← Chapters

အပိုင်း ၁၇-၂၀

Vol. 1 Ch. 17-20

အပိုင်း ၁၇-၂၀

Vol. 1 Ch. 17-20

အပိုင်း (၁၇)

သရုပ်မှန်ဖွက်ထားတဲ့ နတ်ဘုရားအဆင့်သူဌေးကြီး၊ ရှချူးရဲ့အံ့ဩမှု။

" ဟယ်လို? "

ယဲ့ဖန် ကားမောင်းနေရင်း ဖုန်းဝင်လာတာကြောင့် မျက်နှာပြင်ကိုမကြည့်ဘဲ ဖုန်းကိုင်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ရှင် ဘယ်မှာလဲ "

မကြာခင်မှာဘဲ မိန်းမတစ်ယောက်ရဲ့အသံထွက်လာပြီး သူမအသံကအေးစက်နေသည်။

ယဲ့ဖန်က သူမအသံကိုမှတ်မိပြီး ဖြေလိုက်သည်။

" အစ်မဝမ်၊ ကျွန်တော် Hotel ကိုရောက်နေပါပြီ "

" ဘယ်မှာလဲ။ ရှင့်ကို ဘာလို့မတွေ့တာလဲ "

အစ်မဝမ် လှည့်ပတ်ကြည့်သည်။

ထိုအချိန်မှာဘဲ အနက်ရောင်ပြိုင်ကားတစ်စီး အပြင်ကနေဝင်လာသည်။

အစ်မဝမ်ရဲ့အကြည့်က ထိုကားဆီသို့ အလိုအလျောက်ရောက်သွားသည်။

ဒါက တကယ်ဘဲ ......

တကယ်ဘဲ Ferrari Enzo ဖြစ်သည်။

ရှချူးရဲ့မန်နေဂျာတစ်ယောက်အနေနဲ့ ထိုပြိုင်ကားကိုတစ်ချက်ကြည့်ရုံဖြင့် တန်းသိပြီး ယွမ်သန်း၃၀နဲ့အထက်တန်ကြေးရှိမှန်းလည်းသိသည်။

အဲ့ဒီအပြင် ဒီကားက အကန့်အသတ်ထုတ်ဖြစ်တာကြောင့် တစ်ကမ္ဘာလုံးမှာ အစီး၄၀၀ဘဲရှိပြီး ပိုက်ဆံရှိတိုင်းဝယ်လို့မရဘဲ နောက်ခံအသိုင်းအဝိုင်းအနေအထားတစ်ခုရှိမှဝယ်နိုင်တာဖြစ်သည်။

ဒီလိုကားမျိုးကို ယန်ကျင်းလိုမြို့ကြီးမှာတောင် တွေ့ဖို့ရှားပြီး ကျုံးဟိုင်မြို့မှာတွေ့ရမယ်လို့ မထင်ထားပေ။

ကားပိုင်ရှင်က ဘယ်သူလဲ။

သူမ တွေးနေတုန်းမှာဘဲ ထို Ferrari Enzo ကားက သူမအရှေ့မလှမ်းမကမ်းမှာရပ်လိုက်သည်။

ချက်ချင်းဘဲ ကားပြတင်းပေါက်ချပြီး ချောမောငယ်ရွယ်တဲ့မျက်နှာပေါ်လာသည်။

" ယဲ့ ...... ယဲ့ဖန် "

အစ်မဝမ် ကားမောင်းသူနေရာကသူကိုတွေ့တဲ့အခါ လန့်သွားသည်။

ယဲ့ဖန်က အစ်မဝမ်ကိုပြုံးပြပြီး ဖုန်းချလိုက်သည်။

အဲ့ဒီနောက် စင်ယော်တောင်ပံလိုကားတံခါးတွေက ဖြည်းဖြည်းချင်းပွင့်သွားပြီး ယဲ့ဖန် ကားပေါ်ကဆင်းကာ ကားသော့ကို ပါကင်ထိုးပေးမယ့်သူဆီပစ်ပေးလိုက်ပြီး အစ်မဝမ်ရှိရာ လျှောက်လာသည်။

နာမည်ကြီးအဝတ်အစားတွေကိုဝတ်ပြီး မြင့်မြတ်တဲ့အငွေ့အသက်တွေထုတ်နေတဲ့ယဲ့ဖန်ကိုကြည့်ကာ အစ်မဝမ် ပိုတောင်အံ့ဩရသည်။

သူမသာ မမှားဘူးဆိုရင် ယဲ့ဖန်ရဲ့အဝတ်အစားတွေက ယွမ် ၁သိန်းအနည်းဆုံးရှိပြီး အဲ့ဒီနာရီက ......

နောက်ဆုံးမှာတော့ သူမ တွက်ချက်ပြီးသွားသည်။

ယဲ့ဖန်က သေအောင်ချမ်းသာတာဟ။

ဒါဆို အရင်က ဘာလို့ စုတ်စုတ်ပြတ်ပြတ်ဝတ်ထားတာလဲ။

ယဲ့ဖန်က အစ်မဝမ်ရှေ့ရောက်လာပြီး ပြုံးသည်။

" အစ်မဝမ်၊ စောင့်ခိုင်းမိလို့တောင်းပန်ပါတယ် "

" ရပါတယ်၊ အစ်မလည်း အခုမှရောက်တာ "

အစ်မဝမ် အသိစိတ်ပြန်ကပ်လာပြီး ပြုံးလျက် ခေါင်းခါသည်။ တစ်ချိန်တည်းမှာဘဲ သူမအသံက ပိုပြီးယဉ်ကျေးလာသည်။

ထိုအချိန်မှာ ယဲ့ဖန်နောက်ကျသည့်အတွက် စိတ်မကျေနပ်တာမျိုးလည်းမရှိတော့ပေ။ အဲ့အစား ပြုံးပြီးပြောသည်။

" ယဲ့လူကြီးမင်း၊ ရှရှလေးက စားသောက်ဆိုင်မှာရောက်နေနှင့်ပါပြီ။ အဲ့ကိုခေါ်သွားပေးပါ့မယ် "

" ဒုက္ခများစေပါပြီ၊ အစ်မဝမ် "

ယဲ့ဖန်ခေါင်းငြိမ့်သည်။

" ယဲ့လူကြီးမင်း၊ ကြင်နာလွန်းနေပါပြီ "

သူမက ပြောရင်း ယဲ့ဖန်ကိုကူကာ Hotel တံခါးကို အရင်ဖွင့်ပေးလိုက်သည်။

ယဲ့ဖန် နည်းနည်းအံ့ဩသွားသည်။

သူမှတ်မိသလောက် အစ်မဝမ်က သူ့ကိုသိပ်သဘောမကျပေ။ ဘာလို့ သူမက အခုအရမ်းကိုစိတ်အားထက်သန်နေရတာလဲ။

ဒါပေမဲ့ သူအများကြီးမတွေးဘဲ ကျေးဇူးတင်ပြီးနောက် အရှေ့ကဦးဆောင်ကာ Hotel ထဲဝင်လာသည်။

အဲ့ဒီနောက် ဓာတ်လှေကားထဲသို့ ဝင်သွားကြသည်။

ခဏအကြာမှာ ဓာတ်လှေကားက ငါးလွှာတွင်ရပ်သွားသည်။

အစ်မဝမ်က ယဲ့ဖန်ကို ကြယ်သုံးပွင့်မီချယ်လင်းစားသောက်ဆိုင်ကိုခေါ်လာသည်။ စင်္ကြံတစ်လျှောက်ဖြတ်ပြီးတဲ့နောက် သီးသန့်ခမ်းနားထူးခြားတဲ့အခန်းဆီကိုရောက်သွားသည်။

ရှချူးက သီးသန့်အခန်းတံခါးရှေ့မှာရပ်နေသည်။ သူမမှာဖြူစင်ပြီးစိတ်လှုပ်ရှားစေတဲ့မျက်နှာနဲ့လိုက်ဖက်တဲ့ပုံစံလည်းရှိနေသည်။

သူမက အဖြူရောင်တီရှပ်နဲ့ကိုယ်ကျပ်ဂျင်းဘောင်းဘီကိုသာဝတ်ဆင်ထားပြီး ပြည့်စုံတဲ့ကိုယ်လုံးကိုယ်ပေါက်လေးဖြစ်စေသည်။ သူမမျက်နှာပေါ်မှာ မိတ်ကပ်မရှိပေမဲ့ သူမက လှပနေသေးကာ လူတိုင်းရဲ့နှလုံးသားကိုလှုပ်ခါစေနိုင်သည်။

ယဲ့ဖန်က သူမကို သေချာကြည့်နေစဉ်မှာဘဲ သူမကလည်း သူ့ကိုသေချာကြည့်နေသည်။

ယဲ့ဖန်က အတော်လေးကြည့်ကောင်းပြီး အခုနာမည်ကြီးကုန်ပစ္စည်းတွေဝတ်ဆင်ထားတဲ့အခါ ပိုလို့တောင် ထင်ပေါ်တောက်ပပြီး ချောမောနေသည် ....

ရှချူး ဖျော်ဖြေရေးလောကမှာ ချောတဲ့သူတွေအများကြီးကိုတွေ့ဖူးတာတောင် သူမ အံ့ဩနေရသည်။

ဒါပေမဲ့ သူမ ချက်ချင်းဘဲ ဘာမှမဖြစ်သလိုနေလိုက်သည်။

ယဲ့ဖန်လို ဆင်းရဲတဲ့ကျောင်းသားတစ်ယောက်က ဘာကြောင့် ဒီလိုဇိမ်ခံပစ္စည်းတွေဝယ်နိုင်လဲဆိုတာ နားမလည်ပေမဲ့ မမေးဘဲ ယဲ့ဖန်ကို ပြုံးလျက်သာကြိုဆိုသည်။

" ယဲ့ဖန်၊ ရှင်ရောက်ပြီဘဲ "

သူ ဟိတ်ဟန်မထုတ်တဲ့ အိမ်ဘေးကအစ်မတစ်ယောက်လို ရင်းနှီးကာ ချဉ်းကပ်ဖို့လွယ်တဲ့ပုံစံရှိတဲ့ရှချူးကို ကြည့်လိုက်သည်။

ယဲ့ဖန်ပြုံးပြီး သူမအပေါ်အကောင်းမြင်မှုတို့က ပိုပိုတိုးလာသည်။ သူလည်းပြန်နှုတ်ဆက်သည်။

" ကောင်းသောညနေခင်းပါ၊ ရှမိန်းကလေး "

" ကောင်းသောညနေခင်းပါ "

ရှချူးပြန်ပြုံးပြကာ အထဲသို့ဝင်ရန် လမ်းဖယ်ပေးသည်။

" ယဲ့ဖန်၊ အထဲမှာစကားပြောကြတာပေါ့ "

ယဲ့ဖန်ခေါင်းငြိမ့်ပြီး ရှချူးနဲ့အတူ သီးသန့်ခန်းထဲသို့ဝင်သွားသည်။

အစ်မဝမ်က စားပွဲထိုးကိုခေါ်ပြီး ဟင်းပွဲတွေပြင်ခိုင်းသည်။

ဟင်းပွဲတွေချပြီးတဲ့အခါ ယဲ့ဖန်နဲ့ရှချူးတို့ စပြီးစကားပြောကြသည်။

အစမှာတော့ ယဲ့ဖန်နေရခက်နေမှာကို ရှချူးစိတ်ပူနေခဲ့သည်။

ဒါပေမဲ့ ယဲ့ဖန်က သူမကို တည်တည်ငြိမ်ငြိမ်စကားပြောနေတာမြင်တဲ့အခါ သူမ မတတ်နိုင်ဘဲ ယဲ့ဖန်ကိုလေးစားမိသည်။

အမှတ်တမဲ့ ယဲ့ဖန်ရဲ့လက်ကောက်ဝတ်ကိုကြည့်မိတဲ့အခါ သူမ လန့်သွားသည်။

Bulgari Octo လား?

သူမ မှတ်မိတာသာမှန်မယ်ဆိုလျှင် ဒီနာရီက အကန့်အသတ်ထုတ်ကုန်ဖြစ်သည်။ တစ်လုံးကို ယွမ်၆သန်းကျော်ကျသင့်ပြီး တစ်ကမ္ဘာလုံးမှာ ၈လုံးဘဲရှိသည်။

ဘယ်လိုဖြစ်ပြီး ယဲ့ဖန်မှာရှိနေရတာလဲ။

အတုများလား။

သူမ ထိုအတွေးတွေကို မြန်မြန်ဖယ်လိုက်သည်။ သူမ Bulgari က နာရီကို တစ်ခါတုန်းက ကြော်ညာရိုက်ဖူးသည်။ ယဲ့ဖန်လက်ကောက်ဝတ်ကနာရီက အစစ်ဆိုတာ သူမ သေချာသည်။

ချက်ချင်းဘဲ ယဲ့ဖန်အပေါ်အမြင်တို့က ထူးဆန်းသွားသည်။

ယဲ့ဖန်က ရှချူးရဲ့ထူးဆန်းတဲ့အမူအရာကို သတိထားမိတဲ့အခါ မေးသည်။

" ရှမိန်းကလေး၊ ဘာများဖြစ်လို့လဲ "

" အဆင်ပြေပါတယ် "

ရှချူးခေါင်းခါလိုက်သည်။ သူမက ယဲ့ဖန်ကိုကြည့်ပြီး ချီးကျူးသည်။

" နာရီက မဆိုးဘူးဘဲ "

" ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ဒါကကြည့်ကောင်းတယ်လို့ထင်တာကြောင့် ဝယ်လာလိုက်တာ "

ယဲ့ဖန် ပြုံးသည်။

ထိုစကားကြားတဲ့အခါ ရှချူးမျက်လုံးတို့ ဆတ်ခနဲမှိတ်သွားသည်။

ဒီ ယွမ်၆သန်းလောက်တန်တဲ့နာရီကို ဘာလို့ ယဲ့ဖန်ပြောတော့ ယွမ် ၆၀၀လောက်ဘဲတန်တယ်လို့ ထင်ရအောင်ပြောနေတာတုန်း။

သူ ဘယ်လောက်တောင်ချမ်းသာတာလဲ။

ရှချူး မဆင်မခြင်မမေးပေ။ အဲ့ဒီအစား သူမအိတ်ထဲသို့ ဘဏ်ကတ်ကို တိတ်တိတ်ကလေးပြန်ထည့်လိုက်သည်။

သူမဘဏ်ကတ်ထဲမှာ ယွမ်၅သန်းရှိသည်။ အစကတော့ ယဲ့ဖန်အတွက် ကျေးဇူးတင်လက်ဆောင်အဖြစ်ပေးမလို့ပေမဲ့ အခုတော့ .....

သူ့လက်ပတ်နာရီကတောင် ယွမ်၆သန်းတန်သည်။ ဒီပမာဏလောက်ကို ကျေးဇူးတင်လက်ဆောင်အဖြစ်ပေးရင် သူမ သူ့အပေါ်အထင်သေးရာရောက်သွားလိမ့်မည်။

အပိုင်း (၁၈)

နိုင်ငံ့နတ်ဘုရားမနဲ့ ပထမဆုံးအကြိမ်ထိတွေ့မှု

သူတို့နှစ်ယောက် အတော်ကြာစကားပြောရင်း ဟင်းပွဲတွေချပြီးသွားပြီဖြစ်သည်။

ဟင်းပွဲ ၁၅ပွဲရှိပြီး အနံ့ရောအဆင်းရော အရသာရှိမယ့်ပုံပေါ်သည်။ သူတို့ကိုကြည့်ရုံနဲ့ သွားရည်ယိုစေနိုင်သည်။

" ရှမိန်းကလေး၊ ကျွန်တော်တို့နှစ်ယောက်ဘဲရှိတာ။ မှာထားတာ အရမ်းများတယ် "

ယဲ့ဖန်စားပွဲအပြည့်ရှိတဲ့ဟင်းပွဲတွေကိုကြည့်သည်။

ရှချူး သဘောတကျရယ်ကာ ခေါင်းခါသည်။

" ရပါတယ်။ ကြိုက်တာစားလေ "

" ဟုတ်ကဲ့ပါ "

ပြောပြီးတဲ့နောက် ယဲ့ဖန် တူကိုကောက်ကိုင်ပြီး ဘဲကင်တစ်ဖတ်ကို ပါးစပ်ထဲထည့်လိုက်သည်။

" မဆိုးဘူးဘဲ။ ဘဲသားက အပြင်ကကြွပ်ကြွပ်ကလေးဆိုပေမဲ့ အထဲမှာတော့ နူးနူးအိအိလေး။ ဆီများပေမဲ့ မအီဘူး။ အရသာရှိတယ် "

" ရှင်ကြိုက်လို့တော်ပါသေးတယ်။ များများစားပါ၊ အားမနာပါနဲ့ "

ယဲ့ဖန်ခေါင်းငြိမ့်သည်။

သူက ရှချူးနဲ့ဆို ယဉ်ကျေးနေဖို့မရည်ရွယ်ပေ။ သူလည်း ဗိုက်ဆာနေတာကြောင့် ချက်ချင်း စစားတော့သည်။

ရှချူးက နည်းနည်းဘဲစားပြီးတဲ့နောက် တူကို ပြန်ချလိုက်သည်။

မကြိုက်လို့မစားတာလား ဝိတ်တက်မှာစိုးလို့လားဆိုတာ ယဲ့ဖန်မသိပေ။

ယဲ့ဖန် စားပြီးခါနီးမှာ ရှချူးက ရုတ်တရက်ပြောလာသည်။

" ယဲ့ဖန်၊ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် "

" ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မ ဒီလိုရှင်နဲ့အတူ ညစာစားခွင့်တောင်ရှိတော့မှာ မဟုတ်ပါဘူး "

ဒီနေ့မတော်တဆက တိုက်ဆိုင်မှုတစ်ခုမဟုတ်မှန်း ရှချူးခံစားမိသည်။

လမ်းမပေါ်ကစောင့်ကြည့်ရေးကင်မရာတွေကိုကြည့်ပြီးတဲ့နောက် ယဲ့ဖန်က သူမကို တမင်တကာ လာကယ်မှန်းသိတာကြောင့် သူမခန့်မှန်းတာမှန်နေကြောင်းသေချာသည်။

ဒါပေမဲ့ လောင်စာတိုင်ကီကားဆရာ လမ်းဘေးဘောင်ကိုတိုက်မိတာက ပင်ပန်းနေတာကို ကားမောင်းမိတာကြောင့်ဖြစ်ပြီး တစ်ယောက်ယောက်ရဲ့အကြံအစည်ကြောင့်မဟုတ်ပေ ......

ဒါဆို ယဲ့ဖန်က ကားပေါက်ကွဲမှာ ဘယ်လိုသိတာလဲ။

အဲ့ဒီအပြင် သူမ သွားမည့်နေရာကိုလည်း သတင်းထုတ်မပြန်ထားတာကြောင့် သူမရဲ့ RV ကားကို ယဲ့ဖန်က ဘယ်လိုအတိအကျ ရှာနိုင်ရတာလဲ။

ရှချူးစိတ်ထဲမှာ မရေတွက်နိုင်တဲ့မေးခွန်းများစွာရှိနေပြီး အဖြေကိုသိရဖို့ မစောင့်နိုင်ချေ။

ထိုပုံစံကိုမြင်တဲ့အခါ ယဲ့ဖန် သူ့တူကိုဘေးချပြီး ပါးစပ်ကို တစ်ရှူးနဲ့သုတ်ပြီး ပြုံးသည်။

" ရှမိန်းကလေး၊ မေးစရာရှိရင် မေးပါ "

ရှချူးက သူ့ကို ဒီအတိုင်း ကျေးဇူးတင်ဖို့သပ်သပ် ထမင်းဖိတ်ကျွေးတာမဟုတ်မှန်း သူသိသည်။

ယဲ့ဖန်က ဒီလောက်တည်ငြိမ်နေလိမ့်မယ်လို့ ရှချူးထင်မထားပေ။ သူမက အနည်းငယ်အံ့ဩသွားပြီးတဲ့နောက် ပြောသည်။

" ကျွန်မကိုကယ်ဖို့ တမင်တကာလာခဲ့တာမဟုတ်လား "

" အဲ့တာဆို ရှမိန်းကလေးက လူတစ်ချို့က အနာဂတ်ကိုကြိုမြင်နိုင်တာကို ယုံလား "

ယဲ့ဖန် မဖြေဘဲ ပြန်မေးသည်။

" မယုံဘူး "

ရှချူးခေါင်းခါသည်။ သူမက လက်တွေ့သမားဖြစ်သည်။ အနာဂတ်ကိုကြိုခန့်မှန်းတာက သိပ္ပံနည်းမကျတာကြောင့် သူမ အဲ့တာမျိုးကို အယုံအကြည်မရှိပေ။

ထိုစကားကြားတဲ့အခါ ယဲ့ဖန်ပြုံးသည်။

" အဲ့လိုဆိုမှတော့ ဒီနေ့မတော်တဆက တိုက်ဆိုင်မှုသပ်သပ်ပါဘဲ "

တကယ်ဘဲ မတော်တဆလား။

ရှချူးမေးဖို့ပြင်လိုက်ပေမဲ့ မမေးလိုက်ချေ။

လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေရှိကြသည်။

ယဲ့ဖန်က သူမကိုမပြောချင်မှတော့ ဆက်မေးလို့လည်းအကြောင်းမထူးပေ။ သူမ ယဲ့ဖန်ကို သိချင်စိတ်နဲ့သာကြည့်နေလိုက်သည်။

ရုတ်တရက် ရှချူးဖုန်းမြည်လာသည်။

ရှချူးလန့်သွားတာကြောင့် စားပွဲပေါ်ကဖုန်းကို လှမ်းယူလိုက်ပေမဲ့ ချော်ပြီးပြုတ်ကျသွားသည်။

ပြုတ်ကျသွားတဲ့ဖုန်းက ယဲ့ဖန်နားနီးနေတဲ့အတွက် သူက ကောက်ပေးဖို့ အောက်ကိုငုံ့လိုက်သည်။

သူဖုန်းကိုလှမ်းယူလိုက်စဉ်မှာ သူ့လက်ဖမိုးပေါ်မှာ နူးညံ့အေးစက်တဲ့အထိအတွေ့ကို ခံစားမိသည်။

အဲ့တာ ရှချူးရဲ့လက်။

ယဲ့ဖန် သတိမမူမိဘဲ ရှချူးကိုကြည့်လိုက်သည်။

ရှချူးကလည်း သူ့ကိုကြည့်နေသည်။

သူတို့အကြည့်ဆုံသွားတဲ့အခါ ရှချူးမျက်နှာက ရဲတက်လာသည်။

နောက်စက္ကန့်ပိုင်းအတွင်းမှာဘဲ ရှချူးက လျှပ်စစ်ရှော့တိုက်ခံလိုက်ရတဲ့အလား လက်ကိုဖျတ်ခနဲပြန်ရုတ်သွားသည်။

ယဲ့ဖန် နည်းနည်းနောင်တရသွားသည်။

ဒါက နိုင်ငံနတ်ဘုရားမရဲ့လက်ဖြစ်သည်။ အထိအတွေ့က ကောင်းရုံတင်မဟုတ်ဘဲ ........

ဒါပေမဲ့ သူဆက်မတွေးတော့ဘဲ ဖုန်းကိုကောက်ပြီး ရှချူးကိုပေးလိုက်သည်။

" ကျေးဇူးပါ "

ရှချူးဖုန်းကိုယူကာ ယဲ့ဖန်ကို ကျေးဇူးတင်လိုက်သည်။ ယဲ့ဖန်ကို ထူးဆန်းတဲ့အကြည့်နဲ့ကြည့်လိုက်ပေမဲ့ ချက်ချင်းဘဲ ထိုအကြည့်က ပြန်ပျောက်သွားသည်။

ယဲ့ဖန်က ရှချူးရဲ့ထူးဆန်းတဲ့အမူအရာကိုသတိမထားမိဘဲ မေးသည်။

" ရှမိန်းကလေး၊ ဖုန်းက မကွဲသွားဘူးမလား "

ရှချူး ဖုန်းကိုစစ်ကြည့်ပြီး ခေါင်းခါသည်။

" မကွဲပါဘူး "

တကယ်လို့ ကွဲသွားရင်တောင် ကိစ္စမရှိပေ။ ဒါက ဖုန်းလေးတစ်လုံးဘဲဖြစ်တာကြောင့် သူမအတွက် ဘာမှမဟုတ်ပေ။

အဲ့ဒီနောက် ကျသွားတဲ့ဖုန်းခေါ်သူကို စစ်ကြည့်သည်။

အစ်မဝမ်ဆီမှခေါ်တာကိုမြင်တဲ့အခါ ရှချူးမျက်မှောင်ကြုတ်သည်။

အဲ့ဒီကိစ္စက သဘောတူညီမှုမရဘူးလား။

အစ်မဝမ်ဆီ သူမ စာပို့ဖို့ကြံနေတုန်းမှာဘဲ တံခါးခေါက်သံထွက်လာသည်။

" ဝင်ခဲ့ပါ "

ရှချူးပြောသည်။

အစ်မဝမ်က မသာမယာမျက်နှာနဲ့ဝင်လာသည်။

အစ်မဝမ်ကိုမြင်တဲ့အခါ ရှချူး မကောင်းတဲ့ခံစားချက်ရလိုက်ပေမဲ့ ဘာမှမမေးလိုက်ပေ။

ဒါပေမဲ့ အစ်မဝမ်က အတင်းပြုံးပြီး ယဲ့ဖန်ကို နှုတ်ဆက်ပြီးနောက် ရှချူးဆီလာသည်။

" ရှရှ၊ အဲ့လူက အစ်မတို့ကို မကူညီချင်ဘူး "

ထင်တဲ့အတိုင်းဘဲ။

ရှချူး ခန့်မှန်းထားပြီးသားဖြစ်ပေမဲ့ သူမမျက်လုံးတွေ သုန်မှုန်သွားသည်။

အဲ့ဒီနောက် သူမက ယဲ့ဖန်ကိုကြည့်ပြီး ပြောသည်။

" အစ်မဝမ်၊ အရင်သွားလိုက်ပါ။ ကျွန်မတို့ ဒီကိစ္စကို နောက်မှပြောတာပေါ့ "

အစ်မဝမ် ခေါင်းငြိမ့်ပြီး ထွက်သွားဖို့လုပ်သည်။

" ရှမိန်းကလေး၊ ပြဿနာတက်နေလို့များလား "

အစ်မဝမ်ပြောတဲ့ကိစ္စက ရှချူးအတွက် အတော်လေးအရေးကြီးပုံရသည်။ သူ ဒီမှာရှိနေတာကြောင့် ရှချူးက ချက်ချင်းဖြေရှင်းလို့မရဖြစ်နေပုံပေါ်သည်။

ရှချူးအပေါ်အကောင်းမြင်တာကြောင့် သူက ကြားတဲ့အခါ သိချင်စွာဖြင့်မေးသည်။

ရှချူးကလည်း ယဲ့ဖန်ကူနိုင်မယ်မထင်တာကြောင့် ချက်ချင်းမပြောပြလိုက်ပေ။

ဒါပေမဲ့ အစ်မဝမ်ကတော့ အဲ့လိုမထင်ပေ။ ယဲ့ဖန် Ferrari Enzo စီးလာတာကိုတွေးမိပြီး ခေါင်းငြိမ့်ကာပြောသည်။

" ယဲ့လူကြီးမင်း၊ ကျွန်မတို့ တကယ်ကိုဘဲ ပြဿနာတက်နေတာပါ "

အပိုင်း (၁၉)

ရှချူးက ရှက်နေတယ်။

" အစ်မဝမ် .... "

ယဲ့ဖန်က မကူနိုင်လောက်ဖူးဟု ရှချူးထင်တာကြောင့် သူ့ကို ပြဿနာမပေးချင်၍ အစ်မဝမ်ကို ဆက်မပြောဖို့ သူမ တားလိုက်သည်။

သူမ တားလို့မပြီးသေးခင်မှာဘဲ အစ်မဝမ်က ယဲ့ဖန်ကိုဆက်ပြီးပြောသည်။

" ယဲ့လူကြီးမင်း၊ ဒါက ဒီလိုပါ ...... "

အဲ့တာက ရှချူးရဲ့ဇာတ်ကားအသစ်ကိစ္စဖြစ်နေသည်။

ရှချူးက သူမရဲ့ဂီတလောကမှာ ထိပ်တန်းရောက်နေပြီဖြစ်တာကြောင့် ဆက်ပြီးတိုးတက်အောင်လုပ်ဖို့နေရာမရှိတော့ဘဲ ရုပ်ရှင်လောကမှာ နာမည်ရဖို့အတွက် သူမလုပ်ကြည့်ချင်သည်။

ရှချူးရဲ့နာမည်ကျော်ကြားမှုကြောင့် ရုပ်ရှင်လောကကို သူမဝင်ချင်တယ်လို့ဆိုလိုက်တာနဲ့ သူမဆီကို လူတွေက ဇာတ်ညွှန်းတွေအများကြီးပို့ပေးကြသည်။ ဒါပေမဲ့ ရှချူးမှာလည်း စံနှုန်းမြင့်မြင့်ရှိတာကြောင့် မကောင်းတဲ့ဇာတ်ကားမျိုးမရိုက်ချင်ပေ။

ဒီတစ်ခါ ဇာတ်ညွှန်းကောင်းရဖို့ မလွယ်ကူပေ။ ဇာတ်ညွှန်းအနေအထားက နည်းနည်းလေးပြဿနာရှိနေတာဖြစ်ပြီး ပြန်လည်သုံးသပ်ရေးကဏ္ဍကိုဖြတ်နိုင်မည်မဟုတ်။ ဒါပေမဲ့ ရှချူးက ဒီလိုကောင်းတဲ့ ဇာတ်ညွှန်းကို လက်မလျှော့ချင်တာကြောင့် အချိတ်အဆက်ကောင်းကောင်းရဖို့ရှာချင်တာဖြစ်သည်။

အတော်အတန်မေးပြီးတဲ့နောက် ထန်းပေါဟုန်က ဒီလိုအပိုင်းတွေမှာ လုပ်နိုင်စွမ်းရှိပြီး အချိတ်တွေပေါမှန်း သိလိုက်ရသည်။

ဒါပေမဲ့ သူတို့နှစ်ယောက်က စီးပွားရေးလောကရဲ့ ထိတ်ထိတ်ကြဲထန်းပေါဟုန်ကို အလွယ်တကူတွေ့နိုင်မည်မဟုတ်ပေ။

အဲ့တာကြောင့် ရှချူးက ကြားခံလူတစ်ယောက်ကနေတစ်ဆင့်တွေ့ရဖို့မျှော်လင့်ခဲ့သည်။ ဒါပေမဲ့ အဲ့ဒီလူက ရှချူးကိုမိတ်ဆက်ပေးဖို့ မတန်ဘူးလို့ထင်တာကြောင့် ငြင်းဆိုလိုက်သည်။

" အာ အဲ့လိုလား "

ဖြစ်စဉ်ကိုနားထောင်ပြီးတဲ့နောက် ယဲ့ဖန်ရယ်လိုက်သည်။

ရှချူးရှာနေတာက အခြားသူတစ်ယောက်သာဆို ယဲ့ဖန်မကူနိုင်ပေမဲ့ ထန်းပေါဟုန်သာဆိုရင်တော့ အသေးအမွှားပင်ဖြစ်သည်။

အစ်မဝမ်က ယဲ့ဖန်ရဲ့အမူအရာတွေကိုစောင့်ကြည့်နေပြီး ထိုပုံစံကိုမြင်တဲ့အခါ သူမနှလုံးသားထဲမှ မျှော်လင့်ချက်ရောင်ခြည်ကသန်းလာသည်။

" ယဲ့လူကြီးမင်း၊ ရှင် ထန်းဥက္ကဌကြီးကိုသိတာလား "

" သိပါတယ် "

ရှချူးနဲ့ အစ်မဝမ်က အဲ့တာကိုကြားတဲ့အခါ အတော်လေးအံ့ဩသွားကြသည်။

သူက တကယ်ကြီးထန်းပေါဟုန်ကိုသိတာဘဲ။

" ဒါဆို ယဲ့လူကြီးမင်း၊ ကျွန်မတို့ကို ကူညီပြီးဆက်သွယ်ပေးနိုင်မလား "

အစ်မဝမ်က ချက်ချင်းမေးလိုက်သည်။

မေးပြီးတဲ့နောက်မှ ထန်းပေါဟုန်နဲ့ ယဲ့ဖန်ကြားက ဆက်ဆံရေးကို မသေမချာဖြစ်သွားသည်။ တကယ်လို့ ထန်းပေါဟုန်အတွက် ယဲ့ဖန်က အရေးမပါတဲ့သူတစ်ယောက်သာဆို သူတို့ကို ကူညီနိုင်မှာမဟုတ်ပေ။

" ရပါတယ်၊ ရှင်မကူနိုင်လည်း။ အားနာဖို့မလိုပါဘူး ...... "

ထပ်ဖြည့်ပြောလိုက်သည်။

" အဲ့တာက မခက်ပါဘူး "

ယဲ့ဖန်က လက်ကိုယမ်းပြီး အစ်မဝမ်ကိုဖြတ်ပြောသည်။

အဲ့ဒီနောက် ဖုန်းကိုထုတ်ပြီး ထန်းပေါဟုန်ဖုန်းနံပါတ်ကိုရိုက်လိုက်သည်။

မကြာခင်မှာဘဲ တစ်ဖက်ကနေ အသံထွက်လာသည်။

" ဟယ်လို? "

" မင်္ဂလာပါ၊ အကြီးအကဲထန်း။ ကျွန်တော်ယဲ့ဖန်ပါ "

ယဲ့ဖန် သူ့ကိုယ်သူ မြန်မြန်နှုတ်ဆက်လိုက်သည်။

ယဲ့ဖန်ဆီကဖုန်းမှန်းသိတဲ့အခါမှ ထန်းပေါဟုန်လေသံကချိုသာသွားသည်။

" အို၊ ရှောင်ယဲ့လူကြီးမင်းလေးပါလား "

" အကြီးအကဲထန်း၊ ဒီလိုအလောတကြီးခေါ်လိုက်ရတဲ့အတွက် အနှောင့်အယှက်မဖြစ်ဖို့တော့ မျှော်လင့်ပါတယ် "

" မဟုတ်တာ၊ မဖြစ်ပါဘူး "

" ........ "

စကားအနည်းငယ်ပြောပြီးတဲ့နောက် သူတို့အဓိအကြောင်းအရာကိုပြောကြတော့သည်။

" အကြီးအကဲထန်းကို ကျွန်တော်တစ်ခုလောက် အကူအညီတောင်းချင်ပါတယ် "

ယဲ့ဖန်ပြောသည်။

" ပြောပါ "

" ဒီလိုရှိပါတယ် ...... "

ယဲ့ဖန်က ထန်းပေါဟုန်ကို ဖြစ်ကြောင်းကုန်စင်ပြောသည်။

ဖုန်းတစ်ဖက်ကနေ မြန်မြန်ဘဲ ပြန်ဖြေသည်။

" ကောင်းပါပြီ၊ ရှောင်ယဲ့လူကြီးမင်းလေး။ သူတို့ကို မနက်ဖြန်မနက်၉နာရီမှာလာတွေ့ဖို့ပြောလိုက်ပါ "

ရှချူးက နာမည်ကြီးတစ်ယောက်သာဖြစ်တဲ့အတွက်ကြောင့် သူမမှာ သူ့ကို ကိုယ်တိုင်လာတွေ့ခွင့်မရှိပေမဲ့ သူက ယဲ့ဖန်ကို မျက်နှာသာပေးဖို့လိုသည်။

" ကျေးဇူးတင်ပါတယ်၊ အကြီးအကဲထန်း "

ယဲ့ဖန် သူ့ကို မြန်မြန်ကျေးဇူးတင်လိုက်သည်။

" ရပါတယ် "

" ....... "

စကားအနည်းငယ်ပြောပြီးတဲ့နောက် ဖုန်းချသွားသည်။

ယဲ့ဖန်က ရှချူးနဲ့ အစ်မဝမ်ကိုကြည့်လိုက်သည်။

" ရှမိန်းကလေး၊ အကြီးအကဲထန်းက တွေ့ဖို့သဘောတူလိုက်ပါတယ်။ မနက်ဖြန်မနက် ...... "

ထန်းပေါဟုန်စီစဉ်ပေးတဲ့ အချိန်နဲ့လိပ်စာကိုပြောပြလိုက်ပြီး ယဲ့ဖန်ဖုန်းကို အိပ်ကပ်ထဲပြန်ထည့်လိုက်သည်။

ယဲ့ဖန်က ထန်းပေါဟုန်နဲ့စကားပြောနေချိန်မှာ အသံကနူးညံ့မနေပေ။ သီးသန့်အခန်းရဲ့တိတ်ဆိတ်မှုကြောင့် တစ်ဖက်ကဖုန်းပြောသံကို ရှချူးနဲ့အစ်မဝမ်တို့ အတိုင်းသားကြားနေရသည်။

ယဲ့ဖန်အပေါ် ထန်းပေါဟုန်ရဲ့ဆက်ဆံပုံကိုမြင်ရတဲ့အခါ မိန်းကလေးနှစ်ယောက် နည်းနည်းရှုပ်ထွေးသွားကြသည်။

အထူးသဖြင့် အစ်မဝမ်။

သူမ အရင်က ယဲ့ဖန်က ဘယ်လိုအထင်သေးခဲ့မိလဲဆိုတာတွေးမိသည် .......

သူမ ကျေးဇူးတင်ပေမဲ့ ရှက်ပြီးတောင်းပန်ချင်သည်။

" ယဲ့ဖန်၊ ကျေးဇူးတင်ပါတယ် "

ရှချူးက မြန်မြန်အသိဝင်လာပြီး ကျေးဇူးတင်လိုက်သည်။ သူမက စိတ်လှုပ်ရှားနေတဲ့အတွက် ယဲ့ဖန်လက်ကိုဆွဲပြီး ကျေးဇူးတင်စကားပြောနေမိသည်။

" ဟားဟား၊ ဒါက ကိစ္စကြီးမဟုတ်ပါဘူး။ ရှမိန်းကလေး၊ စိတ်ထဲမထားပါနဲ့ "

ယဲ့ဖန်စိတ်ထဲမထားပေ။ သူ ရှချူးရဲ့လက်ကိုသာကြည့်နေမိသည်။

လက်က အရိုးပင်မရှိသည့်အလား နူးညံ့လွန်းသည်။

စိတ်မကောင်းစွာနဲ့ဘဲ တစ်ခဏအကြာမှာ ရှချူးက သူမပုံစံကိုသတိထားမိသွားပြီး မျက်နှာနီရဲလာကာ လက်ကိုမြန်မြန်ပြန်ရုတ်လိုက်သည်။

" ရှင့်အတွက်တော့ လက်ချောင်းလေး မ သလောက်လွယ်ပေမဲ့ ကျွန်မတို့အတွက်တော့ ကြီးမားတဲ့အကူအညီပါဘဲ "

" ဥက္ကဌကြီးထန်းနဲ့ကိစ္စတွေပြီးတဲ့အခါ ရှင့်ကိုထပ်ပြီး ကျေးဇူးတင်ပါ့မယ် "

ရှချူးမျက်နှာက ကျေးဇူးတင်တာရော သိချင်စိတ်ပါ ရောပြွန်းနေသည်။

ရှချူးရဲ့တိုက်တွန်းချက်ကြောင့် ယဲ့ဖန်မငြင်းတော့ဘဲ ပြုံးလျက်ပြောသည်။

" ကောင်းပါပြီ၊ ရှမိန်းကလေးရဲ့ ကျေးဇူးတင်လက်ဆောင်ကိုမျှော်နေပါ့မယ် "

ရှချူးပြုံးသည်။

" ယဲ့ဖန် WeChat အပ်ကြရအောင်။ အဆက်အသွယ်မပြတ်ရှိကြတာပေါ့ "

ရှချူး အများကြီးတွေးပြီးမှ ဒီလိုပြောတာဖြစ်သည်။

အစကတော့ ယွမ် ၅သန်းနဲ့ ထမင်းကျွေးပြီး ကျေးဇူးတင်ဖို့လုပ်ထားပေမဲ့ ယဲ့ဖန်က ထပ်ပြီးကူညီလိုက်တဲ့အပြင် သူမ ယဲ့ဖန်အကြောင်းပိုသိချင်တာကြောင့် WeChat ကနေချဉ်းကပ်ပြီး နားလည်အောင်လုပ်ဖို့စဉ်းစားလိုက်သည်။

နိုင်ငံ့နတ်ဘုရားမဘက်က စပြီး အပ်ဖို့ပြောမှတော့ ယဲ့ဖန်သေချာပေါက်ငြင်းဆန်စရာအကြောင်းမရှိပေ။

သူမနဲ့ friend add ပြီးတဲ့နောက် ဖုန်းကိုပိတ်ပြီး ထလိုက်သည်။

" ဧည့်ဝတ်ကျေတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ရှမိန်းကလေး။ နောက်ကျနေပြီမလို့ ပြန်ပါတော့မယ် "

" ကောင်းပါပြီ "

ရှချူးခေါင်းငြိမ့်သည်။ တစ်ခုခုကိုတွေးပြီးတဲ့နောက်သူမကတ်နှစ်ကတ်ကို ယဲ့ဖန်လက်ထဲထည့်ပေးသည်။

" သဘက်ခါရှင့်မှာအချိန်ရှိရင် ဖျော်ဖြေပွဲကိုလာခဲ့ပေးပါ "

ယဲ့ဖန်သေချာမကြည့်လိုက်ပေမဲ့ ရှချူးက သူ့ကို ဖျော်ဖြေပွဲလက်မှတ်ပေးလိုက်မှန်းသိလိုက်တာကြောင့် ခေါင်းငြိမ့်သည်။

" ကောင်းပါပြီ "

အပိုင်း (၂၀)

မိတ်ဖွဲ့တာက ကောင်းကျိုးတွေချည်းဘဲ။

လက်မှတ်တွေကိုကိုင်ပြီး ယဲ့ဖန်အခန်းထဲကထွက်လာသည်။

ရှချူး ယဲ့ဖန်ကို ကိုယ်တိုင်လိုက်ပို့ပေးချင်ပေမဲ့ သူမရဲ့အနေအထားကြောင့် လက်လျှော့လိုက်ပြီး အစ်မဝမ်ကိုသာ လိုက်ပို့ခိုင်းလိုက်သည်။

ဓာတ်လှေကားက ပထမထပ်မှာရပ်သွားသည်။

ယဲ့ဖန်ပထမထပ်ကထွက်လာတဲ့အခါ ဂိတ်အကူက သူ့ရှေ့ကို Ferrari Enzo ကို မောင်းလာပြီးသားဖြစ်သည်။

ကားသော့ကိုယူပြီးနောက် ယဲ့ဖန်က ဂိတ်အကူကို ယွမ်၂၀၀ ဘောက်စူးပေးလိုက်ပြီး အစ်မဝမ်ကြည့်နေတုန်းမှာဘဲ မောင်းထွက်သွားသည်။

ကားက သူမမြင်ကွင်းထဲက ပျောက်သွားသည့်အခါ အစ်မဝမ်က လှည့်ပြီး ဟိုတယ်အပေါ်ဆုံးအထပ်ကိုမော့ကြည့်လိုက်သည်။

.......................

ဇိမ်ခံအဆင့်မြင့်အခန်း။

ရှချူးက လသာဆောင်ပြတင်းကနေ အဝေးကိုကြည့်နေသည်။

ရုတ်တရက် တံခါးခေါက်သံပေါ်လာပြီး အစ်မဝမ်ဝင်လာသည်။

ရှချူးကိုတွေ့တဲ့အခါ သူမကလည်း လသာဆောင်ပြတင်းဆီသို့လျှောက်လာသည်။

" ရှရှ၊ ယဲ့လူကြီးမင်းက ပြန်သွားပြီ "

" အစ်မဝမ်၊ အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ် "

" ဒီကောင်မလေးကတော့ ဘာလို့ အရမ်းတွေတရိုတသေပြောနေတာလဲ "

ရှချူးပြုံးပြီးမေးသည်။

" အိုဒါနဲ့၊ အစ်မဝမ်။ ယဲ့ဖန်က ကျွန်မတိို့ကို ကူနိုင်မယ်ဆိုတာ ဘယ်လိုသိတာလဲ "

" အစ်မလည်း အစက မသေချာပါဘူး။ ဒါပေမဲ့ ........ သူ့ကားက Ferrari Enzo လေ "

' Ferrari Enzo တဲ့လား '

ရှချူး ထိုစကားတို့ကိုကြားတဲ့အခါ မျက်လုံးအိမ်တို့ကျဉ်းသွားသည်။

Ferrari Enzo က ဘာကိုကိုယ်စားပြုလဲဆိုတာ သူမသိတာပေါ့။

ပြီးတော့ ယဲ့ဖန်ရဲ့ Bulgari နာရီ .....

" အစ်မဝမ်၊ ညီမတို့ သူ့ကို အထင်သေးမိပြီထင်တယ် "

သက်ပြင်းချပြီး ရှချူးက အဲ့ကိစ္စကိုဆက်မပြောတော့ပေ။

" အစ်မဝမ်၊ မနက်ဖြန်အချိန်ဇယားက ဘာတွေလဲ "

" မနက်ဖြန်မနက် ၉နာရီမှာ ထန်းဥက္ကဌကြီးနဲ့တွေ့ရမယ်။ နေ့လယ် ၁၁ကျ ....... "

အစ်မဝမ်က မှတ်စုကိုထုတ်ပြီး အချိန်ဇယားတွေကိုရွတ်ပြနေသည်။

" အစ်မဝမ်၊ မနက်ဖြန်နေ့လယ် အင်တာဗျူးကိုဖျက်လိုက် "

" ရှရှ၊ အဲ့တာမကောင်းဘူးထင်တယ်နော်။ တစ်ချို့လူတွေက ဒီည ထောက်ပံ့ရေးပါတီမတက်တာကိုတောင် ပြောနေကျတာ။ မနက်ဖြန် အင်တာဗျူးပါ ဖျက်လိုက်ရင် ........ "

" နောက်ဆုတ်လိုက် "

" ဟုတ်ပါပြီ "

ရှချူးရဲ့ခေါင်းခါမှုကိုမြင်တဲ့အတွက် သူမ ဘာပြောပြောနားဝင်မှာမဟုတ်မှန်းသိလိုက်တော့သည်။ ဆက်တိုက်တွန်းမနေတော့ဘဲ မေးသည်။

" ဒါဆို မနက်ဖြန်နေ့လယ်ဘာလုပ်မှာလဲ "

" ယဲ့ဖန်ကို ကျေးဇူးတင်မှာ "

အစ်မဝမ်ပြောစရာစကားမဲ့သွားသည်။ ရှချူးက ယဲ့ဖန်ကို အထင်ကြီးလွန်းနေသည်ဟုထင်သည်။

သူတို့ ထန်းပေါဟုန်ကိုတောင်မတွေ့ရသေးတာ ယဲ့ဖန်က အကူအညီဖြစ်မယ်ဆိုတာ ဘယ်လိုလုပ်သေချာဦးမှာလဲ။

ရှချူးက အစ်မဝမ်ရဲ့ မသေချာတဲ့အမူအရာကိုတွေ့တဲ့အခါ ပြုံးသည်။

" ဒါရိုက်တာထန်းရဲ့အချိန်တွေက အရမ်းကိုမှတန်ဖိုးရှိတယ် "

အစ်မဝမ် တစ်ခဏကြောင်သွားပြီးတဲ့နောက် ချက်ချင်းနားလည်သွားသည်။

ဟုတ်သည်။ ထန်းပေါဟုန်က အရမ်းအလုပ်များတဲ့သူတစ်ယောက်ဖြစ်သည်။ သူက သူတို့ကိုမကူညီချင်ဆိုရင် ယဲ့ဖန်တောင်းဆိုရင်တောင်မှ သူတို့တွေ့ခွင့်ရမှာမဟုတ်ချေ။

သူက တွေ့ဖို့ဆုံးဖြတ်ထားမှတော့ အောင်မြင်ဖို့ရာခိုင်နှုန်းများသည်။

အင်တာဗျူးလေးတစ်ခုက ရှချူးရဲ့ရုပ်ရှင်လမ်းကြောင်းပေါ်တက်တာလောက်နဲ့ ယှဉ်မရပေ။

" ရှရှ ထင်တာမှန်တယ်။ ယဲ့လူကြီးမင်းလေးနဲ့ မိတ်ဖွဲ့တာက ကောင်းကျိုးတွေချည်းဘဲ "

အဲ့ဒီနောက် အစ်မဝမ်က အင်တာဗျူးဖျက်ဖို့ ဖုန်းဆက်သည်။

....................

ယဲ့ဖန် ဟိုတယ်ထဲကထွက်လာပြီး ကားကို လမ်းဘေးခဏရပ်ကာ ရှချူးပေးတဲ့ကတ်တွေကို ထုတ်ကြည့်သည်။

သူထင်တဲ့အတိုင်းတစ်ကတ်က ဖျော်ဖြေရေးပွဲလက်မှတ်ဖြစ်သည်။

ဒါပေမဲ့ နောက်တစ်ကတ်ကတော့ ပွဲခင်းထဲမှ Super VIP တွေအတွက် သီးသန့်အခန်းလက်မှတ်ဖြစ်သည်။

ဖျော်ဖြေရေးပွဲမှာ ထိုအခန်းက သုံးခန်းသာရှိသည်။

သာမန်လက်မှတ်ကို ယွမ်ထောင်ချီရောင်းကြတာတောင်မှ မလောက်ဖြစ်နေသည် .......

သူ့လက်ထဲက Super VIP ကတ်ကို ပြန်ရောင်းပါက အနည်းဆုံး ယွမ်တစ်သိန်းမက တန်ကြေးရှိသည်။

ဒါပေမဲ့ သူ့မှာ အခုပိုက်ဆံရှိတာကြောင့် ပြန်မရောင်းဖြစ်ပေ။

သူ သဘက်ခါအချိန်ရှိရင် ဖျော်ဖြေပွဲကို တိုက်ရိုက်သွားကြည့်ပါက ကောင်းမည် .......

သီးသန့်အခန်းကတ်ကိုသိမ်းပြီးနောက် နောက်ထပ်တစ်ကတ်ကိုကြည့်လိုက်သည်။

ထိုကတ်က ရှချူးရဲ့ကိုယ်ပိုင်နာမည်ကတ်ဖြစ်သည်။

ယဲ့ဖန်နည်းနည်းအံ့ဩသွားပြီး ကတ်တွေကိုသိမ်းကာ ကျုံးထျန်းစံအိမ်(၁)သို့ မောင်းလာသည်။

အိမ်ပြန်ရောက်တဲ့အခါ သူ မျက်နှာသစ်သွားတိုက်ပြီး အိပ်ပျော်သွားသည်။

တိတ်ဆိတ်တဲ့ညလေးတစ်ညဖြစ်သည်။

နောက်နေ့မနက် ယဲ့ဖန်ထလာတဲ့အခါ ကျောင်းကိုမသွားဘဲ ပစ္စည်းထိန်းသိမ်းရေးဌာနကို ကုန်တင်ကားတစ်စီးရှာပေးဖို့ပြောသည်။

မနက်ပိုင်းအတန်းမရှိတဲ့အတွက်ကြောင့် အဲ့အချိန်ကိုသုံးပြီး အဆောင်ကပစ္စည်းတွေကို ကျုံးထျန်းကန်သာယာစံအိမ်သို့ရွှေ့ရန်စီစဉ်ထားသည်။

မကြာခင်မှာဘဲ ပစ္စည်းထိန်းသိမ်းရေးဌာနက ကားတွေ့ပြီဖြစ်ကြောင်း အကြောင်းကြားသည်။

ယဲ့ဖန် သူ့ရဲ့ Ferrari Enzo ကိုမောင်းသွားဖို့ စိတ်ကူးမရှိတာကြောင့် ကုန်တင်ကားနဲ့သာလိုက်လာသည်။

တစ်နာရီကြာတဲ့နောက်…….

ကျုံးဟိုင်တက္ကသိုလ်ရှေ့သို့ ကုန်တင်ကားကရပ်သည်။

ယဲ့ဖန်က ကားသမားကို အောက်မှာစောင့်ဖို့ပြောပြီး ပစ္စည်းသိမ်းရန် အဆောင်ပေါ်သို့တက်လာသည်။

အခန်းနံပါတ် (၅၀၉)

ယဲ့ဖန် တံခါးခေါက်လိုက်သည်။

ချက်ချင်းဘဲ အခန်းတံခါးကပွင့်သွားပြီး ဝဝဖောင်းဖောင်းမျက်နှာကပေါ်လာသည်။ ဝတုတ်ချူးဘဲ။

တံခါးကလူက ယဲ့ဖန်မှန်းတွေ့တဲ့အခါ ဝတုတ်ချူးက ချက်ချင်းရယ်သည်။

" ဖန်ညီအစ်ကို၊ ပြန်လာပြီလား "

အဲ့ဒီနောက် အခန်းထဲဝင်ဖို့ ဖယ်ပေးသည်။

ယဲ့ဖန်အခန်းထဲကိုဝင်လာသည်။

စာအုပ်ဖတ်နေတဲ့ မားဟုန်းဖေးက ယဲ့ဖန်ကိုတွေ့တဲ့အခါ ပြုံးပြီးနှုတ်ဆက်သည်။

" ဖန်ညီအစ်ကို၊ ကောင်းသောမနက် "

" ကောင်းသောမနက်ကွာ "

ယဲ့ဖန်ခေါင်းငြိမ့်ပြီး လင်းကျယ်အိပ်ရာကိုကြည့်လိုက်သည်။

လင်းကျယ်ကို အိပ်ရာပေါ်မှာမတွေ့ရပေ။

ဝတုတ်ချူးက ယဲ့ဖန်အမူအရာကိုတွေ့တဲ့အခါ ပြောသည်။

" ဖန်ညီအစ်ကို၊ အဲ့ကလေးလင်းကျယ်က မနက်စောစောသွားဒိတ်တယ်တဲ့ "

ယဲ့ဖန် ခေါင်းသာငြိမ့်ပြီးပြန်မဖြေပေ။

သူဒီမှာမရှိတာကောင်းတယ်။

အဲ့ကောင်ကို မမြင်ချင်ဖြစ်နေသည်။

အဲ့ဒီနောက် ယဲ့ဖန် အထုတ်စသိမ်းသည်။

All Chapters