ပစ်မှတ်အခန်း
Vol. 10 Ch. 142
~
ယဲ့ရီအား ကုသခန်း သို့ ပို့လိုက်ကြသည် ။ နောက်ထပ် မြေဆွဲအားခန်းသို့ ဝင်မည့်သူများမှာ အပူချိန်ပုံမှန်ပြန်ဖြစ်သည်အထိ စောင့်လိုက်ရ၏ ။
မကြာမီပင် အတန်း၏ ပထမနေ့ ပြီးဆုံးသွားလေသည် ။ အတန်းပြီးမည့်အချိန်တွင် ဆရာဝေ့က ...
" သင်တဲ့ ပါမောက္ခတွေ ဘယ်လောက်ကောင်းကောင်း.. အရင်းမြစ်တွေ ဘယ်လောက်ကောင်းကောင်း အဓိက အရေးအကြီးဆုံးက သိုင်းလမ်းစဥ် အပေါ်မှာထားတဲ့ ဖြူစင်တဲ့ နှလုံးသားပဲ.. ဆရာတို့တက္ကသိုလ်မှာ အတန်းတွေကို မဖြစ်မနေ တက်ရမယ်လို့ ကန့်သတ်မထားဘူး.. စာသင်ချိန်တွေမှာ သင်ခန်းစာနားထောင်တာနဲ့ ကိုယ့်ဟာကို လေ့ကျင့်တာကို အချိန်ခွဲထားပေါ့.. မင်းတို့နဲ့ အဆင်ပြေမည့် အချိန်ဇယားကို သေချာဆွဲထား.. "
" နောက်ဆုံးအနေနဲ့.."
ဆရာဝေ့က ကျောင်းသားများအားလုံးကို ဝေ့ကြည့်လိုက်ပြီး...
" မင်းတို့က ဆရာတို့ တက္ကသိုလ်ရဲ့ လက်ရွေးစင်အတန်းဖြစ်သလို.. ရှားနိုင်ငံရဲ့ လက်ရွေးစင်အတန်းဆိုလည်းမမှားဘူး.. လေးနှစ်ကြာလို့ ဘွဲရတဲ့အခါ မင်းတို့အားလုံး ငွေလ အဆင့်ကို ရောက်နိုင်ဖို့ ဆရာမျှော်လင့်တယ် .."
လေးနှစ်အတွင်း ငွေလအဆင့် သိုင်းပညာရှင် တစ်ယောက်ဖြစ်လာရန် အလွန်ခက်ခဲသည် ။ ငွေလအဆင့်သို့ ရောက်နိုင်ရန် တိုက်ခိုက်ရေးစွမ်းရည် အနည်းဆုံး အဆင့်၅ အစောပိုင်းသို့ ရောက်နေရမည်ပင် ။
သာမန် ကျောင်းသားများမှာ ဘွဲ့ရပြီး နှစ်အနည်းငယ်ကြာမှ ငွေလအဆင့်သို့ ရောက်ကြသည် ။
လင်းမို့အတန်းမှာ လက်ရွေးစင်အတန်းဖြစ်၍ ဆရာဝေ့က မျှော်လင့်ချက်ကြီးကြီးထားခြင်းဖြစ်၏ ။ ဟောက်ရန် ဟက်စကီးအား ထည့်မတွက်ပေ ။
" လင်းမို့.."
ဆရာဝေ့က လင်းမို့ကို ကြည့်လိုက်ပြီး...
" မင်းရဲ့ လက်သီးပြင်းအားက ကြယ်နှစ်ပွင့် အဆင့်ကို ရောက်နေပင်မဲ့ တိုက်ခိုက်ရေးစွမ်းရည်က အားနည်းလွန်းတယ်.. "
" ဆရာဝေ့... "
လင်းမို့က ငြိမ်မနေနိုင်တော့...
" ကျွန်တော့် တိုက်ခိုက်ရေးစွမ်းရည်က သိပ်မဆိုးပါဘူ.."
" သိပ်မဆိုးဘူးလား.."
ဆရာဝေ့က နှာခေါင်းရှုံ့လိုက်ပြီး...
" မင်းအခု အဆင့် ၃ အစောပိုင်းလား အလယ်လား.. သာမန်အတန်းတွေအတွက် မဆိုးပင်မဲ့ ငါတို့အတန်းမှာ မင်းထက်နိမ့်တဲ့သူ ရှိလို့လား.."
" ကျ... "
လင်းမို့ ပြောရန်ပြင်လိုက်သော်လည်း ဆရာဝေ့က ဖြတ်ပြောလိုက်သည် ။
" လင်းမို့.. မင်းတိုးတက်ဖို့ မင်းရဲ့ အားနည်းချက်ကို ပြင်မှရမယ်.. မဟုတ်ရင် အတန်းထဲကသူတွေက မင်းကို ကျော်တက်သွားလိမ့်မယ်.. "
ဆရာဝေ့က လင်းမို့ ငြင်းရန် အခွင့်အရေးမပေး ။
"ဟူးး.."
လင်းမို့ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်သည် ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အားမနည်းသည့်အပြင် အားအကောင်းဆုံးဖြစ်သည် ။ လက်သီးပြင်းအား နိမ့်ကျနေသဖြင့် ငွေလအဆင့်သို့ မရောက်သေးချင်းဖြစ်သည် ။ ထို့အပြင် လင်းမို့သည် ယခု ကြယ်နှစ်ပွင့်သိုင်းပညာရှင်မဟုတ်တော့ လက်သီးပြင်းအား ကီလို ၅၀၀၀ ပြည့်သွားသဖြင့် ကြယ်သုံးပွင့်သို့ ရောက်နေလေပြီ ။ ဤနှုန်းအတိုင်းဆိုလျှင် လမ်းညွှန်တိုက်ပွဲ မစတင်မီ လက်သီးပြင်းအား ကီလို ၁၀၀၀၀ သို့ ရောက်နိုင်ပြီး ကြယ်ငါးပွင့် သိုင်းပညာရှင်အထိ ဖြစ်နိုင်ပေသည် ။
ကြယ်နှစ်ပွင့် အဆင့်တွင် လက်သီးပြင်းအား ၃၀၀၀ ကီလိုနှင့် ကြယ်သုံးပွင့်တွင် ၅၀၀၀ ကီလို ၊ ကြယ်လေးပွင့်တွင် ၈၀၀၀ ကီလိုနှင့် ကြယ်ငါးပွင့်သည် ၁၂၀၀၀ ကီလိုဖြစ်သည် ။ သူ ကြယ်ငါးပွင့်အထိ ရောက်နိုင်မည်ကိုတော့ မသေချာသေး ။
" အကိုမို့.. အကိုမို့.."
ဟောက်ရန် ခေါ်လိုက်၏ ။
" ဒီည အကိုလီနဲ့ သွားမလို့ လိုက်အုံးမလား.. "
" သွားအုံးမှာလား.."
လင်းမို့က အံ့သြသွားပြီး...
" မနေ့က မင်းပြောတော့ ကျောင်းစဖွင့်ရင် မသွားတော့ဘူးဆို.. "
" ငါ ပြောလို့လား.."
ဟောက်ရန်က သူပြောဖူးသည်ဟု ထင်သော်လည်း ပြောသည်မပြောသည်က အရေးမကြီးချေ ။
" အကိုမို့ သိုင်းလောကမှာ ညီအကိုတွေက အရေးကြီးဆုံးပဲ မှလား.."
" ဒါပေါ့..."
လင်းမို့က ခေါင်းညိတ်ထောက်ခံလိုက်ပြီး ...
" အဲ့တာနဲ့ မင်းဓားကြီးသွားကစားတာနဲ့ ဘာဆိုင်လို့လဲ.. "
" သေချာပေါက် ဆိုင်တာပေါ့.."
ဟောက်ရန်က...
" ငါတို့ ကျန်းနန်ကို ရောက်ကတည်းက အကိုလီကပဲ ဒကာခံနေတာ.. ငါတို့ ပြန်ပြီး ဒကာခံမှ သင့်တော်မယ်မှလား.."
ဟောက်ရန်က ရင်ဘက်ပုတ်လိုက်ပြီး...
" ငါ ဒီည သွားမှာက ညီအကိုအတွက်ပဲ.. ငါသွားချင်လို့ မဟုတ်ဘူး.. ဒီညနောက်ဆုံးပဲ နောက် အကိုလီ လာခေါ်ရင် မလိုက်တော့ဘူး.."
" မင်း..."
လင်းမို့ ခေါင်းသာ ယမ်းလိုက်တော့သည် ။ သူ၏ တူကြီးမှာ ဆေးမမီတော့ချေ ။
" အဲ့တာဆိုလည်း ဂရုစိုက်ကွ..."
" စိတ်မပူပါနဲ့ .."
ဟောက်ရန်က မချိုမချဥ် ပြုံးလိုက်ပြီး..
" စိတ်မပူပါနဲ့ ဆရာဝေ့ ပြောတာ မကြားဘူးလား.. ဘာပဲဖြစ်ဖြစ် မသေသေးရင် ကုသခန်းမှာ ကုလို့ရတယ်တဲ့.. ငါဘာကို ကြောက်နေရမှာလဲ.."
" ဟင်း.."
လင်းမို့ ဆွံ့အ သွားသည် ။ ဟောက်ရန်ကား လမ်းဆုံးသို့ရောက်ရှိသွားချေပြီ ။
" အကိုမို့ တကယ်မလိုက်ဘူးလား.."
ဟောက်ရန်က ထပ်ခေါ်၏ ။
" မလိုက်ဘူး ကိုယ့်ဟာကိုသွား.. "
လင်းမို့က လက်ယမ်းပြီး ငြင်းလိုက်သည် ။
" ပြီးတာပဲ.. "
ဟောက်ရန်က ခဏစဥ်းစားလိုက်ပြီး...
" အကိုမို့ မပါပင်မဲ့ အကိုမို့ ပါသလို သဘောထားပြီး တစ်ယောက်အပိုခေါ်လိုက်မယ် ..."