← Chapters

အခန်း (၅၈၀-၅၈၂)

Vol. 39 Ch. 580-582

အခန်း (၅၈၀-၅၈၂)

Vol. 39 Ch. 580-582

အခန်း ၅၈၀- ရာခိုင်နှုန်း နေရာလပ်နိယာမ၊ လျှို့ဝှက်စစ်ဆင်ရေး...

~လင်းလောင်တောင်ထိပ်သခင်မက မိတ်ဆက်ပေးလိုက်သည်။

“ကောင်လေး၊ ဒီပုဂ္ဂိုလ်က ကြယ်တာရာနယ်မြေတပ်မတော်ရဲ့ ဆဌမတပ်မတော်

ကြီးမှူး(ဝါ)စစ်တပ် ခေါင်းဆောင်၊ ပြီးတော့ ငါ့ဦးလေးတော်စပ်သူ ယွီထျန်းဖုန်းပဲ။ မင်းက ဦးလေးယွီလို့ပဲ ခေါ်နိုင်တယ်”

လုရီက ချက်ချင်းပင် ရိုသေ လေးစားစွာ နှုတ်ဆက်လိုက်သည်။

“လုရီက ဦးလေးယွီကို ဂါရဝပြုပါတယ် ခင်ဗျာ”

ယွီထျန်းဖုန်းသည် သူ့လက်နှစ်ဖက်ကို နောက်ပစ်ကာ ခပ်သာသာပင် ခေါင်းညိတ်ပြ၏။

"အိုး..လူငယ်ပေမယ့် လေးစားစရာပဲ။ ဒီလို ငယ်ရွယ်တဲ့ အရွယ်နဲ့ နေရာလပ် နိယာမကို ကျွမ်းကျင်ပိုင်နိုင်နေပြီဆိုတော့ တော်တော်လေး ကောင်းတာထက် ပိုတယ်လို့ ပြောရမှာပဲလေ”

လျိုဟိုင်ချင်းနှင့် ဘေးမှ ခဲမင်လော့တို့ နှစ်ဦးသားသည် ယွီထျန်းဖုန်းကို အံ့အားသင့်စွာ ကြည့်နေကြလေသည်။ သူတို့၏ မျက်နှာတွင် သရဲတစ်ကောင်ကို မြင်လိုက်ရသည့်ပုံစံမျိုးပင် ပေါ်ပေါက်လို့နေ၏။

ဆဋ္ဌမတပ်ရင်း၏ တပ်မှူးချုပ်များဖြစ်သည့်

အလျှောက် ယွီထျန်းဖုန်းသည် မည်မျှ ခက်ထန်ပြတ်သားသော တပ်မတော်ကြီးမှူး ဖြစ်ကြောင်းကို သူတို့နှစ်ဦးစလုံး အတိအကျ သိရှိထားလေသည်။ သူတို့မှာ ကြယ်တာရာ နယ်မြေတပ််မတော်၏ နက်ရှိုင်းခြင်း အင်မော်တယ် အဆင့် တပ်မှူးချုပ်များ ဖြစ်ကြပြီး ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်ခုလုံးတွင်ပင် အသင့်အတင့် အင်အားကြီးမားသည်ဟု ဆိုနိုင်လေသည်။ ထို့ကြောင့် သူတို့သည် ပါရမီရှင်

များစွာကို မြင်ဖူးခဲ့ကြ၏။

သို့သော်လည်း ယွီမိသားစု၏ ပါရမီရှင်များပင် ယွီထျန်းဖုန်း၏ ချီးကျူးမှုကို ရရှိခဲလှသည်။

သို့သော်လည်း ယခုအခါတွင်မူ သူသည် လုရီအပေါ် နူးညံ့သိမ်မွေ့နေသည့်အပြင် အဆက်မပြတ် ချီးကျူးစကား ဆိုနေသည်ကို မြင်ရလေသဖြင့် အံ့သြမိကြခြင်းပါ။

မည်သို့ပင်ဆိုစေ နောက်တစ်ချက်ကို စဉ်းစားလိုက်သောအခါတွင် လုရီ၏ ကျင့်ကြံခြင်းအဆင့်သည် ကပ်ဘေးဖြတ်ကျော် အဆင့်သာ ရှိသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ကောင်းကင်ဘုံ အင်မော်တယ် အဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ဤသို့သောစွမ်းဆောင်ရည်မျိုးကို အခြားသော မိစ္ဆာအဆင့် ပါရမီရှင်များလည်း လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်ပေလိမ့်မည်။

သို့သော် ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်မျှဖြင့် ဤမျှနက်နဲသော နေရာလပ်နိယာမကို ပိုင်နိုင်ခြင်းမှာမူ ကျယ်ပြောလှသော ကောင်းကင်ကြယ်တာရာ နယ်မြေတစ်ခွင်တွင်ပင် ရှားပါးလှပါ၏။

ဤသို့သော ကောင်းကင် မာနရှင် နတ်ဆိုးတစ်ပါးကို ယွီထျန်းဖုန်းက မျက်နှာသာပေးသည်မှာ အံ့ဩစရာမရှိတော့ပေ။

လုရီက ငြင်းဆန်လိုက်သည်။

“ဦးလေးယွီက အလွန်အမင်း ချီးကျူးလွန်းနေပါပြီဗျာ”

ထိုအခါ ယွီထျန်းဖုန်းက ပြောလိုက်၏။

“အင်း၊ အစည်းအဝေးခန်းမကို သွားကြစို့။ သွေးငရဲတပ်မတော်ကို တန်ပြန်တိုက်ခိုက်ဖို့ ဗျူဟာတွေ ဆွေးနွေးရမယ်”

ယွီထျန်းဖုန်းနှင့် လင်းလောင်တောင်ထိပ်သခင်မတို့က လုရီ၊ လျိုနင်ရွှမ်းတို့ကို ဦးဆောင်ကာ ၊ တပ်မှူးချုပ် နှစ်ဦးတို့နှင့်အတူ ထွက်ခွာသွားကြသည်။

ကျန်ရှိသော သူများကိုမူ တပ်မှူးချုပ် နှစ်ဦးက ပြန်လည် အနားယူရန် ညွှန်ကြားကာ ဖျက်သိမ်းလိုက်တော့သည်။ အစည်းအဝေးခန်းထဲတွင်

ယွီထျန်းဖုန်းက လူတိုင်းကို နေရာယူခိုင်းပြီးနောက် လုရီကို ကြည့်လိုက်၏။

“လုရီ...သွေးငရဲတပ်မတော်ကို တန်ပြန်တိုက်ခိုက်မယ့်ဗျူဟာတွေအကြောင်း

လျိုဟိုင်ချင်းနဲ့ ခဲမင်လော့က မင်းကို ပြောပြပြီးပြီလား။ မင်းရဲ့သဘောထားကရော ဘယ်လို ရှိလဲ”

ထိုအခိုက်အတန့်ဝယ် လင်းလောင်တောင်ထိပ်သခင်မက လုရီကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်လေး၊ နင် မသွားချင်ရင်လည်း ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် နင်က လုံလောက်တာထက်တောင် ပိုပြီး စွမ်းဆောင်ပြခဲ့ပြီးပြီ။ ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူ တစ်ယောက်အနေနဲ့ သွေးငရဲတပ်မတော်တပ်စု သုံးစုကို ဦးဆောင်ဖျက်ဆီးခဲ့တယ်ဆိုတာ နှစ်ပေါင်း သန်းရာချီသက်တမ်းရှိတဲ့ ကောင်းကင်ကြယ်တာရာ နယ်မြေရဲ့ သမိုင်းမှာတောင် ရှားပါးတဲ့ စွမ်းဆောင်မှုပဲ။ နင် ဆက်ပြီးလှုပ်ရှားမယ်ဆိုရင် သွေးငရဲတပ်မတော်ရဲ့ တပ်မတော်ကြီးမှူးတွေဖြစ်တဲ့ ရွှေအင်မော်တယ်အဆင့် စွမ်းအားရှင်တွေရဲ့ အာရုံစိုက်မှုကို ခံရနိုင်တယ်”

ယွီထျန်းဖုန်းက လင်းလောင်တောင်ထိပ်သခင်မကို ဘာပြောရမှန်း မသိဟန်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း သူကပင် ထပ်လောင်းပြောလိုက်၏။

“လင်းလောင် ပြောတာမှန်တယ်။ မင်းရဲ့ပါရမီက အလွန်အမင်းမြင့်မားတယ်၊ ဘယ်လိုအမှား

အယွင်းမျိုးမဆို ကောင်းကင်ကြယ်တာရာ နယ်မြေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် မင်းရဲ့ဆုံးဖြတ်ချက်ကို ငါလေးစားတယ်”

လုရီက ညင်သာစွာ ပြုံးလိုက်ပြီး ထက်ရှသော အသံဖြင့် ဆိုသည်။

“ကျွန်တော် သွားကို သွားရမှာပါ။ ပြည်ပကျူးကျော်သူတွေကို တွန်းလှန်ဖို့က ကျွန်တော့်တာဝန်ပဲ။ ကြယ်တာရာနယ်မြေတပ်မတော်က စစ်သည်တော်တွေနဲ့ ကောင်းကင်ကြယ်တာရာ နယ်မြေက ကျင့်ကြံသူတွေ ရန်သူကို ရင်ဆိုင်နေချိန်မှာ ကျွန်တော်က ဘေးကနေ လက်ပိုက်ကြည့်နေလို့ ဘယ်ဖြစ်မလဲ၊ ဟုတ်တယ်မလား။

ကျွန်တော့်မှာ စွမ်းရည်ရှိနေမှတော့ ကူညီရမှာက သဘာဝကျပါတယ်”

ထိုစကားကို ကြားသောအခါ ယွီထျန်းဖုန်းနှင့် အခြားသူများမှာ တစ်ခဏမျှ မှင်တက်သွားကြသည်။ ထို့နောက် ယွီထျန်းဖုန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး လုရီကို ကြည့်သည့် သူ၏ အကြည့်များမှာ ပိုမို၍ အသိအမှတ်ပြု လေးစားဟန်များ ပြည့်နှက်လာသည်။

“သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်။ နတ်ဆိုးတစ်ပါးဖြစ်နေရင်တောင် စစ်ပွဲကို ရှောင်လွဲလို့

မဖြစ်ဘူး။ တိုက်ခိုက်ရမယ့် အချိန် ရောက်ရင် ဘယ်တော့မှ နောက်မဆုတ်ရဘူး”

ယွီထျန်းဖုန်းက အာမခံလိုက်သည်။

“အချိန်ကျရင် ငါကိုယ်တိုင် မင်းနဲ့အတူလိုက်ပြီး မင်းရဲ့လုံခြုံရေးကို အာမခံပေးမယ်”

လုရီက စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်ပြီး ဆိုသည်။

“ဒါဆိုရင်တော့ ဦးလေးယွီကို အားကိုးရတော့မှာပေါ့”

ရွှေအင်မော်တယ်အဆင့် ယွီထျန်းဖုန်း ရှိနေလျှင် လုံခြုံရေးအတွက် ပြဿနာ မရှိလောက်တော့ဟု လုရီ ခံစားလိုက်ရသည်။

လင်းလောင်တောင်ထိပ်သခင်မက လုရီကို

တစ်ချက် ကြည့်ရင်း ရေရွတ်လိုက်သည်။

“ကောင်းပြီလေ၊ ဒါဆိုရင်တော့ ငါလည်း လိုက်ခဲ့ရတော့မှာပေါ့။ ငါကတော့ ဘေးကနေ အစအဆုံး လိုက်ကြည့်နေသလိုမျိုး လုပ်ပေးရတာပေါ့လေ”

ထိုအခါ ယွီထျန်းဖုန်းက လင်းလောင်တောင်ထိပ် သခင်မကို တစ်ချက် ကြည့်ပြီး ကြေညာလိုက်၏။

“ဒီလို ဖြစ်မှတော့ အားလုံး အတူတူ သွားကြတာပေါ့”

ထို့နောက် ယွီထျန်းဖုန်းသည် လုရီနှင့် အခြားသူများနှင့်အတူ တိကျသော ဗျူဟာများကို ဆွေးနွေးပြီး တစ်လအကြာတွင် စတင်လှုပ်ရှားရန်အတွက် ပြင်ဆင်ထားကြရန် ညွှန်ကြားလိုက်သည်။

လုရီ၊ လျိုနင်ရွှမ်းနှင့် သူတို့ လေးဦးသည်

လင်းလောင် တောင်ထိပ် သခင်မနှင့်အတူ သူမ၏ နန်းတော်စံအိမ်သို့ ပြန်လာခဲ့ကြသည်။ဟုတ်သည်။ ဤဂြိုဟ်ခံတပ်ကြီးအတွင်း၌ ယွီမိသားစု၏ တိုက်ရိုက်မျိုးဆက် ကောင်းကင် မာနရှင် တစ်ဦး ဖြစ်သည့် သူမအတွက် ကိုယ်ပိုင်နန်းတော် တစ်ခု ရှိနေ၏။

လုရီသည် သူ၏ အခန်းသို့ ပြန်လာခဲ့သည်။

လာမည့် တစ်လအတွင်း သူ လုပ်ဆောင်ရန် ပြင်ဆင်မှု အချို့ ရှိနေသေးသည်။

ရွှေအင်မော်တယ် အဆင့် စွမ်းအားရှင် တစ်ဦး ရှိနေသောကြောင့် လုံခြုံရေး ပြဿနာများ ရှိမည်မဟုတ်သော်လည်း၊ လုရီသည် အခြားသောပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သေးသည်ဟု တွေးထင်မိသည်။

ပထမဦးစွာ၊ အခြားအရာများကို ဘေးဖယ်ထား၍၊ သူသည် သယ်ဆောင်ရ လွယ်ကူသော နေရာ ကူးပြောင်းရေး အခင်းအကျင်းစင်မြင့်အချို့ ပြုလုပ်ရန် လိုအပ်ပါသည်။

နေရာလပ် နိယာမသည် သူ့အား လျင်မြန်စွာ ကူးပြောင်းနိုင်စေသော်လည်း ၎င်း၏ အကွာအဝေးမှာ သူ၏ ကိုယ်ပိုင်အင်အားဖြင့် ကန့်သတ်ထားသည်။

နေရာကူးပြောင်းရေး အခင်းအကျင်းစင်မြင့်မှာမူ ကွဲပြားသည်။ သူက ပိုမိုအားကောင်းသော နေရာကူးပြောင်းရေး အခင်းအကျင်းကို ထွင်းထုထားသမျှ၊ တစ်ကြိမ်အသုံးပြုရုံဖြင့် ကိုယ်တိုင်ကူးပြောင်းသည်ထက် ပိုမိုဝေးကွာသော အကွာအဝေးများကို လွှမ်းခြုံနိုင်ပေမည်။

အကယ်၍ ရွှေအင်မော်တယ် အဆင့်

ရာရှိုမွန်မျိုးနွယ် ခေါင်းဆောင်များ၏ လိုက်လံဖမ်းဆီးမှုကို ရင်ဆိုင်ရပါက၊ သူ၏ ကိုယ်ပိုင် နေရာလပ် ကူးပြောင်းမှုကိုသာ အားကိုး၍ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ရန် သိပ်ပြီးယုံကြည်မှု မရှိပေ။ သို့သော် နေရာကူးပြောင်းရေး အခင်းအကျင်းစင်မြင့်တစ်ခုနှင့်ဆိုလျှင် ရှောင်တိမ်းနိုင်မည့် အခွင့်အလမ်းများမှာ ပိုမို

မြင့်မားလာပေလိမ့်မည်။

ထို့အပြင် များစွာစဉ်းစားပြီးနောက် လုရီသည် သူ၏နေရာလပ်နိယာမကို နောက်တစ်ကြိမ် မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဆိုလျှင် ကောင်းကင်ဥမင်ကျောက်ပြားနှင့်အတူ သူ၏နေရာလပ်ကူးပြောင်းမှု အကွာအဝေးမှာ ပိုမိုတိုးပွားလာပေလိမ့်မည်။

ဤအလုပ်မှ လုရီသည် ရက်ရောသော ဆုလာဘ်များ ရရှိခဲ့ပြီး၊ ထိုအထဲတွင် ရွေးချယ်ထားသော နိယာမ တစ်ခုကို ၁၀% တိုးမြှင့်နိုင်သည့် အခွင့်အရေး ငါးကြိမ်အထိ ပါဝင်လေသည်။

လုရီသည် ထိုအထဲမှ တစ်ခုကို နေရာလပ်နိယာမအပေါ် အသုံးပြုလိုက်ရာ သူ၏နားလည်နိုင်စွမ်းမှာ ၆၀% သို့ တိုးမြင့်သွားခဲ့၏။ ဤသို့ဖြင့် သူသည် အင်မော်တယ်တက်လှမ်းခြင်းသိုင်းနည်းစနစ်ကို အသုံးပြုပြီးနောက် သူ၏စွမ်းအားများ၏ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့လေသည်။

ဤအရာအားလုံးသည် တစ်လကျော်ကျော်မျှ အချိန်ယူခဲ့ရ၏။ ပြီးစီးသွားသည်နှင့် လုရီသည် အခန်းထဲမှ ထွက်လာခဲ့သည်။

ခန်းမဆောင်ထဲတွင် လင်းလောင် တောင်ထိပ်သခင်မသည် တရားထိုင်နေ၏။ လုရီကို မြင်သောအခါ သူမက ဆူပူလိုက်သည်။

“မင်းက အပြင်ထွက်လာတတ်သေးတယ်ပေါ့လေ။ သဘောတူထားတဲ့အချိန်ထက် ရက်ပေါင်းများစွာ ကျော်လွန်နေပြီ။ ဦးလေးယွီ တော်တော်လေး ဒေါသထွက်နေတာ သိရဲ့လား။ စစ်အမိန့်ဆိုတာ တောင်ကြီးတစ်လုံးလိုပဲ၊ နင်က အကြောင်းပြချက် မရှိဘဲ နှောင့်နှေးနေတာ”

ထိုအခါ လုရီက အနည်းငယ် မျက်နှာပူပူဖြင့် ရယ်မောလိုက်ပြီး ဆိုသည်။

“ကျွန်တော် နေရာလပ်နိယာမနဲ့ပတ်သက်ပြီး ဉာဏ်အလင်းပွင့်သွားလို့ပါ။ ကျွန်တော့်

နေရာလပ်နိယာမ တိုးတက်လာရင် ဒီစစ်ဆင်ရေးမှာ ကျွန်တော်တို့ရဲ့အောင်မြင်နိုင်ခြေက ပိုများလာမယ်လို့ တွေးမိလို့ ရက်အနည်းငယ် ပိုယူလိုက်တာပါ”

“???”

လင်းလောင်တောင်ထိပ်သခင်မ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လုရီကို မယုံနိုင်စွာ ကြည့်လိုက်သည်။

“... ကောင်လေး၊ နင့်ရဲ့နေရာလပ်နိယာမက... နောက်တစ်ခါ ထပ်တိုးတက်သွားပြန်ပြီလား”

လုရီက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

လင်းလောင်တောင်ထိပ်သခင်မသည် ထုံကျင်သွားတော့သည်။

ဤကောင်လေးသည် သူ၏နိယာမကို လွယ်ကူသောကိစ္စတစ်ခုအလား ဤမျှလျင်မြန်စွာ မည်သို့တိုးတက်နိုင်သည်ကို သူမ နားမလည်နိုင်တော့ပေ။

နိယာမတွေကို နားလည်သဘောပေါက်ဖို့ဆိုတာ ခက်ခဲတယ်မဟုတ်ဘူးလား။

လင်းလောင်တောင်ထိပ် သခင်မသည် မည်သို့မျှ စဉ်းစား၍မရတော့ပေ။

လုရီက သတိပေးလိုက်သည်။

“သွားကြစို့လေ၊ ဦးလေးယွီကို အကြာကြီး

မစောင့်ခိုင်းနဲ့တော့”

သတိ ပြန်ဝင်လာသော လင်းလောင်တောင်ထိပ်သခင်မသည် သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

လျိုနင်ရွှမ်းနှင့် အခြား သုံးဦးမှာမူ လိုက်ပါမည်မဟုတ်သောကြောင့် လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မတို့သည် ယွီထျန်းဖုန်း နေထိုင်ရာ နန်းတော်သို့ ထွက်ခွာခဲ့ကြသည်။

သူတို့နှစ်ဦး ယွီထျန်းဖုန်းကို တွေ့သောအခါ သူက လုရီကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ သူ စကားမပြောမီမှာပင် လုရီက နောင်တရသော အမူအရာဖြင့် တောင်းပန်လိုက်သည်။

“ဦးလေးယွီ၊ တောင်းပန်ပါတယ်။ ကျွန်တော် နေရာလပ် နိယာမနဲ့ပတ်သက်ပြီး ဉာဏ်အလင်းပွင့်သွားလို့ပါ။ ကျွန်တော့်နေရာလပ်နိယာမ တိုးတက်လာရင် ဒီတာဝန်ရဲ့အောင်မြင်နိုင်ခြေက ပိုများလာမယ်လို့ တွေးမိလို့ အချိန်ပိုယူပြီး နားလည်အောင်လုပ်နေရင်းနဲ့ သတ်မှတ်ရက်ကို လွတ်သွားတာပါ”

ယွီထျန်းဖုန်း: “???”

သူ့မှာ ပါးစပ်ဟောင်းလောင်းဖြစ်သွားပြီး သူ၏

မကျေနပ်မှုအားလုံးမှာ လွင့်ပြယ်သွားကာ အံ့ဩမှုအပြည့်နှင့် မေးလိုက်သည်။

“မင်းရဲ့နေရာလပ်နိယာမက နောက်တစ်ခါ ထပ်တိုးတက်သွားပြန်ပြီလား”

လင်းလောင်တောင်ထိပ်သခင်မ၏ နှုတ်ခမ်းများမှာ လှုပ်သွားသည်။

ခဏက သူမ၏ပုံစံကို ပြန်မြင်ယောင်မိသွားသလိုပင်။

လုရီက ခေါင်းညိတ်လိုက်၏။

“ဟုတ်ကဲ့၊ မသေးငယ်တဲ့ တိုးတက်မှု တစ်ခုပါ၊ တာဝန်အတွက် အထောက်အကူဖြစ်သင့်ပါတယ်”

ယွီထျန်းဖုန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

“ဟားဟားဟား! ကောင်းတယ်၊ ရက်အနည်းငယ်လောက် နောက်ကျတာပဲ၊ ကိစ္စမရှိပါဘူး။ ဒီစစ်ပွဲကြီးက ဆယ်စုနှစ် တစ်ခုကျော် ကြာနေခဲ့ပြီ။ နောက်ထပ် ရက်အနည်းငယ်လောက်က ဘာမှထူးမသွားပါဘူး”

လင်းလောင်တောင်ထိပ်သခင်မမှာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။

ဦးလေးယွီ၏ တင်းကျပ်မှုနှင့်ဆိုလျှင် အခြားမည်သူမဆို ဤသို့သော ဆင်ခြေမျိုးပေးပါက၊ သူမ ကိုယ်တိုင်ပင်ဖြစ်စေ၊ ဆူပူကြိမ်းမောင်းခံရဖွယ်ရှိသည်။ ဦးလေးယွီက လုရီအပေါ် ဤမျှ အလိုလိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

လင်းလောင်တောင်ထိပ်သခင်မပင်လျှင် သူမ၏ရင်ထဲတွင် အနည်းငယ် မမျှတသလို ခံစားလိုက်ရသည်။

ယွီထျန်းဖုန်းက ဆိုသည်။

“ငါ တခြားသူတွေကို အကြောင်းကြားလိုက်မယ်”

ထို့နောက် ယွီထျန်းဖုန်းသည် လင်းလောင်တောင်ထိပ်သခင်မ၏ အကြည့်ကို လျစ်လျူရှုကာ အခြားသူများကို စတင်အကြောင်းကြားတော့သည်။

မကြာမီမှာပင် လျိုဟိုင်ချင်း၊ ကယ်မင်လော့နှင့် သူတို့၏တပ်စုများမှ တပ်စုခေါင်းဆောင်ဆယ်ဦးတို့ ရောက်ရှိလာကြသည်။

သူတို့သည် လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မကို တစ်ချက်၊ ထို့နောက် အပြုံးအပြည့်နှင့် ယွီထျန်းဖုန်းကို တစ်ချက်ကြည့်ကာ

ဲ့ံ

ယယယ နားမလည်နိုင်စွာ ဖြစ်နေကြသည်။

စစ်ဆင်ရေးက လုရီကြောင့် နောက်ကျသွားတာကို စစ်တပ် ခေါင်းဆောင်က ဒေါသမထွက်ဘူးလား။

ဒါက အရင်က တင်းကျပ်တဲ့ စစ်တပ် ခေါင်းဆောင် ဟုတ်ရဲ့လား။ ဒါမှမဟုတ် လူမှားနေတာလား။

အဖွဲ့သားများမှာ စိတ်ထဲမှ ရေရွတ်နေကြသည်။

ထိုစဉ်မှာပင် ယွီထျန်းဖုန်းက သူတို့ကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်ပြီး အေးစက်စွာ

အမိန့်ပေးလိုက်သည်။

“မင်းတို့ ဒီကို လာတာ တစ်မိနစ်တောင် ကြာတယ်လား။ ဘယ်တုန်းကတည်းက ဒီလောက်ပေါ့လျော့သွားကြတာလဲ။ ဒီတိုက်ပွဲပြီးရင် မင်းတို့အားလုံး သေချာပြန်ကျင့်ကြ!”

“???”

ဒါမှ ရင်းနှီးနေတဲ့ လေသံပဲ၊ မှားစရာ မရှိဘူး။

လျိုဟိုင်ချင်းနှင့် အခြားသူများမှာ စိတ်အေးသွားပြီး အလေးအနက်ထားကာ တန်းစီရပ်လိုက်ကြသည်။

“ထွက်ခွာမယ်!”

အဖွဲ့သည် အရောင်မှိုင်းသော ကောင်းကင်ဘုံလှေငယ်လေးတစ်စင်းပေါ်သို့ တက်ကာ ဂြိုဟ်ခံတပ်ကြီးမှ ထွက်ခွာခဲ့ကြသည်။

ကောင်းကင်ဘုံလှေသည် သိပ်မကြီးသော်လည်း အလွန်အမင်းအားကောင်းသော ပျံသန်းရတနာတစ်ခုဖြစ်သည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် အခင်းအကျင်း အင်းကွက်များ တဖျပ်ဖျပ်လက်နေပြီး၊ နောက်ဆုံးတွင် သူတို့ရှေ့၌ နေရာလပ်ကူးပြောင်းရေး ဥမင် တစ်ခုကို ဖွင့်ကာ ထိုအထဲသို့ ပျံသန်း ဝင်ရောက်သွားလေသည်။

ယွီထျန်းဖုန်းက ဥမင် လိုဏ်ခေါင်းထဲမှ ထွက်လာသောအခါ ပြတင်းပေါက်နားတွင် လက်နောက်ပစ်လျက် ရပ်ကာ အပြင်ဘက်မှ ကြယ်တာရာ နေရာလပ်ကို ငေးကြည့်ရင်း ပြောပြလာသည်။

“ရှောင်ရီ၊ ဒါက ထိပ်တန်းအဆင့်အင်မော်တယ်လက်နက် ‘ကြယ်နက်’ လို့ခေါ်တယ်၊ ငါ့ရဲ့ပျံသန်းရတနာပဲ။ ဘယ်လိုလဲ။ မိုက်တယ်မလား”

လုရီက လေးနက်စွာ ခေါင်းညိတ်လိုက်ကာ..တုံ့ပြန်လာ၏။

“တကယ်ကို ထူးခြားပါတယ်၊ ဦးလေးယွီရဲ့ပျံသန်းရတနာ ဖြစ်ဖို့ ထိုက်တန်ပါတယ်ဗျ”

ထိုအခါ ယွီထျန်းဖုန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ရင်း..မှာကြားလိုက်

လေသည်။

“ငါတို့ စစ်မြေပြင်နဲ့ မဝေးတော့ဘူး။ အပြင်ကနေ သွားတဲ့အခါ သတိထားကြ”

လူတိုင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

ကောင်းကင်ဘုံလှေပေါ်မှ ဆင်းပြီးနောက်

ယွီထျန်းဖုန်းက လှေကို သိမ်းလိုက်ပြီး အဖွဲ့သည် မဝေးလှသော အပြာရောင်သန်းနေသည့် ဂြိုဟ်တစ်ခုဆီသို့ ပျံသန်းသွားကြလေသည်။

မကြာမီမှာပင် သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ စွမ်းအင်လှိုင်းများကို ခံစားလိုက်ရသည်။

သင်္ဘော အုပ်စုများသည် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ၌ ချိတ်ဆက် တိုက်ခိုက်နေကြခြင်းပင်။

ဂြိုဟ်သည် သိပ်မကြီးသည့်အပြင် တိုက်ပွဲအတွက် မသင့်တော်သောကြောင့် ကြယ်တာရာနယ်မြေတပ်မတော်နှင့် သွေးငရဲတပ်မတော် သင်္ဘောအုပ်စုများသည် ဟင်းလင်းပြင်ဟာနယ်ထဲတွင် တိုက်ခိုက်နေကြလေသည်။

ဤအချိန်တွင် ကြယ်တာရာနယ်မြေတပ်မတော် သင်္ဘောအုပ်စုမှာ သွေးငရဲတပ်မတော်ထက် အရေအတွက်အားဖြင့် ရှင်းရှင်းလင်းလင်း နည်းပါးနေပြီး ဂြိုဟ်နှင့် ဝေးရာသို့ပင် တွန်းထုတ်ခံထားရသည်။

ဂြိုဟ်၏မျက်နှာပြင်မှာ ဧရာမမီးတောင်ဝများဖြင့် ပြည့်နှက်နေပြီး အချို့မှာ ပျံ့နှံ့နေသော ချော်ရည်များကိုပင် မြင်တွေ့နိုင်၏။

ယွီထျန်းဖုန်းက ဆိုသည်။

“မင်းတို့ အရင်သွားနှင့်။ ငါက ပုန်းနေမယ်။ အကယ်၍ တွေ့သွားခဲ့ရင် ငါဝင်စွက်ဖက်လိုက်မယ်၊ သွေးငရဲတပ်မတော်ရဲ့ ခေါင်းဆောင်နှစ်ယောက်ကလည်း အလွယ်တကူ လက်လျှော့မှာမဟုတ်ဘူး။ သူတို့က တခြားသင်္ဘောအုပ်စုတွေကိုလည်း တိုက်ခိုက်လိမ့်မယ်”

ရွှေအင်မော်တယ်အဆင့် စွမ်းအားရှင်တစ်ဦးအနေဖြင့် သူသည် အခြားသူများနှင့် အဆင့်အတန်း မတူတော့ပေ။

အကယ်၍ သူသာ နေရာကူးပြောင်းရေး အခင်းအကျင်းစင်မြင့်တစ်ခုကို အသုံးပြု၍ သင်္ဘောအုပ်စုများကို တစ်ခုပြီးတစ်ခု နှိမ်နင်းမည်ဆိုပါက နှစ်ဖက်စလုံးအတွက် အလွန်အမင်းပျက်စီးဆုံးရှုံးစေမည့် ထိုးနှက်ချက်တစ်ခု ဖြစ်ပေလိမ့်မည်။

နောက်ဆုံးတွင် ရွှေအင်မော်တယ်အဆင့် စွမ်းအားရှင်များသာ အသက်ရှင်ကျန်ရစ်နိုင်ပြီး ကြယ်တာရာနယ်မြေတပ်မတော်နှင့် သွေးငရဲတပ်မတော်မှ အခြားသူအားလုံးမှာ သေကြေပျက်စီးသွားကြပေလိမ့်မည်။

ထို့ကြောင့် နှစ်ဖက်စလုံးမှ ရွှေအင်မော်တယ်များသည် ထိုသို့သော အခြေအနေများကို သတိဖြင့် ရှောင်ရှားခဲ့ကြသည်။

အကယ်၍ လုရီကို ကာကွယ်ရန်သာ မဟုတ်ပါက၊ ယွီထျန်းဖုန်းသည် ဂြိုဟ်ခံတပ်ကြီးမှ ထွက်လာမည်ပင်မဟုတ်ပေ။ သူသည် အတွင်း၌သာနေ၍ တိုက်ပွဲကို ကွပ်ကဲနေမည် ဖြစ်သည်။

လုရီနှင့် အခြားသူများမှာမူ အခြေအနေကို ရှင်းလင်းစွာ နားလည်ပြီး နာခံစွာ ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် လုရီသည် လင်းလောင်တောင်ထိပ်သခင်မ၊ လျိုဟိုင်ချင်းနှင့် အခြားသူများကို ဦးဆောင်ကာ သွေးငရဲတပ်မတော်၏ အဓိကသင်္ဘောဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားလေတော့၏။

အခန်း ၅၈၁ - လွတ်လပ်စွာ ဝင်ထွက်သွားလာခြင်း၊ သွေးငရဲ တပ်မတော်၏ ထောက်ပံ့ရေးစနစ်တစ်ခုလုံး ရပ်ဆိုင်းသွားခြင်း…

~လုရီ၏ နေရာလပ် နိယာမ ကျွမ်းကျင်ပိုင်နိုင်မှု တိုးတက်လာသည်နှင့်အမျှ သူသည် ကောင်းကင်ဥမင်ကျောက်ပြား၏ အကူအညီဖြင့် ပိုမိုဝေးကွာသော အကွာအဝေးများသို့ ကူးပြောင်းနိုင်လာခဲ့သည်။ ထို့ထက်ပိုသည်မှာ နေရာလပ်ကူးပြောင်းမှုကြောင့် ဖြစ်ပေါ်လာသော နေရာလပ်လှိုင်းဂယက်များကိုပင် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့၏။

ဤသည်မှာ နေရာကူးပြောင်းရေးအခင်းအကျင်းတစ်ခုအတွက် လုံးဝမဖြစ်နိုင်သည့်အရာပင်။

မည်သို့ပင်ဆိုစေကာမူ နေရာကူးပြောင်းရေးအခင်းအကျင်း၏ အနှစ်သာရမှာ နေရာလပ်ကို အင်အားသုံးချိုးဖျက်ကာ နေရာနှစ်ခုကို ဆက်သွယ်ပေးသည့် ဥမင်လိုဏ်ခေါင်းတစ်ခု ဖန်တီးခြင်းဖြစ်ပြီး၊ နေရာလပ်နိယာမ၏ ရည်ရွယ်ချက်မှာမူ မိမိကိုယ်ကို နေရာလပ်နှင့် တစ်သားတည်းဖြစ်အောင် ပေါင်းစပ်သွားခြင်း ဖြစ်သည်။

အင်အားသုံးကူးပြောင်းသည့် နည်းလမ်းသည် ပတ်ဝန်းကျင်၌ ပြင်းထန်သော နေရာလပ်လှိုင်းထန်မှုများကို ဖြစ်ပေါ်စေမည်မှာ သဘာဝကျသော်လည်း၊ နေရာလပ်နှင့် ပေါင်းစပ်သွားခြင်းအားဖြင့်မူ ဤလှိုင်းဂယက်များကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ပေသည်။

ထို့ကြောင့် ဤသို့ရွေ့လျားခြင်းသည် သာမန်ဝိညာဉ်စွမ်းအင်ဖြင့် ပျံသန်းခြင်းထက်ပင် ပိုမို၍ လျှို့ဝှက်ပုန်းကွယ်နိုင်စွမ်း ရှိနေလေ၏။

လုရီသည် လူတစ်စုကို သယ်ဆောင်လျက် မကြာမီမှာပင် စစ်မြေပြင်၏ အစွန်းသို့ ရောက်ရှိလာသည်။ နေရာလပ်နိယာမ တိုးတက်လာမှုနှင့်အတူ သူသည် သူတို့၏ကိုယ်ခန္ဓာများကို ဖုံးကွယ်ရန် နေရာလပ် လှိုင်းထန်မှု အတိုင်းအတာတစ်ခုကိုပင် ထိန်းချုပ်နိုင်လာရာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ မမြင်နိုင်အောင် ဖန်တီးနိုင်ခဲ့၏။

ဤသို့သော စွမ်းရည်သည် သူတို့ကို အလွန်အမင်း သိမ်မွေ့စွာ ပုန်းကွယ်နိုင်စေပြီး၊

သူတို့၏အရှိန်အဝါကို ဖုံးကွယ်သည့် နည်းစနစ်များနှင့် ပေါင်းစပ်လိုက်သောအခါ လုံးဝတိတ်ဆိတ်ငြိမ်သက်မှုကို ရရှိစေနိုင်၏။

လုရီသည် လှိုင်းဂယက်အားလုံးကို အလုံးစုံ

မဖျောက်ဖျက်နိုင်သေးသည်မှာ မှန်သော်လည်း၊ လက်ရှိ စစ်မြေပြင်မှာ ပြင်းထန်လျက်ရှိပြီး ဝိညာဉ်စွမ်းအင် မုန်တိုင်းများ နေရာအနှံ့ တိုက်ခတ်နေသည်။ ထို့ကြောင့် လုရီနှင့် သူ၏ အဖွဲ့မှ အသံအနည်းငယ် ထွက်ပေါ်လာသည့်တိုင်အောင် ရှာဖွေ တွေ့ရှိနိုင်ဖွယ် မရှိပေ။

လျိုဟိုင်ချင်းက စစ်မြေပြင်ကို ဝေ့ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“စစ်သင်္ဘောတွေထဲကနေ အင်မော်တယ်

တစ်ယောက်မှ ထွက်မလာကြဘူး။ ကြည့်ရတာ အရင်တစ်ခေါက် ဖျက်ဆီးခံလိုက်ရတဲ့ သွေးငရဲတပ်မတော် တပ်စုတွေကြောင့် သူတို့ သတိထားသွားကြပုံပဲ။ သခင်လေး လုရီက နေရာလပ်နိယာမကို သုံးပြီး တိတ်တဆိတ် ဝင်တိုက်မှာကို စိုးရိမ်နေကြတာကတော့ သေချာတယ်”

ခဲမင်လော့ကလည်း မျက်မှောင်ကြုတ်ကာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ဟန်ဖြင့် မေးလာသည်။

“ဒီလိုဆိုရင်တော့ သူတို့က မဟာအခင်းအကျင်းကို ကာကွယ်ဖို့ အဓိကသင်္ဘောထဲမှာပဲ နေနေကြမှာပဲ။ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ”

လုရီသည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။

သူ၏ရင်ထဲတွင်မူ တည်ငြိမ်အေးချမ်းနေပြီး

ခပ်သောသောလေး ရယ်မောလိုက်သည်။

“ပြဿနာ မရှိပါဘူး။ ကျွန်တော် အရင်က အခင်းအကျင်း မျက်လုံးခန်းမ နှစ်ခုကို ရောက်ဖူးတယ်၊ သူတို့ရဲ့နေရာကို ကျွန်တော် သိတယ်။

အခင်းအကျင်း မျက်လုံး ခန်းမထဲကို တိတိကျကျ ပေါ်လာနိုင်လောက်ပါတယ်”

ထိုစကားကို ကြားသောအခါ လူတိုင်း၏မျက်လုံးများမှာ အရောင်တောက်သွားပြီး အံ့အားသင့်သော အမူအရာများ ပေါ်လာကြလေ၏။

“အလို..သခင်လေးလုရီ ပီသပါပေတယ်! ဒါထက် ကောင်းတာ မရှိတော့ဘူး!”

“ဒါဆိုရင် လှုပ်ရှားကြစို့လေ”

လျိုဟိုင်ချင်းနှင့် အခြားသူများမှာ စိတ်အားထက်သန်နေကြလေပြီ။

လုရီက ခေါင်းညိတ်လိုက်ပြီး နေရာလပ် နိယာမကို ထိန်းချုပ်ကာ အဓိက သင်္ဘောဆီသို့ တရွေ့ရွေ့ ချဉ်းကပ်သွား၏။

ဤစစ်မြေပြင်တွင် သွေးငရဲ တပ်မတော်၏ သင်္ဘောအုပ်စု တစ်ခုသာ ရှိရာ အဓိကသင်္ဘောမှာလည်း တစ်စင်းတည်းသာ ရှိသည်မှာ သဘာဝကျသည်။

လုရီ၏ ပန်းတိုင်မှာ ရှင်းလင်းပြတ်သားနေ၏။

မကြာမီမှာပင် လုရီသည် ဝိညာဉ်စွမ်းအင် မုန်တိုင်းများကြားမှ အဓိက သင်္ဘောအနီးသို့ ချဉ်းကပ်သွားပြီး ၎င်း၏ အကွာအဝေးအတွင်းသို့ ကူးပြောင်းနိုင်လောက်အောင် နီးကပ်သွားခဲ့သည်။

နေရာလပ်ကို ဖြတ်ကျော်လိုက်သည်နှင့် လုရီနှင့်သူ၏ အဖွဲ့သည် မူလနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

လိမ်ယှက်နေသော နေရာလပ်အတွင်း၌ လုရီသည် နေရာလပ်နိယာမကို အသုံးပြုကာ လူတိုင်းကို လွှမ်းခြုံထားသည့် အလွှာတစ်ခု ဖန်တီးလိုက်၏။

သူ၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွား၏။ ရှေ့ဆက်ရာလမ်းတွင် လိမ်ယှက်နေသော နေရာလပ်အတားအဆီးတစ်ခုက ပိတ်ဆို့နေသည်ကို သူတွေ့လိုက်ရသည်။

“နေရာလပ်အတားအဆီးပဲ”

လင်းလောင်တောင်ထိပ်သခင်မက အံ့အားသင့်စွာ ပြောလိုက်သည်။

လျိုဟိုင်ချင်းက မျက်မှောင်ကြုတ်လျက်..

“ကြည့်ရတာ သူတို့က သခင်လေးလုရီရဲ့ နေရာလပ်နိယာမကို သတိထားမိသွားပြီး အပြည့်အဝကာကွယ်မှုတွေ စတင်လုပ်ဆောင်နေကြပြီပဲ။ မဟာအခင်းအကျင်းကိုသုံးပြီး နေရာလပ်ကိုတောင် သီးခြားခွဲထုတ်ထားကြတယ်”

“သခင်လေးလုရီ၊ ကျွန်တော်တို့ ဝင်လို့ ရပါဦး

မလား”

လူတိုင်း အနည်းငယ် စိုးရိမ်သွားကြသည်။

အကယ်၍ ဝင်မရပါက သူတို့၏ မူလအစီအစဉ်မှာ ပျက်စီးသွားပြီဟု အဓိပ္ပာယ်ရပြီး ရာရှိုမွန်

မျိုးနွယ်၏ အဓိကသင်္ဘော အခင်းအကျင်းမျက်လုံးကို ဖျက်ဆီးရန် ခက်ခဲသွားပြီ မဟုတ်ပါလောာ

လုရီသည် သူတို့ကို ဝန်းရံထားသော လိမ်ယှက်နေသည့် နေရာလပ် အတားအဆီးကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် နက်နဲလှသော အင်းကွက်များ တဖျပ်ဖျပ်လက်သွား၏။

သူ၏ အမြင်အာရုံထဲတွင် လိမ်ယှက်နေသော နေရာလပ် တစ်ခုလုံးသည် အဆုံးမဲ့သော နေရာလပ်မျဉ်းကြောင်းများဖြင့် ဖွဲ့စည်းထားသည်။ ထိုအတားအဆီးသည်လည်း အလားတူပင်။ များပြားလှသော နေရာလပ် မျဉ်းကြောင်းများကို အားပြင်းသော စွမ်းအားများဖြင့် ချည်နှောင်ကာ အတွင်းရှိ နေရာလပ်ကို ပိတ်လှောင်ထားသည့် နံရံများအဖြစ် ဖန်တီးထားခြင်း ဖြစ်၏။

ဤသည်ကား နေရာလပ် အခင်းအကျင်း၏ အနှစ်သာရပင်တည်း။ အရာအားလုံးသည် နေရာလပ် မျဉ်းကြောင်းများကို အသုံးချထားခြင်းသာ ဖြစ်သည်။

အကယ်၍ ယခင်ကသာဆိုလျှင် ဤမျှအားကောင်းသော နေရာလပ် အတားအဆီးကို ချိုးဖျက်ရန် လုရီအတွက် အနည်းငယ် ခက်ခဲပေလိမ့်မည်။ သို့သော် ယခုမူ သူ၏ နေရာလပ်နိယာမသည် အရင်ကထက် ပိုမိုအားကောင်းလာပြီဖြစ်သောကြောင့် သူလုပ်နိုင်လောက်ပေသည်။

ဤသို့ တွေးမိသောအခါ လုရီသည် စိတ်အေးသွားပြီး သူ၏ နေရာလပ်နိယာမ ပြင်းအားကို မြှင့်တင်ခဲ့မိသည့်အတွက် ဝမ်းသာသွား၏။

သူက ရယ်မောလိုက်ပြီး ပြောသည်။

“ပြဿနာမရှိဘူး၊ ဖြတ်သွားလို့ ရပါတယ်”

လူတိုင်း၏ မျက်လုံးများ တောက်ပလာကြသည်။

“တကယ်လား! ဒါဆို သိပ်ကောင်းတာပေါ့”

လင်းလောင်တောင်ထိပ် သခင်မက မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောလာ၏။

“အရမ်းကြီး စောပြီး မပျော်ကြနဲ့ဦး။ သူတို့က အခင်းအကျင်းကို ချမှတ်ထားကတည်းက အတွင်းထဲမှာ ကာကွယ်မှုတွေ လုပ်ထားလောက်တယ်။ သွေးငရဲ တပ်မတော်သားတွေတောင် ခန်းမထဲမှာ ငါတို့ကို ဝင်လာဖို့ စောင့်နေလောက်တယ်”

ထိုစကားကို ကြားသော် အဖွဲ့သားများ၏ အမူအရာများ အနည်းငယ်ပြောင်းလဲသွားသည်။

ထိုအခိုက်အတန့်၌ လုရီ၏အကြည့်သည် နေရာလပ်အတားအဆီး၏ အတွင်းပိုင်းကို ဖြတ်ကျော်ကာ နေရာလပ်မျဉ်းကြောင်းများမှတစ်ဆင့် အသက်ရှုသံများကို အာရုံခံလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ဆရာပြောတာမှန်တယ်။ အတွင်းထဲမှာ တကယ်ပဲ အားကြီးတဲ့ တည်ရှိမှုတွေ ရှိနေတယ်။ အရေအတွက်လည်း မနည်းဘူး၊ လူငါးဆယ်နီးပါးလောက်ပဲ။ သွေးငရဲတပ်မတော်သားတွေ ဖြစ်ဖို့ များတယ်ဗျ”

ထိုအခါ ခဲမင်လော့က အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့်..

“အဲ့ဒီလောက်တောင် များတာလား! ဒါဆို တပ်စုတစ်ဝက်စာလောက် ရှိတာပေါ့”

“ဒီရာရှိုမွန်ကောင်တွေက တကယ်ပဲ ကြောက်တတ်ကြတာပဲ။ စစ်ရေးမှာ အသာစီးရနေရဲ့သားနဲ့ ဒီလိုကြီး ကာကွယ်နေကြတယ်”

လျိုဟိုင်ချင်းက သူ၏ဆံပင်မရှိသော ဦးခေါင်းကို ပွတ်သပ်ရင်း ဘာပြောရမှန်းမသိအောင် ညည်းညူလိုက်သည်။

လူတိုင်းမှာတော့ မတတ်နိုင်စွာ ခံစားနေရသည်။

လျိုဟိုင်ချင်းက ဆက်ပြောလာပါသည်။

“ငါတို့ ဝင်သွားပြီးရင် သခင်လေးလုရီကို သေချာကာကွယ်ပေးကြရမယ်။ ပြီးတော့ မဟာအခင်းအကျင်းကို အမြန်ဆုံး ဖျက်ဆီးပစ်ရမယ်။ မဟုတ်ရင် သူတို့ စစ်ကူခေါ်မှာ သေချာတယ်”

လုရီသည်လည်း ထိုသို့ပင် တွေးနေခဲ့ပါသည်။ သူသာမက အခြားသူများလည်း ထိုအတိုင်းပင် ခံစားနေရသော်လည်း သူတို့၏မျက်နှာများမှာ အနည်းငယ် ဇဝေဇဝါဖြစ်နေဟန်ရှိသည်။

သူတို့သည် မိမိတို့၏အင်အားကို သံသယမဝင်ကြပါ။ နက်ရှိုင်းခြင်းအင်မော်တယ် အဆင့်နှစ်ယောက်က နက်ရှိုင်းခြင်းအင်မော်တယ်

တစ်ယောက်နှင့် အစစ်အမှန်အင်မော်တယ် ငါးဆယ်၊ ထို့အပြင် အလွန်အမင်းအားကောင်းသော အစစ်အမှန်အင်မော်တယ် နှစ်ဆယ့်တစ်ယောက်ကို ရင်ဆိုင်ရာတွင် တိုက်ခိုက်ရေးစွမ်းရည်၌ များစွာနောက်ကျကျန်နေမည်မဟုတ်ပေ။

တစ်ခုတည်းသော ပြဿနာမှာ မဟာအခင်းအကျင်း၏ အခင်းအကျင်းမျက်လုံးကို မည်သို့ဖျက်ဆီးမည်နည်းဟူသော အချက်ပင်။

ထိုအခိုက်အတန့်၌ လုရီက ပြောလိုက်သည်။

“အခင်းအကျင်း မျက်လုံးကို ဖျက်ဆီးမယ့်သူက ကျွန်တော်ပဲ။ ခင်ဗျားတို့က သူတို့ရဲ့တိုက်ခိုက်မှုတွေကို တားဆီးပေးရုံပါပဲ”

ထိုစကားကို ကြားသောအခါ အခြားသူများက လုရီဘက်သို့ လှည့်ကြည့်လာကြတော့သည်။

ယခင် အခင်းအကျင်းမျက်လုံးနှစ်ခုကို လုရီတစ်ယောက်တည်း ဖျက်ဆီးခဲ့သည်ကို လူတိုင်း မှတ်မိနေကြသေးသည်။ ထို့ကြောင့် ဤကိစ္စကို လုရီထံ အပ်နှံလိုက်လျှင် ပြဿနာမရှိသည်မှာ ထင်ရှားနေ၏။

လျိုဟိုင်ချင်းက ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆိုရင်တော့ သခင်လေးလုရီကိုပဲ အားကိုးရတော့မှာပေါ့”

လုရီက ပြုံးလိုက်၏။ သူ၏မျက်လုံးများမှာ စူးရှနေသည်။

“ဒါဆို သဘောတူညီချက်ရပြီပေါ့။ သွားကြပါစို့”

ပြောပြောဆိုဆိုနှင့် လုရီ၏ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

နေရာလပ်နိယာမ လည်ပတ်သွားသည်။

တဆက်တည်း၌ သူ၏ကိုယ်ခန္ဓာမျက်နှာပြင်ပေါ်တွင် နက်နဲလှသော နေရာလပ်တာအိုအင်းကွက်များ ပေါ်ထွက်လာပြီး၊ ခန့်မှန်းရခက်သော စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်လိုက်၏။

အနည်းဆုံးတော့ နေရာလပ်နိယာမကို

မကျွမ်းကျင်သော ကျင့်ကြံသူများဖြစ်သည့်

လျိုဟိုင်ချင်းနှင့် ခဲမင်လော့ကဲ့သို့ နက်ရှိုင်းခြင်းအင်မော်တယ်များပင်လျှင် ဤအခြေအနေကို နားမလည်နိုင်ကြပေ။

နောက်တစ်ခဏမှာပင် နေရာလပ်အတားအဆီးပေါ်ရှိ နေရာလပ်မျဉ်းကြောင်းများသည် နေရာလပ်နိယာမ၏ အားပြင်းသော လွှမ်းမိုးမှုအောက်တွင် ရစ်ပတ် ချဲ့ထွင်သွားပြီး ဖြတ်သန်းသွားလာနိုင်သည့် ဟင်းလင်းပြင်တစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာလေတော့သည်။

လုရီ၏အမြင်တွင်တော့ ဤသို့ဖြစ်နေသော်လည်း အခြားကျင့်ကြံသူများအတွက်မူ နေရာလပ် အတားအဆီးတွင် အပေါက်ကြီးတစ်ခု ကွဲအက်သွားပြီး နေရာလပ် အလွှာများက ထိုအထဲသို့ ဖြည်းညင်းစွာ ပေါင်းစပ်ဝင်ရောက်သွားသကဲ့သို့ ထင်မြင်ရလေသည်။

ထို့နောက် လူတစ်စုသည် ရစ်ပတ်နေသော နေရာလပ်မှ ထွက်ခွာပြီး စကြဝဠာထဲသို့ ပြန်လည်ရောက်ရှိလာကြသည်။

သူတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက်...

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ်စွမ်းအားတစ်ခုကို ခံစားလိုက်ရတော့သည်။

ရာရှိုမွန်မျိုးနွယ်၏ နက်ရှိုင်းခြင်းအင်မော်တယ်အဆင့် တပ်မှူးချုပ်။

ထိုသူက ကြယ်တာရာ နယ်မြေတပ်မတော်သား အမြောက်အမြားကို ဦးဆောင်လျက်အခင်းအကျင်းမျက်လုံးကို ဝန်းရံထားသည်။

ရုတ်ချည်းပင် လုရီနှင့် သူ့အဖွဲ့ကို အပြင်းအထန် တိုက်ခိုက်တော့သည်။

လုရီနှင့် သူ၏အဖော်များမှာ အသင့်ပြင်ထားပြီးဖြစ်ရာ မျက်နှာအမူအရာ မပြောင်းလဲပေ။

“တားထား!”

လျိုဟိုင်ချင်းက အသံတိုးတိုးဖြင့် အော်ဟစ်လိုက်သည်။

လျိုဟိုင်ချင်း၊ ခဲမင်လော့၊ လင်းလောင်တောင်ထိပ်သခင်မ၊ ဝမ်ယွမ်ယွမ်နှင့် အခြားကြယ်တာရာနယ်မြေတပ်မတော်မှ တပ်မှူးများထံမှ အလွန်အားကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာ၏။

ကြယ်တာရာနယ်မြေတပ်မတော် တပ်မှူး နှစ်ဆယ်သည် စစ်ရေးအခင်းအကျင်းတစ်ခု ဖွဲ့တည်လိုက်ကြသည်။

အင်မော်တယ်အလင်းတန်းများ တဖျပ်ဖျပ်ပေါ်ထွက်လာသည်။

သွေးငရဲတပ်မတော်သားများ၏ တိုက်ခိုက်မှုများကို ခုခံတားဆီးလိုက်သည်။

ထိုအရှိန်ကြောင့် သွေးငရဲတပ်မတော်သားများ၏ မျက်နှာများပင် ပြောင်းလဲသွားပြီး အကြိမ်ကြိမ် နောက်သို့ ဆုတ်ခွာသွားရ၏။

ကြယ်တာရာနယ်မြေတပ်မတော်သည် သွေးငရဲတပ်မတော်ထက် အရေအတွက်အားဖြင့် နည်းပါးသော်လည်း၊ သူတို့၏တပ်ဖွဲ့ဝင်များ အရည်အသွေးမှာ အနည်းငယ် ပိုမိုမြင့်မားရာ တိုက်ရိုက်ရင်ဆိုင်ရာတွင်ပင် အနည်းငယ်မျှ အားနည်းခြင်းမပြပေ။

သို့သော် သူတို့ကို အနိုင်ယူရန်မှာတော့ ထိုမျှမလွယ်ကူလှချေ။

သူတို့ကို အနိုင်ယူရန်မှာလည်း လုရီနှင့် အခြားသူများ၏ ရည်ရွယ်ချက် မဟုတ်ပေ။

သွေးငရဲတပ်မတော် ဖိနှိပ်ခံရသည့်အခိုက်တွင် လုရီသည် အထွတ်အထိပ် အဆင့် အင်မော်တယ်တက်လှမ်းခြင်း သိုင်းနည်းစနစ်ကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ် အရှိန်အဝါသည် တရိပ်ရိပ် တက်လာရာ

လင်းလောင်တောင်ထိပ်သခင်မပင် အံ့အားသင့်သွားရလေ၏။

...ဒီသောက်ကလေးက ဒီလောက်အားကောင်းတဲ့ လျှို့ဝှက်နည်းစနစ်ကို ပိုင်ဆိုင်ထားတယ်ဆိုတာ သူ့ဆရာဖြစ်တဲ့ ငါတောင် မသိခဲ့ပါလား။

တစ်နေရာရာကနေ ကံကောင်းပြီး ရလာပြန်တာများလား။...

လင်းလောင်တောင်ထိပ်သခင်မသည် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

လုရီသည် သူ၏အစွမ်းအကုန် ဖော်ထုတ်ကာဖြင့် ကောင်းကင်ဥမင်ကျောက်ပြားကို ထိန်းချုပ်လျက် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

တစ်ခဏချင်းမှာပင် နေရာလပ်ကို ဖြတ်သန်းကာ သွေးငရဲ တပ်မတော်၏ ဝန်းရံမှုကို ချိုးဖျက်ပြီး အခင်းအကျင်း မျက်လုံးဆီသို့ တရှိန်ထိုးဝင်ဆောင့်၏။

ဘုန်း!!!

လုရီ၏ အစွမ်း တိုးတက်လာသည်နှင့်အမျှ သူအစွမ်းကုန် ထုတ်ဖော်လိုက်သည့် အင်အားနှင့် ကောင်းကင်ဥမင်ကျောက်ပြား၏ စွမ်းအားမှာလည်း လိုက်ပါမြင့်တက်လာ၏။

တစ်ချက်တည်းသော ထိုးနှက်မှုဖြင့် အင်မော်တယ်ရွှေဖြင့် ပြုလုပ်ထားသော အခင်းအကျင်းမျက်လုံးတွင် အက်ရာအသေးစားများ ပေါ်ထွက်လာသည်။ ထိုနှင့်အတူ အခင်းအကျင်းအင်းကွက်များမှာလည်း မလွဲမသွေ ပျက်စီးသွားရလေသည်။

အဆင့်မြင့်အင်မော်တယ်လက်နက်၊ ကောင်းကင်ဥမင်ကျောက်ပြားသည် အမှန်ပင် ထူးခြားလှပါပေ၏။

“သေစမ်း!!!”

သွေးငရဲတပ်မတော် တပ်မှူးချုပ်သည် အခင်းအကျင်းမျက်လုံး ပြိုကွဲသွားသည်ကို အာရုံခံမိသောအခါ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏မျက်လုံးများမှာ အေးစက်သော သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နှက်နေပြီး လုရီကို စူးစိုက်ကြည့်နေ၏။

လူသားမျိုးနွယ် နတ်ဆိုးတစ်ဦး၏ နေရာလပ်နိယာမအသုံးပြုမှုကြောင့် သွေးငရဲတပ်မတော်၏ တပ်စုအများအပြား ဖျက်ဆီးခံရသည့်အချိန်မှစ၍ အခြားသွေးငရဲတပ်မတော်တပ်ဖွဲ့များမှာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ကြပြီးဖြစ်သည်။

ထို့ကြောင့်ပင် သူတို့သည် ပိုမိုအားကောင်းပြီး ဖိနှိပ်နိုင်စွမ်းရှိသော တိုက်ခိုက်မှုများကို မပြုလုပ်ဘဲ မဟာအခင်းအကျင်း၏ အခင်းအကျင်းမျက်လုံးကို ကာကွယ်ရန် အဓိကထားခဲ့ကြသည်။

သူတို့၏ ဤတပ်စုမှာလည်း ခြွင်းချက်မဟုတ်ခဲ့ပေ။

သို့သော် သွေးငရဲတပ်မတော် တပ်မှူးချုပ် လက်မခံနိုင်ဖြစ်ရသည်မှာ သူတို့၏ တင်းကျပ်သော ကာကွယ်မှုများကြားမှပင် လူသားမျိုးနွယ်၏ ထူးချွန်သောပုဂ္ဂိုလ်က အခင်းအကျင်းမျက်လုံးကို ဖျက်ဆီးနိုင်ခဲ့ခြင်းပင်တည်း။

အလွန်အမင်း အရှက်ရဖွယ်ပါတကား!

“သွားမယ်!”

အခင်းအကျင်းမျက်လုံး ဖျက်ဆီးခံရသည်ကို မြင်သောအခါ လူတိုင်း၏မျက်လုံးများ တောက်ပလာပြီး အားလုံး ကြည်လင်စွာ ပြုံးလိုက်ကြသည်။

လုရီသည် နေရာလပ်နိယာမကို လျင်မြန်စွာ အသုံးပြုကာ လူတိုင်းကို ခေါ်ဆောင်သွားပြီး ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

လုရီနှင့်သူ၏အဖွဲ့သည် နေရာလပ်ကို သီးခြားခွဲထုတ်ထားသော အခင်းအကျင်းအတွင်း လွတ်လပ်စွာ လှုပ်ရှားသွားလာနေစဉ်၊ သွေးငရဲတပ်မတော် စစ်သားများမှာမူ အားလုံး ကြက်သေသေသွားကြသည်။

“ဒီကောင်က တကယ်ပဲ ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူ တစ်ယောက်ပဲလားကွ?! ဒီနေရာလပ်ခွဲထုတ်တဲ့ အခင်းအကျင်းက နက်ရှိုင်းခြင်း

အင်မော်တယ်ကိုတောင် ခဏလောက် တောင့်ခံထားနိုင်တာလေ!!”

သွေးငရဲတပ်မတော် တပ်မှူးတစ်ဦးက နာကြည်းမှုအပြည့်ဖြင့် အဆက်မပြတ် ဟိန်းဟောက်လိုက်သည်။

အခြားသူများ၏ နှလုံးသားများမှာမူ ထုံကျင်နေကြလေပြီ။

နက်ရှိုင်းခြင်း အင်မော်တယ်ကိုပင် တောင့်ခံနိုင်သည့် နေရာလပ်ခွဲထုတ် အခင်းအကျင်းထဲတွင် ကပ်ဘေးဖြတ်ကျော် အဆင့် ကျင့်ကြံသူတစ်ဦးက လွတ်လပ်စွာ ဝင်ထွက်သွားလာနေပြီး သူတို့မှာမူ ကြည့်နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်သည်မှာ လုံးဝ မျှော်လင့်မထားသည့် အဖြစ်ပင်။

သွေးငရဲတပ်မတော်၏ မကျေမချမ်း ဒေါသထွက်နေသော အခိုက်အတန့်များအတွင်း လုရီနှင့်အခြားသူများမှာမူ ရာရှိုမွန် မျိုးနွယ်၏ အဓိကသင်္ဘောမှ ထွက်ခွာခဲ့ပြီး ယွီထျန်းဖုန်း ရှိရာနေရာသို့ ပြန်လည် ရောက်ရှိနှင့်နေပြီဖြစ်သည်။

ယွီထျန်းဖုန်းသည် အဓိကသင်္ဘောအတွင်းမှ အခင်းအကျင်းမျက်လုံး ပျက်စီးသွားသည့် လက္ခဏာများကို အစောကတည်းက မြင်တွေ့ထားပြီးဖြစ်ရာ အဖွဲ့ပြန်ရောက်လာသည်ကိုမြင်သောအခါ ပြုံးလိုက်လေသည်။

“ဆက်သွားမယ်! တခြားနေရာတွေကို!”

သူတို့သည် ယွီထျန်းဖုန်း၏ ကိုယ်ပိုင်ကောင်းကင်ဘုံလှေအတွင်းသို့ ဝင်ရောက်ကာ ထိုနေရာမှတစ်ဖန် ပျောက်ကွယ်သွားကြပြန်သည်။ထို့နောက်တွင်တော့ လုရီနှင့်အခြားသူများသည် နေရာလပ်ကို ဆက်လက်ဖြတ်သန်းကာ အခြားစစ်မြေပြင်များဆီသို့ ဦးတည်သွားကြသည်။

အချို့စစ်မြေပြင်များတွင် ရာရှိုမွန်မျိုးနွယ်၏ အဓိကသင်္ဘော တစ်စင်းသာ ရှိပြီး၊ အချို့တွင် နှစ်စင်း၊ အများဆုံးရှိသော စစ်မြေပြင်တွင်မူ သုံးစင်းအထိ ရှိနေခဲ့သည်။ သို့သော် အဓိကသင်္ဘောတစ်စင်းစီတွင် သွေးငရဲတပ်မတော် တပ်စုတစ်စုက တပ်စွဲရန်လိုအပ်သော အခင်းအကျင်းမျက်လုံးတစ်ခုစီ ရှိနေသောကြောင့် သူတို့အင်အားများ ပူးပေါင်းနိုင်ခြင်းမရှိကြပေ။

ကြယ်တာရာနယ်မြေတပ်မတော်မှ တပ်မှူးချုပ်နှစ်ဦး၊ တပ်မှူးနှစ်ဆယ်နှင့် လင်းလောင်တောင်ထိပ်သခင်မတို့၏ အကူအညီဖြင့် သူတို့သည် သွေးငရဲတပ်မတော် တပ်စုတစ်စုနှင့် ကြီးကျယ်သော တိုက်ပွဲတစ်ပွဲကို ကောင်းစွာယှဉ်ပြိုင်နိုင်စွမ်း ရှိကြသည်။

လုရီမှာလည်း အခင်းအကျင်း မျက်လုံးများကို အလွယ်တကူပင် ဖျက်ဆီးရန် အခွင့်အရေးများစွာ ရရှိခဲ့၏။

အချိန်တိုလေးအတွင်းမှာပင် အဓိက သင်္ဘော ဆယ်ဒါဇင်ကျော် ဖျက်ဆီးခံခဲ့ရပြီး စစ်မြေပြင် လေးခု၊ ငါးခုအထိ သက်ရောက်မှု ရှိခဲ့သည်။သွေးငရဲ တပ်မတော်တွင် ဂြိုဟ်ခံတပ်ကြီး နှစ်ခုနှင့် သွေးငရဲ တပ်မတော်ကြီး နှစ်ခု ရှိနေသော်လည်း၊ သူတို့ထံတွင် အဓိက သင်္ဘော အစင်းသုံးဆယ်ကျော်သာ ရှိရာ၊ ထက်ဝက်နီးပါး ဖျက်ဆီးခံရခြင်းသည် သွေးငရဲ တပ်မတော်၏ ထောက်ပံ့ရေးစနစ် တစ်ဝက်ကို ရပ်တန့်သွားစေရန် လုံလောက်ပေသည်။

ဤသည်မှာ သေစေနိုင်သော ထိုးနှက်ချက်တစ်ခုဖြစ်သည်မှာ သံသယရှိဖွယ် မရှိပါပေ။

အခန်း ၅၈၂ - သွေးငရဲတပ်မတော်မှ ရွှေအင်မော်တယ်၊ အဆုံးစွန် အင်မော်တယ်ကျမ်း ခြောက်စောင်…

~သို့သော်ငြားလည်း သွေးငရဲတပ်မတော်သည် အခြေအနေကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့၏။

သိပ်မကြာလိုက်သော အချိန်ကာလလေး

တစ်ခု၌ပင်…

လုရီတို့တစ်သိုက် ယွီထျန်းဖုန်း၏ ကောင်းကင်ဘုံလှေငယ်နှင့် ခရီးနှင်လာခဲ့စဉ်၊ နေရာလပ်ဥမင်တစ်ခုကို ဖြတ်သန်းပြီးခါစ အခိုက်အတန့်၌

ယွီထျန်းဖုန်း၏ မျက်နှာအမူအရာသည် သိမ်မွေ့စွာ ပြောင်းလဲသွားခဲ့တော့သည်။ ထို့နောက် သူက အဝေးတစ်နေရာမှ အမှောင်အတိပြီးသော ဟင်းလင်းပြင်ကြီးဆီသို့ မျက်နှာထားတင်းတင်းဖြင့် လှမ်းမျှော်ကြည့်လိုက်၏။

“ဦးလေးယွီ၊ ဘာဖြစ်လို့လဲဟင်”

လင်းလောင်တောင်ထိပ် သခင်မသည် အလွန်အကင်းပါးသူပီပီ ယွီထျန်းဖုန်း၏ မျက်နှာရိပ် မျက်နှာကဲ ပြောင်းလဲသွားသည်ကို ချက်ချင်း သတိပြုမိလိုက်ပြီး မေးမြန်းလိုက်သည်။

ထိုအခါမှ ကျန်လူများကလည်း ယွီထျန်းဖုန်းထံသို့ အာရုံရောက်သွားကြတော့၏။

ယွီထျန်းဖုန်း၏ မျက်နှာထားမှာ ရေခဲတမျှ

အေးစက်သွားပြီးနောက် လေသံခပ်ပြတ်ပြတ်ဖြင့် တုံ့ပြန်လိုက်သည်။

“သွေးငရဲတပ်မတော်ရဲ့ ခေါင်းဆောင် နှစ်ယောက် ရောက်လာကြပြီ”

ထိုစကားကို ကြားလိုက်ရသည့်အခါမှာတော့ လူတိုင်း၏ မျက်နှာများမှာ သိသိသာသာပင် အရောင်ပြောင်းသွားကြလေတော့၏။

ပြောပြောဆိုဆိုမှာပင် တုန်လှုပ်ဖွယ် ဝိညာဉ်စွမ်းအင် အရှိန်အဝါကြီးတစ်ခု ပျံ့နှံ့လာခဲ့သည်။ အဝေးဆီက ဟင်းလင်းပြင်ထုထဲ၌ တွင်းနက်ငယ်လေး နှစ်ခု ပေါ်လာသလိုပင်၊ ပတ်ဝန်းကျင်မှ အလင်းရောင်များပင် မှိန်ဖျော့ကျသွားခဲ့၏။ လုရီကတော့ သူ့ပတ်လည်မှ နေရာလပ်မျှင်တန်းများပင်လျှင် ထိုကြောက်မက်ဖွယ် အရှိန်အဝါကြောင့် အနည်းငယ် တွန့်လိမ်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

အနားမှ ဖြတ်၍ မျောလွင့်နေသော ဥက္ကာခဲငယ်တစ်ခုမှာ ထိုကြောက်မက်ဖွယ် စွမ်းအားနှင့် ထိတွေ့မိသည်နှင့် တစ်စစီ ကြေမွသွားခဲ့တော့၏။

ဒီမြင်ကွင်းကြောင့် လုရီတို့တစ်ဖွဲ့လုံး ခေါင်းများပင် မူးနောက်နောက်ဖြစ်သွားကြသလို ခံစားလိုက်ရသည်။

“ရွှေအင်မော်တယ်အဆင့်…”

လျိုဟိုင်ချင်းနှင့် ခဲမင်‌လော့တို့ နှစ်ဦးလုံးမှာ မျက်နှာများ ဖြူဖျော့သွားကြလေပြီ။

နက်ရှိုင်းခြင်း အင်မော်တယ်နှင့် ရွှေအင်မော်တယ်ကြားက ကွာခြားချက်မှာ အဆင့်တစ်ဆင့်သာ ဖြစ်လင့်ကစား၊ သူတို့၏ စွမ်းအားကတော့ ကမ္ဘာနှင့်ချီ၍ ကွာခြားလှသည် မဟုတ်ပါလော။

ကျင့်ကြံမှုအဆင့် မြင့်မားလာလေလေ၊ အဆင့်တစ်ခုနှင့်တစ်ခုကြားက ကွာဟချက်မှာ ကြီးမားလာလေလေပင်။

ယွီထျန်းဖုန်း၏ မျက်နှာထားကလည်း ကောင်းမနေတော့ပါ။ သူသည် မူလနေရာမှ ပျောက်ကွယ်သွားပြီး နေရာလပ်ကို ဆွဲဖြဲကာ ကောင်းကင်ဘုံလှေငယ်၏ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့၏။

အရိပ်မည်းကြီး နှစ်ခုသည် အလွန် မြန်ဆန်သော အရှိန်ဖြင့် ချဉ်းကပ်လာခဲ့ပြီး မကြာမီမှာပင်

ယွီထျန်းဖုန်း၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာကြသည်။

သူတို့မှာ ရာရှိုမွန် မျိုးနွယ် ကျင့်ကြံသူနှစ်ဦး ဖြစ်ပြီး ဒဏ္ဍာရီလာ နတ်ဘီလူးများအလား မီတာဆယ်ဂဏန်းနီးပါး မြင့်မားသော အရပ်အမောင်းနှင့် သန်မာ ကြမ်းတမ်းသော ခန္ဓာကိုယ်များ ရှိကြသည်။

ပြတင်းပေါက် တစ်ခုရှေ့တွင် ရပ်ကြည့်နေကြသော လုရီတို့အဖို့ ထိုရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦးကို မြင်လိုက်ရုံမျှဖြင့် အဆုံးမဲ့သော သွေးပင်လယ်ကြီးထဲသို့ ကျရောက်သွားသလို ခံစားလိုက်ကြရ၏။

အကြောင်းရင်းမှာ ထိုရာရှိုမွန်နှစ်ဦးမှာ အလွန်အမင်း အစွမ်းထက်လွန်းနေသောကြောင့် သူတို့၏ အရှိန်အဝါသက်သက်ကပင် လုရီတို့အပေါ် သက်ရောက်မှုရှိနေခြင်း ဖြစ်ပေသည်။

ဟင်းလင်းပြင်ထဲတွင် ယွီထျန်းဖုန်းက ထိုရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦးကို စူးစိုက်ကြည့်ကာ မထီမဲ့မြင် ကဲ့ရဲ့လိုက်သည်။

“ရွှယ်လန်၊ ရွှယ်ကော်… မင်းတို့ ဂိုဏ်းချုပ်ကြီးတွေက ဒီနေရာကို ဘာအကြောင်းထူး ရှိလို့ ကြွချီလာကြတာတုန်း။ မင်းတို့ကိုယ်တိုင် ဝင်ပါစွက်ဖက်မှတော့ ငါတို့ နှစ်ဘက် တကယ် မျက်နှာပြောင်တိုက်ကြပြီဆိုတဲ့ သဘောပဲ”

စစ်တပ်တစ်ခု၏ ခေါင်းဆောင်တစ်ဦးအနေနှင့် နှစ်သန်းပေါင်းများစွာ မရေမတွက်နိုင်အောင် ထိတွေ့ဆက်ဆံခဲ့ရသည်ဖြစ်ရာ သူတို့တစ်ယောက်ကိုတစ်ယောက် အကျွမ်းတဝင်ရှိနေကြသည်မှာ သဘာဝကျလှပါသည်။

ရွှယ်လန်၏ အကြည့်တို့က ရေခဲတမျှ အေးစက်နေပြီး ယူထျန်းဖုန်းကို စိုက်ကြည့်ကာ ခွန်းတုံ့ပြန်၏။

“မင်းကိုယ်တိုင်လည်း ဒီကို ရောက်နေတာပဲ မဟုတ်လား။ ငါတို့က ဘာလို့ ရောက်လာလို့မရရမှာလဲ”

ရွှယ်ကော်ကတော့ ပို၍ပင် တိုက်ရိုက်ကျလေသည်။ သူက ယူထျန်းဖုန်း၏ နောက်ရှိ ‘ကြယ်နက်’ကို လှမ်းကြည့်ရင်း လေသံအေးစက်စက်ဖြင့် မေးခွန်းထုတ်တော့သည်။

“နေရာလပ်နိယာမကို ကျွမ်းကျင်တဲ့ လူသားမိစ္ဆာကောင်က အထဲမှာ ရှိနေတာလား”

ယူထျန်းဖုန်းက မျက်နှာထားတင်းတင်းဖြင့် မေးမြန်းလိုက်၏။

“မင်းတို့ ဘာလိုချင်လို့လဲ”

“ငါတို့ ဘာလိုချင်လဲ ဟုတ်လား”

ရွှယ်လန်နှင့် ရွှယ်ကော်တို့နှစ်ဦးလုံး အေးစက်စွာ ရယ်မောလိုက်ကြပြီးနောက် သူတို့၏ ဝိညာဉ်စွမ်းအင်များကို အလုံးစုံ ထုတ်လွှတ်ကာ ကောင်းကင်ဘုံလှေငယ် ‘ကြယ်နက်’ထံ လက်လှမ်းလိုက်ကြတော့သည်။

ဂြိုဟ်ကြီးများသဖွယ် ဧရာမ သွေးရောင်လက်ဝါးကြီးနှစ်ဖက်သည် ဟင်းလင်းပြင်ထဲတွင် ပေါ်ထွက်လာပြီး ‘ကြယ်နက်’ကို လုံးဝ ဖုံးလွှမ်းသွားခဲ့၏။

တချိန်တည်း၌ အေးစက်သော အမူအရာဖြင့်

ယွီထျန်းဖုန်းကလည်း သူ၏ စွမ်းအားအားလုံးကို ထုတ်လွှတ်လိုက်ပြီး အင်မော်တယ်သိုင်းနည်းစနစ်များ တမဟုတ်ချင်း ထုတ်ဖော်လာခဲ့သည်။ ကြယ်တာရာမြစ်ကိုပင် ဖြတ်တောက်နိုင်လောက်သော ဓားအလင်းတန်းများက သွေးရောင်လက်ဝါးကြီးများကို ထိုးခွဲပစ်လိုက်တော့၏။

ထို့နောက်တွင် ယွီထျန်းဖုန်းက အခင်းအကျင်းအင်းကွက်တစ်ခုကို လက်ဖြင့်ပုံဖော်ကာ ‘ကြယ်နက်’ အား နေရာလပ်ဥမင်တစ်ခု ဖွင့်စေပြီး အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားစေခဲ့သည်။

ထိုအခိုက်အတန့်၌ ရွှယ်ကော်နှင့် ရွှယ်လန်တို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး

ယွီထျန်းဖုန်းအား အေးစက်စွာ ကြည့်ကာ ကြိမ်းဝါးလိုက်ကြသည်။

“မင်း သေချင်နေတာပဲ!”

“သေချင်နေတာက မင်းတို့ပဲ! ငါတို့ကို သွေးရူးသွေးတန်း လုပ်ကြံဖို့ ကြံနေမှတော့ ဘယ်သူက ဘယ်သူ့ကို ပိုသတ်နိုင်မလဲ စောင့်ကြည့်ကြသေးတာပေါ့” ဟု ယွီထျန်းဖုန်းကလည်း မျက်နှာထားတင်းတင်းဖြင့် ပြန်လည် ချေပလိုက်လေ၏။

ဤစကားကို ကြားသော် ရာရှိုမွန်မျိုးနွယ် ကျင့်ကြံသူနှစ်ဦးမှာ ဆိတ်ငြိမ်သွားကြသည်။

အထိန်းအချုပ်မဲ့သော ရွှေအင်မော်တယ်တစ်ပါး၏ ဖျက်ဆီးနိုင်စွမ်းမှာ အံ့မခန်းလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည် မဟုတ်ပါလား။

သူတို့၏ သွေးငရဲ တပ်မတော်က ကြယ်တာရာနယ်မြေ တပ်မတော်ထက် အရေအတွက်များပြားသော်လည်း နှစ်ဘက်လုံးက ဘာကိုမှ ဂရုမစိုက်တော့ဘဲ အရူးအမူး တိုက်ခိုက်ကြမည်ဆိုလျှင်

ယွီထျန်းဖုန်း တစ်ယောက်တည်းကပင် သွေးငရဲတပ်မတော်တစ်ခုလုံးကို ချေမှုန်းပစ်နိုင်ပေသည်။

ထိုသို့ဖြစ်လျှင် ကြယ်တာရာနယ်မြေ တပ်မတော်ကို ဖျက်ဆီးနိုင်ခဲ့သည့်တိုင် အလုံးစုံ ကြည့်ပါက သွေးငရဲ တပ်မတော်၏ ဆုံးရှုံးမှုက ပို၍ ကြီးမားပေလိမ့်မည်။

ဤအချက်က သူတို့ ဒီနေရာသို့ လာရောက်ခြင်း၏ မူလရည်ရွယ်ချက်နှင့် ကိုက်ညီမှု မရှိချေ။

ထို့ကြောင့် ရွှယ်ကော်က မဲ့ပြုံးပြုံးကာ ပြောလိုက်၏။

“ငါတို့က မင်းရဲ့ ကြယ်တာရာနယ်မြေတပ်မတော်ကို လက်ဖျားနဲ့တောင် မထိရသေးဘူး”

ယွီထျန်းဖုန်းကလည်း ပြန်လည်၍ မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး “အေး… အဲ့အတိုင်းပဲ ဖြစ်ဖို့ မျှော်လင့်တယ်” ဟု တုံ့ပြန်လိုက်သည်။

သူတို့ချင်း ခေတ္တမျှ ထိပ်တိုက် ရင်ဆိုင်ပြီးနောက်

ယွီထျန်းဖုန်းက နေရာလပ်ကို ဖြည်းညင်းစွာ ဆွဲခွဲကာ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့တော့သည်။

ရွှယ်ကော်နှင့် ရွှယ်လန်တို့မှာ အေးစက်သော မျက်နှာထားများဖြင့် တည်ငြိမ်သွားသော နေရာလပ်ကို ကြည့်နေရင်း လိုက်မသွားကြတော့ပေ။

နှစ်သန်းပေါင်းများစွာ မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ကြသူများပီပီ တစ်ဦး၏ စွမ်းအားကို တစ်ဦးက သိရှိပြီးဖြစ်ရာ တစ်ဖက်လူကို ဤနေရာတွင် ချုပ်ထားရန် မဖြစ်နိုင်ကြောင်းကိုလည်း နားလည်ပြီးသား ဖြစ်ပေသည်။

တစ်ခဏမျှ လေထုသည် တိတ်ဆိတ်သွား၏။

“ရွှယ်ကော်၊ အခု ဘယ်လိုလုပ်ကြမလဲ။

ယွီထျန်းဖုန်းက အဲ့ဒီလူသားမိစ္ဆာကောင်ကို အကာအကွယ်ပေးနေမှတော့ ငါတို့မှာ အခွင့်အရေး မရှိလောက်တော့ဘူး”

“တောက်… ဒီလို အရေးမပါတဲ့ နေရာလေးကနေ ဒီလို လူသားမိစ္ဆာမျိုး ဘယ်လိုဖြစ်ပြီး ပေါက်ဖွားလာနိုင်ရတာလဲ။ ဒီလောက်အစွမ်းထက်တဲ့ နေရာလပ်နိယာမကို ကျွမ်းကျင်နေပြီး နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် မဟာအခင်းအကျင်းတောင် ဒီကောင့်ကို မတားနိုင်ခဲ့ဘူး” ဟု

ရွှယ်ကော်က မကျေမနပ်ဖြင့် မျက်နှာပျက်ပျက်နှင့် ရေရွတ်လိုက်သည်။

ခေတ္တမျှ ငြိမ်သက်နေပြီးနောက် သူက ဆက်လက် မှာကြား၏။

“ဗျူဟာပြောင်းမယ်။ အခင်းအကျင်းမျက်လုံး

မပျက်စီးသေးတဲ့ တပ်ဖွဲ့တွေကို ပျက်စီးသွားတဲ့ တပ်ဖွဲ့တွေနဲ့ သွားပေါင်းခိုင်းလိုက်။ ကြယ်တာရာနယ်မြေတပ်မတော်က ဝိုင်းသတ်တာ မခံရအောင်လို့။ တပ်ဖွဲ့တွေကို စုစည်းပြီး တပ်လေးဖွဲ့ တစ်အုပ်စုနဲ့ လှုပ်ရှားခိုင်း။ အဓိကတိုက်သင်္ဘောတစ်စီးရဲ့ အခင်းအကျင်းမျက်လုံးကိုပဲ ကာကွယ်ရင် လုံလောက်ပြီ။ မဟာမိတ်တပ်ပေါင်းစု တစ်ခုမှာ နေရာလပ်ကူးပြောင်းမှု လုပ်နိုင်တဲ့ အဓိကတိုက်သင်္ဘောတစ်စီး ရှိနေသရွေ့ ငါတို့အတွက် အဆင်ပြေတယ်”

ထိုအခါ ရွှယ်လန်က မျက်မှောင်ကြုတ်လျက်

“တစ်နေရာတည်းမှာ လူအများကြီး စုထားရင် လူအင်အားကို ကောင်းကောင်း အသုံးမချနိုင်ဘဲ ဖြစ်ပြီး ငါတို့ရဲ့ အရင်းအမြစ် တူးဖော်နှုန်း နှေးသွားလိမ့်မယ်” ဟု ထောက်ပြလိုက်သည်။

“မင်းမှာ ပိုကောင်းတဲ့ အစီအစဉ် ရှိလို့လား”

“…မရှိပါဘူး”

“နောက်ပြီးတော့၊ ဟိုသက်ရှိဂြိုဟ်ရဲ့ ကာကွယ်ရေးကို ခုထိ မချိုးဖျက်နိုင်သေးဘူးလား”

“မရသေးဘူး။ ဘာကြောင့်မှန်းမသိ အဲ့ဒီဂြိုဟ်မှာ အလွန်အစွမ်းထက်တဲ့ ကာကွယ်ရေးအခင်းအကျင်းတစ်ခု ရှိနေတယ်။ ငါကိုယ်တိုင် ဝင်ပါတာတောင် မချိုးဖျက်နိုင်ခဲ့ဘူး။ ဖြစ်နိုင်တာက အဲ့ဒီဂြိုဟ်ပေါ်မှာ အရေးကြီးတဲ့ တစ်စုံတစ်ခုများ ရှိနေမလား” ဟု ရွှယ်လန်က နားမလည်နိုင်စွာ ဆိုလေသည်။

“ဟမ့်! ငါလည်း မသိဘူး… ဒါပေမဲ့ သွေးမျိုးနွယ်ရဲ့ ပါရမီရှင်နှစ်ယောက်ကတော့ ထျန်းမင်မှာ အသက်ဆုံးခဲ့ရတယ်။ ဂြိုဟ်ရဲ့ ကာကွယ်ရေးအခင်းအကျင်းကို မဖောက်နိုင်သရွေ့တော့ သူတို့အတွက် လက်စားချေဖို့ နည်းလမ်းမရှိလောက်ဘူး” ဟု ရွှယ်ကော်က မျက်မှောင်ကြုတ်ကာ ဆို၏။

ထို့နောက် ခေါင်းခါလျက် သူက ဆက်ပြောသည်။ “ဒါတွေက အသေးအဖွဲကိစ္စတွေပါ၊ ထားလိုက်တော့။ ငါကိုယ်တိုင် ဂြိုဟ်ခံတပ်ကို စောင့်ကြည့်နေမယ်။ အဲ့ဒီလူသားမိစ္ဆာကောင်နဲ့ ယွီထျန်းဖုန်းတို့ လွတ်မသွားအောင်လို့”

“ဒီလိုဆိုလည်း ကောင်းတာပါပဲ”

သူတို့နှစ်ဦးသည် စစ်မြေပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် ထိုနေရာသို့ မသွားဘဲ တစ်ယောက်တစ်နေရာစီ ပျောက်ကွယ်သွားကြတော့၏။

ဤအချိန်တွင် ‘ကြယ်နက်’သည် နေရာလပ်ဥမင်ကို ဖြတ်သန်းကာ ဂြိုဟ်ခံတပ်သို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။ မကြာမီပင် ယူထျန်းဖုန်းလည်း ပြန်လည်ရောက်ရှိလာခဲ့၏။

ယွီထျန်းဖုန်းကို မြင်သော် လုရီတို့က ရှေ့သို့တိုးကာ နှုတ်ဆက်ကြသည်။

“ဦးလေး၊ အခြေအနေ ဘယ်လိုလဲ” ဟု

လင်းလောင်တောင်ထိပ်သခင်မက မေးမြန်းလိုက်သည်။

ယူထျန်းဖုန်းက မျက်မှောင်ကြုတ်လျက် ရှင်းပြ၏။

“သွေးငရဲတပ်မတော်ရဲ့ ရွှေအင်မော်တယ်ခေါင်းဆောင်နှစ်ယောက်လုံး အစွမ်းမသေးဘူး။ သူတို့ ရိပ်မိသွားကြပြီ၊ ရှောင်ရီကို ပစ်မှတ်ထားဖို့ စနေကြပြီ”

လုရီ၏ ရင်ထဲတွင် စိမ့်ခနဲ ဖြစ်သွား၏။

စောစောက ကြောက်မက်ဖွယ် သွေးရောင်လက်ဝါးကြီးအား… သူ့မှာ ရှောင်တိမ်းဖို့ အခွင့်အရေး တစ်စိုးတစ်စိမျှ မရှိခဲ့ပေ။ အကယ်၍သာ ယွီထျန်းဖုန်းက ကြားဝင်

မတားဆီးခဲ့ပါက သူ ယခု အချိန်ဆိုလျှင် အလောင်း ဖြစ်နေလောက်လေပြီ။

ဤသည်မှာ လုရီ၏ ဘဝတလျှောက် သေခြင်းတရားနှင့် အနီးစပ်ဆုံး အကြိမ်ပင် ဖြစ်လေသည်။

“ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ”

ယွီထျန်းဖုန်းက မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဉ်းစားပြီးမှ ဆိုသည်။

“တခြား အဓိက တိုက်သင်္ဘော တစ်စီးရဲ့ အခင်းအကျင်းကို ဖျက်ဆီးဖို့ အခွင့်အရေး

ရှိမလား ကြည့်ကြတာပေါ့။ ရာရှိုမွန် မျိုးနွယ်ရဲ့ ထောက်ပံ့ရေးစနစ် တစ်ဝက်လောက် ပျက်စီးနေတုန်း ရန်သူ့ အင်အားကို လျှော့ချနိုင်မယ့်

နည်းလမ်းတစ်ခုခု အရင် ရှာရမယ်”

အားလုံးက ခေါင်းအသာငြိမ့်လိုက်ကြသည်။

ထိုအခိုက်အတန့်၌ ယွီထျန်းဖုန်း၏ မျက်နှာအမူအရာ အနည်းငယ် သုန်မှုန်သွားပြီး ဟင်းလင်းပြင်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

ဟင်းလင်းပြင်သည် ရုတ်ချည်း ပေါက်ကွဲသွားသလို အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာပြီး အရပ်မြင့်မြင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုသူမှာ ရွှယ်ကော်ပင်တည်း။

ရွှယ်ကော်က မိမိကိုယ်ကို ဖုံးကွယ်ရန် ကြိုးစားခြင်းမရှိဘဲ ကောင်းကင်ယံတွင် ပေါ်တင်ရပ်ကာ ကြယ်တာရာနယ်မြေ တပ်မတော်၏ ဂြိုဟ်ခံတပ်ကို စိုက်ကြည့်နေတော့သည်။

“ရွှယ်ကော်!”

ယွီထျန်းဖုန်း၏ မျက်နှာထားမှာ ချက်ချင်း မည်းမှောင်သွားပြီး အလိုမကျစွာ ရေရွတ်လိုက်သည်။

“သူက ငါတို့ကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့ပုံပဲ”

လုရီ၏ စိတ်အစဉ်မှာလည်း လေးလံသွားတော့၏။

“ဒါဆိုရင် ကျွန်တော်တို့ အပြင်ထွက်လို့ ရပါဦးမလား”

“သူ့ကို မသိအောင်လုပ်ဖို့တော့ ခက်သွားပြီ”

ယွီထျန်းဖုန်းက ခေါင်းခါလိုက်သည်။

ရွှေအင်မော်တယ် တစ်ဦးအနေနှင့် ရွှေအင်မော်တယ်တစ်ဦး၏ စွမ်းအားကို သူက အသိဆုံးပင်။

လုရီ၏ ရင်တွင်း မွန်းကြပ်သွားသည်။

အာ... ဒီလိုအခြေအနေမျိုးမှာ သူ တခြားအလုပ်တွေကို လက်ခံဖို့ အခွင့်အရေး မရှိတော့ဘူး

မလား။

ယွီထျန်းဖုန်းက ခေါင်းခါရင်း ရုပ်တုကြီးသဖွယ် မတ်တတ်ရပ်နေသော

ရွှယ်ကော်ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။

“အရင်ပြန်သွားနားကြဦး။ ဒီရက်ပိုင်း မင်းတို့ ပင်ပန်းခဲ့ကြပြီ၊ အထူးသဖြင့် ရှောင်ရီပဲ။ အခွင့်အရေးတစ်ခုခု ပေါ်လာမလား အရင်စောင့်ကြည့်ကြတာပေါ့”

တခြားနည်းလမ်း မရှိတော့သည့်အဆုံး လုရီမှာ ခေါင်းညိတ် သဘောတူလိုက်ရုံသာ တတ်နိုင်တော့သည်။

သူနှင့် လင်းလောင်တောင်ထိပ် သခင်မတို့ နန်းတော်သို့ ပြန်လာခဲ့ကြသည်။ လျိုနင်ရွှမ်းတို့အဖွဲ့အားလုံး တံခါးပိတ် ကျင့်ကြံနေကြဆဲဖြစ်ရာ လုရီနှင့် လင်းလောင်တောင်ထိပ် သခင်မတို့လည်း မိမိတို့၏ အခန်းများဆီသို့ ကိုယ်စီ ပြန်လာခဲ့ကြသည်။

သွေးငရဲတပ်မတော်မှ ဘဲကြီးတစ်ကောင်က တံခါးဝတွင် ပိတ်ဆို့နေသောကြောင့် အပြင်

မထွက်နိုင်တော့သည့်အတွက် လုရီမှာ မချင့်မရဲဖြစ်ကာ ကျင့်ကြံခြင်းကိုသာ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်တော့သည်။

ယခင်က အဓိက တိုက်သင်္ဘော ဆယ်စီးကျော်၏ အခင်းအကျင်းများကို ဖျက်ဆီးခဲ့ခြင်းအတွက် ဆုလာဘ်များမှာ အတော်လေး ကောင်းမွန်ခဲ့သည်။

အင်မော်တယ်လက်နက်များ၊ အင်မော်တယ်ရွှေများနှင့် ကောင်းကင်ဘုံရတနာများအကြောင်း ပြောနေစရာပင် မလိုပါ။ ကျင့်ကြံခြင်းနည်းစနစ်များနှင့် အင်မော်တယ်သိုင်းစွမ်းရည်အမျိုးမျိုး၏ အဆင့်ကို တိုးမြှင့်ပေးနိုင်သော ဆုလာဘ်များ အလျှံပယ် ရရှိခဲ့ပါသည်။

* သတ်မှတ်ထားသော အင်မော်တယ်သိုင်းစွမ်းရည်အဆင့်ကို +၃ တိုးမြှင့်ခွင့် သုံးကြိမ် (ယခင်အကြိမ်များနှင့်ပေါင်းလျှင် စုစုပေါင်း ခုနစ်ကြိမ်)

* သတ်မှတ်ထားသော ကျင့်ကြံခြင်းနည်းစနစ်အဆင့်ကို +၃ တိုးမြှင့်ခွင့် လေးကြိမ် (ယခင်အကြိမ်များနှင့်ပေါင်းလျှင် စုစုပေါင်း ငါးကြိမ်)

* သတ်မှတ်ထားသော အင်မော်တယ်သိုင်းစွမ်းရည်အဆင့်ကို +၄ တိုးမြှင့်ခွင့် နှစ်ကြိမ် (ယခင်အကြိမ်များနှင့်ပေါင်းလျှင် စုစုပေါင်း လေးကြိမ်)

* သတ်မှတ်ထားသော ကျင့်ကြံခြင်းနည်းစနစ်အဆင့်ကို +၄ တိုးမြှင့်ခွင့် နှစ်ကြိမ် (ယခင်က တစ်ကြိမ်ကျန်ရှိနေသေးသဖြင့် စုစုပေါင်း သုံးကြိမ်)

* သတ်မှတ်ထားသော နိယာမတစ်ခုကို ၁၀% တိုးမြှင့်ခွင့် သုံးကြိမ် (ယခင်အကြိမ်များနှင့်ပေါင်းလျှင် စုစုပေါင်း ခုနစ်ကြိမ်)

ဤအလုပ် ဆုလာဘ်များချည်းကပင် လုရီ၏ စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်စွမ်း ရှိလေသည်။

အပြင်မထွက်နိုင်သည့်အခိုက် လုရီက ဤဆုလာဘ်များကို တစ်ခုချင်းစီ သေသေချာချာ အသုံးချရန် အချိန်ယူလိုက်၏။

လုရီ၏ အင်မော်တယ်ဓား သိုင်းကျမ်း၊ ကိုးလွှာကောင်းကင်ဓား အင်မော်တယ် ရတနာကျမ်း၊

ယီမုဟွာရှန်းကျမ်းနှင့် ရွှမ်ယင်ယွမ်ယန် အင်မော်တယ်ကျမ်းတို့မှာ ကပ်ဘေးဖြတ်ကျော်ခြင်းအခန်း၏ အကန့်အသတ် အဆင့်သို့ ရောက်ရှိနေကြပြီး ဖြစ်သည်။

ယခင်က ကျင့်ကြံအားထုတ်မှုများကြောင့် လဝန်းဝိညာဉ်အင်မော်တယ်ကျမ်းမှာလည်း အဆင့် ၇ သို့ ရောက်ရှိခဲ့သည်။ သူက အင်မော်တယ်ကျမ်းအဆင့် +၃ ဆုလာဘ်တစ်ခုကို အသုံးပြု၍ လဝန်းဝိညာဉ်အင်မော်တယ်ကျမ်းအား ကပ်ဘေးဖြတ်ကျော်ခြင်းအခန်း၏ အကန့်အသတ် အဆင့်သို့ မြှင့်တင်လိုက်သည်။

လုရီအတွက် ကျန်ရှိနေသေးသော တစ်ခုတည်းသော ကျမ်းမှာ မြေဧကရာဇ်ကျမ်း ဖြစ်သည်။ သူက မြေတာအိုကို နက်နက်နဲနဲ နားလည်ထားခြင်းမရှိသောကြောင့် ၎င်းကို တခါတလေသာ ကျင့်ကြံခဲ့သည်။

ယခုမူ၊ ၎င်းအင်မော်တယ်ကျမ်းကိုပါ အကန့်အသတ် အဆင့်သို့ ရောက်အောင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်တော့သည်။

အကြောင်းမှာ မြေဧကရာဇ်ကျမ်းသည် မြေ

တာအိုကို ကျင့်ကြံခြင်း ဖြစ်သော်လည်း ကျမ်းအတွင်းမှ အနှစ်သာရ အချို့မှာ အားလုံးအတွက် အသုံးတည့်ပြီး သူ့အနေနှင့် ၎င်းတို့ကို အသုံးချနိုင်သောကြောင့် ဖြစ်သည်။

လုရီက သတ်မှတ်ထားသော အင်မော်တယ်

သိုင်းစွမ်းရည်အဆင့် +၃ အခွင့်အရေး သုံးကြိမ်ကို အသုံးပြုကာ ထိုကျမ်းကိုလည်း အထွတ်အထိပ် အဆင့်သို့ မြှင့်တင်လိုက်လေ၏။ယခုအခါ သူ့ထံတွင် သတ်မှတ်ထားသော

အင်မော်တယ် သိုင်းနည်းစနစ် အဆင့် +၃ အခွင့်အရေးမှာ နောက်ဆုံး တစ်ကြိမ်သာ ကျန်ရှိတော့သည်။

သို့သော် သူ့ကို နှစ်သိမ့်စေသည့် အချက်မှာ ရရှိထားသော အင်မော်တယ်ကျမ်းများ အားလုံးကို ကပ်ဘေးဖြတ်ကျော် အခန်း၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ခြင်းပင်။ စုစုပေါင်း အင်မော်တယ် ကျမ်း ခြောက်စောင်ပင်တည်း။

အကယ်၍သာ အခြား ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူများသာ ဤအကြောင်းကို ကြားသိသွားပါက ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ပေ။ အင်မော်တယ်များထဲ၌ပင် ဤမျှ များပြားသော အင်မော်တယ်ကျမ်းများကို ပိုင်ဆိုင်သူမှာ အနည်းငယ်မျှသာ ရှိပြီး၊ ၎င်းတို့ကို ဤမျှ နက်ရှိုင်းသော နယ်ပယ်အထိ ကျင့်ကြံနိုင်သူမှာ ပို၍ပင် ရှားပါးလှသေးသည် မဟုတ်ပါလား။

ဤချီကျင့်ကြံခြင်း အင်မော်တယ်ကျမ်းများအားလုံးကို ကပ်ဘေးဖြတ်ကျော် အခန်း၏ အထွတ်အထိပ် အဆင့်သို့ ရောက်အောင် ကျင့်ကြံပြီးနောက် သူ၏ ကိုယ်ပိုင်တာအို၊ ဖရိုဖရဲအခြေခံနှင့် နိယာမအမျိုးမျိုးတို့နှင့် ပေါင်းစပ်လိုက်သည့်အခါ လုရီသည် အင်မော်တယ်ကျမ်းအသစ်များကို ဖန်တီးတွက်ချက်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သည်။

သူ တရားထိုင်နေစဉ် ကျင့်ကြံခြင်းအခန်းတစ်ခုလုံးမှာ နက်နဲဆန်းကြယ်သော တာအိုအင်းကွက်များဖြင့် ပြည့်နှက်နေ၏။ အင်းကွက်များမှာ

မတည်မငြိမ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး အဆက်မပြတ် ပုံပေါ်လိုက် ပျောက်ကွယ်သွားလိုက်နှင့် ရှိနေကြ၏။ အင်းကွက်တစ်ခုချင်းစီမှာ လုရီ၏ ထပ်ခါတလဲလဲ တွက်ချက်မှုများ၏ ရလဒ်များပင် ဖြစ်ကြသည်။

ကျင့်ကြံခြင်းအခန်းအတွင်း၌ပင် ဖရိုဖရဲအလင်းတန်းများက မသေမချာ ဖြာထွက်နေပြီး ၎င်းတို့မှာလည်း လုရီ၏ တွက်ချက်မှုများမှ ပေါက်ဖွားလာခြင်း ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ လုရီ၏ ရည်မှန်းချက်များမှာ ကြီးမားလှသည်။ သူက ယင်နှင့်ယန်စွမ်းအားနှစ်ခုလုံးကို သူ၏ သိုင်းနည်းစနစ်များထဲသို့ ထည့်သွင်းလိုပြီး၊ စစ်အခင်းအကျင်းများ၏ အူတိုင်ကိုပါ ပေါင်းထည့်လိုသောကြောင့် ၎င်းမှာ သာမန်ရိုးရှင်းသော အင်မော်တယ်ကျမ်းတစ်ခု မဟုတ်တော့ပေ။

သို့ဖြစ်လေရာ သဘာဝအတိုင်းပင် တွက်ချက်မှုများမှာ ပို၍ ခက်ခဲလာခဲ့သည်။ လုရီက အင်မော်တယ်ကျမ်း ခြောက်စောင်ကို ကပ်ဘေးဖြတ်ကျော်ခြင်းအခန်း၏ အထွတ်အထိပ်အထိ ကျွမ်းကျင်နေပြီ ဖြစ်သော်လည်း သူ၏ တွက်ချက်မှုကို အပြီးမသတ်နိုင်သေးချေ။

စဉ်းစားပြီးနောက် လုရီက ဆက်လက် တရားထိုင်ရန် ဆုံးဖြတ်လိုက်ပြီး အင်မော်တယ်ကျမ်း ခြောက်စောင်လုံးကို ကောင်းကင်ဘုံအင်မော်တယ်အဆင့်သို့ ရောက်ရှိအောင် မြှင့်တင်ရန် ရည်မှန်းလိုက်တော့သည်။

ဖြစ်နိုင်သည်မှာ ထိုသို့ပြုလုပ်ပြီးမှသာ သူသည် နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ပေလိမ့်မည်။

All Chapters