← Chapters

နတ်ဘုရားများ

Vol. 88 Ch. 880

နတ်ဘုရားများ

Vol. 88 Ch. 880

ဤကမ္ဘာတွင် နတ်ဘုရားများ တကယ်ပင် ရှိလေသလား။

ဤမေးခွန်းမျိုးကို စုချန်း မေးလာလိမ့်မည်ဟု ပိတ်လော့ ဘယ်တုန်းကမှ ထင်မထားချေ။ သူ အံ့သြသွား၏။

ခေတ္တ ငြိမ်သက်သွားပြီးနောက် သူ အောက်ပါအတိုင်း ပြန်ဖြေလိုက်သည်။

"အာကာနာနိုင်ငံတော်မှာ ဒီမေးခွန်းကို အဖြေရှာနိုင်ဖို့အတွက် အရူးအမူးဖြစ်ခဲ့ဖူးတဲ့ ကာလတခု ရှိခဲ့ဖူးတယ်သခင်”

“ဒီတော့ သူတို့ အဖြေကိုရှာတွေ့ခဲ့ရဲ့လား"

“နောက်ဆုံးတော့ ရှေးဦးသက်ရှိတွေကိုပဲ ‘နတ်ဘုရား’ လို့ ကျုပ်တို့ သတ်မှတ်ခဲ့ကြတယ်သခင်"

“ဒီတော့ ရှေးဦးသက်ရှိတွေက နတ်ဘုရားတွေပေါ့ ဟုတ်လား"

စုချန်း ပြန်မေးလိုက်၏။

ရှေးဦးသက်ရှိမျိုးစိတ်များသည် မူလပထမကမ္ဘာကြီးပေါ်တွင် ပထမဆုံး ပေါ်ပေါက်လာခဲ့သည့် သက်ရှိများဟု ဆိုနိုင်သည်။ သူတို့သည် ကောင်းကင်ဘုံ၏ ဆန္ဒကြောင့် ဖြစ်တည်လာကြသူများဖြစ်၍ တဖက်ကမ်းခတ်သည်အထိ အစွမ်းထက်ကြ၏။

ထို့နောက်တွင်တော့ အဆိုပါရှေးဦးသက်ရှိများ မူလကမ္ဘာကြီးပေါ်မှ ပျောက်ကွယ်သွားကြလေသည်။ သူတို့ ပျောက်ကွယ်သွားပြီးနောက်တွင်တော့ မူလသားရဲများနှင့် ကမ္ဘာဦးမတိုင်မီ သားရဲကြီးများသည် မူလကမ္ဘာကြီးကို ကာလရှည်ကြာ အုပ်စိုးခဲ့ကြ၏။

ယခုကာလတွင်တော့ ညဏ်ရည်မြင့်သက်ရှိမျိုးစိတ်ငါးစိတ်သည် ကမ္ဘာကြီးကို တဦးတည်း အုပ်စိုးနိုင်ရန် အချင်းချင်း တိုက်ခိုက်နေကြလေပြီ။ထို့ကြောင့် ရှေးဦးသက်ရှိများကို နတ်ဘုရားများဟု ခေါ်ဝေါ်ခြင်းမှာ မထူးဆန်းလှချေ။

သို့သော် ဤအချက်ကြောင့်ပင် မဖြေရှင်းနိုင်သည့် မေးခွန်းများကို ထပ်မံပေါ်ထွက်လာပြန်သည်။

စိတ်ဝိညာဥ်သလင်းကိုသုံးကာ အသည်းအသန်တွက်ချက်နေရင်း စုချန်းက မေးလိုက်ပြန်၏။

“ကျုပ် သံသယဖြစ်နေတာ တချို့တော့ရှိတယ်ဗျ”

“ဘာများလဲသခင်"

“ရှေးဦးသက်ရှိတွေဟာ ကမ္ဘာကြီးရဲ့အစောဆုံးကာလမှာ တည်ရှိခဲ့ကြတယ် သူတို့ ပျောက်ကွယ်သွားခဲ့ရင် ဒါဟာ မူလစွမ်းအင်ချို့တဲ့မှုကြောင့်ဆိုတာ ဖြစ်နိုင်ချေရှိတယ် ဒါပေမဲ့ဗျာ... သူတို့ အခုထိ အသက်ရှင်နေသေးတယ်ဆိုပါစို့ သူတို့ ဘယ်လိုနေရာမျိုးမှာများ ပုန်းအောင်းခဲ့ကြတာလဲ ဒါ ကျုပ်ရဲ့ ပထမဆုံးမေးခွန်းပဲ ပြီးတော့ ရှေးဦးသက်ရှိတွေ အုပ်စိုးခဲ့တဲ့ကာလမှာ မူလသားရဲကြီးတွေတောင် ခေါင်းမဖော်ရဲကြဘူး ညဏ်ရည်မြင့်မျိုးစိတ်ကြီးငါးစိတ်ဆိုတာတော့ အဝေးကြီးပဲ အဲဒီကာတုန်းက ဉာဏ်ရည်မြင့်သက်ရှိတွေ ရှိခဲ့သလားဆိုတာတောင် ကျုပ်တို့ မသိရဘူး ဒါနဲ့တောင် ဒီနတ်ဘုရားတွေဟာ ဉာဏ်ရည်မြင့်မျိုးစိတ်တွေကို ရှာတွေ့သွားတယ် ပြီးတော့ ရှေးဦးသက်ရှိတွေထဲက တယောက်က လူပျံတော်တွေရဲ့ နတ်ဘုရားမတပါး ဖြစ်လာတယ် ဒါ ဘယ်လိုဖြစ်ရတာလဲ ဒါ ကျုပ်ရဲ့ ဒုတိယမေးခွန်းပဲ ကျုပ်ရဲ့နောက်ဆုံးမေးခွန်းကတော့ နတ်ဘုရားဖြစ်ရခြင်းရဲ့အကျိုးကျေးဇူးက ဘာတွေများဖြစ်မလဲ"

ပိတ်လော့ကလည်း တချက်ချင်းပင် ပြန်လည်ရှင်းပြလိုက်၏။

“အာကာနာနိုင်ငံတော်ခေတ်တုန်းကလဲဒီမေးခွန်းအားလုံးကို ကျုပ်တို့ အပြန်အလှန် ဆွေးနွေးခဲ့ကြဖူးတယ် ဖြစ်နိုင်ခြေ အကြောင်းရင်းပေါင်းများစွာကို စဉ်းစားခဲ့ပြီး မှန်းဆချက်များစွာကို ဖော်ထုတ်ခဲ့ကြတယ် အမှန်တိုင်းပြောရရင် ကျုပ်ကိုယ်တိုင်တောင် ဒီမေးခွန်းတွေအားလုံးအတွက် ရှင်းလင်းတဲ့ အယူအဆတခုကို ဖော်ထုတ်နိုင်ခဲ့တယ်”

"ဒါဆိုလဲ ရှင်းပြစမ်းပါအုံးဗျာ”

“ရှေးဦးသက်ရှိတွေကို ကျုပ်တို့အနေနဲ့ တကယ်ပဲ နတ်ဘုရားတွေလို့ ယူဆလိုက်ရအောင်...သူတို့ ဉာဏ်ရည်မြင့်မျိုးစိတ်တစိတ်ရဲ့ နတ်ဘုရားတပါး ဖြစ်လာခြင်းအတွက် တခုတည်းသော အကြောင်းရင်းက သူတို့အတွက်လဲ အကျိုးကျေးဇူးတမျိုး ပြန်ရလို့ပဲဖြစ်လိမ့်မယ်"

“ဘယ်လိုအကျိုးကျေးဇူးမျိုးလဲ”

“သူတို့ ဘယ်လိုများ ဒီနေ့ထိ အသက်ရှင်နေသေးတာလဲလို့ သခင်မမေးပါလား"

စုချန်း အံ့ဩသွား၏။

“ဒါဆို ခင်ဗျားပြောနေတာက...”

“ကျုပ် ဘာမှပြောနေတာမဟုတ်ဘူးသခင်”

ပိတ်လော့က စကားဖြတ်ပြောလိုက်၏။

"တကယ်တမ်းပြောရရင် ကျုပ်ကိုယ်တိုင်လဲ ဒီအဖြေကို မသိဘူး နတ်ဘုရားတွေဟာ သာမန်လူတွေရဲ့ ယုံကြည်မှုကိုစားသုံးပြီး ဆက်လက်ရှင်သန်နေဖို့ လိုရလောက်အောင် ဘာဖြစ်လို့များ ဒီလောက်ထိ အားနည်းရတာလဲဆိုတာကို ကျုပ် တကယ်မသိဘူး ဒါပေမဲ့ ရှေးဦးသက်ရှိတွေဟာ တကယ်ပဲ နတ်ဘုရားတွေဖြစ်နေခဲ့ရင် သူတို့နဲ့ပတ်သက်ပြီး ကျုပ်တို့တွေးမိနေတဲ့ သံသယတွေအားလုံးဟာ အဖြေတွေပဲ ဒီသံသယတွေအားလုံးကို တခုနဲ့တခု ဆက်စပ်ကြည့်လိုက်ရင် မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတခုကတောင် ဖြစ်နေချေအရှိဆုံးအကြောင်းရင်းတခု ဖြစ်လာနိုင်တယ်"

“ဒါဆို ဘာဖြစ်လို့ လူသားတွေမှာ ကိုယ်ပိုင်နတ်ဘုရားတွေ မရှိရတာလဲ”

စုချန်းက မေးလိုက်ပြန်သည်။

“လူပျံတော်တွေမှာ ကိုးကွယ်ယုံကြည်ရတဲ့ နတ်ဘုရားတပါးရှိနေတယ်ဆိုတာ သူတို့ရဲ့နတ်ဘုရားက သူတို့ကို အာရုံစိုက်ခဲ့လို့ပဲ လူသားတွေမှာ နတ်ဘုရားမရှိဘူးဆိုတာ ဘယ်နတ်ဘုရားမှ လူသားတွေကို အာရုံမစိုက်ခဲ့လို့ပဲ”

ပိတ်လော့က သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟလိုက်၏။

ထိုစကားကို ကြားလိုက်သည်နှင့် စုချန်းတယောက် အတွေးကမ္ဘာထဲသို့ နစ်မြုပ်သွားတော့သည်။

ထိုအချိန်မှာပင် မည်သည့်အကြောင်းပြချက်မှ မရှိပဲ သူ့အမြင်အာရုံကို ကွယ်ပျောက်စေခဲ့သည့် သူတောင်းစားအဘိုးကြီးကို စုချန်း ရုတ်တရက် သတိရလာ၏။

အတန်ကြာအောင် စဉ်းစားပြီးနောက် စုချန်းက ပြောလိုက်ပြန်သည်။

"ဖြစ်နိုင်တာတခုက သူတို့ လူသားတွေကို အာရုံစိုက်ခဲ့ပေမဲ့ လူသားတွေက သူတို့ကို သတိမထားမိခဲ့တာမျိုး ဖြစ်လိမ့်မယ်”

“သတိမထားမိဘူး ဟုတ်လား သခင်”

ဤတကြိမ်တွင်တော့ ပိတ်လော့ နဝေတိမ်တောင် ဖြစ်သွား၏။

“သခင် ဘာကိုဆိုလိုတာလဲ”

စုချန်း ခေါင်းခါလိုက်လေသည်။

"ကျုပ်လဲ တကယ်ကို မရှင်းပြတတ်ဘူးဗျ ကျုပ် မိခင်နတ်ဘုရားဂိုဏ်းရဲ့ပင်မခန်းမဆောင်မှာ နတ်ဘုရားသားမွှေးတောင်ကို ခိုးဖို့ ကြိုးစားခဲ့တုန်းက နတ်ဘုရားတစ်ပါးသာပိုင်ဆိုင်ထားနိုင်တဲ့စွမ်းအားတမျိုးရဲ့ ခြိမ်းခြောက်မှုကို သိသိသာသာ ခံစားခဲ့ရတယ် အဲဒီလိုစွမ်းအားမျိုးကို စကားလုံးတွေနဲ့ ဖော်ပြဖို့ ဒါမှမဟုတ် ခုခံဖို့ဆိုတာ မဖြစ်နိုင်ဘူး အဲဒီနောက် ဘာဖြစ်သွားမှန်း ခင်ဗျား သိသလား"

“ဘာတွေများဆက်ဖြစ်ကုန်တာလဲသခင်"

“ကျုပ်ရဲ့ လက်သီးနဲ့ အဲဒီနတ်ဘုရားရုပ်တုကို ရိုက်ခွဲပစ်လိုက်တယ်လေ"

စုချန်း ဘာက်ိုရည်ရွယ်နေမှန်း ပိတ်လော့ လိုက်မမှီပဲ ဖြစ်နေ၏။ ထိုအချိန်မှာပင် စုချန်းက စကားဆက်လိုက်သည်။

“ကျုပ်တို့ဟာ နတ်ဘုရားတွေ မဟုတ်တာကြောင့် သူတို့ ဘာတွေးတယ်၊သူတို့ ဘာလိုချင်တယ်ဆိုတာကို ခန့်မှန်းလို့မရဘူး ဒါပေမဲ့ ကျုပ်အနေနဲ့ အဲဒီဖြစ်ရပ်ကနေ အရာနှစ်ခုကိုတော့ အတည်ပြုနိုင်လိုက်တယ် ပထမတခုကတော့ ကျုပ်ကိုယ်တိုင် နတ်ဘုရားစွမ်းအင်ကို မြင်တွေ့ခံစားခဲ့ရတာပဲ ဒုတိယတခုကတော့ နတ်ဘုရားတွေရဲ့လုပ်ဆောင်ချက်တွေမှာလဲ ကန့်သတ်ချက်တချို့ရှိနေတာပဲ"

“နတ်ဘုရားတွေမှာလဲ ကန့်သတ်ချက်ရှိတယ် ဟုတ်လား...”

ပိတ်လော့ တီးတိုးရေရွတ်လိုက်၏။

“ဘယ်လိုအရာကများ နတ်ဘုရားတပါးကို ကန့်သတ်နိုင်တာလဲသခင်”

ပိတ်လော့ မည်သို့မှ နားမလည်နိုင်ရှာ။

“မသိဘူး ကျုပ် တကယ်ကို မသိဘူး”

စုချန်း ခေါင်းခါပြလလိုက်လေသည်။

“ဖြစ်နိုင်တာက ပိုပြီး အစွမ်းထက်တဲ့ နတ်ဘုရားတပါး၊ ဥပမာ နတ်ဘုရားဘုရင်တပါးလိုပေါ့ ဒါမှမဟုတ် တခုခုဖြစ်လိမ့်မယ် သဘာဝစွမ်းအားလား ကောင်းကင်ဘုံရဲ့ဆန္ဒလား ကျုပ် မပြောတတ်ဘူး”

တကယ်လည်း ထိုအဖြေကို စုချန်း မသိချေ။

မည်သို့ဆိုစေ သူ့ရှေ့ရှိ ကမ္ဘာကြီးသည် သူ စိတ်ကူးထားသည်ထက် များစွာပို၍ကျယ်ပြောမှန်းကို သူသိလိုက်ရလေပြီ။

ဤအသိတရားသည် သူ့ကို ပြင်းပြင်းထန်ထန် စိတ်လှုပ်ရှားစေ၏။

သူ အမြင့်သို့ပိုရောက်လာသည်နှင့်အမျှ အတွက်ကြောင့် ပို၍ဝေးဝေးကို မြင်နိုင်လာခဲ့လေပြီ။ ရလဒ်အနေနှင့် သူသည်ကမ္ဘာကြီး၏ မူလဘူတအမှန်တရာများကို ပို၍ရှင်းလင်းစွာ နားလည်သဘောပေါက်လာ၏။

ထိုအချက်က သူ့ကို မကြောက်ရွံ့စေသည့်အပြင် ပို၍စိတ်ဓာတ်တက်ကြွလာစေ၏။ ဤသည်မှာ အရာရာကို စနစ်တကျ တွေးခေါ်မျှော်မြင်တတ်သူတဦး၏ သဘောထားပေတည်း။

တခြားလူများအပေါ် မှီခိုအားကိုးတတ်သူများမှာ နတ်ဘုရားတပါးမရှိခဲ့လျင်ပင် ကိုးကွယ်ဖို့ရာ နတ်ဘုရားတပါးဖန်တီးကြပေလိမ့်မည်။

အရာရာကို ရင်ဆိုင်ရဲသူ၊တပါးသူများအပေါ် အားမကိုးတတ်သူများမူကား နတ်ဘုရားများ တကယ်တမ်းတည်ရှိနေခဲ့လျင်ပင် ၎င်းတို့ကို လေ့လာရန် ကြိုးစားကြပေလိမ့်မည်။

စုချန်းကား ဒုတိယအုပ်စုတွင် ပါဝင်နေမှန်း အထူးအထွေ ရှင်းပြနေစရာ မလိုတော့ချေ။

ဤကမ္ဘာကြီးတွင် နတ်ဘုရားများ ရှိမရှိဟူသည်မှာ စုချန်းအတွက် အရေးမကြီး။ သူတို့ မည်မျှ အစွမ်းထက်စေကာမူ စုချန်းလို ရည်မှန်းချက်ကြီးသူမျိုးအနေနှင့် နတ်ဘုရားတပါးကို ခယဦးညွတ်ပြီး ကိုးကွယ်လိမ့်မည်မဟုတ်။

သင် နတ်ဘုရားဖြစ်နေရင်လျင်ကော ဘာဖြစ်သနည်း။

ကျွန်ုပ်တွင်လည်း ကိုယ်ပိုင်ဘဝနှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ရှိနေသည် မဟုတ်တုံလော။

စုချန်းသည် ဤသို့လူစားမျိုးဖြစ်သည်။ နတ်ဘုရားများအပေါ် သူစိတ်ဝင်စားနေရသည့် တခုတည်းသောအကြောင်းရင်းသည်ပင် နတ်ဘုရားများကို သူ မည်သို့အမီလိုက်ရမည် သို့မဟုတ် ကျော်လွန်ရမည်ဟူသည်ကို ရှာဖွေချင်၍သာ ဖြစ်သည်။

စုချန်း၏ စိတ်ထဲတွင် မြန်ဆန်လှသောအရှိန်အဟုန်ဖြင့် ပြေးလွှားနေသည့် နတ်ဘုရားဆန့်ကျင်ရေးအတွေးအခေါ်များကို လုံးဝမသိရှာသည့် ပိတ်လော့ကတော့ အလေးအနက်ပင် ဆက်ပြောလိုက်လေသည်။

“သခင်ပြောလိုက်တဲ့ စကားတွေက အတော်လေးကို အဓိပ္ပါယ်ရှိတယ် နတ်ဘုရားတွေဟာ လုံးဝမတတ်သာမှပဲ ပုန်းအောင်းကြလိမ့်မယ် သူတို့ အစွမ်းထက်တယ်ဆိုရုံနဲ့ ကျုပ်တို့က သူတို့ကို ကြောက်နေဖို့ မလိုဘူး ဒီကမ္ဘာကြီးကိုလဲ ဉာဏ်ရည်မြင့်မျိုးစိတ်တွေကပဲ အုပ်စိုးရလိမ့်မယ်"

“ခင်ဗျားပြောတာ မှန်တယ်”

စုချန်း စိတ်ပါလက်ပါပင် သဘောတူလိုက်၏။

သူတို့နှစ်ဦး အနည်းဆုံးတော့ ဤအချက်တွင် တသဘောတည်းကျခဲ့သည်ဟု ဆိုနိုင်၏။

နတ်ဘုရားများအကြောင်း ဆွေးနွေးပြီးနောက် ပိတ်လော့က သံချပ်ကာအကြောင်း ဆက်ပြောပြန်သည်။

“‘ကောင်းကင်သံချပ်ကာဟာ မိခင်နတ်ဘုရားမ အသုံးပြုခဲ့တဲ့ နတ်ဘုရားအဆင့်မူလကိရိယာပဲသခင် ဒီသံချပ်ကာဟာ အင်မတန်အစွမ်းထက်ပြီး ဝတ်လိုက်တာနဲ့ အံ့မခန်းဖိအားတခုကို ထုတ်ဖော်ပေးတယ် ပိုင်ရှင်အဖြစ်အသိအမှတ်ပြုခံရတဲ့သူအပေါ်မှာပဲ ဒီဖိအားက မသက်ရောက်ဘူး ဒါ နတ်ဘုရားအဆင့်မူလကိရိယာရဲ့ ထူးခြားတဲ့ဂုဏ်သတ္တိတွေထဲက တခုပဲဆိုပါတော့ အခုချိန်ထိ ဒီလိုခံစားမှုကို မခံစားရသေးတဲ့အတွက် ဒီသံချပ်ကာအင်္ကျီဟာ မပြီးသေးဘူးလို့ ကျုပ် ယုံကြည်တယ်”

စုချန်း ရယ်မောလိုက်၏။

“ကျုပ်မှာလည်း ဒီလိုယူဆဖို့ နောက်ထပ်အကြောင်းပြချက်တခု ရှိတယ်”

“ဘာများလဲသခင်”

“ဒီသံချပ်ကာအင်္ကျီသာ အပြည့်အစုံတည်ဆောက်ပြီးသွားရင် အိပ်မက်ကြာပန်းသရဖူက ဒါကို ဝတ်ထားပြီးရောပေါ့ဗျ"

ပိတ်လော့ ပါးစပ်ပိတ်သွား၏။

မည်မျှ ရိုးရှင်းသည့် အကြောင်းပြချက်ပေနည်း။ ဤအကြောင်းပြချက်ကို သူ မည်သည့်အတွက် မစဉ်းစားမိလေသနည်း။

ကောင်းကင်သံချပ်ကာသည် မပြီးသေးလျင်ပင် ၎င်းသည် နတ်ဘုရားအဆင့် ကိရိယာတခုဖြစ်သည်။

အမျိုးသမီးတဦး ဝတ်ဆင်ရန် ဖန်တီးထားသည်ဖြစ်၍ သူ သံချပ်ကာအင်္ကျီကို ပြန်ယူသွားပြီးနောက်...

ဟင်...နေပါအုံး...ငါက ဘယ်သူ့ကို ပေးရမှာလဲ...

စုချန်း ခေါင်းရှုပ်သွား၏။

စတုတ္ထရတနာမှာကား ကျောက်သလင်းခဲတခု ဖြစ်ပြီးအထဲတွင် ပိုးကောင်တကောင်ကို ချိတ်ပိတ်ထား၏။ ကျောက်သလင်းခဲ၏ အရည်အသွေးမှာ မြင့်မားလွန်း၍ အထဲရှိ ပိုးကောင်မှာလည်း သာမန်ပိုးကောင် မဟုတ်မှန်း မြင်သာနေသည်။ ပိတ်လော့ပင် ထိုပိုးကောင်ကို မသိ၍ စုချန်း ထိုသလင်းကို သိမ်းဆည်းထားလိုက်၏။

နောက်ဆုံးရတနာမှာကား နတ်ဘုရားစွမ်းအင်များ အရှိန်ပြင်းပြင်းကို ထွက်ပေါ်နေသည့် စာလိပ် ဖြစ်သည်။

ထိုစာလိပ်ကိုမြင်သည်နှင့် ပိတ်လော့ပင် ပြောပြစရာမလိုပဲ ဘာပစ္စည်းမှန်း စုချန်း ချက်ချင်းသိလိုက်၏။

“နတ်ဘုရားစွမ်းအင်စာလိပ်လား နတ်ဘုရားတပါးရဲ့အရေပြားနဲ့လုပ်ထားတဲ့ စာလိပ်လား”

စုချန်း အံ့ဩသွား၏။

နတ်ဘုရားစွမ်းအင်စာလိပ်ဟူသည်မှာ လျှို့ဝှက်ပစ္စည်းမဟုတ်။ မိခင်နတ်ဘုရားမဂိုဏ်းကိုယ်တိုင် နတ်ဘုရားစာလိပ် တည်ရှိနေမှန်း ပွင့်ပွင့်လင်းလင်း ဝန်ခံထား၏။

မိခင်နတ်ဘုရားမသည် သူမ၏အရေပြားအပိုင်းအစကို မိခင်နတ်ဘုရားမဂိုဏ်း၏ ပထမဆုံးဂိုဏ်းချုပ်အတွက် ချန်ထားခဲ့၏။ ထို့နောက်တွင်တော့ နတ်ဘုရားသားမွှေးတောင်ခုနှစ်ချောင်းနှင့်အတူ နတ်ဘုရားစွမ်းအင်စာလိပ်သည် မိခင်နတ်ဘုရားမဂိုဏ်း၏ရတနာတပါး ဖြစ်လာခဲ့၏။

ထိုစာလိပ်ကို အသုံးပြုနည်းကလည်း အလွန်ရိုးရှင်းလှသည်။ တစုံတဦးသည် ဤစာလိပ်ကိုသုံး၍ အာကင်နာနည်းစနစ်တမျိုးကို ဖော်ထုတ်လိုက်သည်နှင့် နတ်စွမ်းအင်များ ပေါင်းစပ်လာခြင်းနှင့်အတူ အာကင်နာနည်းစနစ်၏စွမ်းအားသည် များစွာမြင့်မားလာတော့၏။

ပထမလက်စွပ်အဆင့်အာကင်နာနည်းစနစ်သည်ပင် နတ်ဘုရားစာလိပ်မှတဆင့် ထုတ်လွှတ်လိုက်သည်နှင့် ပဉ္စမအဆင့်အာကင်နာနည်းစနစ်၏ စွမ်းအင်အဆင့်ကို ရောက်ရှိသွားနိုင်ပေသည်။ သို့သော် ထိပ်တန်းအဆင့်အာကင်နာနည်းစနစ်များကိုတော့ တဆင့်ခန့်သာ တိုးမြင့်လာစေနိုင်၏။

ပြသနာမှာကား စာလိပ်ပေါ်တွင် နည်းစနစ်များ ရေးထိုးခြင်းသည် ပုံမှန်ထက် များစွာပိုမိုရှုပ်ထွေးပြီး တိုက်ပွဲတွင်လည်း နည်းစနစ်တမျိုးကို တစ်ကြိမ်သာ အသုံးပြုနိုင်၏။

ထို့ကြောင့် တကယ်တမ်းတွင် နတ်ဘုရားစွမ်းအင်လိပ်လိပ်စာသည် လက်တွေ့မကျဟု ဆိုနိုင်သည်။ ယုတ်စွအဆုံး အဆင့်နိမ့်အာကင်နာပညာရှင်များအတွက်သာ ဤစာလိပ်မျိုးက အသုံးဝင်နိုင်ပေလိမ့်မည်။ ထိပ်တန်းအဆင့်ပညာရှင်များအကြား တိုက်ပွဲများတွင်တော့ စွမ်းအင်တဆင့် မြင့်တက်လာရုံနှင့် တဖက်လူကို မည်သို့မှ ချေမှုန်းနိုင်ဖွယ်ရာ မရှိချေ။ ထို့ကြောင့် စုချန်းအတွက် ဤစာလိပ်မှာ အသုံးဝင်နိုင်ဖွယ်ရာ သိပ်မရှိ။

စုချန်း လုယက်လာသည့် တခြားပစ္စည်းအများအပြားကျန်နေသေးသော်လည်း ထိုပစ္စည်းများသည် နတ်ဘုရားအဆင့်ရတနာများထက် များစွာနိမ့်ကျနေ၍ စုချန်း သိပ်စိတ်မဝင်စားလှ။ ကျောက်စိမ်းမြူ၏ ရတနာသိုက်၊ ကံကြမ္မာ၏လက်ချောင်းများနှင့်မိခင်နတ်ဘုရားမဂိုဏ်း၏ သိုလှောင်ရုံထဲမှ ရှားပါးရတနာတွေများသည် သူတို့ဘဝတွင် ဤမျှအထိ လစ်လျူရှုခံရဖူးလိမ့်မည်မဟုတ်။

အရည်အသွေးမြင့်မားသော မူလကိရိယာများ၊ ရာနှင့်ချီသော ရှားပါးရတနာပစ္စည်းများသည် စုချန်း၏ မူလလက်စွပ်ထဲတွင် အမှိုက်ကဲ့သို့ စုပုံလျက်ရှိကြကုန်၏။ ရှားပါးဆေးဖက်ဝင်ပစ္စည်းများသည်လည်း လုံးဝလစ်လျူရှုခံထားရလေသည်။

ဓနဥစ္စာအရ စုချန်းသည် မူလကမ္ဘာကြီး၏ ထိပ်ဆုံးနားတွင် အတိအကျရပ်တည်နေခဲ့လေပြီ။

သို့တိုင်အောင် စုချန်းကတော့ အားရကျေနပ်ခြင်းမရှိသေးချေ။

ယခုတော့ ကောင်းကင်နိုင်ငံတော်၏ တော်ဝင်ဘဏ္ဍာတိုက်ကိုပါ လုယက်ရန် စုချန်း စိတ်ကူးယဉ်နေခဲ့လေပြီ။

ကမ္ဘာဦးမတိုင်မီသားရဲကား လမ်းခုလတ်သို့ရောက်နေခဲ့လေပြီ။ သိပ်မကြာမီ ကောင်းကင်မြို့တော်မှာ ဖျက်ဆီးခံရပေတော့မည်။ ဤအခြေအနေမှာ စုချန်းအတွက် အခွင့်အရေးကြီးတရပ်ပင်။

"ဘုရင်ကြီးထာဝရညက ကျုပ်အတွက် ဘယ်လိုရတနာတွေများ ချန်ထားပေးဦးမလဲမသိဘူး”

အထက်ပါအတိုင်းပြောရင်း စုချန်း အားရပါးရ ရယ်မောလိုက်၏။

“သခင့်အနေနဲ့ ကောင်းကင်နိုင်ငံတော်ရဲ့ တော်ဝင်ဘဏ္ဍာတိုက်ကို လုဖို့ကြိုးစားတာကို မေ့လိုက်ဖို့ ကျုပ် အကြံပြုပါရစေ သခင် ခုဆိုရင် အိပ်မက်ကြာပန်းသရဖူအနေနဲ့ အကြောင်းစုံကို သိလောက်ပြီ သိပ်မကြာခင် ထာဝရညလဲ သိသွားမှာပဲ သခင်သာ ဒီနိုင်ငံရဲ့ ဧကရာဇ်ဖြစ်နေရင် ဘာလုပ်မလဲ”

“ကျုပ်သာ ဧကရာဇ်ဆိုရင် တော်ဝင်ဘဏ္ဍာတိုက်ကို အစောင့်အကြပ်တွေ ပိုချထားမယ် ပြီးရင် သူခိုးရောက်အလာကို စောင့်နေမယ်"

စုချန်း ပြန်ဖြေလိုက်၏။

“နောက်ပြီးတော့...”

သူ စကားကိုဆုံးအောင်မပြောပဲ တိမ်တိုက်တောင်ထွတ်ဘက်ကို လှည့်ကြည့်လိုက်၏။

“သူတို့ ခုထိ တိုက်ပွဲမစသေးဘူးအိပ်မက်ကြာပန်းသရဖူလဲ ပြန်မလာနိုင်သေးဘူး ဒီတော့ ကျုပ် အဲဒီဘက်ကို ခနတဖြုတ် သွားရှောင်နေတာ ကောင်းမယ်"

“သခင် ဆိုလိုတာက...”

ပိတ်လော့ ပြန်မေးလိုက်သည်။

“သူတို့ မဟာမိတ်ဖွဲ့လိုက်ကြပြီ”

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲသခင်”

ပိတ်လော့ အံ့ဩသွား၏။

“ခီလစ်ဒါဟာ ကောင်းကင်နိုင်ငံတော်ရဲ့ အလိုချင်ဆုံး ရာဇဝတ်သားပဲမလား"

“ခု အဲဒီဘွဲ့က ကျုပ်ဆီ ရောက်သွားပြီနဲ့တူတယ်”

စုချန်း ပြုံးရင်း ပြန်ဖြေလိုက်သည်။

တိုက်ပွဲမဖြစ်သေးလေရာ တောင်ခြေတွင် ဘာတွေဖြစ်နေမည်ကို စုချန်း ခန့်မှန်းနိုင်သည်မှာ သဘာဝကျနေ၏။

ခီလစ်ဒါ၏ မဟာမိတ်ဖွဲ့ရေးအစီအစဥ်အတွက် အသုံးချခံလိုက်ရခြင်းကို စုချန်း မပျော်ပါ။ သို့သော် တဖက်တွင်လည်း သူ စိတ်လှုပ်ရှားနေ၏။

ပြိုင်ဘက်ကောင်းတစ်ယောက်နှင့် ရင်ဆိုင်ရခြင်းသည် စုချန်းကို စိတ်ဓာတ်တက်ကြွစေသည် မဟုတ်ပါလား။

တချိန်တည်းမှာပင် သူ့နှလုံးသားထဲတွင် တိုက်ခိုက်လိုစိတ်များ ပြင်းပြင်းထန်ထန် ပေါ်ပေါက်လာ၏။

ထို့နောက် စုချန်းက အောက်ပါအတိုင်း ပြောလိုက်လေသည်။

"ကျုပ်ပြိုင်ဘက်က သိပ်မဆိုးလှဘူး ဒါပေမဲ့ ဒါကလဲ ပြသနာတော့မဟုတ်ဘူး ကျုပ်ပြိုင်ဘက် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကျုပ်အနေနဲ့ လူပျံတော်မျိုးစိတ်ကို အမြစ်ကနေ ဆွဲနှုတ်ပစ်မယ် ဒါ လူသားမျိုးနွယ်အတွက် ကျုပ် အတတ်နိုင်ဆုံး ပေးဆပ်လိုက်တာပဲ"

All Chapters