: ပစ်မှတ်အခန်း ၂
Vol. 10 Ch. 143
~
လင်းမို့ မျက်လုံးပြူးသွားပြီး...
" ထွက်သွားစမ်း.."
ဟောက်ရန်က ပျော်ရွှင်စွာဖြင့် ပြေးထွက်သွားသည် ။
လင်းမို့သည် ဟောက်ရန်၏ နောက်ကျောကို ကြည့်၍ ခေါင်းယမ်းလိုက်မိ၏ ။
" ဒီနေ့က တတိယနေ့ပဲ ရှိသေးတယ်.. "
သူတို့ ကျန်းနန်သို့ ရောက်သည်မှာ သုံးရက်သာ ရှိသေးသော်လည်း ဟောက်ရန်က နေ့တိုင်းသွားနေ၏ ။
နောက်လေးနှစ်အကြာတွင် ဟောင်ရန်၏ သိုင်းအဆင့်က မည်သည်အထိ ရောက်နိုင်မည်ကို ပြောမရသော်လည်း ဓားကြီးကစား၍ လူတစ်ထောင်ကို သတ်ဖြတ်ခြင်း တာဝန်ကိုမူ ပြီးမြောက်နိုင်ပေသည် ။
" လင်းမို့.."
ဟောက်ရန် ထွက်သွားလျှင် ယီမိုက ရောက်လာပြီး...
" ဟိုင်းချန်တုန်းက နင်ငါ့ကို ငါးကင် ကျွေးထားတာ.. ငါနင့်ကို ညစာ လိုက်ကျွေးမယ်လေ.. "
" ညစာလား.."
လင်းမို့ က ယီမိုကို ကြည့်လိုက်မိ၏ ။ သူ ယီမိုထံမှ စိတ်ထိန်းချုပ်သူစွမ်းအား ကုန်းဆင်းရန် ကြိုးပမ်းခဲ့သည် ဖြစ်ပြီး ယခု ကျန်းနန်တက္ကသိုလ်တွင် စိတ်စွမ်းအား ရနေပြီဖြစ်၍ အနားကပ်ရန် မလိုတော့ပေ ။
" ဟုတ်တယ်.. ကျောင်းအပြင်မှာ စားလို့ကောင်းတဲ့ ဆိုင်တစ်ခု တွေ့ထားတယ်.. အဲ့ကိုသွားရအောင်.."
ယီမိုက ဆက်ပြောလိုက်သည် ။
' ကျောင်းအပြင်လား..'
" တော်ပါပြီ မလိုက်တော့ဘူး.."
လင်းမို့ ချက်ချင်း ငြင်းလိုက်သည် ။ ကျောင်းအပြင်သို့ ထွက်သည်က သူ့ကို သတ်နေသလိုပင် ။ သူ၏ တက်ကြွအညွှန်းကိန်းလေး ပျောက်ကွယ်သွားပေမည် ။
" ငါကျောင်းကန်တင်းကိုသွားပြီး တစ်ခုခုစားလိုက်တော့မယ် .. "
လင်းမို့က ပြောပြီး ပြေးတော့သည် ။
" ငါ..."
ယီမို ဆွံ့အခါ ကျန်နေခဲ့သည် ။ လင်းမို့ ချက်ချင်းငြင်းလိုက်မည်ဟု သူမ မထင်ထားခဲ့ ။
' လင်းမို့က အခုအရမ်းကြိုးစားနေတာပဲ.. ငါနဲ့ တွေ့တုန်းကနဲ့ မတူတော့ဘူး.. "
လင်းမို့က ရူးသွပ်စွာ ကြိုးစားနေရ၍ သူမကို ဂရုမစိုက်တော့ဟု ထင်သွားသည် ။
' ငါ ပိုကြိုးစားရမယ်.. '
ယိမို၏ မျက်လုံးများက မီးများတောက်လောင်လာသည် ။
' ငါက စာမေးပွဲအဆင့် ၁ ပဲ.. တက္ကသိုလ်ရောက်မှ လင်းမို့နဲ့ ယဲ့ရီကို အရှုံးမပေးနိုင်ဘူး..'
လင်းမို့က ညစာကို ကန်တင်းတွင် စားပြီးနောက် အဆောင်များအား လှည့်ပတ်ကြည့်တော့သည် ။
ညမှောင်လာသည်နှင့် ကျန်းနန်တက္ကသိုလ်ရှိ အဆောင်များ၏ တက်ကြွအညွှန်းကိန်းက မြင့်တက်လာပြီး လေ့ကျင့်ကွင်းနှင့် သင်ကြားရေးနေရာရှိ တက်ကြွအညွှန်းကိန်းက လျော့နည်းသွား၏ ။
' ငါနေ့ဘက် လေ့ကျင့်ကွင်းနဲ့ စာသင်တဲ့ နေရာမှာ သွားအိပ်ရမယ်.. ညကျ အဆောင်မှာ ပြန်အိပ်ရမယ်.. ဘာပဲ ဖြစ်ဖြစ် အိပ်ဆောင်မှာ တက်ကြွအညွှန်းကိန်းအများဆုံး ရှိတယ့်နေရာလိုက်ရှာရမယ်.'
လင်းမို့ တက်ကြွအညွှန်းကိန်းကို ကြည့်ရင်း လျောက်သွားကြည့်လိုက်သည် ။
၁၄၅၇..
၁၅၀၀..
၁၇၇၂..
ကျန်းနန်တက္ကသိုလ်ရှိ အဆောင်ဧရိယာမှာ အလွန်ကြီးမားပြီး ကျောင်းသား သောင်းဂဏန်း နေထိုင်ကြသည် ။ တစ်ဦးလျှင် အခန်းငယ် တစ်ခန်းစီရထားသဖြင့် အဆောင်ဝန်းကြီးက အကျယ်ကြီးဖြစ်သည် ။
လင်းမို့က လမ်းလျောက်ရင်း တက်ကြွအညွှန်းကိန်းမြင့်သည့်ဘက်သို့ ဦးတည်သွားလိုက်သည် ။ အလည်ဗဟို အနီးသို့ ရောက်လေ တက်ကြွအညွှန်းကိန်းက ပိုမြင့်လာလေပင် ။
' ၁၉၉၉ ဆက်ပြီး တက်နေတုန်းပဲ.. ဟူး...'
လင်းမို့ သက်ပြင်းချလိုက်မိ၏ ။ ထိပ်တန်းတက္ကသိုလ်ဆိုသည့် အတိုင်းပင် တက်ကြွအညွှန်းကိန်းများကို နေရာတိုင်းတွင် ရနိုင်ပေသည် ။
အိပ်ဆောင်က ကျယ်လွန်းသဖြင့် ဤမျှလောက်သာ ရနေခြင်းဖြစ်သည် ။ သူပို၍ သန်မာလာပါက တက်ကြွအညွှန်းကိန်း ၅၀၀၀ ၁၀၀၀၀ လောက်ပင် ရနိုင်၏ ။
' ငါပိုသန်မာလာရင် ပိုဝေးတဲ့နေရာက တက်ကြွအညွှန်းကိန်းတွေပါ ရလိမ့်မယ် အဲ့ချိန်ကြ ၁၀၀၀၀ ဆိုတာ ဘာမှ မဟုတ်တော့ဘူး..'
လင်းမို့သည် သူ၏ အနာဂတ်အား မျှော်လင့်စောင့်စားနေ၏ ။
2222..
2421..
နောက်ဆုံး ရေကန်ဘေးရှိ အိမ်သို့ ရောက်လာသည် ။
' ဒီနေရာက တက်ကြွအညွှန်းကိန်း အမြင့်ဆုံးနေရာပဲ..'
လင်းမို့က ရေကန်ဘေးရှိ ဗီလာလေးကို လှမ်းကြည့်လိုက်သည် ။ ဗီလာက ပန်းခြံမပါ ဟိုင်းချန်မြို့ရှိသူ၏ ဗီလာထက်ပင် သေးငယ်ပေသည် ။ သို့သော်လည်း လင်းမို့၏ မျက်လုံးများ နီရဲလာသည် ။
' ကောင်းလိုက်တဲ့ ပတ်ဝန်းကျင် ရေကန်လေးနဲ့ အိမ်လေး.. ပြီးတော့ တက်ကြွအညွှန်းကိန်းကလည်း ငါ့အခန်းထက် ၁၀၀၀ ကျော်လောက်ပိုများသေးတယ်.. '
ဤနေရာတွင် နေရလျှင် သူ၏ အဆင့်တက်မြန်နှုန်းက များစွာပိုလာပေမည် ။
' ဒါပင်မဲ့ ဒီနေရာက တတိယနှစ်နဲ့ စတုတ္ထနှစ်တွေ နေတဲ့နေရာထင်တယ်.. '
လင်းမို့ တွေးလိုက်သည် ။ သူ တတိယနှစ်များအား အနိုင်ယူရန် အချိန်သိပ်မလိုတော့သော်လည်း စတုတ္ထနှစ်များကိုမူ ရက်နှစ်ဆယ်လောက် စောင့်ရပေအုံးမည် ။
စတုတ္ထနှစ်များက ကြယ်ခုနှစ်ပွင့် ရှစ်ပွင့် အဆင့်တွင်ရောက်နေကြပြီး လက်သီးပြင်းအား ကီလို ၃၀၀၀၀ မှ ၅၀၀၀၀ ကြား ရှိကြသည် ။ ယခု သူ၏ လက်သီးပြင်းအား ကီလို ၅၀၀၀ ဖြင့်ဆိုလျှင် ကလိ ထိုးသလို ဖြစ်နေပေမည် ။
' ဒီနေရာမှာ ဘယ်သူနေလဲ ငါဂရုမစိုက်ဘူး..'
လင်းမို့ ရယ်လိုက်သည် ။
' အထဲမဝင်ရမှတော့ အပြင်မှာ ထိုင်နေမှာပေါ့.. '
သူက ပျင်းရိခြင်း ပရိုဖြစ်သည် ။
' ရေကန်ထဲမှာ ရေချိုပုဇွန်တွေ အများကြီးပဲ..'
လင်းမို့သည် ညနက်နေသော်လည်း ရေကန်အတွင်း ပြေးလွှားနေကြသော ပုဇွန်လေးများကို မြင်နေရသည် ။
' ငါ ဖမ်းရမယ်.. '
သူမနေ့ညက စားခဲ့သော ရေချိုပုဇွန်လေးများမှာ အရသာရှိလှ၏ ။
လင်းမို့သည် ငါးမျှားပစ္စည်းများကို ချက်ချင်းပြေးရှာလိုက်သည် ။ သိပ်မကြာမီပင် သူက ပုံးကြီးတစ်ပုံးထမ်း၍ ငါးမျှားတံအသေးတစ်ချောင်းကိုင်ကာ ပြန်ပေါ်လာသည် ။ အလုပ်စတင်ရန် အချိန်ရောက်လေပြီ ။
ရေချိုပုဇွန် မျှားခြင်းက ငါးမျှားခြင်းထက် ပို၍ လွယ်ကူသည် ။ ရေကန်ထဲရှိ ပုဇွန်လေးများမှာ အန္တရာယ်ကို မကြုံဘူးသဖြင့် တစ်ကောင်ပြီးတစ်ကောင် သူ၏ ပုံးထဲသို့ ရောက်ကုန်၏ ။
လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ ကြောင့် ပုဇွန်၏ လက်မက ချိတ်ကို ထိလိုက်သည်နှင့် သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်လျှင် ပုံးထဲသို့ ရောက်ကုန်သည် ။
' သန်းခေါင်ယံအထိ တက်ကြွအညွှန်းကိန်းက အမြင့်ဆုံးဆိုတော့ ငါ ဆယ့်နှစ်နာရီအထိ ထိုင်နေလိုက်မယ်.. '
ဤနေရာရှိ တက်ကြွအညွှန်းကိန်းကို သူလိုချင်သော်လည်း တစ်ညလုံးထိုင်ရန် မဖြစ်နိုင်ချေ ။
' ဆယ်နှစ်နာရီအထိ မျှားပြီးမှ အဆောင်ပြန်ပြီး ဟင်းချက်ရမယ်.. '
လင်းမို့သည် ငါးဖမ်းရန် အာရုံစိုက်နေသည့်အချိန်တွင် အမှောင်ထဲမှ ပုံရိပ်တစ်ခုက ဗီလာဆီသို့ လာနေသည် ။
ထိုသူက မနက်က လင်းမို့အား လာရှာသော ချီဖုန့်ပိုပင် ။ သူမက ဗီလာ ပိုင်ရှင်အား လာရှာခြင်းဖြစ်သော်လည်း တံခါးသို့မရောက်မီ လင်းမို့အား တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုပ်လိုက်သည် ။