောက်တော့ အနောက်တောင်ဘက်မှာ ဖြစ်ပျက်နေတာတွေကို ကျွန်တော် မတော်တဆ တွေ့မိခဲ့တယ် ဒါဟာ အခွင့်အရေးတခုပဲလို့ ကျွန်တော် နားလည်လာတယ် ဒါကြောင့် ဂိုဏ်းရဲ့ ကောင်းချီးတခုကိုပဲ ကျွန်တော့အနေနဲ့ တောင်းဆိုလိုပါတယ်”

အိပ်မက်ကြာပန်းသရဖူက သက်ပြင်းချလိုက်ပြန်သည်။

"ရှင့်ရဲ့နှလုံးသားထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ကျွန်မ နားလည်တယ် ဒါပေမဲ့ ဒီဘာမဟုတ်တဲ့အတိတ်ကာလဖြစ်ရပ်လေးကြောင့် ရှင် ယုံကြည်မှုပျောက်သွားပြီလား ရှင့်ရဲ့ ယုံကြည်မှုက ဒီလောက်တောင် မခိုင်မာဘူးလား"

စုချန်း ဘာမှပြန်မပြောပဲ ခေါင်းငုံ့ထားလိုက်၏။

စုချန်းကို တချက်ကြည့်ရင်း အိပ်မက်ကြာပန်းသရဖူက ပြောလိုက်ပြန်သည်။

“ကောင်းပြီလေ အဆိပ်တထောင်တောင်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ပြောပြပါ ရှင် ပေးမဲ့ သတင်းအချက်အလက်အပေါ် မူတည်ပြီး ရှင် ရရှိမယ့် ဆုလာဘ်ကို ကျွန်မ ဆုံးဖြတ်ပေးမယ်”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ခင်ဗျ"

ဤတကြိမ်တွင်တော့ စုချန်းက အချိန်ဆွဲမနေတော့ပဲ အောက်ပါအတိုင်း ရှင်းပြလိုက်၏။

"တနေ့က အဆိပ်တထောင်တောင်အောက်မှာ အိပ်ပျော်နေတဲ့ ကမ္ဘာဦးမတိုင်မီသားရဲဖားကြီးတကောင် နိုးထလာခဲ့ပါတယ်"

“အဆိပ်တစ်ထောင်တောင်...ကံကြမ္မာရဲ့လက်ချောင်းများပေါ့ ဟုတ်လား သူတို့နဲ့ ဒီဖြစ်ရပ်နဲ့ ဆက်စပ်နေသလား"

အိပ်မက်ကြာပန်းသရဖူ အံ့အားသင့်သွား၏။

“မှန်ပါတယ် ဆက်စပ်နေပါတယ် ခီလစ်ဒါဟာ ဘုရားသခင်ကွပ်မျက်ရေးလှံနည်းစနစ်ကိုသုံးပြီး မြေအောက်က သားရဲကြီးကို နိုးထစေခဲ့တာဖြစ်ပါတယ်”

စုချန်း၏ စကားမှာ အမှန်ပင်။ အဆိပ်တထောင်ဖားကြီးသည် ခီလစ်ဒါ၏ လှံကြောင့် နိုးထလာခဲ့သည် မဟုတ်ပါလား။ သို့သော် သူ ပါဝင်ပတ်သက်ခဲ့သည့်အပိုင်းကိုတော့ စုချန်း ချန်ထားခဲ့၏။

အိပ်မက်ကြာပန်းသရဖူ အံ့အားသင့်သွား၏။

"ဘာလို့လဲ ကံကြမ္မာလက်ချောင်းများအဖွဲ့ကို သူကိုယ်တိုင် ဖျက်ဆီးပစ်တာလား သူ ရူးသွားပြီလား"

“ကျွန်တော် မသေချာပါဘူး ဒါပေမဲ့ အဲဒီနေ့က မြင်ခဲ့ရသလောက်ပြောရရင် သူ့စိတ်ပိုင်းဆိုင်ရာက အတော်လေးကို မတည်မငြိမ်ဖြစ်နေတယ်လို့ ထင်ရတယ်”

ဒါသည်လည်း အမှန်တရားပင်။

အိပ်မက်ကြာပန်းသရဖူ ဘာပြောရမှန်းမသိပဲ ဖြစ်သွား၏။

ဒါ ဘယ်လိုဖြစ်ရတာလဲ...

ခီလစ်ဒါ ဘာကြောင့် ရူးသွားတာလဲ...

သားရဲကြီးကို သူ ဘာလို့ နိုးလိုက်တာလဲ...

မည်မျှပင် စဥ်းစားနေစေကာမူ အိပ်မက်ကြာပန်းသရဖူအနေနှင့် ဤမေးခွန်းများ၏ အဖြေကို ရှာတွေ့လိမ့်မည်မဟုတ်။

“သားရဲကြီးရဲ့လှုပ်ရှားမှုကရော ဘယ်လိုရှိသလဲ ရှင်သိလား”

အိပ်မက်ကြာပန်းသရဖူက မေးလိုက်သည်။ စုချန်း ခေါင်းခါပြလိုက်၏။

"ကျွန်တော် ထွက်လာတုန်းကတော့ ဖားကြီးက တောင်ပေါ်မှာ သောင်းကျန်းနေတာပါပဲ ကျန်တာတော့ ကျွန်တော် ရေရေရာရာ မပြောနိုင်ဘူးခင်ဗျ"

အိပ်မက်ကြာသရဖူ အချိန်အတော်ကြာအောင် စဥ်းစားနေ၏။

ဤအဖြေကို သူမ စိတ်ကျေနပ်မှုမရှိမှန်း စုချန်း သဘောပေါက်လိုက်၏။ ထိုအခါ သူက စကားဆက်လိုက်လေသည်။

“ဒါပေမဲ့ ခီလစ်ဒါ ဒီကို ဦးတည်လာနေတာကိုတော့ ကျွန်တော် သိတယ်”

“ရှင် ဘာပြောလိုက်တာလဲ”

အိပ်မက်ကြာသရဖူ၏ မျက်လုံးအစုံပြတောက်ပဝင်းလက်လာ၏။ သူမ၏ အရှိန်အဝါမှာလည်း ပို၍ ပို၍ အရိုင်းဆန်လာပြီး စုချန်းကို ဖိအားပေးလာ၏။

စုချန်း ထိုဖိအားကို မခံနိုင်သည့်ဟန်မျိုး ပြုလိုက်လေသည်။

အိပ်မက်ကြာသရဖူက မေးခွန်းထုတ်လိုက်ပြန်သည်။

“သူ အခု ဘယ်မှာရှိလဲဆိုတာ ရှင်သိလား”

“ကျွန်တော် လာတုန်းကတော့ တိမ်တိုက်တောင်ထွတ်ရဲ့ အောက်ခြေမှာ သူ့ကို တွေ့ခဲ့ရတယ်”

ထိုအကြောင်းကို ကြားလိုက်သည်နှင့်အိပ်မက်ကြာပန်းသရဖူ ထိတ်ခနဲ ဖြစ်သွား၏။ ထို့နောက် သူမက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ အလင်းရောင်တန်းတခု ဘွားခနဲ ပေါ်ပေါက်လာ၏။ အိပ်မက်ကြာသရဖူ၏ စုံစမ်းထောက်လှမ်းရေးနည်းလမ်းတခု ဖြစ်ကြောင်း စုချန်း ချက်ချင်းသဘောပေါက်လိုက်သည်။

ဤနည်းအားဖြင့် တိမ်တိုက်တောင်ထွတ် ပတ်ဝန်းကျင်ရှိ အရာမှန်သမျှကို အိပ်မက်ကြာပန်းသရဖူ အလွယ်တကူပင် စစ်ဆေးကြည့်ရှုနိုင်ခဲ့လေသည်။

စက္ကန့်ပိုင်းမျှအကြာတွင် အိပ်မက်ကြာပနသရဖူက အလင်းတန်းကို ဖျောက်ပြီး ပြောလိုက်၏။

“သူ့ကို တွေ့ခဲ့ပြီ ခီလစ်ဒါ တောင်ခြေမှာ တကယ်ကြီး ရှိနေတာပဲ"

ခီလစ်ဒါ တောင်ခြေသို့ရောက်နေခြင်းမှာ ကောင်းသော လက္ခဏာမဟုတ်။ သမိခင်နတ်ဘုရားမဂိုဏ်းကို ခီလစ်ဒါ အန္တရာယ်ပြုရန် ကြံစည်နေသည်ဟု အိပ်မက်ကြာပန်းသရဖူ တထစ်ချပင် ယူဆလိုက်၏။

ကမ္ဘာဦးမတိုင်မီသားရဲကြီး နိုးထလာခြင်း၊ ထို့နောက် ခီလစ်ဒါ ရုတ်တရက် ပေါ်လာခြင်း။

ဤနှစ်မျိုးလုံးသည် အလွန်ထူးခြားနေ၏။ အလွန် တိုက်ဆိုင်နေ၏။

ကမ္ဘာဦးမတိုင်မီသားရဲကြီး နိုးထလာခြင်းသည် ပိုအရေးကြီး၏။ သို့သော် ခီလစ်ဒါက ပို၍ အန္တရာယ်ရှိပေသည်။

အိပ်မက်ကြာပန်းသရဖူက လှစ်ခနဲ အဝေးဆီသို့ခုန်ထွက်လိုက်၏။ ရန်သူသည် ဒဏ္ဍာရီလာအာကင်နာပညာရှင်ဖြစ်လေရာ သူမကိုယ်တိုင် ဗဟိုချက်တွင် နေရာယူထားရန် စီစဉ်နေခြင်းသည် ဘာမှမထူးဆန်းလှချေ။

“ဂိုဏ်းချုပ်ကြီး”

စုချန်း အော်ခေါ်လိုက်၏။

အိပ်မက်ကြာပန်းသရဖူက စုချန်းကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူမက အောက်ပါအတိုင်း ပြောလိုက်လေသည်။

"ဟဲယွန်လေစီးကြောင်းဟာ တန်ဖိုးမဖြတ်နိုင်တဲ့ သတင်းအချက်အလက်ကို ပေးခဲ့တယ် ဒါကြောင့် တတိယအဆင့် ဆုလာဘ်ချီးမြှင့်ခံရဖို့ ထိုက်တန်တယ် ကျောက်စိမ်းမွှေးရနံ့ မင်း ဒီကိစ္စကို တာဝန်ယူ ကျန်တဲ့ဘုန်းတော်ကြီးတွေအားလုံး ကျွန်မနဲ့လိုက်ခဲ့"

ထို့နောက် သူမ ရုတ်ချည်းပင် ပျောက်ကွယ်သွား၏။

ခီလစ်ဒါတော့ ပြသနာတက်လေပြီ။

All Chapters