← Chapters

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း ၅၅၉ - ယွီမိသားစု တပ်၏ကိုယ်ခန္ဓာသတ်ဖြတ်ခြင်းအခင်းအကျင်း…

~

~“ဂြိုဟ်အဆင့် စစ်မှော်ရတနာတွေ!”

“ဘယ်လိုဖြစ်ပြီး ဒီလောက်များနေရတာလဲ!”

ထျန်းမင်မှ ဒေသခံကျင့်ကြံသူများမှလွဲ၍ ကြယ်တာရာနယ်မြေတွင် ကျင်လည်ဖူးသော အင်မော်တယ်စွမ်းအားရှင်အားလုံး၏ မျက်နှာများတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေ၏။

လုံယွမ်က မျက်မှောင်ကြုတ်ကာ မှတ်ချက်ချသည်။

“တစ်ခုခုတော့ မှားနေပြီ... ထျန်းမင်လို သိပ်တန်ဖိုးမရှိတဲ့ ကြယ်စုတစ်ခုအတွက် ရာရှိုမွန်မျိုးနွယ်က ဘာလို့ ဂြိုဟ်အဆင့် စစ်မှော်ရတနာ သုံးခုအထိသုံးပြီး တိုက်ခိုက်ရတာလဲ။ ဒီရင်းနှီးမြှုပ်နှံမှုက အရမ်းမများလွန်းဘူးလား။”

ထိုစဉ် ကောင်းကင်နဂါး သူတော်စင်သားတော်က စူးစမ်းစွာ မေးလိုက်သည်။

“ဘိုးဘေး၊ ဂြိုဟ်အဆင့် စစ်မှော်ရတနာသုံးခုက များလို့လား။”

လုံယွမ်က မျက်မှောင်ကြုတ်လျက်ပင် ခေါင်းညိတ်ပြ၏။

“များတာပေါ့ကွာ။ ရာရှိုမွန်မျိုးနွယ်ရဲ့ တပ်ဖွဲ့စည်းပုံအရဆိုရင် ဂြိုဟ်အဆင့် စစ်မှော်ရတနာတစ်ခုတည်းမှာတောင် အင်မော်တယ် အနည်းဆုံး တစ်ထောင်နဲ့ သာမန်စစ်သည်တစ်သန်းကျော် ပါဝင်တတ်တယ်။ စုစုပေါင်းဆိုရင် အင်မော်တယ် လေးငါးထောင်၊ သာမန်စစ်သည် အနည်းဆုံး သုံးသန်းလောက် ရှိနိုင်တာလေကွာ။”

---

ထိုစကားအဆုံးတွင် လုရီ၊ လျိုနင်ရွှမ်းတို့ လေးဦး၊ ကောင်းကင်နဂါး သူတော်စင်သားတော်နှင့် အခြားသူများအားလုံး ဆွံ့အနေကြတော့သည်။

တစ်ခဏမျှ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။

ကောင်းကင်နဂါး သူတော်စင်သားတော်က တံတွေးတစ်ချက်မျိုချလိုက်ပြီး အနည်းငယ်ခြောက်ကပ်နေသော လေသံဖြင့် မေးသည်။

“အဲ့ဒီ သာမန်စစ်သည်တွေက... စွမ်းအားရှင်အဆင့်တွေချည်းပဲတော့ မဟုတ်လောက်ပါဘူးနော်။”

လုံယွမ်က သူ့ကို တစ်ချက်စောင်းကြည့်လိုက်သည်။

“သဘာဝအတိုင်း ပေါင်းစည်းခြင်းနယ်ပယ်အထက် ကျင့်ကြံသူတွေချည်းပဲပေါ့။ ပေါင်းစည်းခြင်းနယ်ပယ်အောက်က အဆင့်တွေက ဟင်းလင်းပြင်ထဲမှာတောင် မရှင်သန်နိုင်ဘူး။

သူတို့ လုပ်နိုင်တာဆိုလို့ စစ်မှော်ရတနာတွေအတွက် ဝိညာဉ်ကျောက်စိမ်းနဲ့ ကြယ်တာရာခြင်ဆီ ဖြည့်ပေးတာပဲရှိတယ်။”

---

ထိုစကားကိုကြားသော် လူတိုင်း၏ ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။

လုံယင်ဘိုးဘေး၏ ဇရာ အရေးအကြောင်းတို့ ရှိနေသော မျက်နှာပင်လျှင် တစ်ချက် မဲ့သွားပြီး ပြောဆိုလာသည်။

“အင်မော်တယ် လေးငါးထောင်နဲ့ စွမ်းအားရှင် သုံးသန်းကျော် ဟုတ်လား။ ဒါက ကြယ်စုတစ်ခုလုံးကို ဖျက်ဆီးဖို့ ကြံစည်နေတာလား။ ကျုပ်တို့ဘက်မှာကော အစွမ်းထက်ပုဂ္ဂိုလ် ဘယ်လောက်ရှိလို့လဲ။”

---

လုံယွမ်က မျက်မှောင်ကြုတ်ကာ ဖြေကြား၏။

“လက်ရှိအခြေအနေအရဆိုရင် ကြယ်တာရာနယ်မြေတပ်မတော်ရဲ့ အရေအတွက်က တစ်ထောင်ထက်မပိုနိုင်ဘူး။ စစ်ကူလာတဲ့ အင်မော်တယ်တွေကို ပေါင်းထည့်ရင်တောင် သုံးထောင်ထက်မပိုဘူး။ ရာရှိုမွန်မျိုးနွယ်နဲ့ ယှဉ်လိုက်ရင် ငါတို့က အင်အားမမျှဘူး။ သာမန်ကျင့်ကြံသူအရေအတွက်မှာဆို ပိုလို့တောင် ကွာသေးတယ်။”

“ဒါဆို ဘယ်လိုလုပ်ကြမလဲ။ ကျွန်မတို့ ခုခံနိုင်ပါ့မလား။ ဒီလောက်များတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေနဲ့ဆိုရင် ထျန်းမင်တောင်မှ အန္တရာယ်ရှိနေမှာ မဟုတ်ဘူးလား။”

ယွင်ရှီးက စိုးရိမ်တကြီး မေးလိုက်လေသည်။

လျိုနင်ရွှမ်း၊ ကျန်းရူယွီနှင့် သုန်းကုန်းမင်ယွဲ့တို့၏ မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။

အမှန်စင်စစ်၊ သူမတို့သာမကဘဲ လူတိုင်း စိုးရိမ်နေကြခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ထျန်းမင်သည် သူတို့၏ ဇာတိမြေ ဖြစ်သည်။ သူတို့သည် ထျန်းမင်တွင် မွေးဖွားကြီးပြင်းခဲ့ကြပြီး၊ သူတို့၏ မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုဝင်အားလုံးမှာ ထိုနေရာတွင် ရှိနေကြသည်သာ။

အကယ်၍သာ ထျန်းမင်သည် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများ၏ လက်အောက်သို့ ကျရောက်သွားခဲ့ပါက၊ ထျန်းမင်မှ သက်ရှိသတ္တဝါများအပေါ် ကျရောက်လာမည့် ငရဲမီးအလား ဆိုးရွားလှသော ကပ်ဘေးကို စိတ်ကူးဖြင့်ပင် မမှန်းဆဝံ့စရာပင်။

လုရီသည်လည်း သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။

သူ၏ နှလုံးသားသည် ထျန်းမင်တွင် ကျန်ရစ်ခဲ့သော မိဘများ၊ ဆရာသမားများနှင့် မိတ်ဆွေသူငယ်ချင်းများကို တွေးတောမိကာ လေးလံလာခဲ့သည်။

ရာရှိုမွန်မျိုးနွယ်က ထျန်းမင်ကို ကျူးကျော်နေသည်ကို သူက မည်သို့ လက်ပိုက်ကြည့်နေနိုင်မည်နည်း။

ကောင်းကင်နဂါး သူတော်စင်သားတော်၏ မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။

သူသည် ယခင်ကထက် များစွာ ရင့်ကျက်လာခဲ့ပြီ ဖြစ်သော်လည်း၊ သူ၏ မာန်မာနမှာတော့ တစ်ခါမျှ လျော့ကျသွားခဲ့ခြင်း မရှိခဲ့ပေ။

သို့သော်ငြားလည်း ယခုအခိုက်အတန့်တွင် သူ၏ မျက်နှာပေါ်၌ မျှော်လင့်ချက်ကင်းမဲ့နေသော အမူအရာမျိုး ထင်ဟပ်နေရှာ၏။

"ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ။ ဘာကြောင့်... ဘာကြောင့် ရာရှိုမွန်မျိုးနွယ်က ဒီလောက်ကြီးမားတဲ့ စစ်တပ်ကြီးကို ဒီကို လွှတ်လိုက်ရတာလဲ။"

ဤစကားကို ကြားလိုက်ရသောအခါ လုရီ၏ စိတ်ထဲတွင် လျှပ်စီးတစ်ချက် လက်သွားသကဲ့သို့ သူသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်သောကြောင့်ပင်။

ထိုအခါ လုရီ၏စိတ်ထဲတွင် အတွေးတစ်ခု ရုတ်ချည်း ဖြတ်ပြေးသွား၏။

"ဒါက... ငါအရင်ကသတ်ခဲ့တဲ့ ရာရှိုမွန်မျိုးနွယ်က နှစ်ယောက်ကြောင့်များလား။ သူတို့နောက်ကွယ်က အင်မော်တယ်က လက်စားချေဖို့အတွက် တပ်ကို ခေါ်လာတာများ ဖြစ်နေမလား။"

---

သို့သော် ထိုအတွေးက သူ့စိတ်ထဲတွင် ခဏလေးသာ ဖြတ်ပြေးသွားပြီးနောက် ပျောက်ကွယ်သွား၏။ ဤမျှကြီးမားသော စစ်ပွဲကြီးတစ်ခုအတွက် အင်မော်တယ်တစ်ယောက်တည်း၏ စွမ်းအားဖြင့် မဖြစ်နိုင်လောက်ပေ။

လုံယွမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။

“ကြယ်တာရာနယ်မြေတပ်မတော်က စစ်ကူတွေပို့ပေးနိုင်ဖို့ပဲ မျှော်လင့်ရတော့မှာပဲ။ မဟုတ်ရင်တော့ ထျန်းမင် ကျဆုံးသွားမှာ သေချာတယ်။”

---

လုရီက မျက်မှောင်ကြုတ်ကာ “ကျွန်တော် ဆရာ့ကို သွားရှာမယ်။”ဟု ပြောလိုက်လေသည်။

ယခုအချိန်တွင် ဤအရာကို လုပ်ဆောင်နိုင်စွမ်းရှိသူမှာ တစ်ဦးတည်းသာ ရှိသည်။ ထိုသူမှာ

လင်းလောင်တောင်ထိပ်သခင်မပင် ဖြစ်လေသည်။လောင်တောင်ထိပ်သခင်မပင် ဖြစ်လေသည်။

"ငါလည်း လိုက်ခဲ့မယ်။"

တိတ်ဆိတ်နေခဲ့သော လျိုနင်ရွှမ်းက ဝင်ပြောလိုက်သည်။

ကျန်းရူယီံ၊ ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့ကလည်း အတူတကွ လိုက်ပါရန် ရည်ရွယ်လိုက်ကြသည်။

---

ထိုစဉ်မှာပင် ခန်းမဆောင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသော ခမ်းနားသည့် အသံတစ်ခု ပေါ်ထွက်လာသည်။

---

“အားလုံးပဲ၊ ကျွန်မတို့ တပ်မတော်ကြီးဆီကို စစ်ကူတောင်းပြီးပါပြီ။ ခဏလောက်သာ ထိန်းထားနိုင်မယ်ဆိုရင် ကြယ်တာရာနယ်မြေတပ်မတော်က ရောင်းရင်းတွေ ကျွန်မတို့ကို လာကူညီပါလိမ့်မယ်။ အားလုံးပဲ မထိတ်လန့်ကြဖို့ မျှော်လင့်ပါတယ်။”

---

ထိုစကားကို ကြားသောအခါ ခန်းမဆောင်ကြီးသည် တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားပြီးနောက် လုရီတို့၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အပြုံးများ ပေါ်လာကြသည်။

လုရီက သက်ပြင်းချကာ ရယ်မောလိုက်သည်။

“ဟားဟားဟား...ဒါ ငါ့ဆရာ ပြောလိုက်တာပဲ ဖြစ်ရမယ်။”

---

လျိုနင်ရွှမ်းတို့အဖွဲ့နှင့် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများ၏ မျက်နှာထက်တွင်လည်း အပြုံးပန်းများ ပွင့်လန်းလာခဲ့သည်။

သို့သော်ငြားလည်း လုံယွမ်ကတော့ မျက်မှောင်ကြုတ်ထားဆဲဖြစ်ပြီး လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

“အရမ်းကြီး ပျော်မနေကြနဲ့ဦး။ ကြယ်စုတစ်ခုနဲ့တစ်ခုကြားက အကွာအဝေးက အလွန်ကျယ်ပြောတယ်။ ကြယ်တာရာနယ်မြေတပ်မတော်က ကူးပြောင်းရေးအခင်းအကျင်းကိုသုံးပြီး လာကူညီရင်တောင် အနည်းဆုံး နှစ်အနည်းငယ်၊ ဒါမှမဟုတ် ဒီထက်ပိုပြီး ကြာနိုင်တယ်။ အခက်ခဲဆုံးကတော့ ဒီအတောအတွင်းမှာ ရန်သူကို ဘယ်လိုခုခံကာကွယ်မလဲဆိုတာပဲ။”

ထိုစကားကို ကြားမှ လုရီတို့လည်း အဖြစ်မှန်ကို သဘောပေါက်သွားကြတော့သည်။

ယခင်ကသာဆိုလျှင် လုရီတစ်ယောက် နေရာကူးပြောင်း အခင်းအကျင်းကို ဖွင့်လိုက်သည်နှင့် စစ်ကူများ ချက်ချင်းရောက်လာလိမ့်မည်ဟု ရိုးရိုးစင်းစင်း တွေးထင်နေမိပေလိမ့်မည်။

ယခုအခါတွင်တော့ အခြေအနေတို့သည် ထင်သလောက် မလွယ်ကူကြောင်းကို ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့လေပြီ။

အဘယ်ကြောင့်ဆိုသော် အကွာအဝေး ပိုမိုကျယ်ပြောလာသည်နှင့်အမျှ ပို့ဆောင်နေစဉ်အတွင်း ကျိုယို၏ နှောင့်ယှက်မှုကလည်း ထိုနည်းတူပင် ပိုမိုပြင်းထန်လာတတ်သည် မဟုတ်ပါလား။

ထို့ကြောင့် အလွန်အမင်း ဝေးကွာသော နယ်မြေတစ်ခုဆီသို့ စစ်ကူအင်အားအများအပြားကို ပို့ဆောင်ခြင်းသည် စိတ်ကူးထဲကလို လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပါ။

ထိုမျှမက၊ နေရာကူးပြောင်း အခင်းအကျင်းတစ်ခုကို အသက်သွင်းရန် လိုအပ်သော ဝိညာဉ်စွမ်းအားမှာ မခန့်မှန်းနိုင်လောက်အောင် ကြီးမားလှသည်။

ဂြိုလ်တစ်စင်းအရွယ် စစ်မှော်ရတနာကြီးတစ်ခုကို ရွှေ့ပြောင်းရန် ကုန်ကျမည့် ဝိညာဉ်စွမ်းအားဆိုလျှင်တော့ ကောင်းကင်မှ ကြယ်များကို ရေတွက်နေရသကဲ့သို့ပင် အဆုံးအစမရှိ များပြားလှပေလိမ့်မည်။

ဤအကြောင်းကို စဉ်းစားမိရုံမျှဖြင့်ပင် လုရီ၏ ဦးရေပြားသည် ထုံကျင်၍ ကျောချမ်းသွားရသည်။

လုရီသည် ခေတ္တမျှ ငြိမ်သက်၍ အတွေးနက်သွားသည်။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် သံမဏိကဲ့သို့ မာကျောသော အရောင်အဝါများ ထွက်ပေါ်လာကာ၊ ကြုံးဝါးလိုက်၏။

"အကြောင်းပြချက် ဘယ်လိုပဲရှိရှိ၊ ရန်သူကိုတော့ ငါတို့ ကြံ့ကြံ့ခံ တောင့်ခံထားရလိမ့်မယ်။"

ဘိုးဘေး လုံယင်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ဆိုသည်။

"သတင်းကောင်းတစ်ခုတော့ ရှိပါသေးတယ်။ စစ်မှော်ရတနာလို ဧရာမ မှော်ရတနာကြီးတွေ အာကာသခရီးနှင်ဖို့ဆိုရင် လည်ပတ်ဖို့အတွက် ဝိညာဉ်စွမ်းအား အလွန်အမင်း လိုအပ်တယ်။ အခု ရာရှိုမွန်မျိုးနွယ်ရဲ့ စစ်မှော်ရတနာကြီးတွေ ပေါ်ထွက်လာပြီဆိုတော့၊ သူတို့က ရိုးရိုး အာကာသခရီးစဉ်အတွက်နဲ့ ဒီလောက်ကြီးမားတဲ့ ဝိညာဉ်စွမ်းအားတွေကို ထပ်ပြီးတော့ အလဟဿအဖြစ်ခံမှာ မဟုတ်တော့ဘူး။ သူတို့က ထျန်းမင်ကြယ်စနစ်ထဲကို တိုက်ရိုက်ဝင်ရောက်လာပြီး၊ ဂြိုလ်တွေကို သိမ်းပိုက်ဖို့နဲ့ အရင်းအမြစ်တွေကို လုယက်ဖို့အတွက် ပစ်မှတ်အသေးစားလေးတွေအဖြစ်နဲ့ပဲ နေရာရွှေ့ပြောင်း တိုက်ခိုက်ကြလိမ့်မယ်။ ဒါကြောင့် ငါတို့အတွက်တော့ ခုခံတောင့်ခံထားနိုင်မယ့် အခွင့်အရေးတစ်ခု ရှိနေသေးတယ်။"

ဘိုးဘေး လုံယင်၏ စကားကို ထောက်ခံအတည်ပြုနေသည့်အလား၊ ခန်းမအတွင်းမှ အခင်းအကျင်းပုံစံများသည် ရုတ်တရက်ဆိုသလို လင်းလက်တောက်ပလာခဲ့ပြီး အလင်းမျက်နှာပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

မျက်နှာပြင်ပေါ်တွင် နက်ရှိုင်းသော ဟင်းလင်းပြင်ကြီး ပေါ်လာသည်။

ထိုဟင်းလင်းပြင်ထဲတွင် ဧရာမ သတ္တုစစ်မှော်ရတနာကြီးသုံးခုက ငြိမ်သက်စွာ ရပ်တန့်နေကြသည်။ ထိုသတ္တုကိုယ်ထည်ကြီးများမှာ သွေးစိမ်းရှင်ရှင်တွင် စိမ်ထားသကဲ့သို့ လုံးဝနီရဲနေပြီး ကြမ်းတမ်းခက်ထန်သော ဒီဇိုင်းများက အရိုင်းဆန်သော အငွေ့အသက်တို့ကို ထုတ်လွှတ်နေလေသည်။

မလွဲဧကန်ပင် ရာရှိုမွန် မျိုးနွယ်စု၏ ဂြိုဟ်အဆင့် စစ် မှော်ရတနာများပင် ဖြစ်၏။

အာကာသ၏ အဆုံးမဲ့လေဟာနယ်ထဲတွင် ထည်ဝါသော ဂြိုဟ်အဆင့် စစ်မှော်ရတနာကြီးသုံးခုသည် ထျန်းမင်ကြယ်တာရာစနစ်ဆီသို့ နှေးကွေးစွာ ချဉ်းကပ်လာနေ၏။

တစ်ဆက်တည်းမှာပင်၊ ထိုဧရာမသတ္တုကိုယ်ထည်ကြီးများမှ သွေးစက်များသဖွယ် အနီရောင်ပျံသန်းယာဥ်ငယ်လေးများ မရေမတွက်နိုင်အောင် ပေါက်ကွဲထွက်လာသည်။ ၎င်းတို့သည် လျှပ်စီးအလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ကျိုင်းကောင်ကပ်ဘေးတစ်ခုအလား ထျန်းမင်ကြယ်တာရာစနစ်ကို ဝါးမျိုရန် အရှိန်ပြင်းစွာဖြင့် တိုးဝင်လာကြတော့သည်။

ခရီးလမ်းတစ်လျှောက်တွင် ထိုပျံသန်းယာဥ်ငယ်များသည် အနည်းငယ်ပိုကြီးသော ယာဉ်များ၏ ဦးဆောင်မှုဖြင့် တပ်စုများဖွဲ့စည်းလိုက်ကြသည်။ ထို့နောက် တပ်စုများသည် ဟင်းလင်းပြင်ကို စုတ်ဖြဲလိုက်သည့်အလား ကီလိုမီတာဆယ်ဂဏန်းမျှ ကျယ်ဝန်းသော နေရာလပ်ဥမင်များကို ဖန်တီးကာ ထိုဥမင်များထဲသို့ အစုလိုက်အပြုံလိုက် ဝင်ရောက်ပျောက်ကွယ်သွားကြ၏။

မှန်ပေသည်။ ၎င်းတို့မှာ အခြားအရာ မဟုတ်၊ နေရာလပ်ကူးပြောင်း အခင်းအကျင်းများပင် ဖြစ်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရာရှိုမွန်မျိုးနွယ်၏ ပျံသန်းရတနာတပ်စုများသည် ထျန်းမင်ကြယ်တာရာစနစ်အတွင်းသို့ ရောက်ရှိလာခဲ့လေပြီ။

ဤအခြေအနေကို ကျင့်ကြံသူအများအပြား ချက်ချင်းသဘောပေါက်သွားကြသည်။

ကြယ်တာရာနယ်မြေတပ်မတော်၏ စစ်ဦးစီးဌာနချုပ်ကိုတော့ ဆိုဖွယ်ရာပင် မရှိပေ။

အလင်းမျက်နှာပြင်ကြီးသည် လေထဲတွင် ပျောက်ကွယ်သွားသည်နှင့် သံမဏိရေပူလောင်းသကဲ့သို့ ပြတ်သားခက်ထန်သော အသံကြီးက တစ်ဖန် ဟိန်းထွက်လာ၏။

"ရာရှိုမွန်တပ်တွေ ထျန်းမင်ကြယ်တာရာစနစ်ထဲကို ဖောက်ဝင်လာပြီ! တပ်ဖွဲ့အားလုံး အမိန့်နာခံ! ချက်ချင်း အရင်းအမြစ်ဂြိုဟ်တွေဆီ ချီတက်ပြီး ရန်သူကို ကြားဖြတ်ချေမှုန်းကြ! ငါတို့ ကောင်းကင်ကြယ်တာရာ နယ်မြေက သဲတစ်ပွင့်တောင် ရာရှိုမွန်လက်ထဲ ပါသွားလို့မဖြစ်ဘူး!"

ထိုအမိန့်သံအဆုံးတွင် အလင်း မျက်နှာပြင်ပေါ်၌ သွေးနံ့ဝေသော အလုပ်များ တန်းစီပေါ်ထွက်လာသည်။

"နံပါတ်တစ်ဂြိုဟ်သို့ ချီတက်၊ ရာရှိုမွန်တပ်ကို ချေမှုန်း!"

"နံပါတ်နှစ်ဂြိုဟ်သို့ ချီတက်၊ ရာရှိုမွန်တပ်ကို ချေမှုန်း!"

"..."

ယခင် စခန်းတည်ဆောက်ရေး အလုပ်အားလုံးသည် တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီး၊ သေမိန်ခေါ်သံပမာ တိုက်ပွဲဝင်ရန် အမိန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရာရှိုမွန်တပ်တော်၏ ရောက်ရှိလာမှုသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်လွန်းသောကြောင့် ကြယ်တာရာနယ်မြေတပ်မတော်၏ စစ်ရေးအစီအစဉ်များအားလုံးကို ထိုးနှက်ဖျက်ဆီးလိုက်သကဲ့သို့ ဖြစ်သွား၏။

စဉ်းစားကြည့်လျှင် ထျန်းမင်ကြယ်တာရာသည် နယ်စပ်နှင့် အနီးဆုံးမဟုတ်။ ရာရှိုမွန်တို့က ဤနေရာကို ပစ်မှတ်ထားတိုက်ခိုက်လျှင်ပင် ကြိုတင်ပြင်ဆင်ရန် အချိန်အနည်းငယ်တော့ ရသင့်သည် မဟုတ်လော။

ယခုမူ တစ်စုံတစ်ယောက်က ဤကြယ်တာရာစနစ်ကို တမင်တကာ လက်ညှိုးထိုးပြထားသည့်အလား၊ ရန်သူ့တပ်တော်သည် အချိန်ဆိုင်းမနေဘဲ ရောက်ရှိလာခဲ့သည်။မူ တစ်စုံတစ်ယောက်က ဤကြယ်တာရာစနစ်ကို တမင်တကာ လက်ညှိုးထိုးပြထားသည့်အလား၊ ရန်သူ့တပ်တော်သည် အချိန်ဆိုင်းမနေဘဲ ရောက်ရှိလာခဲ့သည်။

ဤအကြောင်းအရင်းကိုတော့ မည်သူမျှ မသိနိုင်ခဲ့ပေ။

ထို့အပြင် ထွက်ပေါ်လာသော အမိန့်များထဲတွင် ထျန်းမင်ဂြိုဟ်ကို ကာကွယ်ရန် တာဝန် မပါဝင်ခဲ့ချေ။

အကြောင်းမှာ ကြယ်တာရာနယ်မြေတပ်မတော်သည် ထျန်းမင်ဂြိုဟ်ပေါ်တွင် အခိုင်အမာ ကာကွယ်ရေးအစီအမံများ ချမှတ်ထားပြီးဖြစ်သောကြောင့်တည်း။ ထျန်းမင်ဂြိုဟ်သည် ဤကြယ်တာရာစနစ်တစ်ခုလုံး၏ အသက်သွေးကြောဖြစ်ပြီး ဝိညာဉ်စွမ်းအင်တို့ဖြင့် ပြည့်လျှံနေကာ အင်မော်တယ်များစွာကို မွေးထုတ်ပေးခဲ့သောကြောင့် အထူးအလေးပေး ကာကွယ်ထား၏။ အခြားတန်ဖိုးမရှိသော ဂြိုဟ်များမှာတော့ ဤသို့သော ကာကွယ်မှုကို မရရှိခဲ့ပေ။

" ရောင်းရင်း လုရီ၊ ဘယ်ကိုသွားကြမလဲ။" လုံယွမ်က အခြေအနေ၏ တင်းမာမှုကို နားလည်စွာဖြင့်

လုရီအား လှမ်းမေးလိုက်သည်။

လုရီ၏ မျက်လုံးများက အရောင်တစ်ချက်လက်သွားပြီးနောက် ပြတ်သားစွာ ဆိုလိုက်သည်။ "နံပါတ်လေးဂြိုဟ်ကို သွားမယ်ဗျ။ အဲ့ဒီနေရာက ထျန်းမင်နဲ့ အနီးဆုံးပဲ။ တစ်ခုခုထူးခြားတာနဲ့ ကျွန်တော်တို့ ချက်ချင်း တုံ့ပြန်နိုင်တယ်။"

သူ၏ ဆုံးဖြတ်ချက်ကို လျိုနင်ရွှမ်းနှင့် အခြားသူများကလည်း ခေါင်းညိတ် ထောက်ခံကြသည်။

သူတို့သည် ကျောက်စိမ်းပြားကို အသုံးပြု၍ နံပါတ်လေးဂြိုဟ်ကို ကာကွယ်ရန် အလုပ်ကို ချက်ချင်းလက်ခံလိုက်ပြီးနောက်၊ ထွက်ပေါက်အမှတ် သုံးသို့ သွားရန် ညွှန်ကြားချက် ရရှိခဲ့သည်။

သူတို့အဖွဲ့သည် ယွီမိသားစုတပ်၏ လမ်းညွှန်မှုဖြင့် စင်္ကြံလမ်းများကို ဖြတ်ကျော်လာခဲ့ရာ မကြာမီမှာပင် ဧရာမရင်ပြင်ကြီးတစ်ခုဆီသို့ ရောက်ရှိလာကြသည်။

ရင်ပြင်ထဲတွင် လူများ ပြည့်နှက်နေ၏။

ရှေ့ဆုံးတန်းမှ သွေးညှီနံ့တို့ လှိုင်လှိုင်ထနေသည့် သတ်ဖြတ်လိုစိတ်နှင့် အနက်ရောင်သံချပ်ကာတို့ကို ဝတ်ဆင်ထားသော လူရာပေါင်းများစွာမှာ ကြယ်တာရာ နယ်မြေတပ်မတော်သားများပင်။

ထိုတပ်ကို ဦးဆောင်နေသူမှာ လုရီမှတ်မိနေသည့် ခေါင်းပြောင်နှင့် လူကြီး လျိုဟိုင်ချင်းပင် ဖြစ်သည်။

သူတို့၏ရှေ့တွင်မူ ယွီမိသားစုတပ်တော်သား သောင်းဂဏန်းခန့်က စစ်ခင်းကျင်းကာ ရင်ပြင်တစ်ဝက်ကို သိမ်းပိုက်ထားသည်။ သူတို့၏ မျက်နှာများပေါ်တွင်လည်း သေရန်မကြောက်သော အမူအရာများ ထင်ဟပ်နေ၏။

ထိုတပ်တော်နှစ်ခု၏ အပြင်ဘက်တွင်တော့ အမိန့်ကိုနာခံရန် ရောက်ရှိလာကြသော

အင်မော်တယ်များနှင့် စွမ်းအားရှင်များ ရှိနေကြသည်။

ဤတကိုယ်တော် ကျင့်ကြံသူများနှင့် ဂိုဏ်းများမှ

အမွေခံများမှာ ပြင်းထန်လှသည့် လူသတ်စိတ်ဆန္ဒကြောင့် တုန်လှုပ်ကြသည်။

လုရီ၏ ကျောရိုးထဲတွင်ပင် စိမ့်ကနဲ ခံစားလိုက်ရ၏။

ယွီမိသားစုတပ်သားတစ်ဦးချင်းစီမှာ အင်အား

မကြီးလှသော်လည်း၊ ဤမျှများပြားသော စွမ်းအားရှင်တို့၏ အရှိန်အဝါများ ပေါင်းစပ်လိုက်သည့်အခါ အင်မော်တယ်များပင် ထိတ်လန့်တုန်လှုပ်ရလောက်သည့် သားရဲကြီးတစ်ကောင် ဖြစ်ပေါ်လာသည်ကို သူကိုယ်တိုင်ပင် အံ့ဩမိပါသည်။

"ခန္ဓာကိုယ်ကို အခင်းအကျင်းလုပ်ပြီး ဖွဲ့စည်းထားတဲ့ သတ်ဖြတ်ခြင်းတပ်တော်ပါလား။

တကယ့်ကို ကြောက်စရာကောင်းတဲ့ တပ်ဖွဲ့ပဲ။"

လုရီက အသက်ရှူဖို့ပင် မေ့နေရင်း ရေရွတ်လိုက်မိသည်။

ကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအင်၏ လှုပ်ရှားနေသော အရင်းအမြစ်များဖြစ်သောကြောင့် သူတို့၏ ကိုယ်ခန္ဓာများဖြင့် အလွန်တရာ အစွမ်းထက်သည့် အခင်းအကျင်းများကို

မလွဲမသွေ ဖွဲ့စည်းနိုင်ကြ၏။

သို့သော် ဤသို့သော အခင်းအကျင်းမျိုးကို ဖန်တီးရန်မှာ ကျင့်ကြံသူများအကြား အကြွင်းမဲ့ယုံကြည်မှု၊ ဇာစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာသော ကျင့်ကြံခြင်းနည်းစနစ်များနှင့် အပြစ်အနာအဆာကင်းသည့် တစ်သားတည်းကျသော ပူးပေါင်းဆောင်ရွက်မှုတို့ လိုအပ်ပေသည်။

ဤအရာကို အောင်မြင်ရန်မှာ ကောင်းကင်ဘုံကို စိန်ခေါ်ရသကဲ့သို့ ခက်ခဲလှသည်။

လုရီသည် ဤသို့သော ဒဏ္ဍာရီထဲမှာပင် ကြားဖူးခဲသည့်အရာကို ဤနေရာ၌ မျက်မြင်ကိုယ်တွေ့ ကြုံရလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထည့်မတွေးခဲ့ဖူးပေ။

ကြယ်တာရာနယ်မြေ တပ်မတော်နှင့် ယွီမိသားစုတပ်တို့မှ ထုတ်လွှတ်နေသော သွေးညှီနံ့တို့ လှိုင်လှိုင်ထနေသည့် သတ်ဖြတ်လိုစိတ်ကြောင့် ရင်ပြင်တစ်ခုလုံးသည် သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။

တကိုယ်တော်ကျင့်ကြံသူများမှာမူ ထိုအရှိန်အဝါ၏ ဖိနှိပ်မှုကြောင့် အသက်ပင်

ဝအောင်မရှူရဲဘဲ နေရာမှာပင် ကျောက်ရုပ်များသဖွယ် ဖြစ်နေကြသည်။

ထိုသေမင်းတမန်၏ တိတ်ဆိတ်ခြင်းကို လုရီ၏ အသံက ဓားတစ်စင်းကဲ့သို့ ထိုးခွဲလိုက်သည့်အခါ၊ ရင်ပြင်ထဲရှိ ကျင့်ကြံသူအားလုံး၏ အကြည့်များသည် သူ့ထံသို့ ချက်ချင်းပင် စုပြုံရောက်ရှိလာခဲ့တော့၏။

အခန်း ၅၆၀ - ဂြိုဟ်ပေါ်မှ အင်မော်တယ်ရွှေတွင်း

~

~ကြယ်တာရာနယ်မြေတပ်မတော်မှ အစွမ်းထက်ပုဂ္ဂိုလ်များကလည်း လှည့်ကြည့်လာကြသည်။

လျိုဟိုင်ချင်းသည် လုရီဖြစ်နေသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး ပျံသန်းလာ၏။

---

"သခင်လေးလုရီ၊ ခင်ဗျားလည်း ဒီကိုရောက်နေတာကိုး။"

---

လုရီက ခေါင်းညိတ်ပြလိုက်ပြီး လျိုဟိုင်ချင်းနောက်မှ ကြယ်တာရာနယ်မြေတပ်မတော်ကို တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည်။

"တပ်မှူးလျို၊ ဒီတပ်က တပ်မှူးရဲ့အမိန့်အောက်က တပ်ဖွဲ့လား။"

လျိုဟိုင်ချင်းက ခေါင်းတစ်ချက်ညိတ်သည်။

"ဟုတ်ပါတယ်။ ကျွန်တော်က ဂြိုဟ်အမှတ် (၄) ကို ကာကွယ်ဖို့ တာဝန်ယူထားတယ်။"

ထိုအခါ လုရီက မျက်နှာထား ချိုသာစွာဖြင့် ပြောလာ၏။

"ဒါဆိုရင်တော့ တပ်မှူးလျိုကိုပဲ အားကိုးရတော့မှာပဲ။"

လျိုဟိုင်ချင်းက ခေါင်းတစ်ချက်ညိတ်သည်။

"တိုက်ပွဲအခြေအနေကို မထိခိုက်သရွေ့ပေါ့။"

ကြယ်တာရာနယ်မြေတပ်မတော်သားတစ်ဦးဖြစ်သည့် လျိုဟိုင်ချင်းတွင် ကိုယ်ပိုင်မူနှင့် စည်းကမ်းများ ရှိလေသည်။

လုရီက သူ၏စကားထဲမှ အရိပ်အငွေ့ကို ချက်ချင်းပင် သဘောပေါက်သွားပြီး ခပ်ရေးရေး ပြုံးလိုက်လေ၏။

"ကျွန်တော် ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပါ့မယ်။"

---

မကြာမီမှာပင် အခြားကျင့်ကြံသူအုပ်စုများလည်း ထပ်မံရောက်ရှိလာကြလေ၏။ ထိုသူများမှာ ထျန်းမင်နှင့် အခြားကြယ်တာရာနယ်မြေများမှ အင်မော်တယ်များနှင့် စွမ်းအားရှင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

လုရီသည် အနောက်ပိုင်းဒေသမှ ဗုဒ္ဓဘာသာဂိုဏ်းမှ ဘုန်းတော်ကြီးများ၊ အရှေ့ပိုင်းနယ်မြေ အင်ပါယာဓားဂိုဏ်းမှ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများနှင့် ဖုန်းပုမင်ကဲ့သို့ ပေါင်းစည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေကြသူများအပြင်

အင်မော်တယ် ဘိုးဘေး ပုယွင်ကျန့်၊

၊ နတ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း( ဝါ)ဆရာသခင်ကြီး ၊လင်ချီဖုန်းနှင့် အခြားသော စွမ်းအားရှင်များကိုပါ ထင်ထင်ရှားရှား တွေ့မြင်လိုက်ရလေ၏။

ဤတာဝန်၏ ဆုလာဘ်များမှာ ရက်ရောလွန်းသောကြောင့် ထျန်းမင်မှ အဓိက အင်မော်တယ်ဂိုဏ်းကြီးများအားလုံးမှ အစွမ်းထက်ပုဂ္ဂိုလ်များကို ဆင့်ခေါ်ထားခြင်း ဖြစ်လေ၏။

နတ်ဓားဂိုဏ်းနှင့် အင်ပါယာ ဓားဂိုဏ်းမှ ကျင့်ကြံသူများသည် လုရီတို့အဖွဲ့ကို လှမ်းမြင်လိုက်သည်နှင့် သူတို့၏ မျက်လုံးများက ဝင်းကနဲ တောက်ပသွားကြပြီး၊ တစ်ရှိန်ထိုး ပြေးလာကာ လုရီတို့အဖွဲ့နှင့် လာရောက်ပူးပေါင်းလိုက်ကြတော့၏။

ထိုသူများအပြင်၊ လုရီ ကပ်ဘေးဖြတ်ကျော်နယ်ပယ်သို့ တက်လှမ်းခဲ့စဉ်အခါက သူနှင့် ရင်းနှီးသွားခဲ့ကြသော ပုယွင်ကျန့်၏ မိတ်ဆွေအချို့လည်း ရှိနေသေးသည်။

တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်စကား အနည်းငယ်ပြောဆိုပြီးနောက်တွင် လူအများအပြား ထပ်မံ၍ စုရုံးရောက်ရှိလာကြရာ၊ စုစုပေါင်း အင်မော်တယ်အဆင့် နှစ်ရာကျော်နှင့် သေမျိုးဘုံမှ ကျင့်ကြံသူ နှစ်သိန်းနီးပါးအထိ ရှိလာခဲ့လေသည်။

ထို့နောက်တွင်တော့ အခြား ကျင့်ကြံသူများ ထပ်မံ မရောက်လာကြတော့ပေ။

အချိန်က အလွန်ပင် တိုတောင်းလှ၏။ စစ်ရေးစစ်ရာ၌ အခွင့်အခါကောင်းဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် လျင်မြန်စွာ ကုန်ဆုံးသွားတတ်သည်သာ။

ထို့နောက် လျိုဟိုင်ချင်းက အမိန့်ပေးလိုက်သည်။

"ကျင့်ကြံသူအားလုံး၊ ကိုယ့်ရဲ့ ပျံသန်းရတနာတွေပေါ်ကို တက်ကြ။"

ထျန်းမင်ဂြိုဟ်သို့ ရောက်ရှိလာကြသော ကျင့်ကြံသူများအားလုံးနီးပါးတွင် ကိုယ်ပိုင်ပျံသန်းရတနာများ ရှိကြ၏။ မရှိသည့်သူများပင် ဖြစ်လင့်ကစား အခြားသူများ၏ ပျံသန်းရတနာတွင် လိုက်ပါစီးနင်းသွားနိုင်ပေသည်။

အင်မော်တယ်အဆင့်များကိုတော့ ပြောစရာ မလိုသလို၊ ကြယ်တာရာနယ်မြေတပ်မတော်နှင့် ယွီမိသားစုတပ်တော်တို့အတွက်မူ ဆိုဖွယ်ရာပင်

မရှိတော့ပေ။

တစ်စီးပြီးတစ်စီး အနက်ရောင်ပျံသန်းယာဉ်ငယ်များ ရင်ပြင်ပေါ်တွင် ပေါ်ထွက်လာသည်။

ကြယ်တာရာနယ်မြေတပ်မတော်နှင့် ယွီမိသားစုတပ်မတော်မှ တပ်ဖွဲ့ဝင်များ ဝင်ရောက်သွားကြသလို၊ တကိုယ်တော် ကျင့်ကြံသူများကလည်း မိမိတို့၏ ပျံသန်းရတနာများကို ထုတ်ယူကာ အတွင်းသို့ ဝင်ရောက်သွားကြလေသည်။

လုံယွမ်တို့တွင် ပျံသန်းရတနာ မရှိသော်လည်း

ပုယွင်ကျန့်၏ မျက်လုံး သုံးလုံးမျိုးနွယ် မိတ်ဆွေတစ်ဦးထံတွင် အတော်အသင့်ကြီးမားသော မီးခိုးရောင် ပျံသန်းယာဉ်တစ်စီး ရှိနေသည်။ သူက ပျံသန်းယာဉ်ကိုထုတ်ယူပြီး လုရီတို့ကို ဝင်ရောက်ရန် ဖိတ်ခေါ်၏။

မကြာမီ လူတိုင်း ပျံသန်းရတနာများပေါ်သို့ ရောက်ရှိသွားကြသည်။

ပျံသန်းရတနာတန်းကြီးသည် ဂိတ်တံခါးမှထွက်ကာ ဟင်းလင်းပြင်ထဲသို့ ပျံသန်းထွက်ခွာသွားတော့သည်။

ထိုအခါ ဦးဆောင်နေသော ကြယ်တာရာနယ်မြေတပ်မတော်၏ ပျံသန်းယာဉ်ထိပ်တွင် အင်းကွက်များ လင်းလက်လာပြီး ရှေ့မှ ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ဧရာမ ကူးပြောင်းရေး တံခါးကြီးတစ်ခုကို ဖန်တီးလိုက်လေသည်။

ပျံသန်းရတနာအားလုံး ထိုတံခါးကို ဖြတ်သန်းသွားကြ၏။

မျက်လုံးသုံးလုံး မျိုးနွယ်၏ ပျံသန်းယာဥ်သည် အဆင့်နိမ့် အင်မော်တယ်လက်နက်တစ်ခုမျှသာ ဖြစ်ပြီး ကျိုယိုချီကို အပြည့်အဝ ဟန့်တားနိုင်စွမ်း မရှိသောကြောင့်၊ လုရီ၏ နားထဲသို့ ကျိုယိုချီ၏ တိုးလျသော လေသံများ တိုးဝင်လာသည်ကို ကြားလိုက်ရလေသည်။

သို့ဖြစ်သော်ငြားလည်း၊ ဤနေရာတွင် ရှိနေသော ကျင့်ကြံသူအားလုံးမှာ စွမ်းအားရှင်များ သို့မဟုတ် အင်မော်တယ်များသာ ဖြစ်ကြသောကြောင့်၊ ထိုအားနည်းသော တီးတိုးသံများကို လွယ်လွယ်ကူကူပင် တွန်းလှန်နိုင်ခဲ့ကြ၏။

မှောင်မိုက်သော အခိုက်အတန့်တစ်ခု ကြာပြီးနောက် ပျံသန်းယာဉ်များအားလုံးသည် ကူးပြောင်းရေးတံခါးကို ဖြတ်ကျော်ကာ ဧရာမ သွေးနီရောင်ဂြိုဟ်ကြီးတစ်လုံး၏ ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။

ထိုဂြိုဟ်ကြီးသည် ပြင်းထန်သောမုန်တိုင်းများဖြင့် ဖုံးလွှမ်းနေပြီး၊ သဲနှင့်ဖုန်မှုန့်များက ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေကာ အတွင်းပိုင်းမှာတော့ အဆုံးမဲ့ ကန္တာရကြီး ဖြစ်နေလေ၏။

ဤဂြိုဟ်တစ်ခုလုံး၏ အရွယ်အစားမှာ ထျန်းမင်ဂြိုဟ်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် သေးငယ်သော်လည်း၊ ၎င်းသည် အလွန်တရာ ကြီးမားကျယ်ပြန့်လှ၏။

ဆက်သွယ်ရေး ကျောက်စိမ်းပြားမှတစ်ဆင့်

လျိုဟိုင်ချင်းက အမိန့်များကို တစ်ခုပြီးတစ်ခု အဆက်မပြတ် ချမှတ်နေလေသည်။

ကြယ်တာရာနယ်မြေတပ်မတော်၏ ဦးဆောင်ပျံသန်းယာဥ်ကြီးမှာ ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းပြီး ဧရာမ သတ္တုခံတပ်ကြီးတစ်ခုနှင့်ပင် တူလှ၏။ အလွန်အမင်း အစွမ်းထက်သော ကာကွယ်ရေးစွမ်းရည်များ ပါရှိသည့် ထိပ်တန်းအဆင့် အင်မော်တယ်လက်နက် တစ်ပါးလည်း ဖြစ်၏။

အချိန်အကန့်အသတ် ရှိသော ဤအခြေအနေတွင် ပိုမိုပြည့်စုံသည့် အခြေစိုက်စခန်းတစ်ခု

မတည်ဆောက်နိုင်သေးမီ၊ ၎င်းယာဉ်ကြီးကို ယာယီထောက်ပံ့ရေးစခန်းအဖြစ် အသုံးပြုထားခြင်းသည် အပေးအယူလုပ်ထားသည့် အဖြေတစ်ခုပင် ဖြစ်တော့သည်။

ပျံသန်းယာဥ်အုပ်စုကြီးသည် မြေပြင်ပေါ်သို့ သက်ဆင်းလာသည်နှင့် အခင်းအကျင်းပုံစံများက ဝင်းကနဲ လင်းလက်သွားပြီး၊ ပျံသန်းယာဥ်အားလုံးကို အတွင်း၌ လွှမ်းခြုံသွားကာ သူတို့၏ ပုံသဏ္ဌာန်နှင့် အရှိန်အဝါများကို ဖုံးကွယ်ပေးသည့် အင်မော်တယ်အခင်းအကျင်းတစ်ခု ဖြစ်ပေါ်လာတော့၏။

လျိုဟိုင်ချင်းသည် စစ်အင်အားများကို စတင်၍ အဆက်မပြတ် တာဝန်ချထားလေသည်။

ကျင့်ကြံသူအုပ်စုများကို ဂြိုဟ်တစ်ခုလုံးအား စူးစမ်းလေ့လာရန်၊ မြေမျက်နှာသွင်ပြင်နှင့် အရင်းအမြစ်များကို နားလည်ရန်၊ ထို့အပြင် ရာရှိုမွန်မျိုးနွယ်တပ်တော်၏ တည်နေရာကို ရှာဖွေရန် စေလွှတ်လိုက်တော့သည်။

ယွီမိသားစုတပ်မှ ကျင့်ကြံသူများကိုမူ အဖွဲ့ငယ်များအဖြစ် ခွဲကာ စေလွှတ်လိုက်၏။

အဖွဲ့တိုင်းသည် တစ်ဦးနှင့်တစ်ဦး အထူးစည်းလုံးကြပြီး သတ်ဖြတ်ခြင်းအခင်းအကျင်းတစ်ခုကို ဖွဲ့စည်းနိုင်စွမ်း ရှိရာ၊ အင်အားနည်းသော ကောင်းကင်ဘုံ အင်မော်တယ်များကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် အစွမ်းရှိလေသည်။

လုရီကဲ့သို့သော ထူးခြားသည့် နတ်ဆိုးတစ်ပါးမဟုတ်သည့်တိုင်၊ ဤသာမန်သေမျိုးများသည် စွမ်းအားရှင်များထဲတွင် အားကောင်းသည်ဟု သတ်မှတ်ခံရသော်လည်း၊ ကောင်းကင်ဘုံအင်မော်တယ်များနှင့် ကွာဟချက်မှာ ကြီးမားလှပေသည်။

သတ်ဖြတ်ခြင်းအခင်းအကျင်းကို အားကိုးရုံမျှဖြင့် ကောင်းကင်ဘုံအင်မော်တယ်တစ်ဦးကို ယှဉ်ပြိုင်နိုင်ခြင်းသည်ပင် အလွန်တရာ အံ့မခန်းဖြစ်ပါ၏။

တစ်ဖက်တွင်မူ ကြယ်တာရာနယ်မြေတပ်မတော်မှ ကျင့်ကြံသူများကို လူငါးဦးတစ်ဖွဲ့စီဖြင့် အဖွဲ့ငယ်များဖွဲ့စည်းကာ၊ ပိုမိုအရေးကြီးသော အလုပ်များကို ထမ်းဆောင်ရန်အတွက် နေရာအနှံ့သို့ စေလွှတ်လိုက်သည်။

"ငါတို့ရဲ့အင်အားက ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူတွေနဲ့ယှဉ်ရင် အဆမတန် နည်းလွန်းတယ်။ ဒါကြောင့် နံပါတ်လေးဂြိုဟ်ကို ကာကွယ်ဖို့အတွက် ပြောက်ကျားစစ်နည်းဗျူဟာကိုပဲ အားကိုးလို့ရမယ်" ဟု လျိုဟိုင်ချင်းက ရှင်းပြလိုက်၏။

ကြယ်တာရာနယ်မြေတပ်မတော်၏ လှုပ်ရှားမှုများမှာ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သောကြောင့် မည်သူမျှမသိရှိကြပေ။ လုရီပင်လျှင် အချက်အလက်များစွာ မရရှိခဲ့ချေ။

တကိုယ်တော်ကျင့်ကြံသူများကိုလည်း

လျိုဟိုင်ချင်းက ယွီမိသားစုတပ်နှင့် အလားတူ တာဝန်များ ပေးအပ်ခဲ့သည်။ ပထမဦးစွာ နံပါတ်လေးဂြိုဟ်တစ်ခုလုံးကို စူးစမ်းလေ့လာရင်း၊ တစ်ချိန်တည်းမှာပင် ရာရှိုမွန်မျိုးနွယ်တပ်တော်၏ တည်နေရာကို ရှာဖွေရန် ဖြစ်လေသည်။

အကယ်၍ သူတို့သည် ရာရှိုမွန်မျိုးနွယ်မှ ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ခဲ့ပါက၊ သူတို့လည်း ထိုက်တန်သော ဆုလာဘ်များ ရရှိမည်ဖြစ်၏။

ထိုနေရာတွင် ရှိနေသော တကိုယ်တော် ကျင့်ကြံသူအားလုံးမှာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ သူတို့သည် စစ်ရေးနည်းဗျူဟာများကို နားမလည်။ သူတို့ သိသည်မှာ ရန်သူကို သတ်ရန်သာ ဖြစ်ပြီး၊ များများသတ်နိုင်လေ၊ ဆုလာဘ်များများ ရရှိလေ ဖြစ်သည်ကိုပင်။

ကျင့်ကြံသူ အုပ်စုတစ်စုလုံးသည် အခင်းအကျင်း၏ အပြင်ဘက်သို့ အလုအယက်ထွက်ခွာသွားကြပြီးနောက် အရပ်မျက်နှာအသီးသီးသို့ လူစုခွဲသွားကြတော့သည်။

---

"ငါတို့လည်း သွားကြစို့၊ လုရီ!"

လုံယွမ်နှင့် ပုယွင်ကျန့်တို့က စိတ်အားထက်သန်စွာ ပြောလိုက်သည်။

အခြား မျိုးနွယ်ခြား အင်မော်တယ်များကလည်း လုရီကို ကြည့်လိုက်ကြ၏။ ဤအုပ်စုကို လုရီက ဦးဆောင်နေသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်မှာ အမြင့်ဆုံးမဟုတ်သလို တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အပြင်းထန်ဆုံး မဟုတ်ပေ။ သို့သော် လုရီ၏ အဆင့်အတန်းကြောင့် အင်မော်တယ်အားလုံးက သူ့ကို အလေးအနက်ထားကြရသည်။

လုရီက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့၊ သွားကြစို့။"

---

အုပ်စုလိုက် ကြီးမားသော အခင်းအကျင်းမှ ထွက်ခွာသွားကြသည်။

ထိုသို့ထွက်ခွာပြီးသည်နှင့် လုရီသည် အသက်ရှူကြပ်လောက်အောင် ပူပြင်းသော မုန်တိုင်းတစ်ခုက သူတို့ထံ တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။ အပူချိန်မှာ ဒီဂရီတစ်ရာ ကျော်လွန်နိုင်လေသည်။

လေမုန်တိုင်းသည် မည်သည့် သံမဏိဓားထက်

မဆို ပိုမို ထက်ရှသော သင်တုန်းဓားသွားများအလား တိုက်ခတ်နေ၏။

ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် သာမန်သေမျိုးတစ်ယောက်သည် တစ်စက္ကန့်မျှပင် ရှင်သန်နိုင်မည်မဟုတ်ပေ။ သို့သော် စွမ်းအားရှင်အဆင့် ကျင့်ကြံသူများအတွက်မူ ကြီးမားသော အန္တရာယ်ဟု မဆိုနိုင်ပေ။

သူတို့ထဲတွင် အင်မော်တယ်များပင် ပါသေးသည်ကိုတော့ ထည့်တွက်စရာ မလိုတော့ပေ။

လေထုရှိနေသောကြောင့် ပတ်ဝန်းကျင်က အလွန်အမင်း ကြမ်းတမ်းခက်ထန်နေသော်လည်း၊ စွမ်းအားရှင်အဆင့် ကျင့်ကြံသူများအတွက်မူ အသက်ရှင် ရပ်တည်ရန် လုံလောက်သည်ထက် ပိုနေသေး၏။

ကျင့်ကြံသူအုပ်စုသည် ပျံသန်းမသွားဘဲ ခြောက်ကပ်နေသော မြေပြင်ပေါ်သို့ ဆင်းသက်ကာ ကိုယ်ခန္ဓာခွန်အားကို အသုံးပြု၍ ရွေ့လျားကြသည်။ ရန်သူများ ရောက်ရှိနေနိုင်သော ဤနေရာတွင် ပျံသန်းခြင်းသည် ညအချိန်၌ ပိုးစုန်းကြူးတစ်ကောင်ကဲ့သို့ ရန်သူကို ဆွဲဆောင်သကဲ့သို့ ဖြစ်နေမည်ကို သူတို့အားလုံး သိရှိကြ၏။

တက်ုယ်တော်ကျင့်ကြံသူများသည် စစ်ရေးနည်းဗျူဟာများကို မကျွမ်းကျင်သော်လည်း၊ အင်မော်တယ်များဖြစ်သည်နှင့်အညီ အသက်ရှင်ရပ်တည်ရေးတွင်တော့ ကျွမ်းကျင်သူများ ဖြစ်ကြပေသည်။

ထိုအဖွဲ့သည် လေးနက်သော မျက်နှာထားများဖြင့် ရှေ့သို့ ဆက်လက်ချီတက်ကြ၏။ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်ရင်း၊ မတော်တဆမှုများ မဖြစ်ပွားစေရန် သူတို့၏ ဝိညာဉ်စွမ်းအင်ဖြင့်ပင် စူးစမ်းဖို့ ရှောင်ကြဉ်ခဲ့ကြသည်။

ကျင့်ကြံသူ အားလုံးသည် မိမိတို့၏ ပစ်မှတ်ကိုရှာဖွေရန် မျက်စိဖြင့် မြင်ရသည့် မြင်ကွင်းနှင့် မွေးရာပါ အလိုအလျောက်သိစိတ်ကိုသာ အားကိုးအားထား ပြုကြရလေသည်။

ဂြိုဟ်အမှတ်၄ သည် အလွန်တရာ ကြီးမားလှရာ၊ စွမ်းအားရှင်အဆင့် ကျင့်ကြံသူများကိုထားဘိ၊ အင်မော်တယ်များအတွက်ပင် တစ်ပတ်ပတ်မိရန် အချိန်အတော်ကြာမြင့်ပေလိမ့်မည်။

ဤသည်မှာ သူတို့၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုသည့်တိုင် ထိုသို့ဖြစ်နေခြင်းဖြစ်ပြီး၊ ရုပ်ခန္ဓာအားကိုသာ အသုံးပြုမည်ဆိုလျှင်မူ အချိန်ပို၍ပင် ကြာမြင့်ပေဦးမည်။

နာရီပေါင်းများစွာကြာအောင် ခရီးဆက်ပြီးနောက်တွင်မူ၊ သူတို့၏ မြင်ကွင်းထဲ၌ သက်ရှိအရိပ်အယောင်ကင်းမဲ့ကာ အဆုံးမဲ့ကျယ်ပြန့်သော မြေလွင်ပြင်ကြီးမှလွဲ၍ ဘာတစ်ခုမျှ မရှိခဲ့ပေ။

ဤသည်ကား သက်မဲ့ဂြိုဟ် တစ်ခုပင်တည်း။

ထိုအခိုက်အတန့်မှာပင်၊ မျက်လုံးသုံးလုံးမျိုးနွယ်မှ အင်မော်တယ်တစ်ဦးသည် ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး၊ လမ်းကြောင်းတစ်ခုဘက်သို့ လှည့်ကာ မျက်နှာတွင် ပျော်ရွှင်မှုအရိပ်အယောင် လွှမ်းလာခဲ့သည်။

"ဒီအရာက..."

"ဘာဖြစ်လို့လဲ ရောင်းရင်းအမ်ဘာ။" ဟု လုရီက မေးလိုက်၏။

အမ်ဘာက

"ဟိုဘက်မှာ သတ္တုတွင်းတစ်ခုရှိတယ်! ပြီးတော့ အင်မော်တယ်ရွှေတွင်း!"

---

ထိုစကားကို ကြားသောအခါ ကျင့်ကြံသူအားလုံး တစ်ခဏမျှ မှင်တက်သွားပြီးနောက် ဝမ်းသာအားရဖြစ်သွားကြသည်။

"အင်မော်တယ်ရွှေတွင်း ဟုတ်လား။"

"သွားကြည့်ကြစို့။"

အုပ်စုလိုက် အရှိန်မြှင့်ကာ ထိုနေရာသို့ ပျံသန်းသွားကြသည်။

မကြာမီမှာပင် သူတို့သည် ခြောက်ကပ်သော တောင်တန်းဒေသတစ်ခုသို့ ရောက်ရှိလာကြ၏။ ထိုနေရာသို့ ရောက်သောအခါ လုရီတို့လည်း ကြွယ်ဝသော ဝိညာဉ်အရှိန်အဝါကို ခံစားမိလိုက်ရပြီး သူတို့၏ မျက်လုံးများ အရောင်တောက်လာသည်။

---

"ဒီလောက် ကြွယ်ဝတဲ့ ဝိညာဉ်အရှိန်အဝါနဲ့ အင်မော်တယ်ဝိညာဉ်ချီတောင် ရှိနေပါလား။ ဒီမှာ ထူးခြားတဲ့အရာတွေ ရှိရမယ်။"

သူတို့သည် ဝိညာဉ်အရှိန်အဝါ၏ ဗဟိုနေရာသို့ ဦးတည်သွားကြရာ မကြာမီ အင်မော်တယ်ဝိညာဉ်ချီသည် ပို၍.. ထူထပ်လာသည်။

နောက်ဆုံးတွင် သွေးနီရောင်တောင်ထိပ်တစ်ခုရှေ့သို့ ရောက်သောအခါ အင်မော်တယ်ဝိညာဉ်ချီသည် အထူထပ်ဆုံးအခြေအနေသို့ ရောက်ရှိသွားတော့၏။

ပုယွင်ကျန့်က အံ့ဩစွာ နှုတ်ခမ်းများ လှုပ်ရွ

လိုက်သည်။

"ထျန်းမင်နားမှာ ဒီလောက်ကြီးမားတဲ့ ရတနာတစ်ခုရှိနေလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူး။"

---

လုံယွမ်ကလည်း ခေါင်းတစ်ချက်ညိတ်၏။

"ဒီလောက်ထူထပ်တဲ့ ဝိညာဉ်အရှိန်အဝါနဲ့ဆိုတော့ ဒီအင်မော်တယ်ရွှေတွင်းက သေးမှာမဟုတ်ဘူး။"

ထိုစဉ် အမ်ဘာက မေးလိုက်သည်။

"လုရီ၊ ဘယ်လို လုပ်ကြမလဲ။ ငါတို့ တူးဖော်ကြ

မလား ဒါမှမဟုတ် ကြယ်တာရာ နယ်မြေတပ်မတော်ကို အကြောင်းကြားလိုက်ရမလား။"

---

လုရီက တစ်ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်၏။

"အင်မော်တယ်ရွှေတွင်းကို တူးဖော်ရင် လှုပ်ခတ်မှုကြီးကြီးမားမား ဖြစ်သွားနိုင်လား။"

ထိုစကားကြောင့် အတန်ငယ် လောဘတက်နေသော ကျင့်ကြံသူအားလုံး တုန်လှုပ်သွားပြီးနောက် မျက်နှာပျက်သွားကြသည်။

""အခုလက်ရှိမှာတော့ အင်မော်တယ်ရွှေတွင်းက ကျောက်တောင်တွေထဲမှာ ပိတ်လှောင်နေတုန်းပဲ၊ အပြင်ကို မထွက်ပေါ်လာသေးဘူး။ တကယ်လို့သာ အဲ့ဒါ အပြင်ကို ထွက်ပေါ်လာခဲ့ရင်၊ လှုပ်ခတ်မှုက တကယ်ကို ကြီးမားလိမ့်မယ်။ ဂြိုဟ်တစ်ခုလုံးကို ထားဦး၊ အနည်းဆုံးတော့ ဒေသကြီးတစ်ခုစာလောက်ကတောင် အဲ့ဒီလှုပ်ခတ်မှုကို အာရုံခံမိနိုင်လောက်တယ်။"

"ဒါဆိုရင်တော့ အခု ကြယ်တာရာနယ်မြေတပ်မတော်ကို အကြောင်းကြားရုံပဲ ရှိတော့တာပေါ့။ တပ်မှူးလျိုကလည်း အရင်က ပြောထားတယ်မလား၊ အရင်းအမြစ်တွေ ရှာဖွေတွေ့ရှိရင် ကောင်းမှုကုသိုလ် ဆုလာဘ်တွေနဲ့ လဲလှယ်နိုင်တယ်ဆိုပြီးတော့လေ။" ဟု လုရီက ခပ်ဟဟရယ်ရင်း ပြောလိုက်၏။

---

အခြားသူများလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြရသည်။ သူတို့သည် ဤအင်မော်တယ်ရွှေတွင်းကို မိမိတို့ဘာသာ ပိုင်ဆိုင်ရန် အစွမ်းမရှိကြပေ။

လုရီက အမ်ဘာကို ကြည့်ကာ ပြုံးလိုက်၏။

---

"အမ်ဘာ၊ အင်မော်တယ်ရွှေတွင်းကို ခင်ဗျား အရင်ဆုံးရှာတွေ့ခဲ့တာဆိုတော့ ဆုလာဘ်ရဲ့ တစ်ဝက်ကို ခင်ဗျားယူလိုက်ပါ။"

---

မျက်လုံး သုံးလုံး ပိုင်ရှင် အမ်ဘာ၏ မျက်လုံးများ အရောင်တောက်လာသည်။

"လုရီ၊ ငါတို့အားလုံး အတူတူပဲလေ။ အညီအမျှ ခွဲဝေသင့်တာပေါ့။"

---

လုရီက ခေါင်းခါလိုက်သည်။

"ခင်ဗျား အရင်ရှာတွေ့ခဲ့တာပဲ။ ခင်ဗျားက အပုံကြီးယူသင့်တာပေါ့။ ကျန်တဲ့တစ်ဝက်ကို ကျွန်တော်တို့အားလုံး ခွဲဝေယူကြမယ်။"

အချို့မှာ စိတ်မပါသော်လည်း သူ၏စကားကြောင့် ခေါင်းတစ်ချက်ညိတ်လိုက်ကြရသည်။

အမ်ဘာက ခေါင်းညိတ်လိုက်ပြီး လုရီကို ကြည့်သော သူ၏အကြည့်မှာ ပို၍ပင် ရင်းနှီးဖော်ရွေလာသည်။

---

"ဒီလိုဆိုရင်တော့ ကျွန်တော်လည်း အားမနာတော့ဘူး။"

ထိုစဉ် လုရီက သူ၏ အလုပ် စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။

[အလုပ်] ရှာဖွေတွေ့ရှိသော အင်မော်တယ်ရွှေတွင်းအကြောင်း ကြယ်တာရာနယ်မြေတပ်မတော်ကို အကြောင်းကြားပါ။

ဆုလာဘ်: မီးလျှံနီအ င်မော်တယ်ရွှေ တန်

ဆယ်တန်၊ လက်နက်သန့်စင်ခြင်းလမ်းစဉ်အား နားလည်နိုင်စွမ်း တိုးမြှင့်ခြင်း။

လုရီသည် တာဝန်ကို လက်ခံလိုက်ပြီး ဖြစ်သည်။

သူ၏မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ဖြစ်ပေါ်နေပါသည်။

---

"အမ်ဘာ၊ ခင်ဗျားက သိပ်အားနာတတ်တာပဲ။"

---

ထိုအခိုက်မှာပင်...

အနီးအနားမှ အရှိန်အဝါအချို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို လုရီ ခံစားမိလိုက်သည်။ ထိုအရှိန်အဝါတို့၏ မူလဇာစ်မြစ်သည် သူသိသော လူသားမျိုးနွယ်နှင့် မျိုးနွယ်ခြားများနှင့် လုံးဝမတူပေ။ သို့သော် လုရီသည် ထိုအရှိန်အဝါများနှင့် အကျွမ်းတဝင်ရှိနေ၏။

သူ၏မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားပြီး အရှိန်အဝါလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။

ရာရှိုမွန်မျိုးနွယ်တွေပဲ။

အခန်း ၅၆၁ - ကြီးကျယ်သော ရိတ်သိမ်းမှု…

~လုရီတစ်ယောက်တည်းသာမက၊ အင်မော်တယ်အချို့ကလည်း ထိုအရှိန်အဝါကို ခံစားမိလိုက်ကြရာ သူတို့၏ မျက်နှာ အမူအရာများ အနည်းငယ် ပျက်ယွင်းသွားပြီး အရှိန်အဝါ လာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

"ရာရှိုမွန်မျိုးနွယ်တွေပဲ။ အရေအတွက်လည်း မနည်းဘူး"ဟု အမ်ဘာက ပြောလိုက်သည်။

"အရင်ဆုံး ပုန်းကြစို့။" ဟု လုရီက နှိုးဆော်လိုက်၏။

အုပ်စုလိုက် ခေါင်းညိတ်ကာ အသက်ရှုငြိမ်သက်ခြင်း ကျင့်စဉ်ကို အသီးသီးအသုံးပြု၍ အဝေးမှ တောင်ထိပ်တစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်းလိုက်ကြသည်။

မကြာမီမှာပင် အလင်းတန်းများ အင်မော်တယ်ရွှေတွင်းရှေ့သို့ ဆင်းသက်လာကြ၏။ အရေအတွက်မှာ တစ်ရာကျော်ရှိပြီး အများစုမှာ စွမ်းအားရှင်အဆင့် ရာရှိုမွန်မျိုးနွယ်ကျင့်ကြံသူများဖြစ်ကာ ကောင်းကင်အင်မော်တယ်အဆင့် ရာရှိုမွန်ကျင့်ကြံသူတစ်ဦးက ဦးဆောင်လာလေသည်။

လုရီတို့က ပုန်းအောင်းရာမှ ထိုသူများကို ချောင်းကြည့်ရင်း တီးတိုးဆွေးနွေးနေကြသည်။

"ဒါ ရာရှိုမွန်မျိုးနွယ်ရဲ့ သာမန်တပ်ဖွဲ့တွေပဲ။ သူတို့လည်း လုယက်လို့ရမယ့် အရင်းအမြစ်တွေကို ရှာဖွေနေကြတာ ဖြစ်လိမ့်မယ်။"လုံယွမ်က ပြောသည်။

---

"သူတို့လည်း ဒီအင်မော်တယ်ရွှေတွင်းကို ရှာတွေ့သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။"

ပုယွင်ကျန့်က ပြောရင်း မျက်မှောင်ကြုတ်လိုက်၏။ သူ၏ မျက်နှာအမူအရာမှာ အလွန်

မကောင်းလှပေ။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ဒီသတင်းက ရာရှိုမွန်မျိုးနွယ်ရဲ့ တပ်မကြီးဆီကို ရောက်သွားလိမ့်မယ်။" ဟု အမ်ဘာက စိုးရိမ်သောမျက်နှာဖြင့် ပြောလိုက်၏။

လုရီက အဝေးမှ ရာရှိုမွန်ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူတို့၏ မျက်နှာများထက်တွင် အင်မော်တယ်ရွှေတွင်းကို ရှာဖွေတွေ့ရှိရ၍ စိတ်လှုပ်ရှားနေသော အမူအရာများ ထင်ရှားနေ၏။

လုရီ၏ မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခု ဖြတ်ပြေးသွားသည်။

---

"ဒီကောင်တွေကို ရှင်းပစ်ရမယ်။"

---

[အလုပ်]

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်ပါ။

ဆုလာဘ် - သတ်မှတ်ထားသော ကျင့်ကြံခြင်းနည်းစနစ်အဆင့်+၁ (၂ ကြိမ်)၊ စွမ်းအားနိယာမအား နားလည်နိုင်စွမ်း တိုးမြှင့်ခြင်း။

လုရီက အလုပ်ကို လက်ခံလိုက်ပြီးနောက် ပြောလိုက်သည်။

---

"ဒီရာရှိုမွန်အဖွဲ့က သူတို့ရဲ့ တပ်မကြီးကို သေချာပေါက် အကြောင်းကြားလိမ့်မယ်။ သူတို့ ရောက်လာဖို့ ဘယ်လောက်ကြာမယ်မှန်း ကျွန်တော်တို့ မသိဘူး။ ဒါကြောင့် အခုချက်ချင်း လှုပ်ရှားရမယ်။ ဒီကောင်တွေကို အရင်သတ်ပြီးတော့ အင်မော်တယ်ရွှေတွေကို နိုင်သလောက် ယူသွားကြမယ်။"

---

ထိုစကားကို ကြားသောအခါ အမ်ဘာနှင့် အခြားသူများ၏ မျက်နှာအမူအရာများ တည်ကြည်သွားပြီး ခေါင်းညိတ်လိုက်ကြသည်။

---

"လှုပ်ရှားကြ!"

---

လုရီက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သူ၏ ကိုယ်ခန္ဓာပတ်လည်တွင် နိယာမစွမ်းအားများ ဝန်းရံလာ၏။ မရေမတွက်နိုင်သော ကြယ်တာရာဓားအလင်းတန်းများက မိုးရွာသကဲ့သို့ သက်ဆင်းလာပြီး တောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ နေရာလပ်တစ်ခုလုံး ပုံပျက်သွားပြီး ကြောက်မက်ဖွယ် ဖိအားကြောင့် အနီးအနားရှိ စွမ်းအားရှင်များ၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားကြသည်။

---

"သန်မာလွန်းတယ်!"

အမ်ဘာနှင့် အခြားမျိုးနွယ်ခြား ပညာရှင်များမှာ လုရီ၏ ပါရမီနှင့် အစွမ်းကို ကြားသိဖူးသော်လည်း ဤသည်မှာ သူတို့၏ မျက်စိရှေ့တွင် လုရီ လှုပ်ရှားသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

အထွတ်အထိပ် အဆင့် ကြယ်ဖြတ် ဓားသိုင်းပညာသည် လုရီ၏ လက်ရှိ ကပ်ဘေးဖြတ်ကျော်အဆင့် ကျင့်ကြံမှုနှင့် ပေါင်းစပ်လိုက်သောအခါ ကောင်းကင်အင်မော်တယ်များကိုပင် အလွန်အမင်း ထိတ်လန့်သွားစေသည်။

အမ်ဘာနှင့် အခြားအင်မော်တယ်များ ထိတ်လန့်နေသော်လည်း သူတို့၏ လှုပ်ရှားမှုများက မရပ်တန့်ခဲ့။ သူတို့သည်လည်း မိမိတို့၏ အင်မော်တယ်သိုင်းပညာများကို ထုတ်ဖော်ပြသလိုက်ကြရာ အင်မော်တယ်ဝိညာဉ်ချီ၏ အားပြင်းသော ရေစီးကြောင်းများက တဟုန်ထိုး စီးဆင်းသွား၏။ ဓားအလင်းတန်းများနှင့် သွေးချီစွမ်းအားများက ကျယ်လောင်စွာ ဟိန်းထွက်လာသည်။

မြေပြင်တုန်ခါသွားပြီး ဝိညာဉ်အလင်းများ တဖျပ်ဖျပ်လက်သွားကာ တောင်တန်းတစ်ခုလုံး အဆုံးမဲ့အမှောင်ထုထဲတွင် နစ်မြုပ်သွားသကဲ့သို့ပင်။ နေရာလပ်က လိမ်လိမ်ကောက်ကောက်ဖြစ်သွားပြီး မုန်တိုင်းများ တိုက်ခတ်လာရာ တောင်ထိပ်အားလုံး ချက်ချင်းပင် ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ အင်မော်တယ်ရွှေတွင်းပါဝင်သော တောင်ထိပ်တစ်ခုတည်းသာ မပြိုမလဲ ကျန်ရစ်ခဲ့၏။

အင်မော်တယ်ရွှေသည် အလွန်အမင်း မာကျောလှရာ၊ အင်မော်တယ်များပင်လျှင် ၎င်းကို ချိုးဖျက်ရန် ခက်ခဲလှသောကြောင့် အင်မော်တယ်လက်နက်များ ပြုလုပ်ရာတွင် အသုံးပြုကြခြင်း ဖြစ်၏။

ရာရှိုမွန်မျိုးနွယ်မှ ကျင့်ကြံသူအုပ်စုသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အင်မော်တယ်သိုင်းနည်းစနစ် ရေလှိုင်း၏ ဝါးမျိုခြင်း ခံလိုက်ရလေသည်။

ကောင်းကင်ဘုံ အင်မော်တယ် အဆင့်ရှိ ရာရှိုမွန်မျိုးနွယ် အင်မော်တယ်တစ်ဦးမှ လွဲ၍ အခြားသော ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများအားလုံးမှာ တစ်ခဏအတွင်းမှာပင် ပြာမှုန်များအဖြစ်သို့ ကြေမွပျက်စီးသွားခဲ့ကြတော့၏။

ရာရှိုမွန် ကောင်းကင်ဘုံ အင်မော်တယ် စွမ်းအားရှင်က အဆက်မပြတ် ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထက်တွင် သွေးရောင်အလင်းတန်းများ တဖျပ်ဖျပ်လက်သွားကာ သွေးချီစွမ်းအားများက ကောင်းကင်သို့ တဟုန်ထိုး တက်သွားသည်။

"လူသားမျိုးနွယ်တွေ!"

သူက ပိတ်ဆို့မှုကို ချိုးဖျက်ရန် ကြိုးစားသော်လည်း ဤနေရာတွင် အင်မော်တယ်

ခြောက်ဦးအပြင်၊ အင်မော်တယ် မဟုတ်သော်ငြားလည်း သာမန် ကောင်းကင် အင်မော်တယ်တစ်ဦးထက် တိုက်ခိုက်ရေးစွမ်းရည် ပိုမို ပြင်းထန်သော လုရီကဲ့သို့သော သူတစ်ယောက် ရှိနေရာ သူလွတ်မြောက်ရန် အခွင့်အရေးမှာ အလွန်နည်းပါးလှသည်။

ထို့အပြင် ကြိုတင်ပြင်ဆင်မှုမရှိသော ရန်သူကို အလစ်အငိုက်ဝင်တိုက်သည့် အခြေအနေတွင် ရာရှိုမွန်အင်မော်တယ်မှာ သူ၏ အစွမ်းအကုန်ထုတ်ဖော်ရန် အခွင့်အရေးပင် မရလိုက်ပေ။

တစ်ခဏအတွင်းမှာပင် သူ၏ ခုခံကာကွယ်မှုများမှာ ချက်ချင်းပင် ကျိုးပေါက်သွားပြီး သူ၏ ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာကြေမွကာ ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။

---

"မြန်မြန်စုကြ။ သွားဖို့ပြင်ဆင်ကြမယ်။"

---

ရာရှိုမွန်ကျင့်ကြံသူအုပ်စုကို သတ်ဖြတ်ပြီးနောက် လုရီသည် တွန့်ဆုတ်မနေဘဲ အင်မော်တယ်

ရွှေတွင်းရှိရာသို့ အပြေးအလွှားသွားတော့သည်။

ထိုသို့အားပြင်းသော တိုက်ခိုက်မှုများကြောင့် အင်မော်တယ်ရွှေတွင်းပါသော တောင်ထိပ်တွင် အက်ကွဲကြောင်းအနည်းငယ်သာ ဖြစ်ပေါ်ခဲ့သည်။ အက်ကွဲကြောင်းများမှ သွေးနီရောင်ရောင်ခြည်များ အဆက်မပြတ် ထွက်ပေါ်လာပြီး ကောင်းကင်ကိုပင် လင်းထိန်စေ၏။

---

"မြန်မြန်လုပ်။ ဒီအင်မော်တယ်ရွှေတွင်းကို ရိုက်ခွဲကြပါ"

---

အမ်ဘာနှင့် အခြားသူများလည်း အလွန်စိုးရိမ်နေကြသည်။

အင်မော်တယ်အားလုံး၊ စွမ်းအားရှင်အဆင့် ကျင့်ကြံသူများ၊ လျိုနင်ရွှမ်းတို့လေးဦးနှင့် ကောင်းကင်နဂါး သူတော်စင်သားတော်တို့သည် သူတို့၏ ကိုယ်ခန္ဓာအတွင်းမှ ဝိညာဉ်စွမ်းအားများကို လှည့်ပတ်ကာ တောင်ထိပ်ကို အဆက်မပြတ် ဖောက်ခွဲကြတော့သည်။

ဘုန်း! ဘုန်း! ဘုန်း! ဘုန်း!

ပေါက်ကွဲမှုလှိုင်းများက အနီးအနားရှိ မုန်တိုင်းအားလုံးကို ကြေမွသွားစေ၏။ တစ်ခုတည်းသော တောင်ထိပ်သည် လုရီတို့၏ အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် လျင်မြန်စွာ ပြိုကွဲသွားပြီး သွေးနီရောင် သတ္တုဓာတ်များပါဝင်သော ကျောက်တုံးများ ထွက်ကျလာသည်။

"မီးလျှံနီ အင်မော်တယ်ရွှေပါလား! ငါတို့တော့ ဒီတစ်ခါ ထီပေါက်ပြီကွ!" ဟု လုံယွမ်က ဟားတိုက် ရယ်မောလိုက်တော့၏။

လုရီက ထိုကျောက်တုံးများအားလုံးကို သူ၏သိုလှောင်လက်စွပ်ထဲသို့ စုသိမ်းလိုက်သည်။

သူတို့က တောင်ထိပ်ကို ထုခွဲချေမွလိုက်သည်နှင့်အမျှ၊ မီးလျှံနီ အင်မော်တယ်ရွှေများကလည်း တဖြည်းဖြည်း မျက်နှာပြင်ပေါ်သို့ ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ နီရဲသောရောင်ခြည်မှာ နေလုံးကြီးတစ်လုံးပမာ ထွန်းလင်းတောက်ပနေပြီး၊ အရာအားလုံးကို အရည်ပျော်ကျသွားစေမည့်အလား ဒီဂရီထောင်ပေါင်းများစွာ ပူပြင်းသော အပူရှိန်ကို ထုတ်လွှတ်နေ၏။

မူလက ချိုင့်ဝင်နေသော မြေပြင်မှာပင် ယခုအခါ ပုံဆောင်ခဲများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ စွမ်းအားရှင်များပင်လျှင် မျက်မှောင်ကြုတ်မိကြပြီး၊ သူတို့၏ အသက်ရှူသံများမှာ အနည်းငယ် ပြင်းထန်လာခဲ့သည်။

ဤလှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော ဆူညံသံများက အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်သာမက၊ အထူးသဖြင့် ရာရှိုမွန်မျိုးနွယ်အုပ်စုကို သတ်ဖြတ်ရန် ထုတ်လွှတ်လိုက်သည့် စွမ်းအားများက အခြားသော ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကိုပါ ဆင့်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားတော့သည်။

အားကောင်းသော အရှိန်အဝါလှိုင်းလုံးကြီးတစ်ခုက သူတို့၏ တည်နေရာဆီသို့ အလွန်မြင့်မားသော အရှိန်ဖြင့် တဟုန်ထိုး တိုးဝင်လာခဲ့၏။

"အစွမ်းကုန်သုံးပြီး တိုက်ခိုက်ကြ!"

ထိုအရှိန်အဝါများကို အာရုံခံမိသွားသော အမ်ဘာနှင့် အခြားသူများ၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်သွားပြီး၊ မီးလျှံနီ အင်မော်တယ်ရွှေတွင်းကို အစွမ်းကုန် အသားကုန် ဝင်ရောက်တိုက်ခိုက်ကြတော့သည်။

လုရီသည် လက်တစ်ဖက်တွင် ကြယ်ဖြတ်ဓားကို ကိုင်စွဲကာ၊ အခြားလက်တစ်ဖက်ဖြင့် ကောင်းကင်ခွဲလက်သီးကို အသုံးပြုလျက် တောင်ကြီးကို တိုက်ခိုက်လိုက်၏။ သူ၏ တိုက်ခိုက်မှုများကြောင့် တောင်ကြီးတစ်ခုလုံး သိမ့်သိမ့်ခါသွားပြီး၊ လီပေါင်းသိန်းချီ ကျယ်ဝန်းသော မြေပြင်တစ်ခုလုံးမှာလည်း တုန်ခါသွားလေသည်။

ရွှေရိုင်းတုံးများ ထပ်မံ၍ အိကျလာသည်နှင့် လုရီက ၎င်းတို့ကို သိမ်းဆည်းလိုက်သည်။

အခြားသော အင်မော်တယ်များနှင့် စွမ်းအားရှင်အဆင့် ကျင့်ကြံသူများကလည်း အဆက်မပြတ် တိုက်ခိုက်နေကြ၏။

ထိုအခိုက်အတန့်မှာပင်၊ လုရီက ရုတ်တရက် ရပ်တန့်လိုက်ပြီး ဟစ်အော်လိုက်သည်။

"သူတို့ ရောက်တော့မယ်! သွားကြစို့!"

"ခဏလေးပဲ! ငါတို့ နောက်ထပ် အတုံးနည်းနည်းလောက် ထပ်ယူလို့ရသေးတယ်!" ဟု အရပ်မြင့်မြင့် လူသားမျိုးနွယ် အင်မော်တယ်တစ်ဦးက ပြောလိုက်သည်။ သူ့အမည်မှာ မီချီဖြစ်ပြီး ပုယွင်ကျန့်၏ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပါ၏။

အခြားသော အင်မော်တယ်များ၏ မျက်နှာတွင်လည်း နှမြောတွန့်တိုဟန်များ အထင်းသားပင်။

လုရီက မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။

"လောဘမကြီးကြပါနဲ့! အသက်ရှင်ဖို့က အရေးအကြီးဆုံးပါဗျာ၊ ကျွန်တော်တို့ကိုသာ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူတွေ မိသွားရင်၊ ဒီနေရာမှာ သေချာပေါက် သေပွဲဝင်ရလိမ့်မယ်!"

ဤစကားကိုကြားသော်၊ အင်မော်တယ်အုပ်စုမှာလည်း လန့်ဖျပ်နိုးထသွားကြတော့သည်။

သူတို့သည် ကောင်းကင်ဘုံအင်မော်တယ်များထက် အဆပေါင်းများစွာ သာလွန်ပြီး၊ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသော အလွန်အမင်း အားကောင်းသည့် အရှိန်အဝါတစ်ခုကို အာရုံခံလိုက်မိကြ၏။

"ရာရှိုမွန်မျိုးနွယ်ရဲ့ သွေးငရဲတပ်တော်ပဲ!"

အမ်ဘာ၏ မျက်နှာမှာ ထိတ်လန့်တကြား ဖြစ်သွားသည်။

"ပြေး! သွေးငရဲတပ်တော်မှာ အစစ်အမှန် အင်မော်တယ်တွေချည်းပဲ ပါတာ!" မီချီ၏ မျက်နှာအမူအရာမှာလည်း တင်းမာခက်ထန်သွားတော့သည်။

ထိုအခိုက်အတန့်မှာပင် လုရီက ပြုံးလိုက်သည်။

"စိတ်မပူကြနဲ့၊ ပြန်မခုခံကြပါနဲ့။"

သူ၏ ကိုယ်ပေါ်မှ ဝိညာဉ်အလင်းတန်းများ ထွန်းလင်းတောက်ပလာပြီး ကျင့်ကြံသူအားလုံးကို လွှမ်းခြုံသွားတော့သည်။

မီချီနှင့် အခြားသူများ၏ မျက်နှာအမူအရာများ အနည်းငယ်ပြောင်းလဲသွားပြီး၊ သူတို့၏ ကိုယ်များ တင်းမာသွားစဉ်မှာပင်၊ သူတို့အားလုံး ထူးဆန်းသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်ကြရာ သူတို့၏ မျက်လုံးများမှာ ပြူးကျယ်သွားကြတော့သည်။

"ဒါက... နေရာလပ် နိယာမလား?!" အမ်ဘာနှင့် အခြားသူများမှာ မျက်လုံးများပြူးကျယ်ကာ

လုရီကို ကြည့်လိုက်ကြသည်။

လုရီက စကားတစ်ခွန်းမျှမဆိုဘဲ ခပ်အေးအေး ပြုံးလိုက်၏။

ထို့နောက်တွင် သူနှင့် လူအားလုံး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ပြီး၊ နောက်တစ်ခဏမှာပင် သူတို့သည် မီးလျှံနီ အင်မော်တယ်ရွှေတွင်းနှင့် ကီလိုမီတာ သောင်းပေါင်းများစွာ ဝေးကွာသောနေရာတွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

တစ်ကြိမ် နေရာရွှေ့ပြောင်းပြီးနောက် လုရီက ထိုနေရာတွင် မရပ်တန့်ခဲ့ပေ။ သူသည် နောက်ထပ် နှစ်ကြိမ်တိုင်တိုင် နေရာရွှေ့ပြောင်းလိုက်ပြီး မီးလျှံနီ အင်မော်တယ်ရွှေတွင်းနှင့် အလွန်တရာ ဝေးကွာသွားမှသာ နောက်ဆုံးတွင် ရပ်တန့်လိုက်တော့သည်။

သူတို့ စောစောက အာရုံခံမိခဲ့သော အရှိန်အဝါမှာ ယခုအခါ သူတို့၏ နောက်တွင် ကျန်ရစ်ခဲ့လေပြီ။

အဖွဲ့သားများလည်း စိတ်တည်ငြိမ်သွားကြပြီး၊ တစ်ဦးကိုတစ်ဦး မှင်သက် တွေဝေစွာဖြင့် ကြည့်လိုက်ကြ၏။

"ဒါ တကယ်ပဲ နေရာလပ် နိယာမပဲ၊ အရှိန်က တကယ်ကို မြန်တာပဲ" ဟု လုံယွမ်က လုရီအား အထင်တကြီး ကြည့်ရင်း ပြောလိုက်သည်။

အခြားသူများကလည်း ခေါင်းညိတ်ထောက်ခံကြ၏။

ထိုစဉ် လုရီက နှိုးဆော်လိုက်သည်။

"ဒါနဲ့ မပြီးသေးဘူး။ အမြန်ဆုံး ကိုယ့်အရှိန်အဝါတွေကို ဖုံးကွယ်ပြီး ရန်သူတွေ မတွေ့အောင် နေရာရွှေ့ကြဦး။"

အခြားကျင့်ကြံသူများကလည်း အခြေအနေကို သဘာဝအတိုင်း နားလည်ကြပေသည်။ သူတို့အားလုံး ခေါင်းညိတ်လိုက်ကြပြီး၊ မိမိတို့၏ အရှိန်အဝါများကို ဖုံးကွယ်ကာ ရုပ်ခန္ဓာအားဖြင့် စတင်ရွေ့လျားကြတော့သည်။

မကြာမီမှာပင် သူတို့သည် အခြားနေရာတစ်ခုသို့ အတော်အတန် ရောက်ရှိသွားပြီးနောက် နောက်ဆုံးတွင် ရပ်တန့်လိုက်ကြ၏။

အဖွဲ့သားများ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြပြီး၊ အားလုံး၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်ထွက်လာကြတော့၏။

"ဟားဟားဟား၊ ဒီတစ်ခေါက် ငါတို့ရလိုက်တဲ့ အကျိုးအမြတ်တွေက တော်တော်များမှာပဲနော် ဟုတ်တယ်မလား။" အဖွဲ့သားအားလုံးက လုရီကို ကြည့်လိုက်ကြသည်။

လုရီက ပြုံးလိုက်ပြီး ပြောသည်မှာ၊

"ဒီနေရာမှာ မီးလျှံနီ အင်မော်တယ်ရွှေတွင်းကို ထုတ်ယူဖို့က အရမ်းအန္တရာယ်များလွန်းတယ်။ ကျွန်တော်တို့ပြန်ရောက်မှ ခင်ဗျားတို့ကို ပေးမယ်။"

အမ်ဘာနှင့် အခြားသူများအားလုံးက ကန့်ကွက်စကားမဆိုဘဲ ခေါင်းညိတ်လိုက်ကြ၏။

"ဒီတစ်ခေါက်တော့ တာအိုရောင်းရင်းလုရီကို ငါတို့ အများကြီး အကြွေးတင်သွားပြီ။ သူသာမရှိရင် ငါတို့တွေ တကယ်ကို ကြီးကြီးမားမား အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရလောက်တယ်။"

"ဟီးဟီး၊ သွေးငရဲတပ်တော်ရဲ့ လက်ထဲကနေ အင်မော်တယ်ရွှေတွင်းကို ခိုးယူနိုင်လိမ့်မယ်လို့ ငါတော့ ဘဝမှာ တစ်ခါမှ အိပ်မက်တောင် မမက်ဖူးဘူး။" ဟု တစ်စုံတစ်ယောက်က မှတ်ချက်ပေးလိုက်သည်။

အင်မော်တယ်တိုင်းမှာ စိတ်ဓာတ်တက်ကြွနေကြသော်လည်း၊ စွမ်းအားရှင်အဆင့် ကျင့်ကြံသူများ၏ မျက်နှာများမှာမူ အနည်းငယ် ဖြူရော်နေကြ၏။ ဤအဖြစ်အပျက်သည် သူတို့အတွက်တော့ အနည်းငယ် သည်းထိတ်ရင်ဖိုလွန်းနေခဲ့သည်။

လျိုနင်ရွှမ်းနှင့် သူမ၏ အဖော်သုံးဦးမှာမူ အင်အားအလုံအလောက်ရှိကြသောကြောင့် အေးအေးဆေးဆေးပင် ရှိနေကြ၏။

"မီးလျှံနီ အင်မော်တယ်ရွှေတွင်းတွေအားလုံးကို မယူနိုင်ခဲ့တာတော့ နှမြောစရာပဲ" ဟု ပုယွင်ကျန့်က ညည်းတွားလိုက်သည်။

လုရီလည်း နှမြောတသဖြစ်မိသည်။

မီးလျှံနီ အင်မော်တယ်ရွှေတွင်းကို ရာရှိုမွန်မျိုးနွယ်က ရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်ရာ၊ သူတို့အနေဖြင့် ၎င်းကို ပြန်လည်ရယူနိုင်ဦးမည်လားဆိုသည်မှာ မသေချာတော့ပေ။

ထို့အပြင်၊ သူ၏ အလုပ်က...

လုရီသည် အလုပ် မျက်နှာပြင်ပြားကို အာရုံခံကြည့်လိုက်စဉ် သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

ထို့နောက် သူ၏ အလုပ်မှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး မကျရှုံးသည်ကို သူ တွေ့လိုက်ရ၏။

ထို့နောက်တွင်တော့ လုရီက တစ်စုံတစ်ခုကို တွေးလိုက်မိသည်။ အင်မော်တယ်ရွှေတွင်းကို ရာရှိုမွန်မျိုးနွယ်က သိမ်းပိုက်ထားသော်ငြားလည်း၊ ရွှေတွင်းကတော့ ထိုနေရာမှာပင် ရှိနေသေးသည် မဟုတ်လော။ ထို့ကြောင့် ကြယ်တာရာနယ်မြေတပ်မတော်ကို အကြောင်းကြားလိုက်ရုံမျှဖြင့် လုံလောက်ပေပြီ။

သို့ဆိုလျှင်၊ ဤအလုပ်ကို ပြီးမြောက်အောင်မြင်သည်ဟု သတ်မှတ်နိုင်သေးသည်ပင်။

အမှန်စင်စစ်၊ လုရီအနေဖြင့် အင်မော်တယ်ရွှေတွင်းကို ကိုယ်တိုင်သိမ်းပိုက်ထားရန် မလိုအပ်ခဲ့ပေ။

လုရီက "ကျွန်တော်တို့ ရှေ့ဆက် ဘာလုပ်ကြမလဲ။" ဟု မေးလိုက်သည်။

ထိုအခါ

"ကျွန်တော်တို့ ထပ်ပြီး သွားရှာကြမလား။" ဟု

အမ်ဘာက အကြံပေးလိုက်၏။

အောင်မြင်မှု၏ အရသာကို မြည်းစမ်းပြီးဖြစ်သောကြောင့် လူတိုင်း၏ မျက်လုံးများမှာ အရောင်တောက်လာကြပြီး၊ နောက်တစ်ကြိမ် ထပ်မံကြိုးစားရန် အသင့်ဖြစ်နေကြတော့သည်။

လုရီကလည်း သဘာဝအတိုင်း ငြင်းပယ်ခြင်းမပြုခဲ့ပေ။

သူတို့အဖွဲ့သည် နောက်တစ်ကြိမ် ထပ်မံ၍ ခရီးထွက်ခွာခဲ့ကြလေသည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ သူတို့၏ ကံကြမ္မာက သိပ်မကောင်းခဲ့ပေ။ သူတို့သည် တောနက်ကြီးထဲတွင် ဆယ်ရက်ကျော်တိုင်တိုင် လှည့်လည်သွားလာခဲ့ကြပြီး၊ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူအုပ်စုများနှင့်ပင် ဆုံတွေ့ခဲ့ကြသေးသည်။ သို့သော် အလွန်အမင်း သတိကြီးစွာထားသောကြောင့် ရန်သူများ၏ ရှာဖွေတွေ့ရှိခြင်းကိုတော့ မခံခဲ့ရပေ။

ထိုအရာမှလွဲ၍ အခြားအသုံးဝင်သော တွေ့ရှိမှုများတော့ မရှိခဲ့ပေ။

သို့သော်ငြားလည်း၊ ဤအချိန်အတောအတွင်း၌ လုရီတို့အဖွဲ့သည် အရွယ်အစားမတူသော တိုက်ပွဲ အားလှိုင်း အများအပြားကို အာရုံခံမိခဲ့ကြသည်။ အကြီးမားဆုံး တိုက်ပွဲ အားလှိုင်းသည် လေဟာနယ်တစ်ခုလုံးကိုပင် လိမ်ခေါက်သွားစေ၏။ သူတို့၏ ဒေသမှာလည်း အဆက်မပြတ် တိုက်ပွဲများ ဖြစ်ပွားနေကာ၊ နှိုင်းယှဉ်၍

မရအောင် ပြင်းထန်လှပြီး၊ အစစ်အမှန် အင်မော်တယ်များကြားမှ တိုက်ပွဲတစ်ခု ဖြစ်ဟန်တူ၏။

နောက်ဆုံးရလဒ်ကို မည်သူမျှ မသိရှိခဲ့သော်လည်း၊ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများ၏ ကင်းလှည့်မှုများမှာမူ ယခင်ကထက်ပင် ပိုမိုများပြားလာခဲ့သည်။ ထို့ကြောင့် လုရီနှင့် သူ့အဖွဲ့သားများမှာ ပို၍ပင် သတိကြီးစွာ ထားကြရတော့သည်။

ဤသို့သော ကြမ်းတမ်းခက်ထန်သည့် အခြေအနေများအောက်တွင် ဆယ်ရက်ကျော်ကြာ နေထိုင်ပြီးနောက်၊ စွမ်းအားရှင်အဆင့် ကျင့်ကြံသူများကို ထားဘိ၊ အင်မော်တယ်များပင်လျှင် ပင်ပန်းနွမ်းနယ်လာကြပါ၏။

နောက်ဆုံးတွင် လုရီက အခြေစိုက်စခန်းသို့ ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။

အခြားသူများထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ကန့်ကွက်ခြင်းမရှိခဲ့ပေ။

အဖွဲ့သားများသည် အခြေစိုက်စခန်းရှိရာဘက်သို့ ဦးတည် ရွေ့လျားခဲ့ကြသည်။ မကြာမီမှာပင် သူတို့သည် စခန်းတည်ရှိရာနေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ကျောက်စိမ်းပြားကို အသုံးပြုကာ ဖုံးကွယ်ထားသော မဟာအခင်းအကျင်းအတွင်းသို့ လျင်မြန်စွာ ပြန်လည်ဝင်ရောက်သွားကြတော့၏။

ပြန်လည်ရောက်ရှိသောအခါ လုရီသည် ကျင့်ကြံသူများစွာကို တွေ့မြင်လိုက်ရသည်။ သူတို့အများစုမှာ တကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြပြီး၊ အချို့မှာ ပြင်းထန်စွာ ဒဏ်ရာရထားကြကာ၊ အချို့

အဖွဲ့များမှာမူ အဖွဲ့ဝင်အတော်များများကို ဆုံးရှုံးထားပုံရလေသည်။

ဥပမာအားဖြင့်၊ လုရီက ဗုဒ္ဓဘာသာဂိုဏ်းမှ ကျင့်ကြံသူများကို တွေ့လိုက်သည့်အခါ၊ ကပ်ဘေးဖြတ်ကျော် နယ်ပယ် ဘုန်းတော်ကြီး တစ်ပါး ပျောက်ဆုံးနေသည်ကို သတိပြုလိုက်မိတော့သည်။

ဤစူးစမ်းလေ့လာရေးခရီးစဉ်မှာ ဆုံးရှုံးမှုများ ရှိခဲ့သည်မှာ ထင်ရှားလှ၏။

လုရီတို့အဖွဲ့ပင်လျှင် ရန်သူက အမဲဖျက်လုနီးပါး ဖြစ်ခဲ့သည်။ အကယ်၍သာ လုရီက အဖွဲ့ကို နေရာရွှေ့ပြောင်းပေးနိုင်သည့် နေရာလပ်နိယာမကို ကျွမ်းကျင်စွာ တတ်မြောက်မထားခဲ့ပါက၊ သူတို့လည်း အန္တရာယ်နှင့် ကြုံတွေ့ရမည်မှာ သေချာပေသည်။

မကြာမီမှာပင်၊ လုရီသည် လျိုဟိုင်ချင်းကို ရှာတွေ့ခဲ့ပြီး မီးလျှံနီ အင်မော်တယ်ရွှေတွင်းအကြောင်းကို အကြောင်းကြားလိုက်လေသည်။

လျိုဟိုင်ချင်းက မျက်မှောင်ကြုတ်ကာ လေးနက်သည့် မျက်နှာထားဖြင့် ‌မှတ်ချက်ချလိုက်လေ၏။

"ဒါဆို အဲ့ဒါက မီးလျှံနီ အင်မော်တယ်ရွှေတွင်း ဖြစ်နေတာကိုး…"

"အဲ့ဒီနေရာမှာ အင်မော်တယ်ရတနာတစ်ခု ပေါ်ထွက်လာတာကို ငါတို့ သတိပြုမိခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲ့ဒီနေရာကို ရာရှိုမွန်မျိုးနွယ်ရဲ့ တပ်မကြီးက သိမ်းပိုက်ထားတယ်။ ငါတို့ သွားပြီး မစုံစမ်းနိုင်ခဲ့ဘူး။"

လုရီက နှမြောတသဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

"တကယ်ကို ကံမကောင်းတာပါပဲ။ ကျွန်တော်တို့ အဲ့ဒီအင်မော်တယ်ရွှေတွင်းကို ရှာတွေ့ကာစပဲ ရှိသေးတယ်၊ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူတွေ ရောက်လာတော့ ဘာမှ မလုပ်နိုင်ခဲ့ဘူး။"

"သခင်လေးလုရီ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ နံပါတ်လေးဂြိုဟ်ပေါ်မှာ ကျွန်တော်တို့ရဲ့အင်အားက ရာရှိုမွန်မျိုးနွယ်တပ်တော်ထက် အနည်းငယ် အားနည်းနေတယ်။ သူတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို လောလောဆယ် ရှောင်လွှဲနေရုံပဲ တတ်နိုင်တယ်" လျိုဟိုင်ချင်းက နှစ်သိမ့်လိုက်သည်။

"သခင်လေးလုရီ၊ ဒီရက်ပိုင်းတွေ စူးစမ်းရှာဖွေရတာ ပင်ပန်းနေရောပေါ့။ အခု သွားပြီး အနားယူလိုက်ပါဦးလား။"

ထိုအခါ လုရီက ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်သွားလေသည်။

သူ တကယ်ပဲ ကောင်းကောင်း အနားယူဖို့ လိုအပ်နေပေပြီ။

ဤရက်များအတွင်း သူကိုယ်တိုင်ပင် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားနေရပါသည်။

ဟုတ်ပါသည်။ သူရရှိလာသော အကျိုးအမြတ်များကိုလည်း ခွဲဝေပေးရန် လိုအပ်နေသေး၏။

All Chapters