← Chapters

နောက်ကွယ်မှ ကျွမ်းကျင်သူ ၂

Vol. 10 Ch. 145

နောက်ကွယ်မှ ကျွမ်းကျင်သူ ၂

Vol. 10 Ch. 145

~

" တခြားကိစ္စမရှိရင် ငါပုဇွန်ဖမ်း​နေတာ လာမနှောက်ယှက်နဲ့.."

လှောင်ပြောင်ခြင်းက ခွန်အားတူသူများသာ ဒေါသထွက်မည်ဖြစ်သည် ။

သာမန်လူတစ်ယောက် လမ်းလျောက်နေစဥ် လမ်းဘေးလူမိုက်မှ နှောက်ယှက်လျှင် ဒေါသထွက်မည်ဖြစ်သော်လည်း လမ်းဘေးခွေးမှ ဟောင်နေလျှင် လျစ်လျူရှု၍ ကိုယ့်လမ်းကိုသာ ဆက်သွားမည်ဖြစ်သည် ။

ချီဖုန့်ပိုက သူဒေါသထွက်ရန် မထိုက်တန်ပေ ။

ချီဖုန့်ပိုသည် သူမ နှောက်ယှက်နေသော်လည်း လင်းမို့က မတုန့်ပြန်သည်ကို မြင်လျှင် ပျင်းရိသွားပြီး အမြီးကုပ်၍ ထွက်သွားတော့သည် ။

သို့သော်လည်း ဖန်ကျစ်ဝေက အဆောင်အတွင်းမှ ချောင်းကြည့်နေ၏ ။

" ချီဖုန့်ပိုက ပါရမီရှင်ဖြစ်ဖို့ မထိုက်တန်ဘူး.."

ဖန်ကျစ်ဝေက ချီဖုန့်ပိုအား အထင်သေးပေသည် ။ သာမန်တိုက်ပွဲတစ်ခုကိုပင် အရှက်ကွဲမည်ကြောက်၍ လာတောင်းပန်နေသူက သိုင်းလမ်းစဥ်တွင် မည်မျှအထိ ဆက်လျောက်နိုင်မည်နည်း ။ သူမ ဒုတိယနှစ်တွင် အဆင့် ၂ ဖြစ်နေသေးသော်လည်း တတိယနှစ်နှင့် စတုတ္ထနှစ်တွင် အဆင့်ကျဆင်းသွားပေလိမ့်မည် ။

' လင်းမို့က...'

ဖန်ကျစ်ဝေက လင်းမို့အား ကြည့်လိုက်မိ၏ ။ သူအနည်းငယ် စပ်စုချင်သွားသည် ။ မည်သည့်အတွက်ကြောင့် သူ့အိမ်အနီးတွင် ငါးလာမျှားနေပါသနည်း ။

' ပုဇွန်လာမျှားရုံပဲလား.. ဒါမှမဟုတ် ချီဖုန့်ပိုလိုပဲ ငါနဲ့ စကားပြောဖို့ လာချောင်းတာလား.. '

ဖန်ကျစ်ဝေ ခန့်မှန်းကြည့်လိုက်၏ ။ သူ့ကိုလာရှာသည်ဆိုပါက ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်လျှင်ပင် အထင်သေးမိပေမည် ။

သူက ကြည့်နေရင်း တစ်ခုခုလွဲနေသည်ကို ခံစားမိသွားသည် ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်၄ အထွတ်အထိပ်တွင် ဖြစ်သဖြင့် ချီဖုန့်ပိုထက် အမြင်အာရုံ ပို၍ကောင်းသည် ။

လင်းမို့ ပုဇွန်များကို ရေထဲမှ ဆွဲထုတ်၍ ပုံးထဲသို့ ပစ်ထည့်နေသည်က ထိန်းချုပ်မှု အလွန်တိကျနေသည် ။

' လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို သူများတွေ ပြောနေကြတာ အဆင့် ၃ အစောပိုင်း ဒါမှမဟုတ် အဆင့် ၃ အလယ်ဆင့်လောက်ဆို.. ဒီလို တိကျတဲ့ ခွန်အားထိန်းချုပ်မှုက အဆင့် ၃ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. '

ဖန်ကျစ်ဝေက ခဏဆက်ကြည့်နေသော်လည်း လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်အဆင့်ကို မခန့်မှန်းနိုင်ချေ ။ သို့သော် ပြသနာမရှိ ။ သူ့တွင် အပေါင်းအသင်းများနှင့် ဆရာသမားများ ရှိပေသည် ။

သူက လင်းမို့ငါးမျှားနေသည်ကို ဗီဒီယိုရိုက်၍ အဖွဲ့ချက်ထဲသို့ ပို့လိုက်သည် ။ ဆရာများကိုပင် မန်းရှင်း ခေါ်လိုက်သေး၏ ။ တတိယနှစ်များ ဖြစ်သဖြင့် အဖွဲ့ချက် အတွင်းရှိသူများမှာ ချက်ချင်းသတိထားမိသွားသည် ။

" သူဘယ်သူလဲ.. ခွန်အားထိန်းချုပ်တာ တိကျလိုက်တာ.. "

" ငါးမျှားနည်းက မိုက်တယ်ဟ.. "

" ပုဇွန်လက်မက ချိတ်ကိုထိလိုက်တာနဲ့ ထူးဆန်းတဲ့ အားတစ်ခုက ဆွဲယူလိုက်သလိုပဲ.. "

ဖန်ကျစ်ဝေ၏ ဖုန်းက အလွန်ကောင်းသော်လည်း လင်းမို့က ကျောပေးထားသဖြင့် မျက်နှာမမြင်ရပေ ။ ထို့ကြောင့် မည်သူမှ လင်းမို့ကို မမှတ်မိကြ ။

" ဒါ ပထမနှစ်က လင်းမို့ ဆိုတာလေ.."

ဖန်ကျစ်ဝေက ဝင်ပြောလိုက်၏ ။

" သူက ငါ့အိမ်နားလာပြီး ငါးမျှားနေတာ.. သူ ငါးမျှားတဲ့ပုံက ထူးဆန်းနေလို့ တစ်ယောက်ယောက်များ သိမလားလို့ အဖွဲ့ချက်ထဲ ပို့လိုက်တာ.. "

အဖွဲ့ချက်ထဲ ရှိ ဆရာများ ထိတ်လန့်သွားကြသည် ။

" အင်း.. လင်းမို့က အလွန်ထူးခြားတဲ့ တိုက်ခိုက်ရေးစွမ်းရည် ကျင့်ကြံနည်းကို လေ့ကျင့်နေတာပဲ.."

ပါမောက္ခဆရာကြီး တစ်ဦးမှ ဝင်ပြောလိုက်သည် ။

" အလွန်ထူးခြားတဲ့ ကျင့်ကြံနည်းလား.."

အဖွဲ့ချက်တွင် ရှိသော သူများအားလုံး စိတ်ဝင်စားသွားကြသည် ။

" သေချာကြည့်.. "

ဆရာကြီးက ဆက်ရှင်းပြသည် ။

" သူ့ကို ကြည့်ရတာ ငါးမျှားနေတယ် ထင်ရပင်မဲ့ တကယ်က ရေကန်နဲ့ တစ်သားတည်း ဖြစ်နေတာ.. "

ကျောင်းသားများ ဗီဒီယိုကို ထပ်ခါထပ်ခါ ပြန်ကြည့်လိုက်သည် ။

ဖန်ကျစ်ဝေက လင်းမို့အား ပို၍ အာရုံစိုက်ကာ ကြည့်နေလိုက်သည် ။

ဆရာကြီးက..

" ဒါ လောကကြီးနဲ့ တစ်သားတည်းဆိုတဲ့ အခြေအနေနဲ့ အတူတူပဲ..ဒီအခြေအနေမှာ သဘာဝတရားကို ပိုပြီးခံစားနိုင်တယ် .. သဘာဝအတိုင်းစီးမြောပြီးတော့ တာအိုကို ထိတွေ့ ခံစားနိုင်ကြတယ်.. ဒီလို လေ့ကျင့်တာက ညဏ်အလင်းခန်း ထက်တောင် ပိုကောင်းသေးတယ်.. "

" ပြီးတော့ ကြည့်ရတာ လင်းမို့ကို နောက်ကွယ်ကနေ သင်ပေးနေတဲ့ ကျွမ်းကျင်သူ ရှိရမယ်.. ဒီလို ထူးခြားတဲ့ ကျင့်ကြံမှုမျိုးက သာမန်လူတွေ သိနိုင်တာ မဟုတ်ဘူး.. "

ဆရာကြီး၏ ရှင်းပြမှုကို ကျောင်းသားများက လုံးစေ့ပတ်စေ့ နားမလည်ကြသော်လည်း အလွန်ထူးခြားသည်ဟု ခံစားမိလိုက်ကြသည် ။

" လောကကြီးနဲ့ တစ်သားတည်းလား.. "

" ဒဏ္ဍာရီ ထဲက တာအိုအဆင့်ကို ထိတွေ့နေနိုင်ပြီလား.."

" ငါ သင်လိုက်ရပြီ.. "

" လင်းမို့မှာ နောက်ကွယ်က ညွှန်ကြားပေးနေတဲ့သူ ရှိတယ်ဆိုတော့.. သူ့ရဲ့ အရင်အားနည်းချက်က မရှိတော့ဘူးပေါ့.."

" လင်းမို့က တိတ်တိတ်လေး တိုးတက်နေတာပဲ.. "

" ခု ငါးမျှားနေတဲ့ သူ့ကိုကြည့်လိုက် .. သူလေ့ကျင့်နေတာလို့ ဘယ်သူထင်မှာလဲ.. "

" ကျန်းနန်တက္ကသိုလ်ရဲ့ ကြိုးစားခြင်းနတ်ဘုရား စာရင်းဝင်ဆိုတဲ့ အတိုင်းပဲ အချိန်ပြည့် လေ့ကျင့်နေလိုက်တာ.. "

" ဒီကောင့် အကြောင်းကို ကျောင်းမှာ လူသိအောင်လုပ်ရမယ်.. "

" ကြိုးစားတာတောင် တိတ်တိတ်လေး ကြိုးစားနေတဲ့ သူတွေက ရွံဖို့ ကောင်းလိုက်တာ.. "

" ငါတို့ အမြင်တွေက စူးရှနေတာ ကံကောင်းတာပဲ.. ဒီကောင် ငါတို့ကို အရူးလုပ်တော့မလို့.."

" ဒီကောင်က ပျင်းချင်ယောင်ဆောင်ပြီး တိတ်တိတ်လေး လေ့ကျင့်နေတဲ့ကောင်.. သူများတွေကို အတုယူမှားစေချင်နေတာ.. "

လင်းမို့က ပျင်းရိဟန်ဆောင်၍ တိတ်တဆိတ် လေ့ကျင့်နေသည်ဟု ကျောင်းဖိုရမ်များတွင် ပြန့်နှံ့ သွားသည် ။

ဖိုရမ်များတွင် လင်းမို့အား ဝိုင်းဆဲကြသူများဖြင့် ပြည့်သွား၏ ။

" အရှက်မရှိလိုက်တာ.. သူက တိတ်တိတ်လေး လေ့ကျင့်နေတာတဲ့.. "

" ကြိုးစားခြင်းနတ်ဘုရားလင်းက လူယုတ်မာပဲ.."

" ဟုတ်တယ်.. သူ ပွင်းပွင်းလင်းလင်း ကြိုးစားပြတော့ ဘာဖြစ်မှာမလို့လဲ.. ခုတော့ သူက ငါတို့ကိုပါ ပျင်းအောင်လုပ်ပြီး တစ်ယောက်ထဲ တောက်ပပြချင်နေတာ.. "

" သူ ကံမကောင်းတာပဲ.. ခု သူရွှေ့တဲ့ အကွက်ကို လူတိုင်းသိသွားကြပြီ.. "

" ဒီကောင်က ငါတို့ကို ပျင်းစေချင်နေတာ.. ငါတို့ ငြိမ်ခံနေလို့ မဖြစ်ဘူး.. "

" ဟုတ်တယ်.. ငါတို့ ပိုကြိုးစားပြရမယ်.. ကြာတယ်ကွာ.. ခုကစပြီး ပိုလေ့ကျင့်ပြီ.. "

" ဒီကောင့်ကို ဒေါသထွက်ပြီးသေအောင် ပိုကြိုးစားပြရမယ်.. "

" ကြိုးစားကြစို့ဟေ့.. "

ပုဇွန်မျှားနေသော လင်းမို့ အံ့သြသွားသည် ။

' ဘာတွေ ဖြစ်ကုန်တာလဲ..'

လင်းမို့သည် မြင့်တက်လာသော တက်ကြွအညွှန်းကိန်းများကို ဆွံ့အစွာ ကြည့်နေလိုက်သည် ။

၂၅၀၀..

၂၇၀၀..

၃၀၀၀..

နောက်ဆုံး ၃၅၀၀ ထိရောက်သွား၏ ။ သူ မည်သို့ တုန့်ပြန်ရမည်ကို မသိတော့ ။

'ကျောင်းသားတွေက သတင်းထူးတစ်ခုခုကို ကြားလိုက်ရလို့လား.. ဒါမှ မဟုတ် သူတို့ဖာသာ ပိုလေ့ကျင့်နေကြတာလား..'

' ကျောင်းမှာလည်း ဒီနေ့ ဘာမှ ထူးထူးခြားခြား မဖြစ်ပါဘူး.. သူတို့ဘာလို့လဲ..'

လင်းမို့သည် ပုဇွန်မျှားနေသဖြင့် ဖုန်းဖွင့်ကြည့်ရန်အချိန်မရှိ ။ ထို့ကြောင့် ပြန့်နှံ့ နေသော သူ၏ သတင်းကို မသိလိုက်ပေ ။ သူ ခိုးလေကျင့်နေသည်ဟု စွတ်စွဲကာ ဝိုင်းဆဲနေကြသည်ကို သိလျှင် ဆွံ့အသွားပေမည် ။

' ငါခိုးလေ့ကျင့်ရမှာလား..'

' ငါစားဖို့ ပုဇွန်လေး ဖမ်းနေတာပါဟ.. '

သို့သော်လည်း မည်သည့်အတွက်ကြောင့်ဖြစ်စေကာမူ တက်ကြွအညွှန်းကိန်းများ မြင့်တက်လာသဖြင့် သူပျော်သွား၏ ။

' ကြိုးစားနေတဲ့ ကျောင်းသားတွေကြား နေရတာ စိတ်ချမ်းသာစရာ ကောင်းလိုက်တာ.. '

All Chapters