အခန်း (၅၄၄-၅၄၆)
Vol. 37 Ch. 544-546
အခန်း ၅၄၄- ကောင်းကင်ဘုံ မိစ္ဆာအုပ်စု
"အဲ့ဒါ ဘာကြီးလဲ။" ကျန်းရူယွီ အနည်းငယ် အံ့အားသင့်သွား၏။
လုရီလည်း နားမလည်နိုင်ပေ။ သူ ခေါင်းခါလိုက်သည်။ "ကျွန်တော်လည်း မသိဘူး။"
ထိုအခိုက်အတန့်၌ ထိုလိမ်ယှက်နေသော ဟင်းလင်းပြင်ထဲမှ အားကောင်းသော အရှိန်အဝါတစ်ခု ယိုစိမ့်ထွက်လာသည်။ ထို့နောက် ပုံရိပ်အချို့ လျင်မြန်စွာ ထွက်ပေါ်လာတော့သည်။
ဤပုံရိပ်များသည် အနက်ရောင်ဝတ်ရုံများ လွှမ်းခြုံထားပြီး၊ ထူထပ်သော မိစ္ဆာအလင်းတွင် နစ်မြုပ်နေကြ၏။ အလွန်ပြင်းထန်သော မိစ္ဆာသဘာဝကို ထုတ်လွှတ်နေကာ အရပ်အမောင်းမှာလည်း အလွန်မြင့်မားလှသည်။
ဤအရိပ်များထဲမှ အသေးဆုံးသည်ပင် မီတာတစ်ရာ မြင့်၏။ ဦးဆောင်နေသော အရိပ်နှစ်ခုမှာမူ ကီလိုမီတာ တစ်ခုကို ကျော်လွန်နေတော့သည်။
ဤအရိပ်များ ပေါ်ထွက်လာပြီးနောက် မိစ္ဆာလမ်းစဉ်၏ စွမ်းအားတို့ ပျံ့နှံ့နေသည့်အလား လေဟာနယ်ထဲမှ မိစ္ဆာစွမ်းအားများသည် အလွန်တက်ကြွလာ၏။
"မိစ္ဆာတာအို နိယာမလား။ သူတို့က အင်မော်တယ်တွေလား။" လျိုနင်ရွှမ်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက..." လုရီ၏ အမူအရာ ပြောင်းလဲသွား၏။ ဤအရိပ်များသည် သူ သားရဲတစ်သောင်းတောင်တန်း၏ နက်ရှိုင်းရာတွင် တစ်ခါ လှစ်ကနဲ မြင်တွေ့ခဲ့ဖူးသော ဆယ်ကီလိုမီတာမြင့်သည့် မိစ္ဆာနတ်ဘုရားနှင့် ဆင်တူနေသည်။
"သူတို့က ကောင်းကင်ဘုံ မိစ္ဆာတွေပဲ။" လုရီ၏ မျက်နှာထား တင်းမာသွားသည်။
"ကောင်းကင်ဘုံ မိစ္ဆာတွေ။ ဒီအရာတွေက ကောင်းကင်ဘုံ မိစ္ဆာတွေတဲ့လား။" ကျန်းရူယွီနှင့် အခြားသူများ၏ အမူအရာများ ပြောင်းလဲသွားကြ၏။
ကောင်းကင်ဘုံ မိစ္ဆာများ၏ ဒဏ္ဍာရီသည် ထျန်းမင်တွင် ပလူပျံနေသော်လည်း သူတို့အားလုံးမှာ ငယ်ရွယ်ကြသေးသည်။ နှစ်တစ်ထောင်ပင်
မပြည့်သေးသောကြောင့် ကောင်းကင်ဘုံ မိစ္ဆာကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ယခု ဤသည်တို့မှာ ကောင်းကင်ဘုံ မိစ္ဆာများဖြစ်ကြောင်း ကြားရသောအခါ သူတို့ ရုတ်တရက် စိတ်လှုပ်ရှားလာကြတော့သည်။
လေးယောက်လုံးသည် ဟင်းလင်းပြင်မှ ပေါက်ကွဲထွက်လာသော အရိပ်များကို သတိကြီးစွာဖြင့် စိုက်ကြည့်နေကြ၏။
ထိုအခိုက်။
ထိုဦးဆောင်နေသည့် ကီလိုမီတာမြင့်သော မိစ္ဆာကြီးသည် ရုတ်တရက် ကျောက်စိမ်းအာကာသယာဉ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်တော့သည်။
လုရီ၏ မျက်နှာ ပြောင်းလဲသွားသည်။
ငါတို့ကို တွေ့သွားပြီ။
သူ ချက်ချင်းပင် ကျောက်စိမ်းအာကာသယာဉ်ကို ထိန်းချုပ်လိုက်သည်။ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ပျံသန်းထွက်ခွာသွားလေသည်။
ဤဦးဆောင်နေသော ကောင်းကင်ဘုံ မိစ္ဆာ၏ အရှိန်အဝါမှာ အလွန်အမင်း အားကောင်းလှ၏။ အင်မော်တယ်အဆင့်တစ်ခု ဖြစ်နိုင်သည်။ လုရီပင်လျှင် ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားနေရသည်။ ထို့အပြင် ဟင်းလင်းပြင်မှာ မပိတ်သေးဘဲ အရိပ်များ ဆက်လက်ပေါ်ထွက်နေဆဲ။ အတွင်းထဲတွင် ပိုမိုအားကောင်းသော ကောင်းကင်ဘုံ မိစ္ဆာများ ရှိနေသေးသလား မည်သူမျှ မသိနိုင်။
ဤသည်မှာ လုရီက ကောင်းကင်ဘုံ မိစ္ဆာများကို သုတ်သင်ရန် မဆင်မခြင် ပြေးထွက်သွားရမည့် အခြေအနေမဟုတ်ပေ။
ထိုသို့သော မဆင်မခြင် လုပ်ရပ်များသည် ကောင်းသော အဆုံးသတ်မျိုး မရှိတတ်။ အကောင်းဆုံးနည်းလမ်းမှာ ဆရာနှင့် အဘွား
ယွင်လင်ကို အကြောင်းကြားရန်သာ ဖြစ်သည်။
သူမတို့၏ စွမ်းပကားဖြင့် ဤကောင်းကင်ဘုံ မိစ္ဆာများကို ကိုင်တွယ်နိုင်ပေလိမ့်မည်။
ကျောက်စိမ်းအာကာသယာဉ် စတင်ထွက်ခွာစဉ်မှာပင် ရုတ်တရက် ကြီးမားပြီး ပြိုင်ဘက်ကင်းသော ဆွဲငင်အားတစ်ခု ရောက်ရှိလာသည်။ ကျောက်စိမ်းအာကာသယာဉ်တစ်ခုလုံး အနည်းငယ် တုန်ခါသွား၏။
လုရီနှင့် အခြားသူများ၏ မျက်နှာများ ပြောင်းလဲသွားသည်။ သူတို့ နောက်သို့ လှည့်ကြည့်လိုက်ကြ၏။
သူတို့၏ နောက်တွင် ကီလိုမီတာမြင့်သော ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်သည် သူတို့၏ လက်များကို ဖြန့်ကျက်ထားသည်။ ကြောက်မက်ဖွယ် မိစ္ဆာချီစွမ်းအင်သည် သူတို့၏ လက်မောင်းများကြားတွင် စုစည်းကာ တွင်းနက်နှစ်ခုကို ဖန်တီးလိုက်သည်။ ဤတွင်းနက်များက ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်ပြီး ကျောက်စိမ်းအာကာသယာဉ်ကို ဆွဲငင်ကာ ပြန်လည်ဆွဲခေါ်ရန် ကြံရွယ်နေသည်။
ကျောက်စိမ်းအာကာသယာဉ်၏ အရှိန်မှာ အလွန်မြန်ဆန်ပြီး အလင်းအောက်မြန်နှုန်းသို့ ရောက်ရှိနိုင်သော်လည်း ဤမျှအားပြင်းသော ဆွဲငင်အားအောက်တွင် ၎င်း၏အရှိန်မှာ သိသိသာသာ နှေးကွေးသွားသည်။ အင်မော်တယ်လက်နက် ကိုယ်နှိုက်ပင် တုန်ခါလာတော့သည်။
တစ်ချိန်တည်းတွင် အခြားသော ကောင်းကင်ဘုံ မိစ္ဆာများ ဟိန်းဟောက်လိုက်ကြသည်။ လုရီနှင့် အခြားသူများ နားမလည်နိုင်သော စကားလုံးများကို ထုတ်လွှတ်ကြသည်။ သူတို့ အလင်းတန်းများအဖြစ် ပြောင်းလဲကာ ကျောက်စိမ်းအာကာသယာဉ်နောက်သို့ လိုက်လာကြ၏။
"အားကောင်းလိုက်တာ။ ကျောက်စိမ်းအာကာသယာဉ်ကိုတောင် နှေးသွားအောင် လုပ်နိုင်တယ်တဲ့လား။" သုန်းကုန်းမင်ယွဲ့၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။
"ပုံမှန်မဟုတ်တဲ့ ဂျူနီယာမောင်လေး၊ ဘယ်လိုလုပ်ကြမလဲ။" ကျန်းရူယွီ မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ လက်ထဲတွင် ကျောက်စိမ်းဓားတစ်လက်ကို အစင့် ဆင့်ခေါ်လိုက်၏။ သူမမှာ သိသိသာသာပင် ပူပန်နေလေသည်။
လုရီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ။ သူသည် ဝိညာဉ်ကျောက်စိမ်း ပမာဏအများအပြားကို ထိန်းချုပ်အခင်းအကျင်း၏ မျက်လုံးထဲသို့ ထည့်လိုက်၏။
နောက်တစ်ခဏ၌။
ကျောက်စိမ်းအာကာသယာဉ်၏ နောက်တွင် အလွှာပေါင်းများစွာသော ကြီးမားသည့် အခင်းအကျင်းပုံစံများ စုစည်းလာသည်။ အတွင်း၌ ဝိညာဉ်စွမ်းအင်များ တိုးဝင်လာပြီး ဧရာမ ဝိညာဉ်စွမ်းအင် အလင်းလုံးကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာ၏။ ၎င်းသည် ကီလိုမီတာမြင့်သော ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်ဘက်သို့ ပစ်လွှတ်သွားတော့သည်။
ဝိညာဉ်စွမ်းအင် အလင်းလုံးတွင် အလွန်အားကောင်းသော စွမ်းအားများ ပါဝင်နေ၏။ တွင်းနက်များမှ ဖော်ထုတ်ထားသော ဆွဲငင်အားကို လှုပ်ခတ်သွားစေသည်။ ကျောက်စိမ်းအာကာသယာဉ်သည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မျက်မြင်မှ ပျောက်ကွယ်သွားလေသည်။
နောက်မှ ကောင်းကင်ဘုံ မိစ္ဆာအုပ်စု ဟိန်းဟောက်လိုက်ပြီး မိစ္ဆာအလင်းတန်းများကို ပစ်လွှတ်ကြ၏။ အားလုံးမှာ လေဟာနယ်ထဲသို့သာ ကျရောက်သွားသည်။ လေဟာနယ်ကို တုန်ခါသွားစေရုံသာမက ၎င်း၏ နောက်ဆက်တွဲဂယက်မှာ ကီလိုမီတာ သန်းပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။
ကျောက်စိမ်းအာကာသယာဉ်အတွင်း၌ လျိုနင်ရွှမ်းနှင့် အခြားသူများသည် သူတို့၏ ကျင့်ကြံခြင်းရတနာများကို တိတ်တဆိတ် ချထားလိုက်ကြပြီး အားလုံး သက်ပြင်းတစ်ချက် ချလိုက်ကြသည်။
ယွင်ရှီးက စကားစလိုက်သည်။
"ဒီကောင်းကင်ဘုံ မိစ္ဆာတွေက အရမ်းအားကောင်းတာပဲ၊ ကျောက်စိမ်းအာကာသယာဉ်တောင် အနိုင်နိုင် လွတ်မြောက်ခဲ့ရတာ..."
လုရီလည်း ခေါင်းအသာညိတ်လိုက်၏။ သူ၏ အမူအရာမှာ လေးနက်နေသည်။
အင်မော်တယ်များ၏ စွမ်းအားသည် သူ၏ စိတ်ကူးထက် များစွာကျော်လွန်နေကြောင်း သူ သိရှိလိုက်ရသည်။ စွမ်းအားတစ်ခုသည် အဆင့်တစ်ခုသို့ ရောက်ရှိသောအခါ တွင်းနက်များကိုပင် တုပဖန်တီးနိုင်သည်တဲ့လား။ ထိုသို့သော ကြီးမားလှသည့် ဆွဲငင်အားပင်။
ထိုတွင်းနက်နှစ်ခုမှာ အတော်လေး သေးငယ်ပြီး ကျောက်စိမ်းအာကာသယာဉ်မှာ သူတို့နှင့် အတော်လေး ဝေးကွာနေသောကြောင့်သာ ဖြစ်သည်။ သို့မဟုတ်လျှင် လွတ်မြောက်ရန် အခွင့်အရေးရှိမည် မဟုတ်ပေ။
"ထျန်းမင်အပြင်ဘက်က တကယ်ပဲ အန္တရာယ်များတာပဲ။" သုန်းကုန်းမင်ယွဲ့ခမျာ စကားမပြောနိုင်တော့ပေ။
လုရီလည်း တင်းမာသော အမူအရာ ရှိနေ၏။ သူတို့ ထျန်းမင်နှင့် မဝေးသေးသည့်နေရာမှာပင် ထိုသို့သော သတ္တဝါနှင့် ကြုံတွေ့ခဲ့ရသည်။ စကြာဝဠာသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
လျိုနင်ရွှမ်းသည် သူတို့၏ နောက်ဘက်ရှိ ဦးတည်ရာသို့ ကြည့်လိုက်၏။ သူမ၏ အေးစက်လှပသော မျက်နှာသည် လေးနက်သော အမူအရာကို ဆောင်ထားသည်။
"အခု ဒါကို ဆွေးနွေးရမယ့်အချိန် မဟုတ်ဘူး။ ဟိုကောင်းကင်ဘုံ မိစ္ဆာတွေက ဟိုဟင်းလင်းပြင်ကနေ ပေါ်လာတာ၊ ပြီးတော့ သူတို့ တော်တော်များပုံရတယ်။ သူတို့သာ ထျန်းမင်ဘက်ကို ဦးတည်နေတယ်ဆိုရင်... ဒါဆို ဒုက္ခရောက်ကုန်တော့မှာပဲ။"
လုရီနှင့် အခြားသူများလည်း ခေါင်းညိတ်ကြသည်။
လုရီ၏ အမူအရာသည်လည်း လေးနက်သော လေသံကို ဆောင်နေလေ၏။
"ကျွန်တော်စိုးရိမ်တာက သူတို့ တကယ်ပဲ ထျန်းမင်ဘက်ကို ဦးတည်နေကြတာပဲ။"
လုရီသည် ယခင်က ထိုမိစ္ဆာနတ်ဘုရားကို သားရဲတစ်သောင်းတောင်တန်းဒေသတွင် မြင်တွေ့ခဲ့ဖူးသည်။ ထိုမိစ္ဆာနတ်ဘုရားသည် သူ၏ စည်းချခံရမှုမှ လွတ်မြောက်သွားသည်မှာ အချိန်အတန်ကြာပြီဖြစ်ပုံရပြီး ကောင်းကင်ဘုံ မိစ္ဆာများကို ဆင့်ခေါ်နေခြင်း ဖြစ်နိုင်သည်။
လုရီသည် သူ၏ အတွေးများကို လျိုနင်ရွှမ်းနှင့် အခြားသူများအား မျှဝေလိုက်ရာ သူတို့၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။
"ဒါဆို ဆရာ့ကို အကြောင်းကြားဖို့ မြန်မြန်ပြန်သင့်တယ်။" သုန်းကုန်းမင်ယွဲ့က ပြောလိုက်သည်။
လုရီလည်း ခေါင်းအသာညိတ်လိုက်သည်။ "အင်း။"
သူ ကျောက်စိမ်းအာကာသယာဉ်ကို ထိန်းချုပ်ကာ ထျန်းမင်ရှိရာဘက်သို့ ပျံသန်းသွားလေသည်။
ကျောက်စိမ်းအာကာသယာဉ်၏ အရှိန်မှာ အလွန်မြန်ဆန်သော်လည်း သူတို့ အတော်လေး ဝေးကွာအောင် ပျံသန်းခဲ့ပြီးဖြစ်ကာ နှစ်လကျော်ကြာ ခရီးနှင်ခဲ့ကြလေပြီ။ သူတို့သည် ထျန်းမင်နှင့် ကီလိုမီတာ သန်းပေါင်းများစွာ ဝေးကွာနေပြီဖြစ်ပြီး အလင်းနှစ်တစ်နှစ် မပြည့်သေးသော်လည်း အတော်လေး ဝေးကွာသော အကွာအဝေးပင်။
ထိုသို့သော အကွာအဝေးကို လုရီက နေရာလပ် နိယာမကို အသုံးပြု၍ ကူးပြောင်းသွားလာမည်ဆိုလျှင် သူကိုယ်တိုင် ခြောက်သွေ့သွားသည်အထိ သုံးစွဲလျှင်ပင် ပြန်လည်မကူးပြောင်းနိုင်ပေ။
အလွန်ဝေးကွာလှသည်။
သို့သော် ကောင်းကင်ဘုံ မိစ္ဆာများ၏ အရှိန်မှာ ကျောက်စိမ်းအာကာသယာဉ်ထက် ပိုနှေးပုံ ရ၏။
လုရီ ကျောက်စိမ်းအာကာသယာဉ်ကို ပြန်လည်ပျံသန်းရန် ထိန်းချုပ်နေစဉ် ထိုဟင်းလင်းပြင်ရှိရာဘက်သို့ ရံဖန်ရံခါ လှမ်းကြည့်လိုက်သည်။ ထိုကောင်းကင်ဘုံ မိစ္ဆာများမှာ လိုက်မမီသေးသည်ကို တွေ့ရှိရပြီး အရိပ်တစ်စပင် မမြင်ရပေ။
သူ၏ နှလုံးသားလည်း ယခုအတွက် တည်ငြိမ်သွားတော့သည်။
မျက်မှောင်ကြုတ်နေသော လျိုနင်ရွှမ်းနှင့် အခြားသုံးယောက်ကို သူက ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"အရင်ဆုံး ကျင့်ကြံလိုက်ကြရအောင်၊ ဟိုကောင်းကင်ဘုံ မိစ္ဆာတွေက အခုလောလောဆယ် လိုက်မီနိုင်မှာ မဟုတ်သေးဘူး လေ။"
လျိုနင်ရွှမ်းနှင့် အခြားသူများ သဘောတူညီစွာ ခေါင်းညိတ်ကြသည်။
ကျောက်စိမ်းအာကာသယာဉ်၏ အတွင်းပိုင်းသည် ဧရာမဂိုဏ်းကြီးတစ်ခုနှင့် တူ၏။ သဘာဝအတိုင်း ကျင့်ကြံခြင်းအခန်းများလည်း ရှိသည်။
ဤနေ့ရက်များတွင် လုရီနှင့် လျိုနင်ရွှမ်းအဖွဲ့သည် သူတို့၏ အချိန်များကို စကြာဝဠာအပြင်ဘက်မှ ရှုခင်းများကို ကြည့်ရှုရင်း သို့မဟုတ် ဤနေရာတွင် ကျင့်ကြံရင်း ကုန်ဆုံးကြသည်။
ကျင့်ကြံသူများအတွက် လှည့်လည်သွားလာခြင်းသည် သူတို့ ကျင့်ကြံခြင်းကို ရပ်တန့်နိုင်သည်ဟု မဆိုလိုပေ။ သူတို့ ကောင်းစွာကျင့်ကြံပြီး နေ့စဉ်တိုးတက်ရန် လိုအပ်လေသည်။
---
နှစ်လအကြာတွင် ကျောက်စိမ်းအာကာသယာဉ်သည် ထျန်းမင်သို့ နောက်တစ်ကြိမ် နီးကပ်လာသည်။
လုရီနှင့် အဖွဲ့သည် စကျင်ကျောက်လုံးကဲ့သို့သော ဂြိုဟ်ကို မြင်တွေ့ရပြီး သူတို့၏ နှလုံးသားထဲတွင် ဖော်မပြနိုင်သော တည်ငြိမ်မှုကို ခံစားလိုက်ရသည်။
လျိုနင်ရွှမ်းက ညင်သာစွာ ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။ "ကြယ်တွေက အတိုင်းအဆမရှိ ကျယ်ပြောပြီး အံ့ဩစရာကောင်းပေမဲ့ ခြေအောက်က ထျန်းမင်ရဲ့ ခိုင်မာတဲ့ ခံစားမှုက လူကို ပိုပြီးအခြေကျစေတယ်။"
ကျန်းရူယွီနှင့် အခြားနှစ်ယောက် သဘောတူညီစွာ ခေါင်းညိတ်ကြ၏။
လျိုနင်ရွှမ်းနှင့် အမြဲတစေ သဘောထားကွဲလွဲလေ့ရှိသော သုန်းကုန်းမင်ယွဲ့ပင်လျှင် ထိုအတိုင်း ခံစားရသည်။
လုရီက ညင်သာစွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။ "ထျန်းမင်က သေးငယ်ပေမဲ့ ဒါက ကျွန်တော်တို့ရဲ့ အိမ်ပဲလေ။ သွားကြစို့၊ ငါတို့ပြန်ပြီး သတင်းအရင် သွားပို့ကြမယ်။"
ကျောက်စိမ်းအာကာသယာဉ်သည် အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲ၏။ ထျန်းမင်၏ ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းပြီး အရှေ့ဒေသဘက်သို့ ပျံသန်းသွားကာ နောက်ဆုံးတွင် ချင်းကျိုး၏ တိမ်ဖြူဂိုဏ်းသို့ ဝင်ရောက်သွား တော့သည်။
၎င်းသည် လင်းလောင်တောင်ထိပ်ပေါ်သို့ ဆင်းသက်ပြီး လုရီနှင့် သူ၏ အဖော်များသည် ကျောက်စိမ်းအာကာသယာဉ်မှ ထွက်ခွာကာ လင်းလောင်တောင်ထိပ်၏ ထိပ်သို့ ပျံတက်သွားကြသည်။
"ဆရာ၊ တပည့်မှာ အရေးကြီးတဲ့ကိစ္စ ဆွေးနွေးစရာရှိပါတယ်။" လုရီသည် ဝါးအိမ်ရှေ့သို့ ရောက်ရှိပြီး ကမန်းကတန်း ခေါ်လိုက်သည်။
အခန်းထဲမှ တုံ့ပြန်မှုမရှိ။ လုရီသည် စိတ်ရှုပ်ထွေးမှုအပြည့်ဖြင့် မတတ်သာစွာ ပြောလိုက်သည်။
"ဆရာ၊ တပည့် ကပ်ဘေးဖြတ်ကျော်နယ်ပယ် ဝိညာဉ်အစားအစာ နည်းနည်းလုပ်ထားပါတယ်။"
ဝှစ်။
ချက်ချင်းပင် ပုံရိပ်တစ်ခုသည် လုရီ၏ ရှေ့တွင် စုဖွဲ့ဖြစ်ပေါ်လာသည်။ ၎င်းမှာ လင်းလောင်တောင်ထိပ် သခင်မပင်။
လင်းလောင်တောင်ထိပ် သခင်မသည် သူမ၏ အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ရင်း မေးလိုက်သည်။ "ဝိညာဉ်အစားအစာ ဘယ်မှာလဲ။"
လုရီ: "..."
လျိုနင်ရွှမ်းနှင့် အခြားသုံးယောက်: "..."
သူတို့၏ လင်းလောင်တောင်ထိပ် သခင်မအပေါ် အကြည့်မှာ မယုံနိုင်လောက်အောင် ထူးဆန်းနေသည်။
သူတို့၏ အကြည့်ကို သတိပြုမိသောအခါ လင်းလောင်တောင်ထိပ် သခင်မက စိန်ခေါ်သလို ပြောလိုက်သည်။ "ဘာလဲ။ ပြဿနာရှိလို့လား။"
လုရီက တည့်တည့်မတ်မတ် ပြောလိုက်သည်။
"ဆရာ၊ ဒီကာလအတွင်း တပည့်နဲ့ အစ်မတွေ
ထျန်းမင်အပြင်ဘက်ကို သွားခဲ့ကြတယ်။
ထျန်းမင်နဲ့ အရမ်းဝေးတဲ့ ကြယ်တာရာဒေသတစ်ခုမှာ ကောင်းကင်ဘုံ မိစ္ဆာတွေ အများကြီး
စုနေတာကို တွေ့ခဲ့ပါတယ်။"
ထိုစကားကို ကြားသောအခါ လင်းလောင်တောင်ထိပ် သခင်မ ခဏရပ်တန့်သွားပြီး တဖြည်းဖြည်း မျက်မှောင်ကြုတ်ကာ လုရီကို ကြည့်လိုက်သည်။ "နင်.. ထျန်းမင်အလွန်ကို ထွက်သွားတယ် ဟုတ်လား။"
လုရီ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့၊ တပည့်က မူလက ကျောက်စိမ်းအာကာသယာဉ်က လေဟာနယ်ထဲမှာ ပျံနိုင်တော့ အစ်မတွေကို အပြင်ခေါ်ပြီး လျှောက်ကြည့်ဖို့ စီစဉ်ထားတာပါ။ ကောင်းကင်ဘုံ မိစ္ဆာတွေနဲ့ ကြုံတွေ့မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။"
လင်းလောင်တောင်ထိပ် သခင်မ၏ အမူအရာ လေးနက်လာသည်။ "ဘယ်လောက်ဝေးလဲ။ ဘယ်လို ကောင်းကင်ဘုံ မိစ္ဆာမျိုးတွေနဲ့ ကြုံခဲ့လဲ။ အသေးစိတ်ပြောပြ။"
လုရီ ခေါင်းညိတ်လိုက်၏။ "အဲ့ဒီ ကောင်းကင်ဘုံ မိစ္ဆာအုပ်စုက ထျန်းမင်နဲ့ အလွန်ဝေးပါတယ်။ ကျောက်စိမ်းအာကာသယာဉ်ရဲ့ အရှိန်နဲ့ဆိုရင် အဲ့ဒီကိုရောက်ဖို့ နှစ်လကျော်လောက် ပျံသန်းခဲ့ရတယ်။ ကောင်းကင်ဘုံ မိစ္ဆာတွေ အများကြီးပဲ။ နေရာလပ်ထဲမှာ ဟင်းလင်းပြင်တစ်ခု ပေါ်လာပြီး ကောင်းကင်ဘုံ မိစ္ဆာအုပ်စုကြီးတစ်ခု ထွက်ပေါ်လာတာပါ၊ အားအကောင်းဆုံး နှစ်ကောင်က တစ်ကီလိုမီတာကျော် မြင့်ပါတယ်၊ ကောင်းကင်ဘုံ မိစ္ဆာအားလုံးက မီတာတစ်ရာအထက်မှာ..."
လုရီ သူသိသမျှအားလုံးကို ဖော်ပြလိုက်သည်။ လင်းလောင်တောင်ထိပ် သခင်မ၏ မျက်မှောင်ကြုတ်မှုမှာ ပိုမိုနက်ရှိုင်းလာသည်။
သူမ သွားကြိတ်လိုက်သည်။ အေးစက်စွာ ပြောလိုက်၏။
"ကျစ်... အရင် စည်းချမှုက ကျိုးပေါက်သွားတာကိုး။ ဟိုကောင်းကင်ဘုံ မိစ္ဆာရဲ့ အရှိန်အဝါက အနီးအနားက ကြယ်စကြဝဠာတွေက ကောင်းကင်ဘုံ မိစ္ဆာတွေကို ဆွဲဆောင်လိုက်တာပဲ ဖြစ်ရမယ်။"
လုရီ လန့်သွားသည်။ အနည်းငယ် တုန်လှုပ်လျက်၊
"အဲ့ဒီ ကောင်းကင်ဘုံ မိစ္ဆာကိုယ်တိုင်က တခြားသူတွေကို ခေါ်လိုက်တာ မဟုတ်ဘူးလား။"
လင်းလောင်တောင်ထိပ် သခင်မ ခေါင်းခါလိုက်သည်။ "မဖြစ်နိုင်ဘူး၊ ငါတို့ အဲ့ဒီအတွက် ကြိုတင်ပြင်ဆင်ထားပြီးသား။ ဒါပေမဲ့ ကောင်းကင်ဘုံ မိစ္ဆာတွေက မိစ္ဆာအရှိန်အဝါတွေကို အလွန်အမင်း အာရုံခံနိုင်စွမ်းရှိတယ်၊ ကြယ်စကြဝဠာအများအပြား ခြားနေရင်တောင် ဒီအဆင့်လောက် လှိုင်းဂယက်တွေကို သိရှိနိုင်ပြီး လိုက်လာကြလိမ့်မယ်။"
လုရီနှင့် အခြားသူများ မယုံနိုင်စွာ ကြည့်နေကြသည်။
ထျန်းမင်မှ ထွက်ခွာဖူးသောကြောင့် သူတို့သည် ကြယ်စကြဝဠာတစ်ခု မည်မျှကျယ်ပြောသည်ကို သဘာဝအတိုင်း သိကြသည်။ ထိုသို့သော ကြီးမားသည့် အကွာအဝေးကို ဖြတ်ကျော်၍ အာရုံခံနိုင်ခြင်းမှာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်လုနီးပါး။
"ဆရာ၊ ဒါဆို ဘယ်လိုလုပ်ကြမလဲ။"
လင်းလောင်တောင်ထိပ် သခင်မက ပြောလိုက်၏။ "ကောင်းကင်ဘုံ မိစ္ဆာတွေမှာ အစွန်းရောက် မိစ္ဆာသဘာဝရှိတယ်။ သူတို့ဖြတ်သန်းသွားသမျှ အရာအားလုံးက ပျက်စီးဖို့ ကံကြမ္မာပါပြီးသား။ သူတို့ ဒီကို ဆွဲဆောင်ခံလာရမှတော့ ထျန်းမင်ကို ဖျက်ဆီးဖို့ပဲ ရည်ရွယ်တာ သဘာဝကျတယ်၊ တခြားဖြစ်နိုင်ခြေမရှိဘူး။ ငါတို့ သူတို့ကို တားဆီးရုံပဲ တတ်နိုင်တယ်။ ကံကောင်းတာက ဒီတစ်သုတ်ရောက်လာတဲ့ ကောင်းကင်ဘုံ မိစ္ဆာတွေက အရမ်းအားကောင်းမှာ မဟုတ်သေးဘူး။"
ထိုစကားကို ကြားသောအခါ လုရီနှင့် အဖွဲ့ သက်ပြင်းချလိုက်ကြသည်။
ထိုအခိုက်အတန့်မှာပင်။
အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် အဝေးမှ ဒေသတစ်ခုမှ ထုတ်လွှတ်လာသည်။ ထျန်းမင်ဘက်သို့ ဖိနှိပ်ချလာသည်။ နေမင်းသည် မှိန်ဖျော့သွားပြီး
ထျန်းမင်တစ်ခုလုံး အမှောင်ထုထဲသို့ ကျဆင်းသွားသည့်အလား ထင်မှတ်ရလေ၏။
ကြောက်မက်ဖွယ် ပျက်စီးခြင်း စွမ်းအားတစ်ခု ပျံ့နှံ့လာသည်။ သာမန်လူ အားလုံးကို အလွန်အမင်း ထိတ်လန့်စေပြီး အော်ဟစ်ကာ ပြိုလဲကျကုန်ကြသည်။ ကျင့်ကြံသူများထဲတွင်ပင် အားနည်းသူများသည် ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်နေကြသည်။
ထျန်းမင်မှ အစွမ်းထက် ပုဂ္ဂိုလ်အားလုံး၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားပြီး ကောင်းကင်ဘက်သို့ မော့ကြည့်လိုက်ကြသည်။
လင်းလောင်တောင်ထိပ် သခင်မ၏ အမူအရာ တဖြည်းဖြည်း သုန်မှုန်သွားသည်။
"ရောက်လာတဲ့ ကောင်းကင်ဘုံ မိစ္ဆာတွေက ငါထင်ထားတာထက် အများကြီး ပိုအားကောင်းနေပုံပဲ။
အခန်း ၅၄၅- လင်းလောင် တောင်ထိပ် သခင်မ၏ စွမ်းပကား...
~"ဒီလောက်မြန်မြန်။" လုရီ အနည်းငယ် အံ့အားသင့်သွား၏။
ယခင်က သူ ထျန်းမင်သို့ ဝင်ရောက်လာစဉ် နောက်ပြန်လှည့်ကြည့်ခဲ့သေးသည်။ ကောင်းကင်ဘုံ မိစ္ဆာအုပ်စုမှာ လိုက်မမီသေးသင့်ပေ။ ယခု သူ ထျန်းမင်သို့ ပြန်ရောက်ပြီး မကြာသေးသော အချိန်လေးအတွင်းမှာပင် သူတို့ ရောက်ရှိလာခဲ့ပြီတဲ့လား။
လင်းလောင်တောင်ထိပ် သခင်မသည် နက်ရှိုင်းသော အမှောင်ထု ဟင်းလင်းပြင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။
"ကောင်းကင်ဘုံ မိစ္ဆာမျိုးနွယ်က သူတို့ရဲ့ မိစ္ဆာသဘာဝတွေနဲ့ ချိတ်ဆက်ထားတဲ့ နေရာလပ် တံခါးပေါက်တစ်ခုကို ဖွင့်နိုင်တယ်။ ဒါကြောင့် ကီလိုမီတာသန်းပေါင်းများစွာ ဝေးကွာနေရင်တောင် အရမ်း မြန်မြန် ခရီးသွားနိုင်တာပေါ့။"
"နေရာလပ် တံခါးပေါက်။ ဒါကြောင့်ကိုး။" လုရီ ရုတ်တရက် သဘောပေါက်သွားတော့သည်။
သုန်းကုန်းမင်ယွဲ့နှင့် အခြားသုံးယောက်မှာ အလွန်တည်တင်းနေကြတော့၏။
"ဆရာ၊ ကောင်းကင်ဘုံ မိစ္ဆာတွေ ရောက်လာပြီ၊ ပြီးတော့ သူတို့ တော်တော်အားကောင်းပုံပဲ၊ ဘယ်လိုလုပ်ကြမလဲ။"
"ဘယ်လိုလုပ်ရမလဲ ဟုတ်လား။ သဘာဝအတိုင်း သူတို့ကို သုတ်သင်ရမှာပေါ့။ ကောင်းကင်ဘုံ မိစ္ဆာတွေက ဖျက်ဆီးမှုကိုပဲ မြင်ပြီး ဘယ်သက်ရှိကိုမှ ချန်ထားမှာမဟုတ်ဘူး။" လင်းလောင်တောင်ထိပ် သခင်မ၏ မျက်လုံးများတွင် စူးရှသောအရောင်တစ်ချက် လက်သွားသည်။
လုရီ ခဏတာ တိတ်ဆိတ်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဆရာ၊ ကျွန်တော်လည်း လိုက်ခဲ့မယ်။"
ထိုစကားကို ကြားသောအခါ လင်းလောင်တောင်ထိပ် သခင်မက ခေါင်းအသာညိတ်သည်။ "အင်း။"
"ကျွန်မတို့လည်း လိုက်မယ်။" လျိုနင်ရွှမ်းနှင့် အခြားသုံးယောက်ကလည်း ပြောလိုက်ကြ၏။
လင်းလောင်တောင်ထိပ် သခင်မက ကန့်ကွက်ခြင်းမရှိ။ သူမက ပြောလိုက်သည်။
"ကောင်းကင်ဘုံ မိစ္ဆာတွေကို ထျန်းမင်ထဲ မဝင်စေနဲ့။ သူတို့က လုံးဝ ရက်စက်ကြမ်းကြုတ်တယ်။ ငါတို့သာ ထျန်းမင်ရဲ့ လေထုထဲမှာ တိုက်ခိုက်ရင် ထျန်းမင်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။"
လုရီ တုန်လှုပ်သွားသည်။ ထို့နောက် အင်မော်တယ်အဆင့်၏ ဖျက်ဆီးနိုင်စွမ်းကို စဉ်းစားမိပြီး စိတ်အေးသွား၏။
"ဒီလိုဆိုရင် ကျောက်စိမ်းအာကာသယာဉ်နဲ့ သွားကြရအောင်။" လုရီက ပြောလိုက်သည်။
လင်းလောင်တောင်ထိပ် သခင်မက မငြင်းဆိုပေ။
အဖွဲ့သားအားလုံး ကျောက်စိမ်းအာကာသယာဉ်ပေါ်သို့ တက်ရောက်လိုက်ကြသည်။ ယာဉ်ကြီးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တိမ်ဖြူဂိုဏ်းမှ အရှိန်ပြင်းစွာ ထွက်ခွာသွားတော့၏။
မထွက်ခွာမီ လုရီ တစ်ချက်လှမ်းကြည့်လိုက်သည်။ တိမ်ဖြူဂိုဏ်းအတွင်းမှ မြောက်များစွာသော တပည့်များ၏ မျက်နှာများတွင် ထိတ်လန့်ကြောက်ရွံ့မှုတို့ အထင်းသားပေါ်လွင်နေသည်ကို သူ မြင်လိုက်ရသည်။ အဆင့်မြင့်ပုဂ္ဂိုလ်များပင်လျှင် ကောင်းကင်ကို ထိတ်လန့်တကြား စိုက်ကြည့်နေကြ၏။
ကောင်းကင်တစ်ခွင်လုံးသည် မည်းမှောင်သွားခဲ့ လေပြီ။ ဤသည်မှာ သူတို့ တစ်ခါမှမမြင်ဖူးသော ဆန်းကြယ်မြင်ကွင်း တစ်ခုဖြစ်ပြီး ကြီးမားသော အန္တရာယ်တစ်ခု နီးကပ်လာပြီဖြစ်ကြောင်း
သူတို့၏ပင်ကိုယ်အသိစိတ်က ခံစားမိနေပါသည်။
ကျောက်စိမ်းအာကာသယာဉ်၏ အရှိန်မှာ
သဘာဝအတိုင်း အလွန်မြန်ဆန်လှ၏။ မကြာမီ သူတို့သည် လေထုထဲမှ ထွက်ခွာကာ ဟင်းလင်းပြင်လေဟာနယ်ထဲသို့ ပစ်ဝင်သွားသည်။
ကောင်းကင်ဘုံ မိစ္ဆာများ အရှိန်အဝါထုတ်လွှတ်နေသော ဦးတည်ရာသည် သားရဲတစ်သောင်းတောင်တန်း၏ တားမြစ်နယ်မြေဘက်သို့ တည့်တည့်ပင်။
လုရီ နားလည်လိုက်သည်။ ဤကောင်းကင်ဘုံ မိစ္ဆာများသည် ထိုနေရာတွင် ပိတ်လှောင်ခံထားရသော အားကောင်းသည့် ကောင်းကင်ဘုံ မိစ္ဆာ၏ ဆွဲဆောင်ခြင်းကို ခံခဲ့ရခြင်းပင်။
လုရီ၏ အဖွဲ့အပြင် အခြားသော ပုံရိပ်အချို့သည်လည်း လျင်မြန်စွာ ချဉ်းကပ်လာနေကြသည်။
၎င်းတို့အနက် လူသုံးဦးမှာ မယုံနိုင်လောက်အောင် မြန်ဆန်ပြီး အခြားသူများကို များစွံာကျော်လွန်နေ၏။ လုရီ ခေါင်းလှည့်ကြည့်လိုက်ရာ မကြာမီ ထိုသုံးဦး ချဉ်းကပ်လာသည်ကို မြင်လိုက်သည်။
သုံးဦးစလုံးမှာ အသိမိတ်ဆွေများပင်။
ဝမ်ကျန်းယွမ်သည် အင်မော်တယ်ဓားကို ကိုင်ဆောင်ကာ ဟင်းလင်းပြင်ကို ခွင်းလျက်ရှိ၏။ ဓားတာအို ပညာရှင်မှာမူ သူ၏ သာမန်သစ်သားဓားကို ကိုင်ဆောင်ထားသည်။ သူ၏ မီးခိုးရောင်ဆံပင်များ လွင့်မျောနေပြီး ကြည်လင်သော မျက်နှာတွင် လေးနက်သော အမူအရာတစ်ခု ကိန်းဝပ်နေသည်။
အဘွားယွမ်လင်သည် မြူခိုးအရှိန်အဝါဖြင့် ရွေ့လျားနေသည်။ သူမ၏ အရှိန်မှာ ဝမ်ကျန့်ယွမ်နှင့် ဓားတာအို ပုဂ္ဂိုလ်တို့ထက်ပင် ပို၍မြန်ဆန်၏။ သူမသည် ထိုနေရာသို့ ပထမဆုံး ရောက်ရှိလာသူ ဖြစ်သည်။
အဘွားယွမ်လင်သည် ကျောက်စိမ်းအာကာသယာဉ်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လင်းလောင်တောင်ထိပ် သခင်မနှင့်
လုရီဘက်သို့ ကြည့်ကာ လေးစားစွာ ဦးညွှတ်လိုက်သည်။
"သခင်မလေး၊ သခင်လေး လုရီ။"
လင်းလောင်တောင်ထိပ် သခင်မက ခေါင်းအသာညိတ်၏။ သူမ၏ အမူအရာမှာ လေးနက်နေသည်။ "ဒီတစ်ခေါက် ပေါ်လာတဲ့ ကောင်းကင်ဘုံ မိစ္ဆာတွေက သာမန်မဟုတ်တဲ့ စွမ်းအားရှိတယ်။ အဘွားယွမ်လင်၊ ယုံကြည်မှုရှိရဲ့လား။"
အဘွားယွမ်လင်သည် အဝေးမှ စီးဆင်းနေသော မည်းမှောင်သည့် မိစ္ဆာအလင်းကို ကြည့်လိုက်၏။ သူမ၏ အမူအရာလည်း တဖြည်းဖြည်း လေးနက်လာသည်။ "ဦးဆောင်နေတဲ့ ကောင်းကင်ဘုံ မိစ္ဆာစစ်သူကြီးက နက်ရှိုင်းခြင်း အင်မော်တယ် အဆင့်မှာ ရှိလောက်တယ်။ ကျွန်မထက် မနိမ့်ကျဘူး။ ဒါပေမဲ့ ကျွန်မ သေရင်တောင် သခင်မလေးကို မထိခိုက်စေရပါဘူး။"
လင်းလောင်တောင်ထိပ် သခင်မက ပြောလိုက်သည်။ "ရှင် သေစရာမလိုပါဘူး၊ သူ့ကို မသတ်နိုင်ရင် အလုပ်ရှုပ်အောင်သာ လုပ်ထားလိုက်။ ကျွန်မ မိသားစုကို ဆက်သွယ်ပြီးပြီ၊ မကြာခင် အားကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရောက်လာလိမ့်မယ်။"
ထိုစကားကို ကြားသောအခါ အဘွားယွမ်လင်က ခေါင်းညိတ်ကာ နာခံလိုက်သည်။ "ဒီအဘွား သခင်မလေး ပေးတဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ပါ့မယ်။"
လင်းလောင်တောင်ထိပ် သခင်မက ခေါင်းအသာညိတ်သည်။ မကြာမီ ဝမ်ကျန်းယွမ်နှင့် ဓားတာအို ပညာရှင်တို့လည်း ရောက်ရှိလာကြ၏။
သူတို့သည် အဘွားယွမ်လင်ကို တစ်ချက်ကြည့်ပြီးနောက် လင်းလောင်တောင်ထိပ် သခင်မဘက်သို့ လှည့်လိုက်ရာ သူတို့၏ မျက်ဝန်းသူငယ်အိမ်များ ကျုံ့သွားသည်။
"သခင်မလေး ယွီကို တွေ့ဆုံဂါရဝပြုပါတယ်။"
ဝမ်ကျန်းယွမ်နှင့် ဓားတာအို ပုဂ္ဂိုလ်တို့ နှစ်ဦးစလုံး ဦးညွှတ်လိုက်ကြသည်။ သူတို့၏ အမူအရာများမှာ လေးနက်ပြီး လေးစားမှုအပြည့်ပင်။
လုရီနှင့် လျိုနင်ရွှမ်းအဖွဲ့တို့သည် ဤသည်ကို မြင်ပြီး အချင်းချင်း အကြည့်ဖလှယ်လိုက်ကြရာ သိပ်မအံ့ဩကြပေ။
လုရီသည် သူ၏ဆရာ၏ သာမန်မဟုတ်သည်ကို ကြာမြင့်စွာကတည်းက သံသယဝင်ခဲ့ပြီး ယခုအခါ ထိုအတိုင်းပင် ဖြစ်နေတော့သည်။
သူ၏ဆရာသည် ယွီမျိုးနွယ် ဖြစ်ပြီး လုရီသည် ယွီမျိုးနွယ်အကြောင်း ယခင်က အကြိမ်များစွာ ကြားဖူးသည်။
၎င်းသည် ကောင်းကင် ကြယ်တာရာ နယ်မြေတစ်ခုလုံးတွင် အထိပ်တန်းအဆင့်အရှိဆုံး အင်အားစု ဖြစ်ပုံရ၏။ သူ၏ဆရာသည် ယွီမျိုးနွယ်မှ အဖွဲ့ဝင်တစ်ဦးဖြစ်လိမ့်မည်ဟု သူ
မမျှော်လင့်ထားခဲ့ပေ။
အံ့ဩစရာတော့ မရှိပါလေ။ အဘွားယွမ်လင်ကဲ့သို့ အစေခံတစ်ဦးပင်လျှင် ဤမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်နေသည် မဟုတ်ပါလား။
လင်းလောင်တောင်ထိပ် သခင်မက ခေါင်း
အသာညိတ်ပြီး နောက်ထပ်စကားများစွာ မပြောတော့ပေ။
ဝမ်ကျန်းယွမ်သည် လုရီဘက်သို့ လှည့်ကာ ရယ်ကျဲကျဲဖြင့် "မိတ်ဆွေလေး လုရီ၊ ပြန်တွေ့ကြပြန်ပြီ။ တလောက မင်း နေရာလပ် နိယာမကို နားလည်သွားတယ်လို့ ကြားမိတယ်၊ တကယ်ကို ထက်မြက်တဲ့ ပါရမီရှင်ပဲ။"
ထိုအခါ ဓားတာအို ပညာရှင်ကလည်း လုရီကို အံ့ဩစွာကြည့်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်၊ ဒီအဘိုးကြီးလည်း ဒီကိစ္စကို ကြားပြီးပါပြီ၊ ထျန်းမင်က မိတ်ဆွေလေး လုရီလို ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ စိတ်ကူးကြည့်ဖို့ ခက်ခဲပါတယ်။"
လုရီ မျက်နှာအနည်းငယ် နီမြန်းသွားပြီး ပြောလိုက်သည်။ "စီနီယာနှစ်ယောက် မြှောက်နေပါပြီ။"
ထိုအခိုက်အတန့်တွင် အဘွားယွမ်လင်ကလည်း ပြောလိုက်သည်။ "သူတို့ ချဲ့ကားပြောနေတာ မဟုတ်ပါဘူး၊ သခင်လေး လုရီရဲ့ ပါရမီက ယွီမျိုးနွယ်ရဲ့ မျိုးဆက်မှန် ပါရမီရှင်တွေနဲ့ ယှဉ်ရင်တောင် လုံးဝနိမ့်ကျမှာ မဟုတ်ပါဘူး။"
အဘွားယွမ်လင်၏ လေးနက်သောအမူအရာကို ကြည့်ရင်း လုရီ အတွင်းစိတ်၌ အနည်းငယ် ဂုဏ်ယူမိသွားရသည်။
အဘွားယွမ်လင်က အစပိုင်းတွင် လာရောက်ခဲ့စဉ်က ရှိခဲ့သော သဘောထားကို သူ သိသည်။
သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။ ယခု သူမ၏ သဘောထားမှာ ယခင်ကနှင့် နှိုင်းယှဉ်လျှင် များစွာပိုကောင်းလာခဲ့လေပြီ။
လင်းလောင်တောင်ထိပ် သခင်မက လုရီကို တစ်ချက်ကြည့်လိုက်သည်။ သူ့ကို မျက်နှာအပြည့် အပြုံးဖြင့် မြင်သောအခါ သူမက လက်ပိုက်ကာ နှုတ်ခမ်းစူလိုက်သည်။
"သူ အင်မော်တယ်ဖြစ်မှ ချီးကျူးကြပေါ့။ သူ့ကိုသာ ထပ်ချီးကျူးနေရင် သူ ဘဝင်မြင့်တော့မယ်။"
လုရီ၏ အပြုံးသည် သူ့မျက်နှာပေါ်တွင် ခဲသွားသည်။
သူက အဲ့ဒီလိုလူစားမျိုးလား။
သူတို့ စောင့်ဆိုင်းနေစဉ် ရင်းနှီးသော ပုံရိပ်အချို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။ လုရီ ခေါင်းလှည့်ကြည့်လိုက်ရာ ရင်းနှီးသော ပုံရိပ်များစွာကို တွေ့လိုက်ရသည်။
ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ လုံယင်ဘိုးဘေး၊ နတ်ဓားဂိုဏ်းမှ ဆရာကြီး၊ ချင်းချုံး
မျိုးနွယ်မှ ချင်းချုံးယွင်ဟွားနှင့် ချင်းချုံးဟွာ၊ နှင့် အခြားအားကောင်းသော ပုဂ္ဂိုလ်များ၊ အားလုံးမှာ ဟင်းလင်းပြင် အင်မော်တယ်အဆင့် ပုဂ္ဂိုလ်များပင်။
ထျန်းမင်တွင် ကျန်ရှိနေခဲ့သော အင်မော်တယ်အနည်းငယ်မှလွဲ၍ ဟင်းလင်းပြင် အင်မော်တယ်များသည် ထျန်းမင်၏ အားကောင်းသော ပုဂ္ဂိုလ်များ၏ မျက်နှာကြက်ပင်။ ယခု ကောင်းကင်ဘုံ မိစ္ဆာများထံမှ ဤမျှကျယ်ပြောပြီး အားကောင်းသော ဖိအားများ ပေါ်ထွက်လာသောအခါ သူတို့ သဘာဝအတိုင်း ချက်ချင်းပေါ်ထွက်လာကြလေသည်။
ဤဟင်းလင်းပြင် အင်မော်တယ်များသည် လုရီနှင့် သူ၏ အဖော်များကို မြင်တွေ့ကြသည့်အခါ
သူတို့၏ မျက်ဝန်းသူငယ်အိမ်များ ကျုံ့သွားပြီး မျက်လုံးများတွင် စိုးရိမ်ကြောင့်ကြမှုတို့ဖြင့် ပြည့်နှက်နေ၏။
သို့သော်ငြားလည်း သူတို့ တစ်ဦးချင်းစီ ရှေ့ထွက်နှုတ်ဆက်ကြသည်။ နောက်ဆုံးတွင် အခြားသူများကို မဆိုထားနှင့်၊ ဝမ်ကျန်းယွမ်နှင့် ဓားတာအို ပညာရှင်တို့ နှစ်ဦးစလုံးမှာ အင်မော်တယ်များကို သတ်ဖြတ်နိုင်စွမ်း ရှိသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များဖြစ်ပြီး သဘာဝအတိုင်း အင်မော်တယ်များပင် ဖြစ်ကြသည်။
လုံယင်ဘိုးဘေးနှင့် နတ်ဓားဂိုဏ်းမှ သခင်ကြီးတို့သည် လုရီနှင့် ဆက်ဆံရေး ကောင်းမွန်သဖြင့် သူတို့လည်း ရှေ့ထွက်နှုတ်ဆက်ကြလေသည်။
နတ်ဓားဂိုဏ်းမှ သခင်ကြီးက ဟင်းလင်းပြင်ထဲသို့ ကြည့်ရင်း စိုးရိမ်စွာဖြင့် ရေရွတ်သည်။
"တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး… နောက်ထပ် ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင် ဆင်းသက်လာပြန်ပြီ။"
လွန်ခဲ့သောနှစ်များက ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင် ထျန်းမင်သို့ ရောက်ရှိလာစဉ် နတ်ဓားဂိုဏ်းမှ သခင်ကြီးက ၎င်းကို ဖိနှိပ်ခဲ့သည်။ သို့သော် ဤတစ်ကြိမ် ပမာဏမှာ ယခင်ကနှင့် သိသိသာသာ မတူတော့ပေ။
အဝေးမှ ချင်းချုံးဟွာသည် လုရီကို မြင်လိုက်သည်။ သူမ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေပြီး သူမ၏ မျက်လုံးများထဲမှ ထူးဆန်းသောအကြည့်က လုရီကို ဖော်မပြနိုင်လောက်အောင် ရှုပ်ထွေးသွားစေသည်။
လျိုနင်ရွှမ်းနှင့် အခြားသုံးယောက်သည်လည်း သူမကို သဘာဝအတိုင်း မြင်တွေ့ကြပြီး
တစ်ဦးစီ၏ မျက်လုံးများမှာ ရန်လိုမှုတို့ဖြင့် ပြည့်နှက်နေသည်။
မကြာမီတွင် ပျံသန်းရေး ဝိညာဉ်ယာဉ်ပျံအချို့ ပေါ်ထွက်လာသည်။ ကပ်ဘေးဖြတ်ကျော်အဆင့် ဘိုးဘေးအချို့ပိုင်ဆိုင်သော လက်နက်များဖြစ်ပြီး သူတို့လည်း ဤနေရာသို့ ရောက်ရှိလာကြသည်။
ဤလူများသည် ထျန်းမင်မှ အားအကောင်းဆုံး ပါဝင်သူများထဲတွင် ပါဝင်သည်။
အားကောင်းသော ပုဂ္ဂိုလ်တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာသည်နှင့်အမျှ လူတိုင်း၏ အမူအရာများ လေးနက်လာပြီး သတ်ဖြတ်လိုသော အငွေ့အသက်အနည်းငယ် ပျံ့နှံ့လာတော့သည်။
---
ထိုအခိုက်အတန့်၌။
ထိုမည်းနက်သော မိစ္ဆာအလင်းအစုသည် မိစ္ဆာမြူခိုးများဖြင့် လိမ်ယှက်သွားသည်။
တစ်ဖန် ချောက်နက်ကြီးတစ်ခု ပွင့်ဟလာ၏။
၎င်းထဲမှ ကြီးမားသော အရိပ်များ စတင်ထွက်ပေါ်လာသည်။ အသေးဆုံး ကောင်းကင်ဘုံ မိစ္ဆာသည် မီတာတစ်ရာကို ကျော်လွန်၏။ ၎င်းတို့အနက် ကီလိုမီတာ ပမာဏရှိသော ကောင်းကင်ဘုံ မိစ္ဆာများပင် ရှိနေသေးသည်။
ထို့နောက်။ လုရီ လုံးဝအံ့အားသင့်သွားသည်အထိ။
ဆယ်ကီလိုမီတာ ပမာဏရှိသော ဧရာမ ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်သည် ထိုချောက်နက်ကြီးထဲမှ ပျံသန်းထွက်လာသည်။
ထိုမိစ္ဆာကြီး ပေါ်ထွက်လာသည်နှင့် ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားသည်။ ကြောက်မက်ဖွယ် မိစ္ဆာအလင်းသည် အဆုံးမဲ့အနက်ရောင် တောက်ပမှုကဲ့သို့ အရပ်ရှစ်မျက်နှာသို့ လွှမ်းခြုံသွား၏။ ကောင်းကင်ဘုံ မိစ္ဆာကိုယ်တိုင်မှာ မည်းနက်သော နေမင်းတစ်စင်းနှင့်တူနေသည်။
ထိုကြောက်မက်ဖွယ် မိစ္ဆာစွမ်းအားကို ခံစားမိသူအားလုံး မျက်နှာများ ဖြူဖျော့သွားပြီး ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေတော့သည်။
လုရီပင်လျှင် ထိုသို့သော မိစ္ဆာစွမ်းအားကို မခံနိုင်ဘဲ သူ၏ မျက်နှာ သိသိသာသာ ရှုံ့မဲ့သွားသည်။
အဘွားယွမ်လင်နှင့် အခြား အင်မော်တယ်အဆင့် ပုဂ္ဂိုလ်များသာ သူတို့၏ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ကြသည်။ သို့သော် သူတို့ပင်လျှင် ဆယ်ကီလိုမီတာမြင့်သော မိစ္ဆာကြီးကို မြင်လိုက်သည့်အခိုက် အမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။
"တကယ်ပဲ၊ နက်ရှိုင်းခြင်း အဆင့် အင်မော်တယ် အဆင့် ကောင်းကင်ဘုံ မိစ္ဆာစစ်သူကြီးပဲ။"
အဘွားယွမ်လင်၏ မျက်လုံးများတွင် ဖြူလွှသော မြူခိုးများ လက်သွားသည်။ သူမ၏ ဆံဖြူများ လွင့်မျောသွား၏။ ထိုအိုမင်းသော ခန္ဓာကိုယ်မှ အလျှံပယ်ထွက်ပေါ်လာသော အင်မော်တယ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ တည်မြဲသော ကြယ်နက္ခတ် တစ်စင်းက သူ၏ အဆုံးမဲ့စွမ်းအင်ကို မဆင်မခြင် ထုတ်လွှတ်နေသည့်အလား။
အနက်ရောင်မြူခိုးတွင် လွှမ်းခြုံထားသော ကောင်းကင်ဘုံ မိစ္ဆာစစ်သူကြီးသည် အဘွား
ယွမ်လင်နှင့် အခြားသူများကို ခံစားမိသောအခါ စိတ်လှိုင်းတစ်ခုကို ထုတ်လွှင့်လိုက်သည်။
"ယွီမျိုးနွယ် အင်မော်တယ်တွေ။"
"သတ်။" အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်နှင့် ဖျက်ဆီးခြင်းစွမ်းအားသည် မိစ္ဆာမြူခိုးနှင့်အတူ ပေါက်ကွဲထွက်လာသည်။
အဘွားယွမ်လင်သည် ဖြူလွှသော မြူခိုးဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရုတ်တရက် ပျောက်ကွယ်သွား၏။ အဆုံးမဲ့သော မြူဖြူများသည် ကောင်းကင်ဘုံ မိစ္ဆာစစ်သူကြီး၏ ပတ်ပတ်လည်တွင် ပေါ်ထွက်လာသည်။ သူ့ကို လုံးဝ ထွေးပိုက်လွှမ်းခြုံလိုက်တော့သည်။
နှစ်ဦးသား သူတို့၏ နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
နောက်တစ်ခဏ၌...။
အိပ်မက်ဆန်ပြီး ဆန်းကြယ်သော ရွှေရောင်တောက်ပမှုတို့ဖြင့် ပြည့်နှက်နေသည့် ကမ္ဘာတစ်ခု ဟင်းလင်းပြင်တွင် ပေါ်ထွက်လာ၏။ ကောင်းကင်ဘုံ မိစ္ဆာစစ်သူကြီး၏ ပတ်လည်မှ မိစ္ဆာမြူခိုးသည် ရွှေရောင်အလင်းတန်းထဲတွင် အနည်းငယ် မှိန်ဖျော့သွားပုံရသည်။
အဘွားယွမ်လင်မှာမူ ထိုတောက်ပမှု၏ စိုးမိုးသူအဖြစ် ပြောင်းလဲသွားပုံရ၏။ သူမ၏ ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ် တောက်ပမှုတို့က ဝန်းရံထားသည်။
နှစ်ဦးသား ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ အလင်းတို့ လှုပ်ခတ်နေပြီး မိစ္ဆာအလင်းတို့
မှုန်ပျပျ လင်းလက်နေသည်။
သို့သော် ထိုအင်မော်တယ်နှစ်ဦး၏ တိုက်ပွဲကြီးမှာ အခြားကမ္ဘာတစ်ခုတွင် ရှိနေပုံရ၏။ တိုက်ပွဲ၏ လှိုင်းဂယက်များ မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေပါစေ၊ ၎င်းတို့သည် ဟင်းလင်းပြင်၏ ဦးတည်ရာဘက်တွင်
မပေါ်ထွက်လာခဲ့ပေ။
ကောင်းကင်ဘုံ မိစ္ဆာစစ်သူကြီးကို အဘွား
ယွမ်လင်က အိပ်မက်ကမ္ဘာ တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ သို့သော် အခြား ကောင်းကင်ဘုံ မိစ္ဆာများမှာ လုံးဝ ထိခိုက်ခြင်း
မရှိပေ။ သူတို့၏ ရိုင်းစိုင်းသော သတ်ဖြတ်လိုစိတ်နှင့် မိစ္ဆာအလင်းတို့ဖြင့် လူများဘက်သို့ တိုးဝင်လာကြသည်။
လင်းလောင်တောင်ထိပ် သခင်မ၏ မျက်နှာနုနုလေးပေါ်တွင် အိပ်ချင်မူးတူးဟန် တစ်စိုးတစ်စိမျှ မကျန်တော့။ ဖော်ပြမရနိုင်သော အေးစက်မှုတို့သာ ကိန်းဝပ်နေတော့သည်။
"အဘွားယွမ်လင်က မိစ္ဆာကြီးကို ထိန်းထားပြီ။
ကျွန်မတို့ အရင်ဆုံး တခြား ကောင်းကင်ဘုံ မိစ္ဆာတွေကို သုတ်သင်ကြမယ်။"
ဝမ်ကျန်းယွမ်၊ ဓားတာအို ပညာရှင်နှင့် ကျန်လူအားလုံး ခေါင်းညိတ်ကြသည်။
အင်မော်တယ်အဆင့် အားကောင်းသော ပုဂ္ဂိုလ်သုံးဦးသည် ချက်ချင်းပင် ရှေ့တန်းသို့ တိုးဝင်သွားကြသည်။ မီတာထောင်ချီမြင့်သော ကောင်းကင်ဘုံ မိစ္ဆာငါးကောင်နှင့် ရင်ဆိုင်လိုက်ကြ၏။
ဤသည်မှာ လုရီ ပထမဆုံးအကြိမ် လင်းလောင်တောင်ထိပ် သခင်မ လှုပ်ရှားသည်ကို မြင်တွေ့ဖူးခြင်းပင်။
သူမ၏ စွမ်းပကားမှာ လုရီ၏ စိတ်ကူးထက် ကျော်လွန်လောက်အောင် အားကောင်းမောင်းသန်လှ၏။ ထို မီတာ လေးငါးထောင်မြင့်သော မိစ္ဆာကြီးများ ထုတ်လွှတ်သော လေထုဖိအားသည် ကောင်းကင်ကို ခွဲခြမ်းနိုင်ပြီး မြေကြီးကို ပိုင်းဖြတ်နိုင်စွမ်းရှိသည်။ သူတို့ထံမှ ပျံ့နှံ့လာသော စွမ်းအားသည်ပင် ပြည်နယ်တစ်ခုကို ကြေမွသွားစေရန် လုံလောက်၏။ သို့သော် လင်းလောင်တောင်ထိပ် သခင်မ တစ်ဦးတည်းက အမြင့်ဆုံး ကောင်းကင်ဘုံ မိစ္ဆာသုံးကောင်ကို ခုခံထားသည်။
ဖြူလွှသော မြူခိုးများ တိုးထွက်လာသည်။
အိပ်မက်မြူခိုးအတွင်း၌ လင်းလောင်တောင်ထိပ် သခင်မသည် စိုးမိုးသူတစ်ဦးကဲ့သို့ ထင်ယောင်ထင်မှားနှင့် လက်တွေ့ဆုံစည်းရာ ကမ္ဘာတစ်ခုပြီးတစ်ခုကို ဖန်တီးလိုက်သည်။
ကောင်းကင်ဘုံ မိစ္ဆာသုံးကောင်ကို အဆုံးမဲ့ကမ္ဘာများထဲတွင် ပိတ်လှောင်ထားလိုက်သည်။ သူတို့၏ အစွမ်းအပြည့် ထုတ်သုံးနိုင်စွမ်းမရှိအောင် ပြုလုပ်လိုက်၏။
တစ်ချိန်တည်းတွင် ဝမ်ကျန်းယွမ်နှင့် ဓားတာအို ပညာရှင်တို့၏ ဓားတာအိုနိယာမများ တိုးထွက်လာသည်။ အဆုံးမဲ့ ဓားအလင်းတန်းများ ပန်းထွက်လာသည်။ တစ်ယောက်တစ်ကောင်စီ အလွန်အားကောင်းသော ကောင်းကင်ဘုံ မိစ္ဆာများကို တားဆီးထားကြ၏။
အင်မော်တယ်များ၏ တိုက်ပွဲလှိုင်းဂယက်များသည် ပြင်းထန်သော နောက်ဆက်တွဲ အားလှိုင်းများအဖြစ် ပြောင်းလဲကာ ရိုင်းစိုင်းစွာ တိုက်ခတ်နေသည်။ ကီလိုမီတာ ရာပေါင်းများစွာ အချင်းဝက်အတွင်း ဟင်းလင်းပြင် အင်မော်တယ်များပင် မဝင်ရဲကြပေ။
အခြား ကောင်းကင်ဘုံ မိစ္ဆာများပင်လျှင် ရှောင်တိမ်းနေကြသည်။ ဖျက်ဆီးလိုစိတ်ဖြင့် ပြည့်နှက်နေသော်လည်း ကောင်းကင်ဘုံ မိစ္ဆာများသည် ဦးနှောက်မဲ့များမဟုတ်။ သူတို့သည်လည်း အကျိုးအမြတ်ကို ရှာဖွေပြီး အန္တရာယ်ကို ရှောင်ရှားတတ်ကြသည်။
ကောင်းကင်ဘုံ မိစ္ဆာ သောင်းပေါင်းများစွာသည် အင်မော်တယ်အားကောင်းသူများ၏ တိုက်ပွဲဇုန်ကို ဖြတ်ကျော်ပြီး လုရီနှင့် အခြားသူများဘက်သို့ တိုးဝင်လာကြသည်။ မိစ္ဆာအလင်းတို့ တိုးထွက်နေပြီး ဟင်းလင်းပြင်ကို အမှောင်ထုက မျိုချထားသည်။
ကြောက်မက်ဖွယ် အရှိန်အဝါသည် ဟင်းလင်းပြင် အင်မော်တယ်များနှင့် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးအားလုံး၏ အမူအရာများကို အနည်းငယ် ညှိုးငယ်သွားစေသည်။ ထို့ထက် လူတိုင်း၏ အမူအရာများကို ပိုမို ညှိုးရော်သွားစေသည်မှာ မီတာထောင်ချီ ပမာဏရှိသော ကောင်းကင်ဘုံ မိစ္ဆာသုံးကောင်လည်း တိုးဝင်လာခြင်းပင်။
၎င်းတို့မှာ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသုံးကောင်ပင်။
အခန်း ၅၄၆- လူသားမျိုးနွယ်၏ ဂုဏ်ယူဝင့်ကြွားမှုနှင့် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာ၏ စိတ်လှုပ်ရှားမှု …
~"ဒါက အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာပဲ၊ အားလုံးပေါင်းပြီး သူ့ကို ထိန်းချုပ်ထားကြစို့။"
နတ်ဓားဂိုဏ်း ဆရာသခင်ကြီး၏ မျက်နှာထားမှာ လေးနက်နေ၏။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် တာအိုပုံစံမျှင်များ စုဖွဲ့လာပြီး ကောင်းကင်ဘုံ တာအို၏ ချီစွမ်းအင် ဖွဲ့တည်သည်။
ထျန်းမင်၏ အလွန်ဝေးကွာသော ဒေသတစ်ခုတွင် ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်သို့ ပစ်လွှတ်လာသည်။ အရှိန်ပြင်းစွာဖြင့် ရောက်ရှိလာပြီး ကြေးနီရောင် ရှေးဟောင်းဓားတစ်လက်အဖြစ် ပြောင်းလဲကာ နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီး၏ လက်ထဲသို့ ကျရောက်လာ၏။
၎င်းမှာ နတ်ဓားဂိုဏ်း၏ အင်မော်တယ်ဓားပင် ဖြစ်ချေသည်။
ရှေးဟောင်းဓားကို ကိုင်ဆောင်ထားသော နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးသည် ကောင်းကင်ဘုံ တာအို၏ အလိုဆန္ဒကို ကိုယ်စားပြုနေသည့်အလား။ သူ၏ အရှိန်အဝါများ တိုးထွက်လာပြီး အလွန်အမင်း အားကောင်းမောင်းသန် ဖြစ်လာတော့၏။
လုရီသည် စိုးရိမ်ကြောင့်ကြမှုအချို့ဖြင့် ကြည့်နေမိသည်။ ဤပုဂ္ဂိုလ်က ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်ကို ဖိနှိပ်နိုင်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။ အင်မော်တယ်လက်နက်တစ်ခု လက်ထဲတွင် ရှိနေရုံဖြင့် သူသည် ဤမျှ အားကောင်းလာခဲ့သည်။ ဆရာကြီးသည် အင်မော်တယ်အဆင့် စွမ်းအားကို နီးပါး ရောက်ရှိနေပြီဖြစ်ရမည်၊ ဟုတ်တယ်မလား။
အခြား ဟင်းလင်းပြင် အင်မော်တယ်များသည် ဤသည်ကို မြင်သောအခါ သူတို့၏ လျှို့ဝှက်လက်နက်များကိုလည်း စတင်အသုံးပြုလာကြသည်။
ဟင်းလင်းပြင် အင်မော်တယ် တန်ခိုးရှင်များသည် အများအားဖြင့် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများ၏ အတွင်းသိုမှီးအင်အားများဖြစ်ပြီး သဘာဝအတိုင်း အင်မော်တယ်လက်နက်များကို ကိုင်စွဲထားကြသည်။
လုံယင်ဘိုးဘေး၏ ကောင်းကင်နဂါးလှံနှင့် ချင်းချုံးဟွား၏ ချင်းချုံးနန်းတော်ကို လက်ခံရရှိထားသော ချင်းချုံးယွင်ဟွားတို့ကဲ့သို့ပင် သူတို့သည်လည်း အလွန်အမင်း အစွမ်းထက်ကြလေသည်။
သူတို့အပြင် ကောင်းကင်ဘုံ နန်းတော်မှ ဟင်းလင်းပြင် အင်မော်တယ်နှစ်ဦးလည်း ရှိနေပြီး အခြားသော ဂိုဏ်းမြင့်မြတ်နယ်မြေများနှင့် အင်မော်တယ်အဆင့် အင်အားစုအမျိုးမျိုးမှ တန်ခိုးရှင်များလည်း ရှိနေသည်။
ကောင်းကင်ဘုံ မိစ္ဆာ ဆင်းသက်လာသည်နှင့် ထျန်းမင်၏ တန်ခိုးရှင်အားလုံး စုစည်းလာကြသည်။ မည်သူမျှ တစ်ကိုယ်တည်း ရပ်တည်နိုင်မည်မဟုတ်ပေ။
အင်မော်တယ်လက်နက်များ ကိုင်စွဲထားသော ဟင်းလင်းပြင် အင်မော်တယ်များ တစ်ဦးပြီးတစ်ဦး ရှေ့သို့တက်လာကြပြီး နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးနှင့်အတူ ရှေ့ဆုံးတန်းတွင် ပူးပေါင်းလိုက်ကြသည်။
ဤသည်ကို မြင်သောအခါ လုရီလည်း နောက်ကျိသောလေကို မှုတ်ထုတ်လိုက်၏။ သူ၏ မျက်လုံးများတွင် စူးရှသောအလင်းတစ်ချက် လက်သွားသည်။
သူ ဦးစွာ သူ၏ နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်သည်။
"ကောင်းကင်ဘုံ မိစ္ဆာတွေ ဆင်းသက်လာတာကို ငါ တားဆီးရမယ်"
[အလုပ်]
> ကောင်းကင်ဘုံ မိစ္ဆာ ဆင်းသက်လာခြင်းကို တားဆီးပါ။
> အလုပ် ဆုလာဘ်: သတ်မှတ်ထားသော အင်မော်တယ်စွမ်းရည်အဆင့်ကို ၁၀% တိုးမြှင့်ပေးခြင်း ၃ခု၊ သတ်မှတ်ထားသော နိယာမကို ၁၀% မြှင့်တင်ပေးခြင်း၂ခု၊ မိစ္ဆာလမ်းစဉ်အပေါ် နားလည်မှု နက်ရှိုင်းစေခြင်း၊ အလယ်အလတ်တန်းစား အင်မော်တယ်လက်နက် မိစ္ဆာတိမ်တိုက် ခေါင်းလောင်း။
> အလုပ်ကို လက်ခံမည်လော: လက်ခံမည်/ငြင်းမည်။
လုရီ အလုပ်ကို လက်ခံလိုက်သည်။ ထို့နောက် ရွှေရောင်ဓားရှည်တစ်လက် သူ၏ လက်ထဲတွင် ပေါ်ထွက်လာ၏။ ဆန်းကြယ်ပြီး နက်နဲလှသော တာအိုပုံစံများ မသေမချာ လင်းလက်နေပြီး မယုံနိုင်လောက်အောင် အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
၎င်းမှာ လုရီ ယခင်က ဆုအဖြစ်ရရှိခဲ့သော အလယ်အလတ်တန်းစား အင်မော်တယ်လက်နက်၊ မိစ္ဆာချေမှုန်းခြင်းဓားပင် ဖြစ်သည်။
မိစ္ဆာချေမှုန်းခြင်းဓားသည် မိစ္ဆာလမ်းစဉ်ကိုယ်နှိုက်အပေါ် အားကောင်းသော ဖိနှိပ်နိုင်စွမ်းရှိပြီး ကောင်းကင်ဘုံ မိစ္ဆာများကို တိုက်ခိုက်ရာတွင် အထိရောက်ဆုံးသော လက်နက်ဖြစ်လေသည်။
ဤတစ်ကြိမ်တွင် ပြိုင်ဘက်မှာ အလွန်အားကောင်းလှသည်။ အင်မော်တယ်အဆင့်တွင် ရှိသော သတ္တဝါတစ်ကောင်။ လုရီလည်း ပေါ့ဆရဲမည် မဟုတ်ပေ။
သူ ကြီးမားသော ဖိအားကို ခံစားနေရ၏။
ရှေ့တွင် အဘွားယွမ်လင်နှင့် သူ၏ဆရာသည် အလွန်များပြားသော အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာများကို ထိန်းချုပ်ထားပြီးဖြစ်ပြီး ထိုမိစ္ဆာများမှာ ပို၍ပင် အစွမ်းထက်ကြသည်။ ယခုမူ ဝင်ရောက်လာသော ကောင်းကင်ဘုံ မိစ္ဆာများကို ကိုင်တွယ်ရန်မှာ သူတို့အပေါ်တွင် မူတည်နေတော့သည်။
နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးသည် အင်မော်တယ်အဆင့်နှင့် နီးပါးတူညီသော စွမ်းအားကို ပြသနေသော်လည်း လုရီသည် သူ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်ကို ခံနိုင်ရည်ရှိမည်လား မသေချာပေ။ သူ ခုခံနိုင်လျှင်ပင် ကျန်နှစ်ကောင်ကို ကိုင်တွယ်ရန် အလွန်ခက်ခဲပေလိမ့်မည်။
သူတို့ကို ထိန်းချုပ်ရန်မှာ လုရီနှင့် အင်မော်တယ်လက်နက်များ ကိုင်စွဲထားသော အခြား ဟင်းလင်းပြင် အင်မော်တယ်များအပေါ်တွင် မူတည်နေသည်။ မပေါ့လျော့ရဲပါ။
မိစ္ဆာချေမှုန်းခြင်းဓား ပေါ်ထွက်လာသည်နှင့် အင်မော်တယ်လက်နက်၏ ကြောက်မက်ဖွယ် ဖိအားတစ်ခု ပျံ့နှံ့သွားသည်။ တန်ခိုးရှင်များစွာ တုန်လှုပ်သွားပြီး လှမ်းကြည့်ကြ၏။
"အားကောင်းလိုက်တဲ့ ရတနာပဲ။"
"ဒါက အင်မော်တယ်လက်နက်လား။ လုရီမှာလည်း တစ်ခုရှိတာလား။"
လျိုနင်ရွှမ်းနှင့် အခြားသုံးယောက်သည် လုရီကို အံ့ဩစွာ ကြည့်လိုက်ကြသည်။
လုရီ မိစ္ဆာချေမှုန်းခြင်းဓားကို ထုတ်ယူသည်ကို မြင်သောအခါ သူမတို့ တစ်စုံတစ်ခုကို နားလည်လိုက်ကြသည်။ သုန်းကုန်းမင်ယွဲ့က စိုးရိမ်စွာ ကြည့်ရင်း "စီနီယာအစ်ကို၊ နင် ဟိုအင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာကို ရင်ဆိုင်မလို့လား။"
လုရီ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာတွေက အရမ်းအားကောင်းလွန်းတယ်။ ငါလည်း အားမနည်းပါဘူး၊ ကူညီရမှာပေါ့။"
"ဒီမှာ စီနီယာ ဟင်းလင်းပြင် အင်မော်တယ်တွေ အများကြီးရှိနေတာပဲ၊ ပြီးတော့ သူတို့အားလုံးက အင်မော်တယ်လက်နက်တွေ ကိုင်ထားကြတာ၊ ဂျူနီယာတစ်ယောက်ဖြစ်တဲ့ နင့်ကို ရှေ့ထွက်ခိုင်းမှာတဲ့လား။" ကျန်းရူယွီ အနည်းငယ် မကျေမနပ်ဖြစ်နေ၏။ သူမ လုရီကို အန္တရာယ်လမဖြစ်စေချင်ပါ။
ထိုအခါ လုရီက ပြုံးလိုက်သည်။
"ကျွန်တော်တို့အောက်မှာ ထျန်းမင်ရှိနေတယ်။ ငါတို့သာ သူတို့ကို မထိန်းချုပ်နိုင်ရင် အားလုံးသေကုန်မှာပဲ။ စီနီယာနဲ့ ဂျူနီယာဆိုတာ ခွဲခြားနေလို့မရဘူး။ ထျန်းမင်က ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့အစွမ်းနဲ့ဆိုရင် ရှေ့ဆုံးမှာ ရှိသင့်တာပါ။"
လျိုနင်ရွှမ်းနှင့် ယွင်ရှီးတို့ ဘာမျှမပြောကြတော့။
လုရီက စကားဆက်လိုက်၏။ "သတိထားကြ။ ကျောက်စိမ်းအာကာသယာဉ်ကို အတူထားပါ။ ကျွန်တော်တို့ မထိန်းချုပ်နိုင်တော့ရင် ကျောက်စိမ်းအာကာသယာဉ်ထဲ ဝင်ကြနော်။ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာမဟုတ်ရင် တခြားမိစ္ဆာတွေက သူ့ရဲ့ကာကွယ်မှုကို မချိုးဖျက်နိုင်ဘူး။"
လျိုနင်ရွှမ်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးပြုပြီး သတိထားပါ ဂျူနီယာမောင်လေး။"
ယွင်ရှီးကလည်း နောက်ထပ်ဘာမျှမပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် လုရီသည် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးနှင့် အင်မော်တယ်လက်နက်များ ကိုင်စွဲထားသော ဟင်းလင်းပြင် အင်မော်တယ်အချို့နှင့်အတူ ရှေ့မှ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် လိုက်ပါသွားတော့သည်။
သူတို့သည်လည်း လုရီ၏ လက်ထဲမှ မိစ္ဆာချေမှုန်းခြင်းဓား၏ အရှိန်အဝါကို သဘာဝအတိုင်း ခံစားမိကြပြီး သူ၏ အခြေအနေကို အသိအမှတ်ပြုလိုက်ကြသည်။
လုရီ လာနေသည်ကို မြင်သောအခါ ဟင်းလင်းပြင် အင်မော်တယ်များ၏ အမူအရာများ ပြောင်းလဲသွားပြီး ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေသည်။
"ဟားဟားဟား၊ မိတ်ဆွေလေး လုရီ၊ ငါတို့ တစ်ခါထပ်ပြီး ဘေးချင်းယှဉ် တိုက်ခိုက်ရပြန်ပြီပဲ။" လုံယင်ဘိုးဘေးက ကောင်းကင်နဂါးလှံကို ဝှေ့ယမ်းရင်း ရယ်မောလိုက်သည်
နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးက ခေါင်းအသာညိတ်ပြီး လုရီ၏ လက်ထဲမှ မိစ္ဆာချေမှုန်းခြင်းဓားကို အသိအမှတ်ပြုစွာ ကြည့်လိုက်သည်။
"ကောင်းလိုက်တဲ့ ဓားပဲ၊ မိတ်ဆွေလေး လုရီမှာ ဒီလို အင်မော်တယ်ဓားမျိုး ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
လုရီက ပြုံးလိုက်သည်။ "ကံကောင်းမှုတစ်ခုပါပဲဗျ။"
အခြားသူများ စကားမပြောနိုင်တော့ပေ။
သို့သော်လည်း ယခုမှာ လုရီ မကြာခဏ တိုက်ဆိုင်စွာ ရတနာအမျိုးမျိုး ရရှိခြင်းကို ညည်းညူရမည့် အချိန်မဟုတ်ပေ။
နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးသည် ချဉ်းကပ်လာသော အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာကို ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။
"ကျုပ် တစ်ကောင်ကို ထိန်းထားနိုင်တယ်၊ ကျန်နှစ်ကောင်က မင်းတို့ တာဝန်ပဲ။"
ကောင်းကင်ဘုံ နန်းတော်မှ ဟင်းလင်းပြင် အင်မော်တယ်လူငယ်က ခပ်ပြတ်ပြတ် ပြန်ပြောသည်။
"ကျွန်တော်တို့ရဲ့ အစွမ်းက ခင်ဗျားနဲ့ မယှဉ်နိုင်ဘူး။ အတူပေါင်းတိုက်ရင်တောင် နှစ်ကောင်ကို တားနိုင်မှာ မဟုတ်ဘူး။"
ကျန်သူများလည်း လေးနက်သော အမူအရာများ ရှိနေကြသည်။
"ဘာပဲဖြစ်ဖြစ်၊ ကျုပ်တို့ သူတို့ကို ထိန်းထားရမယ်။ ကျုပ်တို့အောက်မှာ ထျန်းမင်ရှိနေတယ်၊ ပြီးတော့ မင်းတို့အားလုံး ကောင်းကင်ဘုံ မိစ္ဆာဆိုတာ ဘယ်လိုသတ္တဝါမျိုးလဲဆိုတာ နားလည်ကြပါတယ်။ ကျုပ်တို့ မထိန်းချုပ်နိုင်ရင် အကျိုးဆက်ကို လူတိုင်းသိကြမ်ူ ထင်ပါတယ်..."
နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးက အေးစက်စွာ ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်၊ အားလုံး အကောင်းဆုံးကြိုးစားပြီး အစွမ်းကုန်သုံးကြရအောင်။"
ချင်းချုံးယွင်ဟွားက ညင်သာစွာ ပြောလိုက်၏။
ချင်းချုံးနန်းတော်သည် သူမ၏ ဦးခေါင်းအထက်တွင် ပျံဝဲနေသည်။
အခြားသူများ သဘောတူညီစွာ ခေါင်းညိတ်ကြသည်။
"ငါတို့ ဒီတိုက်ပွဲမှာ မသေရင် သုံးနှစ်တိတိ ခွက်မြှောက်ပြီး အားရပါးရ သောက်ကြမယ်။"
ဖြူလွှသော ဓားရှည်ကို ကိုင်ဆောင်ထားသည့် သန်မာသော လူကြီးတစ်ဦးက ရယ်မောရင်း အော်ဟစ် ကြွေးကြော်လိုက်သည်။
သူတို့ စကားပြောနေစဉ်တွင် သူတို့သည် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာများနှင့် ပို၍ ပို၍ နီးကပ်လာသည်။
ဟင်းလင်းပြင်တွင် နှစ်ဖက်စလုံး၏ လှိုင်းဂယက်များ တိုက်မိကြသည်။ ဧရာမ လှိုင်းကြီးနှစ်ခု တိုက်ခတ်မိသည့်အလား အလယ်ဗဟိုတွင် နေရာလပ်ကိုယ်နှိုက်ပင် လိမ်ယှက်နေသော ကြောက်မက်ဖွယ် ပုံစံများ ဖြစ်ပေါ်လာ၏။
တိုးဝင်လာသော ဝိညာဉ်စွမ်းအင်ဒီလှိုင်းများသည် အဆုံးမဲ့သော မည်ဟည်းသံများနှင့်အတူ ဂြိုဟ်များ တိုက်မိသည့်အလား အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွား၏။
"သတ်။"
နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီး၏ ယခင်က နူးညံ့သိမ်မွေ့သော မျက်နှာသည် ယခုအခါ အေးစက်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူ ပြင်းထန်စွာ ဟစ်အော်လိုက်သည်။
သူ၏ ကြေးနီရောင် ရှေးဟောင်းဓားသည် ကောင်းကင်ဘုံ တာအို၏ လေးလံသော ဖိအားကို သယ်ဆောင်ကာ ဓားတစ်ချက်ဖြင့် ခုတ်ချလိုက်သည်။
ကောင်းကင်ကြီး ပြိုကျသွားသည့်အလား နေရာလပ်တို့ လိမ်ယှက်ကုန်၏။ ကောင်းကင်ဘုံ တာအိုပုံစံများ စုဖွဲ့ထားသော ဓားအလင်းတန်းတစ်ခုသည် ရှေ့ဆုံးမှ ကောင်းကင်ဘုံ မိစ္ဆာထံသို့ တိုးဝင်သွားသည်။
ကောင်းကင်ဘုံ မိစ္ဆာသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ စိတ်လှိုင်းများ ပျံ့ထွက်လာ၏။
"ကောင်းကင်ဘုံ တာအိုဓားလား။ ကောင်းကင်ဘုံ တာအို အမွေဆက်ခံသူတစ်ယောက်နဲ့ ကြုံတွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ညီအစ်ကိုတို့၊ သူ့ကိုသတ်ကြ။"
ထိုကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်တည်း မဟုတ်ပေ။ အခြား အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်နှင့် သူတို့နောက်မှ လိုက်ပါလာသော ကောင်းကင်ဘုံ မိစ္ဆာအများအပြားအားလုံး ကျယ်လောင်စွာ အော်ဟစ်နေကြသည်။
လုံယင်ဘိုးဘေးက ဟိန်းဟောက်လိုက်၏။
"မင်းရဲ့ပြိုင်ဘက်က ဒီအဘိုးကြီးပဲ။"
သူ၏ အရှိန်အဝါသည် သူ့ပတ်လည်တွင် ဝေ့ဝဲနေပြီး နဂါးအကြေးခွံများ စုဖွဲ့လာသည်။ သူ၏ မူလက ကုန်းကွနေပြီး အိုမင်းသော ခန္ဓာကိုယ်သည် ရုတ်တရက် နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းနေသော သုံးမီတာမြင့်သည့် ရွှေရောင်
လူထွားကြီးတစ်ဦးအဖြစ် ဖောင်းပွလာသည်။ လူပုံစံ နဂါးအစစ်တစ်ကောင်နှင့် တူလှသည်။
လုံယင် ဘိုးဘေး သည် သူ၏ ကောင်းကင်နဂါးလှံကို ဝှေ့ယမ်းလိုက်သည်။ သူ၏ အသက်စွမ်းအားများ တိုးထွက်လာပြီး နဂါးအစစ်များ၏ အရိပ်များကို ထုတ်ဖော်လိုက်၏။
လုံယင်ဘိုးဘေးတစ်ဦးတည်းမဟုတ်။ ချင်းချုံးယွင်ဟွား၊ ကောင်းကင်ဘုံ နန်းတော်မှ ဟင်းလင်းပြင် အင်မော်တယ်များနှင့် အခြားသော ဟင်းလင်းပြင် အင်မော်တယ်အမျိုးမျိုးတို့သည် တစ်ဦးချင်းစီ အင်မော်တယ်လက်နက်များကို အသုံးပြုနေကြသည်။ သူတို့၏ ဝိညာဉ်စွမ်းအင်များ ပြင်းထန်စွာ ပေါက်ကွဲနေသည်။ နေမင်း၏ မီးလျှံများ ပေါက်ကွဲထွက်သည့်အလား အရပ်ရှစ်မျက်နှာသို့ ရင်တုန်ဖွယ် စွမ်းအင်များဖြင့် တိုက်ခတ်သွားသည်။
သူတို့၏ အောက်ဘက်၊ သားရဲတစ်သောင်းတောင်တန်းတွင် အဆုံးမဲ့ လေလှိုင်းများ ထျန်းမင်သို့ ဝင်ရောက်လာသည်။ ငလျင်လှုပ်ခတ်သကဲ့သို့ တောင်တန်းများတစ်လျှောက် အနည်းငယ် တုန်ခါသွားစေသည်။
သားရဲတစ်သောင်းတောင်တန်းမှ ကြမ်းကြုတ်သားရဲအများအပြားသည် ထိုကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိပြီး ထိတ်လန့်တကြား ထွက်ပြေးရင်း ဟိန်းဟောက်နေကြသည်။
ဟင်းလင်းပြင် အင်မော်တယ်များ သူတို့၏ အင်မော်တယ်လက်နက်များနှင့်အတူ ပြသသော စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှ၏။
တစ်ဦးတစ်ယောက်တည်းက အင်မော်တယ်တစ်ပါးကို မထိခိုက်နိုင်သော်လည်း ဤနေရာတွင် ထိုသို့သော ပုဂ္ဂိုလ်တစ်ဒါဇင်ကျော်ရှိနေရာ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာများပင်လျှင် အာရုံစိုက်ခြင်းမှ မလွတ်မြောက်နိုင်ပေ။
"သေခြင်းရှင်ခြင်းကို မသိတဲ့ကောင်တွေ"
ကျန် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်က လှောင်ပြောင်လိုက်သည်။
ထိုအခိုက် ကြောက်ခမန်းလိလိ အားကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။
လည်ပတ်နေသော နက္ခတ်တာရာများ တုန်ခါသွားသည်။ တည်မြဲသော ကြယ်နက္ခတ်တစ်စင်း ပေါက်ကွဲလုနီးပါး ဖြစ်နေသလိုပင်။
ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်၏ မျက်နှာများ ပြောင်းလဲသွားပြီး အရှိန်အဝါရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
သူတို့သာ မဟုတ်ပေ။ အနီးအနားမှ ဟင်းလင်းပြင် အင်မော်တယ် တန်ခိုးရှင်များပင် ထိုအတိုင်းပင်။
လူတိုင်းသည် လုရီ မိစ္ဆာချေမှုန်းခြင်းဓားကို ကိုင်စွဲထားသည်ကို မြင်လိုက်ရ၏။ အဆုံးမဲ့ ဓားအလင်းတန်းသည် ၎င်းပတ်လည်တွင် စီးဆင်းနေပြီး ကြယ်တာရာစွမ်းအားဖြင့် ထူထပ်စွာ ပြည့်နှက်နေသည်။
ထိုကြောက်မက်ဖွယ် အရှိန်အဝါသည် ထိုနေရာမှ ထုတ်လွှတ်နေခြင်းပင်။
လုရီ၏ အမူအရာမှာ လေးနက်နေပြီး အနည်းငယ် တင်းမာနေဟန်ရှိ၏။။
ဤသည်မှာ လုရီ ပထမဆုံးအကြိမ် ကြယ်ဖြတ်ဓားကွက်ကို အထွတ်အထိပ် အဆင့်တွင် အသုံးပြုခြင်းဖြစ်ပြီး အလယ်အလတ်တန်းစား အင်မော်တယ်လက်နက်ကိုလည်း အသုံးပြုနေသလေသည်။
သူ၏ ကျင့်ကြံမှုအခြေခံမှာ မဟာယာနနယ်ပယ်၌သာ ရှိသေးပြီး သူ ယခုအချိန်တွင် ၎င်းကို ထိန်းချုပ်ရန် အနည်းငယ် မတတ်နိုင်သလို ခံစားနေရသည်။
နောက်ဆုံးတွင် စွမ်းအားမှာ လွန်ကဲစွာ ကြီးမားလှသည်။
သို့သော် လုရီ၏ အခြေခံမှာ အလွန်အမင်း ခိုင်မာလှပြီး ဤသို့ဖြစ်နေသော်လည်း သူသည် ကြယ်ဖြတ်ဓားကွက်ကို အတင်းအကျပ် ထိန်းချုပ်ထားလိုက်သည်။
သူ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်ကို ထိုးနှက်လိုက်သည်။
အဆုံးမဲ့ ကြယ်တာရာဓားအလင်းတန်းသည် အချိန်နှင့်နေရာကို ကျော်လွန်သည့်အလား
နဂါးငွေ့တန်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ချက်ချင်းပင် ကောင်းကင်ဘုံ မိစ္ဆာထံသို့ ချဉ်းကပ်သွား၏။ မိစ္ဆာချေမှုန်းခြင်းဓား၏ မွေးရာပါ မိစ္ဆာသဘာဝကို ချေမှုန်းသည့် ဂုဏ်သတ္တိသည် တောက်လောင်နေသော မီးလျှံကဲ့သို့ ကောင်းကင်ဘုံ မိစ္ဆာ၏ ခန္ဓာကိုယ်ပတ်လည်မှ မိစ္ဆာသဘာဝကို လောင်ကျွမ်းသွားစေသည်။
ကောင်းကင်ဘုံ မိစ္ဆာ၏ ပတ်လည်မှ မိစ္ဆာအလင်းသည် မသေမချာ လင်းလက်နေပြီး အတွင်းမှ လိမ်ယှက်နေပြီး ကြမ်းတမ်းသော ပုံစံကို ဖော်ပြနေသည်။
စကြာဝဠာ၏ မိစ္ဆာသွင်ပြင်ကို ကိုယ်စားပြုသော သတ္တဝါတစ်ကောင်အနေဖြင့် ကောင်းကင်ဘုံ မိစ္ဆာ၏ ပုံပန်းသဏ္ဌာန်မှာ အလွန်ကြမ်းတမ်းသော်လည်း လူပုံစံကိုတော့ ထိန်းသိမ်းထားဆဲဖြစ်သည်။
"ဝရူး"
ဤဓားချက်ကို ရင်ဆိုင်ရသောအခါ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
မိစ္ဆာအလင်း လင်းလက်လာပြီး ဖျက်ဆီးခြင်းစွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်၏။ မိစ္ဆာသဘာဝဖြင့် ပြည့်နှက်နေသော တာအိုပုံစံများ စုဖွဲ့လာသည်။
ကောင်းကင်ဘုံ မိစ္ဆာ၏ မူလစွမ်းအား၏ အနှစ်သာရ၊ မိစ္ဆာလမ်းစဉ်၏ စွမ်းအားပင်။
လင်းလက်နေသော မိစ္ဆာအလင်းသည် မည်းနက်သော စက်ဝိုင်းများအဖြစ် စုဖွဲ့သွားသည်။ အတွင်း၌ အင်းကွက်များ မှိတ်တုတ်လင်းလက်နေပြီး ကြောက်မက်ဖွယ်အားကောင်းသော အရှိန်အဝါ ပါဝင်နေသည်။
ဤစက်ဝိုင်းများသည် ဓားရှည် နဂါးငွေ့တန်းဘက်သို့ ပစ်လွှတ်လာသည်။
ထူထပ်သော စက်ဝိုင်းများသည် ဓားရှည်
နဂါးငွေ့တန်းနှင့် တိုက်မိကြသည်။ ဝိညာဉ်စွမ်းအင်၏ လှိုင်းဂယက်များ မသေမချာ လင်းလက်နေသည်။ နောက်ဆက်တွဲဂယက်မှာ ပေါက်ကွဲနေသော ဂြိုဟ်များကဲ့သို့ ရိုင်းစိုင်းစွာ တိုက်ခတ်နေသည်။ ဟင်းလင်းပြင်အောက်ရှိ
ထျန်းမင်တွင် သားရဲတစ်သောင်းတောင်တန်းသည် ပို၍ပင် ပြင်းထန်စွာ တုန်ခါသွားပြီး မုန်တိုင်းများပင် ဖြစ်ပေါ်လာသည်။
အနက်ရောင်စက်ဝိုင်းများ ပျောက်ကွယ်သွားသောအခါ ဓားရှည် နဂါးငွေ့တန်းသည် မှိန်ဖျော့သွားသော်လည်း လုံးဝမပြိုကွဲသေးပေ။
ဤသည်ကို မြင်သောအခါ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသည် သူ၏ လက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ဧရာမ လက်ဝါးကြီးတစ်ခု သက်ဆင်းလာကာ နဂါးငွေ့တန်းကို ကြေမွသွားစေသည်။
သူသည် မိစ္ဆာအလင်းဖြင့် ဖုံးလွှမ်းနေသော လုရီကို စိုက်ကြည့်လိုက်သည်။ သူ၏ အမူအရာကို
မမြင်နိုင်သော်လည်း သူ၏ စိတ်လှိုင်းများမှာ ပြင်းထန်နေသည်။
"လူသားမျိုးနွယ် ပါရမီရှင်တစ်ယောက်လား။ ဒီလို သာမန်ကြယ်ဂြိုဟ်လေးပေါ်မှာ တစ်ယောက်နဲ့ ကြုံတွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
အခြား ဟင်းလင်းပြင် အင်မော်တယ်များသည် ယခုအခါ လုရီဘက်သို့ အံ့ဩတကြီးနှင့် မယုံနိုင်စွာ ကြည့်နေကြသည်။
လုရီက ထိုသို့သော ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု သူတို့ ဘယ်တော့မှ
မတွေးထင်ခဲ့ကြပေ။
လုရီမှာတော့ အေးအေးဆေးဆေး မရှိပေ။ သူ၏ အမူအရာမှာ လေးနက်နေသည်။ ကြယ်ဖြတ်ဓားကို အဆုံးစွန်အဆင့်တွင် သူ၏ အစွမ်းကုန်အသုံးပြုပြီးသော်လည်း သူ အင်မော်တယ်အဆင့် သတ္တဝါတစ်ကောင်နှင့် ရင်ဆိုင်ရာတွင် မနည်းမနော အသာစီးရရုံသာ ရှိခဲ့သည်
အရမ်းအားကောင်းလွန်းတယ်။
ဤသည်ကို ခံစားမိသောအခါ ကောင်းကင်ဘုံ မိစ္ဆာများသည် ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။ မိစ္ဆာချီစွမ်းအင်များ လင်းလက်လာပြီး ဖျက်ဆီးလိုသော သတ်ဖြတ်စိတ်တစ်ခု ပေါ်ထွက်လာသည်။
"ဒါ လူသားမျိုးနွယ် ပါရမီရှင်ပဲ။ သူ့ကို သတ်စမ်း"
"သတ်။ လူသားမျိုးနွယ် ပါရမီရှင်ကို သတ်ဖြတ်ခွင့်က မျက်စိရှေ့မှာတင်ပဲ။"
နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးနှင့် တိုက်ခိုက်နေသော ကောင်းကင်ဘုံ မိစ္ဆာပင်လျှင် ဟိန်းဟောက်လိုက်သည်။
သူက ဆရာသခင်ကြီးကို တိုက်ကွက်တစ်ချက်ဖြင့် နောက်ဆုတ်သွားစေပြီး လုရီဘက်သို့ တရကြမ်း တိုးဝင်လာသည်။
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသုံးကောင်သည် အလွန်အမင်းလှပသော အလှပဂေးတစ်ဦးကို မြင်လိုက်ရသည့်အလား မဆင်မခြင် ရှေ့သို့ တိုးဝင်လာကြလေသည်။
လုရီ: "???"
သူ့ထံသို့ တိုးဝင်လာသော အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသုံးကောင်ကို ကြည့်ရင်း သူ မှင်တက်သွားသည်။
ဘာတွေဖြစ်ကုန်တာလဲ။
ငါ့ရဲ့ ပါရမီက အထင်ကြီးစရာကောင်းတာကို
ဝန်ခံပါတယ်။ ဒါပေမဲ့ ဒီကောင်းကင်ဘုံ မိစ္ဆာတွေက ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေကြတာလဲ။
ပါရမီကောင်းတဲ့သူကို သတ်ရတာက သူတို့ကို ပိုပြီးစိတ်လှုပ်ရှားစေလို့များလား။
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသုံးကောင်ကို ကြည့်ရင်း လုရီ ခေါင်းနပမ်းကြီးလာလေသည်။