အခန်း (၅၄၁-၅၄၃)
Vol. 37 Ch. 541-543
အခန်း ၅၄၁- လုရီ၏ အစွဲအလန်းနှင့် နှလုံးသား၏ စွမ်းအား
~ "အင်း၊ အရင်တုန်းက ကျွန်မက လုရီကို
ချင်းချုံးမျိုးနွယ်ဆီ ပြန်ခေါ်သွားဖို့ အကြံအစည်ရှိခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ ဉာဏ်ပညာနဲ့ ပါးနပ်မှုကြောင့် လွတ်မြောက်သွားခဲ့တာပေါ့၊"
လုရီသည် အထူးစွဲမက်ဖွယ်ရာ ရှိပြီး နူးညံ့ပျော်ရွှင်နေသော ချင်းချုံးဟွာ၏ အသံကို ကြားလိုက်ရသည်။
"ငါ့သားလေးက ပါရမီ ရှိတာတော့ အမှန်ပဲ၊ မဟုတ်ရင် အခုလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်
တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး၊"
ဝမ်စီးချီ၏ အသံသည် ဂုဏ်ယူဝင့်ကြွားမှု အငွေ့အသက်အနည်းငယ်ဖြင့် ထွက်ပေါ်လာသည်။
လုရီသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ရင်း ဝင်လာခဲ့ရာ ချင်းချုံးဟွာနှင့် ဝမ်စီးချီတို့ အတူထိုင်စကားပြောနေကြသည်ကို တွေ့လိုက်ရပြီး ချင်းချုံးဟွာ၏ ဘေးတွင် အလွန်လှပသော အမျိုးသမီးတစ်ဦး ရှိနေသည်။
ဤအမျိုးသမီးကို မြင်သောအခါ လုရီ၏ မျက်ဝန်းသူငယ်အိမ်များ အနည်းငယ် ကျုံ့သွား၏။ သူ သူမကို ယခင်က တွေ့ဖူးသည်။
သူမ၏အမည်မှာ ချင်းချုံးယွင်ဟွား၊ ချင်းချုံးမျိုးနွယ်မှ အင်မော်တယ်တစ်ပါးဖြစ်ပြီး သူမ၏ စွမ်းပကားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ လုရီ၊ နတ်ဓားဂိုဏ်းမှ သခင်ကြီးနှင့်
လုံယင်ဘိုးဘေးတို့ ချင်းချုံးမျိုးနွယ်၏ သားရဲတစ်သောင်းတောင်တန်းသို့ သွားရောက်ခဲ့စဉ်က ဤအင်မော်တယ်သည် ဟင်းလင်းပြင် အင်မော်တယ်အဆင့်ရှိ ကျိုယိုချီ သားရဲ နှစ်ကောင်ကို သတ်ဖြတ်ပြီးဖြစ်လေသည်။
ထိုအချိန်က လုရီကို တော်တော်လေး တုန်လှုပ်စေခဲ့သည်။
ယခု ချင်းချုံးယွင်ဟွား၏ မျက်နှာသည် တည်ငြိမ်နေပြီး ဝူချင်းဖုန်းနှင့် တိမ်ဖြူဂိုဏ်းမှ အဆင့်မြင့်အဖွဲ့ဝင်အချို့၏ ဘေးတွင် ထိုင်နေသည်။
အင်မော်တယ်အဆင့် ပုဂ္ဂိုလ်တစ်ဦး၏ ဘေးတွင် ထိုင်နေရသောကြောင့် ဖြစ်ကောင်းဖြစ်မည်၊ ဝူချင်းဖုန်းနှင့် တိမ်ဖြူဂိုဏ်းမှ စီနီယာအဖွဲ့ဝင်အားလုံး၏ အမူအရာများမှာ သိသိသာသာပင် မသက်မသာဖြစ်နေကြသည်။
လုရီ ပတ်ပတ်လည်သို့ တစ်ချက်ကြည့်လိုက်ရာ အဘိုးကြီးလု မရှိသည်ကို သတိပြုမိသည်၊ သူ
လိုက်မလာခဲ့သည်မှာ သေချာ၏။ သူ၏မိခင်တစ်ဦးတည်းသာ လာရောက်ခဲ့ခြင်းဖြစ်သည်။
လုရီ ဝင်လာသည်နှင့် ချင်းချုံးယွင်ဟွားက လှမ်းကြည့်လိုက်ပြီး သူမ၏ လှပသော မျက်နှာသည် နူးညံ့သော အပြုံးဖြင့် နွေးထွေးသွားကာ ခေါင်းညိတ်ပြသည်။
"လုရီ၊ မတွေ့တာကြာပြီပဲ။"
လုရီကလည်း ပြုံးလိုက်သည်။
"အကြီးအကဲ ချင်းချုံးယွင်ဟွား၊ မတွေ့တာကြာပါပြီ ခင်ဗျာ။"
"ဟင်းဟင်း၊ ငါတို့လို နယ်ပယ်က ကျင့်ကြံသူတွေအတွက်တော့ နှစ်အနည်းငယ်ဆိုတာ လက်တစ်ဖျစ်တီးစာလေးပါပဲ၊"
"စီနီယာ ပြောတဲ့စကားက မှန်ပါတယ် ခင်ဗျာ။"
လုရီက အပြုံးဖြင့် သဘောတူသည်။
လုရီ ချဉ်းကပ်လာသည်ကို မြင်သောအခါ
ဝမ်စီးချီက သူ့ကို အပြုံးဖြင့် လက်ယပ်ခေါ်ပြီး ပြောလိုက်သည်။
"ရီအာ၊ နင်ရွှမ်း၊ မင်းတို့အားလုံး ရောက်လာကြပြီပဲ၊ လာကြ။"
လုရီသည် တောက်ပစွာ ပြုံးနေသော
ချင်းချုံးဟွာကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ
လျိုနင်ရွှမ်းနှင့် အခြားသူများကို ကြည့်လိုက်ရာ သူတို့၏ အမူအရာများ အနည်းငယ် ညို့မှိုင်းသွားသည်ကို သတိပြုမိလိုက်သည်။
မတတ်သာစွာဖြင့် လုရီ လျှောက်သွားပြီး မေးလိုက်သည်။
"အမေ၊ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။"
ဝမ်စီးချီက ရယ်ကျဲကျဲဖြင့် ပြန်ဖြေသည်။
"ဟွားလေး လာမယ်ကြားလို့ အမေ လာကြည့်ချင်လို့လေ။ သူက မင်းတို့ရဲ့ အတိတ်က ပတ်သက်ဆက်နွယ်မှုတွေအကြောင်း ပြောပြနေတာ။"
... ငါတို့မှာ ဘယ်လို သောက်ရေးပါတဲ့ အတိတ်က ပတ်သက်မှုမှ မရှိခဲ့ပါဘူး...
လုရီသည် စိတ်ရှုပ်ထွေးမှု အပြည့်ဖြင့် ချင်းချုံးဟွားကို ရင်ဆိုင်ကာ ပြောလိုက်သည်။
"အင်မော်တယ် ချင်းချုံး၊ မတွေ့တာကြာပြီပဲ၊ ဒီလိုကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီး မစနောက်သင့်ဘူးနော်။"
ချင်းချုံးဟွာက ခပ်ပြုံးပြုံးဖြင့်
"ငါ နောက်နေတယ်လို့ ထင်နေတာလား လုရီ။ ဒါက ငါ့ကို တကယ် စိတ်မကောင်း ဖြစ်စေတာပဲ။"
လုရီသည် ချင်းချုံးဟွာကို ကြည့်ပြီး စကားပင်
မပြောနိုင်တော့ဘဲ သူမ၏ ရည်ရွယ်ချက်ကို မသိနိုင်တော့ချေ။
ထပ်မံ မစဉ်းစားလိုတော့ဘဲ သူက ပြောလိုက်သည်။
"အင်မော်တယ် ချင်းချုံး၊ မင်း ဒီကို ရာစုနှစ်သဘောတူညီချက်ကို ဖြည့်ဆည်းဖို့ လာတာလား။"
လုရီမှာ အတော်လေး စိတ်မရှည်တော့ပေ။
ချင်းချုံးဟွာကို အနိုင်ယူခြင်းသည် သူ့အား အလုပ်သစ် ဆုလာဘ်များ ယူဆောင်လာပေးရုံသာမက သူ့အတွက် ကြီးမားသော အဓိပ္ပာယ်သက်ရောက်မှုလည်း ရှိနေသည်။
ထိုစဉ်က လုရီကို ထိုကဲ့သို့ ထွက်ပြေးစေခဲ့သူမှာ ချင်းချုံးဟွာ တစ်ဦးတည်းသာ ဖြစ်သည်။
အရှေ့တောအုပ် အပျက်အစီးများတွင် လုရီသည် ချင်းချုံးဟွာကို လုံးဝ မယှဉ်နိုင်ခဲ့ပေ။
အကယ်၍သာ သူမသည် အမြီးကိုးချောင်း မိစ္ဆာဧကရာဇ်၏ စွမ်းအားကို စုပ်ယူခါစ ဖြစ်ပြီး
မထိန်းချုပ်နိုင်သေးသည့် အခြေအနေသာ မဟုတ်ခဲ့လျှင် လုရီသည် ထိုအချိန်က သူမ၏ ဖမ်းခေါ်ခြင်းကို ခံရပြီး သူမ၏ စိတ်ကူးအတိုင်း သူမ၏ မျိုးနွယ်သို့ အိမ်ထောင်ပြု ဝင်ရောက်ရခြင်းမျိုးပင် ဖြစ်နိုင်သည်။
ယခုမူ အခြေအနေများ ပြောင်းလဲသွားလေပြီ။ လုရီ၏ စွမ်းအားသည် ထိုအချိန်မှစ၍ မခန့်မှန်းနိုင်လောက်အောင် တိုးတက်လာခဲ့ပြီး
ချင်းချုံးဟွာနှင့် ရင်ဆိုင်ရလျှင်ပင် သူ စိုးစဉ်းမျှ ကြောက်ရွံ့နေမည် မဟုတ်ပေ။
လုရီ၏ လေးနက်သော အမူအရာကို မြင်သောအခါ ချင်းချုံးဟွာသည် စွဲမက်ဖွယ်ရာ
ပြုံးလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ သူမ၏ လှပသော မျက်နှာသည် လေးနက်သွားပြီး ခေါင်းညိတ်လိုက်သည်။
"အရှေ့တောအုပ် အပျက်အစီးက ကိစ္စက ငါတို့နှစ်ယောက်လုံးရဲ့ နှလုံးသားထဲမှာ အစွဲအလန်းတစ်ခု ကျန်ခဲ့တာ သံသယဖြစ်စရာမရှိဘူး။ ဒီနေ့ ဘယ်သူက ပိုသန်မာလဲဆိုတာ တိုက်ခိုက်ပြီး ဆုံးဖြတ်ကြရအောင်။"
လုရီက မျက်ခုံးပင့်ကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ။"
ချင်းချုံးယွင်ဟွားသည် ချင်းချုံးဟွာကို
တစ်ချက်၊ ထို့နောက် လုရီကို တစ်ချက် ကြည့်ပြီး ပြောလိုက်သည်။
"ပေါ့ပေါ့ပါးပါးပဲ တိုက်ကြပါ၊ ဒါက မိတ်ဖြစ်ဆွေဖြစ် သိုင်းပညာဖလှယ်တာပဲ။"
လုရီက ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေသည်။
"စီနီယာ စိတ်ချပါ၊ ကျွန်တော် အင်မော်တယ် ချင်းချုံးကို မထိခိုက်စေရပါဘူး"
ချင်းချုံးဟွာ၏ မျက်လုံးများတွင် စိန်ခေါ်လိုသော အရိပ်အယောင်တစ်ခု လက်ခနဲဖြစ်သွားပြီး သူမက ညင်သာစွာ ရယ်မောလိုက်သည်။
"နင့်ရဲ့ မကြာသေးခင်က အံ့ဩစရာကောင်းတဲ့ တိုက်ပွဲအောင်မြင်မှုတွေအကြောင်း ငါကြားပြီးပါပြီ၊ ဒါပေမဲ့ ဒါက ငါက နင့်ရဲ့ပြိုင်ဘက်မဟုတ်ဘူးလို့ မဆိုလိုဘူးနော်။"
ဝူချင်းဖုန်းက ပြုံးလျက် ဖျန်ဖြေပေးသည်။
"ကဲ ၊ ဒါဖြင့် အပြင်ဘက်ကို သွားကြရအောင်။"
ချင်းချုံးမျိုးနွယ်သည် အလွန်အစွမ်းထက်သော အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေတစ်ခုဖြစ်ပြီး ဝူချင်းဖုန်းသည် မည်သည့်ပြဿနာမျှ မဖြစ်စေလိုပေ။
အဖွဲ့သည် ခန်းမဆောင်မှ ထွက်ခွာပြီး ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။
ဝမ်စီးချီပင်လျှင် စူးစမ်းလိုစိတ် အနည်းငယ်ဖြင့် လိုက်ပါလာခဲ့သည်။
ဝမ်စီးချီကိုယ်တိုင်လည်း စွမ်းအားမနည်းပေ။ နှစ်များတစ်လျှောက် လုရီသည် သူမနှင့် အဘိုးလုကို အရင်းအမြစ်များ အဆက်မပြတ်ထောက်ပံ့ခဲ့ပြီး၊ ထိုအရာများအားလုံးသည် အလွန်ရှားပါးပြီး အစွမ်းထက်ကာ သူတို့၏ နားလည်နိုင်စွမ်းနှင့် ပါရမီကို မြှင့်တင်ပေးခဲ့သည်။ ယခု သူတို့နှစ်ဦးစလုံးသည် မွေးရာပါမဟုတ်သော ဝိညာဉ်ခန္ဓာများ ဖြစ်လာကြပြီး သူတို့၏ ကျင့်ကြံမှုအခြေခံမှာ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ဟင်းလင်းပြင်ဥမင် နယ်ပယ်နှင့် မဝေးတော့ပေ။
လုရီနှင့် ချင်းချုံးဟွာတို့သည် အမြင့်ပေများစွာသို့ လျင်မြန်စွာ ပျံတက်သွားကြသည်။
နှစ်ဦးစလုံး အလွန်အစွမ်းထက်သဖြင့် မြေပြင်နှင့် နီးကပ်စွာတိုက်ခိုက်ပါက ပျက်စီးမှုများလွန်းနိုင်သည်။
အခြားကျင့်ကြံသူများသည် လုရီနှင့် ချင်းချုံးဟွားတို့နှင့် ခပ်လှမ်းလှမ်းတွင်သာ နေကြပြီး အနီးကပ်မသွားလိုကြပေ။
လုရီနှင့် ချင်းချုံးဟွားတို့ မျက်နှာချင်းဆိုင်လိုက်ကြသည်။ လုရီ၏ အမူအရာမှာ တည်ငြိမ်နေပြီး သူက ခပ်အေးအေးဖြင့် ဆို၏။
"အင်မော်တယ် ချင်းချုံး၊ အရှေ့တောအုပ်အပျက်အစီးက ဖြစ်ရပ်တွေက ငါ့စိတ်ထဲမှာ စွဲကျန်နေခဲ့တယ်။ မင်း အရှေ့နယ်မြေကို လာပြီး ငါ့ကို ဒုက္ခပေးမှာကိုတောင် စိုးရိမ်ခဲ့ရသေးတယ်၊ အဲ့ဒီတုန်းက ဖိအားက မသေးလှဘူး။"
ရိုးရိုးသားသားပြောရလျှင် အရှေ့တောအုပ်အပျက်အစီးမှ ပြန်လာပြီးနောက် လုရီသည်
ချင်းချုံးမျိုးနွယ်၏ ကြီးမားသော စွမ်းအားနှင့် သူ၏ ကိုယ်ပိုင် စိုးရိမ်မှုများကြောင့် အချိန်အတိုင်းအတာ တစ်ခုအထိ သိသာသော ဖိအားကို ခံစားခဲ့ရသည်။
သို့သော် ထိုကာလအတွင်းက ဖိအားသည် လုရီကို ပို၍ကြိုးစားကျင့်ကြံရန် တွန်းအားပေးခဲ့သည်။
ချင်းချုံးဟွာက ခပ်ရေးရေးပြုံးလိုက်သည်။
ကောင်းကင်ယံမှ လေရိုင်းသည် သူမ၏ အနက်ရောင်ဆံနွယ်များကို ဖြတ်သန်းတိုက်ခတ်သွားပြီး သူမ၏ ဖြူစင်သော်လည်း စွဲမက်ဖွယ်ကောင်းသော မျက်နှာပေါ်တွင် အပြုံးနုနုတစ်ခု ပေါ်ထွက်လာသည်။
"အဲ့ဒီနှစ်က ဖြစ်ရပ်ကို ငါ့နှလုံးသားထဲမှာ အမြဲသိမ်းထားခဲ့တယ်။ ဒီနေ့...တိုက်ပွဲက အတိတ်ရဲ့အဆက်လို့ မှတ်ယူနိုင်ပါတယ်။"
လုရီ၏ မျက်လုံးများ အရောင်တောက်ပသွားပြီး သူက ပြောလိုက်သည်။
"ဟက်၊ ကျွန်တော်က အရင်တုန်းက အခြေခံတည်ထောင်ခြင်းနယ်ပယ်က လူငယ်လေး မဟုတ်တော့ဘူး။"
"ဒါဆို မင်း ပြောသလောက် တကယ် သန်မာရဲ့လားဆိုတာ ငါ့ကို မြင်အောင် ပြစမ်း။"
ချင်းချုံးဟွာက ပြုံးလိုက်သည်။
နောက်တစ်ခဏတွင် နှစ်ဦးစလုံးသည် ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ် အလင်းတန်းများ လင်းလက်သွားကာ ကောင်းကင်ယံတွင် နေနှစ်စင်း ရုတ်တရက် ပေါ်ထွက်လာသကဲ့သို့ ဖြစ်သွားသည်။
ဝိညာဉ်ဖိအားသည် လေရိုင်းများအဖြစ် ပြောင်းလဲကာ အရပ် ရှစ်မျက်နှာသို့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင် ကောင်းကင်သည် မကြာမီ ကြောက်မက်ဖွယ် မုန်တိုင်းများဖြင့် ပြည့်နှက်သွားကာ လျင်မြန်စွာ ကျယ်ပြန့်လာပြီး မကြာမီ ချင်းကျိုး တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ချင်းကျိုးရှိ ကျင့်ကြံသူ အားလုံးသည် အလွန်အမင်း အားကောင်းသော အရှိန်အဝါ နှစ်ခု ပေါက်ကွဲထွက်လာသည်ကို ခံစားမိကြပြီး အားလုံး မော့ကြည့်ကာ ကောင်းကင်ယံရှိ အပိုနေနှစ်စင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။
ချင်းကျိုးသာမက အခြားဒေသများမှ အစွမ်းထက်သော ကျင့်ကြံသူများသည်လည်း ထိုအရာကို ခံစားမိပြီး ချင်းကျိုးဘက်သို့ လှမ်းကြည့်ကြသည်။
"အားကောင်းလိုက်တဲ့ အရှိန်အဝါပဲ။"
"ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူလား။ မဟုတ်ဘူး... ဒီအရှိန်အဝါက ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူကို ကျော်လွန်နေတယ် မဟုတ်လား။ အင်မော်တယ်များလား။"
"သားရဲဒီရေလှိုင်း ပြီးသွားတာ မကြာသေးဘူး၊ နောက်ထပ် အင်မော်တယ်တစ်ယောက် ပေါ်လာပြန်ပြီလား။"
"ခဏနေဦး၊ လုရီနဲ့ သခင်မလေး ချင်းချုံးတို့ရဲ့ ရာစုနှစ်တိုက်ပွဲ ရောက်လာပြီ၊ ဒါ သူတို့ရဲ့ သဘောတူညီထားတဲ့ တိုက်ပွဲများလား။"
ကျင့်ကြံသူများစွာ တစ်စုံတစ်ခုကို တွေးမိကာ သူတို့၏ အမူအရာများ ပြောင်းလဲသွားပြီး အစွမ်းထက်သော ပုဂ္ဂိုလ်အများအပြားသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ချင်းကျိုးဘက်သို့ အပြေးအလွှားလာကြသည်။
နတ်ဓားဂိုဏ်းမှ သခင်ကြီးနှင့် လုံယင်ဘိုးဘေးတို့ပင်လျှင် သူတို့၏ ဂိုဏ်းများ၏ နက်ရှိုင်းဆုံးနေရာများမှ အကဲခတ်နေကြလေသည်။
လုရီနှင့် ချင်းချုံးဟွားတို့၏ ပေါက်ကွဲထွက်နေသော အရှိန်အဝါများအောက်တွင် အောက်ဘက်မှ ကျင့်ကြံသူများသည် ရင်ဘတ်များ တင်းကျပ်သွားပြီး လေးလံသော ဖိအားတစ်ခု ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရ၏။ အားနည်းသော ကျင့်ကြံသူများ၏ မျက်နှာများမှာ အလွန်အမင်း ဖြူဖျော့သွားကြသည်။
ဝမ်စီးချီသည် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲ၌ ဖိနှိပ်ခံနေရသကဲ့သို့ ခံစားနေရဆဲဖြစ်သည်။ ကောင်းကင်ယံမှ နေနှစ်စင်းကို ကြည့်ရင်း သူမ မျက်လုံးများ ဖွင့်ထားရန်ပင် ခက်ခဲနေသည်ကို တွေ့ရှိရပြီး သူမ၏ မျက်နှာ အရောင် အနည်းငယ် ပြောင်းလဲသွားသည်။
"ဒီကောင်လေး... သူ အခု ဒီလောက်တောင် အစွမ်းထက်နေပြီလား။"
လျိုနင်ရွှမ်း၊ ကျန်းရူယွီနှင့် ယွင်ရှီးတို့သည်
ဝမ်စီးချီ၏ ရှေ့တွင် ရပ်ကာ ဝိညာဉ်ဖိအားအားလုံးကို တားဆီးပေးလိုက်သဖြင့် သူမ၏ အခြေအနေ ပိုမိုကောင်းမွန်သွားသည်။
လျိုနင်ရွှမ်းက သိမ်မွေ့စွာ ပြုံးကာဖြင့် ပြောလာသည်။
"ကျွန်မတို့ ဂျူနီယာမောင်လေးရဲ့ စွမ်းအားက အင်မော်တယ် အဆင့်ကို ရောက်နေပြီလေ၊ သဘာဝအတိုင်း ထူးကဲနေမှာပေါ့။"
ဝမ်စစ်ချီက ခေါင်းအသာညိတ်ပြီးနောက် အခြားအလင်းလုံးကြီးဘက်သို့ အကြည့်လွှဲကာ ချီးကျူးလိုက်သည်။
"ဟွားလေးက ချင်းချုံးမျိုးနွယ်ရဲ့ သခင်မလေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ထိုက်တန်တာပဲ၊ သူလည်း အရမ်းအစွမ်းထက်တာပဲ။"
လျိုနင်ရွှမ်း၊ ကျန်းရူယွီနှင့် ယွင်ရှီးတို့၏ မျက်နှာပေါ်မှ အပြုံးများ ခဏတာ တောင့်တင်းသွားကြပြီး သူတို့ အချင်းချင်း အကြည့်ဖလှယ်ကာ ချင်းချုံးဟွာကို ပို၍ အမြင်ကတ်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ချင်းချုံးဟွာသည် အလင်းကွင်းတစ်ခုဖြင့် ဝန်းရံထားပြီး သူမ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းများသည် အဆုံးမဲ့တောက်ပမှုအဖြစ် ပြောင်းလဲကာ လုရီဘက်သို့ တိုးဝင်သွားသည်။ အလင်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဟင်းလင်းပြင်သည် လိမ်ယှက်တုန်ခါသွားပြီး လေများ ဟိန်းဟောက်ကာ အောက်ဘက်မြေပြင်မှာ တုန်ခါသွားသည်။
လုရီသည် ချင်းချုံးဟွာကို ဝန်းရံထားသော အရှိန်အဝါကို တစ်ချက်ကြည့်လိုက်ပြီး သူမကျင့်ကြံသော တာအိုသည် သူကျွမ်းကျင်သော တာအိုများထဲမှ တစ်ခုမဟုတ်ဘဲ သူ မသိသော တာအိုတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။
လုရီကို အံ့အားသင့်စေသည်မှာ ထိုတာအို၏ အရှိန်အဝါသည် နိယာမအဆင့်သို့ ရောက်ရှိနေခြင်းပင်။
သို့သော် လုရီအတွက်မူ ဤသည်မှာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။
လုရီက ခပ်ရေးရေးပြုံးလိုက်ပြီး ဓားတာအိုနိယာမ လည်ပတ်သွားသည်။ သူ၏ အစွမ်းအပြည့်မသုံးဘဲပင် ထိုအလင်းစီးကြောင်းများကို အားပျော့သွားစေနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ဓားတာအိုနိယာမအတွင်း၌ လောက၏ အခြားတာအိုအားလုံးကို ဖယ်ထုတ်ထားသောကြောင့်ပင်။ အလင်းသည် နိယာမစွမ်းအားဖြစ်နေလျှင်ပင် အားပျော့သွားပေလိမ့်မည်။
အလင်း အားပျော့သွားသည်နှင့် လုရီသည် ဓားအလင်းတန်းများကို လွယ်ကူစွာ ဖန်တီးကာ တောက်ပသော အလင်းစီးကြောင်းအားလုံးကို ချေမှုန်းလိုက်သည်။
ဤမြင်ကွင်းကို မြင်သောအခါ
ချင်းချုံးယွင်ဟွား၏ မျက်ဝန်းသူငယ်အိမ်များ အနည်းငယ် ကျုံ့သွားပြီး သူမ၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုတို့ ရေးထိုးထားလေသည်။
"ဟွားအာရဲ့ စွဲမက်ဖွယ်ရာနိယာမက ၁၀ ရာခိုင်နှုန်းကို ရောက်နေပြီ။ ဒါတောင် ဒီလောက်အထိ အားပျော့သွားရတယ်တဲ့လား။ မိတ်ဆွေလေးလုရီရဲ့ ဓားတာအိုနိယာမက... အနည်းဆုံး ၃၀ ရာခိုင်နှုန်းတော့ ရှိရမယ်၊ မယုံနိုင်စရာပဲ။"
သတိပြုရမည်မှာ လုရီသည် မဟာယာနနယ်ပယ်၌သာ ရှိသေးသည်။ သို့သော် သူသည် ဓားတာအိုနိယာမ၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်နေပြီဖြစ်ရာ လုံးဝတုန်လှုပ်ဖွယ်ရာပင်။
ချင်းချုံးဟွာသည် အမြီးကိုးချောင်း မိစ္ဆာဧကရာဇ်၏ စွမ်းအားကို စုပ်ယူထားသဖြင့် ထူးကဲသော ပါရမီရှင်တစ်ဦးဖြစ်ပြီး အင်မော်တယ်မြေခွေး သွေးမျိုးသို့ပင် ဓာတ်ပြောင်းခဲ့ကာ ယခု ကပ်ဘေးဖြတ်ကျော် နယ်ပယ်၌ ရှိနေသော်လည်း နိယာမစွမ်းအား၏ ၁၀ ရာခိုင်နှုန်းကိုသာ ကျွမ်းကျင်သေးသည်။
ဤသည်မှာ ထင်ရှားသော ခြားနားချက်တစ်ခုပင်။
ဤနေရာတွင် ချင်းချုံးယွင်ဟွားအပြင် လျိုနင်ရွှမ်း၊ ကျန်းရူယွီနှင့် ယွင်ရှီးတို့လည်း ထိုသို့သော ထိုးထွင်းဉာဏ်မျိုး ပိုင်ဆိုင်ကြသည်။ သုံးဦးစလုံးသည် အင်မော်တယ်ခန္ဓာများဖြစ်ကြပြီး သူမတို့၏ ကျင့်ကြံမှုအခြေခံ မဟာယာနနယ်ပယ်သို့ ချိုးဖျက်ပြီးနောက် သူမတို့သည် နိယာမစွမ်းအားကို တဖြည်းဖြည်း ကျွမ်းကျင်လာကြသည်။
သို့သော် နိယာမအဆင့်သို့ တက်လှမ်းပြီးနောက် သူတို့၏ နိယာမစွမ်းအား တိုးတက်မှုမှာ အလွန်နှေးကွေးပြီး မည်သူမျှ ၁၀ ရာခိုင်နှုန်းသို့
မရောက်သေးပေ။
သုံးယောက်လုံးသည် လုရီ၏ စွမ်းအားကို အံ့ဩခြင်းမပြကြပေ။ သူတို့အတွက်မူ ဤသည်မှာ သဘာဝကျသည်ဟု ထင်ရသည်။
ကောင်းကင်ယံတွင် ချင်းချုံးဟွာသည် သူမ၏ နိယာမစွမ်းအား ဤမျှလွယ်ကူစွာ ဖျက်ဆီးခံရသည်ကို မြင်သောအခါ မျက်ဝန်းသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ သူမ လုရီကို နက်ရှိုင်းစွာ ကြည့်ပြီး ပြောလိုက်သည်။
"နင် နေရာလပ် နိယာမကို ကျွမ်းကျင်တယ်လို့ ငါကြားတယ်။ ဓားတာအိုနိယာမကလည်း ဒီလောက်အစွမ်းထက်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။"
လုရီက ရယ်မောလိုက်သည်။
"မင်း ငါ့ကို မြှောက်နေတာပဲ အင်မော်တယ် ချင်းချုံး။ မင်းမှာ ဒီလောက်ပဲ အစွမ်းရှိတယ်ဆိုရင်တော့ ငါ့ကို ခြိမ်းခြောက်ဖို့ ခက်ခဲလိမ့်မယ်"
ချင်းချုံးဟွာက နှုတ်ခမ်းကိုက်လိုက်ပြီးနောက် သူမ၏ ချစ်စဖွယ်မျက်နှာသည် စွဲမက်ဖွယ်အပြုံးတစ်ခုကို ဖော်ပြလာသည်။
"ဒီလိုဆို မှတော့ ငါ အစွမ်းကုန်ထုတ်သုံးရတော့မှာပေါ့။"
သူမ၏ အရှိန်အဝါသည် အလွန်အမင်း မြင့်တက်လာပြီး သူမ၏ နားရွက်များသည် ဖြူဖွေးနူးညံ့သော မြေခွေးနားရွက်များအဖြစ် ပြောင်းလဲသွားကာ သူမ၏ နောက်တွင် ဖြူဖွေးနူးညံ့သော အမြီးကိုးချောင်း ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် ချင်းချုံးဟွာ၏ မျက်မှောင်ကြုတ်ခြင်း၊ ပြုံးခြင်းတိုင်းသည် ဖော်ပြမရနိုင်သော စွဲမက်ဖွယ်ရာများဖြင့် ပြည့်နှက်နေပြီး လူတစ်ဦး၏ စိတ်နှင့် ဝိညာဉ်ကို အလိုအလျောက် ဖမ်းစားသွားသည်။
လုရီပင်လျှင် ခဏတာ ငေးမောသွားသော်လည်း သူ မကြာမီ သတိပြန်လည်ရလာသည်။
ဒီစွမ်းအား... ဒါက နှလုံးသားရဲ့ စွမ်းအားကို ထိတွေ့နေတာပဲ။
လုရီ အတွင်းစိတ်ထဲဲ၌ တုန်လှုပ်သွားလေသည်။
အခန်း ၅၄၂- "အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်" ...
~လုရီ ခဏတာ အာရုံလွင့်သွားသည်။
ထိုအခိုက် ချင်းချုံးဟွာထံမှ ဟစ်အော်သံတစ်ခု ထွက်ပေါ်လာ၏။
သူမ၏ ဦးခေါင်းအထက်မှ ခမ်းနားထည်ဝါသော နန်းတော်တစ်ခု ပေါက်ကွဲထွက်လာသည်။
ချင်းချုံးနန်းတော်ပင်။
အရုဏ်ဦးအလင်းကွင်းတစ်ခုက နန်းတော်ကို ဝန်းရံထားသည်။ ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် စီးဝင်သွားသည်။ နန်းတော်ကြီးမှာ တဖြည်းဖြည်း ကျယ်ပြန့်လာ၏။ မကြာမီ တောင်ထိပ်တစ်ခုမျှ အရွယ်အစားသို့ ပြောင်းလဲသွားသည်။ ဥက္ကာခဲတစ်ခုကဲ့သို့ လုရီ၏ ဦးခေါင်းထက်မှ ဖိနှိပ်ချလိုက်သည်။
ကျောချမ်းဖွယ် ဖိအားက သူ့ပတ်လည်မှ နေရာလပ်ကို လိမ်ယှက်သွားစေသည်။ လုရီသည် သူ့ကို စုပ်ယူရန် ကြိုးစားနေသော ချင်းချုံးနန်းတော်မှ ထုတ်လွှတ်နေသည့် ကြောက်ခမန်းလိလိ ဆွဲငင်အားကို ခံစားလိုက်ရ၏။
နန်းတော်၏ တံခါးမကြီးများမှာ တွင်းနက်တစ်ခုအလား မည်းမှောင်နေသည်။ အရာအားလုံးကို မျိုချနေသကဲ့သို့ပင်။
လုရီ၏ မျက်နှာအမူအရာကတော့ တည်ငြိမ်နေဆဲ။ သူ ညင်သာစွာ ရယ်ကျဲကျဲဖြင့်…ရေရွတ်၏။
"အင်မော်တယ်လက်နက်က အားကောင်းတာတော့ မှန်တယ်။ ဒါပေမဲ့ အနှစ်သာရနည်းနည်းတော့ လိုနေသေးတယ်။"
သူ၏ လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်လာသည်။ ကြယ်တာရာအလင်းဖြင့် တလက်လက် တောက်ပနေ၏။
အဆင့်မြင့်ဝိညာဉ်လက်နက်၊ တုန်ခါအလင်းဓားပင်။
ဓားမှ ကြယ်ရောင်များ ထွက်ပေါ်လာသည်။
လုရီက ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
ဓားရှည်နှင့် ပဲ့တင်ထပ်နေသည့်အလားဟင်းလင်းပြင်ထဲတွင် အဆုံးမဲ့ကြယ်များ မှိတ်တုတ်လင်းလက်လာသည်။
ထိုအခိုက်အတန့်၌ ကောင်းကင်နှင့်မြေကြီးသည် အရောင်အဆင်း ကင်းမဲ့သွား၏။ လုရီနှင့် ချင်းချုံးဟွာတို့၏ ပတ်လည်မှ နေမင်းကဲ့သို့ တောက်ပသော ဝိညာဉ်အလင်းရောင်များပင် ဤကြယ်ရောင်များအောက်တွင် မှိန်ဖျော့သွားသည်။
ကြီးမားသော နဂါးငွေ့တန်းကြီး သက်ဆင်းလာသည့်နှယ် ကီလိုမီတာ သန်းပေါင်းများစွာအတွင်း ကြယ်များ ကြွေကျလာသည်။
အရှေ့နယ်မြေမှ ကျင့်ကြံသူများနှင့် သာမန်လူအားလုံး ကြက်သေသေသွားကြသည်။ ကောင်းကင်ယံမှ လှပသော ကြယ်ရောင်များကို တုန်လှုပ်ခြောက်ခြားမှု အပြည့်ဖြင့် ငေးမောနေကြသည်။
ကလန်။
ကြည်လင် ပြတ်သားသော ဓားသံစဉ်တစ်ခုက
ဖန်ဆင်းခြင်း၏ အစတွင် ဓားတစ်လက် ပွင့်လန်းလာသည့်အလား ကောင်းကင်နှင့် မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွားသည်။
ကြယ်တာရာဓား အလင်းတန်း တစ်လွှာ လှစ်ခနဲ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်
ဓားတာအိုနိယာမများ သယ်ဆောင်လာသည်။ ထူထပ်သော စွမ်းအားများဖြင့် ပြိုင်ဘက်ကင်းနေ၏။
ချင်းချုံးနန်းတော်ပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။
ဘုန်း။
ချင်းချုံးနန်းတော်မှာ တုန်ခါသွားသည်။
ချင်းချုံးယွင်ဟွားနှင့် ချင်းချုံးဟွာတို့၏ မယုံနိုင်သော မျက်လုံးများထဲတွင်… နန်းတော်ကြီးမှာ ဓားတစ်ချက်တည်းဖြင့် လွင့်စင်သွားခဲ့လေသည်။
ဤဓားသည် အင်မော်တယ် တစ်ပါး၏ ဓားကဲ့သို့။ ၎င်းကို ကိုင်ဆောင်ထားသော အဖြူရောင်ဝတ်လူငယ်သည် လေကိုဆန့်ကျင်ရပ်တည်နေသည်။
အင်မော်တယ်ဘုရင် တစ်ပါးလိုပင်။
ချင်းချုံးနန်းတော်သည် ကြယ်တံခွန် တစ်ခုနှယ် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။ ကီလိုမီတာ သောင်းပေါင်းများစွာ ဝေးကွာသွားမှ ချင်းချုံးဟွာသတိပြန်ဝင်လာသည်။
သူမ နောက်တစ်ကြိမ် ဟစ်အော်လိုက်သည်။
ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာ၏။ သူမ၏ နောက်တွင် နှင်းကဲ့သို့ဖြူဖွေးသော အမြီးကိုးချောင်းမြေခွေးအရိပ်အယောင်တစ်ခု ကောင်းကင်တွင် မားမားမတ်မတ် ပေါ်လာသည်။
၎င်း၏ အမြီးကိုးချောင်းက လှုပ်ခတ်နေသည့် ဟန်ပန်မှာ စွဲမက်ဖွယ်လှပလှသည်။ စိတ်ကိုတုန်လှုပ်စေသော ထူးဆန်းသည့်လှိုင်းများကို ကောင်းကင်ယံ အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်စေသည်။
ထိုထူးဆန်းသောလှိုင်းများသည် မုန်တိုင်းတစ်ခုလိုပင်။ ကီလိုမီတာ သောင်းပေါင်းများစွာကို ချက်ချင်းဖြတ်သန်းသွားသည်။ အဝေးမှ မြို့ရွာများရှိ ကျင့်ကြံသူများနှင့် သာမန်လူများသည် လှိုင်းများ တိုက်ခတ်ခြင်းခံရသည်။ လောကတွင် အလှပဆုံး ချစ်သူကို မြင်လိုက်ရသလို နေရာတွင်ပင် မှင်တက်သွားကြသည်။
ချင်းချုံးဟွာသည် သူမ၏ နူးညံ့သောလက်ဖြင့် လျင်မြန်စွာ ဆွဲယူလိုက်သည်။ ဟင်းလင်းပြင်နက်ရှိုင်းရာသို့ လွင့်စင်သွားသော ချင်းချုံးနန်းတော်ကို အတင်းအကျပ် ပြန်လည်ခေါ်ယူလိုက်ခြင်းပင်။
သူမ၏ လက်ထဲမှ အခင်းအကျင်းပုံစံများ ပြောင်းလဲသွားသည်။
ချင်းချုံးနန်းတော်၏ တံခါးမကြီးများ ပွင့်ဟသွားသည်။ တံခါးပေါ်တွင် တွင်းနက်တစ်ခုပွင့်လာသည့်အလား မည်းမှောင်သောအလင်းတစ်ခု ပေါ်ထွက်လာသည်။
ပတ်ဝန်းကျင်ဟင်းလင်းပြင်သည် မည်းမှောင်သွားသည်။
အဝေးမှ မျောလွင့်နေသော ကြယ်မှုန်များနှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားငယ်များပင် မသိစိတ်ဖြင့် ဆွဲဆောင်ခံရသည်။ ပျံသန်းလာရင်း ကြောက်မက်ဖွယ်ဆွဲအားအောက်တွင် ပြိုကွဲသွားကြသည်။
သို့သော် ထိုသို့သော ကြောက်မက်ဖွယ်စွမ်းအားရှိနေသော်လည်း လုရီမှာ တုန်လှုပ်ခြင်းမရှိ။
သူ၏ ရုပ်ခန္ဓာသည် အလွန်သန်မာလှသည်။ သူ၏ သေးငယ်သော ခန္ဓာကိုယ်အတွင်းမှ စွမ်းအားသည် တကယ့်ကြယ်များနှင့် မညီမျှသော်လည်း များစွာမကွာခြားပါ။
သို့သော် ရုပ်ခန္ဓာကိုသာ အားကိုးရုံဖြင့် လုရီသည် အင်မော်တယ်လက်နက်၏ စွမ်းအားကို မခံနိုင်ပေ။
သူ့ပတ်လည်တွင် ဆန်းကြယ်သော တာအိုပုံစံများ မသေမချာ လင်းလက်နေသည်။
ဓားတာအိုနိယာမ၏ ထင်ရှားပြသမှုပင်။
သူ ဟင်းလင်းပြင်တွင် ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူ့ခြေအောက်၌ ခိုင်မာသောမြေပြင်ရှိသည့်အလား။ နေရာလပ်လှိုင်းဂယက်များ ပျံ့နှံ့ထွက်သွားသည်။ လုရီ၏ အနက်ရောင်ဆံနွယ်များ လွင့်မျောနေသည်။ ပတ်ဝန်းကျင်မှ ဓားရှည်အများအပြား စုစည်းဖြစ်ပေါ်လာသည်။ ၎င်းတို့၏ ဓားသံစဉ်များသည် ကောင်းကင်နှင့်မြေကြီးတစ်ခွင် ပဲ့တင်ထပ်နေသည်။
သူက ညင်သာစွာ ရယ်လိုက်သည်။
"အင်မော်တယ် ချင်းချုံး၊ ကိုယ့်ကိုကိုယ် ပြန်မသတ်မိအောင် သတိထားပါ။"
သူ၏ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။
အဆုံးမဲ့ ဓားရှည်များသည် ကြယ်တာရာမြစ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ချင်းချုံးနန်းတော်ဘက်သို့ တိုးဝင်သွားသည်။ ၎င်း၏ ကြီးမားသော တံခါးများမှတစ်ဆင့် ဝင်ရောက်သွားသည်။
ခဏအကြာ၌ ချင်းချုံးဟွာ၏ အမူအရာပြောင်းလဲသွားသည်။ သူမ ညင်သာစွာ ညည်းညူလိုက်သည်။ မျက်နှာအနည်းငယ် ဖြူဖျော့သွားသည်။ ချင်းချုံးနန်းတော်၏ တံခါးများကို အတင်းအကျပ် ပိတ်လိုက်၏။
လုရီကို အလွန်အမင်း တုန်လှုပ်စွာ ကြည့်ပြီး…
"နင့်ရဲ့ ဓားတာအိုနိယာမက ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်နေရတာလဲ။"
လုရီက ညင်သာစွာ ရယ်ကျဲကျဲဖြင့်၊
"ငါ့ရဲ့ ဓားတာအိုပါရမီက တော်တော်လေး ကောင်းမွန်ပါတယ်။"
ချင်းချုံးဟွား၏ အမူအရာပြောင်းလဲသွားသည်။
"...ဒါကို 'တော်တော်လေး ကောင်းမွန်တယ်' လို့ သုံးလိုက်သေးတယ်။"
"အင်မော်တယ် ချင်းချုံး၊ အရှုံးပေးလိုက်ရင်ကော။"
လုရီက ပြောလိုက်သည်။
ချင်းချုံးဟွာ၏ လှပသောမျက်နှာသည် မကျေမနပ်ဖြစ်သော အရိပ်အယောင်တစ်ခု ဖော်ပြလာသည်။ ထို့နောက် သူမ လုရီကို စူးရှတောက်ပပြီး လှပသောအပြုံးတစ်ခု ပြုံးပြသည်။ စွဲမက်ဖွယ်ရာနိယာမအောက်တွင် လုရီပင်လျှင် ခဏတာမျှ စိတ်ရှုပ်ထွေးသွားရလောက်အောင် စွဲမက်ဖွယ်အမူအရာတစ်ခု ပြုလုပ်လိုက်သည်။
"ဟီးဟီးဟီး~ ဒီနန်းတော်မှာ နောက်ထပ် နည်းစနစ်တစ်ခု ကျန်သေးတယ်။ လုရီ၊ နင်သာ ဒါကို ဒီလောက်လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်သေးတယ်ဆိုရင် နင့်ရဲ့ လုမျိုးနွယ်ထဲကို အိမ်ထောင်ပြုဝင်ရောက်ဖို့တောင် လက်ခံနိုင်ပါတယ်၊"
သူမက ပြောလိုက်သည်။
လုရီသည် စိတ်ရှုပ်ထွေးမှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
"အိမ်ထောင်ပြုဝင်ရောက်တာတွေ မပြောကြရအောင်။ မင်းမှာ ဘာနည်းစနစ်ရှိလဲ ထုတ်သုံးလိုက်ပါ။ ဒီနေ့ ငါ မင်းကို တကယ်ကို ယုံကြည်သွားအောင် လုပ်ပြမယ်။"
ထိုအခါ ချင်းချုံးဟွာက ညင်သာစွာ နှာမှုတ်လိုက်ပြီးနောက် ရယ်မောကာ ပြောလိုက်သည်။
"ခစ်ခစ်ခစ်..အမြီးကိုးချောင်း မိစ္ဆာဧကရာဇ်ရဲ့ အမွေအနှစ်ကို စုပ်ယူပြီးကတည်းက ဒီနည်းစနစ်ကို တစ်ခါမှမသုံးဖူးဘူး…"
သူမ ပြောနေစဉ်တွင် ချင်းချုံးဟွာ၏ အမူအရာ တဖြည်းဖြည်း လေးနက်လာသည်။ သဘာဝအတိုင်းဖြစ်ပေါ်လာသကဲ့သို့ ဆန်းကြယ်သော ပုံစံများ သူမ၏ ချစ်စဖွယ် မျက်နှာပေါ်တွင် ပေါ်ထွက်လာသည်။ လုရီကို အနည်းငယ် ရင်းနှီးသလို ခံစားရစေသည်။
သူ သေချာကြည့်လိုက်သည်။ ဤပုံစံများသည် အစစ်အမှန်နဂါး တာအိုပုံစံနှင့် အနည်းငယ်ဆင်တူသည်ကို တွေ့ရှိရသည်။
ဒါက... အင်မော်တယ်သားရဲတွေ ပိုင်ဆိုင်တဲ့ သဘာဝစွမ်းအားလား။ အင်မော်တယ်သားရဲတစ်ကောင်ရဲ့ နတ်ဘုရားစွမ်းရည်များလား။
"ကိုးထပ်ကောင်းကင် မြေခွေးမီးလျှံ။"
ချင်းချုံးဟွာ၏ စွဲမက်ဖွယ်အသံ ထွက်ပေါ်လာသည်။
ထို့နောက် သူမ၏ နောက်တွင် နှင်းကဲ့သို့ဖြူဖွေးသော ဝိညာဉ်စွမ်းအင်များ အရူးအမူး မြင့်တက်လာသည်။ ကြီးမားသော အင်မော်တယ်မြေခွေးတစ်ကောင် ဖြစ်ပေါ်လာသည်။ ၎င်း ဟိန်းဟောက်လိုက်သည်။ အင်မော်တယ်မြေခွေး၏ အရိပ်အယောင်သည် ပန်းရောင်မီးလျှံတစ်စုကို ၎င်း၏ ပါးစပ်တွင် စုစည်းလိုက်သည်။
ဤမီးလျှံသည် အလွန်ထူးဆန်းသော လှိုင်းဂယက်များ ပါဝင်သည်။ အဆုံးမဲ့ တပ်မက်မှုများဖြင့် ပြည့်နှက်နေသည့်အလား။ မခန့်မှန်းနိုင်သော ဆွဲဆောင်မှုကို သယ်ဆောင်ထားသည်။
ဤသည်မှာ ဖျက်ဆီးခြင်းအပေါ် အခြေခံသော အစွမ်းမဟုတ်။ စိတ်စွမ်းအားအပေါ် အခြေခံသည်။
စိတ်စွမ်းအားနဲ့ သက်ဆိုင်တဲ့ နတ်ဘုရားစွမ်းရည်မျိုးလား။
လုရီ၏ အမူအရာလည်း အနည်းငယ် ပြောင်းလဲသွားသည်။
နောက်တစ်ခဏ။ ပန်းရောင်မီးလျှံတစ်စုသည် လုရီဘက်သို့ ပစ်လွှတ်လာသည်။
လုရီ၏ မျက်လုံးများတွင် ဆန်းကြယ်သော ပုံစံများ စုစည်းလာသည်။
ရုတ်တရက်။
နေရာလပ်တွင် လိမ်ယှက်နေသော ကြေးမုံအများအပြား ပေါ်ထွက်လာသည်။ ပန်းရောင်မီးလျှံများသည် ကြေးမုံတစ်ခုထဲသို့ ဝင်ရောက်သွားသည်။
ထို့နောက် လုရီ ညင်သာစွာ နှာမှုတ်လိုက်သည်။
ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင် ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာသည်။ နေရာလပ် နိယာမ စီးဆင်းသွားပြီး ကြေးမုံကို ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲလိုက်သည်။ ပန်းရောင်မီးလျှံများသည် ကြေးမုံမှ ပေါက်ကွဲထွက်လာသည်။
ချင်းချုံးဟွာဘက်သို့ ပျံသန်းသွားသည်။
ဤသည်မှာ လုရီ၏ နေရာလပ် နိယာမကို အသုံးချခြင်းပင်။ နေရာလပ်၏ စွမ်းအားကို အသုံးချကာ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ပြန်လည်ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်။
ဤအရာက ချင်းချုံးဟွာ၏ မျက်နှာပေါ်မှ အမူအရာကို တောင့်တင်းသွားစေသည်။
အင်မော်တယ်သားရဲ၏ နတ်ဘုရားစွမ်းရည်ဖြစ်သည့်အလျောက် ကိုးထပ်ကောင်းကင် မြေခွေးမီးလျှံသည် သဘာဝအတိုင်း အလွန်အစွမ်းထက်သည်။ ချင်းချုံးဟွာ၏ လက်ရှိအစွမ်းဖြင့် ထိန်းချုပ်ရန်လည်း ခက်ခဲသည်။
ချင်းချုံးဟွာ ကိုးထပ်ကောင်းကင် မြေခွေးမီးလျှံကို အသုံးပြုနိုင်ခြင်းသည်ပင် ဂုဏ်ယူစရာကိစ္စတစ်ခု။ ၎င်းကို အသုံးပြုပြီးနောက် သူမ၏ ဝိညာဉ်စွမ်းအင်မှာ များသောအားဖြင့် ကုန်ခန်းသွားပြီး အားနည်းနေ လေပြီ။
လုရီက ပြန်လည်ရောင်ပြန်ဟပ်လိုက်သော မီးလျှံကို ရင်ဆိုင်ရသောအခါ သူမမှာ သဘာဝအတိုင်း မထိန်းချုပ်နိုင်တော့ပေ။
ချင်းချုံးဟွာ၏ မျက်နှာ တောင့်တင်းသွားသည်။
သူမ ကမန်းကတန်း ရှောင်တိမ်းလိုက်သည်။
ပန်းရောင်မီးလျှံများသည် ဟင်းလင်းပြင်ကို ဖြတ်သန်းတိုးဝင်သွားသည်။ ချင်းချုံးဟွာကို ပွတ်တိုက်သွားသည်။
ချင်းချုံးဟွာသည် တိုးညင်းသော ညည်းညူသံတစ်ခု ပြုလိုက်သည်။ သူမ၏ မျက်နှာသည် ပန်းနုရောင်အဆင်းသို့ ပြောင်းလဲသွားလေ၏။
သူမ၏ မျက်လုံးများမှာ မူလက စွဲမက်ဖွယ်နှင့် ဖြူစင်သော်လည်း ယခုအခါ ရေများ တလိမ့်လိမ့်စီးနေသကဲ့သို့ တောက်ပနေသည်။
ချင်းချုံးဟွားက လုရီကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်ရင်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အောက်ဘက်သို့ တိုက်ရိုက်ပြေးဆင်းသွားသည်။ သူမ၏ အသံလည်း လိုက်ပါလာသည်။
"ငါ အရှုံးပေးတယ်။"
လုရီ မျက်ခုံးပင့်လိုက်သည်။ ချင်းချုံးဟွာကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်သည်။
သူမမှာ တိုက်ခိုက်ရန် အစွမ်းရှိနေသေးသင့်လျက် ဒီလိုပဲ အရှုံးပေးလိုက်တာလား။
လုရီ သူ၏ အလုပ် မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။ ချင်းချုံးဟွာကို အနိုင်ယူသည့် အလုပ်ကို ပြီးမြောက်သွားပြီဖြစ်ကြောင်း ပြသနေသည်။
ရုတ်တရက် လုရီလည်း အများကြီး မစဉ်းစားချင်တော့ဘဲ အလွန်အူမြူးသွားသည်။
သူလည်း အောက်ဘက်သို့ ပျံဆင်းသွားသည်။
အောက်ဘက်သို့ ရောက်သောအခါ လုရီသည် ချင်းချုံးဟွာနှင့် ဝမ်စီးချီတို့ နှုတ်ဆက် နေကြသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူမက
ချင်းချုံးယွင်ဟွားနှင့်အတူ ကမန်းကတန်း ထွက်ခွာသွားသည်။ ကျန်းရူယွီ၏ လှောင်ပြောင်သရော်မှုများကိုပင် ဂရုမစိုက်တော့ပေ။
လုရီ ဆင်းသက်လာသည်ကို မြင်သောအခါ
ဝမ်စီးချီက နားမလည်စွာ ကြည့်လိုက်သည်။
"ကောင်စုတ်လေး၊ မင်း ဟွားလေးကို အနိုင်ကျင့်လိုက်တာလား။ ဘာလို့ သူ ဒီလောက်မြန်မြန် ပြေးသွားရတာလဲ။"
ဝမ်စီးချီသည် အပေါ်မှ တိုက်ပွဲ၏ အသေးစိတ်ကို မခွဲခြားနိုင်ပါ။ သူမ၏ စွမ်းအားမှာ အလွန်အားနည်း၍ မြင်နိုင်သည်မှာ ကောင်းကင်သည် ကြယ်တာရာမြစ်တစ်ခုဖြင့် ပြည့်နေပြီး စူးရှတောက်ပသော ဝိညာဉ်အလင်းများ အဆက်မပြတ် တောက်ပနေခြင်းသာ။
လုရီ နားမလည်စွာ ကြည့်လိုက်သည်။
"ကျွန်တော်က သူ့ကို ဘယ်လိုလုပ် ထိမှာလဲ။ သူ သူ့ဘာသာသူ ရှုံးသွားတာ၊ ရှက်ပြီး ပြေးသွားတာနေမှာပေါ့။"
ကျန်းရူယွီနှင့် အခြားနှစ်ယောက်လည်း
နားမလည်စွာ ကြည့်နေကြသည်။ သူမတို့က တိုက်ပွဲအခြေအနေကို မသဲမကွဲသာ မြင်နိုင်သော်လည်း ပို၍ပင် ရှုပ်ထွေးနေကြသည်။
သူတို့အားလုံး လုရီက ချင်းချုံးဟွာကို
မထိမိသည်ကို မြင်ကြပြီး သူမ ဘာဖြစ်သွားသည်ကို အံ့ဩနေကြသည်။
ထိုစကားကို ကြားသောအခါ ဝမ်စီးချီက ခေါင်းအသာညိတ်လိုက်သည်။
"ဒါဆိုလည်း ပြီးတာပဲ၊ ဟွားလေးက မိန်းမကောင်းလေးတစ်ယောက်ပါ၊ နောင်မှာ သူ့ကို အနိုင်မကျင့်မိအောင် သေချာလုပ်။"
လုရီ စကားမပြောနိုင်တော့။ စိတ်ပျက်လက်ပျက်ဖြစ်သော အမူအရာ သူ့မျက်နှာပေါ်တွင် ထင်ရှားနေသည်။
ကျန်းရူယွီနှင့် အခြားသူများ၏ မျက်နှာများလည်း သုန်မှုန်သွားပြီး ချင်းချုံးဟွာအပေါ်
သူမတို့၏ မကျေနပ်မှုများ ပို၍ပင် ကြီးထွားလာသည်။
……
ချင်းချုံးဟွာနှင့် ချင်းချုံးယွင်ဟွားတို့ တိမ်ဖြူဂိုဏ်းမှ ထွက်ခွာသွားသည်။ အလင်းတန်းများအဖြစ် ပြောင်းလဲကာ မြောက်ပိုင်းနယ်မြေဘက်သို့ ပျံသန်းသွားကြသည်။
ချင်းချုံးယွင်ဟွားသည် ချင်းချုံးဟွာ၏ မျက်နှာ နီမြန်းနေပြီး သူမ၏ မျက်လုံးများ နွေဦးရေကဲ့သို့ တောက်ပနေသည်ကို မြင်ကာ နားမလည်နိုင်ပေ။
"ဟွားအာ.. ဘာဖြစ်တာလဲ။"
နှစ်ဦးသားသည် လူသူကင်းမဲ့သော တောင်တန်းတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ ချင်းချုံးဟွား၏ ခန္ဓာကိုယ် အနည်းငယ်တုန်ခါနေသည်။ သူမ ပါးစပ်ဖွင့်လိုက်သည်နှင့် နူးညံ့သော ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။
ချင်းချုံးယွင်ဟွား: "???"
သူမ ချင်းချုံးဟွာကို ထူးဆန်းစွာ ကြည့်လိုက်သည်။
"...ဟွားအာ"
ချင်းချုံးဟွား၏ မျက်နှာ လုံးဝနီမြန်းသွားပြီး သူမ လျင်မြန်စွာ ပြောလိုက်သည်။
"ဘိုးဘေး၊ ကျွန်မ ရက်အနည်းငယ် တံခါးပိတ်ကျင့်ကြံဖို့ လိုတယ်။"
ထိုစကားများဖြင့် သူမ တောင်တန်းနက်ရှိုင်းရာသို့ ဦးတည်သွားသည်။ ချင်းချုံးနန်းတော်ကို ထုတ်ယူကာ အတွင်းသို့ ပျံသန်းဝင်ရောက်သွားသည်။
ချင်းချုံးယွင်ဟွားသည် ချင်းချုံးနန်းတော်ဘက်သို့ ကြည့်လိုက်သည်။ အတွင်းမှ ထွက်ပေါ်လာသော မောဟိုက်သံများကို ကြားလိုက်ရသည်။ သူမ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုဖြင့် တုံ့ဆိုင်းနေပြီး အတွင်းသို့ မဝင်သွားခဲ့။
ချင်းချုံးနန်းတော်အတွင်း၌ ချင်းချုံးဟွာသည် မြေပြင်ပေါ်သို့ ပြိုလဲကျကာ သွားကြိတ်ရင်း
ကျိန်ဆဲလိုက်သည်။
"လုရီ၊ အဲ့ဒီလူယုတ်မာ။ ကိုးထပ်ကောင်းကင် မြေခွေးမီးလျှံက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။"
သူမ ခေါင်းခါလိုက်သည်။ သူမ၏ စိတ်ထဲတွင် စွဲလမ်းနေသော လုရီ၏ ပုံရိပ်များကို ဖယ်ရှားရန် ကြိုးစားသည်။ ခြေချိတ်ထိုင်လိုက်ပြီး ကိုးထပ်ကောင်းကင် မြေခွေးမီးလျှံကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများကို စတင်ကုသလိုက်သည်။
……
ထိုစဉ် လုရီသည် အဆက်မပြတ် စကားပြောနေသော သူ၏မိခင်ကို အိမ်သို့ပြန်ပို့ပြီးနောက် သူနှင့် ကျန်းရူယွီ၏ အဖွဲ့သုံးယောက်သည် လင်းလောင်တောင်ထိပ်သို့ ပြန်လာခဲ့ကြသည်။
"ဟွန့်။ ဟိုမြေခွေးမက အံ့ဖွယ်ဂျူနီယာမောင်လေးကို ရှုံးလို့ ရှက်သွားတာနေမှာ။"
ကျန်းရူယွီက ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဟိုမြေခွေးမက အဒေါ်ဝမ်ကို ဘယ်လိုမှော်ဆေးများ တိုက်လိုက်တာလဲ။ အဒေါ်ဝမ်က သူ့ကို တကယ်သဘောကျနေပုံပဲ၊"
ဟု ယွင်ရှီးက မကျေမနပ်ဖြင့် ညည်းညူလိုက်သည်။
လမ်းတစ်လျှောက်တွင် လုရီသည် သုံးယောက်သား ချင်းချုံးဟွာအပေါ် မကျေနပ်မှုများ ဖော်ပြနေသည်ကို သဘာဝအတိုင်း ကြားခဲ့ရလေသည်။
လင်းလောင်တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက် လုရီသည် သုံးယောက်သားကို ဂူစံအိမ်သို့ ပြန်ခေါ်သွားပြီး ထိုနေရာတွင် သူတို့ အလွန်လေးနက်သော နှစ်ကိုယ်တူကျင့်ကြံခြင်းတစ်ကြိမ် ပြုလုပ်ခဲ့ကြသည်။
ထို့နောက် လုရီသည် ကျင့်ကြံခြင်းအခန်းသို့ သွားကာ ချင်းချုံးဟွာကို အနိုင်ယူသည့် အလုပ်ကို ပြီးမြောက်ခြင်းအတွက် ဆုလာဘ်များကို စစ်ဆေးလိုက်သည်။
ဆုလာဘ်များသည် သုံးမျိုးသာရှိသော်လည်း ချီးမြှင့်သော ပစ္စည်းများမှာ ထိပ်တန်းများသာ ဖြစ်သည်။
ကြယ်တာရာခြင်ဆီမှာ ပြောစရာမလို၊ အစက် ၁၀ စက်အပြည့်။ အလယ်အလတ်တန်းစား အင်မော်တယ်လက်နက်၊ အရာခပ်သိမ်းမြေပုံ။
လုရီ တွေ့ရှိသည်မှာ ၎င်းသည် သူ ယခင်က ရရှိခဲ့သော အလယ်အလတ်တန်းစား အင်မော်တယ်လက်နက် အသခ်ျေ လျှို့ဝှက်ဆန်းကြယ် မြေပုံနှင့် အနည်းငယ် ဆင်တူသည်။
မြေပုံသည် မြေပုံ တစ်ခုအတွင်း အရာခပ်သိမ်းကို လွှမ်းခြုံထားပြီး ပြိုင်ဘက်များကို မြေပုံထဲသို့ စုပ်ယူနိုင်ကာ ဝက်ပါထဲသို့ ကျဆင်းစေသည်။
သို့သော် အရာခပ်သိမ်းမြေပုံသည် အလွန်အစွမ်းထက်သော ကြမ်းကြုတ်သည့်သားရဲများနှင့် ပုဂ္ဂိုလ်များကို အတွင်း၌ ထားရှိပြီး လုံလောက်သော ဝိညာဉ်စွမ်းအင်ရှိပါက ကြမ်းကြုတ်သည့်သားရဲများနှင့် ပုဂ္ဂိုလ်များကို မိမိကိုယ်စား တိုက်ခိုက်ရန် ဆင့်ခေါ်နိုင်သည်။
အင်မော်တယ်လက်နက်နှစ်ခုစလုံးတွင် မတူညီသော လုပ်ဆောင်ချက်များရှိသော်လည်း နှစ်ခုစလုံးသည် အလယ်အလတ်တန်းစား
အင်မော်တယ်လက်နက်များဖြစ်သည့်အလျောက် သဘာဝအတိုင်း အလွန်အစွမ်းထက်သည်။
လုရီကို အပျော်ဆုံး ဖြစ်စေသော အရာမှာ အင်မော်တယ်သိုင်းနည်းစနစ် "အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်" ဖြစ်ပြီး ၎င်းသည် တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးသော အစွမ်းထက်နည်းစနစ်တစ်ခု ဖြစ်နေခြင်းပင်။
အခန်း ၅၄၃ -ကျောက်စိမ်းအာကာသယာဉ်ကို ပြုပြင်ခြင်းနှင့် ထျန်းမင်၏ အလွန်တစ်ဖက်ဆီသို့...
~ "အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်။"
ဤကျင့်စဉ်သည် သာမန်လူသားတစ်ဦး
အ။င်မော်တယ်အဖြစ် တက်လှမ်းဓာတ်ပြောင်းခြင်း၏ နက်နဲမှုကို အဓိကထား၏။ ၎င်းသည် အလွန်တိုတောင်းသော အချိန်ကာလအတွင်း တစ်စုံတစ်ယောက်၏ ဝိညာဉ်စွမ်းအင်ကို ပေါက်ကွဲထွက်စေပြီး၊ ဝိညာဉ်စွမ်းအင်နှင့် ရုပ်ခန္ဓာ၏ အရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးကာ တိုက်ခိုက်ရေးစွမ်းအားကို အဆများစွာ တိုးမြှင့်ပေးလေသည်။ ထိုသို့သော တိုတောင်းသည့် တိုးမြှင့်မှုသည် တက်လှမ်းခြင်းကဲ့သို့သော ဓာတ်ပြောင်းမှုတစ်ခုနှင့် တူလှပြီး သဘာဝအတိုင်း အလွန်အမင်း အစွမ်းထက်လှတော့သည်။
ဤအစွမ်းမြှင့်တင်မှုတွင် အကန့်အသတ်မရှိပေ။ သင်၏ ဝိညာဉ်စွမ်းအင်က ကုန်ဆုံးမှုကို ထောက်ပံ့နိုင်သမျှ၊ သင်၏ခန္ဓာကိုယ်က ဤပေါက်ကွဲမှုကို ခံနိုင်ရည်ရှိသမျှ ကာလပတ်လုံး အဆုံးမရှိ တိုးမြှင့်သွားနိုင်၏။
လုရီသည် အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်၏ အချက်အလက်များကို ဖတ်ရှုပြီးစီးသွားသောအခါ သူ၏ မျက်လုံးများတွင် ဝမ်းမြောက်မှု အရောင်များ ဖြတ်ပြေးသွားသည်။
ငါသာ အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်ကို နက်နက်ရှိုင်းရှိုင်း ကျင့်ကြံနိုင်ရင်၊ ငါ့ရဲ့အခြေခံနဲ့ဆို ပေါက်ကွဲထွက်လာမယ့် စွမ်းအားက ကြောက်ခမန်းလိလိ ဖြစ်နေမှာပဲ။
ဤဆုလာဘ်သည် အမှန်ပင် ကျေနပ်ဖွယ်ရာဖြစ်လေသည်။
လုရီ ကျေနပ်သွားတော့သည်။ ထို့နောက် သူသည် ဤကျင့်စဉ်ကို စောစီးစွာ ကျွမ်းကျင်နိုင်ရန် အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်၏ နက်နဲမှုများကို စတင်နားလည်ရန် ကြိုးပမ်းလေ၏။
...…
လုရီသည် အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်ကို နားလည်ရန် ကြိုးပမ်းလျက် တံခါးပိတ်ကျင့်ကြံမှုကို စတင်နေစဉ်၊ သူနှင့်
ချင်းချုံးဟွာတို့၏ တိုက်ပွဲကြီးအခြေအနေကို အဝေးမှ ကျင့်ကြံသူများက သဘာဝအတိုင်း မြင်တွေ့ခဲ့ကြပြီး အနယ်နယ်အရပ်ရပ်သို့ ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။
လုရီက ချင်းချုံးဟွာကို လွယ်လွယ်ကူကူ အနိုင်ယူခဲ့သော်လည်း ဤသတင်းသည် လှုပ်လှုပ်ခတ်ခတ် သိပ်မဖြစ်ခဲ့ပေ။ နောက်ဆုံးတွင် လုရီ ယခင်က ပြသခဲ့သော စွမ်းပကားမှာ လွန်ကဲစွာ ကြီးမားနေလေရာ ဤရလဒ်ကို ကျင့်ကြံသူအားလုံးနီးပါးက မျှော်လင့်ထားပြီးသား ဖြစ်လေသည်။
ချင်းချုံးသို့ ပြန်ရောက်ပြီးနောက် ချင်းချုံးဟွာနှင့် ချင်းချုံးယွင်ဟွားတို့မှာ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ထျန်းမင်တစ်ခုလုံးသည် တည်ငြိမ်သော ကာလတစ်ခုသို့ ဝင်ရောက်သွားပုံရလေသည်။
ထိုသို့ဖြင့် အချိန်တို့ ကုန်လွန်သွားသည်။
ရှစ်နှစ်အကြာတွင် လုရီသည် မဟာယာန
လေးလွှာအဆင့်သို့ တက်လှမ်းသွားခဲ့သည်။
တစ်ချိန်တည်းတွင် သုန်းကုန်းမင်ယွဲ့သည် ကောင်းကင်မိုးကြိုး အဆီအနှစ်ကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့သည်။ ထိုနေ့က တိမ်ဖြူဂိုဏ်းအထက်မှ ကောင်းကင်ယံသည် ကောင်းကင်မိုးကြိုးများဖြင့် ပြည့်နှက်နေကာ မိုးကြိုးပင်လယ်ကြီးတစ်ခု စုဖွဲ့နေတော့၏။ ၎င်းတွင် ပါဝင်သော စွမ်းအားသည် ထျန်းမင်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
တိမ်ဖြူဂိုဏ်းပတ်လည် ကီလိုမီတာ ရာပေါင်းများစွာရှိ သာမန်လူများသည် လေထဲတွင် သေးငယ်သော လျှပ်စစ်မျှင်လေးများ ရှိနေသကဲ့သို့ ခံစားရပြီး တစ်ကိုယ်လုံး ကျင်တက်ထုံထိုင်းသွားကြသည်။
ကောင်းကင်မိုးကြိုးအဆီအနှစ်ကို စုပ်ယူပြီးနောက် သုန်းကုန်းမင်ယွဲ့သည် အင်မော်တယ်ခန္ဓာအဖြစ် ဓာတ်ပြောင်းသွားပြီး မိုးကြိုးနယ်ပယ်ကိုလည်း နိယာမနယ်ပယ်အထိ ကျွမ်းကျင်သွားခဲ့သည်။
ယွင်ရှီး၊ လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့အားလုံးသည် အင်မော်တယ်ခန္ဓာများ ဖြစ်နေကြပြီး
မဟာယာနသို့ ရောက်ပြီးနောက် နိယာမစွမ်းအားကို တဖြည်းဖြည်း ကျွမ်းကျင်လာကြသောကြောင့် သုန်းကုန်းမင်ယွဲ့တစ်ဦးတည်းသာ မွေးရာပါ ဝိညာဉ်ခန္ဓာအဖြစ် ကျန်ရှိနေခဲ့သည်။
မွေးရာပါ ပါရမီများ ထင်ရှားနေသော်လည်း မိုးကြိုးနယ်ပယ်ကို အချိန်အတန်ကြာ ပြီးပြည့်စုံအောင် ကျင့်ကြံခဲ့သော်လည်း သူမသည် နိယာမကို ကျွမ်းကျင်ရန် ထိုနောက်ဆုံးခြေလှမ်းကို
မလှမ်းနိုင်ခဲ့ပေ။ ယခုမှသာ နောက်ဆုံးအဆင့်ကို ပြီးမြောက်ကာ မိုးကြိုးနိယာမကို ကျွမ်းကျင်သွားလေတော့သည်။
ဤအတွက် လုရီသည် သဘာဝအတိုင်းပင် ဂုဏ်ပြုပေးခဲ့သည်။
အဆင့်ချိုးဖျက်ပြီးခါစဖြစ်သော သုန်းကုန်းမင်ယွဲ့သည် အလွန် မာနကြီးနေပြီး လျိုနင်ရွှမ်းနှင့်ပင် တိုက်ခိုက်လိုစိတ် ဖြစ်ပေါ်နေသည်။
သို့သော်ငြားလည်း အင်မော်တယ်ခန္ဓာအဖြစ် ဓာတ်ပြောင်းသွားသော်လည်း သုန်းကုန်းမင်ယွဲ့သည် လျိုနင်ရွှမ်းနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ကွာဟနေဆဲဖြစ်သည်။
ထို့ကြောင့် သူမသည် လျိုနင်ရွှမ်း၏ ဖိနှိပ်ခြင်းကို နောက်တစ်ကြိမ် ခံလိုက်ရပြီး ရေခဲတုံးကြီးတစ်ခုထဲတွင် လဝက်တိတိ အေးခဲခံထားရတော့သည်။ အပြင် ပြန်ထွက်လာသောအခါ သုန်းကုန်းမင်ယွဲ့သည် မျက်ရည်များပင် ကျလုနီးပါးဖြစ်ကာ စီနီယာ အစ်မစုတ်ကို ကျော်တက်နိုင်ရန် ကြိုးစားကျင့်ကြံမည်ဟု အော်ဟစ်ကျိန်ဆိုနေတော့သည်။
သူမ ရှုံးနိမ့်ခဲ့သော်လည်း သုန်းကုန်းမင်ယွဲ့ စိတ်ဓာတ်မကျခဲ့ပေ။ အကြောင်းမူကား၊ အင်မော်တယ်ခန္ဓာအဖြစ် ဓာတ်ပြောင်းပြီးနောက် သူမနှင့် လျိုနင်ရွှမ်းကြားမှ ကွာဟချက်သည် သိသိသာသာ ကျုံ့သွားပြီး သူမအား မျှော်လင့်ချက်ပေးခဲ့သောကြောင့်တည်း။
သို့သော် သုန်းကုန်းမင်ယွဲ့အတွက် အောင်ပွဲခံရန် လုရီသည် ဆယ်နှစ်ကျော်ကြာ မတွေ့ခဲ့ကြသောကြောင့် သူမနှင့်အတူ တစ်လကျော် ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့သည်။
နောက်ဆုံးတွင် သုန်းကုန်းမင်ယွဲ့က အလံဖြူပြလာမှ လုရီက နောက်ဆုံးတွင် လွှတ်ပေးလိုက်တော့သည်။
...…
သုံးဆယ့်ခြောက်နှစ်အကြာတွင် လုရီ၏ စွမ်းအားသည် နောက်တစ်ကြိမ် တိုးတက်လာပြီး မဟာယာန ခုနစ်လွှာအဆင့်သို့ ရောက်ရှိသွားသည်။
သူ၏ ကျင့်ကြံမှုအခြေခံ တိုးတက်လာသည်ထက်မက သူ၏ အခြားသော ကဏ္ဍများသည်လည်း သိသိသာသာ တိုးတက်လာခဲ့လေသည်။
၎င်းတို့အနက် အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်ကို လုရီသည် အဓိကအားဖြင့် နားလည်သဘောပေါက်ပြီး အဆင့် ၃ သို့ ကျင့်ကြံနိုင်ခဲ့သည်။
ဤအဆင့်သို့ ရောက်ရှိသောအခါ လုရီသည် အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်ကို တိုက်ပွဲတွင် အသုံးပြုနိုင်ပြီဖြစ်သည်။ သူ ဟင်းလင်းပြင်လေဟာနယ်ထဲတွင် စမ်းသပ်ကြည့်ရာ ၎င်းသည် သူ၏ စုစုပေါင်းအစွမ်းကို သုံးဆခန့် တိုးမြှင့်ပေးနိုင်သည်ကို တွေ့ရပါသည်။
လုရီသည် မူလကတည်းက အလွန်အစွမ်းထက်နေပြီဖြစ်ရာ သူ၏ အစွမ်းသုံးဆတိုးခြင်းကို ပြောစရာမလိုတော့ပေ။ သို့သော် ဝမ်းနည်းစရာမှာ သူ၏ လက်ရှိစွမ်းပကားကို စမ်းသပ်ရန် လုံလောက်အောင် အားကောင်းသော ပြိုင်ဘက်များ မရှိခြင်းပင်။
လုရီသည် သူ၏ဆရာနှင့် သိုင်းပညာဖလှယ်ရန် တစ်ခါက စဉ်းစားခဲ့ဖူးသည်။ သို့သော် သူ၏ဆရာ၏ ပေါ့ပျက်ပျက်နေတတ်သော ဟန်ပန်နှင့် သားရဲတစ်သောင်းတောင်တန်း၏ တားမြစ်နယ်မြေအတွင်း မီတာထောင်ချီမြင့်သော မိစ္ဆာနတ်ဘုရားနှင့် နောက်ဆုံးတွေ့ဆုံမှုကို ပြန်အမှတ်ရသောအခါ သူသည် ထိုအတွေးကို ပညာသားပါပါ ဖျောက်ဖျက်လိုက်သည်။
ငါ့ဆရာကတော့ ငါ့ကို အသေထိုးကြိတ်လွှတ်လိုက်မှာ သေချာတယ်။
စဉ်းစားပြီးနောက် လုရီသည် သူ လုံလောက်စွာ အားကောင်းလာမှ သူ၏ဆရာနှင့် တကယ်တမ်း တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်သည်။သူသည် ယခုထိ ထိုသို့ မောက်မာနိုင်သေးသည့် အဆင့်တွင် မရှိသေးပေ။ အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ် တိုးတက်လာသည်အပြင် အခြားကဏ္ဍများလည်း သိသာသော တိုးတက်မှုများ ရှိခဲ့သည်။
လုရီကို အဂုဏ်ယူဆုံးဖြစ်စေသည်မှာ သူ၏ ကောင်းကင်ဘုံအင်မော်တယ်အဆင့် အခင်းအကျင်းတာအိုအပေါ် နားလည်မှုသည် လုံးဝကျွမ်းကျင်သွားခြင်းပင်။
သူရရှိခဲ့သော နိယာမစွမ်းအားအမျိုးမျိုးနှင့် အလုပ်များမှ ဆုချခဲ့သော မွေးရာပါ အခင်းအကျင်းပုံစံအပိုင်းအစတို့နှင့် ပေါင်းစပ်ကာ လုရီသည် နောက်ဆုံးတွင် ကောင်းကင်ဘုံ အင်မော်တယ် အခင်းအကျင်းတစ်ခုကို တွက်ချက်ဖော်ထုတ်နိုင်ခဲ့သည်။
လုရီသည် ကောင်းကင်ဘုံ အင်မော်တယ် အခင်းအကျင်းကို တွက်ချက်ဖော်ထုတ်ရန် အလုပ် တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပြီး ဆုလာဘ်မှာ တော်တော်လေး ကြွယ်ဝလှသည်။
[အလုပ်]
ကောင်းကင်ဘုံ အင်မော်တယ် အခင်းအကျင်းကို တွက်ချက်ဖော်ထုတ်ပါ။
ဆုလာဘ်: အခင်းအကျင်းတာအို ဉာဏ်အလင်း တိုးမြှင့်မှု၊
အဆင့်နိမ့် အင်မော်တယ်လက်နက် ကောင်းကင်ဘုံမူလ အခင်းအကျင်းမြေပုံ၊
မွေးရာပါ အခင်းအကျင်းပုံစံ*၁ခု
အလုပ်ကို လက်ခံပါ: လက်ခံမည်လား/ငြင်းမည်လား။
ပြောစရာမလိုအောင်ပင် အခင်းအကျင်းတာအို ဉာဏ်အလင်း တိုးမြှင့်မှု၊ အဆင့်နိမ့် အင်မော်တယ်လက်နက် ကောင်းကင်ဘုံမူလ အခင်းအကျင်းမြေပုံက သူ့အတွက် အခင်းအကျင်းများ စီစဉ်ရာတွင် အနည်းငယ် ပိုမိုလွယ်ကူစေနိုင်၏။ အလွန်အစွမ်းထက်သော ပေါင်းစပ်အခင်းအကျင်းများ တည်ဆောက်ရာတွင် အခင်းအကျင်း၏ မျက်လုံးအဖြစ်ပင် အသုံးပြုနိုင်သည်။
မွေးရာပါ အခင်းအကျင်းပုံစံ၏ တန်ဖိုးကို လုရီ ယခင်က တွေ့ကြုံဖူးပြီးဖြစ်သည်။ သူ၏ ပေါင်းစပ်အခင်းအကျင်း နည်းစနစ်သည် ယခင်က မွေးရာပါ အခင်းအကျင်းပုံစံ အပိုင်းအစမှ ဆင်းသက်လာခြင်းဖြစ်သည်။
ဤတစ်ကြိမ်တွင် ပြီးပြည့်စုံသော မွေးရာပါ အခင်းအကျင်းပုံစံတစ်ခု ရရှိခြင်းသည် သဘာဝအတိုင်း ပို၍ပင် အစွမ်းထက်လေသည်။ဤမွေးရာပါ အခင်းအကျင်းပုံစံကို အသုံးပြုကာ သူ၏ ပေါင်းစပ်အခင်းအကျင်း နည်းစနစ်ကို ဆက်လက်မြှင့်တင်နိုင်ပြီး ထို့ကြောင့် သူ၏ အခင်းအကျင်းတာအိုစွမ်းအားကို နောက်တစ်ကြိမ် သိသိသာသာ တိုးတက်စေနိုင်သည်။ သို့သော် မွေးရာပါ အခင်းအကျင်းပုံစံကို နားလည်ရန် အချိန်မရှိသေးပေ။
စင်စစ်တွင် လုရီအတွက် ယခု ကျင့်ကြံရန် လိုအပ်သော အရာများမှာ နည်းပါးသည်မဟုတ်ပါ။ သူသည် အခြေခံတည်ထောင်ခြင်းအတွက် တာအိုရတနာအမျိုးမျိုးနှင့် ကစဉ့်ကလျား ချီစွမ်းအင်များကို စုပ်ယူခဲ့သောကြောင့်သာ သူ၏ ပါရမီများသည် မယုံနိုင်လောက်အောင် အားကောင်းနေပြီး ဤမျှတိုတောင်းသော အချိန်အတွင်း အခင်းအကျင်းတာအိုတွင် ဤသို့လျင်မြန်သော တိုးတက်မှုကို ရရှိခဲ့ခြင်းဖြစ်သည်။
အခင်းအကျင်းတာအိုအပြင် လုရီသည် ထွက်ခွာခြင်းမီး လက်နက်သန့်စင်ခြင်း နည်းစနစ်နှင့်ထွက်ခွာခြင်း ဆေးလုံးသန့်စင်ခြင်း စွမ်းရည်တို့ကိုလည်း ရရှိခဲ့သည်။
ဤကျင့်ကြံခြင်း နည်းစနစ်နှစ်ခုစလုံးသည် ကောင်းကင်ဘုံအင်မော်တယ်အဆင့် ဖြစ်သည်။
လုရီသည် ဉာဏ်အလင်းများ စတင်ရရှိလာသည်။ သူ၏ ကျောက်စိမ်းအာကာသယာဉ်သည် ယခင်က ကျိုယို အင်မော်တယ်သားရဲနှင့် တိုက်မိခဲ့သောကြောင့် ရှေ့ပိုင်း ပျက်စီးသွားသဖြင့် ထွက်ခွာခြင်းမီး လက်နက်သန့်စင်ခြင်း နည်းစနစ်ကို ကျွမ်းကျင်ရန် အဓိကအာရုံစိုက်ခဲ့သည်။
လုရီသည် ကျောက်စိမ်းအာကာသယာဉ်ကို ပြုပြင်ရန် စဉ်းစားမိသည်။ နှစ်များတစ်လျှောက် သူ၏ ထိုးထွင်းဉာဏ်များသည် သူ၏ ထွက်ခွာခြင်းမီး လက်နက်သန့်စင်ခြင်း နည်းစနစ်ကို သိသိသာသာ တိုးတက်စေခဲ့ပြီး အဆင့် ၄ သို့ ရောက်ရှိသွားကာ အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်ထက်ပင် ပိုမိုအားကောင်းနေသည်။
တစ်နေ့တွင် လုရီသည် သူ၏ ဂူစံအိမ်ထဲ၌ ရှိနေ၏။ သူသည် ကောင်းကင်ဘုံမူလ အခင်းအကျင်းမြေပုံကို အသုံးပြုကာ အလွန်အစွမ်းထက်သော အခင်းအကျင်းကြီးတစ်ခုကို တည်ဆောက်ပြီး အပြင်လောကကို သီးခြားခွဲထုတ်လိုက်သည်။
သူသည် ထွက်ခွာခြင်းမီး လက်နက်သန့်စင်ခြင်း နည်းစနစ်ကို အသုံးပြုကာ ကျောက်စိမ်းအာကာသယာဉ်ကို ပြုပြင်ပါတော့မည်။
ထွက်ခွာခြင်းမီးဟုခေါ်သော မီးသည် အလွန်အစွမ်းထက်သော မီးလျှံ တစ်မျိုးဖြစ်ပြီး သာမန်မီးမဟုတ်ဘဲ အင်မော်တယ် မီးတစ်မျိုးတည်း။
ကံကောင်းစွာပင် ယခင် အလုပ် တစ်ခုတွင် အဆင့်နိမ့် အင်မော်တယ်လက်နက်တစ်ခုဖြစ်သော ရွှေမီးလျှံ သန့်စင်ခြင်းဖိုဟုခေါ်သည့် သန့်စင်ဖိုတစ်ခုကို ဆုအဖြစ်ရရှိခဲ့ပြီး ၎င်းတွင် ထွက်ခွာခြင်းမီးနှင့် နှိုင်းယှဉ်နိုင်သော အားကောင်းသည့် ရွှေမီးလျှံများ ပါဝင်နေသည်။
အကယ်၍ ဤရွှေမီးလျှံ သန့်စင်ခြင်းဖိုသာ မရှိပါက လုရီသည် ကျောက်စိမ်းအာကာသယာဉ်ကို ပြုပြင်ရန် ယခု စဉ်းစားမိမည် မဟုတ်ပေ။
ရွှေမီးလျှံ သန့်စင်ခြင်းဖိုသည် သုံးမီတာခန့်မြင့်သော ရွှေရောင်ဖိုကြီးတစ်ခုဖြစ်ပြီး ၎င်းပေါ်တွင် မီးလျှံပုံစံများ ထွင်းထုထား၏။ ဖိုတစ်ခုလုံးသည် ဆန်းကြယ်သော တာအိုပုံစံများဖြင့်
တဖျပ်ဖျပ်လင်းလက်နေသည်။
ဤဖိုကို ထုတ်ယူလိုက်ရုံမျှဖြင့် လုရီသည် အလွန်မြင့်မားသော အပူချိန်ကို ခံစားလိုက်ရသည်။ သူ၏ မီးတာအိုသည် ပြီးပြည့်စုံသော နယ်ပယ်အဆင့်သို့ ရောက်ရှိနေပြီး နိယာမနယ်ပယ်နှင့် အလှမ်းဝေးနေသေးသော်လည်း သူ၏ကိုယ်ပိုင်အစွမ်းဖြင့် ရွှေမီးလျှံ သန့်စင်ခြင်းဖိုကို မနည်းမနော အသက်သွင်းနိုင်ခဲ့သည်။
ပြုပြင်ရန် လိုအပ်သော ပစ္စည်းများအတွက်မူ လုရီ၏ ယခင် အလုပ်များမှ ဆုလာဘ်များတွင် လက်နက် သန့်စင်ရန် သင့်လျော်သော
အင်မော်တယ် အဆင့် ကောင်းကင်နှင့် မြေကြီးရတနာအချို့ ပါဝင်သည်။ လုရီသည် ကျောက်စိမ်းအာကာသယာဉ်နှင့် အလိုက်ဖက်ဆုံးဖြစ်သော ကြယ်တာရာသံကို ရွေးချယ်လိုက်သည်။
သူသည် လေးနက်သော အမူအရာဖြင့် လီဟို လက်နက်သန့်စင်ခြင်း နည်းစနစ်၏ နည်းလမ်းများအတိုင်း လိုက်နာကာ အခင်းအကျင်းပုံစံများကို အဆက်မပြတ် ပြောင်းလဲလိုက်သည်။ ကြယ်တာရာသံကို အရည်ကျိုကာ ကျောက်စိမ်းအာကာသယာဉ်ကို ပြုပြင်မွမ်းမံလိုက်၏။
နှစ်လကျော် ကြာမြင့်ခဲ့သော်လည်း ထိုကာလအတွင်း သူသည် ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းရန် ဝိညာဉ်ကျောက်စိမ်းများကို အကြိမ်များစွာ ဖြည့်တင်းခဲ့ရသည်။ သို့သော် အလုံးစုံရလဒ်မှာ တော်တော်လေး ကျေနပ်ဖွယ်ရာဖြစ်ခဲ့သည်။
အဆင့် ၄ ထွက်ခွာခြင်းမီး လက်နက်သန့်စင်ခြင်း နည်းစနစ်ကို အခြေခံအဖြစ်ထားကာ သူသည် ကျောက်စိမ်းအာကာသယာဉ်ကို ကြီးကြီးမားမား ပြဿနာမရှိဘဲ ပြုပြင်နိုင်ခဲ့သည်။
ပြုပြင်ပြီးသော ကျောက်စိမ်းအာကာသယာဉ်ကို ကြည့်ရင်း လုရီ၏ ချောမောသော မျက်နှာထက်ဝယ် အပြုံးရိပ်တစ်ခု ပေါ်လာသည်။
ငါ့ရဲ့ လက်ရှိ လီဟို လက်နက်သန့်စင်ခြင်း နည်းစနစ်အဆင့်နဲ့ဆိုရင် ငါ အင်မော်တယ်လက်နက်တစ်ခုတောင် သွင်းလုပ်နိုင်လောက်ပြီလား။
သို့သော် သူ၏ လက်ရှိ အင်မော်တယ်အဆင့် ကောင်းကင်ဘုံရတနာနှင့် မြေကြီးရတနာ လက်ကျန်မှာ မလုံလောက်သောကြောင့် ဤကိစ္စကို နောက်မှ ကိုင်တွယ်ရပါမည်။
.. ပြီးတော့ ငါ့မှာ အင်မော်တယ်လက်နက်တွေ လုံလောက်အောင် ရှိနေပြီ၊ ဒါဇင်ပေါင်းများစွာ တောင်မှလေ။ ဒီအကြောင်းကို ထပ်မဆွေးနွေးတော့ဘူး။..
အကယ်၍သာ သူ၏ ဆရာတူ ညီအစ်မများ အားမကောင်းသေးသောကြောင့်သာ မဟုတ်လျှင် လုရီသည် သူမတို့တစ်ယောက်ချင်းစီကို အင်မော်တယ်လက်နက်တစ်ခုစီ ပေးချင်နေခဲ့သည်။ သူမတို့ ကပ်ဘေးဖြတ်ကျော်နယ်ပယ်သို့ ရောက်မှ အင်မော်တယ်လက်နက်များ ပေးရလေမည်။
ကျောက်စိမ်းအာကာသယာဉ်ကို ပြုပြင်ပြီးနောက် လုရီသည် လျိုနင်ရွှမ်းနှင့် အခြားသူများကို စဉ်းစားမိပြီး တစ်စုံတစ်ခုကို ပြန်အမှတ်ရသွားသည်။
သူ ယခင်က လျိုနင်ရွှမ်းနှင့် အခြားသူများကို စကြာဝဠာထဲတွင် အပျော်ခရီးထွက်ရန် စဉ်းစားခဲ့ဖူးသည်။ သို့သော် ထို့နောက် ကျောက်စိမ်းအာကာသယာဉ် ပျက်စီးသွားပြီး လုရီ ထိုအကြောင်းကို မေ့သွားခဲ့သည်။ ယခု ကျောက်စိမ်းအာကာသယာဉ် ပြုပြင်ပြီးလေပြီ။
သူတို့အားလုံးလည်း အချိန်ကြာကြီး တံခါးပိတ်ကျင့်ကြံနေခဲ့ကြတာပဲ။
စကြာဝဠာကို လှည့်လည်ကြည့်ရှုရင် မကောင်းဘူးလား။
လုရီသည် ကမ္ဘာ ကူးပြောင်းလာသူ ဖြစ်သည့်အလျောက် သူ၏ ယခင်ဘဝကို ပြန်အမှတ်ရမိသည်။
ထိုဘဝတွင် နိုင်ငံတစ်နိုင်ငံချင်းစီသည် အာကာသပြိုင်ပွဲကို စတင်ခါစသာ ရှိပြီး လပေါ်တွင်ပင် မရှင်သန်နိုင်ကြ၊ လသို့ ရောက်ဖူးသူမှာလည်း အလွန်နည်းပါးလှသည်။
သို့သော် ဤဘဝသည် မတူတော့။ ကျင့်ကြံသူများသည် တစ်ဦးချင်းအနေဖြင့် အလွန်အစွမ်းထက်ပြီး ကျင့်ကြံခြင်းရတနာများသည်လည်း အလားတူပင် အလွန်အစွမ်းထက်လှသည်။
ကျောက်စိမ်းအာကာသယာဉ်ကဲ့သို့ အလင်းအောက်မြန်နှုန်းဖြင့် သွားလာနိုင်သော အာကာသယာဉ်သည် သူ၏ ယခင်ဘဝမှ သိပ္ပံပညာရှင်အများစု အိပ်မက်ပင် မမက်နိုင်သော အရာတစ်ခုဖြစ်သည်။
ဤသို့တွေးမိသောအခါ လုရီသည် စိတ်လှုပ်ရှားမှုများ တစ်ဟုန်ထိုး တက်လာသည်။ သူ ကျောက်စိမ်းအာကာသယာဉ်ကို သိမ်းဆည်းလိုက်ပြီး ဂူစံအိမ်မှ ထွက်ခွာကာ လျိုနင်ရွှမ်းနှင့် အခြားသူများကို သွားရှာတော့သည်။
"စကြာဝဠာထဲ လျှောက်လည်မယ် ဟုတ်လား။ အရမ်းကောင်းတာပေါ့။"
သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများ တလက်လက်တောက်ပလာသည်။ သူမသည် သဘာဝအတိုင်း တက်ကြွပြီး ထိုသို့သော စွန့်စားမှုများကို အလွန်စိတ်ဝင်စားသည်။
"လုရီက သွားချင်မှတော့ ငါလည်း လိုက်ခဲ့မယ်လေ၊"
ယွင်ရှီးက သူမ၏ နတ်သမီးကဲ့သို့သော မျက်နှာလေးဖြင့် ပြုံးကာ ပြောလိုက်သည်။
ကျန်းရူယွီနှင့် လျိုနင်ရွှမ်းတို့လည်း ပြုံးကာ ခေါင်းညိတ်ကြပါသည်။ နောက်ဆုံးတွင်
သူမတို့သည်လည်း စကြာဝဠာအကြောင်းကို အလွန်သိချင်နေကြသည် မဟုတ်ပါလား။
ထို့ကြောင့် လုရီသည် လေးယောက်လုံးကို ကျောက်စိမ်းအာကာသယာဉ်ပေါ်သို့ ခေါ်ဆောင်သွားပြီး ၎င်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နေရာမှ ပျောက်ကွယ်သွားသည်။
ချက်ချင်းနီးပါးပင် ကျောက်စိမ်းအာကာသယာဉ်သည် ထျန်းမင်မှ ထွက်ခွာပြီး ဟင်းလင်းပြင်လေဟာနယ်ထဲသို့ ဝင်ရောက်သွားသည်။
သုန်းကုန်းမင်ယွဲ့နှင့် အခြားသူများသည် အောက်ဘက်တွင် စကျင်ကျောက်လုံးအရွယ်သို့ ကျုံ့သွားသော ထျန်းမင်ကို စိုက်ကြည့်ရင်း အားလုံး မျက်လုံးများပြူးကျယ်ကာ ခဏတာ မှင်တက်သွားကြသည်။
"အဲ့ဒါ ထျန်းမင်လား။"
သုန်းကုန်းမင်ယွဲ့က အော်လိုက်သည်။
လုရီက အပြုံးဖြင့် ခေါင်းညိတ်ရင်း အံ့ဩစွာပင်
"ဟုတ်တယ်၊ ဒီကနေကြည့်တော့ တော်တော်လေး သေးနေတယ် မဟုတ်လား။"
ကျန်းရူယွီကလည်း ချီးကျူးလိုက်သည်။
"ထျန်းမင်က ဒီလောက်ကျယ်ပြောတာ၊ သာမန်လူတွေ ဘဝပေါင်းများစွာ ဖြတ်သန်းလို့တောင် မကုန်နိုင်ဘူး။ ဒါပေမဲ့ အာကာသထဲက ကြည့်တော့ ဒီလောက်သေးသေးလေးပဲ။"
လျိုနင်ရွှမ်းက ခေါင်းအသာညိတ်ပြီးနောက် ပတ်ဝန်းကျင်မှ အဆုံးမဲ့ဟင်းလင်းပြင်နှင့် မှိတ်တုတ်လင်းလက်နေသော ကြယ်များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ထျန်းမင်လို နေရာတွေက စကြာဝဠာထဲမှာ အလျှံပယ်ပဲ။ ငါတို့က ရေတွင်းထဲက ဖားသူငယ်တွေလိုပဲ၊ ကောင်းကင်ကို မြင်တဲ့အမြင်က အကန့်အသတ်နဲ့။"
လုရီလည်း သူ၏ နှလုံးသားထဲတွင် သက်ပြင်းချမိသည်။ ထျန်းမင်သည် အမှန်ပင် ကျယ်ပြောပြီး ကမ္ဘာမြေထက် များစွာကြီးမားသော်လည်း စကြာဝဠာထဲတွင်မူ ဖုန်မှုန့်တစ်စနှင့်တူနေဆဲပင်။
လုရီသည် နက်ရှိုင်းသော လေဟာနယ်ဘက်သို့ ကြည့်ကာ ရယ်မောလိုက်သည်။
"ထျန်းမင်နဲ့ ပိုဝေးတဲ့နေရာတွေကို သွားကြည့်ကြရအောင်။"
ထိုအခါ လျိုနင်ရွှမ်းနှင့် အခြားသူများသည် မျှော်လင့်ချက်များအပြည့်ဖြင့် ခေါင်းညိတ်ကြသည်။
လုရီသည် ကျောက်စိမ်းအာကာသယာဉ်ကို ထိန်းချုပ်ကာ ပိုမိုဝေးကွာသော နေရာတစ်ခုဆီသို့ ပျံသန်းသွားတော့သည်။
ထျန်းမင်မှ ထွက်ခွာပြီးနောက် လုရီသည်
ထျန်းမင်အပြင်ဘက်မှ နေမင်းသည်လည်း မယုံနိုင်လောက်အောင် ကြီးမားပြီး သူ၏ ယခင်ဘဝမှ နေမင်းကို များစွာကျော်လွန်နေသည်ကို သိရှိလိုက်ရသည်။
ပြင်းထန်သောအပူကို ထုတ်လွှတ်နေသော စွမ်းအားသည် သူ၏ နှလုံးသားကို အလွန်အမင်း တုန်ခါစေသည်။
အင်မော်တယ်များအတွက်ပင် ထိုသို့သော နေမင်းနှင့် ရင်ဆိုင်ရပါက အန္တရာယ်ရှိနိုင်သည် မဟုတ်ပါလား။
ကြယ်စနစ်တစ်ခုလုံးတွင် ထျန်းမင်အပြင် အခြားဂြိုဟ်အနည်းငယ် ရှိနေသေးသည်။ ကျောက်စိမ်းအာကာသယာဉ် ဖြတ်သန်းသွားစဉ် လုရီနှင့် အခြားသူများသည် အံ့ဩတကြီး ချီးကျူးကြသည်။
သူတို့သည် ဤဂြိုဟ်များတွင် သက်ရှိ မရှိသည်ကို မကြာမီ သိရှိလိုက်ရသည်။ ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူများသည် ထိုနေရာတွင် ရှင်သန်နိုင်သော်လည်း မလိုအပ်ပေ။ ကြမ်းတမ်းသော အခြေအနေများသည် ကျင့်ကြံရန် အဆင်မပြေပေ။ တောထွက် ရသေ့တစ်ပါး မဟုတ်ပါက ထိုသို့သော လူသူကင်းမဲ့သည့် နေရာကို ကျင့်ကြံရန် မည်သူမျှ ရွေးချယ်မည် မထင်ပါ။
သူတို့ ကြယ်စနစ်တစ်ခုလုံးမှ ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် လုရီနှင့် အခြားသူများသည် ရုတ်တရက် ရပ်တန့်သွားပြီး ဦးတည်ရာတစ်ခုသို့ ခေါင်းလှည့်လိုက်ကြသည်။
ထိုနေရာတွင် နက်ရှိုင်းစွာမည်းမှောင်နေသော ဟင်းလင်းပြင်တစ်ခုသည် လိမ်ယှက်နေပြီး ကြီးမားသော တွင်းနက်တစ်ခုအဖြစ် ဖြည်းညင်းစွာ ပြောင်းလဲနေသည်။ ၎င်း၏ အတွင်းပိုင်းမှာ နက်ရှိုင်းလှပြီး အတွင်းမှ မြင်ကွင်းကို မမြင်နိုင်ပေ။