← Chapters

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း ၅၆၂ - အင်မော်တယ်ဓားသိုင်း

ကျမ်း(ကပ်ဘေးဖြတ်ကျော်အခန်း) အဆင့် ၈ နှင့် ကျင့်ကြံခြင်းလောကမှ ပြောက်ကျား ကစားနည်း...

~သူတို့ထွက်ခွာသွားစဉ်ကနှင့်မတူ၊ ပျံသန်းယာဉ်ငယ်ပတ်လည်တွင် အခြေစိုက်စခန်းတစ်ခုကို တည်ထောင်ပြီးဖြစ်နေလေသည်။ ၎င်းမှာ ယွီမိသားစုတပ်မတော်နှင့် လွတ်လပ်ကျင့်ကြံသူများ နားခိုရန်နှင့် ရိက္ခာပြန်ဖြည့်ရန် နေရာတစ်ခုပင်။

ပတ်ပတ်လည်တွင် တံတိုင်းတစ်ခုကို တည်ဆောက်ထားပြီး အခင်းအကျင်းပုံစံများက ဖုံးလွှမ်းလျက် အလင်းများ မှိတ်တုတ် မှိတ်တုတ်

စီးဆင်းနေ၏။ ဤအရာများသည်လည်း

အင်မော်တယ်အဆင့် အခင်းအကျင်းများဖြစ်ကာ ပျံသန်းယာဉ်ငယ်ပေါ်မှ အခင်းအကျင်းနှင့် ပေါင်းစပ်လိုက်သောအခါ ပတ်ဝန်းကျင်ကို ပိုမိုဖုံးကွယ်နိုင်ပြီး ကာကွယ်မှုလည်း ပေးစွမ်းနိုင်လေသည်။

လုရီက လျိုဟိုင်ချင်းကို သွားမရှာမီမှာပင် လူတစ်စုသည် စခန်းအတွင်းသို့ ဝင်ရောက်ကာ နားခိုရန် နေရာတစ်ခု ရှာလိုက်ကြသည်။

လျိုဟိုင်ချင်းနှင့် အဆက်အသွယ်ရှိသောကြောင့် လုရီနှင့် လျိုနင်ရွှမ်းတို့အုပ်စုသည် ပတ်ဝန်းကျင်အတော်အသင့်ကောင်းမွန်သော ခြံဝင်းငယ်တစ်ခုကို ရရှိခဲ့၏။

ထိုအခိုက်အတန့်တွင် ခြံဝင်းအတွင်း၌ ကောင်းကင်နဂါးမြင့်မြတ်နယ်မြေ၊ နတ်ဓားဂိုဏ်းတို့မှ အင်မော်တယ်များနှင့် စွမ်းအားရှင်များနှင့် အခြားသူများက လုရီပြန်လာမည်ကို စောင့်မျှော်နေကြသည်။

လုရီ ပြန်လာသည်ကိုမြင်သော်

လူတိုင်း၏မျက်လုံးများ အရောင်တောက်လာပြီး နှုတ်ဆက်ရန် ထလာကြ၏။

ဘာက မေးလိုက်သည်။

"ညီအစ်ကိုလု၊ လျိုဟိုင်ချင်းနဲ့ ဘယ်လိုဖြစ်သွားလဲ။"

"ကျွန်တော် မီးလျှံနီအင်မော်တယ်ရွှေတွင်းနေရာကို လျိုဟိုင်ချင်းကို အကြောင်းကြားလိုက်တယ်။ လျိုဟိုင်ချင်းက အဲ့ဒီနေရာကို ကျွန်တော်တို့ သွားလို့မရတော့ဘူးတဲ့။ ရာရှိုမွန်တပ်မတော်က သိမ်းပိုက်လိုက်ပြီ။"

---

ထိုသတင်းကို ကြားသောအခါ လူတိုင်း စိတ်ပျက်သွားကြ၏။

"နှမြောစရာကောင်းလိုက်တာ။ ငါတို့ရခဲ့တဲ့

မီးလျှံနီ အင်မော်တယ်ရွှေတွေက နည်းနည်းလေးပဲရှိမှာ။ အများစုက အောက်မှာ ကျန်နေသေးမှာပဲ။ မြေအောက်မှာတောင် ရှိနေနိုင်သေးတာကွာ။"

မီချီက ဘီလီယံပေါင်းများစွာ ဆုံးရှုံးသွားသကဲ့သို့ မြည်တမ်းလိုက်သည်။

---

လုရီက ပြုံးလိုက်၏။

"အဲ့ဒါကို လောလောဆယ် မပြောသေးနဲ့။ ကျွန်တော်တို့ရထားတဲ့ အင်မော်တယ်ရွှေတွေကို အရင်ခွဲဝေကြရအောင်လေ"

သူ့စကားအား ကြားမှ အခြားသူများအားလုံး

စိတ်အား တက်ကြွသွားကြသည်။

လုရီက လက်ဝှေ့ယမ်းလိုက်ရာ ဧရာမကျောက်တုံးကြီးများ ပျံထွက်လာသည်။ ကျောက်တုံးများထဲတွင် သွေးနီရောင်အင်မော်တယ်ရွှေများ ပါဝင်နေပြီး ကြွယ်ဝသောရောင်ခြည်များ ထုတ်လွှတ်ကာ ပတ်ဝန်းကျင်အပူချိန်ကို မီးဖိုအနီးသို့ ရောက်သွားသကဲ့သို့ မြင့်တက်စေ၏။

အခြေစိုက်စခန်းအတွင်း မဟာ အခင်းအကျင်း၏ ဖုံးကွယ်မှုအောက်တွင် ရှိနေသောကြောင့် အပြင်သို့ သတင်းပေါက်ကြားမည်ကို သူတို့ စိုးရိမ်စရာမလိုတော့ပေ။

မဟာအခင်းအကျင်းကြီးထဲမှာတော့

အင်မော်တယ်ရွှေကြောင့်ဖြစ်သော လှုပ်ခတ်မှုက မငြိမ်မသက် ဖြစ်နေတုန်းပင်။ ထိုရွှေစင်မှ တဝင်းဝင်းထွက်ပေါ်လာသည့် အရှိန်အဝါက စခန်းတစ်ခုလုံးရှိ ကျင့်ကြံသူအားလုံး၏ အကြည့်တွေကို ဆတ်ခနဲ ဆွဲခေါ်သွားလေတော့သည်။

"ဒီအရှိန်အဝါ... ဘယ်နေရာမှာ တွေ့ဖူးသလိုလို ရင်းနှီးနေပါလိမ့်..."

"ဒါ... ဒါ ရာရှိုမွန်မျိုးနွယ်တွေ တွေ့ထားတဲ့ မီးလျှံနီအင်မော်တယ်ရွှေပဲ!"

ထိုစကားသံကြောင့် ကျင့်ကြံသူအားလုံးမှာ

ဝိုးခနဲ ဖြစ်သွားကြ၏။

ဘာများလဲဟု သိလိုစိတ်ဖြင့် ထိုခြံဝင်းရှိရာ ကောင်းကင်ယံဆီသို့ အလုအယက် စုရုံးရောက်ရှိလာကြတော့သည်။

ဝိုင်းအုံလာသော အကြည့်များကြောင့် အမ်ဘာ တို့တစ်ဖွဲ့လုံး မျက်မှောင်ကြုတ်မိသွားကြသည်။

စည်းစိမ်ဆိုတာ ထုတ်ကြွားရမယ့်အရာ မဟုတ်ဘူးဆိုတာကို သူတို့ သဘောပေါက်ပါ၏။ သို့သော် သည်လောက် ကြီးမားသော စခန်းကြီးထဲမှာတော့ ဒီလိုဖြစ်လာမှာကို ရှောင်လွှဲ၍ မရနိုင်မှန်းလည်း သိနေခဲ့သည်။

ဒါ့အပြင် သူတို့ရထားသော မီးလျှံနီအင်မော်တယ်ရွှေကလည်း နည်းနည်းနောနောပင် မဟုတ်ပေ။

သည်လောက်များသည့် ရတနာကနေ ထွက်နေသော အရှိန်အဝါကို ဘယ်လိုလုပ် ဖုံးကွယ်ထား၍ ရနိုင်ပါအံ့နည်း။

လုရီက တစ်ချက် ဝေ့ကြည့်လိုက်သည်။

ပြီးနောက် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် အခင်းအကျင်းပုံရိပ်များက လေဟာနယ်ထဲတွင် ရုတ်ချည်းပေါ်ထွက်လာကာ ပတ်ဝန်းကျင်မှ ဆူညံသံများကို တိတ်ဆိတ်သွားစေ၏။ သို့တိုင် အင်မော်တယ်ရွှေ၏ စွမ်းအားလှိုင်းအချို့ကတော့ အပြင်သို့ ယိုစိမ့်ထွက်နေဆဲပင်။

"ကဲ... အရင်ပြောထားတဲ့အတိုင်းပဲ။ တစ်ဝက်ကို အမ်ဘာကို ပေးမယ်။ ကျန်တာကို ကျွန်တော်တို့ ခွဲယူမယ်။"

လုရီက တည်ကြည်စွာ ပြောလိုက်သည်။

---

ထိုစကားကို ကြားသောအခါ အခြားသူများ

တစ်ယောက် မျက်နှာတစ်ယောက် အကြည့်များ ဖလှယ်လိုက်ကြပြီး အမ်ဘာက ပြောလိုက်သည်။

"ညီအစ်ကိုလု၊ မင်းထွက်သွားပြီးတဲ့နောက်မှာ

ငါတို့ ထပ်ဆွေးနွေးကြသေးတယ်။ မင်းရဲ့ နေရာလပ်နိယာမသာ မရှိခဲ့ရင် ငါတို့ ဒီလောက်အများကြီးရ ရဖို့ မပြောနဲ့၊ ရာရှိုမွန်တပ်ရဲ့ လိုက်လံသတ်ဖြတ်မှုကနေ လွတ်မြောက်ဖို့တောင် မလွယ်ဘူး။ ခင်ဗျားတို့အုပ်စုက သုံးပုံ ယူလိုက်ပါ။ ကျန်တဲ့ တစ်ပုံကို တခြားသူတွေ ခွဲဝေယူကြပါစေ။"

---

လုရီက တစ်ချက်ရပ်ကာ သူ့ဘေးမှ လျိုနင်ရွှမ်းတို့ လေးဦးကို ကြည့်လိုက်သည်။

ကျန်းရူယွီက ချိုမြိန်သော အပြုံးလေးတစ်ပွင့်နှင့် ပြောလာသည်။

---

"သူတို့ ပြောတာပဲလေ။ ငါတို့ကတော့ ကန့်ကွက်စရာမရှိပါဘူး။"

သုန်းကုန်းမင်ယွဲ့ကတော့ လက်ကလေးပိုက်၍ ခေါင်းတဆတ်ဆတ်ညိတ်ရင်း ဂုဏ်ယူမဆုံးသော လေသံဖြင့်၊

"စီနီယာအစ်ကိုကြီးရဲ့ အပင်ပန်းခံမှုက အရေးပါဆုံးပဲဟာ။ သူက ပိုရသင့်တာပေါ့။" ဟု ဝင်၍ ထောက်ခံလိုက်လေသည်။

ပုယွင်ကျန့်ကလည်း ပြုံးလိုက်၏။

"ငါတို့လည်း အတူတူပဲ စဉ်းစားထားပါတယ်။ နေရာလပ် နိယာမသာ မရှိရင် ငါတို့ရဲ့ လှုပ်ရှားမှုတွေက ပိုပြီးတော့ အဆင်မပြေဖြစ်သွားမှာ သေချာတယ်။"

---

လူတိုင်း သဘောတူညီသည်ကို မြင်သောအခါ

လုရီလည်း မငြင်းတော့ပေ။

"ဒီလိုဆိုရင်တော့ ကျွန်တော်လည်း အားမနာတော့ဘူးနော်..."

---

ထို့နောက် လုရီသည် မီးလျှံနီ အင်မော်တယ်ရွှေများကို တစ်သုတ်ပြီးတစ်သုတ် ထုတ်ယူကာ

သူတို့အားလုံးကို ခွဲဝေပေးလိုက်သည်။

အင်မော်တယ်များက ပိုရပြီး စွမ်းအားရှင်များက အနည်းငယ်လျော့နည်း၏။ ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူများပင် မီးလျှံနီ

အင်မော်တယ် ရွှေတစ်တုံးစီ ရရှိကြရာ လူတိုင်း

စိတ်လှုပ်ရှားနေကြတော့သည်။

အထူးသဖြင့် ကောင်းကင်နဂါး သူတော်စင်သားတော်မှာ ဒေါ်လာတစ်ရာတွေ့သော ကျောင်းသားလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေလေသည်။

တစ်ဖက်မှာတော့ လျိုနင်ရွှမ်းတို့အဖွဲ့ကတော့ မျက်နှာသေလေးတွေနှင့်ပင်။ လုရီနှင့် အတူရှိနေစဉ်တုန်းကတည်းက တန်ဖိုးကြီးပစ္စည်းများကို မြင်နေကျဖြစ်နေပြီး သူမတို့လက်ထဲမှာ အင်မော်တယ်လက်နက်တွေတောင် ရှိနေသေးသည် မဟုတ်ပါလား။

ထိပ်သီးအင်မော်တယ်ကြီးများမှာတော့ အဓိကတာဝန်ယူရသူများပီပီ အပုံကြီးရကြသဖြင့် အားလုံးမှာ ကျေနပ်နေကြသည်။

လုံယွမ်၏ မျက်နှာကြီးမှာ ပြုံးဖြီး၍ နေလေ၏။

"ဒီအင်မော်တယ်ရွှေစတွေကိုသာ လက်နက်ကျွမ်းကျင်သူဆီ ယူသွားပြီး အဓိကကုန်ကြမ်းအဖြစ် သုံးလိုက်ရင် အဆင့်နိမ့် အင်မော်တယ်လက်နက်တစ်ပါးတော့ အသာလေး သွန်းလောင်းလို့ ရပြီ!"

အမ်ဘားကလည်း ကျေနပ်အားရစွာဖြင့် သူ၏အစီအစဉ်ကို ပြောပြလိုက်လေသည်။

"ကျွန်တော့်အတွက်တော့ ကိုယ်ပိုင်အသက်ဆက်မှော်ရတနာတစ်ခု ရှိနေပြီဆိုတော့ ဒါနဲ့တင် လုံလောက်တယ်။ ဒီအင်မော်တယ်ရွှေကို ကြယ်တာရာနယ်မြေတပ်မတော်ဆီ ရောင်းပြီး စစ်မှုထမ်းအမှတ်တွေ ယူမယ်။ ပြီးရင် ကြယ်တာရာခြင်ဆီတွေ ထပ်လဲမယ်။ ဒီလိုဆိုရင်တော့ ကောင်းကင်ဘုံအင်မော်တယ်အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ အခွင့်အရေး ရှိနိုင်လောက်တယ်"

ကျန်ကျင့်ကြံသူများကလည်း ထိုအစီအစဉ်ကို သဘောကျဟန်ဖြင့် ထောက်ခံစကားများ အသီးသီး ဆိုကြသည်။

ဤသို့ဖြင့် ခွဲဝေမှု ပြီးဆုံးသွားသောအခါ လူတိုင်းမှာ ပျော်ရွှင်ကျေနပ်စွာဖြင့် လုရီ၏ ခြံဝင်းအတွင်းမှ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ထွက်ခွာသွားကြတော့၏။

"ငါတို့ ထျန်းမင်နဲ့ ဒီလောက်နီးနီးမှာ

အင်မော်တယ်ရွှေတွင်း ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ" ဟု သုန်းကုန်းမင်ယွဲ့က မယုံနိုင်သေးသလို ရေရွတ်လာလေသည်။

ထိုစဉ် ယွင်ရှီးက လုရီကို ကြည့်ကာ ပြောဆို

လာ၏။

"လုရီက အမြဲတမ်းပဲ မတော်တဆ ရတနာတွေတွေ့တတ်တယ်။ ကံအရမ်းကောင်းတာပဲ။ ဒီ

အင်မော်တယ်ရွှေတွင်းကို တွေ့တာလည်း လုရီရဲ့ကံကြောင့် ဖြစ်နိုင်တယ်။"

---

ထိုစကားကို ကြားသောအခါ လျိုနင်ရွှမ်းပင် ခေါင်းတစ်ချက်ညိတ်လိုက်သည်။

ထိုအခါ လုရီ၏ ပါးစပ်က အနည်းငယ်မဲ့သွား၏။ သူ ယခင်က မတော်တဆရရှိခဲ့သော ရတနာများအားလုံးမှာ အလုပ် ဆုလာဘ်များဖြစ်ကြောင်း သူ မပြောနိုင်ပါပေ။

"ဒီရက်ပိုင်း စီနီယာ အစ်မတို့လည်း ပင်ပန်းနေရောပေါ့။ ပြန်သွားပြီး ကောင်းကောင်းအနားယူလိုက်ကြ။ ကိုယ့်ရဲ့အခြေအနေကို ထိန်းသိမ်းထားကြနော်။"

လျိုနင်ရွှမ်းတို့လည်း ခေါင်းညိတ်လိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ သူမတို့သည် စစ်မြေပြင်ပေါ်တွင် ရောက်နေသည် မဟုတ်ပါလား။

-----

လုရီက သူ့အခန်းသို့ ပြန်လာပြီး သူ၏အကျိုးအမြတ်များကို စတင်စီစစ်လိုက်သည်။

ဤတစ်ကြိမ် အလုပ်မှ ရရှိသော ဆုလာဘ်များမှာ အလွန်ရက်ရောလှ၏။

အင်မော်တယ်ရွှေတွင်းအကြောင်း ကြယ်တာရာနယ်မြေတပ်မတော်ကို သတင်းပို့သည့် တာဝန်အတွက် ဆုလာဘ်မှာ မီးလျှံနီအင်မော်တယ်

ရွှေ တန်ဆယ်တန် ဖြစ်သည်။

ထိုပမာဏမှာ သူတို့အဖွဲ့ ရိတ်သိမ်းခဲ့သည်နှင့် နီးပါးတူညီပြီး အနည်းငယ်ပင် ပိုနိုင်သေးသည်။ ထို့အပြင် အလုပ် ဆုလာဘ်မှာ ထပ်မံသန့်စင်ရန်မလိုသော မီးလျှံနီအင်မော်တယ်ရွှေစစ်စစ်များ ဖြစ်လေသည်။

သတ္တုတွင်းထဲက တူးလာသည့်ရွှေနှင့် ဆုလာဘ်အဖြစ် ရသည့်ရွှေကတော့ ကွာခြားချက်က မိုးနှင့်မြေလိုပင်။ တွင်းထွက်ရွှေတွေမှာက ရွှေကြောစစ်စစ်ဆိုတာ အနည်းငယ်သာပါပြီး ကျန်တာတွေအားလုံးက အသုံးမဝင်သော ကျောက်သားအလွှာတွေနှင့် ရောထွေးနေခဲ့ပါသည်။

ယခု ဆုလာဘ်အဖြစ် ရလာတာကတော့ နောက်ထပ် မီးဖုတ်သန့်စင်စရာမလိုတော့သည့် မီးလျှံနီ အင်မော်တယ်ရွှေ သန့်သန့်တွေချည်းပင်။

သည်တစ်ကြိမ် ရရှိသော ဆုလာဘ်များ၏ တန်ဖိုးကတော့ တွေးကြည့်ဖို့တောင် မလွယ်ကူလောက်အောင် များပြားလှပေသည်။

ဤမျှများပြားသော မီးလျှံနီအင်မော်တယ်ရွှေများ လက်ထဲတွင် ရှိနေပြီဖြစ်သဖြင့် လုရီ၏ လက်နက်သန့်စင်ခြင်း လမ်းကြောင်းအတွက် အဓိကကုန်ကြမ်းမှာ လုံးဝအာမခံချက် ရှိသွားခဲ့ လေပြီ။

သူ၏ "ထွက်ခွာခြင်းမီး လက်နက်သန့်စင်ပညာ" ကို အရှိန်အဟုန်မြှင့် လေ့ကျင့်နိုင်တော့မည်ဖြစ်ပြီး၊ အချိန်အခါသင့်လျှင် တလောကလုံးကို တုန်လှုပ်သွားစေမည့် စွမ်းအားမြင့် အင်မော်တယ်လက်နက်များကိုပင် ဖန်တီးနိုင်ပေတော့မည်။

...

"ထွက်ခွာခြင်းမီး လက်နက်သန့်စင်ပညာ"။

လုရီ တတ်ကျွမ်းထားပြီးသားပင်။

သို့သော် ကုန်ကြမ်းရှားပါးမှုက သူ့ကို ချုပ်နှောင်ထားခဲ့သည်။ အဆင့်နိမ့် အင်မော်တယ်လက်နက်များကိုပင် ဖန်တီးရန် ခက်ခဲလှ၏။ အောင်မြင်နှုန်းမှာလည်း အလွန်ပင် နိမ့်ကျခဲ့သည်။

ယခုမူ ထိုအခက်အခဲ မရှိတော့ပါ။

ဤကုန်ကြမ်းများက သူ၏ပညာရပ်ကို အဆင့်တက်စေလိမ့်မည်။ အဆင့်နိမ့် အင်မော်တယ်လက်နက်များကို တည်ငြိမ်စွာ ဖန်တီးနိုင်တော့မည်။ ထို့ထက်ပို၍... အလယ်အလတ်တန်းစား အင်မော်တယ်လက်နက်များကိုပင် ဖန်တီးနိုင်မည့် အခွင့်အရေးတည်း။

လုရီသည် လက်နက်သန့်စင်ခြင်းလမ်းစဉ်အား နားလည်နိုင်စွမ်း တိုးမြှင့်ခြင်း ဆုလာဘ်ကို စုပ်ယူလိုက်ပါတော့သည်။

ထိုသို့စုပ်ယူရန် အချိန်တစ်လခွဲလုံးလုံး ကြာမြင့်ခဲ့ပြီး သူ၏ လက်နက်သန့်စင်ခြင်းလမ်းစဉ်အား နားလည်နိုင်စွမ်းမှာ တိုးတက်လာခဲ့၏။ ထို့အပြင် "ထွက်ခွာခြင်းမီး လက်နက်သန့်စင်ပညာ" နှင့်ပတ်သက်၍ ထိုးထွင်းဉာဏ်သစ်များလည်း ရရှိခဲ့သည်။

ရာရှိုမွန်မျိုးနွယ်ကျင့်ကြံသူများကို သတ်ဖြတ်သည့် တာဝန်အတွက် ဆုလာဘ်မှာ သတ်မှတ်ထားသော ကျင့်ကြံခြင်းနည်းစနစ်အဆင့်ကို +၁ တိုးနိုင်သည့် အခွင့်အရေးနှစ်ကြိမ်နှင့် စွမ်းအားနိယာမအား နားလည်နိုင်စွမ်း တိုးမြှင့်ခြင်းတို့ ဖြစ်သည်။

လုရီသည် ဤကဲ့သို့သော အလုပ် ဆုလာဘ်မျိုးကို ပထမဆုံး အကြိမ် လက်ခံဖူးခြင်းဖြစ်ရာ အကြီးအကျယ် ပျော်မြူးသွားရပါ၏။

...

အင်မော်တယ်ကျမ်းကို နားလည်သဘောပေါက်နိုင်စွမ်း မြှင့်တင်ပေးသည့် ဆုလာဘ်မျိုးကို လုရီတစ်ယောက် ယခုမှ ပထမဆုံးအကြိမ် ရရှိဖူးခြင်းဖြစ်သည်။

"ဟင်... ဒီလိုဆုလာဘ်မျိုးက အင်မော်တယ်ကျမ်းကို သဘောပေါက်ဖို့ သုံးရတာကိုး။ ဒါကတော့ တကယ်ကို အံ့ဩစရာပဲ။"

လုရီ၏ စိတ်ထဲတွင် ကြည်နူးစွာဖြင့် အံ့အားသင့်သွားရသည်။ အမှန်စင်စစ် သူ၏ အင်မော်တယ်ကျမ်းကျင့်ကြံမှုသည်လည်း တစ်ဆင့်ချင်း နားလည်သဘောပေါက်မှုကို လိုအပ်နေခဲ့သည် မဟုတ်ပါလား။

သူ ကပ်ဘေးဖြတ်ကျော်နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ခဲ့သည်မှာ နှစ်တစ်ရာနီးပါး ရှိနေပြီ။

သူ၏ အဓိကကျင့်ကြံကျမ်းဖြစ်သော

'အင်မော်တယ်ဓားကျမ်း' ၏ ကပ်ဘေးဖြတ်ကျော်အခန်းကို နားလည်သဘောပေါက်မှုမှာ အဆင့် ၆ သို့သာ ရောက်ရှိသေးပြီး အကန့်အသတ်သို့ ရောက်ရန် အတော်ပင် လိုနေပါသေးသည်။

ပုံမှန်အားဖြင့် ဆိုလျှင် လုရီ တစ်ယောက် လက်ရှိနယ်ပယ်၏ ဆယ်လွှာ သို့မဟုတ် တစ်ဆယ့်တစ်လွှာသို့ ချိုးဖြတ်မှသာ အင်မော်တယ် ဓားကျမ်း၏ သက်ဆိုင်ရာအခန်းကို အကန့်အသတ်အထိ နားလည်နိုင်တတ်ပါသည်။

"ဒါကိုသာ အကန့်အသတ်အထိ စောစောနားလည်သွားရင်... ငါ့ရဲ့ကျင့်ကြံနှုန်းက တစ်ခါထပ်မြန်လာဦးမှာပဲ! ကပ်ဘေးဖြတ်ကျော် ဆယ့်သုံးလွှာကို တက်လှမ်းဖို့လည်း အများကြီး ပိုမြန်သွားနိုင်တယ်!"

ထို့ကြောင့်ပင် လုရီသည် ရရှိလာသော အခွင့်အရေးနှစ်ခုလုံးကို 'အင်မော်တယ်

ဓားကျမ်း' ၏ ကပ်ဘေးဖြတ်ကျော် အခန်းအပေါ်သို့ ဝမ်းမြောက်ဝမ်းသာ အသုံးပြုလိုက်တော့သည်။

တစ်လကျော်အချိန်အတွင်းမှာပင် သူ၏နားလည် သဘောပေါက်မှုမှာ အဆင့် ၈ သို့ တိုးတက်ရောက်ရှိသွားပြီး သူ၏ ကျင့်ကြံနှုန်းကို နောက်တစ်ကြိမ် သိသိသာသာ မြှင့်တင်ပေးလိုက်ပြန်သည်။

ထို့နောက်... 'စွမ်းအားနိယာမ' မြှင့်တင်ခြင်းအလှည့်သို့ ရောက်လာသည်။

လုရီက ၎င်းကို အသုံးပြုရန် ပြင်လိုက်စဉ်မှာပင်...။

ဂျုန်း...

မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော ပေါက်ကွဲသံကြီး ရုတ်တရက် ထွက်ပေါ်လာလေ၏။

လုရီတစ်ယောက် တုန်ခနဲ ဖြစ်သွားကာ မျက်လုံးများကို ချက်ချင်းဖွင့်၍ တံခါးပိတ် ကျင့်ကြံခန်းထဲမှ ထွက်ခွာလာခဲ့ တော့သည်။

ခြံဝင်းထဲသို့ သူ ရောက်ရောက်ချင်းမှာပင်

လျိုနင်ရွှမ်းနှင့် အခြားသူများလည်း အသီးသီး ပျံသန်းထွက်လာကြသည်ကို လုရီ တွေ့လိုက်ရလေသည်။

"ဘာဖြစ်တာလဲ။"

သုန်းကုန်းမင်ယွဲ့က အလန့်တကြား အော်လိုက်သည်။

လုရီတို့ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ

မကြာမီမှာပင် အားလုံး အံ့ဩမှင်တက်ကာ မျက်လုံး ပြူးကျယ်သွားရသည်။

ကောင်းကင်တွင် ကြီးမားသော အခင်းအကျင်းတစ်ခု ဖွဲ့တည်ပြီး ဝိညာဉ် အလင်းတန်းများက မိုးကြိုးပစ်သကဲ့သို့ အဆက်မပြတ် ကျရောက်နေကာ ပေါက်ကွဲမှု အသံများက နားကွဲမတတ် မြည်ဟိန်းနေ၏။

ထိုအခိုက် လျိုဟိုင်ချင်း၏ အသံက ထွက်ပေါ်လာလေသည်။

"အားလုံးပဲ သတိထားကြပါ! ရာရှိုမွန်မျိုးနွယ်က ကျုပ်တို့အခြေစိုက်စခန်းကို ရှာတွေ့သွားပြီ။ သူတို့ အခု ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်။"

ထိုစကားကို ကြားသောအခါ လုရီတို့

အံ့ဩတကြီးဖြစ်သွားရ၏။

---

သူတို့ လူစုကလေးသည် ခြံဝင်း အပြင်သို့ ရောက်သည်နှင့် အပြင်သို့ အလုအယက် ပြေးထွက်လာကြသော ကျင့်ကြံသူ မြောက်မြားစွာကို တွေ့လိုက်ရသည်။ ထိုသူအများစုမှာ တကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြပြီး၊ ယွီမျိုးနွယ်တပ်မှ တပ်ဖွဲ့ဝင် အချို့လည်း ပါဝင်သော်လည်း အရေအတွက်မှာ နည်းပါးလှလေသည်။

ယွီမျိုးနွယ်တပ်မှ တပ်သား အများစုမှာ အပြင်တွင် တာဝန် ထမ်းဆောင်နေကြပြီး၊ တကိုယ်တော် ကျင့်ကြံသူများကဲ့သို့ မိမိသဘောဖြင့် အနားယူနိုင်သည့် လွတ်လပ်ခွင့်မျိုး မရှိပေ။

ထိုစဉ် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေနှင့်

နတ်ဓားဂိုဏ်းမှ ကျင့်ကြံသူများလည်း

လေးနက်သော မျက်နှာထားများဖြင့် ပျံသန်းထွက်ပေါ်လာကြသည်။ သူတို့သည် လုရီတို့အဖွဲ့ကို မြင်သည်နှင့် ထိုနေရာသို့ ဦးတည် ပျံသန်းလာခဲ့ကြ၏။

"ရာရှိုမွန်မျိုးနွယ်က ငါတို့ကို ရှာတွေ့သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ အခု ဘယ်လိုလုပ်

ကြမလဲ။" ဟု လုံယင်ဘိုးဘေးက စိုးရိမ်ပူပန်သော အမူအရာဖြင့် မေးလိုက်သည်။

ထိုစဉ် အမ်ဘာက ဝင်ပြောလိုက်၏။

"ဒါက ဖြစ်လာမှာ ကြိုသိပြီးသားပဲလေ။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့မှာ ဖုံးကွယ်ထားတဲ့ မဟာအခင်းအကျင်းကြီး ရှိနေတယ်ဆိုပေမဲ့ ခဏပဲ ဖုံးထားလို့ရတာ။ ကျင့်ကြံသူတွေက ဝင်လိုက်ထွက်လိုက် လုပ်နေသရွေ့တော့ ရာရှိုမွန်မျိုးနွယ်ကောင်တွေက ငတုံးတွေမှ မဟုတ်တာ၊ သူတို့ ရှာတွေ့မှာ ကျိန်းသေပဲ လေ။"

ပုယွင်ကျန့်ကလည်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပေတယ်။"

"အခု ဘယ်လိုလုပ်ကြမလဲ။ မဟာအခင်းအကျင်းကြီးက သူတို့ကို တောင့်ခံထားနိုင်ပါ့မလား။"

လူတိုင်းမှာ စိုးရိမ်တကြီး ဖြစ်နေကြသည်။

ထိုအခိုက်အတန့်မှာပင် လျိုဟိုင်ချင်း၏ အသံက တစ်ဖန် ဟိန်းထွက်လာပြန်သည်။

"ကျင့်ကြံသူအားလုံး သတိပြုရန်။ ရာရှိုမွန်မျိုးနွယ်တပ်များက ကျုပ်တို့ရဲ့အခြေစိုက်စခန်းကို ဝိုင်းရံတိုက်ခိုက်နေပြီ။ ကျင့်ကြံသူတိုင်း ဒီနေရာမှ နေရာကူးပြောင်း အခင်းအကျင်းစင်မြင့်ကို အသုံးပြု၍ ဆုတ်ခွာကြပါ။ အဲ့ဒီနောက် အခြားနယ်မြေများက ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကို ဝိုင်းဝန်းတိုက်ခိုက် ချေမှုန်းကြရမယ်။"

ထိုစကားကို ကြားလိုက်ရသည့်အခါ လူတိုင်းမှာ အံ့အားသင့်မှင်တက်သွားကြတော့သည်။

မဟာအခင်းအကျင်းကြီး၏ အပြင်ဘက်တွင် ပုရွက်ဆိတ်အုံလိုက်သကဲ့သို့ အလုံးအရင်းဖြင့် ဝိုင်းရံထားသော ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကို ကြည့်ကာ လုံယွမ် ဘိုးဘေးက လေးနက်စွာ‌ ပြောလိုက်သည်မှာ-

"သဘောပေါက်ပြီ။ ရာရှိုမွန်စွမ်းအားရှင် အများစုက အခု အခြေစိုက်စခန်းကို ဝိုင်းထားတော့ တခြားနေရာတွေမှာ အင်အားသိပ်မကျန်တော့ဘူး။ ငါတို့သာ အပြင်ထွက်ပြီး သူတို့လူတွေကို ရှာတွေ့ရင် အင်အားများတာနဲ့ အနိုင်ယူလို့ ရမယ်။ လျိုဟိုင်ချင်းက ဒီနည်းဗျူဟာကို သုံးနေတာပဲ။"

ထိုအခါ လုရီတို့လည်း နားလည်သွားကြသည်။

လုရီ၏ မျက်နှာအမူအရာမှာမူ ထူးဆန်းနေ၏။ သူ၏စိတ်ထဲတွင် အတွေးတစ်ခုက လျှပ်ပြက်သလို ဖြတ်ပြေးသွားတော့သည်။

"ဒါက ကျင့်ကြံခြင်းလောကရဲ့ ပြောက်ကျားစစ်ဗျူဟာပဲ။ တစ်ချက်ပစ်၊ နေရာပြောင်း။"

---

နေရာ ကူးပြောင်း အခင်းအကျင်းစင်မြင့်သာ ရှိနေပါက ဤနည်းဗျူဟာသည် အမှန်တကယ်ပင် ဖြစ်နိုင်ချေရှိပါ၏။

သို့ဖြစ်သော်ငြားလည်း၊ တစ်ခုတည်းသော စိုးရိမ်စရာမှာ အခြေစိုက်စခန်းက ထိုဝိုင်းရံတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပါ့မလားဟူ၍ ဖြစ်သည်။ အကယ်၍များ အခြေစိုက်စခန်းသာ ကျိုးပေါက်သွားခဲ့ပါက၊ သူတို့အားလုံးသည် နောက်ဆုံးနားခိုရာနေရာကိုပင် ဆုံးရှုံးသွားရမည်ဖြစ်ပြီး၊ ရာရှိုမွန်တပ်ဖြင့် အစီအစဉ်တကျ အမဲလိုက်ခံရတော့မည်မှာ သေချာနေလေသည်။

ထို့အပြင်၊ ကူးပြောင်းရေးအခင်းအကျင်းက သွားလိုရာနေရာကို ထိန်းချုပ်နိုင်သည်ဆိုသော်လည်း၊ ရာရှိုမွန်ကျင့်ကြံသူများ၏ တည်နေရာအတိအကျကို သူတို့မသိကြပေ။

သို့ဖြစ်၍ ကိုယ့်အစီအစဉ်နှင့်ကိုယ် ကျန်နေသော ရာရှိုမွန်တပ်ဖွဲ့များကို ရှာဖွေတွေ့ရှိနိုင်မည်လောဟူသည်မှာလည်း မေးခွန်းတစ်ခုအဖြစ် ကျန်ရှိနေတော့၏။

အခန်း ၅၆၃ - ပျောက်ကွယ်သွားသော ကြယ်တာရာနယ်မြေတပ်မတော်နှင့် ရာရှိုမွန်မျိုးနွယ်တို့၏ စံအိမ်…

~

~လုရီ၏ အတွေးများကို အခြားသူများလည်း တွေးမိကြရာ တီးတိုးပြောဆိုနေကြလေသည်။

သို့သော်ငြားလည်း လျိုဟိုင်ချင်းက ဘာမှမရှင်းပြဘဲ ကျင့်ကြံသူများကို နေရာ ကူးပြောင်းအခင်းအကျင်းစင်မြင့်ဆီသို့ သွားရန်သာ မှာကြားလိုက်၏။

ယွီမိသားစုတပ်မှ ကျင့်ကြံသူများက ချက်ချင်းပင် စုစည်းထွက်ခွာသွားကြသည်။ အခြားကျင့်ကြံသူများမှာမူ တစ်ယောက်မျက်နှာ

တစ်ယောက် ကြည့်ကာ နောက်ဆုံးတွင်

လျိုဟိုင်ချင်း၏ အမိန့်ကို လိုက်နာရန် ဆုံးဖြတ်ပြီး နေရာ ကူးပြောင်း အခင်းအကျင်းစင်မြင့်ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့သည်။

လုရီတို့အုပ်စုလည်း ခြွင်းချက် မရှိပေ။

လျိုဟိုင်ချင်းက ယွီမိသားစုတပ်ကို သေတွင်းထဲသို့ ပို့လိမ့်မည်ဟု လုရီ မယုံကြည်ပါ။ ထိုနေရာတွင် ဆက်နေခြင်းကလည်း အဓိပ္ပာယ်မရှိတော့ပြီ။ အကယ်၍ မဟာ အခင်းအကျင်းသာ ကျိုးပေါက်သွားပါက ထိုအခြေစိုက်စခန်းမှာ ပျက်စီးသွားပြီဟု မှတ်ယူရမည်သာ။

ကူးပြောင်းရေးအခင်းအကျင်းစင်မြင့်သို့ ရောက်သောအခါ ထိုနေရာတွင် စင်မြင့်ပေါင်း ဆယ်ခုထက်မနည်းရှိနေသည်ကို သူတို့ တွေ့လိုက်ရ၏။

ယွီမိသားစုတပ်မတော်က စင်မြင့်များရှေ့တွင်ရပ်ကာ ကြယ်တာရာခြင်ဆီများကို အခင်းအကျင်းပုံစံများပေါ်သို့ တင်လိုက်ရာ ဟင်းလင်းပြင်များစွာ ပေါ်ထွက်လာသည်။

လုရီတို့လည်း ထိုဟင်းလင်းပြင်များထဲမှ တစ်ခုထဲသို့ အတူတကွ ဝင်ရောက်သွားကြ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ခြောက်ကပ်နေသော မြေကွက်လပ်တစ်ခုသို့ ရောက်ရှိသွားကြသည်။ သူတို့၏ ခြေဖဝါးအောက်တွင် အခြားသော နေရာ ကူးပြောင်း အခင်းအကျင်းစင်မြင့်တစ်ခုရှိနေပြီး အနီးအနားတွင် အနက်ရောင်စစ်ဝတ်စုံများ ဝတ်ဆင်ထားသော ကြယ်တာရာနယ်မြေတပ်မတော်မှ လူငါးဦး ရပ်စောင့်နေလေသည်။

ကြယ်တာရာနယ်မြေတပ်မတော်မှ ထိုတပ်ဖွဲ့ဝင်များသည် ဤနေရာတွင် အစကတည်းက အသင့်နေရာယူ စောင့်ဆိုင်းနေခဲ့ကြသည်မှာ ထင်ရှားလှပါသည်။

ထိုမြင်ကွင်းကို မြင်သောအခါ လူတိုင်း မှင်တက်သွားပြီးနောက် လုရီက သဘောပေါက်သွားသည်။

"ဒါဆို ကြယ်တာရာနယ်မြေတပ်မတော်က တခြားဒေသတွေမှာ နေရာ ကူးပြောင်းအခင်းအကျင်းစင်မြင့်တွေ တည်ဆောက်ဖို့ စောစောထွက်သွားတာကိုး။"

---

နေရာ ကူးပြောင်း အခင်းအကျင်းစင်မြင့်များ ချိတ်ဆက်ပြီးသည်နှင့် ကူးပြောင်းရမည့် တည်နေရာ အတိအကျကို အတည်ပြုနိုင်ပြီဖြစ်သည်။

လုရီတို့ ပါးစပ်အဟောင်းသား ငေးနေစဉ်မှာပင် ကြယ်တာရာနယ်မြေတပ်မတော်မှ တည်ကြည်ခက်ထန်သော အသွင်ရှိသည့် အမျိုးသမီးတစ်ဦးက လူအုပ်ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်ကာ အမိန့်ပေးလိုက်သည်။

"ကျွန်မက တပ်မှူး ဝမ်ယွမ်ယွမ်ပဲ။ တပ်မှူးဝမ်လို့ ခေါ်နိုင်တယ်။ အပိုစကားတွေ ပြောမနေတော့ဘူး။ ယွီမိသားစုတပ်မတော်၊ တန်းစီ။ တခြားကျင့်ကြံသူတွေရဲ့ တာဝန်ကတော့ ကျွန်မတို့နောက်လိုက်ပြီး ရာရှိုမွန်မျိုးနွယ်ရဲ့ ကင်းစခန်းတစ်ခုကို ဖျက်ဆီးဖို့ပဲ။"

---

ထိုစကားကို ကြားသောအခါမှ လုရီတို့ အခြေအနေကို သဘောပေါက်သွားကြတော့သည်။

အမှန်တော့ ကြယ်တာရာနယ်မြေတပ်မတော်က ရာရှိုမွန်မျိုးနွယ်တို့၏ ရှေ့တန်းစခန်း တည်နေရာကို အတည်ပြုရန် စောစီးစွာ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်ကိုး။

ထိုအကြောင်းကို သဘောပေါက်လိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျက်လုံးများမှာ တောက်ပလာခဲ့ပြီး မျက်နှာများထက်တွင်လည်း တိုက်ခိုက်လိုစိတ် ဆူပွက်သွားတော့သည်။

မီချီက ရွှင်လန်းစွာ ရယ်မောလိုက်သည်။

"ဒါ တံခါးဝအထိ အရောက်ပို့ပေးတဲ့ ကောင်းမှုကုသိုလ်ပဲ မဟုတ်ဘူးလားဟေး"

ထိုအခါ သိမ်မွေ့သော အသံတစ်ခု.. ထွက်ပေါ်လာသည်။

"တပ်မှူးဝမ်၊ ဒီကင်းစခန်းရဲ့ တိုက်ခိုက်ရေးအင်အားက ဘယ်လောက်ရှိပါသလဲ။ ကျုပ်တို့ ကိုင်တွယ်နိုင်ပါ့မလား။"

---

လုရီ လှည့်ကြည့်လိုက်သောအခါ ဗုဒ္ဓဘာသာဂိုဏ်းမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်နေသည်ကို အံ့ဩစွာတွေ့လိုက်ရသည်။

---

"စိတ်မပူကြပါနဲ့။ ကျွန်မတို့ စုံစမ်းပြီးသွားပြီ။ အတွင်းထဲမှာ သွေးငရဲတပ်မတော်က တပ်စုတစ်စုနဲ့ ကောင်းကင်အင်မော်တယ် ငါးယောက်ခြောက်ယောက်လောက်ပဲ ရှိတယ်။ သိပ်အားမကြီးဘူး။ တစ်ခုတည်းသော အခက်အခဲက သူတို့ရဲ့ မဟာ အခင်းအကျင်းပဲ။ အဲ့ဒါကို ချိုးဖျက်ဖို့ အချိန်နည်းနည်း ယူရလိမ့်မယ်။ သတင်းကောင်းကတော့ ရာရှိုမွန်တပ်က ကျွန်မတို့ရဲ့ ပင်မအခြေစိုက်စခန်းကို တိုက်ခိုက်ဖို့ အင်အားအများကြီး စုထားတယ်။ သူတို့ ဒီကိုရောက်လာဖို့ အချိန်ယူရလိမ့်မယ်။ ကျွန်မတို့မှာ သုံးနာရီလောက် အချိန်ရတယ်။ ရလဒ်ဘယ်လိုပဲဖြစ်ဖြစ်၊ သုံးနာရီပြည့်ရင် ကျွန်မတို့ ဆုတ်ခွာရမယ်။"

ဟု တပ်မှူးဝမ်က ခွန်းတုံ့ပြန်လာ၏။

ထိုစကားကိုကြားသော် လုရီတို့၏ မျက်လုံးများ အရောင်တောက်လာပြီး ပြုံးလိုက်ကြသည်။

ထို့နောက် အုပ်စုလိုက် အလင်းတန်းများအသွင် လေကို ခွင်းကာ ကင်းစခန်းရှိရာသို့ ကြယ်တာရာနယ်မြေတပ်မတော်နောက်မှ လိုက်ပါသွားကြ တော့သည်။

မကြာမီ၊ သူတို့သည် သွေးနီရောင်တောင်ကြားတစ်ခုရှေ့သို့ ရောက်ရှိလာကြ၏။ ထိုနေရာတွင် ခမ်းနားထည်ဝါသော အနီရောင်နန်းတော်များစွာက ဘာဖုံးကွယ်မှုမှ မရှိဘဲ ထည်ထည်ဝါဝါ တည်ရှိနေလေသည်။

လုံယွမ်က မျက်မှောင်ကြုတ်ကာ အလိုမကျစွာ တုံ့ပြန်သည်။

"ဟမ့်။ ရိုးရိုးလေးတောင် ဖုံးကွယ်ဖို့ မကြိုးစားဘဲ ဒီအတိုင်း ဗြောင်ကျကျ ချထားတာလား။ တော်တော်ကို မောက်မာတဲ့ကောင်တွေပဲ။"

အမ်ဘာက ဝင်၍ ရှင်းပြလိုက်သည်။

"ရာရှိုမွန်မျိုးနွယ်ရဲ့ စစ်အင်အားက ကျွန်တော်တို့ထက် အများကြီး သာတယ်။ ကျွန်တော်တို့က အစကတည်းက အရေးနိမ့်နေတာ။ ပြီးတော့

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူ အများစုရဲ့ စရိုက်ကို ကြည့်ရင် သူတို့ ဒီလို လုပ်လာမှာက မထူးဆန်းပါဘူး။"

အမ်ဘာသည် ယခင်က ရာရှိုမွန် မျိုးနွယ်နှင့် အပြင်းအထန် စစ်ပွဲကြီးတွင် ပါဝင် တိုက်ခိုက်ခဲ့ဖူးပြီး ထိုမျိုးနွယ်၏ ဗီဇကို ကောင်းကောင်းသိနေခဲ့သူ ဖြစ်ပါသည်။

---

ထိုအခိုက်အတန့်၌ တပ်မှူးဝမ်က အုပ်စုကို ဝေ့ကြည့်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။

"အခုပဲ လှုပ်ရှားကြ။"

ထိုအခါ အလင်းတန်းများ ကောင်းကင်သို့ တဟုန်ထိုးတက်သွားပြီး တောင်ကြား၏ အပြင်ဘက်သို့ ရောက်ရှိသွားကြလေသည်။

တပ်မှူးဝမ်၏ ဆံနွယ်များ လေထဲတွင် လှပစွာ လွင့်ပျံသွားပြီး သူမထံမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ် စွမ်းအားတစ်ခု ပေါက်ကွဲလာရာ အနီးအနားရှိ စွမ်းအားရှင်များ၏ မျက်နှာများ သွေးဆုတ်သွားကြသည်။

အခြား ကြယ်တာရာနယ်မြေတပ်မတော်မှ တပ်သားများကလည်း စကားတစ်ခွန်းမဆိုဘဲ အားပြင်းသော စွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။

ဤကျင့်ကြံသူအားလုံးမှာ အစစ်အမှန်

အင်မော်တယ်များ ဖြစ်ကြသည်။ သူတို့၏ တန်ခိုးမှာ အလွန်အမင်း ထူးကဲလှပြီး၊ ကောင်းကင်ဘုံအင်မော်တယ်များထက်ပင် အဆများစွာ သာလွန်နေ၏။

အင်မော်တယ်ပင် မဟုတ်သေးသော သာမန်သေမျိုးများနှင့်တော့ နှိုင်းယှဉ်ပြောဆိုနေစရာပင်

မလိုတော့ချေ။

လုရီပင်လျှင် သူ၏ရင်ဘတ်ကို တောင်ကြီးတစ်လုံးဖြင့် ဖိချခံထားရသကဲ့သို့ ခံစားလိုက်ရသည်။

ဤသည်မှာ ကြယ်တာရာနယ်မြေတပ်မတော်မှ ထိုသူတို့၏ အရှိန်အဝါက သူတို့ကို တိုက်ရိုက်ပစ်မှတ်ထားခြင်း မရှိသောကြောင့်သာ ဖြစ် သေးသည်။ ထိုသို့သာ မဟုတ်ပါက၊ စွမ်းအားရှင်များပင်လျှင် နေရာမှာပင် ချက်ချင်း ကြေမွပျက်စီးသွားကြပေလိမ့်မည်။

---

"တိုက်ခိုက်ကြ။"

တပ်မှူးဝမ်၏ စူးရှ၍ ဩဇာပါသော အမိန့်သံထွက်ပေါ်လာသည်နှင့် လူတိုင်း မိမိတို့၏ ဝိညာဉ်စွမ်းအားများကို စုစည်းကာ တိုက်ခိုက်လိုက်ကြတော့သည်။

အမျိုးမျိုးသော ကြောက်မက်ဖွယ် သိုင်းပညာများ၊ အင်မော်တယ် သိုင်းနည်းစနစ်များနှင့် ကျင့်ကြံခြင်းရတနာများက ရောင်စုံရေစီးကြောင်းကြီးအသွင် ပေါက်ကွဲထွက်၍ အလင်းတန်းများအသွင် ပြောင်းလဲ၍ တောင်ကြားဆီသို့ တဟုန်ထိုး တိုးဝင်သွားကြတော့သည်။

တောင်ကြားအနီးသို့ ရောက်သောအခါ ရာရှိုမွန်တို့၏ အခင်းအကျင်း ပုံစံများက စုစည်းသွားပြီး တောင်ကြား တစ်ခုလုံးကို ဖုံးလွှမ်းထားသော သွေးနီရောင်အလင်းအလွှာကြီး အသက်ဝင်လာ၏။

အတွင်းမှ ရာရှိုမွန် ကျင့်ကြံသူများကလည်း ချက်ချင်းပင် တုံ့ပြန်ကာ ကောင်းကင်သို့

ပျံလွှား ရောက်ရှိလာကြသည်။

ရာရှိုမွန်တို့၏ ခေါင်းဆောင်၊ လေးမီတာနီးပါး အရပ်မြင့်သော လူထွားကြီးက သူတို့ကို

တစ်ချက် အကဲခတ်ကြည့်လိုက်ပြီးနောက် တပ်မှူးဝမ်နှင့် ကြယ်တာရာ နယ်မြေ တပ်မတော်မှ အခြားလူ ငါးဦးအပေါ်တွင် အကြည့်က ရပ်တန့်သွားသည်။

သူ၏ မျက်နှာထက်တွင် ရက်စက်သော

အေးစက်သည့် မဲ့ပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

"ကြယ်တာရာနယ်မြေ တပ်မတော်က ကောင်တွေပါလား။ ငါတို့ ခေါင်းဆောင်ကြီးက မင်းတို့ဌာနချုပ်ကို တိုက်ခိုက်နေတုန်း အခွင့်ကောင်းယူပြီး ငါတို့ကို လာဝိုင်းမယ်ပေါ့လေ။ အသုံးမကျဘူး။ ခေါင်းဆောင်ကြီးက ဒါကို ကြိုတင် ခန့်မှန်းပြီးသား။ မင်းတို့ ဌာနချုပ် ကျဆုံးတဲ့အထိ ငါတို့က ကာကွယ်နေရုံပဲ။ ပြီးမှ မင်းတို့ကို ဖြည်းဖြည်းချင်း ရှင်းပစ်ရုံပဲ..ဟားဟားဟား။"

ထိုစကားကို ကြားသောအခါ လုရီတို့၏ မျက်နှာအရိပ်အကဲများ အနည်းငယ် အုံ့မှိုင်းသွားသည်။

"ငါတို့ရဲ့ မဟာ အခင်းအကျင်းက နှစ်ပေါင်းများစွာ ခံနိုင်တယ်။ နင်တို့ အဲ့ဒီလောက်ကြာကြာ မခံနိုင်မှာကိုပဲ ငါ စိတ်ပူတာ"

တပ်မှူးဝမ်က အေးစက်စွာ တုံ့ပြန်လိုက်လေ၏။

လူတိုင်း၏ အရှိန်ပြင်းပြင်း တိုက်ခိုက်မှုများက

မရပ်တန့်ခဲ့ပေ။

သွေးငရဲ တပ်မတော်မှ ကျင့်ကြံသူက ဟားတိုက်၍ သရော်လိုက်သည်။

"ဒီလို စိတ်ဓာတ် စစ်ဆင်ရေးတွေ လုပ်မနေနဲ့။ မင်းတို့ရဲ့ မဟာ အခင်းအကျင်းက နှစ်ပေါင်းများစွာ ခံနိုင်တယ် ဆိုရင်တောင် အပြင်က ကျင့်ကြံသူတွေက နားမနေဘဲ တိုက်ခိုက်နေရင် ကြာကြာခံမှာ မဟုတ်ဘူး။ အဲ့ဒီအချိန်ကျရင် ငါတို့က ဒီမှာရှိတဲ့ အရင်းအမြစ်တွေ အားလုံးကို ယူပြီးသွားပြီ။ ဟုတ်တယ်၊ ဟီဟီး..ငါတို့ အင်မော်တယ်ရွှေတွင်းတစ်ခုကို ရှာတွေ့ထားပြီးပြီ။"

ထိုစကားအား ကြားရသောအခါ တပ်မှူးဝမ်နှင့် အခြားသူများ၏ မျက်နှာများ မည်းမှောင်သွားသည်။

"ဒီလိုဆိုရင်တော့ ဘယ်သူက အရင် မခုခံနိုင်

မလဲဆိုတာ ကြည့်ကြတာပေါ့။"

"ဝရော... ဝရော..."

ထစ်ချုန်းသော မြည်သံများက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။

ဝိညာဉ် စွမ်းအား တိုက်ခိုက်မှု လှိုင်းများက မဟာ အခင်းအကျင်း၏ သွေးနီရောင် အကာအကွယ်လွှာပေါ်သို့ ကျရောက်သော်လည်း အလင်း အလွှာမှာ တုန်ခါသွားရုံသာ ရှိပြီး ကျိုးပေါက်မည့် လက္ခဏာ မပြပေ။

ဤနေရာရှိ မဟာအခင်းအကျင်းကြီးမှာ အားဖြည့်ခိုင်မာအောင် ပြုလုပ်ထားသည်မှာ ထင်ရှားပြီး ချိုးဖျက်ရန် လွယ်ကူလှမည် မဟုတ်ပေ။

အခင်းအကျင်းအတွင်းမှ သွေးငရဲတပ်မတော်နှင့် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများမှာမူ တပ်မှူးဝမ်တို့အဖွဲ့၏ တိုက်ခိုက်မှုကို အေးအေးလူလူပင် ကြည့်ရှုနေကြ၏။ သူတို့၏ မျက်နှာများထက်တွင်လည်း မထီမဲ့မြင် လှောင်ပြောင်နေသော အပြုံးများက အထင်းသား...။

ထိုမြင်ကွင်းကြောင့် တကိုယ်တော် ကျင့်ကြံသူအချို့မှာ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးဖြင့် အော်ဆဲကြတော့သည်။

မီချီက ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

"သတ္တိ မရှိတဲ့ လိပ်လို ကောင်တွေ။ သတ္တိရှိရင် ထွက်ခဲ့ပြီး တိုက်ခိုက်ကြစမ်း။"

"သူခိုးတွေ! မင်းတို့ အမေ့နို့ ပြန်သွားစို့ကြ! စစ်မြေပြင်ကိုတောင် လာရဲသေးတယ်။"

ထိုသို့ ကျိန်ဆဲလိုက်သူမှာ နူးညံ့ သိမ်မွေ့သောအသွင် ရှိသည့် ဘုန်းတော်ကြီး တစ်ပါး ဖြစ်နေသည်ကို တွေ့သောအခါ လုရီ၏ မျက်နှာအမူအရာက ထူးဆန်းသွား၏။

ထိုဘုန်းကြီးကို လုရီ ကောင်းကောင်းမှတ်မိနေသည်။ သူ ကြယ်ငယ်လေးကို ရှာဖွေရန် ထျန်းလုတောင်သို့ သွားစဉ်က တွေ့ခဲ့ဖူးသော ဗုဒ္ဓဘာသာဂိုဏ်းမှ ဗုဒ္ဓသားတော်တစ်ပါးပင်။

"ဗုဒ္ဓသားတော်တစ်ပါးက... ဆဲဆိုတတ်တယ်လား။"

ထိုစဉ် ဗုဒ္ဓဘာသာဂိုဏ်းမှ ဟင်းလင်းပြင်အင်မော်တယ်နယ်ပယ် သက်တော်ကြီးရင့်သော ဘုန်းတော်ကြီး တစ်ပါးက

"အော်မီတော်ဖော်... ဟွေ့မင်၊ ကြမ်းတမ်းတဲ့စကားကို မဆိုရဘူးလေ။" ဟု ဆုံးမလိုက်သည်။

ထိုအခါ အေးချမ်းတည်ငြိမ်ဟန်ရှိသော

ဗုဒ္ဓ ရုပ်ပွားတော်ကြီးက ထို ဘုန်းတော်ကြီးကို စူးခနဲစိုက်ကြည့်ကာ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်မှာ-

"ပါးစပ်ပိတ်ထားစမ်း။ မျိုးနွယ်ခြားတွေက ငါတို့တံခါးကို လာကန်နေတာကို မင်းက ကြမ်းတမ်းတဲ့ စကားအကြောင်း တရားဟောနေတုန်းလား။ မင်း ဗုဒ္ဓတရားတော်တွေကို လေ့လာပြီး ရူးသွားပြီလား ၊ ဟေ့... ဟွေ့မင်၊ ကောင်လေး... မင်းကမှ ဗုဒ္ဓတရားရဲ့ အနှစ်သာရကို အမှန်တကယ် သဘောပေါက်ပြီး ဗုဒ္ဓဓာတ်ခံ အစစ်ရှိတဲ့သူပဲကွ။"

သက်တော် ကြီးရင့်သော ဘုန်းတော်ကြီး

တစ်သိုက်မှာတော့ မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြောင်ငေးသွားကြရှာတော့၏။

လုရီတို့ အဖွဲ့မှာလည်း မျက်နှာတွင် အမူအရာအမျိုးမျိုးဖြင့် ကြောင်တောင်တောင် ဖြစ်သွားကြသည်။

တက်ကြွ လန်းဆန်းသော သုန်းကုန်းမင်ယွဲ့ပင်လျှင် သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ ဆဲဆိုလိုက်တော့သည်။

"ဟဲ့... ရာရှိုမွန် မျိုးနွယ်က ခွေးသားလေးတွေ။ သတ္တိရှိရင် နင်တို့ အဘွားဆီ ထွက်ခဲ့ကြစမ်း။ မိန်းမတွေလောက်တောင် အသုံးမကျတဲ့

ကောင်တွေ..."

ထိုဆဲဆိုသံများကြောင့် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူတို့၏ မျက်နှာများမှာ သိသိသာသာပင်

ပုပ်သိုးသွားကြသည်။

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများသည် သွေးစွမ်းအင်ကို ကျင့်ကြံကြပြီး သတ်ဖြတ်လိုစိတ်ပြင်းထန်ကာ ဒေါသထွက်လွယ်သည့် မျိုးနွယ်ဖြစ်ရာ၊ ဤသို့ စော်ကားခံရသည်ကို ကြားလျှင် ဒေါသမထွက်ဘဲနေမှသာ ထူးဆန်းနေပေလိမ့်မည်။

"သခင်ကြီး၊ ဒီကောင်တွေ အရမ်းလွန်နေပြီ။

ကျွန်တော့်ကို သွားရှင်းခွင့် ပေးပါ။"

ကောင်းကင်ဘုံ အင်မော်တယ် အဆင့်ရှိ ရာရှိုမွန်ကျင့်ကြံသူ တစ်ဦးက ဒေါသတကြီးဖြင့်

တောင်းဆိုလိုက်သည်။

သွေးငရဲ တပ်မတော်မှ ခေါင်းဆောင် ဖြစ်ဟန်

တူသူက သူ့အား မဲ့ပြုံး ပြုံးကာ တစ်ချက်သာ ကြည့်လိုက်ပြီး

"ဒါက တပ်မှူးချုပ်ရဲ့ အမိန့်ပဲ။ မင်းက ဒါကို ဆန့်ကျင်ချင်လို့လား။" ဟု အေးစက်စွာ ဆိုလိုက်သည်။

ထိုစကားတစ်ခွန်းကြောင့် မူလက ဒေါသထွက်နေသော ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများမှာ ချက်ချင်းပင် ငြိမ်ကျသွားကြသည်။

ထိုအခိုက်အတန့်တွင် သွေးငရဲတပ်မှူးက မဲ့ပြုံး ပြုံးလိုက်ရင်း

"ဒီကောင်တွေကို တိုက်ခိုက်ခိုင်းထားလိုက်။ သူတို့ရဲ့ ဝိညာဉ် စွမ်းအင်တွေ နည်းနည်း ကုန်သွားတဲ့အချိန်ကျမှ အလစ် ဝင်တိုက်ကြတာပေါ့။"

ထိုစကားကို ကြားသော် ရာရှိုမွန် မျိုးနွယ် ကျင့်ကြံသူတို့၏ မျက်လုံးများမှာ အရောင်တောက်သွားကြပြီး စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေကြတော့သည်။

သို့သော်လည်း တပ်မှူးဝမ်နှင့် သူမ၏ အဖွဲ့မှာ စစ်မြေပြင် အတွေ့အကြုံ ရင့်ကျက်နေသော ကျင့်ကြံသူများ ဖြစ်ရာ၊ ကျင့်ကြံသူ တစ်ဦး၏ ဝိညာဉ်စွမ်းအား မလုံလောက်ခြင်းက ဘာကိုဆိုလိုသည်ကို သဘာဝကျကျပင် နားလည်နေကြပါသည်။

နာရီဝက်ခန့် တိုက်ခိုက်ပြီးနောက်၊ သူမက

လူတိုင်းကို ရပ်တန့်ရန် အမိန့်ပေးလိုက်ပြီး၊ အနားယူကာ စွမ်းအင် ပြန်လည် ဖြည့်တင်းစေလျက် အကောင်းဆုံး အခြေအနေကို ထိန်းသိမ်းထားစေ၏။

ဤအခြေအနေကြောင့် သူတို့၏အကြံအစည် အထ မမြောက်တော့မှန်း သိလိုက်ရသဖြင့်

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူတို့၏ မျက်နှာများမှာ ညိုမှောင်သွားကြပြန်သည်။

မကြာမီ နောက်ထပ်နာရီဝက်ခန့် ထပ်မံကုန်လွန်သွားသော်လည်း မဟာအခင်းအကျင်းကြီး၏ သွေးနီရောင်အ လင်းအလွှာမှာ လှုပ်ခတ်မှု အရိပ်အယောင်ပင် မပြသေးချေ။ ထိုအဖြစ်က တပ်မှူးဝမ်နှင့် သူမ၏အဖွဲ့ကို မျက်မှောင်အနည်းငယ် ကြုတ်သွားစေတော့သည်။

နောက်တစ်ကြိမ် အနားယူချိန်တွင် ကြယ်တာရာနယ်မြေတပ်မတော်မှ ကျင့်ကြံသူတစ်ဦးက

ဆိုလာသည်။

"တပ်မှူး၊ ကြည့်ရတာ သူတို့ရဲ့အခြေစိုက်စခန်းထဲမှာ ကြယ်တာရာခြင်ဆီ တော်တော်များများ သိုလှောင်ထားပုံပါပဲ။ ဒီအတိုင်းသာဆို မဟာအခင်းအကျင်းကြီးကို အချိန်အတော်ကြာ လည်ပတ်ထားနိုင်လောက်တယ်။ တိုက်ရိုက်ထိုးဖောက်နေတာက အဖြေ မဟုတ်နိုင်ဘူး နော်။"

တပ်မှူးဝမ်မှာလည်း မျက်မှောင်ကြုတ်သွားသည်။

"ရာရှိုမွန်မျိုးနွယ်က ဒီလောက်အထိ စိတ်တည်ငြိမ်နိုင်လိမ့်မယ်လို့ ငါလည်း ထင်မထားခဲ့ဘူး။ ဒါက ငါတို့အတွက် အရမ်းကို အခြေအနေမကောင်းဘူး။"

ထိုအခိုက်အတန့်၌ လုရီက ဝင်ရောက် ပြောဆိုလိုက်သည်။

"တပ်မှူးဝမ်၊ ကျွန်တော် ခင်ဗျားကို အကြီးစားအခင်းအကျင်းကို ချိုးဖျက်ဖို့ ကူညီနိုင်လောက်တယ်။"

လုရီ၏ ထုတ်ဖော်မှုအား ကြားသောအခါ လုတိုင်း အံ့ဩသွားကြပြီး‌ တပ်မှူးဝမ်နှင့် အခြားသူများလည်း လုရီထံ ခေါင်းများ လှည့်ကြည့်လာကြလေသည်။

လုရီနှင့် ပတ်သက်၍မူ ဤနေရာရှိ ကျင့်ကြံသူများထဲတွင် သူ့ကို မသိသူဟူ၍ မရှိပေ။ ကြယ်တာရာနယ်မြေ တပ်မတော်ပင်လျှင် ခြွင်းချက်မဟုတ်။ အကြောင်းမှာ သူသည် သူတို့၏ ဒုတိယသခင်မလေး၏ တပည့်ရင်း ဖြစ်သောကြောင့်ပင်။

သို့ရာတွင် စစ်တလင်းပြင်၌ ရောက်နေသောကြောင့် အရိုအသေပေးခြင်းကဲ့သို့သော အဆောင်အယောင်များကိုမူ မပြုကြတော့ပေ။

ယခုမူ လုရီထံမှ လူတိုင်းကို အံ့အားသင့်သွားစေသည့် စကားတစ်ခွန်း ထွက်ပေါ်လာခဲ့သည်။ သူက ထိုမဟာ အခင်းအကျင်းကြီးကို ဖြိုခွင်းပေးနိုင်သည်ဟု ဆိုလိုလာသည်လား။

...အစစ်အမှန် အင်မော်တယ် အနည်းဆုံး ငါးဦးပါဝင်တဲ့ ကျင့်ကြံသူပေါင်းများစွာ ဝိုင်းဝန်းတိုက်ခိုက်တာတောင် ဒီမဟာအခင်းအကျင်းကြီးက မပျက်စီးခဲ့ဘူး။ လုရီတစ်ယောက်တည်းက ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ။...

လူတိုင်းမှာ နားမလည်နိုင်စွာဖြင့် ကြောင်အနေကြသည်။

လျိုနင်ရွှမ်းနှင့် အခြား မိန်းကလေး သုံးယောက်သာ မျက်နှာထားတည်ငြိမ်စွာ ရှိနေခဲ့သည်။

သူမတို့၏ မျက်လုံးထဲတွင်တော့ လုရီက ဘာမဆိုလုပ်နိုင်စွမ်းရှိလေသည်။ လုရီက သူတို့ကို ဘယ်သောအခါမှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးချေ။

"သခင်လေး လုရီ၊ ရှင် ဘာပြောနေလဲဆိုတာ သိရဲ့လား။ စစ်မြေပြင်မှာ တာဝန် မယူတဲ့ စကားလုံးတိုင်းက ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိနိုင်တယ် နော်။"

တပ်မှူးဝမ်က လေးနက်စွာ သတိပေးလိုက်သည်။

လုရီက ခပ်အေးအေးပင် ပြုံးပြလိုက်၏။

"ကျွန်တော် ကောင်းကောင်း သိပါတယ်။ ကျွန်တော် မဟာ အခင်းအကျင်းကို အစကတည်းက စောင့်ကြည့်နေခဲ့တာပါ။ အခင်းအကျင်းက နက်နဲပေမဲ့ အခင်းအကျင်းမျက်လုံးရဲ့ တည်နေရာကိုတော့ ရှာတွေ့နိုင်ပါတယ်။"

ထိုအခါ တပ်မှူးဝမ်က မျက်မှောင်ကြုတ်ကာ နားမလည်စွာ မေးလာလေသည်။

"အခင်းအကျင်း မျက်လုံးက မဟာ အခင်းအကျင်းရဲ့ အတွင်းထဲမှာ ရှိနေရမှာ။ ရှင်က အဲ့ဒါကို ရှာတွေ့ရင်တောင် ဘာလုပ်လို့ ရမှာလဲ။"

ထိုအခါ ..လုရီက ပြုံးလိုက်ပြီး တည်ငြိမ်စွာ ခွန်းတုံ့ပြန်လာသည်က...

"ကျွန်တော် အဲ့ဒါကို ချိုးဖျက်နိုင်တယ်"

အခန်း ၅၆၄ - မဟာအခင်းအကျင်းအား ချိုးဖျက်ခြင်းနှင့် ကောင်းကင်အင်မော်တယ်တစ်ဦးအား ရုတ်ချည်း သတ်ဖြတ်ခြင်း…

~ထိုစကားကြောင့် ကျင့်ကြံသူအုပ်စုမှာ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားကြသည်။

မဟာ အခင်းအကျင်းတစ်ခုအတွင်း၌ အခင်းအကျင်းမျက်လုံး၏ တည်နေရာသည် အလွန်အရေးကြီးကြောင်း လူတိုင်းသိကြ၏။ အခင်းအကျင်းမျက်လုံးသာ ပျက်စီးသွားပါက မဟာ အခင်းအကျင်းတစ်ခုလုံး အသုံးမဝင်တော့ပေ။

သို့သော် ဤအကြောင်းကြောင့်ပင် အခင်းအကျင်းမျက်လုံးသည် အစောင့်အကြပ်အထူထပ်ဆုံး နေရာလည်း ဖြစ်သည်။

အတွင်းစည်းမှ ဝင်ရောက်ကာ အခင်းအကျင်းမျက်လုံးကို ဖောက်ထွင်းမည့် သူလျှိုတစ်ဦး ရှိနေသည်ဆိုလျှင် ထိုအဖြစ်ကို နားလည်ပေးနိုင်စရာ ရှိပါသေး၏။ သို့သော်ငြားလည်း ရာရှိုမွန်မျိုးနွယ်၏ အတွင်း၌ ထျန်းလော့ ကြယ်တာရာနယ်မြေမှ သူလျှို တစ်ဦးတစ်ယောက်မျှ ရှိနေနိုင်စရာ အကြောင်း မရှိပေ။

သူတို့သည် မဟာ အခင်းအကျင်းကိုပင်

မချိုးဖျက်နိုင်ဘဲ၊ အခင်းအကျင်းမျက်လုံးကို မည်သို့ သွားရောက်ဖျက်ဆီးနိုင်မည်နည်း။

လူတိုင်းက လုရီကို အံ့အားသင့်စွာ ကြည့်နေကြပြီး သူ ဘာပြောနေသည်ကို နားမလည်နိုင်ကြတော့ပေ။

လုရီကမူ ပြုံးလိုက်သည်။

"ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ မကြာခင် တိုက်ခိုက်ကြတော့မှာပဲ။ အဲ့ဒီအခါကျရင် စမ်းကြည့်ကြတာပေါ့။ တပ်မှူးဝမ်၊ ဘယ်လိုသဘောရလဲ။"

တပ်မှူးဝမ်က လုရီကို စူးစိုက်ကြည့်လိုက်ပြီးနောက် ခေါင်းတစ်ချက်ညိတ်ကာ ခွန်းတုံ့ပြန်သည်။

"ဖြစ်နိုင်တာပဲ။"

သူမထံတွင် ပိုကောင်းသော အကြံအစည်မရှိတော့ပေ။ လုရီပြောသည့်စကားမှာ မဖြစ်နိုင်လောက်အောင် ထူးဆန်းနေသော်လည်း

သေနေသော မြင်းကို အသက်ရှင်နေသေးသကဲ့သို့ သဘောထားကာ ကုသကြည့်ရုံသာ ရှိတော့သည်။

ခေတ္တအနားယူပြီးနောက် သူတို့အုပ်စုသည် ကောင်းကင်ယံသို့ တစ်ဖန်ပြန်လည်ပျံတက်ကာ တိုက်ခိုက်မှု တစ်ကြော့ စတင်လိုက်ကြတော့၏။

မဟာ အခင်းအကျင်းအတွင်းမှ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများမှာမူ အေးအေးလူလူ ရှိနေကြသည်။ သူတို့သည် တိုက်ခိုက်နေသော ကြယ်တာရာနယ်မြေ တပ်မတော်သားတို့ ဝိညာဉ်စွမ်းအင်ကုန်ခမ်းနေချိန်ကို အခွင့်ကောင်းယူ၍

လဲရာ သူခိုးထောင်းရန် မဖြစ်နိုင်သော်ငြားလည်း၊ မိမိတို့ကိုယ်တိုင်က မရှုံးနိမ့်နိုင်သော အခြေအနေတွင် ရှိနေသည်ဖြစ်ရာ ထိုတိုက်ခိုက်မှုများကို

ပြဇာတ်တစ်ပုဒ်ကို ကြည့်ရှုနေဘိသကဲ့သို့သာ သဘောထားနေကြလေသည်။

သွေးငရဲတပ်မတော်မှ ခေါင်းဆောင်ဖြစ်သူ ကျင့်ကြံသူက အဆက်မပြတ် မဲ့ပြုံးပြုံးကာ ဆိုလိုက်သည်။

"ဟမ့်... မင်းတို့တွေ နှစ်တစ်ရာလောက် တိုက်နေရင်တောင် ငါတို့ရဲ့ မဟာအခင်းအကျင်းကို

မဖြိုခွင်းနိုင်ဘူး။ ငါတို့လက်ထဲမှာ အချိန်

အကြာကြီးခံမယ့် ကြယ်တာရာခြင်ဆီတွေ လုံလုံလောက်လောက်ရှိတယ်၊ မင်းတို့မှာတော့ အဲ့ဒီလောက် အချိန်မရှိဘူး..ဟားဟားဟား"

"ဟားဟားဟား... တကယ့်လူပြက်အုပ်စုပဲ။ ထပ်တိုက်တော့ရော ဘာဖြစ်မှာလဲ။"

တစ်ယောက်ပြီး တစ်ယောက် ရာရှိုမွန် မျိုးနွယ် ကျင့်ကြံသူများက တပ်မှူးဝမ်နှင့် အခြားသူများကို လက်ညှိုးထိုးကာ ဟားတိုက်၍ လှောင်လိုက်ကြသည်။

တပ်မှူးဝမ်နှင့် အခြားသူများ၏ မျက်နှာထားများမှာ အေးစက်တင်းမာနေပြီး စကား တစ်ခွန်းမျှ

မဆိုဘဲ မိမိတို့၏ တိုက်ခိုက်မှုများကိုသာ ဆက်လက်ပြုလုပ်နေကြတော့၏။

---

ကြောက်မက်ဖွယ် ဝိညာဉ်အလင်းတန်းများက နေလုံးတစ်စင်းကဲ့သို့ တောက်ပနေပြီး ကျယ်လောင်သော ပေါက်ကွဲမှုများက အကြီးစားအခင်းအကျင်းအပြင်ဘက်မှ မြေပြင်ကို တုန်ခါစေကာ ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများက မိုးကုတ်စက်ဝိုင်းအထိ ပျံ့နှံ့သွားလေသည်။

ပြင်းထန်သော တိုက်ခိုက်မှုမုန်တိုင်းကြားတွင်

လုရီသည် တည်ငြိမ်နေပြီး အင်းကွက်များထွင်းထုထားသော ကျောက်ဖြူပြားတစ်ခုကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။

၎င်းမှာ ယခင် အလုပ် တစ်ခုမှ ဆုလာဘ်ဖြစ်သော ကောင်းကင်ဥမင် ကျောက်ပြားပင် ဖြစ်သည်။

နေရာလပ်နိယာမစွမ်းအားဖြင့် အသက်သွင်းလိုက်ပါက ကောင်းကင်ဥမင်ကျောက်ပြားသည် မဟာအခင်းအကျင်းကြီးကို ထွင်းဖောက်ဝင်ရောက်ကာ အခင်းအကျင်းမျက်လုံးကို တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။

ဤသို့သော တိုက်ခိုက်မှုမျိုးကို မဟာအခင်းအကျင်းကြီးက ပိတ်ဆို့တားဆီးနိုင်မည် မဟုတ်သည့်အပြင်၊ မျက်လှည့်ပြသလို ပေါလာလိုက်၊ ရုတ်ချည်းပြန်လည်ပျောက်ကွယ်သွားလိုက် ဖြစ်သောကြောင့် အောင်မြင်နိုင်ခြေမှာ အလွန်ပင် မြင့်မားလှ၏။

အကယ်၍ ဤနည်းလမ်းဖြင့် အမှန်တကယ်

မအောင်မြင်ခဲ့လျှင်ပင် လုရီထံ၌ အခြားသော နည်းလမ်းများ ရှိနေသေးသည်။

ထိုအခြေအနေသို့ အမှန်တကယ် ဆိုက်ရောက်လာပါက သူသည် နေရာလပ်နိယာမကို အသုံးပြုကာ တပ်မှူးဝမ်နှင့် ကြယ်တာရာနယ်မြေတပ်မတော်သားများကို မဟာအခင်းအကျင်းအတွင်းသို့ တိုက်ရိုက်ခေါ်ဆောင်သွားပြီး အတွင်းမှ အခင်းအကျင်းမျက်လုံးကို ဖျက်ဆီးလိုက်ရုံဖြင့် မဟာအခင်းအကျင်းကြီးကို ဖြိုခွင်းရန် လုံလောက်ပါသည်။

သို့သော်ငြားလည်း ထိုသို့ ကိုယ်တိုင်ဝင်ရောက်ခြင်းသည် သွေးငရဲတပ်မတော်၏ ပြင်းထန်ကြမ်းကြုတ်သော တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဖြစ်ရာ အလွန်အမင်း အန္တရာယ်များလှ၏။ ထို့ကြောင့် မဖြစ်မနေ လိုအပ်သည့် အခြေအနေမှ လွဲ၍ လုရီသည် ဤနည်းလမ်းကို အသုံးပြုလိုပါ။

ကောင်းကင်ဥမင်ကျောက်ပြားကြီးသည် လေဟာနယ်၌ မှော်ဆန်စွာ ပျံဝဲလျက် ထွက်ပေါ်လာ၏။ ၎င်းသည် ဟင်းလင်းပြင်နှင့် တစ်သားတည်း ပေါင်းစပ်သွားပြီး ထင်ရှားလိုက်၊ ပျောက်ကွယ်သွားလိုက်ဖြင့် အလွန်ပင် ပဉ္စလက်ဆန်လှတော့သည်။

---

လုရီကို စောင့်ကြည့်နေကြသော ကျင့်ကြံသူများမှာ အံ့သြတုန်လှုပ်လျက်ရှိ၏။ ကျောက်ပြားပေါ်တွင် ပြေးလွှားနေသော အင်းကွက်များကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်လုံးများက အံ့အားသင့်မှုများဖြင့် ပြည့်နှက်လာလေတော့သည်။

ထိုစဉ် လုရီ၏ မျက်လုံးများ စူးရှသွားပြီး ရာရှိုမွန်ကျင့်ကြံသူများကို တုံ့ပြန်ခွင့်မပေးဘဲ သူ၏ဝိညာဉ်စွမ်းအားနှင့် နေရာလပ်နိယာမကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

နေရာလပ်နိယာမ၏ စွမ်းအား လေးဆယ်ရာခိုင်နှုန်းကျော်နှင့် လုရီ၏ ကပ်ဘေးဖြတ်ကျော်အဆင့် ဝိညာဉ်စွမ်းအားတို့ ပေါင်းစပ်လိုက်ရာ ကျောက်ဖြူပြားပေါ်မှ အင်းကွက်များ တဖျပ်ဖျပ်လင်းလက်သွားပြီး ချက်ချင်းပင် ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။

ရာရှိုမွန်စခန်းအတွင်းရှိ ရင်ပြင်တစ်ခု၏ အလယ်ဗဟိုတွင် သွေးရောင်ကျောက်ပြား

တစ်ချပ် ထောင်ထားသည်။

ထိုကျောက်ပြားဘေးတွင် သွေးငရဲတပ်မတော်မှ စစ်ချပ်ဝတ် ဝတ်ဆင်ထားသော စွမ်းအားရှင်

တစ်ဦးက တင်ပျဉ်ခွေထိုင်နေ၏။

သူ၏မျက်လုံးများ အနည်းငယ်ပွင့်လာပြီး ကောင်းကင်မှ ဝိညာဉ်စွမ်းအား မငြိမ်သက်မှုများကို ကြည့်ကာ မျက်နှာထက်ဝယ် လှောင်ပြောင်ရိပ်တို့ ထင်ဟပ်နေသည်။

"အကြီးစားအခင်းအကျင်းကို ချိုးဖျက်ဖို့ မျှော်လင့်နေတာလား..အရူးတွေ"

ရုတ်တရက်၊ ထိုသွေးငရဲတပ်မတော်မှ ပညာရှင်သည် နေရာလပ်ထဲတွင် လှုပ်ခတ်မှုအနည်းငယ်ကို ခံစားမိလိုက်ရာ သူ၏မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး အလျင်အမြန် ထရပ်လိုက်၏။

ထိုအခိုက်အတန့်၌ ကောင်းကင်ဥမင် ကျောက်ပြားသည် ရုတ်တရက် ပေါ်ထွက်လာပြီး ကမ္ဘာမြေသို့ ဝင်ဆောင့်သော ကြယ်ပျံကဲ့သို့ သွေးရောင်ကျောက်ပြားရှိရာသို့ ထိုးစိုက်ကျသွားသည်။

ဘုန်း!!!

သွေးငရဲ တပ်မတော်၏ မဟာအခင်းအကျင်းကြီးသည် အင်မော်တယ် ရွှေသားဖြင့် ထုလုပ်ထားပြီး၊ ရှုပ်ထွေးလှသော အခင်းအကျင်းပုံစံများ၊ အင်အားကြီးမားသော အခင်းအကျင်း တာအို စွမ်းအားများကို ခံနိုင်ရည်ရှိ၍ အလွန်ခိုင်ခံ့လေ၏။

သို့သော် လုရီ၏ ကောင်းကင် ဥမင် ကျောက်ပြားမှာ အဆင့်မြင့် အင်မော်တယ်လက်နက်တစ်မျိုး ဖြစ်လေ၏။ ၎င်းကို နေရာလပ် နိယာမ၏ လေးဆယ်ရာခိုင်နှုန်းဖြင့် အသက်သွင်းလိုက်သောအခါ လုရီ၏ ကိုယ်ပိုင်ခွန်အား မလုံလောက်သည့်တိုင် ကြီးမားသော စွမ်းအင်ကို ထုတ်လွှတ်နိုင်စွမ်းရှိလေသည်။

ထိုစဉ် အလွန် ထိန်ငြီးသော အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီးနောက် ပျက်စီးကျန်ရစ်ခဲ့သည့် စွမ်းအားများက မဟာအခင်းအကျင်း၏ အပြင်ဘက်အူတိုင်ကို ဖျက်ဆီးလေသည်။

သို့သော် မဟာအခင်းအကျင်း၏ အတွင်းပိုင်းအူတိုင်ကြောင့် ပျက်စီးမှုဒဏ်ကို တစ်စိတ်တစ်ပိုင်းသာ ခံရလေ၏။

သို့ရာတွင် အခင်းအကျင်း ပုံစံများက

မတည်မငြိမ် လင်းလက်လာပြီး မကြာမီပင် အခင်းအကျင်းကြီး တစ်စစီ ကွဲကြေသွားတော့လေသည်။ ထိုအခါ ကျန်ရှိသော စွမ်းအားများက အရပ် လေးမျက်နှာသို့ ပျံ့နှံ့သွားလေရာ အနီးအနားရှိ ရာရှိုမွန် မျိုးနွယ်၏ မဟာအင်အားစုကြီးများပင် မြေပြိုမှုကြီးနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ မျက်နှာများ ဖြူဖတ်ဖြူလျော် ဖြစ်သွားကြတော့၏။

ထိုမြင်ကွင်းကို တွေ့လိုက်ရသောအခါ

သွေးငရဲ တပ်မတော် ကျင့်ကြံသူ၏ မျက်နှာက သိသိသာသာ ပျက်ယွင်းသွားပြီး အော်ဟစ်ကာ ထိုပျက်စီး ကျန်ရစ်သော စွမ်းအားများကို ကာကွယ်ရန် အလျင်အမြန်ပင် လုပ်ဆောင်တော့လေသည်။

ပေါက်ကွဲမှုအရှိန်များ ပျောက်ကွယ်သွားသောအခါ ဗဟိုမှ သွေးရောင်ကျောက်ပြားတွင် အက်ကွဲကြောင်းတစ်ခု ပေါ်နေပြီး ၎င်းပေါ်မှ အခင်းအကျင်းပုံစံများမှာ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။

အခင်းအကျင်းမျက်လုံး ကြေမွသွားသည်နှင့်အမျှ မဟာ အခင်းအကျင်းသည်လည်း သဘာဝအတိုင်းပင် အလုပ် မလုပ်တော့ပေ။

---

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

သွေးငရဲတပ်မတော်မှ ကျင့်ကြံသူက သွေးပျက်စွာ အော်ဟစ်လေသည်။

အပြင်ဘက်ရှိ သွေးနီရောင်အလင်း အကာအကွယ်လွှာသည်လည်း မဟာ အခင်းအကျင်း ပျက်စီးသွားသည်နှင့်အမျှ ပျောက်ကွယ်သွား၏။

ထိုကျင့်ကြံသူ၏ စိတ်ထဲတွင် အတွေးတစ်မျိုးသာ လည်ပတ်နေ၏။ မည်သည့် တိုက်ခိုက်မှုမျိုးဖြင့် မဟာ အခင်းအကျင်း၏ ခံစစ်ကို တိုက်ရိုက် ထိုးဖောက်ကာ အခင်းအကျင်းမျက်လုံးကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်ကို သူ နားမလည်နိုင်ဖြစ်နေတော့လေသည်။

ဤမသိသော ရန်သူသည် မည်သူ ဖြစ်သနည်း။

မည်သို့သော နည်းလမ်းကို အသုံးပြုလိုက်သနည်း။

သွေးငရဲ တပ်မတော်၏ ကျင့်ကြံသူသည် လုံးဝဥဿုံ တုန်လှုပ်နေစဉ်တွင် အပြင်ဘက်ရှိ သွေးနီရောင် အလင်းလွှာသည်လည်း မဟာ အခင်းအကျင်းနှင့်အတူ ပျောက်ကွယ်သွားတော့၏။

ရုတ်တရက် အခင်းအကျင်း၏ အပြင်ဘက်အကာအကွယ် မရှိတော့သဖြင့် တပ်မှူးဝမ်နှင့် အပေါင်းအပါတို့၏ တိုက်ခိုက်မှုများက ဆည်ကျိုးသကဲ့သို့ သွေးငရဲတပ်မတော်၏ ကျင့်ကြံသူများအပေါ်သို့ ရေကြီးရေလျှံသလို ပြိုကျသွားတော့လေသည်။

တပ်မှူးဝမ်နှင့် သူ၏လူများပင် ထိုတိုက်ခိုက်မှုပြီးနောက် ခေတ္တမျှ ကြက်သေသေသွားပြီး

သူတို့၏ စိတ်ထဲတွင် မေးခွန်းများသာ ပြည့်နှက်နေတော့၏။

"မဟာ အခင်းအကျင်းက ဘယ်လိုဖြစ်ပြီး..."

လူတိုင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများသာ ရှိနေပြီး လုရီ မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို သူတို့ တစ်စွန်းတစ်စမျှ မသိနိုင်ကြချေ။

ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ် ကောင်းသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရသောအခါ သွေးငရဲတပ်မတော်၏ ကျင့်ကြံသူများ သတိပြန်ဝင်လာကြ၏။

သွေးငရဲ တပ်မတော်၏ ကျင့်ကြံသူ ခေါင်းဆောင်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး "ကာကွယ်ကြ!" ဟု နှိုးဆော်လိုက်လေသည်။

မဟာ အခင်းအကျင်း ရုတ်တရက် ကွဲကြေသွားသည်ကို သူတို့ မထင်မှတ်ခဲ့ကြချေ။ ယခုအခါ.. တပ်မှူးဝမ်နှင့် သူ၏လူများ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရာ၌ အသည်းအသန် ရုန်းကန်နေရတော့၏။

ဂျုန်း....

ဝရော....

ပဲ့တင်ထပ်သော ဆူညံသံများကြားတွင် ရာရှိုမွန်ကျင့်ကြံသူများသည် တစ်လှမ်းပြီး တစ်လှမ်း နောက်သို့ ဆုတ်သွားကြရပြီး စွမ်းအားရှင် အဆင့် ရာရှိုမွန် ကျင့်ကြံသူအများအပြား ချက်ချင်းပင် အမှုန့်အဖြစ်သို့ ကြေမွသွားကြသည်။

အင်မော်တယ်အဆင့် ရာရှိုမွန်ကျင့်ကြံသူများပင်လျှင် အဆက်မပြတ် နောက်သို့ ဆုတ်ခွာရင်း သွေးများအန်ထုတ်ကာ အရှုံးကို ခံစားလိုက်ကြရ၏။

တိုက်ကွက်တစ်ကွက်တည်းဖြင့် ရာရှိုမွန်မျိုးနွယ်သည် အကြီးအကျယ် ဆုံးရှုံးသွားခဲ့ရလေသည်။

အင်အားကြီး စစ်တပ်တစ်ခုအနေဖြင့် တပ်မှူးဝမ်နှင့် သူ၏လူများ အနည်းငယ် အံ့အားသင့်သွားသော်လည်း တုံ့ပြန်မှုက မြန်ဆန်လှ၏။

တပ်မှူးဝမ်၏ မျက်နှာက အေးစက်နေလေသည်။ ထို့နောက် သူမက လေးနက်သော အသံဖြင့် "သတ်ကြ!!" ဟု ဟစ်ကြွေးလိုက်သည်။

ကြယ်တာရာ နယ်မြေတပ်မတော် မှ စစ်သည်ငါးဦးက ဦးဆုံးထွက်သွားပြီးနောက် ယူမိသားစုတပ်မှ လိုက်ပါသွားကြ၏။ တစ်ချိန်တည်းတွင် တစ်ကိုယ်တော် ကျင့်ကြံသူများကလည်း သတိပြန်ဝင်လာကာ ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လာကြတော့လေသည်။

"သူတောင်းစား! မင်း ဘာလုပ်လိုက်တာလဲ!"

"ကြယ်တာရာတပ်ကောင်တွေ၊ သေမင်းနဲ့ ရင်းချင်နေပြီလား!"

သတိပြန်ဝင်လာသော ရာရှိုမွန် ကျင့်ကြံသူများလည်း ဒေါသတကြီး မာန်သွင်းကာ ကြယ်တာရာနယ်မြေတပ်မတော်မှ ကျင့်ကြံသူများထံသို့

တဟုန်ထိုး ပြေးဝင်သွားကြသည်။

နှစ်ဖက်စလုံးက ကောင်းကင်ထက်သို့ တစ်ဟုန်ထိုး ဝဲပျံသွားကြ၏။

လေဟာနယ်ထဲတွင် ပြင်းထန်သော တိုက်ပွဲကြီးကို စတင်ခဲ့တော့လေသည်။

ထို့အတူ အင်မော်တယ် အဖွဲ့တစ်ဖွဲ့ကလည်း အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက် တိုက်ပွဲကြီးထဲသို့ ပျံတက်သွားကြရာ လုရီကလည်း ထိုနည်းတူ လိုက်ပါသွား၏။

ကျန်ရှိနေသေးသော မဟာအင်အားကြီး ကျင့်ကြံသူများကတော့ စကား မဆိုဘဲ တိတ်ဆိတ်စွာပင် ရာရှိုမွန်မျိုးနွယ်၏ စခန်းချရာ နေရာသို့ ဝင်ရောက်တိုက်ခိုက်ရန် ထိုးဖောက်ဝင်ရောက်သွားကြလေတော့၏။

မဟာတိုက်ပွဲကြီး စတင်ခဲ့လေပြီ။

မူလကပင် ကြယ်တာရာ နယ်မြေတပ်မတော်၊ ယူမိသားစုတပ်နှင့် တစ်ကိုယ်တော် ကျင့်ကြံသူများ၏ ပေါင်းစည်းထားသော အင်အားသည် ရာရှိုမွန်မျိုးနွယ်မှ ကျင့်ကြံသူများထက် အင်အား ပိုမို များပြားနေ၏။

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများတွင် မဟာ အခင်းအကျင်း ရှိခဲ့ပါက စိတ်ပူစရာ မရှိနိုင်သော်ငြားလည်း ယခုမူ မဟာ အခင်းအကျင်း ပျောက်ကွယ်သွားပြီ ဖြစ်၍ ယခင် တိုက်ခိုက်မှုတွင် အင်အားကြီး ကျင့်ကြံသူ အများစုမှာ သေဆုံး ဒဏ်ရာရခဲ့သည်။

ထို့ကြောင့် ကျန်ရှိနေသေးသော ကျင့်ကြံသူအနည်းငယ်က ထျန်းလော့ ကြယ်တာရာနယ်မြေမှ အင်အားကြီး ကျင့်ကြံသူများကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။

အထူးသဖြင့် လျိုနင်ရွှမ်းနှင့် အခြား

အင်မော်တယ် ခန္ဓာ သုံးယောက်လို

အင်မော်တယ် လက်နက်များ ကိုင်စွဲကာ နိယာမစွမ်းအား အသက်သွင်းနိုင်သည့် ကျင့်ကြံသူများသည် ကောင်းကင် အင်မော်တယ်တစ်ပါး၏ ခွန်အားကို လက်တွေ့ ပိုင်ဆိုင်ထားကြသကဲ့သို့ပင်။

အောက်ဘက်ရှိ တိုက်ပွဲကို လွယ်လွယ်ကူကူ အပြတ်အသတ်ချေမှုန်းသည့် တိုက်ပွဲအဖြစ် ဖော်ပြနိုင်လေသည်။

ကောင်းကင်အင်မော်တယ် ကျွမ်းကျင်သူများ တိုက်ခိုက်ရာ စစ်မြေပြင်မှာတော့ ရာရှိုမွန်

မျိုးနွယ်၌ ကောင်းကင်အင်မော်တယ် အရေအတွက်မှာ ထျန်းလော့ ကြယ်တာရာ နယ်မြေထက် နည်းပါးနေသည်။

ယခင်တိုက်ခိုက်မှုတုန်းက ကောင်းကင်

အင်မော်တယ် ကျွမ်းကျင်သူများသည် ထိခိုက်မှု များစွာမရှိဘဲ ဒဏ်ရာ အသေးစားလေးများသာ ရရှိခဲ့ကြသော်လည်း၊ ပိုမို များပြားလှသော

ထျန်းလော့ ကြယ်တာရာ နယ်မြေမှ ကျင့်ကြံသူများကို ရင်ဆိုင်ရသောအခါတွင်မူ သူတို့သည် ဆက်တိုက် ဆိုသလို ရှုံးနိမ့်လာတော့လေသည်။

[ထျန်းလော့ ကြယ်တာရာနယ်မြေ= ကောင်းကင်

ကြယ်တာရာနယ်မြေ]

လုရီသည် ရာရှိုမွန်မျိုးနွယ်မှ ကောင်းကင်

အင်မော်တယ်တစ်ဦးနှင့် ရင်ဆိုင်နေရ၏။

ထိုရာရှိုမွန်မျိုးနွယ် ကောင်းကင်အင်မော်တယ်၏ အရှိန်အဝါမှာ အတော်အသင့် နိမ့်ပါးနေပြီး ကောင်းကင်အင်မော်တယ် ပထမအလွှာအဆင့်ခန့်သာ ရှိသည်။ သူ၏မျက်နှာမှာ အေးစက်၍ ဒေါသထွက်နေပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် လုရီကို စိုက်ကြည့်ကာ ကြိမ်းဝါးသည်။

"ကပ်ဘေးဖြတ်ကျော်အဆင့်လေးနဲ့ ကောင်းကင်အင်မော်တယ်ရဲ့ စစ်မြေပြင်ထဲ ဝင်လာရဲတယ်။ ဒေါင်းဇားလေး တကယ်သေချင်နေတာပဲ။"

လုရီ၏ မျက်နှာအမူအရာမှာ အေးစက်နေပြီး

မည်သို့မျှ မတုံ့ပြန်ပေ။ မိစ္ဆာ ချေမှုန်းရေးဓားသည် သူ၏ လက်ထဲတွင် ပေါ်လာပြီး သူ၏ ကိုယ်ခန္ဓာသည် ထိုနေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွား၏။

နောက်တစ်ခဏတွင် မျက်စိကျိန်းလောက်အောင် တောက်ပသော ကြယ်ရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ဟင်းလင်းပြင်ကို ထိုးဖောက်ကာ အဝေးသို့ ပျံသန်းသွားသည်။

ရာရှိုမွန်မျိုးနွယ် ကောင်းကင် အင်မော်တယ်၏ မျက်နှာအမူအရာ ချက်ချင်းပင် တောင့်တင်းသွား၏။

သူ သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး သူ၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေကာ လုရီကို လှည့်ကြည့်လိုက်သည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်း ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ။"

လုရီက မထီတရီ ပြုံးလိုက်သည်။

"မင်းက သိပ်အားနည်းလွန်းနေတာပဲ။"

ရာရှိုမွန်မျိုးနွယ် ကောင်းကင် အင်မော်တယ် ထပ်မံ အသံမပြုနိုင်ခင်မှာပင် အဆုံးမဲ့သော ကြယ်ရောင်အလင်းတန်းနှင့် ဓားတာအိုနိယာမတို့ သူ၏ကိုယ်ခန္ဓာမှ ပေါက်ကွဲထွက်ပေါ်လာပြီး တစ်ခဏအတွင်းမှာပင် သူ၏ ကိုယ်ခန္ဓာသည်

သွေးမြူများအဖြစ်သို့ ချုပ်ငြိမ်းသွားလေသည်။

အင်မော်တယ်အဆင့်ကို ရောက်ရှိနေကြသော်လည်း ရာရှိုမွန် မျိုးနွယ်များသည် ကိုယ်ခန္ဓာကို အားပြုကျင့်ကြံကြသည်မို့ ယခုလို ပြင်းထန်သော ထိခိုက်ဒဏ်ရာမျိုးများကို မခံနိုင်ကြတော့ချေ။

လုရီ၏ အဆုံးမရှိသော ဓားတာအို နိယာမနှင့် ကြယ်တာရာ နိယာမတို့က ရာရှိုမွန်မျိုးနွယ်မှ ကောင်းကင်အင်မော်တယ် တပါး၏ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်စွမ်းအား၊ ဝိညာဉ်အပါအဝင် အသက်ရှင်နေသော အရာအားလုံးကို ရှင်းလင်းဖျက်ဆီးပစ်လိုက်လေတော့၏။

ရာရှိုမွန် မျိုးနွယ် ကောင်းကင် အင်မော်တယ် တစ်ပါး တာအို ပျက်သုဉ်း၍ သေဆုံး‌သွား၏။

လုရီသည် လေပူ တစ်ချက်ကို ပင့်သက်ရှိုက်လိုက်ပြီးနောက် စစ်မြေပြင်ကို ဝေ့ကြည့်လိုက်သည်။

‌လုံယွမ်နှင့် ပုယွင်ကျန့်တို့က ရာရှိုမွန်မျိုးနွယ်၏ ကောင်းကင် အင်မော်တယ်တစ်ပါးကို ကိုင်တွယ်ဖြေရှင်းနေသည်ကို လုရီ သတိပြုမိလိုက်၏။ အခြား အင်မော်တယ်များသည်လည်း ရန်သူများထက် အင်အားပိုများနေကြသည်ကို သူ တွေ့လိုက်ရသည်။

သို့သော်လည်း သူတို့၏ တိုက်ပွဲများသည်

သူ၏ တိုက်ပွဲကဲ့သို့ လျင်မြန်စွာ မပြီးဆုံးခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူ လုရီ၏ ခွန်အားသည် အလွန်ပင် ကြီးမားနေသောကြောင့်ပင်ဖြစ်၏။

သူသည် ကပ်ဘေး ဖြတ်ကျော် ကျင့်ကြံသူဖြစ်သော်လည်း အဆင့်မြင့် အင်မော်တယ်ကျမ်းများ၊ ကိုယ်ပိုင်အခြေခံများနှင့်အတူ ဝိဉာဉ် စွမ်းအင်သည် ကောင်းကင် အင်မော်တယ်တစ်ပါး၏

အင်မော်တယ် ဝိညာဉ်စွမ်းအင်ထက် မနိမ့်ကျချေ။

ထို့အပြင် သူ၏ အမြင့်ဆုံးအဆင့် အင်မော်တယ် နည်းစနစ်များနှင့် အစွမ်းထက်သော နိယာမများ၊ အလယ်အလတ် အဆင့် အင်မော်တယ် လက်နက်ဖြစ်သည့် မိစ္ဆာ ချေမှုန်းရေးဓားတို့ကြောင့်၊ တက်လှမ်းလာသော ကောင်းကင်

အင်မော်တယ်တစ်ပါးသည် သူ့ကို လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။

ရုတ်တရက် လုရီသည် ကောင်းကင်

အင်မော်တယ်တစ်ပါးကို တစ်ခဏချင်းအတွင်း သတ်နိုင်သည်ကို သဘောပေါက်သွားတော့၏။

"ငါ တကယ်ပဲ ဒီလောက်တောင် အားကောင်းလာပြီလား။"

လုရီ၏ နှလုံးသားထဲရှိ မာန်မာနသည် တစ်ခဏမျှသာ တည်ရှိပြီးနောက် ပျောက်ကွယ်သွား၏။

---

"ငါသာ တကယ်ပဲ အဲ့ဒီလောက် အားကောင်းနေရင် ရာရှိုမွန်မျိုးနွယ်က ထျန်းမင်ကို ဘာလို့ ကျူးကျော်ရဲမှာလဲ။"

လုရီ၏ မျက်နှာအမူအရာ တည်ကြည်သွားပြီး ကိုယ့်ကိုယ်ကို အလင်းတန်းအသွင် ပြောင်းလဲလိုက်ကာ အခြားကောင်းကင်အင်မော်တယ်များထံသို့ ပြေးဝင်သွားတော့သည်။

ဤနေရာရှိ ရာရှိုမွန်ဂိုဏ်းသားအားလုံးကို အမြန်ဆုံး ရှင်းပစ်နိုင်ခဲ့ပါက သူသည် အလုပ် ပြီးမြောက်၍ အလွန် အစွမ်းထက်သော ဆုလာဘ်များကို လက်ခံရရှိနိုင်ပါမည်။

ထိုသို့သော မဟာတိုက်ပွဲကြီး တစ်ရပ်အတွင်း

လုရီသည် အလုပ်များကို ပေးအပ်ရန် မမေ့လျော့ နေခဲ့ပါ။

သူသည် ယခင်က အလုပ် နှစ်ခု ပေးအပ်ခဲ့ဖူး၏။ ပထမတစ်ခုမှာ မဟာအခင်းအကျင်းကို ဖျက်ဆီးရန်ဖြစ်ပြီး၊ ဒုတိယ တစ်ခုမှာ ရာရှိုမွန် မျိုးနွယ် စခန်းရှိ အင်အားကြီး အဖွဲ့ဝင်များကို သတ်ဖြတ်ရန်ပင် ဖြစ်လေ၏။ ထိုအလုပ် နှစ်ခုလုံးအတွက် ဆုလာဘ်များသည်လည်း အလွန်ပင် များပြားလှပါသည်။

All Chapters