← Chapters

ရိတ်သိမ်းခြင်း

Vol. 10 Ch. 150

ရိတ်သိမ်းခြင်း

Vol. 10 Ch. 150

~

ကျန်းနန် တက္ကသိုလ်၏ ပရိဝုဏ် က ကြီးမားလွန်းသဖြင့် လင်းမို့နှင့် ဟောက်ရန်တို့ အားကုန် ပြေးလာခဲ့ကြသည် ။

" ဘယ်ကစဖြစ်တာလဲ.. "

လင်းမို့က မေး၏ ။

" ဒုတိယနှစ်ခွေးတွေက တမင် အနိုင်ကျင့်တာ.. "

ဟောက်ရန်က မကျေမနပ် ဖြင့်...

" ဒီနေ့အတန်းမရှိလို့ ကိုယ့်ဖာသာ လေ့ကျင့်မယ် ဆိုပြီး လေ့ကျင့်ကွင်းကို သွားတာ ဒုတိယနှစ်ခွေးတွေက အခန်းလာလုလို့ ဖြစ်ကြတာ.. "

" အခန်းလာလုတာလား.."

လင်းမို့ အကြမ်းဖြင်း ခန့်မှန်းမိသွားပြီး...

" တခြား လွတ်နေတဲ့ အခန်းမရှိဘူးလား.."

" အများကြီး ရှိတယ်လေ.. "

ဟောက်ရန်က ဒေါသထွက်စွာဖြင့်...

" သူတို့က တမင်သက်သက် ငါတို့ကို ပစ်မှတ်ထားတာ.."

" တမင်ရန်စတာပေါ့.. "

လင်းမို့က တည်ငြိမ်စွာ ပြောလိုက်သည် ။

" ဟုတ်တယ်.. တမင်ရန်စတာ.. "

ဟောက်ရန်က အံကြိတ်လိုက်ပြီး...

" ဟိုကောင်တွေက ဒုတိယနှစ် သာမန်အတန်းက ကျောင်းသားတွေဆိုတော့ ငါတို့လည်း ဘယ်သည်းခံနိုင်မလဲ.. အဲ့တာနဲ့ စကားများကြပြီးတော့ နောက်ဆုံး အလောင်းအစား တိုက်ပွဲ ထိရောက်သွားတာ.. ကျောင်းမှာက ဒီအတိုင်း ရန်ဖြစ်လို့မရဘူးလေ...တိုက်ခိုက်ချင်ရင်တိုက်ပွဲကွင်းထဲ သွားရတာ.. "

" လောင်းကြေးနဲ့ တိုက်ကြတာလား..."

လင်းမို့ သဘောပေါက်သွားသည် ။

" သူတို့က တမင် ဂွင်ဆင်တာပေါ့.. "

" မြေဆွဲအားခန်း အချိန်ကတ်လောင်းကြေးနဲ့ တိုက်ကြတာ.. "

ဟောက်ရန်က ...

" ယဲ့ရီက ငါတို့အတန်းကို ကိုယ်စားပြုပြီး ထွက်တိုက်တာ တော်တော်ဆိုးဆိုး အရိုက်ခံလိုက်ရတယ်.. မင်းကို ရှာဖို့ လာတုန်းက သုံးပွဲလောက် ပြီးသွားပြီ.. ခုချိန်ဆို ဆယ်ပွဲလောက်များ ရှုံးနေပြီလားမသိဘူး.. "

" တစ်ပွဲဘယ်နှကတ်လဲ.. "

လင်းမို့က မေး၏ ။

" ငါးကတ်.. "

ဟောက်ရန်က ပြန်ဖြေလိုက်သည် ။

" အဲ့တာဆို ငါးနာရီစာပေါ့.. "

လင်းမို့က ခေါင်းညိတ်လိုက်ပြီး...

" အဲ့ကောင်တွေက တမင် အခန်းကတ် လာရှာတာပဲ .."

" သေချာတာပေါ့.. "

ဟောက်ရန်က...

" ငါတို့ ဘာလုပ်ကြမှာလဲ.. "

" ဘာလုပ်ရမှာလဲဟ.. "

လင်းမို့က တစ်ချက်ကြည့်လိုက်ပြီး...

" ငါ အချိန်ကတ်တွေ ဘယ်ကရှာရမလဲ စဥ်းစားနေတာ အချိန်ကိုက်ပဲ... "

" အကိုမို့ ဘာလို့ ဒီလောက် ယုံကြည်မှုရှိနေတာလဲ.. "

ဟောက်ရန်က...

" ဟိုခွေးတွေက သာမန် ဒုတိယနှစ်တွေ ဆိုပင်မဲ့ ယဲ့ရီ​တောင် ပြန်ချနိုင်တာ မဟုတ်ဘူး .."

" မင်းငါ့ကို ယဲ့ရီနဲ့ လာနှိုင်းမနေနဲ့.. "

လင်းမို့က နှာခေါင်းရှုံ့လိုက်ပြီး...

" မင်းမှာ အချိန်ကတ် ရှိသေးတယ်မလား..."

" ရှိတယ်လေ.."

ဟောက်ရန်က ခေါင်းညိတ်၏ ။

" ပြီးရင် ငါ့ဘက်ကလောင်း.. "

လင်းမို့က...

" အကိုမို့က မင်းကို ချမ်းသာအောင် လုပ်ပေးမယ်.."

" အေးအေး.."

ဟောက်ရန်က လင်းမို့၏ စကားကို ချွင်းချက်မရှိ ယုံကြည်ပေသည် ။

သူတို့ စကားပြောရင်း ပြေးလာကြသည်မှာ လေ့ကျင့်ကွင်းသို့ ရောက်လာကြသည် ။

" ဟို တိုက်ပွဲကွင်း ၁၇ မှာ.. "

ဟောက်ရန်က ညွှန်ပြလိုက်သည် ။

" သွားမယ်.. "

သူတို့ ရောက်သွားချိန်တွင် တိုက်ပွဲက ယာယီ ရပ်နားထားသည် ။

ယဲ့ရီက ဆိုးဆိုးဝါးဝါး အရိုက်ခံထားရပြီး ဘယ်လက်ပင် ကျိုးနေသည် ။ သို့သော်လည်း သူက ကုသခန်းသို့ မသွား ။ ခေါင်းမာစွာ တိုက်ပွဲကွင်း၏ ဘေးမှ ရပ်ကြည့်နေသည် ။ သူ ရှုံးနိမ့်ခဲ့သည်ကို ကျေနပ်ပုံမရ ။

" မင်းတို့အရှုံးပေးပြီလား.."

ဒုတိယနှစ်များကို ဦးဆောင်လာသော ဆံပင်နီကြောင်ကြောင်နှင့် ကျောင်းသားက အော်လိုက်ပြီး...

" မင်းတို့ အရှုံးပေးပြီဆိုရင် အားလုံး အတူတူ အရှုံးပေးပါပြီဗျ လို့ ပြိုင်တူအော်ပြီး လစ်ကြတော့... မကျေနပ်သေးရင်တော့ ကွင်းထဲဝင်ခဲ့ပေါ့ကွာ.."

ကျန်ဒုတိယနှစ်များက ဝင်လှောင်လိုက်သည် ။

" လက်ရွေးစင်အတန်းက ဒါပဲလားဟ.."

" မင်းတို့ အတန်းကို အမှိုက်တန်းလို့သာ နာမည်ပြောင်းလိုက်​တော့..."

" ကြည့်ကြည့် ယဲ့ရီဆိုတဲ့ကောင် လက်ကျိုးသွားတာနဲ့ တစ်ကောင်မှ တက်မလာရဲတော့ဘူး.. "

" သူတို့အတန်းမှာ လင်းမို့ဆိုတဲ့ကောင် ရှိသေးတယ်မလား.. ဘယ်သွားပုန်းနေတာလဲ.. "

ထိုစကား ဆုံးသည်နှင့်...

" ငါ့ကို ရှာနေတာလား.."

လင်းမို့၏ အသံက တံခါးဝမှ ထွက်ပေါ်လာသည် ။ လင်းမို့နှင့် ဟောက်ရန်တို့ တိုက်ပွဲကွင်း ၁၇ တည်ရှိရာ ခန်းမသို့ ရောက်လာကြလေပြီ ။

" လင်းမို့လာပြီဟ.."

လက်ရွေးစင်တန်းမှ ကျောင်းသား ၂၀ ကျော်က လင်းမို့အား ဝိုင်းကြည့်နေကြသည် ။ အရင်က လင်းမို့အား မျှော်နေကြသော်လည်း ယဲ့ရီ ဆက်တိုက် ရှုံးနိမ့်ပြီးနောက် လင်းမို့အပေါ် ယုံကြည်မှု မရှိကြတော့ ။

လင်းမို့က ယဲ့ရီထက် သန်မာသော်လည်း သိပ်ကွာခြားမည် မဟုတ်ချေ ။ ထို့ကြောင့် လင်းမို့ စင်ပေါ်တက်သွားပါက အရိုက်ခံရမည်မှာ သေချာသည် ။ ဤသည်ကို တွေးပြီး လက်ရွေးစင်အတန်းမှ ကျောင်းသားများ ခေါင်းခါလိုက်ကြသည် ။

" လင်းမို့ မလာသင့်ဘူး.. "

" ဟုတ်တယ်.. ဟိုကောင်တွေက လှောင်ပြီးရင် ထွက်သွားတော့မှာကို ခု လင်းမို့ ရောက်လာ​တော့ ထွက်သွားအုံးမှာ မဟုတ်ဘူး.. "

" ဟုတ်တယ် လင်းမို့ ခု ရှောင်နိုင်မှာ မဟုတ်တော့ဘူး.. "

ယန်ယီမိုက လင်းမို့ အနားသို့သွား၍ တိုးတိုးလေး သတိပေးလိုက်သည် ။

" လင်းမို့ စိတ်လျော့ထား.. သူတို့နဲ့ မလောင်းနဲ့.. "

' မလောင်းရဘူးလား..'

လင်းမို့ ရယ်မိလိုက်၏ ။ ယခု သူ၏ ကံကောင်းခြင်းများ ရောက်ရှိလာသည်ဖြစ်ရာ လောင်းမှ ချမ်းသာနိုင်မည် ။ များများ လောင်းရပေမည် ။

" ငါလုပ်နေတာကို ငါသိပါတယ်.. "

လင်းမို့က တိုးတိုးလေး ပြန်ပြောလိုက်သည် ။

ယီမို စိတ်သက်သာ သွား၏ ။ သူမ လင်းမို့ ဒေါသမထိန်းနိုင်ဘဲ စင်ပေါ်တက်သွားမည်ကို စိုးရိမ်နေခဲ့သည် ။ အချိန်ကတ်များက အရေးကြီးလှ၏ ။

သူမတို့ လက်ရွေးစင်အတန်းပင် တစ်ပတ်လျှင် တစ်နာရီ ငါးကတ်သာ ရရှိသည် ။ အချိန်ကတ် မရှိပါက တိုးတက်နှုန်း လျော့ကျသွားမည်ဖြစ်သည် ။

သို့သော်လည်း လင်းမို့၏ အတွေးများက ယီမိုနှင့် ဆန့်ကျင်ဘက် ဖြစ်နေ၏ ။ မြေဆွဲအားအခန်းရှိ တည်ငြိမ်အညွှန်းကိန်းမှာ ပြင်ပထက် ငါးဆအထိ တိုးမြှင့်နိုင်သည် ။ သူ ယခု အခွင့်အရေးကို မည်သို့ လက်လွှတ်ခံနိုင်ပါမည်နည်း ။ သူ အချိန်ကတ် ရရှိရန် နည်းလမ်းရှာနေခြင်းဖြစ်သည် ။ အချိန်ကတ်များကို လောင်းကြေးတင်၍ တိုက်ခိုက်နိုင်မည်ဟု သူမမျှော်လင့်ခဲ့ ။ ယခု အချိန်ကတ်များ စုဆောင်းရန် အချိန်ရောက်ခဲ့လေပြီ ။

' ငါ မြေဆွဲအားအခန်းမှာ နေ့တိုင်း အိပ်လို့ရမလားဆိုတာ မင်းတို့အပေါ်မူတည်နေပြီ.. '

လင်းမို့ တွေးသည် ။ သူ၏ မျက်လုံးထဲတွင် ဒုတိယနှစ်မှ အနိုင်ကျင့်သူများမှာ ချစ်စရာကောင်းလာ၏ ။ စေတနာဘလပွဖြင့် အချိန်ကတ် လာပေးကြသူများပင် ။

" ဟောက်ရန်.. "

လင်းမို့က ခေါ်လိုက်ပြီး...

" သွားသွား.. အဲ့ကောင်တွေကို ရန်သွားစ.. "

ကြမ်းကြမ်းတန်းတန်း ဆဲဆိုပါမ ဒေါသပိုထွက်လာပြီး အချိန်ကတ် ပိုရမည်ဖြစ်သည် ။ သူ ထိုတာဝန်ကို ဟောက်ရန်အား လွဲပေးလိုက်သည် ။ သူလုပ်ရန်မလိုအပ် ။

" အေးပါ.."

ဟောက်ရန်က စဥ်းပင် မစဥ်းစားလိုက် ။ အကျိုးဆက်များကို သူမကြောက် ။ အကိုမို့ ခိုင်းသည်မို့ သူလုပ်ရမည် ။ နောက်ဆက်တွဲကို အကိုမို့ ဖြေရှင်းပေလိမ့်မည် ။

ဟောက်ရန် ကွင်းထဲသို့ ခုန်တက်ခါ အစွမ်းပြရန် အချိန်ရောက်လေပြီ ။

All Chapters