အခန်း (၅၈၃-၅၈၅)
Vol. 39 Ch. 583-585
အခန်း ၅၈၃ - အလုံးစုံ ပြန်လည်ရှင်သန်ခြင်းသိုင်း၏ အထွတ်အထိပ် အဆင့်၊ ရှင်ပြန်ထမြောက်ခြင်း၏ စွမ်းအား…
~အပြင်မှာတော့ ရန်သူက တံခါး လာခေါက်နေသလို စောင့်ကြပ်နေဆဲ။ ဒီအတိုင်း ထိုင်နေလို့လည်း ဘာမှ ဖြစ်လာမှာ မဟုတ်။ သည်တော့ ကိုယ့်စွမ်းအားကို မြှင့်တင်ထားမှ တော်ကာ ကျ လေမည်။
လုရီသည် စိတ်ကို ဒုန်းဒုန်းချလိုက်ပြီး သူ၏ ပထမဆုံး ပစ်မှတ်အဖြစ် ရွှမ်ယင် ယွမ်ယန်
အင်မော်တယ်ကျမ်းကို ရွေးချယ်လိုက်တော့၏။
သူက သတ်မှတ်ထားသော အင်မော်တယ်သိုင်းစွမ်းရည် အဆင့် +၃ တိုးမြှင့်ခွင့်ကို အသုံးပြုလိုက်၏။
ကပ်ဘေးဖြတ်ကျော်ခြင်း အခန်းကို နားလည်သဘောပေါက်အောင် ကြိုးစားခဲ့စဉ်ကနှင့် နှိုင်းယှဉ်လျှင်၊ ယခု အဆင့်တိုးမြှင့်ခြင်းဆုလာဘ်နှင့် နားလည်သဘောပေါက်ရသည့် အရှိန်မှာ အပုံကြီး နှေးကွေးနေသည်ကို သူ သတိပြုမိလေသည်။
သို့သော် လုရီကတော့ အံ့အားမသင့်မိပါ။ နောက်ဆုံးတော့ ဤသည်မှာ ကောင်းကင်ဘုံ
အင်မော်တယ် အဆင့်ကို နားလည်ရန် ကြိုးစားနေခြင်း မဟုတ်ပါလား။
လုရီသည် လက်ရှိတွင် ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်၌သာ ရှိသေးသည်။ ကောင်းကင်ဘုံ
အင်မော်တယ်အခန်းကို နားလည်နိုင်ခြင်းကပင် အတော်လေး ထူးကဲနေပြီဖြစ်ရာ လျင်မြန်သော တိုးတက်မှုကို မျှော်လင့်နေ၍ မဖြစ်ချေ။
ဤတစ်ကြိမ် နားလည် သဘောပေါက်မှု အသိအမြင်များကို အလုံးစုံ ချေဖျက် စုပ်ယူနိုင်ရန် သူ့အတွက် တစ်နှစ်ကျော် အချိန်ယူလိုက်ရလေသည်။
ယခုအခါ သူ၏ ရွှမ်ယင်ယွမ်ယန် အင်မော်တယ်သိုင်းစွမ်းရည်မှာ ကောင်းကင်ဘုံ အင်မော်တယ် အခန်း အဆင့် ၄ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
လုရီ၏ အစီအစဉ်ထဲတွင် သူကိုယ်တိုင် ဖန်တီးတွက်ချက်မည့် အင်မော်တယ်ကျမ်းသည် ယင်ယန်နိယာမကို ဗဟိုပြုထားရာ၊ ရွှမ်ယင်ယွမ်ယန် အင်မော်တယ်ကျမ်းက အကောင်းဆုံး အမာခံဖြစ်ပေသည်။
ရွှမ်ယင်ယွမ်ယန် အင်မော်တယ်ကျမ်းအပေါ် သူ၏ နားလည်မှုက ကောင်းကင်ဘုံအင်မော်တယ် အခန်း အဆင့် ၄ သို့ ရောက်ရှိသွားသည်နှင့် သူဖန်တီးတွက်ချက်နေသော အင်မော်တယ်ကျမ်းအပေါ် နားလည်မှုမှာလည်း ပိုမိုနက်ရှိုင်းလာခဲ့သည်။ ထိုဖန်တီးမှုကို အဆုံးသတ်ရန် ခြေ
တစ်လှမ်းသာ လိုတော့သည်ကို လုရီ ရှင်းရှင်းလင်းလင်း ခံစားမိနေတော့၏။
လုရီသည် ထိုနေရာတွင် မရပ်တန့်ဘဲ ဆက်လက်၍ နားလည် သဘောပေါက်ရန် ကြိုးစားပြန်သည်။
အင်မော်တယ် သိုင်းစွမ်းရည် အဆင့် +၃ တိုးမြှင့်ခွင့် ကုန်ဆုံးသွားပြီဖြစ်သောကြောင့် လုရီက +၄ ဆုလာဘ်ကို ထုတ်သုံးလိုက်တော့၏။
နောက်ထပ် တစ်နှစ်ကျော် အချိန်ကုန်ဆုံးပြီးနောက် လုရီသည် နားလည်သဘောပေါက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး ရွှမ်ယင်ယွမ်ယန် အင်မော်တယ်ကျမ်းအား ကောင်းကင်ဘုံ အင်မော်တယ် အခန်း အဆင့် ၈ သို့ မြှင့်တင်နိုင်ခဲ့လေသည်။
ဤအခိုက်အတန့်တွင်တော့ လုရီသည် သူ၏ နားလည်သဘောပေါက်မှု ဖြစ်စဉ်ကို မရပ်တန့်လိုက်တော့ချေ။ သူ၏ ပတ်ပတ်လည်တွင် ယင်နှင့်ယန် ချီစွမ်းအင်တို့က လေပွေကဲ့သို့ တဟူးဟူး လည်ပတ်နေ၏။ တာအိုအင်းကွက်များက ကြယ်တာရာများအလား မှိတ်တုတ် မှိတ်တုတ် လင်းလက်လာပြီး ဆန်းကြယ်သောအလင်းတန်းများက ကခုန်မြူးတူးနေကြသည်။
လုရီ၏ ကိုယ်ခန္ဓာပတ်လည်တွင် အလွှာလိုက် အလွှာလိုက် ထပ်ဆင့်နေသော၊ နှိုင်းယှဉ်၍
မရအောင် နက်နဲလှသည့် တာအိုအင်းကွက်များ ပေါ်ထွက်လာခဲ့၏။
ထိုအထဲတွင် ယင်ယန်နိယာမ၊ တာအိုအင်းကွက်၊ သဘာဝနိယာမ၊ မိုးကြိုးနိယာမ၊ အခင်းအကျင်းတာအိုနိယာမ စသည်တို့ ပါဝင်နေသည်။
တာအိုအင်းကွက်မျိုးစုံတို့သည် တစ်ခုနှင့်တစ်ခု ရက်ယှက်ပေါင်းစပ်ကာ အသွင်ပြောင်းလဲသွားကြပြီး နောက်ဆုံးတွင်တော့ ပြောပြ၍မရအောင် နက်နဲလှသော တာအိုအင်းကွက်တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းပျော်ဝင်သွားလေတော့၏။
ထိုတာအိုအင်းကွက် ပေါ်ထွက်လာသည်နှင့် ဆန်းကြယ်သောအလင်းတန်းများ ဝင်းလက်သွားပြီး ကျင့်ကြံခြင်းအခန်းတစ်ခုလုံး ဆန်းကြယ်မြင်ကွင်းများဖြင့် ပြည့်နှက်သွားတော့သည်။
ယင်နှင့်ယန်တို့၏ အလင်းရောင်များက ကြာပန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး အဖြူနှင့်
အမည်း ကြာပန်းများက နေရာလပ်တစ်ခုလုံး ဖုံးလွှမ်းသွားအောင် ပွင့်လန်းနေကြ၏။
အဖြူအမည်း ကြာပန်းတို့ ရောယှက်သွားပြီး တဖြည်းဖြည်းနှင့် ဖရိုဖရဲ တာအို ကြာပန်းပွင့်ကြီးအဖြစ် ပုံပေါ်လာကာ တာအို တေးသံများ
သီကျူးနေလေသည်။
ဤဆန်းကြယ် မြင်ကွင်းများမှာ လှိုင်းလုံးကြီးများသဖွယ် အဟုန်ပြင်းလှရာ၊ အကယ်၍သာ
လုရီ ချမှတ်ထားသော အလွန် အစွမ်းထက်သည့် မဟာ အခင်းအကျင်းကြီးသာ မရှိခဲ့ပါက—ထိုအခင်းအကျင်းမှာ အစစ်အမှန် အင်မော်တယ်တစ်ပါး၏ တိုက်ခိုက်မှုကိုပင် ကြံ့ကြံ့ခံနိုင်သော သံကြိုးဆက် အခင်းအကျင်း ဖြစ်သည်။ ဤဆန်းကြယ်မြင်ကွင်းများကိုပင် တောင့်ခံနိုင်မည်မဟုတ်ချေ။
အစစ်အမှန် အင်မော်တယ်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသော အခင်းအကျင်းအင်းကွက်များပင်လျှင် ယခုအခါ အဆက်မပြတ် တုန်ခါနေလေသည်။ ဖရိုဖရဲ တာအို ကြာပန်းကြီးသည် တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး အဖြူအမည်းကြာပန်းတံဆိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ လုရီ၏ နဖူးပြင်ပေါ်သို့ စွဲထင်သွားပြီးနောက် ပျောက်ကွယ်သွားခဲ့တော့၏။
လုရီသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏အကြည့်တို့တွင် ဖရိုဖရဲအလင်းရောင်များ တောက်ပနေပြီးမှ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် အတိုင်းမသိ ဝမ်းမြောက်အံ့ဩသွားသော အမူအရာ တစ်ခု ထင်ဟပ်လာတော့၏။
နောက်ဆုံးတော့ ကိုယ်ပိုင် ချီကျင့်ကြံခြင်း
အင်မော်တယ်ကျမ်း တစ်စောင်ကို နားလည်သဘောပေါက်နိုင်ခဲ့လေပြီ။ ဤအင်မော်တယ်ကျမ်းသည် သူ၏ မူလ မျှော်လင့်ချက်များနှင့် အပြည့်အဝ ကိုက်ညီနေခဲ့ပါသည်။
၎င်းမှာ အလွန် အစွမ်းထက်သော နှစ်ကိုယ်တူကျင့်ကြံခြင်း အင်မော်တယ်ကျမ်း တစ်စောင်ဖြစ်ပြီး၊ နှစ်ကိုယ်တူကျင့်ကြံခြင်းဖြင့် ကျင့်ကြံမှုအရှိန်ကို အဆများစွာ မြန်ဆန်စေနိုင်သည့်အပြင် ထိုဖြစ်စဉ်အတွင်း နိယာမများနှင့် တာအိုကို နားလည်နိုင်စွမ်းကိုပါ တိုးတက်စေနိုင်သည်လေ။ထို့အပြင် ဤအင်မော်တယ်ကျမ်းတွင် အခင်းအကျင်းတာအိုနိယာမနှင့် တာအိုအင်းကွက်များကိုပါ ပေါင်းစပ်ထည့်သွင်းထားသည်။
ဤအင်မော်တယ်ကျမ်းကို ကျင့်ကြံခြင်းဖြင့်
တာအိုယင်ယန် တံဆိပ်များကို ပေါင်းစည်းနိုင်ပြီး၊ အဓိကတံဆိပ်မှာ ဖရိုဖရဲချီစွမ်းအင်ကို မောင်းနှင်အားအဖြစ် လိုအပ်လေရာ ဖရိုဖရဲချီစွမ်းအင်ကို ပိုင်ဆိုင်ထားသော လုရီအဖို့ အဓိကတံဆိပ်ကို ပေါင်းစည်းနိုင်သည်မှာ သဘာဝကျလှပါသည်။ ဒုတိယတံဆိပ်ကိုမူ ယင်ယန်နိယာမနှင့် တာအိုအင်းကွက်များမှတစ်ဆင့် နားလည်သဘောပေါက်ကာ အဓိကတံဆိပ်နှင့် ချိတ်ဆက်ထားရသည်။
တိုက်ပွဲဝင်သည့်အခါ အဓိကတံဆိပ်ကို အခင်းအကျင်းမျက်လုံးအဖြစ်၊ ဒုတိယတံဆိပ်ကို အခင်းအကျင်းအင်းကွက်များအဖြစ် အသုံးပြုကာ ဖရိုဖရဲတာအိုယင်ယန် အခင်းအကျင်းအင်းကွက်အစုအဖွဲ့တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ကျင့်ကြံသူ၏ စွမ်းအားကို သိသိသာသာ ချဲ့ထွင်ပေးနိုင်လေသည်။
ဤသည်မှာ အလွန် အစွမ်းထက်သော လျှို့ဝှက်သိုင်းနည်းစနစ်တစ်ခုဟု သတ်မှတ်နိုင်ပါ၏။
လုရီ၏ အမြင်တွင်တော့ ၎င်းသည်
အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်နှင့်ပင် တန်းတူနီးပါး ကောင်းမွန်နေခဲ့ပြီ ဖြစ်သည်။ ထို့ထက် ပို၍ လုရီ အခုမှ နားလည်သဘောပေါက်ခဲ့သော ဤနှစ်ကိုယ်တူ ကျင့်စဉ်မှာ အနာဂတ်တွင် တိုးတက်ရန် နေရာများစွာ ကျန်ရှိနေသေးသည်။
အထူးသဖြင့် လုရီက ဖရိုဖရဲအခြေခံကို ဆက်လက်စုပ်ယူသွားသည်နှင့်အမျှ သူသည် ယင်ယန်တာအိုကြာပန်းကို ဖရိုဖရဲကြာစိမ်းပန်းအဖြစ်သို့ ပေါင်းစည်းရန်ပင် မျှော်လင့်ချက် ရှိနေသေးသည်။ ယခုအချိန်မှာပင် ဤသိုင်းနည်းစနစ်မှာ လုံလောက်စွာ အစွမ်းထက်နေခဲ့ပြီ ဖြစ်၏။
လုရီက ခေတ္တမျှ စဉ်းစားပြီးနောက် ဤသိုင်းနည်းစနစ်ကို “တာအိုယင်ယန် အင်မော်တယ်ကျမ်း” ဟု အမည်ပေးလိုက်သည်။ ရွှမ်ယင်ယွမ်ယန် အင်မော်တယ်ကျမ်း၏ အူတိုင်မှ ဆင်းသက်လာသောကြောင့် သူ၏ “တာအိုယင်ယန် အင်မော်တယ်ကျမ်း” သည် ယခုအခါ ကောင်းကင်ဘုံ အင်မော်တယ် အဆင့် ၅သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လုရီက သူ၏ ကျင့်ကြံခြင်း နည်းစနစ်အဆင့် +၄ တိုးမြှင့်ခွင့် တစ်ကြိမ်ကို အသုံးပြုကာ နှစ်နှစ်နီးပါး အချိန်ယူပြီးနောက် ဤသိုင်းနည်းစနစ်ကို ကောင်းကင်ဘုံအင်မော်တယ် အခန်း၏ အထွတ်အထိပ် အဆင့်သို့ မြင့်တင်နိုင်ခဲ့သည်။
လုရီသည် ကောင်းကင်ဘုံ အင်မော်တယ် အခန်းပြီးနောက်ကိုတော့ ဆက်လက်၍ ဖန်တီးတွက်ချက်ခြင်း မပြုရသေးချေ။ သို့သော် သူသည် အလျင်မလိုခဲ့ပါ။ ကောင်းကင်ဘုံ အင်မော်တယ်အခန်းသည် သူ၏ လက်ရှိ အသုံးပြုမှုအတွက် လုံလောက်နေပြီ ဖြစ်သည်။
အခြား အင်မော်တယ်ကျမ်းများ၏ အနှစ်သာရကို ဆက်လက်စုပ်ယူပြီး “တာအိုယင်ယန် အင်မော်တယ်ကျမ်း” ထဲသို့ ပေါင်းထည့်ကာ အစစ်အမှန် အင်မော်တယ်အခန်းနှင့် ထို့ထက် ပိုမိုမြင့်မားသော အဆင့်များကို ဖန်တီးတွက်ချက်သွားနိုင်သေးသည်။
ဤသို့ပြုလုပ်ခြင်းက စွမ်းအင်နှင့်အချိန်များစွာကို သုံးစွဲရမည်ဖြစ်ပြီး၊ အထူးသဖြင့် အင်မော်တယ်ကျမ်းများစွာကို တူညီသောအဆင့်တွင် အလွန်နက်ရှိုင်းစွာ နားလည်ရန် လိုအပ်သော်လည်း လုရီ့စိတ်ထဲတွင်တော့ စိုးရိမ်ခြင်း အလျဉ်းမရှိခဲ့။ အကြောင်းမှာ သူ့ထံတွင် အလုပ်တာဝန်ပြားကြီး ရှိနေပြီး ၎င်းက သူ့အား သတ်မှတ်ထားသော အင်မော်တယ်ကျမ်းအဆင့် တိုးမြှင့်ခွင့်ဆုလာဘ်များကို ပေးအပ်နိုင်သောကြောင့် ဖြစ်သည်။ ထိုအရာက အခြားအင်မော်တယ်များအတွက် လုံးဝမဖြစ်နိုင်သည့်အရာကို ဖြစ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ပေလိမ့်မည်။
လုရီ တံခါးပိတ်ကျင့်ကြံနေခဲ့သည်မှာ သုံးနှစ်ခန့် ရှိနေပြီဖြစ်ပြီး ထိုအတောအတွင်း အခြေအနေကို သိရှိရန် ရံဖန်ရံခါ အပြင်ထွက်ကြည့်ခဲ့ပါသည်။
ယခုအချိန်အထိ ရာရှိုမွန် မျိုးနွယ်မှ ရွှေ
အင်မော်တယ် စွမ်းအားရှင်ကြီးသည် ဂြိုဟ်ခံတပ်အပြင်ဘက်တွင် ရှိနေဆဲ ဖြစ်ပြီး ထွက်ခွာသွားခြင်း မရှိသေးချေ။
သူတို့သည် လုရီတို့အား အခွင့်အရေး တစ်စိုး
တစ်စိမျှ ပေးရန် အစီအစဉ် မရှိသည်မှာ ရှင်းလင်းနေ၏။ လုရီမှာတော့ အနည်းငယ် မချိတင်ကဲ ဖြစ်နေရတော့သည်။
စစ်မြေပြင်၏ အခြားနေရာများတွင်လည်း အခြေအနေမှာ ပြောင်းလဲလာခဲ့သည်။ ရာရှိုမွန်မျိုးနွယ်၏ တပ်မတော်သည် တပ်ဖွဲ့ များစွာကို အတူတကွ လှုပ်ရှားစေရန် ရွေးချယ်ခဲ့ပြီး တပ်ဖွဲ့တစ်ခုစီတွင် အနည်းဆုံး လုပ်ဆောင်ချက်အပြည့်အဝ ပါသော နေရာလပ် ကူးပြောင်းရေး အခင်းအကျင်း ပါသည့် စစ်သင်္ဘော တစ်စီးကို အဓိက သင်္ဘောအဖြစ် ထားရှိသည်။
ဤအချက်ကြောင့် လုရီတို့ ယခင်က ဖြတ်တောက်ခဲ့သော ထောက်ပံ့ရေး လမ်းကြောင်းများမှာလည်း ပြန်လည် အသက်ဝင်လာခဲ့သည်။သို့သော် ကောင်းသည့် အချက်မှာ ရာရှိုမွန်
မျိုးနွယ်၏ တပ်မတော်သည် ပိုမိုစုစည်းသွားပြီး
ထိုသူတို့ တိုက်ခိုက်နိုင်သော နေရာများမှာ သိသိသာသာ အကန့်အသတ် ဖြစ်သွားခြင်းပင်။
ကြယ်တာရာနယ်မြေ တပ်မတော်ကမူ ဟင်းလင်းပြင်ထဲတွင် ပြောက်ကျား စစ်ဆင်နွှဲကာ သူတို့နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံခြင်းကို ရှောင်ရှားခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ
ရာရှိုမွန် မျိုးနွယ်၏ ဂြိုဟ်အရင်းအမြစ်များ တူးဖော်ခြင်းကို နှောင့်ယှက်ကာ သူတို့၏ အရင်းအမြစ် ထုတ်ယူနှုန်းကို နှေးကွေးသွားစေရန် ဖြစ်သည်။
ဤလုပ်ရပ်မှာ အလွန် ထိရောက်မှု ရှိကြောင်း ရှင်းလင်းစွာ တွေ့မြင်နိုင်၏။ ယခင်ကနှင့် နှိုင်းယှဉ်လျှင် ရာရှိုမွန် မျိုးနွယ်၏ အရင်းအမြစ်ထုတ်ယူမှု ထိရောက်နှုန်းမှာ သိသိသာသာ နှေးကွေးသွားခဲ့သည်။ ထို့ကြောင့် ရာရှိုမွန် မျိုးနွယ်တပ်မတော်၏ အထက်ပိုင်း ခေါင်းဆောင်များမှာ အလွန် ဒေါသထွက်နေကြပြီး ထျန်းမင်၏ ကာကွယ်ရေးကို တိုက်ခိုက်ရန် တပ်အင်အားအများအပြားကို ထပ်ခါတလဲလဲ စေလွှတ်ခဲ့ကြသည်။
သို့ရာတွင် လင်းလောင်တောင်ထိပ် သခင်မ
တည််ရှိမှုနှင့် ကျိုယိုချီနယ်မြေ ပေါ်ထွက်လာမှုတို့ကြောင့် ထျန်းမင်ကို ကောင်းစွာ ကာကွယ်ထားရပေသည်။ ထိုသို့ မဟုတ်လျှင် အကယ်၍သာ ထျန်းမင် ကျိုးပေါက်၍ ကျိုယိုချီနယ်မြေ ပွင့်ထွက်သွားပါက ကောင်းကင်ကြယ်တာရာနယ်မြေတစ်ခုလုံးအတွက် အလွန် ဒုက္ခများမည့် ကိစ္စဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ထျန်းမင်၏ ကာကွယ်ရေးအခင်းအကျင်းမှာ သာမန် ရွှေအင်မော်တယ်အခင်းအကျင်းထက်ပင် ပို၍ အစွမ်းထက်လှသည်။
ဤအကြောင်းကို လင်းလောင်တောင်ထိပ်သခင်မက လုရီအား ပြောပြခဲ့ခြင်း ဖြစ်၏။
လုရီသည် အနည်းငယ် စိုးရိမ်ခဲ့ဖူးသည်။ သူ၏ မိဘများနှင့် ဆွေမျိုးမိတ်ဆွေအချို့မှာ
ထျန်းမင်၌ ရှိနေကြသည် မဟုတ်ပါလား။ အကယ်၍သာ ထျန်းမင်တွင် တစ်စုံတစ်ခု
ဖြစ်ပျက်သွားခဲ့ပါက လုရီ မည်သို့သော ခံစားချက်မျိုး ဖြစ်သွားမည်ကို သူကိုယ်တိုင်ပင်
မတွေးဝံ့ပါချေ။
လင်းလောင်တောင်ထိပ်သခင်မ ပြောပြသည်ကို ကြားပြီးနောက်မှာတော့ လုရီ နောက်ဆုံးတွင် စိတ်အေးသွားနိုင်ခဲ့တော့သည်။ ယခုအခါ စစ်ရေးအခြေအနေမှာ တစ်ကျပ်ပိတ် အခြေအနေ ဖြစ်နေခဲ့ပြီ။ ရာရှိုမွန်မျိုးနွယ်၏ တပ်မတော်မှာ အင်အားကြီးမားပြီး အသာစီးရနေပုံ ပေါက်သော်လည်း ထိုအားသာချက်မှာ ယခုအချိန်တွင် အလွန် အားနည်းသွားခဲ့ပြီ ဖြစ်လေသည်။ ပြောက်ကျား စစ်ဆင်ရေးများဖြင့် ကြယ်တာရာနယ်မြေတပ်မတော်က ရာရှိုမွန် မျိုးနွယ်၏ အရင်းအမြစ် ထုတ်ယူခြင်းကို နှောင့်နှေးစေခဲ့သည်။
သူတို့၏ အရေးကြီးဆုံး ရည်မှန်းချက်မှာ အရင်းအမြစ်များ ဖြစ်ပြီး၊ အကယ်၍ လုံလောက်သော အရင်းအမြစ်များကို ပြန်မယူသွားနိုင်ပါက ဤစစ်ချီတက်မှုမှာ အရှုံးကြီးရှုံးရပေလိမ့်မည်။
နောက်ဆုံးတွင် စွမ်းအားရှင်များနှင့် ကောင်းကင်ဘုံ အင်မော်တယ်အဆင့် ပညာရှင်များကို ထား၍ သွေးငရဲ တပ်မတော်ချည်းပင် တပ်ဖွဲ့ သုံးဖွဲ့ထက်မနည်း ဆုံးရှုံးခဲ့ရသည်။ ထို့ပြင် ဤကြယ်တာရာ ဒေသသို့ ရောက်လာရန် သူတို့သည် ဂြိုဟ်ခံတပ်ကြီး နှစ်ခုကို စတင်
မောင်းနှင်ခဲ့ရသည် ဖြစ်ရာ၊ ဂြိုဟ်ရတနာများကို လည်ပတ်ရန်နှင့် နေရာလပ် ခရီးသွားရန် လိုအပ်သော စွမ်းအင်များမှာလည်း မနည်းလှပေ။
လုံလောက်သော အရင်းအမြစ်များ မရရှိသရွေ့ ၎င်းတို့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ခု ဖြစ်ပေလိမ့်မည်။ ဆန့်ကျင်ဘက်အားဖြင့် ကြယ်တာရာ နယ်မြေ တပ်မတော်မှာမူ မိမိပိုင်နက်တွင် တိုက်ခိုက်နေရပြီး ဂြိုဟ်ခံတပ် တစ်ခုတည်း၏ ထောက်ပံ့မှုဖြင့် သွေးငရဲ တပ်မတော်နှင့် ကောင်းကင်ဘုံ အင်မော်တယ်များ၊ စွမ်းအားရှင် ကျင့်ကြံသူများ၏ ထက်ဝက်မျှသော အင်အားဖြင့် ရာရှိုမွန် မျိုးနွယ်ကို အရင်းအမြစ်များ အေးအေးသက်သာ ထုတ်ယူခွင့် မပေးဘဲ တားဆီးထားနိုင်ခဲ့သည်။ မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ သူတို့က အသာစီးရနေသည့် ဘက် ဖြစ်ပေသည်။
လုရီ၏ စိတ်အစဉ်မှာလည်း တည်ငြိမ်သွားပြီး သူ၏ ကျင့်ကြံခြင်းဆီသို့ ပြန်လည် အာရုံစိုက်လိုက်တော့သည်။ ကျန်ရှိနေသော ကျင့်ကြံခြင်းနည်းစနစ်အဆင့် +၄ တိုးမြှင့်ခွင့် တစ်ကြိမ်ဖြင့်
လုရီက ခေတ္တမျှ စဉ်းစားပြီးနောက် သူကိုယ်တိုင် ဖန်တီးထားသော ခန္ဓာကိုယ်သန့်စင်ခြင်းသိုင်းနည်းစနစ်ဖြစ်သည့် “ကိုးပါးအသွင်ပြောင်း အင်မော်တယ်ခန္ဓာကိုယ်” ပေါ်တွင် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
“ကိုးပါးအသွင်ပြောင်း အင်မော်တယ်ခန္ဓာကိုယ်” သည် လုရီ အတော်ကြာ ဖန်တီးတွက်ချက်နေခဲ့သော သိုင်းနည်းစနစ်တစ်ခု ဖြစ်၏။
ဤကာလအတွင်း လုရီသည် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်တွင် ဉာဏ်အလင်းပွင့်သည့် အခါတိုင်း ၎င်းကို “ကိုးပါးအသွင်ပြောင်း အင်မော်တယ်ခန္ဓာကိုယ်” ထဲသို့ ပေါင်းစပ်ထည့်သွင်းခဲ့သည်။ ယခု သူ၏ “ကိုးပါးအသွင်ပြောင်း အင်မော်တယ်ခန္ဓာကိုယ်”သည် ကပ်ဘေးဖြတ်ကျော်ခြင်းအခန်း၏ အထွတ်အထိပ် အဆင့်သို့ ကျင့်ကြံပြီးဖြစ်သော်လည်း ကောင်းကင်ဘုံအင်မော်တယ်အဆင့်ကိုမူ မကျော်လွန်နိုင်သေးချေ။
အမှန်စင်စစ် သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်၏ အစွမ်းကို ထပ်မံမြှင့်တင်ရန် အချိန်ကျနေပြီ ဖြစ်သည်။အကြောင်းမှာ သူ၏ အဓိက တိုက်ခိုက်ရေး
အင်မော်တယ် သိုင်းနည်းစနစ်ကြီးနှစ်ခုထဲမှ တစ်ခုဖြစ်သော ကောင်းကင်ခွဲလက်သီးသည် အသက်သွင်းရန်အတွက် ရုပ်ခန္ဓာစွမ်းအားကို အသုံးပြုရန် လိုအပ်သောကြောင့် ဖြစ်သည်။ တစ်နှစ်ကျော် ကာလအတွင်း သူသည် “ကိုးပါးအသွင်ပြောင်း အင်မော်တယ်ခန္ဓာကိုယ်” ကို ကောင်းကင်ဘုံ အင်မော်တယ်အခန်း အဆင့် ၅ သို့ ဖန်တီး တွက်ချက်နိုင်ခဲ့သည်။
သို့သော် လုရီမှာ ကျေနပ်ခြင်း မရှိသေး။ အဘယ်ကြောင့်ဆိုသော် “ကိုးပါးအသွင်ပြောင်း အင်မော်တယ်ခန္ဓာကိုယ်” သည် ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းနည်းစနစ်တစ်ခု ဖြစ်သော
“ကိုးပါးအသွင်ပြောင်း ကောင်းကင်မိစ္ဆာခန္ဓာကိုယ်” ကိုသာ အမာခံအဖြစ် အသုံးပြု၍ နိယာမ စွမ်းအားအချို့နှင့် ပေါင်းစပ်ကာ တွက်ချက်ထားခြင်း ဖြစ်သောကြောင့်တည်း။
“တာအိုယင်ယန် အင်မော်တယ်ကျမ်း” နှင့် နှိုင်းယှဉ်လျှင် ကြီးမားသော ကွာဟချက်ကြီး ရှိနေသေးသည်။ လုရီက ဤအချက်ကို စိတ်ထဲ၌ မှတ်သားထားလိုက်သည်။ အနာဂတ်တွင် အကယ်၍ သူက ခန္ဓာကိုယ်သန့်စင်ခြင်း အင်မော်တယ်ကျမ်းများ ပိုမိုရရှိနိုင်ခဲ့ပါက သူသည်
“ကိုးပါး အသွင်ပြောင်း အင်မော်တယ်ခန္ဓာကိုယ်” ကို သူ၏ တာအိုနှင့် ဖရိုဖရဲအပေါ် နားလည်မှုများဖြင့် အားဖြည့်ကာ တစ်ဖန် ပြန်လည် ဖန်တီးတွက်ချက်သွားမည် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ သူသည် “တာအိုယင်ယန်
အင်မော်တယ်ကျမ်း”ထက် မနိမ့်သော ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းနည်းစနစ်တစ်ခုကို ဖန်တီးတွက်ချက်နိုင်ပေလိမ့်မည်။ ကျင့်ကြံခြင်းနည်းစနစ်အဆင့် တိုးမြှင့်ခွင့် ဆုလာဘ်များအားလုံးကို သုံးစွဲပြီးနောက် လုရီသည် သူ၏ အာရုံကို အင်မော်တယ် သိုင်းနည်းစနစ်များဘက်သို့ လှည့်လိုက်တော့သည်။
သူ အထွတ်အထိပ် အဆင့်အထိ ကျွမ်းကျင်ထားသော အင်မော်တယ် သိုင်းနည်းစနစ်များထဲတွင် "ကြယ်ဖြတ်ဓားသိုင်း၊ ကောင်းကင်ခွဲလက်သီးနှင့် အင်မော်တယ် တက်လှမ်းခြင်း သိုင်းနည်းစနစ်" ဟူ၍ သုံးခု ရှိလေသည်။ ၎င်းတို့အပြင် လုရီမှာ “ဥက္ကာပျံသိုင်း”၊ “ကောင်းကင်လှံတံ”၊ “မိုးကြိုးနတ်ဘုရားမိတ်ဆက်”၊ “ယင်ယန်မြေပုံ” နှင့်
“ အလုံးစုံ ပြန်လည် ရှင်သန်ခြင်းသိုင်း” တို့ကိုလည်း ပိုင်ဆိုင်ထားသေး၏။
ပထမ သုံးခုမှာ တိုက်ခိုက်ရေး အင်မော်တယ်သိုင်းနည်းစနစ်များဖြစ်ပြီး လုရီမှာ တိုက်ခိုက်စွမ်းအား မနည်းလှချေ။ နောက်ပိုင်းမှ “ယင်ယန်မြေပုံ” မှာ ကာကွယ်ရေး အင်မော်တယ် သိုင်းနည်းစနစ် ဖြစ်ပြီး “အရာခပ်သိမ်း ရှင်သန်ခြင်းသိုင်း” မှာမူ ကုသခြင်း အင်မော်တယ်သိုင်းနည်းစနစ် ဖြစ်သည်။ သဘာဝအတိုင်းပင် ဤအင်မော်တယ် သိုင်းနည်းစနစ် နှစ်ခုကို မြှင့်တင်ရန် ဦးစားပေးရပေမည်။ လုရီက အဆင့် ၄ အထိ ဖန်တီး တွက်ချက်ထားသော ယင်ယန်မြေပုံကို အင်မော်တယ် သိုင်းစွမ်းရည်အဆင့် +၃ ဆုလာဘ် နှစ်ကြိမ်ဖြင့် အထွတ်အထိပ် အဆင့်သို့ မြှင့်တင်လိုက်သည်။
ယင်ယန် နိယာမ၏ စီးဆင်းမှုက ကာကွယ်နိုင်စွမ်းကို ကြီးမားစွာ တိုးမြှင့်ပေးပြီး ဝိညာဉ်စွမ်းအင် သုံးစွဲမှုကိုလည်း များစွာ လျှော့ချပေးခဲ့သည်။ ၎င်းသည် ယင်ယန်ပြောင်းပြန်လှန်ခြင်းကိုပင် စွမ်းဆောင်နိုင်ပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို ပြန်လည် တွန်းကန်နိုင်စွမ်း ရှိလာ၏။
၎င်းမှာ မွေးရာပါ နတ်ဘုရား စွမ်းရည် တစ်ခုကို ပိုင်ဆိုင်လိုက်ရသကဲ့သို့ပင်တည်း။
ထို့နောက် လုရီသည် “အလုံးစုံ ပြန်လည် ရှင်သန်ခြင်းသိုင်း” ကို ဖန်တီး တွက်ချက်ရန် စတင်ခဲ့ပြီး၊ အင်မော်တယ် သိုင်းစွမ်းရည်အဆင့် +၃ ဆုလာဘ် သုံးကြိမ်ဖြင့် ၎င်းကိုလည်း အထွတ်အထိပ် အဆင့်သို့ ပို့ဆောင်နိုင်ခဲ့သည်။
“အလုံးစုံ ပြန်လည် ရှင်သန်ခြင်းသိုင်း” ကို အထွတ်အထိပ် အဆင့်အထိ မြှင့်တင်ပြီးသည့်အခါမှာတော့ လုရီ တစ်ယောက် မျှော်လင့်မထားသော အံ့အားသင့်စရာကြီး တစ်ခုကို ရှာဖွေ တွေ့ရှိသွားခဲ့၏။
ထိုသိုင်းနည်းစနစ်သည် ကျင့်ကြံသူများကို ကုသရန် သဘာဝ နိယာမကို အသုံးပြုသော်လည်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားသည့်အခါ ၎င်းသည် ‘ရှင်ပြန် ထမြောက်ခြင်း’ကိုပင် စွမ်းဆောင်နိုင်နေခြင်းပင်တည်း။
ဟုတ်သည်…။ သူ ကြားဖူးသမျှ ဒဏ္ဍာရီ ပုံပြင်တွေထဲကလိုပါပင်။ လုရီမှာ လုံလောက်သော ဝိညာဉ်စွမ်းအင်သာ ရှိမည်ဆိုလျှင် သူသည် ဤအင်မော်တယ်သိုင်းကို အသုံးပြု၍ သေဆုံးပြီးသားသူများကိုပင် ပြန်လည် အသက်သွင်းနိုင်တော့မည် ဖြစ်သည်။
သို့သော်ငြားလည်း ဤရှင်ပြန်ထမြောက်ခြင်းသည် ကြီးမားလှသော စွမ်းအား ပမာဏကို သုံးစွဲရသည်။ ထို့အပြင် သေဆုံးချိန် ကြာမြင့်လေလေ၊ သေဆုံးသူက အစွမ်းထက်လေလေ ၊ ရှင်ပြန်ထမြောက်ရန် ပို၍ ခက်ခဲလေလေ ဖြစ်လေသည်။
လုရီ၏ လက်ရှိ အစွမ်းဖြင့် သူ ခန့်မှန်းကြည့်ရာတွင် တစ်ရက်ထက် ပို၍ သေဆုံးနေသော ကောင်းကင်ဘုံ အင်မော်တယ် တစ်ပါးကို
သူ ရှင်ပြန် ထမြောက်စေနိုင်မည် မဟုတ်ချေ။
သို့တစေ၊ ၎င်းသည် စိတ်ကူးဖြင့်ပင် မမှန်းဆနိုင်သော စွမ်းအား တစ်ခု ဖြစ်နေဆဲပင်။ နောက်ဆုံးတော့ ဤသည်မှာ ရှင်ပြန် ထမြောက်စေနိုင်သော အစွမ်းပင် မဟုတ်ပါလား။ အမှန်စင်စစ်၊ ဤအစွမ်းသည် အင်မော်တယ်များအတွက်ပင် အလွန်တရာ ရှားပါးသော စွမ်းအား တစ်ခု ဖြစ်တန်ရာ၏။
အခန်း ၅၈၄ - ရာရှိုမွန်မျိုးနွယ် ဆုတ်ခွာခြင်း၊ အားတဲ့အခါ ရှောင်ရီကို ပြန်ခေါ်သွား...
~'အရာခပ်သိမ်း ရှင်သန်ခြင်းသိုင်း' ကို အထွတ်အထိပ် အဆင့် အထိ နားလည် သဘောပေါက်ပြီးနောက်မှာတော့ လုရီထံတွင် သတ်မှတ်ထားသော အင်မော်တယ် သိုင်းစွမ်းရည် အဆင့်ကို +၃ တိုးမြှင့်ခွင့် နှစ်ကြိမ်နှင့် +၄၊ တိုးမြှင့်ခွင့် နှစ်ကြိမ် ကျန်ရှိနေသေး၏။
အတော်ကြာအောင် ခေါင်းခဲမတတ် စဉ်းစားပြီးနောက်မှာတော့ သူသည် ဤအလုပ် ဆုလာဘ်များကို လက်ထဲတွင် ဆက်လက် ကိုင်ဆောင်ထားရန် နောက်ဆုံး၌ ဆုံးဖြတ်လိုက်တော့သည်။အကြောင်းမူကား၊ ကျန်ရှိနေသေးသော
အင်မော်တယ် သိုင်းနည်းစနစ်များအတွက်မူ အထွတ်အထိပ် အဆင့်အထိ နားလည်သဘောပေါက်သွားသည့်တိုင် တိုးတက်မှုများမှာ သိသာထင်ရှားမည် မဟုတ်ရာ၊ ထိုသို့ ပြုလုပ်ခြင်းက မတန်လှချေ။ ထို့ထက်စာလျှင် သင့်တော်သော အင်မော်တယ်သိုင်းနည်းစနစ် တစ်ခုခုကို စောင့်ဆိုင်းပြီးမှ ဤဆုလာဘ်များကို အသုံးပြုခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ထိုဆုလာဘ်များအပြင် နိယာမ တစ်ခုကို ၁၀% တိုးမြှင့်ခွင့် ဆုလာဘ် ခုနစ်ကြိမ်လည်း ရှိနေသေး၏။ ဤဆုလာဘ်မှာမူ အတော်လေး ကောင်းမွန်ပြီး လုရီအတွက် သိသာ ထင်ရှားသော တိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်ပေသည်။
သူသည် ယခုအခါ ဓားတာအို နိယာမ၊ အင်မော်တယ် နိယာမ၊ နေရာလပ် နိယာမ၊ ယင်ယန် နိယာမ၊ စွမ်းအား နိယာမ၊ ကြယ်တာရာ နိယာမ၊ ရေ နိယာမ၊ ရေခဲ နိယာမနှင့် အခြား နိယာမများစွာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နေပြီ ဖြစ်သည်။
ဤနိယာမ အားလုံးကို တိုးတက်လိုခြင်းမှာ လက်တွေ့မကျသည့်အတွက် သူသည် ဤအချိန်တွင် သူ့အတွက် အကြီးမားဆုံး တိုးတက်မှုကို ပေးစွမ်းနိုင်မည့် နိယာမများကိုသာ ရွေးချယ်ရပေတော့မည်။
လုရီသည် သူ၏ ကိုယ်ပိုင် အင်မော်တယ်ကျမ်းနှင့် အင်မော်တယ် စွမ်းရည်များအပေါ် အခြေခံ၍ စေ့စေ့စပ်စပ် စဉ်းစားကာ ရွေးချယ်လိုက်တော့သည်။ သူ လက်ရှိ နားလည် သဘောပေါက်နေသော အင်မော်တယ်ကျမ်း ဖြစ်သည့် တာအိုယင်ယန် အင်မော်တယ်ကျမ်းသည် ယင်ယန် နိယာမကို လိုအပ်လေ၏။ လုရီက ထိုအင်မော်တယ်ကျမ်းကို ကောင်းကင်ဘုံ အင်မော်တယ် အခန်း၏ အမြင့်ဆုံး အဆင့်အထိ မြှင့်တင်လိုက်သောအခါ ၎င်းသည် သူ၏ ယင်ယန် နိယာမအပေါ် အတိုင်းအတာ တစ်ခုအထိ အားဖြည့်ပေးသည့် အကျိုး သက်ရောက်မှု ရှိခဲ့ပြီး ၅၀% အဆင့်သို့ ရောက်ရှိစေခဲ့လေသည်။
လုရီ ဆုလာဘ် တစ်ခုကို အသုံးပြု၍ ယင်ယန်နိယာမအား ၆၀% အထိ တိုးမြှင့်လိုက်၏။ သူ၏ ကိုးပါးအသွင်ပြောင်း အင်မော်တယ် ခန္ဓာကိုယ်တွင် အင်မော်တယ် နိယာမနှင့် စွမ်းအား နိယာမတို့ ပါဝင်လေ၏။ သူ၏ စွမ်းအား နိယာမမှာမူ
ရာရှိုမွန် မျိုးနွယ်ဝင်များကို သတ်ဖြတ်ခြင်းနှင့် အလုပ်များ ပြီးမြောက်ခြင်းတို့ကြောင့် သိသိသာသာ တိုးတက်လာခဲ့ရာ ယခုအခါ ချဲ့ကားပြောရလောက်အောင် ၈၀% အထိ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် စွမ်းအားနိယာမ၏ အစွမ်းကို အပြည့်အဝ ထုတ်မသုံးနိုင်သေးသည့်အတွက် လောလောဆယ်တွင် မြှင့်တင်ရန် မလိုအပ်သေးချေ။
ထို့ကြောင့် လုရီသည် ၄၀% ကျော်သာ ရှိသေးသော အင်မော်တယ် နိယာမအပေါ် အာရုံစိုက်လိုက်ပြီး ဆုလာဘ် နှစ်ခုကို အသုံးပြုကာ ၎င်းကို ၆၀% ကျော်အထိ တိုးမြှင့်လိုက်တော့၏။
ထို့နောက် ကျန်ရှိနေသော ဆုလာဘ်လေးခုထဲမှ နှစ်ခုကို ကြယ်တာရာနိယာမအပေါ် အသုံးပြုကာ ၄၀% မှ ၆၀% အထိ တိုးမြှင့်လိုက်သည်။
နောက်ဆုံး ကျန်သော ဆုလာဘ် နှစ်ခုကိုမူ သူက သဘာဝ နိယာမကို မြှင့်တင်ရန် ရွေးချယ်လိုက်၏။ အကြောင်းမှာ သူသည် အလုံးစုံ ပြန်လည် ရှင်သန်ခြင်းသိုင်းကို အထွတ်အထိပ် အဆင့်အထိ ကျင့်ကြံပြီးခါစ ဖြစ်ရာ ပိုမိုအားကောင်းသော သဘာဝ နိယာမက သဘာဝအတိုင်း ပိုမို ကောင်းမွန်သော ရလဒ်များကို ဆောင်ကြဉ်းပေးမည် ဖြစ်သောကြောင့်တည်း။
ယွင်ရှီးနှင့် နှစ်ကိုယ်တူ ကျင့်ကြံခြင်းက သူ၏ သဘာဝ နိယာမကို တိုးတက်စေသော်လည်း အခြား တိုးတက်စေမည့် နည်းလမ်းများ မရှိသည့်အတွက် သူ၏ သဘာဝ နိယာမမှာ
သုံးဆယ် ရာခိုင်နှုန်းကျော်သာ ရှိသေးသည်။ဆုလာဘ် နှစ်ခုကို အသုံးပြုပြီးနောက် လုရီသည် သူ၏ သဘာဝ နိယာမကို ၅၀% ကျော်အထိ တိုးမြှင့်နိုင်ခဲ့သည်။
ဤသို့ဖြင့် လုရီ၏ ဆုလာဘ် ခုနစ်ခုစလုံးမှာ ကုန်ဆုံးသွားခဲ့လေပြီ။ ဤဆုလာဘ်များကို စုပ်ယူရန် သူ့အတွက် စုစုပေါင်း သုံးနှစ်ခန့် အချိန်ယူလိုက်ရသည်။
---
လုရီသည် မတ်တပ်ထရပ်လိုက်ပြီး အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားလိုက်ရရာ ပျင်းရိစွာ အကြောဆန့်လိုက်မိသည်။
ဤသုံးနှစ်တာ ကာလအတွင်း သူသည် သူ၏ အိမ်မှ ခြေတစ်လှမ်း မခွာဘဲ အင်မော်တယ်သိုင်းနည်းစနစ်များနှင့် နိယာမများကို နားလည်ရန် အဆက်မပြတ် ကြိုးပမ်းနေခဲ့ရာ အပြင်လောက၏ အခြေအနေကိုလည်း မသိရှိခဲ့ချေ။
သို့သော် လုရီက အပြောင်းအလဲများစွာ မရှိလောက်ဟု ခန့်မှန်းလိုက်သည်။ အကယ်၍သာ အရေးတကြီး အပြောင်းအလဲများ ရှိခဲ့ပါက လင်းလောင်တောင်ထိပ်သခင်မနှင့် အခြားသူများက သူ့ကို သေချာပေါက် အကြောင်းကြားကြမည်သာ ဖြစ်သည်။ သူ၏ အခန်းမှ ထွက်လာသည့်အခါ လုရီသည် အပြင်မှ ပြန်လာသော လင်းလောင်တောင်ထိပ်သခင်မနှင့် ပက်ပင်းတိုးလေတော့သည်။
လုရီ့ကို မြင်လိုက်သည်နှင့် လင်းလောင်တောင်ထိပ်သခင်မက မျက်ခုံးတစ်ဖက်ပင့်ကာ ပြုံးစစဖြင့် နှုတ်ဆက်လိုက်၏။
“ကောင်စုတ်လေး၊ တံခါးပိတ် ကျင့်ကြံနေတာကနေ ထွက်လာပြီလား”
လုရီက ပြုံးလျက် “ဟုတ်ကဲ့၊ ဒီတစ်ခေါက်တော့ တိုးတက်မှုလေးတွေ ရလိုက်တယ်။ ကျွန်တော့်ရဲ့ နိယာမတွေရော အင်မော်တယ်သိုင်းနည်းစနစ်တွေပါ အနည်းငယ် တိုးတက်လာပါတယ်” ဟု ပြန်ပြောလိုက်သည်။
“…”
လင်းလောင်တောင်ထိပ်သခင်မ၏ မျက်ခုံးတန်းများမှာ နက်ရှိုင်းစွာ ကျုံ့သွားပြီး လုရီကို အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
ဒီကောင်လေးကတော့ တမင်သက်သက် လာကြွားနေတာပဲ! သုံးနှစ်လေးအတွင်းမှာ သိုင်းကော နိယာမကော တိုးတက်လာတယ်ဟုတ်လား...ဟွန့်. ...မနာလိုလိုက်တာ...။
လင်းလောင်တောင်ထိပ် သခင်မက အပြင်ပန်း၌ ဘာမှ မဖြစ်သလို ဟန်ဆောင်ကာ အေးဆေးတည်ငြိမ်စွာပင် “အော်…” ဟု တစ်လုံးတည်း တုံ့ပြန်လိုက်လေသည်။
လုရီမှာ ကြောင်တောင်တောင် ဖြစ်သွား၏။
သူက သူ့ဆရာကို အနည်းငယ် စနောက်နိုင်လိမ့်မည်ဟု အစက ထင်ထားခဲ့သည်။
ကြည့်ရတာ သူက စနောက်ရာတွင် မအောင်မြင်ခဲ့သည့်ပုံပင်။
လုရီက စိတ်ထဲမှနေ၍ လျှာတစ်ချက် သပ်လိုက်ပြီးနောက် “ဆရာ၊ အပြင်က အခြေအနေ ဘယ်လိုရှိလဲ” ဟု မေးကြည့်လိုက်သည်။
“ပြီးခါနီးပါပြီ”
လင်းလောင်တောင်ထိပ်သခင်မက ခပ်ပြတ်ပြတ်ပင် ဆို၏။လောင်တောင်ထိပ်သခင်မက ခပ်ပြတ်ပြတ်ပင် ဆို၏။
“ပြီးခါနီးပြီ?!”
လုရီမှာ ရုတ်တရက် လန့်သွားပြီး သူ၏မျက်နှာပေါ်တွင် အံ့အားသင့်ဟန်များ ထင်ရှားစွာ ပေါ်လာတော့သည်။
“ဒါက ဘာအဓိပ္ပာယ်လဲ”
“လောလောဆယ်တော့ အခြေအနေက
သိပ်မပြောင်းလဲသေးဘူး။ ရာရှိုမွန် မျိုးနွယ်က တပ်အင်အားသစ်တွေ ထပ်မခေါ်ဘူး၊ ငါတို့ရဲ့ စစ်ကူတွေကလည်း မကြာခင် ရောက်လာတော့မှာ။ ဆိုလိုတာက ရာရှိုမွန်မျိုးနွယ်က သူတို့တပ်တွေကို မကြာခင် ပြန်ဆုတ်ခိုင်းတော့မယ်ဆိုတဲ့ သဘောပဲ”
လုရီက မျက်ခုံးပင့်လိုက်ပြီး တစ်စုံတစ်ခုကို တွေးမိကာ “ဒါဆို ထျန်းမင် ကြယ်တာရာ စနစ်ရဲ့ အခြေအနေကကော ဘယ်လို ရှိလဲဗျ” ဟု ဆက်မေးလိုက်သည်။
“ကြယ်တာရာ နယ်မြေ တပ်မတော်နဲ့ ကျင့်ကြံသူအများအပြားက ရာရှိုမွန် မျိုးနွယ်တပ်ရဲ့ ဂြိုဟ်တွေကနေ အရင်းအမြစ် စုဆောင်းနေတာကို ဝင်နှောင့်ယှက်ခဲ့ကြတာ အတိုင်းအတာ တစ်ခုအထိ အကျိုးသက်ရောက်မှု ရှိခဲ့တယ်”
လင်းလောင်တောင်ထိပ်သခင်မက လုရီ့ကို ကြည့်ကာ ပြုံးရင်း ဆို၏။
“ဒါပေမယ့် အကြီးမားဆုံး အကျိုးပြုခဲ့တဲ့ သူက ဘယ်သူလဲလို့ ပြောရရင်တော့ နင်ပဲပေါ့ဟယ်။ နင်က ရာရှိုမွန် မျိုးနွယ်ရဲ့ အဓိကတိုက် သင်္ဘောပေါ်က အခင်းအကျင်း မျက်လုံးကို ဖျက်ဆီးခဲ့တော့ သူတို့တပ်ထဲမှာ အဲ့ဒီလောက် အစွမ်းထက်တဲ့ အခင်းအကျင်း ပညာရှင် မရှိလေတော့ ပြန်
မပြင်နိုင်ခဲ့ဘူး။ သူတို့ လုပ်နိုင်ခဲ့တာက တပ်တွေကို နေရာ အတော်များများမှာ စုစည်းထားဖို့ပဲ။ ဒါက သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အကြီးအကျယ် လျော့ကျသွားစေခဲ့တယ်။ ခြုံပြောရရင်တော့ ပျက်စီးဆုံးရှုံးမှုက သိပ်မဆိုးရွားပါဘူး၊ ဂြိုဟ်နှစ်လုံးပဲ ပျက်စီးသွားခဲ့တယ်။ ဒါပေမဲ့ ထျန်းမင်အပေါ်မှာတော့ သိပ်ပြီး သက်ရောက်မှု မရှိခဲ့ပါဘူး”
ဤစကားကို ကြားလိုက်ရမှ လုရီ နောက်ဆုံးတွင် စိတ်အေးသွားပြီး ပြုံးနိုင်တော့သည်။
“ဒါဆိုရင်တော့ တော်ပါသေးတယ်”
“စစ်ကူတွေက ဘယ်တော့လောက် ရောက်မှာလဲ”
“အမြန်ဆုံး ကြယ်တာရာ နယ်မြေ တပ်မတော်က နောက်ထပ် နှစ်နှစ်လောက် ကြာရင် ရောက်လိမ့်မယ်။ အဲ့ဒီအချိန်မှာ ရာရှိုမွန် မျိုးနွယ်က ဒီနေရာမှာ ပိတ်မိနေပြီး မထွက်နိုင်တော့ဘူးဆိုရင်တော့ သူတို့ တကယ်ပဲ ထောင်ချောက်မိပြီပဲ” ဟု လင်းလောင်တောင်ထိပ်သခင်မက အေးစက်စွာ ဆိုလိုက်သည်။
ယွီမိသားစု၏ တိုက်ရိုက်မျိုးဆက် တစ်ဦးအနေနှင့် သူမသည် ရာရှိုမွန်မျိုးနွယ်၏ လုပ်ရပ်များအပေါ် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ သဘာဝအတိုင်း ရှိနေခဲ့သည်။
အခွင့်အရေးသာရလျှင် သူမသည် ရေနစ်နေသောခွေးကို ဝိုင်းရိုက်ရန် ဝန်လေးမည် မဟုတ်ချေ။
ထို့ကြောင့် လင်းလောင် တောင်ထိပ်သခင်မသည် ရာရှိုမွန် မျိုးနွယ်ကို အချိန်ပိုကြာကြာ နေစေချင်နေခဲ့သည်။
လင်းလောင်တောင်ထိပ် သခင်မသာမက လုရီလည်း ထိုနည်းတူ ခံစားနေရသည်။
“ဒီလိုဆိုရင်တော့ ကျွန်တော်လည်း ရာရှိုမွန်
မျိုးနွယ်တပ်ကို ဒီမှာ ခဏလောက် နေစေချင်တယ်”
လင်းလောင်တောင်ထိပ် သခင်မက သူ့အား ခေါင်းအသာငြိမ့်ပြလိုက်သည်။
---
ထိုအခိုက်မှာပင် အရှိန်အဝါ တစ်ခုသည် လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။
လုရီနှင့် လင်းလောင်တောင်ထိပ် သခင်မတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နန်းတော်အပြင်သို့ ထွက်လာခဲ့ကြရာ ဝမ်ယွမ်ယွမ် ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။
သူတို့နှစ်ဦးကို မြင်သော် ဝမ်ယွမ်ယွမ်က ပြုံးကာ အကြောင်းကြားလာသည်။
“ဒုတိယ သခင်မလေး၊ သခင်လေးလုရီ၊ ရာရှိုမွန်မျိုးနွယ်က ဆုတ်ခွာဖို့ စတင်နေပါပြီ”
ဤစကားကို ကြားလိုက်ရသောအခါ လုရီရော လင်းလောင်တောင်ထိပ် သခင်မပါ ရုတ်တရက် လန့်သွားကြသည်။
လုရီ၏ ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာသည်။ အစပိုင်းတွင် သူက ရာရှိုမွန်မျိုးနွယ် ဆုတ်ခွာသွားရန် မျှော်လင့်ခဲ့သော်လည်း ယခု စစ်ကူများ မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ရာ သူက သူတို့ကို မဆုတ်ခွာစေချင်တော့။
သို့သော် သူတို့က ဆုတ်ခွာနေကြပြီတဲ့လေ!
“နှမြောစရာပဲ၊ သူတို့တွေ စစ်ကူတွေဘလာနေတဲ့ သတင်းကို ရသွားကြတာပဲ ဖြစ်မယ်”
လင်းလောင်တောင်ထိပ်သခင်မကလည်း နှမြောတသဖြစ်စွာ ဆိုလိုက်သည်။
ဝမ်ယွမ်ယွမ်က ခေါင်းအသာငြိမ့်ပြရင်း “ဒါပေမဲ့ သူတို့ အခု ဆုတ်ခွာရင် နယ်စပ်မှာ ကြားဖြတ်တိုက်ခိုက်ခံရနိုင်ပါတယ်။ သူတို့အတွက် အဆုံးသတ်က သိပ်ကောင်းမှာ မဟုတ်ပါဘူး” ဟု မှတ်ချက်ချလာ၏။
ထိုစကားကို ကြားမှ လုရီ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။
ထို့နောက် ဝမ်ယွမ်ယွမ် ပြောသည့်အတိုင်းပင် အမျိုးမျိုးသော သတင်းများ ဝင်လာခဲ့သည်။ စစ်မြေပြင်အသီးသီးရှိ ရာရှိုမွန် မျိုးနွယ်၏ တပ်မတော်များမှာ ဆုတ်ခွာစ ပြုလာပြီး နေရာလပ်ကူးပြောင်းမှုကို အသုံးပြုကာ ဂြိုဟ်ခံတပ်ဆီသို့ ပြန်လည် ရောက်ရှိလာကြ၏။
ထိုနည်းတူစွာပင် လုရီကို အပြင်မှ စောင့်ကြည့်နေခဲ့သော ရွှေအင်မော်တယ် အဆင့် ရာရှိုမွန်မှာလည်း နေရာလပ်ကို ဆွဲခွဲကာ ဂြိုဟ်ခံတပ်အပြင်ဘက်မှ ပျောက်ကွယ်သွားခဲ့၏။
ရက်အနည်းငယ်အကြာတွင် ကြယ်တာရာနယ်မြေတပ်မတော်မှ ကင်းထောက်များက ရာရှိုမွန်မျိုးနွယ်၏ ဂြိုဟ်ခံတပ်ကြီးနှစ်ခုမှာ နေရာလပ်ဥမင်တစ်ခုကို ဖြတ်သန်းကာ ပျောက်ကွယ်သွားခဲ့ကြောင်း သတင်းပို့လာသည်။
ရာရှိုမွန်မျိုးနွယ် ဂြိုဟ်ခံတပ်ကြီးနှစ်ခု ထွက်ခွာသွားခြင်းက ထျန်းမင်ရှိ တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း အချက်ပြလိုက်ခြင်းပင်။
ဒေသ အသီးသီးမှ ကြယ်တာရာနယ်မြေတပ်မတော်နှင့် တကိုယ်တော် ကျင့်ကြံသူများသည် ဂြိုဟ်ခံတပ်ဆီသို့ ပြန်လည်ရောက်ရှိလာကြပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများက အောင်ပွဲခံ ကြွေးကြော်နေကြလေသည်။
သို့သော် ထိုပျော်ရွှင်မြူးတူးသံများကြားတွင် မျက်ရည်စများနှင့် ညှိုးငယ်သော မျက်နှာများဖြင့် ရပ်နေကြသူများလည်း ရှိနေလေ၏။ သူတို့အတွက်တော့ စစ်ပွဲက အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည့်တိုင် ချစ်ခင်ရသော မိတ်ဆွေများ၊ ဆွေမျိုးရင်းချာများကိုမူ ထာဝရ ဆုံးရှုံးလိုက်ရပြီ မဟုတ်ပါလား။
လုရီ၊ လျိုနင်ရွှမ်းနှင့် အခြားသူများလည်း နန်းတော်မှ ထွက်လာကြရာ လုရီကို မြင်သော ကြယ်တာရာနယ်မြေ တပ်မတော်သားများနှင့်
တကိုယ်တော် ကျင့်ကြံသူတိုင်းက သူ့ကို လေးစားစွာဖြင့် နှုတ်ဆက်ကြသည်။
ဤလေးစားမှုမှာ လုရီက ယွီမိသားစု၏ ဒုတိယသခင်မလေး၏ တိုက်ရိုက်တပည့် ဖြစ်သောကြောင့် မဟုတ်ဘဲ လုရီက ရာရှိုမွန်
မျိုးနွယ်၏ အဓိက တိုက်သင်္ဘော ထက်ဝက်၏ နေရာ ကူးပြောင်း အခင်းအကျင်းကို ဖျက်ဆီးခဲ့ပြီး ကြယ်တာရာနယ်မြေ တပ်မတော်နှင့် ပူးပေါင်းကာ သွေးငရဲ တပ်မတော်၏ တပ်ဖွဲ့သုံးဖွဲ့ကို ချေမှုန်းခဲ့သောကြောင့် ဖြစ်သည်။
ဤသို့သော စွမ်းဆောင်ရည်များက သူ့အား
လူတိုင်း၏ လေးစားမှုကို ရရှိစေခဲ့သည်မှာ သဘာဝကျလှ၏။ အထူးသဖြင့် လုရီသည် ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်နေခြင်းက ကျင့်ကြံသူများကို ပိုမို၍ပင် လေးနက်စွာ တုန်လှုပ်စေခဲ့သည်။ ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်၌သာ ရှိနေသေးသော်လည်း သူသည် အလွန်ထူးကဲစွာ စွမ်းဆောင်နိုင်ခဲ့သည်။ ကောင်းကင်ဘုံအင်မော်တယ်အဆင့်ရှိ အလွန်ထူးချွန်သော ပါရမီရှင် ပုဂ္ဂိုလ်များစွာကိုပင် ကျော်လွန်သွားခဲ့လေ၏။
ဤရက်အနည်းငယ်အတွင်း လူတိုင်းသည် လုရီ့အကြောင်းကိုသာ ပြောဆိုနေကြတော့သတည်း။
---
လုရီသည် လုံယွမ်၊ ပုယွင်ကျန့်နှင့် အခြားသူများနှင့်လည်း တွေ့ဆုံခဲ့သည်။
ထိုအခိုက်အတန့်တွင် သူတို့အားလုံးမှာ အောင်မြင်မှုရွှင်လန်းမှုများဖြင့် မျက်နှာများ နီမြန်းနေပြီး အပြုံးများ ဝေဆာနေကြသည်။
လုရီအနောက်ကို လိုက်ခဲ့ခြင်းက သူတို့အတွက် အသီးအပွင့်များ ရရှိစေခဲ့ကြောင်း သက်သေပြခဲ့ လေပြီ။ အရေးအကြီးဆုံးမှာ လုံခြုံမှုရှိပြီး
တစ်ယောက်မျှ အသေအပျောက် မရှိခဲ့ခြင်းပါပင်။
သူတို့နှင့်အတူ လာခဲ့သော အခြား တကိုယ်တော် ကျင့်ကြံသူများစွာမှာ သေဆုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်ကို ထောက်ရှုလျှင်၊ စွမ်းအားရှင်အဆင့် ကျင့်ကြံသူများကို မဆိုထားနှင့်၊ ကောင်းကင်ဘုံအင်မော်တယ်များပင် ဤသို့သော စစ်မြေပြင်တွင် အသက်မရှင်နိုင်ခဲ့သည်ကို ထောက်ရှုလျှင်၊
မိမိတို့ မည်မျှ ကံကောင်းခဲ့ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
လုရီကို မြင်သော် လုံယွမ်နှင့် အခြားသူများအားလုံးက သူ့ကို ဝင်းပသော အပြုံးများဖြင့် နှုတ်ဆက်ကြသည်။
“လုရီ၊ မင်း တံခါးပိတ်ကျင့်ကြံနေတယ်လို့ ကြားတယ်။ ကြည့်ရတာ း တိုးတက်မှုအသစ်တွေ ထပ်ရလာပြန်ပြီနဲ့တူတယ်” ဟု သူတို့ထဲမှ
တစ်ယောက်က ပြောဆိုလာ၏။
“လုရီ ပီသပါတယ်” ဟု သူတို့က မှတ်ချက်ပေးကြသည်။
လုရီကလည်း သူတို့ကို ပြုံးပြကာ နှုတ်ဆက်လိုက်သည်။
နောက်ပိုင်းတွင် လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မတို့သည် ယွီထျန်းဖုန်းကို အတူတကွ သွားရောက်တွေ့ဆုံခဲ့ကြသည်။
ယွီထျန်းဖုန်းက လုရီ့ကို ပြုံးရွှင်စွာ ကြိုဆိုရင်း
“ရှောင်ရီ၊ တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာပြီလား။ ဘယ်လိုလဲ၊ အကျိုးအမြတ်တွေ ရလိုက်ရဲ့လား” ဟု မေးမြန်းလိုက်သည်။
ယွီထျန်းဖုန်း၏ ရွှင်လန်းတက်ကြွသော အမူအရာကို မြင်သော် သူ၏ ဘေးရှိ
လျိုဟိုင်ချင်းကဲ့သို့သော သူများမှာ မှင်သက်သွားကြသည်။
သူတို့သည် ယွီထျန်းဖုန်း၏ ဤသို့ နွေးထွေးသော တစ်ဘက်ခြမ်းကို တစ်ခါမျှ မမြင်ခဲ့ဖူးကြချေ။
သို့သော် တစ်ဖက်လူမှာ လုရီဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့ နားလည်သွားကြသည်။
“ဟုတ်ကဲ့၊ တိုးတက်မှုလေးတွေ ရလိုက်ပါတယ်။ အင်မော်တယ်သိုင်းနည်းစနစ်ရော နိယာမတွေမှာပါပဲ” ဟု လုရီက ပြန်လည်ဖြေကြားလိုက်သည်။
ဒီစကားကို ကြားလိုက်ရတော့ အနားမှာ ရှိနေတဲ့ အင်မော်တယ် အားလုံးရဲ့ ခေါင်းပေါ်မှာ မေးခွန်းအမှတ်အသားတွေ အပြုံလိုက် ဖြစ်တည်သွားသလိုပင်။ သူတို့အားလုံး လုရီ့ကို လေးစားအံ့ဩသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။
အင်မော်တယ်များဖြစ်သည့်အလျောက် သူတို့သည် အင်မော်တယ်သိုင်းနည်းစနစ်နှင့် နိယာမများကို နားလည်ရန် မည်မျှခက်ခဲကြောင်းကို သဘာဝအတိုင်း နားလည်ကြသည်။ နှစ်သုံးဆယ် သို့မဟုတ် နှစ်သုံးရာတိုင် တံခါးပိတ်ကျင့်ကြံသည့်တိုင် အသိအမြင် တစ်စုံတစ်ရာ မရရှိခြင်းမှာ ပုံမှန်ပင် ဖြစ်လေ၏။
သို့သော် လုရီကမူ... သုံးနှစ်အတွင်း တိုးတက်မှု ရရှိခဲ့သည်တဲ့။ သူက ဘယ်လိုတောင် အံ့ဩစရာကောင်းတဲ့ ကောင်လေးလဲ။
ယွီထျန်းဖုန်းကမူ ပို၍ပင် သဘောကျစွာ ခေါင်းညိတ်ရင်း
“ကောင်းတယ်၊ ကောင်းတယ်။ ဒါပေမဲ့ ကျင့်ကြံမှုအခြေခံက အရင်းခံပဲ။ မင်းက အခုမှ ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်မှာပဲ ရှိသေးတော့ နည်းနည်းနိမ့်နေသေးတယ်။ အနာဂတ်မှာ ကျင့်ကြံဖို့ အာရုံစိုက်ရမယ်၊ မင်းရဲ့ ကျင့်ကြံမှုအခြေခံကို မြှင့်တင်ဖို့က အဓိကပဲ” ဟု အကြံပေး မှာကြားလိုက်သည်။
လုရီက ပြုံးကာ “ကျွန်တော် နားလည်ပါတယ်၊ ဦးလေးယွီရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်” ဟု ပြန်ပြောလိုက်၏။
“အင်း၊ စကားမစပ်၊ လင်းလောင်၊ မင်း အားတဲ့အခါ တစ်ခေါက်ပြန်ပြီး ရှောင်ရီကိုပါ ခေါ်သွားလိုက်။ သူက မင်းရဲ့ တိုက်ရိုက် တပည့် ဖြစ်သလို ငါ့ရဲ့ ယွီမိသားစုဝင် တစ်ယောက်လို့လည်း သတ်မှတ်နိုင်တယ်။ ဒီလို ပါရမီရှင်မျိုးကို
ထျန်းမင်မှာပဲ ထားခဲ့ရင် နှမြောစရာကြီး” ဟု
ယွီထျန်းဖုန်းက ဆိုလိုက်သည်။
လင်းလောင်တောင်ထိပ်သခင်မက ခေါင်းညိတ်ကာ “သမီး နားလည်ပါတယ်” ဟု တုံ့ပြန်လိုက်သည်။
ထိုအဖွဲ့သည် ခေတ္တမျှ စကားစမြည်ပြောဆိုကြပြီးနောက် ယွီထျန်းဖုန်းက ရာရှိုမွန်မျိုးနွယ်၏ တပ်မတော် လုံးဝထွက်ခွာသွားကြောင်း အတည်မပြုနိုင်မီအထိ နောက်ထပ်နှစ်နှစ်တိုင် ထျန်းမင်ကို ဆက်လက်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အကယ်၍သာ ရာရှိုမွန်မျိုးနွယ်က ရုတ်တရက် တန်ပြန်တိုက်ခိုက်မှုတစ်ခု ပြုလုပ်လာပါက
ထျန်းမင်အတွက် ဘေးအန္တရာယ်ကြီးမားလှပေလိမ့်မည်။ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ကြယ်တာရာနယ်မြေ တပ်မတော်မှ ကျင့်ကြံသူများစွာသည် ပျက်စီးသွားသော ဂြိုဟ်များကို ပြန်လည်ပြုပြင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။
စစ်ပွဲကြီးကြောင့် ဂြိုဟ်များစွာမှာ ပျက်စီးခဲ့ရသည်။ အကယ်၍ မပြုပြင်ပါက နှစ်သောင်းပေါင်းများစွာအကြာတွင် ၎င်းတို့ ပေါက်ကွဲသွားနိုင်ပြီး ကြယ်တာရာစနစ်တစ်ခုလုံးအတွက်
မကောင်းသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် လုရီနှင့် အခြားသူများမှာ မလွဲမသွေပင် အရေးတကြီး လုပ်ဆောင်ရန် ကိစ္စများ မရှိတော့ချေ။
လုရီ၊ လျိုနင်ရွှမ်းနှင့် အခြားသူများသည်
လင်းလောင်တောင်ထိပ်သခင်မနှင့် ထျန်းမင်မှ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေအသီးသီးမှ ကျင့်ကြံသူများနှင့်အတူ နေရာလပ် ကူးပြောင်းရေး အခင်းအကျင်း စင်မြင့်ကြီးကို အသုံးပြုကာ
ထျန်းမင်အထက်သို့ ပြန်လည်ရောက်ရှိလာကြလေတော့၏။
အခန်း ၅၈၅ - အလုံးစုံ ရှင်ပြန်ထမြောက်ခြင်းသိုင်းက ယူဆောင်လာသော တုန်လှုပ်မှု...
~ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသောအခါ
လုရီသည် ထျန်းမင်မှ ရင်းနှီးသော မျက်နှာများစွာကို တွေ့မြင်လိုက်ရလေ၏။
ထိုအထဲတွင် ဗုဒ္ဓဘာသာဂိုဏ်းမှ ကျင့်ကြံသူများလည်း ပါဝင်ပြီး၊ ငယ်ရွယ်ချောမောသော ဗုဒ္ဓသားတော် တစ်ပါး၏ အရှိန်အဝါမှာ ယခင်ကထက် များစွာ အားကောင်းနေသည်ကို တွေ့ရ၏။ သူသည် စစ်မြေပြင်တွင် အကျိုးအမြတ်များစွာ ရရှိခဲ့သည်မှာ ထင်ရှားလှလေသည်။
အမှန်စင်စစ် ဤသို့သော စစ်ပွဲကြီးသည် စွမ်းအားရှင်အဆင့် ပုဂ္ဂိုလ်များအတွက် သေမင်းတမန် ချောက်ကမ်းပါးကြီးတစ်ခုနှင့် တူလှ၏။ အဆက်မပြတ် ခြိမ်းခြောက်နေသော
သေခြင်းတရားက သူတို့၏ စိတ်ကို တင်းမာစေပြီး၊ ၎င်းကပင် သူတို့၏ စွမ်းအားကို ကြီးမားစွာ မြှင့်တင်ပေးလိုက်ခြင်း ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် လုရီသည် အင်ပါယာ ဓားဂိုဏ်းမှ ကျင့်ကြံသူများကိုလည်း တွေ့မြင်လိုက်ရသည်။ သို့သော် ဗုဒ္ဓဘာသာဂိုဏ်းနှင့် မတူဘဲ
သူတို့ကြားမှ လေထုမှာ အလွန်တရာ ညှိုးငယ်မှိုင်းခြောက်နေလေသည်။
လုရီက သူတို့ကို တစ်ချက်လှမ်းကြည့်လိုက်ရာ အင်ပါယာဓားဂိုဏ်းမှ ကျင့်ကြံသူများ၏ မျက်နှာများမှာ ဖြူဖျော့နေပြီး သူတို့၏ အရှိန်အဝါများမှာလည်း အားနည်းနေသည်ကို သတိပြုမိလိုက်၏။ သူ နောက်ဆုံးတွေ့ခဲ့စဉ်ကထက် သူတို့၏ အရေအတွက်မှာ သိသိသာသာပင် နည်းပါးသွားခဲ့သည်ပဲ။
ထို့ထက်ပို၍ လုရီ အံ့အားသင့်သွားသည်မှာ
ဖုန်းပုမင်ကို မျှော်လင့်မထားဘဲ မတွေ့ရခြင်းပင်။
လုရီတစ်ယောက်တည်းသာ အံ့အားသင့်နေခြင်းမဟုတ်ပါ။ နတ်ဓားဂိုဏ်းမှ ဝမ်ချီဖုန်းနှင့်
အင်ပါယာဓားဂိုဏ်းမှ ဖုန်းပုမင်တို့ နှစ်ဦးလုံးမှာ ဓားကျင့်ကြံသူ ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့သည် ရံဖန်ရံခါ ဓားတာအိုအပေါ် ထိုးထွင်းအမြင်များကို ဖလှယ်လေ့ရှိပြီး မိတ်ဆွေများဖြစ်သလို ပြိုင်ဘက်များလည်း ဖြစ်ကြသည်။
ဖုန်းပုမင် ပျောက်ဆုံးနေခြင်းမှာ သူ့အတွက်လည်း အလွန် အံ့အားသင့်စရာ ဖြစ်နေခဲ့သည်။
လုရီသည် အင်ပါယာဓားဂိုဏ်းဘက်သို့ လျှောက်သွားလိုက်သည်။ အင်မော်တယ် အဆင့် စစ်မြေပြင်တွင် ထူးကဲသော အကျိုးပြုမှုများ ပြုလုပ်ခဲ့သူ တစ်ဦးအနေနှင့် သူ၏ လှုပ်ရှားမှုတိုင်းသည် လူအုပ်၏ အာရုံကို ဆွဲဆောင်နေခဲ့၏။ ကျင့်ကြံသူ အားလုံးမှာ အံ့အားသင့်သွားပြီး သူတို့၏ အကြည့်များကို လုရီထံသို့ လွှဲပြောင်းလိုက်ကြသည်။
အင်ပါယာဓားဂိုဏ်းမှ ကျင့်ကြံသူများမှာ လုရီ သူတို့ထံသို့ လာလိမ့်မည်ဟု မမျှော်လင့်ထားကြဘဲ ခဏတာ ကြောင်ငေးသွားကာ အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ အင်ပါယာဓားဂိုဏ်း၏ ရှေ့ဆုံးတွင် ရပ်နေသူမှာ ယခင် ပင်လယ်မျိုးနွယ်နှင့် စစ်မြေပြင်တွင် လုရီကို အကြိမ်အနည်းငယ် ကူညီခဲ့ဖူးသော နန်ယွီချင်းပင် ဖြစ်သည်။
“စီနီယာ နန်ယွီချင်း”
လုရီက ပြုံးကာ နှုတ်ဆက်လိုက်သည်။
နန်ယွီချင်းမှာ ရုတ်တရက် လန့်သွားပြီးနောက်
မချိပြုံးတစ်ချက် ပြုံးကာ လက်ကာပြရင်း ဆို၏။
“စီနီယာဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ ကျုပ်
မခံယူဝံ့ပါဘူး။ မင်းက အခု အင်မော်တယ်အဆင့် စွမ်းအားရှင်တစ်ပါး ဖြစ်နေပြီ၊ ကျုပ်ကသာ ခင်ဗျားကို စီနီယာလို့ ခေါ်ရမှာပါ”
လုရီက ပြုံးလျက်၊ “ဒီလိုဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် တာအိုရောင်းရင်းလို့ပဲ ခေါ်ကြတာပေါ့” ဟု အဆိုပြုလိုက်သည်။
နန်ယွီချင်းသည် တစ်ခဏမျှ ဆိတ်ငြိမ်သွားပြီးနောက် ခေါင်းအသာငြိမ့်ကာ “ရောင်းရင်းလုရီက ဒီလိုပြောမှတော့ ကျုပ်လည်း မင်းရဲ့ ဆန္ဒကို လေးစားလိုက်နာပါ့မယ်” ဟု တုံ့ပြန်လိုက်၏။
လုရီက ခေါင်းညိတ်ပြီး မေးမြန်းလိုက်သည်။
“စကားမစပ်၊ ဖုန်းပုမင်ရော ဘယ်မှာလဲဗျ”
ဤမေးခွန်းကြောင့် နန်ယွီချင်းနှင့် အင်ပါယာဓားဂိုဏ်းမှ အခြား စွမ်းအားရှင် အဆင့် ပုဂ္ဂိုလ်အချို့မှာ ကိုယ်လုံးများ တောင့်တင်းသွားကြသည်။
ထိုအခါ နန်ယွီချင်းသည် ခါးသီးသော သက်ပြင်း
တစ်ချက်ကို ချရင်း ပြန်လည်ဖြေကြားလိုက်သည်။
“ပုမင်ကတော့ ကံတရားက မျက်နှာသာ မပေးခဲ့ဘူး။ ရာရှိုမွန် မျိုးနွယ် ဆုတ်ခွာခါနီးမှာ သူတို့ရဲ့ တန်ပြန် တိုက်ခိုက်မှု တစ်ခုမှာ ကျဆုံးသွားခဲ့တယ်ကွာ”
ဖုန်းပုမင်သည် အင်ပါယာဓားဂိုဏ်းတွင် နှစ်တစ်သောင်းနီးပါးအတွင်း အကောင်းဆုံး ပါရမီရှင်ဖြစ်ပြီး အနာဂတ်တွင် အင်မော်တယ်တစ်ပါး ဖြစ်လာရန်ပင် မျှော်လင့်ချက်ရှိကြောင်း လူတိုင်းသိကြလေသည်။ အင်ပါယာဓားဂိုဏ်းသည် သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့သည်။
မျှော်လင့်မထားဘဲ သူ ကျဆုံးသွားခဲ့ရာ အက်ပါယ ဓားဂိုဏ်းမှ ကျင့်ကြံသူအားလုံးအတွက် လက်ခံရန် ခက်ခဲနေခဲ့သည်။
ထိုစကားကို ကြားသော် လုရီ ဆိတ်ငြိမ်သွားသည်။
စစ်ပွဲကြီးတွင် လူများစွာ သေဆုံးခဲ့ရာ လုရီ တွေ့ဆုံခဲ့ဖူးသော ကျင့်ကြံသူအချို့လည်း ပါဝင်သည်။ သို့သော် ဖုန်းပုမင်နှင့်မူ သူ အတော်လေး သိကျွမ်းခဲ့ပြီးဖြစ်ကာ အကြိမ်များစွာ ထိုးထွင်းအမြင်များ ဖလှယ်ပြီး တာအိုကို ဆွေးနွေးခဲ့ကြဖူးသည်။
ချင်းချုံးဟွာနှင့် လုရီတို့၏ အဓိကတိုက်ပွဲမတိုင်မီက ဖုန်းပုမင်သည် လုရီ့ဘက်မှ ရပ်တည်ကာ စကားပြောပေးခဲ့ဖူးသေးသည်။
လုရီ့ထံတွင် ရှိသော မိတ်ဆွေအနည်းငယ်ထဲမှ တစ်ဦးဖြစ်ရာ သူ သေဆုံးသွားလိမ့်မည်ဟု လုရီ မမျှော်လင့်ထားခဲ့ပေ။
လုရီ စိတ်နှလုံး ထိခိုက်ကြေကွဲသွားခဲ့ရသည်။ သို့သော် မကြာမီမှာပင် အတွေးတစ်ခုက သူ၏ ခေါင်းထဲသို့ လက်ခနဲ ဝင်ရောက်လာပြီး သူ၏ မျက်လုံးများမှာ အရောင်တလက်လက် တောက်ပလာတော့သည်။
သူက နန်ယွီချင်းကို ကြည့်ကာ မေးလိုက်သည်။
“ဖုန်းပုမင်ရဲ့ ကိုယ်ပိုင်ပစ္စည်းတစ်ခုခု ကျန်ခဲ့သေးလား။ သူ့ရဲ့ အငွေ့အသက်ပါတဲ့ တစ်ခုခုဆို ရတယ်ဗျ”
ဤမေးခွန်းကြောင့် နန်ယွီချင်းမှာ အံ့အားသင့်သွားသော်လည်း တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ကျိုးနေသော ဓားလက်ကိုင်ရိုး တစ်ခုကို ထုတ်ယူလိုက်သည်။
“ပုမင်က ကံဆိုးစွာနဲ့ တိုက်ခိုက်မှုတစ်ခုရဲ့ အကြွင်းအကျန်စွမ်းအားနဲ့ ထိပြီး ကျဆုံးသွားခဲ့တာ။ သူ့ရဲ့ ကျင့်ကြံခြင်းရတနာက အလွန်ထူးခြားတော့ ဒါလေးကို သိမ်းထားလိုက်တယ်”
လုရီ၏ မျက်နှာအမူအရာမှာ ထူးဆန်းသွား၏။ အကြောင်းမှာ ဤကျင့်ကြံခြင်းရတနာကို
ဖုန်းပုမင်အား သူကိုယ်တိုင် ပေးခဲ့ခြင်း ဖြစ်သောကြောင့်တည်း။
သူ့ထံတွင် ကောင်းကင်ဘုံ ရတနာများ ပေါများလှပြီး ဝိညာဉ်လက်နက်များစွာကိုလည်း ဖန်တီးခဲ့သည်။ ဖုန်းပုမင် စစ်မြေပြင်သို့ သွားမည်ကို သိသောကြောင့် သူသည် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် ဓားရှည် တစ်လက်ကို အထူးတလည် လက်ဆောင်ပေးခဲ့ရာ ၎င်း၏ အစိတ်အပိုင်း
တစ်ခု ကျန်ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
နန်ယွီချင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ရောင်းရင်းလုရီ၊ ဒီအမှတ်တရ ပစ္စည်းကို ဘာအတွက် လိုချင်တာလဲ”
သူသာမက အင်ပါယာဓားဂိုဏ်းမှ ကျင့်ကြံသူအားလုံးအပြင် လင်းလောင်တောင်ထိပ် သခင်မနှင့် အခြားသူများပါ အလွန်အံ့အားသင့်ကာ သိချင်စိတ် ပြင်းပြနေကြသည်။
လုရီက ပြုံးလိုက်ပြီး “အသုံးဝင်လို့ပါ” ဟုသာ တုံ့ပြန်လိုက်သည်။
ဓားလက်ကိုင်ရိုးတစ်ဝက်ကို ယူလိုက်ပြီးနောက် လုရီ၏ ပတ်လည်တွင် ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အင်မော်တယ်တက်လှမ်းခြင်း သိုင်းနည်းစနစ်ကိုပင် အသုံးပြုလိုက်တော့သည်။
သူ၏ ကျင့်ကြံမှုအခြေခံမှာ ချက်ချင်းဆိုသလို ကောင်းကင်ဘုံ အင်မော်တယ် အဆင့်သို့
မြင့်တက်သွားပြီး သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါက မြေကြီးကိုပင် တုန်ခါသွားစေသည်။ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများမှာ စွမ်းအားရှင်အဆင့် ပုဂ္ဂိုလ်များဖြစ်ကြသော်လည်း အဆက်မပြတ် နောက်သို့ ဆုတ်ခွာသွားရပြီး သူတို့၏ မျက်နှာများမှာ ဖြူဖျော့သွားကြ၏။
ကောင်းကင်ပေါ်မှ တိမ်တိုက်များမှာ လုရီ၏ အရှိန်အဝါကြောင့် ကွဲလွင့်သွားကြသည်။
“ဒီကောင်လေး ဘာလုပ်မလို့လဲ”
လင်းလောင်တောင်ထိပ်သခင်မမှာ မှင်တက်သွားပြီး လျိုနင်ရွှမ်းတို့အဖွဲ့ဘက်သို့ လှည့်ကာ မေးလိုက်ခြင်းပါ။
မိန်းကလေး လေးဦးမှာ တစ်ယောက်မျက်နှာ
တစ်ယောက် ကြည့်ကာ သူမတို့လည်း မသိကြောင်း အမူအရာဖြင့် ခေါင်းခါပြလိုက်ကြသည်။
ထိုအခိုက်အတန့်တွင် ဂြိုဟ်ခံတပ်မှ ပြန်လာသော ကျင့်ကြံသူအားလုံးမှာလည်း နားမလည်နိုင်စွာဖြင့် လုရီ့ကို ကြည့်နေကြသည်။
လုရီ၏ မျက်လုံးများထဲတွင် ဆန်းကြယ်ရှုပ်ထွေးသော တာအိုအင်းကွက်များ လင်းလက်လာပြီး သူ၏ ကိုယ်မှ စိမ်းလန်းသော အလင်းရောင်များ ပေါက်ကွဲထွက်လာကာ နူးညံ့သော သဘာဝအငွေ့အသက်တစ်ခု ပျံ့နှံ့ထွက်ပေါ်လာသည်။
မြေပြင်ပေါ်ရှိ နေရာလပ် ကူးပြောင်း အခင်းအကျင်း စင်မြင့်ကြီး၏ ပတ်လည်တွင် ပန်းပေါင်းစုံနှင့် မြက်ပင်များစွာ ပေါက်ရောက်လာပြီး နေရာတစ်ခုလုံးမှာ လုရီကို ဗဟိုပြု၍ ပန်းပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ယွင်ရှီးက တအံ့တဩ အော်ဟစ်လိုက်သည်။
“ဒါက သဘာဝနိယာမရဲ့ စွမ်းအားပဲ!”
ပန်းတစ်သောင်း အင်မော်တယ် ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်သူ ယွင်ရှီးသည် ဤနိယာမ စွမ်းအားကို သဘာဝအတိုင်း နားလည်ပေသည်။
သူမ အလွန်အံ့အားသင့်နေ၏။
“ဒီလောက် အစွမ်းထက်တဲ့ နိယာမ စွမ်းအားပဲ။ လုရီရဲ့ သဘာဝနိယာမက ငါ့ထက် အများကြီးသာလွန်နေတယ်။ ၆၀% လောက်တောင် ရှိနေလောက်ပြီလား”
အင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သူ ယွင်ရှီးသည်လည်း နိယာမစွမ်းအားကို စတင်နားလည်နေပြီဖြစ်သော်လည်း ယခုအချိန်အထိ သူမ၏ နိယာမစွမ်းအားမှာ ၁၀% ကျော်သာ ရှိသေးသည်။
လင်းလောင်တောင်ထိပ်သခင်မမှာတော့ လုံးဝ မှင်တက်နေတော့သည်။ ဤပုဂ္ဂိုလ်က နေရာလပ်နိယာမမှာ အစွမ်းထက်နေပြီဖြစ်လျက် သူ၏ သဘာဝနိယာမကပါ အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသနည်း။
ထို့ပြင် သူသည် ဓားတာအိုအင်မော်တယ်သိုင်းနှင့် စွမ်းအားအင်မော်တယ်သိုင်းနည်းစနစ်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုကြရာ သူသည် ဓားတာအိုနှင့် စွမ်းအားနိယာမတို့တွင်လည်း ကျွမ်းကျင်မှု မနည်းလှသည်မှာ သေချာနေသည်။
သူက ဒါတွေအားလုံးကို ဘယ်လိုများ ကျင့်ကြံပြီး နားလည်နိုင်ခဲ့တာလဲ?!
သူ့ဆရာ ဖြစ်တဲ့ ငါတောင် ဘယ်နိယာမကိုမှ ဒီလောက်အစွမ်းထက်အောင် မကျွမ်းကျင်သေးဘူး!
သို့သော် လင်းလောင်တောင်ထိပ်သခင်မသည် လုရီ၏ ပတ်လည်တွင် ပေါ်ထွက်လာ၍ ပေါင်းစည်းနေသော တာအိုအင်းကွက်များကို ကြည့်ရင်း နားမလည်နိုင်စွာ မေးလိုက်သည်။
“ယွင်ရှီး၊ မင်းက သဘာဝနိယာမကို ကျွမ်းကျင်တယ်၊ ဒီကောင်လေး ဘာလုပ်နေလဲဆိုတာ မင်းသိလား”
ယွင်ရှီးက ခေါင်းခါပြရင်း “သမီးလည်း မသိဘူး” ဟု တုံ့ပြန်လိုက်သည်။
ထိုစဉ် သုန်းကုန်းမင်ယွဲ့က ဝင်ပြောလိုက်သည်။
“စီနီယာ အစ်ကိုက အင်မော်တယ်သိုင်း နည်းစနစ်တစ်ခုခု သုံးမလို့လား။ ဖြစ်နိုင်တာက သူ ဖုန်းပုမင်ကို ရှင်ပြန်ထမြောက်အောင် လုပ်ပေးမလို့များလား” ဟု ဆိုပြီးနောက် ထိုအတွေးကို သူမကိုယ်တိုင်ပင် ရယ်မောလိုက်သည်။
ကျန်းရူယွီက မယုံနိုင်စွာ ဆို၏။
“မင်ယွဲ့၊ နင် ဘာတွေတွေးနေတာလဲ။ လူသေကို ဘယ်လိုလုပ် ရှင်ပြန်ထမြောက်အောင် လုပ်လို့ရမှာလဲ။ ဂျူနီယာ မောင်လေးက ဘယ်လောက်ပဲ အံ့ဩစရာကောင်းနေပါစေ၊ ဒါကတော့ မဖြစ်နိုင်လောက်ဘူး မဟုတ်လား”
လျိုနင်ရွှမ်းကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
“မဟုတ်ဘူး၊ ရှင်ပြန်ထမြောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ တကယ်ရှိတယ်”
ထိုသို့ လင်းလောင်တောင်ထိပ်သခင်မ၏ အသံထွက်ပေါ်လာရာ လျိုနင်ရွှမ်းနှင့် အခြားသူများမှာ မျက်လုံးများ ပြူးကျယ်သွားပြီး
လင်းလောင်တောင်ထိပ်သခင်မကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်ကြသည်။
လင်းလောင်တောင်ထိပ်သခင်မက ပြုံးလိုက်ပြီး
ရှင်းပြလိုက်သည်။
“ဒါပေမဲ့ ဒီလိုလုပ်နိုင်တဲ့သူတွေအားလုံးက မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတွေချည်းပဲ။ ရွှေအင်မော်တယ်အများစုတောင် ဒါကို မလုပ်နိုင်ဘူး၊ အင်မော်တယ်ဘုရင်အဆင့်လောက်မှသာ တခြား တစ်ယောက်ကို ရှင်ပြန်ထမြောက်အောင် လုပ်ပေးနိုင်ဖို့ အခွင့်အရေးရှိတာ။ ဒီကောင်လေးက ကပ်ဘေးဖြတ်ကျော်နယ်ပယ်မှာပဲ ရှိသေးတာ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
---
ထိုအခိုက်အတန့်တွင် အဆုံးမဲ့သော သဘာဝစွမ်းအားလှိုင်းလုံးကြီးတစ်ခု ပေါ်ထွက်လာပြီး
လုရီကို လွှမ်းခြုံထားသော စိမ်းလန်းသောအလင်းတန်းတိုင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤသဘာဝစွမ်းအားမှာ အလွန်သိပ်သည်းလှရာ မကျက်သေးသော ပြင်းထန်သည့် ဒဏ်ရာများရှိနေသော ကျင့်ကြံသူအားလုံးမှာ သူတို့၏ ဒဏ်ရာများ မျက်စိဖြင့် မြင်နိုင်သောအမြန်နှုန်းဖြင့် ကျက်ဆက်သွားသည်ကို ခံစားလိုက်ကြရသည်။
တစ်ယောက်ပြီးတစ်ယောက် မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။
မကြာမီမှာပင် အလင်းတန်းတိုင်ကြီး ပျောက်ကွယ်သွားပြီးတပြိုင်နက် လူတိုင်း၏ မျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြူးကျယ်သွားကြတော့သည်။
အကြောင်းမှာ လုရီ၏ ရှေ့တွင် နောက်ထပ်ပုံရိပ်တစ်ခု ရပ်နေသောကြောင့်ပင်။
ထိုသူမှာ ဖုန်းပုမင်ပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သစ်ရွက်များဖြင့် ပြုလုပ်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ဖုန်းပုမင်သည် ပတ်ဝန်းကျင်ကို ရှုပ်ထွေးစွာ လှည့်ပတ်ကြည့်ရှုနေသည်။
ဤအဝတ်အစားမှာ ရှင်ပြန်ထမြောက်လာသောအခါ လုရီက ပေးအပ်ထားခြင်း ဖြစ်သည်။ ရှင်ပြန်ထမြောက်လာသည့်အခါ အဝတ်အစားများ ပါမလာတတ်ရာ အနည်းငယ် မျက်စိရှက်စရာ ဖြစ်နေပေလိမ့်မည်။
ဖုန်းပုမင်မှာ ကြောင်တောင်တောင် ဖြစ်နေ၏။
“ငါ… ငါ သေသွားခဲ့တာ မဟုတ်ဘူးလား”
လုရီ၏ မျက်နှာမှာမူ ယခုအခါ အနည်းငယ် ဖြူဖျော့နေသည်။
ရှင်ပြန်ထမြောက်ခြင်းနည်းလမ်းကို ပထမဆုံးအကြိမ် စမ်းသပ်ကြည့်ရာတွင် သူမျှော်လင့်ထားသည်ထက် ဝိညာဉ်စွမ်းအင် ပိုမိုသုံးစွဲရသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ဖုန်းပုမင်မှာ ပေါင်းစည်းခြင်းနယ်ပယ်တွင်သာ ရှိသေးပြီး သူ သေဆုံးခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူ့ကို ရှင်ပြန်ထမြောက်စေရန် လုရီ့ဝိညာဉ်စွမ်းအင်၏ ထက်ဝက်နီးပါးကို အသုံးပြုလိုက်ရသည်။
ဟုတ်ပါတယ်၊ ဤသည်မှာ ဖုန်းပုမင်၏ ခန္ဓာကိုယ် လုံးဝ ပျက်စီးသွားခြင်းနှင့်လည်း သက်ဆိုင်ပေသည်။ သူ၏ ရုပ်ခန္ဓာကို သဘာဝစွမ်းအားဖြင့် ပြန်လည် တည်ဆောက်ပြီး သူ၏ မူလဝိညာဉ်ကို ခိုင်မာအောင် ပြုလုပ်ခြင်းက အမှန်တကယ်ပင် ဝိညာဉ်စွမ်းအင်များစွာကို သုံးစွဲခဲ့ရသည်။
လုရီက ပြုံးကာ ပြောလိုက်၏။
“ဆက်မတွေးနဲ့တော့၊ ခင်ဗျား အသက်ရှင်နေပြီ၊ ကျွန်တော် ခင်ဗျားကို ကယ်လိုက်တာ”
ဖုန်းပုမင်မှာမူ ယုံရခက်နေဆဲ ဖြစ်ပြီး သူ၏ လက်မောင်းနှင့် ခန္ဓာကိုယ်ကို ကိုင်တွယ်ကြည့်ရှုလိုက်သည်။ ထို့နောက် မျက်လုံးများ အနည်းငယ် နီရဲလျက် လုရီ့ကို ကြည့်ကာ ရုတ်တရက် ဒူးထောက်ရန် ကြိုးစားလိုက်သည်။
လုရီက လက်ဝှေ့ယမ်းကာ သူ့ကို တားလိုက်ပြီး “စကားပဲပြော၊ အချိန်တိုင်း ဒူးထောက်နေစရာ မလိုဘူး” ဟု ဆို၏။
ဖုန်းပုမင်သည် အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး လုရီ့ကို လေးနက်တည်ကြည်စွာ ကြည့်ကာ ဆိုလိုက်သည်။
“ညီလေးလု၊ ကျွန်တော် တစ်ခါသေပြီးသွားပြီ၊ ဒီအသက်ကို မင်းက ကယ်တင်ခဲ့တာဖြစ်လို့ ဒီနေ့ကစပြီး ကျွန်တော့်အသက်က မင်းအပိုင်ပဲ။ မင်းက ကျွန်တော့်ရဲ့ သခင်ပဲ။ သခင့်အမိန့်သာဆိုရင် ကျွန်တော် မီးပင်လယ်ကို ဖြတ်ဖို့၊ ဓားတောင်ကို တက်ဖို့ ဝန်မလေးပါဘူး!”
လုရီ၏ နဖူးပေါ်တွင် အမည်းရောင်မျဉ်းကြောင်းများ ပြည့်နှက်သွားသည်။
ငါက သခင်...
ဒါက ဘာလဲ၊ ချူး-နိ-ဗျိုး (Chuu-ni-byou)လား။
[ Chuunibyou (ချူး-နိ-ဗျိုး) ဆိုတာ ဂျပန်စကားလုံး (Japanese word) ပါ။
သူ့ရဲ့ မူရင်းရေး法က 中二病 ပါ။
* 中 (chuu) က "အလယ်တန်း"
* 二 (ni) က "ဒုတိယနှစ်"
* 病 (byou) က "ရောဂါ"
ဒါကြောင့် တိုက်ရိုက်ဘာသာပြန်ရင် "အလယ်တန်းကျောင်း ဒုတိယနှစ်ရောဂါ" လို့ အဓိပ္ပာယ်ရတာပါပဲ။
ဒီဝတ္ထုထဲမှာ "chuunibyou" ကိုသုံးသွားတဲ့ အဓိပ္ပာယ်ကတော့ "ဇာတ်လမ်းတွေထဲကလို အပိုတွေလုပ်ပြီး ဇာတ်လိုက်ကြီးလုပ်နေတယ်" လို့ လှောင်ပြောင်တဲ့ သဘောနဲ့ သုံးလိုက်တာပါ။
ရှင်းရှင်းလေးပြောရရင် ဒီလိုပါ...
ဖုန်းပုမင်က သူ့အသက်ကို ကယ်ခဲ့တဲ့ လုရီကို ကျေးဇူးတင် စကားပြောတဲ့အခါ ရိုးရိုးတန်းတန်းမပြောဘဲ အရမ်းကို ဒရာမာဆန်သွားပါတယ်-
* "ကျွန်တော့်အသက်က မင်းအပိုင်ပါ"
* "မင်းက ကျွန်တော့်ရဲ့ သခင်ပါ"
* " မီးပင်လယ်ကို ဖြတ်ဖို့၊ ဓားတောင်ကို တက်ဖို့ ဝန်မလေးပါဘူး
ဒီလိုစကားပြောပုံက သာမန်လူတွေပြောနေကျ ပုံစံမဟုတ်ဘဲ ရှေးခေတ်သိုင်းကားတွေ၊ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက သခင်ကို သစ္စာခံတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ အမူအရာ၊ အပြောအဆိုမျိုး ဖြစ်နေပါတယ်။
လုရီက ဒါကို ကြားလိုက်တဲ့အခါ သူ့စိတ်ထဲမှာ "သခင်... ဟုတ်လား။ ဒီကောင် ဘာဖြစ်နေတာလဲ၊ ကလေးကလားနဲ့ ကာတွန်းကားထဲကလိုတွေ လာလုပ်နေတယ်" ဆိုပြီး လှောင်ပြောင်လိုက်တာပါ။ အဲ့ဒီလို အရမ်း serious လုပ်ပြီး ဒရာမာဆန်တဲ့ အပြုအမူကို "chuunibyou" လို့ စိတ်ထဲကနေ လှောင်လိုက်တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေရာမှာ "chuunibyou" ဆိုတာက "လက်တွေ့ဘဝမှာ ဇာတ်လမ်းဇာတ်ကွက်တွေထဲကလို အမူအရာပိုပြီး ကလေးဆန်စွာ ပြုမူခြင်း" ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။]
လုရီက မတတ်နိုင်စွာ ဆိုလိုက်သည်။
“ကျွန်တော် ခင်ဗျားကို မီးပင်လယ်ဖြတ်ဖို့ မလိုပါဘူး၊ နောက်တစ်ခါ မသေအောင်နေပြီး ကောင်းကောင်းကျင့်ကြံပါ”
“ဟုတ်ကဲ့၊ သခင်!”
“ကျွန်တော့်ကို သခင်လို့ မခေါ်နဲ့!”
“ဟုတ်ကဲ့၊ သခင်… ဟင်” ဖုန်းပုမင်က လုရီကို ရှုပ်ထွေးစွာ ကြည့်ကာ
“ဒါဆို လက်အောက်ငယ်သားက မင်းကို ဘယ်လိုခေါ်ရမလဲ” ဟု မေးလိုက်သည်။
“အရင်က ခေါ်သလိုပဲ ခေါ်ပါ ”
“အဲ့လို ဘယ်ဖြစ်မလဲ။ ဒါဆိုရင် သခင်ကို စော်ကားရာ ရောက်ပြီး ရိုသေမှုမရှိရာ ကျမှာပေါ့! ကျွန်တော်က ဘယ်လိုလုပ် သခင်ကို ညီအစ်ကိုလို ခေါ်ဝေါ်ဖို့ ထိုက်တန်မှာလဲ” ဖုန်းပုမင်က ချက်ချင်း ကန့်ကွက်လိုက်သည်။
လုရီမှာတော့ ဆွံ့အသွားလေသည်။
သူသည် ရှင်ပြန်ထမြောက်ခြင်းစွမ်းအားကို ကောင်းစွာ မကျွမ်းကျင်သေးဘဲ ဖုန်းပုမင်ကို ရှင်ပြန်ထမြောက်အောင် လုပ်ရင်း ဖုန်းပုမင်၏ ဦးနှောက်ကို တစ်နည်းနည်းဖြင့် လိမ်ကျစ်သွားစေခဲ့သလားဟု တွေးတောစပြုလာသည်။
ဖုန်းပုမင်၏ ခေါင်းမာသော အမူအရာကို မြင်သော် လုရီက ခဏစဉ်းစားပြီးနောက် ဆိုလိုက်သည်။ “ကျွန်တော့်ကို သခင်လေးလုလို့ပဲ ခေါ်ပါ”
ကြယ်တာရာနယ်မြေတပ်မတော်မှ လူများကလည်း သူ့ကို ထိုသို့ခေါ်ကြရာ တစ်ယောက်ပိုလာ၍ သိပ်ထူးသွားမည် မဟုတ်ချေ။
ဖုန်းပုမင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့၊ သခင်လေးလု!”
“ခင်ဗျား အခု ပြန်သွားလို့ ရပါပြီ”
ဖုန်းပုမင်က ခေါင်းညိတ်ပြီး လှည့်ထွက်သွားသည်။
ဤအချိန်တွင် ကျင့်ကြံသူအားလုံးမှာ ရှင်ပြန်ထမြောက်လာသော ဖုန်းပုမင်ကို စိုက်ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်နေကြဆဲပင်။ သူတို့၏ စိတ်ထဲတွင် မေးခွန်းအမှတ်အသားများ ပြည့်နှက်နေတော့သည်။
အင်ပါယညဓားဂိုဏ်းမှ ကျင့်ကြံသူများမှာလည်း ထိုနည်းတူစွာပင် ဖုန်းပုမင်ကို ကြောင်အမ်းစွာ စိုက်ကြည့်နေကြသည်။
ဖုန်းပုမင်က လက်နှစ်ဖက် ဆုပ်ကာ၊ “ဘိုးဘေးအကြီးအကဲ၊ ပုမင် အသက်ရှင်နေပါပြီ!” ဟု ကြွေးကြော်လိုက်သည်။
နန်ယွီချင်းနှင့် အခြားသူများ နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။
နန်ယွီချင်းက ရှင်ပြန်ထမြောက်လာသော ဖုန်းပုမင်ကို ကြည့်ကာ သူ၏ ပါးစပ်မှာ ပြင်းထန်စွာ တုန်ခါနေပြီးနောက် အသက်ကိုပြင်းပြင်းရှူသွင်းကာ ထပ်ခါတလဲလဲ ခေါင်းညိတ်ရင်း “ကောင်းတယ်! ကောင်းတယ်! ကောင်းတယ်!” ဟု ဆိုလိုက်သည်။
ထို့နောက် သူက လုရီဘက်သို့ လှည့်ကာ လေးနက်စွာ ဦးညွှတ်ပြီး လေးလေးနက်နက် ဆိုလိုက်သည်။
“ရောင်းရင်းနန်က လေးနက်တည်ကြည်စွာ ပြောပါတယ်။ ပုမင်က ကျုပ်တို့ အင်ပါယာဓားဂိုဏ်းအတွက် အလွန်အရေးကြီးပါတယ်။ ခင်ဗျားရဲ့ ကျေးဇူးကို ကျုပ်တို့ အင်ပါယာဓားဂိုဏ်းက ဘယ်တော့မှ မမေ့ပါဘူး။ ပုမင် ပြောသလိုပဲ၊ အကယ်၍ ညီလေးလု လိုအပ်တာ တစ်ခုခု ရှိရင် အမိန့်သာပေးပါ! အင်ပါယာဓားဂိုဏ်းက မင်းရဲ့ အမိန့်အတိုင်း မီးပင်လယ်ကို ဖြတ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး!”
နန်ယွီချင်း၏ စကားလုံးများမှာ စိတ်ရင်းမှန်ဖြင့် ထွက်ပေါ်လာပြီး သူ၏ သဘောထားမှာလည်း ခိုင်မာလှ၏။
လုရီက ပြုံးကာ “ရောင်းရင်းနန်က အားနာစရာတွေ ပြောနေပြန်ပြီ။ ဖုန်းပုမင် ရှင်ပြန်ထမြောက်လာပေမယ့် သူ အခုထိ အရမ်းအားနည်းနေသေးတယ်။ သူ့ကို ပြန်ခေါ်သွားပြီး ခဏလောက် နားခိုင်းလိုက်ပါ” ဟု ဆို၏။
နန်ယွီချင်းက ခေါင်းညိတ်ပြီး ဖုန်းပုမင်ကို ခေါ်ကာ အင်ပါယာ ဓားဂိုဏ်းမှ ကျင့်ကြံသူများနှင့်အတူ ထွက်ခွာသွားသည်။
လုရီသည် လူတိုင်း၏ အာရုံစိုက်မှုအောက်တွင် လင်းလောင် တောင်ထိပ် သခင်မနှင့် အခြားသူများ၏ ဘေးသို့ ပြန်လည် ရောက်ရှိလာ၏။
လုရီသည် လင်းလောင် တောင်ထိပ် သခင်မနှင့် အခြားသူများက သူ့ကို ထူးဆန်းသော မျက်နှာအမူအရာများဖြင့် ကြည့်နေကြသည်ကို သတိပြုမိလိုက်ရာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
“ဆရာမ၊ စီနီယာ အစ်မတို့၊ ဘာလို့ ကျွန်တော့်ကို အဲ့လိုကြီး ကြည့်နေကြတာလဲဗျ”
လင်းလောင်တောင်ထိပ်သခင်မက လုရီအား မျက်စောင်းထိုးကာ မေးခွန်းထုတ်လိုက်သည်။
“ကောင်စုတ်လေး၊ အမှန်အတိုင်း ပြောစမ်း၊ မင်းက ဘယ်နေရာက အင်မော်တယ်အရှင်သခင်တစ်ပါး ပြန်လည်ဝင်စားတာလဲ”
လုရီမှာတော့ ဆွံ့အသွားရလေသည်။