← Chapters

အပိုင်း ၁-၄

Vol. 1 Ch. 1-4

အပိုင်း ၁-၄

Vol. 1 Ch. 1-4

အပိုင်း (၁)

ငါ့ဖုန်းက ရတနာတွေကို အလိုလျောက်ရှာနိုင်တယ်။

ကျုံးဟိုင်မြို့၊ ကျုံးဟိုင်တက္ကသိုလ်နားရှိ အိုဟောင်းပျက်စီးနေသော အငှားအိမ်တစ်ခုတွင် ယဲ့ဖန် စာချုပ်ကို အခုဘဲ ချုပ်ဆိုလိုက်တာဖြစ်ပြီး အိမ်ပိုင်ရှင်ကို လိုက်ပို့ပြီးတဲ့နောက် စိတ်ထဲကို အကြောင်းကြားစားရောက်လာသံပေါ်လာသည်။

[ ဂုဏ်ယူပါတယ်၊ လက်ခံသူ။ သင်ကအခု ရတနာရှာဖွေခြင်းစနစ်နဲ့ သက်ဆိုင်သွားပြီဖြစ်ပါသည်။ ]

တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်ဖုန်းထဲက ညွှန်ကြားရေးအပ်ပလီကေးရှင်းမှ မျက်စိကျိန်းစေနိုင်လောက်တဲ့အဖြူရောင်အလင်းထွက်ပေါ်လာပြီးနောက် တစ်ဖန် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

ဘာတွေဖြစ်နေတာလဲ။

ယဲ့ဖန် အနည်းငယ်တွေဝေသွားရသည်။

သူက ဝတ္ထုတွေကို ကြိုက်နှစ်သက်ကာအားပေးတဲ့သူတစ်ယောက်ဖြစ်ပြီး မကြာခဏအွန်လိုင်းဝတ္ထုများကို ဖတ်လေ့ရှိသည်။ ဒါကြောင့်ဘဲ စနစ်တွေဟာ အဓိကဇာတ်ကောင်ရဲ့စံနှုန်းတစ်ခုဖြစ်မှန်း သူအလိုအလျောက်သိသည်။

သူ စနစ်ကို မငြင်းပယ်ခဲ့ချေ။ အဲ့အစား သူက အဲ့ဒါနဲ့ပတ်သက်ပြီး မျှော်လင့်တစ်ကြီးရှိပေမဲ့ နည်းနည်းအစစ်အမှန်မဟုတ်သလိုလည်းခံစားမိသည်။

သူ တွေဝေနေတုန်းမှာ မထင်မှတ်ထားဘဲ စနစ်ကနေ အကြောင်းကြားစာရောက်လာသံ ထပ်ပေါ်လာသည်။

[ ခိုးထားတဲ့ပိုက်ဆံ ၉၂ ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိထားပါသည်။ ]

[ ရတနာရှာဖွေခြင်းစနစ်က သင့်ကို လမ်းပြပေးနေပါသည်။ လမ်းလျှောက် ညွှန်ကြားခြင်းကို စတင်လိုက်ပါပြီ။ ကျေးဇူးပြု၍ သင့်ရဲ့လက်ရှိနေရာမှ ဘယ်ဘက်အရှေ့တည့်တည့်ကိုလျှောက်ပြီး ၆မီတာအကွာမှ တည်နေရာသို့သွားပါ ..... ]

ဘယ်ဘက်ကနေ ၆မီတာလား။

အဲ့တာက သူ့ရဲ့ကိုယ်ပိုင်အိပ်ခန်းရှိတဲ့နေရာမဟုတ်ဘူးလား။

ယဲ့ဖန်ရဲ့ အမူအရာ အထူးအဆန်းဖြစ်လာသည်။ စနစ်က အမှားလုပ်မိတာရော ဖြစ်နိုင်လား။

သူ အိပ်ခန်းကို အရင်က မြင်ဖူးပြီးသားဖြစ်သည်။ အထဲမှာ အိပ်ရာကလွဲ၍ ဘာမှမရှိတာကြောင့် ရတနာက ဘယ်မှာရှိတာဖြစ်နိုင်မလဲ။

သို့ပေမဲ့ စနစ်ကပြောသည့် ခိုးထားသည့်ပိုက်ဆံ ၉၂ကီလိုဂရမ်အကြောင်း တွေးကြည့်လိုက်သည့်အခါ .......

အဲ့တာက ဘယ်လိုဘဲဖြစ်ဖြစ် အိပ်ခန်းထဲမှာတင်ဘဲဖြစ်တာကြောင့် တစ်ချက်လောက် ဝင်စစ်ကြည့်လိုက်လည်း အရှုံးတော့မရှိပေ။

ဒါကြောင့် ယဲ့ဖန် အိပ်ခန်းထဲသို့ လမ်းလျှောက်ဝင်သွားသည်။

သွားနေရင်းဖြင့် စနစ်ကပေးသည့် သတင်းအချက်အလက်ကိုလည်း စဉ်းစားနေသေးသည်။

အဲ့တာက ခိုးယူငွေဖြစ်ပြီး အလွန်ကိုလေးတာကြောင့် ထိုငွေတွေက ငွေသားတွေဘဲဖြစ်ရမည်။

ပြောနေရင်းမှ ဖွက်ယူလို့ရတဲ့ငွေသားဟာ အနီရောင်ငွေသားစာရွက်ဘဲဖြစ်လိမ့်မည်။

အနီရောင်ပိုက်ဆံတွေက ၁.၁၅ဂရမ်မျှလေးတာကြောင့် ၉၂ ကီလိုဂရမ်သာဆိုလျှင် ......

ယဲ့ဖန်ဦးနှောက်က အလျင်အမြန်ကို အလုပ်လုပ်လိုက်ပြီး ချက်ချင်းတွက်ချက်လိုက်သည်။

၉၂ကီလိုဂရမ်လေးတဲ့ အနီရောင်ပိုက်ဆံတွေဟာ ငွေသား၈သန်းနဲ့ ညီမျှသည်။

လုံးဝကို ယွမ်၈သန်းကြီးတောင်မှဘဲ။

တွက်လို့ အဖြေရတဲ့အချိန်မှာဘဲ ယဲ့ဖန် အိပ်ခန်းတံခါးဆီသို့ရောက်လာခဲ့သည်။

သူ အိပ်ခန်းထဲကို စပြီး လှည့်ပတ်ကြည့်ခဲ့သည်။

သူ့နေရာကနေကြည့်ရသလောက် အိပ်ခန်းတစ်ခုလုံးမှာ သူရှင်းရှင်းလင်းလင်းမြင်ရတာဆိုလို့ အိပ်ရာတစ်ခုတည်းသာရှိပြီး အိပ်ရာအောက်မှာလည်း ဘာမှမရှိပေ။

ဒီလိုဆိုမှတော့ ….....

ခိုးထားတဲ့ပိုက်ဆံတွေက နံရံအနောက်မှာ ဒါမှမဟုတ် ကြမ်းပြင်အောက်မှာ ဖွက်ထားခြင်းတို့သာဖြစ်နိုင်တော့သည်။

တွေးကြည့်ရင်းဖြင့် ယဲ့ဖန် နံရံဆီသို့ မြန်မြန်လျှောက်သွားပြီး ခေါက်ကြည့်လိုက်သည်။

ရုတ်တရက်ဘဲ နံရံကနေ အလုံပိတ်အသံသာ ပြန်ထွက်လာသည်။

အလုံပိတ်နံရံသာဖြစ်သည်။

အဲ့ဒီမှာ ဘာပိုက်ဆံမှမရှိပေ။

ခေါင်းကိုခါလိုက်ပြီး ယဲ့ဖန် နောက်ထပ်တစ်နေရာကို ခေါက်ကြည့်လိုက်ပေမဲ့ အဲ့တာကလည်းဘဲ အလုံပိတ်ထုထည်ဖြစ်သည်။

ကြည့်ရတာ ပိုက်ဆံတွေက နံရံထဲမှာမရှိလောက်ပေ။

အဲ့ဒီနောက် သူဆောင့်ကြောင့်ထိုင်ချပြီး ကြမ်းပြင်အခင်းကို ခေါက်ကြည့်လိုက်သည်။

အကယ်၍ ကြမ်းပြင်ကလည်း အလုံပိတ်သာဆိုရင် သူနောက်ထပ် နံရံသုံးခုကို ထပ်ခေါက်ကြည့်မယ်ဟုတွေးထားခဲ့ပေမဲ့ သူမထင်မှတ်ထားတာက ......

ဘန်း ဘန်း ဘန်း .....

ဒီအသံက ....

ကြမ်းအောက်က ဗလာကြီးဘဲ။

ျီးဘဲ။

ကြမ်းပြင်အောက်က တကယ်ကို ဗလာကြီး။

ယဲ့ဖန် အလွန်အမင်းကို စိတ်လှုပ်ရှားသွားကာ လက်တွေကို ဆန့်ပြီး နောက်ထပ် ကြမ်းပြင်တစ်နေရာကို ခေါက်ကြည့်လိုက်သည်။

ဘန်း ဘန်း ဘန်း .....

တူညီစွာပင် ဗလာဖြစ်နေခဲ့သည်။

အဲ့ဒီနောက် နောက်ထပ်ကြမ်းပြင်တစ်နေရာကို ထပ်ခေါက်ပြန်သည်။

ဘန်း ဘန်း ဘန်း ........

ဗလာဖြစ်နေဆဲပင်ဖြစ်သည်။

ခဏအကြာမှာတော့ ယဲ့ဖန် ကုတင်အောက်အပါအဝင် ကြမ်းပြင်အခင်းပြားအားလုံးကို လိုက်ခေါက်ကြည့်ပြီးသွားပြီဖြစ်သည်။ အားလုံးက ဗလာအခေါင်းပေါက်တွေချည်းဖြစ်နေသည်။

အခုတော့ ရတနာရှာဖွေခြင်းစနစ်၏စွမ်းရည်ကို သံသယမဖြစ်တော့ပေ။ အခုကြုံရသည့်တစ်ခုတည်းသော ခေါင်းကိုက်စရာကတော့ ငွေသားတွေကို ဘယ်လိုထုတ်ယူရမလဲဆိုတာပင်ဖြစ်သည်။

ဒီအတိုင်း ရိုက်ချိုးဖွင့်လိုက်ရမလား။

မဟုတ်သေးဘူး၊ အကယ်၍ အသံလုံစနစ်ကသာ မကောင်းဘူးဆိုရင် သူက လူတွေကို အနှောင့်အယှက်ပေးပါတယ်ဆိုပြီး အိမ်နီးနားချင်းတွေက တိုင်ကြားလောက်လား။

ပြီးတော့ ကြမ်းခင်းက ပျက်စီးသွားရင် အိမ်ပိုင်ရှင်ကို ဖြေဖို့အတွက် သူတတ်စွမ်းနိုင်မှာမဟုတ်ချေ။

သူက ဒီငွေတွေကိုဘဲ ကာကွယ်နိုင်မယ်လို့ဆိုလိုတာဖြစ်နိုင်မလား။

အဲ့တာကမဖြစ်သေးဘူး။

ယဲ့ဖန် ရုတ်တရက် အိပ်ရာအောက်က အနည်းငယ်ဟနေသည့် ကြမ်းခင်းကို သတိရသွားသည်။

သူ အဲ့ဒီကနေ စပြီး ကြမ်းပြင်ကိုဖောက်လို့ရနိုင်သည်။

' ငါအရင်ဆုံးစမ်းကြည့်လိုက်မယ်။ မရရင်လည်း ဒီတိုင်း ရိုက်ချိုးရုံဘဲကွာ။ ပြီးတော့ အိမ်ပိုင်ရှင်မေးလာရင်လည်း .... '

" အချိန်ရောက်လာမှ ကြည့်ရှင်းကြတာပေါ့ "

အိပ်ရာကို အဝေးသို့ဖယ်လိုက်ပြီးတဲ့နောက် ယဲ့ဖန်ထိုင်ချပြီး သူ့ဓားကိုသုံးကာ ကြမ်းခင်းအစွန်းကို ကလော်ဖွင့်ဖို့လုပ်သည် ....

ခဏအကြာမှာ ကြမ်းခင်းရဲ့တစ်ဖက်က မြေပြင်ကနေ သိသိသာသာကို မြင့်တက်လာသည်။

ယဲ့ဖန် ဓားကိုချလိုက်ပြီး ကြမ်းခင်းရဲ့အခြားတစ်ဖက်ကို ကိုင်ကာ ဆွဲလိုက်သည်။ အားအများကြီး မသုံးလိုက်ရခင်မှာဘဲ ကြမ်းခင်းတစ်ခုလုံးကွာထွက်လာသည်။

တကယ် အလုပ်ဖြစ်သွားသားဘဲ။

ယဲ့ဖန် အတော်လေးပျော်သွားသည်။ ကြမ်းခင်းကို ဘေးတစ်ဖက်သို့ပို့ပြီး အရှေ့ကိုကြည့်လိုက်သည်။

ကြမ်းခင်းတွေရဲ့အောက်မှာ အမည်းရောင်ပလတ်စတစ်အလွှာတစ်လွှာရှိနေသည်။

တုံ့ဆိုင်းမနေဘဲ ယဲ့ဖန် ပလတ်စတစ်အလွှာကို လက်နှင့်လှမ်းဆွဲဖြဲလိုက်သည်။

မကြာခင်မှာဘဲ ပလတ်စတစ်အလွှာနဲ့ ဖုံးအုပ်ထားတဲ့အရာက အားလုံးပေါ်လာတော့သည်ဂ

ပိုက်ဆံတွေဘဲ။

အားလုံးက အနီရောင်ငွေသားစက္ကူတွေ။

ပိုက်ဆံတွေက ကြမ်းပြင်ပေါ်မှာ သေချာလေးခင်းဖြန့်ထားသည်။

ပိုက်ဆံအပုံလိုက်ကြီးကိုကြည့်ပြီး ယဲ့ဖန် အလွန်အမင်းစိတ်လှုပ်ရှားလာပေမဲ့လည်း အလျင်အမြန်ဘဲ အသိစိတ်ထိန်းလိုက်သည်။

ဒါက အခုမှ အစဘဲရှိသေးသည်။

သူ့ရင်ထဲက စိတ်လှုပ်ရှားမှုကို ချိုးနှိမ်ပြီး ယဲ့ဖန် ကြမ်းခင်းပြားတွေကို ဆက်ခွာခဲ့သည်။

ကြမ်းခင်းပြားတွေက အင်္ဂတေတွေနဲ့ကပ်နေခဲ့ပေမဲ့ ကံကောင်းစွာပင် အင်္ဂတေအလွှာက မထူတာကြောင့် ကြမ်းပြင်ကနေ အားနည်းနည်းစိုက်ရုံဖြင့် အခင်းတွေကို ဆွဲခွာနိုင်ခဲ့သည်။

တစ်၊ နှစ် ....

မကြာခင်မှာဘဲ အိပ်ခန်းထဲက ကြမ်းပြင်တစ်ခုလုံးဟာ အခွာခံထားရပြီး ဧည့်ခန်းထဲမှာ စုပုံထားသည်။

အဲ့ဒီနောက် အိပ်ခန်းထဲကိုပြန်လာပြီး အမည်းရောင်ပလတ်စတစ်အလွှာတွေကို စပြီးဆွဲတော့သည်။

ပလတ်စတစ်အလွှာတွေအားလုံးကိုလည်း ဖယ်ရှားပြီးတဲ့အခါမှာတော့ မြေပြင်တစ်ခုလုံးဟာ အနီရောင်အခင်းအဖြစ်ပေါ်ထွက်လာသည်။

အိပ်ခန်းကြမ်းပြင်တစ်ခုလုံးဟာ အနီရောင်ငွေသားတွေနဲ့ ဖုံးလွှမ်းထားသည်။

အိပ်ခန်းက ဧရိယာမကျယ်ဝန်းဘဲ ဆယ်မီတာပတ်လည်လောက်သာရှိသည်။ နှစ်စင်တီမီတာ၊ သုံးစင်တီမီတာလောက်ရှိတဲ့ အနီရောင်ငွေထုတ်တွေကို တစ်ခုနဲ့တစ်ခု ဘေးချင်းကပ်လျက်စီထားသည်။

မြင်ကွင်းက ရိုးရှင်းစွာနဲ့ဘဲ ကြီးကျယ်ခမ်းနားလွန်းနေသည်။

ဒါတွေက ငွေသား၈သန်းဖြစ်သည် ....

ယဲ့ဖန် သူ့အရှေ့ကငွေတွေကိုကြည့်ပြီး နှလုံးက လျင်မြန်စွာပင် ခုန်ပေါက်လာသည်။

သူ အရင်က ဒီလောက်များတဲ့ပိုက်ဆံပမာဏကို မမြင်ခဲ့ဖူးပေ။

သူ ဒီမှာ ငွေသား ၈သန်းကို ဖွက်ထားတာသိစဉ်က ၈သန်းဆိုတာဟာ နံပါတ်စဉ်သက်သက်သာဖြစ်ခဲ့သည်။ သို့ပေမဲ့ မျက်မြင်တွေ့လိုက်ရတဲ့အခါ ခံစားရသည့်ရိုက်ခတ်မှုက ထင်ထားတာထက်ကို ပိုပြီးပြင်းထန်လှသည်။

အဲ့ဒီအပြင် ဒီငွေတွေအားလုံးက သူ့အပိုင်ဖြစ်သည်။

ထိုအချိန်တွင် သူ့စိတ်ထဲမှာ အတွေးတစ်ခုတည်းသာရှိနေခဲ့သည်။

သူ ချမ်းသာပြီ။ သူ ချမ်းသာပြီ။

အပိုင်း (၂)

ညွှန်ကြားမှုကို ပြီးမြောက်တာကြောင့် စနစ်က ငါ့ကို အများကြီးပေးနေတယ်။

မိနစ်အနည်းငယ်ကြာပြီးနောက်။

ယဲ့ဖန် အနည်းငယ်စိတ်ငြိမ်လာပြီး မြေပြင်ပေါ်က အနီရောင်ငွေသားတွေကိုကြည့်ပြီး ဒီငွေတွေ ဘယ်ကရောက်လာလဲဆိုတာကို စတွေးမိတော့သည်။

အိမ်ပိုင်ရှင်ပြောတာကို သူကြားရသလောက် အရင်အိမ်ငှားက ဝရမ်းပြေးတစ်ယောက်ဖြစ်သည်။

အဲ့ဝရမ်းပြေးက ထွက်ပြေးတိမ်းရှောင်ရင်း ပစ်သတ်ခံလိုက်ရပြီး သူခိုးထားသည့်ငွေတွေက ဘယ်မှာလဲဆိုတာကို မသိရဘူးလို့ပြောကြသည်။

အဲ့ကိစ္စက ဒီနေရာကို အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည်။

အဲ့တာကြောင့်လည်း သူ ဒီနေရာကို အတော်လေးနည်းပါးတဲ့ဈေးနဲ့ ငှားလို့ရနိုင်ခဲ့တာဖြစ်သည်။

ဒီလိုသာဆိုရင် ဒီပိုက်ဆံတွေက အဲ့ဒီခိုးထားတဲ့ပိုက်ဆံတွေနိုင်ဖြစ်နိုင်တာဘဲ။

အဲ့ဒီ ဝရမ်းပြေးက သေပြီ။

ဒီပိုက်ဆံတွေက ပိုင်ရှင်မရှိတော့ဘူး။

ဒါဆိုရင် သူ ဒီပိုက်ဆံတွေကို လက်ခံတာနဲ့ပတ်သက်ပြီး ပြဿနာရှိမည်မဟုတ်။

ဒါပေမဲ့ သူ ဒီပိုက်ဆံတွေကို ဘယ်လိုကိုင်တွယ်သင့်လဲ။

ဒီမှာဘဲ ထားထားသင့်လား။

သေချာပေါက်မဟုတ်ဘူးပေါ့။

အိမ်ပိုင်ရှင်က အချိန်မရွေးရောက်လာနိုင်ပြီး ဒါတွေကိုသာ ရှာတွေ့သွားမယ်ဆို ဆိုးဆိုးရွားရွားတွေဖြစ်လာလိမ့်မည်။

ဘဏ်အပ်သင့်လား။

မဖြစ်ဘူး။

သူက သာမန်မိသားစုကလာတဲ့ ဆင်းရဲသည့်ကျောင်းသားတစ်ယောက်သာဖြစ်သည်။ အကယ်၍ သူသာ ရုတ်တရက် သူ့လက်ထဲမှာ ငွေပမာဏကြီးကြီးမားမားရှိနေပါက ဘယ်သူမဆို ထိုငွေတွေဟာ မသင့်တော်တဲ့နေရာက ရလာတယ်ဆိုပြီး သံသယဖြစ်ကာ ရဲကိုတောင် အကြောင်းကြားလိမ့်မည်။

အဲ့တာဆို သူ ဘာလုပ်သင့်လဲ။

အိမ်အသစ်ငှားလိုက်ရမလား။

ယဲ့ဖန် ခေါင်းငြိမ့်လိုက်သည်။ အဲ့တာက ပြဿနာမဟုတ်ပေမဲ့ အိမ်က သူ့အပိုင်မဟုတ်တာကြောင့် မလုံခြုံသလိုခံစားရစေသည်။

သူတွေးနေစဉ်မှာဘဲ စနစ်အကြောင်းကြားသံက စိတ်ထဲမှာ အသံမြည်လာသည်။

[ ဂုဏ်ယူပါတယ်၊ လက်ခံသူ။ ရတနာရှာဖွေခြင်းညွှန်ကြားချက် ပြီးမြောက်သွားတဲ့အတွက် သင့်ကို ဆုအဖြစ် ကျုံးထျန်းကန်သာယာအဆင့်မြင့်အိမ်ရာကို ရရှိပါသည်။ ]

[ ဆုကို ပြင်ဆင်ပြီးပါပြီ။ လက်ခံသူ၊ ကျေးဇူးပြု၍ စစ်ပြီး လက်ခံလိုက်ပါ။ ]

ထိုအချိန်မှာဘဲ စာရွက်စက္ကူအိတ်တစ်ခုက ဧည့်ခန်းထဲရှိ စားပွဲပေါ်တွင်ပေါ်လာသည်။

' အိမ်ရှိနေပြီသားလား '

ယဲ့ဖန် စိတ်လှုပ်ရှားတဲ့အမူအရာနဲ့ စားပွဲဆီသို့ လျင်လျင်မြန်မြန်လျှောက်သွားသည်။

စက္ကူအိတ်ကို ကောက်ကိုင်လိုက်ပြီး ဖွင့်လိုက်သည်။ အထဲမှာ ပစ္စည်းနှစ်ခုသာရှိသည်။ ကျုံးထျန်းကန်သာယာအဆင့်မြင့်အိမ်ရာဆိုတဲ့ ခေါင်းစဉ်နဲ့ စာချုပ်ရယ် အိမ်ရာသော့ရယ်ဖြစ်သည်။

ကျုံးထျန်းကန်သာယာအဆင့်မြင့်အိမ်ရာအကြောင်းကို သူအရင်က ကြားဖူးသည်။

အဲ့နေရာက ကျုံးဟိုင်မြို့တစ်ခုလုံးရဲ့ အဆင့်အမြင့်ဆုံးအိမ်ရာဟု ပြောကြသည်။

အဲ့တာက ဈေးမပေါလောက်ပေ။

အဲ့လိုဆိုရင်တောင်မှ သူ စာချုပ်ပေါ်က ၉၅သန်းဆိုတဲ့ဈေးကိုမြင်လိုက်ရတဲ့အခါ မထိန်းနိုင်ဘဲ လက်တွေတုန်လာတော့သည်။

ဆုက .....

ဒါက အရမ်းကို အံ့ဩစရာကောင်းလွန်းသည်။

သူကအခုတော့ သန်းတစ်ရာကျော်ရှိတဲ့လူတစ်ယောက်ဖြစ်ပြီ။

မိုက်လိုက်တာ။

အဲ့ဒီနောက် စာချုပ်နဲ့ သော့ကို စာအိတ်ထဲ ယဲ့ဖန် ပြန်ထည့်လိုက်ပြီး ကြမ်းပြင်ကို ပြန်စီဖို့ပြင်သည်။ ထို့နောက် ကားယူကာ သူ့အိမ်ရာဆီသို့ ငွေယွမ်၈သန်းကို လျှို့ဝှက်စွာ ပြောင်းရွှေ့ရန် အပြင်ထွက်လိုက်သည်။

သူ ထွက်ပြီးတာနဲ့ စနစ်မှ အကြောင်းကြားစာရောက်သံပေါ်လာသည်။

[ အခွင့်အရေးသစ်တစ်ခုကို ရှာဖွေတွေ့ရှိထားပါသည်။ နာရီဝက်အတွင်းတွင် လောင်စာတိုင်ကီကားက ပေါက်ကွဲမှာဖြစ်ပြီး ရှချူးက ထိုပေါက်ကွဲမှုမှာ သေဆုံးပါလိမ့်မည် .... ]

ရတနာရှာတဲ့အပြင် ဒီစနစ်က အခွင့်အရေးတွေရောပေးသေးတာလား။

ယဲ့ဖန် အနည်းငယ် အံ့ဩသွားရသည်။

ဒါပေမဲ့ ရှချူး ....

အဲ့ဒီရှချူးက သူသိတဲ့ ရှချုံဖြစ်နေမလား။

ရှချူးက နဂါးအင်ပါယာရဲ့ ထိပ်တန်းအဆိုတော်တစ်ဦးဖြစ်သည်။ သူမမှာ ချိုသာတဲ့အသံနဲ့ ဖြူစင်သန့်ရှင်းတဲ့အသွင်အပြင်တို့ရှိသည်။ သူမက နဂါးအင်ပါယာရဲ့ အကျော်ကြားဆုံးကြယ်ပွင့်လေးတစ်ပွင့်ဖြစ်သည်။

ယဲ့ဖန်လည်းဘဲ သူမကို အရမ်းကြိုက်သည်။

အခု ဒုက္ခရောက်တော့မှာက သူမဖြစ်နေနိုင်မလား။

ရုတ်တရက် သူအရင်က ဖတ်ဖူးတဲ့သတင်းတစ်ခုကို ယဲ့ဖန် သတိရသွားသည်။ အဲ့သတင်းထဲမှာ ရှချူးက ရက်အနည်းငယ်အတွင်း ကျုံးဟိုင်မြို့မှာ ဖျော်ဖြေပွဲကျင်းပလိမ့်မည်ဟုပြောထားသည် ....

အဲ့တာဆို တကယ်ဘဲ သူမလား။

သူမကို သူ ကယ်တင်ရမည်။

အကယ်၍ ဒုက္ခရောက်မယ့်သူက အမျိုးသမီးကြယ်ပွင့်တစ်ဦးမဟုတ်ရင်တောင်မှ ဒီအကြောင်းကို ယဲ့ဖန်သိထားပြီးပြီဖြစ်သည့်အတွက် အဲ့ဒီသူ ဒုက္ခရောက်မှာကို ဒီအတိုင်း ပစ်မထားနိုင်ပေ။

ဘာဘဲဖြစ်ဖြစ် စနစ်က ညွှန်ကြားချက် ပြီးမြောက်သည့်အတွက် သူ့ကို ဆုတွေအများကြီးပေးပြီးပြီဖြစ်သည်။

စနစ်ရဲ့ ရက်ရောမှုအတိုင်းသာဆို ဒီတစ်ကြိမ်ရမယ့်ဆုကလည်း သေချာပေါက် အဖိုးတန်လိမ့်မည်။

ယဲ့ဖန် မျှော်လင့်စိတ်တို့ ကြီးစိုးလာသည်။

အဲ့ဒီနောက် သူ စားပွဲပေါ်က စာအိတ်ကိုယူပြီး တံခါးကိုသော့ခတ်ကာ လှေကားအောက်ပြေးဆင်းလာသည်။

ကျုံးရှန်လမ်းက သူငှားနေသည့်အိမ်ကနေ သိပ်မဝေးပေ။ သူ အငှားကားစီးလျှင် သူအဲ့ဒီကို ဆယ်မိနစ်အတွင်းရောက်နိုင်သည်။

သို့ပေမဲ့ .....

ဒီနေရာက အိုဟောင်းယိုယွင်းနေသည့်ပတ်ဝန်းကျင်ဖြစ်တာကြောင့် အငှားကားတားဖို့ မဖြစ်နိုင်ပေ။

' ထားလိုက်တော့၊ ငါ့စက်ဘီးဘဲ စီးသွားတော့မယ် '

ယဲ့ဖန် အများသုံးစက်ဘီးကိုကြည့်လိုက်ပြီးနောက် ချက်ချင်းဘဲ အကြောင်းကြားစာရောက်သံ စိတ်ထဲပေါ်လာသည်။

[ ရတနာရှာခြင်းစနစ်က သင့်ကို လမ်းပြပါတော့မယ်။ လမ်းကြောင်းစီမံခြင်းကို အသက်သွင်းလိုက်ပါပြီ။ အခုလက်ရှိလမ်းကနေ ထွက်ပြီး အရှေ့ကို မီတာ ၅၀၀ စီးသွားပါ။ ရုံကန်လမ်း၊ ရှင်းဟွလမ်းတို့ကို ဖြတ်သွားပါလိမ့်မယ်။ ခရီးစဉ်က ၈.၃ ကီလိုမီတာဝေးပြီး ခန့်မှန်းကြာချိန်က ၂၅မိနစ်ဖြစ်ပါသည်။ ]

စက်ဘီးစီးတာက အဲ့လောက်ကြီးကြာတာလား။

ယဲ့ဖန် သူ့ဖုန်းကို ကြည့်လိုက်သည်။ မတော်တဆမမဖြစ်ခင် ၂၈မိနစ်သာကျန်တော့သည်။

အချိန်က အဓိကကျနေသည်။

ယဲ့ဖန် စက်ဘီးပေါ်တက်ကာ ခြေထောက်တွေကို အလျင်အမြန်လှုပ်ရှားလိုက်သည်။

ကျုံးဟိုင်မြို့တွင် ၁၀လပိုင်းရောက်တာတောင်မှ အပူချိန်က အလွန်မြင့်မားနေဆဲဖြစ်သည်။

မနက် ကိုးနာရီသာရှိသေးသော်လည်း နေက ကျစ်ကျစ်တောက်ပူနေပြီဖြစ်ပြီး လမ်းမပေါ်မှာ ဘယ်သူမှမရှိပေ။

ရံဖန်ရံခါ တစ်ယောက်နှစ်ယောက်တွေ့သော်ငြား သူတို့အားလုံးက ထီးဆောင်းထားကြသည်။

ယဲ့ဖန် သူတို့ရဲ့အကြည့်ကို ဂရုမစိုက်ဖို့ အချိန်မရှိချေ။ သူ ထိုလူကို ကယ်တင်ဖို့ ကျုံးရှန်လမ်းကို အမြန်သွားရန်သာလောနေသည်။

ရှချူးက တေးဂီတလောကတွင် လွှမ်းမိုးနိုင်သူဖြစ်သည်။ သူမက ကျုံးဟိုင်မြို့ကို ဖျော်ဖြေပွဲတင်ဆက်ရန်လာပြီး အရာရှိတွေဆီကတောင်မှ ထောက်ခံမှု အကြီးအကျယ်ရရှိခဲ့သည်။

ပိုစတာပေါ်တွင် ရှချူးက အနီရောင်ဂါဝန်ရှည်ကိုဝတ်ထားကာ သူမရဲ့နက်မှောင်တဲ့ဆံပင်က လေထဲမှာပျံဝဲနေပြီး အလွန်ကိုလှပနေသည်။

နိုင်ငံရဲ့နတ်ဘုရားမဆိုတဲ့အတိုင်းဘဲ။

သူမကို အပြင်မှာတွေ့နိုင်မယ်ဆိုတဲ့အတွေးနဲ့တင် သူ စိတ်လှုပ်ရှားလာသည်။

သူ့ အခန်းဖော်ကလည်း ရှချူးရဲ့ အားပေးသူတစ်ယောက်ဖြစ်တယ်ဆိုတာကို ယဲ့ဖန်သတိရလိုက်သည်။ ကောင်းပြီ၊ သူ ရှချူးဆီကနေ လက်မှတ်တောင်းပြီး ပြန်တဲ့အခါ အဲ့ဒီကောင်ကို ....

သူ့အတွေးတို့အထိန်းအကွပ်မဲ့နေရင်း သူ စက်ဘီးကိုလည်း အပြင်းအထန်နင်းနေသည်။

၂၄မိနစ်ကြာပြီးနောက် ယဲ့ဖန် ကျုံးရှန်လမ်းဆီသို့ရောက်လာခဲ့သည်။

[ ရတနာရှာခြင်းစနစ်က သင့်ကို ဆက်လက်ညွှန်ပြပေးပါတော့မယ်။ ကျေးဇူးပြုပြီး လက်ရှိလမ်းကနေ မီတာ ၁၀၀ သွားပြီးနောက် ခရီးပန်းတိုင်ဆီသွားပါ။ ]

အရှေ့ကို မီတာ ၁၀၀ လား။

ယဲ့ဖန် သူ့နဖူးက ချွေးတို့ကိုသုတ်ပြီး ရှေ့ကိုကြည့်လိုက်သည်။

အဲ့ဒီမှာ မီးပွိုင့်ရှိနေသည်။

မီးပွိုင့်အောက်မှာ လောင်စာတိုင်ကီကားရှိနေပြီး ထိုကားအနောက်မှာ Mercedes Benz RV ကားတစ်စီးရှိနေသည်။

အပိုင်း (၃)

အော်စကာက ငါ့ကို အော်စကာဆုပေးရမယ်။

အဲ့ကားအနောက်က Mercedes Benz RV ကားဟာ ယဲ့ဖန်ရဲ့ ပစ်မှတ်ဖြစ်မှန်း သူတွေးကြည့်စရာပင်မလိုချေ။

ချက်ချင်းဘဲ ရှေ့ဆီသို့ စတင်နင်းတော့သည်။

ယဲ့ဖန် Mercedes Benz RV ကားနားရောက်တဲ့အခါ မီးပွိုင့်ကစိမ်းသွားသည်။

လောင်စာကားက ရှေ့ကိုဆက်ပြီးရွေ့နေသည်။

Mercedes Benz RV ကားသမားကလည်း ကားကို စထွက်တော့မည့်အချိန်မှာဘဲ အပြာရောင်စက်ဘီးတစ်စီးက ရုတ်တရတ်ကားရှေ့ပြေးဝင်လာတာကို မြင်လိုက်သည်။

ဘာတွေဖြစ်နေတာလဲ။

ရိုက်စားလုပ်မလို့လား။

ကားသမားက တွေဝေနေစဉ်မှာဘဲ စက်ဘီးက ကားရှိရာဘက်ကို ခေါင်းတည်လာသည်။

အဲ့ဒီနောက် ယဲ့ဖန်က ကားရှေ့ဖုံးကို တိုက်ချလိုက်သည်။

သူ တကယ်ဘဲ ရိုက်စားလုပ်တဲ့သူနဲ့ ကြုံနေရတာလား။

ကားသမားရဲ့မျက်လုံးတို့ ဆက်ခနဲတွန့်သွားသည်။

သူက ရဲကို တိုက်ရိုက်ခေါ်ချင်ပေမဲ့ ကားပေါ်မှာရှိနေတဲ့သူရဲ့ အနေအထားကိုတွေးမိတာကြောင့် သူကအရင် ကားထဲကနေထွက်ကြည့်ကာ တစ်ဖက်သူနဲ့ညှိနှိုင်းဖို့ဆုံးဖြတ်လိုက်သည်။ သူတောင်းဆိုတဲ့ပိုက်ဆံပမာဏ မများလျှင်တော့ ဒီအတိုင်း ငွေသုံးပြီး ပြဿနာဖြေရှင်းလိုက်သည်ဟုသာ စိတ်ထဲထားလိုက်မည်။

သူ ကားထဲကထွက်လာတဲ့အခါ ယဲ့ဖန်လည်း မြေကြီးပေါ်က ထလာသည်။

သီးသန့်အငှားကားသမားက သူ့ဆီ လျှောက်လာတာကိုမြင်တဲ့အခါ ယဲ့ဖန် ကြောက်လန့်နေသည့်အမူအရာဖြင့် အလောတကြီးဆိုလိုက်သည်။

" ဦးလေး၊ ကျွန်တော် တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ စက်ဘီးစီးသင်ထားတာ မကြာသေးလို့ပါ။ ကားကို တိုက်မိသွားဖို့ မရည်ရွယ်ပါဘူး "

ဒါဆို သူက ရိုက်စားသမားမဟုတ်ဘူးပေါ့။

ကားသမားက သက်ပြင်းချပြီး ယဲ့ဖန်ကို ထွက်သွားဖို့ပြောရန် ပြန်နေချိန်မှာဘဲ ယဲ့ဖန်က ရုတ်တရက်ကြီး ထအော်သည်။

" အာ၊ ခင်ဗျားဘဲ ...... ခင်ဗျားက ရှရှရဲ့ ကားသမား မလား "

ရှရှဆိုတာ သူ့ပရိတ်သတ်တွေက ရှချူးကို ချစ်စနိုးခေါ်သည့်နာမည်ဖြစ်သည်။

အဲ့လိုပြောသည့်အခါ သူက ရှချူးကို ရူးသွပ်နေသည့် ပရိတ်သတ်တစ်ယောက်အလား လိုလိုလားလားကို အကဲပိုပြလိုက်သည်။

အဲ့တာကိုမြင်တဲ့အခါ ကားသမားခေါင်းကိုက်လာသည်။

သူက ပုံမှန်ဆိုရင် လူတွေကြားမှာ မျက်နှာပြလေ့မရှိပါဘူး၊ ဒါကို ဒီကလေးက ဘယ်လိုဖြစ်ပြီး သူ့ကိုမှတ်မိနေရတာလဲ။

သူက ရှချူးရဲ့ကားသမားမဟုတ်မှန်း ရှင်းပြတော့မယ့်အချိန်မှာဘဲ ကားတံခါးပွင့်လာသည်။

အသက်နှစ်ဆယ်နောက်ပိုင်းအရွယ်ရှိပြီး မျက်နှာစံနှုန်း ၈၀နဲ့အထက်ရှိတဲ့ အမျိုးသမီးတစ်ယောက် ကားပေါ်ကဆင်းလာသည်။

သူမက ရှချူးရဲ့ မန်နေဂျာဖြစ်သည်။ သူမ မျိုးရိုးနာမည်က ဝမ်ဖြစ်ပြီး သူမကို လူတွေက အစ်မဝမ်လို့ ခေါ်ကြသည်။

အစ်မဝမ်က ကားသမားဆီလျှောက်လာပြီးမေးသည်။

" ဘာတွေဖြစ်နေတာလဲ "

ကားကို တစ်ယောက်ယောက်တိုက်မိသွားတာသာထင်လိုက်ပြီး မတော်တဆဖြစ်တာလို့ထင်တာကြောင့် မြန်မြန်ဆင်းလာပြီး စစ်ကြည့်တာဖြစ်သည်။

" အစ်မဝမ်၊ အဲ့တာက ..... "

ကားသမားက အခြေအနေကို အစ်မဝမ်အား မြန်မြန်ရှင်းပြသည်။

အကျိုးအကြောင်းကြားတဲ့အခါ အစ်မဝမ်က မျက်မှောင်ကြုတ်သည်။

သူက ကားကို မတော်တဆတိုက်မိပြီး ကားသမားကိုမှတ်မိတယ်ဆိုတာက သာမန်တိုက်ဆိုင်မှုတစ်ခုဆိုတာထက်ပိုလွန်းနေသည်။

မတတ်နိုင်ဘဲ ရှချူးကိုတွေ့ဖို့ ဂွင်ဆင်တာလားဆိုပြီး အသက်နှစ်ဆယ်လို့တောင်မထင်ရတဲ့ ဒီကောင်လေးအပေါ် သံသယဝင်မိသည်။

သူက သတင်းသမားများလား။

သူက ဒီမှာ သူတို့ကို စောင့်နေခဲ့တာလား။

မဟုတ်ပါဘူး၊ ဒီနေ့အချိန်ဇယားကို ချမပြထားတာကြောင့် သူတို့ ဒီလမ်းကိုဖြတ်မယ်ဆိုတာ သူက လုံးဝသိနိုင်စရာအကြောင်းမရှိဘူး။

အဲ့ဒီအပြင် ဒီကောင်လေးကို ဒီလမ်းပေါ်မှာလည်း အရင်က မမြင်ဖူးပါဘူး။

ဘာတွေဖြစ်နေတာလဲ။

အစ်မဝမ် နားမလည်နိုင်တော့ပေ။

အဲ့တာကြောင့် တည့်ဘဲမေးလိုက်သည်

" မင်း ရည်ရွယ်ချက်က ဘာလဲ "

" ရည်ရွယ်ချက်လား "

ယဲ့ဖန် လန့်ဖျပ်သွားရသည်။ သူ့ရည်ရွယ်ချက် ပေါ်သွားပြီလို့ထင်သွားခဲ့သည်။

ဒါပေမဲ့ အစ်မဝမ်ရဲ့ မရေရာတဲ့အကြည့်ကိုတွေ့တဲ့အခါ သူနဲ့ပတ်သက်ပြီး အချက်အလက်အစ်အောက်မေးနေမှန်းသာ သိလိုက်တာကြောင့် ချက်ချင်းခေါင်းခါပြလိုက်သည်။

" အစ်မ၊ ကျွန်တော့်မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။ အစ်မသိချင်ရင် ကျွန်တော့်ကို ရှရှနဲ့ တွေ့ခွင့်ပေးပါလား "

" မင်းက တကယ်ရှရှပရိတ်သတ်လား "

အစ်မဝမ်က ယဲ့ဖန်ရဲ့ပုံစံအစစ်နဲ့ပတ်သက်ပြီး မရေမရာဖြစ်ကာ သံသယဝင်နေသေးသည်။

ယဲ့ဖန်က အစ်မဝမ်ကို အပြစ်ကင်းတဲ့မျက်နှာထားနဲ့ကြည့်ပြီး

" ဟုတ်ပါတယ်။ ရှရှက ကျွန်တော့်ရဲ့ နတ်ဘုရားမပါ။ သူမကို အရမ်းကိုကြိုက်တာပါ။ ခဏလောက်ဖြစ်ဖြစ်တွေ့လို့ရမလား "

" မရဘူး "

အစ်မဝမ် ခေါင်းခါသည်။

ဘယ်လောက်ဘဲ ယဲ့ဖန် အန္တရာယ်မရှိတဲ့ပုံပေါ်နေပါစေ လုံခြုံရေးအတွက် သူစိမ်းတစ်ယောက်ကို ရှချူးနားကပ်ခွင့်မပေးနိုင်ပါ။

ကားသမားက ဘယ်သူ့ကိုမှ မတိုက်မိတာကြောင့် ဒီမှာ ဆက်ပြီး အချိန်ဖြုန်းမနေချင်တော့ဘဲ ယဲ့ဖန်ကို အဝေးနှင်ထုတ်ဖို့ အကြောင်းပြချက်တစ်ခု ချက်ချင်းရှာရတော့သည်။

ရုတ်တရက် ခရမ်းဖျော့ရောင်ပုံရိပ်လေးက ကားပေါ်ကဆင်းလာသည်။

အဲ့တာက ရှချူးဘဲ။

သူမရဲ့ ရုပ်ရည်က အနည်းဆုံး ၉၃ မှတ်ရှိပြီး ခန္ဓာကိုယ်အချိုးအစားကလည်း ၉၃ မှတ်အနည်းဆုံးရှိသည်။

သူမမျက်နှာက ဖြူစင်ရိပ်ရှိပေမဲ့ သူမ ပုံစံက ရင့်ကျက်ပုံပေါ်သည်။ သူမက ဓာတ်ပုံတွေ ဗီဒီယိုတွေထဲကထက်တောင် အပြင်မှာ ပိုပြီးဆွဲဆောင်မှုရှိသည်။

သူမ ထွက်လာတာကို အစ်မဝမ်မြင်တဲ့အခါ အမူအရာပြောင်းသွားသည်။

" ရှရှ၊ ဘာလို့ ကိုယ်တိုင်ဆင်းလာတာလဲ။ ဒီမှာ ဖြေရှင်းလို့ပြီးတော့မှာကို သွားပြီး ဆက်နားနေလိုက် "

ပြောနေရင်း အစ်မဝမ်က ယဲ့ဖန်ကို စောင့်ကြည့်တဲ့အမူအရာနဲ့ကြည့်နေသည်။

ယဲ့ဖန် ပြောစရာစကားမဲ့သွားရသည်။

သူက အဲ့လောက်တောင် ဆိုးသွမ်းတဲ့သူရုပ်ပေါက်နေလို့လား။

အစ်မဝမ်ရဲ့စကားကိုကြားတဲ့အခါ ရှချူးကို ခပ်ဖျော့ဖျော့ပြုံးသည်။

" အစ်မဝမ်၊ အစ်မတို့ပြောနေတာကိုအကုန်ကြားပြီးသားပါ "

သူမ စကားပြောပြီးတဲ့နောက် ယဲ့ဖန်ကို ကြည့်လာသည်။ သူမ မျက်လုံးတွေက သိချင်စိတ်တို့ပြည့်နှက်နေသည်။

အစ်မဝမ်က အဲ့တာကိုမြင်တဲ့အခါ ဘာမှဆက်မပြောတော့ဘဲ ရှချူးနားကိုသာ ပိုကပ်သွားသည်။ တစ်ခုခုဖြစ်လာပါက ရှချူးကို ချက်ချင်း ကာကွယ်ပေးနိုင်ရန်ဖြစ်သည်။

" ငါ့ရဲ့ကားကို အဝေးကြီးကတည်းကတွေ့တာကြောင့် အလောတကြီးလာပြီး တားတာလား "

ရှချူးက စက္ကန့်အနည်းငယ်ကြာပြီးနောက်မေးသည်။

သူမအသံက အရမ်းကိုတည်ငြိမ်နေပြီး ဒါနဲ့ပတ်သက်၍ စိတ်ဆိုးပုံလည်းမရချေ။ အဲ့ဒီအစား အနည်းငယ်စိတ်ပူပုံသာရသည်။

ရှချူးက တခြားသူတွေထက်သာတဲ့ပုံစံမပြတာကြောင့် ယဲ့ဖန် သူမအပေါ်အထင်ကြီးမှုပိုတိုးသွားရတော့သည်။

သူ့ရဲ့ ဆိုးဝါးလှတဲ့ သရုပ်ဆောင်မှုက ရှချူးအပေါ် အလုပ်မဖြစ်မှာသိတာကြောင့် ပွင့်ပွင့်လင်းလင်းဘဲဝန်ခံလိုက်သည်။

" ကျွန်တော့်လုပ်ရပ်ကို ရိပ်စားမိမယ်မှန်း မထင်ထားဘဲ ရှရှ "

" ကားနံပါတ်ပြားက ရင်းနှီးနေပေမဲ့ ရှရှမှန်း မသေချာခဲ့ဘူး။ ဒါပေမဲ့ ကားသမားကိုမြင်တော့ သေချာသွားတာ "

" ရှရှ၊ ကျွန်တော် အစ်မကို အများကြီးသဘောကျတာပါ။ လက်မှတ်ကလေးများ ရနိုင်မလား "

" ဒါပေါ့၊ ရပါတယ် "

ရှချူး ပြုံးလိုက်သည်။

သူက စာရွက်နဲ့ဘောပင်ထုတ်လိုက်သည်။

သူမ လက်မှတ်ထိုးပြီးတဲ့အခါ စာရွက်ကို ယဲ့ဖန်ဆီ ပြန်ပေးလိုက်ရင်း ကလေးတွေကိုဆူသည့်လေသံဖြင့်ပြောသည်။

" ဒါပေမဲ့ မောင်လေး၊ နောက်ဆို ဒီလိုမလုပ်ပါနဲ့။ ဒါက အရမ်းကိုအန္တရာယ်များတယ်၊ နားလည်ရဲ့လား "

ယဲ့ဖန် မြန်မြန်ခေါင်းငြိမ့်ပြသည်။

သူ လက်မှတ်ကိုသိမ်းပြီးတဲ့နောက် လောင်စာတိုင်ကီကားကို ကြည့်လိုက်သည်။

တိုင်ကီကားက မီတာ ၅၀၊ ၆၀ လောက်ထိသာ မောင်းသွားရသေးတာဖြစ်တာကြောင့် အန္တရာယ်ရှိနေသေးသည်။

အဲ့တာကြောင့် ရှချူးကို အပူကပ်ပြီး သူမနဲ့ စကားပြောနေလိုက်သည်။

အပိုင်း(၄)

နာမည်ကြီးကြယ်ပွင့်ကို ဘေးကကြည့်ရင်း ပျောက်ကွယ်သွားသည်။

သူတို့စကားပြောနေရင်း ယဲ့ဖန်နှင့် ရှချူးတို့ နောက်နှစ်ရက်မှာ ကျင်းပမယ့် ဖျော်ဖြေပွဲအကြောင်း ပြောဖြစ်ကြသည်။

" ကျွန်တော် လက်မှတ်မရလိုက်တာ နာတာဘဲဗျာ "

ယဲ့ဖန်က နောင်တရသည့်အမူအရာဖြင့်ပြောသည်။

" မဟုတ်ရင် ကျွန်တော် ဖျော်ဖြေပွဲကိုသွားပြီး တိုက်ရိုက်ကြည့်နိုင်မှာကို "

ရှချူးက ပြုံးပြီး နူးညံ့စွာဖြင့် နှစ်သိမ့်ပေးသည်။

" ရပါတယ်။ မင်း အွန်လိုင်းပေါ်ကနေ ကြည့်လို့ရတာဘဲ "

" ဟုတ်ပါတယ်။ ဒါပေမဲ့ အပြင်မှာတိုက်ရိုက်မြင်ရတာနဲ့တော့ကွာတာပေါ့။ ရှရှ၊ နောက်ကျရင်ရော ဖျော်ဖြေပွဲတွေလုပ်ဖို့ ကျုံးဟိုင်ကို လာဦးမှာလား "

" အသေအချာတော့မပြောနိုင်ဘူး။ အခွင့်အရေးရှိရင်တော့ လာမှာပါ။ အို၊ ဟုတ်သားဘဲ "

ရှချူး ပြုံးကာ မေးသည်။

" မင်းကိုကြည့်ရတာ ကျောင်းသားဘဲရှိဦးမယ်၊ ဟုတ်တယ်မလား "

" ဟုတ်တယ် "

ယဲ့ဖန်ခေါင်းငြိမ့်ပြသည်။

" ကျွန်တော်က ဒီနှစ်မှ ပထမနှစ်ပါ "

" သိပြီ .... "

ရှချူး ခေါင်းငြိမ့်ပြပြီးနောက် တွန့်ဆုတ်သွားသည်။

ယဲ့ဖန်ရဲ့အဝတ်အစားတွေကိုကြည့်ရုံနဲ့ သူက သာမန်မိသားစုကမှန်းသိနိုင်သည်။

သူမဖျော်ဖြေပွဲရဲ့ ဈေးအပေါဆုံးလက်မှတ်ကတောင်မှ ယွမ်၅၀၀ကျသင့်တာကြောင့် လက်မှတ်အတွက်နဲ့ ယဲ့ဖန်ကို မရုန်းကန်စေချင်ပေ။

ယဲ့ဖန်ကို အထင်သေးတာမဟုတ်ပေမဲ့ လက်မှတ်လေးအတွက်နဲ့ အဲ့လိုလုပ်ဖို့ မတန်ဘူးလို့ ခံစားရသည်။ အကြာကြီးမစားမသောက်စုဆောင်းပြီးမှ ဖျော်ဖြေပွဲလေးကြည့်ဖို့အတွက် မတန်ပေ။

သူမရဲ့ပရိတ်သတ်တွေနဲ့ ကျောင်းသားတွေကိုလည်း မကြာခဏ ထိုစကားများပြောလေ့ရှိသည်။

ဒါပေမဲ့ သူမနဲ့ ယဲ့ဖန်ဟာလည်း မရင်းနှီးတဲ့အပြင် သူ့စိတ်ထားကိုလည်းမသိပေ။ ဒါကြောင့် သူမ အများကြီးပြောလိုက်ပါက သူ့ရဲ့မာနကိုလည်း ထိခိုက်မိမှာစိုးရိမ်တာကြောင့် ဘာမှမပြောဘဲသာနေလိုက်သည်။

ရှချူးရဲ့အမူအရာအရ သူမ ဘာပြောချင်နေလဲဆိုတာကို ယဲ့ဖန်နားလည်ပါသည်။

သူ ဖျော်ဖြေပွဲကို တကယ်ကြီးမသွားချင်ခဲ့ပေမဲ့ ရှချူးက သူမ ပရိတ်သတ်အတွက် စဉ်းစားပေးတာကိုမြင်ရတဲ့အခါ သူမအပေါ်ထားရှိတဲ့အကောင်းမြင်မှုက ပို၍တိုးလာတော့သည်။

သူက လောင်စာတိုင်ကီကားကို ထပ်ကြည့်လိုက်သည်။

ကားသမားက မီတာ၁၀၀လောက်သာ မောင်းသွားရသေးသည်။

နှေးလွန်းလိုက်တာ။

သူတို့ တစ်ခုခုပြောနေရင်း မောင်းနေလို့များလား။

ယဲ့ဖန်က အရှေ့ကို တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်တာကို ရှချူးမြင်တာကြောင့် အနည်းငယ်ထူးဆန်းနေသည်။

သူက တစ်ခုခုကိုစောင့်နေတာများလား။

သူမ မေးဖို့ပြင်နေချိန်မှာဘဲ ယဲ့ဖန်က အရင်စပြောလိုက်သည်။

" ရှရှ၊ ကျွန်တော် ခင်ဗျားနဲ့အတူတူ ဓာတ်ပုံရိုက်လို့ရမလား "

" ရှရှ၊ ငါတို့ ဒီမှာတော်တော်အချိန်ကြာနေပြီ။ ငါတို့သွားသင့်နေပြီ "

ရှချူးပြန်မပြောခင်မှာဘဲ အစ်မဝမ်က အရင်ပြောလိုက်သည်။

သူမသာအရင် စမပြောပါက ယဲ့ဖန်က ရှချူးနား ဆက်ပြီးကပ်နေလိမ့်ဦးမည်။

သူတို့ မရှိဆင်းရဲသားများထောက်ပံ့ရေးလေလံတင်တဲ့ပွဲကို သွားဖို့ရှိသေးတာကြောင့် သူတို့ ဒီမှာ ဒီထက်ပိုကြာကြာမနေသင့်ပေ။

ရှချူးလည်းဘဲ အချိန်သိပ်မရှိတာသိပေမဲ့ ယဲ့ဖန်ရဲ့မျှော်လင့်စောင့်စားနေတဲ့မျက်လုံးတွေကိုမြင်တဲ့အခါ သူ့ကို ငြင်းလိုက်ဖို့ အနည်းငယ်ရှက်နေသည်။

" အစ်မဝမ်၊ ပုံအတူတူရိုက်လိုက်ရအောင်ပါ။ အရမ်းကြာမှာမဟုတ်ပါဘူး "

အစ်မဝမ်ကို စောင့်ဖို့ အချက်ပြပြီးနောက် သူမက ယဲ့ဖန်ကို ခေါင်းငြိမ့်ပြလိုက်သည်။

ထိုအရာကိုမြင်တဲ့အခါ ယဲ့ဖန်ရဲ့ ရှချူးအပေါ် အကောင်းမြင်မှုက ပိုပိုမြင့်လာခဲ့သည်။

သူမက ဖြူစင်လှပပြီး ကြင်နာတတ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်သည်။ စနစ်ရဲ့ဆုလာဘ်တွေကြောင့် မဟုတ်ရင်တောင်မှ သူမကိုကယ်တင်ဖို့ သူတွန့်ဆုတ်မိမှာမဟုတ်ချေ။

အဲ့ဒီနောက် ဖုန်းကိုထုတ်လိုက်ပြီး ရှချူးနဲ့အတူ ဓာတ်ပုံရိုက်ခဲ့သည်။

ဓာတ်ပုံရိုက်နေရင်း ကားကိုလည်း လှမ်းကြည့်ခဲ့သည်။

ပုံတွေအများကြီးရိုက်ပြီးတဲ့နောက် လောင်စာကားက အန္တရာယ်လွတ်မယ့်နေရာဆီသို့ရောက်သွားပြီဖြစ်သည်။

ယဲ့ဖန် သက်ပြင်းချလိုက်သည်။ အစ်မဝမ်ရဲ့ အမြင်မကြည်တော့တဲ့အကြည့်တွေကိုမြင်တဲ့အခါ သူ့ဖုန်းကိုပြန်သိမ်းပြီး ရှချူးကို ပြောသည်။

" ရှရှ၊ ခင်ဗျားရဲ့အချိန်တွေကိုယူမိလို့ တောင်းပန်ပါတယ် "

" ကိစ္စမရှိပါဘူး " ဟုဆိုပြီး ရှချူး ခေါင်းခါပြသည်။

အဲ့ဒီနောက် ကားထဲကိုဝင်လိုက်သည်။

ရုတ်တရက်ဘဲ အရှေ့မှ အရေးပေါ်ဘရိတ်အုတ်သံကို ကြားလိုက်ရသည်။

ထို့နောက် လောင်စာကားက လမ်းဘေးကအကာတွေကို ဘန်းခနဲတိုက်မိသံအကျယ်ကြီးပေါ်ထွက်လာသည်။

ဘွန်း

နားကွဲမတတ်ကျယ်လောင်သောအသံကြီးထွက်လာသည်။

လောင်စာကားက ပေါက်ကွဲသွားတော့သည်။

ခဏလေးအတွင်းမှာဘဲ မီးတောက်တွေက ဆယ်မီတာထက်မနည်းမြင့်ကာ ကောင်းကင်ထိလျှံတက်နေသည်။

တလိမ့်လိမ့်လှိုက်တက်နေသော မီးခိုးလုံးကြီးတွေကလည်း ပတ်ဝန်းကျင်တစ်လျှောက် မည်းတက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာဘဲ အဲ့ကားတစ်ဝိုက်မီတာတစ်ရာပတ်လည်ကရှိသမျှအရာတွေအားလုံး မြေပေါ်လဲကျကုန်တော့သည်။

ရှချူးနဲ့ အခြားနှစ်ယောက်ဟာ မြင်ကွင်းကိုကြည့်ရင်း ဖြူဖျော့ကုန်ကြသည်။

ခဏအကြာမှာမှ အသိဝင်လာကြတော့သည်။

အသိဝင်လာတာနဲ့ အစ်မဝမ်နှင့် ကားသမားတို့ရဲ့ယဲ့ဖန်အပေါ်အကြည့်က ပြောင်းသွားကြသည်။

ယဲ့ဖန်က သူတို့အချိန်ကို နှောင့်နှေးစေတာက နည်းနည်းစိတ်ရှုပ်စရာကောင်းပေမဲ့ ယဲ့ဖန်သာ သူတို့ကို မတားခဲ့ဘူးဆိုလျှင် သူတို့ကားနဲ့ အဲ့ဒီလောင်စာကား အကွာအဝေးအရ သူတို့လည်း .......

ရှချူးမျက်နှာဟာလည်း လန့်ကာ အကြောက်တရားတို့နှင့် ပြည့်နှက်နေသည်။

အစ်မဝမ်ကို ရဲနဲ့ လူနာတင်ယာဉ်ကားဆီအကြောင်းကြားဖို့ အချက်ပြပြီးတဲ့နောက် ယဲ့ဖန်ကို ရှုပ်ထွေးတဲ့အကြည့်ဖြင့်ကြည့်လိုက်သည်။

ယဲ့ဖန်က အရှေ့ကိုကြည့်နေတာကို သူမ သတိထားခဲ့ပြီးသားဖြစ်သည်။

ထိုအချိန်တုန်းက ယဲ့ဖန်က တစ်ယောက်ယောက်ကိုစောင့်နေခဲ့တာလို့ထင်ခဲ့ပေမဲ့ အခုတွေးကြည့်လိုက်တော့ သူက လောင်စာတိုင်ကီကားကို လှမ်းကြည့်နေတာဖြစ်နိုင်သည်။

ဒါကြောင့် သူမ အခုနည်းနည်းသံသယဝင်မိသည်။ ယဲ့ဖန်က လောင်စာကားမတော်တဆဖြစ်မှာကို သိနေခဲ့တာလား။ သူက သူမနဲ့အတူ တမင်တကာစကားတွေပြော၊ ပုံတွေရိုက်ပြီး အချိန်ဆွဲခဲ့တာလား .....

သူမရဲ့ လှုပ်ရှားမှုတွေကို ယဲ့ဖန်သတိထားမိပေမဲ့ သူ့ရှေ့က မီးလောင်နေတဲ့ တိုင်ကီကားကို တကယ်ကြောက်နေတဲ့အလား ထိတ်လန့်ပြနေခဲ့သည်။

အဲ့တာကိုမြင်တဲ့အခါ ရှချူးမတတ်နိုင်ဘဲ သံသယသာဖြစ်မိသည်။ သူမ အတွေးလွန်နေတာများလား။

တကယ်ဘဲ တိုက်ဆိုင်တာဖြစ်နေမလား။

အဲ့တာဆို ခုနတုန်းက လောင်စာကားကိုလှမ်းကြည့်နေတဲ့ သူ့အပြုအမူတွေကိုရော ဘယ်လိုရှင်းပြရမလဲ။

သူမတွေးနေစဉ်မှာဘဲ အစ်မဝမ်ရဲ့အသံကိုကြားလိုက်သည်။

" ရှရှ၊ အရမ်းကြီးလန့်မသွားဘူးမလား "

ရှချူးခေါင်းခါပြသည်။ သူမ ယဲ့ဖန်ကို ပြုံးပြလိုက်သည်။

" ဒါနဲ့ ငါ မင်းကို ဘယ်လိုခေါ်ရမလဲ "

ယဲ့ဖန်က ရှချူးကို သူ့အချက်အလက်တွေပေးလိုက်ပြီူ သူ့ကို ဆက်သွယ်နိုင်မည့်အချက်အလက်ကို ပေးလိုက်သည်။

ရှချူး မှတ်လိုက်ပြီး ရယ်လိုက်သည်။

" ယဲ့ဖန်၊ ဘာဘဲဖြစ်ဖြစ် မင်းက ငါ့အသက်ကို ကယ်ခဲ့တာဘဲ။ လာမယ့်နှစ်ရက်မှာတော့ အလုပ်ရှုပ်နေမှာဆိုတော့ အားရင် ထမင်းလိုက်ကျွေးပါ့မယ် "

" ဟုတ်ကဲ့ပါ "

ယဲ့ဖန် ခေါင်းငြိမ့်လိုက်ပြီး အချိန်ကို ကြည့်ချင်ဟန်ဆောင်လိုက်ကာ ပြောလိုက်သည်။

" အို၊ အတန်းစတော့မယ် "

" ရှရှ၊ ကျွန်တော် အခုသွားရတော့မယ်။ ကျွန်တော့်ကို ထမင်းလိုက်ကျွေးဖို့ စောင့်နေမယ်နော် "

အဲ့ဒီနောက် စက်ဘီးပေါ်ပြန်တက်ကာ မြန်မြန်ပြန်သွားခဲ့သည်။

သူထိုနေရာမှထွက်သွားတာနဲ့ အကြောင်းကြားစာ စိတ်ထဲပေါ်လာသည်။

[ ကံကြမ္မာညွှန်ကြားချက်ကို ပြီးမြောက်သွားတဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါသည်။ ယွမ်သန်း၁၀၀ငွေသားကို ဆုအဖြစ်ရရှိပါသည်။ ဆုကို ပြင်ဆင်ပြီးဖြစ်ပါသည်။ ]

All Chapters