← Chapters

မင်းရဲ့သတင်းက အဲ့မှာ ပျံ့နေတယ်

Vol. 10 Ch. 148

မင်းရဲ့သတင်းက အဲ့မှာ ပျံ့နေတယ်

Vol. 10 Ch. 148

~

" ဘာ.."

ဖုန်ကျစ်ဝေ ဆွံ့အသွားသည် ။ လင်းမို့က ထိုသို့ တောင်းဆိုလာမည်ဟု သူထင်မထားပေ ။

' ငါမင်းကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံနေတာကို အိမ်လာတောင်း နေတာလား.. '

" လင်းမို့.."

ဖန်ကျစ်ဝေက မျက်စိပျက် မျက်နှာပျက်ဖြင့်...

" မင်း ဟာသ လုပ်နေတာမလား.."

" တကယ်ပြောတာဟ.."

လင်းမို့က တက်ကြွအညွှန်းကိန်းရရှိရန်ဟု ပြော၍ မဖြစ်သဖြင့် ရေချိုကျောက်ပုဇွန်များကိုသာ ဆင်ခြေအဖြစ်သုံးလိုက်သည် ။

" မင်း အိမ်နေရာက မဆိုးဘူး လေကောင်းလေသန့်လည်းရတယ်.. အနားမှာ ရေကန်လေးလည်းရှိတယ်.. ရေကန်ထဲမှာ ပုဇွန်လည်း ပေါတယ်.. "

ဖန်ကျစ်ဝေ ဇောချွေးပြန်လာ၏ ။ သူ၏ အိမ်နေရာက ကောင်းမွန်သည်ကို သူမသိဘဲ နေမည်လော ။ ပုဇွန်များ စားကောင်းသည်ကို သူမသိဘဲ​နေမည်လော ။ လင်းမို့ တောင်းဆိုသည်က လွန်ကဲလွန်းလှသည် ။ သို့သော်လည်း သူငြင်းလိုက်လျှင် သူ့မျက်နှာသူ ဖြတ်ရိုက်မိသလိုဖြစ်သွားမည် ။ သူကိုယ်တိုင် တောင်းဆိုရန် ခွင့်ပြုထားမိလေသည် ။

သူ ခဏတုံ့ဆိုင်းသွားပြီး...

" လင်းမို့ ..ငါ ဒီအိမ်ကို မပေးချင်လို့တော့ မဟုတ်ဘူး.. မင်းက ခုမှ ပထမနှစ်ပဲ ရှိသေးတာလေ ..ငါ ပေးလိုက်ရင် သူများတွေ လာလုမှာပေါ့.."

ဖုန်ကျစ်ဝေ၏ အိမ်နေရာမှာ ကျန်းနန်တက္ကသိုလ်ရှိ အဆောင်များထဲတွင် အကောင်းဆုံးထဲမှ တစ်ခုဖြစ်ပေသည် ။ သူ၏ ခွန်အားကြောင့်သာ စတုတ္ထနှစ်များက လာမလုရဲကြခြင်းဖြစ်သည် ။

" လင်းမို့.."

ဖန်ကျစ်ဝေက...

" မင်းဒီမှာ နေရင်.. ဒုတိယနှစ်တွေနဲ့ တတိယနှစ်တွေက အဆောင်လာလုလိမ့်မယ်.. အဲ့အချိန်ကြရင် မင်းငါ့ကို အကူအညီလာတောင်းနေရမှာပေါ့.."

" အဲ့ကိစ္စကို စိတ်မပူပါနဲ့.. "

လင်းမို့က ယုံကြည်ချက်အပြည်ဖြင့် ပြောလိုက်သည် ။ သူ ဒုတိယနှစ်နှင့် တတိယနှစ်များကို မကြောက်ပေ ။ တတိယနှစ်၏ ထိပ်တန်းပါရမီရှင်များကိုတော့ တိုက်ခိုက်ကြည့်မှသာ မည်သူနိုင်မည်မှန်း သိနိုင်ပေလိမ့်မည် ။ လင်းမို့သည် သူ၏ အဆောင်ကို ကာကွယ်နိုင်မည်ဟု ယုံကြည်ပေသည် ။

" ဒါ..."

ဖုန်ကျစ်ဝေက ဒေါသအနည်းငယ်ထွက်သွားပြီး...

" မင်း မကာကွယ်နိုင်ရင် ငါနဲ့ ဘာလို့လဲနေမှာလဲ.. ပြီးတော့ တက္ကသိုလ်မှာ အဆောင်တွေကို လအစမှာပဲ စိန်ခေါ်ပြီး လဲခွင့်ပေးထားတာ.. အချင်းချင်း လဲပေးခွင့်မရှိဘူး.. "

ဖန်ကျစ်ဝေက ကျောင်းစည်းကမ်းနှင့် ဆင်ခြေပေးလိုက်သည် ။

" ဒီလို စည်းကမ်းရှိတယ်လား.. "

လင်းမို့ မသိ ။ အဆောင် လဲချင်တိုင်း လဲ၍ ရသည်ဟု သူထင်ထားလေသည် ။

" ဟုတ်တယ်.. မင်းအဆောင်လဲချင်ရင် ကျောင်းစီမံခန့်ခွဲမှုဌာနကို သွားပြီး လျောက်လွှာတင်ရအုံးမယ်.. ဒီအတိုင်း လဲရုံနဲ့မရဘူး.. "

ဖန်ကျစ်ဝေက...

" အဲ့တာကြောင့် ငါ လဲပေးချင်ပင်မဲ့ စည်းကမ်းချိုးဖောက်လို့မရဘူး.."

သူ ကျောင်းစည်းကမ်းကို အကာအကွယ် ယူလိုက်နိုင်၍ သက်ပြင်းချလိုက်မိ၏ ။ သူ၏ ဖြတ်ထိုးညဏ်ကောင်းပုံကို ဂုဏ်ယူမိသွားသည် ။

" ဒီလို ဆိုရင်ကော.."

လင်းမို့ အတွက် စဥ်းစားပေးဟန်ဖြင့်...

" မင်းရဲ့ ခွန်အားက ဒီအဆောင်ကို ကာကွယ်ဖို့ လုံလောက်ပြီလို့ ခံစားရရင် ကျောင်းရုံးကို သွားပြီး စိန်ခေါ်ဖို့ လျောက်လွှာတင်လိုက်.. အဲ့ကြရင် ငါ အရှုံးပေးလိုက်မယ်.. အရေးကြီးဆုံး က အဆောင်ကို ကာကွယ်နိုင်ဖို့ မင်းမှာ လုံလောက်တဲ့ ခွန်အား ရှိဖို့ ပဲ ဟုတ်တယ်မလား.."

ဤအဆောင်ကို ကာကွယ်နိုင်ရန် တတိယနှစ်မှ ဖြစ်နိုင်မည်ဟု သူထင်သည် ။ လင်းမို့ တတိယနှစ်သို့ ရောက်လျှင် သူ ဘွဲ့ရသွားလေပြီ ။

' ငါမင်းကို ပေးချင်ရင်တောင် မင်းရဲ့ ခွန်အားမလုံလောက်တာကိုပဲ အပြစ်တင်လိုက်.. '

ဖုန်ကျစ်ဝေက လင်းမို့ကို ကြည့်ရင်း စိတ်ထဲမှ လှောင်လိုက်သည် ။

" ပြီးတော့ စတုတ္ထနှစ်ကြ ငါ တခြား ပိုကောင်းတဲ့ အဆောင်ကို ပြောင်းတော့မှာ.. "

လင်းမို့သည် ဖုန်ကျစ်ဝေ၏ အတွေးကို ခန့်မှန်းမိသွား၏ ။ သူက အကိုမို့အား ခွန်အားမရှိဟု လှောင်ပြောင်နေပါသည်လော ။ နောက်လအစတွင် သိရပေမည် ။

" အဲ့တာဆို လအစတိုင်းမှာ အဆောင်လုဖို့ စိန်ခေါ်လို့ ရတာပေါ့.. "

လင်းမို့ မေး၏ ။

" ဟုတ်တယ်.."

ဖုန်ကျစ်ဝေက ပြုံးလိုက်ပြီး...

" မင်း ခွန်အားလုံလောက်မယ် ထင်တဲ့ အချိန်ကြ စိန်ခေါ်လိုက်ပေါ့.. ငါ အရှုံးပေးလိုက်မယ်.. "

" ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်.. "

လင်းမို့က...

" နောက်ရက်တွေ မင်းအားတဲ့ အခါကျ ပစ္စည်းတွေ သိမ်းထားလိုက်ပေါ့.. "

ဖုန်ကျစ်ဝေ ဆွံ့အ သွားပြီး...

" မင်း ဘာကို ဆိုလိုတာလဲ.. "

" နောက်လကြ စိန်ခေါ်ဖို့ လျောက်လွှာတင်လိုက်မယ်.. "

လင်းမို့က အမှန်အတိုင်းပြောလိုက်သည် ။

" နောက်လလား.."

ဖုန်ကျစ်ဝေက မျက်မှောင်ကြုပ်သွားပြီး...

" မင်း ငါပြောတာကို နားမလည်ဘူးလား.. နောက်လရောက်ဖို့က ဆယ်ရက်လောက်ပဲ လိုတော့တာ.. မင်းအချိန်တိုအတွင်း ဘယ်လောက် သန်မာနိုင်မှာ မလို့လဲ.. အဲ့လောက်ဆို လုံလောက်ပြီလို့ ထင်နေတာလား.."

" ဟုတ်တယ်.. "

လင်းမို့က ချက်ချင်း ပြန်ဖြေလိုက်သည် ။

" ဟုတ်သလား.."

ဖုန်ကျစ်ဝေ စိတ်ပျက်သွား၏ ။ သူ လင်းမို့အပေါ်ထင်ခဲ့သော အမြင်ကောင်းလေးများပင် ပျက်ပြယ်သွားသည် ။ လင်းမို့ဆိုသည် ငနဲက အသားလွတ် မာနကြီးနေပေသည် ။ ဆယ်ရက်အတွင်း မည်မျှအထိ သန်မာနိုင်မည်နည်း ။ တခြားသူများအား အထင်သေးလွန်းနေသည် ။ စာမေးပွဲတွင် အမှတ်ပြည့် သုံးခု ရခဲ့သည့်အတွက် အောက်ခြေလွတ်သွားပါသည်လော ။

ဖုန်ကျစ်ဝေက လင်းမို့အား ရန်လိုဟန်ဖြင့် ကြည့်၍ တွေးလိုက်သည် ။

' နောက်လ မင်းငါ့ကို စိန်ခေါ်ရဲလို့ကတော့ ချီးထွက်​​အောင် ရိုက်ပစ်မယ်.. '

လင်းမို့ဆိုသည့် ငနဲ၏ မာနကို ရိုက်ချိုးရန် သူဆုံးဖြတ်လိုက်သည် ။

" အဲ့တာဆို သဘောတူလိုက်ပြီနော်.. နောက်လအစကြ ငါ စိန်ခေါ်လိုက်မယ်.. "

လင်းမို့က ပြောပြီးသည်နှင့် တဘက်လူ၏ အမူအရာကို လျစ်လျူရှု၍ ပြန်ထွက်လာခဲ့သည် ။ လမ်းသို့ ရောက်သည်နှင့် တွေးလိုက်မိ၏ ။

' ငါ့ တိုးတက်နှုန်းနဲ့ဆို လကုန်ထိတောင် စောင့်စရာမလိုဘူး အချိန်တွေ နှမြောစရာကောင်းလိုက်တာ.. '

ကျန်းနန် တက္ကသိုလ်၏ တက်ကြွအညွှန်းကိန်းက ဘက်ပေါင်းစုံမှ ထောက်ပံ့ပေးထားသည်ဖြစ်ရာ နောက်လတွင် သူမည်မျှအထိ သန်မာလာနိုင်မှန်း သူကိုယ်တိုင်ပင် မသိချေ ။

' ငါဒီမှာ တစ်နှစ် နှစ်နှစ် လောက် ပျင်းနေတာနဲ့ သိုင်းမဟာသခင် အဆင့်ထိ ရောက်​နိုင်မလား..'

သိုင်းမဟာသခင်အဆင့်သို့ ရောက်လျှင် လူတိုင်း၏ လေးစားမှုကို ခံရပေမည် ။

လင်းမို့ အဆောင်သို့ ပြန်ရောက်၍ တံခါးဖွင့်ဝင်ရန် ပြင်လိုက်စဥ်...

" အကိုမို့.. အကိုမို့.."

ဟောက်ရန် ပြေးလာ၏ ။

လင်းမို့ အနည်းငယ် အံ့သြသွားသည် ။

" မင်း အဲ့ကို သွားနေတာမှတ်လား ..ဘာလို့ ပြန်လာတာလည်း.. "

" တမင် ပြန်လာတာ.. "

ဟောက်ရန်က...

" ကျောင်းဖိုရမ်မှာ နာမည်ကြီးနေတဲ့ မင်းရဲ့ ပိုစ့် တွေကို ငါတွေ့တယ်.. ငါ နောင်တရသွားပြီ.. ငါ နောက်ထပ် ဓားကြီး သွားမကစားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ.. "

" ဖိုရမ်မှာ ငါ့အကြောင်းတွေလား.."

လင်းမို့ ရှုပ်ထွေးသွား၏ ။ သူ ဖုန်ကျစ်ဝေနှင့် စကားပြောလာသော်လည်း ဖုန်ကျစ်ဝေက ဖိုရမ်အကြောင်း တစ်ခွန်းမှ မပြောပေ ။

" ဟန်ဆောင်နေတာ ရပ်လိုက်တော့.. "

ဟောက်ရန်က...

" အကိုမို့ ငါးမျှား ချင်ယောင်ဆောင်ပြီး ခိုးလေ့ကျင့်နေတဲ့ အကြောင်းက ပါမောက္ခတွေ ထောက်ပြလို့ ကျောင်းတစ်ခုလုံး သိပြီးသွားပြီ .. အကိုမို့ကို ဝိုင်းဆဲနေကြတယ်.. "

" သောက်ခွေး..."

လင်းမို့ ဆွံအသွားသည် ။ သူ ပုဇွန် စားချင်၍ ဖမ်းနေသည်က မည်သို့ ခိုးလေ့ကျင့်နေသည် ဖြစ်သွားပါသနည်း ။

တက်ကြွအညွှန်းကိန်းများ မြင့်တက်လာရခြင်း အကြောင်းကို သူနားလည်သွား၏ ။ ထိုသို့ဆိုလျှင် ဆဲချင်သ​လောက် ဆဲကြပါစေ သူခံနိုင်သည် ။ ခိုးလေ့ကျင့်​နေသည်ဟု အထင်လွဲပြီး ပို၍ ကြိုးစားကြမည် ဆိုလျှင် သူညတိုင်း ငါးမျှားပြရပေမည် ။ တက္ကသိုလ်ကျောင်းသားများက အထက်တန်းကျောင်းသားများထက်ပင် လှုံ့ဆော်ရ လွယ်နေသေးသည် ။

" အကိုမို့ တခြားကိစ္စရှိသေးတယ် .."

" သတင်းကောင်းလား.."

လင်းမို့အမြင်တွင် ဟောက်ရန်က သတင်းဆိုး အရင်ပြောသည်ဖြစ်၍ ယခု သတင်းကောင်းဖြစ်မည်ဟု ထင်လိုက်သည် ။

" အကိုမို့ ဘယ်လိုသိလဲ.. "

ဟောက်ရန် အံ့အောသွားပြီး...

" သတင်းကောင်းလို့ ပြောလို့ရပါတယ်.. အကိုမို့ နာမည်က ဓားကြီးလောကမှာ နာမည်ကြီးနေပြီ.. "

" ဘာ.. "

လင်းမို့ ဆွံ့အသွားသည် ။

" ငါ ကျန်းနန်မှာ ရှိတဲ့ ကလပ်တွေ အကုန်စုံစမ်းပြီးသွားပြီ.. "

ဟောက်ရန်က...

" ဘယ်ကလပ်ပဲ ဖြစ်ဖြစ် အကိုမို့ မှတ်ပုံတင်ပြလိုက်တာနဲ့ ကုန်းဆင်းလို့ရပြီ ... "

လင်းမို့ မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ ။

" ငါက အဲ့လိုကောင်လား.."

" အကိုမို့က အဲ့လိုကောင်မဟုတ်ပင်မဲ့ ..ဒီက အကိုမို့ ညီလေးက အဲ့လိုကောင်လေ.. "

ဟောက်ရန်၏ မျက်လုံးများက ​တောက်ပလာပြီး...

" အကိုမို့ ကို အတင်းမခေါ်ပါဘူး.. အကိုမို့ရဲ့ ကျောင်းသားကတ်ကိုပဲ ငှားပေးလိုက် အဲ့တာဆိုငါ ကုန်းဆင်းလို့ရပြီ.. "

ဟောက်ရန်တစ်ယောက် သူ့ကိုယ်သူ ညဏ်ကြီးရှင်ဟု ခံစားလိုက်မိ၏ ။ ဤကိစ္စသာ အလုပ်ဖြစ်လျှင် သူ ကျန်းနန်ရှိ ကလပ်များအားလုံးကို လည်ပတ်နိုင်လေပြီ ။

" ချီး ကိုငှား..."

လင်းမို့က ဟောက်ရန်၏ ခေါင်းကို ရိုက်လိုက်ပြီး...

" မင်းပြောတော့ မသွားတော့ဘူးဆို.. "

" ငါမသွားတော့ဘူးလို့.. ငါထင်တယ်.. "

ဟောက်ရန်က တုံ့ဆိုင်းသွားသည် ။

လင်းမို့က ဟောက်ရန်အား မယုံ ။

' ငါ့ ကျောင်းသားကတ် ဖွက်ထားရမယ်.. ဒီဖက်တီး ရသွားရင် ငါ့နာမည်တော့ ရေစုန်မျောတော့မယ်.. "

All Chapters