← Chapters

မင်းပြောင်းလဲသွားပြီ

Vol. 10 Ch. 136

မင်းပြောင်းလဲသွားပြီ

Vol. 10 Ch. 136

~

အရူး ချီဖုန့်ပို ပြန်သွားပြီးနောက် လင်းမို့သည် ကျောင်းကို လှည့်ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည် ။

ကျန်းနန်တက္ကသိုလ်အား နယ်မြေများစွာ ခွဲခြားထားသည် ။

ကျောင်းသားအဆောင်...

သင်ကြားရေးနေရာများ...

လေ့ကျင့်ရန်နေရာများ...

ဆရာများ နေထိုင်ရာ နေရာများ...

မာစတာတန်းနှင့် ပါရဂူတန်း ကျောင်းသားများနေထိုင်ရာ နေရာများ...

လင်းမို့သည် ကျောင်းပတ်ဝန်းကျင်ကို သိရှိရန်နှင့် တက်ကြွအညွှန်းကိန်း အများဆုံးနေရာကို ရှာဖွေရန် လှည့်ပတ်ကြည့်နေခြင်းဖြစ်သည် ။

သူက မာစတာတန်းနှင့် ပါရဂူတန်းကျောင်းသားများ နေထိုင်ရာနေရာကို မျှော်လင့်ချက်အကြီးကြီးထားခဲ့သော်လည်း ထိုနေရာတွင် တက်ကြွအညွှန်းကိန်းက ၁၀၀၀ မကျော်ပေ ။

' အရေအတွက် နည်းလို့လား.. ဒါမှမဟုတ် ဆရာကြီးတွေ ဖြစ်ပြီဆိုပြီး ပျင်းကုန်ကြပြီလား..'

နောင်တွင် မည်သည့်အကြောင်းနှင့်မျှ ဤနေရာတွင် မနေရန် ဆုံးဖြတ်လိုက်သည် ။ ပြန်ထွက်မလာခင် ကျန်ဆဲခဲ့သေး၏ ။

" ထွီ.. အမှိုက်ကောင်တွေ.."

လင်းမို့သည် အချိန်အတော်ကြာအောင် ပတ်ကြည့်ပြီးသည့်နောက် အဆောင်ဧရိယာ ၊ လေ့ကျင့်ရေးနေရာနှင့် သင်ကြားရေးနေရာများက အညွှန်းကိန်း အမြင့်ဆုံး ဖြစ်ကြောင်း သိရှိသွားသည် ။

အဆောင် ဧရိယာက ကျောင်းသားများ နေထိုင်ရာ ဖြစ်သောကြောင့် အတန်း မရှိလျှင် အဆောင်တွင်သာ လေ့ကျင့်ကြသည် ။ လူဦးရေ အထူထပ်ဆုံး ဖြစ်သည် ။

သင်ကြားရေး နေရာက ဆရာများ ဟောပြောပွဲလုပ်ရန်နှင့် ကျောင်းသားများ၏ မေးခွန်းများကို ဖြေရှင်းပေးသည့် နေရာပင် ။ ထိုနေရာတွင် ရှိသော လူဦးရေက နေ့အချိန်တွင် အဆောင်ဧရိယာပြီးနောက် ဒုတိယ ဖြစ်သည် ။ ကျောင်းသားများ နားမလည်သည်ကို ​ထောက်ပြရန် ဆရာများ ရှိသဖြင့် တက်ကြွအညွှန်းကိန်းမှာ ပိုမို ​မြင့်မားလာသည် ။

လေ့ကျင့်ရန် နေရာက အရှုပ်ဆုံးပင် ။ မြေဆွဲအား အခန်းများ ၊ ညဏ်အလင်းအခန်းများ နှင့် လက်နက် လေ့ကျင့်ရန်နေရာ များ ရှိပြီး ဝင်ကြေးပေးဆောင်ရသည် ။ ဝင်ကြေးမှာ မြင့်မားပြီး တခြားနေရာ နှစ်ခုထက် လူဦးရေ နည်းပါးသော်လည်း အသေအလဲ ကြိုးစားရာ နေရာဖြစ်သဖြင့် တက်ကြွအညွှန်းကိန်းမှာ ကျန်နေရာ နှစ်ခုနှင့် သိပ်မကွာပေ ။

ထိုနေရာများ၏ အလယ်ဗဟိုက အညွှန်းကိန်း အမြင့်ဆုံးဖြစ်သည် ။

' ငါသေချာ လေ့လာမှ ဖြစ်မယ်.. '

လင်းမို့သည် တက်ကြွအညွှန်း​ကိန်းများကို စိတ်ပူနေရသဖြင့် ပျင်းရိရန်ပင် အချိန်မရှိခဲ့ ။

' ငါ ကြိုးစားနေရတယ်လို့ မထင်ဘူးလား..'

သူ့ကိုသူ မေးခွန်းပြန်ထုတ်လိုက်မိသည် ။

" ဘေးဖယ်ကြ...ဘေးဖယ်ကြ...အရေးပေါ် အရေးပေါ်.."

ကုတ်အဖြူရောင် ဝတ်ဆင်ထားသော ဆရာဝန်လေးယောက်က အပြေးလာနေကြသည် ။

" ဘာဖြစ်လို့လဲ.."

လင်းမို့ လှမ်းမေးလိုက်မိ၏ ။

" ကျောင်းသားတစ်ယောက် ကျင့်စဥ်ဖောက်ပြန်သွားလို့ ..."

ဆရာဝန်က ပြေးရင်း ရှင်းပြသွားသည် ။

" ငါတို့ မြန်မြန်သွားကယ်ရမယ်.. "

' ချီ သွေဖည် သွားတာလား..'

လင်းမို့အံ့သွားသည် ။

' တက္ကသိုလ်မှာတောင် အသက်ကိုရင်းပြီး ကြိုးစားတဲ့သူ ရှိနေမယ်လို့ ထင်မထားဘူး.. '

သူ၏ အိမ်နီးချင်း လျို့ရှားကို တွေးမိသွားသည် ။ အသက်ကိုရင်း၍ ကြိုးစားခဲ့ပြီး ချီဖောက်ပြန် သွားသောကြောင့် စာမေးပွဲပင် ဝင်မဖြေနိုင်ခဲ့ချေ ။ ဤဂြိုလ်ပေါ်တွင် လျို့ရှားကဲ့သောသူ များစွာရှိနိုင်ပေသည် ။

လင်းမို့ အရင်က အတွေးကို ရှက်ရွံ့သွား၏ ။ သူကျောင်းကို လှည့်ပတ်ကြည့်နေရုံကို ကြိုးစားနေရသည်ဟု ထင်မြင်မိခဲ့သည် ။ သူ ပျင်းရိသူ ဖြစ်သော်လည်း ကြိုးစားနေသူများကို ဘယ်သောအခါမှ နှိမ့်ချ မကြည့်ဘူးပေ ။ ထိုသူတို့ကြောင့် သူပျင်းရိနေနိုင်ခြင်း ဖြစ်သည် ။

' ငါနောက်ကြရင် ဒီလို တွေးလို့ မဖြစ်ဘူး ကြိုးစားဖို့ဆိုတာ ငါလက်လှမ်းမမီနိုင်တဲ့ အရာပဲ..'

ထိုစဥ် ဖုန်းမြည်လာ၏ ။

' ဟောက်ရန်.. '

လင်းမို့က တွေးလိုက်မိ၏ ။ ဟောက်ရန်က ကျန်းနန် တက္ကသိုလ်သို့ ရောက်လာကတည်းက အပြင်တွင် ပျော်ရွှင်နေပြီး သူနှင့်အတူ ပျင်းရိရန် မကြိုးစားတော့ချေ ။

" အကိုမို့... "

ဟောက်ရန်က တည့်တည့်ပြောလိုက်သည် ။

" အပြင်ထွက်ရအောင်.. "

" အပြင်ထွက်မှာလား.."

လင်းမို့ မေးလိုက်မိ၏ ။

" ဘယ်ကိုလဲ.."

" ဟီးဟီး မင်းသိပြီးသားပဲကို.. "

ဟောက်ရန်က ရယ်လိုက်ပြီး ...

" သွားရအောင် အကိုမို့.. လီကျားရွှမ်က ဟိုကစောင့်နေတယ်.. "

လင်းမို့ နားလည်သွားပြီး ဆွံ့အသွားသည် ။

" ဟောက်ရန် မင်းပြောင်းလဲသွားပြီ.. "

အဝါရောင်ကစားခြင်းက ရှက်စရာကောင်းလှသည် ။ ဟောက်ရန်ကဲ့သို့ အတွေ့အကြုံမရှိသည့် လူငယ်လေး လမ်းမှားရောက်သွားချေပြီ ။ သူမနေ့က ကမ္ဘာသစ်ကြီးကို တံခါးဖွင့်ဝင်ပြီးနောက် ပြန်လမ်း ရှာမတွေ့တော့ ။ မူးယစ်ဆေးထက်ပင် ကြောက်စရာကောင်းလှပါတကား ။

" အကိုမို့ မင်းလည်းပြောင်းလဲသွားပြီ.."

ဟောက်ရန်က ပြန်ရန်တွေ့၏ ။

" အရင်က မင်းပဲ ဦးဆောင်ပြီး ခေါ်နေတာ ခုကြ မင်းက ကြိုးစားနေပြီး ငါတို့နဲ့ မလိုက်တော့ဘူး.."

" မင်းဘာတွေ ပြောနေတာလဲ.. "

လင်းမို့က ဆွံ့အသွားပြီး ဖြောင့်မတ်သည့်အသံဖြင့်...

" ငါက အဲ့လိုကောင်လား.. "

" အဲ့လိုကောင် ဟုတ်မဟုတ်က စမ်းကြည့်ပြီးမှ သိမှာလေ.. ဟီးဟီးဟီး... "

ဟောက်ရန်က ရယ်လိုက်ပြီး...

" အကိုမို့ အတူတူသွားမယ်.. တစ်ခါလောက်ပဲ စမ်းကြည့် ငါမလိမ်ဘူးဆိုတာ သိသွားလိမ့်မယ်.. တကယ်ကောင်းတာ.."

" ဟောက်ရန်.. "

လင်းမို့က ရုတ်တရက် အော်လိုက်ပြီး..

" မင်းရဲ့ သိုင်းပညာအိမ်မက်ကို မေ့သွားပြီလား.."

' သိုင်းပညာအိမ်မက်.. '

ဟောက်ရန် အား ထိုအသံက လှုပ်နိုးလိုက်သလို ဖြစ်သွားသည် ။ မှတ်ညဏ်မြင်ကွင်းများက သူ့စိတ်ထဲတွင် ပြန်ပေါ်လာ၏ ။

ညအတန်းတွင် အသေအလဲ ကြိုးစားခဲ့ရသည့်အချိန်များ...

အံကြိတ်၍ ထပ်ကာထပ်ကာ လေ့ကျင့် ခဲ့ရသည့်အချိန်များ...

သူ သိုင်းပညာအိမ်မက်ကို လက်မလျော့ ခဲ့သည့် အချိန်များ...

ဟောက်ရန် အနည်းငယ် ရှက်သွား၏ ။

" အကိုမို့ သတိပေးတာ ကျေးဇူးတင်ပါတယ်.. "

" အဲ့တာဆို မင်းမသွားတော့ဘူးပေါ့.. "

လင်းမို့ အလွန်ကျေနပ်သွားသည် ။ ဟောက်ရန်သာ လမ်းမှားရောက်သွားပါက ကောင်းဖန်းကို မည်သို့ ရင်ဆိုင်ရမည်နည်း ။

" ဒါ.. "

ဟောက်ရန်က တုံ့ဆိုင်းသွားပြီး...

" ဒါပင်မဲ့ အကိုလီက အားလုံးစီစဥ်ထားပြီးပြီ မသွားလို့ မကောင်းဘူး.."

" မသွားလို့ မကောင်းဘူးလား.."

လင်းမို့ သွေးအန်လုနီးပါး ဖြစ်သွား၏ ။

" ပြီးတော့.. "

ဟောက်ရန်က ဆင်ခြေဆက်ပေးသည် ။

" ကျောင်းက မနက်ဖြန်မှ စဖွင့်မှာလေ.. ကျောင်းဖွင့်တာနဲ့ ငါကြိုးစားမှာ... ငါဓားကြီး နောက်ထပ်မကစားတော့ဘူး.. "

" ကျောင်းဖွင့်ရင် မသွားတော့ဘူးလား.."

လင်းမို့ မယုံ ။

" သေချာတာပေါ့ မနက်ဖြန် ကျောင်းဖွင့်တာနဲ့ ငါကြိုးစားတော့မှာ.. "

ဟောက်ရန်က ရင်ဘက်ကို ပုတ်၍ ကတိပေးလိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည် ။

" ချီး.. မနက်ဖြန် ကြိုးစားရတော့မှာ ဆို​တော့ ဒီနေ့ည မလှုပ်နိုင်တဲ့အထိ ကစားရမယ်.. "

ဖုန်းတဖက်မှ လင်းမို့က ဘာဆက်ပြောရမှန်း မသိတော့၍ သတိသာပေးလိုက်သည် ။

" မနက်ဖြန်က ကျောင်းပထမဆုံးရက်နော် နောက်ကျမနေနဲ့အုံး.. "

" ငါက ကျောင်းနောက်ကျမယ့်ကောင်လား .. "

ဟောက်ရန်က အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ဖုန်းချလိုက်သည် ။

Chapter 137

All Chapters