← Chapters

: တည်ငြိမ်အညွှန်းကိန်း

Vol. 10 Ch. 140

: တည်ငြိမ်အညွှန်းကိန်း

Vol. 10 Ch. 140

~

ကျောင်းသားများက လင်းမို့ကို မနာလိုစိတ်ဖြင့် ကြည့်လိုက်ကြသည် ။

ဆရာဝေ့က ငွေလအဆင့်သာ ဖြစ်သော်လည်း ကျန်းနန်တက္ကသိုလ်ရှိ ဆရာတစ်ဦးဖြစ်သည် ။ သာမန်ငွေလများက သင်ကြားပေးရာတွင် သိပ်ကောင်းမည်မဟုတ်သော်လည်း ကျန်းနန်တက္ကသိုလ်မှ ဆရာ၏ သင်ကြားမှုကို မေးခွန်ထုတ်ရန်ပင် လိုအပ်မည်မဟုတ်ချေ ။

ဆရာဝေ့က အရမ်းမသန်မာသော်လည်း ကောင်းကောင်းမွန်မွန် သင်ကြားပေးနိုင်သည် ။ ထို့ကြောင့် ဆရာဝေ့က အနီးကပ် သင်ကြားပေမည်ကို တခြားကျောင်းသားများက မနာလို ဖြစ်မိခြင်းပင် ။

" အမ်.."

လင်းမို့ ပတ်ဝန်းကျင်မှ အကြည့်များကို သတိထားမိသည် ။ ဆရာဝေ့ ၏ အနီးကပ် သင်ကြားမှုကို သူမလိုအပ် ။ သူ ရက်အနည်းငယ်အတွင်း အဆင့် ၆ သိူ့ပင် ရောက်သွားနိုင်၏ ။ အဆင့် ၅ အစောပိုင်းဆရာက သူ့အား မည်သည်ကို သင်ကြားပေးနိုင်ပါမည်နည်း ။

" ဆရာဝေ့.. "

လင်းမို့က ပါးနပ်စွာဖြင့်...

" အတန်းထဲက ကျောင်းသားတွေလည်း ဆရာအနီးကပ် သင်ပေးတာကို လိုအပ်တယ်လေ.. သူတို့ကို သင်ပေးလိုက်ပါလား.."

" ငါ သူတို့ကိုလည်းသင်ပေးမှာပေါ့ .."

ဆရာဝေ့က...

" ဒါပင်မဲ့ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အတန်းထဲမှာ အားအနည်းဆုံးလေ.. ငါမင်းကို အဓိကထားပြီး သင်ပေးရမှာပေါ့.."

ဆရာဝေ့၏ အမြင်တွင် လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အမှိုက်ဖြစ်သဖြင့် သူကူညီရန်လိုအပ်ပေသည် ။

' ငါ့တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ပြလိုက်ရမလား.. '

လင်းမို့ ထိုသည်ကို တွေးမိသော်လည်း စွန့်လွှတ်လိုက်သည် ။ ထို့သို့ ပြုလုပ်လိုက်ပါက ဆရာဝေ့၏မာနကို ထိခိုက်မိပေလိမ့်မည် ။

' ဟူး..'

လင်းမို့ တိတ်တဆိတ် ခေါင်းခါလိုက်မိ၏ ။ သူ တက္ကသိုလ်ရောက်မှ အခက်အခဲမျိုးစုံ ကြုံတွေ့နေရပေသည် ။ တနေ့က ဓားကြီးသွားကစားနေစဥ် အဖမ်းခံရပြီး ယနေ့ ဆရာဝေ့က အတင်းသင်ပေးမည် လုပ်နေ၏ ။

' တက္ကသိုလ်က ဆရာတွေနဲ့ ကျောင်းသားတွေက စိတ်အားထက်သန်လွန်းတယ်.. "

လင်းမို့ စိတ်ထဲမှ ငိုကြွေးလိုက်မိ၏ ။

" ဆရာဝေ့.. အတန်းထဲမှာ တိုက်ခိုက်ရေးစွမ်းရည် အနိမ့်ဆုံးက ကျွန်တော်လေ.. "

တိတ်တဆိတ် ထိုင်နေသော ဟောင်ရန်က ထပြောလိုက်သည် ။

" အကိုမို့က ဘယ်လောက်ပဲ အားနည်းနည်း အဆင့် ၃ လေ ကျွန်တော်က အဆင့် ၂ ပဲ ရှိသေးတာ.. "

" မင်း..."

ဆရာဝေ့ က ဟောက်ရန်အား သေချာ ကြည့်လိုက်မိ၏ ။ ထို ဟက်စကီးလေးအား သူမေ့နေပေသည် ။

" မင်းကို ထည့်မတွက်ဘူး.. "

" ကျွန်တော့်ကို ထည့်မတွက်ဘူးလား.."

ဟောက်ရန် ဆွံ့အသွား၏ ။ သူ့ကိုယ်သူ ဝံပုလွေတွင်းမှာ ဟက်စကီးဟု သတ်မှတ်ထားသော်လည်း နာကျင်ရပေသည် ။

" မြေဆွဲအား အခန်းအကြောင်း ပြောပြီးပြီဆို​တော့ ညဏ်အလင်းခန်း အကြောင်းဆက်ပြောမယ်.. "

ဆရာဝေ့က...

" ညဏ်အလင်းခန်း ဆောက်တာက မြေဆွဲအားခန်း လောက် မကုန်ကြဘူးဆို​တော့ ပိုပေါတယ်.. မင်းတို့ ကြိုက်တဲ့အချိန် ကြိုက်သလောက်နေလို့ရတယ်.. "

" လင်းမို့... "

ဆရာဝေ့က လင်းမို့ကို တဖန်ကြည့်လိုက်ပြီး...

" မင်း ညဏ်အလင်းခန်းကို မကြာခဏ သွားသင့်တယ်.. အဲ့မှာ အကြာကြီးနေရင်တောင် ပြသနာမရှိဘူး.. ဒါပင်မဲ့ မြေဆွဲအားခန်း ကတော့ သိပ်မသွားနဲ့အုံး.. နောက်မှ သုံးဖို့ စုထားပေါ့.. ဟုတ်ပြီလား.."

" ဟုတ်ကဲ့ပါ ဆရာ.. "

လင်းမို့ နာခံစွာ ဖြေလိုက်၏ ။

" ကျန်တာကတော့ ကုသခန်းပဲ.. "

ဆရာ​ဝေ့က ...

" သိုင်းလမ်းစဥ်ဆိုတာ တိုက်ပွဲတွေ ပြည့်နေတော့ မကြခဏ ဒဏ်ရာရတက်တယ်.. သတိမထားရင် ခြေတွေလက်တွေတောင် ကျိုးနိုင်တယ်.. ဒါပင်မဲ့ မင်းအသက်ရှုနေသေးသရွေ့ ကုသခန်းက အကုန်ပြန်ကုပေးနိုင်တယ်.. "

" အဲ့လောက် မှော်ဆန်တာလား.."

" အဲ့တာဆို လေ့ကျင့်တဲ့နေရာမှာ သတိထားစရာ မလိုတော့ဘူးပေါ့.. "

" ကောင်းလိုက်တာ.. ကျွန်တော်လေ့ကျင့်နည်းက ခဏခဏ ဒဏ်ရာရတက်တယ် ..ကုသခန်းရှိရင် စိုးရိမ်စရာမလိုတော့ဘူး.."

တချို့ကျောင်းသားများမှာ တတိယအဆင့် မြို့များမှ လာသည်ဖြစ်၍ ကုသခန်းဟူသည်ကို ကြားပင် မကြားဘူးပေ ။ ယခုမှသာ တက္ကသိုလ်ကျောင်းသားများ အဘယ်ကြောင့် လျင်မြန်စွာ တိုးတက်လာကြမှန်း နားလည်သွားကြသည် ။ ဤသို့သော အရင်းအမြစ်များဖြင့်ဆိုလျှင် ဝက်ပင် လေပေါ်ပျံနိုင်ပေလိမ့်မည် ။

လင်းမို့က သိပ်စိတ်မဝင်စား ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ သို့ရောက်လျှင် ဒဏ်ရာများကို စိတ်ပူနေစရာမလို​တော့ ။

ဟောက်ရန်က မျက်ခုံးပင့်လိုက်၏ ။

' ငါ အရင်နှစ်ရက်က စိုးရိမ်နေတာ အပိုပဲ.. ငါ ဓားကြီးသွားကစားလို့ ရောဂါရမှာ ကြောက်စရာ မလိုတော့ဘူး.. ငါ သွားချင်သလောက် သွားလို့ရပြီ.. ဟမ့် ထီးတောင် ဆောင်းစရာ မလိုတော့ဘူး.."

ဟောက်ရန်က ထိုနေရာတွင် ပါရမီ ပါပုံရသည် ။ သူချက်ချင်း အသုံးဝင်ပုံကို ရှာတွေ့သွား၏ ။

' ဖုန်းထဲ ခနခန ဝင်လာတဲ့ ကြော်ညာတွေထက်အများကြီးသာတယ်.. '

ဟောက်ရန်က တောက်ပနေသော သူ၏ အနာဂတ်ကို မြင်ယောင်လိုက်မိ၏ ။

' အဖေပြောတဲ့ တက္ကသိုလ်ရောက်မှ ပျော်စရာကောင်းမှန်း သိလိမ့်မယ်ဆိုတာကိုခု ငါနားလည်သွားပြီ.. '

မည်သူမှ ဟောက်ရန်၏ အတွေးကိုသိမည်မဟုတ် ။ မည်သူမှလည်း ဟက်စကီးတစ်ယောက်ကို အာရုံစိုက်နေမည်မဟုတ်ပေ ။

" ကဲ အားလုံး မြေဆွဲအားခန်း ကတ်တွေ လာယူကြ တစ်ယောက်ကို ငါးနာရီစာ တစ်နာရီကတ် ငါးကတ်ရမယ်.. "

ဆရာဝေ့က...

" ပြီးရင် အခန်းတွေကို ငါလိုက်ပြမယ်.. "

ကျောင်းသားများက ကတ်ယူပြီးသည်နှင့် ဆရာဝေ့ ၏ နောက်မှလိုက်၍ အခန်းထဲမှ ထွက်ခဲ့ကြသည် ။

ညဏ်အလင်းခန်းနှင့် လက်နက်ခန်းတို့ကို သွားပြီး​နောက် မြေဆွဲအားအခန်းသို့ ရောက်လာကြသည် ။

" ဒီနေ့ မြေဆွဲအား အခန်းကို အစမ်းသုံးကြည့်ဖို့ ခွင့်ပြုထားတယ် ..ဆရာတို့ တစ်နာရီ အချိန်ရမယ်.. အားလုံးတန်းစီထား.. ယီမို က စဝင်လိုက်.. "

ယီမိုက ရှေ့သို့လှမ်းလိုက်၏ ။

" နေဦး.. ဆရာ သတိပေးစရာ ရှိသေးတယ်.. "

ဆရာဝေ့က...

" မြေဆွဲအားခန်းရဲ့ ခုဆွဲအားက 10G နော်.. ပုံမှန်ထက် ၁၀ ဆ.. ချက်ချင်း မြှင့် မပလိုက်နဲ့နော်.. အန္တရာယ်ရှိတယ်.. "

" ဟုတ်ကဲ့ပါရှင့်.. "

ယီမိုက မြေဆွဲအားခန်းသို့ မဝင်ဘူးသော်လည်း နားလည်ပေသည် ။ သူမ သတ္တုတံခါးအား ဆွဲဖွင့်၍ အထဲသို့ ဝင်လိုက်သည် ။ LCD မှန်သားပြင်ဖြင့် မြေဆွဲအားအဆကို ပြထားသည်ကို မြင်လိုက်ရ၏ ။ သူမ 10 G မှ 15 G အထိ တဖြည်းဖြည်း တိုးလိုက်ပြီးမှ ရပ်လိုက်သည် ။ နှစ်မိနစ် ကြာပြီးနောက် သူမအတွက် အချိန်စေ့သွားပြီဖြစ်၍ အပြင်သို့ ပြန်ထွက်လာခဲ့သည် ။

" ဘယ်လိုခံစားရလဲ.. "

ဆရာဝေ့က ပြုံးပြီး မေးလိုက်၏ ။

" သိပ်မဆိုးပါဘူး.. 15G က လွယ်တာပဲ.."

ယီမိုက ပြုံးလိုက်ပြီး....

" နောက်တစ်ခါဝင်ရင် အဲ့ထက်ပိုပြီး မြှင့်လို့ရသေးတယ်.. "

" နောက်တစ်ယောက်.. လင်းမို့.."

လင်းမို့က တံခါးကို မျှော်လင့်တကြီး ဆွဲဖွင့်လိုက်သည် ။

' နောက်ဆုံးတော့ နာမည်ကြီးနေတဲ့ မြေဆွဲအားခန်းထဲ ဝင်ရတော့မယ်.. '

သူအထဲသို့ ရောက်သည်နှင့် တံခါးက ချက်ချင်းပိတ်သွားပြီး နစ်မြုပ်သွားသလို ခံစားမိလိုက်သည် ။ သူ၏ နားထဲတွင် စနစ်၏ အသံကို ကြားလိုက်ရ၏ ။

" ဒင်.. ယခုပတ်ဝန်းကျင်တွင် တည်​ငြိမ်အညွှန်းကိန်း ၂ ကို ခံစားမိပါသည်.. "

' တည်ငြိမ်အညွှန်းကိန်း ၂ လား..'

လင်းမို့ မျက်ခုံးပင့်လိုက်၏ ။ ဂြိုလ်ပြာပေါ်ရှိ နေရာအများစုတွင် ပုံမှန်ဖြစ်ပြီး အထူးနေရာများတွင်သာ တည်ငြိမ်အညွှန်းကိန်း ရနိုင်မည်ကို သူသိထားသည် ။

" မြေဆွဲအား အခန်းက အထူးနေရာလား.."

All Chapters