အခန်း (၅၅၃-၅၅၅)
Vol. 37 Ch. 553-555
အခန်း ၅၅၃ - နတ်ဓားဂိုဏ်း၏ အင်မော်တယ်ဘိုးဘေးနှင့် လုရီ၏ မဟာယာန ဆယ့်သုံးလွှာ အထွတ်အထိပ်...
~လပေါင်းများစွာ ကြာပြီးနောက်၊ လုရီတစ်ယောက် တံခါးပိတ်ကျင့်ကြံနေစဉ်မှာပင် ဂူစံအိမ်အပြင်ဘက်မှ သူ့အား ခေါ်သံ တစ်ခုကို ရုတ်တရက် ကြားလိုက်ရလေ၏။
“ပုံမှန် မဟုတ်တဲ့ ဂျူနီယာမောင်လေး၊ ခဏလောက် အပြင်ထွက်ခဲ့ပါဦး။”
လုရီသည် သူ၏ မျက်ဝန်းများကို ဖွင့်လိုက်သည့်အခါ ထိုမျက်ဝန်းများအတွင်းမှ ကြည်လင်တောက်ပသော အလင်းတန်းများ ဖြာထွက်နေ၏။
သူ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ လွန်ခဲ့သော ကာလတစ်ခုက နှစ်ကိုယ်တူကျင့်ကြံပြီးနောက်ပိုင်း ကျန်းရူယွီကို သူ မတွေ့ဖြစ်ခဲ့သည်မှာ အတန်ကြာခဲ့ပြီ ဖြစ်သည်။
လုရီ တံခါးကို ဖွင့်လိုက်သောအခါ၊ ကျန်းရူယွီသည် မမျှော်လင့်ထားသော ဧည့်သည်အချို့နှင့်အတူ ရပ်နေသည်ကို တွေ့လိုက်ရ၏။
နတ်ဓားဂိုဏ်း၏ ဆရာ သခင်ကြီးနှင့် ဘိုးဘေး
ဖန်ထျန်းယောင်တို့လည်း ရှိနေပြီး၊ သူတို့ကို ဦးဆောင်လာသူမှာ ယဉ်ကျေးသိမ်မွေ့သော အသွင်ရှိသည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦး ဖြစ်လေသည်။ အပြာရောင်ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး မျက်နှာထက်တွင် ခပ်ရေးရေးအပြုံးတစ်ခုကို ချိတ်ဆွဲထား၏။ သူ၏ တည်ရှိမှုသည် အလွန်တရာ နက်ရှိုင်းလှသည်ဖြစ်၍ လုရီပင်လျှင် သူ့ကို အလုံးစုံ ထွင်းဖောက်မမြင်နိုင်ခဲ့ချေ။
ထိုအခိုက်အတန့်တွင် ထိုအဖွဲ့သည် ဂူစံအိမ်အပြင်ဘက်ရှိ အင်မော်တယ်သစ်ပင်များနှင့် ကောင်းကင်ကြယ်တာရာသစ်ပင်အောက်တွင် လဲလျောင်းနေသော ကြယ်ငယ်လေးကို အံ့ဩမှင်သက်စွာ စိုက်ကြည့်နေကြသည်။
ဤနေရာမှ အရာများက သူတို့၏ မျှော်လင့်ချက်ကို ကျော်လွန်နေခဲ့၏။
လုရီသည်လည်း သူတို့သုံးဦးကို မြင်လိုက်ရသောအခါ ကြောင်အမ်းသွားသည်။
ထိုအခါ ကျန်းရူယွီက မိတ်ဆက်ပေးလိုက်သည်။
“ပုံမှန်မဟုတ်တဲ့ ဂျူနီယာမောင်လေး၊ ဒီပုဂ္ဂိုလ် ငါတို့ နတ်ဓားဂိုဏ်းရဲ့ အင်မော်တယ်ဘိုးဘေးပဲ။”
လုရီသည် ချက်ချင်းပင် သဘောပေါက်သွားပြီး ပြုံးကာ နှုတ်ဆက်လိုက်၏။
“မျိုးဆက်သစ် လုရီက စီနီယာကို ဂါရဝပြုပါတယ်။”
ထိုသက်လတ်ပိုင်းလူကြီးသည် သူ၏လက်များကို အကြိမ်ကြိမ် ယမ်းပြပြီး သူ၏အမူအရာမှာ အနည်းငယ် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကာ ဆိုလာ၏။
“ရောင်းရင်းလုရီ၊ မင်း အရမ်းအားနာတတ်တာပဲ။ မင်းက သခင်မလေးယွီရဲ့ တပည့်တစ်ယောက်လေ၊ ငါ့ကို ‘စီနီယာ’ လို့ခေါ်တာကတော့ တကယ်ကို မခံယူဝံ့စရာပါပဲ။ ငါ့နာမည်က ပုယွင်ကျန့်ပါ၊ ငါတို့ ရွယ်တူတွေလိုပဲ ဆက်ဆံကြတာပေါ့။”
ထိုစကားကို ကြားသောအခါ လုရီလည်း ဆက်လက် မငြင်းဆန်တော့ဘဲ ပြုံးလိုက်သည်။
“ရောင်းရင်းပုက ဒီလိုပြောမှတော့ ဒါဆိုရင်တော့ ကျွန်တော်လည်း အားမနာတော့ပါဘူး။”
ပုယွင်ကျန့်သည် ခပ်ဟဟရယ်မောကာ ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ မျက်နှာထားက တည်ကြည်လေးနက်သွားကာ လုရီကို အနည်းငယ် ကိုင်းညွှတ်အရိုအသေပေးလိုက်၏။
“လုရီ...မင်းရဲ့ အကူအညီအတွက် ဒီအဘိုးကြီးက ကျေးဇူးတင် စကားလာပြောတာပါ။ မင်းသာ မရှိခဲ့ရင် ကောင်းကင်မိစ္ဆာတွေ ကျူးကျော်တုန်းက ငါ့ရဲ့ နတ်ဓားဂိုဏ်းဟာ အကြီးအကျယ် နစ်နာဆုံးရှုံးရမှာပဲ”
လုရီသည် ပုယွင်ကျန့်၏ ဆိုလိုရင်းကို နားလည်ပြီး ခပ်ဟဟရယ်လိုက်သည်။
“ရောင်းရင်းပုကတော့ အားနာတတ်လွန်းပါတယ်။ နတ်ဓားဂိုဏ်းနဲ့ ကျွန်တော်ဟာ ကံကြမ္မာဆက်နွှယ်မှုအချို့ရှိနေပြီး၊ စီနီယာအစ်မ ရူယွီကလည်း ဂိုဏ်းရဲ့တပည့်တစ်ယောက်ဖြစ်နေတော့ ကျွန်တော်လည်း ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ပါဘူး။”
ပုယွင်ကျန့်သည် ကျယ်လောင်စွာ ရယ်မောကာ ခေါင်းညိတ်လိုက်သည်။
“ဟားဟားဟား...ရောင်းရင်းလုရီ၊ မင်းက တကယ်ကို စိတ်ဓာတ်ကောင်းမွန်တဲ့ ကောင်လေးပါပဲ။”
လုရီက ပြုံးလိုက်၏။
“ဂုဏ်သရေရှိမိတ်ဆွေများ အိမ်အရောက် ကြွလာခဲ့ကြပြီးမှတော့ အထဲဝင်ပြီး ခဏနားနေကြပါဦးလား" ဟု ဖိတ်ခေါ်လိုက်လေသည်။
လုရိက ဤသို့ ဖိတ်မံလိုက်သည်တွင်
ဘိုးဘေး ဖန်ထျန်းယောင်က ရွှင်လန်းစွာ ဆို၏။
"ရောင်းရင်းလုရိီကိုယ်တိုင် ဖိတ်မှတော့ တို့တွေလည်း အားမနာတော့ပါဘူး"
ယခင်ကဆိုလျှင် ဘိုးဘေး
ဖန်ထျန်းယောင်သည် လုရိီအား 'မိတ်ဆွေလေး' ဟု ခေါ်ဝေါ်လေ့ရှိသော်လည်း ယခုမူ နတ်ဓားဂိုဏ်း၏ အင်မော်တယ် ဘိုးဘေးကိုယ်တိုင်က
လုရိီကို 'ရောင်းရင်း' ဟု ခေါ်ဝေါ်နေပြီ ဖြစ်ရာ သူက ထိုသို့ ခေါ်ဝေါ်ရန် မသင့်တော်တော့ပေ။
လူစုသည် လုရိီ၏ ကျောက်ဂူစံအိမ်အတွင်းသို့ ဝင်ရောက်လာကြသည်။
လုရိီက ကျောက်စိမ်းဝိညာဉ် ဝိုင်တစ်အိုးကို ထုတ်ယူလာခဲ့ရာ ထိုဝိုင်အတွင်း၌ ကြယ်တာရာအလင်းတန်းလေးများပင် လက်ခနဲလက်ခနဲ ဖြာထွက်နေသည်ကို တွေ့ရပေသည်။
ဤသည်ကား 'ကျောက်စိမ်းကြယ်ကြွေ' ဟု အမည်ရသော ဝိညာဉ်ဝိုင်ချက်နည်း ဖြစ်ပြီး လုရိက သားရဲတစ်သောင်း တောင်တန်းတွင် သားရဲဒီလှိုင်း ဖြစ်ပွားစဉ်က ရရှိခဲ့ခြင်း ဖြစ်၏။
၎င်းသည် ကောင်းကင်အင်မော်တယ် အဆင့် ဝိညာဉ်ဝိုင်ဖြစ်ပြီး အင်မော်တယ် ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်ကာ တခဏတာအတွင်း ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်ပေးနိုင်သည်။
အဓိကပါဝင်ပစ္စည်းများမှာ ကြယ်တာရာခြင်ဆီနှင့် ကျောက်စိမ်းပန်းပွင့်တို့ ဖြစ်ကြသည်။ လုရိီသည် သူ၏ဆရာသခင် မည်သူမည်ဝါဖြစ်သည်ကို သိရှိပြီးနောက်တွင်တော့ ပစ္စည်းများတောင်းခံရန် ဝန်မလေးတော့ပေ။
လင်းလောင်တောင်ထိပ် သခင်မသည် အလွန် ရက်ရောသူဖြစ်ရာ သူ့အား ပစ္စည်းအမြောက်အမြား ပေးသဖြင့် သူသည် ဤ
အင်မော်တယ်ဝိုင်ကို ချက်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ကျောက်စိမ်းဝိညာဉ်ဝိုင်ကို ထုတ်ယူလိုက်သည်နှင့် သိပ်သည်းသော အင်မော်တယ် ဝိညာဉ်စွမ်းအင်တို့က ပတ်ဝန်းကျင်လေထုထဲသို့ ပြန့်နှံ့သွားပြီး တက်ရောက်လာသူအားလုံးကို လန်းဆန်းတက်ကြွသွားစေသည်။
အထူးသဖြင့် အင်မော်တယ်တစ်ပါးဖြစ်သော
ပုယွင်ကျန့်အဖို့တွင်မူ သူ၏မျက်လုံးများက အရောင်တောက်လာသည်။ ကျောက်စိမ်းဝိညာဉ်ဝိုင်ကို စိုက်ကြည့်ရင်း အံ့ဩတုန်လှုပ်စွာဖြင့် "ဒီရနံ့... ဒါ... ဒါ အင်မော်တယ်ဝိုင်လား" ဟု မေးလိုက်သည်။
"တိုက်တိုက်ဆိုင်ဆိုင် ချက်နည်းရခဲ့လို့ ဆရာ့ဆီက ပစ္စည်းတချို့တောင်းပြီး စမ်းချက်ကြည့်တာပါ"
ဟု လုရိီက ခပ်ဟဟ ရယ်မောလျက် ပြန်ဖြေလိုက်၏။
"ဒါကို မင်းကိုယ်တိုင် ချက်ထားတာလား"
ပုယွင်ကျန့်၏ မျက်နှာတွင် အံ့ဩမယုံဟန်တို့ဖြင့် ပြည့်နှက်လေသည်။
လုရိီက နားမလည်ဟန်ဖြင့် ကြည့်ရင်း ပြန်မေးလိုက်၏။
"ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲ"
ပုယွင်ကျန့်၏ နှုတ်ခမ်းထောင့်များက အနည်းငယ်တွန့်ကွေးသွားပြီး
"ရောင်းရင်းလုရဲ့ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေအကြောင်း အရင်ကတည်းက ကြားဖူးပါတယ်၊ ဒါပေမယ့် အင်မော်တယ် ဝိုင်တောင် ချက်တတ်လိမ့်မယ်လို့တော့... တကယ်... တကယ်ကို စိတ်ကူးထဲတောင် ထည့်မတွေးဝံ့စရာပဲ" ဟု ဆိုလေသည်။
"ရောင်းရင်းပုက မြှောက်လွန်းနေပါပြီ။ ကဲ... အားလုံးပဲ သုံးဆောင်ကြည့်ကြပါဦး"
လုရိီက ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။
ပုယွင်ကျန့်သည် မျက်နှာကြီး ပြုံးဖြီးသွားကာ
“ဟားဟား၊ ဒါဆိုရင်တော့ ငါလည်း အားမနာတော့ဘူး!”
---
သူသည် တစ်ငုံသောက်လိုက်ပြီးနောက် သူ၏ မျက်လုံးများက ပို၍ပင် တောက်ပလာကာ မျက်နှာထက်တွင် စိတ်လှုပ်ရှားဟန်များ ပေါ်လာသည်။
“ကောင်းလိုက်တဲ့ ဝိုင်!”
ပုယွင်ကျန့် သောက်နေသည်ကိုမြင်သော
နတ်ဓားဂိုဏ်းဆရာသခင်ကြီးနှင့်
ဘိုးဘေးဖန်ထျန်းယောင်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီးနောက် သူတို့လည်း လိုက်သောက်ကြလေသည်။
ဝိုင်ထဲတွင် ပါဝင်သော အင်မော်တယ်ဝိညာဉ်ချီသည် အလွန်နူးညံ့ပြီး ကပ်ဘေးဖြတ်ကျော်အဆင့် ကျင့်ကြံသူများအတွက် သင့်တော်သော်လည်း သူတို့သည် များများစားစား မသောက်နိုင်ကြပေ။
တစ်ငုံမျှသာ သောက်လိုက်ပြီးနောက် ဖန်ထျန်းယောင်၏ ပါးပြင်များက အနည်းငယ် နီမြန်းလာပြီး ယစ်မူးဟန်ပြလာသည်။ ဆရာသခင်ကြီးမှာမူ ပို၍အစွမ်းထက်သည့်အတွက် သက်ရောက်မှုမရှိခဲ့ပေ။
ကျန်းရူယွီမှာတော့ တည်ငြိမ်နေဆဲဖြစ်သည်။ သူမသည် လုရီ ဖော်စပ်နေသည်ကို ဘေးမှမြင်ခဲ့ရပြီး ကိုယ်တိုင်လည်း မြည်းစမ်းပြီးသား ဖြစ်သည်။
သို့တိုင်အောင် အင်မော်တယ်ဓားဂိုဏ်း၏
အင်မော်တယ်ဘိုးဘေးကဲ့သို့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များပင် လုရီ၏ လုပ်ရပ်များကြောင့် မှင်တက်အံ့ဩနေသည်ကို မြင်ရသောအခါ
ကျန်းရူယွီ၏ ရင်ထဲတွင် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်သွားပြီး သူမ၏ နှုတ်ခမ်းပါးထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာတော့သည်။
---
“ရောင်းရင်းပု၊ မကြာသေးခင်က ထွက်ခွာသွားခဲ့တဲ့ ထျန်းမင်က အင်မော်တယ်အများအပြား ပြန်ရောက်လာကြတယ်လို့ ကြားမိပါတယ်။ ဒါက ရာရှိုမွန်မျိုးနွယ်နဲ့ စစ်ပွဲကြောင့်လားဟင်؟” လုရီက သူ၏ စူးစမ်းလိုစိတ်ကို ထုတ်မေးလိုက်သည်။
ပုယွင်ကျန့်သည် ဝိုင်ကို နောက်တစ်ငုံသောက်လိုက်ပြီးနောက် အနည်းငယ် ခေါင်းညိတ်ကာ သက်ပြင်းချလိုက်၏။
“ဟုတ်တယ်၊ အတိအကျပြောရရင် အဲ့ဒီအကြောင်းကြောင့်ပဲ ငါတို့ ပြန်လာခဲ့ကြတာ။
ထျန်းမင်က ငါတို့ရဲ့ ဇာတိမြေဖြစ်တော့ ဒီအတိုင်း မျက်နှာလွှဲခဲပစ် လုပ်မနေနိုင်ဘူးလေ။ ပြီးတော့ စစ်ဖြစ်နေချိန်မှာ ယွီမိသားစုကပေးတဲ့ စစ်ရေးအောင်မြင်မှု ဆုလာဘ်တွေက အလွန်ရက်ရောတော့ ဒါက ငါတို့အတွက် ထူးကဲတဲ့ အခွင့်အရေးတစ်ခုပဲ။”
---
ထိုစကားကို ကြားသောအခါ လုရီက စူးစမ်းလိုစိတ်ဖြင့် မေးလာသည်က...
“ရောင်းရင်းပု၊ ခင်ဗျားက တက်လှမ်းပြီးနောက်
ယွီမိသားစုကို မဝင်ခဲ့ဘူးလား؟”
ထိုအခါ ပုယွင်ကျန့်သည် ခါးသီးသော အပြုံး တစ်ခုကို ပြုံးလိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ယွီမိသားစုက ကောင်းကင် ကြယ်တာရာနယ်မြေတစ်ခုလုံးကို အုပ်စိုးထားတာ။ နယ်မြေထဲမှာ ယွီမိသားစုရဲ့ လက်အောက်ခံ အင်အားစုတွေ အများကြီးရှိတယ်၊ တချို့က အစွမ်းထက်ကျင့်ကြံသူတွေ တည်ထောင်ထားတဲ့ ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေဖြစ်ပြီး တချို့က အာကာသအပြင်ဘက် မျိုးနွယ်စုတွေပေါ့။ ထျန်းမင်ကြယ်တာရာစနစ် တည်ရှိတဲ့ ဒေသမှာဆိုရင် ငါတို့က မျက်လုံးသုံးလုံး မျိုးနွယ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာ။ တက်လှမ်းပြီးရင် မျက်လုံးသုံးလုံး မျိုးနွယ်စုကိုပဲ ရွေးချယ်ဝင်ရောက်ရတယ်၊ မဝင်ချင်ဘူးဆိုရင်တော့
တကိုယ်တော် ကျင့်ကြံသူအဖြစ်ပဲ နေလို့ ရတယ်။”
“မျက်လုံးသုံးလုံး မျိုးနွယ်စု؟”
လုရီသည် ကြယ်တာရာနယ်မြေတပ်မတော်ထဲတွင် သူမြင်ခဲ့ဖူးသော မျက်လုံးသုံးလုံးနှင့် လူသားပုံစံ သတ္တဝါများကို ပြန်သတိရသွားသည်။ “ကျွန်တော် ကြယ်တာရာနယ်မြေတပ်မတော်ထဲမှာ တွေ့ခဲ့တဲ့ မျက်လုံးသုံးလုံးနဲ့ ပုဂ္ဂိုလ်တွေလား؟”
---
ပုယွင်ကျန့်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ အဲ့ဒါတွေက မျက်လုံးသုံးလုံး မျိုးနွယ်စုက ကျင့်ကြံသူတွေပဲ။ ကြယ်တာရာနယ်မြေတပ်မတော်ထဲမှာ လူသားမျိုးနွယ်နဲ့ မိစ္ဆာတွေအပြင် ကောင်းကင် ကြယ်တာရာနယ်မြေက တခြား ကမ္ဘာခြားမျိုးနွယ်တွေလည်း ပါဝင်တယ်။”
ထို့နောက် ပုယွင်ကျန့်၏ မျက်နှာထက်တွင်
မနာလိုဟန်တစ်ခု ပေါ်လာသည်။
“ကြယ်တာရာနယ်မြေတပ်မတော်က ယွီမိသားစုရဲ့ တိုက်ရိုက်တပ်မတော်ပဲ။ အဲ့ဒီထဲ ဝင်နိုင်တဲ့သူတွေက တကယ်ကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေချည်းပဲ၊ မျက်လုံးသုံးလုံး မျိုးနွယ်စုထဲမှာတောင် ထူးချွန်တဲ့ မျိုးဆက်အနည်းငယ်ပဲ ကြယ်တာရာနယ်မြေတပ်မတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်တာ။”
လုရီ မှင်တက်သွားသည်။ “ကြယ်တာရာနယ်မြေတပ်မတော်က အဲ့လောက်တောင် အစွမ်းထက်တာလား؟”
လုရီသာမက ကျန်းရူယွီ၊ ဆရာသခင်ကြီးနှင့်
ဖန်ထျန်းယောင်တို့သည်လည်း ပုယွင်ကျန့်ကို အံ့ဩတကြီး ကြည့်နေကြသည်။
ပုယွင်ကျန့်သည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ပြောပြလိုက်၏။
“ဟုတ်တယ်၊ ထျန်းလောင်ကြယ်တာရာနယ်မြေက တိုင်းတာလို့မရအောင် ကျယ်ပြောလှတယ်။ အင်မော်တယ် တစ်ယောက် အတွက်တောင် တစ်သက်လုံး ပျံသန်းသွားတောင်မှ နယ်မြေရဲ့ အစိတ်အပိုင်း သေးသေးလေး တစ်ခုကိုတောင် ဖြတ်ကျော်ဖို့ ခက်ခဲတယ်၊ ပြီးတော့ သက်ရှိတွေပါတဲ့ ကြယ်အရေအတွက်ကလည်း ရေတွက်လို့
မရဘူး။ အင်မော်တယ်တွေလည်း မရေမတွက်နိုင်အောင် ရှိနေပေမယ့် ကြယ်တာရာနယ်မြေတပ်မတော်ထဲက ကျင့်ကြံသူတွေကတော့ အင်မော်တယ်တွေထဲကမှ ရာဂဏန်းမှာတစ်ယောက်၊ ထောင်ဂဏန်းမှာတစ်ယောက်ရှိတဲ့ ပါရမီရှင်တွေပဲ။”
---
လုရီတို့ လေးယောက်လုံး၏ မျက်နှာထက်တွင် အံ့အားတကြီးဖြစ်နေသော အမူအရာများ ထင်ဟပ်နေတော့သည်။
“အဲ့လောက်တောင် အားကြီးတာလား...”
ပုယွင်ကျန့်သည် ခါးသီးစွာ ပြုံးလိုက်၏။
“ပြောရမယ် ဆိုရင်တော့၊ ငါသာ ကြယ်တာရာနယ်မြေတပ်မတော်က အဆင့်တူ ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်ရမယ်ဆိုရင်၊ တိုက်ခိုက်မှု အကြိမ် ဆယ်ကြိမ် အတွင်းမှာပင် ငါ အသတ်ခံရလိမ့်မယ်။”
လုရီ၏ မျက်ဝန်းများက ကျုံ့သွားပြီး၊
ကျန်းရူယွီ၊ သခင်ကြီးနှင့် ဖန်ထျန်းယောင်တို့မှာမူ မယုံကြည်နိုင်ဖြစ်နေကြသည်။
“အင်မော်တယ်ဘိုးဘေး၊ ခင်ဗျား နှိမ့်ချလွန်းနေပါပြီ၊” ဖန်ထျန်းယောင်က ဝင်ပြောလိုက်သည်။
---
ပုယွင်ကျန့်က ခေါင်းခါလိုက်၏။
“ဒါက နှိမ့်ချနေတာမဟုတ်ဘူး၊ တကယ်ကို ဒီအတိုင်းပဲ။ ကြယ်တာရာနယ်မြေတပ်မတော်က ကျင့်ကြံသူတွေက မဝင်ခင်ကတည်းက သူတို့ရွယ်တူတွေထဲမှာ အားအကောင်းဆုံးတွေပဲ။ ဝင်ပြီးသွားရင် ယွီမိသားစုရဲ့ အမွေအနှစ်တွေ၊ ယွီမိသားစုရဲ့ အရင်းအမြစ်တွေနဲ့ အင်မော်တယ်လက်နက်တွေကို ရရှိကြတယ်။ အဆင့်တူတွေထဲမှာ သာမန်ကျင့်ကြံသူတွေက သူတို့နဲ့ တကယ်ကို နှိုင်းယှဉ်လို့ မရဘူး။”
လုရီတို့ လေးယောက်လုံးသည် အသက်ကို အေးခနဲ တစ်ချက်ရှိုက်လိုက်ကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်မိကြသည်။
ပုယွင်ကျန့်သည် လုရီဘက်သို့ လှည့်ကြည့်ကာ သူ၏မျက်နှာထက်တွင် မနာလိုဟန်တစ်ခုဖြင့်
ခပ်ဟဟရယ်လိုက်၏။
“ရောင်းရင်းလုရီ၊ မင်းအတွက်တော့ ဒါတွေအားလုံးက အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ ပါရမီက အင်မော်တယ်တွေထဲမှာတောင် မိစ္ဆာဆန်တဲ့ ပုဂ္ဂိုလ်မျိုး၊ အလွန်အမင်း အစွမ်းထက်တယ်။ ကြယ်တာရာနယ်မြေတစ်ခုလုံးကို ခြုံကြည့်ရင်တောင် မင်းက ထိပ်တန်းအဆင့်ထဲမှာပဲ။ ဒါ့အပြင် ယွီမိသားစုရဲ့ ဒုတိယသခင်မလေးရဲ့ တပည့် ဖြစ်နေသေးတယ်၊ တကယ်ကိုပဲ တခြားသူတွေကို မနာလိုဖြစ်စေတာပဲ။”
---
ထိုစကားများကို ကြားသောအခါ လုရီသည် ကြယ်တာရာနယ်မြေတစ်ခုလုံးတွင် ယွီမိသားစု၏ ကြောက်မက်ဖွယ်အင်အားကို ပို၍ပင် နားလည်သွားတော့သည်။
ယွီမိသားစု၏ ကြယ်တာရာနယ်မြေတပ်မတော်မှ သာမန်ကျင့်ကြံသူတစ်ဦးကိုပင် ထျန်းမင်ကျင့်ကြံသူအားလုံး၏ အထက်တွင် မြင့်မားစွာရပ်တည်နေသော အင်မော်တယ်ဓားဂိုဏ်း၏ အင်မော်တယ်ဘိုးဘေးက ဤမျှလောက် မနာလိုဖြစ်နေရသည်။
သာမန်ကျင့်ကြံသူများသာ ဤစကားကို ကြားပါက သူတို့၏ ကမ္ဘာအမြင်များ ပြိုလဲသွားမည် မဟုတ်လော။
သာမန်ကျင့်ကြံသူများသာ လက်ခံရန် ခက်ခဲသည်မဟုတ်၊ သခင်ကြီးနှင့် ဖန်ထျန်းယောင် နှစ်ဦးစလုံးပင်လျှင် ယခုအချိန်တွင် မယုံနိုင်သော မျက်နှာထားများဖြင့် ရှိနေကြသည်။
ကပ်ဘေးဖြတ်ကျော် ဘိုးဘေးနှစ်ပါးအတွက်ပင် ပုယွင်ကျန့် မျှဝေလိုက်သော သတင်းအချက်အလက်ကို လက်ခံရန် ခက်ခဲနေလေသည်။
---
လုရီက ပြုံးကာ
“ရောင်းရင်းပုကတော့ ချဲ့ကားပြောနေပါပြီ၊ ကျွန်တော်က အခုထိတောင် မတက်လှမ်းရသေးပါဘူး။”
ပုယွင်ကျန့်က ရယ်မောလိုက်သည်။
“ရောင်းရင်းလုရီ၊ မင်းက ချောက်နက်ထဲက ပုန်းကွယ်နေတဲ့ နဂါးတစ်ကောင်လိုပါပဲ။
မင်း တက်လှမ်းရမယ့် အချိန်ရောက်လာတဲ့အခါ၊ အဲ့ဒါက ပုန်းကွယ်နေတဲ့နဂါး ချောက်နက်ထဲက ထွက်ခွာတဲ့ အချိန်အခါပဲ ဖြစ်လိမ့်မယ်။”
---
လုရီသည် ထိုစကားကိုကြားရသောအခါ စိတ်ထဲတွင် ကျေနပ်သွားပြီး သူ၏မျက်နှာသည် အပြုံးများဖြင့် ပြည့်နှက်နေတော့သည်။
ထို့နောက် လုရီသည် သူအစိုးရိမ်ဆုံးဖြစ်သော ကိစ္စကို မေးမြန်းလိုက်သည်။
“စကားမစပ်၊ ရောင်းရင်းပု၊ ရာရှိုမွန်မျိုးနွယ်စုက ကျင့်ကြံသူတွေ ဘယ်တော့လောက် ရောက်လာမလဲဆိုတာ ခင်ဗျား သိပါသလား။ စစ်ပွဲကြီးက ဘယ်တော့ စတင်မှာလဲ။”
---
ထိုစကားကို ကြားသောအခါ ကျန်းရူယွီနှင့် အခြားသူများလည်း တုန်လှုပ်သွားပြီး ပုယွင်ကျန့်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ပုယွင်ကျန့်သည် လေးနက်သော မျက်နှာထားဖြင့်
ဖြေကြားလာသည်က
“မမျှော်လင့်တာ တစ်ခုခု မဖြစ်ခဲ့ရင်တော့ အစောဆုံး နှစ်တစ်ရာလောက်အတွင်းမှာ ရောက်လာလိမ့်မယ်၊ အကြာဆုံး သုံးရာထက်တော့ မပိုလောက်ဘူး။”
---
ထိုစကားကို ကြားသောအခါ လုရီနှင့် အခြားသူများ၏ ရင်ထဲတွင် လေးလံသွားသည်။
“အဲ့လောက်တောင် မြန်တာလား؟”
ဆရာ သခင်ကြီးသည် စိတ်ရှုပ်ထွေးသော အမူအရာပြလိုက်သည်။ကြီးသည် စိတ်ရှုပ်ထွေးသော အမူအရာပြလိုက်သည်။
“အင်း... အဲ့ဒီအချိန်ကျရင် ထျန်းမင်က ဘယ်လိုဖြစ်နေမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ؟”
ဖန်ထျန်းယောင်သည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
---
ပုယွင်ကျန့်က ခေါင်းခါလိုက်၏။
“ဒီလို စစ်ပွဲကြီးမျိုးရဲ့ ရှေ့မှောက်မှာ ငါတို့ ထျန်းမင်က ပုရွက်ဆိတ်တွေလိုပါပဲ၊ ငါကိုယ်တိုင်တောင် အသက်ရှင်ဖို့ အာမ, မခံနိုင်ဘူး။”
---
လူတိုင်းသည် အတန်ကြာ တိတ်ဆိတ်သွားကြသည်။
ကျယ်ပြောလှသော စကြဝဠာထဲတွင် ကျင့်ကြံသူများသည် တက်လှမ်းသွားလျှင်ပင် ပုရွက်ဆိတ်မျှသာ ဖြစ်သည်။
---
လုရီက ခေါင်းခါလိုက်သည်။ “ဒီရက်ပိုင်းတွေမှာတော့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ကြတာပေါ့ဗျ။ အချိန်ကျလို့ အန္တရာယ်ရှိလာရင်တောင်မှ အစွမ်းပိုရှိလေ ကိုယ့်ကိုယ်ကိုယ် ပိုကာကွယ်နိုင်လေပါပဲ။”
---
ပုယွင်ကျန့်သည် ပြုံးကာ ခေါင်းညိတ်လိုက်ပြီးနောက် ပြော၏။
“လာမယ့်ရက်တွေမှာ ထျန်းမင်က သေချာပေါက် စည်ကားလာတော့မှာပဲ။”
ထိုစကားကို ကြားသောအခါ လုရီက အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
“ဘာကြောင့်လဲဟင်؟”
“ဒီနေရာက ရှေ့တန်းက အရေးပါတဲ့ ထောက်ပံ့ရေးစခန်းတွေထဲက တစ်ခုဖြစ်လာလိမ့်မယ်။ အနီးအနားက ဂြိုလ်တွေပေါ်မှာ ခံတပ်တွေ တည်ဆောက်ကြလိမ့်မယ်။ တကိုယ်တော် ကျင့်ကြံသူတွေနဲ့ တခြားအင်အားစုတွေက ကျင့်ကြံသူတွေ အများကြီးက ဒီကိုလာပြီး စစ်ပွဲကြီးမှာပါဝင်ရင်း စွမ်းဆောင်ရည်တွေ ရယူကြလိမ့်မယ်၊” ပုယွင်ကျန့်က ရှင်းပြသည်။
“ဒါဆိုရင် အင်မော်တယ်တွေ အများကြီး ဒီကိုလာကြမယ်လို့ ဆိုလိုတာလားရှင့်” ကျန်းရူယွီက အံ့ဩတကြီး ပြောလိုက်သည်။
---
“သဘာဝကျကျပဲပေါ့၊” ပုယွင်ကျန့်က ခေါင်းညိတ်သည်။
---
သူတို့အားလုံး၏ မျက်နှာထားများက ထူးဆန်းနေကြသည်။
“မထင်မှတ်စရာပဲ၊ ထျန်းမင်က အရင်တုန်းက အင်မော်တယ်တစ်ယောက်တောင် တွေ့ရခဲတဲ့ နေရာတစ်ခုလေ။ အခုတော့ အင်မော်တယ်တွေ အများကြီး ဆင်းသက်လာကြတော့မှာပဲ၊” ဖန်ထျန်းယောင်သည် အတန်ကြာ စကားမပြောနိုင် ဖြစ်သွားသည်။
---
သူတစ်ယောက်တည်းသာမက အခြားသူများလည်း စကားမပြောနိုင် ဖြစ်နေကြသည်။
ထို့နောက် သူတို့သည် အချို့ကိစ္စများကို ဆွေးနွေးကြပြီး ပုယွင်ကျန့်တို့ ဧည့်သည်သုံးဦးအဖွဲ့သည် ပြန်လည်ထွက်ခွာသွားကြသည်။
---
သို့သော် ဤသည်မှာ အစမျှသာ ဖြစ်သည်။ နောက်ပိုင်းကာလများတွင် ရောက်ရှိလာကြသော အခြားသော အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေများမှ အင်မော်တယ်များသည် တိမ်ဖြူဂိုဏ်းသို့ ဆက်လက်လာရောက်လည်ပတ်ခဲ့ကြသည်။
ကောင်းကင်နဂါးမြင့်မြတ်နယ်မြေ၊ ထိုက်ရီမြင့်မြတ်နယ်မြေ၊ လေ့ယင်မြင့်မြတ်နယ်မြေနှင့် လုရီနှင့် ရင်းနှီးသော အခြားသော အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေများအားလုံးသည် သူနှင့် စကားပြောဆိုရန် သံတမန်များနှင့် အင်မော်တယ်ဘိုးဘေးများကို စေလွှတ်ခဲ့ကြသည်။
လုရီနှင့် မရင်းနှီးသော အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေများမှ အင်မော်တယ်ဘိုးဘေးအချို့လည်း ရှိခဲ့ပြီး သူတို့သည် လင်းလောင်တောင်ထိပ်သခင်မနှင့် တွေ့ဆုံလိုကြသော်လည်း ခြွင်းချက်မရှိ တံခါးဝမှပင် ငြင်းပယ်ခံခဲ့ရသည်။
ဤသို့ လာရောက်လည်ပတ်မှုများသည် လပေါင်းများစွာ ကြာမြင့်ပြီးမှ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။
---
လုရီသည် ထို့နောက် သူ၏ ကျင့်ကြံခြင်းအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
နှစ်ဆယ့်ခုနစ်နှစ်ကြာသောအခါ လုရီသည် မဟာယာန ဆယ့်နှစ် လွှာသို့ ရောက်ရှိခဲ့သည်။ သုံးဆယ့်နှစ်နှစ်ကြာသောအခါ သူသည် မဟာယာန ဆယ့်သုံးလွှာသို့ ရောက်ရှိခဲ့သည်။
နောက်ထပ် သုံးဆယ့်ကိုးနှစ်အကြာတွင် လုရီသည် မဟာယာန ဆယ့်သုံး လွှာ၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ကပ်ဘေး ဖြတ်ကျော် နယ်ပယ်သို့ ခြေ တစ်လှမ်းသာ လိုပါတော့သည်။
အခန်း ၅၅၄ - ကပ်ဘေးဖြတ်ကျော် နယ်ပယ်သို့ အဆင့်တက်ခြင်း၊ အင်မော်တယ်အားလုံး၏ စူးစိုက်ကြည့်ရှုမှု...
~မဟာယာနနယ်ပယ်၏ အဆုံးစွန်သို့ ရောက်ရှိပြီးနောက် လုရီသည် ဆက်လက်၍ တံခါးပိတ်ကျင့်ကြံနေခဲ့၏။
နယ်ပယ်ကြီးများစွာကို အဆင့်ချိုးဖျက်ခဲ့ဖူးသော အတွေ့အကြုံများစွာ ရှိခဲ့သည့်အတွက် လုရီသည် အဟန့်အတားမှ ကောင်းကင်တာအို၏ ဖိအားကို ရင်ဆိုင်ရာတွင် တည်ငြိမ်နေဆဲဖြစ်၏။ သူ၏ ဝိညာဉ်စွမ်းအားများကို စဉ်ဆက်မပြတ် လှည့်ပတ်ကာ ထိုအဟန့်အတားကို ထိုးနှက်တိုက်ခိုက်နေတော့သည်။
လုရီ၏ အစွမ်းသည် ယခုအခါ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုးနှက်မှုတစ်ခုချင်းစီတိုင်းတွင် နေရာလပ်ကိုယ်တိုင်ပင် လိမ်ကောက်သွားပြီး ကျင့်ကြံခြင်းအခန်းသည် ဆန်းကြယ်မြင်ကွင်းအမျိုးမျိုးဖြင့် ပြည့်နှက်နေ၏။ ဓားအလင်းတန်းများက ဝင်းလက်တောက်ပနေသည်၊ ဧရာမလူကြီးများ၏ ဟိန်းဟောက်သံများက မြည်ဟည်းနေသည်၊ ကောင်းကင်မိုးကြိုးသံများ တုန်ခါနေပြီး နဂါးအရိပ်များက ထပ်ဆင့်စုပုံနေလေ၏။
ထိုကဲ့သို့သော ဖိအားသည် အားနည်းသော ကောင်းကင်ဘုံအင်မော်တယ်တစ်ပါး၏ ဖိအားနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။
အကယ်၍သာ အပြင်ဘက်တွင်ဆိုပါက ထိုဖိအားသည် ပြည်နယ်ကြီးတစ်ခုကိုပင် လွယ်ကူစွာ ကြေမွသွားစေနိုင်သော်လည်း လုရီ၏ အခင်းအကျင်းတာအိုနယ်ပယ်မှာမူ စဉ်ဆက်မပြတ် တိုးတက်နေခဲ့သည်။
ပြီးပြည့်စုံသော မွေးရာပါအခင်းအကျင်းပုံစံများကို ရရှိပြီးနောက် လုရီ၏ ပေါင်းစပ်အခင်းအကျင်းသိုင်းမှာ ယခင်ကထက် ပိုမိုအစွမ်းထက်လာခဲ့၏။ အင်မော်တယ်အခင်းအကျင်းကို အသုံးပြု၍ သူပုံဖော်ထားသော ပေါင်းစပ် အခင်းအကျင်းသည်လည်း သဘာဝကျကျ ပိုမိုအားကောင်းလာသည်။ ဤမျှကြီးမားသော ဖိအားကိုပင် အခင်းအကျင်းပုံစံများက ခုခံထားနိုင်သည့်အတွက် လုရီ၏ ဂူစံအိမ်သည် ထိုက်တောင်ကြီးကဲ့သို့ တည်ငြိမ်နေတော့သည်။
ထို့ကြောင့် အဟန့်အတားကို ချိုးဖျက်ရန် တစ်နှစ်တိတိ အချိန်ယူခဲ့ပြီးနောက် လုရီ၏ နားထဲသို့ မှိန်ဖျော့သော အသံတစ်ခု ဝင်ရောက်လာသည့်အခါမှာတော့ သူ၏စိတ်ဝိညာဉ်ကို တုန်ခါသွားစေပြီး လုရီ မျက်နှာထက်တွင် အံ့ဩဝမ်းသာမှုအရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။
---
အဟန့်အတားသည် ကွဲအက်တော့မည် ဖြစ်၏။
အက်ရာအနည်းငယ် ပေါ်လာသည်နှင့် လုရီသည် ဖရိုဖရဲ မူလအရည်ကို ထုတ်ယူလိုက်တော့သည်။
ဖရိုဖရဲ မူလအရည်သည် ယခင်က တွေ့ကြုံခဲ့ရသော ဖရိုဖရဲ ချီထက် များစွာပို၍ လေးလံလှ၏။ အတွင်း၌ ကြယ်တာရာများ ပါဝင်နေသည့်အလား၊ ထိုကြယ်တာရာများက ဖြစ်တည်ခြင်းနှင့် ပျက်သုဉ်းခြင်း သံသရာလည်ပတ်နေသကဲ့သို့ပင်။ ထိုအရာမှ လွတ်မြောက်လာသော လျှို့ဝှက်ဆန်းကြယ်သည့် တုန်ခါမှုများက
လုရီ၏ ရုပ်ခန္ဓာကိုပင် ဖိနှိပ်ခံရသကဲ့သို့ ခံစားရစေပြီး နာကျင်မှုဝေဒနာ တစ်ခုက စီးဆင်းလာသည်။
---
လုရီသည် အသက်ကို ပြင်းပြင်း တစ်ချက်ရှိုက်ကာ ဖရိုဖရဲ မူလအရည်ကို စုပ်ယူလိုက်၏။
ရှဲ...
---
ရှဲခနဲ မြည်သံများနှင့်အတူ သူ၏ ရုပ်ခန္ဓာပေါ်တွင် ဓားဒဏ်ရာများ ရုတ်တရက်ထင်ရှားလာပြီး နက်မှောင်သောရွှေရောင် အလင်းတန်းများ ပါဝင်သည့် သွေးစက်များသည် ဒဏ်ရာများမှ ပန်းထွက်လာ၏။
ခြိမ်းခြောက်နိုင်သော ဖိအားတစ်ခုသည် လုရီထံမှ ထုတ်လွှတ်လာပြီး သူ၏ ရုပ်ခန္ဓာသည် ထာဝရတည်မြဲသော ကြယ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည့်အလား မျက်စိကျိန်းလောက်သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ မဟာအခင်းအကျင်း၏ အခင်းအကျင်းပုံစံများပင်လျှင် ထိုတိုက်ခိုက်မှုအောက်တွင် တုန်ခါနေတော့သည်။
ဖရိုဖရဲ မူလအရည်ကို စုပ်ယူပြီးနောက် လုရီသည် အတွင်းမှ ထွက်ပေါ်လာသော ဖော်ပြမရနိုင်လောက်အောင် အားကောင်းသည့် စွမ်းအားတစ်ရပ်ကို ခံစားလိုက်ရ၏။ ထိုစွမ်းအားမှာ မည်မျှအားကောင်းသနည်းဆိုလျှင် သူ၏ လက်ရှိရုပ်ခန္ဓာပင်လျှင် မခံနိုင်တော့ဘဲ အက်ကွဲမည့်နှယ်ပင်။
သူ၏တစ်ကိုယ်လုံးသည် ပြင်းထန်စွာ နာကျင်ကိုက်ခဲမှုကို ခံစားနေရပြီး လုရီ မျက်မှောင်ကြုတ်ကာ အံကို ကြိတ်လျက် အင်မော်တယ် နိယာမကို အသုံးပြုကာ သူ၏ ရုပ်ခန္ဓာကို အဆုံးတွင် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရသည်။
ဖရိုဖရဲ ချီအစင်းကြောင်းများသည် လွတ်မြောက်လာပြီး လုရီ၏ ရုပ်ခန္ဓာထဲသို့ ပေါင်းစပ်သွားကာ သူ၏ ဆဲလ်တစ်ခုချင်းစီသည် မရေမတွက်နိုင်သော ဂြိုလ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဖရိုဖရဲ ချီကို စုပ်ယူနေသည့်အလားပင်။
သူသည် နာကျင်မှုကို ကြံ့ကြံ့ခံရင်း ဖရိုဖရဲချီကို ထိန်းချုပ်ကာ အတားအဆီးကို ထိုးနှက်တိုက်ခိုက်လိုက်သည်။ ကြယ်များကဲ့သို့ လေးလံသော ဖရိုဖရဲချီ၏ တစ်ချက်တည်းသော ထိုးနှက်မှုအောက်တွင် အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီဖြစ်သော အဟန့်အတားသည် ကွဲအက်သွားတော့သည်။
လုရီ၏ ပေါင်းစည်းနေသော ဝိညာဉ်စွမ်းအား၊ မူလဝိညာဉ်နှင့် ရုပ်ခန္ဓာတို့သည် အစပိုင်းတွင် တစ်စစီ ပေါင်းစပ်နေရာမှ ယခုအခါ လုံးဝတစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားပြီး ပြီးပြည့်စုံသော ပေါင်းစည်းမှုတစ်ခုကို ရရှိခဲ့လေသည်။
ဤအခိုက်အတန့်တွင် ကမ္ဘာလောကကြီးသည် ပို၍ပင် ရှင်းလင်းပြတ်သားလာသကဲ့သို့ ထင်မှတ်ရ၏။
ဤအခိုက်အတန့်တွင် လုရီသည် ကပ်ဘေးဖြတ်ကျော် နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
---
ကပ်ဘေးဖြတ်ကျော် နယ်ပယ်သည် အခြားနယ်ပယ်များနှင့် မတူပေ။ ဤနယ်ပယ်သို့ ရောက်ရှိခြင်းသည် နောက်ဆုံးတက်လှမ်းမှုအတွက် ပြင်ဆင်ခြင်းဟု ဆိုလိုပါ၏။
ယင်းက သေမျိုးတစ်ဦးမှ အင်မော်တယ်အဖြစ်သို့ ပြောင်းလဲခြင်း၏ နောက်ဆုံးခြေလှမ်းဖြစ်လေသည်။ ဤအရာအားလုံးသည် တက်လှမ်းခြင်းမိုးကြိုးကပ်ဘေးကို ကျော်လွှားရန် ပြင်ဆင်ခြင်းပင်။
၎င်းသည် မိမိကိုယ်ကို စဉ်ဆက်မပြတ် ပြီးပြည့်စုံအောင် ပြုလုပ်ခြင်း၊ ချို့တဲ့မှုများကို ရှာဖွေဖော်ထုတ်၍ ဖြေရှင်းခြင်း လုပ်ငန်းစဉ်တစ်ခု ဖြစ်၏။ ကောင်းကင်နှင့်မြေကြီး၏ တာအိုကို နားလည်သဘောပေါက်ခြင်း၊ မိမိ၏နယ်ပယ်ကို အစွမ်းကုန်မြှင့်တင်ခြင်းနှင့် နိယာမများကို နားလည်ရန် ပြင်ဆင်ခြင်း လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်သည်။ ဤနယ်ပယ်မှ ကျင့်ကြံသူတစ်ဦးသည် အင်မော်တယ်များနှင့် သေမျိုးများအကြား လမ်းဆုံတွင် ရပ်တည်နေပြီး ဖြစ်၍ အလွန်တရာ အစွမ်းထက်လှသည်။
အဆင့်တက်နေစဉ်အတွင်း လုရီသည် သူ၏အခြေခံအုတ်မြစ်ကို ပိုမိုသန့်စင်ရန် ဖရိုဖရဲမူလအရည်ကို တစ်စက်ပြီးတစ်စက် ထုတ်ယူသုံးစွဲခဲ့သည်။ ဖရိုဖရဲ ချီသည် လုရီ၏ ခန္ဓာကိုယ်ကို ဖြည့်တင်းလိုက်ရာ သူ၏ ယခင်က အပြစ်အနာအဆာ ကင်းသော ရုပ်ခန္ဓာသည် ယခုအခါ ဖရိုဖရဲမှ မွေးဖွားလာသော မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ ကြွယ်ဝသော ရွှေဝါရောင်အလင်းများ ထွက်ပေါ်နေပြီး အသက်ရှူမှားလောက်သည့် အရှိန်အဝါကို ထုတ်လွှတ်နေ၏။
သူ၏ ဝိညာဉ်စွမ်းအားသည်လည်း ဆက်လက်မြင့်တက်လာပြီး ပတ်ဝန်းကျင်မှ ဝိညာဉ်ကျောက်စိမ်းများအားလုံးသည် ကြေမွသွား၏။ အရည်အဖြစ်သို့နီးပါး ပြောင်းလဲသွားသော ဝိညာဉ်စွမ်းအားများကို လုရီက လုံးဝစုပ်ယူလိုက်သည်။ ဆန်းကြယ်မြင်ကွင်းအမျိုးမျိုး ပေါ်ထွက်လာပြီး လုရီ၏ အရှိန်အဝါသည် မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့လေ၏။
---
ခဏအကြာတွင် လုရီ၏ ပတ်လည်မှ အရှိန်အဝါသည် တဖြည်းဖြည်း ငြိမ်သက်သွား၏။ ထိုအခါမှ သူ၏မျက်လုံးများကို ဖွင့်လိုက်တော့သည်။
မျက်လုံးဖွင့်လိုက်သည်နှင့် ကောင်းကင်တာအို၏ ဖိအားကို ခံစားလိုက်ရသည်။
လုရီ၏ မျက်လုံးများက အရောင်တစ်ချက်လက်သွားပြီး နေရာလပ်နိယာမကို အသုံးပြုလိုက်ရာ သူ၏ခန္ဓာကိုယ်သည် မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားလေ၏။
သူသည် ကောင်းကင်ကပ်ဘေးကို မဖြတ်ကျော်ရသေးသော်လည်း လုရီသည် ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူအဖြစ် သတ်မှတ်ခံရပြီးဖြစ်ကာ သူ၏ဝိညာဉ်စွမ်းအားမှာ မဟာယာနနယ်ပယ်ထက် များစွာသာလွန်နေပြီ ဖြစ်သည်။
နေရာလပ်နိယာမကို အသုံးပြုသည့်အခါတွင်ပင် လုရီသည် ကီလိုမီတာပေါင်း သောင်းနှင့်ချီ၍ တိုက်ရိုက်ဖြတ်ကျော်သွားလာနိုင်သော ဝိညာဉ်စွမ်းအားအလုံအလောက် ရှိနေ၏။ ထိုသို့သော အမြန်နှုန်းသည် အချို့သော အင်မော်တယ်များကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
---
အလင်းတန်းအနည်းငယ် ဖြာထွက်ပြီးနောက်
လုရီသည် အာကာသ၏ ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားသည်။
လုရီ ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားသည်နှင့် ကြီးမားလှသော ကြောက်မက်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်လာ၏။ သူ၏ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး အပေါ်သို့ မော့ကြည့်လိုက်ရာ ဟင်းလင်းပြင်အထက်တွင် နက်ရှိုင်းသော တိမ်တိုက်များ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
ထိုတိမ်တိုက်များအတွင်း၌ ရွှေရောင်မိုးကြိုးအလင်းတန်းများက မတည်မငြိမ် တဖျပ်ဖျပ်လက်နေပြီး လုရီ ရင်ဆိုင် ကြုံတွေ့ခဲ့ရသော ကီလိုမီတာ တစ်ထောင် မြင့်သည့် ကောင်းကင်မိစ္ဆာထက်ပင် သာလွန်သော ကြောက်မက်ဖွယ်အရှိန်အဝါများ ပါဝင်နေလေသည်။
သိထားရမည်မှာ ထိုကောင်းကင်မိစ္ဆာသည် အင်မော်တယ်တစ်ပါးဖြစ်၏။ ယခု လုရီ ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်သို့ အဆင့်တက်ရာတွင် ရင်ဆိုင်ရသော ကပ်ဘေးမိုးကြိုးသည် တက်လှမ်းပြီးသော အင်မော်တယ်ကိုပင် သာလွန်နေပါသေးသည်။
တိမ်တိုက်များသည် ဆက်လက် နယ်ချဲ့လာပြီး လျင်မြန်စွာပင် ကီလိုမီတာ တစ်သိန်းအား ကျော်လွန်သွားကာ ကီလိုမီတာ တစ်သန်းသို့ပင် ချဉ်းကပ်လာတော့သည်။
---
ကြောက်မက်ဖွယ် ကောင်းသော ကောင်းကင်ကပ်ဘေး ပေါ်ထွက်လာသည်နှင့် ထျန်းမင်အတွင်းရှိ အစွမ်းထက်ပုဂ္ဂိုလ်များအားလုံး ယင်းကို ခံစားမိကြလေသည်။
တိမ်ဖြူဂိုဏ်းအတွင်း၌ လင်းလောင်တောင်ထိပ်သခင်မသည် လန့်နိုးလာပြီး ဝါးစံအိမ်မှ ထွက်လာကာ...
“ဒီအရှိန်အဝါ... အဲ့ဒီကောင်စုတ်လေးလား။ အားကောင်းလိုက်တာ၊ သူ အဆင့်တက်သွားတာလား” ဟု တီးတိုးရေရွတ်လိုက်သည်။
ကျိုယိုချောက်နက်ကြီး၏ အတွင်းပိုင်း၌ အဘွားယွမ်လင်သည် ကောင်းကင်ကပ်ဘေးရှိရာဘက်သို့ ဦးခေါင်းကို မော့လိုက်ပြီး မယုံနိုင်စွာဖြင့်
“ဒါ သခင်လေးလုရီရဲ့ အရှိန်အဝါလား။ လုရီက ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်ကို အခုမှဝင်တာနဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့ ဖိအားကို ပိုင်ဆိုင်နေပြီလား” ဟု ရေရွတ်လိုက်၏။
သားရဲတစ်သောင်း တောင်တန်း၏ နက်ရှိုင်းသောနေရာတွင် ဝမ်ကျန်းယွမ်နှင့် ဓားတာအိုပညာရှင်တို့သည် ခြေထောက်ချိတ်ထိုင်ကာ စစ်တုရင်ကစားနည်းတစ်ခုကို ကစားနေကြခြင်းပင်။ သို့သော်လည်း ယခုအခါ သူတို့သည် ရပ်တန့်လိုက်ကြပြီး မျက်နှာအမူအရာများက သိသိသာသာ ပြောင်းလဲသွားကာ ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
ဝမ်ကျန်းယွမ်၏ ပတ်လည်တွင် ပျံဝဲနေသော
အင်မော်တယ်ဓားသည် မှိန်ဖျော့သော တဝီဝီမြည်သံကို ထုတ်လွှတ်နေ၏။ သူက ရေရွတ်လိုက်သည်။
“ဒါ... မိတ်ဆွေလေးလုရီရဲ့ အရှိန်အဝါလား”
“အားပါးပါး... ကြောက်စရာကောင်းလိုက်တဲ့ အရှိန်အဝါ၊ ဒီဖိအားက ကောင်းကင်ဘုံ အင်မော်တယ်ရဲ့ စတုတ္ထအလွှာ ဒါမှမဟုတ် ဒီထက်မြင့်တဲ့အဆင့်နဲ့တောင် ယှဉ်နိုင်လောက်တယ် မဟုတ်လား” ဓားတာအိုပညာရှင်က မယုံနိုင်စွာဖြင့် ခွန်းတုံ့ပြန်၏။ “သူက အခု... ကပ်ဘေးဖြတ်ကျော် နယ်ပယ်ကို အဆင့်တက်နေတာလား။ ယွီမိသားစုက အဲ့ဒီပုဂ္ဂိုလ်ရဲ့ တပည့်တစ်ယောက်ဖြစ်ရတာနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်။”
---
“သွားကြစို့၊ သွားကြည့်ကြရအောင်။”
ဝမ်ကျန်းယွမ်သည် မတ်တပ်ထရပ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ကပ်ဘေးရှိရာဘက်သို့ ပျံသန်းသွားလေသည်။
ဓားတာအိုပညာရှင်သည်လည်း အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ နောက်မှလိုက်ပါသွား၏။
သူတို့အပြင် ထျန်းမင်တစ်ခွင်လုံးရှိ အစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း ကောင်းကင်ကပ်ဘေးရှိရာဘက်သို့ ကြည့်ရှုနေကြလေသည်။
အချို့မှာ ဟင်းလင်းပြင်အင်မော်တယ်များနှင့် အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေများမှ အင်မော်တယ်ဘိုးဘေးများဖြစ်ပြီး၊ အချို့မှာ စစ်ပွဲကြောင့် ထျန်းမင်သို့ ရောက်ရှိလာကြသော အင်မော်တယ်အဆင့် တကိုယ်တော် ကျင့်ကြံသူများနှင့် အင်အားစုအသီးသီးမှ ကျင့်ကြံသူများ ဖြစ်ကြသည်။
ကျင့်ကြံသူများသည် စိတ်အားထက်သန်စွာ ဆွေးနွေးနေကြပြီး အားလုံးသည် ကောင်းကင်ကပ်ဘေးရှိရာဘက်သို့ ရွေ့လျားလာကြ၏။
မကြာမီပင် ကျင့်ကြံသူများစွာသည် အာကာသ၏ ဟင်းလင်းပြင်ထဲသို့ ရောက်ရှိလာကြသည်။
ထိုကျင့်ကြံသူများထဲတွင် အင်မော်တယ်အဆင့်ရှိ ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာ ပါဝင်၏။ အချို့မှာ လူသားမျိုးနွယ်မှ ဖြစ်သည်။ အချို့မှာ မျက်လုံးသုံးလုံး မျိုးနွယ်မှဖြစ်ကာ အခြားသူများမှာ
မတူညီသော ကမ္ဘာခြား မျိုးနွယ်များမှ ဖြစ်ကြသည်။ သူတို့အပြင် အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေများမှ ဟင်းလင်းပြင်အင်မော်တယ်အဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်များလည်း ရှိနေကြသည်။
အင်မော်တယ်ဓားဂိုဏ်းမှ အင်မော်တယ်ဘိုးဘေး ပုယွင်ကျန့်သည်လည်း ဆရာသခင်ကြီးနှင့်အတူ ရောက်ရှိနေပြီး ကောင်းကင်နဂါးမြင့်မြတ်နယ်မြေကဲ့သို့သော အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေအသီးသီးမှ အင်မော်တယ်ဘိုးဘေးများလည်း ရှိနေကြပါ၏။
လူတိုင်းသည် အဝေးမှ ဟင်းလင်းပြင်ထဲရှိ အဆုံးမဲ့မည်းမှောင်သော တိမ်တိုက်များနှင့် ထိုအောက်ရှိ လုရီကို အံ့ဩတကြိီး မျက်နှာထားများဖြင့် ကြည့်ရှုနေကြလေသည်။
“တစ်စုံတစ်ယောက် ကပ်ဘေးခံယူနေတာလား။ အရှိန်အဝါကိုကြည့်ရတာ ကောင်းကင်မိုးကြိုးကပ်ဘေးပဲ။” မျက်လုံးသုံးလုံး မျိုးနွယ်မှ အင်မော်တယ်တစ်ဦး၏ မျက်လုံးသုံးလုံးစလုံးသည် အံ့ဩတကြီး ပြူးကျယ်သွားပြီး လုရီကို ကြည့်ကာ “ငါတို့ မျက်လုံးသုံးလုံး ကြယ်တာရာဒေသကနေ ဒီလို ကောင်းကင်ကိုစိန်ခေါ်တဲ့ နတ်ဆိုးတစ်ကောင် ဘယ်တုန်းက ပေါ်ထွက်လာတာလဲ” ဟု မေးခွန်းထုတ်လိုက်သည်။
---
“သူနဲ့ယှဉ်ရင် ဘန်နာကူတောင်မှ
မယှဉ်နိုင်လောက်ဘူး မဟုတ်လား။”
အနီးအနားမှ မျက်လုံးသုံးလုံး မျိုးနွယ်မှ ကျင့်ကြံသူများစွာသည်လည်း အလားတူပင် တုန်လှုပ်နေကြသည်။
“ကြယ်တာရာနယ်မြေတပ်မတော်လည်း ဒီမှာရှိနေတာပဲ၊ ဒီလူသားကံကောင်းပုံပဲ။ သူ ကြယ်တာရာနယ်မြေတပ်မတော်က တန်ဖိုးထားခြင်းခံရဖို့ များတယ်။”
---
ဤစကားကြောင့် အင်မော်တယ်များစွာသည် မနာလိုသော မျက်နှာထားများ ပေါ်လာကြသည်။
ပုယွင်ကျန့်၏ ဘေးတွင် အစွမ်းထက်ကျင့်ကြံသူများစွာ ရပ်နေ၏။ မျက်လုံးသုံးလုံး မျိုးနွယ်မှ တစ်ဦးက ဝင်ရောက်သုံးသပ်လိုက်သည်။
“ရောင်းရင်းပု၊ ဒါ ခင်ဗျားတို့ ထျန်းမင်က လူပဲ၊ ခင်ဗျား သူ့ကို သိသလား။ ထျန်းမင်တော့ ကံကောင်းတော့မှာပဲ၊ ဒီလို လူသားပါရမီရှင်တစ်ယောက် ပိုင်ဆိုင်ထားတာ။ သူက ကြယ်တာရာနယ်မြေတပ်မတော်ကို သေချာပေါက် ဝင်ရောက်ပြီး အဓိကလေ့ကျင့်ပေးခံရမှာပဲ။ သူသာ အစစ်အမှန် အင်မော်တယ်၊ နက်ရှိုင်းခြင်း အင်မော်တယ်၊ ဒါမှမဟုတ် ရွှေအင်မော်တယ်အဆင့်ကို ရောက်သွားရင် သူ့လက်ချောင်းကြားက အကြွင်းအကျန်လေးတွေကတောင် ထျန်းမင်ကို အကြီးအကျယ် အကျိုးပြုနိုင်တယ်၊ အင်မော်တယ်ကြယ်တစ်စင်းအဖြစ်တောင် ပြောင်းလဲသွားနိုင်တယ် နော် ”
---
ပုယွင်ကျန့်သည် ခပ်ဟဟရယ်ကာ ခေါင်းခါယမ်းပြီး “ဒီမိတ်ဆွေကိုတော့ ကျွန်တော် သိတာပေါ့၊ ဒါပေမဲ့ ရောင်းရင်းကူမီး၊ ဒီမိတ်ဆွေရဲ့ အဆင့်အတန်းက သာမန်မဟုတ်ဘူး၊ သူ ကြယ်တာရာနယ်မြေတပ်မတော်ကို ဝင်ချင်မှ ဝင်လိမ့်မယ်” ဟု လျှို့ဝှက်သော အပြုံးဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
---
ကူမီးနှင့် အခြားကျင့်ကြံသူများသည် ပုယွင်ကျန့်ကို နားမလည်ဟန်ဖြင့် ကြည့်လိုက်ကြသည်။
“ဘယ်လို အဆင့်အတန်းမျိုးလဲ။”
---
လူအုပ်ကြီးသည် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေ၏။
ပုယွင်ကျန့်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးရင်း
“ခင်ဗျားတို့ ကြားပြီးသားဖြစ်မှာပါ၊ ဟုတ်တယ်မလား။ ထျန်းမင်မှာ အခု ယွီမိသားစုက အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ရှိနေတယ်လေ” ဟု ပြန်လည်ဖြေကြားသည်။
---
အခြားသူများအားလုံးသည် သဘာဝကျကျ ခေါင်းညိတ်လိုက်ကြသည်။
“ကြားဖူးပါတယ်၊ ယွီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက် ထျန်းမင်မှာ ရှိနေတယ်ဆို။ ဒါပေမဲ့ ကြယ်တာရာနယ်မြေတပ်မတော်က သူတို့ကို မနှောင့်ယှက်ဖို့ တင်းကျပ်တဲ့ အမိန့်ထုတ်ထားတယ်” ဟု ကူမီးက ထောက်ခံပြောဆိုသည်။
---
လက်မောင်းသုံးစုံပါသော လူသားပုံစံသတ္တဝါတစ်ဦး၏ မျက်လုံးများတွင် အံ့အားသင့်ဟန်တစ်ခု ဖြတ်ပြေးသွားပြီး လုရီကို ကြည့်ရင်း သုံးသပ်လာသည်။
“ဒီပုဂ္ဂိုလ် ဖြစ်နိုင်မလား။ ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ကပ်ဘေးကို ရင်ဆိုင်နေရတာ၊ သူက ကောင်းကင် ကြယ်တာရာနယ်မြေတစ်ခုလုံးမှာ ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်ရမယ်။ သူသာ ယွီမိသားစုကဆိုရင်တော့ အဓိပ္ပာယ်ရှိသွားပြီ”
---
အခြားသူများသည် တုန်လှုပ်သွားကြပြီး လုရီကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
အကယ်၍သာ သူသည် ယွီမိသားစုမှ အမှန်တကယ်ဖြစ်ပါက သူနှင့် ရင်းနှီးအောင် ပေါင်းသင်းနိုင်လျှင် သူတို့သည် ကောင်းကင်သို့ပင် တက်လှမ်းနိုင်ပေလိမ့်မည်။
ပုယွင်ကျန့်က ပြုံးကာ “သူက ယွီမိသားစုက အဲ့ဒီပုဂ္ဂိုလ်ကြီးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အများကြီးလည်း မကွာပါဘူး၊ သူက အဲ့ဒီပုဂ္ဂိုလ်ရဲ့ တပည့်ပဲ” ဟု ထပ်လောင်းရှင်းပြသည်။
---
“ဒါဆို သူက ယွီမိသားစုက အဲ့ဒီပုဂ္ဂိုလ်ကြီးရဲ့ တပည့်ပေါ့။ ဒါကြောင့်ကိုး...”
အကြည့်များစွာသည် ပြောင်းလဲသွားပြီး လုရီကို စမ်းသပ်လိုစိတ် အရိပ်အယောင်များဖြင့် ကြည့်ရှုနေကြသည်။
သို့သော် ကြယ်တာရာနယ်မြေတပ်မတော်မှ တင်းကျပ်သော အမိန့်များကြောင့် သူတို့သည် ချီတုံချီတုံဖြစ်နေပြီး သူ့ကို မနှောင့်ယှက်ဝံ့ကြပေ။
ဤအခိုက်အတန့်တွင် ကူမီးသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ၏မျက်လုံးများက အရောင်တောက်သွားပြီး ပုယွင်ကျန့်ဘက်သို့ လှည့်ကာ အကြံပြုလေ၏။
“ရောင်းရင်းပု၊ ဒီမိတ်ဆွေနဲ့ ခင်ဗျားရဲ့ ဆက်ဆံရေးက ဘယ်လောက် ကောင်းလဲ။ ကျွန်တော်တို့အားလုံးက ဒီမှာ မိတ်ဆွေကောင်းတွေချည်းပဲလေ၊ ဒါကြောင့် ကျွန်တော်က ဒီမိတ်ဆွေရဲ့ ကပ်ဘေးဖြတ်ကျော် အဆင့်ချိုးဖြတ်ပွဲကို ဂုဏ်ပြုဖို့ စားသောက်ပွဲတစ်ခု တည်ခင်းပေးရင် ဘယ်လိုလဲ”
“ဒါက...” ပုယွင်ကျန့်က ချီတုံချီတုံဖြစ်သွားသည်။
သို့သော် သူ၏ တာအိုရောင်းရင်းများအားလုံး မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်ကို မြင်သောအခါ ပုယွင်ကျန့်သည် ခါးသီးစွာ ပြုံးလိုက်ရင်း “ရိုးရိုးသားသားပြောရရင်၊ ဒီမိတ်ဆွေနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက ခင်ဗျားတို့ထင်သလောက် မကောင်းပါဘူး၊ ကျွန်တော် သူ့ကို အကောင်းဆုံး ကြိုးစားဖိတ်ခေါ်ပေးကြည့်ပါ့မယ်လို့ပဲ ပြောနိုင်တယ်” ဟု မရဲတရဲ ပြောလိုက်တော့သည်။
“ဒါဆိုရင် လုံလောက်တာထက်တောင် ပိုနေပါပြီဗျာ”
အင်မော်တယ်ကျင့်ကြံသူအားလုံးသည် အလွန်တရာ စိတ်လှုပ်ရှားသွားကြတော့သည်။
ပုယွင်ကျန့်တစ်ဦးတည်းသာမက ထျန်းမင်မှ အခြားသော ဒေသခံ အင်မော်တယ်ဘိုးဘေးများသည်လည်း စကြဝဠာတွင် သူတို့၏ မိတ်ဆွေများ အသီးသီးရှိကြလေရာ လက်ရှိတွင် စိတ်အားထက်သန်စွာ ဆွေးနွေးနေကြကာ လုရီကို မိတ်ဖွဲ့ရန် ကြိုးစားလိုစိတ်ဖြင့် မျက်လုံးများ တဖျပ်ဖျပ်လက်နေကြသည်။
---
ထိုစဉ်မှာပင် တိတ်ဆိတ်သော ဝိညာဉ်စွမ်းအားတုန်ခါမှုတစ်ခု ယိုစိမ့်လာ၏။
မည်းမှောင်သော တိမ်တိုက်များကြားတွင် ရွှေရောင်အလင်းတန်းများ စတင်တောက်ပလာပြီးနောက် များပြားလှသော ရွှေရောင်လူသားပုံစံ မိုးကြိုးများအဖြစ်သို့ ပြောင်းလဲသွားတော့၏။ ရွှေရောင်လူသား တစ်ဦးစီသည် မှော်လက်နက်တစ်ခုကို ကိုင်စွဲလျက် လုရီထံသို့ တရကြမ်း တိုးဝင်လာကြသည်။
ထူထပ်သိပ်သည်းလှသော လူသားပုံစံမိုးကြိုးများသည် တစ်ဦးစီတွင် အထွတ်အထိပ် ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူ၏ အရှိန်အဝါများ
ရှိနေလေ၏။ အရေအတွက်မှာ သောင်းနှင့် ချီ၍ ရှိနေရာ အနီးအနားမှ အင်မော်တယ်များကိုပင် အနည်းငယ် ထုံကျင်သွားစေသည်။
ကောင်းကင်ကပ်ဘေး... စတင်ခဲ့လေပြီ။
အခန်း ၅၅၅ - ကပ်ဘေးဖြတ်ကျော် နယ်ပယ်သို့ အဆင့်တက်ခြင်းအတွက် ဆုလာဘ်များ
~ကပ်ဘေးဖြတ်ကျော် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ အနည်းငယ်မျှသည် အင်မော်တယ်တစ်ပါးအတွက် မပြောပလောက်သော်လည်း၊ အရေအတွက် များလွန်းပါက အင်မော်တယ်တစ်ပါးပင်လျှင် ကြီးမားသော ဖိအားကို ခံစားရပေလိမ့်မည်။
အင်မော်တယ်များသည် မယုံနိုင်လောက်အောင် အားကောင်းသော ပြန်လည်ကုသနိုင်စွမ်း ရှိကြသော်လည်း အင်မော်တယ်ဝိညာဉ်စွမ်းအားမှာ အဆုံးမရှိသည်တော့ မဟုတ်ပေ။ အင်မော်တယ်ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားသည်နှင့် ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူတစ်ဦးပင်လျှင် အင်မော်တယ်တစ်ပါးကို ထိခိုက်စေနိုင်၏။
မိုးကြိုးမှ ပြုလုပ်ထားသော ထိပ်တန်းအဆင့်ဝိညာဉ်လက်နက်များကို ကိုင်စွဲထားသည့် မရေမတွက်နိုင်သော အထွတ်အထိပ် ကပ်ဘေးဖြတ်ကျော် လူသားပုံစံမိုးကြိုးများသည် သာမန်မဟုတ်ချေ။ ဟင်းလင်းပြင်အင်မော်တယ်တစ်ပါးပင်လျှင် ချက်ချင်း ဝါးမျိုခံရမည်ဖြစ်ပြီး အင်မော်တယ်တစ်ပါးသည်လည်း ကြီးမားသော ဖိအားကို ခံစားရပေလိမ့်မည်။
သို့သော်ငြားလည်း ထိုအရာမှာ သာမန်ကျင့်ကြံသူတစ်ဦးအတွက်သာ ဖြစ်သည်။ လုရီ၏ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်သည်လည်း အလားတူ အစွမ်းထက်လှပြီး သူ၏ရုပ်ပိုင်းဆိုင်ရာကာကွယ်မှုမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှ၏။
ကပ်ဘေးဖြတ်ကျော်ခြင်း အထွတ်အထိပ်အဆင့်ရှိသူများ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရသည့်အခါ၌ပင် သူသည် အနည်းငယ် စပ်ဖျဉ်းဖျဉ်းဖြစ်သည်ဟုသာ ခံစားရသည်။
လူသားပုံစံမိုးကြိုးများမှာ များပြားလှသော်လည်း သူတို့၏ ထူထပ်သော တိုက်ခိုက်မှုများက သူ့အပေါ်သို့ မိုးရွာသကဲ့သို့ ကျရောက်လာရာ သူ့အား ပြင်းထန်သော နာကျင်မှုကို ဖြစ်စေ၏။ သို့သော် ဤဒဏ်ရာမျိုးကို လုရီသည် အင်မော်တယ်နိယာမကို အသုံးပြု၍ လုံးဝ ပြန်လည်ကုသနိုင်လေသည်။
---
ထူထပ်သော လူသားပုံစံမိုးကြိုးများ ဝန်းရံထားသည့်ကြားတွင် လုရီသည် မျက်လုံးများကိုမှိတ်ထားပြီး သူကျန်ရှိနေသေးသော ရုတ်ချည်းဉာဏ်အလင်းရရှိခြင်း အခွင့်အရေးများကို အသုံးပြုကာ ကျင့်ကြံခြင်းနည်းစနစ်များနှင့် တာအိုကို နားလည်ရန် စတင်လိုက်သည်။
ဖရိုဖရဲ မူလအရည်ကို စုပ်ယူပြီးနောက် လုရီ၏ အခြေခံအုတ်မြစ်သည် ပိုမိုခိုင်မာလာပြီး သူ၏ တာအိုကိုယ်ပွားသည်လည်း သူနှင့် လုံးဝပေါင်းစပ်သွားခဲ့ပြီဖြစ်၏။ သူသည် သူ၏နားလည်နိုင်စွမ်းကို မြှင့်တင်ရန် ဉာဏ်အလင်းလက်ဖက်ရည်ကို အမြဲသုံးစွဲလေ့ရှိသည်။
ဤအခိုက်အတန့်တွင် လုရီ၏ နားလည်နိုင်စွမ်းမှာ အလွန်တရာ အားကောင်းနေ၏။
ရုတ်ချည်းဉာဏ်အလင်းရရှိခြင်းနှင့်အတူ တာအိုအလင်းရောင်မျိုးစုံ ဖြာထွက်နေ၏။ ထိုစဉ်
တာအိုတေးသံတို့က လုရီ၏ စိတ်ထဲတွင် စီးဆင်းနေကာ ၎င်းအား အဆုံးမဲ့ရွှေရောင်ကောင်းကင်မိုးကြိုးများကပင် ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
ထိုသို့သော တာအိုအလင်းရောင်အောက်တွင်
လုရီ၏ ခန္ဓာကိုယ်ပတ်လည်၌ အင်းကွက်များ တဖျပ်ဖျပ်လက်နေပြီး သူသည် အင်မော်တယ်ကျမ်းများနှင့် နိယာမများကို ထပ်ခါတလဲလဲ နားလည်ရန် ကြိုးစားနေတော့သည်။
ကိုးပါးအင်မော်တယ်ခန္ဓာကိုယ်ကျင့်စဉ်သည် သူ၏ စွမ်းအားနိယာမ၊ အင်မော်တယ်နိယာမနှင့် အခြားဆက်စပ်စွမ်းအားများကြောင့် များစွာတိုးတက်လာခဲ့၏။ လုရီတွင် စိတ်ကူးစိတ်သန်းများစွာရှိနေပြီး လက်ရှိတွင် ၎င်းတို့ကို တစ်ခုပြီးတစ်ခု တွက်ချက်နေသည်။
စက္ကန့်တိုင်းတွင် လုရီ၏စိတ်သည် တွက်ချက်မှုပေါင်း သောင်းနှင့်ချီ၍ ပြုလုပ်နေပြီး အကြိမ်တိုင်းတွင် မတူညီသော ပြောင်းလဲမှုများဖြင့် ပြည့်နှက်နေ၏။ တဖြည်းဖြည်းနှင့် ကိုးပါးအင်မော်တယ်ခန္ဓာကိုယ်၏ တာအိုပုံစံများသည် ယခင်ကထက် ပိုမိုလျှို့ဝှက်ဆန်းကြယ်ပြီး နက်ရှိုင်းလာတော့သည်။
ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်များကို နားလည်ခြင်းအပြင် လုရီသည် ချီကျင့်ကြံခြင်းနည်းစနစ်များနှင့် မိုးကြိုးနိယာမကိုလည်း များစွာနားလည်လာခဲ့သည်။ အထူးသဖြင့် မိုးကြိုးနိယာမမှာမူ ဤကဲ့သို့သော ကောင်းကင်ကပ်ဘေးအလယ်တွင် လုရီ၏ ပတ်ဝန်းကျင်အားလုံးသည် မိုးကြိုးများသာဖြစ်ပြီး အခြားစွမ်းအားများ အားလုံးမှာ လုံးဝ နှင်ထုတ်ခံထားရ၏။
ဤသည်မှာ နိယာမများကို နားလည်ရန် အကောင်းဆုံးသော ပတ်ဝန်းကျင် ဖြစ်လေသည်။ မူလက လုရီ၏ မိုးကြိုးနိယာမသည် နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းနှင့် တာဝန်များထမ်းဆောင်ခြင်းအားဖြင့် ၂၀% သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်၏။ ယခု ဤရုတ်ချည်း ဉာဏ်အလင်းရရှိမှုအလယ်တွင် လျင်မြန်စွာ တိုးတက်လာပြီး မကြာမီ ၃၀% ကို ကျော်လွန်သွားတော့သည်။
အဆုံးမဲ့ ရွှေရောင်ကောင်းကင် မိုးကြိုးများသည် လုရီကို နစ်မြုပ်သွားစေပြီး ရွှေရောင်နေလုံးကြီးတစ်လုံးက သူ့ကို ဝါးမျိုနေသည့်အလား ထင်မှတ်ရ၏။ ဤတုန်ခါမှုသည် အင်မော်တယ်အဆင့် စွမ်းအားရှင်များကိုပင် မျက်မှောင်ကြုတ်ကာ တည်ကြည်သော မျက်နှာထားများ ဖြစ်သွားစေသည်။
---
အချိန်ကုန်လွန်သွားပြီး နာရီပေါင်းများစွာကြာပြီးနောက် လူသားပုံစံမိုးကြိုးများသည် နောက်ဆုံးတွင် ရွှေရောင်မိုးကြိုးအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး မိုးကြိုးများလည်း ကွဲလွင့်သွားတော့သည်။ လုရီ၏ အရေပြားသည် မီးလောင်ကျွမ်းထားသကဲ့သို့ မည်းနက်နေ၏။
ထို့နောက် မီးလောင်ကျွမ်းနေသော အသားအရေပေါ်တွင် အက်ကြောင်းများ စတင်ပေါ်ပေါက်လာပြီး အတွင်းမှ နက်မှောင်သောရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ ထိုမီးလောင်ကျွမ်းနေသော အလွှာသည် လျင်မြန်စွာ ကွဲအက်သွားပြီး လုရီ၏ခန္ဓာကိုယ်ကို ဖော်ပြလိုက်တော့သည်။
သူသည် တာအိုအလင်းရောင်များဖြင့် ဖုံးလွှမ်းနေပြီး တုန်ခါနေသော အရှိန်အဝါနှင့်အတူ သူ၏ပတ်လည်မှ ဟင်းလင်းပြင်ပင်လျှင် လိမ်ကောက်နေ၏။ လုရီသည် လေပူများကို ညင်သာစွာမှုတ်ထုတ်လိုက်ပြီး ခပ်ရေးရေးအပြုံးတစ်ခုကို ပြသလိုက်သည်။
'နောက်ဆုံးတော့ ငါ ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီ၊ နောက်ဆိုရင် တက်လှမ်းဖို့ပဲ ကျန်တော့တယ်။'
---
ထို့နောက် လုရီသည် လျင်မြန်စွာ ချဉ်းကပ်လာသော အရှိန်အဝါ အများအပြားကို ခံစားလိုက်ရသည်။
သူမော့ကြည့်လိုက်ရာ အင်မော်တယ်ဓားဂိုဏ်းနှင့် အခြားအင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေများမှ အင်မော်တယ်ဘိုးဘေးများ၊ ဝမ်ကျန်းယွမ်နှင့် ဓားတာအိုပညာရှင်တို့အပါအဝင် ရင်းနှီးသော မျက်နှာအချို့ကို တွေ့လိုက်ရ၏။ သူတို့အပြင်
မျက်နှာစိမ်း ကျင့်ကြံသူအချို့လည်း ရှိနေသေး၏။ ထိုကျင့်ကြံသူများတွင်လည်း အလွန်အားကောင်းသော အရှိန်အဝါများ ရှိနေသည်။
လုရီသည် ကမ္ဘာခြား မျိုးနွယ်ဝင်အချို့ကိုပင် တွေ့လိုက်ရရာ အံ့အားသင့်စွာဖြင့် အကြိမ်အနည်းငယ် စေ့စေ့စပ်စပ် ကြည့်မိသည်။
ထို့နောက် လုရီသည် ကြယ်တာရာနယ်မြေ၏ အခြားဒေသများမှ အင်မော်တယ်များ ဤနေရာသို့ လာရောက်မည်ဟု ပုယွင်ကျန့် ယခင်က ပြောခဲ့သည်ကို ပြန်လည်စဉ်းစားမိလိုက်သည်။
'အရင်တစ်ခေါက် အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေများအားလုံး စုဝေးစဉ်က အင်မော်တယ်ဘိုးဘေးတွေ ထျန်းမင်ကို ဆင်းသက်လာတုန်းက ထျန်းမင်မှာ တခြားအင်မော်တယ်တွေ မရှိခဲ့ဘူး။ အခုတော့ ဒီလောက်တောင် များနေပြီပဲ။ စစ်ပွဲက နီးကပ်လာပြီ ထင်ပါရဲ့။'
---
လုရီ၏ ရင်ထဲတွင် အနည်းငယ် လေးလံသွားပြီးနောက် သက်ပြင်းချကာ သက်သာရာရသွားသည်။ သူ၏ကျင့်ကြံမှုသည် ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်၍ သူ၏အစွမ်းသည် ယခင်ကထက် များစွာအားကောင်းလာခဲ့ပြီ။
အနည်းဆုံးတော့ ထိုသို့သောစစ်ပွဲများကို ရင်ဆိုင်ရာတွင် ခုခံနိုင်စွမ်းမရှိဘဲတော့ မဖြစ်နေတော့ပေ။
“လုရီ၊ ကပ်ဘေးဖြတ်ကျော် နယ်ပယ်ကို အဆင့်တက်နိုင်တာကို ဂုဏ်ပြုပါတယ်။ တက်လှမ်းဖို့ဆိုတာ အခုဆို ခြေတစ်လှမ်းပဲ လိုတော့တယ်” ဟု ဓားတာအိုပညာရှင်က ခပ်ဟဟရယ်မောရင်း ချီးကျူးစကားဆိုသည်။
ဝမ်ကျန်းယွမ်က လုရီကို ကြည့်ကာ ခေါင်းညိတ်ရင်း “လုရီ၊ မင်းရဲ့ပါရမီက တကယ်ကိုပဲ လူကို
မနာလိုဖြစ်စေတာပဲ” ဟု သူ၏လေးစားမှုကို ပြသသည်။
လုရီက ရွှင်လန်းစွာ ရယ်လိုက်၏။
“စီနီယာတို့ကတော့ မြှောက်လွန်းနေပါပြီ။ တက်လှမ်းဖို့ဆိုတာ ကျွန်တော့်အတွက် အများကြီး လိုပါသေးတယ်၊ ပိုပြီး ကြိုးစားဖို့ လိုပါသေးတယ်ဗျာ။”
---
အခြားအင်မော်တယ်အဆင့် စွမ်းအားရှင်များသည်လည်း သူတို့ပတ်လည်သို့ ဝန်းရံလာကြ၏။
အင်မော်တယ်ဓားဂိုဏ်း၊ ကောင်းကင်နဂါးမြင့်မြတ်နယ်မြေ၊ ထိုက်ရီ မြင့်မြတ်နယ်မြေ၊
လေ့ယင် မြင့်မြတ်နယ်မြေနှင့် အခြားမဟာဂိုဏ်းများမှ ယခင်က လုရီထံ လာရောက်လည်ပတ်ခဲ့ပြီး ဆွေးနွေးမှုများကို နှစ်ခြိုက်ခဲ့ကြသော
အင်မော်တယ်ဘိုးဘေးများသည်လည်း သဘာဝကျကျပင် ဂုဏ်ပြုစကားများ ဆိုကြသည်။
ပုယွင်ကျန့်ကပင် လုရီ၏ အဆင့်တက်ခြင်းကို ဂုဏ်ပြုရန် စားသောက်ပွဲကျင်းပရန် အကြံပြုလေသည်။
ပုယွင်ကျန့်၏ အဆိုပြုချက်ကို ကြားသောအခါ အခြားအင်မော်တယ်ဘိုးဘေးများသည်လည်း သဘာဝကျကျပင် မတုံ့ဆိုင်းဘဲ တစ်ယောက်ပြီးတစ်ယောက် စကားဆိုလာကြသည်။ လုရီက ငြင်းဆန်ခြင်းမပြုခဲ့ပေ။ ဤမျှကြာအောင် တံခါးပိတ်ကျင့်ကြံခဲ့ပြီးနောက် အနည်းငယ် အပန်းဖြေခြင်းသည်လည်း ကောင်းမွန်သော အရာတစ်ခုပင်။ နောက်ဆုံးတွင် ဓားတာအိုပညာရှင်နှင့် ဝမ်ကျန်းယွမ်တို့လည်း ပါဝင်လာကြပေသည်။
---
“သားရဲတစ်သောင်းတောင်တန်းကို လာလည်ပါလား၊ အဲ့ဒီက ရှုခင်းတွေက သာယာတယ်” ဟု ဝမ်ကျန်းယွမ်က သိမ်မွေ့စွာ ရယ်မောရင်း ဖိတ်ခေါ်သည်။
လုရီသည် ဝမ်ကျန်းယွမ်ကို အလွန်လေးစား၏။ အကြောင်းမှာ သူလေ့ကျင့်ခဲ့သော ပထမဆုံး
အင်မော်တယ်ကျမ်းဖြစ်သည့် အင်မော်တယ်ဓားကျမ်းကို ဝမ်ကျန်းယွမ်က သူ့အား သင်ကြားပေးခဲ့သောကြောင့်ဖြစ်ပြီး၊ သူသည် လုရီအတွက် ဆရာတစ်ပိုင်းနီးပါး ဖြစ်နေသည်။
သဘာဝကျကျပင် လုရီက ငြင်းဆန်ခြင်းမပြုဘဲ “ဒါဆိုရင် စီနီယာရဲ့ အကြံအတိုင်း သွားကြတာပေါ့” ဟု လေးစားစွာဖြင့် သဘောတူလိုက်၏။
ပုယွင်ကျန့်က လုရီအား နတ်ဓားဂိုဏ်းသို့ လာရောက်ရန် အဆိုပြုလိုသော်လည်း လုရီက ဆုံးဖြတ်ချက်ချပြီးဖြစ်သည်ကို မြင်သောအခါ အခြားကျင့်ကြံသူများလည်း ဆက်လက်၍ စကားမဆိုကြတော့ပေ။
ထိုအဖွဲ့သည် သားရဲတစ်သောင်းတောင်တန်းသို့ ဦးတည်သွားကြပြီး တောင်တန်းများ ကြည်လင်၍ ရေများ သန့်စင်သော နေရာတစ်ခုကို ရှာဖွေလိုက်ကြသည်။
အချို့ကျင့်ကြံသူများက ဝိညာဉ်ဝိုင်ကို ထုတ်ယူလာကြပြီး၊ အချို့က ဝိညာဉ်အစားအစာများကို ထုတ်ယူလာကြရာ ကြွယ်ဝသောရနံ့တို့က လေထုထဲတွင် ပျံ့လွင့်နေ၏။ တစ်ဦးနှင့်တစ်ဦး ဝိုင်ခွက်ချင်းတိုက်ကာ ပျော်ပါးကြရင်း ပတ်ဝန်းကျင်သည် သက်ဝင်လှုပ်ရှားနေတော့သည်။
လုရီသည် စားသောက်ပွဲကို အပြည့်အဝ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ပြီး ရက်အနည်းငယ်အကြာတွင် တိမ်ဖြူဂိုဏ်းသို့ ပြန်လာခဲ့သည်။ သူ၏ ဂူစံအိမ်သို့ ပြန်ရောက်သည်နှင့် လုရီသည် လျိုနင်ရွှမ်းနှင့် အခြားလေးဦးတို့ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။
လုရီ ပြန်လာသည်ကိုမြင်သောအခါ လေးယောက်စလုံးက ပြုံးပြကြသည်။ သူမတို့လေးဦးသည် ကောင်းကင်ယံမှ ကပ်ဘေးတုန်ခါမှုများကို သဘာဝကျကျ သတိပြုမိကြပြီး လုရီ အဆင့်တက်နေသည်ကို နားလည်ကြသော်လည်း ကပ်ဘေးဖြစ်ပွားရာ ဟင်းလင်းပြင်သို့ သွားရောက်ခဲ့ခြင်း မရှိကြပေ။
လင်းလောင်တောင်ထိပ်သခင်မသည် သွားရောက်ခဲ့သော်လည်း သူမ၏တည်ရှိမှုကို လူအနည်းငယ်သာ သတိပြုမိခဲ့ပြီး သူမ၏အထောက်အထားကို သိသောသူများသည်လည်း ထိုအကြောင်းကို နှုတ်ဆိတ်နေခဲ့ကြသည်။
သူမသည် ကောင်းကင်ကပ်ဘေး ပြီးဆုံးသည်နှင့် ချက်ချင်း ပြန်လာခဲ့သည်။ လျိုနင်ရွှမ်းနှင့် အခြားသူများသည်လည်း လင်းလောင်တောင်ထိပ်သခင်မထံမှ အခြေအနေကို သိရှိခဲ့ကြ၏။
လုရီ ပြန်လာသည်ကိုမြင်သောအခါ သူမတို့သည်လည်း လုရီအတွက် ဂုဏ်ပြုရန် သဘာဝကျကျပင် ရောက်ရှိလာကြခြင်း ဖြစ်သည်။ လုရီအတွက်မူ ဤသည်မှာ သဘာဝကျကျပင် အလွန်ပျော်ရွှင်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပါ၏။
---
'ဟီးဟီး..ရိုးရိုးသားသားပြောရရင် ကျင့်ကြံသူတစ်အုပ်ကြီးနဲ့ အရက်သောက်ပြီး ဂုဏ်ပြုရတာထက် ငါ့ရဲ့ စီနီယာ၊ ဂျူနီယာညီမလေးတွေနဲ့ ဂုဏ်ပြုရတာက ပိုပြီး နှစ်သက်စရာကောင်းတယ် လေ။'
---
ငါးဦးသားသည် နှစ်လတိုင်တိုင် ဂုဏ်ပြုပွဲဆင်နွှဲခဲ့ကြပြီး ထိုအကြောင်းအရာအသေးစိတ်ကိုတော့ ဖော်ပြရန်ပင် ခက်ခဲလှပေသည်။
ထို့နောက် လုရီသည် အိပ်ခန်းမှ ထွက်ခွာပြီး ကျင့်ကြံခြင်းအခန်းသို့ ဝင်ရောက်သွားသည်။
လုရီသည် သူ၏ ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်သို့ အဆင့်တက်ခြင်းအတွက် ဆုလာဘ်များကို စစ်ဆေးကြည့်ရှုရန် စတင်လိုက်၏။
ကပ်ဘေးဖြတ်ကျော် နယ်ပယ်သို့ အဆင့်တက်ခဲ့ပြီးဖြစ်၍ လုရီသည် မမေ့မလျော့ပင် အလုပ်တစ်ခုကို ထုတ်ပေးခဲ့ပါသည်။
---
[အလုပ်]
ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်သို့ အဆင့်တက်ပါ။ (ပြီးမြောက်)
ဆုလာဘ်: သတ်မှတ်ထားသော အင်မော်တယ်စွမ်းရည်အဆင့် +၂ခု၊ အဆင့်မြင့် အင်မော်တယ်လက်နက် - ကောင်းကင်ဥမင်ကျောက်ပြား၊
အင်မော်တယ် သိုင်းစွမ်းရည် "ယင်ယန်မြေပုံ"၊ နှင့် ကြယ်တာရာခြင်ဆီ အစက် ၁၀၀၀။
ဆုလာဘ်ကို လက်ခံမည်: လက်ခံမည်လား/ငြင်းမည်လား။
---
နယ်ပယ်ကြီးတစ်ခုကို အဆင့်တက်ခြင်းအတွက် အလုပ် ဖြစ်သည့်အတိုင်း ဆုလာဘ်များမှာ အလွန်ရက်ရောလှသည်ဟု ဆိုရပေမည်။
သတ်မှတ်ထားသော အင်မော်တယ်စွမ်းရည်အဆင့်ကို မြှင့်တင်ခြင်းအကြောင်းမှာ နောက်ထပ်ရှင်းပြရန်မလိုပေ၊ အဆင့်မြင့်
အင်မော်တယ်လက်နက်ဖြစ်သော ကောင်းကင်ဥမင်ကျောက်ပြားမှာမူ အလွန်ရှားပါးသော နေရာလပ်အမျိုးအစား မှော်ရတနာတစ်ခု ဖြစ်၏။
၎င်းသည် အဖြူရောင်ကျောက်ပြားတစ်ခုဖြစ်ပြီး အလွန်ရှေးကျဟန်ရှိကာ ထူထပ်သော အင်းကွက်များဖြင့် ထွင်းထုထားပြီး အလွန်အားကောင်းသော ဝိညာဉ်ဖိအားကို ထုတ်လွှတ်နေသည်။
နေရာလပ်မှော်ရတနာတစ်ခုအနေဖြင့် ဤကောင်းကင်ဥမင်ကျောက်ပြားသည် အလွန်အံ့ဩဖွယ်ကောင်းပြီး နေရာလပ်နိယာမနှင့် တွဲဖက်၍သာ အသုံးပြုနိုင်၏။ ကျင့်ကြံသူအများစုသည် ကောင်းကင်ဥမင်ကျောက်ပြားကို ရရှိလျှင်ပင် ၎င်းကို အသုံးမပြုနိုင်ကြပေ။
ဤကောင်းကင်ဥမင်ကျောက်ပြားကို အသုံးပြု၍ နေရာလပ်ကို တိုက်ရိုက်ဖြတ်ကျော်သွားလာနိုင်ပြီး ပြိုင်ဘက်များကို ခြေရာလက်ရာမကျန် ဖိနှိပ်တိုက်ခိုက်နိုင်ကာ ခုခံကာကွယ်ရန် မဖြစ်နိုင်အောင် ပြုလုပ်နိုင်သည်။
ထို့အပြင် ကောင်းကင်ဥမင်ကျောက်ပြားသည် အသုံးပြုသူ၏ နေရာလပ်စွမ်းအားကိုလည်း ချဲ့ထွင်ပေးနိုင်၏။ ဥပမာအားဖြင့် လုရီသာ ကောင်းကင်ဥမင်ကျောက်ပြားကို ကိုင်ဆောင်၍ နေရာလပ်ဖြတ်ကျော်ခြင်းကို အသုံးပြုပါက ပိုမိုဝေးကွာသော အကွာအဝေးကို ဖြတ်ကျော်နိုင်ရုံသာမက ဝိညာဉ်စွမ်းအားသုံးစွဲမှုလည်း နည်းပါးသွားမည် ဖြစ်သည်။
ဤသည်မှာ လုရီအတွက် အလွန်သင့်တော်သော မှော်ရတနာတစ်ခုဖြစ်သည်ဟု ဆိုရပေမည်။
---
ယင်ယန်မြေပုံသည်လည်း အလွန်အားကောင်းသော အင်မော်တယ် သိုင်းစွမ်းရည်တစ်ခု ဖြစ်၏။ ဤအင်မော်တယ်သိုင်းစွမ်းရည်သည် ယင်ယန်နိယာမနှင့် သက်ဆိုင်၏။ ဤအင်မော်တယ်နည်းစနစ်ကို အသုံးပြုခြင်းဖြင့် ယင်ယန်နိယာမကို ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော ယင်ယန်မြေပုံအဖြစ်သို့ စုစည်းနိုင်ပြီး တိုက်ခိုက်မှုများကို ပိတ်ဆို့နိုင်သည်။
ထို့အပြင် ဤယင်ယန်မြေပုံသည် ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို စုပ်ယူနိုင်ပြီး ပြန်လည်တုံ့ပြန်တိုက်ခိုက်နိုင်သေးသည်။ ဟုတ်ပါသည်။ ဤစုပ်ယူခြင်းနှင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်ခြင်း အကျိုးသက်ရောက်မှုတွင် အကန့်အသတ်တစ်ခုရှိပြီး တိကျသော အကန့်အသတ်မှာ လုရီ၏ ကိုယ်ပိုင်အစွမ်းအပေါ် မူတည်လေသည်။
သို့ဖြစ်လျှင်ပင် ၎င်းသည် အလွန်အားကောင်းသော ကာကွယ်ရေးအမျိုးအစား အင်မော်တယ်နည်းစနစ်တစ်ခု ဖြစ်၏။ လုရီ၏ ယင်ယန်နိယာမသည် သူ၏ မကြာခဏ နှစ်ကိုယ်တူကျင့်ကြံခြင်းကြောင့် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ၎င်းသည် ယခုအခါ ၃၀% နီးပါးသို့ ရောက်ရှိနေပြီဖြစ်သည်။
၎င်းသည် အင်မော်တယ်နိယာမ သို့မဟုတ် ဓားတာအိုနိယာမများကဲ့သို့ ကြောက်မက်ဖွယ်မကောင်းသော်လည်း အားနည်းသည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ ယခု ယင်ယန်မြေပုံ အင်မော်တယ်နည်းစနစ်ကို လေ့ကျင့်ရန် လုံလောက်နေပြီ ဖြစ်သည်။
သူသာ ဤအင်မော်တယ်သိုင်းစွမ်းရည်ကို ကျွမ်းကျင်သွားပါက သူ၏ကာကွယ်နိုင်စွမ်းများသည် တစ်ဖန်ပြန်၍ သိသိသာသာ တိုးတက်လာပေလိမ့်မည်။
---
'ငါ့ရဲ့ ရုပ်ခန္ဓာက အခုတောင် အလွန်အားကောင်းနေပြီ၊ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်တွေကိုတောင် လက်ဗလာနဲ့ ကြေမွအောင်ချေနိုင်တယ်။ အခု ယင်ယန်မြေပုံပါ ထပ်ပေါင်းလိုက်ရင် သာမန်ကောင်းကင်ဘုံအင်မော်တယ်တွေတောင် ငါ့ရဲ့ကာကွယ်မှုကို ချိုးဖျက်ဖို့ ခက်ခဲသွားလောက်တယ်။'
---
ထိုအကြောင်းကို စဉ်းစားမိရုံဖြင့် လုရီသည် အလွန်ပင် စိတ်လှုပ်ရှားသွားပြီး မျှော်လင့်တကြီး ဖြစ်နေတော့သည်။
နောက်ဆုံးဆုလာဘ်ဖြစ်သော ကြယ်တာရာခြင်ဆီအကြောင်းမှာ ထပ်မံပြောရန် မလိုတော့ပေ။ ယခု လုရီသည် ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်သို့ အဆင့်တက်သွားပြီဖြစ်၍ ကြယ်တာရာခြင်ဆီကို ကျင့်ကြံရန် အသုံးပြုနိုင်လောက်ပြီ ဖြစ်သည်။
ထိုအခါ သူ၏ကျင့်ကြံခြင်းအရှိန်သည် ပို၍ပင် မြန်ဆန်လာပေလိမ့်မည်။ လုရီသည် ပထမဦးစွာ အင်မော်တယ်နည်းစနစ်ကို စုပ်ယူပေါင်းစပ်ပြီးနောက် ကောင်းကင်ဥမင်ကျောက်ပြားကို သန့်စင်လိုက်သည်။ နောက်ဆုံးတွင် အတန်ကြာစဉ်းစားပြီးနောက် သူသည် သတ်မှတ်ထားသော စွမ်းရည်အဆင့်မြှင့်တင်မှုကို အင်မော်တယ်တက်လှမ်းခြင်းသိုင်းနည်းစနစ်အပေါ်တွင် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ယခင် အင်မော်တယ်တက်လှမ်းခြင်းသိုင်းနည်းစနစ်သည် အဆင့် ခြောက်သို့ ရောက်ရှိနေခဲ့သည်။ ၎င်းသည် လုရီ ချဲ့ထွင်နိုင်သည့် အကန့်အသတ်သို့ ရောက်ရှိနေသော်လည်း ဝိညာဉ်စွမ်းအားကို ပိုမိုသုံးစွဲရသဖြင့် ကြာရှည်တိုက်ပွဲများအတွက် အားနည်းချက်ဖြစ်နေသည်။
ယခု သူ သတ်မှတ်ထားသော စွမ်းရည်အဆင့်မြှင့်တင်မှုကို အသုံးပြုလိုက်ပါက အဆင့် ရှစ်သို့ ရောက်ရှိနိုင်လျှင် ဝိညာဉ်စွမ်းအား သုံးစွဲမှုသည် သေချာပေါက် နည်းပါးသွားပေလိမ့်မည်။
လုရီသည် ဤဆုလာဘ်များကို အသစ်ရရှိသော ယင်ယန်မြေပုံအပေါ်တွင်လည်း အသုံးပြုနိုင်သော်လည်း၊...များစွာစဉ်းစားပြီးနောက် ထိုသို့
မပြုလုပ်ရန် ရွေးချယ်လိုက်သည်။
သူ၏ လက်ရှိနားလည်နိုင်စွမ်းအဆင့်အရ အသစ်စက်စက်ရရှိထားသော အင်မော်တယ်နည်းစနစ်တစ်ခု၏ နားလည်နိုင်စွမ်းကို မြှင့်တင်ခြင်းသည် ယခင်ကထက် များစွာပိုမိုလွယ်ကူပေလိမ့်မည်။ ၎င်းကို ပိုမိုမြင့်မားသော အင်မော်တယ်စွမ်းရည်အဆင့်အပေါ်တွင် အသုံးပြုခြင်းက ပို၍ အကျိုးရှိပေလိမ့်မည်။
---
လုရီ တံခါးပိတ်၍ တွေးတောဆင်ခြင်နေစဉ် သူ၏ ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်သို့ အဆင့်တက်သွားသည့် သတင်းသည်လည်း ပျံ့နှံ့သွားပြီး ထျန်းမင်တစ်ခွင်လုံး သိရှိသွားကြလေသည်။
မည်သို့ပင်ဖြစ်စေ လုရီသည် လက်ရှိတွင်
ထျန်းမင်၏ သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး ပါရမီရှင်အဖြစ် အသိအမှတ်ပြုခံထားရပြီး သူ၏အဆင့်တက်ခြင်းသည် ထျန်းမင်မှ ကျင့်ကြံသူများအတွက် သတင်းကြီးတစ်ခု ဖြစ်၏။
ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်သို့ အဆင့်တက်ခြင်းသည် လုရီ၏ အင်မော်တယ်အဖြစ်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ဆိုလိုပေသည်။ ကျန့်ဖန်၊ ကောင်းကင်နဂါးသူတော်စင်သားတော်နှင့် အခြားသော လုရီ၏ မိတ်ဆွေများ၊ ဆွေမျိုးများသည် သူ့အား လာရောက်ဂုဏ်ပြုလိုကြသော်လည်း လုရီ တံခါးပိတ်ကျင့်ကြံနေသည်ကို မြင်သောအခါ အနည်းငယ် စိတ်ပျကညှိုးငယ်စွာဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ရသည်။
ထို့နောက် လုရီသည် ငြိမ်းချမ်းသော ကျင့်ကြံခြင်းဘဝသို့ တစ်ဖန်ပြန်လည် ဝင်ရောက်သွားခဲ့သည်။ သူသည် သူ၏ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်ရန် ကြယ်တာရာခြင်ဆီကို အသုံးပြုရန် စတင်လိုက်၏။ ချီလေ့ကျင့်ခြင်းအပြင် သူသည် ကျန်အချိန်အများစုကို ယင်ယန်မြေပုံနှင့် နိယာမအမျိုးမျိုး၊ အခင်းအကျင်းတာအိုတို့ကို တွေးတောဆင်ခြင်ရင်း ကုန်ဆုံးစေသည်။
စစ်ပွဲကြီးတစ်ခု နီးကပ်လာပြီဖြစ်၍ ဤရက်ပိုင်းများတွင် လုရီသည် ဝိညာဉ်အစားအစာချက်ပြုတ်ခြင်း သို့မဟုတ် ဝိညာဉ်ဝိုင်ဖော်စပ်ခြင်းတို့ကို မပြုလုပ်တော့ပေ။
အချိန်သည် တဖြည်းဖြည်းကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် အနှစ်ကိုးဆယ် ကြာမြင့်သွားခဲ့လေတော့သည်။