လက်ဆောင် ~
Vol. 10 Ch. 139
ဆရာဝေ့သည် ဟောက်ရန်၏ သူရဲကောင်းဆန်သော အမူအရာကို ကြည့်၍ ချီးကျူးရမည်လော ကြိမ်းမောင်းရမည်လော မသိတော့ ။ သူက ခေါင်းခါလိုက်ပြီး လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည် ။
' အနည်းဆုံးတော့ သူ့အခြေအနေ သူသိတာပဲ..'
ဆရာဝေ့သည် ဟောက်ရန်အတွက် စာနာနားလည်ပေသည် ။
ကျောင်းသားများ မိတ်ဆက်ပေးပြီးသည်နှင့် ဆရာဝေ့က တက္ကသိုလ်၏ အဓိကအချက်များကို ရှင်းပြလိုက်သည် ။
" ဘယ် တက္ကသိုလ်မှာ မဆို အရေးအကြီးဆုံးက ဆရာတွေနဲ့ သင်ထောက်ကူပစ္စည်းတွေပဲ.. တက္ကသိုလ်က ပိုပြီး အားကောင်းရင် ဆရာနဲ့ အထောက်အပံ့ တွေက ပိုပြီး ကောင်းမှာပဲ.. "
" ငါတို့ တက္ကသိုလ်က ရှားနိုင်ငံရဲ့ ထိပ်တန်းထဲက တစ်ခုဆိုတော့.. အကောင်းဆုံးပဲပေါ့.. အထူးသဖြင့် အဆောက်အဦးတွေနဲ့ ပက်သက်ရင် ကျင့်ဒူတက္ကသိုလ်နဲ့ ချင်မူတက္ကသိုလ်ကတောင် ငါတို့ကို မယှဥ်နိုင်ဘူး.. ငါတို့အထက်မှာဆိုလို့ ရှားနိုင်ငံတက္ကသိုလ် တစ်ခုပဲရှိတယ် .."
ဆရာဝေ့က ဂုဏ်ယူစွာပြောလိုက်သည် ။ အထောက်အပံအရ ရှားနိုင်ငံတွင် ဒုတိယအကောင်းဆုံးဖြစ်သော်လည်း ဆရာခြင်းယှဥ်လျှင် ထိပ်တန်းတက္ကသိုလ်များတွင် အားနည်းပေသည် ။
" အဆောက်အဦးတွေထဲ အရေးအကြီးဆုံးက ဘာလဲ မင်းတို့သိလား.."
ဆရာဝေ့က မေးလိုက်သည် ။
" မြေဆွဲအားအခန်း.. "
" မြေဆွဲအားအခန်း.... "
" ဟုတ်တယ်.. မြေဆွဲအားအခန်းပဲ.. "
ဆရာဝေ့က ခေါင်းညိတ်လိုက်ပြီး...
" သာမန်လူတွေရဲ့ ဆဲလ်ခွန်အားက အကန့်အသတ်ရှိတယ်.. များသောအားဖြင့် ကီလို ၂၀၀၀ ဝန်းကျင်မှာပဲ.. လင်းမို့ကတော့မတူဘူးပေါ့ ဟဲဟဲ.. လင်းမို့ရဲ့ အကန့်အသတ်က ကီလို ၃၀၀၀ ကျော်လောက်မှာ ရှိမယ်.. "
ကျောင်းသားအားလုံး လင်းမို့ကို ဝိုင်းကြည့်လိုက်ကြသည် ။
" ဟုတ်တယ်မလား လင်းမို့.. "
ဆရာဝေ့က လင်းမို့အား ကြည့်၍ မေးလိုက်သည် ။
" အာ... ဟုတ်ပါတယ်.. "
လင်းမို့က သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည် ။ သူ၏ လက်သီးပြင်းအားက ကီလို ၄၅၀၀ ကျော်နေကြောင်းကိုတော့ ထုတ်မပြောလိုက် ။ စနစ်ဖြင့် ဆိုလျှင် သူ့တွင် အကန့်အသတ်မရှိပေ ။
" လူတိုင်းမှာ အကန့်အသတ်ရှိတယ်.. အဲ့အကန့်အသတ်ကို ချိုးဖျက်ချင်ရင် မြေဆွဲအားအခန်းကို သုံးမှရမယ်.. "
" မြေဆွဲအားကောင်းလေလေ.. ဆဲလ်ခွန်အား အကန့်အသတ်ကို ပိုတိုးမြှင့်နိုင်လေလေပဲ.. ငါတို့ ကျန်းနန်တက္ကသိုလ်က.. "
ထိုအချိန်တွင် ဆရာဝေ့၏ မျက်နှာက ဂုဏ်ယူမှုများအပြည့်ဖြင့်...
" ငါတို့တက္ကသိုလ်က တခြားတက္ကသိုလ်တွေထက် မြေဆွဲအားအခန်း ပိုများတယ်.. ငါတို့ဆီမှာ အခန်း ၁၀၀၀ ရှိတယ်.. "
အခန်း ၁၀၀၀ က များသည်ထင်ရသော်လည်း ကျောင်းသား ၃၀၀၀၀ လောက်ရှိသော တက္ကသိုလ်ဖြစ်သဖြင့် တပတ်လျှင် အချိန်အနည်းငယ်သာ ရသည် ။ သို့သော်လည်း တခြားတက္ကသိုလ်များက အပတ်တိုင်းပင် ဝင်ခွင့်ရမည်မဟုတ်ချေ ။
" မြေဆွဲအားအခန်း အသုံးပြုချိန်ကတော့ နှစ်ကြီးကျောင်းသားတွေက ပိုရတာပေါ့.. "
ဆရာဝေ့က သက်ပြင်းချလိုက်ပြီး...
" ငါတို့ လက်ရွေးစင်အတန်းက တစ်ပတ်ကို ငါးနာရီ ဝင်ခွင့်ရတယ်.. ပြီးရင် မင်းတို့ကို အခန်းကတ်တွေ ဝေပေးမယ်.. "
ဆရာဝေ့၏ စကားဆုံးသည်နှင့် အတန်းတစ်ခုလုံး စိတ်လှုပ်ရှား သွားကြသည် ။
" ငါးနာရီ.. "
" ငါတို့ ပထမနှစ်ပဲ ရှိသေးတာကို ငါးနာရီတောင်ဆိုတော့.. နောက်နှစ်တွေ ဆယ်နာရီတောင် ကျော်သွားမလားပဲ .."
" ချင်မူ တက္ကသိုလ်ကကောင်တွေ တစ်ပတ်ကို နှစ်နာရီပဲ ဝင်ခွင့်ရတယ်တဲ့.. "
" အဲ့တာကြောင့် ကျန်းနန်တက္ကသိုလ်က အထောက်အပံပစ္စည်းနဲ့ ပက်သက်ရင် အကောင်းဆုံးလို့ ပြောတာပေါ့.. "
" ဒါပင်မဲ့ မင်းတို့ လက်သီးပြင်းအား တိုးချင်လို့ မြေဆွဲအားအခန်းဝင်ချင်ရင် တိုက်ခိုက်ရေးစွမ်းရည် ကောင်းဖို့လိုတာတော့ မမေ့နဲ့.. "
ခန္ဓာကိုယ်က အရမ်းသန်မာပြီး မထိန်းချုပ်နိုင်လျှင် ပြသနာတက်ပေမည် ။ ခေါင်းယား၍ ကုတ်မိလျှင်ပင် မတော်တဆ ခေါင်းကွဲသွားနိုင်သည် ။ ထို့ကြောင့် ခန္ဓာကိုယ်အား အပြည့်အဝ ထိန်းချုပ်နိုင်ရန် လုံလောက်သော တိုက်ခိုက်ရေးစွမ်းရည် ရှိရပေမည် ။
" လူတိုင်းက တိုက်ခိုက်ရေးစွမ်းရည်အကြောင်းပြောနေတာဆိုတော့ ငါကြားဖြတ်ပြောလိုက်အုံးမယ်.. "
ဆရာဝေ့က...
" သင်ခန်းစာတွေကို ပါမောက္ခတွေနဲ့ လက်ထောက်ပါမောက္ခတွေပဲ သင်တယ်ဆိုပင်မဲ့ သူတို့က အတန်းချိန်များရင် မအားကြဘူး.. မင်းတို့ တစ်ခုခု သိချင်တာရှိရင် ငါ့ကို လာမေးလို့ရတယ်.. ငါ့တိုက်ခိုက်ရေးစွမ်းရည်က အရမ်းမမြင့်ပင်မယ့် .. အဆင့် ၅ အစောပိုင်းကို ရောက်နေပြီ.. မင်းတို့ကို နည်းနည်းလောက် ထောက်ပြဖို့တော့ လုံလောက်တယ်.."
ဆရာဝေ့က ကြုံတုန်း ထုတ်ကြွားလိုက်၏ ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ သို့ ရောက်ရှိရန် ခက်ခဲလှပေသည် ။ လက်ရွေးစင်အတန်းမှ ကျောင်းသားတော်တော်များများမှာ ဘွဲ့ရလျှင်ပင် အဆင့် ၅ သို့ မရောက်ကြသေးပေ ။
" ပြီးတော့ အထူးသဖြင့် လင်းမို့ပဲ.. "
ဆရာဝေ့က လင်းမို့ကို ညွှန်ပြလိုက်ပြီး...
" မင်းရဲ့ လက်သီးပြင်းအားက အရမ်းကောင်းပင်မယ့် မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အားနည်းလွန်းတယ် .. "
" ကျ......"
လင်းမို့ မျက်တောင် ပုတ်ခပ်ပုတ်ခပ် ဖြစ်သွားသည် ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်က အားနည်းနေသည်လော ။
" မင်းရှင်းပြစရာမလိုဘူး.. "
ဆရာဝေ့က လက်ယမ်းလိုက်ပြီး...
" မင်း တိုက်ခိုက်ရေးစွမ်းရည်စာမေးပွဲ ဝင်မဖြေကတည်းက ငါသဘောပေါက်တယ်.. ဒါပင်မဲ့ မင်းရဲ့ လက်သီးပြင်းအား ဆက်ပြီး တိုးတက်နိုင်ဖို့ တိုက်ခိုက်ရေးစွမ်းရည်ကို သေချာလေ့ကျင့်မှရမယ်.. "
" အဲ့တာကြောင့်.."
ဆရာဝေ့က ကြင်နာစွာဖြင့်..
" မင်းတိုက်ခိုက်ရေးစွမ်းရည်နဲ့ ပက်သက်ပြီး နားမလည်တာရှိရင် ငါ့ကို အချိန်မရွေး လာမေးလို့ရတယ်.. "
' မေးရမှာလား..'
" အ..."
လင်းမို့ ဘာပြန်ပြောရမှန်းမသိ ။ အဆင့် ၅ အလယ်ဆင့်က အဆင့် ၅ အစောပိုင်းကို ဘာမေးရမည်နည်း ။
" သဘောတူလိုက်ပြီ.. "
ဆရာဝေ့က လင်းမို့၏ ထူးဆန်းသောအမူအရာကို သတိမထားမိဘဲ...
" ငါ အားတာနဲ့ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အနီးကပ် လေ့ကျင့်ပေးမယ်.. "