ဝံပုလွေအုပ်ထဲမှ ဟက်စကီး
Vol. 10 Ch. 138
~
လင်းမို့သည် ရေချိုးပြီးနောက် အဆောင်မှ ထွက်လာခဲ့သည် ။
' တက္ကသိုလ်မှာ ပထမဆုံးနေ့ ကျောင်းနောက်ကျရတယ်လို့.. '
လင်းမို့ အနည်းငယ် ရှက်သွား၏ ။ သူ ဟောက်ရန်အား သတိပေးခဲ့သော်လည်း နောက်ကျသူမှာ သူသာ ဖြစ်နေသည် ။ ဆရာသာ ဖုန်းမခေါ်လျှင် သူနေ့လယ်အထိ အိပ်ပျော်နေဦးမည် ။
' အဲ့တာ ကျောက်ပုဇွန်ကြောင့်ပဲ..'
လင်းမို့သည် သူ့အပြစ်တော့ မဖြစ်စေရ ကျောက်ပုဇွန်အား အပြစ်တင်လိုက်၏ ။
' ကျောက်ပုဇွန်က စားလို့ ကောင်းလွန်းလို့ ငါညနက်သွားတာ.. မဟုတ်ရင် ငါစောစော အိပ်မှာပေါ့.. '
သေချာပေါက် ကျောက်ပုဇွန်ကြောင့် သူနောက်ကျရခြင်းဖြစ်သည် ။
' ချီး.. ညကျရင် ထပ်မှာပြီး မိသားစုလိုက်ကို စားပစ်အုံးမယ်.. '
လင်းမို့ အတန်းဝသို့ ရောက်သည်နှင့် ရင်းနှီးသော ပုံရိပ်များကို တွေ့လိုက်ရသည် ။
" အော် လင်းမို့.."
ဆရာက လင်းမို့ကို တွေ့သည်နှင့်...
" လာလာ မြန်မြန်လာ.."
ဆရာက တံခါးဝသို့ သူကိုယ်တိုင်သွား၍ လင်းမို့၏ လက်ကိုဆွဲကာ စင်ပေါ်သို့ ခေါ်လာခဲ့သည် ။
" လင်းမို့ကို အားလုံးသိကြတယ်မလား.."
" မင်းတို့သိလည်း ငါကတော့ မိတ်ဆက်ပေးအုံးမှာပဲ.. "
ဆရာဝေ့က လင်းမို့ဖန် အဖြစ် ပြောင်းလဲသွားသည် ။
" လင်းမို့က ပြီးခဲ့တဲ့ စာမေးပွဲမှာ ဘယ်သူမှ မရနိုင်တဲ့ မှတ်တမ်း တင်ခဲ့တဲ့သူပဲ .."
" လက်သီးပြင်းအားရမှတ် ၁၅၀.. အခြေခံစမ်းသပ်မှု ရမှတ် ၁၅၀.. စိတ်စွမ်းအင်အနှစ်သာရ ရမှတ် ၁၅၀... "
" အဲ့တာက အံ့သြစရာ အကောင်းဆုံးမဟူတ်သေးဘူး.. အံ့သြစရာ အကောင်းဆုံးက လင်းမို့က ခုချိန်ထိ အပြင်းအထန် ဆက်ပြီး ကြိုးစားနေတုန်းပဲ.. "
" မင်းတို့အားလုံး လင်းမို့ ဘယ်လောက် ကြိုးစားတယ်ဆိုတာ သိကြမယ်ထင်တယ်.. သူ စရောက်တဲ့နေ့မှာပဲ ကြိုးစားခြင်းနတ်ဘုရား အဆင့်ထဲ ဝင်သွားတယ်.. မနေ့ညကလဲ ညလုံးပေါက် ကြိုးစားလို့ မနက်အတန်းချိန်တောင် နောက်ကျသွားတယ်.. "
" လင်းမို့ရဲ့ ခိုင်မာတဲ့ ဇွဲလုံ့လနဲ့ သိုင်းပညာလမ်းစဥ်ပေါ်ကို ထားတဲ့ နှလုံးသားကို အားလုံးခံစားမိကြလိမ့်မယ်လို့ထင်တယ် .."
လင်းမို့ အရေထူသော်လည်း မျက်နှာပူလာ၏ ။
" ဆရာဝေ့.. ကျွန်တော်အဲ့လောက် မကြိုးစားပါဘူး.. "
သူ၏ လက်မှ မနေ့ညက စားထားသော ပုဇွန်အနံ့များပင် မပြောင်သေးချေ ။
သို့သော် ဆရာဝေ့က လက်မခံ ။
" အားလုံး မြင်ကြလား.. "
ဆရာဝေ့က...
" ဒါက နောက်ထပ် လင်းမို့ရဲ့ နှိမ့်ချနေထိုင် တက်မှုပဲ.. "
" ဟူး.."
လင်းမို့ အာချောင်လိုက်မိသည်ကိုပင် နောင်တရသွား၏ ။
' ထားလိုက်ပါ.. ပြောချင်ရာပြောတော့.. ဒါနောက်ဆုံးပြောတာပဲ..'
အချိန်တန်လျှင် သူမည်မျှ ပျင်းရိမှန်း လူတိုင်းသိသွားကြပြီး ပါးစပ်များ ပိတ်သွားပေလိမ့်မည် ။
" ဒါပင်မဲ့ လင်းမို့နဲ့ ပက်သက်ပြီး ငါဝေဖန်ချင်တာလေးတွေ ရှိသေးတယ်.. "
ဆရာဝေ့ အသံက ကျယ်လာ၏ ။
' ဝေဖန်မလား..'
လင်းမို့ မျက်ခုံးပင့်လိုက်၏ ။ သူ့အား အလွန်ချီးကျူးနေကြ၍ ဝေဖန်သံများကို ကြားချင်နေပေသည် ။ သူစာမေးပွဲ ဖြေပြီးကတည်းက ဝေဖန်သံများကို မကြားရတော့ ။ စာမေးပွဲမစတင်မီက ဝေဖန်သံများကြောင့် နှိမ့်နှိမ့်ချချ နေတက်ခဲ့သည် ။ ဝေဖန်သံများကြောင့် ပျင်းရိရာတွင် ပိုမို အာရုံစိုက်နိုင်ခဲ့သည် ။ ထို့ကြောင့် ဝေဖန်သံများကိုသာ သူကြားချင်၏ ။
" လင်းမို့.. မင်းဘာလို့ဒီလောက်ကြိုးစားနေတာလည်း ငါသိတယ်.. "
ဆရာဝေ့က ယုံကြည်မှု အပြည့်ဖြင့် ...
" လမ်းညွှန်တိုက်ပွဲကြောင့်မှလား.."
" ကျွန်တော်..."
လင်းမို့ ဘာပြန်ဖြေရမှန်းမသိ ။ သူ လမ်းညွှန်တိုက်ပွဲအား ဂရုမစိုက် ။
" မင်းဘာမှ ရှင်းပြစရာမလိုဘူး.."
ဆရာဝေ့က ဖြတ်ပြောလိုက်ပြီး...
" တကယ်တော့ လမ်းညွှန်တိုက်ပွဲမှာ ရှုံးတယ် ဆိုတာက ရှက်စရာမဟုတ်ဘူး.. "
" လမ်းညွှန်တိုက်ပွဲ ဆိုတာက နှစ်ကြီး စီနီယာတွေက လမ်းညွှန်ရတာဖြစ်လို့ မင်းတို့ကြား ခွန်အား ကွာတာက ပုံမှန်ပဲ.. အနိုင်ယူဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ.. "
" ပြီးတော့ မင်းက ခုမှ တက္ကသိုလ်ကို စရောက်တာ.. ဒုတိယနှစ်တွေကို ရှုံးတာ ရှက်စရာမဟုတ်ဘူး.. မင်းသာ နှစ်နှစ် သုံးနှစ် တက်ပြီးရင် စတုတ္ထနှစ်တွေကို အနိုင်ယူဖို့ ပြသနာ ရှိတော့မှာ မဟုတ်ဘူး.. "
" အဲ့တာကြောင့် စိတ်အရမ်းပင်ပန်းခံပြီး လေ့ကျင့်မနေနဲ့.. ရှုံးနိမ့်မှုကို လက်ခံနိုင်တာကလည်း စိတ်ဓာတ်ခိုင်မာမှု တစ်ခုပဲ.. "
" ဟုတ်ကဲ့ပါ.. "
လင်းမို့ စကားပြောရန်ပင် အခွင့်မရလိုက် ။
" ကဲကဲ သွားထိုင်တော့.. "
" ကဲကျန်တဲ့ကျောင်းသားတွေ စမိတ်ဆက်ဖို့ အချိန်ရောက်ပြီ.. "
ကျောင်းသားများက မိတ်မဆက်ရသေးပေ ။ လင်းမို့မလာသေးသဖြင့် ထွေရာလေးပါး စကားစမြည် ပြောရင်း အချိန်ဖြုန်းနေခဲ့ကြသည် ။ ယခု မိတ်ဆက်ရန် အချိန်ရောက်လေပြီ ။
" ငါတို့ လက်ရွေးစင် အတန်းက ပထမနှစ်ရဲ့ ပါရမီရှင် တွေထဲက အကောင်းဆုံးပါရမီရှင်တွေပဲ.. "
ဆရာဝေ့က...
" ဒီအတန်းထဲမှာ ရှားနိုင်ငံ ပါရမီရှင်စာရင်းဝင်တဲ့ ကျောင်းသား ၃၀ ကျော်ရှိပြီးတော့ ငါးယောက်က ထိပ်တန်း အဆင့်မှာ ရှိတယ်.. "
" ငါတို့ အတန်းက ကျန်းနန်တက္ကသိုလ်ပထမနှစ်ရဲ့ အကောင်းဆုံးအတန်း ဖြစ်ရုံသာမက တစ်နိုင်ငံလုံးရဲ့ အကောင်းဆုံး အတန်းလို့လည်း ပြောလို့ရတယ်.. ကဲကဲ ယန်ယီမိုက စပြီး မိတ်ဆက်လိုက်ရအောင်.. "
" အားလုံးပဲ မဂ်လာပါ.. ငါ့နာမည်က ယန်ယီမိုပါ.. "
ယီမိုက မတ်တပ်ရပ်လိုက်ပြီး...
" ငါက အခုနှစ်ရဲ့ ရှားနိုင်ငံ ပါရမီရှင်စာရင်း အဆင့်၁ ဖြစ်ပင်မဲ့ ဘယ်သူမှ ငါ့ကို အဆင့် ၁ လို့မထင်ကြဘူး.. "
" ငါ က ယဲ့ရီ.. ငါဒီကိုလာတာ လင်းမို့ကို အနိုင်ယူဖို့ပဲ.. "
ယဲ့ရီ က စစ်ကြေညာလိုက်၏ ။ လင်းမို့၏ လက်သီးပြင်းအားက တစ်နေ့လျှင် တစ်တန်နှုန်းဖြင့် တိုးတက်နေမှန်း သူမသိ ။
" ငါက ကျိုးချင်ဖုန်း.. ကျင့်ဒူမြို့က........"
ကျိုးချင်ဖုန်းက မိတ်ဆက်ပြီးသည်နှင့် လင်းမို့ကို ရှုပ်ထွေးဟန်ဖြင့် ကြည့်၍...
" မင်းနဲ့ငါ အရင်က ဆုံဖူးကြလား...ငါ မင်းရဲ့ ပုံစံကို ရင်းနှီးနေသလိုပဲ.. "
" ဟုတ်ရင် ဟုတ်မှာပေါ့.. "
လင်းမို့က မရှင်းမရှင်း ပြန်ဖြေလိုက်သည် ။ ရှေးဦးစကြာဝဠာ တွင် သူက Black Earth နာမည်ဖြင့် ယေဘူယျအသွင်အပြင်ကိုသာ အသုံးပြုထားခြင်းဖြစ်သည် ။ သူ၏ အစစ်အမှန်ပုံရိပ်ကို မည်သူမှ မြင်ဖူးမည် မဟုတ် ။
' ငါအထင်မှားတာဖြစ်မယ်.. '
ကျိုးချင်ဖုန်းက လင်းမို့အား သေချာကြည့်သော်လည်း မမှတ်မိ ။ သူ ခေါင်းခါ လိုက်သည် ။
" ငါ ကျောက်ဟန်... ငါက.."
ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်လိုက်ပြီး နောက်ဆုံး ဟောက်ရန်၏ အလှည့်သို့ ရောက်သွား၏ ။
" ငါက ကောင်းဟောက်ရန်ပါ.. ငါဒီအတန်းမှာ ဘာလို့ပေါ်လာတာလဲတော့ မသိဘူး.. "
ဟောက်ရန်က တခြားကျောင်းသားများ မိတ်ဆက်သည်ကို ကြားပြီးနောက် သူ ဝံပုလွေတွင်းထဲ ရောက်နေသော ဟက်စကီး တစ်ကောင်လို ခံစားမိလိုက်၏ ။ ရုပ်ဆင်သော်လည်း ကြောက်စရာ မကောင်းပေ ။ သူက လင်းမို့၏ အကူအညီနှင့် ဝံပုလွေတွင်းထဲသို့ ခိုးဝင်ခဲ့သူသာဖြစ်သည် ။
" အားလုံးပဲ ငါ့ကို ဂရုမစိုက်ကြပါနဲ့.. ငါ့ကို မမြင်သလိုသာ နေကြပါ.."
ဟောက်ရန်သည် သူဝံပုလွေ တွင်းထဲနေလျှင်ပင် စပ်ဖြီးဖြီး ဟက်စကီးသာ ဖြစ်မည်ကို နားလည်၏ ။
" ပြီးတော့ တက္ကသိုလ် လေးနှစ်လုံး နောက်ဆုံးအဆင့်နေရာကိုပဲ အပိုင်ယူထားလိုက်ပါ့မယ်.. "
ဟောက်ရန်က စေတနာဘလပွဖြင့် ကတိပေးလိုက်သည် ။