← Chapters

အပိုင်း ၂၅-၂၈

Vol. 2 Ch. 25-28

အပိုင်း ၂၅-၂၈

Vol. 2 Ch. 25-28

အပိုင်း (၂၅)

Ferrari Enzo စီးတဲ့လူလိမ်။

အစ်မဝမ်က ယဲ့ဖန်ရဲ့ကိုယ်ရေးအချက်အလက်က သာမန်မဟုတ်ကြောင်း သိပြီးကတည်းက သူ့အပေါ်အာရုံစိုက်လာသည်။ အဲ့တာကြောင့် လက်ရှိဖြစ်နေတဲ့ စိန်အဆင့်ကတ်ကို အတုလို့ထင်ခံရတဲ့ ပြဿနာအကြောင်းကိုလည်းသိသည်။

ရှချူးမေးလာတဲ့အခါမှာတော့ အစ်မဝမ်က ဖြစ်ကြောင်းကုန်စင်ပြောပြသည်။

ရှချူးကြားတဲ့အခါ မျက်နှာသုန်မှုန်သွားသည်။

" အဲ့တော့ ယဲ့ဖန်က ဘယ်လိုတုန့်ပြန်လဲ "

အစ်မဝမ် ခေါင်းခါပြသည်။

" ယဲ့လူကြီးမင်းက ဘာမှတုန့်ပြန်မထားဘူး "

ရှချူး နည်းနည်းအံ့ဩသွားရသည်။

သူမသည်လည်း ကျောင်းစာမျက်နှာပေါ်က ကောမန့်တွေကို မြင်ပြီးဖြစ်သည်။ အကယ်၍ သူမသာအဲ့လိုအပြစ်တင်ခံရပါက သေချာပေါက် ဒီအတိုင်းခံမနေဘဲ ပြန်ရန်တွေ့မှာဖြစ်ပေမဲ့ ယဲ့ဖန်ကတော့ ဘာတုန့်ပြန်ချက်မှုမလုပ်ဘူးလား။

သူက အဖက်မလုပ်ချင်တာလား။

ဒါမှမဟုတ် ဒီကိစ္စတွေအကုန်လုံးကို မသိတာလား။

ထိုအတွေးနဲ့အတူ ရှချူး ဖုန်းကို ချက်ချင်းထုတ်ပြီး ယဲ့ဖန်ကိုခေါ်လိုက်သည်။

ဖုန်းဝင်သွားတဲ့အခါ ရှချူးက အရင်စပြီးပြောလိုက်သည်။

" ယဲ့ဖန်၊ ထန်းဥက္ကဌကြီးက ကူဖို့ သဘောတူလိုက်တယ် "

" ဂုဏ်ပြုပါတယ် "

ဖုန်းတစ်ဖက်ကနေ ယဲ့ဖန်များများစားစားမတွေးဘဲ ပြုံးကာဖြေလိုက်သည်။

ရှချူးကလည်း အလျင်မလိုပေ။ သူမ ပြုံးလိုက်သည်။

" ဒါတွေအားလုံးက ရှင့်ကျေးဇူးတွေပါ၊ ယဲ့ဖန်။ ကျေးဇူးအများကြီးတင်ပါတယ် "

" ဒီကိစ္စက ကျွန်မရဲ့အနာဂတ်တိုးတက်မှုနဲ့ သက်ဆိုင်နေတာပါ။ ဒီတစ်ခါတော့ အများကြီး ကျွန်မကိုကူလိုက်တာဘဲ။ ဒီနေ့လယ်အားလားဟင်။ ထမင်းလိုက်ကျွေးချင်လို့ပါ "

" ကောင်းပါပြီ "

ယဲ့ဖန် လှပတဲ့နာမည်ကြီးတစ်ယောက်ဆီက ထမင်းကျွေးဖိတ်ခံရတဲ့အခါ များများစားစားမတွေးဘဲလက်ခံလိုက်သည်။

ရှချူးက သူ သဘောတူတာကိုကြားတဲ့အခါ ဆက်ပြီးမေးသည်။

" ကျွန်မလာရှာမယ်လေ။ ကျုံးဟိုင်တက္ကသိုလ်မှာလား "

ယဲ့ဖန်က ကျုံးဟိုင်တက္ကသိုလ်ယောက်ျားလေးအဆောင်ကိုသွားနေကြောင်း ရှချူးသိတဲ့အခါ ကားသမားကို ယောက်ျားလေးအဆောင်ဆီသွားဖို့ အချက်လှမ်းပြလိုက်သည်။

အဲ့ဒီနောက် ယဲ့ဖန်နဲ့ နည်းနည်းထပ် စကားပြောပြီးတဲ့အခါ ဖုန်းချလိုက်သည်။

.....................

ကျုံးဟိုင်တက္ကသိုလ် အဆောက်အဦးနံပါတ် ၁၆ ယောက်ျားလေးဆောင်။

ဝတုတ်ချူးက အဆောင်ပင်မတံခါးကနေ လမ်းလျှောက်ထွက်လာတဲ့အခါ လူတိုင်းအကြည့်က သူ့ဆီရောက်နေသည်။

" ကြည့်စမ်း၊ အဲ့တာ ယဲ့ဖန်အခန်းဖော်လေ။ ယဲ့ဖန်ကတ်အတုအကြောင်း သတင်းဖြန့်ပြီး လူတကာကိုလိမ်ပေးတဲ့အကောင် "

" သူက နည်းနည်းတော့ချမ်းသာပုံရပေမဲ့ အဲ့လောက်အကျင့်ရှိမယ်လို့ထင်မထားဘူး။ ကျစ် ကျစ် ကျစ် "

" မင်းအခုတော့အရူးဖြစ်ပြီပေါ့ကွာ၊ ဟုတ်တယ်မလား "

" ........... "

လူအုပ်ကြီးရဲ့လှောင်ပြောင်သံတွေကြားမှာ ဝတုတ်ချူး မျက်နှာပျက်လာသည်။ သူပြန်ရန်တွေ့ဖို့လုပ်သည်။

ရုတ်တရက် အဆောင်အပြင်မှာ အနက်ရောင်ပြိုင်ကားတစ်စီးရောက်လာသည်။

လူတိုင်းရဲ့အာရုံက ထိုကားဆီသို့ရောက်သွားကြတော့သည်။

" ဝါး၊ ဒီကားကမိုက်လိုက်တာ "

" အဲ့တာက Ferrari ကွ "

" ဘာ Ferrari လဲ။ Ferrari Enzo ကွ "

ကားအကြောင်းသိတဲ့ကျောင်းသားတစ်ယောက်ကပြောသည်။

" Ferrari Enzoလား။ အဲ့တာက အရမ်းအားပြင်းလို့လား "

" ဒါပေါ့ဟ။ တစ်ကမ္ဘာလုံးမှာ အစီးလေးရာဘဲရှိတာ။ တစ်စီးကိုလည်း ယွမ်သန်း၃၀ကျော်လောက်ကျတယ်။ မင်းမှာ ပိုက်ဆံရှိရင်တောင် Ferrari Enzo ကို ဝယ်ချင်တိုင်းဝယ်လို့မရဘူး။ Ferrari Super Car အဖွဲ့ရဲ့ အထူးVIP ဖြစ်ပြီးတော့ သီးသန့်ထုတ် Ferrari ကား အနည်းငယ်ရှိမှရတာ "

" ျီးဘဲဟေး၊ အဲ့တာကြီးက ောက်ရမ်းမမိုက်ဘူးလား "

" ကားထဲက ဘယ်သူလဲ "

" ........... "

လူအုပ်ကြီးက ပြောဆိုနေကြရင်း ကားမောင်းသူနေရာကို လှမ်းကြည့်ကြသည်။

ဝတုတ်ချူးရဲ့အာရုံကလည်း ထို Ferrari Enzo ကားဆီရောက်နေပြီး အသေအချာကြည့်လိုက်သည်။

ဇင်ယော်တောင်ပံလိုတံခါးတွေက ဖြည်းဖြည်းချင်းပွင့်တက်သွားသည်။

အဲ့ဒီနောက် ယဲ့ဖန်က ကားမောင်းသူနေရာကဆင်းလာသည်။

သူ့ပုံစံကို သေချာမြင်ပြီးတဲ့နောက် လူတော်တော်များများ ထိတ်လန့်ကုန်ကြသည်။

" အဲ့တာ ယဲ့ဖန်၊ တကယ်ကြီး ယဲ့ဖန်ကွ "

" ဒီ Ferrari Enzo က သူ့ကားကြီးလား "

" ျီးဘဲ၊ ယဲ့ဖန်က လူလိမ်လို့ ဘယ်ခွေးကောင်ကပြောတာလဲ။ ငါတို့တော့ အလိမ်ခံရပြီ "

" ............ "

လူတိုင်းက အရူးမဟုတ်ကြချေ။ ယဲ့ဖန် အမိုက်စားပြိုင်ကားကြီးစီးလာတာကိုတွေ့ပြီးတဲ့နောက် ယဲ့ဖန်ဆီက စိန်အဆင့်လက်မှတ်ကတ်က အတုမဟုတ်ကြောင်း ချက်ချင်းနားလည်သွားကြတော့သည်။

ထိုအချိန်မှာဘဲ ယဲ့ဖန်ကို ဘယ်သူကမှ မလှောင်ရဲကြတော့ပေ။

ပြောရမယ်ဆို ယဲ့ဖန်က သူတို့ကိုလှမ်းကြည့်လိုက်တဲ့အခါ သူတို့က အလိုလိုခေါင်းငုံ့မိသွားပြီး ယဲ့ဖန်ကို မော်မကြည့်ရဲကြတော့ပေ။

ဒီအရာကိုမြင်ပေမဲ့ ဘာဖြစ်ခဲ့လဲဆိုတာကို ယဲ့ဖန်မသိတာကြောင့် ပြုံးရုံသာပြုံးသည်။

သူတို့ကို စိတ်ထဲထားမနေဘဲ ဝတုတ်ချူးကိုသာ လှမ်းကြည့်သည်။

ဝတုတ်ချူးက သူ့ကို အံ့ဩမှုအပြည့်နဲ့ကြည့်နေသည်။

စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်မှာမှ အသိစိတ်ဝင်လာပြီး ပြေးသွားသည်။

" ဖန်ညီအစ်ကို၊ ....... ဒီ........ ဒီကားက မင်းဟာလား "

" ဟုတ်တယ် "

ယဲ့ဖန်ခေါင်းငြိမ့်သည်။

" မိုက်လိုက်တာ၊ ဖန်ညီအစ်ကိုရာ၊ ဒါ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပြတာလားကွ "

ဝတုတ်ချူးက Ferrari Enzo ဆိုတာ ဘာမှန်းမသိပေမဲ့ ဒီကားက သာမန်ထက်ပိုကြောင်းကိုသိတာကြောင့် အံ့ဩမှင်သက်နေရသည်။

သူ့စကားတွေကြားတဲ့အခါ ယဲ့ဖန်က ပြုံးပြီး ဘာမှပြန်မပြောပေ။

ဝတုတ်ချူး အသိစိတ်ကပ်လာပြီးတဲ့နောက်မှာတော့ Ferrari Enzo ဘေးမှာရပ်ကာ အားကျအံ့ဩတဲ့မျက်နှာနဲ့ကြည့်နေသည်။ ယဲ့ဖန် အပေါ်တက်ပြီး သူ့ပစ္စည်းသွားယူသည်။

သူ့ဘေးကသူတွေကိုတော့ လှည့်ကြည့်ဖို့တောင်စိတ်ကူးထဲမရှိပေ။

အပိုင်း (၂၆)

ရှချူးကတောင် လူကိုယ်တိုင်လာတွေ့တာ။ ဘယ်လိုသာမန်လူတန်းစားမျိုးလဲ။

ယဲ့ဖန်ထွက်သွားတဲ့အခါ အစမှာ ရှက်ပြီးအံ့ဩအားကျနေသူတွေက စိတ်သက်သာရာရသွားကြတော့သည်။

လူတိုင်းက သက်ပြင်းချလိုက်ပြီး သူ့ဘေးက ဝတုတ်ချူးကို ကြည့်နေကြသည်။

သူတို့မျက်လုံးတွေထဲမှာ အားကျမနာလိုစိတ်နဲ့ နောင်တတို့ပြည့်နှက်နေသည်။

...........................

ချက်ချင်းဘဲ သတင်းကပြန့်သွားပြီး အဆောက်အဦး ၁၆ ယောက်ျားလေးအဆောင်ကလူတိုင်းက ယဲ့ဖန်မှာ Ferrari Enzo ရှိမှန်းသိကုန်ကြသည်။

ယဲ့ဖန်ကို သံသယဝင်ခဲ့သူတိုင်း ပါးစိတ်ပိတ်ကုန်ကြသည်။

လူတော်တော်များများက Ferrari Enzo ကို မြင်ဖူးချင်တာကြောင့် ယောက်ျားလေးအဆောင်ကို ရောက်လာကြသည်။

အဲ့တာကြောင့် ယဲ့ဖန် အထုပ်အပိုးယူပြီးဆင်းလာတဲ့အခါ ကားနားဝိုင်းနေတဲ့ လူအုပ်လိုက်ကြီးကိုတွေ့လိုက်ရတော့သည်။

ယဲ့ဖန်ကိုတွေ့တဲ့အခါ တော်တော်များများက အချိုးပြောင်းကုန်ပြီး သူတို့မျက်နှာတွေက နူးညံ့နွေးထွေးတဲ့ပုံစံတွေဖြစ်ကုန်ကြတော့သည်။

" ဖန်ညီအစ်ကို "

" ဟေး၊ ဖန်ညီလေး "

" ဖန်ညီအစ်ကိုရောက်လာပြီ၊ မြန်မြန် လမ်းဖယ်ပေးလိုက်ကြဦး "

" ......... "

ယဲ့ဖန် ဘာမှမပြောဘဲ ပြုံးသာပြုံးသည်။ သူတို့ကို စိတ်ထဲမထားပေ။

သူ့ကားပေါ်ကို ပစ္စည်းတင်ပြီးတဲ့နောက် ဝတုတ်ချူးကိုနှုတ်ဆက်ပြီး ပြန်ဖို့ပြင်သည်။

ဝတုတ်ချူးက ပါးပါးနပ်နပ်နဲ့ ဘေးကိုရောက်လာသည်။ ပြုံးပြီးပြောသည်။

" ဖန်ညီအစ်ကို၊ ငါ့ကို မင်းရဲ့ဇိမ်ခံကားပေးစီးဖို့အခွင့်အရေးလေးများရှိနိုင်မလား "

ယဲ့ဖန် အဲ့အတွက်စိတ်ထဲမထားပေ။ ပေါ့ပေါ့ပါးပါးနဲ့ဖြေလိုက်သည်။

" ရတာပေါ့၊ ဒါပေမဲ့ ဒီနေ့တော့ ချိန်းထားတာရှိတယ်။ နောက်နေ့ပေးစီးမယ် "

ယဲ့ဖန်က တစ်ယောက်ယောက်နဲ့တွေ့စရာရှိတယ်လို့ ပြောတာကို ဝတုတ်ချူးနဲ့ အခြားသူတွေ ကြားတဲ့အခါမှာဘဲ Mercedes Benz RV ကားက ယဲ့ဖန်ကားဘေးနားရပ်လာသည်။

အဲ့ဒီနောက် လုံခြုံရေးတစ်ချို့ ကားထဲကထွက်လာပြီး သူတို့ကိုကာလိုက်သည်။

တစ်ချိန်တည်းမှာဘဲ ကားအနောက်တံခါးကိုဖွင့်လိုက်သည်။

ချက်ချင်းဘဲ ပန်းချီကားအသက်ဝင်လာသည့်အလား လှပသည့်မိန်းကလေးက ကားထဲကနေထွက်လာသည်။

သူမကိုမြင်တဲ့အခါ ဝတုတ်ချူးနဲ့တခြားသူတွေအကုန် ချက်ချင်းမျက်လုံးပြူးမျက်စံပြူးတွေဖြစ်ကုန်သည်။

" ဘုရားရေ၊ ရှချူးဘဲ "

" တကယ်ကြီး နတ်ဘုရားမ ရှချူးဘဲ "

" ရှချူးက ငါတို့တက္ကသိုလ်ကို တကယ်လာတယ်။ နတ်ဘုရားမကို အပြင်မှာတွေ့ရပြီလေ "

" အာ၊ နတ်ဘုရားမလေးက ယဲ့ဖန်ဆီကို လျှောက်သွားနေတာကွ "

" ယဲ့ဖန်နဲ့ နတ်ဘုရားမနဲ့က အချင်းချင်း သိကြတာလား "

" ........ "

လူတိုင်းအကြည့်အောက်မှာဘဲ ရှချူးက ယဲ့ဖန်ဘေးရောက်လာသည်။ လှပတဲ့အပြုံးနဲ့အတူ သူ့ကိုခေါ်လိုက်သည်။

" ယဲ့ဖန် "

" ရှမိန်းကလေး "

ယဲ့ဖန် ခေါင်းငြိမ့်ပြီး ရှချူးကို နှုတ်ဆက်သည်။

ထိုမြင်ကွင်းကို လူတိုင်းမြင်တဲ့အခါ ပိုပြီးစိတ်လှုပ်ရှားလာကြသည်။

အစကတော့ ယဲ့ဖန် စိန်အဆင့်ကတ်က အတုဆိုပြီး ထင်ကြေးပေးနေကြတဲ့သူတွေရှိသေးပေမဲ့ အခုတော့ ........

ရှချူးကတောင် ဒီရောက်နေပြီဘဲ သူ့ကို ဘယ်သူကများ မေးခွန်းထုတ်ရဲမှာလဲ။

ချက်ချင်းဘဲ ယဲ့ဖန်ကိုကြည့်နေတဲ့သူတွေအကြည့်က ထပ်ပြောင်းသွားပြန်သည်။

ယဲ့ဖန် သတိထားမိပေမဲ့ ဘာမှမပြောပေ။

ဘာလို့ ရှချူးက သူမကိုယ်တိုင်ဆင်းလာပြီး သူ့ကိုလာရှာလဲဆိုတာ သိချင်ပေမဲ့ အဲ့လိုကိစ္စတွေပြောဖို့ အချိန်မရှိပေ။

ပိုပိုများတဲ့လူတွေတိုးလာတာကိုတွေ့တဲ့အခါ ယဲ့ဖန်က မြန်မြန်ဘဲပြောလိုက်သည်။

" ရှမိန်းကလေး၊ ဒီကနေအရင်ဆုံးထွက်ကြရအောင် "

" ကောင်းပါပြီ "

ရှချူးကလည်း လက်ရှိအခြေအနေကိုနားလည်တာကြောင့် ဆက်နေဖို့မသင့်မှန်းသိလေသည်။ ကိုယ်ရံတော်တွေခြံရံပြီး သူမ ကားပေါ်တက်သွားသည်။

အဲ့ဒီနောက် ကျုံးဟိုင်တက္ကသိုလ်ဝင်းထဲကမောင်းထွက်သွားသည်။

ယဲ့ဖန်ကလည်း သူ့ကားနဲ့အနောက်ကလိုက်လေသည်။

................

သို့ပေမဲ့ သူတို့ထွက်သွားပြီးတာတောင်မှ ကျုံးဟိုင်တက္ကသိုလ်က ငြိမ်သက်မသွားသေးပေ။

[ ဟဲ့၊ နင်တို့ကြားပြီးပြီလား။ နတ်ဘုရားမ ရှချူးက ကိုယ်တိုင်လာပြီး ယဲ့ဖန်ဆိုတဲ့လူသစ်လေးကို လာရှာတာတဲ့ ]

[ ယဲ့ဖန်ကို အားကျလိုက်တာ။ သူက ငါ့ရဲ့နတ်ဘုရားမကို သိနေတာဘဲ ]

[ ယဲ့ဖန်က ဘယ်သူလဲ။ နတ်ဘုရားမကိုတောင် ကိုယ်တိုင်လာစေနိုင်တဲ့ အရည်အချင်းရှိတယ်ပေါ့ ]

[ ယဲ့ဖန်ဆီက ရှချူးဖျော်ဖြေရေးကတ်က အတုလို့စပြောတာ ဘယ်အကောင်လဲ။ စတင်တဲ့သူ သတ္တိရှိရင် ထွက်လာစမ်းပါ။ ကြည့်ရအောင် ဘယ်သူလဲလို့ ]

[ အဲ့တစ်ယောက်က ယဲ့ဖန်က သာမန်လူလို့လည်းပြောသေးတယ်။ ဘယ်လို သာမန်လူမျိုးမလို့လဲ။ ဘယ်လိုသာမန်လူက နတ်ဘုရားမနဲ့ သိရတာလဲ ]

[ နတ်ဘုရားမက ယဲ့ဖန်ကို ပြုံးပြသေးတယ်။ ဖြစ်နိုင်တာက ..... ]

[ ပေါက်တက်ကရမပြောစမ်းနဲ့။ ငါ့နတ်ဘုရားမက ဘယ်တော့မှ ယဲ့ဖန်နဲ့မဖြစ်နိုင်ဘူး။ ယဲ့ဖန်ဘယ်လောက်ချမ်းသာနေနေ၊ ငါ့နတ်ဘုရားမနဲ့တော့ မတန်ဘူးဟေ့ ]

[ ....... ]

အချိန်တစ်ခုအထိ တက္ကသိုလ်တစ်ခုလုံးက ယဲ့ဖန်နဲ့ ရှချူးကြားက ဆက်ဆံရေးကို ခန့်မှန်းပြောဆိုနေကြသည်။

တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်ရဲ့ပုံစံအစစ်ကို သံသယဝင်သူတွေလည်းရှိကြသေးသည်။

ယဲ့ဖန်က တကယ့်အကောင်ကြီးကြီးရဲ့တရားမဝင်သားလို့ တစ်ချို့ပြောကြသည်။

တစ်ချို့ကတော့ ယဲ့ဖန်က အလွန့်အလွန်ကိုချမ်းသာတဲ့သူဌေးရဲ့သားကြီးလို့ပြောကြသည်။

ယဲ့ဖန်မှာ အရမ်းကိုနက်နဲတဲ့နောက်ခံရှိတယ်လို့ ပြောကြသူတွေလည်းရှိသည်။

သတင်းတွေက တောမီးလို့ပျံ့နေပေမဲ့ ယဲ့ဖန်ကို ယုံပြီး အားကျနေကျတဲ့တစ်စုလည်းရှိလေသည်။

အဆောက်အဦးနံပါတ် ၁၆ မှာတော့ ယဲ့ဖန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ ဝတုတ်ချူးဟာ နာမည်ကြီးဖြစ်လာတော့သည်။

" ချူးညီအစ်ကို၊ မင်းက ဖန်ညီအစ်ကိုနဲ့ ခင်တယ်ဆိုတော့ သူ ဘယ်သူလဲ ငါတို့ကိုပြောပြ "

" ချူးညီလေး၊ အခု ကျောင်းကန်တင်းသွားမလို့လား။ ဒီကအစ်ကိုကြီးက မင်းကို အပြင်မှာ ဝယ်ကျွေးဖို့ဖိတ်မယ်လေ ဘယ်လိုလဲ "

" ချူးညီအစ်ကိုရေ၊ မင်းသာ ငါ့ကို နတ်ဘုရားမဆီက လက်မှတ်ရဖို့ကူပေးမယ်ဆို မင်းကို ညီအစ်ကိုအရင်းလိုသတ်မှတ်မယ်လေ "

" ........... "

အပိုင်း (၂၇)

ဒဏ္ဍာရီလာကျောင်းတွင်းအချောအလှလေး။

ထိုအချိန်မှာဘဲ ဘယ်သူမှ သတိမထားမိတဲ့တစ်နေရာမှာ ရှုမန်မျက်လုံးတွေဟာ သူမ သူငယ်ချင်းတွေပို့လာတဲ့ပုံကိုကြည့်ပြီး အံ့ဩနေသည်။

ရှချူးနဲ့ ယဲ့ဖန်နဲ့က ရင်းနှီးတာကို တွေးကြည့်ရင် ......

ရှုမန် ယဲ့ဖန်ကို ချမ်းသာရုံသပ်သပ်လို့ထင်ခဲ့မိတာ သူမ အမှားဖြစ်သည်။

သာမန်ချမ်းသာရုံလောက်က ရှချူးလိုနာမည်ကြီးနဲ့ ရင်းနှီးဖို့ အခွင့်အရေးမရှိပေ။

ထိုအတွေးနဲ့ ရှုမန်က ဖုန်းကိုထုတ်ပြီး လင်းကျယ်နံပါတ်ကို နှိပ်လိုက်သည်။

ချက်ချင်းဘဲ လင်းကျယ်ဖုန်းကိုင်သည်။

" မန်မန်လေး "

" လင်းကျယ်၊ အတူတူနေ့လယ်စာစားရအောင် "

ရှုမန်အသံချိုချိုလေးနှင့်ပြောသည်။

ဖုန်းတစ်ဖက်မှာတော့ ရှုမန်ကအရင်စပြီး သူ့ကိုဖုန်းခေါ်လာတဲ့အတွက် လင်းကျယ်အပျော်လွန်နေသည်။ ဒါကြောင့် သဘောတူလိုက်သည်။

" ဟုတ်ပြီ၊ ဟုတ်ပြီ မန်မန်လေး။ ဘယ်သွားစားချင်လဲ "

" ရှင်ဆုံးဖြတ်ပါ "

" Pines and Cranes အဆောက်အဦးဆီသွားကြမလား "

" ဟုတ်ပြီလေ "

ရှုမန်အသံက နူးညံ့နေဆဲဖြစ်သည်။

ဘာဘဲဖြစ်ဖြစ် သူမက ယဲ့ဖန်အကြောင်းသိချင်လို့ လင်းကျယ်ကိုရှာတာဖြစ်တာကြောင့် ဘယ်သွားရပါစေ သူမအတွက်ကိစ္စမရှိပါ။

" ဟုတ်ပြီ။ ဒါဆို အဲ့က နေရာကြိုဦးထားလိုက်မယ်။ ဒါနဲ့ မန်မန်လေး ဘယ်မှာလဲ။ ကိုယ်လာခေါ်မယ်လေ "

" ဟုတ်ပြီ၊ ခဏနေတွေ့မယ်နော် "

ဖုန်းချပြီးတဲ့နောက် ရှုမန် အထင်သေးမှုနဲ့ နှာမှုတ်သည်။

ယဲ့ဖန်အတွက်သာမဟုတ်ရင် လင်းကျယ်က သူမအသုံးချခံဖြစ်ဖို့တောင် မတန်ပေ။

သူ့ရှေ့မှာဟန်ဆောင်ရတာ ရွံစရာတောင်ကောင်းသည်။

.......…..........

ကျုံးဟိုင်တက္ကသိုလ်ကျောင်းသားရေးရာမှာ အဖွဲ့ဝင်တွေက ကိုယ်စီရာထူးတာဝန်ခွဲနေကြသည်။

ဥက္ကဌနေရာမှာထိုင်နေတဲ့ အပြာရောင်ဂါဝန်နဲ့ကောင်မလေးက အရမ်းကိုချစ်စရာကောင်းပြီး သိပ်ကိုလှပသည်။

ကောင်လေးတွေက သူမက လှမ်းကြည့်နေကြခြင်းမှာ သူမက ကျောင်းသားရေးရာဥက္ကဌဖြစ်တာကြောင့်မဟုတ်ဘဲ သူမရဲ့လှပတဲ့မျက်နှာကြောင့်ဖြစ်သည်။

လှပတဲ့အသားအရေ၊ နူးညံ့တဲ့မျက်နှာအသွင်အပြင်၊ တက်ကြွတဲ့မျက်ဝန်းတစ်စုံက စကားပြောနေသယောင် .......

အသွင်အပြင်အမှတ်၁၀၀အပြည့်သာရှိမယ်ဆို ထိုကောင်မလေးက သေချာပေါက် ၉၅အထက်မှာရှိသည်။

သူမ နာမည်က ရှန်းပိုင်ထျန်းဖြစ်သည်။

သူမက ကျုံးဟိုင်တက္ကသိုလ်တတိယနှစ်ကျောင်းသူဖြစ်သည်။

သူမကို တက္ကသိုလ်ရဲ့ နူးညံ့ပြီးချစ်စရာကောင်းတဲ့ကျောင်းအလှပဂေးလေးအဖြစ်သိကြသည်။

ကျောင်းမှာ သူမကို မသိတဲ့သူ တစ်ယောက်မှမရှိပေ။

ကောင်လေးတွေ သူမကိုကြည့်နေမှန်း ရှန်းပိုင်ထျန်းခံစားမိပေမဲ့ ဂရုမစိုက်ဘဲ လက်တစ်ဖက်ထောက်ပြီး နောက်တစ်ဖက်နဲ့ ကွန်ပျူတာမောက်စ်ကိုလိမ့်ပြီး ကျောင်းထဲကသတင်းတွေကိုဖတ်နေသည်။

ရုတ်တရက် ' ယောက်ျားလေးအဆောင်က Ferrari Enzo ကားပေါ်ထွက်လာတဲ့သတင်းထူး ' ဆိုတဲ့ခေါင်းစဉ်ကို သူမ စိတ်ဝင်စားသွားသည်။

သူမသည်လည်း ပြိုင်ကားနှစ်သက်သူဖြစ်ပြီး Ferrari Enzo ကားအကြောင်းသိသည်။

အဲ့လိုကားမျိုးကို မပိုင်ဆိုင်နိုင်ပေမဲ့ ကျောင်းထဲမှာပေါ်လာမယ်လို့တော့ မထင်ထားပေ။

' ပိုင်ရှင်က ဘယ်သူများပါလိမ့် '

သိချင်စိတ်နဲ့ ရှန်းပိုင်ထျန်းပို့စ်ကိုဖွင့်ဖတ်လိုက်သည်။

ချက်ချင်းဘဲ ကွန်ပျူတာမျက်နှာပြင်မှာ အရှိန်အဝါကြီးပြီး အေးစက်ခန့်ညားတဲ့ အနက်ရောင်ကားက ပေါ်လာသည်။

မိုက်လိုက်တာ။

ရှန်းပိုင်ထျန်း မျက်လုံးတွေတလက်လက်မတောက်ဘဲမနေနိုင်ပေ။ ပုံထဲကကားကို သူမ ပြောမပြတတ်လောက်အောင်ကြိုက်သည်။

ခဏကြည့်ပြီးနောက် အောက်ကိုဆက်ဆွဲလိုက်သည်။

ကားပိုင်ရှင်အကြောင်းပေါ်လာတော့သည်။

" ယဲ့ဖန်၊ ပထမနှစ်ကျောင်းသား ...... "

ဖတ်ပြီးတဲ့နောက် ရှန်းပိုင်ထျန်းမျက်နှာက ထူးဆန်းတဲ့အမူအရာဖြစ်သွားသည်။

ဒီလောက်ချမ်းသာတဲ့သူက ပထမနှစ်တွေကြားထဲမှာရှိတာလား။ ဘာလို့မသိရတာလဲ။

တော်တော်ကြာတွေးပြီးတဲ့နောက် သူမ သိသမျှသူဌေးတွေကတောင် ယဲ့ဖန်ကို မယှဉ်နိုင်ကြောင်း ရှန်းပိုင်ထျန်းသိသွားပြီး ဆက်မတွေးတော့ဘဲ Ferrari Enzo ကားကိုဘဲကြည့်နေလိုက်သည်။

ဒါပေမဲ့ သူမစိတ်ထဲမှာတော့ ယဲ့ဖန်အကြောင်းကိုဘဲ သိချင်စိတ်ဖြစ်နေသည်။

........................

တစ်ဖက်မှာတော့ ယဲ့ဖန်က ကျုံးဟိုက်တက္ကသိုလ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ဘာမှမသိပေ။

ရှချူးကားအနောက်ကိုလိုက်လာပြီး 'ရွေ့လျားတိမ်'နားနေစခန်းမှာရပ်သွားသည်။

'ရွေ့လျားတိမ်'နားနေစခန်းကို ကျုံးဟိုင်မြို့ရဲ့အထက်တန်းလွှာလူတန်းစားတွေနဲ့သိတဲ့သူတွေရယ် ကျုံးဟိုင်မြို့ရဲ့အထက်တန်းလွှာတွေရယ်သာ ဝင်ခွင့်ရှိသည်။

ဒါကြောင့်ဘဲ ရှချူးက ဒီနေရာမှာ ထမင်းစားဖို့ဆုံးဖြတ်လိုက်တာဖြစ်သည်။

ဘယ်လိုဘဲဖြစ်ဖြစ် သူမက နာမည်ကြီးတစ်ယောက်ဖြစ်သည်။ သူမ တခြားစားသောက်ဆိုင်ကိုသွားပါက သူမ ကားထဲကထွက်လာတာနဲ့ ပရိတ်သတ်တွေက သတိထားမိသွားမှာဖြစ်သည်။

ကားထားပြီးတဲ့နောက် ယဲ့ဖန်က ရှချူးဆီလျှောက်လာသည်။

ရှချူး သီးသန့်အခန်းက တတိယထပ်တောင်ဘက်ခြမ်းမှာဖြစ်သည်။ ပြတင်းအပြင်မှာ အစိမ်းရောင်မိုးမခပင်တွေခြံရံထားသည့် ရေကန်ရှိသည်။ ရေကန်ထဲမှာ ကြာပန်းတွေစိုက်ထားပေမဲ့ ပန်းပွင့်ရာသီကျော်သွားပြီဖြစ်တာကြောင့် အစိမ်းရောင်ကြာရွက်တွေကိုသာမြင်နေရသည်။

အခန်းကို အထက်တန်းဆန်ဆန်ပြင်ဆင်ထားပြီး ဘယ်ဘက်နံရံမှာ မဟော်ဂနီရောင်ရှေးဟောင်းစင်ကြီးရှိကာ ကြွေထည်ပုလင်းမျိုးစုံတင်ထားသည်။

ဟင်းပွဲတွေစောင့်နေရင်း သူတို့စကားပြောကြသည်။

စကားစပ်မိရင်း ကျောင်းကကိစ္စပြောကြသည်။

ယဲ့ဖန်က ရှချူး ဘာလို့ကျောင်းကိုကိုယ်တိုင်လာပြီးရှာလဲဆိုတာ သိချင်တာကြောင့် မေးသည်။

" ကျွန်မကိုယ်တိုင်လာလိုက်ရင် ကောလဟာလတွေက သူ့ဟာသူပျောက်သွားမှာမဟုတ်ဘူးလား "

ရှချူးပြုံးကာပြောသည်။ အဲ့ဒီနောက် သူမက နည်းနည်းအားနာသွားပုံရသည်။

" ပြီးတော့ ဒါတွေကလည်း ကျွန်မကြောင့်ဖြစ်တာပါ "

" ယဲ့ဖန် ရှင် ဒီလိုကြုံရလို့ တောင်းပန်ပါတယ် "

" ရေနွေးအစား ဝိုင်ထည့်ပြီး တောင်းပန်ပါ့မယ် "

ရှချူး ရေနွေးခွက်ကိုမြှောက်လိုက်သည်။

ယဲ့ဖန်ရယ်သည်။ သူက ဂရုမစိုက်ပေ။

" ရှမိန်းကလေး၊ ကိုယ့်ဘာကိုယ် အပြစ်တင်ဖို့မလိုပါဘူး "

သတင်းတွေက စိတ်တိုစရာကောင်းပေမဲ့ အဲ့လူတွေကို သက်သေပြဖို့ သူ့မှာစိတ်ကူးမရှိပေ။ သူတို့က အရေးမပါတဲ့လူတစ်စုဖြစ်ပြီး သူ့အချိန်ဖြုန်းဖို့မထိုက်တန်ပေ။

ဒါပေမဲ့ ဖျော်ဖြေရေးပွဲနဲ့ပတ်သက်လျှင်တော့.......

" ဒါနဲ့ ရှမိန်းကလေး၊ မနက်ဖြန်ညကျ သူငယ်ချင်းတစ်ချို့ခေါ်လာမှာပါ "

သူ့သီးသန့်အခန်းကို ဘယ်သူမဆိုခေါ်လာလို့ရပေမဲ့ သူ ရှချူးကို ကြိုတင်အသိပေးထားတာပိုကောင်းမည်ဟုထင်သည်။

" ရပါတယ်၊ ရှင်အဆင်ပြေသလိုလုပ်ပါ "

ရှချူးပြုံးကာ စနောက်သည်။

" ရှင့်ကောင်မလေးလား "

" ရှမိန်းကလေး၊ မနောက်ပါနဲ့။ ကျွန်တော်က တစ်ယောက်တည်းသမားပါ။ ဘယ်လိုလုပ် ကောင်မလေးရှိရမှာလဲ "

ယဲ့ဖန်ပြုံးကာ ခေါင်းခါသည်။

အပိုင်း (၂၈)

ကြီးမြတ်လှတဲ့သခင်လေးကျန်း၊ မင်းက အရမ်းကိုကြီးကျယ်တာဘဲ။

ရှချူး နည်းနည်းအံ့ဩသွားသည်။

ယဲ့ဖန်က ဒီလောက်ထင်ပေါ်နေတာကို ကောင်မလေးမရှိဘူးတဲ့လား။

သို့ပေမဲ့ သူမနဲ့ယဲ့ဖန်ရဲ့ဆက်ဆံရေးက အဲ့လိုကိစ္စတွေလွတ်လွတ်လပ်လပ်ပြောရလောက်အောင်ထိ မကောင်းသေးတာဖြစ်တဲ့အတွက် ဆက်မမေးလိုက်ပေ။ အဲ့အစားပြုံး၍သာ ပြောသည်။

" အဲ့ကျ ရှင့်သူငယ်ချင်းတွေကိုခေါ်လာခဲ့ပါ။ ပွဲနေရာကြိုစီစဉ်ထားပါ့မယ် "

ယဲ့ဖန် အဲ့ကိစ္စ ဘာမှဆက်မပြောတော့ဘဲ ရှချူးနဲ့အတူ စကားပြောရင်း နေ့လယ်စာစားခဲ့သည်။

...............

ယဲ့ဖန်တို့အခန်းဘေးတွင် ကျန်းဟောင်က လူမိုက်တစ်အုပ်နဲ့ သောက်စားနေချိန် သီးသန့်အခန်းတံခါးက ရုတ်တရက်ပွင့်သွားသည်။

အဲ့ဒီနောက် တစ်ခေါင်းလုံးဆေးအဝါဆိုးထားတဲ့လူငယ်တစ်ယောက်က အထဲသို့လျှောက်လာသည်။

ထိုလူက ကျန်းဟောင်ဘေးသို့ ပြုံးလျက်သွားသည်။

" အစ်ကိုဟောင်၊ ကျွန်တော့်မှာသတင်းကောင်းရှိတယ် "

ကျန်းဟောင် ရေချိန်ကိုက်နေတာဖြစ်တာကြောင့် သူ အပြေးဝင်လာတဲ့အခါ အနည်းငယ်မပျော်မရွှင်ဖြစ်သွားသည်။ ချက်ချင်းဘဲ စိတ်ရှုပ်သွားသည်။

" ပြော ဘာလဲ "

ထိုဆံဝါကောင်က အစ်ကိုဟောင်စိတ်မပျော်ဖြစ်သွားမှန်း တန်းသိသည်။ သူ့ နဖူးကချွေးအေးတွေကို သုတ်လိုက်ပြီး စကားဆက်သည်။

" ရှချူးက ဒီမှာစားဖို့ရောက်နေတယ် "

ကျန်းဟောင်က ရှချူးအပေါ်အမြဲစိတ်ဝင်တစားရှိမှန်း သူသိသည်။ အခုလေးတင် သတင်းရလာတာကြောင့် တံခါးပင်မခေါက်ဘဲပြေးဝင်လာတာဖြစ်သည်။

ထင်ထားတဲ့အတိုင်းဖြစ်သည်။

ရှ နဲ့ ချူး ဆိုတဲ့ စကားလုံးလေးတွေကြားလိုက်တာနဲ့ ကျန်းဟောင်မျက်လုံးတို့တောက်ပလာတော့သည်။

" တကယ်လား "

" ဟုတ်ပါတယ် "

ဆံဝါကောင်က ခေါင်းငြိမ့်သည်။

" ကျွန်တော်ရှချူးရဲ့မန်နေဂျာအစ်မဝမ်ကို အောက်မှာတွေ့လိုက်တယ်။ သူ့နောက်ကိုလိုက်ကြည့်တော့ ဘေးခန်းက သီးသန့်ခန်းထဲဝင်သွားတာကိုသိလိုက်ရတယ် "

" အဲ့တာကြောင့် စားပွဲထိုးကဟင်းပွဲချပေးနေတုန်း ခိုးကြည့်လိုက်တော့ ရှချူးက ကောင်လေးတစ်ယောက်နဲ့ အတူစား ...... "

ထိုစကားကြားတဲ့အခါ ကျန်းဟောင်မျက်နှာမည်းနက်သွားတော့သည်။

သိပ်ကိုချမ်းသာတဲ့ဒုတိယမျိုးဆက်သခင်လေးရဲ့အမူအရာက ယိုယွင်းလာတော့သည်။

ကျန်းဟောင်က သူမနဲ့အတူ ညစာစားဖို့ ခဏခဏဖိတ်ခဲ့ပေမဲ့ သူမက အမြဲငြင်းသည်။ အခုတော့ .........

" အဲ့အကောင်က ဘယ်သူလဲ "

ကျန်းဟောင် အသံဩဩဖြင့်မေးသည်။

" ကျွန်တော် သူ့ကိုမသိပါဘူး "

ဆံဝါကောင်က ခေါင်းခါသည်။

" မင်းဆိုလိုချင်တာ အဲ့ကောင်က ငါတို့လိုအသိုင်းအဝိုင်းထဲက မဟုတ်ဘူးလို့ပြောတာလား "

ထိုဆံဝါက တခဏတွေးပြီး ခေါင်းခါသည်။

" ဟုတ်တယ်မထင်ပါဘူး။ ပြီးတော့ သူ့ကိုလည်းအရင်ကတစ်ခါမှမတွေ့ဖူးဘူး "

သူက ကျုံးဟိုင်မြို့ရဲ့ ချမ်းသာပြီးအာဏာရှိတဲ့ဒုတိယမျိုးဆက်သခင်လေးတွေတော်တော်များများကိုမြင်ဖူးပေမဲ့ ယဲ့ဖန်ကတော့ သူ့အတွက်စိမ်းသက်သက်ဖြစ်နေတာကြောင့် ဒီဆက်ခံသူအသိုင်းအဝိုင်းထဲကမဟုတ်ဘူးဟုထင်သည်။

ထိုစကားကြားတဲ့အခါ ကျန်းဟောင်မျက်မှောင်ကြုတ်သည်။

အဲ့ကောင်က အသိုင်းအဝိုင်းမရှိတဲ့ကောင်ဆိုမှတော့ သူလည်း ယဉ်ကျေးဖို့မလိုတော့ပေ။

ချက်ချင်းဘဲ ကျန်းဟောင်က လက်ကိုယမ်းလိုက်ပြီး ပြောသည်။

" ညီအစ်ကိုတို့၊ ရှချူးက ဒီမှာဆိုမှတော့ သွားပြီး မနှုတ်ဆက်ဘဲနေရင် မကောင်းဘူးထင်တယ်။ သွားကြရအောင် "

သူက ပြောပြီးတဲ့နောက် လူတစ်စုကိုဦးဆောင်ကာ ဘေးကသီးသန့်ခန်းဆီသွားသည်။

......................

တစ်ဖက်မှာတော့ သီးသန့်ခန်းရှေ့ရပ်နေတဲ့အစ်မဝမ်ဟာ ကျန်းဟောင် သူ့လူတွေနဲ့အတူလျှောက်လာတာကိုတွေ့လိုက်သည်။

သူမ အမူအရာပြောင်းပြီး ကျန်းဟောင်ကိုတားဖို့လုပ်သည်။

" ကျန်းသခင်လေး ....... "

သူမ ပြောလို့မပြီးသေးခင်မှာဘဲ ကျန်းဟောင်က သူမကို စိတ်မရှည်စွာဖြင့် တွန်းထုတ်သည်။

" ဖယ်စမ်း "

အဲ့ဒီနောက် ကျန်းဟောင်လူတွေက တံခါးကိုဖွင့်ပြီး ဝင်လာကြသည်။

တံခါးပွင့်သွားချိန်မှာ ကျန်းဟောင် စားပွဲဆီက ရှချူးကိုတွေ့လိုက်သည်။

သူ့မျက်နှာက ပျော်ရွှင်မှုတွေပြည့်နှက်သွားရသည်။ အထဲကို ဝင်လာပြီး လှောင်သံဖြင့်ပြောသည်။

" ရှမိန်းကလေး၊ တကယ်ကြီး မင်းဘဲ။ ကိုယ်က မင်းကို ထမင်းဖိတ်ကျွေးချင်ပေမဲ့ အခွင့်အရေးတောင်မရခဲ့ဘူး။ ဒီနေ့ ဒီမှာတွေ့ရမယ်လို့ မထင်ထားဘူး ....... "

ကျန်းဟောင်ပြောနေရင်း ရှချူးဘေးလူက သူ့ကို လှမ်းကြည့်နေမှန်းသတိထားမိလိုက်သည်။

ကျန်းဟောင်လည်းဘဲ လှမ်းကြည့်လိုက်သည်။

အဲ့ဒီနောက် သူ့စကားသံချက်ချင်းရပ်သွားရတော့သည်။

သူ ရှချူးဘေးကလူရဲ့မျက်နှာကိုမြင်ဖူးသည်။

ယဲ့ဖန်လား။

ဘယ်လိုလုပ် သူဖြစ်နိုင်မှာလဲ။

ကျန်းဟောင် ခြေလှမ်းတွေပါရပ်ကုန်သည်။

သီးသန့်ခန်းထဲက စားပွဲတွင် ကျန်းဟောင်ရဲ့ မူမမှန်မှုကို ရှချူးသတိမထားမိပေ။

ကျန်းဟောင်နဲ့သူ့လူတွေ ရိုင်းရိုင်းစိုင်းစိုင်းဝင်လာတာကိုမြင်တဲ့အခါ စိတ်မသက်မသာဖြစ်ပြီး လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။

သူမ ကျန်းဟောင်ကို မုန်းပေမဲ့ အနည်းငယ်ကြောက်သည်။

ကျန်းမိသားစုက ကျုံးဟိုင်မြို့တွင် အာဏာအတော်လေးရှိပြီး သူမက ပြင်ပနယ်မြေကလူဖြစ်သည်။ သန်မာတဲ့နဂါးကနယ်ခံမြွေကို မယှဉ်နိုင်ပေ .....

အဲ့ဒီအပြင် ဖျော်ဖြေပွဲရှိနေသေးတာကြောင့် ပြဿနာမဖြစ်ချင်ပါ။

ထိုအချိန်မှာ ကျန်းဟောင်က ယဲ့ဖန်ကိုကြည့်နေတာမြင်ပြီး ထိုအခြေအနေကနေ ဘယ်လိုထွက်ရမလဲ သူမ တွေးနေခဲ့သည်။

ယဲ့ဖန်က ကျန်းဟောင်ကို ခပ်ဖျော့ဖျော့ပြုံးပြီးပြောသည်။

" ကျန်းသခင်လေးက သိပ်ကို ကြီးကြီးကျယ်ကျယ်နိုင်တာဘဲ "

All Chapters