← Chapters

အပိုင်း ၅-၈

Vol. 1 Ch. 5-8

အပိုင်း ၅-၈

Vol. 1 Ch. 5-8

အပိုင်း(၅)

ကျုံးထျန်းကန်သာယာအဆင့်မြင့်အိမ်ရာပိုင်ရှင်

ျီးဘဲ။

ငွေသား ယွမ်သန်း၁၀၀တောင်မှဟ။

မိုက်လိုက်တာ။

ကယ်တင်မှုကနေ ဒီလောက်တောင်တန်ကြေးရလိုက်လို့ ယဲ့ဖန် အပျော်လွန်နေသည်။

သူ့ဖုန်းမျက်နှာပြင်ကလင်းလာပြီး ဘဏ်လက်ကျန်ငွေမှတ်တမ်းက ငွေပမာဏ ၁၀၀,၀၀၀,၁၀၇.၆၃ ယွမ်လို့ ပြောင်းသွားကြောင်း အကြောင်းကြားစာလက်ခံရရှိသည်။ ပထမဆုံးအနေနဲ့ ယဲ့ဖန် ခြေထောက်နဲ့မြေကြီးလွတ်နေတယ်ဆိုတဲ့ခံစားချက်ကို ခံစားဖူးသွားသည်။

ညွှန်ကြားရေးစနစ်ကိုဖွင့်ပြီး သီချင်းလေးညည်းကာ ကျုံးထျန်းကန်သာယာအဆင့်မြင့်အိမ်ရာသို့ ဦးတည်သွားတော့သည်။

..................

သူ့အနောက်မှ ရှချူးက ယဲ့ဖန်ကျောကို သိချင်စိတ်အပြည့်ဖြင့်ကြည့်နေသည်။

ယဲ့ဖန်ရဲ့ပုံရိပ်ဟာ မြင်ကွင်းထဲမှ ပျောက်ကွယ်မသွားခင်အထိ ရှချူး တစ်ဆုံးလိုက်ကြည့်နေပြီးမှ သူမ မန်နေဂျာဘက်ကိုလှည့်ကာမေးသည်။

" အစ်မဝမ်၊ နောက်နှစ်ရက်လုံး ကျွန်မရဲ့အချိန်ဇယားတွေက အကုန်ပြည့်နေတာလား "

အစ်မဝမ်က မှတ်စုကို ထုတ်ကြည့်ပြီးနောက် မြန်မြန်ပြန်ဖြေပေးလိုက်သည်။

" အပြည့်ဘဲ။ ပြီးတော့ ရှရှက ကျုံးဟိုင်ကသူဌေးတွေနဲ့ ဒုတိယမျိုးဆက်သခင်လေးတွေကို ညစာစားဖို့ငြင်းထားတော့ သူတို့က အဲ့တာနဲ့ပတ်သက်ပြီးဝေဖန်နေကြတယ်။ အစ်မတို့ အဲ့တာ ....... "

ရှချူး လှမ်းဖြတ်ပြောလိုက်သည်။

" သူတို့ကို စိတ်မပူပါနဲ့ "

" ပြီးတော့ ဒီည ထောက်ပံ့ရေးညစာစားပွဲကို ဖျက်ဖို့ ကူပေးပါဦး "

အစ်မဝမ် လန့်သွားရသည်။

" ရှရှ၊ ဒါ မျက်နှာကောင်းလုပ်ဖို့ အခွင့်အရေးနော်။ လူထုအမြင် ပုံရိပ်ကောင်းရဖို့ အထောက်အကူဖြစ်လိမ့်မယ့်ဟာကို ..... "

" ငြင်းလိုက်ပါ "

ရှချူး ဖြေလိုက်ရင်း ယဲ့ဖန်ပျောက်သွားတဲ့ဦးတည်ရာကို လှမ်းကြည့်လိုက်သည်။

" ကျွန်မတို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ကယ်တင်ရှင်က သူ့ကို ညစာလိုက်ကျွေးဖို့ စောင့်နေတယ်လေ "

အစ်မဝမ်ရဲ့ နားမလည်တဲ့အကြည့်တွေကို လျစ်လျူရှုရင်းပြောလိုက်သည်။

ရှချူးရဲ့မျက်ဝန်းထဲမှာ သိချင်စိတ်နဲ့ မရိုးသားတဲ့အကြည့်အရိပ်အယောင်တို့ရှိနေသည်။ ထို့နောက် ဟက်ခနဲရယ်လိုက်ပြီး ကားပေါ်တက်သွားခဲ့သည်။

..............

ကျုံးထျန်းကန်သာယာအဆင့်မြင့်အိမ်ရာ

အိမ်ခြံမြေအကျိုးဆောင်စီမံခန့်ခွဲရေးရုံးခန်း

နေ့လယ်ရောက်ခါနီးပြီဖြစ်၍ ဝန်ထမ်းများဟာ အလုပ်တွေကိုလက်စသတ်နေပြီး စိတ်အေးလက်အေးဖြစ်နေကြသည်။

ရုတ်တရက် တံခါးပွင့်သွားသည်။

မိန်းမတစ်ယောက်က အပြင်ကနေ အထဲသို့ တံခါးဖွင့်ဝင်လာသည်။ သူမဝင်လာပုံက အလွန်ကို အတွေ့အကြုံရှိပြီး လုပ်နိုင်စွမ်းရှိတဲ့အမျိုးသမီးတစ်ယောက်ပုံပေါ်စေသည်။

ထိုအမျိုးသမီးက ၂၅-၂၆နှစ်ဝန်းကျင်အရွယ်ရှိပုံရသည်။ သူမ မျက်နှာအသွင်အပြင်က အမှတ်၉၀လောက်ရှိပြီး သူမခန္ဓာကိုယ်ကလည်း ၉၃မှတ်နှင့်အထက်လောက်ရှိသည်။ သူမရဲ့ ကောက်ကျစ်တဲ့မျက်ဝန်းတွေက ကြောက်စရာကောင်းနေသည်။

သူမက ဝတ်စုံပြည့်ဝတ်ထားပြီး ဆံပင်ကို သိမ်းစီးထားသည်။

သူမနာမည်က လင်းကျွင်းကျွင်းဖြစ်ပြီး ကျုံးထျန်းအိမ်ခြံမြေအကျိုးတော်ဆောင်ကုမ္ပဏီ၏ဥက္ကဌဖြစ်သည်။ သူမဟာ တော်ဝင်အစ်မတော်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ကိုက်ညီလေသည်။

သူမကိုမြင်တဲ့အခါ ကျုံးထျန်းကန်သာယာအဆင့်မြင့်အိမ်ရာစီမံခန့်ခွဲရေးဌာနကသူများက မြန်မြန်ထနှုတ်ဆက်ကြသည်။

" ဥက္ကဌလင်း "

" ကောင်းသောနေ့ပါ၊ ဥက္ကဌလင်း "

" ....... "

ထိုအချိန်မှာဘဲ သူတို့ခန္ဓာကိုယ်ထဲက ပျင်းရိစိတ်တို့က တမဟုတ်ချင်း ပျောက်သွားကြသည်။

လင်းကျွင်းကျွင်းဟာ သူမရဲ့စိတ်မြန်လက်မြန်ရှိမှုနှင့် တိကျတဲ့လုပ်ရပ်တို့ကြောင့် လူသိများမှန်း ဌာနကလူတိုင်းကသိသည်။ အဲ့တာကြောင့် သူမဆီက သင်ခန်းစာရမယ့်အဖြစ်မျိုးမလိုချင်ကြပေ။

သို့ပေမဲ့ ဒီနေ့ လင်းကျွင်းကျွင်းမှာ အရေးတကြီးတက်ရောက်စရာကိစ္စတစ်ခုခုရှိနေပုံရသည်။ ရုံးခန်းထဲကိုအပြေးမသွားခင် လူတိုင်းကို ခေါင်းငြိမ့်ပြရုံသာ နှုတ်ဆက်သွားသည်။

သူမ ရုံးခန်းထဲကိုဝင်သွားပြီး ကွန်ပျူတာကိုဖွင့်လိုက်သည်။ ခလုတ်တစ်ချို့နှိပ်ပြီးတဲ့နောက် သူမကွန်ပျူတာမျက်နှာပြင်ပေါ်မှာ သတင်းအချက်အလက်တစ်ချို့ပေါ်လာခဲ့သည်။

အကယ်၍ ယဲ့ဖန်သာဒီမှာရှိနေမယ်ဆိုပါက ထိုမှတ်တမ်းထဲကပုံဟာ သူ့ပုံမှန်း တန်းသိနိုင်လိမ့်မည်။

လွန်ခဲ့တဲ့တစ်နာရီတုန်းက တစ်စုံတစ်ယောက်ဟာ ကျုံးထျန်းကန်သာယာ အိမ်ရာနံပါတ်၁ကို ငွေအပြည့်ပေးချေပြီးဝယ်ယူသွားကြောင်း ဖုန်းလက်ခံရရှိသည်။ ဒါကြောင့် အိမ်ခြံမြေဌာနကိုအပြေးလာပြီး ဝယ်ယူသူရဲ့အချက်အလက်ကို လာစစ်ဆေးတာဖြစ်သည်။

သို့ပေမဲ့ မှတ်တမ်းကနေသိလိုက်ရတဲ့အချက်အလက်က ......

' ယဲ့ဖန်၊ ကျုံးဟိုင်တက္ကသိုလ် ပထမနှစ်ကျောင်းသား၊ သာမန်နောက်ခံမိသားစု ...... '

သူမသာ ဒီအချက်အလက်ကို ကိုယ်တိုင်ကိုယ်ကျ လာမကြည့်မိဘူးဆိုရင် တစ်ယောက်ယောက်က သူမကို တမင်သက်သက်လာနောက်နေတာလို့ ထင်မိမှာဖြစ်သည်။

သာမန်ပထမနှစ်တက္ကသိုလ်ကျောင်းသားတစ်ယောက်က ယွမ်သန်း၁၀၀နီးပါးရှိတဲ့အိမ်ရာတစ်ခုကို ဝယ်ယူဖို့တတ်နိုင်ပါ့မလား။

သို့ပေမဲ့ အချက်အလက်တွေအရ အတုတော့မဖြစ်နိုင်ပေ။

ဒါဆို ယဲ့ဖန်က သူ့ရဲ့သရုပ်မှန်အစစ်ကို တမင်တကာဖုံးကွယ်ထားတာလို့ ဆိုလိုတာလား။

သူမ သိချင်စိတ်အပြည့်ရှိပေမဲ့ ဒီလိုအဆင့်မြင့်တဲ့ခွင်ကောင်းကို သာမန်အနေအထားနဲ့စုံစမ်းလို့မရမှန်း နားလည်သည်။

လင်းကျွင်းကျွင်း မှတ်တမ်းကိုပိတ်လိုက်ပြီး သူမ၏လက်ထောက်ကို ခေါ်လိုက်သည်။

သူမလက်ထောက် ရှောင်ရှင်းက အလွန်အေးဆေးတဲ့ပုံပေါ်ပေမဲ့ တိကျပြတ်သားသည်။ ရုံးခန်းထဲကိုဝင်လာပြီးတဲ့နောက် သူမက ချက်ချင်းဘဲ တရိုတသေမေးလိုက်သည်။

" ဥက္ကဌလင်း၊ ဘာများခိုင်းစရာရှိပါသလဲ "

" စောင့်ကြည့်ရေးဌာနကိုသွားပြီး သူ့ကို အနီးကပ်စောင့်ကြည့်ထားဖို့ မှာထားလိုက်။ ဒီ ယဲ့လူကြီးမင်းရောက်လာတာနဲ့ ငါ့ကို ချက်ချင်းအကြောင်းကြားခိုင်းထား "

လင်းကျွင်းကျွင်းပြောနေရင်းဖြင့် ယဲ့ဖန်ရဲ့ဓာတ်ပုံကိုပေးလိုက်သည်။

" ဟုတ်ကဲ့ပါ၊ ဥက္ကဌလင်း "

ရှောင်ရှင်းခေါင်းငြိမ့်သည်။

" ပြီးတော့ ဈေးကြီးတဲ့ဘွန်ဆိုင်းအလှပန်းအိုးနှစ်အိုးမှာထားလိုက်။ ယဲ့လူကြီးမင်း ရောက်လာတာနဲ့ တတ်နိုင်သမျှ ချက်ချင်းပို့ပေးလိုက် "

" ဟုတ်ကဲ့ပါ "

ရှောင်ရှင်းထပ်ပြီးခေါင်းငြိမ့်လိုက်ပေမဲ့ သူမမျက်ဝန်းတို့မှာ အနည်းငယ်နားမလည်ရိပ်ဖြစ်နေသည်။

သူမက လင်းကျွင်းကျွင်းကို ကြည့်ကာ တွန့်ဆုတ်နေသည်။

ထိုပုံစံကိုမြင်တဲ့အခါ လင်းကျွင်းကျွင်း မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

" မေးချင်တာရှိရင်မေးလေ "

" ဒီ ယဲ့လူကြီးမင်းက .... "

ဥက္ကဌလင်းရဲ့အနေအထားနဲ့ ဒီလိုကောင်ငယ်လေးကို စိတ်ကျေနပ်စေဖို့ ဘာလို့ ကြိုးစားနေတာလဲဆိုတာကို ရှောင်ရှင်းနားမလည်နိုင်ပေ။

လင်းကျွင်းကျွင်း သူမမျက်ခုံးတို့ကိုပင့်လိုက်သည်။

" နံပါတ် ၁ ကျုံးထျန်းကန်သာယာအဆင့်မြင့်အိမ်ရာက ရောင်းထွက်သွားပြီ။ ငွေအပြည့်ချေသွားတာ "

ထိုအကြောင်းကြားတဲ့အခါ ရှောင်ရှင်းအမူအရာပြောင်းသွားတော့သည်။

အဲ့ဒီအိမ်ရာက တကယ်ကြီးရောင်းထွက်သွားတာဘဲ။

ကျုံးထျန်းကန်သာယာအိမ်ရာဝန်းက ကျုံးဟိုင်မြို့တစ်ခုလုံးမှာ အတော်လေးနာမည်ကြီးသည်။

ထိုနေရာမှာနေနိုင်သူတွေက ချမ်းသာပြီး မြင့်မြတ်တဲ့အထက်တန်းလွှာတွေဖြစ်ကြသည်။

ထိုအိမ်ရာဝန်းထဲက အနိမ့်ဆုံးဖြစ်တဲ့ယွမ်သန်း၂၀တန်ဖိုးရှိအိမ်ရာကိုတောင် လူတော်တော်များများ လက်လှမ်းမမီကြပေ။

အခုတော့ အိမ်ရာတွေရဲ့ နန်းတော်လို့တင်စားရလောက်တဲ့ အိမ်ရာနံပါတ်၁ ကို ငွေအပြည့်ချေပြီး ဝယ်သွားတယ်ဆိုတော့ ........

သေချာပေါက် ယဲ့လူကြီးမင်းက ထိုအိမ်ရာနံပါတ်၁ရဲ့ ပိုင်ရှင်ဖြစ်လိမ့်မည်။

လင်းကျွင်းကျွင်းက ဘာလို့ ယဲ့ဖန်ကို စိတ်ကျေနပ်အောင်လုပ်ဖို့ ကြိုးစားနေလဲဆိုတာ ရှောင်ရှင်းသဘောပေါက်သွားတော့သည်။ သူမလည်း ဥက္ကဌလင်းနေရာမှာသာဆို သူ့စိတ်ကြိုက်တွေလိုက်လုပ်ပေးမိမှာဖြစ်သည်။

..........

ကျုံးထျန်းကန်တစ်ဝိုက်တွင် အိမ်ရာအလုံး၁၀၀ရှိသည်။

အိမ်ရာတွေရဲ့အဆင့်တွေကို နံပါတ်စဉ် ၁ မှ ၁၀၀ ထိ စဉ်ထားသည်။

အိမ်ရာရဲ့အဆင့်နိမ့်လေလေ နံပါတ်နိမ့်လေလေဖြစ်သည်။

အိမ်ရာအမှတ်၉၇။

ကျန်းကောင်းမင်းသည် ကျုံးဟိုင်မြို့မှ အနည်းငယ်နာမည်ရှိသော နယ်ခံမြွေတစ်ကောင်ဖြစ်သည်။ သူက ဖုန်းအဝင်တစ်ခုလက်ခံရရှိပြီးနောက် အိမ်ရာနံပါတ်၁ ကိုပြောင်းလာတဲ့သူအား သေချာစောင့်ကြည့်ထားရန် သူ့လူတွေကို မှာကြားလိုက်သည်။

အိမ်ခြံမြေအကျိုးတော်ဆောင်ဌာနမှ မိတ်ဆွေဟောင်းကြီးတစ်ယောက်က ဖုန်းဆက်အကြောင်းကြားပေးတာဖြစ်သည်။

တစ်ဖက်ကသူက ကျုံးထျန်းအိမ်ရာနံပါတ်၁ ရောင်းထွက်သွားပြီးဖြစ်ကြောင်း သူ့ကိုပြောသည်။

ထိုအကြောင်းကြားတဲ့အခါ ကျန်းကောင်းမင်းစိတ်တက်ကြွလာသည်။

သူ့လိုလူစားမျိုးဟာ သူဌေးအကြီးစားတွေဆီက စီမံကိန်းတွေကိုယူပြီး ပြန်ရောင်းစားရာကနေ ငွေရှာရတာမျိုးဖြစ်သည်။

အပြင်လောကတွင်တော့ ဒါမျိုးအခြေအနေက အဆင်ပြေပေမဲ့ ကျုံးထျန်းကန်သာယာအိမ်ရာမှာတော့ အောက်ခြေအဆင့်သာရှိသည်။

အခုတော့ အိမ်ရာနံပါတ်၁မှာ ပိုင်ရှင်ရှိလာပြီဖြစ်သည် ...... ထိုပိုင်ရှင်က အရမ်းကိုချမ်းသာတဲ့သူဖြစ်ရမည်။

ကျန်းကောင်းမင်းအတွက်တော့ ထိုလူက အလားအလာရှိတဲ့ရွှေတွင်းကြီးဖြစ်ပြီး သူစော်ကားလို့မရတဲ့ ဖြစ်တည်မှုမျိုးဖြစ်သည်။

" သူ ဝင်လာမယ့်အချိန်ကောင်းကိုစောင့်ပြီး အခွင့်အရေးရှာဝင်လုံးရမယ်။ ပြီးတော့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ကြတာပေါ့ "

ထိုအတွေးနဲ့အတူ ကျန်းကောင်းမင်း သူ့အတွင်းရေးမှူးကို ဖုန်းဆက်ပြောလိုက်သည်။

" ငါ့မီးခံသေတ္တာထဲက အနီရောင်ကြိုးနှစ်ကုံးလောက်ယူထုတ်ပြီး အခုချက်ချင်းပိို့လိုက် "

အားလုံးပြီးသွားတဲ့နောက် ကျန်းကောင်းမင်းအပေါ်တက်ဖို့ပြင်လိုက်သည်။ ရုတ်တရက်ဘဲ သူ့ရဲ့ဒုတိယသား ကျန်းဟောင်က ဆိုဖာပေါ်မှာထိုင်ပြီး ဂိမ်းဆော့နေတာကိုတွေ့လိုက်ရတဲ့အခါ သူ့မျက်နှာထားက ချက်ချင်းအေးစက်သွားတော့သည်။

" မင်း ဒီနေ့အတန်းမသွားဘူးလား "

အပိုင်း(၆)

ငါ့ကိုလိမ်လို့ရော ဘာရမှာလဲ။

" အဖေ၊ ဒီနေ့က ကျောင်းပိတ်ရက်လေ ...... "

ကျန်းဟောင် ဖျော့တော့စွာပြောလိုက်သည်။

" အဲ့တာနဲ့ဘဲ ဆော့လို့ရမလား။ မင်းအစ်ကိုကိုအတုယူပြီးတော့ ကျောင်းစာတွေမှာ နည်းနည်းအားပိုစိုက်လို့မရဘူးလား .... "

ကျန်းကောင်းမင်းက သူ့သားကို ဆက်၍ဆူပူသည်။

သူတို့နှစ်ယောက်လုံးက သူ့သားတွေဆိုပေမဲ့ ဘာလို့ သူ့ရဲ့ဒုတိယသားကျန်းဟောင်က သားအကြီး ကျန်းယွီထက် ပိုပြီးဆိုးရွားနေရတာလဲ။

သူ့ဒုတိယသားရဲ့ ဘာမှအဖြစ်မရှိတဲ့ပုံစံကိုမြင်တဲ့အခါ ကျန်းကောင်းမင်း ဆက်ပြီးတောင်မကြည့်နိုင်တော့ပေ။ ပြဿနာမရှာဖို့နဲ့ အထူးသဖြင့် အိမ်ရာနံပါတ်၁ ပိုင်ရှင်ကို ရန်သွားမရှာမိဖို့ပြောပြီးနောက် အပြင်ထွက်သွားသည်။

.....................

ထိုအချိန်မှာဘဲ ကျုံးထျန်းကန်သာယာအိမ်ရာဝင်ပေါက်တွင် ချွေးတလုံးလုံးနဲ့ယဲ့ဖန်ရောက်လာပြီး သူ့ရှေ့က ကြီးကျယ်ခမ်းနားတဲ့ဝင်ပေါက်ကြီးကိုကြည့်ကာ သက်ပြင်းချသည်။

သူရောက်လာချိန်မှာ လုံခြုံရေးအစောင့်တစ်ယောက်က သူ့ဆီလျှောက်လာသည်။

" မင်္ဂလာပါ၊ လူကြီးမင်း။ ဘာများကူကြီးပေးရမလဲ "

ယဲ့ဖန်ခေါင်းငြိမ့်ပြသည် ။

ကျုံးထျန်းကန်သာယာအိမ်ရာဟာ ကျုံးဟိုင်မြို့ရဲ့အဆင့်မြင့်ဆုံးအိမ်ရာဝန်းဖြစ်ပြီး လုံခြုံရေးဌာနရဲ့အရည်အသွေးကလည်း အတော်လေးကောင်းမွန်သည်။

ယဲ့ဖန် ထိုလုံခြုံရေးကို ပိုင်ဆိုင်မှုစာရွက်စာတမ်းထုတ်ပြလိုက်သည်။

" ကျွန်တော်က အိမ်ရာနံပါတ်၁ ပိုင်ရှင်ပါ။ ကျွန်တော် အိမ်ကိုကြည့်ဖို့လာခဲ့တာ "

လုံခြုံရေးက လေးစားမှုအပြည့်ဖြင့် ယူစစ်သည်။

ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေက အစစ်ဟုတ်မဟုတ် စစ်ဆေးပြီးတဲ့နောက် သူက ယဲ့ဖန်ကို လက်နှစ်ဖက်နဲ့ တရိုတသေပြန်ပေးသည်။

" ယဲ့လူကြီးမင်း၊ အဲ့ဒီကိုသွားဖို့ ကျွန်တော်ကားစီစဉ်ပေးရန် လိုအပ်ပါသလား "

" ရပါတယ် "

ယဲ့ဖန် လက်ယမ်းပြသည်။

ကျုံးဟိုင်မြို့ရဲ့ ဒီလိုကြီးကျယ်ခမ်းနားတဲ့အိမ်ရာရပ်ကွက်ကို သူရောက်ဖူးတာ ပထမဆုံးဖြစ်တာကြောင့် လှည့်ပတ်ကြည့်ဖို့ တက်ကြွနေသည်။

လမ်းကြောင်းမေးပြီးတဲ့နောက် လုံခြုံရေးအစောင့်တွေရဲ့ တရိုတသေအကြည့်တွေအောက်မှ အိမ်ရာဝန်းထဲသို့ ယဲ့ဖန်လမ်းလျှောက်ဝင်လာခဲ့သည်။

ထင်ထားတဲ့အတိုင်း မြို့ရဲ့အဆင့်အမြင့်ဆုံးရပ်ကွက်ဖြစ်၍ ပတ်ဝန်းကျင်နှင့် အဆောက်အဦးတွေက ပထမတန်းစားအဆင့်တွေဖြစ်သည်။

မဆိုးဘူးဘဲ။

ယဲ့ဖန် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်သည်၊

ရုတ်တရက် မသေချာတဲ့အသံတစ်ခုကိုကြားလိုက်သည်။

" ယဲ့ဖန်လား "

ယဲ့ဖန်ခြေလှမ်းတို့ရပ်သွားရသည်။ သူ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။

လမ်းရဲ့ဘယ်ဘက်ခြမ်းတွင် လူငယ်တစ်ယောက်ရပ်နေသည်။

ထိုလူငယ်ရဲ့အသွင်အပြင်ကိုမြင်ပြီးတဲ့နောက် ယဲ့ဖန်မျက်မှောင်ကြုတ်သွားသည်။

သူ ကျန်းဟောင်ကို ဒီမှာတွေ့ဖို့ မမျှော်လင့်ထားပေ။

ကျန်းဟောင်က သူ့ရဲ့အထက်တန်းတုန်းက အတန်းဖော်ဖြစ်ပေမဲ့ ကျန်းဟောင်ရဲ့မကောင်းတွေအကျင့်တွေကြောင့် ယဲ့ဖန်နဲ့သူနဲ့ ဘယ်တုန်းကမှ အမြင်မတည့်ဖူးပေ။

အဲ့တာကြောင့် သူ ကျန်းဟောင်ကိုတွေ့တဲ့အခါ အတန်းဖော်တစ်ယောက်ကိုတွေ့လိုက်ရတာကြောင့် ပျော်ရွှင်သည့်ခံစားချက်မျိုး မရရှိပေ။

ကျန်းဟောင်လည်းဘဲ စိတ်ရှုပ်ထွေးနေသည်။

ယဲ့ဖန်က ဘာလို့ ဒီမှာရောက်နေတာလဲ။

ယဲ့ဖန်နဲ့ တစ်တန်းထဲမှာ သုံးနှစ်လောက်အတူတူရှိခဲ့ဖူးတာဖြစ်တဲ့အတွက် ယဲ့ဖန်မိသားစုနောက်ခံအသိုင်းအဝိုင်းက သာမန်သာဖြစ်မှန်း ကျန်းဟောင်အလိုအလျောက်သိပြီးသားဖြစ်သည်။

အမှန်ပြောရမယ်ဆိုရင် ယဲ့ဖန်က ဒီလိုနေရာမျိုးမှာ ရှိမနေသင့်ပေ။

ခုနတုန်းက သူ ယဲ့ဖန်ရဲ့ပုံရိပ်ကိုမြင်တာကြောင့် လှမ်းခေါ်ကြည့်လိုက်ပေမဲ့ အမှန်တကယ် ယဲ့ဖန်ဖြစ်နေလိမ့်မယ်လို့ မထင်ထားပေ။

" ယဲ့ဖန်၊ တကယ်ကြီး မင်းဘဲ။ မင်း ဒီမှာ ဘာလုပ်နေတာလဲ "

ကျန်းဟောင်က အနည်းငယ်သံသယဝင်နေပုံပေါ်သည်။

" ငါ ဒီမှာ အိမ်တွေကြည့်ဖို့ရောက်နေတာ "

ယဲ့ဖန်က ဂရုမစိုက်သလို ပြန်ဖြေလိုက်သည်။

" အိမ်ကြည့်တာလား။ မင်း ဒီမှာ အိမ်ဝယ်မယ်လို့တော့ ငါ့ကိုမပြောနဲ့နော် "

ကျန်းဟောင် အံ့ဩသွားရသည်။

ယဲ့ဖန် ခေါင်းခါလိုက်သည်။

" မဟုတ်ဘူး။ ငါဝယ်ပြီးသား "

ထိုစကားကိုကြားတဲ့အခါ ကျန်းဟောင် မျက်လုံးတွေပို၍တောင် ပြူးကျယ်သွားရသည်။

ယဲ့ဖန်က ဒီမှာ တကယ်ကြီးအိမ်ဝယ်လိုက်တာလား။

မဖြစ်နိုင်တာ။

လုံးဝမဖြစ်နိုင်ဘူး။

ယဲ့ဖန်ရဲ့အင်္ကျီက ယွမ်၅၀၀လောက်မှ မတန်တာကိုမြင်တဲ့အခါ ကျန်းဟောင်ရဲ့အံ့ဩနေတဲ့မျက်နှာက အထင်သေးသည့်အသွင်ပြောင်းသွားသည်။

" ယဲ့ဖန်၊ ငါတို့က အတန်းဖော်ဟောင်းတွေပါ။ ငါက မင်းမိသားစုရဲ့အခြေအနေကို မသိဘူးများထင်နေတာလား။ ငါ့ကိုလိမ်လို့ရော ဘာရမှာမလို့လဲ "

ယဲ့ဖန်ရဲ့မိဘတွေက သာမန်ရုံးဝန်ထမ်းတွေသာဖြစ်မှန်း သူမှတ်မိသည်။ သူတို့ မစားမသောက်ဘဲစုလျှင်တောင်မှ ဒီကအိမ်ရာတွေကို ဝယ်ဖို့တတ်နိုင်မှာမဟုတ်ချေ။

ဒါကြောင့် ယဲ့ဖန်ပြောသမျှဘာတစ်လုံးမှကိုမယုံပေ။

ယဲ့ဖန် ရှင်းပြဖို့ကို စိတ်မပါချေ။

သူတို့အချင်းချင်းအဆင်မပြေမှတော့ ဒီလောက်ပြောပြီးရင် လုံလောက်ပြီဖြစ်သည်။

သူတို့ဆက်ပြီးစကားပြောဖို့အဆင်ပြေသောကြောင့် ကျန်းဟောင်နဲ့အတူဆက်ရှိမနေချင်သည့်အတွက် အဝေးကိုလျှောက်ထွက်သွားလိုက်သည်။

သို့ပေမဲ့ ကျန်းဟောင်က သူ့နောက်လိုက်လာသည်။

" ယဲ့ဖန်၊ မင်း ဒီက အိမ်ရာဈေးနှုန်းတွေကို မှားပြီးသိထားတာများလား "

" အဲ့အိမ်ရာကိုတွေ့လား။ အဲ့တာ ငါ့မိသားစုပိုင်တာ "

" ကျုံးထျန်းကန်သာယာအိမ်ရာရပ်ကွက်မှာတောင်မှ တန်ဖိုးအနိမ့်ဆုံးအိမ်ရာတွေက အနည်းဆုံးယွမ်၂၁သန်းရှိတယ်ကွ "

ယဲ့ဖန် ခပ်ဖြည်းဖြည်းဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

" မင်း ငါပြောတာမကြားဘူးလား "

ကျန်းဟောင် ဆက်ပြီးငြိမ်မနေနိုင်တော့ပေ။

" အဲ့တာ ယွမ်သန်း၂၀ကွ။ ယွမ် ၂၀၀၀ မဟုတ်ဘူး .... "

ယဲ့ဖန် သူ့ရှေ့မှ မျောက်ကပွဲက အတော်လေးစိတ်ဝင်စားစရာကောင်းသည်ဟုထင်သည်။

သူက ကျန်းဟောင်ကို ဘာမှကြားဖြတ်မပြောဘဲ ဆက်၍သာလျှောက်နေခဲ့သည်။

အပိုင်း(၇)

အံ့အားသင့်သွားတဲ့ အတန်းဖော်ဟောင်း။

ကျန်းဟောင်က သတိမထားမိဘဲ ဆက်ပြီးတော့ပြောသည်။

" ယဲ့ဖန်၊ မင်းနဲ့ငါက အတန်းဖော်ဟောင်းတွေဆိုမှတော့ ငါမင်းကိုသတိပေးမယ်။ ဒီမှာရှိတဲ့အရာတွေ ဘာကိုမှမထိမိစေနဲ့။ မဟုတ်ရင် မင်းကိုယ်မင်းရောင်းပြီးပြန်ပေးရင်တောင် တတ်နိုင်မှာမဟုတ်ဘူး "

" မင်း အဲ့ဒီကဥယျာဉ်ကိုမြင်လား။ အဲ့တာကို နိုင်ငံတကာပန်းပညာရှင်ကိုယ်တိုင် ပုံဖော်ထားတာ။ ယွမ်သန်း၃၀တောင်ကျတာကွ "

" ....... "

မသိလိုက်ခင်မှာဘဲ ယဲ့ဖန် အိမ်ရာနံပါတ်၁ရှေ့သို့ ရောက်လာခဲ့သည်။

ထိုအိမ်ရာက ဥရောပစတိုင်ဖြင့်ဆောက်ထားသော သုံးထပ်တိုက်အိမ်ဖြစ်သည်။

သံဗန်းခြံစည်းရိုးကနေဖြတ်ပြီး အိမ်ရှေ့က ကျယ်ဝန်းလှတဲ့ခြံကွင်းပြင်ကိုမြင်နေရသည်။ ခြံထဲက မြက်ခင်းပြင်ဟာ သေချာတိထားပြီး ဝင်ပေါက်ကိုဦးတည်ပြပေးသည့် လမ်းကြောင်းလေးလည်းရှိသည်။ လမ်းကြောင်းဘေးနှစ်ဖက်တွင်တော့ အရောင်စုံပန်းများပွင့်လန်းနေသည်။

စံအိမ် နံပါတ် ၁ ကိုမြင်လိုက်ရသည့်အခါ ကျန်းဟောင်မျက်လုံးတို့ တလက်လက်တောက်ပသွားသည်။

" ယဲ့ဖန်၊ ဒါက စံအိမ် နံပါတ်၁ ဘဲ။ ဒီရပ်ကွက်မှာ ဒီအိမ်ကဘုရင်စံတဲ့အိမ်လို့တောင်ပြောလို့ရတယ်။ ဒီစံအိမ်ကြီးက ဘယ်လောက်တန်လဲဆိုတာမင်းသိလား ..... ဟူး .... ဟိတ်ကောင် မင်း ဘာလုပ်နေတာလဲ။ ငါ မင်းကိုသတိပေးတယ်နော် မင်း ဒီစံအိမ်ကို ထိလို့ မရ ....... "

ယဲ့ဖန်က စံအိမ် နံပါတ်၁ ဆီသို့ လျှောက်လှမ်းသွားတာကို မြင်တဲ့အခါ ကျန်းဟောင်ကကြွားလုံးထုတ်နေခဲ့သည်။ အဲ့နောက် ယဲ့ဖန်ရှေ့ကိုရပ်ပြီးတားဖို့လုပ်သည်။

သူ မတားနိုင်ခင်မှာဘဲ ယဲ့ဖန်က လက်ဗွေစနစ်ဖြင့် အိမ်တံခါးကိုဖွင့်လိုက်သည်။

ဘေးတိုက်တံခါးက အသံမထွက်ဘဲပွင့်သွားသည်။

ကျန်းဟောင်စကားသံတို့ ဖျတ်ခနဲရပ်သွားတော့သည်။

သူက ယဲ့ဖန်ကို သရဲမြင်လိုက်သည့်အတိုင်းကြည့်နေသည်။

ယဲ့ဖန်က စံအိမ် နံပါတ်၁ရဲ့တံခါးကို တကယ်ကြီး ဖွင့်လိုက်တာဘဲ။

ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။

ယဲ့ဖန်က နောက်ကိုလှည့်ပြီး ကျန်းဟောင်ကို အသာအယာပြုံးပြလိုက်သည်။

" ဘာပြောစရာရှိသေးလဲ "

" ယဲ့ဖန် ...... ဒီစံအိမ်က တကယ်ကြီး မင်းဟာလား "

ကျန်းဟောင် တံတွေးကိုမြိုချလိုက်ပြီး အသံကလည်း တုန်လှုပ်နေသည်။

ယဲ့ဖန် လှောင်ပြုံးပြုံးကာ သရော်လိုက်သည်။

" ဒါဆိုရင် မင်းဟာလား "

" ငါ ...... "

ကျန်းဟောင်မျက်နှာက နီရဲသွားသည်။

အခုလေးတင် ယဲ့ဖန်ရှေ့မှာ သူဘယ်လိုကြွားခဲ့လဲဆိုတဲ့အတွေးနဲ့အတူ နောက်ဆုံးမှာတော့ ......

သူ့မျက်နှာပျက်ရသည်။

စံအိမ်နံပါတ် ၁ နဲ့ ယှဉ်လျှင် နံပါတ် ၉၇ က မပြောပလောက်ပေ။

သို့ပေမဲ့ ယဲ့ဖန်ရဲ့မိသားစုနောက်ခံအနေအထားနဲ့ ဘယ်လိုလုပ်ပြီး စံအိမ်နံပါတ် ၁ ကို ဝယ်ဖို့တတ်နိုင်မှာလဲ။

ကျန်းဟောင်ရဲ့စိတ်တွေရှုပ်ယှက်ခက်နေစဉ်မှာဘဲ ကြည့်ရတာအေးဆေးပြီး အနက်ရောင်ကိုင်းမျက်မှန်တပ်ထားတဲ့ မိန်းကလေးတစ်ဦးက သူတို့ရှိရာ လျှောက်လာသည်။

ထိုမိန်းကလေးရဲ့ဘေးမှာ အိမ်ခြံမြေအကျိုးတော်ဆောင်ဌာနက လူတစ်ချို့လည်းပါလာသေးသည်။

သူတို့က ' နန်ကော်ချင်းဖန် ဘွန်ဆိုင်းပင် ' အိုးနှစ်အိုးကိုသယ်လာနေသည်။

ကျန်းဟောင် ဒီကောင်မလေးကိုသိသည်။ သူမက လင်းကျွင်းကျွင်းရဲ့ လက်ထောက်ဖြစ်ပြီး အိမ်ခြံမြေအကျိူးတော်ဆောင်ဌာနရဲ့မန်နေဂျာဖြစ်သည်။ သူမရဲ့ မျိုးရိုးနာမည်က ရှင်းဖြစ်သည်။

သူမက ဒီမှာ ဘာလုပ်နေတာလဲ။

ကျန်းဟောင်စိတ်ထဲ မရေမရာဖြစ်နေစဉ်မှာဘဲ ရှောင်ရှင်းက သူ့ရှေ့ကဖြတ်ပြီး ယဲ့ဖန်ရှေ့သို့ရောက်သွားသည်။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်မက အိမ်ခြံမြေအကျိုးတော်ဆောင်ဌာနရဲ့ မန်နေဂျာပါ။ ကျွန်မကို ရှောင်ရှင်းလို့ခေါ်လို့ရပါတယ်။ "

ရှောင်ရှင်းက ယဲ့ဖန်ကို ပြုံးပြလျက် သူမကိုယ်သူမမိတ်ဆက်သည်။

ယဲ့ဖန်က ခေါင်းငြိမ့်ပြသည်။

" မင်္ဂလာပါ၊ မန်နေဂျာရှင်း။ ဘာကိစ္စများရှိလို့ပါလဲ "

" ယဲ့လူကြီးမင်း၊ ပထမဆုံးအနေနဲ့ ကျုံးထျန်းကန်သာယာအိမ်ရာနဲ့ ဒီစံအိမ်ကို ရွေးချယ်ဝယ်ယူပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် "

" ယဲ့လူကြီးမင်းရဲ့အသိအမှတ်ပြုပေးခြင်းအတွက် ကျွန်မတို့ရဲ့ဌာနက လက်ဆောင်လေးပြင်ဆင်လာပါတယ် "

" ဒီအိုးနှစ်အိုးက ယဲ့လူကြီးမင်းအတွက် သီးသန့်ပြင်ဆင်ထားတဲ့ ယွမ် ၁.၂သန်းတန်ဖိုးရှိ နန်ကော်ချင်းဖန်ဘွန်ဆိုင်းပင်တွေပါ။ ကျွန်မတို့က ရှင့်ရဲ့အနာဂတ်မှာ အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးပါတယ် ... "

" ကျေးဇူးပါ "

ယဲ့ဖန်ပြုံးပြီး လက်ဆောင်ကို လက်ခံယူလိုက်သည်။

ကျန်းဟောင် အံ့ဩကာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲနေသည်။

ယဲ့ဖန်က တကယ်ကြီး ကျုံးထျန်းကန်သာယာစံအိမ်နံပါတ် ၁ ရဲ့ပိုင်ရှင်ပေါ့။

ဒါပေမဲ့ .....

ယဲ့ဖန် ဘယ်လိုဝယ်လိုက်တာလဲ။

သာမန်စံအိမ်လောက်ကိုတော့ ပိုက်ဆံပေးပြီးဝယ်လိုက်လို့ရပေမဲ့ ဒီစံအိမ်နံပါတ် ၁ ကိုတော့ ထူးခြားတဲ့ဂုဏ်ပုဒ်အဆင့်အတန်းရှိသူတစ်ယောက်ဖြစ်မှ ဝယ်နိုင်မှာလေ ....

ကျန်းဟောင် နားမလည်နိုင်ဖြစ်နေသည်။

ဒါပေမဲ့ ထိုအချိန်မှာဘဲ လမ်းလျှောက်နေပုံရတဲ့ နောက်ထပ်သက်လတ်ပိုင်းယောက်ျားတစ်ယောက်က ထိုမြင်ကွင်းကိုမြင်ပြီး သူတို့ရှိရာသို့လျှောက်လာသည်။

ယဲ့ဖန် သူ့ကို တစ်ချက်ကြည့်လိုက်ပေမဲ့ ဂရုမထားလိုက်ပေ။

မထင်မှတ်ထားဘဲ ထိုလူကြီးက သူတို့နားရောက်လာပြီး သူကဘဲ စတင်ကာ ယဲ့ဖန်ကို ပြုံးလျက် နှုတ်ဆက်သည်။

" မင်္ဂလာပါ "

" မင်္ဂလာပါ၊ ဘယ်သူများလဲ ".

" ကျွန်တော်က အိမ်ရာနံပါတ် ၉၇မှာနေတဲ့ ကျန်းကောင်းမင်းပါ။ ဒီမှာနေတာကိုတွေ့မိလို့ လာပြီး မိတ်ဖွဲ့တာပါ .... "

ထိုစကားကိုကြားတဲ့အခါ မနီးမဝေးမှာရှိနေတဲ့ ကျန်းဟောင်ကို ယဲ့ဖန် လှမ်းကြည့်လိုက်သည်။

အိမ်ရာ ၉၇၊ ကျန်းမျိုးရိုး၊ ဒါက ကျန်းဟောင်ရဲ့အဖေ မဟုတ်ဘူးလား။

ကျန်းကောင်းမင်းကလည်း သူ့သားကိုမြင်ပြီး ယဲ့ဖန်က လှမ်းကြည့်နေတာတွေ့တဲ့အခါ သူက ချက်ချင်းဘဲမေးလိုက်သည်။

" ယဲ့လူကြီးမင်းက ကျွန်တော့်ရဲ့ ဘာမှသုံးစားမရတဲ့သားကို သိနေတာလား "

ယဲ့ဖန် ခေါင်းငြိမ့်ပြလိုက်သည်။

" သိရုံတင်မဟုတ်ပါဘူး။ ကျွန်တော်တို့က အထက်တန်းတုန်းက အတန်းဖော်တွေပါ "

" ဒါဆိုကောင်းတာပေါ့ .... "

သူတို့ကြားက ဆက်ဆံရေးကိုသိရတဲ့အခါ ကျန်းကောင်းမင်းအပြုံးက ပိုမိုတောက်ပလာတော့သည်၊

ဒါပေမဲ့ ချက်ချင်းဘဲ သူ့အပြုံးက အေးစက်သွားသည်။

ယဲ့ဖန်လေသံက တစ်ခုခုမှားနေတယ် မဟုတ်လား။

အပိုင်း (၈)

မီတာထောင်ချီပတ်လည်စံအိမ်။ လင်းကျွင်းကျွင်း

ကျန်းကောင်းမင်းရဲ့မျက်နှာထား ချက်ချင်းမည်းနက်သွားတော့သည်။ အံကိုကြိတ်ပြီး ကျန်းဟောင်ကို လှမ်းပြောသည်။

" ဒီကိုလာစမ်း "

ကျန်းဟောင် ကြောက်တာကြောင့် လည်ပင်းကိုကျုံ့ထားသည်။

သူအဖေက ပြဿနာမရှာဖို့ပြောထားတဲ့သူက ယဲ့ဖန်ဖြစ်နေမယ်မှန်း လုံးဝမမျှော်လင့်ထားပေ။

သူအခုလုပ်ခဲ့တာသာ သူ့အဖေသိများသိသွားရင် .... ကျန်းဟောင် ကြောက်လာသည်။

ကျန်းဟောင်မျက်နှာဟာ သွေးမရှိသကဲ့သို့ဖြူဖျော့နေသည်။

သို့ပေမဲ့ ကျန်းကောင်းမင်းရဲ့စကားတွေကို မလွန်ဆန်ရဲတာကြောင့် သူ့အဖေရှိရာသို့ ဖြည်းဖြည်းချင်းရွှေ့လာသည်။

ထိုအမူအရာကိုမြင်တဲ့အခါ ကျန်းကောင်းမင်းရဲ့မျက်နှာပိုပြီးသုန်မှုန်သွားသည်။

" ပြော ဘာဖြစ်တာလဲ "

သူက ကျန်းဟောင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

ဘာဖြစ်ခဲ့လဲဆိုတာကို မြန်မြန်ပြန်ပြောပြရင်း ကျန်းဟောင်မျက်နှာမှာ အကြောက်တရားတို့ပြည့်နှက်လာသည်။

ဘယ်လိုတောင်လား။

ဒီကျေးဇူးမသိတတ်တဲ့သားက ဘာမှကို ကောင်းကောင်းမွန်မွန်မလုပ်နိုင်ဘူးဘဲ။ ဒီတိုင်း ပြဿနာကောင်သပ်သပ်ဘဲ။ နောက်ဆုံးတော့ မှီခိုလို့ရမယ့်လူတစ်ယောက်ရပြီလို့တွေးခါမှ မဖက်ရသေးခင် ဆောင့်ကန်လိုက်သလိုဖြစ်နေသည်။

ဖြောင်း။

ဒေါသတလိပ်လိပ်နဲ့ ကျန်းကောင်းမင်း လက်ကိုမြှောက်ကာ ကျန်းဟောင်မျက်နှာကို ရိုက်ချလိုက်သည်။

" ငါ မင်းနဲ့ ပြီးကျမှ စာရင်းရှင်းမယ် "

ပြောပြီးတဲ့နောက် ယဲ့ဖန်ရှိရာဘက်သို့ပြန်လှည့်ကာ မျက်နှာလိုမျက်နှာရအပြုံးပြုံးကာ ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒါတွေအားလုံးက ကျွန်တော့်သားကို သေချာမဆုံးမမိတဲ့ ကျွန်တော့်အပြစ်တွေပါ။ ဒီအမိုက်မဲကောင်က လူကြီးမင်းကို စော်ကားမိသွားပါတယ်။ ကျေးဇူးပြုပြီး တောင်းပန်ခွင့်ပေးပါ "

ပြောနေရင်း ကျန်းကောင်းမင်းက လက်ဆောင်သေတ္တာလေးတစ်ခုလှမ်းပေးလိုက်သည်။

ဒီအနီရောင်အိတ်ဟာ အစမှာတော့ ယဲ့ဖန်အတွက် သီးသန့်ပြင်ဆင်ထားတာဖြစ်ပေမဲ့ ကျန်းဟောင်ရဲ့နှောင့်ယှက်မှုကြောင့် အခုတော့ တောင်းပန်ကြေးအနေနဲ့ သုံးလိုက်ရသလိုဖြစ်သွားသည်။

ယဲ့ဖန်က မငြင်းဘဲ လက်ဆောင်ကို ယူလိုက်သည်။

" ကျန်းလူကြီးမင်း၊ ခင်ဗျားရဲ့ကလေးကို သေချာဆုံးမသင့်တယ် "

" ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။ ဒီလိုသတိပေးတဲ့အတွက် ယဲ့လူကြီးမင်းကို ကျေးဇူးအထူးတင်ပါတယ် "

ကျန်းကောင်းမင်း မြန်မြန်ဘဲ ခေါင်းငြိမ့်သည်။

တစ်ချိန်တည်းမှာဘဲ စိတ်သက်သာရာရသွား၍ သက်ပြင်းမှုတ်ထုတ်လိုက်သည်။

ယဲ့ဖန်က လက်ဆောင်ကို လက်ခံလိုက်မှတော့ သူက တောင်းပန်တာကို လက်ခံလိုက်တယ်လို့ဆိုလိုတာမဟုတ်လား။

ဒါပေမဲ့ သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့လုပ်ထားတဲ့အကြံကတော့ ရေစုန်မျောတော့မှာဘဲ။

ထိုအတွေးနဲ့အတူ ကျန်းကောင်းမင်း လက်ကိုမြှောက်ပြီး ကျန်းဟောင်ခေါင်းကို ထပ်ရိုက်လိုက်သည်။

" ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ။ ယဲ့လူကြီးမင်းကို မြန်မြန်တောင်းပန်လိုက်လေ "

ကျန်းဟောင် မြန်မြန်တောင်းပန်လိုက်သည်။

" ယဲ့ဖန် .... မဟုတ် ယဲ့လူကြီးမင်း။ ကျွန်တော်မှားသွားပါတယ်။ ယဲ့လူကြီးမင်းကို မမှတ်မိတဲ့အတွက် တောင်းပန်ပါတယ် "

ယဲ့ဖန်ရဲ့တည်ရှိမှုက သူ့အဖေတောင်စော်ကားလို့မရတဲ့အနေအထားမျိုးဖြစ်သည်။ သူ တခြားအတွေးတွေမတွေးရဲတော့ပါ။ ဒီသခင်ကြီးယဲ့ဖန်က သဘောထားကြီးပြီး သူ့ကို ခွင့်လွှတ်ပေးဖို့သာ မျှော်လင့်တော့သည်။

ကျန်းသားအဖေက အနည်းငယ်စိတ်လိုလက်ရတောင်းပန်နေတာတွေ့တဲ့အခါ ယဲ့ဖန်ခေါင်းငြိမ့်ပြီးပြောသည်။

" လိမ္မာတဲ့ကလေး၊ အမှားကိုသိပြီးပြင်တတ်တာဘဲ "

ကျန်းဟောင် ပြောစရာစကားမဲ့သွားရသည်။

" ကျန်းလူကြီးမင်း၊ ဒီနေ့ ကျွန်တော့်မှာ လုပ်စရာတွေရှိပါသေးတယ်။ ခင်ဗျားနဲ့အဖော်မပြုပေးတော့ပါဘူး "

ယဲ့ဖန် ကျန်းသားအဖအရှုပ်တော်ပုံထဲ ဆက်မပတ်သက်ချင်တော့ပေ။

ကျန်းကောင်းမင်းက ယဲ့ဖန်နဲ့ထပ်ပြီးရင်းနှီးချင်သေးပေမဲ့ သူက ထွက်သွားဖို့ပြောထားတဲ့အတွက် ဆက်နေဖို့က သူ့အတွက်ရှက်စရာကောင်းနေသည်။

" ဟုတ်ကဲ့ပါ၊ ကောင်းပါပြီ။ ယဲ့လူကြီးမင်းအလုပ်ကိစ္စတွေသွားလုပ်ပါ။ ဒါကျွန်တော့်ရဲ့ဖုန်းနံပါတ်ပါ။ ကျွန်တော့်အကူအညီများလိုအပ်ရင် အချိန်မရွေးဆက်သွယ်လိုက်ပါ "

" ကောင်းပါပြီ "

" ဒါဆို ယဲ့လူကြီးမင်းကို ဆက်မနှောင့်ယှက်တော့ပါဘူး "

ထိုသို့ပြောပြီးနောက် ကျန်းကောင်းမင်းက ကျန်းဟောင်ရဲ့နားရွက်ကိုဆွဲကာ ထွက်သွားသည်။

" နေ့တိုင်း ဘယ်လိုမွှေရမလဲဆိုတာဘဲသိတဲ့အကောင်။ ဒီတစ်ခါတော့ အိမ်မှာဘဲနေပြီး ရက်နည်းနည်းလောက် မင်းအမှားမင်းသုံးသပ်။ ပတ်ပြေးဖို့ကြံလို့ကတော့ ခြေထောက်ကို ရိုက်ချိုးပစ်မယ် .... "

ယဲ့ဖန် ခေါင်းခါလိုက်သည်။ လှည့်ပြီး စံအိမ်ဆီသို့ လျှောက်သွားသည်။

......…..

နာရီဝက်မျှကြာပြီးတဲ့နောက်မှ ယဲ့ဖန် စံအိမ်တစ်ခုလုံးကို ပတ်ကြည့်လို့ပြီးသည်။

ပစ္စည်းဥစ္စာဆိုတာ တစ်စုံတစ်ယောက်ရဲ့စိတ်ကူးအတိုင်းလိုက်ပြီး များပြားနိုင်တယ်ဆိုတာ ဘာကိုဆိုလိုမှန်း ယဲ့ဖန် အခုတော့နားလည်သွားပြီဖြစ်သည်။

ဒီစံအိမ်က မီတာ၃၀၀၀ပတ်လည်လောက်ရှိသည်။

သူ စံအိမ်ထဲဝင်လိုက်တာနဲ့ ဧည့်ခန်းအကြီးကြီးကိုစတွေ့ရသည်။ ဧည့်ခန်းဘယ်ဘက်မှာ မီးခိုချောင်နဲ့ ထမင်းစားခန်းရှိပြီး ညာဘက်မှာတော့ အလုပ်သမားခန်းနဲ့ စတိုခန်းရှိသည်။

ဒုတိယအထပ်မှာတော့ မာစတာအိပ်ခန်းတစ်ခန်း၊ အိပ်ခန်းကျယ်သုံးခန်းနဲ့ စာကြည့်ခန်းရှိသည်။

Gymခန်း နဲ့ ရုပ်ရှင်ခန်းကတော့ တတိယထပ်တွင်ရှိသည်။

Gymခန်းထဲမှာ လေ့ကျင့်ခန်းသုံးပစ္စည်းတွေ အပြည့်အစုံရှိနေပြီး ရုပ်ရှင်ခန်းထဲမှာတော့ မိသားစုရုပ်ရှင်ရုံအသေးစား၊ ကျူခုံ နှင့် ကာရာအိုကေခုံတို့ရှိသည်။

စံအိမ်ဟာ နေ့စဉ်သုံးပစ္စည်းများလည်း အပြည့်အစုံရှိနေပြီး တစ်ခုချင်းစီရဲ့တန်ဖိုးကလည်း အတော်ကြီးသည်။

ယဲ့ဖန် ခန့်မှန်းတွက်ချက်မှုအရ ပရိဘောဂများ၊ အပြင်အဆင်များနဲ့တင် သန်းနဲ့ချီတန်သည်။ ဒါတောင် အသစ်ပြင်ဆင်မှုတွေမပါသေးပေ .....

စံအိမ်အနောက်ဘက်မှာတော့ မီတာတစ်ရာပတ်လည်ရှိသည့် အလုံပိတ်ရေကူးကန်ကြီးရှိသည်။ ရေချိုးခန်းတင်မဟုတ်ဘဲ ချွေးထုတ်ခန်းပါရှိသည်။

ရေကူးကန်အပေါ်က အကာကို အဖွင့်အပိတ်လုပ်လို့ရသည်။

ရာသီဥတုကောင်းတဲ့အခါ သူ နေပူစာလှုံလို့ရသည်။

အတိုချုပ်ပြောရလျှင် ယဲ့ဖန် စံအိမ်ကို ပတ်ကြည့်ပြီးတဲ့နောက် ဇိမ်ခံရသည်ဆိုတဲ့ ခံစားချက်တစ်မျိုးသာ ဖော်ပြလို့ရသည်။

တစ်ခုတည်းသောမကောင်းတဲ့အရာက ဂိုဒေါင်အလွတ်ကြီးဖြစ်သည်။

သူ့မှာသာ ပြိုင်ကားတွေရှိလျှင် ကောင်းလိမ့်မည်။

ယဲ့ဖန် မတတ်နိုင်ဘဲ ထိုအကြောင်းသာတွေးနေမိသည်။

ချက်ချင်းဘဲ သူ 4S ဆိုင်ကိုသွားပြီး ကားဝယ်ပြီးတဲ့နောက် အငှားအိမ်က ငွေသားယွမ်၈သန်းကို သွားယူဖို့ အဆင်သင့်ဖြစ်နေသည်။

သူ စံအိမ်တံခါးကနေ ထွက်လာလာချင်းမှာဘဲ အနက်ရောင်ကိုယ်ရံတော်တွေဝန်းရံနေသည့် ထူးခြားတဲ့အလင်းတွေထွက်နေသလို လှပတဲ့အမျိုးသမီးတစ်ယောက်က တစ်ခုခုကိုရှာနေသည့်အလား အမြန်လျှောက်လာသည်။

ယဲ့ဖန်အကြည့်ကို သတိထားမိတဲ့အခါ ထိုလှပရင့်ကျက်တဲ့အမျိုးသမီးက လှမ်းကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ နေကောင်းပါရဲ့လား "

ယဲ့ဖန် နည်းနည်းဇဝေဇဝါဖြစ်သွားပေမဲ့ ခေါင်းကိုငြိမ့်လိုက်သည်။

" မင်္ဂလာပါ၊ ဘယ်သူများလဲ "

" ကျွန်မက ကျုံးထျန်းအိမ်ခြံမြေပိုင်ရှင် လင်းကျွင်းကျွင်းပါ "

" အာ သူဌေးလင်းဘဲ "

" ယဲ့လူကြီးမင်းက ကြင်နာလွန်းနေပါပြီ။ ရှင်နဲ့ယှဉ်ရင်ကျွန်မက သူဌေးလို့ မဆိုလောက်ပါဘူး။ ကျွန်မကို ရှောင်လင်းလို့ဘဲခေါ်ပါ "

တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ပြီးတဲ့နောက် ယဲ့ဖန်က လုံခြုံရေးတွေကိုညွှန်ပြပြီးမေးလိုက်သည်။

" လင်းသူဌေး၊ ခင်ဗျားတို့ တစ်ခုခုများရှာနေတာလား "

All Chapters