တော်သေးတယ် ဖျင်ပြောင်တော့မလို့
Vol. 10 Ch. 141
~
' မြေဆွဲအားခန်းက အထူးနေရာလား..'
လင်းမို့က မြေဆွဲအားကို သေချာခံစားကြည့်လိုက်သည် ။ သူ၏ ကိုယ်အလေးချိန်မှာ ကီလို ၁၀၀ ကျော်ရှိသဖြင့် ဆယ်ဆ မြှင့်ပြီးနောက် ကီလို တစ်ထောင်ကျော် အလေးချိန်ကို ထမ်းထားရပေသည် ။
ကီလို ၁၀၀၀ က သာမန်အလေးချိန်နှင့် မတူချေ ။ သာမန်အလေးချိန်ကို ခန္ဓာကိုယ်က ထမ်းရသော်လည်း မြေဆွဲအား က ခန္ဓာကိုယ်ရှိ အဂ်ါများ အရိုးများ အားလုံးကို ဆွဲငင်ထားလေသည် ။ သာမန်လူသာဆိုလျှင် ပါးစပ်နှင့် နှာခေါင်းများအတွင်း သွေးများ ထွက်ကြလာပေမည် ။
လင်းမို့ကတော့ မည်သည့်ဖိအားမှ မခံစားရ ။ ပူပြင်းသော အလင်းရောင်က ဆွဲငင်အားအခန်းတွင် ပေါ်ထွက်လာသည် ။
" ဒါက .."
လင်းမို့ မော့ကြည့်လိုက်မိ၏ ။ အပေါ်တွင် နေအတုကြီးက နေထက် ဆယ်ဆ အပူချိန်ဖြင့် ပေါ်ထွက်လာသည် ။ ( နေရဲ့ အစစ်အမှန်အပူချိန်မဟုတ်ဘူးဗျ.. ကမ္ဘာပေါ်က ခံစားရတဲ့ အပူချိန်ကို ဆိုလိုတာ.. )
" နေအတုပဲ.."
လင်းမို့ မျက်လုံးမှေးကြည့်လိုက်၏ ။ သူ၏ မျက်လုံးမှာ ၂၄ k တိုက်တေနီယံထက် ခိုင်ခံသဖြင့် ဤမျှအလင်းရောင်ကို ကြောက်စရာမလို ။
' ပုံမှန်ဆိုရင် သာမန်လူတစ်ယောက်ရဲ့ ဆဲလ်ခွန်အားက အကန့်အသတ်ကို ရောက်သွားရင် မြေဆွဲအား နဲ့ အလင်းရောင်ကို သုံးပြီး ချိုးဖျက်ရတာပဲ.. "
ကျန်းနန်တက္ကသိုလ်ရှိ မြေဆွဲအား အခန်းမှာ ထိုသည်က အဆင့်မြှင့်ထားခြင်းဖြစ်သည် ။ မြေဆွဲအား ဆယ်ဆတွင် အပူချိန် ဆယ်ဆ တိုးလာမည် ဖြစ်ပြီး ဆွဲအား တိုးလာတိုင်း အပူချိန်တိုးလာမည်ဖြစ်သည် ။ ထိုမှသာ အကန့်အသတ်သို့ ချိုးဖျက်ရန် ပိုမိုလှုံ့ဆော် ပေးနိုင်မည်ဖြစ်သည် ။
' ငါ ဆွဲအားကို အဆတိုးလိုက်ရင် အညွှန်းကိန်းများ တိုးလာလောက်မလား.. စမ်းကြည့်ရမယ်.. "
လင်းမို့က ဆွဲအားကို 15G သို့ တိုးလိုက်ရာ အညွှန်းကိန်းက ၂.၅ သို့ ရောက်သွားသည် ။
' ဆွဲအား ၅ ဆ တိုးလာတိုင်း အညွှန်းကိန်း ၀.၅ တိုးလာတာပဲ.. '
၀.၅ ကနည်းသည်ဟု ထင်ရသော်လည်း တည်ငြိမ်အညွှန်းကိန်းက တက်ကြွအညွှန်းနှင့် မြှောက်မည်ဖြစ်သည် ။
' ဘယ်လောက်ထိ တိုးမလဲ ဆက်မြှင့်ကြည့်ရမယ်..'
16G..
17G..
18G..
...
30G..
...
နောက်ဆုံး 50G တွင် ရပ်လိုက်၏ ။ တည်ငြိမ်အညွှန်းကိန်းက 40G တွင် ၅ ဖြင့် ရပ်နေလေသည် ။ သူဆက်မြှင့်လည်း မထူးတော့ ။
' 5 အထိပဲ အများဆုံးပေးတာပဲ..'
လင်းမို့ တွေးလိုက်မိ၏ ။
' အင်း.. အဲ့လောက်ပဲ ဖြစ်မှာပေါ့.. မဟုတ်ရင် ငါပိုသန်မာလာတဲ့အခါ အဆ သောင်းဂဏန်းလောက် ခံနိုင်ရည်ရှိသွားရင် ရတဲ့ တက်ကြွအညွှန်းကိန်းနဲ့ တစ်ခါတည်း အင်မော်တယ် ဖြစ်သွားလိမ့်မယ်.. '
စနစ်က သူ့အား တစ်ခါတည်း ပြိုက်ဘက်ကင်းအဆင့်အထိ တိုးမြှင့် ပေးချင်ပုံ မပေါ်ပေ ။
' ဘာပဲ ဖြစ်ဖြစ် ၅ ဆိုလည်း ဘာဖြစ်လည်း အပြင်က ငါးရက်နဲ့ တူတာပဲ.. ကံဆိုးတာက တစ်ပတ်ကို ငါးနာရီပဲ ဝင်ခွင့်ရတာ.. ငါ အဆင့်တက်မဲ့အချိန်မှ လာရမယ်.. '
လင်းမို့၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည် ။
' ငါ ကတ်ရနိုင်မည့် နည်းကို ရှာရင်လည်း ဖြစ်တာပဲ..'
လင်းမို့ ဝင်သွားသည်က နှစ်မိနစ် ကျော်နေပြီဖြစ်သည် ။ သို့သော်လည်း အပြင်မှ ကျောင်းသားများက အချိန်ကို ဂရုမစိုက်နိုင်ကြ ။ သတ္တုတံခါးတွင် ဖော်ပြထားသော မြင့်တက်လာသော ဆွဲအားကို ကြည့်နေကြသည် ။
" 30G..."
" 40G..."
" 50G..."
" လင်းမို့က အဆ၅၀ တောင် ခံနိုင်တာပဲ .."
" စာမေးပွဲ အမှတ်ပြည့်ရလာတဲ့သူပဲ ခံနိုင်တာပေါ့ဟ.."
" ဆွဲအား အဆ၅၀ တင်မဟုတ်ဘူးဟ အပူချိန် အဆ ၅၀ ရောပဲ.."
" သူ့ခန္ဓာကိုယ်က မီးလောင်မသွားဘူးလား.."
" သန်မာလိုက်တဲ့ကောင်.. "
ဆူညံစွာ ဆွေးနွေးနေသူများကြားတွင် ယဲ့ရီက မပျော်တော့ ။
' လင်းမို့.. '
သူ ကျန်းနန်တက္ကသိုလ်သို့ လာသည်မှာ လင်းမို့ကို အနိုင်ယူရန်ဖြစ်သည် ။
' အဆ ၅၀ ကိုငါမတက်နိုင်သေးဘူး.. ဒါပင်မယ့် အဆ၃၀ လောက်တေ့ ရမယ်ထင်တယ်.. '
ယဲ့ရီက ယှဥ်ပြိုင်လိုစိတ်များဖြင့် တောက်လောင်လာသည် ။
လင်းမို့ အဆ၅၀ တွင် ရပ်တန့်လိုက်ခြင်းမှာ အညွှန်းကိန်းဆက်မတိုးလာသောကြောင့်ပင် ။ သူ၏ ခွန်အား အကန့်အသတ်သို့ မရောက်သေးချေ ။
" ရွှီး...."
တံခါးပွင့်လာပြီး လင်းမို့ ထွက်လာ၏ ။ လင်းမို့၏ အမူအရာက သက်တောင့်သက်သာ ဖြစ်နေသည် ။
" အကိုမို့.. အရမ်းမိုက်တယ်.. "
ဟောက်ရန်က လက်မထောင်ပြလိုက်ပြီး...
" အဆ၅၀ တောင် စိန်ခေါ်ရဲတယ်.. "
" ငါ့အလှည့်.. "
ယဲ့ရီက စိန်ခေါ်ရန် မစောင့်နိုင်တော့ ။ အလျင်လိုနေ၏ ။ သူ၏ သွေးများ ဆူပွက်နေချေပြီ ။
' အဆ ၃၀ ကို စိန်ခေါ်မယ်.. '
ယဲ့ရီ တွေးလိုက်သည် ။ အဆ ၅၀ နှင့် အဆ ၃၀ ယှဥ်လျှင် သိပ်မကွာဟု ခံစားရမည်ဖြစ်သည် ။ သူက အခန်းထဲသို့ ရင်ကော့ ခေါင်းမော့၍ ဝင်သွားလိုက်သည် ။ နောက်တစ်စက္ကန့်တွင်...
" အားးးးး...."
မြေဆွဲအားခန်းမှ အော်သံထွက်ပေါ်လာ၏ ။
" ဘာဖြစ်သွားတာလည်း.. "
ဆရာဝေ့က အထဲသို့ဝင်၍ ယဲ့ရီအား ဆွဲခေါ်လာသည် ။
ယဲ့ရီမှာ လူရုပ်ပင် မမှတ်မိအောင် မီးကျွမ်းနေ၏ ။
" ဒါ... "
ဆရာဝေ့ နားလည်သွား၏ ။ လင်းမို့ ပြန်ထွက်လာစဥ် မြေဆွဲအားမှာ ပုံမှန်ပြန်ဖြစ်သွားသော်လည်း အပူချိန်မှာ မကျသေးပေ ။ ယဲ့ရီက အမြန်ဝင်လိုက်သဖြင့် လောင်ကျွမ်းသွားခြင်းဖြစ်သည် ။ သူ ယဲ့ရီကင် ဖြစ်လုနီးပါးပင် ။
ကံကောင်းသည်က ဆရာဝေ့ အမြန်ကယ်လိုက်သောကြောင့် မသေခဲ့ခြင်းဖြစ်သည် ။ အဝတ်အစားများမှာ တက္ကသိုလ်မှ ပေးထားခြင်းဖြစ်သဖြင့် အပူဒဏ် ခံနိုင်ပေသည် ။ မဟုတ်လျှင် သူကိုယ်လုံးတီး ဖြစ်သွားနိုင်သည် ။
" ငါ..."
ယဲ့ရီ ငိုချင်သွားသည် ။ သူကြွားရန် ကြိုးစားလိုက်သော်လည်း ကံကောင်း၍ မသေခဲ့ခြင်းပင် ။
" ယဲ့ရီ ဘာငိုင်နေတာလည်း.. "
ဆရာဝေ့က သတိပေးလိုက်သည် ။
" ကုသခန်း အမြန်ပြေးဟ..."