← Chapters

အခန်းလဲရအောင်

Vol. 10 Ch. 146

အခန်းလဲရအောင်

Vol. 10 Ch. 146

~

ဆရာအိပ်ဆောင်...

ဆရာဝေ့က အလုပ်များပြီးစီး သည်နှင့် ကျောင်းဖိုရမ်သို့ဝင်ကာ လျောက်ကြည့်နေ၏ ။ ဤသည်က သူ၏ နေ့စဥ်အလေ့အထ တစ်ခုပင် ။ ကျောင်းသားများအား နားလည်နိုင်ပါမှ စာသင်ရာတွင် ပို၍ ထိရောက်နိုင်သည် ။

သတင်းတစ်ခုအား သူတွေ့လိုက်ရသည် ။

' လင်းမို့လား..'

လင်းမို့၏ သတင်းက ဟော့ဖြစ်နေမည်ဟု သူထင်မထားမိ ။ လင်းမို့၏ ပုံရိပ်က လွှမ်းမိုးနိုင်စွမ်း ကောင်းလှသည် ။ ကျောင်းသို့ ရောက်လာသည်မှာ သုံးရက်သာ ရှိသေးသော်လည်း သတင်းဦးတွင် နေရာယူထားသည် ။

သူ ထိုပို့စ်အား ဝင်ကြည့်လိုက်ရာ ဝိုင်းဆဲထားကြသည်ကို တွေ့လိုက်ရသည် ။

" ခိုးလေ့ကျင့်နေတဲ့ အရှက်မရှိတဲ့ကောင်.."

" ငါမြင်ဖူးသမျှ ကြိုးစားခြင်းနတ်ဘုရားတွေထဲမှာ ဒီကောင်က အယုတ်မာဆုံးပဲ.. "

" ဒီကောင်က ဒီလောက်သန်မာနေတာတောင် ခိုးလေ့ကျင့်နေသေးတယ်.. ငါတို့ကို မနာလိုဖြစ်ပြီး သေအောင်သတ်နေတာလား.."

' လင်းမို့က ငါးမျှားနေတာ မဟုတ်ဘူးလား.. ဘာလို့ သူ့ကို ခိုးလေ့ကျင့်တယ်လို့ ပြောနေကြတာလဲ.. '

လင်းမို့ အမှန်တကယ် ငါးမျှားနေသည်ဟု သူခံစားမိသည် ။ မည်သည့်အတွက်ကြောင့် ဆဲဆိုနေကြပါသနည်း ။

ဆရာကြီး တစ်ယောက်၏ ရှင်းပြချက်ကို မြင်မှ သူနားလည်သွားသည် ။

' အလွန်ထူးခြားတဲ့ ကျင့်ကြံနည်းလား..'

လင်းမို့၏ ဗီဒီယိုကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်မှ သူသဘောပေါက်သွား၏ ။

' လင်းမို့က ငါ့ကို ငြင်းနေတာ ဒါ့ကြောင့်ကို ..သူ့နောက်မှာ ဆရာတစ်ယောက် ရှိနေတာပဲ..'

ဆရာဝေ့တစ်ယောက် အနည်းငယ် ခါးသက်သက် ခံစားလိုက်မိသည် ။

' ငါ လင်းမို့ကို ညွှန်ကြားပေးဖို့ မထိုက်တန်ဘူး..'

လင်းမို့၏ နောက်ကွယ်တွင် ကျွမ်းကျင်သူတစ်ယောက် သင်ကြားပေးနေသဖြင့် သူ့ကို လိုအပ်မည်မဟုတ်ချေ ။ ပို၍ ဆိုးသည်မှာ သူက လင်းမို့လေ့ကျင့်နေသော ကျင့်ကြံမှုမျိုးကို ကြားပင် မကြားဘူး ။ သူမည်သို့ သင်ပေးနိုင်ပါမည်နည်း ။

ညနက် သန်းခေါင်ယံ.. ကျန်းနန်မြို့ရှိ ထိပ်တန်း ကလပ်တစ်ခု..

ဟောက်ရန်က ဆိုဖာပေါ်တွင် ခြေထောက်ချိတ်ထိုင်ရင်းဆေးလိပ်သောက်နေ၏ ။ သူ၏ မျက်နှာပေါ်တွင် နောင်တရနေဟန်က အရှင်းသားပေါ်လွင်နေသည် ။

" ဟူးးး...."

ဟောက်ရန်က ဆေးလိပ်မီးခိုးကို မှုတ်ထုတ်လိုက်ရင်း တွန့်ကြေနေသော အိပ်ရာပေါ်ရှိ ကောင်မလေးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်မိသည် ။

' ငါဒီကို စလာတုန်းက စိတ်တအားထက်သန်နေပင်မဲ့ ခုတွေးကြည့်တော့လည်း ငါလုပ်နေတာတွေက အဓိပ္ပါယ် မရှိတာတွေ.. '

ဟောက်ရန် တွေးသည် ။ ပြီးစီးသွားသည့်အချိန်တွင် ဖြစ်ပေါ်လာသော နောင်တတရားကြောင့် သူမသက်မသာ ခံစားနေရ၏ ။ သူဦးနှောက် မရှိခဲ့ ။

' ငါနောက်ထပ် ဒီနေရာကို မလာ​တေ့ဘူး.. '

ဟောက်ရန် အမှန်အကန် နောင်တရသွားသည် ။

' ငါ အချိန်တွေ ဖြုန်းနေမိတာပဲ.. ဒီလို ဇိမ်ခံနေတဲ့ ဘဝမျိုးက ငါလိုချင်တဲ့ ဘဝမျိုးမဟုတ်ဘူး.. ငါ သိုင်းလမ်းစဥ်ကို ဆက်လျောက်နိုင်ရမယ်.. '

သူ၏ သိုင်းအိမ်မက်က တဖန်ပြန်၍ တောက်ပလာသည် ။

' ဟူး.. ဒီချိန်ဆို ကျောင်းတံခါးပိတ်လောက်ပြီ ..မဟုတ်ရင် ခုပဲ ပြန်ပြီး လေ့ကျင့်လိုက်ချင်တယ်.. '

ဟောက်ရန်က တွေးပြီး ဗဟုသုတ ရှာဖွေရန် ကျောင်းဖိုရမ်သို့ ဝင်ကြည့်လိုက်သည် ။

သူ ချက်ချင်းပင် အံ့သြသွား၏ ။

' အကိုမို့လား..'

လင်းမို့ နာမည်ကြီးနေမည်ဟု သူထင်မထား ။

' ဘာအကြောင်းလဲ.. '

သူ နှိပ်ကြည့်လိုက်သည် ။ သူပို၍ပင် အံ့သြနေ၏ ။

' ခိုးလေ့ကျင့်နေတာလား..'

' ငါးမျှားရင်း တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်လို့ ရတယ်လား..'

' မင်းလူမှ ဟုတ်သေးရဲ့လား..'

ဟောက်ရန် အတိတ်မှ ဖြစ်ရပ်များကို ပြန်သတိရသွားသည် ။

' အကိုမို့ ​ကျောင်းမှာ တစ်ချိန်လုံး ငါး​​မျှားနေတာ ဒါကြောင့်ကို.. ငါ အကိုမို့နဲ့ ခဏခဏ လိုက်ပြီး ငါးကင်စားနေတာ.. တကယ်တော့ အကိုမို့က လေ့ကျင့်နေပြီး ပျင်းနေတာက ငါပေါ့.. '

ဟော့ပေါ့ စားသည့် အချိန်များကိုပါ သတိရသွားသည် ။

' ဟော့ပေါ့နဲ့ အသားကင်ကရော ​ကျင့်ကြံနည်း တစ်မျိုးပဲလား..'

ဟောက်ရန်က တွေးရင်း ပိုရှက်လာ၏ ။

' အကိုမို့က အရမ်းသန်မာနေတာ​တောင် ကြိုးစားနေတုန်းပဲ ငါဘာလုပ်နေလဲ.. '

" ဝုန်း..."

ဟောက်ရန်က တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် ထရပ်လိုက်သည် ။

' ဒီည ပြန်သွားပြီး လေ့ကျင့်တော့မယ်.. တံခါးပိတ်ထားရင်တောင် အုတ်တံတိုင်းက ကျော်တက်မယ်.. '

ဟောက်ရန်၏ သိုင်းပညာအိမ်မက်က အရှိန်အဟုန်ပြင်းပြင်း တောက်လောင်လာသည် ။

' ပြီးတော့ ဒီနေ့က စပြီး ဓားကြီးမကစားတော့ဘူး.. ငါ လုပ်မိရင် ငါ့ဟာငါ ဖြတ်ပစ်မယ်.. '

ဟောက်ရန် လုံးဝ စိတ်ပိုင်းဖြတ်လိုက်သည် ။ သူ အဝါရောင်ဖြင့် ကမ္ဘာတစ်ခုထဲတွင် အတူတူမနေနိုင်တော့ ။

" ကိုကိုဟောက်ရန်.. "

အိပ်ပျော်နေသော ကောင်မလေးနှစ်ယောက်က လန့်နိုးလာပြီး ကြောက်လန့်သွားကြ၏ ။

" နောက်တစ်ကြိမ် ထပ်မဆက်ပါနဲ့တော့.. "

" ငါ ကျောင်းကို ပြန်တော့မှာ.. "

ဟောက်ရန်က လေးနက်စွာဖြင့်...

" အကိုမို့က ဒီလောက်ကြိုးစားနေတာ ငါပျင်းနေလို့ မဖြစ်​တော့ဘူး.."

" အကိုမို့က ဘယ်သူလဲ .."

ကောင်မလေးနှစ်ယောက်က စပ်စုစွာမေးလိုက်သည် ။

ဟောက်ရန်က ဂုဏ်ယူစွာဖြင့်...

" စာမေးပွဲမှာ တစ်နိုင်ငံလုံး အဆင့် ၂ လင်းမို့လေ.. သူက ငါ့အကိုမို့ပဲ.. "

" အကိုမို့ ဆိုတာ လင်းမို့လား.."

ကောင်မလေး နှစ်ယောက်လုံး ထိတ်လန့်သွားပြီး...

" သူဌေးက ပြောထားတယ်.. လင်းမို့ရဲ့ သူငယ်ချင်းတွေ ဒီကိုလာရင် ၂၀ % လျော့ပေးလိုက်တဲ့.. "

All Chapters