← Chapters

အခန်း (၅၇၁-၅၇၃)

Vol. 39 Ch. 571-573

အခန်း (၅၇၁-၅၇၃)

Vol. 39 Ch. 571-573

အခန်း ၅၇၁ - ရာရှိုမွန်မျိုးနွယ်၏ အဓိကစခန်းကို ချေမှုန်းခြင်း၊ ထိပ်တန်းအဆင့် အင်မော်တယ်လက်နက်...

~လျိုဟိုင်ချင်းသည် သူ၏ နေရာလပ် ကူးပြောင်းအခင်းအကျင်းစင်မြင့်ကို ထုတ်ယူကာ ကြယ်တာရာခြင်ဆီကို အသုံးပြု၍ အသက်သွင်းလိုက်၏။ [လျိုဟိုင်ချင်းအား တပ်မှူးချုပ်ဟု ပြောင်းလဲသုံးထားပါတယ် ]

ထို့နောက် လူတိုင်းသည် ဟင်းလင်းပြင်ထဲသို့ ခြေချဝင်ရောက်သွားကြသည်။

ဟင်းလင်းပြင်ကို ဖြတ်သန်းပြီးနောက် လုရီနှင့် အခြားသူများသည် ယခင်က သူတို့ရှိနေခဲ့သော နေရာနှင့် ခွဲခြားမရလောက်အောင် တူညီသည့်

သွေးနီရောင် တောကန္တာရတစ်ခုသို့ ရောက်ရှိလာကြ၏။

တစ်ခုတည်းသော ကွာခြားချက်မှာ လျိုဟိုင်ချင်းနှင့် သွေးငရဲတပ်မတော် တပ်မှူးချုပ်တို့၏ ယခင်တိုက်ပွဲမှ ကြွင်းကျန်ရစ်သော ဝိညာဉ်စွမ်းအင်မုန်တိုင်းက ကောင်းကင်ယံ၌ မရှိတော့ခြင်းပင် ဖြစ်သည်။

အခင်းအကျင်းစင်မြင့်ကြီး၏ အပြင်ဘက်တွင်မူ ယွီမိသားစုတပ်မှ တပ်ဖွဲ့တစ်ဖွဲ့ ရှိနေခဲ့သည်။

ကြယ်တာရာနယ်မြေတပ်မတော် တစ်ခုလုံးသည် လုရီမှ ဆွဲဆောင်ထုတ်ခဲ့သော သားကောင်ကိုလိုက်လံဖမ်းဆီးရန် လျိုဟိုင်ချင်းနောက်သို့ လိုက်ပါသွားကြသောကြောင့် ဖြစ်၏။

ရာရှိုမွန် မျိုးနွယ်၏ အဓိက စခန်းသို့ ပိုမို လျင်မြန်စွာ ရောက်ရှိနိုင်ရန်အလို့ငှာ ယွီမိသားစုတပ်မတော်သည် ကူးပြောင်းရေး အခင်းအကျင်းစင်မြင့်ကြီးကို အသုံးပြုကာ ရာရှိုမွန် မျိုးနွယ်၏ အဓိက စခန်းအနီးသို့ ကြိုတင် ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

သို့သော် သူတို့သည် သာမန် လူသားများသာဖြစ်ပြီး အင်မော်တယ်များ မဟုတ်သည့်အတွက် ရန်သူမှ တွေ့ရှိသွားမည်ကို စိုးရိမ်သောကြောင့် အလွန်အမင်း အနီးကပ် မသွားရဲကြချေ။

မည်သို့ပင် ဆိုစေကာမူ ထိုနေရာသည် ရာရှိုမွန်မျိုးနွယ်၏ အဓိက စခန်းနှင့် များစွာမဝေးလှပေ။

လျိုဟိုင်ချင်းသည် အဖွဲ့ကိုဦးဆောင်ကာ ရာရှိုမွန်မျိုးနွယ်၏ အဓိကစခန်းဆီသို့ ချီတက်သွားလေသည်။

ထိုအချိန်တွင် ရာရှိုမွန်မျိုးနွယ်၏ အဓိကစခန်း၌ တာဝန်ယူကျန်ရစ်ခဲ့သော သွေးငရဲတပ်မတော်မှ တပ်မှူးတစ်ဦးသည် သတင်းတစ်ခုကို လက်ခံရရှိပြီးနောက် သူ၏မျက်နှာ၌ စိုးရိမ်မှုတို့ဖြင့် မျက်မှောင်ကြုတ်သွား၏။

"တပ်မှူးရဲ့ သဲလွန်စတစ်ခုမှ မတွေ့ဘူးဟုတ်လား။ တိုက်ပွဲကနေ ကြွင်းကျန်ခဲ့တဲ့ ဝိညာဉ်စွမ်းအင်မုန်တိုင်းပဲ ရှိတော့တယ်ဆိုပါလား။ သဲလွန်စတွေအရဆိုရင် ဒါဟာ နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် တိုက်ပွဲတစ်ခုလား။"

သွေးငရဲတပ်မတော်မှ ထိပ်သီးများ၏ နှလုံးသားထဲတွင် လေးလံသော ခံစားချက်ကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

"တပ်မှူးချုပ်က သတိကြီးလွန်းလို့ အဲ့ဒီလူသားမျိုးနွယ် ဉာဏ်ကြီးရှင်ကို ကိုယ်တိုင်သွားကိုင်တွယ်တာပဲ။ ဘယ်လိုလုပ်ပြီး နက်ရှိုင်းခြင်း အင်မော်တယ် တစ်ယောက်နဲ့ သွားတွေ့နိုင်မှာလဲ။ ဒီ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ တပ်စွဲထားတဲ့ တစ်ဦးတည်းသော နက်ရှိုင်းခြင်း အင်မော်တယ်က ကြယ်တာရာနယ်မြေတပ်မတော်ရဲ့ တပ်မှူးချုပ်ပဲ ဖြစ်ရမှာ မဟုတ်လား။ သူတို့နှစ်ယောက်က ဘယ်လိုလုပ် တွေ့နိုင်မှာလဲ။"

သွေးငရဲ တပ်မတော် တပ်မှူးသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိကာ ခေါင်းနပမ်းကြီးသွားပြီး မိမိကိုယ်မိမိ တီးတိုး ရေရွတ်လိုက်သည်။

သူ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး သူ၏ တပ်များကို လျင်မြန်စွာ အမိန့်ပေးလိုက်၏။

"ပတ်ဝန်းကျင်ကို သေချာ စောင့်ကြည့်ထား၊ ဘာလှုပ်ရှားမှုပဲ တွေ့တွေ့ ချက်ချင်း သတင်းပို့။ နောက်ပြီးတော့ ကြယ်တာရာနယ်မြေ တပ်မတော်ရဲ့ အဓိက စခန်းနားက ညီအစ်ကိုတွေကို အကြောင်းကြားလိုက်၊ ဘယ်နည်းလမ်းကိုပဲသုံးရသုံးရ... အဓိက စခန်းထဲက ကြယ်တာရာနယ်မြေ တပ်မတော်ရဲ့ စွမ်းအားရှင်တွေ ရှိမရှိ

မဖြစ်မနေ အတည်ပြုရမယ်။"

သွေးငရဲ တပ်မတော်မှ အဖွဲ့ဝင်များလည်း တစ်ခုခုမှားယွင်းနေသည်ကို သဘောပေါက်သွားကြပြီး အလေးအနက် မျက်နှာထားများဖြင့် ခေါင်းညိတ်

လိုက်ကြသည်။

ထိုအခိုက်အတန့်၌ လူတိုင်း၏ မျက်နှာအမူအရာသည် ရုတ်တရက် သုန်မှုန်သွားပြီး သူတို့၏ ဘယ်ဘက်အရပ်ကို လှည့်ကြည့်လိုက်ကြသည်။

အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ထိုနေရာမှ ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ယံ၌ ပြန်လည်ပေါ်ထွက်လာကာ ထိုအရပ်ကို စစ်ဆေးလိုက်ကြ၏။

အလင်းတန်းများသည် မယုံနိုင်လောက်သော အရှိန်ဖြင့် အလျင်အမြန် ချဉ်းကပ်လာနေသည်။

သူတို့၏ရောက်ရှိလာမှုသည် လုံးဝဖုံးကွယ်ထားခြင်းမရှိဘဲ မထီမဲ့မြင်နိုင်လှကာ သူတို့သည် အမှန်ပင် ကောင်းကင်ကြယ်တာရာနယ်မြေမှ လူများဖြစ်နေကြ၏။

သူတို့ကို ဦးဆောင်လာသူမှာ ကြယ်တာရာနယ်မြေတပ်မတော်၏ တပ်မှူးချုပ်၊ နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် စွမ်းအားရှင်ကြီးပင် ဖြစ်တော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သွေးငရဲတပ်မတော် တပ်မှူး၏ နှလုံးသားသည် လုံးဝ အေးစက်သွားတော့၏။

သွေးငရဲတပ်မတော် တပ်မှူးသည် ပြတ်သားစွာ ဟိန်းဟောက်လိုက်သည်။

"မြန်မြန်လုပ်။ ကျင့်ကြံခြင်း ရတနာကို အသက်သွင်း၊ ကာကွယ်ရေး အခင်းအကျင်းကို အစွမ်းကုန် ဖွင့်ပြီး ဒီနေရာကနေ ထွက်ခွာမယ်။"

သွေးငရဲ တပ်မတော်မှ ကျင့်ကြံသူများ၏ မျက်နှာထားများမှာ အေးစက်သွားပြီး အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲကာ

သူတို့၏ နေရာများမှ ရုတ်ချည်း ပျောက်ကွယ်သွားကြကုန်သည်။

ထိုစဉ်မှာပင် နေရာလပ်သည် လိမ်ယှက်သွားပြီး ပုံရိပ်အချို့ ရုတ်တရက် ပေါ်ထွက်လာ၏။

သူတို့ကို ဦးဆောင်လာသူမှာ လျိုဟိုင်ချင်း ဖြစ်ပြီး သူ၏ ဘေးတွင် ဝမ်ယွမ်ယွမ်၊ စုန့်တာဟုန်နှင့် အခြားသော ကြယ်တာရာ နယ်မြေ တပ်မတော်မှ တပ်မှူးများ ပါဝင်လေသည်။

လူတိုင်းသည် လုရီအား မတော်တဆမှု တစ်စုံတစ်ရာ မဖြစ်စေရန် အလယ်တွင် ဝန်းရံထားကြသည်။

"ဘုရားရေ"

ထွက်ခွာရန် ပြင်ဆင်နေသော သွေးငရဲတပ်မတော်မှ ကျင့်ကြံသူအချို့၏ မျက်နှာများမှာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး သူတို့၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။

ဝှစ်...

လေတိုးသံနှင့်အတူ ရွှေရောင် အလင်းတစ်ချက် လက်သွားပြီး သွေးငရဲတပ်မတော်မှ ကျင့်ကြံသူအချို့သည် နောက်သို့လွင့်စဉ်သွားကာ သွေးများအန်ထွက်ပြီး ထိုနေရာမှာပင် ပြင်းထန်စွာ ဒဏ်ရာရသွားကြ၏။

ဝင်ရောက်တိုက်ခိုက်လိုက်သူမှာ လျိုဟိုင်ချင်းပင် ဖြစ်သည်။

လျိုဟိုင်ချင်း၏မျက်နှာထက်တွင် ကြမ်းကြုတ်သော အပြုံးတစ်ခုနှင့်အတူ သူ၏ကိုယ်မှ ဝိညာဉ်အလင်းများ တောက်ပနေလေသည်။ သူက ပြောလိုက်၏။

"သခင်လေးလုရီကတော့ တကယ်ပဲ ထိုက်တန်ပါပေတယ်၊ ခင်ဗျားရဲ့ နေရာလပ် နိယာမ ကျွမ်းကျင်မှုက အထင်ကြီးစရာပဲ၊ နက်ရှိုင်းခြင်း အင်မော်တယ်တစ်ပါးကိုတောင် ခုခံနိုင်တဲ့ မဟာအခင်းအကျင်းကတောင် ခင်ဗျားရဲ့ နေရာလပ်ကူးပြောင်းမှုကို မတားနိုင်ဘူးပဲ နော်။"

သွေးငရဲတပ်မတော်မှ ကျင့်ကြံသူများ မတုံ့ပြန်နိုင်ခင်နှင့် ထွက်မပြေးနိုင်ခင်မှာပင် လုရီသည် လျိုဟိုင်ချင်းနှင့် အခြားသူများကို ကာကွယ်ရေးအခင်းအကျင်း၏ အတွင်းပိုင်းသို့ တိုက်ရိုက် ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။

ယခင်ကသာဆိုလျှင် လုရီသည် ဤသို့ပြုလုပ်ဝံ့မည်မဟုတ်သော်လည်း ယခုအခါ သွေးငရဲတပ်မတော်၏ တပ်မှူးချုပ်မှာ သေဆုံးသွားပြီဖြစ်သောကြောင့် သူတို့ဘက်တွင် ကြီးမားသော အသာစီးရနေပြီဖြစ်ရာ လုရီသည် သူ၏လုံခြုံရေးအတွက် စိုးရိမ်နေစရာမလိုတော့ချေ။

လုရီက ပြုံးလိုက်ပြီး

"တပ်မှူးချုပ်လျို၊ ကျွန်တော့်ကို အရင်သွားခွင့်ပြုပါဦး။" ဟု ပြောလိုက်၏။

လျိုဟိုင်ချင်းက ခေါင်းညိတ်လိုက်ပြီး ဆော်ဩလိုက်၏။

"ကျွန်တော်တို့ အခင်းအကျင်းမျက်လုံးကို ချက်ချင်းချိုးဖျက်မယ်။"

ရာရှိုမွန် မျိုးနွယ်၏ တပ်ထဲတွင် စစ်သည်များစွာ ရှိပြီး အများစုမှာ အဓိက စခန်းအတွင်း၌ ရှိနေဆဲဖြစ်ရာ လျိုဟိုင်ချင်းနှင့် တပ်မှူးအချို့သည်

သူတို့အားလုံးကို သတ်ရန် အချိန်အနည်းငယ်မက လိုအပ်ပေလိမ့်မည်။ ထို့ကြောင့် ထိုသို့မလုပ်ဘဲ ကြယ်တာရာနယ်မြေ တပ်မတော် တစ်ခုလုံး ဝင်လာနိုင်ရန် အခင်းအကျင်းမျက်လုံးကို ချိုးဖျက်ရန် ဆုံးဖြတ်လိုက်ကြသည်။

လုရီသည် စကားဆက်မပြောတော့ဘဲ နေရာလပ်ထဲသို့ ပေါင်းစပ်ကာ သဲလွန်စမကျန် ပျောက်ကွယ်သွားလေသည်။

ဤအချိန်တွင် သွေးငရဲတပ်မတော်မှ တပ်မှူးသည် အခြေအနေကို အပြည့်အဝ သဘောပေါက်သွားပြီ ဖြစ်သည်။

သူ၏ မျက်နှာသည် ပြင်းထန်စွာ ရှုံ့မဲ့သွားပြီး ‌

ထုတ်ဖော်လိုက်၏။

"လူသားမျိုးနွယ် ဉာဏ်ကြီးရှင်က နေရာလပ် နိယာမကို ပိုင်ဆိုင်တယ်လို့ ကြားဖူးတယ်၊ အဲ့ဒါ တကယ်ပဲကိုး။"

"စိတ်မကောင်းစရာကတော့ မင်းသိတာ အရမ်းနောက်ကျသွားပြီ။"

လျိုဟိုင်ချင်းသည် အေးစက်စွာ မထီမဲ့မြင်ပြုံးလိုက်ပြီး အမိန့်ပေးလိုက်သည်။

"သတ်"

တဆက်တည်းပင် လျိုဟိုင်ချင်းနှင့် ကြယ်တာရာနယ်မြေတပ်မတော်မှ စွမ်းအားရှင်များသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ

ရာရှိုမွန်မျိုးနွယ်၏ ရတနာများဆီသို့ တဟုန်ထိုးပြေးဝင်သွားကြတော့သည်။

...

လုရီသည် ရာရှိုမွန် မျိုးနွယ်၏ အဓိက စခန်းမှ ထွက်ခွာလာပြီး မကြာမီပင် မူလ နေရာသို့ ပြန်ရောက်လာခဲ့သည်။

လျိုနင်ရွှမ်းနှင့် အခြားသူများသည် သူ့ကို စောင့်မျှော်နေကြ၏။ သူတို့ထဲတွင် ကြယ်တာရာနယ်မြေတပ်မတော်မှ ဒါဇင်နှင့် ချီသော စစ်သည်များ၊ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၊ နတ်ဓားဂိုဏ်းမှ ကျင့်ကြံသူများနှင့် အမိန့်ကိုကြားပြီးနောက် တဖြည်းဖြည်းချင်း စုဝေးရောက်ရှိလာကြသော ဗုဒ္ဓဘာသာဂိုဏ်းမှ စွမ်းအားရှင်များ ပါဝင်၏။

ထိုအခိုက်အတန့်၌ ကျင့်ကြံသူ တစ်စုလုံးသည် ရုတ်တရက် ပေါ်လာသော လုရီထံသို့ လှမ်းကြည့်လိုက်ကြသည်။

ကြယ်တာရာနယ်မြေတပ်မတော်မှ သက်လတ်ပိုင်းအရွယ် လူတစ်ဦးက "သခင်လေးလုရီ၊ အတွင်းဘက်မှာ အခြေအနေဘယ်လိုလဲ။" ဟု မေးလာ၏။

"ခဏစောင့်ပါ၊ တပ်မှူးလျိုနဲ့ တခြားသူတွေ အခင်းအကျင်းမျက်လုံးကို သွားဖျက်ဆီးနေကြတယ်။"

ထိုစကားကိုကြားသော် ကျင့်ကြံသူအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် လက်သီးများ ဆုပ်လိုက်ကြသည်။

သူတို့သာ စိတ်လှုပ်ရှားနေသည် မဟုတ်ဘဲ လုရီသည်လည်း ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေခဲ့သည်။

သူသည် ယခင်က အလုပ် တစ်ခုကို ထုတ်ပြန်ထားခဲ့သည်လေ။

[အလုပ်]

ရာရှိုမွန်မျိုးနွယ်၏ အဓိက စခန်းရှိ ကာကွယ်ရေးအခင်းအကျင်းကို ချိုးဖျက်ပါ။ (မပြီးမြောက်သေး)

ဆုလာဘ်: အခင်းအကျင်းတာအို ဉာဏ်အလင်း တိုးမြှင့်ခြင်း၊ ကျင့်ကြံခြင်း နည်းစနစ် အဆင့် +၃၊ အစစ်အမှန် အင်မော်တယ် အခင်းအကျင်းလမ်းကြောင်း သုံးသပ်ချက် အဆင့် +၃၊

အဆင့်မြင့် အင်မော်တယ် လက်နက် မူလဇာစ်မြစ် အခင်းအကျင်းမြေပုံ ။

[အလုပ်]

အမှတ် ၄ ဂြိုဟ် ပေါ်ရှိ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်ပါ။ (မပြီးမြောက်သေး)

ဆုလာဘ်: စွမ်းအားတာအို နားလည်မှု တိုးမြှင့်ခြင်း၊ စွမ်းအားနိယာမ ၁၀% တိုးတက်ခြင်း၊ ကျင့်ကြံခြင်းနည်းစနစ် အဆင့် +၂ (၃ ကြိမ်)၊ အင်မော်တယ်သိုင်းစွမ်းရည် အဆင့် +၂ (၃ ကြိမ်)၊ အင်မော်တယ်ရွှေ ဝိညာဉ်မူလ

ကျောက်တုံး တန် ၁၀၀။

အကယ်၍ ဤအလုပ် ပြီးမြောက်သွားပါက

လုရီ၏ အစွမ်းသည် အလွန်အမင်း တိုးတက်လာပေလိမ့်မည်။

ရာရှိုမွန် မျိုးနွယ်၏ အဓိကစခန်းအတွင်းမှ ဝိညာဉ်စွမ်းအင် လှိုင်းများသည် အခါအားလျော်စွာ ထုတ်လွှင့်လာပြီး မကြာမီပင် အပြင်ဘက်ရှိ အခင်းအကျင်း ပုံစံများသည်

တဖျပ်ဖျပ်လက်သွားပြီးနောက် အခင်းအကျင်းမှာ ပြိုကျသွားလေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျင့်ကြံသူအားလုံး၏ မျက်လုံးများမှာ အရောင်တောက်လာကြသည်။

"အခင်းအကျင်း ပျက်သွားပြီ၊ သတ်"

ကြယ်တာရာ နယ်မြေ တပ်မတော်မှ စစ်သည်များသည် တစ်ယောက်ပြီးတစ်ယောက် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ တဟုန်ထိုးဝင်သွားကြပြီး၊ ကောင်းကင်ဘုံအင်မော်တယ် များသည်လည်း နောက်ကျမခံဘဲ လိုက်ပါသွားကြ၏။

စွမ်းအားရှင်အဆင့် ကျင့်ကြံသူတစ်စုသာ သူတို့၏အစွမ်း မလုံလောက်မှုကြောင့် နောက်တွင်ကျန်နေခဲ့သည်။

ကြယ်တာရာနယ်မြေ တပ်မတော်သည် အဓိကစခန်းအတွင်းသို့ ဦးဆောင်ဝင်ရောက်ကာ တွေ့သမျှ ရာရှိုမွန် မျိုးနွယ် ကျင့်ကြံသူ အားလုံးကို စတင်သတ်ဖြတ်တော့သည်။

ထို့နောက်တွင် လုရီနှင့် ကောင်းကင်ဘုံအင်မော်တယ်တစ်စုလည်း ရောက်ရှိလာကြသည်။

လုရီ အကြည့်တို့ ဝေ့ဝဲကြည့်လိုက်ရာ အဓိကစခန်း၏ အတွင်းပိုင်းသည် ပရမ်းပတာဖြစ်နေပြီး နေရာတိုင်းတွင် ရာရှိုမွန်မျိုးနွယ်ဝင်များ၏ အလောင်းများ ပြန့်ကျဲနေသည်ကို သတိပြုမိလိုက်၏။

အလယ်ဗဟိုရှိ ကောင်းကင်ယာဉ်ပျံ၏ တံခါးမှာ ပွင့်နေပြီး တံခါးဝတွင် အလောင်းတစ်လောင်းရှိနေ၏။ ထိုသူမှာ လုရီ ယခင်ကမြင်ဖူးသော သွေးငရဲ တပ်မတော် တပ်မှူးချုပ်ပင် ဖြစ်နေသည်။

သူ၏ဘေးတွင်လည်း သွေးငရဲ တပ်မတော်မှ စွမ်းအားရှင် အချို့၏ အလောင်းများ ရှိနေခဲ့သည်။

ဤအခြေအနေမှာ လုရီ ထင်ထားသည်ထက် ပိုမို လွယ်ကူနေပေပြီ။

ရာရှိုမွန်မျိုးနွယ်၏ တပ်မတော်သား အားလုံးသည် အဓိကစခန်းတွင် ရှိမနေကြပေ။ အချို့မှာ အရင်းအမြစ် တူးဖော်ခြင်းကဲ့သို့သော အလုပ်များဖြင့် အပြင်ထွက်နေကြပြီး အချို့မှာမူ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ တပ်မတော်နှင့် တိုက်ပွဲဝင်ရန် ထွက်သွားကြဖွယ်ရှိသည်။

ကျန်ရှိသူများမှာမူ ရာရှိုမွန်မျိုးနွယ် တပ်မှူးချုပ်ကို သွားရှာဖွယ် ရှိလေ၏။

လုရီဝင်ရောက်လာချိန်တွင် သွေးငရဲတပ်မတော်မှ အဖွဲ့ဝင် ဒါဇင်ခန့်သာ အသက်ရှင်ကျန်တော့ပြီး ကျန်သူအများစုမှာ သေဆုံးနေကြပြီ ဖြစ်၏။

လုံယွမ်နှင့် အခြားသော စွမ်းအားရှင်များ၏ မျက်လုံးများမှာ လောဘရောင်များဖြင့် အရောင်တောက်လာကြတော့သည်။

ဤသည်တို့မှာ စစ်ဘက်ဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးများပင် မဟုတ်လော။

အကယ်၍ သူတို့ ယခု မလှုပ်ရှားပါက နောက်ပိုင်းတွင် ခွဲဝေယူစရာ ဘာမျှ ကျန်တော့မည် မဟုတ်ချေ။

အင်မော်တယ်များသည် တစ်ယောက်ပြီး

တစ်ယောက် ဝံပုလွေများနှင့် ကျားများကဲ့သို့ အငမ်းမရ တိုးဝင်သွားကြပြီး ရာရှိုမွန် မျိုးနွယ် ကျင့်ကြံသူများကို စတင် သတ်ဖြတ်ကြတော့သည်။

သူတို့သည် အင်မော်တယ် အဆင့် သို့မဟုတ် စွမ်းအားရှင်အဆင့် ရာရှိုမွန် မျိုးနွယ် ကျင့်ကြံသူများဖြစ်စေကာမူ ဤမျှ များပြားသော ရန်သူများနှင့် ရင်ဆိုင်ရသောအခါ ခုခံနိုင်စွမ်း မရှိကြပေ။

ကောင်းကင်ဘုံ အင်မော်တယ်အဆင့်

ရာရှိုမွန် ကျင့်ကြံသူ တစ်ဦးသည် ကောင်းကင်ဘုံအင်မော်တယ် လေးငါးဦး၏ ဝိုင်းရံ တိုက်ခိုက်မှုကို ခံရပြီး၊ ကံမကောင်းပါက ပြိုင်ဘက် မရှိသော ကြယ်တာရာနယ်မြေ တပ်မတော်သားများနှင့်ပင် တွေ့ဆုံရနိုင်သည်။

စွမ်းအားရှင်အဆင့် ရာရှိုမွန် ကျင့်ကြံသူများမှာ ပိုမို များပြားသော်လည်း အင်မော်တယ် အဆင့် စွမ်းအားရှင်များနှင့် ရင်ဆိုင်ရသောအခါတွင်မူ သူတို့သည်လည်း သဘာဝအတိုင်း ခုခံနိုင်စွမ်း

မရှိကြပေ။

ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူနှင့် ကောင်းကင်ဘုံ အင်မော်တယ်များကြား ကွာခြားချက်မှာ အလွန် ကြီးမားလှ၏။ တစ်ကြိမ်တည်းတွင် ရန်သူ တစ်ထောင်ကို ရင်ဆိုင်ရန်ပင် မဖြစ်နိုင်ချေ။

တိုက်ပွဲ ပြီးဆုံးသွားသောအခါ ကောင်းကင်ကြယ်တာရာ နယ်မြေမှ စွမ်းအားရှင် အဆင့် ကျင့်ကြံသူများမှာ ရောက်ရှိလာကြသည်။

နေရာတိုင်းတွင် ပြန့်ကျဲနေသော အလောင်းများကို မြင်သောအခါ စွမ်းအားရှင်အဆင့် ကျင့်ကြံသူ တစ်စုမှာ လုံးဝ စိတ်ရှုပ်ထွေးသွားကြ၏။

ငါဘယ်သူလဲ။ ငါဘယ်ရောက်နေတာလဲ။ ငါဒီကို ဘာလာလုပ်တာလဲ ဟူ၍ပင်..တွေးမိကြသတည်း။

တိုက်ပွဲပြီးနောက် လျိုဟိုင်ချင်းသည် အဓိကစခန်း၌ မီးလျှံနီ အင်မော်တယ်ရွှေအမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ ယခင် အင်မော်တယ် ရွှေတွင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အခြားသော ကောင်းကင်နှင့် မြေကြီးရတနာများ၊ အင်မော်တယ်ရွှေနှင့် အင်မော်တယ်သစ်ပင်များလည်း ပါဝင်လေသည်။

အမျိုးမျိုးသော ကျင့်ကြံခြင်း ရတနာများ၊

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများ၏ ကိုယ်ပိုင်သိုလှောင်လက်စွပ်အတွင်းမှ ရတနာများမှာမူ ပြောစရာပင်မလိုတော့ချေ။

ဤအကြိမ် ရရှိသော အကျိုးအမြတ်သည် အမှတ် ၄ ဂြိုဟ်၏ တပ်မတော် တစ်ခုလုံးအတွက် အလွန် အရေးပါသည်ဟု ဆိုနိုင်၏။

လျိုဟိုင်ချင်းသည် ဤနေရာ၌ နောက်ဆက်တွဲကိစ္စများကို စီမံခန့်ခွဲရန် ကျင့်ကြံသူတစ်စုကို ထိုနေရာတွင် ချန်ထားခဲ့လိုက်သည်။ ထို့နောက် ကျန်ရှိသော ကြယ်တာရာနယ်မြေတပ်မတော်နှင့် စွမ်းအားရှင်များအား အမှတ်၄ ဂြိုဟ်အနှံ့တွင် ပြန့်ကျဲနေသော ရာရှိုမွန်မျိုးနွယ် စွမ်းအားရှင်များအား တစ်ယောက်မျှ လွတ်မသွားစေဘဲ ရှင်းလင်းသုတ်သင်ရန် အမိန့်ပေးစေခိုင်းလိုက်လေသည်။

ထို့နောက်တွင် ကျန်ရှိသော ကျင့်ကြံသူများသည် ပင်မစခန်းသို့ ပြန်လာခဲ့ကြ၏။

လုရီနှင့် လျိုနင်ရွှမ်တို့လည်း အဖွဲ့နှင့်အတူ ပြန်လိုက်လာခဲ့၏။

လုရီသည် သူ၏ ခြံဝန်းငယ်လေးသို့ ပြန်သွားပြီး ကျင့်ကြံခန်းထဲသို့ ဝင်ရောက်လိုက်ကာ စိတ်ထဲတွင် အလွန်ပင် ကျေနပ်နေမိသည်။

အမှတ် ၄ ဂြိုဟ်ပေါ်ရှိ ရာရှိုမွန် မျိုးနွယ်ဝင် ကျင့်ကြံသူ အားလုံးကို သုတ်သင် ရှင်းလင်းရမည့် အလုပ်မှာ မပြီးမြောက်သေးသော်လည်း အခြား အလုပ်များမှာမူ ပြီးမြောက်သွား ပြီဖြစ်သည်။

ပင်မစခန်း၏ ကာကွယ်ရေး အခင်းအကျင်းကို ချိုးဖျက်ခဲ့သည့် အလုပ်အပြင်၊ လုရီ ကိုယ်တိုင် ထုတ်ပြန်ထားခဲ့သော ရာရှိုမွန် မျိုးနွယ်၏ တပ်မှူးကို သတ်ဖြတ်ရန် အလုပ်လည်း ရှိသေးသည်။

ထိုအလုပ်၏ ဆုလာဘ်များမှာလည်း အလွန်ပင် ရက်ရောလှသည်။

* စွမ်းအားတာအို သဘောပေါက်မှု မြှင့်တင်ခြင်း

* ကျင့်စဉ်အဆင့် +၄ \၂ ကြိမ်

* ထိပ်တန်းအဆင့် နတ်ဘုရားလက်နက် - နေနီရောင်လှေပျံ

နေနီ လှေပျံ....

ထိုအထဲတွင် ရက်ရောဆုံးသော ဆုလာဘ်မှာ

တော့ နေနီ လှေပျံပင်။

ထိပ်တန်းအဆင့် အင်မော်တယ် လက်နက်..။

၎င်းသည် သူ၏ ပထမဆုံးသော ထိပ်တန်းအဆင့် အင်မော်တယ် လက်နက် ဖြစ်နေသောကြောင့်

လုရီပင် အလွန်တရာ အံ့အားသင့်သွားခဲ့သည်။

နေနီလှေပျံသည် ပျံသန်းနိုင်သော ရတနာတစ်ပါးဖြစ်ပြီး ၎င်း၏ ပျံသန်းနှုန်းမှာ ကျောက်စိမ်းအာကာသယာဉ်ကိုပင် ကျော်လွန်ကာ အလင်းအလျင်အဆင့်သို့ပင် ရောက်ရှိနေလေ၏။

သူ၏ ပထမဆုံးသော ထိပ်တန်းအဆင့်

အင်မော်တယ် လက်နက် ဖြစ်သောကြောင့်ပင်။

နေနီလှေပျံသည် ပျံသန်းရတနာ တစ်ခုဖြစ်ပြီး ၎င်း၏ ပျံသန်းနှုန်းသည် ကျောက်စိမ်းအာကာသယာဉ်ကိုပင် ကျော်လွန်ကာ အလင်းအလျင်နှုန်းအဆင့်သို့ ရောက်ရှိ၏။

ထိုကဲ့သို့သော အရှိန်ဖြင့် လုရီသည် ကောင်းကင်ဥမင်ကျောက်ပြားကို အသုံးပြု၍ အချိန်တိုအတွင်း လိုက်မီနိုင်သော်လည်း ရေရှည်တွင်မူ

လုရီ၏ ဝိညာဉ်စွမ်းအင် သုံးစွဲမှုမှာ သိသာထင်ရှားပြီး သဘာဝအတိုင်း နှိုင်းယှဉ်၍ မရနိုင်ချေ။

အရေးအကြီးဆုံး အချက်မှာ နေနီလှေပျံသည် အားကောင်းသော နေရာလပ် ကူးပြောင်းရေး မဟာအခင်းအကျင်းကို ပိုင်ဆိုင်ထားပြီး နေရာလပ်ကို ထိုးဖောက်ကာ အခြားဒေသများသို့ တယ်လီပို့ လုပ်နိုင်ခြင်းပင် ဖြစ်သည်။

ဤအချက်မှာ လုရီ အလေးအနက်ထားဆုံး အရာဖြစ်သည်။

ယခင် ကျောက်စိမ်းအာကာသယာဉ်တွင် ထိုကဲ့သို့သော အင်္ဂါရပ် မပါရှိပေ။ အလင်းနှစ်တစ်နှစ်ကို ဖြတ်ကျော်ပျံသန်းရန် တစ်နှစ်ထက်ပို၍ ကြာမြင့်သည်။

စကြဝဠာတစ်ခုလုံးသည် အလွန်ကျယ်ပြောလှ၏။ လုရီသည် နှစ်တစ်သန်း အသက်ရှင်နိုင်သော အင်မော်တယ်တစ်ပါး ဖြစ်လာသော်ငြား သူ၏သက်တမ်းအတွင်း အလင်းနှစ်တစ်သန်းကိုပင် ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

၎င်းမှာ စကြဝဠာ၏ ကြီးမားကျယ်ပြောမှုနှင့် နှိုင်းယှဉ်လျှင် ဘာမျှ မဟုတ်ချေ။

သို့သော် နေနီလှေပျံနှင့်ဆိုလျှင်မူ လုရီထံ၌ လုံလောက်သော စွမ်းအင်သာရှိပါက သူသည် နေရာလပ်ကို ဖြတ်ကျော်ကာ စကြဝဠာ၏ မည်သည့် အစိတ်အပိုင်းကိုမဆို ရောက်ရှိနိုင်ပါသည်။

ထိပ်တန်းအဆင့် ရတနာများအပြင် အခြားဆုလာဘ်များသည်လည်း တူညီစွာ တန်ဖိုးရှိလှပေသည်။

ယခုအခါ အမှတ် ၄ ဂြိုဟ်ပေါ်ရှိ ရာရှိုမွန်

မျိုးနွယ်၏ အင်အား အများစုမှာ ကြီးကြီးမားမား ဖိအား မရှိတော့ချေ။

သူတို့သည် ရာရှိုမွန် မျိုးနွယ်ဝင်တိုင်းကို ရှင်းလင်းရန် အချိန် အနည်းငယ် ကြာအောင် နေထိုင်ရန် လိုအပ်သောကြောင့် လုရီအတွက်မူ ၎င်းမှာ ကျင့်ကြံရန် အချိန်ကာလ တစ်ခုကို ရရှိခြင်းပင် ဖြစ်သည်။

လုရီသည် ပျော်ရွှင်စွာဖြင့် ဆုလာဘ်များကို စတင်စုပ်ယူလိုက်တော့သည်။

ဤတစ်ကြိမ်တွင် ဆုလာဘ်များ၌ ကျင့်ကြံခြင်းနည်းစနစ် အဆင့် တိုးမြှင့်မှုများစွာ ပါဝင်ပြီး လုရီအတွက် အင်မော်တယ်ကျမ်း နှစ်ခုကို အထွတ်အထိပ် အဆင့်သို့ ပို့ဆောင်ပေးနိုင်ရန် လုံလောက်လေသည်။

အခန်း ၅၇၂- တူးဖြိုခံလိုက်ရသော ဂြိုဟ်...

~လုရီသည် ‘ကျင့်ကြံခြင်းနည်းစနစ် အဆင့် +၃’ နှင့် ထို့နောက် ‘ကျင့်ကြံခြင်းနည်းစနစ် အဆင့် +၄’ ကို အသုံးပြုလိုက်ရာ၊ ‘ယီမုဟွာရှန်းကျမ်း’ သည် အဆင့် ၃ မှ အထွတ်အထိပ် အဆင့်သို့ တက်လှမ်းသွားတော့သည်။

‘ကျင့်ကြံခြင်းနည်းစနစ် အဆင့် +၁’၊ ‘+၃’ နှင့် ‘+၄’ တို့၏ ကွာခြားချက်မှာ နားလည်သဘောပေါက်ရန် အချိန်တူညီသော်လည်း ကျင့်ကြံခြင်းနည်းစနစ်၏ အဆင့်တိုးတက်မှုမှာ ပို၍ လျင်မြန်ခြင်းပင် ဖြစ်၏။

တစ်နှစ် မပြည့်သော အချိန်ကာလအတွင်းမှာပင် လုရီသည် ‘ယီမုဟွာရှန်းကျမ်း’ ကို ၎င်း၏ အထွတ်အထိပ်အဆင့်သို့ နားလည်သဘောပေါက်သွားခဲ့သည်။

ထို့နောက်တွင် လုရီသည် နောက်ထပ် ‘ကျင့်ကြံခြင်းနည်းစနစ် အဆင့် +၄’ ဆုလာဘ်တစ်ခုကို ‘လဝန်းဝိညာဉ် အင်မော်တယ်ကျမ်း’ အတွက် အသုံးပြုလိုက်ပြန်သည်။ လုရီသည် ‘လဝန်းဝိညာဉ် အင်မော်တယ်ကျမ်း’ ကိုလည်း နားလည်အောင် ကျင့်ကြံနေခဲ့ရာ၊ အချိန်များစွာ မပေးခဲ့သော်ငြားလည်း၊ ၎င်းမှာ ကပ်ဘေးဖြတ်ကျော်အခန်း အဆင့် ၂ တွင်သာ ရှိနေခဲ့သော်လည်း၊ ဤဆုလာဘ်ကို အသုံးပြုပြီးနောက် ၎င်း၏အဆင့်သည်လည်း အဆင့် ၆ သို့ ရောက်ရှိသွားခဲ့လေသည်။

လုရီ၏ အင်မော်တယ်ကျမ်းနှစ်ခုလုံး၏ ကပ်ဘေးဖြတ်ကျော်အခန်းကို အထွတ်အထိပ်အဆင့်သို့ နားလည်သဘောပေါက်သွားခြင်းနှင့်အတူ၊ သူဖန်တီးလိုသော အင်မော်တယ်ကျမ်းအတွက် သူ၏စိတ်ထဲတွင် မူဘောင်ကြမ်းတစ်ခု ပုံပေါ်လာခဲ့၏။

ဤကျင့်စဉ်သည် လုရီ၏ တာအိုစွမ်းအင်နှင့် ဖရိုဖရဲချီ အခြေခံပေါ်တွင် တည်ဆောက်မည်

ဖြစ်ပြီး၊ ယင်နှင့်ယန် နိယာမ နှင့် နှစ်ကိုယ်တူ ကျင့်စဉ် နည်းစနစ်များ ပေါင်းစပ်ကာ၊ အခင်းအကျင်း တာအို၏ အနှစ်သာရဖြင့် ထပ်မံမြှင့်တင်ထားမည် ဖြစ်သည်။

သို့ရာတွင် လုရီ၏ ရည်မှန်းချက်များမှာ မသေးငယ်လှပေ။ သူသည် အင်မော်တယ် ဓားကျမ်းနှင့် အခြားကျမ်းများထက် ပိုမို အားကောင်းသော ကျင့်ကြံခြင်း နည်းစနစ်တစ်ခုကို ဖန်တီးလိုခဲ့သည်။ သဘာဝအတိုင်း ဤအရာသည် အချိန်တိုအတွင်း ပြီးမြောက်မည် မဟုတ်ဘဲ၊ လက်ရှိတွင် သူ၌ မူဘောင်ကြမ်းတစ်ခုသာ ရှိနေသေး၏။

ဆက်တိုက်ဆိုသလိုပင် လုရီသည် ‘အစစ်အမှန်အင်မော်တယ် အခင်းအကျင်းလမ်းကြောင်း သုံးသပ်ချက် ’ အဆင့်မြှင့်တင်ခြင်း ဆုလာဘ်ကို အသုံးပြုလိုက်ပြီး ‘အစစ်အမှန်အင်မော်တယ် အခင်းအကျင်းလမ်းကြောင်း သုံးသပ်ချက်’ ကိုလည်း အဆင့် ၄ သို့ တိုးတက်စေခဲ့သည်။

အသစ် ရရှိထားသော ‘မူလဇာစ်မြစ် အခင်းအကျင်းမြေပုံ’ နှင့် ပေါင်းစပ်လိုက်လျှင် လုရီသည် ကောင်းကင်ဘုံအင်မော်တယ် အခင်းအကျင်းစဉ် တစ်ခုကို လွယ်ကူစွာ တည်ဆောက်နိုင်မည်ဟု ယုံကြည်နေမိသည်။

သူ၏ ဝိညာဉ်စွမ်းအင် မလုံလောက်ခြင်းမှာ နှမြောစရာကောင်းလှ၏။ သို့မဟုတ်ပါက သူသည် အစစ်အမှန် အင်မော်တယ် အခင်းအကျင်း ကိုပင် တည်ဆောက်နိုင်ပေလိမ့်မည်။

ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းမှ ရရှိသော စွမ်းအားနိယာမ နားလည်မှုကို စုပ်ယူပြီးနောက်၊ လုရီ၏ စွမ်းအားနိယာမအပေါ် နားလည်မှုသည်လည်း တိုးတက်လာခဲ့ပြီး ရှစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားလေပြီ။

ဤအတွက် နောက်ထပ် တစ်နှစ်ကျော် အချိန်ယူခဲ့ရပြန်သည်။

ဤနှစ်နှစ်ကျော်ကာလအတွင်း လုရီသည် အမှတ် ၄ ဂြိုဟ်ပေါ်ရှိ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်သည့် သူ၏အလုပ်ကို မပြီးမြောက်သေးချေ။ ထင်ရှားသည်မှာ ကြယ်တာရာနယ်မြေတပ်မတော်၊ ယွီမိသားစုတပ်မတော်နှင့် အခြားသော ကျင့်ကြံသူများသည် အမှတ် ၄ ဂြိုဟ်ပေါ်တွင် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကို လိုက်လံချေမှုန်းနေကြဆဲ ဖြစ်လိမ့်မည်။

သို့သော် လုရီသည် အလျင်မလိုပါပေ။ သူ့၌ ဆက်လက် ကျင့်ကြံရန် အချိန်ရှိနေသေး၏။

အင်မော်တယ်ဓားကျမ်းကို ၎င်း၏ ကပ်ဘေးဖြတ်ကျော်အခန်း အထွတ်အထိပ်အဆင့်သို့ ကျင့်ကြံပြီးနောက်နှင့် သူ၏ကျင့်ကြံမှုအတွက် ကြယ်တာရာခြင်ဆီကို အသုံးပြုပြီးနောက်၊ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ကျင့်ကြံချိန် နည်းပါးခဲ့သော်လည်း၊ သူ၏ တိုးတက်မှုမှာ အလွန် မြန်ဆန်နေဆဲ ဖြစ်သည်။

နောက်ထပ် တစ်နှစ် ကုန်လွန်သွားပြီး လုရီသည် ကပ်ဘေးဖြတ်ကျော် ငါးအလွှာသို့ အဆင့်

ချိုးဖြတ်သွားခဲ့သည်။သုံးနှစ် ကြာပြီးနောက်တွင် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများသည် လုံးဝရှင်းလင်းခံလိုက်ရသည်။ လုရီသည် ရာရှိုမွန်

မျိုးနွယ် ကျင့်ကြံသူများကို လိုက်လံ ရှာဖွေရန် အပြင်သို့ မထွက်ခဲ့သော်လည်း၊ အလုပ်ပြီးမြောက်ခြင်း ဆုလာဘ်များကြောင့် သူသည် အသေးစိတ် အချက်အလက်များကို သဘာဝအတိုင်း အသိပေးခံခဲ့ရ၏။

နောက်ထပ်တစ်နှစ် ကုန်လွန်သွားပြီးနောက်၊ ကြယ်တာရာနယ်မြေတပ်မတော်နှင့် ယွီမိသားစုတပ်မတော်တို့မှ ကျင့်ကြံသူများသည် အမှတ် ၄ ဂြိုဟ်ကို စေ့စေ့စပ်စပ် ရှာဖွေပြီး အသက်ရှင်ကျန်ရစ်သူမရှိတော့ကြောင်း အတည်ပြုပြီးနောက်၊ သူတို့သည် အဓိကစခန်းသို့ တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာလာကြသည်။

လျိုဟိုင်ချင်းသည်လည်း ကျင့်ကြံသူအားလုံးကို ဦးဆောင်၍ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

အဓိက စခန်းတစ်လျှောက် လျိုဟိုင်ချင်း၏ ကြေညာချက်ကို ကြားပြီးမှသာ လုရီသည် ခြံဝင်းထဲမှ ထွက်ခွာလာခဲ့တော့၏။

လုရီနှင့်အတူ ထွက်ခွာလာသူများထဲတွင်

လျိုနင်ရွှမ်းနှင့် အခြားအနည်းငယ်လည်း ပါဝင်လေသည်။

လုရီသည် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကို လိုက်လံရှာဖွေရန် အပြင်သို့မထွက်ခဲ့သော်လည်း၊ လျိုနင်ရွှမ်းနှင့် အခြားသူများသည် အကြိမ်အနည်းငယ် အပြင်သို့ထွက်ခဲ့ကြသည်။

သူမတို့သည် အင်မော်တယ်ကိုယ်ထည်များ ပိုင်ဆိုင်ထားသော်ငြားလည်း ကျင့်ကြံမှု တိုးတက်ခြင်း မြန်ဆန်လိုပါက ကြီးမားသောတိုက်ပွဲများသည် သူမတို့အတွက် မရှိမဖြစ်လိုအပ်ပေသည်။

လုရီမူကား သိပ်မစိုးရိမ်နေချေ။ အကြောင်းမူကား သူသည် မိန်းကလေးများအတွက် လျှို့ဝှက်လက်နက်များစွာကို ပြင်ဆင်ပေးထားခဲ့သောကြောင့် ဖြစ်သည်။

အင်မော်တယ် တစ်ပါးနှင့် ရင်ဆိုင်ရလျှင် သူတို့ယှဉ်နိုင်မည် မဟုတ်သော်လည်း ထွက်ပြေးလွတ်မြောက်ခြင်းမှာမူ ပြဿနာ မဟုတ်ပေ။

သုန်းကုန်းမင်ယွဲ့သည် သူမတို့၏ အတွေ့အကြုံများအကြောင်းကို လုရီအား စကားမပြတ်ပြောပြနေစဉ်၊ လျိုနင်ရွှမ်းသည် သူမ၏ဘေးတွင် အေးစက်လှပသောမျက်နှာဖြင့် ရပ်နေကာ ခပ်ရေးရေးသာ ပြုံးနေခဲ့၏။ ကျန်းရူယွီနှင့် ယွင်ရှီးတို့သည် ရံဖန်ရံခါ စကားအနည်းငယ် ဝင်ပြောကြ၏။

ခြံဝင်းအပြင်သို့ ထွက်လာသောအခါ လုရီသည် လုံယွမ်၊ ပုယွင်ကျန့်နှင့် အခြားသူများနှင့် ဆုံလေသည်။

သူတို့အားလုံးသည် မျက်နှာများဝင်းပကာ စိတ်ဓာတ်တက်ကြွနေကြသည်။

လုရီသည် မကြာသေးမီရက်များအတွင်း အပြင်ဘက်၌ အချိန်များစွာ မကုန်ဆုံးခဲ့သော်လည်း၊ သူတို့အများစုမှာ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကို လိုက်လံရှာဖွေနေခဲ့ကြပြီး၊ အခြေအနေအရကြည့်ရသည်မှာ သူတို့သည် အတော်အတန် အကျိုးအမြတ်များ ရရှိခဲ့ကြပုံရသည်။

သို့သော်လည်း လုရီသည် သူတို့အုပ်စုထဲမှ စွမ်းအားရှင်အဆင့် ကျင့်ကြံသူအချို့ ပျောက်ဆုံးနေသည်ကို သတိပြုမိလိုက်ရာ၊ တိုက်ပွဲတွင် ကျဆုံးသွားခဲ့ဖွယ်ရှိသည်ဟု ယူဆမိသည်။

သူ ဝမ်းနည်းမှုကို ခံစားလိုက်ရ၏။

ရာရှိုမွန်မျိုးနွယ်သည် ထွက်ပြေးနေရသည့် အခြေအနေဖြစ်ပြီး သူတို့ဘက်က လုံးဝအသာစီးရနေသော်လည်း၊ စစ်မြေပြင်ပေါ်တွင် သေဆုံးနိုင်ခြေမှာ အမြဲရှိနေဆဲပင် ဖြစ်သည်။

"ရောင်းရင်းလု.. ဒီအချိန်တွေက ဘွဲ့ထူးဂုဏ်ထူးတွေရဖို့ အခွင့်အရေးကောင်းကြီးပဲ။ မင်းကတော့ ခြံထဲမှာ ကျင့်ကြံနေတာနဲ့ အချိန်ဖြုန်းလိုက်တာ နှမြောစရာပဲ။" မီချီက ပြော၏။

"ဘာကို နှမြောစရာရှိလို့လဲ။ လုရီရဲ့ အဆင့်အတန်းက ဘာလဲ။ သူက ငါတို့လို ဘွဲ့ထူးတွေအတွက် လုနေဖို့လိုလို့လား။ ပြီးတော့ လုရီရဲ့အကြီးမားဆုံး ပါဝင်ကူညီမှုတွေအတွက် အစောပိုင်းကရတဲ့ ဆုလာဘ်တွေက ငါတို့ ရာရှိုမွန်ဒုက္ခသည်တွေကို ပင်ပန်းကြီးစွာ လိုက်သတ်လို့ရတာထက် အများကြီးသာတယ်။" ဟု လုံယွမ်က မျက်လုံးလှန်ကာ ငြီးငွေ့စွာဖြင့် ပြန်ပြောလိုက်သည်။

ထိုအခါ လုရီက အသာအယာ ပြုံးလိုက်ပြီး

မှတ်ချက်ချလိုက်၏။

"ခင်ဗျားတို့လည်း ဒီအချိန်အတွင်းမှာ အတော်လေး အကျိုးအမြတ် ရခဲ့ကြပုံပဲ"

အဖွဲ့သား အားလုံး ပြုံး၍ တုံ့ပြန်လိုက်ကြသည်။

ထိုအဖွဲ့သည် အဓိက တပ်ဖွဲ့နောက်သို့ လိုက်ကာ ကောင်းကင်ဘုံ လှေတော်ထဲသို့ ဝင်ရောက်သွားကြ၏။

မကြာမီပင် လုရီသည် လျိုဟိုင်ချင်းနှင့် အခြားသူများကို တွေ့မြင်လိုက်သည်။

ကြယ်တာရာ နယ်မြေ တပ်မတော်မှ စစ်သည်များ လုရီကို မြင်သောအခါ အားလုံးက ပြုံးပြကြပြီး "သခင်လေးလုရီ။" ဟု နှုတ်ဆက်လာကြသည်။

"တပ်မှူးချုပ်လျို၊ ကျွန်တော်တို့ ထွက်ခွာတော့မှာလား။ ဘယ်ကိုသွားမှာလဲ။" လုရီက မေးလိုက်၏။

ဤမေးခွန်းကြောင့် လျိုဟိုင်ချင်းနှင့် အခြားသူများ၏ မျက်နှာထားများမှာ တည်ကြည်သွားသည်။

"အမှတ် ၆ ဂြိုဟ်မှာ အခြေအနေ ဆိုးနေတယ်။ ရာရှိုမွန် မျိုးနွယ်က အဲ့ဒီမှာ တပ်ခွဲ နှစ်ခုတောင် ချထားတယ်။ ကျွန်တော်တို့ညီအစ်ကိုတွေက အဓိကစခန်းထဲမှာပဲ ခံစစ် အနေအထားနဲ့ ပုန်းအောင်းနေရပြီး အပြင်ကို လုံးဝ မထွက်နိုင်သလောက်ပဲ။ ဒီအတိုင်းသာ ဆက်သွားရင် အဲ့ဒီဂြိုဟ်ပေါ်က အရင်းအမြစ်အားလုံး သူတို့လက်ထဲပါသွားလိမ့်မယ်။ သူတို့ စစ်ကူအရေးပေါ်လိုအပ်နေတယ်။"

ထိုစကားကို ကြားသော် လုရီနှင့် အခြားသူများ၏ မျက်နှာထားများမှာ တောင့်တင်းသွားကြပြီး အားလုံး ခေါင်းညိတ်လိုက်ကြသည်။

မကြာမီမှာပင် မှော်ရတနာ ယာဉ်စုသည် ကောင်းကင်သို့ ပျံတက်ကာ နေရာလပ်ကို ဖြတ်သန်းပြီး အမှတ် ၄ ဂြိုဟ်ကို နောက်တွင်ထားခဲ့ကာ အခြားသော ဟင်းလင်းပြင်တစ်ခုဆီသို့ ရောက်ရှိသွားသည်။

ထိုအစစ်အမှန် ဟင်းလင်းပြင်ထဲမှ ဂြိုဟ်တစ်လုံးကို မြင်လိုက်ရသောအခါ လုရီတို့ အားလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွားကြတော့သည်။

"အဲ့ဒါက"

ပြတင်းပေါက်မှ တဆင့် သူတို့ မြင်နေရသည်မှာ ဟင်းလင်းပြင်ထဲ၌ မျောလွင့်နေသော ဂြိုဟ်တစ်လုံး ဖြစ်သည်။

ထိုဂြိုဟ်သည် တစ်ခြမ်းက အဖြူရောင် ဖြစ်ပြီး တစ်ခြမ်းက အနီရောင် ဖြစ်ကာ အလွန်မကြီးမားလှဘဲ၊ ထျန်းမင်နှင့် အမှတ် ၄ ဂြိုဟ်တို့ထက် အတော်အတန် သေးငယ်၏။

ပျံသန်း ရတနာအချို့သည် ဂြိုဟ်၏ အပြင်ဘက်တွင် ပျံဝဲနေကြပြီး ဝိညာဉ်အလင်းများ ထုတ်လွှတ်ကာ ရန်သူများကို အဆက်မပြတ် ထုနှက်တိုက်ခိုက်နေကြသည်။

ထိုအချိန်တွင် ရာရှိုမွန် မျိုးနွယ်၏ ကောင်းကင်ယာဉ်ပျံသင်္ဘော အချို့သည် ဧရာမယာဉ်ကြီးများမှ ခွဲထွက်ကာ ထိုဂြိုဟ်ဆီသို့ အရင်းအမြစ်များ တူးဖော်ရန် ဦးတည်နေကြသည်။

ယခုအချိန်တွင် ဂြိုဟ်၏ မျက်နှာပြင်ပေါ်၌ မျက်စိဖြင့်ပင် ထင်ရှားစွာမြင်နိုင်သော ဧရာမ ချိုင့်ဝကြီးတစ်ခုရှိနေပြီး အကိုက်အကြီးကြီး ကိုက်စားခံထားရသော ပန်းသီးတစ်လုံးနှင့်ပင် တူနေတော့၏။

ချိုင့်ဝကြီးအတွင်း၌ ချော်ရည်များက ပွက်ပွက်ဆူနေကာ နီစွေးလျက်၊ ဂြိုဟ်တစ်ခုလုံးသည် မည်သည့်အချိန်မဆို ပြိုကွဲသွားနိုင်သည့်အလား အက်ကြောင်းများဖြင့် ပြည့်နှက်နေ၏။

ဂြိုဟ်တစ်ခုလုံးကို အတွင်းပိုင်းအထိ တူးဖြိုခံထားရခြင်းဖြစ်သည်။

ဤမြင်ကွင်းကို မြင်သော် လုရီတို့အားလုံး အတန်ငယ် တုန်လှုပ်သွားကြသည်။

"ရာရှိုမွန် မျိုးနွယ်က ဂြိုဟ်တစ်ခုလုံးကို တူးထုတ်ပစ်မလို့လား။" လုရီ၏ မျက်နှာသည် ရုပ်ဆိုးသွားသည်။

လျိုဟိုင်ချင်း၏ မျက်နှာသည်လည်း အေးစက်နေ၏။

"ဒါက ရာရှိုမွန် မျိုးနွယ်ရဲ့ အကျင့်ပဲ။ အကယ်၍သာ အမှတ် ၄ ဂြိုဟ်ပေါ်မှာ ကျွန်တော်တို့အင်အားက ရာရှိုမွန် မျိုးနွယ်နဲ့ သိပ်မကွာလို့သာ မဟုတ်ရင် သူတို့ ဘာသတ္တုရိုင်းမှ ချန်ထားခဲ့မှာမဟုတ်ဘူး။ ဒီဂြိုဟ်က အမှတ် ၄ ဂြိုဟ်ထက် အများကြီးသေးတယ်။ ဒီနှုန်းနဲ့သာဆိုရင် နောက်အနှစ် နှစ်ဆယ်ထက် မပိုခင်မှာ ဒီဂြိုဟ်တစ်ခုလုံး ကို ရာရှိုမွန်မျိုးနွယ်က လုံးဝ ရှင်းလင်းသွားလိမ့်မယ်။"

ထိုစကားကို ကြားသော် လုရီနှင့် အခြားသူများ၏ မျက်နှာများမှာ အလွန်အမင်း တင်းမာသွားကြသည်။

ဤသည်မှာ သူတို့၏ ထျန်းမင်ကြယ်တာရာ စနစ်မှ ဂြိုဟ်တစ်လုံး ဖြစ်သည်။ အကယ်၍ ဂြိုဟ်ကို တူးဖြိုပြီး ပေါက်ကွဲသွားပါက ထျန်းမင်အပေါ် မည်သို့ သက်ရောက်မည်ကို မည်သူမျှ မသိနိုင်ချေ။

"သွားမယ်။ တပ်ခွဲဆယ်က ညီအစ်ကိုတွေကို သွားကူရမယ်။" လျိုဟိုင်ချင်းသည် နောက်ထပ်စကားမဆိုတော့ဘဲ အမိန့်ပေးလိုက်သည်။

ကောင်းကင်ယာဉ်ပျံသင်္ဘောများသည် တစ်စီးပြီးတစ်စီး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ စစ်မြေပြင်ဆီသို့ ပျံသန်းသွားကြတော့၏။

စစ်မြေပြင်၌ ကောင်းကင်ယာဉ်ပျံသင်္ဘောများအပြင် အာကာသ အပြင်ဘက်တွင် ပြင်းထန်သော တိုက်ပွဲများ ဆင်နွှဲနေကြသည့် စွမ်းအား ကြီးမြတ်သော အင်မော်တယ်များလည်း ရှိနေသည်။

အမှတ် ၆ ဂြိုဟ်သည် အလွန် သေးငယ်လွန်း၏။ အကယ်၍ ဤအင်မော်တယ်များသည် ၎င်း၏ မျက်နှာပြင်ပေါ်တွင် အင်အားအပြည့်ဖြင့် တိုက်ခိုက်ကြမည်ဆိုလျှင် သူတို့သည် ဂြိုဟ်

တစ်ခုလုံးကို လျင်မြန်စွာ ဖျက်ဆီးပစ်နိုင်ပြီး ၎င်းမှာ နှစ်ဖက်စလုံးအတွက် အကျိုး မရှိပေ။

ရာရှိုမွန်မျိုးနွယ်သည် ဤနေရာသို့ အရင်းအမြစ်များ တူးဖော်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းဖြစ်ပြီး ဂြိုဟ်ကို တမင်တကာ ဖျက်ဆီးရန် မဟုတ်ပေ။

အကယ်၍ ဂြိုဟ်တစ်ခုလုံး ပေါက်ကွဲသွားပါက သတ္တုရိုင်းများ ဆုံးရှုံးမှုမှာ ရေတွက်၍မရနိုင်အောင် များပြားမည် ဖြစ်ပြီး ကျန်ရှိသည်များကို စုဆောင်းရန် အလွန် ခက်ခဲပေလိမ့်မည်။

ထို့အပြင် ဂြိုဟ်တစ်လုံးပေါက်ကွဲခြင်းမှ ထုတ်ပေးသော စွမ်းအင်သည် အလွန်ကြီးမားလှသည်။ နက်ရှိုင်းခြင်း အင်မော်တယ်များပင် သတိထားရမည်ဖြစ်ပြီး အစစ်အမှန်အင်မော်တယ်များသည် မျက်နှာပြင်မှ မထွက်ခွာပါက သေဆုံးနိုင်ဖွယ်ရှိသည်။

အမှတ် ၄ ဂြိုဟ်ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းသည် နှစ်ဖက်စလုံးအတွက် အကျိုးမရှိပေ။

ဤသည်မှာ နှစ်ဦးနှစ်ဖက်ကြားမှ မပြောဘဲထားသော သဘောတူညီချက်တစ်ခု ဖြစ်သည်။

လုရီနှင့် သူ၏ယာဉ်စု ချဉ်းကပ်လာသည်နှင့်အမျှ၊ စစ်မြေပြင်၌၊ စစ်ယာဉ်အတွင်း...

သာမန်ရုပ်ရည်ရှိသော သက်လတ်ပိုင်းအရွယ် လူ

တစ်ဦး၏မျက်နှာသည် ဝင်းပလာပြီး အပြုံးတစ်ခုပေါ်လာလေသည်။

"ဒါ တပ်ဖွဲ့ဆယ့်နှစ်ပဲ။ စစ်တပ် ခေါင်းဆောင်က သူတို့ အမှတ် ၄ ဂြိုဟ်မှာ ရာရှိုမွန်တပ်မကြီးကို အနိုင်ယူပြီး ငါတို့ကို လာကူညီမယ်လို့ပြောတယ်။ သူတို့ ဒီလောက်မြန်မြန်ရောက်လာလိမ့်မယ်လို့

မထင်ထားဘူး။"

ကြယ်တာရာနယ်မြေတပ်မတော်မှ တပ်မှူးချုပ်များမှာလည်း ပြုံးလာကြသည်။

"ဟားဟားဟား၊ ကောင်းတယ်။"

ဤနှစ်များအတွင်း သူတို့သည် အလွန်အမင်း အကြပ်အတည်းတွေ့ခဲ့ရ၏။ ရန်သူ၏အင်အားမှာ သူတို့ထက် အဆမတန်သာလွန်နေပြီး သူတို့ကို အခင်းအကျင်းအတွင်း၌ မိမိတို့ကိုယ်မိမိ ထိန်းထားနိုင်ရန် ကောင်းကင်ယာဉ်ပျံသင်္ဘောများ၏ ကာကွယ်ရေးအခင်းအကျင်းများကို အားကိုးနေရသည်။

ကောင်းကင်ယာဉ်ပျံသင်္ဘောများမှ ထွက်ခွာပြီး နေရာလပ်ထဲတွင် ရာရှိုမွန် မျိုးနွယ်နှင့် တိုက်ပွဲများ ဆင်နွှဲခြင်းသည် အကြိမ်တိုင်း ဆုံးရှုံးမှုများသာ ဖြစ်ပေါ်စေခဲ့ပြီး ကြယ်တာရာ နယ်မြေတပ်မတော်သာမက အခြား အင်မော်တယ်များပါ ဒုက္ခရောက်ခဲ့ရသည်။

သူတို့၏ ကြိုးပမ်းမှု အားလုံးသည် ရာရှိုမွန်မျိုးနွယ်က ဂြိုဟ်ကို တူးဖော်သည့်နှုန်းကို နှေးကွေးစေရုံမျှသာ ဖြစ်၏။

ထိုခံစားချက်မှာ အမှန်တကယ်ပင် အသက်ရှူကျပ်စရာ ကောင်းလှသည်။

သူတို့သည် စစ်ကူများကို အဆက်မပြတ် တောင်းခံနေခဲ့သော်လည်း အခြားစစ်မျက်နှာများတွင်လည်း ရာရှိုမွန်မျိုးနွယ်က အများအားဖြင့် အသာစီးရနေရာ မည်သူက သူတို့ကို ကူညီရန် အင်အားပိုလျှံနေမည်နည်း။

သူတို့သည် မိမိတို့ဘာသာ ရုန်းကန်နေရုံသာ တတ်နိုင်ခဲ့သည်။

အကယ်၍ ကြယ်တာရာခြင်ဆီနှင့် ဝိညာဉ်ကျောက်စိမ်း ထောက်ပံ့မှု နည်းပါးလာပြီး ကောင်းကင်ယာဉ်ပျံသင်္ဘောများ

စွမ်းအင်ဆုံးရှုံးသွားပါက သူတို့သည် ဆက်လက်ခုခံနိုင်တော့မည် မဟုတ်ပေ။

ယခု စစ်ကူများ ရောက်ရှိလာခြင်းသည် အမှောင်ထဲမှ အလင်းရောင် တစ်စကို မြင်လိုက်သည့်နှယ်။

"အဲ့ဒီ လျိုဟိုင်ချင်းက ဘယ်လိုလုပ်လိုက်တာလဲ။ တခြား စစ်မြေပြင်တိုင်း ကျရှုံးနေချိန်မှာ အဲ့ဒီလူက ဘယ်လိုလုပ်ပြီး ရာရှိုမွန်တပ်မကြီးကို ချေမှုန်းနိုင်ခဲ့တာလဲ။" သက်လတ်ပိုင်းအရွယ်တပ်မှူးချုပ်သည် ချဉ်းကပ်လာသော တပ်ဖွဲ့ဆယ့်နှစ်ကို မယုံနိုင်စွာ ကြည့်ရင်း မယုံကြည်နိုင်စွာ ပြောလိုက်သည်။

ကြယ်တာရာနယ်မြေတပ်မတော်မှ အခြားကျင့်ကြံသူများမှာလည်း အံ့အားသင့်နေကြသည်။ ဤတစ်ကြိမ်တွင် ရာရှိုမွန်မျိုးနွယ်သည် ဧရာမ စစ်မှော်ရတနာသုံးခုကို ချထားပြီး တပ်အင်အားအရ အလွန်အမင်း သာလွန်နေသည်ကို သူတို့အားလုံး သိရှိကြသည်။

မိမိတို့နေရာကို ထိန်းထားနိုင်ခြင်းသည်ပင် အထင်ကြီးစရာကောင်းလှ၏။ ရာရှိုမွန်တပ်မတော်တစ်ခုလုံးကို ချေမှုန်းခြင်းမှာမူ

မကြားဖူးသော အရာ ဖြစ်ချေသည်။

လျိုဟိုင်ချင်းသည် ဤအရာကို မည်သို့အောင်မြင်ခဲ့သည်ကို လူတိုင်း စိတ်ဝင်စားနေကြသည်။

ဤအခိုက်အတန့်၌ပင် ရာရှိုမွန်မျိုးနွယ်၏ ကောင်းကင်ယာဉ်ပျံသင်္ဘောများ

အစုအဝေးအတွင်း၊ အလယ်ဗဟိုရှိ အရွယ်အစား အကြီးစား အနီရောင်

ကောင်းကင်ယာဉ်ပျံ သင်္ဘောအတွင်း၌ နီစွေးသော စစ်ချပ်ဝတ်စုံ ဝတ်ဆင်ထားသော

အရပ်အမောင်း ထွားကျိုင်းသော ပုံရိပ် နှစ်ခုသည် အမိန့်ပေးခန်းတွင် လက်ပိုက်လျက် ရပ်နေကြပြီး ကောင်းကင်ယာဉ်ပျံသင်္ဘော တပ်ဖွဲ့ဆယ့်နှစ်ကို အေးစက်သော မျက်နှာထားများဖြင့် အဝေးသို့ လှမ်းကြည့်နေကြသည်။

"လွန်ခဲ့တဲ့ တစ်နှစ်က တိုက်ခိုက်ရေး တပ်ဖွဲ့လေးနဲ့ အဆက်အသွယ် ပြတ်သွားတယ်၊ သူတို့ အကုန်သုတ်သင်ခံလိုက်ရပြီ ဖြစ်ရမယ်။ ဒါ ဒီကောင်တွေ လက်ချက်လား။"

"ဟုတ်တယ်၊ ဒီကောင်တွေ ဖြစ်ဖို့ အများဆုံးပဲ။

တကယ် ဒီကို လာရဲလိမ့်မယ်လို့ ငါ မထင်ထားဘူး။"

ရာရှိုမွန် တပ်မှူးချုပ် နှစ်ဦးသည် ကြမ်းကြုတ်စွာ ပြုံးလိုက်ကြသည်။

"သူတို့ထဲမှာ လူသားမျိုးနွယ် ပါရမီရှင်တစ်ယောက်ပါတယ်လို့ဆိုတယ်၊ အင်မတန် စွမ်းအားကြီးပြီး ကပ်ဘေးဖြတ်ကျော်အဆင့်နဲ့တောင် အားကောင်းတဲ့ နေရာလပ်နိယာမကို ပိုင်ဆိုင်ပြီး နက်ရှိုင်းခြင်း အင်မော်တယ်အခင်းအကျင်းကိုတောင် ဖြတ်ကျော်နိုင်တယ်တဲ့။"

"ဟက်၊ ဒါက သူတို့ရဲ့ အရည်အချင်းမရှိမှုအတွက် ဆင်ခြေပေးတာသက်သက်ပဲ။ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ယောက်က နေရာလပ်နိယာမကို ကျွမ်းကျင်ရင်တောင် နက်ရှိုင်းခြင်း အဆင့် အင်မော်တယ်အခင်းအကျင်းကို ဖြတ်ကျော်ဖို့ ဆိုတာ စိတ်ကူးယဉ်အိပ်မက် သက်သက်ပဲ။" ရာရှိုမွန်တပ်မှူးချုပ်နှစ်ဦးသည် ယခင်ရရှိထားသော သတင်းအချက်အလက်ကို မထီမဲ့မြင်ပြုလိုက်ကြသည်။

ရှုံးနိမ့်ပြီးနောက် မိမိ၏ ကျရှုံးမှုအတွက် ဆင်ခြေရှာခြင်းသည် အလွန် သာမန်မျှသာ ဖြစ်၏။

"ဒါက လီကူး သိပ်မိုက်မဲသွားတယ်ဆိုတာကိုပဲ ပြနေတာပဲ။"

တပ်မှူးချုပ်တစ်ဦးက ခေါင်းခါလျက် "တိုက်ပွဲမှာသေတာ သူ့ကံကြမ္မာပဲ။" ဟုဆိုလိုက်လေသည်။

အခန်း ၅၇၃- တိုက်ပွဲစလေပြီ...

~“ဒီ ကြယ်တာရာနယ်မြေတပ်မတော်ရဲ့ တပ်ရင်းကို ဘယ်လိုဖြေရှင်းကြမလဲ။”

သွေးငရဲတပ်မတော်မှ တပ်မှူးချုပ်တစ်ဦးက အရှိန်ပြင်းစွာ ချဉ်းကပ်လာသော ကောင်းကင်ယာဉ်ပျံအုပ်စုကို စူးစိုက်ကြည့်ရင်း အေးစက်ခက်ထန်သော အမူအရာဖြင့် မေးလိုက်သည်။

“အားလုံးစုပြီး သူတို့ကို ဟန့်တားရမယ်။ နောက်ဆုံးတော့ ဒါက တပ်ခွဲ တစ်ခုပဲဟာ။ သူတို့ကို ဒီဂြိုဟ်ရဲ့ အပြင်ဘက်မှာပဲ ထိန်းထား။ ငါတို့ရဲ့ တူးဖော်ရေး အဖွဲ့ကို သူတို့

လာအနှောင့်အယှက်ပေးလို့ လုံးဝ မဖြစ်ဘူး။”

ရာရှိုမွန်မျိုးနွယ် တပ်မှူးက ဆက်သွယ် ပြောဆိုနေစဉ်မှာပင် တစ်ဆယ့်နှစ် တပ်ခွဲ၏ ကောင်းကင်ယာဉ်ပျံသင်္ဘော အုပ်စုသည်လည်း တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။

ပျံသန်းနိုင်သော ယာဉ် တစ်ခုချင်းစီသည် အင်မော်တယ် လက်နက်များ ဖြစ်ကြပြီး အားအင် ပြင်းထန်လှသော တိုက်ခိုက်ရေးအခင်းအကျင်းများ ရေးထိုးထား၏။ လုံလောက်သော ဝိညာဉ်စွမ်းအင်သာ ထောက်ပံ့ပေးနိုင်မည်ဆိုပါက ၎င်းတို့သည် အင်မော်တယ် များနှင့်ပင် နှိုင်းယှဉ်နိုင်သော အလွန်အမင်း အားကောင်းသည့် တိုက်ခိုက်မှုများကို ထုတ်ဖော်နိုင်စွမ်းရှိသည်။

ကောင်းကင်ယာဉ်ပျံအုပ်စုသည် စကားတစ်ခွန်းမျှမဆိုဘဲ တိတ်ဆိတ်စွာဖြင့် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာပြီး ရာရှိုမွန်မျိုးနွယ်၏ ပျံသန်း ရတနာများကို တိုက်ခိုက်တော့သည်။

တိုက်ပွဲသည် ချက်ချင်းပင် ပိုမိုပြင်းထန်လာခဲ့၏။

ကီလိုမီတာပေါင်း သန်းချီကျယ်ဝန်းသော လေဟာနယ်အတွင်း၌ ဝိညာဉ်စွမ်းအင် လှိုင်းဂယက်တို့သည် အရှိန်အဟုန်ဖြင့် ထိုးတက်သွားပြီး နေရာတိုင်းတွင် ဝိညာဉ်စွမ်းအင် မုန်တိုင်းများက ပြင်းထန်စွာ တိုက်ခတ်နေလေသည်။ ထိုသို့သော ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင်မုန်တိုင်းများအောက်တွင် ကောင်းကင်ဘုံအင်မော်တယ်များ သာလျှင် အသက်ရှင်နိုင်မည်ဖြစ်ပြီး စွမ်းအားရှင်အဆင့် ရှိသူများပင် လေဟာနယ်ထဲသို့ ဝင်ရောက် အသက်ရှင်နိုင်မည် မဟုတ်ပေ။

အမှန်စင်စစ်၊ ဤမျှ ကြီးမားသော တိုက်ပွဲကြီးအတွင်း၌ စွမ်းအားရှင် တစ်ဦး အများဆုံးလုပ်နိုင်သည့်အရာမှာ ပျံသန်း ရတနာကို အသက်သွင်းခြင်း၊ အခင်းအကျင်း၏ တိုက်ခိုက်မှု လားရာကို ထိန်းချုပ်ခြင်း၊ မဟာ အခင်းအကျင်းကြီးတွင် ပြဿနာ တစ်စုံတစ်ရာ မရှိစေရန် သေချာစေခြင်းနှင့် လုံလောက်သော ဝိညာဉ် စွမ်းအင်ကို ထောက်ပံ့ပေးခြင်းသာ ဖြစ်တော့သည်။

လေဟာနယ်ထဲမှ တိုက်ပွဲသည် အထူးသဖြင့်

အင်မော်တယ်လက်နက် များဖြစ်သော ကောင်းကင်ယာဉ်ပျံသင်္ဘောများ ပါဝင်လာသည်နှင့်အမျှ မြေပြင်ပေါ်မှာထက်ပင် ပို၍ ရက်စက် ကြမ်းကြုတ်နေ၏။

ဤအခိုက်အတန့်၌ လုရီသည် လျိုဟိုင်ချင်းနှင့်အတူ နေရာလပ်ကူးပြောင်းမှု ကို အသုံးပြုကာ ကီလိုမီတာ သိန်းပေါင်းများစွာကို ဖြတ်ကျော်လျက် တစ်ဆယ်တပ်ခွဲ၏ တပ်ဦးဆောင်သင်္ဘောပေါ်သို့ ရောက်ရှိနှင့်နေပြီ ဖြစ်သည်။

လျိုဟိုင်ချင်းနှင့် လုရီတို့သည် တပ်ဦးဆောင်သင်္ဘောပေါ်သို့ ရောက်ရှိလာသောအခါ၊ အတွင်း၌ ရှိသော ယွီမိသားစု တပ်များသည် ထင်ယောင်ထင်မှား မြင်ကွင်း တစ်ခုကို မြင်လိုက်ရသကဲ့သို့ မယုံကြည်နိုင်သော အမူအရာများဖြင့် မှင်သက်သွားကြလေသည်။

သို့သော်ငြားလည်း သူတို့သည် စစ်စည်းကမ်းကောင်းမွန်မှုကို ပြသခဲ့ကြ၏။ ခဏမျှသာ မှင်သက်မိသွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ လုရီနှင့် လျိုဟိုင်ချင်းကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။

လျိုဟိုင်ချင်း၏ အကြည့်တို့က သူတို့အပေါ်သို့ ဝေ့ဝဲသွားပြီးနောက် သူ၏ သက်သေခံအမှတ်အသားပြားကို ထုတ်ယူလိုက်ကာ ဆို၏။

"ငါက တစ်ဆယ့်နှစ်တပ်ခွဲရဲ့ တပ်မှူး လျိုဟိုင်ချင်းပဲ။ မင်းတို့ ငါ့ကို မှတ်မိကြမယ်ထင်ပါတယ်။"

သက်သေခံအမှတ်အသားပြားကို မြင်သောအခါ ယူမိသားစုတပ်မတော်သားတို့၏ ကိုယ်များ တောင့်တင်းသွား၏။

ကြယ်တာရာနယ်မြေတပ်မတော်၏ သက်သေခံအမှတ်အသားပြားများကို အထူးမဟာအခင်းအကျင်းများဖြင့် ပြုလုပ်ထားရာ သာမန်ကျင့်ကြံသူများ တုပ၍ မရနိုင်ပေ။

သို့သော် သူတို့သည် ကာကွယ်ရေးအခင်းအကျင်းကို အသက်သွင်းထားသော ကောင်းကင်ယာဉ်ပျံသင်္ဘောအတွင်းသို့ မည်သို့မည်ပုံ ရောက်လာကြသနည်း။

ကင်းလှည့်နေသော ယူမိသားစုတပ်မတော်သားများစွာ၏ ခေါင်းထဲ၌ မေးခွန်းပေါင်းများစွာဖြင့် ပြည့်နှက်သွားတော့သည်။

"ခင်ဗျားက... တပ်မှူးလျိုဟိုင်ချင်း အစစ်လား။" ရှေ့မှဦးဆောင်နေသော ကြယ်တာရာနယ်မြေတပ်မတော်မှ တပ်မှူးက မယုံကြည်နိုင်သော မျက်နှာဖြင့် မသေမချာ မေးလိုက်သည်။

"ဟုတ်တယ်၊ ငါအစစ်ပဲ။"

လျိုဟိုင်ချင်း၏ မျက်နှာထားသည် တည်ကြည်သွားကာ ဆို၏။

"မင်းတို့လည်း မြင်ပြီးလောက်ရောပေါ့၊ တစ်ဆယ့်နှစ်တပ်ခွဲရဲ့ ကောင်းကင်ယာဉ်ပျံအုပ်စုက စစ်ကူရောက်လာပြီ။"

ယူမိသားစုတပ်မတော်မှ ကျင့်ကြံသူများ အားလုံး ခေါင်းညိတ်လိုက်ကြသည်။

ထိုအခိုက်တွင် အလင်းတန်းတစ်ခုသည် အရှိန်ပြင်းစွာဖြင့် ချဉ်းကပ်လာပြီး သူတို့ရှေ့မှောက်သို့ ရိပ်ခနဲ ကျရောက်လာ၏။ ထိုသူမှာ ကြယ်တာရာနယ်မြေ တပ်မတော်၏ စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး ဖြစ်လေသည်။

လုရီရော လျိုဟိုင်ချင်းပါ သူတို့၏ အရှိန်အဝါကို ဖုံးကွယ်မထားသည့်အပြင် ဤမျှအနီးကပ်သောအကွာအဝေးမှ နေရာလပ်ဆိုင်ရာ အားလှိုင်းများကြောင့် စွမ်းအားရှင် ကျင့်ကြံသူများ မသိဘဲနေရန်မှာ ဖြစ်နိုင်မည် မဟုတ်ချေ။

ရောက်ရှိလာသူ၏ မျက်လုံးအိမ်များသည်

လျိုဟိုင်ချင်းနှင့် လုရီကို မြင်လိုက်သည်နှင့် ရုတ်တရက် ကျုံ့သွားပြီးနောက် သူ၏မျက်နှာထက်တွင် အံ့အားသင့်ဟန်များ ထင်ဟပ်လာသည်

"လျိုဟိုင်ချင်း။ မင်းအစစ်လား။ မင်း ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ။"

လျိုဟိုင်ချင်းက ပြုံးကာ တိုက်တွန်းလိုက်သည်။

"ကွပ်ကဲရေးအခန်းကို သွားကြရအောင်။ ဟိုရောက်မှ အေးဆေးစကားပြောကြတာပေါ့။"

ထိုအခါ ထိုလူလတ်ပိုင်းအမျိုးသားက တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော လုရီကို တစ်ချက် အကဲခတ်ကာ အသာအယာ ခေါင်းညိတ်လိုက်၏။

သူတို့သုံးဦး ကွပ်ကဲရေးအခန်းဆီသို့ သွားရာလမ်းတွင်တော့ လျိုဟိုင်ချင်းက အချင်းချင်း အပြန်အလှန် မိတ်ဆက်ပေးခဲ့လေသည်။

ဤလူလတ်ပိုင်း အမျိုးသားမှာ တစ်ဆယ်တပ်ခွဲ၏ တပ်မှူးချုပ် ဖြစ်ပြီး ခဲမင်လော့ဟု အမည်ရကာ ထူးကဲသော စွမ်းအား ရှိသည့် နက်ရှိုင်းခြင်း အဆင့် အင်မော်တယ် တစ်ပါးဖြစ်ကြောင်း လုရီ သိလိုက်ရသည်။

ခဲမင်လော့သည်လည်း လုရီအကြောင်းကို သိထားပြီး ဖြစ်ပေသည်။ သူက လုရီကို အပြုံးအပြည့်ဖြင့် ကြည့်ကာ ဆို၏။

"ဒါဆို ခင်ဗျားက သခင်လေး လုရီကိုး။ ခင်ဗျားအကြောင်းကို ကျွန်တော် ကြားဖူးပါတယ်။

လင်းလောင်တောင်ထိပ် သခင်မရဲ့ တိုက်ရိုက် တပည့် ဆိုတာလေ။ ခင်ဗျားကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။"

သုံးဦးသား ကွပ်ကဲရေး အခန်းသို့ ဆက်သွားကြရာ ထိုနေရာတွင် ကြယ်တာရာ နယ်မြေတပ်မတော်မှ အခြား အဖွဲ့ဝင် အချို့လည်း ရှိနေ၏။ လုရီက ဝေ့ကြည့်လိုက်ရာ သူတို့အားလုံးသည် တပ်မှူးများ၏ စစ်ချပ်ဝတ် တန်ဆာများကို ဝတ်ဆင်ထားကြောင်း သတိပြုမိလိုက်သည်။

တပ်မှူး၊ တပ်ခွဲမှူးနှင့် သာမန် ကြယ်တာရာ နယ်မြေ တပ်မတော်သားများ၏

စစ်ချပ်ဝတ် တန်ဆာများကြားတွင် သိသာသော ကွာခြားချက် ရှိလေသည်။

မိတ်ဆက်ပြီးနောက်တွင် ခဲမင်လော့က လျိုဟိုင်ချင်းဘက်သို့ မယုံကြည်နိုင်သောဟန်ဖြင့် လှည့်ကာ ဆို၏။

"လျို၊ မင်း တကယ်ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တာပဲ။ စစ်ခေါင်းဆောင်က မင်းတို့ တစ်ဆယ့်နှစ် တပ်ခွဲဟာ သွေးငရဲတပ်မတော်ရဲ့ တိုက်ခိုက်ရေး အုပ်စု တစ်စုကို တစ်ဖွဲ့တည်းနဲ့ အပြတ်ရှင်းနိုင်ခဲ့တယ်လို့ ငါတို့ကို ပြောတယ်။ မင်းတို့ ဘယ်လိုများ လုပ်လိုက်ကြတာလဲ။"

အခြားကြယ်တာရာနယ်မြေတပ်မတော် တပ်မှူးများသည်လည်း လျိုဟိုင်ချင်းကို စူးစမ်းသော အကြည့်များဖြင့် ကြည့်နေကြပြီး ထိုအဖြစ်ကို နားလည်ရခက်နေကြသည်။

ထိုအခါ လျိုဟိုင်ချင်းက ခပ်ဟဟ ရယ်မောလိုက်ပြီး လုရီကို လက်ညှိုးထိုးပြကာ

"ဒါတွေအားလုံးက သခင်လေး လုရီရဲ့ ကျေးဇူးကြောင့်ပဲ။" ဟု ပြောလိုက်လေ၏။

ထိုစကားကို ကြားသော် လူတိုင်း မှင်သက်သွားကြပြီး သူတို့၏ မျက်နှာ အမူအရာများမှာ အတိုင်းအဆ မရှိ ထူးဆန်းသွားတော့သည်။

လုရီသည် လင်းလောင်တောင်ထိပ် သခင်မ၏ တပည့် ဖြစ်သော်ငြားလည်း သူသည် ကပ်ဘေးဖြတ်ကျော်အဆင့် ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်သည်ကို သတိပြုရပေမည်။

ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ဦးက ကြယ်တာရာ နယ်မြေ တပ်မတော်ကို ဦးဆောင်ပြီး သွေးငရဲ တပ်မတော် တိုက်ခိုက်ရေး အုပ်စုကို ချေမှုန်းနိုင်ခဲ့သည်တဲ့လား။

ထိုသို့သော အတွေးမျိုးသည် သူတို့၏ အိပ်မက်ထဲတွင်ပင် ဝင်လာလိမ့်မည်မဟုတ်ပေ။

"လျို၊ အခြေအနေက အရေးကြီးနေပါတယ်။ နောက်မနေစမ်းပါနဲ့ကွာ။" ခဲမင်လော့က ဆို၏။

လျိုဟိုင်ချင်းက သွားများ ပေါ်အောင် ရယ်လိုက်သည်။

"ဘာဖြစ်လို့လဲ။ မယုံဘူးလား။ ငါ နောက်နေတာမဟုတ်ဘူး။ ငါတို့ မင်းတို့ရဲ့ တပ်ဦးဆောင်သင်္ဘောပေါ်ကို ဘယ်လိုရောက်လာတယ်လို့ မင်းတို့ ထင်လဲ။"

ထိုစကားကြောင့် လူတိုင်း ကြောင်သွားကြပြီး

ခဲမင်လော့နှင့် အခြားသူများသည်လည်း ဤမေးခွန်းကို စဉ်းစားမိကြသည်။

ဟုတ်ပေသည်။ အပြင်ဘက်တွင် အားကောင်းသော အခင်းအကျင်းက ကာရံထားပါလျက်

သူတို့ မည်သို့ ဝင်လာခဲ့သနည်း။

လျိုဟိုင်ချင်း အကြောင်းကို သူသိထားသလောက်အရ လျိုဟိုင်ချင်းတွင် ဤသို့သော စွမ်းဆောင်ရည်မျိုး မရှိသည်မှာ သေချာသည်။ သို့ဆိုလျှင် သူ မဟုတ်ပါက...

ခဲမင်လော့က လုရီဘက်သို့ အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

"သခင်လေးလုရီကြောင့် ဖြစ်နိုင်မလား။"

"ဟား... သခင်လေး လုရီကြောင့်ပေါ့။ သူ့ရဲ့ နေရာလပ် နိယာမ ကျွမ်းကျင်မှုက အလွန်အားကောင်းပြီး အခင်းအကျင်း တာအိုကို နားလည်မှုကလည်း အရမ်း နက်ရှိုင်းတယ်။ နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် အခင်းအကျင်း တစ်ခုတောင်မှ သူ့ကို မတားဆီးနိုင်ဘူး။"

လျိုဟိုင်ချင်းက အလွန် ဂုဏ်ယူသောဟန်ဖြင့် ဆိုလိုက်သည်။

"ဒါက ဘာကို ဆိုလိုတယ်ဆိုတာ မင်းတို့ သိသင့်တယ်မလား။"

လျိုဟိုင်ချင်း၏ အဖြေကို ကြားသောအခါ

ခဲမင်လော့နှင့် အခြားသူများသည် သူတို့၏ နှလုံးခုန်သံများကိုပင် ပြန်ကြားနေရသကဲ့သို့ ရှိတော့သည်။

ခဲမင်လော့၏ နှုတ်ခမ်းများပင် အနည်းငယ် ခြောက်ကပ်လာသည်။

"...နက်ရှိုင်းခြင်း အင်မော်တယ် အခင်းအကျင်းတောင်မှ သူ့ကို မတားနိုင်ဘူးလား။"

"အမှတ် ၄ ဂြိုဟ်မှာတုန်းက သွေးငရဲတပ်မတော်ရဲ့ အဓိကအခြေစိုက်စခန်း အခင်းအကျင်းက သခင်လေးလုရီကို မတားနိုင်ခဲ့ဘူး။" လျိုဟိုင်ချင်းက မျက်ခုံးပင့်ကာ ပြုံးလျက် ဆို၏။

ခဲမင်လော့၏ မျက်လုံးများက အရောင် တစ်ချက်လက်သွားပြီး လုရီကို ကြည့်လိုက်သော သူ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် စိမ်းလဲ့လဲ့ဖြစ်နေ၏။

"ဒီလိုသာဆိုရင် ကျူးကျော်လာတဲ့ ရာရှိုမွန်

မျိုးနွယ် အားလုံးကို သတ်ဖြတ်ဖို့ ငါတို့မှာ မျှော်လင့်ချက် ရှိနိုင်တယ်။"

အခြား ကြယ်တာရာနယ်မြေ တပ်မတော် တပ်မှူးများသည်လည်း လုရီကို စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

သူတို့သည် နှစ်ပေါင်းများစွာ ဝန်းရံခံထားခဲ့ရသာ် ဖြစ်ရာ သူတို့နှင့်အတူ သယ်ဆောင်လာသော အရင်းအမြစ်များသာ မများပြားခဲ့ပါက ယခုအချိန်တွင် ဆုတ်ခွာခဲ့ရလောက်ပြီ ဖြစ်သည်။

ဆုတ်ခွာစရာ မလိုသည့်တိုင်အောင် သူတို့လုပ်နိုင်ခဲ့သည်မှာ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများက

သူတို့၏ ကောင်းကင်ကြယ်တာရာနယ်မြေမှ ဂြိုဟ်များကို လုယက် ဖျက်ဆီးနေသည်ကို လက်ပိုက်ကြည့်နေရုံသာ ဖြစ်သည်။

ယခုလို အခြေအနေ၏ အရသာမှာ အမှန်ပင် ခံရခက်လှသည်။

သူတို့သည် တန်ပြန်တိုက်ခိုက်ချင်နေခဲ့သည်မှာ ကြာလှပြီ။

ယခုမူ အခွင့်အရေးက သူတို့၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်မှာ လျိုဟိုင်ချင်းက သူတို့၏ ခံစားချက်ကို နားလည်ပြီး လေးနက်သော အမူအရာဖြင့် ပြောလာ၏။

"ဒါကြောင့်ပဲ ရာရှိုမွန်မျိုးနွယ်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဆွေးနွေးဖို့ ငါတို့ဒီကို ရောက်လာကြတာပဲ။"

လျိုဟိုင်ချင်းက လုရီကို ကြည့်ကာ မေးလိုက်သည်။

"သခင်လေးလုရီ၊ ဒီတစ်ခါက အမှတ် ၄ ဂြိုဟ်မှာတုန်းကထက် ပိုပြီး အန္တရာယ်များနိုင်တယ်။ ခင်ဗျားမှာ ဘယ်လိုအကြံအစည်များ ရှိပါသလဲ။"

ထိုအခါ ခဲမင်လော့နှင့် အခြားသူများသည် လုရီကို စိုးရိမ်သောကရောက်စွာဖြင့် ကြည့်နေကြသည်။

နောက်ဆုံးတွင် လုရီ၏ အဆင့်အတန်းမှာ အလွန်မြင့်မားလှရာ သူသာ ဆန္ဒ မရှိပါက သူတို့လည်း ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

လုရီက စိတ်ရင်းမှန်ဖြင့် ပြုံးလိုက်ကာ

"ကျွန်တော် ဒီစကားကိုပဲ ထပ်ပြောပါရစေ။ ရာရှိုမွန်မျိုးနွယ်တပ်မတော်က ကျွန်တော့်ရဲ့ ကောင်းကင် ကြယ်တာရာနယ်မြေ ပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်လာတာမို့ ကျွန်တော် လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။"

"သခင်လေးလုရီက တကယ်ပဲ မွန်မြတ်လှပါပေတယ်။"

ခဲမင်လော့နှင့် အခြားသူများ၏ မျက်နှာထက်တွင် ဝမ်းမြောက်မှုများ ပေါ်လွင်လာတော့သည်။

လုရီက ပြုံးလိုက်ပြီး သူ၏ စိတ်ထဲတွင် ရာရှိုမွန်မျိုးနွယ်၏ ကောင်းကင်ယာဉ်ပျံ သင်္ဘောအုပ်စုကို ဖျက်ဆီးကာ ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်ရန် အလုပ် တစ်ခုကို သူ့ကိုယ်သူ တိတ်တဆိတ်ပေးလိုက်တော့၏။

【အလုပ်】

ရာရှိုမွန်မျိုးနွယ် ကောင်းကင်ယာဉ်ပျံ သင်္ဘောအုပ်စုကို ဖျက်ဆီးပြီး ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်ပါ။

ဆုလာဘ်: ပြီးမြောက်မှု အတိုင်းအတာပေါ်မူတည်၍ ဆုံးဖြတ်မည်။

အလုပ်ကို လက်ခံမည်: လက်ခံမည်လား/ငြင်းမည်လား။

လုရီက ထိုအလုပ်ကို တိတ်တဆိတ် လက်ခံလိုက်၏။

သူ ကောင်းကောင်း သိနေသည်မှာ သူသာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့လျှင် ဆုလာဘ်များကလည်း မသေးလှလောက်ပေ။

လုရီ၏ စိတ်ထဲ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားတော့သည်။

အုပ်စုသည် အကြံဉာဏ်များ ဖလှယ်ကြပြီးနောက် လှုပ်ရှားမှု အစီအစဉ် တစ်ခုကို အမြန် ချမှတ်လိုက်ကြသည်။

ထို့နောက် သူတို့သည် စတင် လှုပ်ရှားကြတော့၏။

လုရီက လျိုဟိုင်ချင်းကို ခေါ်ဆောင်ကာ တစ်ဆယ်တပ်ခွဲ၏ အဓိကကောင်းကင်ယာဉ်ပျံ သင်္ဘောမှ ထွက်ခွာပြီး သူ၏ ကိုယ်ပိုင် အဓိကယာဉ်သို့ ပြန်လာခဲ့သည်။

ဆက်လက်၍ လျိုဟိုင်ချင်းသည် တစ်ဆယ့်နှစ်တပ်ခွဲ၏ ကြယ်တာရာ နယ်မြေ တပ်မတော် နှင့် ကောင်းကင်ဘုံ အင်မော်တယ် အဆင့် စွမ်းအားရှင်အများအပြားကို ဦးဆောင်လျက် အဓိကယာဉ်မှ ထွက်ခွာကာ ရာရှိုမွန် မျိုးနွယ်၏ ကောင်းကင်ယာဉ်ပျံ သင်္ဘောများဆီသို့ တိုးဝင်တိုက်ခိုက်တော့သည်။

အခြား တစ်ဖက်တွင်လည်း ခဲမင်လော့သည်

တစ်ဆယ်တပ်ခွဲ၏ ကြယ်တာရာ နယ်မြေတပ်မတော်နှင့် ကောင်းကင်ဘုံ အင်မော်တယ်အဆင့် တကိုယ်တော် ကျင့်ကြံသူ အုပ်စု တစ်စုကို ဦးဆောင်လျက် အလားတူပင် တိုးဝင်

တိုက်ခိုက်သွားလေ၏။

ကောင်းကင်ဘုံ အင်မော်တယ်များနှင့် အစစ်အမှန် အင်မော်တယ်အဆင့် စွမ်းအားရှင်များသည် လေဟာနယ်အတွင်း၌ သူတို့၏ သဘာဝ ပတ်ဝန်းကျင်ကဲ့သို့ လှုပ်ရှား သွားလာကြပြီး

ရာရှိုမွန်မျိုးနွယ် ကောင်းကင်ယာဉ်ပျံ သင်္ဘောများမှ ပစ်လွှတ်လိုက်သော ဝိညာဉ်စွမ်းအင်အလင်းလုံးများကို ရှောင်တိမ်းကာ ယာဉ်များဆီသို့ ချဉ်းကပ်သွားကြ၏။

ထိုမြင်ကွင်းကို မြင်သော် ရာရှိုမွန်မျိုးနွယ် တပ်မှူးချုပ်၏ မျက်နှာထက်တွင် ကြမ်းကြုတ်သော မဲ့ပြုံး တစ်ခု ထင်ဟပ်လာသည်။

"ဟမ့်၊ စစ်ကူတွေ ရောက်လာတာ မြင်တော့ တန်ပြန်တိုက်ခိုက်ချင်နေကြပြီပေါ့လေ။"

"သိပ်ကို ရိုးအလွန်းပါလား။ တပ်ခွဲ တစ်ခွဲ တိုးလာတော့ရော ငါတို့ကို ဘာများ လုပ်နိုင်မှာမို့လို့လဲ။ ငါတို့ရဲ့ အင်မော်တယ်အရေအတွက်က အားသာချက်အဖြစ် ရှိနေတာကို"

ရာရှိုမွ န်မျိုးနွယ် တပ်မှူးချုပ်၏ မျက်နှာသည်

အေးစက်သွားပြီး လှောင်ပြောင်သော အပြုံးဖြင့် ဆို၏။

"သူတို့က သေလမ်းကို ရှာချင်နေမှတော့ သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြ။ အကုန် သတ်ပစ်။"

ရာရှိုမွန် မျိုးနွယ် အင်မော်တယ် အလုံးအရင်းသည်လည်း တိုးဝင်လာကြပြီး ကြယ်တာရာနယ်မြေ တပ်မတော်၏ စွမ်းအားရှင်များဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားကြသည်။

ပြင်းထန်သော တိုက်ပွဲကြီး တစ်ပွဲ ဖြစ်ပွားခဲ့ပြီး အင်မော်တယ်များ၏ အစွမ်းသည် မယုံနိုင်လောက်အောင် အားကောင်းလှကာ အထူးသဖြင့် သူတို့ကြားမှ နက်ရှိုင်းခြင်း အင်မော်တယ်

လေးဦးမှာ ပို၍ပင် လက်ဖျားခါ၏။

သူတို့၏ တိုက်ပွဲမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ တိုက်ခိုက်မှု လှိုင်းများက ပတ်ဝန်းကျင်ကို ဖျက်ဆီးနေ၏။

အစစ်အမှန်အင်မော်တယ်များပင် နောက်သို့ဆုတ်ရပြီး ကောင်းကင်ဘုံ အင်မော်တယ်များမှာမူ ပို၍ပင် အဝေးသို့ ရှောင်တိမ်းနေရသည်။

အင်မော်တယ်များကြားမှ တိုက်ပွဲစတင်သည်နှင့် ဝိညာဉ်စွမ်းအင်မုန်တိုင်းများ ထန်နေပြီးသော

ထိုနေရာသည် ယခုအခါ ရောင်စုံ ဝိညာဉ်အလင်းတန်းများဖြင့် လုံးဝ ဖုံးလွှမ်းသွားကာ နိယာမ စွမ်းအားများ ဖြင့် ပြည့်လျှံနေတော့သည်။ မီးတောက်များ ထတောက်ခြင်း၊ နှင်းခဲများ အေးခဲလာခြင်း၊ သွေးပင်လယ်ကဲ့သို့သော သွေးချီများနှင့် တောက်ပသော နေလုံးများက လေဟာနယ်ကို ဖျက်ဆီးနေကြ၏။

နှစ်ဖက်စလုံး၏ ကောင်းကင်ယာဉ်ပျံ သင်္ဘောများသည် ဝိညာဉ်စွမ်းအင် မုန်တိုင်းကို ကာကွယ်ရန် သူတို့၏ ကာကွယ်ရေး အခင်းအကျင်းများကို ထိန်းသိမ်းထား၏။ တစ်ချိန်တည်းမှာပင် သူတို့၏ တပ်ရင်း အင်မော်တယ်များကို ထောက်ပံ့ရန်အတွက် တိုက်ခိုက်ရေး အခင်းအကျင်းများ ဖော်ထုတ်ကာ အင်မော်တယ် အဆင့်ရှိ အားကောင်းသော အင်မော်တယ် သိုင်းနည်းစနစ် များကို ဖန်တီးနေကြလေသည်။

ဤအခိုက်အတန့်တွင် လုရီသည် ဝမ်ယွမ်ယွမ်၊ အမ်ဘာ၊ လုံယွမ်နှင့် အခြား အင်မော်တယ်များနှင့်အတူ တစ်ဆယ်တပ်ခွဲ၏ အဓိက ကောင်းကင်ယာဉ်ပျံ သင်္ဘောနေရာသို့ ရောက်ရှိလာခဲ့သည်။

တစ်ဆယ်တပ်ခွဲ၏ အဓိက ကောင်းကင်ယာဉ်ပျံ သင်္ဘောအတွင်း၌ ကြယ်တာရာနယ်မြေတပ်မတော်မှ တပ်မှူးတစ်ဦးက စောင့်ဆိုင်းနေ၏။ သူသည် ပုံမှန် မဟုတ်စွာ အရပ်ပုသော လူငယ်တစ်ဦးဖြစ်၏။ သူ့ထံမှ ဖြူဖွေးသော မီးခိုးရောင် ဆံပင်တိုများဖြင့် အလွန်အမင်း အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေ၍ မရဏ အငွေ့အသက်တို့ လွှမ်းခြုံနေလေသည်။

လုရီက တစ်ချက်ကြည့်လိုက်ကာ ကြယ်တာရာနယ်မြေတပ်မတော် တပ်မှူးသည် မည်မျှအားကောင်းလိုက်သည်ကို စိတ်ထဲ၌ အံ့အားသင့်သွားသည်။

ဤသည်မှာ သူတို့၏ အစီအစဉ်ပင်ဖြစ်သည်။ လျိုဟိုင်ချင်းနှင့် ခဲမင်လော့တို့က ကြယ်တာရာနယ်မြေတပ်မတော် စွမ်းအားရှင် တစ်အုပ်စုကို ဦးဆောင်ကာ ရာရှိုမွန်မျိုးနွယ်ကို တိုက်ခိုက်ပြီး ရာရှိုမွန်မျိုးနွယ် စွမ်းအားရှင်များကို ဆွဲထုတ်မည်။

ထို့နောက် လုရီက သူ၏ အထူးရွေးချယ်ထားသောအဖွဲ့ဖြင့် ရာရှိုမွန်မျိုးနွယ်၏ အဓိကကောင်းကင်ယာဉ်ပျံ သင်္ဘောပေါ်သို့ ကူးပြောင်းသွားပြီး အတွင်းမှ အခင်းအကျင်းဗဟိုချက်ကို ဖျက်ဆီးလိုက်မည်ဖြစ်သည်။

အကယ်၍ သူတို့သည် အဓိက ကောင်းကင်

ယာဉ်ပျံသင်္ဘော၏ ကာကွယ်ရေး အခင်းအကျင်းနှင့် တိုက်ခိုက်ရေး အခင်းအကျင်းကို ဖျက်ဆီးနိုင်ခဲ့လျှင် ရာရှိုမွန်မျိုးနွယ်သည် ထိပ်တန်း တိုက်ခိုက်ရေး အင်အားတစ်ခုကို ဆုံးရှုံးသွားမည် ဖြစ်သည်။ နက်ရှိုင်းခြင်း အင်မော်တယ် ကာကွယ်ရေး အခင်းအကျင်းနှင့် တိုက်ခိုက်ရေး အခင်းအကျင်း ပါသော ပျံသန်းရေးယာဉ်ဟူသည် နက်ရှိုင်းခြင်း အင်မော်တယ် တစ်ပါးထက် အစွမ်း မနိမ့်လှပေ။

"အာ။ စီမင်၊ မင်းကိုး။" ဝမ်ယွမ်ယွမ်က ထိုလူငယ်ကို မှတ်မိသည့်ဟန်ဖြင့် အနည်းငယ် စိုးရိမ်သော အမူအရာနှင့် ပြောလိုက်သည်။

ထိုအခါ စီမင်က ဝမ်ယွမ်ယွမ်ကို ကြည့်ကာ အသိအမှတ် ပြု၍ ခေါင်းညိတ်လိုက်သည်။

"မင်းကိုး။ ဒီစစ်ဆင်ရေးက အောင်မြင်ဖို့ အခွင့်အလမ်းကောင်း ရှိပုံပဲ။"

"သခင်လေးလုရီ၊ ကျွန်တော် အသင့်ပါပဲ။"

စီမင်က လုရီဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလာ၏။

လုရီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဒါဆိုရင် ထွက်ခွာကြစို့ဗျာ"

လုရီက ကောင်းကင်ဥမင် ကျောက်ပြားကို ထုတ်ယူပြီး နေရာလပ် နိယာမကို အပြည့်အဝ အသက်သွင်းကာ အင်မော်တယ် အုပ်စုတစ်စုနှင့်အတူ ရာရှိုမွန် မျိုးနွယ်၏ နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် အဓိက ကောင်းကင်ယာဉ်ပျံ သင်္ဘောဆီသို့ ကူးပြောင်းသွားလေတော့၏။

All Chapters