← Chapters

မတူညီသည့် ဆက်ဆံရေး

Vol. 10 Ch. 137

မတူညီသည့် ဆက်ဆံရေး

Vol. 10 Ch. 137

~

~

နောက်တနေ့ မနက်..

ဟောင်ရန်က သူ၏ ချိုသာသော အိမ်မက်အတွင်းမှ နိုးထလာပြီး မျက်လုံးကို ခက်ခက်ခဲခဲ ဖွင့်လိုက်ရသည် ။

သူ၏ ခန္ဓာကိုယ်တစ်ခု ပင်ပန်းနွမ်းနယ် နေ၏ ။ သူဖုန်းကို ဖွင့်ကြည့်လိုက်ရာ မျက်လုံးပြူးသွားသည် ။

" ချီး ၈ နာရီ ကျော်သွားပြီဟ.. "

ဟောက်ရန် သတိလစ်မတက် ဖြစ်သွား၏ ။ ကျောင်းချိန်က ၈ နာရီတွင် စမည်ဖြစ်သည် ။ သူကျောင်းနောက်ကျနေလေပြီ ။

" ဒါ.. "

ဟောက်ရန် အနည်းငယ်ရှက်သွား၏ ။ သူ အကိုမို့အား ကျောင်းနောက်မကျဟု ပြောထားသော်လည်း ကျောင်းချိန်မမီတော့ ။

" ချီး... ငါအမြန်သွားရမယ်.. "

ဟောက်ရန် ကုတင်ပေါ်မှ ခုန်ဆင်းပြီး အဝတ်များကို အမြန် ဝတ်လိုက်သည် ။ သူ သည် အမှတ်ကြောင့် ကျန်းနန်တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့သည်မဟုတ် ။ သူ၏ ရလဒ်များ အလွန်ဆိုးရွားနေပါက ကျောင်းထုတ်ခံရနိုင်ပေသည် ။

ထို့ကြောင့် သူကြိုးစားရန် လိုအပ်သည် ။ ပျင်းနေ၍ မဖြစ် ။

ဟောက်ရန် အဝတ်အစားများ ဝတ်ဆင်သည်က တစ်မိနစ်ပင် မကြာချေ ။ သူပြေးရန် ပြင်လိုက်စဥ် ကုတင်ပေါ်မှ ဒေါသဖြင့် အော်လိုက်သံကို ကြားလိုက်ရ၏ ။

" နင်..နင်ဘာလို့ ထွက်ပြေးနေတာလဲ.. ပိုက်ဆံရှင်းခဲ့အုံးလေ.. "

" မပေးရသေးဘူးလား.."

ဟောက်ရန် အံ့သြသွား၏ ။ လီကျားရွှမ်က ဒကာခံမည်ဟုဆိုကာ ခေါ်လာခြင်းဖြစ်သည် ။ သူ မည်သည့်အတွက်ကြောင့် မပေးခဲ့ပါသနည်း ။

သူငွေချေပြီး ကျောင်းသို့ရောက်သည်နှင့် မိနစ်သုံးဆယ်ကျော် နောက်ကြနေပြီဖြစ်သည် ။

အတန်းထဲတွင် ကျောင်းသား နှစ်ဆယ်ကျော်ထိုင်နေပြီး ဟောက်ရန်ဝင်လာသည်နှင့် ဝိုင်းကြည့်လိုက်ကြသည် ။

" တော်သေးတယ်.. တော်သေးတယ်.. "

ဟောက်ရန် သက်ပြင်းချလိုက်၏ ။ ကံကောင်း၍ အကိုမို့ မရောက်သေး ။

' ငါနောက်ဆုံး မဟုတ်ဘူး.. '

နောက်ဆုံးမဟုတ်သရွေ့ အဆူခံရသက်သာမည်ဖြစ်သည် ။

' အကိုမို့က ညီအကိုကောင်းပဲ.. ငါနောက်ကျမှာသိလို့ ငါ့နောက်မှ လာမယ်ထင်တယ်.. '

" ကောင်းဟောက်ရန်လား.. "

ဆရာက သေချာမသိသဖြင့် မေးလိုက်၏ ။

လင်းမို့နှင့် ဟောက်ရန်တို့သည် ယခုနှစ် လက်ရွေးစင်တန်းတွင် တက်ရမည်ဖြစ်သည် ။ အတန်းပိုင်ဆရာမှာ ဝေ့ကျစ် ဟုခေါ်ဆိုပြီး ပိန်ပိန်ပါးပါးနှင့် အသက်သိပ်မကြီးသေးပေ ။ အသက်မကြီးသေးသော်လည်း ငွေလအဆင့်ပညာရှင်ဖြစ်သည် ။

ကျန်းနန်တက္ကသိုလ်တွင် ပါမောက္ခများနှင့် လက်ထောက်ပါမောက္ခများသာ စာသင်ကြားကြပြီး အတန်းပိုင်များမှာ အတန်းအား ထိန်းရန်သာ တာဝန်ရှိသည် ။

" ဆရာဝေ့.. ဟုတ်ပါတယ်ခင်ဗျ ..ကျွန်တော် ကောင်းဟောက်ရန်ပါ.. "

ဟောက်ရန်က ရိုရိုသေသေပြန်ဖြေလိုက်သည် ။

ဝေ့ကျစ်က ဟောင်ရန်အား အတည်ပြုပြီးသည်နှင့် ငေါက်တော့သည် ။

" မင်း ကျောင်းပထမဆုံးရက်မှာ​တောင် နောက်ကျနေတာလား.. မင်းကျောင်းရောဆက်တက်ချင်သေးလား.. မတက်ချင်ထွက်သွား.. တခြားကျောင်းသားတွေသုံးမယ့် အရင်းအမြစ်တွေကို မဖြုန်းတီးနဲ့.. "

" ကျွန်တော် တက်ချင်ပါတယ် ဆရာ.."

ဟောက်ရန်က သူ့အမှားဖြစ်မှန်းသိသဖြင့် ခေါင်းငုံ့၍ နာခံနေလိုက်သည် ။

" တက်ချင်ရင် သွားသွား.. ကိုယ့်နေရာကို သွားထိုင်.. "

ဟောက်ရန်က နောက်ဆုံးတန်းတွင် သွားထိုင်လိုက်သည် ။ သူ အနည်းငယ် စိတ်ဓာတ်ကျသွားသော်လည်း သူ့ထက်နောက်ကြသူ ရှိသဖြင့် အားတက်သွားသည် ။ အကိုမို့က ပို၍ ပင် အဆူခံရပေတော့မည် ။

' အကိုမို့က ငါ့ညီအကိုကောင်းပဲ.. ငါ့ကြောင့် သူဒုက္ခရောက်ရပြီ.. '

ဆရာကညအတန်းတစ်ခုလုံးကို သေချာကြည့်လိုက်ပြီး..

" ဟောက်ရန်လာပြီဆိုတော့... လင်းမို့ပဲ ကျန်တော့တာပေါ့.. သူ့ကို ဖုန်းဆက်ကြည့်လိုက်မယ်.. "

ဆရာဝေ့က ကျောင်းမှတ်တမ်းမှ လင်းမို့၏ ဖုန်းနံပါတ်ကို ခေါ်လိုက်ပြီး စပီကာ ဖွင့်လိုက်သည် ။

" ဟ...လို..."

ဖုန်းတစ်ဖက်မှ အိပ်ချင်မူးတူးသံ ထွက်လာ၏ ။ အတန်းရှိ လူများအားလုံး ထိုအသံကို သေချာကြားလိုက်ရသည် ။

' အကိုမို့က အိပ်တုန်းလား..'

ဟောက်ရန်က မကျေမနပ် ဖြစ်သွား၏ ။

' အကိုမို့​တော့ ဆရာဆူတာ ခံရတော့မယ်.."

ဆရာက သူနောက်ကျနေသည်ကို ပြင်းပြင်းထန်ထန် အပြစ်ပြောလျှင် အခုထိ အိပ်နေသော လင်းမို့ တစ်ယောက် သေအောင် အဆူခံရတော့မည်ဟု ထင်လိုက်၏ ။

" ကျောင်းသား လင်းမို့လား.."

ဆရာဝေ့က ညင်ညင်သာသာ ပြောလိုက်သည် ။

" ငါက မင်းတို့အတန်းရဲ့ အတန်းပိုင်ဆရာ ဝေ့ကျစ်ပါ.. မင်းအိပ်နေတာကို နှိုးလိုက်မိတာလား.. "

" ဖူးးးး..."

ဟောက်ရန် သွေးအန်သွားသည် ။ ဤသည်က မည်သို့သော ဆရာနည်း ။ ကျောင်းနောက်ကျ၍ ဖုန်းဆက်သည်ကို နိုးမိသေးသလားဟု မေး၍ ရပါသည်လော ။ ဆက်ဆံပုံက အဘယ်ကြောင့် ဤမျှ ကွာခြားရပါသနည်း ။

' ငါ ငိုချင်လာပြီ.. '

ဟောက်ရန် ဝမ်းနည်းသွား၏ ။

" ဆရာဝေ့... "

လင်းမို့၏ ပျင်းရိပျင်းတွဲ အသံက ထွက်လာသည် ။

" ဘာကိစ္စလဲ.."

" ဖူးးးးး....."

ဤတစ်ခါတွင်တော့ ဟောက်ရန်သာမက တစ်တန်းလုံး သွေးအန်သွားသည် ။

ကျောင်းနောက်ကျ၍ ဖုန်းဆက်သည့် ဆရာကို အဲ့လို လေသံဖြင့် ဘာကိစ္စလဲ ဟု မေး၍ ရပါသည်လော ။

ဆရာဝေ့က တခြားလူတစ်ယောက် လို ပြောင်းလဲသွားသည် ။ သူက ဒေါသမထွက်သည့်အပြင် စိတ်ရှည်စွာဖြင့်...

" ကျောင်းသား လင်းမို့.. အတန်းက စတာ နာရီဝက်ရှိပြီဆို​တော့ ..အတန်းကို လာကြည့်အုံးမလားလို့ ဖုန်းဆက်မေးကြည့်တာ.."

" ဟမ်..."

ထိုအခါမှ လင်းမို့ သတိဝင်သွားပြီး...

" အိုက်ယား..အိုက်ယားးး... တောင်းပန်ပါတယ် တောင်းပန်ပါတယ်.. ဆရာဝေ့.. မနေ့က ကျွန်တော်အိပ်တာ ညနက်သွား.. "

လင်းမို့သည် ညက ဗိုက်ဆာသဖြင့် ရေချိုကျောက်ပုဇွန် ကီလို အနည်းငယ် မှာစားခဲ့ပြီး ညနှစ်နာရီ ထိုးသွားသည် ။ ထို့နောက် ဖုန်းထိုင်ပွတ်နေသဖြင့် မနက် ငါးနာရီ မှ အိပ်ယာဝင်ခဲ့၏ ။ ထို့ကြောင့် သူမနိုးသေးတာ မဆန်းပေ ။

" ငါနားလည်တယ်.. ငါနားလည်တယ် .. မင်းရှင်းပြစရာ မလိုဘူး.. "

ဆရာဝေ့က ဖြတ်ပြောလိုက်၏ ။

' နားလည်တာလား..'

လင်မို့ အံ့သြသွားသည် ။ သူမည်သည်ကိုမှ မရှင်းပြရသေးဘဲ မည်သို့ နားလည်သွားပါသနည်း ။

' ငါ့အတန်းက ဆရာက ဗေဒင် ဟောတက်တာလား..'

" မင်းညက တစ်ညလုံး မအိပ်ဘူးမှလား.. "

ဆရာဝေ့က မေးသည် ။

" ဟုတ်တယ် ကျွန်တော် မနက်ငါးနာရီမှ အိပ်တာ.. "

လင်းမို့က အမှန်အတိုင်းဖြေလိုက်၏ ။

" ငါထင်ထားတဲ့ အတိုင်းပဲ.."

ဆရာဝေ့က...

" လင်းမို့.. မင်းက သိုင်းလမ်းစဥ်ကို အလေးထားပြီး အရမ်းကြိုးစားတယ်ဆိုတာ ငါသိတယ် .. ဒါ ပင်မဲ့ အလုပ်ပို အရမ်းမလုပ်နဲ့ ကွ.. ခုမှ တက္ကသိုလ်စရောက်တာကို နားနားနေနေ နေအုံးမှပေါ့.. "

အတန်းထဲမှ ကျောင်းသားများ သက်ပြင်းချလိုက်ကြ၏ ။

" လင်းမို့က ကြိုးစားခြင်းနတ်ဘုရား ဆိုတဲ့အတိုင်းပဲ.."

" ဒါက မလွန်လွန်းဘူးလား.."

" သူက ရောက်ကတည်းက တစ်ညလုံး လေ့ကျင့်နေရင် ငါတို့ ဘယ်လို အသက်ရှင်ရ တော့မလဲ.."

" ငါ့ထက် ပါရမီပိုရှိတဲ့သူက ငါ့ထက်တောင် ကြိုးစားသေးတယ်.. "

" ဟုတ်ကဲ့ပါ ဆရာဝေ့.. "

လင်းမို့က ...

" ကျွန်တော် ကောင်းကောင်း အနားယူခဲ့ပါတယ်.. "

ညက စားခဲ့သော ရေချိုကျောက်ပုဇွန်က အရသာ ရှိလှသည် ။

" မင်းတစ်ညလုံး လေ့ကျင့်ထားတာတောင် ကောင်းကောင်းအနားယူတယ် ပြောနေသေးလား.."

ဆရာဝေ့ က စိတ်ပူစွာပင် ပြောလိုက်၏ ။

အတန်းထဲမှ ကျောင်းသားများ ပို၍ပင် ခံစားလိုက်ရသည် ။

' မနက်အထိ လေ့ကျင့်တာတောင် မင်းက အနားယူပြီးပြီ ပြောသေးတာလား..'

" လင်းမို့.. မင်း မနက်အတန်း မလာရင် မလာနဲ့လေ.. ကောင်းကောင်းအိပ်ပေါ့.."

ဆရာဝေ့က လင်းမို့အား အနားပေးရန် ဆုံးဖြတ်လိုက်သည် ။

" မဟုတ်ဘူးလေ.."

လင်းမို့က တုံ့ဆိုင်းမနေဘဲ...

" ဆရာဝေ့ ကျွန်တော် ခုလာ​ပြီ.. "

ပြီးနောက် ဖုန်းချလိုက်၏ ။

ယနေ့က ပထမဆုံး ကျောင်းဖွင့်ရက် ဖြစ်သဖြင့် သူတက်ရပေမည် ။ သူ၏ အတန်းဖော်အသစ်လေးများကိုလည်း မြင်ချင်သေး၏ ။ သူ၏ အနာဂါတ် အမှတ်အိတ်လေးများပင် ။

" တီ.တီ.တီ.တီ.တီ...."

ဆရာဝေ့ က ဖုန်းကို အချိန်အတော်ကြာအောင်ပင် စိုက်ကြည့်နေသည် ။

" ကျောင်းသားတွေ..."

ဆရာဝေ့က ခံစားချက် အပြည့်ဖြင့်...

" မင်းတို့အားလုံး လင်းမို့ဆီက သင်ရမယ်.. သူ့ကို ကြည့်လိုက်.. တစ်ညလုံး လေ့ကျင့်ထားတာတောင် မနက်အတန်းကိုလာဖို့ ကြိုးစားနေတုန်းပဲ.. "

ကျောင်းသားများကလည်း သဘောတူ၏ ။

" ဟုတ်တယ် လင်းမို့က ကျွန်တော်တို့ စံပြပဲ.."

" လင်းမို့ဆီက သင်ပြီး ကြိုးစားရမယ်.. "

" စံပြလင်းမို့.. လင်းမို့ စံပြ.."

" ဟုတ်တယ် ကြိုးစားရမယ်.. "

All Chapters