← Chapters

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း ၅၇၇ - စစ်မြေပြင်ပေါ်မှ သတ်ဖြတ်ရေးစက်ယန္တရား...

~ရာရှိုမွန်မျိုးနွယ်၏ မိခင်သင်္ဘောအတွင်းပိုင်း၌...

လုရီသည် အခင်းအကျင်းမျက်လုံးကို ဖျက်ဆီးပြီးနောက် အခန်းထဲမှ ထွက်ခွာလာခဲ့သည်။ ထို့နောက် လူတိုင်းရှိရာသို့ ပြန်လာခဲ့၏။

ဝမ်ယွမ်ယွမ်နှင့် စီမင်တို့သည် အလွန်အစွမ်းထက်သော အရည်အသွေးများကို နောက်တစ်ကြိမ် ပြသခဲ့ကြသည်။ သူတို့

နှစ်ဦးတည်းကပင် သွေးငရဲ တပ်မတော် တပ်ခွဲ တစ်ခွဲလုံးကို တန်ပြန် တိုက်ခိုက်ခွင့်

မပေးဘဲ အပြတ်အသတ် ဖိနှိပ်နိုင်ခဲ့သည်။

မကြာမီပင်၊ သူတို့သည် သွေးငရဲတပ်မတော် တပ်ခွဲ တစ်ခွဲလုံးကို အပြတ် ရှင်းလင်းနိုင်ခဲ့သည်။

သို့သော် သွေးငရဲတပ်မတော် တပ်ခွဲ နှစ်ခုကို ရှင်းလင်းပြီးနောက် သူတို့နှစ်ဦးလုံး၏ အရှိန်အဝါများ သိသိသာသာ အားနည်းသွားသည်။ မျက်နှာများမှာ အနည်းငယ် ဖြူရော်နေပြီး အသက်ကို မောဟိုက်စွာ ရှူနေကြရ၏။

လုရီက သူတို့ကို ကြည့်ကာ မေးလိုက်သည်။

“ခင်ဗျားတို့ အဆင်ပြေရဲ့လား။”

ထိုအခါ ဝမ်ယွမ်ယွမ်က ခေါင်းခါပြရင်း

“စွမ်းအား သုံးစွဲမှုက နည်းနည်းများသွားတယ်။ ပြန်ပြီး အားဖြည့်ဖို့ပဲ လိုတာပါ” ဟုဆိုသည်။

စီမင်က လုရီဘက်သို့ ခေါင်းညိတ်ပြပြီး တင်ပလ္လင်ခွေထိုင်ကာ အားပြန်ဖြည့်နေလေပြီ။

ထိုမြင်ကွင်းကြောင့် ဝမ်ယွမ်ယွမ်လည်း တင်ပလ္လင်ခွေထိုင်လိုက်၏။

ဤအချိန်တွင် မိခင်သင်္ဘောပေါ်မှ ရာရှိုမွန်မျိုးနွယ်၏ အင်အားကြီး တိုက်ခိုက်ရေးသမားအားလုံး သေဆုံးသွားပြီ ဖြစ်၍

သူတို့၏ အားပြန်ဖြည့်မှုကို မည်သူမျှ နှောင့်ယှက်မည် မဟုတ်ပေ။

ထိုမြင်ကွင်းကြောင့် ပါ့မူနှင့် အခြားသူများလည်း ထိုင်ချလိုက်ကြသည်။

ယခင်တိုက်ပွဲတွင် သူတို့သည် အရန်တာဝန်များသာ လုပ်ဆောင်ခဲ့ရသော်လည်း၊ ကောင်းကင်ဘုံ အင်မော်တယ် အယောက်နှစ်ဆယ်ခန့်ကို အချိန်တိုအတွင်း ရင်ဆိုင်ခဲ့ရခြင်းကပင် အလွန်အမင်း အားကုန်စေခဲ့သည်။ ထို့အပြင် ပြင်းထန်သော ဒဏ်ရာများပင် ရရှိခဲ့ကြသည်။

လုရီလည်း သူတို့ကို ကြည့်ကာ တင်ပလ္လင်ခွေထိုင်လိုက်ပြီး သူ၏ အားအင်ကို ပြန်လည်ဖြည့်တင်းရန် ကြယ်တာရာခြင်ဆီ တစ်စက်ကို ထုတ်ယူလိုက်တော့သည်။

သူသည် စောစောက အင်မော်တယ်

တက်လှမ်းခြင်း သိုင်းနည်းစနစ်ကို အသုံးပြုခဲ့ရာ၊ အတော်လေး အားကုန်ခဲ့သည်။

ယခုအချိန်၌ပင် သူ၏ ဝိညာဉ်စွမ်းအင် တစ်ဝက်ခန့်သာ ကျန်ရှိတော့သည်။

ဝမ်ယွမ်ယွမ်နှင့် စီမင်တို့သည်လည်း ကြယ်တာရာခြင်ဆီကို အသုံးပြု၍ ကျင့်ကြံအားဖြည့်နေကြသည်။

မကြာမီမှာပင် လုရီသည် ပထမဆုံး အားပြန်ပြည့်လာသည်။ ခဏအကြာတွင် ဝမ်ယွမ်ယွမ်နှင့် စီးမင်တို့လည်း အားပြန်ပြည့်သွားကြ၏။

ပါ့မူနှင့် အခြားသူများ၏ အားပြန်ပြည့်မှုကတော့ ထိုမျှ မမြန်ဆန်ပေ။ ကြယ်တာရာခြင်ဆီသည် အလွန် တန်ဖိုးကြီးသောကြောင့် သူတို့သည် ကျင့်ကြံချိန်၌သာ အသုံးပြုကြသည်။

စီမင်က ပါ့မူနှင့် အခြားသူများကို ကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး “သခင်လေးလုရီ၊ အခုက ရတောင့်ရခဲ အခွင့်အရေးပဲ။ သံပူတုန်းကို ထုရမယ်။ အပြင်ထွက်ပြီး ရာရှိုမွန်မျိုးနွယ်ရဲ့ ကျန်နေတဲ့ အင်အားကြီးသူတွေကို သတ်ဖြတ်ရမယ်” ဟု ဆိုလာ၏။

ဝမ်ယွမ်ယွမ်ကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

ဘေးတွင် အားပြန်ဖြည့်နေဆဲဖြစ်သော

ပါ့မူကဲ့သို့သော လူများသည် ထိုစကားကို ကြားသောအခါ မျက်လုံးများ ဖွင့်ကာ မတ်တပ်ထရပ်လိုက်ကြသည်။

ဤသည်မှာ သူတို့၏ စစ်ပွဲရမှတ်နှင့် သက်ဆိုင်နေသည်။ သူတို့ နောက်ကျန်ရစ်

မခံလိုကြပေ။

“ဒါဆိုရင်လည်း အပြင်ထွက်ကြတာပေါ့”

လုရီက သဘောတူလိုက်သည်။ သူက အဖွဲ့ကို ဦးဆောင်ကာ နေရာလပ်ထဲသို့ပေါင်းစည်းပြီး မိခင်သင်္ဘောမှ ထွက်ခွာသွားကြ၏။

မိခင်သင်္ဘောမှ ထွက်လာသည်နှင့် လေဟာနယ်ထဲတွင် ဝိညာဉ်အလင်းများ လက်နေသည်။ ဝိညာဉ်စွမ်းအင်လှိုင်းများက ထိန်းမနိုင်သိမ်းမရ ပြေးလွှားနေပြီး မုန်တိုင်းများက တိုက်ခတ်နေသည်။ လုရီသည် ပြင်းထန်သော တိုက်ခတ်မှုများကို ချက်ချင်း ခံစားလိုက်ရ၏။

သူသည် စစ်မြေပြင်ကို ကြည့်လိုက်ရာ တိုက်ပွဲသည် ယခင်ကထက်ပင် ပိုမိုပြင်းထန်နေသည်ကို တွေ့လိုက်ရသည်။

ရာရှိုမွန်မျိုးနွယ်၏ မိခင်သင်္ဘောနှစ်စင်း ဖျက်ဆီးခံရသောကြောင့် ဖြစ်မည်။ ဆယ်တပ်ခွဲနှင့် ဆယ့်နှစ်တပ်ခွဲတို့၏ ထိုးစစ်မှာ ယခင်ကထက် များစွာ ပိုမိုပြင်းထန်လာသည်။

လုရီသည် နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် စစ်မြေပြင်သို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။

ရာရှိုမွန်မျိုးနွယ်၏ တပ်မှူးချုပ်နှစ်ဦးမှာ အလွန်အားကောင်းကြသည်။ သူတို့သည် ကြယ်တာရာနယ်မြေတပ်မတော်မှ တပ်မှူးချုပ်နှစ်ဦးနှင့် ယှဉ်လျှင်ပင် အားမနည်းကြပေ။

သို့သော် ဆယ်တပ်ခွဲနှင့် ဆယ့်နှစ်တပ်ခွဲ၏ မိခင်သင်္ဘောများမှာ အကောင်းပကတိ ရှိနေဆဲဖြစ်သည်။ ၎င်းတို့ပေါ်မှ မဟာအခင်းအကျင်းကြီးကို အသက်သွင်းထားပြီး၊ အလွန်အစွမ်းထက်သော အင်မော်တယ်သိုင်းနည်းစနစ်များကို အဆက်မပြတ် ထုတ်လွှတ်နေသည်။

လေလှံစွပ်များက လေဟာနယ်ထဲတွင် သောင်းကျန်းနေပြီး၊ နဂါးဟိန်းသံများဖြင့် ကောင်းကင်နှင့်မြေကြီး ပဲ့တင်ထပ်နေ၏။ ထိုအင်မော်တယ်သိုင်းနည်းစနစ်များက

လုရီ၏ နှလုံးသားကိုပင် တဒိတ်ဒိတ် တုန်လှုပ်စေသည်။

နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် အင်မော်တယ်သိုင်းနည်းစနစ်များကို အနည်းငယ် ပွတ်တိုက်မိရုံမျှဖြင့် လုရီသည် လွတ်မြောက်ရန် အခွင့်အရေး နည်းပါးလှသည်။

ထိုအချိန်တွင် အခြားနေရာများ၌ ကြယ်တာရာနယ်မြေတပ်မတော်နှင့် သွေးငရဲတပ်မတော်တို့၏ မဟာတိုက်ပွဲကြီးမှာ ဆက်လက်ဖြစ်ပွားနေသည်။ တကိုယ်တော် အင်မော်တယ်ကျင့်ကြံသူများနှင့် ရာရှိုမွန်မျိုးနွယ်၏ ကောင်းကင်ဘုံအင်မော်တယ်များကြားမှ တိုက်ပွဲများမှာလည်း အရှိန်အဟုန်ပြင်းစွာ ဖြစ်ပွားနေ၏။

လုရီနှင့် အခြားသူများ ထွက်ပေါ်လာသောအခါ ရာရှိုမွန်မျိုးနွယ်၏ တပ်မှူးချုပ်နှစ်ဦးက သတိပြုမိသွားသည်။ သူတို့၏ မျက်လုံးများမှ မီးတောက်များ ထွက်လုမတတ်ဖြစ်နေပြီး လုရီအား သတ်ဖြတ်လိုသည့် စိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် စားမတတ်၊ ဝါးမတတ် ကြည့်နေကြသည်။

သို့သော် သူတို့သည် မူလကတည်းက ကြယ်တာရာနယ်မြေ တပ်မတော်၏ တပ်မှူးချုပ်နှစ်ဦးနှင့် အင်အားတူနေသည်။ စွမ်းအားကွာခြားမှုမှာ မကြီးမားပေ။ ယခုအခါ မိခင်သင်္ဘောနှစ်စင်းက သူတို့ကို ထိန်းချုပ်ထားသဖြင့် သူတို့မှာ ဖိနှိပ်ခံအခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။

လုရီအား တိုက်ခိုက်ရန် လွတ်လပ်ခွင့်မရှိတော့ပေ။

လုရီသည်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များစွာကို သတိပြုမိသည်။ သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။

ထိုမုန်းတီးသော အကြည့်များက သူ့ကို

မသတ်နိုင်ပေ။

စီမင်နှင့် ဝမ်ယွမ်ယွမ်တို့သည် အလင်းတန်းများအသွင် လေကို ခွင်းကာ စစ်မြေပြင်သို့ ပြေးဝင်သွားကြလေပြီ။

“ရောင်းရင်းလုရီ၊ ငါတို့လည်း သွားသတ်ကြမလား။”

လုံယွမ်က စိတ်အားထက်သန်စွာ မေးလိုက်သည်။

အခြားသူများ၏ မျက်လုံးများမှာလည်း အရောင်တောက်နေပြီး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

လုရီက ခေါင်းညိတ်လိုက်ရာ၊ အဖွဲ့သားအားလုံး ကောင်းကင်ဘုံအင်မော်တယ်အဆင့် စစ်မြေပြင်သို့ ပျံသန်းသွားကြသည်။

ပါ့မူနှင့် အခြားသူများသာ ပေါ်လာပါက တိုက်ပွဲအပေါ် သက်ရောက်မှု များများစားစား ရှိမည်မဟုတ်ပေ။

သို့သော် လုရီကတော့ မတူပေ။ သူသည် ဘာကိုမျှ ချန်မထားဘဲ မူလဇာစ်မြစ် အခင်းအကျင်းမြေပုံကို ချက်ချင်း ထုတ်သုံးလိုက်သည်။

ကြီးမားလှသော အခင်းအကျင်းအကွက်တစ်ခုက မိုင်တစ်သန်းကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းသွားသည်။ ထူထပ်သိပ်သည်းသော မဟာအခင်းအကျင်းကြီးများက ချိတ်ဆက်သွားရာ အနီးအနားမှ ကောင်းကင်ဘုံအင်မော်တယ်အားလုံး မျက်လုံးများပြူးကျယ်ကာ လှမ်းကြည့်လာကြလေ၏။

လူသားကျင့်ကြံသူများက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသော်လည်း ရာရှိုမွန်မျိုးနွယ်၏ ကောင်းကင်ဘုံအင်မော်တယ်များ၏ မျက်နှာများမှာတော့ ကြွက်သားများ တောင့်တင်းသွားကြသည်။

ဤသို့ ထူထပ်သိပ်သည်းလှသော ကောင်းကင်ဘုံအင်မော်တယ် မဟာအခင်းအကျင်းကြီးမှာ အလွန်တရာ ဖိနှိပ်နိုင်စွမ်းရှိသည်။ သူတို့ မည်သို့ ခုခံနိုင်မည်နည်း။

လုရီ၏ မျက်နှာအမူအရာမှာ အေးစက်နေပြီး စူးရှသော ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ လက်များက အခင်းအကျင်းပုံစံများကို ဖွဲ့စည်းလိုက်သည်။

ရုတ်တရက် ကြယ်တာရာမြစ် ဓားရှည်ကြီးနှင့် ဓားကိုးစင်းတို့ မြည်ဟည်းလာသည်။ အစစ်အမှန် နဂါး ပုံရိပ်ယောင် တစ်ခု ဖြစ်ပေါ်လာပြီး၊ ဝိညာဉ်စွမ်းအင်များ စုစည်းကာ မီတာ တစ်ရာကျော် မြင့်သော နိယာမ ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။ တစ်ခုစီတိုင်းသည် အထွတ်အထိပ် ကောင်းကင်ဘုံ

အင်မော်တယ် သိုင်းကွက်များထက်ပင် ပိုမိုအားကောင်းရာ၊ ရာရှိုမွန်မျိုးနွယ်မှ ကောင်းကင်ဘုံ အင်မော်တယ်များကို ပို၍ပင် အေးစက်သွားစေ၏။

မူလကတည်းက ဤရာရှိုမွန်မျိုးနွယ်၏ ကောင်းကင်ဘုံအင်မော်တယ်များသည် အသာစီးမရနိုင်ခဲ့ပေ။ ယခုမူ သူတို့၏ စိတ်များ လုံးဝ ခဲသွားကြသည်။

...ဒါကို ဘယ်သူက ခုခံနိုင်မှာလဲ။...

အင်မော်တယ် သိုင်းနည်းစနစ်များ

တဟုန်ထိုး ပေါက်ကွဲလာပြီး ရာရှိုမွန် မျိုးနွယ် ကောင်းကင်ဘုံအင်မော်တယ်များအား

တစ်ယောက်ပြီးတစ်ယောက် ဝါးမြိုသွား လေသည်။

မဟာအခင်းအကျင်းကြီး အတွင်းမှ

ရာရှိုမွန်မျိုးနွယ် ကောင်းကင်ဘုံအင်မော်တယ်များသည် ကြောက်ဒူးတုန်နေကြသည်။ သူတို့ ထွက်ပြေးလိုကြသော်လည်း ဤမျှ အားကောင်းသော မဟာအခင်းအကျင်းကြီးနှင့် ရင်ဆိုင်နေရသဖြင့် လွတ်မြောက်ရန်ပင် မဖြစ်နိုင်ပေ။ အချိန်တိုလေးအတွင်းမှာပင် ကီလိုမီတာတစ်သန်းအတွင်းမှ ရာရှိုမွန်မျိုးနွယ် ကောင်းကင်ဘုံအင်မော်တယ်အားလုံး သေဆုံးသွားကြတော့၏။

ထိုရာရှိုမွန် မျိုးနွယ် ကောင်းကင်ဘုံ

အင်မော်တယ်များ၏ ပြိုင်ဘက်များအားလုံး ဤအချိန်တွင် မှင်သက်နေကြသည်။ သူတို့၏ စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်နေ၏။

သူတို့ အချိန်အကြာကြီး တိုက်ခိုက်ခဲ့ရသော ရန်သူများ ပျောက်ကွယ်သွားပြီလား။

သူတို့၏ အကြည့်များ တောင့်တင်းသွားပြီး၊ မယုံနိုင်လောက်အောင် အားကောင်းသော ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူ

လုရီထံသို့ ကြည့်လိုက်ကြသည်။

ဤအချိန်တွင် လုရီသည် မဟာအခင်းအကျင်းကြီးကို ပိတ်သိမ်းပြီး အခြားကောင်းကင်ဘုံအင်မော်တယ် စစ်မြေပြင်များသို့ ကူညီရန် ဦးတည်သွားခဲ့လေပြီ။

ထိုအခါမှ အခြားကောင်းကင်ဘုံအင်မော်တယ်များလည်း သတိဝင်လာကြသည်။ တစ်ယောက်ချင်းစီသည် ကျားများကဲ့သို့ ရာရှိုမွန်မျိုးနွယ်၏ အခြားကောင်းကင်ဘုံအင်မော်တယ်များထံသို့ ပြေးဝင်တိုက်ခိုက်ကြသည်။

လုရီက ရာရှိုမွန်မျိုးနွယ်၏ ကောင်းကင်ဘုံအင်မော်တယ်ကို သတ်ဖြတ်ခဲ့သော်လည်း သူတို့မှာလည်း စစ်ရေးရမှတ်များ ရှိနေသည်။ ယခု အခွင့်အရေးက မျက်စိရှေ့တွင် ရောက်နေပြီ။ သူတို့ ရှေ့ဆက်မတိုးဘဲ မည်သို့ နေနိုင်မည်နည်း။

သူတို့အားလုံး ရာရှိုမွန်မျိုးနွယ်၏ ကောင်းကင်ဘုံအင်မော်တယ်ကို နောက်တစ်ကြိမ် ရှာဖွေလိုက်ကြ၏။

အဆင့်မြင့် အခင်းအကျင်းအင်မော်တယ်လက်နက်ကို အသုံးပြုကာ လုရီ၏ ကိုယ်ပိုင်အခင်းအကျင်းတာအို ကျွမ်းကျင်မှုနှင့် ပေါင်းစပ်လိုက်သောအခါ၊ သူ၏ အခင်းအကျင်းပညာ စွမ်းအားမှာ သူ၏ ချီကျင့်ကြံခြင်း သိုင်းစွမ်းရည်များထက်ပင် ပိုမိုအားကောင်းနေသည်။

အဆင့်မြင့် အင်မော်တယ်လက်နက်ကို လက်ဝယ်တွင် ကိုင်စွဲထားသဖြင့် သူသည် မဟာအခင်းအကျင်းကြီးတစ်ခုကို လျင်မြန်စွာ တည်ဆောက်နိုင်လေ၏။ ကောင်းကင်ကြယ်တာရာနယ်မြေမှ တကိုယ်တော် ကျင့်ကြံသူများက ရာရှိုမွန် မျိုးနွယ်၏ ကောင်းကင်ဘုံ အင်မော်တယ်ကို ထိန်းထားသဖြင့် လုရီသည် သူတို့ လွတ်မြောက်သွားမည်ကို စိုးရိမ်စရာ မလိုပေ။

သူသည် ပစ်မှတ်တိုင်းကို ထိမှန်ရန် နီးပါး သေချာနေပေသည်။

စကားပုံ အတိုင်းပင်၊ အခင်းအကျင်း

အင်မော်တယ် တစ်ဦး၊ အထူးသဖြင့် အားကောင်းသော အခင်းအကျင်းများကို ကျွမ်းကျင်သော သူသည် စစ်မြေပြင်တွင် ကြောက်မက်ဖွယ် ကောင်းသော လက်နက်တစ်ခု ဖြစ်သည်မှာ သေချာ၏။

သို့သော် အဆင့်မြင့် အင်မော်တယ်လက်နက်များဖြင့် ပေါင်းစပ် အခင်းအကျင်းကြီးကို တည်ဆောက်ခြင်းသည်လည်း ဝိညာဉ်စွမ်းအင်များစွာကို သုံးစွဲရပေသည်။

လုရီသည် တည်ဆောက်မှုကို ပြီးမြောက်စေရန် ဝိညာဉ်စွမ်းအင်ကို ကြီးမားစေရန်

အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်ကိုပင် အသုံးပြုခဲ့ရသည်။

အချိန်တိုလေးအတွင်းမှာပင် လုရီ၏ ဝိညာဉ်စွမ်းအင် သုံးပုံနှစ်ပုံခန့် ကုန်ဆုံးသွားခဲ့သည်။

သို့သော် လုရီ၏ အောင်မြင်မှုများမှာ ထူးခြားလှသည်။ ရာပေါင်းများစွာသော

ရာရှိုမွန်မျိုးနွယ် ကောင်းကင်ဘုံ

အင်မော်တယ်များအနက် ဒါဇင်အနည်းငယ်သာ အသက်ရှင်ကျန်ရစ်တော့၏။

အခြားသူများမှာ လုရီ၏ မဟာအခင်းအကျင်းကြီးအောက်နှင့် ထျန်းလော့ကြယ်တာရာနယ်မြေမှ ကောင်းကင်ဘုံအင်မော်တယ်တို့၏ ပူးပေါင်းမှုဖြင့် အားလုံး သေဆုံးသွားကြသည်။

ကျန်ရှိနေသော ရာရှိုမွန် မျိုးနွယ် ကောင်းကင်ဘုံ အင်မော်တယ်အားလုံး ကြောက်ရွံ့မှုဖြင့် မျက်နှာများ သွေးရောင်

မရှိတော့ပေ။ သူတို့၏ ကိုယ်များမှာ အေးစက်နေ၏။

လုရီသည် အလွန် အစွမ်းထက်လွန်းရာ

သူတို့အားလုံး အကြီးအကျယ် ကြောက်ရွံ့နေကြတော့၏။

သူတို့ ထွက်ပြေးချင်စိတ်ပင် ပေါက်လာသည်။

သို့သော် ရာရှိုမွန်မျိုးနွယ်၏ ကောင်းကင်ဘုံအင်မော်တယ်များ ပိုမို သေဆုံးလာသည်နှင့်အမျှ၊ ကောင်းကင် ကြယ်တာရာနယ်မြေမှ ကောင်းကင်ဘုံ အင်မော်တယ် အရေအတွက်သည် ရာရှိုမွန် မျိုးနွယ်၏ ကောင်းကင်ဘုံ အင်မော်တယ်များထက် များစွာ ကျော်လွန်သွားသည်။

အရေအတွက် ကွာခြားမှု ဤမျှကြီးမားသဖြင့် ရာရှိုမွန်မျိုးနွယ်၏ ကောင်းကင်ဘုံအင်မော်တယ် တစ်ဦးစီကို ကောင်းကင်ဘုံအင်မော်တယ် ဆယ်ယောက်နီးပါးက ဝိုင်းထားသည်။

ထျန်းလော့ ကြယ်တာရာနယ်မြေ ကောင်းကင်ဘုံ အင်မော်တယ် တစ်ဦးစီ၏ ကြောက်မက်ဖွယ် အပြုံးကို ရင်ဆိုင်နေရသော သူတို့သည် တုန်လှုပ်ကာ မျှော်လင့်ချက်မဲ့နေကြသည်။

လုရီ ရပ်တန့်သွားသော်လည်း သူတို့၏ ခက်ခဲသော ခုခံမှုမှာ အချိန်ကြာကြာ မခံခဲ့ဘဲ အားလုံး သေဆုံးသွားကြသည်။

ကောင်းကင်ဘုံအင်မော်တယ်အဆင့် ရာရှိုမွန်မျိုးနွယ် အင်အားကြီးများအားလုံး သေဆုံးသွားသဖြင့် စစ်မြေပြင်တွင် သွေးငရဲတပ်မတော်၏ တပ်ခွဲနှစ်ခုသာ ကျန်တော့သည်။

သွေးငရဲတပ်မတော်၏ တပ်မှူးချုပ်နှစ်ဦးသည် ဤအခြေအနေကို မြင်သောအခါ အခြေအနေမှာ သူတို့ဘက်သို့ မြှားဦးလှည့်သွားပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။

သူတို့၏ မျက်နှာများမှာ အလွန်တရာ အရုပ်ဆိုးသွားပြီး လုရီအား ဒေါသတကြီး စိုက်ကြည့်နေကြ၏။

တစ်ဦးက အော်ဟစ် အမိန့်ပေးလိုက်သည်။

“ဆုတ်ခွာ!”

ဤနေရာတွင် ဆက်နေခြင်းသည် အဓိပ္ပာယ်မရှိတော့ပေ။

သွေးငရဲတပ်မတော်သား တစ်ဦးစီသည် ထိုသတင်းကို ကြားသည်နှင့် သူတို့၏ အစွမ်းရှိသမျှ ထုတ်သုံးကာ ကြယ်တာရာနယ်မြေတပ်မတော်၏ တိုက်ခိုက်မှုများမှ ရုန်းထွက်ရန် ကြိုးစားကြသည်။

ဝမ်ယွမ်ယွမ်နှင့် စီမင်တို့ ပြန်လည်ရောက်ရှိလာသဖြင့် သွေးငရဲတပ်မတော်သည်လည်း ဆုံးရှုံးမှုများစွာ ခံစားခဲ့ရသည်။ အချိန်တိုအတွင်း တစ်ဒါဇင်ကျော် သေဆုံးခဲ့ရာ၊ ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လေ၏။

သွေးငရဲတပ်မတော်၏ ဆုံးရှုံးမှုများသည် ရာရှိုမွန်မျိုးနွယ်မှ တကိုယ်တော် ကျင့်ကြံသူများထက် ပိုမိုများပြားသည်။

“ထွက်သွားမယ်ဟုတ်လား။ ငါတို့ကို ခွင့်တောင်းပြီးပြီလား။”

ပြောပြောဆိုဆိုပင် ခဲမင်လော့သည် ရုတ်ချည်းပင် နေရာလပ်ကို ပိတ်ဆို့သည့် မဟာအခင်းအကျင်းကြီးကို အသက်ဝင်စေလိုက်သည်။ ၎င်းက လေဟာနယ် တစ်ခုလုံးကို လွှမ်းခြုံကာ နေရာလပ်ကို ဖြတ်တောက်လိုက်လေသည်။ လေဟာနယ် တစ်ခုလုံးသည် အခြားကမ္ဘာ တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သွား၏။

“နေရာလပ် အတားအဆီးကို ချိုးဖျက်!”

ရာရှိုမွန်မျိုးနွယ်၏ တပ်မှူးချုပ်နှစ်ဦးသည် အခြေအနေ၏ အရေးကြီးပုံကို သဘာဝကျစွာ နားလည်ကြသည်။ သူတို့၏ မျက်နှာများမှာ အေးစက်နေပြီး အဆက်မပြတ် အော်ဟစ်နေကြသည်။

သူတို့သည် အစွမ်းကုန် ထုတ်သုံးကာ ကြယ်တာရာနယ်မြေ တပ်မတော်၏ ခေါင်းဆောင်နှစ်ဦးနှင့် မိခင်သင်္ဘောနှစ်စင်း၏ တိုက်ခိုက်မှုများကို ခုခံရင်း နေရာလပ်အတားအဆီး၏ အစွန်းသို့ ပြေးဝင်တိုက်ခိုက်ကြသည်။

သူတို့တွင် တိုက်ခိုက်ရန် အခွင့်အရေး မရှိသော်လည်း၊ သူတို့၏ တိုက်ခိုက်မှု အရှိန်များကလည်း အတားအဆီးကို ဆက်လက်တုန်ခါစေသည်။

ထိုအဖြစ်ကိုမြင်သော ခဲမင်လော့နှင့်

လျိုဟိုင်ချင်းတို့၏ မျက်နှာများ မည်းမှောင်သွားသည်။

အကယ်၍ နေရာလပ်အတားအဆီး ကျိုးပေါက်သွားပါက၊ သူတို့သည် အချို့အရာများကို စွန့်လွှတ်ရန် ဆန္ဒရှိပါက ထွက်ပြေးလွတ်မြောက်နိုင်သေးသည်။

ဤသို့ဆိုလျှင် သူတို့သည် ရာရှိုမွန်မျိုးနွယ်၏ ကောင်းကင်ဘုံအင်မော်တယ်အချို့ကို သတ်ဖြတ်ခဲ့သော်လည်း၊ သွေးငရဲတပ်မတော်၏ အဓိကကိုယ်ထည်မှာ ဆုံးရှုံးမှုများစွာ မခံစားရပါက၊ ရာရှိုမွန်မျိုးနွယ်၏ ဆုံးရှုံးမှုများသည် ထိန်းချုပ်နိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေဦးမည်ဖြစ်သည်။

တစ်ဖက်တွင် သွေးငရဲတပ်မတော်၏ အင်အားကြီးအဖွဲ့ဝင်များသည်လည်း နေရာလပ်အတားအဆီး၏ အစွန်းအနီးသို့ စုဝေးလာကြပြီး၊ နေရာလပ်အတားအဆီးကို နှောင့်ယှက်ရန် တုန်ခါမှုလှိုင်းများကို ပူးပေါင်းအသုံးပြုနေကြသည်။

ထို့ကြောင့် နေရာလပ်အတားအဆီး၏ တုန်ခါမှုများမှာ ပို၍ပင် ပြင်းထန်လာသည်။

မကြာမီတွင် လုံးဝ ကြေမွသွားတော့မည်ဖြစ်သည်။

ဤအဖြစ်က ကြယ်တာရာနယ်မြေတပ်မတော်၏ အင်အားကြီးအဖွဲ့ဝင်များ၏ မျက်နှာများကို အလွန် အရုပ်ဆိုးသွားစေ၏။

ထိုစဉ်မှာပင် အခင်းအကျင်းအင်းကွက်များ ပေါ်ထွက်လာပြီး၊ ဖြူဖွေးသော ဝိညာဉ်အလင်းတန်းများ လင်းလက်လာသည်။

အဆက်မပြတ် တုန်ခါနေသော နေရာလပ်အတားအဆီးသည် တဖြည်းဖြည်း တည်ငြိမ်လာသည်။

အားလုံး မှင်သက်သွားကြပြီး၊ အရင်းအမြစ်ရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။

ထိုဦးတည်ရာတွင် လုရီ၏ ခေါင်းထက်၌ ကောင်းကင်ဥမင်ကျောက်ပြားက ရစ်ဝဲ တည်ရှိနေပြီး၊ သူ၏ လက်ထဲတွင် မူလဇာစ်မြစ် အခင်းအကျင်းမြေပုံ ရှိနေသည်။ ၎င်းပေါ်တွင် နက်နဲ ဆန်းကြယ်သော မဟာအခင်းအကျင်းကြီးတစ်ခု စုစည်းနေ၏။

သဘာဝကျစွာပင်၊ လုရီသည် ဤသွေးငရဲတပ်မတော်သားများ လွတ်မြောက်သွားသည်ကို မမြင်လိုပေ။

“လာနောက်နေတာလား၊ ဒါက ငါ့ရဲ့ အလုပ်နဲ့ သက်ဆိုင်နေတယ်လေ။”

အကယ်၍ သူသည် ဤသွေးငရဲတပ်မတော်သားများကို လွတ်မြောက်ခွင့်ပေးလိုက်ပါက၊ သူ၏ အလုပ် ဆုလာဘ်များသည် သေချာပေါက် များစွာ လျော့နည်းသွားလိမ့်မည်။

လုရီက ထိုအဖြစ်ကို မည်သို့ လက်ခံနိုင်မည်နည်း။

သူသည် နေရာလပ်နိယာမကို အပြည့်အဝ အသုံးချကာ ကောင်းကင်ဥမင်ကျောက်ပြားဖြင့် ၎င်းကို အားဖြည့်ကာ၊ နေရာလပ်အတားအဆီးကို ခိုင်မာစေ၏။ မူလဇာစ်မြစ် အခင်းအကျင်းမြေပုံကို ထုတ် ဖော်၍ သူ၏ ကိုယ်ပိုင်အသိဖြင့် သိမြင်ထားသော နေရာလပ်စွက်ဖက်ရေး မဟာအခင်းအကျင်းကြီးကို အပြည့်အဝ အသက်သွင်းလိုက်၏။ ထို့နောက် အခင်းအကျင်း ပေါင်းစပ်ခြင်း ပညာဖြင့် နေရာလပ်ကို ပိတ်ဆို့သည့် မဟာအခင်းအကျင်းကြီးနှင့် ပေါင်းစပ်လိုက် တော့သည်။

နေရာလပ်စွက်ဖက်ရေး မဟာအခင်းအကျင်းကြီး၏ ရှုပ်ထွေးမှုသည် နေရာလပ်ကို ပိတ်ဆို့သည့် မဟာအခင်းအကျင်းကြီးလောက် နက်နဲခြင်းမရှိသည်မှာ သေချာသည်။ သို့သော် အခင်းအကျင်းပေါင်းစပ်ခြင်းနည်းပညာနှင့် ပေါင်းစပ်လိုက်သောအခါ၊ အသွင်နှစ်ခုက အပြန်အလှန် အားဖြည့်ပေးပြီး နေရာလပ်အတားအဆီးကို ၂၀% ခန့် ခိုင်မာစေနိုင်ခဲ့သည်။

လုရီ၏ နေရာလပ်နိယာမနှင့် အတူ နေရာလပ်အတားအဆီးသည် အတန်ကြာ တည်ငြိမ်သွားသည်။

ဤအဖြစ်ကို မြင်သောအခါ သွေးငရဲတပ်မတော်၏ အင်အားကြီးအဖွဲ့ဝင်အားလုံး၏ မျက်နှာများမှာ အလွန်ပုပ်သိုးသွားကြသည်။ သူတို့၏ လုရီအပေါ်ထားသော အမူအရာမှာ သေမင်းတမန် ရန်သူတစ်ဦးကို ကြည့်နေသကဲ့သို့ပင်။

အထူးသဖြင့် သွေးငရဲတပ်မတော်၏ တပ်မှူးချုပ်နှစ်ဦးမှာ သူတို့၏ မျက်လုံးများ သွေးရောင်ပင် လွှမ်းနေပြီး၊ လုရီကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ပစ်ချင်နေကြလေသည်။

ပြီးတော့ သူတို့ ထိုသို့ ကြိုးစားခဲ့ကြသည်။

“လူသား အစုတ်ပလုတ်၊ သေစမ်း!”

သူတို့နှစ်ဦးလုံး တချိန်တည်းတွင် လုရီထံသို့ အရူးအမူး ပြေးဝင်တိုက်ခိုက်ရန် ကြိုးစားသော်လည်း၊ လျိုဟိုင်ချင်းနှင့်

ခဲမင်လော့တို့သည် အထင်သေးရမည့်သူများ မဟုတ်ကြပေ။ မိခင် သင်္ဘော နှစ်စင်း၏ အကူအညီဖြင့် သူတို့ နှစ်ဦးကို မည်သို့ အောင်မြင်ခွင့်ပေးမည်နည်း။

သွေးငရဲ တပ်မတော်၏ တပ်မှူးချုပ်နှစ်ဦးသည် ချက်ချင်း တားဆီးခံလိုက်ရသည်။

“ဟားဟားဟား! ကောင်းတယ်၊ သခင်လေးလုရီ!! ဆယ်တပ်ခွဲက ညီအစ်ကိုတို့၊ တိုက်ကြ!”

“ဆယ့်နှစ်တပ်ခွဲ၊ သခင်လေးလုရီက ငါတို့အတွက် ဒီအခွင့်အရေးကို ဖန်တီးပေးခဲ့တာ၊ သွေးငရဲတပ်မတော်သား တစ်ယောက်မှ လွတ်မသွားစေနဲ့! သူတို့အားလုံးကို ဒီမှာပဲ ထားခဲ့ရမယ်!”

အခန်း ၅၇၈ - အလွန်တရာ ရက်ရောသော အလုပ် ဆုလာဘ်...

~ကြယ်တာရာနယ်မြေ တပ်မတော်မှကျွမ်းကျင်သူ တစ်ဦးချင်းစီ၏ အရှိန်အဝါများ တက်ကြွလာသည်။ သူတို့သည် အဆက်မပြတ် ဟိန်းဟောက်ကြွေးကြော်ကြ၏။

အနီးအနားမှ ကောင်းကင်ဘုံအင်မော်တယ် ကျွမ်းကျင်သူများပင်လျှင် စွမ်းအင်များ တိုးပွားလာပြီး၊ အစစ်အမှန် အင်မော်တယ်အဆင့် ကြယ်တာရာနယ်မြေတပ်မတော်နှင့် သွေးငရဲတပ်မတော်တို့၏ ပြင်းထန်သော တိုက်ပွဲထဲသို့ ဝင်ရောက်လာကြသည်။

အဆက်မပြတ် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက်၊ ရာရှိုမွန်မျိုးနွယ်၏ သွေးငရဲတပ်မတော်သည် သူတို့၏ ဝိညာဉ်စွမ်းအင်များစွာကို သုံးစွဲခဲ့ရသည်။ သူတို့၏ စွမ်းအားမှာ ယခင်ကဲ့သို့ ကြောက်မက်ဖွယ် မကောင်းတော့ပေ။

ထို့အပြင် ကောင်းကင်ဘုံအင်မော်တယ် ကျွမ်းကျင်သူများ၏ အင်မော်တယ်သိုင်းနည်းစနစ်များနှင့် ရင်ဆိုင်ရသောအခါ၊

သူတို့၏ ရုပ်ခန္ဓာကိုယ်ချည်းဖြင့် ထိုထိုးစစ်ကို မည်သို့မျှ မခုခံနိုင်ခဲ့ပေ။

ကောင်းကင် ကြယ်တာရာနယ်မြေ မဟာမိတ် တပ်ဖွဲ့မှ ကောင်းကင်ဘုံ

အင်မော်တယ် ကျွမ်းကျင်သူများ တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်နှင့် စစ်ရေးအခြေအနေမှာ လျင်မြန်စွာ တစ်ဖက်သို့ ယိမ်းယိုင်သွားတော့သည်။

မကြာမီပင်၊ သွေးငရဲ တပ်မတော်မှ အဖွဲ့ဝင်များ သေဆုံးလာကြ၏။ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးလာသည်နှင့်အမျှ စစ်မြေပြင်သည် နှင်းထုပြိုကျသကဲ့သို့ တစ်ဖက်သတ် ဖြစ်သွားတော့၏။

သွေးငရဲတပ်မတော်၏ သေဆုံးနှုန်းမှာ မြန်ဆန်လာပြီး၊ မကြာမီမှာပင် အစစ်အမှန် အင်မော်တယ်အဆင့် သွေးငရဲတပ်မတော်သားများအားလုံး ကျဆုံးသွားကြသည်။

အောင်ပွဲရသော ကြယ်တာရာနယ်မြေ စစ်သည်တော်များသည် နားနေချိန်ပင် မရလိုက်ပေ။ သူတို့သည် လျင်မြန်စွာ စုဖွဲ့ကာ မဟာအခင်းအကျင်းကြီးတစ်ခု ဖွဲ့စည်းပြီး ရာရှိုမွန်မျိုးနွယ် တပ်မှူးချုပ်နှစ်ဦးထံသို့ ပြေးဝင်တိုက်ခိုက်ကြသည်။

ကြယ်တာရာနယ်မြေတပ်မတော်၏ လူတစ်ရာပါ အခင်းအကျင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး၊ နက်ရှိုင်းခြင်း အင်မော်တယ်တစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

လူတစ်ရာပါ တပ်ခွဲနှစ်ခု ပေါင်းစည်းလိုက်ခြင်းသည် နက်ရှိုင်းခြင်း အင်မော်တယ်နှစ်ဦး တိုက်ပွဲထဲသို့ ဝင်ရောက်လာသကဲ့သို့ပင် ဖြစ်သည်။

နက်ရှိုင်းခြင်း အင်မော်တယ် စစ်သည်တော်များဖြစ်သော လျိုဟိုင်ချင်း၊ ခဲမင်လော့တို့နှင့်အတူ ကြယ်တာရာနယ်မြေတပ်မတော်၏ မိခင်သင်္ဘောကြီးကပါ နှောင့်ယှက်နေသဖြင့်၊ မူလကတည်းက အရေးနိမ့်နေသော သွေးငရဲတပ်မတော် တပ်မှူးချုပ်များအဖို့ ကုပ်ပေါ်တင်ထားသည့် လိပ်ကို ထပ်ဖိလိုက်သကဲ့သို့ ဖြစ်သွားသည်။

သူတို့သည် မကျေမနပ်စိတ်များဖြင့် ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်ဖော်ကာ အဆက်မပြတ် ဟိန်းဟောက်ကြသည်။ သို့သော် ခိုင်ခံ့အောင် ပြုလုပ်ထားသော နေရာလပ် အတားအဆီးကို မထိုးဖောက်နိုင်ခဲ့ပေ။ လှောင်အိမ်ထဲမှ ငှက်များကဲ့သို့ ကြယ်တာရာနယ်မြေ စစ်သည်တော်များ၏ စုပေါင်းအင်အားဖြင့် ချေမှုန်းခံလိုက်ရသည်။

တိုက်ပွဲမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသည်။ နက်ရှိုင်းခြင်း

အင်မော်တယ် အဆင့် ရာရှိုမွန်မျိုးနွယ် တပ်မှူးချုပ်များ၏ တန်ပြန်တိုက်ခိုက်မှုမှာ ကြောက်မက်ဖွယ်ကောင်းအောင် ပြင်းထန်လှ၏။

လျိုဟိုင်ချင်းနှင့် ခဲမင်လော့တို့ပင် ဒဏ်ရာများ ရရှိခဲ့ကြသည်။

မဟာအခင်းအကျင်းကြီးကို ဖွဲ့စည်းထားသော ကြယ်တာရာနယ်မြေ စစ်သည်တော်များသည်လည်း အကြိမ်ကြိမ် သွေးအန်နေကြရသည်။

နောက်ဆုံးတော့ သူတို့သည် အစစ်အမှန် အင်မော်တယ်များသာ ဖြစ်ကြသည် မဟုတ်လော။

ကံကောင်းသည်မှာ မဟာအခင်းအကျင်းကြီး ဖွဲ့စည်းထားပြီးနောက် သူတို့၏ ဒဏ်ရာများကို အားလုံး ခွဲဝေခံစားကြရသည်။ သို့မဟုတ်လျှင် ကြယ်တာရာနယ်မြေတပ်မတော်မှ လူအများအပြား ကျဆုံးသွားနိုင်ဖွယ် ရှိသည်။ နောက်ဆုံးတွင် လျိုဟိုင်ချင်းသည် ရာရှိုမွန်မျိုးနွယ် တပ်မှူးချုပ်တစ်ဦးကို ပထမဆုံး သတ်ဖြတ်နိုင်ခဲ့သည်။ မကြာမီမှာပင် ကျန်ရှိနေသော ရာရှိုမွန်မျိုးနွယ် တပ်မှူးချုပ်သည်လည်း တောင့်မခံနိုင်တော့ဘဲ လျိုဟိုင်ချင်းနှင့် ခဲမင်လော့တို့၏ ပူးပေါင်းတိုက်ခိုက်မှုဖြင့် လျင်မြန်စွာ သေဆုံးသွားခဲ့သည်။

သူတို့နှစ်ဦး ရာရှိုမွန်မျိုးနွယ် တပ်မှူးချုပ်များကို သတ်ဖြတ်ပြီးနောက် လုရီလည်း

မဟန်နိုင်တော့ပေ။

သူ၏ မျက်နှာမှာ ဖြူရော်နေပြီး ကောင်းကင်ဥမင်ကျောက်ပြားနှင့် မူလဇာစ်မြစ် အခင်းအကျင်းမြေပုံတို့၏ ထိန်းချုပ်မှုကို ပိတ်သိမ်းလိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် သူ၏ အစွမ်းရှိသမျှကို အမှန်တကယ် ထုတ်သုံးခဲ့ရသည်။ ယခု သူ၏ အတွင်း၌ ဝိညာဉ်စွမ်းအင် အနည်းငယ်သာ ကျန်တော့ပြီး၊ သူ၏ မျက်နှာမှာ အလွန်တရာ ဖြူရော်နေ၏။

လုရီသည် စစ်မြေပြင်သို့ ကိုယ်တိုင်ဝင်ရောက်ခြင်း မရှိခဲ့သော်လည်း၊ ဤတိုက်ပွဲသည် သူရင်ဆိုင်ခဲ့ဖူးသမျှတွင် အခက်ခဲဆုံး တိုက်ပွဲတစ်ခု ဖြစ်သည်။

လုရီသာမက လျိုဟိုင်ချင်းနှင့်

ခဲမင်လော့တို့သည်လည်း သွေးများဖြင့် ရွှဲနစ်နေကြသည်။ သူတို့သည် လေဟာနယ်ထဲတွင် လွင့်မျောနေရင်း အသက်ကို အကြိမ်ကြိမ် မောဟိုက်စွာ ရှူနေကြရသည်။

သူတို့အနီးတွင် ပြင်းထန်စွာ ဒဏ်ရာရထားသော ကြယ်တာရာနယ်မြေ စစ်သည်တော်များစွာမှာ သူတို့၏ ပုံစံကိုပင် မထိန်းသိမ်းနိုင်တော့ပေ။ ဝိညာဉ်လေကြောင့်

လွင့်မသွားစေရန် ကြယ်တာရာနယ်မြေတပ်မတော်မှ သူတို့၏ ရဲဘော်များကသာ ထောက်ပံ့ထားနိုင်တော့သည်။

ကောင်းကင်ဘုံ အင်မော်တယ်များ၏ အခြေအနေမှာလည်း မကောင်းမွန်ပေ။ အဆက်မပြတ် တိုက်ပွဲများကြောင့် သူတို့ မျက်နှာများ ဖြူရော်နေပြီး၊ အများအပြားမှာ ဒဏ်ရာဒဏ်ချက်များစွာဖြင့် ပြည့်နှက်နေသည်။

လေဟာနယ်ထဲတွင် မရေမတွက်နိုင်သော အလောင်းများ လွင့်မျောနေသည်။ ခြေလက်များမှာ ပြတ်တောက်နေပြီး၊ အေးစက်သော လေဟာနယ်က ထွေးပိုက်ထားသည်။ ဝိညာဉ်လေ တိုက်ခတ်မှုကြောင့် အရပ်လေးမျက်နှာသို့ လွင့်စင်ပျံ့ကျဲနေ၏။

ဤအလောင်းများအနက် အများစုမှာ ရာရှိုမွန်မျိုးနွယ်မှ ဖြစ်သော်လည်း၊ ကြယ်တာရာနယ်မြေတပ်မတော်မှ အနည်းငယ်နှင့် ကောင်းကင် ကြယ်တာရာနယ်မြေမှ ကောင်းကင်ဘုံအင်မော်တယ် ကျွမ်းကျင်သူအချို့လည်း ပါဝင်သည်။

တပ်ခွဲနှစ်ခု ပေါင်း၍ ကောင်းကင်ဘုံ

အင်မော်တယ် အဆင့် ကျွမ်းကျင်သူ ငါးရာကျော်ကို ခေါ်ဆောင်လာခဲ့သော်လည်း၊ ယခုအခါ သုံးရာကျော်သာ အသက်ရှင်ကျန်ရစ်တော့သည်။ သုံးပုံ တစ်ပုံနီးပါး သေဆုံးခဲ့သည်။

ဆုံးရှုံးမှု မည်မျှကြီးမားသည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။

သို့သော် သူတို့၏ အကျိုးအမြတ်များမှာလည်း အလွန်ကြီးမားသည်။ သွေးငရဲတပ်မတော်၏ တပ်ခွဲနှစ်ခုလုံး အမြစ်ပြတ်ချေမှုန်းခံခဲ့ရပြီး၊ နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် သွေးငရဲတပ်မတော် တပ်မှူးချုပ်နှစ်ဦးပင် မလွတ်မြောက်နိုင်ခဲ့ပေ။

အခြား ကောင်းကင်ဘုံအင်မော်တယ်အဆင့် ရာရှိုမွန်မျိုးနွယ်ဝင်များအတွက်မူ ပြောစရာပင် မလိုတော့။

နေရာလပ်အတားအဆီး ပျောက်ကွယ်သွားသောအခါ၊ ရာရှိုမွန်မျိုးနွယ်၏ ပျံသန်းယာဉ်အနည်းငယ်သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားသည်။ လုရီနှင့် အခြားသူများက လှမ်းကြည့်လိုက်သော်လည်း လိုက်မဖမ်းကြတော့ပေ။

၎င်းတို့ကို ရာရှိုမွန်မျိုးနွယ်မှ စွမ်းအားရှင်အဆင့် ကျင့်ကြံသူများက ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ပြဿနာများစွာ မရှာနိုင်လောက်ပေ။ အမှန်တော့ သူတို့၏ ဤ

တစ်ကြိမ် သုံးစွဲခဲ့ရသော စွမ်းအင်မှာ အလွန်များပြားသဖြင့် နောက်ထပ် လိုက်လံတိုက်ခိုက်ရန် အင်အား မရှိတော့ခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ လုရီ၏ မဟာအခင်းအကျင်းကြီးများကို နှောင့်ယှက်မှုကြောင့် ရာရှိုမွန်မျိုးနွယ်၏ မိခင်သင်္ဘောနှစ်စင်းမှာ ယခုအခါ စက်မနှိုးနိုင်တော့ဘဲ အေးစက်နက်မှောင်သော အမှောင်ထုထဲတွင် ငြိမ်သက်စွာ လွင့်မျောနေသည်။

လျိုဟိုင်ချင်းနှင့် အခြားသူများ အနည်းငယ် အားပြန်ပြည့်လာသောအခါ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး

ခဲမင်လော့နှင့် အကြည့်ချင်းဖလှယ်ကာ နှစ်ဦးသား ဟားတိုက်၍ ရယ်ကြသည်။

“ငါတို့ နိုင်ပြီ!”

ကြယ်တာရာနယ်မြေ စစ်သည်တော်များနှင့် ကောင်းကင်ဘုံအင်မော်တယ် ကျွမ်းကျင်သူများလည်း တစ်ဦးချင်းစီ ရယ်မောကြပြီး အဆုံး မရှိသော အောင်ပွဲခံသံများ ကြွေးကြော်နေကြ၏။

လုရီလည်း ပြုံးလိုက်မိသည်။

ထို့နောက် လျိုဟိုင်ချင်းနှင့် ခဲမင်လော့တို့သည် လုရီထံသို့ ချဉ်းကပ်လာကြသည်။

လျိုဟိုင်ချင်းက ပြုံးလျက်

“သခင်လေးလုရီ၊ ဒီတစ်ကြိမ်တော့ ခင်ဗျားကိုပဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ကျွန်တော်တို့အနေနဲ့ သွေးငရဲ တပ်မတော် တပ်မှူးချုပ် နှစ်ယောက်ကို ဖမ်းနိုင်မှာ မဟုတ်ဘူး” ဟု ဆိုလာသည်။

ထိုအခိုက်..

“သခင်လေး လုရီ၊ ခင်ဗျားရဲ့ အခင်းအကျင်း ပညာ ကျွမ်းကျင်မှုက အရမ်း မြင့်မားတာပဲ... ကြယ်တာရာ နယ်မြေ တပ်မတော်ထဲ ဝင်ဖို့ စဉ်းစားနေလား။ ဝင်ဖို့ ဆုံးဖြတ်ရင် ကျွန်တော်တို့တပ်ဖွဲ့ကို လာခဲ့ပါ”

ခဲမင်လော့က လုရီအား မျှော်လင့်တကြီး ကြည့်ကာ ပြောလာခြင်းပါ။

လုရီ၏ နှုတ်ခမ်းများ အနည်းငယ်တွန့်သွားသည်။

“ကျွန်တော်ကတော့ ကြယ်တာရာနယ်မြေတပ်မတော်ထဲ သွားဖြစ်မယ် မထင်ဘူး။”

ခဲမင်လော့က နှမြောတသစွာဖြင့်

“တကယ်ပဲ အရမ်းနှမြောဖို့ ကောင်းတာပဲ”

ထိုအခါ လျိုဟိုင်ချင်းက ခဲမင်လော့ကို အရူး တစ်ယောက်လို မြင်နေရသလို ကြည့်လိုက်သည်။

...လုရီက ဒုတိယ သခင်မလေးရဲ့ တိုက်ရိုက် တပည့်ပဲလေ။ သူက ဘယ်လိုလုပ်ပြီး ကြယ်တာရာနယ်မြေ တပ်မတော်ထဲ ဝင်မှာလဲ။

တပ်မတော်ထဲ ဝင်ရင်တောင် သူက တပ်ခွဲတစ်ခုထဲမှာတော့ နေမှာ မဟုတ်ဘူး။

ဒီကောင် ဦးနှောက်ထိသွားတာလားဟ။...

လျိုဟိုင်ချင်းက လုရီ၏ ဖြူရော်သော မျက်နှာကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။

“သခင်လေးလုရီ၊ ခင်ဗျား အဆင်ပြေရဲ့လား

“ဘာမှ မဖြစ်ပါဘူး၊ နည်းနည်း အားအင်လွန်ကဲသွားတာပါ။”

“ဒါဆိုရင် အရင်ဆုံး ပြန်နားကြရအောင်။”

“ဟုတ်တယ်၊ ပြန်ပြီး ခဏလောက် အားပြန်ဖြည့်ကြရအောင်ဗျ။ ဒီရက်ပိုင်းတွေ တိုက်ပွဲတွေကြောင့် ကျွန်တော်တို့အားလုံး ပင်ပန်းနေကြပြီ။ အချိန်ယူပြီး ပြန်လည်ပြင်ဆင်ဖို့ လိုတယ်။”

လျိုဟိုင်ချင်းနှင့် ခဲမင်လော့တို့သည် ကြယ်တာရာနယ်မြေ တပ်မတော် ကျွမ်းကျင်သူများအား လူမရှိသော ရာရှိုမွန်ကျောက်စိမ်းယာဉ်သင်္ဘောများကို သိမ်းယူရန် စေလွှတ်လိုက်လေ၏။ ထို့နောက် အဖွဲ့သားအားလုံး မိခင်သင်္ဘောသို့ ပြန်လာခဲ့ကြသည်။

လုရီ သူ၏ အခန်းသို့ ပြန်ရောက်သည်နှင့် လျိုနင်ရွှမ်းနှင့် အခြားသုံးဦးက သူ့ကို ချက်ချင်း ဝိုင်းအုံကာ ကြည့်၍ မေးလိုက်ကြသည်။

“လုရီ၊ နင် အဆင်ပြေရဲ့လား”

ယွင်ရှီးက စိုးရိမ်တကြီး ကြည့်ကာ မေးလာလေ၏။

အခြား သုံးဦးကလည်း လုရီကို ပွတ်သပ်ကိုင်တွယ်ရင်း သူ၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ရှိမရှိ စစ်ဆေးကြ၏။

လုရီက ပြုံးဖြီးဖြီးလုပ်ကာ သူတို့ကို ပွတ်သပ်ခွင့်ပေးရင်း ပြန်ဖြေလာ၏။

“အဆင်ပြေပါတယ်၊ ကျွန်တော်က အရမ်းသန်မာတာပဲကိုး။ ပြီးတော့ ဒီတစ်ခါ အကြီးအကျယ် အကျိုးပြုခဲ့တာလေ ”

လုရီ အမှန်တကယ် အဆင်ပြေနေသည်ကို မြင်သောအခါ သူတို့လေးဦးလုံး နောက်ဆုံးတွင် စိတ်အေးသွားကြသည်။

လျိုနင်ရွှမ်းက သက်ပြင်းချကာ “ငါတို့ရဲ့ စွမ်းအားက မလုံလောက်သေးတာ နှမြောစရာပဲ။ ကောင်းကင်ဘုံ အင်မော်တယ်

တစ်ယောက်ကို ရင်ဆိုင်ဖို့တောင် နည်းနည်း အားစိုက်ရတယ်” ဟု ဆိုလေသည်။

အခြားသူများသာ ဤစကားကို ကြားပါက ဆွံ့အသွားကြမည်မှာ သေချာသည်။

ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများက ကောင်းကင်ဘုံ အင်မော်တယ် တစ်ဦးနှင့် တိုက်ခိုက်နိုင်ခြင်းသည်ပင် အလွန်အံ့ဩစရာကောင်းနေပြီ ဖြစ်သော်လည်း၊ ဤလေးယောက်ကတော့ မကျေနပ်ကြသေးပေ။

ကံဆိုးစွာပင် လုရီ၏ စွမ်းအားက ပို၍ပင် မိစ္ဆာအဆန်ဆုံး ဖြစ်နေလေသည်။ သူမတို့၏ စွမ်းအားမှာ ထူးခြားသော်လည်း ဤအချိန်တွင် ရန်သူကြီး တစ်ဦးနှင့် ရင်ဆိုင်ရာ၌ လုရီကို ကူညီရန် ခက်ခဲနေဆဲ ဖြစ်၏။

လေးယောက်လုံး အားမလိုအားမရ ဖြစ်နေသည်ကို မြင်သောအခါ၊ လုရီ.. သူ၏ ယခင်အကြံအစည်ကို သတိရကာ ပြုံးလျက် ပြောလိုက်၏။

“စိတ်မပူပါနဲ့၊ ကျွန်တော် အခု ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ဖန်တီး တွက်ချက်နေတယ်။ အောင်မြင်သွားရင် ခင်ဗျားတို့ရဲ့ စွမ်းအားတွေ အများကြီး တိုးတက်လာလိမ့်မယ်။ အဲ့ဒီအခါကျရင် ကျွန်တော်နဲ့အတူတူ ဘေးချင်းယှဉ် တိုက်ခိုက်နိုင်မှာပါ”

ထိုစကားကြောင့် မိန်းကလေး

လေးယောက်လုံး၏ မျက်လုံးများ အရောင်တောက်လာကြသည်။

“တကယ်လား?!”

“ဘာကျင့်ကြံနည်းစနစ်လဲ။ ပုံမှန် မဟုတ်တဲ့ မောင်လေး၊ နင် တွက်ချက်ပြီးသွားပြီလား။ ငါ့ကိုပြစမ်း။”

လုရီက သူမတို့၏ စိတ်လှုပ်ရှားနေသော အမူအရာများကို ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။

“မပြီးသေးဘူး။ ကျွန်တော် အခုမှ တွက်ချက်နေတုန်းပါဗျာ”

သူမတို့အားလုံး စိတ်ပျက်သွားကြသည်။

သုန်းကုန်းမင်ယွဲ့က စပ်စုစွာ မေးသည်။

“အဲ့ဒါ ဘယ်လို ကျင့်ကြံနည်းစနစ်မျိုးလဲ”

လုရီက ခပ်ဟဟရယ်ကာ “နှစ်ကိုယ်တူ ကျင့်စဉ် နည်းစနစ်လေ” ဟု ပြောပြလိုက်တော့သည်။

“?????”

လေးယောက်လုံး မှင်သက်သွားကြသည်။ သူတို့၏ စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားပြီး၊ လုရီကို ကြည့်သော သူတို့၏ အကြည့်များမှာ တဖြည်းဖြည်း ပြောင်းလဲလာကာ လူထူးဆန်းတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်သွား၏။

“ပုံမှန်မဟုတ်တဲ့ မောင်လေး! နင့်ဆီက ဘာမှ မျှော်လင့်မထားသင့်ဘူး။”

သုန်းကုန်းမင်ယွဲ့ကလည်း လုရီကို အထင်သေးစွာ ကြည့်ကာ ရန်တွေ့လေသည်။

“ စီနီယာ အစ်ကိုက အရမ်းဆိုးတာပဲ။ နှစ်ကိုယ်တူ ကျင့်စဉ် နည်းစနစ်က ဘယ်လိုလုပ်ပြီး လူတစ်ယောက်ရဲ့ စွမ်းအားကို အဲ့လောက်တောင် တိုးစေမှာလဲ။ ပြီးတော့ နင်နဲ့ ဘေးချင်းယှဉ် တိုက်ခိုက်နိုင်မယ်တဲ့လား။”

“ရှင်းနေတာပဲ၊ စီနီယာအစ်ကိုကြီး နင် ထူးဆန်းတဲ့ အတွေးတွေ တွေးနေတာပဲ”

ယွင်ရှီးကလည်း သုန်းကုန်းမင်ယွဲ့စကားအား ထပ်ခါထပ်ခါ ခေါင်းညိတ်သည်။

လျိုနင်ရွှမ်းပင်လျှင် လုရီကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်။

လုရီမှာ အထင်မှားခံလိုက်ရသဖြင့် ခံပြင်းသွားသည်။ သူသည် သူ၏ အတွေးအမြင်များကို သူမတို့အား ရှင်းပြလိုက်ရာ၊

သူမတို့၏ မျက်နှာအမူအရာများ နောက်ဆုံးတွင် ပြေလျော့သွားကြသည်။

“အော်...ဒီလိုကိုး၊ ယင်ယန်နိယာမကနေတစ်ဆင့်၊ ပြီးတော့ စစ်အခင်းအကျင်းတွေကိုပါ ထည့်သွင်းမှာလား။ ပုံမှန်မဟုတ်တဲ့ မောင်လေး၊ နင်က တကယ့်ကို ဉာဏ်ကြီးရှင်ပဲ!”

“ဂျူနီယာ မောင်လေးရဲ့ အကြံက တကယ်ပဲ ဖြစ်နိုင်ချေ ရှိတယ်။”

“ဒါဆိုရင် ငါ့ရဲ့ စွမ်းအားကိုလည်း စီနီယာ အစ်ကိုဆီကနေ အားဖြည့်လို့ရမှာပေါ့။ ဟားဟားဟား! စောင့်ကြည့်နေလိုက်၊ ငါက ကောင်းကင်ဘုံ အင်မော်တယ်ကို ကန်ပြီး အစစ်အမှန် အင်မော်တယ်ကို ထိုးပစ်မှာ!”

သုန်းကုန်းမင်ယွဲ့က ခါးထောက်ကာ၊ ခေါင်းမော့ပြီး သူမ၏ အတု မရှိသော အနာဂတ်ကို မြင်ယောင်နေသကဲ့သို့ ရယ်မောလိုက်လေသည်။

“ညီမလေး မင်ယွဲ့က တကယ်ပဲ အရမ်းမိုက်တာပဲ”

ယွင်ရှီးက တည်ငြိမ်စွာ ချီးကျူးလိုက်လေသည်။

“ဒါပေမဲ့ အဲ့ဒီအခါကျရင် မင်းတို့ရဲ့ စွမ်းအားတွေက ငါနဲ့ မူလဇာစ်မြစ် တူသွားပြီး ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေလိမ့်မယ် နော်”

လုရီက သတိပေးလိုက်သည်။

“အဲ့ဒါ ဘာဖြစ်လဲ။ ပုံမှန် မဟုတ်တဲ့ စီနီယာမောင်လေးသာ မရှိရင်၊ ငါတို့ရဲ့ စွမ်းအားက အခုလောက်တောင် သန်မာမှာ မဟုတ်ဘူး”

ကျန်းရူယွီက ဂရုမစိုက်စွာ ပြောသည်။

လျိုနင်ရွှမ်းက လုရီကို ကြည့်ကာ

ဆိုလာသည်က

“ဂျူနီယာမောင်လေးအတွက်ဆိုရင်တော့ ငါ့မှာ ဘာပြဿနာမှ မရှိပါဘူး

ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့လည်း သဘောတူစွာ ခေါင်းညိတ်ကြလေသည်။

ထိုအဖြစ်ကို မြင်သောအခါ လုရီ ဘာမှ ဆက်မပြောတော့ပေ။

အမှန်အတိုင်းပြောရလျှင် သူသည် နှစ်ကိုယ်တူ ကျင့်စဉ်ကို မကျင့်ဖြစ်သည်မှာ အတန်ကြာပြီဖြစ်၍ အတော်လေး သတိရနေသည်။

အကယ်၍ လင်းလောင်တောင်ထိပ်တွင်သာ ရှိနေပါက၊ သူသည် သူ့ကိုယ်သူနှင့် မိန်းကလေးများကို ကောင်းကောင်း ဆက်ဆံရမည်မှာ သေချာသည်။ သို့သော် မဟာတိုက်ပွဲကြီးမှာ မပြီးဆုံးသေးသဖြင့်၊ လုရီသည် သူတို့ နှစ်ကိုယ်တူ ကျင့်ကြံနေစဉ် ရန်သူ တစ်ဦးဦးက တိုက်ခိုက်လာမည်ကိုလည်း စိုးရိမ်နေသည်။ ထိုသို့ ဖြစ်ပါက အလွန် ဒုက္ခများပေလိမ့်မည်။

ထို့ကြောင့် သူတို့ တစ်ဦးချင်းစီ မိမိတို့၏ ကျင့်ကြံခြင်းသို့ ပြန်သွားကြလေသည်။

လျိုနင်ရွှမ်းနှင့် အခြားသူများမှာ ဖိအားများစွာ ခံစားနေရသည်။ လုရီ၏ ကျင့်ကြံခြင်းအခြေခံသည် သူမတို့ထက် များစွာ ပို

မတိုးတက်သော်လည်း၊ သူ၏ စွမ်းအားမှာ အလွန် လျင်မြန်စွာ တိုးတက်လာရာ၊

သူမတို့သည် လုရီအား ကူညီနိုင်စွမ်း မရှိတော့ဟု ပို၍..ပို၍ ခံစားလာရသည်။

သို့သော် လုရီ၏ ယခင် စကားများက သူတို့ကို မျှော်လင့်ချက် ပေးခဲ့သည်။

ထိုအချိန်တွင် လုရီသည် သူ၏ အခန်းသို့ ပြန်လာပြီး အလုပ် ဆုလာဘ်များကို

ပျော်ရွှင်စွာ စစ်ဆေးနေသည်။

ဤတစ်ကြိမ်တွင် လုရီသည် ရာရှိုမွန်

မျိုးနွယ် တပ်ခွဲ နှစ်ခုကို တိုက်ရိုက်ချေမှုန်းခဲ့ပြီး၊ ရာရှိုမွန် မျိုးနွယ် မိခင်သင်္ဘော

နှစ်စင်း၏ ကာကွယ်ရေး အခင်းအကျင်းများကို ဖျက်ဆီးခဲ့ရာ၊ အလုပ် ဆုလာဘ်များ မည်မျှ ရက်ရောမည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။

လုရီ ရေတွက်ကြည့်ရာ၊ သတ်မှတ်ထားသော အင်မော်တယ်စွမ်းရည်အဆင့် +၃ လေးကြိမ်၊ သတ်မှတ်ထားသော ကျင့်ကြံခြင်းနည်းစနစ်အဆင့် +၃ လေးကြိမ်၊ သတ်မှတ်ထားသော အင်မော်တယ်စွမ်းရည်အဆင့် +၄ နှစ်ကြိမ်၊ နှင့် သတ်မှတ်ထားသော ကျင့်ကြံခြင်းနည်းစနစ်အဆင့် +၄ နှစ်ကြိမ် ရှိသည်ကို တွေ့လိုက်ရသည်။

သတ်မှတ်ထားသော နိယာမ ၁၀% တိုးတက်မှု အကြိမ်ငါးကြိမ်ပင် ရှိသေးသည်။

ဤအရာများအပြင် အခင်းအကျင်းတာအို နိယာမ အသိဉာဏ် တိုးတက်မှုများနှင့် ပြည့်စုံသော မွေးရာပါ အခင်းအကျင်းအင်းကွက်တစ်ခုလည်း ပါဝင်သည်။

ဤမွေးရာပါ အခင်းအကျင်းအင်းကွက်သည် ကာကွယ်ရေး အခင်းအကျင်းအင်းကွက် ဖြစ်ပြီး၊ လုရီအား ကာကွယ်ရေးအခင်းအကျင်းများ၏ အနှစ်သာရကို နားလည်စေနိုင်ရာ လုရီ၏ အခင်းအကျင်းတာအို အသိဉာဏ်အတွက် အလွန်အသုံးဝင်သည်။

ထို့အပြင် စွမ်းအားနိယာမ အသိဉာဏ် တိုးမြှင့်မှု၊ အဆင့်မြင့် အင်မော်တယ် ချေမှုန်းရေး လက်ဝှေ့လက်အိတ် နှင့် ယင်ယန်

အင်မော်တယ်ကျမ်းတို့လည်း ပါဝင်သည်။

ဤအရာများအပြင် ရာရှိုမွန်အသီးပင် အချို့၊ အင်မော်တယ်ရွှေအချို့နှင့် ကြယ်တာရာခြင်ဆီ ပမာဏတစ်ခုလည်း ပါဝင်သည်။

ခြုံငုံကြည့်လျှင် ဆုလာဘ်များမှာ မယုံနိုင်လောက်အောင် ရက်ရောလှသည်မှာ အသေအချာပါပင်။

ကောင်းကင်ဘုံ အင်မော်တယ်များကို

မပြောနှင့်၊ အစစ်အမှန် အင်မော်တယ်များပင်လျှင် ဤတစ်ကြိမ် ဆုလာဘ်မှ လုရီ ရရှိခဲ့သလောက် ပိုင်ဆိုင်မှုများ ရှိချင်မှ ရှိပေလိမ့်မည်။

အဆင့်မြင့် အင်မော်တယ် လက်နက် တစ်ခုတည်းကပင် အလွန်တရာ တန်ဖိုးကြီးသော ဖြစ်တည်မှု တစ်ခု ဖြစ်ပြီး၊ ၎င်းသည် လုရီ အသုံးပြုနိုင်သော လက်ဝှေ့လက်အိတ်တစ်စုံ ဖြစ်နေသည်။

လုရီသည် ၎င်းတို့ကို ကောင်းစွာ သိမ်းဆည်းထားလိုက်သည်။

ဤအရာများအပြင် ယင်ယန် နိယာမ

အင်မော်တယ်ကျမ်းသည်လည်း လုရီအား ပျော်ရွှင်စွာ အံ့ဩစေခဲ့သည်။ သူသည် ယင်နှင့်ယန် နှစ်ကိုယ်တူ ကျင့်စဉ် အင်မော်တယ်ကျမ်းတစ်စောင်ကို ဖန်တီးတွက်ချက်ရန် ကြံရွယ်နေချိန်တွင်၊ ဤယင်ယန်နိယာမ အင်မော်တယ်ကျမ်းက အချိန်ကိုက် ရောက်လာခဲ့သည်ပင်။ သူသည် သူ၏ ကိုယ်ပိုင် နှစ်ကိုယ်တူ ကျင့်စဉ် အင်မော်တယ်ကျမ်းကို ဖန်တီးတွက်ချက်ရန် ပြင်ဆင်နိုင်ရန် ဤအင်မော်တယ်ကျမ်း၏ အနှစ်သာရကို စတင်နားလည်နိုင်ပြီ ဖြစ်လေသည်။

အခန်း ၅၇၉ - ဟန်ချက်ညီမှုကို ချိုးဖျက်ခြင်း၊ ကြောက်မက်ဖွယ် စစ်တပ် ခေါင်းဆောင်...

~လက်ရှိ အခြေအနေသည် အားပြန်မွေးရမည့် အဆင့်ဖြစ်သောကြောင့် ခေတ္တခဏမျှ အနားရသည့် အချိန်ပင် ဖြစ်သည်။

လုရီသည် တစ်ခဏမျှ စဉ်းစားပြီးနောက် သူ၏ အလုပ် ဆုလာဘ်များမှ ရရှိထားသော အစွမ်းမြှင့်တင်မှု အမျိုးမျိုးကို နားလည်သဘောပေါက်အောင် စတင်လုပ်ဆောင်တော့၏။

လုရီသည် အသစ်စက်စက် ရရှိထားသော

ရွှမ်ယင် ယွမ်ယန် အင်မော်တယ်ကျမ်းကို အထွတ်အထိပ် အဆင့်အထိ လျင်မြန်စွာ ကျွမ်းကျင် ပိုင်နိုင်သွားရန် ကြံစည်လိုက်သည်။

ဤကျင့်ကြံခြင်း နည်းစနစ်ကို ယခုမှ ရရှိထားခြင်းဖြစ်ပြီး “ကပ်ဘေးဖြတ်ကျော်ခြင်းအခန်း” မတိုင်မီ အခန်းများကို လေ့ကျင့်ထားခြင်း မရှိသော်လည်း၊ လုရီထံတွင် အခြား အင်မော်တယ်ကျမ်းများစွာကို နားလည်ထားသည့် အတွေ့အကြုံကြွယ်ဝစွာ ရှိနှင့်ပြီး ဖြစ်သည်။ ထို့အပြင် သူ၏ အလွန်အမင်း ထက်မြက်သော အခြေခံ၊ မွေးရာပါ တာအိုကို နားလည်နိုင်စွမ်းမြင့်မားမှုတို့နှင့် ပေါင်းစပ်လိုက်သောအခါ တစ်ကြိမ်မျှ ဖတ်ရှုလိုက်ရုံဖြင့် “ပေါင်းစည်းခြင်းနယ်ပယ်” မတိုင်မီ အခန်းများအထိ ကျင့်ကြံခြင်းနည်းစနစ်၏ နက်နဲလှသော သဘောတရားများကို စေ့စေ့စပ်စပ် ကျွမ်းကျင်သွားခဲ့လေသည်။

ထို့နောက်တွင်တော့ ကျင့်ကြံခြင်းနည်းစနစ်၏ “ပေါင်းစည်းခြင်းအခန်း” နှင့် “မဟာယာနအခန်း” တို့ကို အပြည့်အဝကျွမ်းကျင်နိုင်ရန် ရက်အနည်းငယ် အချိန်ယူလိုက်ရ၏။

ထို့နောက် လုရီသည် ကျင့်ကြံခြင်းနည်းစနစ် အဆင့် +၄ တိုးစေသည့် သီးသန့်ဆုလာဘ်ကို အသုံးပြုကာ “ကပ်ဘေးဖြတ်ကျော်ခြင်းအခန်း” ကို အဆင့် ၅ သို့ရောက်ရှိရန် ရက်အနည်းငယ်မျှ အချိန်ယူ၍ ကျင့်ကြံလိုက်သည်။

သူသည် ကျင့်ကြံခြင်းနည်းစနစ်အဆင့် +၃ ဆုလာဘ်ကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုလိုက်၏။ ဤတစ်ကြိမ်တွင်တော့ အချိန် ပိုကြာမြင့်သွားသည်။ အကြောင်းမှာ ကျင့်ကြံခြင်း နည်းစနစ် အဆင့် မြင့်တက်လာသည်နှင့်အမျှ အလုပ်ဆုလာဘ်များရှိနေသည့်တိုင် အချိန်အနည်းငယ် လိုအပ်နေသေးသောကြောင့်ဖြစ်၏။ ယခုတစ်ကြိမ်တွင်တော့ သူ့အတွက် အချိန်ဝက်ခန့် ကြာမြင့်သွားခဲ့သည်။

ဤသို့ဖြင့် လုရီ၏ ကျင့်ကြံခြင်းနည်းစနစ်သည် အဆင့် ၈ သို့ တက်လှမ်းသွားခဲ့လေပြီ။

လုရီသည် နောက်ထပ် ကျင့်ကြံခြင်းနည်းစနစ်အဆင့် +၃ ဆုလာဘ်ကို တစ်လကျော်ကြာ အသုံးပြုကာ ကျင့်ကြံခြင်းနည်းစနစ်အား အထွတ်အထိပ် အဆင့်သို့ မြှင့်တင်လိုက်တော့သည်။

ဤအစွမ်း မြှင့်တင်မှုတွင် အနည်းငယ် ပိုလျှံမှုများ ရှိနေခဲ့သော်ငြားလည်း၊ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားသည်နှင့်တပြိုင်နက် ထပ်မံတိုးတက်ရန်

မဖြစ်နိုင်တော့ချေ။

လုရီသည် ရင်ထဲ၌ အနည်းငယ် နှမြောမိသော်လည်း မတတ်နိုင်ပေ။ ဤသည်သာ အလျင်အမြန် တိုးတက်ရန်အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေပါ၏။

ထို့အပြင် စစ်မြေပြင်သည် မပြီးဆုံးသေးသည့်အတွက် လုရီထံတွင် အလုပ်ဆုလာဘ်များ ထပ်မံ ရရှိရန် အခွင့်အရေးများ ရှိနေသေးရာ ဤသို့ ဖြုန်းတီးလိုက်ရခြင်းကို သူ သိပ်ပြီး အရေးမထားတော့ပေ။

လုရီက အခြား အင်မော်တယ်ကျမ်းများကို ဆက်လက်လေ့လာရန် ကြံရွယ်နေစဉ်မှာပင် လျိုဟိုင်ချင်းထံမှ အကြောင်းကြားလာသည်။ နှစ်လကျော်ကြာ အားမွေးပြီးနောက် ကြယ်တာရာနယ်မြေတပ်မတော်၏ တပ်ခွဲ နှစ်ခုလုံးမှာ ဒဏ်ရာများ ကုသ ပြီးစီးသွားကာ တိုက်ခိုက်ရေးအင်အားများ ပြန်လည် ရရှိလာပြီဖြစ်ကြောင်း သူ သိလိုက်ရ၏။

လုရီနှင့် လျိုနင်ရွှမ်းတို့ အပါအဝင် လူခြောက်ယောက်သည် သူတို့၏ စံအိမ်မှ ထွက်ခွာလာပြီး ပြတင်းပေါက်မှတဆင့် အပြင်သို့ လှမ်းကြည့်လိုက်သောအခါ ဂြိုဟ်အမှတ် ၆ ၏ ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေခဲ့သော ရာရှိုမွန်မျိုးနွယ်၏ သင်္ဘောများကို မတွေ့ရှိရတော့ချေ။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ အတွင်းပိုင်းတစ်ခုလုံး ထုတ်ယူခံထားရသော ထိုဂြိုဟ်သည်ကား ပြန်လည်ကောင်းမွန်လာနိုင်စရာ အကြောင်းမရှိတော့ပေ။

ဂြိုဟ်၏အပေါ်ယံလွှာအောက်တွင် ချော်ရည်များက ပန်းထွက်နေပြီး နေရာတိုင်းတွင် အက်ကွဲကြောင်းများက ပြည့်နှက်နေသည်မှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည့် ဖန်လုံးလေးတစ်လုံးနှယ်။

“ဒီဂြိုဟ်ရဲ့သက်တမ်းက အကောင်းဆုံးအနေနဲ့ နှစ်သောင်းဂဏန်းလောက်ပဲ ကျန်တော့မှာပဲ။ သူ့ရဲ့ပင်မအူတိုင်က တူးထုတ်ခံလိုက်ရပြီဆိုတော့ မကြာခင်မှာပဲ ပေါက်ကွဲသွားတော့မှာပါ”

လုရီ၏ အနောက်မှ ပါ့မူ၏ အသံ ထွက်ပေါ်လာ၏။

လုရီ လှည့်ကြည့်လိုက်သောအခါ ပါ့မူနှင့် အခြားသူများလည်း ရောက်ရှိနေကြသည်ကို သတိပြုမိလိုက်သည်။

သူတို့အားလုံး၏ မျက်နှာများမှာ သွေးရောင်လွှမ်းကာ ကြည်လင် တောက်ပနေကြပြီး ဤအချိန်အတောအတွင်း ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ခဲ့ကြကြောင်း ထင်ရှားနေပါ၏။

အားလုံးက လုရီကို ကြည်လင်ရွှင်ပျစွာ ပြုံး၍ နှုတ်ဆက်ကြရာ သူကလည်း တစ်ဦးချင်းစီကို ပြန်လည် နှုတ်ဆက်လိုက်သည်။

လူစုသည် အဓိကသင်္ဘောကြီး၏ ဗဟိုခန်းမဆီသို့ လျင်မြန်စွာ ရောက်ရှိလာကြ၏။

ထိုစဉ် လျူဟိုင်ချင်းနှင့် ကြယ်တာရာနယ်မြေတပ်သားအချို့သည် ရောက်နှင့်နေခဲ့ပြီးဖြစ်သည်။ လျူဟိုင်ချင်းက စစ်ပွဲအခြေအနေများကို စတင်ပြောကြားတော့သည်။

ရာရှိုမွန်မျိုးနွယ်သည် ထျန်းမင်ကြယ်တာရာ စနစ်သို့ ရောက်ရှိလာသည်မှာဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့လေပြီ။

လက်ရှိအခြေအနေမှာ အလွန်တင်းမာနေ၏။ လုရီ၏ နေရာလပ် နိယာမကို ကျွမ်းကျင်ပိုင်နိုင်မှုနှင့် အဆင့်မြင့် နေရာလပ် အင်မော်တယ် လက်နက် တစ်ခုကို ပိုင်ဆိုင်ထားမှုတို့ကြောင့် တစ်ဆယ်နှင့်

ဆယ့်နှစ် တပ်ခွဲတို့က တိုက်ပွဲများကို အနိုင်ရရှိခဲ့ကြသော်လည်း၊ နေရာလပ်နိယာမသည် အလွန်ရှားပါးလှသည်။ လုရီကဲ့သို့ ကျွမ်းကျင်သည့်အဆင့်အထိ ပိုင်နိုင်သူမှာ ပို၍ပင် ရှားပါးသေး၏။ ဤသို့သောပုဂ္ဂိုလ်များမှာ ထျန်းလော့ကြယ်တာရာနယ်မြေ တစ်ခုလုံး၏ ပါရမီရှင်များဖြစ်ကြပြီး ဤကဲ့သို့သော စစ်မြေပြင်များတွင် ပေါ်ထွက်လာလေ့ မရှိချေ။

အခြားစစ်မြေပြင်များတွင်တော့ ဤသို့သော အားသာချက်များမရှိဘဲ၊ ပိုမိုအားကောင်းသော ရာရှိုမွန်မျိုးနွယ် တပ်မတော်များကို ရင်ဆိုင်နေရကာ တရစပ် ဆုတ်ခွာနေခဲ့ရသည်။ တပ်ခွဲ နှစ်၊ တပ်ခွဲ ကိုးနှင့် တပ်ခွဲ နှစ်ဆယ့်သုံးများဆိုလျှင် အလုံးစုံ ဖျက်ဆီးခံခဲ့ရလေပြီ။

ထျန်းမင်ဂြိုဟ်နှင့် ဂြိုဟ်အမှတ် ၄ နှင့် ၆ တို့မှလွဲ၍ ထျန်းမင် ကြယ်တာရာ စနစ်ရှိ အခြား ဂြိုဟ်အများစုမှာ ရာရှိုမွန်

မျိုးနွယ်၏ ထိန်းချုပ်မှုအောက်သို့

ကျရောက်သွားခဲ့သည်။

ကြယ်တာရာနယ်မြေတပ်မတော်မှ ကျင့်ကြံသူများသည် ဤသို့သော ကြောက်မက်ဖွယ် တပ်မတော်ကြီးကို ခုခံနိုင်စွမ်း မရှိကြတော့ပေ။

စစ်မြေပြင်သတင်းများကို ကြားသိရသောအခါ လူတိုင်း၏ မျက်နှာအမူအရာများမှာ လေးနက်သွားကြပြီး တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ဂြိုဟ်အမှတ် ၄ တွင်ဖြစ်စေ၊ ဂြိုဟ်အမှတ် ၆ တွင်ဖြစ်စေ၊ သူတို့က အသာစီးရနေခဲ့ရာ

ရာရှိုမွန် မျိုးနွယ်တပ်များ၏ ပိုမိုကြီးမားသော အင်အားကို မေ့လုမတတ်ပင် ဖြစ်နေခဲ့ကြသည်။

လျိုဟိုင်ချင်း၏ ရှင်းပြချက်ကို ကြားပြီးမှသာ သူတို့ထင်ထားသည်ထက် အခြေအနေက များစွာဆိုးရွားနေကြောင်း သဘောပေါက်သွားကြတော့သည်။

“စစ်တပ် ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်ကတော့ ငါတို့ကို ပြောက်ကျားတပ်ဖွဲ့အနေနဲ့ တခြားညီအစ်ကိုတပ်ခွဲတွေကို ကူညီဖို့ပဲ။ ငါတို့ရဲ့ပန်းတိုင်က သူတို့ရဲ့ အဓိကသင်္ဘောတွေကို လျင်မြန်ပြတ်သားတဲ့ တိုက်ခိုက်မှုတွေနဲ့ ဖျက်ဆီးပြီး သူတို့ရဲ့ ရွေ့လျားနိုင်စွမ်းကို ကန့်သတ်၊ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ပဲ။ ဒီလိုလုပ်နိုင်မှသာ စစ်မြေပြင်ကို ငါတို့ ခွဲထုတ်နိုင်မှာ” ဟု လျိုဟိုင်ချင်းက ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြပြီး အားလုံး၏ အကြည့်များက လုရီထံသို့ စုပြုံရောက်ရှိသွား၏။

ဤအချိန်တွင် လုရီ၏ ဆင်ခြင်တုံတရားမဲ့လောက်အောင် အစွမ်းထက်သော

နေရာလပ်နိယာမနှင့် နက်ရှိုင်းခြင်းအင်မော်တယ်အဆင့် စွမ်းအားရှင်များ ချမှတ်ထားသော ကြောက်မက်ဖွယ် မဟာအခင်းအကျင်းကြီးများကိုပင် ဖြတ်ကျော်သွားလာနိုင်သည့် အလွန်ကျွမ်းကျင်သော အခင်းအကျင်းတာအိုပညာရပ်ကို

မသိသူ ဘယ်သူရှိပါတော့မည်နည်း။

ဤသည်မှာ လုံးဝ မဖြစ်နိုင်လောက်စရာပင်။ မည်သို့ပင်ဖြစ်စေ လုရီသည် ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်သည်။ သူတို့ကိုယ်တိုင် မျက်ဝါးထင်ထင် မတွေ့ခဲ့ရပါက ဤသို့သော အရာကို မည်သူမျှ ယုံကြည်ကြမည်မဟုတ်ပေ။

လုရီသည်လည်း အခြေအနေကို ရှင်းလင်းစွာ သဘောပေါက်လိုက်ပြီး သူ၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပလာ၏။

ရာရှိုမွန် မျိုးနွယ် ဖြစ်စေ၊ ကြယ်တာရာနယ်မြေ တပ်မတော် ဖြစ်စေ၊ သင်္ဘောအုပ်စုများအတွက် လျင်မြန်စွာ အင်အားဖြည့်တင်းရန် နည်းလမ်းမှာ တစ်ခုတည်းသာရှိပြီး၊ ၎င်းမှာ နေရာလပ် ကူးပြောင်းမှုပင် ဖြစ်သည်။ ရာရှိုမွန်မျိုးနွယ်နှင့် ကြယ်တာရာနယ်မြေတပ်မတော်၏ အဓိကသင်္ဘောများတွင် အစွမ်းထက်သော နေရာလပ်ကူးပြောင်းရေး အခင်းအကျင်းများ တပ်ဆင်ထားပြီး၊ နေရာလပ်ကို ထိုးဖောက်၍ ကြီးမားသော ဟင်းလင်းပြင်ကြီးတစ်ခု ဖန်တီးကာ သင်္ဘောအုပ်စုတစ်ခုလုံး ဖြတ်သန်းသွားလာနိုင်စွမ်းရှိသည်။

အကယ်၍ အဓိကသင်္ဘောများ၏ နေရာလပ်ကူးပြောင်းရေး အခင်းအကျင်းများကို ဖျက်ဆီးနိုင်ခဲ့ပါလျှင် အရာအားလုံးက စိတ်ဝင်စားစရာ ကောင်းလာပေလိမ့်မည်။

သူတို့၏ ကြီးမားလှသော သင်္ဘောအုပ်စုများအတွက် ဖြတ်သန်းရန် ဤသို့သော ဟင်းလင်းပြင်ကြီးများမရှိပါက သူတို့၏ သွားလာနိုင်စွမ်းမှာ အလွန်အမင်း ကန့်သတ်ခံရပေလိမ့်မည်။

တစ်ဦးချင်း သယ်ဆောင်နိုင်သော ကူးပြောင်းရေးအခင်းအကျင်းများမှာမူ ဂြိုဟ်တစ်ခုအတွင်း ကူးပြောင်းရန် အခင်းအကျင်းစင်မြင့် တစ်ခု တည်ဆောက်ရန် လွယ်ကူနိုင်သော်လည်း၊ ဂြိုဟ်တစ်ခုနှင့်တစ်ခုကြား သို့မဟုတ် ထို့ထက်ဝေးကွာသော အကွာအဝေးများအတွက်မူ နေရာလပ်ကူးပြောင်းရေး အခင်းအကျင်းစင်မြင့်တစ်ခုကို စနစ်တကျ တည်ဆောက်ရန် လိုအပ်ပေလိမ့်မည်။

ဤသည်မှာ လျင်မြန်စွာ ပြီးမြောက်နိုင်မည့် လုပ်ငန်းမဟုတ်သလို၊ ဤသို့ လှုပ်ရှားနေချိန်တွင် ကြယ်တာရာနယ်မြေတပ်မတော်က လူအများ မဟုတ်သည့်အတွက်

ဝင်ရောက်နှောင့်ယှက်မည် မဟုတ်ပါလော။

ဤနည်းလမ်းဖြင့် ကြယ်တာရာနယ်မြေတပ်မတော်သည် တုံ့ပြန်မှုသာ ပြုလုပ်နိုင်သည့် အခြေအနေမှ လှုပ်ရှားဖန်တီးနိုင်သည့် အခြေအနေသို့ ပြောင်းလဲသွားနိုင်ပေလိမ့်မည်။ အလွန်ကောင်းမွန်သော အကြံဉာဏ်ပင်တည်း။

လုရီ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထန်လာ၏။ ရာရှိုမွန် မျိုးနွယ် ကျင့်ကြံသူများကို အနိုင်မတိုက်နိုင်သည့်တိုင်၊ အဓိက သင်္ဘောများ၏ အခင်းအကျင်းများကို ဖျက်ဆီးလိုက်ရုံမျှဖြင့် သူသည် ကြီးမားသော ဆုလာဘ်များ ရရှိပေလိမ့်မည်။

ဤနေရာတွင်လည်း ရာရှိုမွန် မျိုးနွယ်၏ အဓိက သင်္ဘောများမှာ ပေါများလှသည်

မဟုတ်ပါလား။ တပ်မတော်ကြီး နှစ်ခုလုံးကို ခြုံငုံကြည့်ပါက အနည်းဆုံး အဓိကသင်္ဘော အစင်းနှစ်ဆယ်ခန့် ရှိပြီး၊ အများဆုံးဆိုလျှင် အစင်း လေးငါးဆယ်အထိပင် ရှိနိုင်ပါသည်တကား။

ဒီလိုသာဆိုရင် ဆုလာဘ်တွေက ဘယ်လောက်တောင် များပြားလိုက်မလဲ။

လုရီသည် တိတ်တဆိတ် ကြည်နူးစွာ တွေးတောနေမိသည်။

“သခင်လေးလုရီ၊ ဒါက စစ်တပ် ခေါင်းဆောင်ရဲ့ အကြံဉာဏ်ပါ။ သခင်မလေးကတော့ သခင်လေးရဲ့ သဘောထားကို မေးခိုင်းလိုက်ပါတယ်။ အကယ်၍ သခင်လေး ဆန္ဒမရှိဘူးဆိုရင်လည်း အခုရောက်လာနေပြီဖြစ်တဲ့ စစ်ကူတွေ ရောက်တဲ့အထိ ကျွန်တော်တို့ ခုခံစောင့်ဆိုင်းနိုင်ပါတယ်”ဟု လျိုဟိုင်ချင်းက ဆက်ပြောသည်။

ထိုစကားကို ကြားသောအခါ အခြားသူများအားလုံးသည် လုရီကို ထူးဆန်းသော မျက်နှာအမူအရာများဖြင့် ကြည့်လိုက်ကြ၏။

တစ်ယောက်ပြီးတစ်ယောက် အလွန်အမင်း မနာလိုဖြစ်နေကြသည်။ ယူမိသားစု၏ ဒုတိယသခင်မလေး၏ တိုက်ရိုက်တပည့်တစ်ဦး ဖြစ်ဖို့ အမှန်ပင် ထိုက်တန်ပါပေ၏။

ဤသို့သော ကြီးကျယ်သည့် အခွင့်အရေးကို လက်ခံမည်၊ လက်မခံမည်က...

အချို့သော ဂြိုဟ်များ၏ အရင်းအမြစ်များကို စတေးလိုက်ရသည့်တိုင် ဤသည်မှာ တန်သည်ဟု ယူဆရပေမည်။

ဤသို့သော ဆရာတစ်ဦးရှိခြင်းကို မည်သူက မနာလိုဘဲ နေနိုင်ပါမည်နည်း။

လုရီ၏ ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူ၏ဆရာမှာ ပုံမှန်အားဖြင့် ဒေါသအနည်းငယ်ကြီး၊ အနည်းငယ်ပျင်းရိပြီး အစားအသောက်မက်မောသူတစ်ဦး ဖြစ်သော်လည်း၊ သူ့အပေါ်တွင်မူ အမြဲတစေ ကောင်းမွန်လှပါ၏။

လုရီ သိပါသည်။ အကယ်၍ သူသာ ဤသို့သော ပုံစံဖြင့် စတင်လှုပ်ရှားလိုက်ပါက၊ ရာရှိုမွန်မျိုးနွယ်သည် သူ့ကို ထိပ်တန်းသတ်ဖြတ်ရန် ပစ်မှတ်အဖြစ် သတ်မှတ်လာဖွယ်ရှိသည်။

အကြောင်းမှာ၊ သူသည် ဤစစ်မြေပြင်တွင် ဤသို့လုပ်ဆောင်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပြီး၊ ဟန်ချက်ညီမှုကို အလွန်အမင်း ပျက်ပြားစေသောကြောင့်ပင်တည်း။

ရာရှိုမွန်မျိုးနွယ်၏ တပ်မတော်ကြီးမှူးများပင်လျှင် သူ့ကို တိုက်ခိုက်ရန် ကိုယ်တိုင်ကိုယ်ကျ ထွက်လာနိုင်ဖွယ်ရှိသည်။

ဂြိုဟ်အမှတ် ၄ တွင် ငါးမျှားထွက်ရင်း သွေးငရဲတပ်မတော် တပ်ခွဲတစ်ခု၏ တပ်မှူးချုပ်ကို ချိတ်မိခဲ့သည့်အချိန်ကို လုရီ မမေ့သေးပေ။

စဉ်းစားပြီးနောက် လုရီက ပြောလိုက်သည်။

“ကျွန်တော် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုနည်းလမ်းနဲ့ ဆက်လုပ်မယ်ဆိုရင်တော့ အထူးရွေးချယ်ထားတဲ့ အဖွဲ့တစ်ဖွဲ့တော့ လိုအပ်ပါလိမ့်မယ်”

“ဟုတ်ကဲ့၊ ဒါကတော့ ပြဿနာမရှိပါဘူး။”

လျိုဟိုင်ချင်း၏ မျက်လုံးများမှာ အံ့အားသင့်မှုနှင့် ဝမ်းသာမှုတို့ဖြင့် တောက်ပသွားသည်။

“သခင်လေးလုရီက ရာရှိုမွန်မျိုးနွယ် တပ်မတော်ကြီးကို အနိုင်တိုက်ဖို့ အသက်စွန့်ပြီး ကြိုးစားပေးတာပဲ၊ ကျန်တဲ့ ကျွန်တော်တို့အားလုံးကလည်း သခင်လေးရဲ့ဘေးမှာ လိုက်ပါဖို့ အဆင်သင့်ပါပဲ”

လုရီက လေးနက်တည်ကြည်စွာဖြင့်

“တပ်မှူးလျိုက မြှောက်လွန်းနေပါပြီ။ ကျွန်တော်က လုပ်သင့်တာကို လုပ်ရုံပါပဲ။ ရာရှိုမွန်မျိုးနွယ် တပ်မတော်ကြီးက

ကျွန်တော့်ရဲ့ ဇာတိမြေကို ကျူးကျော်နေတာမို့ ကျွန်တော် ရပ်တည်ရမှာက သဘာဝကျပါတယ်ဗျာ”

...ဟုတ်တာပေါ့၊ ရပ်တည်ပြီးတဲ့နောက်မှာ အလုပ်ဆုလာဘ်လေးတွေ ရလိုက်ရင်တော့ ကိတ်မုန့်ပေါ်က ချယ်ရီသီးလေး တင်လိုက်သလိုပေါ့။...

ကြယ်တာရာ နယ်မြေတပ်မတော်မှ အင်အားကြီးသူများက လုရီကို လေးစားသဘောကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

ကြယ်တာရာ နယ်မြေတပ်မတော်၏ အဖွဲ့ဝင်များအနေဖြင့် သူတို့၏ အလုပ်မှာ ကောင်းကင် ကြယ်တာရာနယ်မြေကို အခြားကြယ်တာရာနယ်မြေများ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် ဖြစ်ရာ လုရီ၏ ပြောစကားကို နက်နက်ရှိုင်းရှိုင်း သဘောတူညီကြသည်။

“ဒီလိုဆိုရင်တော့ နောက်ထပ် အစီအစဉ်တွေဆွဲဖို့ စစ်ခံတပ်ကြီးဆီ အရင်ပြန်ကြတာပေါ့”

လျိုဟိုင်ချင်းက အကြံပြုလိုက်သည်။

လုရီက ခေါင်းညိတ်လိုက်ပြီး သဘောတူကြောင်းပြလိုက်၏။

ထို့နောက်တွင်တော့ လျိုဟိုင်ချင်းသည်

ခဲမင်လော့အား လုရီ၏ အတွေးအမြင်များကို အကြောင်းကြားလိုက်ပြီး ဆယ်တပ်ခွဲနှင့် ဆယ့်နှစ် တပ်ခွဲတို့သည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ စစ်ခံတပ်ကြီးဆီသို့ ဦးတည် ထွက်ခွာသွားကြလေတော့သည်။

ဂြိုဟ်တစ်လုံး အရွယ်အစားရှိသော စစ်ခံတပ်ကြီး၏ ရှေ့တွင် ဟင်းလင်းပြင်တစ်ခု ပွင့်ထွက်လာပြီး သင်္ဘောအုပ်စုနှစ်ခု ထွက်ပေါ်လာကာ စစ်ခံတပ်ကြီးအတွင်းသို့ ဝင်ရောက်သွားလေသည်။

သင်္ဘောအုပ်စုများသည် ခံတပ်၏ ကျယ်ပြောလှသောရင်ပြင်တွင် ရပ်တန့်လိုက်ကြ၏။ လုရီ ခြေလှမ်းအထွက်မှာပင်

လင်းလောင်တောင်ထိပ် သခင်မကို တွေ့လိုက်ရသည်။ တောင်ထိပ်သခင်မ၏ ဘေးတွင်မူ အနက်နှင့်အနီရောင် စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော အရပ်မြင့်မားပြီး မျက်နှာလေးထောင့်ကျသည့် ဆံပင်ဖြူအဘိုးအိုတစ်ဦး ရပ်နေ၏။

ထိုအဘိုးအို၏ အရှိန်အဝါမှာ နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူသည် တွင်းနက်ကြီးတစ်ခုအလား၊ ပတ်ဝန်းကျင်ရှိ အလင်းရောင်ကိုပင် သိသိသာသာ မှိန်ဖျော့သွားစေသည့် အလွန်အင်အားကြီးမားသော ဖိအားတစ်ရပ်ကို ထုတ်လွှတ်နေသည်။

သူ့ဘေးတွင်ရပ်နေသော စွမ်းအားရှင်အဆင့် ကျင့်ကြံသူများပင်လျှင် သဘာဝသားရဲကြီးတစ်ကောင်၏ ရှေ့မှောက်မှ သတ္တဝါငယ်များကဲ့သို့ ထိန်းချုပ်မရနိုင်သည့်နှယ် အနည်းငယ် တုန်ယင်နေကြ၏။

ကောင်းကင်ဘုံအင်မော်တယ်များပင်လျှင် ထိုအဘိုးအိုကို မြင်သောအခါ မျက်နှာများ ဖြူဖျော့သွားကာ ရင်ဘတ်ထဲတွင် လေးလံလာပြီး တစ်ကိုယ်လုံး အားနည်းချည့်နဲ့သွားကြသည်။

အလွန်အင်မတန် အားကြီးလှပါတကား။

လုရီသည် အလွန်တရာ တုန်လှုပ်သွား၏။

ဒီလူက နက်ရှိုင်းခြင်းအင်မော်တယ်အဆင့်ထက် ကျော်လွန်နေတဲ့သူပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား။

ကြယ်တာရာနယ်မြေတပ်မတော်၏ တပ်မတော်ကြီးမှူးတစ်ဦးက မျှော်လင့်ထားသည့်အတိုင်းပင်။ အားအလွန်ကြီးပါပေ၏။

လင်းလောင်တောင်ထိပ်သခင်မသည် လုရီနှင့် လျိုနင်ရွှမ်းတို့ ဆင်းသက်လာသည်ကို မြင်သောအခါ သူမ၏မျက်လုံးများမှာ တောက်ပသွားပြီး ပျံသန်းလာလေသည်။

“ကောင်စုတ်လေး၊ မဆိုးဘူးပဲ။ သွေးငရဲတပ်မတော် တပ်ခွဲနှစ်ခုလုံးကို ချိုးဖျက်ပြီး ဒီလောက်များတဲ့ စစ်ပွဲရမှတ်တွေ ရအောင်လုပ်နိုင်ခဲ့တယ်ပေါ့လေ”

လင်းလောင်တောင်ထိပ်သခင်မက လုရီ၏ပါးကို ဆွဲညှစ်ရင်း အံ့အားသင့်စွာဖြင့် ပျော်ရွှင်စွာ ပြောလိုက်သည်။

အမှန်တကယ်တော့ လင်းလောင်တောင်ထိပ်သခင်မသည် အစပိုင်း၌ လုရီနှင့် အခြားသူများမှာ လေ့ကျင့်ရေး ဆင်းရန် ထွက်သွားကြသည်ဟုသာ ထင်ခဲ့ပြီး၊ လုရီက ဤမျှလောက် ကြမ်းတမ်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ၏ အစွမ်းထက်သော နေရာလပ်နိယာမနှင့် အခင်းအကျင်းတာအိုနိယာမကို အသုံးပြုကာ သွေးငရဲတပ်မတော် တပ်ခွဲနှစ်ခုကို အမှန်တကယ် ဖျက်ဆီးပစ်ခဲ့သည်တကား။

ကောင်းကင်ကြယ်တာရာ နယ်မြေနှင့် ရာရှိုမွန်ကြယ်တာရာနယ်မြေတို့ကြား ပြင်းထန်သောတိုက်ပွဲများတွင်ပင် သွေးငရဲတပ်မတော် တပ်ခွဲနှစ်ခု ဆုံးရှုံးရသည်မှာ အလွန် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားရန် လိုအပ်ပေသည်။

တောင်ထိပ်သခင်မက သူ၏ပါးကို ဆွဲညှစ်နေသည်ကို မြင်သောအခါ လုရီ၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပြီး သူမ၏လက်ကို တိတ်တဆိတ် ပုတ်ထုတ်လိုက်လိုက်သည်။

“ဆရာ၊ လူရှေ့သူရှေ့မှာ ဆရာ့ပုံရိပ်ကို ထိန်းပါဦး” ဟု သူက မကျေမနပ် ပြောလိုက်လေသည်။

ကျစ်၊ ငါ့မှာလည်း ထိန်းရမယ့် ဂုဏ်သတင်းဆိုတာ ရှိသေးတယ် မဟုတ်လား။

လင်းလောင်တောင်ထိပ်သခင်မသည် ပတ်ပတ်လည်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ လျိုဟိုင်ချင်းနှင့် အခြားသူများမှာ သူတို့၏အကြည့်များကိုလွှဲကာ ခေါင်းငုံ့ပြီး ဘာမှ

မမြင်ဟန်ဖြင့် တိတ်ဆိတ်စွာ နေနေကြသည်ကို သတိပြုမိလိုက်သည်။

လုရီ: “???”

ဒီလူတွေရဲ့ ကြောက်တတ်ပုံများ... ရာရှိုမွန်

မျိုးနွယ်ကို ရင်ဆိုင်တုန်းကတော့ ဒီလောက်

မကြောက်တတ်ကြပါဘူး၊ ဟုတ်တယ်မလား။

လုရီသည် သူတို့ကို စိတ်ထဲမှ အားရပါးရ ကဲ့ရဲ့လိုက်လေသည်။

ထို့နောက်တွင်တော့ ကြယ်တာရာနယ်မြေတပ်မတော်၏ စစ်တပ် ခေါင်းဆောင်သည်

လက်များကို နောက်ပစ်လျက် အနေအထားဖြင့် မည်သူမျှ သတိမပြုမိခင်မှာပင် လင်းလောင် တောင်ထိပ် သခင်မ၏ ဘေးသို့ ဘွားခနဲ ရောက်ရှိလာ၏။

သူက လုရီကို အကဲဖြတ်လိုက်ပြီး ကျေနပ်စွာပြုံးကာ ခေါင်းညိတ်လျက် ချီးကျူးလိုက်လေတော့သည်။

“လုရီဆိုတာ မင်းလား။ လင်းလောင်က တပည့်ကောင်းတစ်ယောက် ရှာတွေ့ခဲ့တာပဲ။ အရမ်းကောင်းတယ်၊ တကယ်ကို ကောင်းတယ်”

All Chapters