← Chapters

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း ၅၅၆- ရာရှိုမွန်မျိုးနွယ် တပ်တော်၏ ချီတက်လာခြင်း

~ထျန်းမင်သို့ မကြာသေးမီနှစ်များအတွင်း အစွမ်းထက်ပုဂ္ဂိုလ်များ အဆက်မပြတ် ရောက်ရှိလာကြသည်။ လူသားမျိုးနွယ်၊ မျက်လုံးသုံးလုံး မျိုးနွယ်၊ မိစ္ဆာများနှင့် တခြား ကောင်းကင်ကြယ်တာရာ နယ်မြေမှ မျိုးနွယ်စုများပင် ပါဝင်၏။

ထိုအထဲတွင် အင်မော်တယ်အဆင့် ပုဂ္ဂိုလ်များရှိသလို၊ စွမ်းအားရှင်အဆင့် ကျင့်ကြံသူများလည်း ရှိနေသည်။ သူတို့အားလုံးသည် နေရာလပ် ကူးပြောင်းရေး အခင်းအကျင်းများ သို့မဟုတ် ပျံသန်းရတနာများဖြင့် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။

ထျန်းမင်အတွက်တော့ ဤမျှလောက်များပြားသော အစွမ်းထက် ပုဂ္ဂိုလ်များ တစ်ပြိုင်နက် ဝင်ရောက်လာခြင်းမှာ မကြုံစဖူးပင်။ ထို့ကြောင့် ဒေသခံကျင့်ကြံသူများအားလုံး စိတ်လှုပ်ရှားပြီး အနည်းငယ် ထိတ်လန့်နေကြသည်။

သို့သော် ကြယ်တာရာနယ်မြေတပ်မတော်၏ တပ်စွဲထားမှုနှင့် ယွီမိသားစုမှ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး ထျန်းမင်တွင် ရှိနေသည်ဟူသော ကောလာဟလများကြောင့် ရောက်လာသမျှ ကျင့်ကြံသူတိုင်း ပြဿနာမရှာဝံ့ကြပေ။

လွန်ခဲ့သည့် နှစ်ကိုးဆယ်အတွင်း

လုရီ၏ဘဝသည် အလုပ်များ၍ နေခဲ့သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ကပ်ဘေးဖြတ်ကျော် နယ်ပယ် အဆင့် လေးလွှာသို့ တက်လှမ်းနိုင်ခဲ့လေပြီ။ ယခင်က ရရှိထားသော အင်မော်တယ်သိုင်းကျမ်း “ယင်နှင့်ယန်မြေပုံ” သည်လည်း သူ၏ ကျင့်ကြံမှု အလုပ်များ၊ ဆရာဖြစ်သူထံမှ ရုတ်တရက်ဉာဏ်အလင်းပွင့်စေသည့် အခွင့်အရေးများနှင့် ဉာဏ်အလင်းလက်ဖက်ရည်၏ အကူအညီတို့ကြောင့် တတိယအဆင့်သို့ တိုးတက်လာခဲ့သည်။

ပြောရမည်ဆိုလျှင်၊ လုရီသည် ကပ်ဘေးဖြတ်ကျော်အဆင့်သို့ ချိုးဖြတ်တက်လှမ်းပြီးနောက်ပိုင်းနှင့် ဖရိုဖရဲ မူလအရည်ဖြင့် ခန္ဓာကိုယ်ကို သန့်စင်ပြီးသည့်နောက်တွင် သူ၏ သဘောတရားများကို ထွင်းဖောက်နားလည်နိုင်စွမ်းသည် အဆများစွာ အားကောင်းလာခဲ့သည်ဟု ဆိုရပေမည်။ လက်ရှိတွင် သူ၏ အင်မော်တယ် ကျင့်စဉ်များကို လေ့လာခြင်းအရှိန်သည် ယခင်နှင့်ယှဉ်လျှင် မိုးနှင့်မြေ ကွာခြားသွားခဲ့လေသည်။

သို့သော် လုရီအတွက် နှမြောတသဖြစ်စရာအချက်မှာကား... နှစ်ကိုးဆယ်တိုင်တိုင် တံခါးပိတ်ကျင့်ကြံခဲ့ပြီးသည့်တိုင် သူ၏ 'အင်မော်တယ် တက်လှမ်းခြင်းကျင့်စဉ်'ကတော့ မြူတစ်မှုန်ခန့်မျှပင် တိုးတက်မှု မရှိခဲ့ခြင်းပင်။

၎င်းအပြင် သူသည် မဟာတိုက်ပွဲကြီးများ၏ အနိုင်အရှုံးကိုပင် အဆုံးအဖြတ်ပေးနိုင်စွမ်းသည့် အင်မော်တယ် အခင်းအကျင်းပေါင်းများစွာကိုလည်း အောင်မြင်စွာ ဖန်တီးတွက်ချက်နိုင်ခဲ့လေသည်။

---

တစ်နေ့တွင်...

ရုတ်တရက် အလွန်အမင်း အားပြင်းသည့် အရှိန်အဝါတစ်ခုက တိမ်ဖြူဂိုဏ်းဘက်သို့ အရှိန်ပြင်းစွာ ဦးတည်လာသည်။

ဂူစံအိမ်ထဲတွင် တရားထိုင်နေသော လုရီသည် မျက်လုံးများ ပွင့်လာပြီး ချက်ချင်းပင် အပြင်သို့ ထွက်လာခဲ့သည်။

ဂူစံအိမ်အပြင်ဘက်၊ ကောင်းကင်ကြယ်တာရာသစ်ပင်အောက်တွင် ဝပ်နေသော ကြယ်ငယ်လေးသည် လုရီထွက်လာသည်ကို မြင်သောအခါ နေရာမှ ခုန်ထလိုက်ပြီး လုရီ၏ ခြေထောက်ကို ချစ်ခင်စွာ ပွတ်သပ်တော့သည်။

ဤနှစ်များအတွင်း ကြယ်ရောင်သမင်လေးသည် အဆက်မပြတ်ကျင့်ကြံခဲ့ရာ မကြာသေးခင်ကမှ အဆင့်ချိုးဖြတ်ကာ ကောင်းကင်အင်မော်တယ်အဆင့်ရှိ အင်မော်တယ်သားရဲစစ်စစ်တစ်ကောင် ဖြစ်လာခဲ့လေပြီ။

လင်းလောင်တောင်ထိပ်သခင်မပင်လျှင် အတိုင်းအတာတစ်ခုအထိ အံ့အားသင့်နေမိတော့၏။ အကြောင်းမူကား၊ ဤတိုးတက်မှုနှုန်းသည် သာမန်ကြယ်ရောင်သမင်မျိုးနွယ်များထက် များစွာပို၍ လျင်မြန်နေသောကြောင့် ဖြစ်သည်။

သို့ဖြစ်သော်ငြားလည်း ကြယ်ငယ်လေးသည် ကြယ်တာရာ အရှိန်အဝါတို့ အလွန်အမင်း ထူထပ်နေသည့် ကောင်းကင်ကြယ်တာရာ သစ်ပင်ကြီး၏ အောက်တွင် ကျင့်ကြံနေခဲ့သည် မဟုတ်ပါလား။ ထို့အပြင် ပတ်ဝန်းကျင်၌ အင်မော်တယ်သစ်ပင်မျိုးစုံ ရှင်သန်ကြီးထွားလာသည်နှင့်အမျှ ဝိညာဉ်စွမ်းအားတို့၏ စုစည်းမှုသည် စိတ်ကူးဖြင့်ပင် မမှန်းဆနိုင်သော အဆင့်သို့ ရောက်ရှိနေခဲ့ပြီး အင်မော်တယ် ဝိညာဉ်ချီများပင် ဖွဲ့တည်နေလေတော့သည်။

လင်းလောင်တောင်ထိပ်သခင်မ၏ အဆိုအရ၊ နောက်ထပ် နှစ်တစ်ထောင်ကြာလျှင် တိမ်ဖြူဂိုဏ်းသည် အင်မော်တယ်နယ်မြေငယ်လေးတစ်ခု ဖြစ်လာလိမ့်မည်ဟု ဆို၏။ အကယ်၍ အင်မော်တယ်သစ်ပင်အားလုံး ကြီးထွား အောင်မြင်သွားပါက ထျန်းမင်တစ်ခုလုံးကိုပင် ကောင်းချီးမင်္ဂလာ ပေးစွမ်းနိုင်ပေလိမ့်မည်။ အခြားနေရာများရှိ ဝိညာဉ်စွမ်းအားတို့၏ စုစည်းမှုသည် ဤမျှ ထူထပ်နိုင်မည် မဟုတ်သော်ငြားလည်း

ထျန်းမင်တစ်ခုလုံး၏ ဝိညာဉ်စွမ်းအား ကြွယ်ဝမှုကို သိသိသာသာ မြှင့်တင်ပေးနိုင်ပေလိမ့်မည်။

ထိုသို့သော လားရာကို ယခုပင် မြင်တွေ့နေရလေပြီ။ တိမ်ဖြူဂိုဏ်းအတွင်းမှ ဝိညာဉ်စွမ်းအားတို့၏ စုစည်းမှုသည် မယုံနိုင်လောက်အောင် အစွမ်းထက်လာခဲ့ရာ ဤနေရာသို့ ရောက်ရှိလာကြသော

အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ အင်မော်တယ်ဘိုးဘေးများ၏ အာရုံစိုက်မှုကိုပင် ခံခဲ့ရလေသည်။ သူတို့ တိမ်ဖြူဂိုဏ်းသို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်က လုံးဝ မှင်သက် အံ့ဩသွားခဲ့ကြတော့သည်။

သို့သော် လုရီ၏ ဂူစံအိမ်အပြင်ဘက်ရှိ များပြားလှသော အင်မော်တယ်သစ်ပင်များကို မြင်သောအခါတွင်တော့ သူတို့သည် အားကျမှုများဖြင့်သာ ငေးကြည့်နေနိုင်ခဲ့ကြလေ၏။

တိမ်ဖြူဂိုဏ်းမှ တပည့်များ၏ ကျင့်ကြံခြင်းအရှိန်အဟုန်မှာမူ ယခင်ကနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း မြန်ဆန်တိုးတက်လာခဲ့လေသည်။ အကြီးအကဲရွှမ်နှင့် အကြီးအကဲမင်ကဲ့သို့ မူလကတည်းက အင်အားကြီးမားသော အကြီးအကဲများပင်လျှင် သူတို့၏ ဒုတိယ အထွတ်အထိပ် အချိန် ကာလသို့ ပြန်လည် ရောက်ရှိလာသကဲ့သို့ ဖြစ်နေတော့၏။

သူတို့သည် ယခုအခါ ပေါင်းစည်းခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ပြီး၊ မူလကတည်းက အစွမ်းထက်သော အကြီးအကဲမင်မှာမူ မဟာယာနအဆင့်ကြီးကိုပင် စတင်စိန်ခေါ်ရန် ကြိုးပမ်းနေလေပြီ။

ဤသို့သော ကျင့်ကြံမှုအရှိန်အဟုန်မျိုးသည် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ အင်အားကြီးပုဂ္ဂိုလ်များကြားတွင်ပင် ပြိုင်ဘက်ကင်းသလောက် ဖြစ်နေခဲ့သည်။

လုရီက အကြီးအကဲမင်အား ပေါများလှသော အရင်းအမြစ်များ ထောက်ပံ့ပေးခဲ့ခြင်းက အကြောင်းတစ်ရပ်အနေဖြင့် ပါဝင်သော်လည်း၊ တိမ်ဖြူဂိုဏ်း၏ ကျင့်ကြံမှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာခြင်းကလည်း အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ပေသည်။

ဤအကြီးအကဲများအပြင်၊ ယခု တိမ်ဖြူဂိုဏ်းတွင် အခြေတည်ဝိညာဉ်နယ်ပယ်မှ ကျင့်ကြံသူများစွာနှင့် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်မှ ကျင့်ကြံသူများပင် မနည်းလှတော့ပြီ။

ကျန့်ဖန်၊ ပိုင်ယွီလုံနှင့် နန်းကုန်းမိုယွီတို့ကဲ့သို့သော တိမ်ဖြူဂိုဏ်း၏ ပါရမီရှင်များသည် လုရီ ပေးအပ်သော အရင်းအမြစ်များနှင့် ဤနေရာမှ ထူထပ်သော ဝိညာဉ်စွမ်းအင်တို့ကြောင့် ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ အားလုံး ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။ ဤကျင့်ကြံမှုနှုန်းသည် ကောင်းကင်နဂါး သူတော်စင် သားတော်ကဲ့သို့သော ထျန်းမင်၏ မာန်မာနကြီးသော ပါရမီရှင်များကိုပင် အံ့အားသင့်သွားစေခဲ့၏။

လျိုနင်ရွှမ်းနှင့် အခြား မိန်းကလေး

သုံးယောက်အတွက်မူ အထူးတလည် ပြောစရာပင်မလိုတော့ပေ။ နှစ်များတစ်လျှောက်တွင် သူမတို့သည်လည်း

ကပ်ဘေးဖြတ်ကျော် နယ်ပယ်သို့

တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းနိုင်ခဲ့ကြပြီ ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ သူမတို့သည်

အင်မော်တယ်ခန္ဓာပိုင်ရှင်များ ဖြစ်ကြရာ သူတို့၏ ကျင့်ကြံမှုအရှိန်သည် ကျန့်ဖန်ကဲ့သို့သော လူများထက် ပိုမိုမြန်ဆန်လှပေသည်။

ထို့အပြင် ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူဖြစ်သော လုရီရှိနေခြင်းကြောင့် တိမ်ဖြူဂိုဏ်း၏ လက်ရှိအခြေအနေသည် နက်နဲမှုနှင့် အင်အားအရ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့် များစွာကွာခြားခြင်းမရှိတော့ပေ။

အမှန်စင်စစ်၊ အပြင်ဘက်မှ ကျင့်ကြံသူများကြားတွင် တိမ်ဖြူဂိုဏ်းသည် ယခုအခါ အင်မော်တယ်ဂိုဏ်းတစ်ပိုင်းအဖြစ် သတ်မှတ်နိုင်ပြီဟူသော ကောလာဟလများ စတင်ပျံ့နှံ့နေခဲ့ပြီ ဖြစ်လေ၏။

လုရီက ကြယ်လေး၏ ခေါင်းကို ခပ်ဖွဖွပုတ်လိုက်ပြီးနောက် ရောက်ရှိလာသော အရှိန်အဝါ၏ ဦးတည်ရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်လေသည်။

မကြာမီမှာပင်၊ လက်ဖျားခါလောက်အောင် လျင်မြန်သော အရှိန်အဟုန်ဖြင့် အလင်းတန်းတစ်ခုသည် လင်းလောင်တောင်ထိပ်သို့ ရောက်ရှိလာပြီး တောင်ထိပ်ပေါ်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေတော့သည်။

လုရီက မျက်ခုံးပင့်လိုက်သည်။

---

"လာတဲ့သူက ဆရာ့ကို ရှာဖို့ လာတာပဲ။"

---

ထိုအရှိန်အဝါကို လုရိီ ဘယ်တော့မှ မေ့မည်မဟုတ်။ ဒါက ကြယ်တာရာနယ်မြေတပ်မတော်မှ တပ်မှူး၏ အရှိန်အဝါပင်။

သူသည်လည်း စိတ်ဝင်စားစွာဖြင့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လင်းလောင်တောင်ထိပ်ဆီသို့ အရှိန်ပြင်းစွာ လိုက်ပါသွားတော့သည်။

မကြာမီ၊ လုရီသည် ဝါးအိမ်လေးရှေ့သို့ ရောက်လာပြီး လျိုဟိုင်ချင်းကို တွေ့လိုက်ရသည်။

သူက ပြုံးလိုက်ပြီး ပြောသည်။

"တပ်မှူးလျို၊ မတွေ့ရတာ ကြာပြီဗျ။"

---

လျိုဟိုင်ချင်းက လှည့်ကြည့်ရာ လုရီကိုမြင်တော့ သူ၏ ခက်ထန်သောမျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"သခင်လေးလုရီပါလား။ ကပ်ဘေးဖြတ်ကျော်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တာအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော် အဲ့ဒီအချိန်က မရှိခဲ့ပေမဲ့ သခင်လေးလုရီ အဆင့်တက်တုန်းက ဟင်းလင်းပြင်တစ်ခုလုံး ရွှေမီးလျှံမိုးကြိုးကပ်ဘေးနဲ့ ဖုံးလွှမ်းသွားတယ်လို့တော့ ကြားခဲ့တယ်။ သခင်လေးက တကယ်ကို ပါရမီရှင်တစ်ယောက်ပါပဲ။"

လုရီက ခပ်ဖွဖွ ပြုံးလိုက်သည်။

"တပ်မှူးလျိုကတော့ မြှောက်ပြောလွန်းနေပြီဗျာ၊ ဒါနဲ့ ဆရာနဲ့တွေ့ဖို့ ကိစ္စရှိလို့လား။"

ထိုအခါမှ လျိုဟိုင်ချင်း၏ မျက်နှာက တည်ကြည်လေးနက်သွားပြီး ခေါင်းညိတ်ပြသည်။

"ဟုတ်ပါတယ်။ အရေးကြီးတဲ့ကိစ္စတစ်ခု အစီရင်ခံစရာရှိလို့ပါ။ ဒါပေမဲ့... ဒုတိယသခင်မလေးက တရားထိုင်နေပုံပဲ။ ဘာမှ ပြန်မတုံ့ပြန်ဘူး။"

လုရီက သဘောပေါက်သွားပြီး အော်လိုက်သည်။

"ဆရာ၊ ဝိညာဉ်အစားအစာ စားချိန်ရောက်ပါပြီ။"

ချက်ချင်းဆိုသလိုပင် အဖြူရောင်ဝတ်စုံနှင့် အရိပ်တစ်ခုသည် ဝါးအိမ်ထဲမှ မြန်ဆန်စွာ ပျံထွက်လာ၏။ လင်းလောင်တောင်ထိပ် သခင်မပင် ဖြစ်သည်။

သူမဘေးတွင် ရပ်နေသော လျိုဟိုင်ချင်းကတော့ နားမလည်နိုင်သော မျက်နှာဖြင့် ကြောင်ကြည့်နေသည်။

လင်းလောင်တောင်ထိပ် သခင်မက လုရီကိုကြည့်ကာ မေးသည်။

"ကောင်စုတ်လေး၊ မင်း အစားအစာအသစ်တွေ ထပ်တီထွင်ထားပြန်ပြီလား။"

လုရီက မျက်လုံးလှန်လိုက်ပြီး လျိုဟိုင်ချင်းကို လက်ညှိုးထိုးပြလိုက်သည်။

"ဆရာ၊ တပ်မှူးလျိုက သခင်နဲ့ တွေ့ချင်လို့တဲ့။"

ထိုအခါမှ လင်းလောင်တောင်ထိပ် သခင်မက လျိုဟိုင်ချင်းကို သတိပြုမိသွားသည်။

"စောစောက အသံတစ်သံ ကြားတယ်လို့တော့ ထင်မိသား။ ငါ နားကြားမှားတာလားလို့..."

လုရီရော လျိုဟိုင်ချင်းပါ ပြောစရာစကားမရှိတော့ပေ။

လျိုဟိုင်ချင်းက ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် စကားစလိုက်သည်။

"ဒုတိယသခင်မလေး.. ကျွန်တော် ဒီကို အခြေအနေ လာအစီရင်ခံတာပါ"

လင်းလောင်တောင်ထိပ် သခင်မ၏ မျက်နှာက တည်ကြည်သွားပြီး ခေါင်းညိတ်လိုက်သည်။

"ပြောပါ။"

"ရှေ့တန်းက ကင်းထောက်တွေရဲ့ သတင်းအရ ရာရှိုမွန်မျိုးနွယ်ရဲ့ တပ်မတော်က ကျွန်တော်တို့ ကောင်းကင်ကြယ်တာရာ နယ်မြေရဲ့ နယ်နိမိတ်နားကို ရောက်လာနေပါပြီ။ မမျှော်လင့်တာတစ်ခုခု မဖြစ်ခဲ့ရင် ရာရှိုမွန်မျိုးနွယ်တွေ မကြာခင် ဒီကြယ်တာရာနယ်မြေထဲကို ဝင်လာတော့မှာပါ။"

ထိုစကားကို ကြားသောအခါ လင်းလောင်တောင်ထိပ် သခင်မနှင့် လုရီတို့နှစ်ဦးလုံး၏ မျက်နှာများ တည်ကြည်သွားသည်။

လင်းလောင်တောင်ထိပ် သခင်မက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"နောက်ဆုံးတော့ သူတို့ လာကြပြီကိုး..."

လျိုဟိုင်ချင်းက ဆက်ပြောပြလာ၏။

"ဟုတ်ပါတယ် ဒုတိယသခင်မ။ နောက်ဆုံး ဆယ်နှစ်ထက်မပိုတဲ့အချိန်အတွင်းမှာ ရာရှိုမွန်တပ်မတော် ရောက်လာပါလိမ့်မယ်။ ကင်းထောက်တွေရဲ့ လတ်တလော စောင့်ကြည့်မှုအရ ဂြိုဟ်အဆင့် စစ်မှော်ရတနာ ထောင်ပေါင်းများစွာ ပါဝင်ပြီး အဲ့ဒီထဲမှာ ကြယ်တာရာအဆင့် စစ်မှော်ရတနာ သုံးခုတောင် ပါပါတယ်။ ဒီအတိုင်းအတာအရဆိုရင် ရာရှိုမွန်ကျင့်ကြံသူ အရေအတွက်က ဆယ်သန်းထက်မနည်း ရှိနိုင်ပါတယ်။"

လုရီ၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။

... ကြယ်တာရာနယ်မြေ တပ်မတော်၏ ခေါင်းဆောင်တွေ မျက်စိထဲမှာ 'ကျင့်ကြံသူ' ဟု ယူဆနိုင်သော ကျင့်ကြံသူ ဟူသည်က သာမန် ကျင့်ကြံသူတွေကို ပြောတာ မဟုတ်နိုင်ချေ။ အနည်းဆုံးတော့ အင်အားကြီး ပုဂ္ဂိုလ်ကြီး အဆင့်လောက်တော့ ရှိရမည်။

"ဆယ်သန်းတဲ့...။ ဟူး... ဒီလောက်များတဲ့ အရေအတွက်ကတော့ ကြားရတာတောင် တကယ်ကို ကျောချမ်းစရာပဲ။"

လင်းလောင်တောင်ထိပ် သခင်မ၏ မျက်နှာက ရေခဲတမျှ အေးစက်နေသည်။

"ကြည့်ရတာ ရာရှိုမွန်မျိုးနွယ်က ဒီရှုပ်ထွေးနေတဲ့အချိန်မှာ ငါတို့ ကောင်းကင်ကြယ်တာရာ နယ်မြေရဲ့ နယ်စပ်က အရင်းအမြစ်တွေကို လုယက်ဖို့ ရည်ရွယ်ထားပုံပဲ။"

---

လျိုဟိုင်ချင်း၏ မျက်နှာကလည်း အေးစက်နေသည်။

"စိတ်ချပါ ဒုတိယသခင်မလေး။ ကျူးကျော်လာတဲ့ ရာရှိုမွန်တပ်မတော်ကို ကျွန်တော်တို့ မဖြစ်မနေ ချေမှုန်းပစ်ပါမယ်။"

လင်းလောင်တောင်ထိပ် သခင်မက ခေါင်းတစ်ချက်ညိတ်သည်။

"ကောင်းပြီ၊ ကျွန်မ သိပြီ။ ရှင် သွားနိုင်ပြီ။

ရာရှိုမွန်တပ်မတော်သာ ထျန်းမင်ကို ရောက်လာခဲ့ရင် ကျွန်မကို ပြန်သတင်းပို့ပါ။"

---

လျိုဟိုင်ချင်းက ခေါင်းညိတ်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး နေရာမှ ပျောက်ကွယ်သွားတော့သည်။

လုရီက လင်းလောင်တောင်ထိပ် သခင်မကို ကြည့်ကာ မေးလိုက်သည်။

"ဆရာ၊ ထျန်းမင်ကို ရာရှိုမွန်ကျင့်ကြံသူ ဘယ်လောက်လောက်များ ရောက်လာနိုင်မယ်လို့ ထင်လဲ။"

လင်းလောင်တောင်ထိပ် သခင်မက တစ်ချက်စဉ်းစားပြီးနောက် ပြန်ဖြေသည်။

"အများကြီးတော့ မဖြစ်နိုင်ဘူး။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က အရင်းအမြစ်လုယက်ဖို့ပဲ။ ထျန်းမင်မှာ တန်ဖိုးကြီးတဲ့ အင်မော်တယ်ရွှေတွင်းကြယ်တွေ၊ အင်မော်တယ်ကြယ်တွေ မရှိဘူး။ ဒါ့ကြောင့် အင်အားအလုံးအရင်းနဲ့ လာဖို့မတန်ဘူး။ ဂြိုဟ်အဆင့် စစ်မှော်ရတနာ တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်ပဲ ဒီကို ရောက်လာလိမ့်မယ်။ဒါမှမဟုတ်ရင် သူတို့ဘက်က အကြီးအကျယ် အရှုံးပေါ်မှာပေါ့။ ဘာလို့လဲဆိုတော့ စစ်မှော်ရတနာတွေကို အသက်သွင်းဖို့ သုံးရတဲ့ ဝိညာဉ်ကျောက်စိမ်းနဲ့ ကြယ်ခြင်ဆီဖိုးတောင် ပြန်ရမှာ မဟုတ်လို့လေ"

ထိုစကားကိုကြားတော့ လုရီက သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်သည်။

"ဒါဆိုရင်တော့ သိပ်မဆိုးသေးဘူးပေါ့။"

လင်းလောင်တောင်ထိပ် သခင်မက သူ့ကို စကားမပြောနိုင်တော့သည့်အလား ကြည့်လိုက်သည်။

"ဂြိုဟ်အဆင့် စစ်မှော်ရတနာတစ်ခုထဲမှာ အနည်းဆုံး အင်မော်တယ်ထောင်ချီပြီးပါတယ်။ နက်ရှိုင်းခြင်းအင်မော်တယ်အဆင့် တပ်မှူးတွေလည်း ပါတယ်။ ထျန်းမင်အတွက် ခုခံကာကွယ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးဟဲ့"

ထိုအခါမှာတော့ လုရီ၏ အပြုံးက တဖြည်းဖြည်း တောင့်တင်းသွားတော့သည်။

လင်းလောင်တောင်ထိပ် သခင်မက ခေါင်းခါလိုက်သည်။

"တော်ပြီ၊ နင် ပြန်သွားပြီး ကျင့်ကြံခြင်းကိုပဲအာရုံစိုက်တော့။ ဒီစစ်ပွဲက ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး။"

လုရီက ခေါင်းတစ်ချက်ညိတ်ကာ ထွက်ခွာသွားသည်။

---

ခြောက်နှစ်အကြာတွင် ကြယ်တာရာနယ်မြေတပ်မတော်ထံမှ သတင်းစကားတစ်ခု ထျန်းမင်သို့ ရောက်ရှိလာသည်။

ရာရှိုမွန်တပ်မတော်သည် ရှေ့တန်းသို့ ရောက်ရှိလာပြီဖြစ်ပြီး သူတို့၏ ပျံသန်းရတနာများသည် ကြယ်တာရာနယ်မြေအသီးသီးသို့ အရင်းအမြစ်လုယက်ရန် ဦးတည်နေကြပြီ ဖြစ်သည်။

အမှန်စင်စစ်၊ ပျံသန်းရတနာများ၊ အထူးသဖြင့် ဂြိုလ်အဆင့်ရှိ ဧရာမရတနာကြီးများသည် နေရာလပ် အခင်းအကျင်းကို ဖြတ်သန်းသည့် အကြိမ်တိုင်းတွင် အရင်းအမြစ်များ အလွန်အမင်း ကုန်ကျလွန်းလှသည်။ ထို့ကြောင့် လုယက်တိုက်ခိုက်မှု အောင်မြင်သည့်တိုင် နောက်ဆုံးတွင် အကျိုးအမြတ် ရရှိနိုင်မည် မဟုတ်ပေ။

ထို့အပြင်၊ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ခြင်းသည် ပိုမိုကြီးမားသော အန္တရာယ်များနှင့် မသေချာမရေရာမှုများကို ဆောင်ကြဉ်းလာနိုင်၍ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများ၏ ကျူးကျော်မှုဆိုင်ရာ ရည်ရွယ်ချက်များနှင့် ထပ်တူမကျပေ။

ထို့ကြောင့် နယ်စပ်ကြယ်တာရာနယ်မြေများကိုသာ လုယက်တိုက်ခိုက်ရန် ရွေးချယ်ကြလေသည်။ အကယ်၍ ထိုကြယ်တာရာနယ်မြေများကို သိမ်းပိုက်နိုင်ခဲ့ပါက အကောင်းဆုံးသော အခြေအနေပင် ဖြစ်သည်။

မသိမ်းပိုက်နိုင်ခဲ့လျှင်ပင်၊ ကောင်းကင်ကြယ်တာရာ နယ်မြေက နောက်ဆုံး၌ လော့ယွမ်စစ်မြေပြင်၏ ကျိုယိုဒေသမှ ဆူပူအုံကြွမှုများကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သည်ရှိသော်၊ ဤရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများသည် အေးအေးဆေးဆေးပင် ပြန်လည်ဆုတ်ခွာနိုင်ကြပေသည်။ သူတို့၏ တွက်ချက်မှုများမှာ တစ်စက်ကလေးမျှပင် အမှားအယွင်းမရှိပေ။

ထိုသို့ ရာရှိုမွန်မျိုးနွယ်၏ စစ်တပ်သည် နယ်စပ်သို့ ရောက်ရှိလာသည့် အခိုက်အတန့်၌၊ ကြယ်တာရာနယ်မြေ စစ်တပ်သည်လည်း

ထျန်းမင်သို့ ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ရောက်ရှိလာခဲ့လေ၏။ ထိုရည်ရွယ်ချက်မှာ စစ်သားသစ် စုဆောင်းရေးပင် ဖြစ်တော့သည်။

နေရာလပ် ဟင်းလင်းပြင်ထဲတွင် ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူများနှင့် မဟာယာနအဆင့် ကျင့်ကြံသူများသည် အချိန်အတိုင်းအတာတစ်ခုအထိ ရှင်သန်နိုင်ကြသည်။ ကပ်ဘေးဖြတ်ကျော် ပုဂ္ဂိုလ်ကြီးများမှာမူ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ကြပြီး အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြပေသည်။

ရာရှိုမွန်မျိုးနွယ်၏ ဧရာမစစ်တပ်ကြီးကို ခုခံကာကွယ်ရန် ကြယ်တာရာနယ်မြေ တပ်မတော်တစ်ခုတည်းကိုသာ အားကိုးနေရုံဖြင့် မလုံလောက်လေရာ နောက်ထပ် အင်အားများ လိုအပ်နေပေသည်။

ထို့ကြောင့်ပင် ကြယ်တာရာနယ်မြေအသီးသီးမှ ကျင့်ကြံသူများစွာ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်ပြီး၊ ထိုသူများမှာ အင်မော်တယ်များသာမက အင်အားကြီးပုဂ္ဂိုလ်ကြီးများပင် ပါဝင်ကြလေသည်။

ပြင်ပမှ ကျင့်ကြံသူများ ထျန်းမင်သို့ တဖြည်းဖြည်း ရောက်ရှိလာပြီးနောက်၊ ဒေသခံအများစုသည် အစွမ်းထက်သော အပြင်လူများက ထျန်းမင်တည်ရှိရာ ကြယ်တာရာ ကောင်းကင်ကို တိုက်ခိုက်ရန် ကြံရွယ်နေကြကြောင်း အခြေအနေအရပ်ရပ်ကို သဘောပေါက်နားလည်လာကြသည်။

သို့သော်ငြားလည်း ယခုအခိုက်အတန့်တွင်၊

အင်မော်တယ်အဆင့် ပုဂ္ဂိုလ်ကြီးများက စစ်သားစုဆောင်းရန် ရောက်ရှိလာသည်ကို မြင်တွေ့ရသောအခါ ဒေသခံ ကျင့်ကြံသူ များစွာမှာ

အတော်လေး စိတ်ရှုပ်ထွေးနေကြဆဲ ဖြစ်လေ၏။

သူတို့၏ မျက်စိထဲတွင် အလွန်မြင့်မြတ်သည်ဟု ထင်မှတ်ထားခဲ့သော ဤအဆင့်မြင့်ပုဂ္ဂိုလ်ကြီးများသည် မထင်မှတ်ဘဲ စစ်သည်တော်များ၊ စစ်သားများ ဖြစ်နေကြသည်တကား။

ဤအသိတရားက ထျန်းမင်မှ ကျင့်ကြံသူများစွာ၏ ယုံကြည်မှုကို ယိမ်းယိုင်သွားစေခဲ့လေတော့သည်။

အခန်း ၅၅၇ - နက်ရှိုင်းခြင်းအင်မော်တယ်အခင်းအကျင်းနှင့် နေရာ ကူးပြောင်း စင်မြင့်...

~အင်မော်တယ်ဂိုဏ်းကြီးများမှ ဘိုးဘေးများ၊ ဟင်းလင်းပြင်အဆင့် ကျွမ်းကျင်သူများ၊ ထို့အပြင် စွမ်းအားရှင်အဆင့် ပုဂ္ဂိုလ်ကြီးများပင် စစ်တပ်သို့ ဝင်ရောက်ခဲ့ကြ၏။

အကြောင်းမှာ ကြယ်တာရာနယ်မြေတပ်မတော်က ပေးအပ်သည့် ဆုလာဘ်များမှာ အလွန်အမင်း များပြားလွန်းသောကြောင့်ပင်။

ရာရှိုမွန်မျိုးနွယ်မှ စွမ်းအားရှင်အဆင့် တစ်ဦးကို သတ်ဖြတ်နိုင်လျှင် ဝိညာဉ်ကျောက်စိမ်းပြား

ဆုများ ရရှိမည်ဖြစ်ပြီး၊ အင်မော်တယ်အဆင့်တစ်ဦးကို သတ်နိုင်လျှင်မူ ကြယ်တာရာခြင်ဆီကိုပင် ဆုလာဘ်အဖြစ် ရရှိနိုင်လေသည်။

ဝိညာဉ်ကျောက်စိမ်းနှင့် ကြယ်တာရာခြင်ဆီ။ ၎င်းတို့မှာ သာမန် တကိုယ်တော် ကျင့်ကြံသူများအတွက် လုံးဝ မရနိုင်သော ရတနာများ ဖြစ်ပါသည်။ ကြယ်တာရာနယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားပြီး ကြွယ်ဝချမ်းသာလှသော ယွီမိသားစုမှသာ ဤမျှလောက် ရက်ရောနိုင်စွမ်း ရှိပေလိမ့်မည်။

ထို့ထက် မကသေးပေ။

ထိုဆုလာဘ်များအပြင် ဝိညာဉ်လက်နက်များ၊ အင်မော်တယ်လက်နက်များအထိ ဆုချီးမြှင့်မည်ဖြစ်ပြီး၊ ကျင့်ကြံခြင်းနည်းစနစ်များထဲတွင် အင်မော်တယ်သိုင်းကျမ်းများကိုပင် ကောင်းမှုကုသိုလ်အမှတ်များဖြင့် လဲလှယ်နိုင်ခွင့် ရှိနေလေ၏။

၎င်းက အင်မော်တယ်သိုင်းကျမ်းပင်။

ဤအချက်တစ်ခုတည်းနှင့်ပင် အင်မော်တယ်ဂိုဏ်းကြီးများမဟုတ်သော ထျန်းမင်မှ အခြားဂိုဏ်းကြီးများမှ စွမ်းအားရှင်များကို ရူးသွပ်သွားစေရန် လုံလောက်သည်။ သူတို့သာ အင်မော်တယ်သိုင်းကျမ်းတစ်စောင်ကို ကံကောင်းစွာ ရရှိသွားပါက အချိန်တိုအတွင်း အင်မော်တယ်ဂိုဏ်းကြီးတစ်ခုအဖြစ်သို့ တက်လှမ်းနိုင်ပေတော့မည်။

ဤမျှသာမက သိုင်းပညာများ၊ အခင်းအကျင်းတာအို အမွေအနှစ်များနှင့် အခြားသော ဆုလာဘ်များစွာလည်း ရှိနေသေး၏။

သို့သော် အင်မော်တယ်များအတွက်မူ အဖိုးတန်လွန်းသော ဆုလာဘ်ကြီးတစ်ခုသည် သီးသန့်ရှိနေခဲ့သည်။ ထိုဆုလာဘ်မှာ အကယ်၍ တစ်စုံတစ်ယောက်က ထူးကဲစွာ စွမ်းဆောင်နိုင်ခဲ့ပါလျှင် ခြွင်းချက်အနေဖြင့် ကြယ်တာရာနယ်မြေ တပ်မတော်သို့ ဝင်ရောက်ခွင့်ပြုမည်ဟု ကြယ်တာရာနယ်မြေ စစ်တပ်က တရားဝင်ကြေညာခဲ့ခြင်းပင်။

ဤအချက်လေးတစ်ခုတည်းကပင်

အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့် အခြားသော ကြယ်တာရာနယ်မြေများမှ အင်မော်တယ်များ၏ နှလုံးသားကို လှုပ်ခတ်သွားစေခဲ့သည်။

ကြယ်တာရာနယ်မြေ တပ်မတော်သို့ ဝင်ရောက်နိုင်ခဲ့သည်နှင့်တစ်ပြိုင်နက်၊ အနိမ့်ဆုံးကျင့်ကြံမှုသည် အစစ်အမှန် အင်မော်တယ်အဆင့် ဖြစ်လာပြီး၊ ကံမကုန်၍ သေမသွားသမျှ ကာလပတ်လုံး နက်ရှိုင်းခြင်း အင်မော်တယ်အဆင့်သို့ တက်လှမ်းရန်မှာ သေချာနေတော့သည်။

သာမန် ကောင်းကင်ဘုံအင်မော်တယ်များအဖို့ နက်ရှိုင်းခြင်း အင်မော်တယ်အဆင့်ဆိုသည်မှာ အိပ်မက်ပင် မက်ခွင့်မရှိသော အရာတစ်ခု မဟုတ်ပါလား။

ထိုမျှမက၊ ကြယ်တာရာနယ်မြေ တပ်မတော်သည် ယွီမိသားစု၏ အထူးတလည် ရွေးချယ်ထားသော စစ်သည်တော်များဖြင့်သာ ဖွဲ့စည်းထားသည်။ တပ်မတော်သို့ ဝင်ရောက်ခြင်းသည် ယွီမိသားစု၏ အဖွဲ့ဝင် ဖြစ်လာခြင်းပင် ဖြစ်ပြီး၊ ကောင်းကင် ကြယ်တာရာ နယ်မြေတစ်ခွင်တွင် မည်သူ့ကိုမှ ဂရုစိုက်ရန်မလိုဘဲ ဘဝင်မြင့်စွာဖြင့် သွားလာနိုင်ပေတော့မည်။ အစွမ်းထက်သော ကမ္ဘာခြားမျိုးနွယ်များကပင် ထိုတပ်မတော်မှ ကျင့်ကြံသူများကို ဂုဏ်သရေရှိ ဧည့်သည်တော်များအဖြစ် လေးလေးစားစား ဆက်ဆံကြရပေလိမ့်မည်။

ဤသို့သော ကောင်းကင်ဘုံမှ ဆုလာဘ်ကြီးမျိုးက ယွီမိသားစု၏ ဩဇာအောက်ရှိ တကိုယ်တော် ကျင့်ကြံသူများနှင့် အင်မော်တယ်များ၏ ရင်ကို မည်သို့ မခုန်စေဘဲ နေနိုင်ပါမည်နည်း။

ထို့ကြောင့်ပင် အင်အားကြီးပုဂ္ဂိုလ်ကြီးများဖြစ်စေ၊ အင်မော်တယ်များဖြစ်စေ၊ အားလုံး၏ မျက်ဝန်းများထဲတွင် စစ်ပွဲရောက်ရှိလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်မျှော်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေလေတော့သည်။

---

ထိုအခိုက်အတန့်၌ လုရီသည်လည်း ဤစစ်ပွဲကြီးတွင် ပါဝင်ရန် ဆုံးဖြတ်ထား၏။

ယွီမိသားစု၏ ဆုလာဘ်များကိုတော့ သူ သိပ်စိတ်မဝင်စားလှပါ။ အကြောင်းမှာ သူ၏ အလုပ်များမှ ရရှိသော ဆုလာဘ်များက ယွီမိသားစု၏ ဆုလာဘ်များထက် များစွာသာလွန်နေသောကြောင့် ဖြစ်သည်။

သူ ဤစစ်ပွဲကြီးတွင် ပါဝင်ရသည့် အဓိကအကြောင်းရင်းမှာ ထျန်းမင်သည် သူ၏ ဇာတိမြေဖြစ်နေသောကြောင့်ပင်။ ရာရှိုမွန်တပ်မတော်က ထျန်းမင်ကို တိုက်ခိုက်လာသည့်အခါ သူအနေဖြင့် လက်ပိုက်ကြည့်မနေနိုင်ပါ။

ထို့အပြင် နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။

သားရဲတစ်သောင်းတောင်တန်းမှ သားရဲလှိုင်းလုံးနှင့် ကောင်းကင်မိစ္ဆာ ဆင်းသက်ခြင်း ကိစ္စများတွင် သူရရှိခဲ့သော အလုပ် ဆုလာဘ်များသည် အလွန် ရက်ရောခဲ့သည်။ ယခုကဲ့သို့ စစ်ပွဲကြီးတစ်ခုတွင် အလုပ် တစ်ခု ထုတ်ပြန်လိုက်ပါက ရရှိမည့် ဆုလာဘ်များမှာ ပို၍ပင် ရက်ရောလိမ့်မည်မှာ သေချာပါ၏။

လုရီအတွက်တော့ ဤစစ်ပွဲကြီးသည် သူ၏အဆင့်ကို ပိုမိုမြန်ဆန်စွာ တိုးမြှင့်နိုင်မည့် ရှားပါးသော အခွင့်အရေးတစ်ခုလည်း ဖြစ်နေသည်။

---

ဤတစ်ကြိမ်တွင် လုရီသာမက လင်းလောင်တောင်ထိပ်သခင်မ၏ စိတ်နှလုံးပင် တည်ငြိမ်

မနေနိုင်တော့ပေ။ အကြောင်းမှာ ဤနေရာသည် ကောင်းကင် ကြယ်တာရာ နယ်မြေ ဖြစ်နေပြီး၊ ယွီမိသားစု၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သူမသည် စစ်မြေပြင်သို့ သွားရောက်ကာ အခြေအနေကို ကိုယ်တိုင်နားလည်ရန် တာဝန်ရှိနေသောကြောင့်ပင်။

လုရီက ရာရှိုမွန်မျိုးနွယ် တပ်မတော်ကို သွားရောက်ခုခံမည်ဟု ကြားသိရသောအခါ၊ လျိုနင်ရွှမ်းနှင့် အခြားသုံးယောက်သည်လည်း တစ်စက်ကလေးမျှ တွန့်ဆုတ်နေခြင်းမရှိဘဲ လုရီနှင့်အတူ လိုက်ပါရန် ဆုံးဖြတ်ခဲ့ကြသည်။

လုရီကလည်း သူမတို့ကို မငြင်းပယ်ခဲ့ပေ။ အကြောင်းမှာ လေးယောက်လုံးသည် ကပ်ဘေးဖြတ်ကျော်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးဖြစ်သည့်အပြင်၊ နိယာမတရားများကို ထိန်းချုပ်နိုင်စွမ်းရှိသော အင်မော်တယ်ရုပ်ခန္ဓာပိုင်ရှင်များ ဖြစ်နေသည် မဟုတ်ပါလော။

ထို့အပြင်၊ သူမတို့ ကပ်ဘေးဖြတ်ကျော်နယ်ပယ်သို့ တက်လှမ်းပြီးနောက် လုရီက သူမတို့နှင့် သင့်တော်လိုက်ဖက်သော အင်မော်တယ်လက်နက်များ ပေးအပ်ထားခဲ့ရာ ယခုအချိန်တွင် သူတို့၏ တိုက်ခိုက်ရေးအစွမ်းသည် အလွန်အမင်း အစွမ်းထက်နေခဲ့ပြီ ဖြစ်ပါသည်။ အင်မော်တယ်များနှင့် နှိုင်းယှဉ်လျှင် ကွာဟမှုအနည်းငယ်ရှိနေသေးသော်လည်း၊ သူမတို့သည် ဟင်းလင်းပြင်အင်မော်တယ်အဆင့်၏ ထိပ်တန်းများထဲတွင် သေချာပေါက် ပါဝင်နေပေသည်။

ရာရှိုမွန်မျိုးနွယ် စစ်တပ်ထဲ၌လည်း ထျန်းမင်ဘက်ကဲ့သို့ပင် အားလုံးမှာ အင်မော်တယ်များမဟုတ်ကြပေ။ အင်မော်တယ်များသည် အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး၊ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်သော အင်အားကြီးပုဂ္ဂိုလ်ကြီးအဆင့်များလည်း များစွာပါဝင်နေသေးသည်။

လုရီ သွားမည်ဟု ကြားသောအခါ ကျန့်ဖန်နှင့် အခြားသူများပင် လိုက်ပါရန် စိတ်အားထက်သန်ခဲ့ကြသော်လည်း၊ ကံမကောင်းစွာဖြင့် သူတို့၏ ကျင့်ကြံမှုအဆင့်မှာ ဟင်းလင်းပြင်ဥမင်နယ်ပယ်မျှသာ ရှိသေးသဖြင့် လုံလောက်အောင် မြင့်မားခြင်းမရှိသေးဘဲ၊ နှမြောတသစွာဖြင့်သာ ကျန်ရစ်ခဲ့ရရှာသည်။

နောက်ဆုံး၌ လင်းလောင်တောင်ထိပ်သခင်မသည် လုရီနှင့် လျိုနင်ရွှမ်းတို့လေးယောက်ကို ဦးဆောင်ကာ ထျန်းမင်ကြယ်စနစ်၏ အစွန်အဖျားတွင်ရှိသော စစ်မှော်ရတနာကြီးဆီသို့ ခေါ်ဆောင်သွားလေတော့သည်။

ထျန်းမင်တွင် စစ်သားစုဆောင်းမှုများကြောင့်၊ အဆင်ပြေစေရန်အတွက် ကြယ်တာရာနယ်မြေ တပ်မတော်က ထျန်းမင်တွင် ကူးပြောင်းရေး အခင်းအကျင်းတစ်ခုကိုပင် တည်ဆောက်ထားခဲ့၏။ ၎င်းမှာ ကျင့်ကြံသူများကို စစ်မှော်ရတနာပေါ်သို့ တိုက်ရိုက်ပို့ဆောင်ပေးရန်အတွက် သီးသန့်တည်ဆောက်ထားခြင်း ဖြစ်သည်။

ထိုနေရာရွှေ့ပြောင်း အခင်းအကျင်း၏ တည်နေရာမှာ ဗဟိုနယ်မြေအတွင်း၊ သားရဲတစ်သောင်းတောင်တန်းနှင့် မနီးမဝေးရှိ ရှေးဟောင်းမြို့ကြီးတစ်မြို့၏ အပြင်ဘက်တွင် ရှိနေခဲ့သည်။

လုရီတို့အဖွဲ့ ရောက်ရှိသွားသောအခါ၊ ထိုနေရာသည် လူပင်လယ်ကြီးတစ်ခုအလား စည်ကားနေခဲ့လေပြီ။

လုရီသည် ရှေးဟောင်းမြို့ကြီးအပြင်ဘက်မှ ဧရာမ အခင်းအကျင်း စင်မြင့်ကြီးတစ်ခုကို လျင်မြန်စွာပင် တွေ့မြင်လိုက်ရသည်။

အခင်းအကျင်း စင်မြင့်ကို ကျောက်နက်များဖြင့် တည်ဆောက်ထားပြီး ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းလှကာ၊ နက်နဲလှသော အခင်းအကျင်းပုံစံများဖြင့် ထူထပ်စွာ ဖုံးလွှမ်းနေလေသည်။

လုရီပင်လျှင် တစ်ချက်မျှ အကြမ်းဖျင်းကြည့်လိုက်ရုံဖြင့် သူ၏ အသိစိတ်ပင်လယ်သည် အနည်းငယ် ယိမ်းယိုင်သွားသလို ခံစားလိုက်ရတော့သည်။

သူ အံ့အားသင့်သွားသည်။

"တကယ့်ကို အစွမ်းထက်တဲ့ အခင်းအကျင်းပါလား။"

လင်းလောင်တောင်ထိပ် သခင်မက လုရီကို တစ်ချက်ကြည့်ကာ ခပ်ဖွဖွရယ်လိုက်သည်။

"..ကောင်လေး..နင်က အခင်းအကျင်းတာအိုကို နားလည်နိုင်စွမ်း မြင့်မားပေမဲ့ နင့်ထက်သာတဲ့သူတွေ၊နင့်ထက်မြင့်တဲ့ ကောင်းကင်တွေ အများကြီးရှိနေသေးတယ်။ ဒီနေရာလပ်အခင်းအကျင်းကို နက်ရှိုင်းခြင်းအင်မော်တယ်အဆင့် အခင်းအကျင်းပညာရှင်မှသာ တည်ဆောက်နိုင်တာဟဲ့..."

ထိုစကားကို ကြားသောအခါ လုရီ အံ့အားသင့်သွားပြီး လေးစားစွာ ချီးကျူးလိုက်သည်။

"ဒါကြောင့်ကိုး။ ကျွန်တော် နားမလည်နိုင်လောက်အောင် နက်နဲနေတဲ့ နေရာတွေ အများကြီးပဲ။"

ထိုအခိုက်အတန့်၌ သူ၏စိတ်ထဲတွင် အားကျမှုများဖြင့် ပြည့်နှက်သွားသည်။

...ဒါ ယွီမိသားစုရဲ့ ဖန်တီးမှုပါလား။ ငါ ဘယ်တော့များမှ ဒီလို နက်ရှိုင်းခြင်းအင်မော်တယ်အဆင့် အခင်းအကျင်းကြီးကို တည်ဆောက်နိုင်မှာလဲ။ ငါသာ ဒီလိုအခင်းအကျင်းကို တည်ဆောက်နိုင်ခဲ့ရင် နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် ကျင့်ကြံသူကိုတောင် သတ်နိုင်မှာပဲ...

လုရီက တစ်ခဏမျှ အတွေးနယ်ချဲ့လိုက်ပြီးနောက် သူသည် ကောင်းကင်အင်မော်တယ်အဆင့် အခင်းအကျင်းကိုပင် မနည်းတွက်ချက်နေရသေးသည်ကို သတိရကာ အတွေးစများကို ရပ်တန့်လိုက်ရသည်။

.....

ထျန်းမင်တစ်ခုလုံးတွင် လုရီကို မသိသူ၊ မကြားဖူးသူ မရှိသလောက်ပင်။ ထို့ကြောင့် လုရီရောက်လာသည်ကိုမြင်သောအခါ ကျင့်ကြံသူအများအပြားက သူ့ဘက်သို့ လှည့်ကြည့်ကာ တီးတိုးပြောဆိုနေကြသည်။

"ကြည့်စမ်း! အဲ့ဒါ လုရီပဲ!"

"လုရီလည်း လာတယ်လား။ သူလည်း ဒီစစ်ပွဲကြီးမှာ ပါဝင်မယ့်ပုံပဲ။"

"သူ့ဆရာက အဲ့ဒီအထက်တန်းလွှာမိသားစုက ဆင်းသက်လာတာဆို။ သူပါ ဘာလို့လိုက်လာရတာလဲ။"

"မင်းတို့က ဘာသိလို့လဲ။ သူ့လို ပါရမီရှင်တစ်ယောက်အတွက် အရင်းအမြစ်ဆိုတာ လိုတာထက်ပိုနေမှာပေါ့။ သူလိုအပ်တာက စမ်းသပ်မှုတွေပဲ။ ဒီစစ်ပွဲကို သူက အတွေ့အကြုံတစ်ခုအနေနဲ့ သဘောထားတာ ဖြစ်ရမယ်။"

---

ထိုသို့သော စကားဝိုင်းများသည် နေရာအနှံ့တွင် ဖြစ်ပေါ်နေလေ၏။

အခြားဂြိုဟ်များမှ ရောက်လာကြသော ပါရမီရှင်များပင် လုရီကို စိတ်ဝင်တစား ကြည့်နေကြသည်။

ကမ္ဘာခြားမှ ကျင့်ကြံသူများအဖို့၊ ထျန်းမင်သို့ ရောက်ရှိလာပြီးနောက် လုရီဟူသော အမည်နာမသည် သူတို့၏ နားထဲ၌ပင် အသားမာတက်နေလောက်အောင် ကြားဖူးနေကြပြီ ဖြစ်သည်။

သို့သော်ငြားလည်း လုရီသည် အများအားဖြင့် တံခါးပိတ်ကျင့်ကြံလေ့ရှိပြီး လူမြင်ကွင်းသို့ ထွက်လေ့မရှိပေ။ ထို့ကြောင့် ယခုကဲ့သို့ သူ့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုက်ရသောအခါ သူတို့အားလုံးသည် သဘာဝအတိုင်းပင် အလွန်အမင်း စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာကြတော့သည်။

မျက်လုံးသုံးလုံး မျိုးနွယ်မှ ရုပ်ရည်ချောမောသော ကျင့်ကြံသူတစ်ဦးသည် သူ၏ မျိုးနွယ်မှ အသက်အရွယ်ကြီးရင့်သော အဖွဲ့ဝင်များစွာ၏ အလယ်တွင် ရပ်နေခဲ့သည်။ သူ၏ အရှိန်အဝါမှာ အလွန်အမင်း ပြင်းထန်လှရာ အခြားကျင့်ကြံသူများက သူနှင့် ခပ်လှမ်းလှမ်းတွင်သာ နေရဲကြပြီး၊ သူ၏ အနီးသို့ ကပ်သွားရုံမျှဖြင့် အသက်ရှူရန်ပင် ခက်ခဲသွားစေသည်။

သူသည် လုရီဘက်သို့ လှမ်း၍ တစ်ချက်ကြည့်လိုက်ပြီးနောက်၊ ပြောလိုက်လေသည်။

"ဟိုတစ်ယောက်က လုရီဆိုတာပဲလား။ သူက မဟာယာနအဆင့်နဲ့တင် အင်မော်တယ်တစ်ပါးနဲ့ ယှဉ်နိုင်တဲ့ တိုက်ခိုက်ရေးအစွမ်းရှိပြီး၊ အဆင့်နိမ့် အင်မော်တယ်အဆင့် ကောင်းကင်ဘုံမိစ္ဆာတွေကိုတောင် သတ်ဖြတ်နိုင်ခဲ့တယ်ဆိုပဲ။ ဒီကောလာဟလတွေက အမှန်ဟုတ်မဟုတ်တော့ စိတ်ဝင်စားစရာပဲ။"

ထိုအခါ သူ့ဘေးမှ ဆံပင်ဖြူနေသော

မျက်လုံးသုံးလုံး မျိုးနွယ် အဘိုးအိုတစ်ဦးက ပြောလာသည်။

"ဒီလူသားမျိုးနွယ် လူငယ်လေးသာ တကယ်ပဲ ဒီလိုအစွမ်းရှိတယ်ဆိုရင် သူက ကောင်းကင်ကြယ်တာရာ နယ်မြေတစ်ခုလုံးမှာတောင် ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက်ပဲ။ သူ့ရဲ့အနာဂတ်က ရွှေအင်မော်တယ်အဆင့်ကို တက်လှမ်းဖို့ သေချာသလောက်ပဲ။ အင်မော်တယ်ဘုရင်အဆင့်ကိုတောင် ရောက်ဖို့ မျှော်လင့်ချက် အနည်းငယ်ရှိတယ်။"

---

“အင်မော်တယ်ဘုရင်...”

မျက်လုံး သုံးခု မျိုးနွယ် လူငယ်၏ မျက်လုံးများတွင် တောင့်တမှုများ ဖြတ်ပြေးသွားပြီးနောက် ဆက်ပြောသည်။

"သူသာ အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ခဲ့ရင်တော့ ကောင်းမှာပဲ။ အဲ့ဒီအခါကျရင် သူကော တကယ်ပဲ အဲ့လောက်တောင် အစွမ်းထက်ရဲ့လားဆိုတာ ကျွန်တော် ကိုယ်တိုင် တွေ့မြင်ချင်သေးတယ်။"

ထိုအခါ အဘိုးအိုက လူငယ်ကို တစ်ချက်ကြည့်ကာ သတိပေးလိုက်၏။

"သူက ယွီမိသားစုက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဆွေမျိုးပဲ။ ယှဉ်ပြိုင်တာက ကိစ္စမရှိပေမဲ့ ရန်တော့ သွားမလုပ်နဲ့။"

"ဆရာကူး၊ ကျွန်တော် ငတုံး မဟုတ်ပါဘူး။"

လူငယ်က စိတ်မပါစွာ ပြန်ပြောလေတော့သည်။

---

ဤသို့သော စကားပြောဆိုမှုများသည် သုံးမျက်လုံးမျိုးနွယ်လူငယ်တို့ အနီးတွင်သာမက အခြားနေရာများစွာတွင်လည်း ဖြစ်ပေါ်နေလေသည်။

ဤသူများအားလုံးသည် ထျန်းမင်၏ အပြင်ဘက်မှ လာကြသော ပါရမီရှင်များပင် ဖြစ်ကြသည်။

ထျန်းမင်မှ ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင် သူတို့သည် သဘာဝအတိုင်းပင် ကွဲပြားခြားနားကြသည်။ အင်မော်တယ်ကြယ်တာရာများမှ လာသော ပါရမီရှင်များသည် အမြင်နှင့် အစွမ်းအစ နှစ်မျိုးလုံးတွင် များစွာ သာလွန်မြင့်မားကြပေသည်။

သို့သော် လုရီ၏ ဘေးမှ လင်းလောင်တောင်ထိပ်သခင်မကိုတော့ မည်သူမျှ သတိမပြုမိကြပေ။ အကြောင်းမှာ လင်းလောင်တောင်ထိပ်သခင်မသည် အများအားဖြင့် သူမ၏ တောင်ထိပ်တွင်သာ အိပ်စက်ခြင်းဖြင့် အချိန်ကုန်လွန်စေလေ့ရှိပြီး သူမကို အမှန်တကယ် သိရှိသူ အလွန်ရှားပါးသောကြောင့်တည်း။

သူမသည် ယွီမိသားစုမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းကို မည်သူတစ်ဦးတစ်ယောက်မျှ မရိပ်မိကြပေ။

လင်းလောင်တောင်ထိပ်သခင်မ၏ လှပသော မျက်နှာလေးပေါ်တွင် အိပ်ချင်မူးတူးဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်နေပြီး၊ သူမသည် သမ်းဝေလိုက်ရင်း မည်သည့်အရာကိုမျှ စိတ်ဝင်စားမှုမရှိသော ပုံစံမျိုးဖြင့် ရှိနေခဲ့သည်။

သူမသည် အပြင်ထွက်ရခြင်းကို မနှစ်သက်ပေ။

ထိုအခိုက်အတန့်မှာပင်၊ စိတ်လှုပ်ရှားနေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ညီအစ်ကိုလု။ မင်းလည်း ဒီကို ရောက်နေတာလား။"

လုရီ ခေါင်းလှည့်ကြည့်လိုက်သောအခါ အံ့အားသင့်နေသော မျက်နှာထားဖြင့် ပျံသန်းလာသည့် ကောင်းကင်နဂါး သူတော်စင်သားတော်ကို တွေ့လိုက်ရသည်။

ကောင်းကင်နဂါးသူတော်စင်သားတော်နှင့်အတူ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ အခြားကျင့်ကြံသူများလည်း ပါလာခဲ့သည်။

သူတို့ကို ဦးဆောင်လာသူမှာ အလွန်အမင်း အရပ်မြင့်မားပြီး ကြွက်သားများဖြင့် တောင့်တင်းခိုင်မာသော အမျိုးသားကြီးတစ်ဦး ဖြစ်ကာ၊ သူ၏ သက်စောင့်စွမ်းအားများမှာ သားရိုင်းနဂါးတစ်ကောင်အလား တဟုန်ထိုး တက်ကြွနေခဲ့သည်။ သူသည် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ အင်မော်တယ်ဘိုးဘေး တစ်ဦးဖြစ်ပြီး လုံယွမ်ဟု အမည်တွင်လေသည်။

လုံယွမ်၏ ဘေးတွင် အကြီးအကဲ လုံယင်၊ အကြီးအကဲ လုံမင်ကဲ့သို့သော အခြားအကြီးအကဲများအပြင်၊ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ဟင်းလင်းပြင်အင်မော်တယ်များနှင့် အင်အားကြီးပုဂ္ဂိုလ်ကြီးများစွာလည်း ပါဝင်လေသည်။

ဤနေရာတွင် လူရာပေါင်းများစွာ စုရုံးရောက်ရှိနေကြပြီး၊ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၏ အင်အားကြီးပုဂ္ဂိုလ်ကြီး အများစုပင် ရောက်ရှိနေသည်ဟု ဆိုနိုင်ပေသည်။

လုရီ၏ မျက်နှာတွင် အနည်းငယ် တွေဝေသွားဟန် ပေါ်လာသော်လည်း သူ၏ ရင်ထဲတွင်တော့ အဖြစ်မှန်ကို နားလည်နေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ၊ ကြယ်တာရာနယ်မြေ တပ်မတော်က ကမ်းလှမ်းသော အခွင့်အရေးများမှာ အလွန်အမင်း ကောင်းမွန်လွန်းလှရာ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ အင်အားကြီးပုဂ္ဂိုလ်ကြီးများပင်လျှင် ဤအခွင့်အရေးကို လက်လွှတ်ခံကြမည် မဟုတ်ပေ။

လုရီက ပြုံးလိုက်သည်။

“ညီအစ်ကို အော့ထျန်း၊ မတွေ့ရတာကြာပြီပဲ။ မင်းလည်း လာတာကိုး။”

သူက လုံယွမ်နှင့် အခြားအကြီးအကဲများကိုလည်း ခေါင်းညိတ် အလေးပြုလိုက်သည်။

“တာအိုစီနီယာ လုံယွမ်၊ တာအိုစီနီယာ

လုံယင်...မဂ်လာပါဗျ...”

လုံယွမ်နှင့် အကြီးအကဲအချို့သည် လုရီဘေးတွင် သမ်းဝေနေသော လင်းလောင်တောင်ထိပ် သခင်မကို မြင်သောအခါ သူတို့၏ မျက်နှာအမူအရာများ အနည်းငယ်ပြောင်းလဲသွား၏။

သူတို့က အရိုအသေပေးရန် ပြင်လိုက်စဉ်မှာပင် လင်းလောင်တောင်ထိပ် သခင်မ၏ အသံက ကြားဖြတ်ဝင်လာသည်။

"အခမ်းအနားတွေ လုပ်မနေနဲ့တော့။"

လုံယွမ်တို့လည်း အခြေအနေကို သဘောပေါက်ကာ ဘာမှ ဆက်မပြောတော့ပေ။

ထို့နောက် လုံယွမ်က လုရီကို ကြည့်၍ ပြုံးကာ ပြောလာသည်။

"တာအိုရောင်းရင်း လုရီ၊ ဒီမှာတွေ့ရတာ တိုက်ဆိုင်လိုက်တာ။ မင်းလည်း ရာရှိုမွန်မျိုးနွယ်ရဲ့ ကျူးကျော်မှုကို ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်နေတာလား။"

---

လုရီက ခေါင်းညိတ်လိုက်၏။

"ဟုတ်ပါတယ်။ ထျန်းမင်က ကျွန်တော်တို့ရဲ့ ဇာတိမြေပဲ။ မျိုးနွယ်ခြားတွေ ကျူးကျော်လာတာကို ကျွန်တော် လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူးလေ"

---

"ကောင်းလိုက်တဲ့စကားပဲ တာအိုရောင်းရင်းလုရီ။ အဲ့ဒီအခါကျရင် ငါတို့ အတူတူ လက်တွဲလုပ်ဆောင်ကြတာပေါ့။ ဒါမှ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကူညီနိုင်မှာ" ဟု လုံယွမ်က ရယ်မောရင်း ပြောလိုက်သည်။

လုရီ၏ အစွမ်းအစကို လုံယွမ်သည် ကောင်းစွာ သိရှိထားပြီးဖြစ်ကာ၊ ၎င်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှကြောင်းကိုလည်း

နားလည်ထား၏။

ထိုမျှသာမက လုရီ၏ နောက်ခံအခြေအနေကြောင့် လုံယွမ်သည် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်လိုကာ လုရီနှင့် မဟာမိတ်ဖွဲ့ရန် မျှော်လင့်နေခဲ့သည်။

ဤစကားကိုကြားသောအခါ ကောင်းကင်နဂါးသူတော်စင်သားတော်၏ မျက်လုံးများ အရောင်တောက်သွားခဲ့ပြီး၊ သူက ပြုံးရွှင်စွာဖြင့်၊

"ညီအစ်ကိုလု၊ အချိန်ကျရင် ကျွန်တော်က ညီအစ်ကိုလုနဲ့ မရီးတို့နောက်ကို လိုက်မယ်လေ၊ ရတယ်မလား။" ဟု မေးလိုက်သည်။

"ရတာပေါ့"

လုရီက မျှော်လင့်တကြီး ဖြစ်နေသော ကောင်းကင်နဂါး သူတော်စင်သားတော်၏ မျက်နှာအမူအရာကို ကြည့်ကာ ပြုံးလိုက်ပြီးပြန်ပြောလိုက်၏။

သူတို့ စကားပြောဆိုနေကြစဉ်မှာပင်၊ ကြယ်တာရာနယ်မြေ တပ်မတော်မှ အဖွဲ့ဝင်တစ်ဦးသည် ပျံသန်းလာပြီး အခင်းအကျင်း စင်မြင့်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

ထိုစစ်တပ်အဖွဲ့ဝင် ဆင်းသက်လိုက်သည်နှင့်တစ်ပြိုင်နက် ကျင့်ကြံသူအားလုံး၏ အကြည့်များသည် ထိုနေရာသို့ စုပြုံရောက်ရှိသွားကြတော့သည်။

"နောက်ဆုံးတော့ အချိန်ကျပြီကွ။ နေရာကူးပြောင်း အခင်းအကျင်းကို စဖွင့်တော့မယ်။"

ဤနေရာကူးပြောင်း အခင်းအကျင်း စင်မြင့်သည် အလင်းနှစ်တစ်နှစ်နီးပါးအကွာသို့ နေရာရွှေ့ပြောင်းပေးနိုင်ပြီး၊ နက်ရှိုင်းခြင်း

အင်မော်တယ်အဆင့် အခင်းအကျင်းပုံစံများဖြင့် တည်ဆောက်ထားသည့်တိုင် ကုန်ကျသည့် စွမ်းအင်မှာ မခန့်မှန်းနိုင်လောက်အောင် ကြီးမားလှပေသည်။ ထို့ကြောင့် ၎င်းကို အမြဲတမ်း ဖွင့်ထား၍ မရနိုင်ပေ။

အင်မော်တယ် အနည်းငယ်ကို ပို့ဆောင်ပေးရန်အတွက်နှင့် နေရာရွှေ့ပြောင်း အခင်းအကျင်း စင်မြင့်ကို အမြဲဖွင့်ထားခြင်းသည် လုံးဝ တွက်ခြေမကိုက်ပေ။

ကျင့်ကြံသူ အရေအတွက် အတိုင်းအတာတစ်ခုအထိ စုစည်းမိသောအခါမှသာ ကြယ်တာရာနယ်မြေ တပ်မတော်က လာရောက်၍ တစ်ကြိမ်ဖွင့်လှစ်ပေးပြီး ကျင့်ကြံသူအားလုံးကို တစ်ပြိုင်နက်တည်း ပို့ဆောင်ပေးလေ့ရှိသည်။

ကြယ်တာရာနယ်မြေ တပ်မတော်မှ အဖွဲ့ဝင်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်ဟန်ဖြင့် ကြယ်ခြင်ဆီတစ်စက်ကို အခင်းအကျင်း စင်မြင့်ပေါ်သို့ ချလိုက်ရာ၊ မရေမတွက်နိုင်သော အခင်းအကျင်းပုံစံများက တလက်လက် တောက်ပလာခဲ့တော့သည်။

စင်မြင့်၏အထက်တွင် နေရာလပ်သည် လိမ်ယှက်သွားပြီး မီတာရာပေါင်းများစွာ ကျယ်ဝန်းသော ဧရာမ ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်ပေါ်လာကာ လေလယ်တွင် တည်ငြိမ်စွာ ချိတ်ဆွဲထားသကဲ့သို့ ရှိနေသည်။ အတွင်းပိုင်းမှာ မည်းမှောင်နက်ရှိုင်းနေပြီး မြင်ရသူကို ကြက်သီးထဖွယ် ခံစားမှုမျိုး ဖြစ်ပေါ်စေသည်။

"နေရာကူးပြောင်း အခင်းအကျင်းကို ဖွင့်လှစ်လိုက်ပြီ။ တစ်မိနစ်ကြာ တည်ရှိနေမည်။ စစ်မှော်ရတနာဆီသို့ သွားလိုသော ကျင့်ကြံသူများ ယခုပင် ဝင်ရောက်နိုင်ပြီ။"

ထိုအခါ ကျင့်ကြံသူများသည် ချက်ချင်းပင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကြပြီး အခင်းအကျင်းအတွင်းမှ ဟင်းလင်းပြင်ကြီးဆီသို့ ပြိုင်တူ ပျံသန်းဝင်ရောက်သွားကြတော့သည်။

လုရီနှင့် သူ့အဖွဲ့လည်း ခြွင်းချက်မရှိ ပါဝင်သွားခဲ့သည်။

အခန်း ၅၅၈ - ဟင်းလင်းပြင်ထဲမှ ကျိုယို၏ တီးတိုးသံနှင့် နေရာလပ်နိယာမ၏ အားသာချက်များ…

~လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မတို့သည် မှောင်မည်းနေသော ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားကြသည်။ ထိုအခိုက်အတန့်၌ လုရီသည် ထူးဆန်းပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ် တီးတိုးသံများကို ကြားလိုက်ရ၏။ ထိုအသံများသည် သူ့နားထဲသို့ တစ်စုံတစ်ယောက်က စကားလုံးများဖြင့် လာရောက်ရေရွတ်နေသကဲ့သို့ ခံစားရလေသည်။ သို့သော် ထိုစကားလုံးတို့၏ အဓိပ္ပာယ်ကိုမူ သူ ဝေခွဲ၍မရခဲ့ပါ။

သူ၏နှလုံးသားထဲတွင် တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်သွားသည်။

"ဒါက... ကျိုယိုရဲ့ ခံစားမှုလား။"

ကျိုယိုချီနှင့် ကြုံတွေ့ဖူးသူတစ်ယောက်အနေဖြင့် လုရီသည် ဤလက္ခဏာကို ကောင်းစွာသိရှိနေ၏။ ဟင်းလင်းပြင်အတွင်း၌ ကျိုယိုချီတို့ ရှိနေသည်ကို သူ ချက်ချင်းပင် သဘောပေါက်လိုက်သည်။

သို့သော် လုရီ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး သူသည် ဟင်းလင်းပြင်ထဲမှ ပျံထွက်သွားတော့သည်။

သူ၏မျက်စိရှေ့တွင်တော့ အဆုံးမဲ့သော ဟင်းလင်းပြင်ကြီးနှင့် အဝေးဆီမှ မှိတ်တုတ်မှိတ်တုတ် ကြယ်တာရာများက ခမ်းနားပြီး အိပ်မက်ဆန်သော မြင်ကွင်းတစ်ခုကို ပုံဖော်လျက်ရှိသည်။

လုရီရပ်နေသော နေရာမှာ ကြီးမားကျယ်ပြန့်သော သတ္တုရင်ပြင်ကြီးတစ်ခု ဖြစ်၏။ သူတို့သည် ရင်ပြင်၏ ထောင့်တစ်နေရာ၊ အဆုံးမဲ့သော အခင်းအကျင်းပုံစံများဖြင့် ဖုံးလွှမ်းနေသည့် နေရာ ကူးပြောင်းအခင်းအကျင်းစင်မြင့်တစ်ခုပေါ်တွင် ရပ်နေကြခြင်းပင်။

တစ်ယောက်ပြီးတစ်ယောက် ကျင့်ကြံသူများသည် အခင်းအကျင်းစင်မြင့်ပေါ်ရှိ ဟင်းလင်းပြင်ထဲမှ ပျံထွက်လာကာ ရင်ပြင်ပေါ်သို့ ဆင်းသက်လာကြသည်။

လင်းလောင်တောင်ထိပ်သခင်မ၊ လျိုနင်ရွှမ်း၊ ကျန်းရူယွီ၊ သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့ ငါးဦးလုံးသည် လုရီ၏ ဘေးတွင် ရှိနေကြ၏။ ယခုအခါ လျိုနင်ရွှမ်းတို့ လေးဦး၏ မျက်နှာများထက်တွင် အံ့အားသင့်သော အမူအရာများ ဖြတ်ပြေးသွားကြသည်။

လင်းလောင်တောင်ထိပ်သခင်မ တစ်ဦးတည်းသာ တည်ငြိမ်နေလေသည်။

ထိုစဉ် အခြားကျင့်ကြံသူအချို့ထံမှ တီးတိုးသံများ ထွက်ပေါ်လာသည်။

"ငါတို့ နေရာ ကူးပြောင်းအခင်းအကျင်းကို ဖြတ်လာတုန်းက မင်းတို့ တစ်ခုခုကြားလိုက်သေးလား။"

"ကြားတယ်! တစ်ယောက်ယောက်က ငါ့နားနားလာကပ်ပြီး စကားပြောနေသလိုပဲ။ အဲ့ဒါ ဘယ်သူလဲ။"

"အဲ့ဒီအသံတွေက မကောင်းတဲ့ နိမိတ်ကြီးလို ခံစားနေရတယ် နော်။"

ထိုတီးတိုးသံများကို ကြားသောအခါ လုရီ သဘောပေါက်လိုက်သည်။ သူတစ်ယောက်တည်းသာမက အခြားကျင့်ကြံသူများလည်း ကျိုယိုထံမှ ထူးဆန်းသော တီးတိုးသံများကို ကြားခဲ့ရပုံပင်။

လုရီက တည်ငြိမ်နေသော လင်းလောင်တောင်ထိပ်သခင်မဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ဆရာ၊ ဒီမှာ ဘာတွေဖြစ်နေတာလဲ။"

လင်းလောင်တောင်ထိပ်သခင်မက သမ်းဝေလိုက်ပြီး ပြောပြလေသည်။

"ဒါက ပုံမှန်ပဲ။ ကူးပြောင်းရေးအခင်းအကျင်းက အလွန်အမင်း ဝေးကွာတဲ့ ဟင်းလင်းပြင်တွေကို ဖြတ်သန်းရတဲ့အခါ ကျိုယိုနယ်မြေနဲ့ နီးစပ်တဲ့ နက်နဲတဲ့ နယ်မြေတစ်ခုကို ဖြတ်သန်းသွားရတယ်။ ထိုနေရာမှ ကျိုယိုမိစ္ဆာ အရှိန်အဝါတွေက ကျင့်ကြံသူတွေရဲ့ သက်စောင့်စွမ်းအားကို အာရုံခံမိပြီး သဘာဝအတိုင်း အုံခဲ ရောက်ရှိလာကြတာပဲ။"

---

ထိုစကားကို ကြားသောအခါ လုရီတို့အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ထိတ်လန့်သွားကြသည်။

သုန်းကုန်းမင်ယွဲ့က အလန့်တကြား အော်လိုက်သည်။

"ဒါဆို အရမ်းအန္တရာယ်မများဘူးလား... ဆရာ"

လင်းလောင်တောင်ထိပ်သခင်မက ခေါင်းတစ်ချက်ညိတ်ကာ ပြန်ဖြေသည်။

"စောစောကလို အကွာအဝေးတို ကူးပြောင်းမှုမျိုးဆိုရင် ပေါင်းစည်းခြင်းနယ်ပယ်အဆင့် စွမ်းအားရှင်တစ်ယောက်တောင် ကျိုယိုမိစ္ဆာတွေရဲ့ တီးတိုးသံကို တွန်းလှန်နိုင်တယ်။ ဒါပေမဲ့ အလင်းနှစ်တစ်ရာ ဒါမှမဟုတ် ဒီထက်ပိုဝေးတဲ့ ခရီးရှည်တွေမှာတော့ အင်မော်တယ်အဆင့်အောက် ကျင့်ကြံသူအနည်းငယ်ပဲ ကျိုယိုရဲ့ ဖျက်ဆီးမှုကို ခံနိုင်ရည်ရှိတယ်။ ဒီ့ထက်ပိုဝေးရင် အင်မော်တယ်တွေတောင်မှ သူ့ရဲ့လွှမ်းမိုးမှုကို တွန်းလှန်ဖို့ ခက်ခဲသွားလိမ့်မယ်။"

"ဒါ့ကြောင့် အခင်းအကျင်း စင်မြင့်ကိုသုံးပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်ပို့ဆောင်တဲ့အခါတိုင်းမှာ စွမ်းအင်ကုန်ကျမှုကို ထည့်သွင်းစဉ်းစားရုံတင် မကဘဲ ကျိုယိုရဲ့ လွှမ်းမိုးမှုကိုလည်း ထည့်တွက်ရတယ်။ မဖြစ်မနေ လိုအပ်တဲ့အခြေအနေမျိုးက လွဲလို့ ကြယ်တာရာနယ်မြေ တပ်မတော်ကတောင် တစ်ကြိမ်တည်းနဲ့ အလွန်ကျယ်ပြောတဲ့ အကွာအဝေးကို ဖြတ်ကျော်ဖို့ စွန့်စားရဲမှာ မဟုတ်ဘူး။"

ဤစကားကိုကြားသောအခါ လုရီ၏ မျက်နှာက ချက်ချင်း ညှိုးကျသွားသည်။ သူ့ကိုယ်က အနည်းငယ် တုန်ယင်သွားပြီး၊

"ဆရာ… ကျွန်တော်က နေရာလပ်နိယာမကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားတာလေ။ နေရာလပ် အဲ့ဒီနိယာမကိုသုံးပြီး ဖြတ်ကျော်တဲ့အခါမှာလည်း ဒီလိုပဲ အလွှမ်းမိုးခံရမှာလား။" ဟု မေးလိုက်လေသည်။

အကယ်၍ ထိုသို့သာဆိုလျှင် လုရီသည် အတော်လေး ထိတ်လန့်သွားလိမ့်မည် ဖြစ်သည်။ တစ်နေ့နေ့တွင် သူက နေရာလပ် နိယာမကိုသုံး၍ ဖြတ်ကျော်ရင်း ကျိုယို၏ နယ်မြေထဲသို့ မတော်တဆ ရောက်သွားခဲ့ပါက ဘယ်သူ့ဆီမှာ အကူအညီတောင်းရမည်ကိုပင် သိတော့မည် မဟုတ်ပေ။

လုရီကိုယ်တိုင် ကျိုယိုအကြောင်း အနည်းငယ်သာ သိရှိထားသော်လည်း၊ သူနားလည်ထားသော အနည်းငယ်သော အသိကပင် ကျိုယိုကို အလွန်အမင်း သတိထားစေဖို့ လုံလောက်နေခဲ့သည်။

သူ့ဆရာနှင့် တခြားသူများ၏ အရိပ်အမြွက် ပြောဆိုမှုများအရ၊ ကျိုယိုသည် စကြာဝဠာတစ်ခွင်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခုပင်တည်း။

လုရီ၏ စိုးရိမ်တကြီး မေးလိုက်သော စကားကို ကြားလိုက်ရသောအခါ လင်းလောင်တောင်ထိပ်သခင်မ၏ နှုတ်ခမ်းထောင့်များက တွန့်ခနဲ ဖြစ်သွားသည်။ သူမသည် လုရီကို စကားမပြောနိုင်တော့သလို ကြည့်လိုက်ပြီး၊ ထိုအကြည့်ထဲတွင် အားကျမနာလိုမှု အရိပ်အယောင်လေးများပင် ပါဝင်နေခဲ့သည်။

"ကံကောင်းလွန်းတဲ့ ကောင်စုတ်လေး၊ နင်ဘယ်လောက် ကံကောင်းနေလဲဆိုတာ နင့်ကိုယ်နင်တောင် သိရဲ့လား။ နေရာလပ်နိယာမကို ကျွမ်းကျင်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ် နေရာလပ်ထဲကို ပေါင်းစပ်ထည့်သွင်းလိုက်တာ၊ နေရာ ကူးပြောင်း အခင်းအကျင်းက နေရာလပ်ကို အတင်းအကျပ် ချိုးဖောက်ပြီး နေရာနှစ်ခုကို ဆက်သွယ်ပေးတာနဲ့ လုံးဝ ကွဲပြားခြားနားတယ်။ သဘာဝအတိုင်းပဲ နင်က ကျိုယိုရဲ့ အနှောင့်အယှက်ကို ခံရမှာမဟုတ်ဘူး။"

" နေရာလပ်နိယာမကို ကျွမ်းကျင်တဲ့ ကျင့်ကြံသူတစ်ယောက်ဟာ ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်ခွင်လုံးမှာ အလွန်အမင်း ရှားပါးတယ်ဆိုတာရော သိရဲ့လား။ ကျင့်ကြံမှုအရည်အသွေး သိပ်မမြင့်တဲ့သူတွေတောင်မှ အင်အားကြီးအဖွဲ့အစည်းတွေက အပြိုင်အဆိုင် ပျိုးထောင်ပေးဖို့ ကြိုးစားကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့က တခြားသူတွေကိုပါ တစ်ခါတလေ ခေါ်သွားပေးနိုင်လို့ပဲ။" ဟု သူမက ဆို၏။

ဤစကားများကြောင့် လုရီသည် ချက်ချင်းပင် စိတ်သက်သာရာ ရသွားတော့သည်။

"ဒါမှပဲ စိတ်အေးရတော့တယ်" ဟု သူက ရေရွတ်လိုက်သည်။ ထို့နောက် ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး၊ စိတ်အားထက်သန်စွာဖြင့် မေးလိုက်လေသည်။

"ဆရာ၊ ဒါဆို ယွီမိသားစုကလည်း ကျွန်တော့်ကို ပျိုးထောင်ချင်မှာပေါ့နော်။"

လင်းလောင်တောင်ထိပ်သခင်မက မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်ပြီး ထူးဆန်းစွာ စိတ်ဝင်တစားဖြစ်နေသော အမူအရာဖြင့် လုရီကို ကြည့်ကာ၊

"သူတို့ကတော့ ဝမ်းမြောက်ဝမ်းသာ ပျိုးထောင်ချင်မှာပေါ့၊ ဒါပေမဲ့ နင်ကတော့ ကံတရားက အထူးမျက်နှာသာပေးထားတဲ့ ကောင်လေးဆိုတော့ ဘာမှမလိုအပ်လောက်ဘူး ထင်တာပဲ။ တကယ်တော့ နင့်အတွက် ငါတစ်ခုခု ပြင်ဆင်ထားပေးမလို့ပဲ၊ ဒါပေမဲ့ ဘာတစ်ခုမှ မလိုတော့ဘူးနဲ့ တူပါတယ်။"

လုရီမှာ စကားမပြောနိုင်တော့ပေ။

သို့သော်လည်း သူဘာမှတတ်နိုင်တာမှ မဟုတ်ဘဲ၊ သူ့၏ အလုပ် စနစ်က တကယ်ကို အစွမ်းထက်လွန်းနေသည်ကိုး။

ဘေးမှနေ၍ ကျန်းရူယွီက ပျော်ရွှင်မြူးတူးသော အသံဖြင့် ဝင်ပြောလိုက်သည်။

"စီနီယာလင်းလောင်၊ ဒါဆို ကျွန်မတို့ကလည်း ပျိုးထောင်ထိုက်တဲ့သူတွေထဲမှာ ပါတယ်လို့ သတ်မှတ်လို့ရလားဟင်။ ကျွန်မတို့အတွက်လည်း အရင်းအမြစ်တွေ ရှိသေးလား။"

---

လျိုနင်ရွှမ်း၊ သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့အားလုံး လင်းလောင်တောင်ထိပ်သခင်မဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

လင်းလောင်တောင်ထိပ်သခင်မက ခပ်ဖွဖွရယ်မောလိုက်သည်။

"ခစ်ခစ်ခစ်...အင်မော်တယ်ခန္ဓာကိုယ်က အစွမ်းထက်တဲ့ ကျင့်ကြံခြင်းအခြေခံတစ်ခုပဲ။ ယွီမိသားစုကလည်း ပျိုးထောင်ပေးဖို့ ဝမ်းမြောက်မှာပေါ့။ ဒါပေမဲ့ မင်းတို့လေးယောက်က ဒီကောင်လေးပေးတဲ့ အရင်းအမြစ်တွေနဲ့ ရှင်သန်နေကြတာ မဟုတ်ဘူးလား။"

ထိုစကားအား ကြားသောအခါ လျိုနင်ရွှမ်းတို့အားလုံး မျက်နှာပူသွားကြသည်။

သူတို့ စကားစမြည် ပြောဆိုနေကြစဉ်မှာပင် အင်မော်တယ်အားလုံးသည် ဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်၍ ဤမရင်းနှီးသော နယ်မြေတစ်ခုဆီသို့ ရောက်ရှိနှင့်နေကြလေပြီ။

ထိုစဉ် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများသည် ပျံသန်းလာကြပြီး လုရီတို့အဖွဲ့နှင့် လာရောက်ပူးပေါင်းလိုက်ကြသည်။

လုရီက ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ပတ်ကြည့်ရှုလိုက်ရာ အခင်းအကျင်း စင်မြင့်ကြီးမှလွဲ၍ ကျယ်ပြောလှသော ကွင်းပြင်ကြီးသည် သွားလာလှုပ်ရှားနေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများဖြင့် စည်ကားနေသည်ကို တွေ့လိုက်ရသည်။

ထိုကျင့်ကြံသူအချို့သည် တစ်ပုံစံတည်းဖြစ်သော မီးခိုးရောင်နှင့် အဖြူရောင် မှော်ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ လုရီ၏ ထက်မြက်သော အမြင်အာရုံဖြင့် ဤဝတ်ရုံများအားလုံးမှာ ဝိညာဉ်လက်နက်များဖြစ်ကြောင်းကို သူတစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်ခဲ့၏။

ထိုကျင့်ကြံသူများကိုယ်တိုင်မှာလည်း အင်အားကြီးပုဂ္ဂိုလ်ကြီးအဆင့်များ ဖြစ်ကြပေသည်။

ဤကျင့်ကြံသူများသည် သာမန်စစ်သားများသာ ဖြစ်ကြဟန်တူပြီး ကြယ်တာရာနယ်မြေ တပ်မတော်ကဲ့သို့ အထက်တန်းကျခြင်း မရှိပေ။

လင်းလောင်တောင်ထိပ်သခင်မက ရှင်းပြလိုက်သည်။

"ဒါက ယွီမိသားစုရဲ့ စစ်တပ်ပဲ။ သူတို့သာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ရင် ရာထူးတိုးမြှင့်ပေးခံရပြီး ကြယ်တာရာနယ်မြေ တပ်မတော်ရဲ့ စစ်စခန်းတွေမှာ လေ့ကျင့်သင်ကြားခွင့်ရလိမ့်မယ်။ နောက်ဆုံးမှာတော့ ကြယ်တာရာနယ်မြေ တပ်မတော်ရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာကြမှာပေါ့။"

ထိုအခါ လုရီသည် သဘောပေါက်နားလည်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

----

ယွီမိသားစု တပ်မတော်မှ တပ်သားများက

ထျန်းမင်မှ ရောက်လာသော ကျင့်ကြံသူများထံ ချဉ်းကပ်လာပြီး ခေါင်းဆောင် ဖြစ်ဟန် တူသော ဆံပင်ဖြူနှင့် အဘိုးအိုက လေးနက်၍ ထက်ရှသော လေသံဖြင့် ကြေညာလေသည်။

"ယွမ်မင်စစ်သင်္ဘောက ကြိုဆိုပါတယ်။ ကျုပ်တို့က ခင်ဗျားတို့ကို လွတ်လပ်ကျင့်ကြံသူတွေအတွက် နေရာကို ခေါ်သွားမယ်။ အဲ့ဒီမှာ ခင်ဗျားတို့ သဘောကျတဲ့ တာဝန်တွေကို ယူနိုင်သလို၊ အထက်လူကြီးတွေရဲ့ တာဝန်ပေးအပ်မှုကိုလည်း စောင့်ဆိုင်းနိုင်ပါတယ်။"

ဤစကားကို ကြားသောအခါ စုရုံးရောက်ရှိနေကြသော ကျင့်ကြံသူအားလုံး ခေါင်းညိတ်လိုက်ကြပြီး၊ အင်မော်တယ်များပင်လျှင် တည်ငြိမ်၍ နူးညံ့သိမ်မွေ့သော အမူအရာကို ပြသခဲ့ကြလေသည်။

ယွီမိသားစု စစ်တပ်သည် အစွမ်းအစ အနည်းငယ် နိမ့်ကျနေနိုင်ပြီး အဆင့်အတန်းအားဖြင့် မြင့်မားခြင်း မရှိသေးသော်ငြားလည်း၊ သူတို့ ကိုယ်စားပြုသောအရာမှာ ယွီမိသားစု ဖြစ်နေလေသည်။

သူတို့ကို မည်သူက မလေးမစားပြုဝံ့ပါမည်နည်း။

ထိုအခိုက်အတန့်တွင် လင်းလောင်တောင်ထိပ်သခင်မက လုရီကို ပြောသည်။

"မကောင်းတဲ့ကောင်လေး အလုပ် တစ်ခုခု လုပ်ဆောင်ဖို့ စီစဉ်ထားလား။ ကောင်းပြီ၊ ဒီတစ်ခါတော့ နင့်ဆရာ လိုက်မလာတော့ဘူး။ နင်..ကံကောင်းပါစေ။"

လုရီမှာ ပြောစရာစကား ဆွံ့အသွားကာ ညည်းညူလိုက်သည်။

"ဆရာ..ဆရာက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ဘူးလား။ အထူးအခွင့်အရေးလေး ဘာလေး မပေးနိုင်ဘူးလား။"

လင်းလောင်တောင်ထိပ်သခင်မက ခေါင်းစောင်းကာ လုရီကို ကြည့်လိုက်သည်။

"မင်း ဒီကို အတွေ့အကြုံအတွက် လာတာမလား။ အထူးအခွင့်အရေးလိုချင်ရင် ဘာလို့ လေ့ကျင့်နေဦးမှာလဲ။"

လုရီမှာ ပြောစရာ စကားမဲ့နေတော့သည်။

ထို့နောက် လင်းလောင်တောင်ထိပ်သခင်မသည် လှည့်ထွက်ကာ ရင်ပြင်၏ ညာဘက်ခြမ်းရှိ ကြီးမားသော ဂိတ်တံခါးဆီသို့ ပျံသန်းထွက်ခွာသွားလေ၏။

ယွီမိသားစုတပ်မှ ကျင့်ကြံသူတို့၏ မျက်နှာများ ပြောင်းလဲသွားပြီး သူမကို တားဆီးရန် ပြင်လိုက်ကြသည်။ သို့သော် တစ်စုံတစ်ခုကို ကြားလိုက်ရဟန်ဖြင့် သူတို့သည် လင်းလောင်တောင်ထိပ်သခင်မကို ထိတ်လန့်စွာ ကြည့်ရင်း ထွက်ခွာသွားသည်ကို ကြည့်နေလိုက်ကြသည်။

ထိုမြင်ကွင်းကြောင့် ကျင့်ကြံသူများစွာ အံ့အားသင့်သွားပြီး တီးတိုးသံများ ထွက်ပေါ်လာတော့သည်။

---

"ဘာလို့... ဘာလို့ အဲ့ဒီလူက တစ်ယောက်တည်း ထွက်သွားလို့ရတာလဲ။" ဟု မျက်လုံး သုံးလုံး မျိုးနွယ်မှ အဘိုးအိုတစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

အခြား အစွမ်းထက် အင်မော်တယ်များကလည်း စတင် တီးတိုး ဝေဖန်လာကြသည်။

"ဟုတ်တယ် ၊ ငါတို့အားလုံးက စစ်မှုထမ်းဖို့ ရောက်ရှိလာကြတာ၊ တန်းတူညီမျှ ဆက်ဆံခံရသင့်တယ်" ဟု တစ်ကိုယ်လုံးကို မီးခိုးရောင် ကျောက်သားအလွှာဖြင့် ဖုံးလွှမ်းထားပြီး ကျောက်လူသားတစ်ဦးအလား ထင်မှတ်ရသော ကျင့်ကြံသူတစ်ဦးက ဩဇာအပြည့်ပါသော လေးနက်သည့် အသံဖြင့် ဆိုလိုက်သည်။

အလွန်အမင်း အရှိန်အဝါ ကြီးမားသော အခြားအင်မော်တယ်များကလည်း တစ်ယောက်ပြီး

တစ်ယောက် ထောက်ခံစကား ဆိုလာကြသည်။

ယွီမိသားစု တပ်မှ တပ်မှူး၏ မျက်နှာမှာ အေးစက်နေ၏။ သူ၏အကြည့်က လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး အေးစက်စွာ ငေါက်ငမ်းလိုက်သည်။

"အဲ့ဒီပုဂ္ဂိုလ်က မင်းတို့နဲ့ နှိုင်းယှဉ်လို့ရတဲ့သူ မဟုတ်ဘူး။ မတရားဘူးလို့ထင်ရင် ထွက်သွားလို့ရတယ်။"

---

ထိုစကားကို ကြားသောအခါ အခြားကျင့်ကြံသူများ ထိတ်လန့်သွားကြပြီး သူတို့၏မျက်နှာများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားလေသည်။

"အရေးပါတဲ့ ပုဂ္ဂိုလ်...؟"

ထို့နောက် သူတို့သည် ထျန်းမင်တွင် ရှိစဉ်က ကြားခဲ့ရသော ကောလာဟလများကို ပြန်လည်သတိရသွားကြသည်။

"သူက... ယွီမိသားစုက အထက်တန်းလွှာ ပုဂ္ဂိုလ်ကြီးလား။"

---

ကျင့်ကြံသူအားလုံး၏ အကြည့်များသည် လုရီနှင့် သူ့အဖွဲ့ထံသို့ စုပြုံရောက်ရှိသွားတော့သည်။

လုရီကတော့ တည်ငြိမ်သော မျက်နှာထားဖြင့် ဘာမှမပြောဘဲ နေလိုက်သည်။

ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင်တော့ အပြုံးများ ကိုယ်စီထင်ဟပ်နေခဲ့၏။

ဤနေရာတွင် အလွန်အမင်း အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများ များပြားလွန်းလှရာ၊ ထျန်းမင်၏ မြင့်မြတ်နယ်မြေတစ်ခုဖြစ်သော ကောင်းကင်နဂါး မြင့်မြတ်နယ်မြေသည်ပင် ဤသို့သော ပတ်ဝန်းကျင်၌ သာမန်အဖြစ်သို့ မှေးမှိန်သွားခဲ့သည်။ ထို့ကြောင့် ဤမျှ အာရုံစိုက်ခံရလိမ့်မည်ဟု သူတို့ မည်သို့မျှ မျှော်လင့်မထားခဲ့ကြပေ။

"တော်ပြီ၊ သွားကြစို့။"

အပိုစကားများစွာ မပြောတော့ဘဲ ယွီမိသားစု စစ်တပ်မှ တပ်မှူးသည် လှည့်ထွက်သွားပြီး လုရီနှင့် အခြားသူများကို ဘယ်ဘက်ရှိ ဧရာမတံခါးကြီးဆီသို့ ဦးဆောင်ခေါ်သွားလေသည်။

သူတို့သည် ကွင်းပြင်ကြီးကို ဖြတ်ကျော်ကာ တံခါးကြီးကို ဖြတ်သန်းဝင်ရောက်သွားကြသောအခါ ရှည်လျားသော စင်္ကြံလမ်းတစ်ခုထဲသို့ ရောက်ရှိသွားကြ၏။ ထိုစင်္ကြံလမ်းတစ်ခုလုံးကို သတ္တုများဖြင့်သာ တည်ဆောက်ထားပြီး

နားမလည်နိုင်သော အင်းကွက်များအပြည့် စီရင်ထားလေသည်။

လုရီက ထိုအင်းကွက် စာလုံးများကို တစ်ချက်ကြည့်လိုက်ပြီး သေချာစူးစိုက်ကြည့်ရှုပြီးနောက် ၎င်းတို့မှာ လက်နက်သန့်စင်ခြင်းဆိုင်ရာ အင်းကွက်များဖြစ်ကြောင်းကို သိမြင်လိုက်သည်။

ဧရာမ သတ္တုထည်ကြီးတစ်ခုလုံးသည် မှော်ရတနာတစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါသည်တကား။

လုရီသည် အတွင်းစိတ်ထဲ၌ အလွန်အမင်း အံ့ဩမှင်သက်သွားတော့သည်။

ဒါက ဒဏ္ဍာရီလာ ဝိညာဉ်ရတနာအဆင့် စစ်မှော်ရတနာကြီးဆိုတာများလား။

စောစောက ရောက်ရောက်ချင်း အကြမ်းဖျင်း ကြည့်လိုက်ရုံနဲ့တောင် ဒီမှော်ရတနာရဲ့ အရွယ်အစားက အလွန်အမင်း ကြီးမားလှပြီး သေးငယ်တဲ့ ဂြိုလ်တချို့နဲ့ပင် ယှဉ်နိုင်လောက်သည် မဟုတ်လား။

ဒီလို ရတနာမျိုးကို သွင်းလုပ်ဖို့ အင်မော်တယ်ရွှေတွေ ဘယ်လောက်တောင် အသုံးပြုရမလဲ။

လက်နက်သန့်စင်သူ ဘယ်နှစ်ယောက်လောက်များ ပူးပေါင်းလုပ်ဆောင်ခဲ့ရမလဲ။ ပြီးတော့ လက်နက်သန့်စင်ခြင်း သိုင်းပညာကရော ဘယ်လောက်အထိ အနုစိတ်ပြီး ပြောင်မြောက်နေရမလဲ။

လုရီသည် တွေးလေလေ၊ သူ့စိတ်ထဲမှာ လေးစားအံ့ဩမှုက ကြီးမားလာလေလေပင်။

အနည်းဆုံးတော့ သူ၏ လက်ရှိ လက်နက်သန့်စင်ခြင်းပညာ ကျွမ်းကျင်မှုဖြင့်ဆိုလျှင် ဤအဆင့်ကို လုံးဝ မမီသေးပေ။

ဤနေရာတွင် ရှိနေသော ကျင့်ကြံသူအားလုံးသည် အနည်းဆုံး အင်အားကြီးပုဂ္ဂိုလ်ကြီးအဆင့်များ ဖြစ်ကြသောကြောင့် သူတို့၏ အရှိန်အဟုန်မှာ မလွဲမသွေ အလွန်လျင်မြန်လှသည်။

အချိန်အနည်းငယ်အတွင်းမှာပင် သူတို့သည်

စင်္ကြံလမ်းကို ဖြတ်ကျော်ပြီး ဧရာမ အတွင်းခန်းမကြီးတစ်ခုဆီသို့ ရောက်ရှိသွားကြတော့သည်။

ခန်းမကြီးသည် ကီလိုမီတာ ရာချီကျယ်ဝန်းပြီး အခြားအဖွဲ့အစည်းများမှ တကိုယ်တော် ကျင့်ကြံသူများနှင့် စွမ်းအားရှင်များစွာ စုဝေးနေကြသည်။ အချို့မှာ အင်းကွက်များမှ ဖန်တီးထားသော အလင်း မျက်နှာပြင်များကို စိုက်ကြည့်နေကြသည်။ ထိုမျက်နှာပြင်များပေါ်တွင် အလုပ် အမျိုးမျိုးကို ဖော်ပြထားခြင်းပင်။

သို့သော် ယခုအချိန်တွင် အလုပ်အရေအတွက်မှာ သိပ်မများသေးပေ။ လက်ရှိ အလုပ် အများစုမှာ ကြိုတင်ပြင်ဆင်သည့် အလုပ်များသာ ဖြစ်သည်။

"အလင်းနှစ် ၀.၃ အကွာရှိ ဂြိုလ်သိမ်ဂြိုလ်မွှားခါးပတ်တွင် ကင်းထောက်စခန်းတစ်ခု တည်ဆောက်ရန်။"

"ထျန်းမင် နံပါတ် ၉ ဂြိုလ်ပေါ်တွင် တပ်ဦးစခန်းတစ်ခု ထူထောင်ရန်။"

"..."

အလုပ် တစ်ခုချင်းစီမှ အလင်းရောင်များ ထွက်ပေါ်နေခဲ့ပြီး၊ အခါအားလျော်စွာ အလုပ် အသစ်များ ပေါ်လာလိုက်၊ အချို့က ပျောက်ကွယ်သွားလိုက်နှင့် ရှိနေသည်။

အလုပ် တစ်ခု ပျောက်ကွယ်သွားခြင်းသည် တစ်စုံတစ်ယောက်က ထိုအလုပ်ကို လက်ခံသွားပြီဖြစ်ကြောင်း ညွှန်ပြနေခြင်းပင်။

သို့သော်ငြားလည်း၊ ယခုအချိန်တွင် အလုပ်အရေအတွက်မှာ များပြားလှခြင်း မရှိသေးပေ။

အကြောင်းမှာ ရာရှိုမွန်မျိုးနွယ်မှ ကျင့်ကြံသူများသည် ထျန်းမင်ကြယ်စနစ်နှင့် အတန်ငယ် ကွာဝေးနေသေးသော နယ်စပ်သို့ ယခုလေးတင်မှ ရောက်ရှိလာကြသေးသောကြောင့် ဖြစ်သည်။

လက်ရှိအလုပ်များသည်သည် အများအားဖြင့် ကြိုတင်ပြင်ဆင်ရမည့် အလုပ်များသာ ဖြစ်နေလေသည်။

ဥပမာအားဖြင့် ဂြိုလ်အချို့ပေါ်တွင်ဖြစ်စေ၊ လေဟာနယ် အာကာသထဲတွင်ဖြစ်စေ စစ်အခြေစိုက်စခန်းများ တည်ထောင်ခြင်း၊ စခန်းများချခြင်းနှင့် ထောက်ပံ့ရေးလမ်းကြောင်းများ တည်ဆောက်ခြင်းတို့ပင် ဖြစ်ပါသည်။

"ဒါက ဆက်သွယ်ရေး ကျောက်စိမ်းပြားပဲ။ ဒါက မင်းတို့ရဲ့ သက်သေခံအမှတ်အသားဖြစ်သလို၊ တာဝန်ထမ်းဆောင်ချိန်မှာ ဆက်သွယ်ရေး ရတနာတစ်ခုအဖြစ်လည်း အသုံးဝင်လိမ့်မယ်။ ကိုယ်နဲ့မကွာ ဆောင်ထားကြ။"

ထိုသို့ ယွီမိသားစု စစ်တပ်မှ ကျင့်ကြံသူတစ်ဦးက သူတို့တစ်ဦးချင်းစီကို ကျောက်စိမ်းပြားတစ်ပြားစီ ပေးအပ်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

ကျင့်ကြံသူများသည် စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ တိုးဝှေ့သွားကြပြီး မိမိတို့နှင့် သင့်တော်မည့် အလုပ်များကို ရှာဖွေကြတော့သည်။

ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများကတော့ အားလုံး လုရီထံသို့ လှည့်ကြည့်လိုက်ကြသည်။

လုံယွမ်က ခပ်ဟဟ ရယ်မောလိုက်ရင်း၊

"မိတ်ဆွေလေးလုရီ၊ ငါတို့ ဘယ်တာဝန်ကို ယူသင့်တယ်လို့ မင်းထင်သလဲ။" ဟု မေးလိုက်လေသည်။

ထိုအခါ လုရီက စကားပြန်ပြောရန် ပါးစပ်ဟလိုက်စဉ်မှာပင်...

ရုတ်တရက် ခန်းမကြီးတစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်လာသော ဩဇာပြည့်သည့် အသံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

"ကျင့်ကြံသူအားလုံး သတိပြုကြပါ။ ရာရှိုမွန်တပ်မတော်ဟာ ထျန်းမင်ကြယ်စု အပြင်ဘက်ကို ရောက်ရှိလာခဲ့ပြီ! အရေအတွက်... ဂြိုဟ်အဆင့် စစ်မှော်ရတနာ သုံးခု..!"

---

ထိုစကားကို ကြားလိုက်ရသည့်အခိုက် ခန်းမအတွင်းရှိ ဆူညံသံများအားလုံး ရုတ်ချည်း ရပ်တန့်သွားတော့၏။

All Chapters