← Chapters

ခွန်အား ခုန်ပျံတက်လာခြင်း ~

Vol. 10 Ch. 149

ခွန်အား ခုန်ပျံတက်လာခြင်း ~

Vol. 10 Ch. 149

ကျန်းနန်တက္ကသိုလ်...

ကျောင်းစဖွင့်သည့် ရက်အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်ပြီးနောက် ငြိမ်သက်သွားကြလေပြီ ။

သို့သော်လည်း ငြိမ်သက်ခြင်း၏ နောက်ကွယ်တွင် ယမ်းနံ့များ ဖုံးလွှမ်းနေ၏ ။

ကျောင်းဖိုရမ်တွင် နေ့တိုင်း လင်းမို့အကြောင်းကို တစ်တယောက်မဟုတ်တစ်ယောက် ပိုစ့်တင်နေကြသည် ။

" လင်းမို့က ငါးမျှားချင်ယောင် ဆောင်နေပြန်ပြီ.. "

" လင်းမို့ကညတိုင်းလေ့ကျင့်နေတာ မအိပ်ဘူးလား.."

" အဲ့ကောင် ခုမှ တက္ကသိုလ်စတက်နေတာကို ကြိုးစားနေလိုက်တာ.."

" ဟင်း.. ငါ့ထက် ပါရမီ ပိုရှိတဲ့သူတောင် ပိုကြိုးစားနေတယ်.. "

" ကြိုးစားခြင်းနတ်ဘုရားလင်းမို့.. "

လင်းမို့ ကြိုးစားနေသည်ကို မြင်ရသဖြင့် ကျန်းနန်တက္ကသိုလ်ရှိ ကျောင်းသားများအားလုံး ဖိအား ခံစားနေရသည် ။

လင်းမို့က ကြိုးစားပြနေသဖြင့် ကျောင်းသားသစ်များ ငြိမ်မနေနိုင်ကြတော့ ။

ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသားများက ဖိအားပိုခံနေရသည် ။ သူတို့၏ ဂျူနီယာများက သူတို့ကို ကျော်တက်သွားမည်ကို မည်သို့ ခံနိုင်ပါမည်နည်း ။ ထို့ကြောင့် သူတို့လည်း ရေကုန်ရေခမ်း ကြိုးစားကြရတော့သည် ။

စတုတ္ထနှစ်များသာ အေးအေးထိုင်ကြည့်နိုင်ကြ၏ ။ သူတို့က ဘွဲ့ရတော့မည်ဖြစ်ရာ ပထမနှစ်များက သူတို့ကိုလိုက်မီရန် မဖြစ်နိုင်ပေ ။

လင်းမို့လည်း သူ့အား ဆဲရေးသော ပိုစ့်များကို မြင်နေရ၏ ။

' ငါက ကြိုးစားနေတာလား..'

' ငါ ကကြိုးစားခြင်းနတ်ဘုရားလား..'

သူ ခေါင်းယမ်းလိုက်မိ၏ ။ သူ့အား နားလည်မှု လွဲနေခြင်းကို သူကျေနပ်မိသည် ။ တက်ကြွအညွှန်းကိန်း ရနေပါက အကိုမို့ သည်းခံနိုင်ပေသည် ။

' ကြိုက်သလို ပြောချင်ရာ ပြောကြ ငါ့ကို ဖေဖေကြီးလင်းလို့ ခေါ်ရင်တောင် စိတ်မဆိုးဘူး.. '

သူနေ့စဥ် တက်ကြွအညွှန်းကိန်း ၂၀၀၀ ကျော်ရနေ​သဖြင့် ကျေနပ်နေ၏ ။ သူ၏ ခွန်အားက ဘက်ပေါင်းစုံတွင် ခုန်ပျံတက်နေပေသည် ။

လင်းမို့သည် ကျောင်းစဖွင့်ပြီး သုံးရက်မြောက်နေ့တွင် အဆင့် ၃ စိတ်စွမ်းအားရှင်ဖြစ်လာခဲ့သည် ။ လေးရက်မြောက်နေ့တွင် လက်သီးပြင်းအား ကီလို ၈၀၀၀ ကျော်သွားခဲ့၏ ။ ငါးရက်မြောက်နေ့တွင် လက်သီး ပြင်းအား ကီလို ၁၀၀၀၀ ကျော်သွား၏ ။ လက်သီးပြင်းအားက ၁၀ တန် ထိရော​က်သွားလေသည် ။ စိတ်ထိန်းချုပ်သူ အဆင့်ကလည်း အဆင့်၄ အလယ်ဆင့်သို့ ရောက်သွားသည် ။ ခြောက်ရက်မြောက်နေ့တွင် လက်သီးပြင်းအား ၁၁ တန် ဖြစ်သွားပြီး အဆင့် ၄ စိတ်စွမ်းအားရှင် ဖြစ်လာခဲ့သည် ။ အဆင့် ၄ စိတ်စွမ်းအားရှင် အစောပိုင်းအဆင့်မှာ ပြင်းအား ၁၀၀၀ ကီလိုခန့်သာ ရှိသော်လည်း လက်နက်ပုန်းကို ထိန်းချုပ်နိုင်သဖြင့် လျော့တွက်၍ ရမည်မဟုတ် ။

လင်းမို့သည် သူ၏ တစ်ပတ်အတွင်း တိုးတက်လာမှုကို ကျေနပ်နေ၏ ။ ကျန်းနန်တက္ကသိုလ်တွင် တစ်ပတ်နေခြင်းက ဟိုင်းချန်အထက်တန်းကျောင်းတွင် နှစ်ဝက်လောက် နေခြင်းနှင့် တူညီသည် ။

' တစ်ပတ်ကျော်လာတာတောင် ငါ့တိုက်ခိုက်ရေးစွမ်းရည်က အဆင့်၅ အလယ်ဆင့်ပဲ ရှိသေးတယ်.. နောက်ပိုင်းအဆင့်ကို ခုထိ မရောက်နိုင်သေးဘူး..'

လင်းမို့တွေးသည် ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့် ၅ နောက်ပိုင်းသို့ မရောက်သေးသော်လည်း နီးကပ်နေလေပြီ ။ ရက်အနည်းငယ်ကြာလျှင် နောက်ပိုင်းအဆင့်သို့ ရောက်သွားပေတော့မည် ။ ထို့ကြောင့် သူမလော ။

' မနက်ဖြန်ဆို လမ်းညွှန်တိုက်ပွဲ စ​တော့မယ် ..'

' လမ်းညွှန်တိုက်ပွဲမစခင် ငါ ကြယ်ငါးပွင့် အဆင့် ရောက်လောက်တယ်.. '

လက်သီးပြင်းအား ကီလို ၁၂၀၀၀ ပြည့်လျှင် ကြယ်ငါးပွင့် အဆင့်သို့ ရောက်သွားမည်ပင် ။ မနက်ဖြန်သူ၏ ပြိုင်ဘက်ဖြစ်သူ ချီဖုန့်ပို၏ လက်သီး​ပြင်းအားက ၃၅၅၀ ကီလိုသာ ရှိသည် ။ တနည်းအားဖြင့် သူ၏ လက်သီးပြင်းအားက ချီဖုန့်ပိုထက် လေးဆလောက်ရှိသည် ။

တိုက်ခိုက်ရေးစွမ်းရည်ကို ဖယ်ထားလိုက်လျှင်ပင် ကလေးနှင့် လူကြီး တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေပေမည် ။ သို့သော်လည်း သူမာန မကြီးရဲ ။ သိုင်းပညာရှင် အဆင့်က အမြင့်သို့ ရောက်လာလေ ပို၍ ကွာခြားလာလေဖြစ်သည် ။

ကြယ်ငါးပွင့်တွင် လက်သီးပြင်းအား ၁၂ တန်သာရှိသော်လည်း ကြယ်ခြောက်ပွင့်တွင် တန် ၂၀ ဖြစ်သွားသည် ။ ကြယ်ခုနှစ်ပွင့်တွင် တန်၃၀ ဖြစ်ပြီး ကြယ်ရှစ်ပွင့်ရောက်လျှင် တန်၅၀ ဖြစ်သည် ။ ကြယ်ကိုးပွင့်တွင် တန် ၈၀ ထိရောက်ရှိသွားလေသည် ။

ထို့ကြောင့် သူ စတုတ္ထနှစ်များအား စိန်သွားခေါ်လျှင် နိုင်မည်မဟုတ်ချေ ။ ကျန်းနန်တက္ကသိုလ်ရှိ စတုတ္ထနှစ်များက အနည်းဆုံး ကြယ်ခုနှစ်ပွင့် သိုင်းပညာရှင်များ ဖြစ်ကြသည် ။

' ငါ စတုတ္ထနှစ်တွေကိုတောင် နိုင်သေးတာမဟုတ်ဘူး.. မာစတာတန်းနဲ့ ပါရဂူတန်းက ကျောင်းသားတွေဆို ပိုဝေး..'

လင်းမို့သည် သူ၏ အနာဂတ်ခရီးက အရှည်ကြီး ကျန်သေးသည်ကို မြင်လိုက်ရ၏ ။ သူပျင်းရိရာတွင် ပိုမို အားစိုက်ထုတ် မှရပေမည် ။

' ငါ မလောတာပဲကောင်းတယ်.. '

လင်းမို့ တည်ငြိမ်စွာ တွေးသည် ။

' မနက်ဖြန် ကျရင် ကလေးတစ်အုပ်ကို မှတ်လောက်အောင် ရိုက်ပစ်အုံးမယ် ..'

" အကိုမို့.. အကိုမို့... "

ဟောက်ရန်က အော်ရင်းပြေးလာ၏ ။ ဟောက်ရန်က ဓားကြီး သွားမကစားတော့ဟု ကတိပေးသည့် ညတွင်ပင် ကလပ်သို့ ပြန်ရောက်သွားသည် ။

သို့သော်လည်း ဓားကြီးကစားသလို ကျောင်းတွင် နေ့တိုင်း ကြိုးစားနေ၏ ။ ဟောက်ရန်တိုးတက်လာသဖြင့် ဆရာဝေ့ကပင် ချီးကျူးနေသည် ။ ထိုသို့ အားထုတ်နေရသဖြင့် ဟောက်ရန်သည် သူ့အား လာမတွေ့သည်မှာ ကြာလှပြီဖြစ်သည် ။ ယနေ့မည်သည့် ကိစ္စကြောင့် ခွေးလိုက်ကိုက်ခံရသလို အော်၍ ပြေးလာနေပါသနည်း ။

" အကိုမို့.. သတင်းဆိုး...."

ဟောက်ရန်က အလောတကြီး ပြေးလာပြီး...

" ဟိုမှာ ငါတို့ ပထမနှစ်တွေကို ဒုတိယနှစ်တွေက လာအနိုင်ကျင့်နေတယ်.. "

" တကယ်လား.. "

လင်းမို့၏ မျက်နှာ မည်းမှောင်သွား၏ ။ ခွေးကို မရိုက်ခင် ပိုင်ရှင်ကို ကြည့်သင့်ပေသည် ။ ယခု အနိုင်ကျင့် ခံနေရသည်က ခွေးမဟုတ်သည့်အပြင် သူ၏ အတန်းဖော်များဖြစ်သည် ။ အကိုမို့ ငြိမ်ခံနေမည်မဟုတ် ။

" ဘာလို့ ငါ့ကို ဖုန်းမဆက်တာလဲ.. "

လင်းမို့ သူ၏ ဖုန်းကို ကြည့်လိုက်ရာ စက်ပိတ်၍ အားသွင်းထားမှန်း သတိရသွားသည် ။

" လာလာ သွားမယ်.. မြန်မြန် လမ်းပြ.. '

လင်းမို့က ဒေါသထွက်စွာဖြင့်...

" ဘယ်သောက်ခွေးတွေက ငါ့အတန်းဖော်တွေကို လာအနိုင်ကျင့်နေတာလဲ ..'

လင်းမို့ လက်သီးပြင်းအား ကီလို ၁၁၀၀၀ ကျော်လာကတည်းက လက်ယားနေသည် ။

All Chapters