← Chapters

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အခန်း ၅၂၆ - လုရီ၏ ရဲရင့်သော အတွေးအခေါ် ...

~ထိုအခိုက်အတန့်၌ သားရဲတစ်သောင်းမြို့တော်မှာ အပျက်အစီးပုံကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲနေချေပြီ။ နေရာတိုင်းမှာ သွေးကွက်တွေ၊ ပြိုကျနေသော အဆောက်အဦတွေနှင့် ပြည့်နှက်နေ၏။

အပျက်အစီးများအတွင်း၌ သားရဲအများအပြားက လှည့်လည်သွားလာနေကြဆဲပင်။

လုရီသည် လေထဲတွင် ရပ်နေစဉ်မှာပင် သားရဲများက သူ့ကို လျင်မြန်စွာ သတိပြုမိသွားကြသည်။

နံဘေးတွင် အတောင်ပံပါသော ကျားတစ်ကောင်က မိုးပေါ်သို့ ဟိန်းဟောက်ကာ သူ့ထံသို့ ခုန်ပျံတက်လာသည်။

လုရီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။

ဤသည်မှာ ဟင်းလင်းပြင်ဥမင်နယ်ပယ်မှ

လျှိုယွင်ကျားတစ်ကောင် ဖြစ်သည်။ ပုံမှန်အားဖြင့် ဤမျှအားကောင်းသော သားရဲတစ်ကောင်သည် တိမ်ဖြူဂိုဏ်း၏ ပိုင်နက်အတွင်းရှိ သားရဲတစ်သောင်းတောင်တန်း အခွဲများတွင်

မပေါ်ပေါက်တတ်ပေ။ သို့သော် ယခုမူ ဤနေရာတွင် ရှိနေသည်။

သားရဲလှိုင်းလုံးကြီး မည်မျှအထိ ဆိုးရွားနေမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်လေသည်။

လျှိုယွင်ကျားသည် လုရီထံသို့ လျင်မြန်စွာ ချဉ်းကပ်လာ၏။ လုရီသည် ထိုကျား၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သွေးညှီနံ့ကို ခံစားမိလိုက်ပြီး မျက်ခုံးအနည်းငယ် ပင့်ချီလိုက်သည်။

နောက်တစ်ခဏမှာတော့ လုရီ ဘာလှုပ်ရှားမှုမှ

မလုပ်လိုက်ရဘဲ လျှိုယွင်ကျား၏ ကိုယ်လုံးကြီးမှာ နေရာတွင်ပင် တောင့်တင်းသွားပြီးနောက် ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရသကဲ့သို့ တိတိရိရိ

ပိုင်းဖြတ်သော အသားတုံးများနှင့် သွေးများအဖြစ်သို့ ပြောင်းလဲသွားတော့၏။

လုရီသည် ထိုအသားနှင့်သွေးများကို စုသိမ်းလိုက်ပြီး ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ချက်ပြုတ်စားသောက်ဖို့အတွက်တော့ မဆိုးပါဘူး။"

လျှိုယွင်ကျားသည် ဤသားရဲအုပ်စု၏ ခေါင်းဆောင်ဖြစ်နိုင်ပေသည်။ လျှိုယွင်ကျား သေဆုံးသွားသည်ကို မြင်သောအခါ သားရဲအုပ်စုမှာ ထိတ်လန့်တကြားဖြစ်သွားပြီး သူတို့၏ အော်ဟစ်သံများမှာ ဆက်တိုက်ထွက်ပေါ်လာ၏။ သူတို့၏ အမွေးအမှင်များ ထောင်ထလာပြီး နောက်သို့ ဆုတ်ကာ ကြောက်လန့်တကြား ထွက်ပြေးရန် ကြိုးစားကြတော့သည်။

သို့သော်ငြားလည်း သားရဲတစ်သောင်းမြို့တော် အပျက်အစီးများအတွင်းရှိ သားရဲအားလုံးမှာ ချက်ချင်းဆိုသလို တောင့်တင်းသွားပြီးနောက် သွေးမြူများအဖြစ်သို့ ပြောင်းလဲကာ လွင့်ပြယ်သွားကြသည်။

ယခုအချိန်တွင် လုရီ၏ အစွမ်းနှင့်ဆိုလျှင် ဤသားရဲများနှင့် ရင်ဆိုင်ရခြင်းမှာ နတ်ဘုရားတစ်ပါးနှင့်တူပြီး အတွေးတစ်ချက်တည်းဖြင့် သူတို့အားလုံးကို သတ်ဖြတ်နိုင်စွမ်းရှိသည်။

လုရီသည် နေရာအနှံ့ ပြန့်ကျဲနေသော အလောင်းများကို လျစ်လျူရှုကာ အပျက်အစီးများကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း အတည်ပြုပြီးနောက် သားရဲတစ်သောင်းတောင်တန်း အခွဲ၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်သည်။

ထိုစဉ်မှာပင် ဆူညံသံတစ်ခု ထွက်ပေါ်လာပြီးနောက် ကောင်းကင်နှင့်မြေကြီးကို ပဲ့တင်ထပ်သွားစေသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာကာ ငွေရောင်ဓားအလင်းတန်းတစ်ခု မိုးပေါ်သို့ ထိုးတက်သွားသည်။

လုရီ အနည်းငယ် အံ့အားသင့်သွားပြီး နေရာတွင်ပင် ပျောက်ကွယ်သွားတော့သည်။

---

သားရဲတစ်သောင်းတောင်တန်း အခွဲ၏ ကောင်းကင်ယံထက်တွင် အကြီးအကဲရွှမ်နှင့် အကြီးအကဲမင်တို့ လေထဲ၌ ရပ်နေကြသည်။ သူတို့နှစ်ဦးလုံး၏ ခန္ဓာကိုယ်များတွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး အသက်ရှုသံများက အနည်းငယ် အားနည်းနေ၏။

သူတို့သည် သတိကြီးစွာဖြင့် သူတို့ရှေ့မှ မည်းနက်သော အစင်းကျားများပါသည့် လျှိုယွင်ကျားတစ်ကောင်ကို စိုက်ကြည့်နေကြသည်။

ဤလျှိုယွင်ကျား၏ အရှိန်အဝါမှာ မခန့်မှန်းနိုင်အောင် နက်ရှိုင်းပြီး ပေါင်းစည်းခြင်းနယ်ပယ်တွင် ရှိနေသည်။

နှစ်တွေကြာလာသည်နှင့်အမျှ တိမ်ဖြူဂိုဏ်းမှာ ပိုမိုအားကောင်းလာပြီး ဝိညာဉ်စွမ်းအင်များ ပိုမိုကြွယ်ဝလာသည့်အပြင်၊ လုရီကလည်း ဂိုဏ်း၏ အထက်ပိုင်းပုဂ္ဂိုလ်များကို အခါအားလျော်စွာ အရင်းအမြစ်အချို့ ပေးအပ်သောကြောင့် သူတို့နှစ်ဦးလုံး၏ ကျင့်ကြံမှုအဆင့်များ တိုးတက်လာခဲ့သည်။ သို့တိုင်အောင် အကြီးအကဲမင်သည် ဟင်းလင်းပြင်ဥမင်နယ်ပယ်၏ အထွတ်အထိပ်သို့သာ ရောက်ရှိသေးပြီး ပေါင်းစည်းခြင်းနယ်ပယ်နှင့်မူ အတော်အတန် ကွာဝေးနေသေးသည်။

အကြီးအကဲရွှမ်မှာမူ ဟင်းလင်းပြင်ဥမင်နယ်ပယ်၏ အထွတ်အထိပ်သို့ပင် မရောက်သေးပေ။

ပေါင်းစည်းခြင်းနယ်ပယ်မှ လျှိုယွင်ကျားနှင့် ရင်ဆိုင်ရာတွင် သူတို့နှစ်ဦး မသေဆုံးသေးသည့် အကြောင်းရင်းမှာ လုရီပေးအပ်ခဲ့သော ဓားတာအိုဆိုင်ရာ အရင်းအမြစ်အမျိုးမျိုးကြောင့် အကြီးအကဲမင်၏ ဓားစိတ်ဆန္ဒမှာ နယ်ပယ်ဘုံ၏ ၁၀% အထိ မြှင့်တင်ထားနိုင်ခြင်းကြောင့် ဖြစ်သည်။

အကြီးအကဲရွှမ်၏ ဓားစိတ်ဆန္ဒမှာလည်း အတော်အတန် နက်ရှိုင်းလာခဲ့ပြီဖြစ်သည်။

သို့တိုင်အောင် သူတို့နှစ်ဦးမှာ ရှေ့မှ လျှိုယွင်ကျားကို ယှဉ်နိုင်ခြင်းမရှိသေးပေ။

"ဒီလျှိုယွင်ကျားက ထူးဆန်းတယ်။ ငါ့ရဲ့နည်းစနစ်တွေနဲ့ဆိုရင် သာမန်ပေါင်းစည်းခြင်းနယ်ပယ်က သားရဲတစ်ကောင်ကို အနိုင်ယူနိုင်သင့်တာ။"

အကြီးအကဲမင်က မောဟိုက်စွာ ဆိုလိုက်ပြီး သူ၏ မျက်နှာထားမှာ အလွန်တရာ မည်းမှောင်နေ၏။

အကြီးအကဲရွှမ်က ခေါင်းအသာညိတ်သည်။

"အကြီးအကဲမင်၊ ဒီသားရဲပေါ်မှာ ဆိုးယုတ်တဲ့ အငွေ့အသက်တစ်ခု ရှိနေတာကို သတိပြုမိလား။"

အကြီးအကဲမင်၏ မျက်နှာထားမှာ လေးနက်သွားပြီး၊

"ငါ့နားထဲမှာ တစ်စုံတစ်ယောက်က တိုးတိုးလေး လာပြောနေသလို အမြဲခံစားနေရတယ်။"

"ကျုပ်ရောပဲ၊ သေစမ်း၊ ဒီသားရဲက ဘာကောင်ကြီးလဲ။ လျှိုယွင်ကျားတွေက ဒီလို မဟုတ်ဘူး!"

အကြီးအကဲရွှမ်က သွေးတစ်လုတ်ကို ထွေးထုတ်ကာ ကျိန်ဆဲလိုက်သည်။

လျှိုယွင်ကျားကို သတိဖြင့် ကြည့်နေရင်း အကြီးအကဲမင်က အကြီးအကဲရွှမ်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"အကြီးအကဲရွှမ် ၊ ခင်ဗျား ဆက်ထိန်းထားနိုင်သေးရဲ့လား။"

"ငါ မသေပါဘူး၊ ဒါပေမဲ့ အရင်ဆုံး ဆုတ်ခွာဖို့ အခွင့်အရေးတစ်ခု ရှာမှဖြစ်မယ်၊ မဟုတ်ရင် ငါတို့ တကယ်ပဲ ဒီနေရာမှာ သေသွားနိုင်တယ်!"

အကြီးအကဲရွှမ်က ပြန်ဖြေသည်။

အကြီးအကဲမင်ကလည်း ခေါင်းအသာညိတ်ပြလိုက်၏။

ထိုစဉ်မှာပင် သူတို့နောက်မှ ပုံရိပ် တစ်ခု၏ အသံထွက်ပေါ်လာသည်။

"အကြီးအကဲမင်၊ အကြီးအကဲရွှမ်၊ ခင်ဗျားတို့နှစ်ယောက်လည်း ဒီမှာရှိနေတာလား။"

အကြီးအကဲရွှမ်နှင့် အကြီးအကဲမင်တို့ တောင့်တင်းသွားပြီး သူတို့၏ တစ်ကိုယ်လုံးရှိ အရေပြားများ ထောင်ထကုန်ကာ အလိုအလျောက်ပင် သူတို့၏ ဓားစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြသည်။

သို့သော် သူတို့၏ ဓားစိတ်ဆန္ဒနှင့် အကြီးအကဲမင်၏ ဓားနယ်ပယ်ပင်လျှင် ချက်ချင်းဆိုသလို လွင့်ပြယ်သွားသည်။

ဤအဖြစ်က သူတို့ကို မျက်လုံးပြူးကျယ်ကာ အံ့အားသင့်သွားစေသည်။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိကာ အံ့အားသင့်ဟန်များ ပေါ်လာပြီး လှည့်ကြည့်လိုက်သောအခါ လုရီကို တွေ့လိုက်ရသည်။

"လုရီ၊ မင်း ဘယ်လိုလုပ် ဒီရောက်လာတာလဲ။"

အကြီးအကဲမင်က အလွန်အမင်း အံ့အားသင့်စွာ မေးလိုက်သည်။

လုရီက ပြုံးကာ ပြန်ဖြေသည်။

"သားရဲလှိုင်းလုံးကြီးအကြောင်း ကြားလို့ ဂိုဏ်းချုပ်က ကျွန်တော့်ကို တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ပြီး အကူအညီပေးဖို့ ပြောလို့ပါ။"

အကြီးအကဲမင်နှင့် အကြီးအကဲရွှမ်တို့ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဟိန်းဟောက်သံတစ်ခုက သူတို့ကို နှောင့်ယှက်လိုက်သည်။

နောက်တစ်ခဏမှာတော့ လျှိုယွင်ကျား၏ ပါးစပ်မှ ကြောက်မက်ဖွယ် အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူတို့သုံးဦးထံသို့ တိုးဝင်လာသည်။

လုရီက ထိုအလင်းတန်းကို တစ်ချက်ကြည့်လိုက်ပြီး နောက်တစ်ခဏမှာတော့ အလင်းတန်းမှာမမြင်နိုင်သော အင်အားတစ်ခု၏ တားဆီးခြင်းကို ခံရကာ လုံးဝ ကွယ်ပျောက်သွားတော့သည်။

အကြီးအကဲမင်နှင့် အကြီးအကဲရွှမ်တို့ သတိပြန်ဝင်လာပြီး လုရီကို အံ့ဩစွာ ကြည့်လိုက်ကြသည်။

"မင်းပဲ ရှိတယ်… ဒီလျှိုယွင်ကျားက နည်းနည်း ထူးဆန်းတယ်။ ငါတို့ လုံးဝမခံနိုင်ခဲ့ဘူး။ ဒါပေမဲ့ မင်းလက်ထဲမှာတော့ သူက ခြိမ်းခြောက်မှုတစ်ခုတောင် မဟုတ်ခဲ့ဘူး။"

အကြီးအကဲမင်က လေးစားစွာ ဆို၏။

အကြီးအကဲရွှမ်မှာလည်း အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။

"တိမ်ဖြူဂိုဏ်းမှာ မင်းလို လူတစ်ယောက် ရှိနေတာ တကယ်ပဲ ကောင်းချီးမင်္ဂလာ တစ်ခုပဲ။"

လုရီက ပြုံးလိုက်ပြီးနောက် သူ၏အကြည့်ကို လျှိုယွင်ကျားထံသို့ ပြန်ပို့လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် လေးနက်သော အရိပ်အယောင်တစ်ခု ထင်ဟပ်နေ၏။

ထိုသားရဲက လုရီကို ခြိမ်းခြောက်နိုင်သောကြောင့် မဟုတ်ပေ။ သူသာ ထိုနေရာတွင် ရပ်နေပြီး ပေါင်းစည်းခြင်း ဋယ်ပယ်မှ သားရဲတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံလျှင်ပင် သူ့ကို အန္တရာယ် ဖြစ်စေနိုင်မည် မဟုတ်ပေ။

လုရီ လေးနက်နေသည့် အကြောင်းရင်းမှာ ထိုသားရဲပေါ်မှ ဆိုးယုတ်သော အငွေ့အသက်မှာ သူ့အတွက် အလွန်တရာ ရင်းနှီးနေသောကြောင့် ဖြစ်သည်။

ကျိုယိုချီ!

‘ဒီသားရဲမှာ ဘာလို့ ကျိုယိုချီ ရှိနေရတာလဲ။’

လုရီသည် အလွန်အမင်း တုန်လှုပ်သွားပြီး ယုံရခက်နေ၏။

လုရီ၏ တွေးတောနေသော မျက်နှာထားကို မြင်သောအခါ အကြီးအကဲမင်နှင့် အကြီးအကဲရွှမ်တို့ အံ့အားသင့်သွားပြီး အနည်းငယ် ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။

"ဘာဖြစ်လို့လဲ ကလေးလု။"

အကြီးအကဲမင်က မေးလိုက်သည်။

လုရီသည် သတိ ပြန်ဝင်လာပြီး ခေါင်းခါယမ်းလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး။ တစ်ခုခုကို တွေးမိသွားလို့ပါ။"

---

အခန်း ၅၂၇ - လုရီ၏ ရဲရင့်သော အတွေးအခေါ် ...

~လုရီသည် ကျိုယိုချီအကြောင်းကို အကြီးအကဲနှစ်ဦးနှင့် မဆွေးနွေးခဲ့ပေ။ ဆရာ၏ အကြံပေးချက်အရ ကျိုယိုအကြောင်းကို ပိုသိလေ ကျိုယိုချီ၏ တိုက်စားခြင်းကို ပိုခံရလေ ဖြစ်သည်။

လုရီအတွက်မူ အကြီးအကဲမင်သည် လက်ရှိတွင် သူ့ထက် အများကြီး အားနည်းနေသော်လည်း၊ သူ၏ အစောပိုင်းကာလများတွင် အကြီးအကဲ၏ စောင့်ရှောက်မှုမှာ လေးစားထိုက်ပေသည်။

အကြီးအကဲရွှမ်မှာလည်း စမ်းသပ်မျှော်စင်(ဝါ)စစ်ဆေးရေး မျှော်စင်ကို စောင့်ကြပ်စဉ်က သူ့ကို အလွန်ဂရုစိုက်ခဲ့သည်။ လုရီသည် သူ့ကိုလည်း အလွန်လေးစား၏။

ကျိုယိုအကြောင်းကို ပြောပြီး သူတို့နှစ်ဦး တိုက်စားခံရမည့် အန္တရာယ်ကို မလိုလားပေ။

ထိုအချိန်တွင် လျှိုယွင်ကျားသည် ၎င်း၏တိုက်ခိုက်မှု လွဲချော်သွားပြီးနောက် မည်းနက်သော မျက်လုံးများထဲတွင် သတိကြီးစွာထားသည့် အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူ၏အမွေးအမှင်များ ထောင်ထလာပြီး ဆုတ်ခွာရန် ဟန်ပြင်နေပုံရသည်။

"သွားမလို့လား။"

လုရီက မျက်ခုံးပင့်လိုက်ပြီး နောက်တစ်ခဏမှာတော့ လျှိုယွင်ကျားမှာ အဆုံးမရှိသော ဓားအလင်းတန်းများ၏ ထိုးဖောက်ခြင်းကို ခံရကာ သွေးမြူအဖြစ်သို့ ပြောင်းလဲပြီး ဇီဝိန်ချုပ်သွားတော့သည်။

သွေးမြူအတွင်း၌ အနက်ရောင်မီးတောက် အမျှင်တန်းများ တောက်လောင်ကာ တဖျပ်ဖျပ်လက်နေပြီး ချမ်းစိမ့်ကာ ဆိုးယုတ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

လုရီ၏ ဓားတာအိုနိယာမ တုန်ခါသွားပြီး အနက်ရောင်မီးတောက်များကိုလည်း တိုက်ရိုက် ငြိမ်းသတ်လိုက်သည်။

သူတို့ကို စိန်ခေါ်ခဲ့သော လျှိုယွင်ကျားကို လုရီက လွယ်ကူစွာ သတ်ဖြတ်လိုက်ပုံကို မြင်သောအခါ အကြီးအကဲမင်နှင့် အကြီးအကဲရွှမ်တို့မှာ လေးစားမှုများဖြင့် ပြည့်နှက်နေတော့သည်။

လုရီက ခပ်ဖွဖွ ရယ်မောကာ ဆိုသည်။

"အကြီးအကဲတို့၊ ဒီနေရာကို ကျွန်တော့်လက်ကိုသာ ထားခဲ့လိုက်ပါ။ သားရဲတစ်သောင်းတောင်တန်းအတွင်းမှာ အန္တရာယ်ရှိနိုင်ပြီး ခင်ဗျားတို့လည်း အခု ဒဏ်ရာရနေတယ်။ ပြန်သွားပြီး ဒဏ်ရာကို ကုသတာ အကောင်းဆုံးပါပဲ။"

"မင်း ဒီမှာရှိနေမှတော့ ငါတို့လည်း စိတ်ချရပြီပေါ့ကလေးလု။"

"ဒီလိုဆိုရင်တော့ ငါတို့ သွားလိုက်ဦးမယ်။"

အကြီးအကဲရွှမ်နှင့် အကြီးအကဲမင်တို့မှာ ဆက်နေရန် မပြောတော့ဘဲ ထွက်ခွာသွားကြသည်။

လုရီသည် အကြီးအကဲမင်နှင့် အကြီးအကဲရွှမ်တို့ ထွက်ခွာသွားသည့် ဦးတည်ရာကို ကြည့်နေပြီးမှ လှည့်ကာ သားရဲတစ်သောင်းတောင်တန်း အခွဲ၏ အတွင်းပိုင်းနက်ရှိုင်းသော နေရာသို့ ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ထင်ဟပ်နေ၏။

‘ပင်မတောင်တန်းအပြင်ဘက်မှာတောင် ပေါင်းစည်းခြင်းနယ်ပယ်က သားရဲတွေ ရှိနေတယ်ဆိုတာ မယုံနိုင်စရာပဲ။ ဒီတောင်တန်းအခွဲရဲ့ အတွင်းပိုင်းနက်ရှိုင်းတဲ့ နေရာက သားရဲတွေက ဘယ်လောက်တောင် အားကောင်းနေလိုက်မလဲ။’

လုရီသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သားရဲတစ်သောင်းတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသော နေရာများသို့ ပျံသန်းသွားသည်။

သူ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသည်နှင့်အမျှ လုရီသည် သားရဲအများအပြားနှင့် တွေ့ဆုံခဲ့ရပြီး အားလုံးမှာ ကြမ်းတမ်းကြမ်းကြုတ်ကြသည်။ သူတို့သည် သူ့ကို မြင်သည်နှင့် တုံ့ဆိုင်းခြင်းမရှိဘဲ ပြေးဝင်တိုက်ခိုက်ကြသည်။

သို့သော် လုရီက အားအကောင်းဆုံး အကောင်အနည်းငယ်ကို သတ်ဖြတ်ပြီးနောက် ကျန်အကောင်များမှာ ထွက်ပြေးသွားကြသည်။

လုရီသည် ထိုသားရဲများမှာ ကျိုယိုချီဖြင့်

မညစ်ညမ်းကြောင်း တွေ့ရှိရသောကြောင့်

၎င်းတို့၏ မျိုးစိတ်များကို မျိုးတုံးစေမည့် အန္တရာယ်ကို စိုးရိမ်ကာ သူတို့၏ အသက်ကို ချမ်းသာပေးခဲ့သည်။

ယခင် လျှိုယွင်ကျားပေါ်မှ ကျိုယိုချီကို သတိပြုမိပြီးနောက် လုရီ၌ မသဲမကွဲ သံသယတစ်ခု ရှိနေခဲ့သည်။

‘ဒီသားရဲလှိုင်းလုံးကြီးက ကျိုယိုနဲ့ ပတ်သက်နေနိုင်တယ်။’

‘အားကောင်းတဲ့ သားရဲတချို့က ကျိုယိုရဲ့ တိုက်စားခြင်းကို ခံခဲ့ရပြီး တခြားသားရဲတွေကို အမိန့်ပေးကာ သားရဲလှိုင်းလုံးကြီးကို ဖွဲ့စည်းခဲ့တာပဲ။ တိုက်စားခံရတဲ့ သားရဲတွေကိုသာ သတ်ပစ်လိုက်ရင် ဒီလှိုင်းလုံးကြီးလည်း လွင့်ပြယ်သွားသင့်တယ်။’

လုရီသည် အတွင်းပိုင်းသို့ ဆက်လက်နက်ရှိုင်းစွာ ဝင်ရောက်သွားပြီး မကြာမီမှာပင် ပေါင်းစည်းခြင်းနယ်ပယ်မှ အရှိန်အဝါနှစ်ခုကို ခံစားမိလိုက်သည်။ နှစ်ခုလုံးမှာ အလွန်တရာ ဆိုးယုတ်ပြီး အနီးအနားရှိ တောင်ကြားတစ်ခုမှ သူ့ထံသို့ တိုးဝင်လာနေသည်။

အတွင်းပိုင်းနက်ရှိုင်းသော နေရာတွင်မူ ပိုမိုအားကောင်းပြီး ဆိုးယုတ်သော အရှိန်အဝါတစ်ခုကို ခံစားနေရပြီး ၎င်းမှာ မဟာယာနနယ်ပယ်မှ ဖြစ်သည်။

မကြာမီ အရှိန်အဝါနှစ်ခုမှာ လုရီထံသို့ ချဉ်းကပ်လာကြသည်။ ၎င်းတို့မှာ လျှိုယွင်ကျားနှစ်ကောင် ဖြစ်သည်။

ယခင်တစ်ကောင်ကဲ့သို့ပင် သူတို့နှစ်ဦးလုံးမှာ ကျိုယိုချီ၏ လုံးဝတိုက်စားခြင်းကို ခံထားရသည်။

လုရီသည် လျှိုယွင်ကျားနှစ်ကောင်ကို ကြည့်ရင်း သူ့စိတ်ထဲတွင် ကြုံးဝါးလိုက်သည်။

‘ဒီတောင်တန်းထဲက ကျိုယိုချီနဲ့ ညစ်ညမ်းနေတဲ့ သားရဲအားလုံးကို ငါ သတ်ပစ်ရမယ်။’

[အလုပ်]

ကျိုယိုချီ၏ တိုက်စားခြင်းခံရသော သားရဲများကို သတ်ဖြတ်ပါ။

ဆုလာဘ်: နှစ်တစ်သန်း ဝိညာဉ်ကျောက်စိမ်း ငါးတုံး၊ လေတာအိုဆိုင်ရာ နားလည်မှု မြှင့်တင်ခြင်း၊ ကပ်ဘေးဖြတ်ကျော်ခြင်း သိုင်းနည်းစနစ် "လျှိုယွင် လေခွင်းသိုင်း"

အလုပ်ကို လက်ခံမည်: လက်ခံမည်လား/ငြင်းမည်လား။

ပစ်မှတ်မှာ မဟာယာနနယ်ပယ်မှ ဖြစ်သည်။ နှိုင်းယှဉ်ရလျှင် ဆုလာဘ်များမှာ လုရီအတွက် စိတ်ဝင်စားမှုနည်းလာသည့်အရာများ ဖြစ်သော်လည်း ‘ခြင်တစ်ကောင်ရဲ့ ခြေထောက်လည်း အသားပဲ’ ဟု တွေးကာ လုရီသည် အလုပ်တာဝန်ကို လက်ခံရန် ရွေးချယ်လိုက်သည်။

အတွင်းစိတ်ထဲတွင်မူ လုရီသည် အလွန်ပျော်ရွှင်နေ၏။

သူ့မှာ ရဲရင့်သော အတွေးအခေါ်တစ်ခု ရှိနေသည်။

‘ဒီသားရဲလှိုင်းလုံးက ကျိုယိုချီကြောင့် ညစ်ညမ်းသွားတဲ့ သားရဲတွေက ဖြစ်စေတာဆိုရင်၊ အဲ့ဒီ ကျိုယိုချီနဲ့ ညစ်ညမ်းနေတဲ့ သားရဲအားလုံးကို ငါ သတ်လိုက်ရင်ရော။’

‘မဟာယာနနယ်ပယ်က သားရဲတွေရှိမှတော့ ကပ်ဘေးဖြတ်ကျော်နယ်ပယ်က သားရဲတွေလည်း ရှိမှာပဲ။ ဟင်းလင်းပြင် အင်မော်တယ်သားရဲတွေတောင် ရှိနိုင်သေးတယ်!’

‘သူတို့အားလုံးကို သတ်ပစ်လိုက်ရင် အလုပ် ဆုလာဘ်တွေက ဘယ်လောက်တောင် ရက်ရောလိုက်မလဲ။’

လုရီသည် ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် စိတ်လှုပ်ရှားလာတော့သည်။

‘ချင်းကျိုးက သားရဲလှိုင်းလုံးကြီးကို ဖြေရှင်းပြီးရင် တခြားနေရာတွေက သားရဲလှိုင်းလုံးကြီးတွေကိုလည်း သွားကူညီပေးရမယ်ထင်တယ်။’

‘အားကောင်းတဲ့ ကပ်ဘေးဖြတ်ကျော်သားရဲတွေ၊ ဟင်းလင်းပြင် အင်မော်တယ် အဆင့်

သားရဲတွေ ရှိတဲ့နေရာမျိုးဆို ပိုကောင်းမယ်!’

"ဟိန်း!!"

လုရီ တွေးတောနေစဉ်မှာပင် ပေါင်းစည်းခြင်းနယ်ပယ်မှ လျှိုယွင်ကျားနှစ်ကောင်က ဟိန်းဟောက်ကာ သူ့ထံသို့ တိုးဝင်တိုက်ခိုက်လာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ဆိုးယုတ်သော အနက်ရောင်မြူခိုးများဖြင့် ရစ်ပတ်နေပြီး ပါးစပ်များမှ ကျိုယိုချီဖြင့် ပေါင်းစပ်ထားသော စွမ်းအင်လုံးနှစ်လုံးကို ထွေးထုတ်လိုက်သည်။

သို့သော် နောက်တစ်ခဏမှာတော့ စွမ်းအင်လုံးများ ကြေမွသွားပြီး လျှိုယွင်ကျားနှစ်ကောင်မှာ သွေးမြူအဖြစ်သို့ ပြောင်းလဲသွားကာ ကျိုယိုချီပင်လျှင် ၎င်းတို့နှင့်အတူ ပျက်သုဉ်းသွားလေသည်။

တောင်ကြား၏ အတွင်းပိုင်းနက်ရှိုင်းသော နေရာမှ ပိုမိုအားကောင်းပြီး ဆိုးယုတ်သော တည်ရှိမှုသည် ဤအရာအားလုံးကို ခံစားမိလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ထွက်ပြေးသွားသည်။

လုရီက ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ထွက်ပြေးနိုင်မယ် ထင်နေလား။"

သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး နေရာလပ်ကို ချက်ချင်းဖြတ်ကျော်ကာ ဧရာမလျှိုယွင်ကျား၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။

ဤလျှိုယွင်ကျားမှာ ကျိုယိုချီ၏ ပိုမိုနက်ရှိုင်းစွာ တိုက်စားခြင်းကို ခံထားရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဆိုးယုတ်သော အနက်ရောင်ပုံစံများဖြင့် ဖုံးလွှမ်းနေသည်။

သူသည် ဟိန်းဟောက်ရန် ပါးစပ်ဖွင့်လိုက်သော်လည်း နောက်တစ်ခဏမှာတော့ သူ၏ကိုယ်လုံးကြီးမှာ သွေးမြူအဖြစ်သို့ ပြောင်းလဲကာ ချုပ်ငြိမ်းသွားသည်။

သွေးမြူအတွင်းမှ ကျိုယိုချီမှာ မီးလောင်ကျွမ်းနေပြီး လုရီ၏ နားထဲတွင် တိုးတိုးလေးပြောသံများ ထွက်ပေါ်လာသည်။

ထိုတိုးတိုးလေးပြောသံများမှာ ကစဉ့်ကလျားနိုင်ပြီး ရူးသွပ်နေကာ နားလည်ရခက်သော အဓိပ္ပာယ်များ ပါဝင်နေသည်။

လုရီက မျက်မှောင်ကြုတ်ကာ အေးစက်စွာ နှာမှုတ်လိုက်သည်။ နိယာမက မြင့်တက်သွားပြီး တိုးတိုးလေးပြောသံများ လွင့်ပြယ်သွားကာ

ကျိုယိုချီကိုလည်း ပျက်သုဉ်းစေလိုက်သည်။

ထို့နောက်တွင် လုရီသည် အလုပ်မှာ ပြီးမြောက်သွားကြောင်း တွေ့ရှိလိုက်ရသည်။

ဆိုလိုသည်မှာ ဤတောင်တန်းအတွင်း၌ကျိုယိုချီ၏ တိုက်စားခြင်းကို ခံရသော သားရဲ အနည်းငယ်သာ ရှိခြင်းပင်။

မည်သို့ပင်ဖြစ်စေ တိမ်ဖြူဂိုဏ်း၏ ပိုင်နက်အတွင်း၌ မဟာယာနနယ်ပယ်မှ သားရဲတစ်ကောင်နှင့် ပေါင်းစည်းခြင်းနယ်ပယ်မှ သားရဲသုံးကောင် ရှိနေခြင်းမှာ အတော်အတန် ထူးခြားနေပြီဖြစ်သည်။

ထို့အပြင် တခြားနေရာများသို့ သွားရောက်ခဲ့သော သားရဲများလည်း ရှိနိုင်သေးသည်။

လုရီသည် လေပေါ်သို့ ခုန်တက်လိုက်ပြီး ကျိုယိုချီဖြင့် ညစ်ညမ်းနေသော သားရဲသုံးကောင် သေဆုံးသွားသည်နှင့် သားရဲအုပ်စုကြီးမှာ တစ်စုံတစ်ခုကို ခံစားမိလိုက်ပုံရသည်ကို တွေ့ရှိလိုက်ရသည်။

သားရဲအားလုံး ကြောက်လန့်တကြားဖြစ်သွားပြီး ခေါင်းဆောင်အဆင့် သားရဲများက အဆက်မပြတ် ဟိန်းဟောက်လိုက်ကြသည်။ ထို့နောက် သားရဲအုပ်စုကြီးမှာ သားရဲတစ်သောင်းတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသော နေရာသို့ ဦးတည်ကာ ထွက်ပြေးနေကြသည်။

လုရီက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။

‘တကယ်ပဲ၊ ငါထင်ထားတဲ့အတိုင်းပဲ၊ ဒီလိုလုပ်လိုက်တာက သားရဲလှိုင်းလုံးကြီးကို ရပ်တန့်စေနိုင်တယ်။’

...

သားရဲတစ်သောင်းတောင်တန်းမှာ အလွန်ကျယ်ပြန့်လှပြီး ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၏ ပိုင်နက်ထဲတွင်လည်း ၎င်း၏ အခွဲတစ်ခု ရှိနေသည်။

ဤအခွဲမှာ ပိုမိုကြီးမားပြီး သားရဲများမှာလည်း ပိုမိုအားကောင်းသည်။

သားရဲတစ်သောင်းတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသော နေရာတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းသော တည်ရှိမှုတစ်ခု ပေါ်ထွက်လာသည်။

ဤတည်ရှိမှုမှာ နှိုင်းယှဉ်၍မရအောင် ဆိုးယုတ်ပြီး ၎င်း၏ ဖိအားကြောင့် ကပ်ဘေးဖြတ်ကျော်နယ်ပယ်မှ အကြီးအကဲများ၏ ရင်ဘတ်များပင် လေးလံလာသည်။

လုံမင်ဘိုးဘေး၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားသည်။

"ဒါက ဟင်းလင်းပြင် အင်မော်တယ်အဆင့် သားရဲဘုရင်တစ်ပါးပဲ..."

အခန်း ၅၂၈- ကြီးမားသော အကျိုးအမြတ်၊ တန်ဖိုးနှစ်ဆတိုးခြင်း...

~ကောင်းကင်နဂါး သူတော်စင်သားတော်၏ လက်သီးတစ်ချက်မှာ နဂါးဟိန်းသံကဲ့သို့ မြည်ဟိန်းသွားပြီး ဧရာမဝက်ဝံနက်ကြီးတစ်ကောင်ကို အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေတော့သည်။ ထို့နောက် သားရဲတစ်သောင်းတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသော နေရာသို့ လှမ်းမျှော်ကြည့်လိုက်သည့်အခါ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားလေ၏။

"ဟင်းလင်းပြင် အင်မော်တယ်အဆင့်!"

ထိုအခါ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် ကျယ်လောင်စွာ အမိန့်ပေးလိုက်ကြသည်။

"မြန်မြန်..ဟင်းလင်းပြင် အင်မော်တယ်ဘိုးဘေးကို သွားပင့်ကြ၊ အင်မော်တယ်လက်နက်ကိုလည်း တောင်းခံလာခဲ့!"

…

ကောင်းကင်နဂါး မြင့်မြတ်နယ်မြေအတွင်းရှိ သားရဲတစ်သောင်းတောင်တန်း၌ ဖြစ်ပျက်နေသော အဖြစ်အပျက်များမှာ အခြားသော

အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများတွင်လည်း တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေတော့၏။မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများတွင်လည်း တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေတော့၏။

သားရဲဘုရင်များမှာ သတ်ဖြတ်လိုစိတ်များ

တဟုန်ထိုးထကြွလျက် သားရဲတစ်သောင်းတောင်တန်းမှ ပြေးထွက်လာကြပြီး ထျန်းမင်နယ်မြေကြီးငါးခုလုံးကို တိုက်ခတ်သွားလေသည်။

ရုတ်တရက်ဆိုသလိုပင် နေရာအနှံ့အပြား၌ သားရဲလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာတော့သည်။

ထိုအခိုက်အတန့်တွင် တိမ်ဖြူဂိုဏ်းပိုင်နက်ထဲမှ ကျိုယိုချီ၏ တိုက်စားခြင်းခံထားရသော သားရဲများကို ရှင်းလင်းပြီးနောက် လုရီမှာမူ လေထုအလယ်သို့ ပျံတက်လိုက်၏။

သူ၏ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအာရုံကို တိမ်ဖြူဂိုဏ်းပိုင်နက်တစ်ခုလုံးအပေါ် ဖြန့်ကျက်ကာ ကျိုယိုချီ၏ တိုက်စားခြင်းခံရနိုင်သည့် အခြားသားရဲများကို စတင် ရှာဖွေတော့သည်။

နေရာလပ်နိယာမကို အသုံးပြု၍ လုရီသည် ကျယ်ပြန့်သော ချင်းကျိုးနယ်မြေတစ်ခွင်ကို လျှပ်စီးလက်သည့်အရှိန်ဖြင့် ဖြတ်သန်းသွားလာသည်။ ကျိုယိုချီ၏ တိုက်စားခြင်းခံရသော ပေါင်းစည်းခြင်းနယ်ပယ်မှ သားရဲနှစ်ကောင်ကို ရှာတွေ့သွားသည်။

လုရီကမူ သနားညှာတာခြင်း အလျဉ်းမရှိဘဲ ထိုသားရဲနှစ်ကောင်လုံးကို အဆုံးသတ် ပေးလိုက်လေသည်။

တဆက်တည်းမှာပင် လုရီသည် တိမ်ဖြူဂိုဏ်းပိုင်နက်ထဲတွင် သားရဲလှိုင်းလုံးကြီးကို ဖြေရှင်းနေသော လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ကိုလည်း တွေ့ဆုံခဲ့သည်။

သူတို့၏ အစွမ်းနှင့်ဆိုလျှင် လုရီ ဖြတ်သန်းသွားစဉ်မှာပင် သားရဲလှိုင်းလုံးကြီးကို လွယ်ကူစွာ ရှင်းလင်းနိုင်ခဲ့သည်။ ထိုအထဲတွင် ဟင်းလင်းပြင်ဥမင်နယ်ပယ်မှ သားရဲအများအပြားကို သတ်ဖြတ်နိုင်ခဲ့လေ၏။

လုရီသည် ပန်းတစ်သောင်းဂိုဏ်းနှင့် ဝမ်ကျန်း

စံအိမ်၏ ပိုင်နက်များသို့ ရောက်ရှိသောအခါ

ယွင်ရှီးနှင့် ကျန်းရူယွီတို့ကိုလည်း တွေ့ဆုံခဲ့၏။ သူမတို့၏ အစွမ်းမှာလည်း အလားတူ ကြောက်မက်ဖွယ်ကောင်းလှပြီး သားရဲလှိုင်းလုံးကြီးကို အားစိုက်ထုတ်စရာမလိုဘဲ ချေမှုန်းနိုင်ကြသည်။

သို့ဖြစ်သော်ငြားလည်း ချင်းကျိုးနယ်မြေမှာ အလွန်တရာ ကျယ်ပြန့်သောကြောင့် သူမတို့ပင်လျှင် လက်မလည်နိုင်ဖြစ်နေပြီး နေရာအများအပြားမှာ သားရဲလှိုင်းလုံးကြီး၏ ဒဏ်ကို ခံစားနေရဆဲဖြစ်သည်။

လုရီသည် မြို့ငယ်များနှင့် ကျေးရွာများစွာ ပျက်စီးနေသည်ကို အာရုံခံမိလိုက်သည်။ မြို့ကြီးများတွင်လည်း ထိပ်သီးကျင့်ကြံသူများက သားရဲလှိုင်းလုံးကြီးကို အသည်းအသန် ခုခံတိုက်ခိုက်နေကြ၏။

သဘာဝအတိုင်းပင် သူ တွေ့ကြုံရာနေရာတိုင်း၌ လုရီသည် ထိုသားရဲလှိုင်းလုံးကြီးများအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

လျိုနင်ရွှမ်းနှင့် အခြားသူများကြောင့် တိမ်ဖြူဂိုဏ်း၊ ပန်းတစ်သောင်းဂိုဏ်းနှင့် ဝမ်ကျန်း

စံအိမ်တို့၏ အခြေအနေမှာ အနည်းငယ် ပိုကောင်းနေ၏။ အခြားနေရာများမှာတော့ ထိုမျှ ကံမကောင်းကြပေ။

အေးခဲဆောင်းရာသီတောင်ကြားတွင်ပင် လုရီက နှစ်များတစ်လျှောက် အရင်းအမြစ်များ အဆက်မပြတ် ထောက်ပံ့ပေးထားလေသည်။ ထူးကဲသော အရည်အချင်းနှင့် ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ဟန်ယွီသည်ပင် ယခုအခါ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဟင်းလင်းပြင်ဥမင်နယ်ပယ်နှင့် ခြေတစ်လှမ်းသာ ကွာတော့သည်။

အရှေ့ပိုင်းနယ်မြေတစ်ခုလုံးတွင် ထိပ်တန်းပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရသော်လည်း

သူသည် သားရဲလှိုင်းလုံးကြီးနှင့် ရင်ဆိုင်ရသောအခါ လက်မလည်နိုင် ဖြစ်နေဆဲပင်။

လုရီက ဟန်ယွီကို ရှာတွေ့သောအခါ ဟန်ယွီက အေးခဲဆောင်းရာသီတောင်ကြားမှ နတ်ဘုရားအသွင်ပြောင်းအဆင့် အကြီးအကဲတစ်စုနှင့်အတူ မြို့ကြီးတစ်မြို့ကို ကာကွယ်နေလေသည်။

သားရဲလှိုင်းလုံးကြီးမှာ အတိုင်းအဆမရှိ ကျယ်ပြန့်လှပြီး အားကောင်းသော သားရဲ

အကောင်ရေ သိန်းပေါင်းများစွာက ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်ကာ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းထားလေ၏။

လုရီ၏ အခြားမိတ်ဆွေများကဲ့သို့ပင် ဟန်ယွီသည်လည်း အယူအဆနှင့် နယ်ပယ်ကို ခံစားနားလည်နိုင်စွမ်းရှိသော ရတနာများ ထောက်ပံ့ခံထားရသည်။ ယခုအခါ ဟန်ယွီ၏ ရေခဲတာအိုမှာ နယ်မြေ အဆင့်သို့ တက်လှမ်းသွားလေပြီ။

သူသည် နယ်မြေ အဆင့်သို့ ယခုမှ ဝင်ရောက်လာသော်လည်း သူ၏ အစွမ်းမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ်

ကောင်းနေသည်။

နတ်ဘုရား အသွင်ပြောင်းအဆင့် အထွတ်အထိပ်မှ ဟန်ယွီသည် သူ့ပတ်ပတ်လည်တွင် နှင်းခဲများ ဝေ့ဝဲနေပြီး ကြောက်မက်ဖွယ် အအေးဓာတ်ကို ထုတ်လွှတ်ကာ ဟင်းလင်းပြင်ဥမင် နယ်ပယ်မှ သားရဲလေးကောင်ကို တစ်ဦးတည်းဖြင့် တိုက်ခိုက်နေလေသည်။

သို့သော် ဟန်ယွီသည် လုရီ မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်မှာ ထိုမျှ မခိုင်မာသလို သူ၏ ဝိညာဉ်စွမ်းအင်မှာလည်း အဆုံးမဲ့သည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ဟန်ယွီမှာ ဖြူဖျော့နေပြီး သူ့ကိုယ်မှာ သွေးများဖြင့် ရွှဲနစ်နေ၏။ မိန်းမ

တစ်ဦးကဲ့သို့ နူးညံ့လှပသော သူ၏ မျက်နှာပေါ်တွင် အေးစက်ဒေါသထွက်နေသော အမူအရာတစ်ခု ထင်ဟပ်နေကာ အဆက်မပြတ် ဟိန်းဟောက်နေတော့သည်။

ဆံပင်ဖြူအကြီးအကဲတစ်ဦးက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

"ဟန်ယွီ! ဆုတ်ခွာ! ငါတို့ သူတို့ကို မထိန်းနိုင်တော့ဘူး!"

အခြား နတ်ဘုရားအသွင်ပြောင်းအဆင့် အကြီးအကဲတစ်ဦးကလည်း တိုက်တွန်းလိုက်သည်။

"ဟန်ယွီ၊ မင်းမှာ ထူးကဲတဲ့ အရည်အချင်းနဲ့ အဆုံးမရှိတဲ့ အနာဂတ်ရှိတာ။ ဆရာတို့က သားရဲလှိုင်းလုံးကြီးကို ပိတ်ဆို့ထားမယ်၊ မင်း အရင်သွား!"

ဟန်ယွီ၏ မျက်ဝန်းများက အေးစက်သွားပြီး ပြတ်သားသော လေသံဖြင့် ငြင်းဆန်လိုက်သည်။ သူ၏ အရှိန်အဝါမှာ ခြိမ်းခြောက်နေကာ

အဆုံးမရှိသော ရေခဲဓားများကို ဖန်ဆင်းပြီး ဟင်းလင်းပြင်ဥမင်နယ်ပယ်မှ သားရဲလေးကောင်ထံသို့ ပစ်လွှတ်လိုက်၏။

"မဖြစ်ဘူး! ကျွန်တော် ထွက်သွားရင် အကြီးအကဲတို့ ဘယ်လိုဖြစ်ကျန်ခဲ့မလဲ"

"ဝေါင်း...!"

အနက်ရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး ကျားခေါင်းနှင့် ဧရာမနွားတစ်ကောင်နှင့်တူသော သားရဲတစ်ကောင်က ဟိန်းဟောက်လိုက်သည်။

ဟင်းလင်းပြင်ဥမင်နယ်ပယ်မှ သားရဲအုပ်စုသည် ဝိညာဉ်စွမ်းအင်များ တဟုန်ထိုးထကာ အဆုံးမရှိသော ရေခဲဓားများကို ပိတ်ဆို့ပြီး ဟန်ယွီထံသို့ တိုးဝင်တိုက်ခိုက်လာသည်။

ထိုအခိုက်အတန့်မှာပင် သားရဲအားလုံးမှာ

နားမလည်နိုင်သော စွမ်းအားတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသကဲ့သို့ နေရာတွင်ပင် တောင့်ခဲသွားကြသည်။

သွေးသံရဲရဲ တိုက်ခိုက်နေသော ကျင့်ကြံသူအားလုံး မှင်တက်သွားကြပြီး အချို့မှာ သူတို့ရှေ့မှ မလှုပ်မယှက်ဖြစ်နေသော သားရဲများကို ကြောင်ငေးကြည့်နေကြ၏။

တစ်စုံတစ်ရာကို သိမြင်လိုက်ဟန်ဖြင့် ဟန်ယွီ၏ မျက်လုံးများက အရောင်တောက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ ဝမ်းမြောက်အားတက်စွာ ကြွေးကြော်လိုက်တော့သည်။

"ညီအစ်ကိုလု! မင်းလား။"

ထိုစကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြပြီးနောက် သူတို့၏ မျက်နှာများပေါ်တွင် အရိုင်းဆန်သော ဝမ်းမြောက်မှုများ ပေါ်ပေါက်လာလေသည်။

လုရီ၏ အစွမ်းမှာ ထျန်းမင်တစ်ခုလုံးရှိ ကျင့်ကြံသူအားလုံး၏ နှလုံးသားထဲတွင် အငြင်းပွားဖွယ်မရှိပေ။

လုရီသည် ဟန်ယွီ၏ ရှေ့တွင် ပေါ်လာပြီး သွေးစွန်းနေသော ဟန်ယွီကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ အသက်ရှုသံမှာ အားနည်းနေ၏။ လုရီက ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ဟန်ယွီ၊ မင်းရဲ့ အခြေအနေက သိပ်မကောင်းလှဘူး ထင်ပါ့။"

လုရီကို မြင်သောအခါ ဟန်ယွီသည် လုံးဝ စိတ်အေးသွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ကာ အားငယ်စွာ ညည်းညူလိုက်သည်။

"ဟန်ယွီက အရည်အချင်းမရှိပါဘူး။ ညီအစ်ကိုလုက ငါ့ကို အရင်းအမြစ်တွေ ဒီလောက်အများကြီး ပေးခဲ့တာတောင် ဟင်းလင်းပြင်ဥမင်နယ်ပယ်က သားရဲအနည်းငယ်ကိုတောင် မသတ်နိုင်ခဲ့ဘူး။"

လုရီကမူ ပြုံးလျက် ခေါင်းခါယမ်းကာ ဆို၏။

"မင်းရဲ့အစွမ်းက မဆိုးတော့ပါဘူး။ နတ်ဘုရားအသွင်ပြောင်းအဆင့် အထွတ်အထိပ် ကျင့်ကြံမှုအဆင့်နဲ့ ဟင်းလင်းပြင်ဥမင်နယ်ပယ်က သားရဲခြောက်ကောင်ကို ကြံ့ကြံ့ခံနိုင်ခဲ့တာပဲ။ အခုက အလွမ်းပြေပြောရမယ့်အချိန်မဟုတ်ဘူး။ ငါ တခြားနေရာတွေကို အရင်ကိုင်တွယ်ရဦးမယ်။ နောက်တစ်ခါ လင်းလောင်တောင်ထိပ်မှာ သေရည် အတူလသောက်ကြတာပေါ့။"

စကားပြောနေစဉ်မှာပင် လုရီက လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။ စိမ်းလန်းသော အလင်းတန်းတစ်မျှင် ဟန်ယွီ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားပြီး သူ၏ဒဏ်ရာများမှာ မယုံနိုင်စရာနှုန်းဖြင့် ကျက်သွားကာ သူ၏ ဝိညာဉ်စွမ်းအင်မှာလည်း လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာ လေသည်။

ဤသည်ကား သဘာဝနိယာမ၏ အစွမ်းပင်တည်း။

လုရီ မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါ ဟန်ယွီ၏ ဒဏ်ရာများမှာ လုံးဝ ပျောက်ကင်းသွားပြီး သူ၏အရှိန်အဝါမှာ ယခင်ကထက်ပင် ပိုမိုအားကောင်းနေတော့သည်။

သူသည် မိမိ၏လက်ကို ငုံ့ကြည့်ရင်း အနည်းငယ် ကြောင်ငေးနေပြီးနောက် လုံးဝ အံ့အားသင့်သွားလေသည်။ ထို့နောက် သူက အားရပါးရ ရယ်မောလိုက်ရင်း ဆိုလိုက်လေ၏။

"တကယ်ပဲ ညီအစ်ကိုလု ပီသတယ်။"

ထို့နောက် ဟန်ယွီသည် ပတ်ဝန်းကျင်မှ သားရဲများကို ကြည့်လိုက်သည်။ ထိုအခိုက်တွင် သားရဲများမှာ ချက်ချင်းဆိုသလို သွေးနီရောင် မီးပန်းများ ပွင့်ဖတ်လွှာသွားသည့်အလား သွေးမြူတိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

All Chapters