← Chapters

အခန်းလဲရအောင် ၂ ~

Vol. 10 Ch. 147

အခန်းလဲရအောင် ၂ ~

Vol. 10 Ch. 147

" ဟမ်.. "

ဟောက်ရန် အံ့သြသွားသည် ။

" ဘာလို့လဲ.. "

" လင်းမို့က ကျွန်မတို့ ကျန်းနန်စီရင်စုကို ဂုဏ်ယူခွင့် ပေးထားတာလေ.. ကျွန်မတို့ တက်နိုင်တဲ့နည်းနဲ့ ကျေးဇူးဆပ်ရမှာပေါ့.. "

" ဒီလိုလည်း ရတာပဲလား.."

ဟောက်ရန် တုံ့ဆိုင်းသွားသည် ။ သူ၏ အကိုမို့က အကိုမို့ပင် ။ ဓားကြီးလောကသို့ လာမကစားသော်လည်း ဓားကြီးလောကတွင် နာမည်ကြီးဖြစ်နေပေသည် ။ သူ သက်ပြင်းချလိုက်မိ၏ ။ သူမနေနိုင်ပဲ မေးကြည့်လိုက်သည် ။

" အကိုမို့က ဒီကို လူကိုယ်တိုင်လာရင်ရော.."

" ပြောနေစရာလိုသေးလား.."

ကောင်မလေးက ချက်ချင်းပြန်ဖြေလိုက်ပြီး..

" အလကားပေါ့.. ဆိုင်ထဲမှာ တော့ ဓာတ်ပုံ အရိုက်ခံရမှာ​နော်.. "

ဟောက်ရန် ကျောင်းသို့ ပြန်လာချိန်တွင် လင်းမို့က ပုဇွန်မျှားပြီးသွားလေပြီ ။ ပုံးကို မကြည့်လိုက်ရာ ဆယ်ကီလိုလောက် ဖမ်းမိထား၏ ။

' ဒီညတော့ ကောင်းကောင်းစားရပြီ..'

လင်းမို့ အခန်းသို့ပြန်၍ အရသာဆယ့်သုံးမျိုး ပုဇွန်ကြော် လုပ်စားရန် ဆုံးဖြတ်လိုက်သည် ။

" ညီလေးလင်းမို့.. "

ဖုန်ကျစ်ဝေက လှမ်းခေါ်လိုက်၏ ။

" ငါးမျှားနေတာလား.. စကားလေးဘာလေး ပြောရအောင် လာအုံးလေ.. "

သူ လင်းမို့ လေ့ကျင့်နေသည်ကို မနှောက်ယှက်ဘဲ ပြီးသည့်အချိန်ထိ စောင့်နေခြင်းဖြစ်သည် ။ လင်းမို့၏ အနာဂတ်အောင်မြင်မှုများက ပေါ့သေးသေးဖြစ်မည်မဟုတ် ။ ထို့ကြောင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားလိုက်ခြင်းဖြစ်သည် ။ ယခု သူ့အိမ်အနားသို့ ရောက်နေ၍ အခွင့်သာခိုက် လုံ့လစိုက်ရမည် ။

လင်းမို့က ခဏ စဥ်းစားလိုက်သည် ။ သူသည် တခြားသူ၏ အိမ်နားတွင် ပုဇွန်ဖမ်းခဲ့သည်ဖြစ်၍ ငြင်းလို့ မကောင်း ။ သူ၏ အနာဂတ်အိမ်နှင့်လည်း ရင်းနှီးစေရန် ကြည့်ထားရမည် ။

" အိမ်မှာ အိုးကြီးတာ ရှိလား.."

လင်းမို့က မေးလိုက်၏ ။

" ရှိတယ်.. "

ဖုန်ကျစ်ဝေက ပြန်ဖြေလိုက်သည် ။ သိုင်းပညာရှင်များ ဖြစ်သဖြင့် အစားကြီးလှသည် ။ အိုးကြီးကြီး ဆောင်ထားကြ၏ ။

" အရသာဆယ်သုံးမျိုးချက်မလို့.. ဟင်းခပ်အမွှေးအကြိုင်တွေကော ရှိလား.."

" ငါ့မှာ အစုံရှိတယ်.."

ဖုန်ကျစ်ဝေက ​ဖြေလိုက်သည် ။ တစ်ယောက်နှင့်တစ်ယောက် စကားပြောရင်း တစ်ယောက်အကြောင်းတစ်ယောက် သိလာကြသည် ။

" ဒါဆို အကိုဖုန်က တတိယနှစ်က အဆင့်၂ ပဲ.. "

လင်းမို့က ပြုံးလိုက်ပြီး...

" ချီဖုန့်ပို လာတာ.. ဒါကြောင့်ကို ..သက်ညှာဖို့ လာပြောတာလား.."

" ဟားဟားဟား.. မှန်တာပေါ့.. "

ဖုန်ကျစ်ဝေက ခေါင်းယမ်းကာ ပြုံးလိုက်ပြီး...

" ချီဖုန့်ပိုလို လူမျိုးက သိုင်းလမ်းစဥ်မှာ အဝေးကြီးလျောက်နိုင်တဲ့ လူမျိုးမဟုတ်ဘူး ..ညီလေးလင်း မင်းက သူနဲ့မတူဘူး.. "

ဖုန်ကျစ်ဝေက ခေါင်းစဥ်ပြောင်းလိုက်ပြီး...

" အမှန်အတိုင်းပြောရရင် ဒီနေ့ည မင်းလေ့ကျင့်နေတာကို မြင်ရတာ ငါအမြင်ပိုကျယ်လာတယ်.. "

" လေ့ကျင့်​နေတာလား.."

လင်းမို့ အံ့သြသွား၏ ။

' ငါ လေ့ကျင့်ခဲ့လို့လား..'

' ငါစားဖို့ ပုဇွန်ဖမ်းနေတာ မဟုတ်ဘူးလား..'

" မင်းပြောလို့ အဆင်မပြေရင် ရတယ် မပြောနဲ့.. "

ဖုန်ကျစ်ဝေက လင်းမို့သည် သူ၏ ထူးခြားသော ကျင့်ကြံနည်းကို ထုတ်မပြချင်ဟု ထင်လိုက်သည် ။ မည်သူက လျိုဝှက်ကျင့်စဥ်ကို ထုတ်ဖော်ပြမည်နည်း ။

သို့သော် သူက လင်းမို့နှင့် ယှဥ်ပြိုင်လိုဆဲပင် ။

" အဲ့တာဆို ပုဇွန်တွေကို ငါသန့်ရှင်းရေးလုပ်လိုက်မယ်.. ချက်ဖို့ကို မင်းပြင်လိုက်တော့.. "

ပုဇွန်ကိုင်ခြင်းက လုပ်ရသည်မှာ လက်ဝင်သော်လည်း သူ ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ပြနိုင်မည် ဖြစ်သည် ။

' ငါ့ ထိန်းချုပ်နိုင်စွမ်းကို လင်းမို့မြင်ရင် အံ့သြသွားလိမ့်မယ်.. '

ဖုန်ကျစ်ဝေ တွေးလိုက်သည် ။

" အဲ့တာဆို ကျေးဇူးတင်ပါတယ်.. "

လင်းမို့က ဖုန်ကျစ်ဝေ၏ အကြံကို သတိမထားမိ ။ သူ ဟင်းချက်ရန် ပြင်ဆင်တော့သည် ။

ဖုန်ကျစ်ဝေက ပုံးထဲရှိ ပုဇွန်တစ်ကောင်ကို ယူကာ တစ်စက္ကန့်အတွင်း သန့်စင်လိုက်သည် ။

" ဟမ့်.."

သူ ကျေနပ်သွား၏ ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ အထွတ်အထပ်ရှိသူသာ ဤသို့ မြန်နိုင်မည်ဖြစ်သည် ။ သူက လင်းမို့အား တစ်ချက် ချောင်းကြည့်လိုက်သည် ။

" အမ်.. မဆိုးဘူး တော်တော်မြန်သားပဲ.. "

လင်းမို့က သိပ်မအံ့သြဘဲ ခပ်တည်တည် ပြောလိုက်သည် ။

ဖုန်ကျစ်ဝေက အနည်းငယ် မကျေမနပ် ဖြစ်သွား၏ ။ လင်းမို့က အံ့သြမှုကို မြိုသိပ်၍ မအံ့သြချင်ယောင် ဆောင်နေပေသည် ။

' လင်းမို့က ဟန်​ဆောင်ရတာကို ကြိုက်တာပဲ.. '

သူတွေးလိုက်သည် ။

' သူ ကြိုးစားလေ့ကျင့်တာတောင် သူများတွေအမြင်မှာ ပျင်းနေတယ်လို့ ထင်အောင် ဟန်ဆောင် နေသေးတာပဲ.. ဒီလောက်​တော့ ရှိမှာပေါ့..'

သူ လင်းမို့၏ စိတ်ကို နားလည်သွားသည်ဟု ခံစားမိလိုက်သည် ။ လင်းမို့သည် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အံ့သြဟန်မပြသော်လည်း စိတ်ထဲမှ ကျိတ်၍ အားကျနေမည်ဟု ထင်လိုက်၏ ။ ဤသည်ကို တွေးပြီး သူက လင်းမို့ကို စိုက်ကြည့်လိုက်သည် ။

' နောက်ကျရင် သူက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာပဲ.. သိုင်းမဟာသခင်အဆင့်ကို သူအရင်ရောက်မလား ငါအရင်ရောက်မလား မသိဘူး.. '

ဖုန်ကျစ်ဝေက ပုဇွန်ကို ဆေးကြောရင်း သူ၏ မျက်လုံးထဲတွင် ယှဥ်ပြိုင်လိုစိတ်များဖြင့် တောက်ပလာသည် ။ သူ၏ အကြီးမားဆုံး ပြိုင်ဘက်အဖြစ် လင်းမို့အား သတ်မှတ်ထားလိုက်လေပြီ ။

လင်းမို့သည် ဖုန်ကျစ်ဝေ တစ်ယောက် ပုဇွန်ဆေးရင်း ဤမျှ အတွေးများနေမည်ဟု ထင်ထားမည် မဟုတ်ချေ ။

ဖုန်ကျစ်ဝေက မိနစ်အနည်းငယ်အတွင်း ပုဇွန်ဆေးကြောပြီးဖြစ်သည် ။

လင်းမို့ကလည်း မနှေး ။ စတင်ချက်ရန် အဆင့်သင့်ဖြစ်နေလေပြီ ။

သိပ်မကြာမီပင် ပုဇွန်အိုးကြီးတစ်အိုး ချက်ပြီးသွားသည် ။

ဖုန်ကျစ်ဝေသည် လင်းမို့အား သူ၏ အရေးကြီးဆုံး ပြိုင်ဘက်အဖြစ်သတ်မှတ်ထားသော်လည်း ရင်းရင်းနှီးနှီးပင် ဆက်ဆံလေသည် ။

ပုဇွန်အိုးကြီးက သိပ်မခံလိုက် ။ သိုင်းပညာရှင်နှစ်ယောက် ဝိုင်းစားကြသည်ဖြစ်၍ ခဏအတွင်းပင် ကုန်သွားသည် ။

ဖုန်ကျစ်ဝေသည် လင်းမို့က သူ၏ အိမ်အနားတွင် ပုဇွန်ဖမ်းခဲ့သည် ဖြစ်သော်လည်း အလကားစားနေရသလို ခံစားမိပြီး...

" ညီလေးလင်း ပုဇွန် ကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကျန်းနန်တက္ကသိုလ်မှာ မင်းအကူအညီလိုတာ ရှိရင် ပြောပါ.. ငါ တက်နိုင်သလောက် ကြိုးစားပေးမယ်.. "

ဖုန်ကျစ်ဝေက လမ်းညွှန်တိုက်ပွဲကို အရိပ်အမြွတ်ပြောလိုက်ခြင်း ဖြစ်သည် ။ ချီဖုန့်ပိုက လင်းမို့အား ရက်စက်တော့မည်ကို သူသိထား၏ ။ သူဝင်ပြောလိုက်ပါက ချီဖုန့်ပို လုပ်ရဲမည်မဟုတ်ချေ ။

" မင်းတက်နိုင်တာရှိရင် ကူညီမှာလား.."

လင်းမို့၏ မျက်လုံးများ တောက်ပလာသည် ။

" ငါ မင်းကို ဒုက္ခပေးစရာ တစ်ခုတော့ ရှိတယ်.. "

လင်းမို့က အနည်းငယ်ရှက်သွားပြီး...

" ပြောသင့်သလားတော့ ငါမသိဘူး.."

" ပြောလေ ရပါတယ်ဟ.. အချင်းချင်းတွေပဲ အားနာစရာမလိုဘူး.."

ဖုန်ကျစ်ဝေက လက်ဝှေ့ယမ်းလိုက်ပြီး ရက်ရောဟန်ဖြင့် ပြောလိုက်သည် ။

" အဲ့တာဆို ငါပြောမယ်.. "

လင်းမို့က ...

" မင်းရဲ့ အိမ်က တော်တော်ကောင်းတယ်.. ငါ့ရဲ့ အခန်းနဲ့ လဲပေးပါလား.."

ယခု လင်းမို့အလိုအပ်ဆုံးမှာ ဖုန်ကျစ်ဝေ၏ နေရာတွင် ရရှိမည့် တက်ကြွအညွှန်းကိန်းများဖြစ်သည် ။

All Chapters