← Chapters

အပိုင်း ၂၉-၃၂

Vol. 2 Ch. 29-32

အပိုင်း ၂၉-၃၂

Vol. 2 Ch. 29-32

အပိုင်း (၂၉)

ပြန်ချင်တာလား။ ငါခွင့်ပြုလိုက်လို့လား။

ရှချူးက သူမ နားကြားမှားတယ်လို့ ထင်လိုက်မိသည်။ ရှချူး ယဲ့ဖန်ဘက်ကိုလှည့်ကာ ကြည့်လိုက်သည်။

အစ်မဝမ်ကလည်း သေချာပေါက်ကို လန့်သွားတာကြောင့် လှမ်းကြည့်သည်။

ကျန်းဟောင်ရဲ့လူမိုက်အုပ်စုကလည်း ဘယ်လိုတုန့်ပြန်ရမလဲမသိကြပေ။ သူတို့က ကျန်းဟောင်ကိုကြည့်ပြီး သူတုန့်ပြန်တဲ့အတိုင်းလုပ်ဆောင်ဖို့အဆင်သင့်ဖြစ်နေကြသည်။

သို့ပေမဲ့ သူတို့ မထင်ထားတာက .........

ထိုအချိန်မှာ ကျန်းဟောင်ခြေထောက်တွေ ဂျယ်လီလိုပျော့ခွေလာပြီး ယဲ့ဖန်ရှေ့မှာ ဒူးထောက်မိမတတ်ဖြစ်သွားသည်။

ကျန်းဟောင်လူမိုက်သူငယ်ချင်းတွေက သူတို့အမြင်မှားတယ်လို့ထင်မိသွားသည်။

သို့ပေမဲ့ ကျန်းဟောင်က မြန်မြန်လက်ယမ်းပြပြီး နဖူးကချွေးစီးတွေသုတ်လိုက်သည်။

" ယဲ့ဖန်၊ ဒါက အထင်လွဲတာပါ။ ဒါတွေ အကုန်အထင်လွဲတာ ......... "

သူက လက်ယမ်းပြနေရင်း တဖြည်းဖြည်းခြေလှမ်းတွေနောက်ဆုတ်နေသည်။

ဒီတစ်ခါ သူ့လူမိုက်သူငယ်ချင်းတွေသာမကဘဲ ရှချူးနဲ့ အစ်မဝမ်ကပါ ကြောင်အသွားရသည်။

ယဲ့ဖန် သူ့ဘေးကလူတွေရဲ့တုန့်ပြန်မှုကို ဂရုမစိုက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ရေနွေးကြမ်းသောက်နေကာ ပြုံးသည်။

" ဟုတ်လား "

ထိုပုံစံကိုမြင်တဲ့အခါ ကျန်းဟောင်ခြေတွေတုန်လာပြီး အသံတွေပါအက်လာသည်။

" ယဲ့ဖန် ငါမင်းကိုနှောင့်ယှက်မိလို့တောင်းပန်ပါတယ်။ ငါ ...... ငါသွားတော့မယ် "

ထိုသို့ပြောနေရင်း သူ့နောက်လိုက်တွေနဲ့ ထွက်ပြေးချင်နေပြီဖြစ်သည်။

ဒါပေမဲ့ ယဲ့ဖန်က ရေနွေးခွက်ကို စားပွဲပေါ်တင်လိုက်ပြီးပြောသည်။

" မင်းက ထွက်သွားချင်လို့လား။ ငါ ခွင့်ပြုပေးလိုက်မမိလို့လား "

အခု ယဲ့ဖန် တကယ်ကို မပျော်မရွှင်ဖြစ်သွားရသည်။

ဒီထမင်းစားခြင်းက အစကတော့ကောင်းကောင်းပြီးသွားရမှာဖြစ်ပေမဲ့ ကျန်းဟောင် သူ့လူတွေနဲ့ ရုတ်တရက်ဝင်လာကြောင့် ခံစားချက်ပျက်သွားရသည်။ သူက ဒီလို လွယ်လွယ်အနိုင်ကျင့်လို့ရမယ်ထင်လို့လား။

ထိုစကားကြားတဲ့အခါ ကျန်းဟောင်တစ်ကိုယ်လုံးတုန်လာသည်။

" ယဲ့ဖန် ဒီနေ့ဖြစ်သွားတာက တကယ့်ကို ငါ့အမှားပါ။ ငါ့ကိုထွက်သွားခွင့်ပြုဖို့ ဘာများ လုပ်ပေးရမလဲ "

ယဲ့ဖန်သည် သူ့အဖေကတောင် မျက်နှာသာလိုချင်သည့်လူစားဖြစ်တာကြောင့် ယဲ့ဖန်ခွင့်ပြုချက်မပါဘဲ သူထွက်မသွားရဲပါ။

" ငါနဲ့ မိန်းကလေးရှချူးနားက ဝေးဝေးနေ "

ယဲ့ဖန်အမူအရာမပြောင်းဘဲပြောသည်။

" နားလည်ပါပြီ "

ကျန်းဟောင် ခေါင်းသွင်သွင်ငြိမ့်သည်။

" နောက်ဆို မင်းနဲ့ ရှမိန်းကလေးကိုတွေ့ရင် ဝေးဝေးနေပါ့မယ် "

သူက စိတ်လိုက်မာန်ပါလုပ်တတ်ပေမဲ့ အရူးတော့မဟုတ်ပေ။ ဒီလိုနှစ်ခါကြုံပြီးမှတော့ ရှချူးနဲ့ယဲ့ဖန်ကို ထပ်ပြဿနာရှာမိရင်ပါက ရူးနေလို့ဘဲဖြစ်ရမည်။

အဲ့ဒီနောက် သူ ယဲ့ဖန်ကိုကြည့်ကာပြောသည်။

" အခု သွားလို့ရပြီလား "

ယဲ့ဖန် သူ့ရဲ့မျက်နှာလိုမျက်နှာရအကြည့်ကို မသိချင်ယောင်ဆောင်ပြီး ပြောသည်။

" မင်းက စိတ်ရင်းနဲ့ပြောမှတော့ လက်ဆောင်ပြန်ပေးရမှာပေါ့ "

" စားပွဲထိုးဘယ်မှာလဲ။ ငါ့ကို ချင်းဟယ်ဝိုင်တစ်ပုလင်းယူပေး "

စားပွဲထိုးက ဝိုင်ယူလာတဲ့အခါ သူက ကျန်းဟောင်ကိုပြောသည်။

" ဘာမှတော့မဟုတ်ပေမဲ့ ဒီဝိုင်တစ်ပုလင်းလုံးသောက်ပြီးတာနဲ့ သွားလို့ရပါပြီ "

သူ့ရှေ့က ဝိုင်ပုလင်းကိုကြည့်ရင်း ကျန်းဟောင်ခြေထောက်ထပ်ပျော့ခွေလာရသည်။

ချင်းဟယ်တေးသွားဝိုင်က ကမ္ဘာ့အပြင်းဆုံးဝိုင်ဖြစ်ပြီး အရက်ပမာဏ၇၅%ပါဝင်သည်။ တစ်ပုလင်းလုံးသောက်လိုက်ပါက ရက်အနည်းငယ်ကျော်လောက် ခေါင်းကိုင်နေပေလိမ့်မည်။

သို့ပေမဲ့ ယဲ့ဖန်စကားအရ သူ မသောက်ပါက ဒီနေ့အတွက် အဆုံးသတ်မကောင်းလောက်ပေ။

အဆုံးမှာ ကျန်းဟောင် အံကိုကြိတ်ပြီး ဝိုင်ပုလင်းယူကာ စသောက်သည်။

ရှချူးရဲ့လှပတဲ့မျက်လုံးတွေက အံ့ဩမှုတွေပြည့်နှက်သွားသည်။

ကျန်းဟောင်က နယ်ခံမြွေဆိုးရဲ့သားတစ်ယောက်ဖြစ်သည်။

ယဲ့ဖန်က သူ့ကို ဒီလိုနာခံအောင်လုပ်နိုင်မယ်လို့ သူမ မထင်ထားပါ။

အဲ့ဒီအပြင် အချိန်အတော်ကြာတွေးပြီးတဲ့နောက် ယဲ့ဖန်ကိုယှဉ်နိုင်မယ့် ကျုံးဟိုင်ကသူဌေးကိုလည်း တွေးမရပေ။

ဘေးမှာရှိတဲ့အစ်မဝမ်ကလည်း ယဲ့ဖန်ဟာ လျှို့ဝှက်သူဌေးအကြီးစားဖြစ်မယ်လို့ခံစားမိပြီး ယဲ့ဖန်ကိုကြည့်တဲ့အကြည့်က ပိုပြီးလေးစားသမှုပြည့်လာတော့သည်။

ကျန်းဟောင်ရဲ့ နောက်လိုက်အုပ်စုကတော့ .........

ကျန်းဟောင်အရှုံးနဲ့ရင်ဆိုင်နေရတာမြင်တဲ့အခါ ယဲ့ဖန်က သာမန်မဟုတ်မှန်း သူတို့သိလိုက်ကြရတော့သည်။

အဲ့ဒီအပြင် ကျန်းဟောင်က ယဲ့ဖန်ကို ဒေါသတောင်ထွက်မပြရဲမှတော့ ယဲ့ဖန်နောက်ခံက သူတို့ထင်ထားတာထက်ကို ပိုပြီးအာဏာကြီးကြောင်း နားလည်လိုက်ကြပြီး ဘေးကနေ တုန်လှုပ်နေကြတော့သည်။

................

ခဏအကြာမှာတော့ ကျန်းဟောင်က ချင်းဟယ်တေးသွားတစ်ပုလင်းလုံးကို သောက်ပြီးသွားသည်။

ထိုအချိန်မှာ သူ့လည်ချောင်းထဲက ဓားနဲ့ရှသလိုနာကျင်နေပြီး ဗိုက်ထဲကလည်း ထိုးအောင့်လာသည် ........

သို့ပေတောင်မှ သူက မသက်မသာမှုကို တောင့်ခံပြီး ယဲ့ဖန်ကို မျက်နှာချိုသွေးကာပြောသည်။

" သွားလို့ရပြီမလား "

ယဲ့ဖန် ခေါင်းငြိမ့်ပြီး လက်ကိုယမ်းပြကာ ထွက်သွားဖို့ပြောသည်။

ကျန်းဟောင်ကလည်း ခွင့်ပြုချက်ရတာနဲ့ သီးသန့်ခန်းကနေ အမြန်လျှောက်ထွက်လာကာ တံခါးနဲ့တောင် တိုက်မိသည်။

ထိုအချိန်မှ ရှချူးကိုယ်ရံတော်တွေက ရောက်လာသည်။

သက်တော်စောင့်တွေက ကျန်းဟောင်နဲ့သူ့လူတွေရဲ့ရှုံ့တွနေတဲ့မျက်နှာတွေကိုမြင်တဲ့အခါ နည်းနည်းကြောင်သွားကြသည်။

အခုလေးတင် အစ်မဝမ်က သူတို့ကိုဆက်သွယ်ခဲ့ပြီး သူတို့ပြဿနာအကြီးကြီးတက်နေတယ်လို့ပြောခဲ့သည်။

ဒါပေမဲ့အခုတော့ ရှမိန်းကလေးအစား ဘာလို့ ကျန်းဟောင်တို့က ပြဿနာတက်နေသယောင်ဖြစ်နေတာလဲ။

ဒီလူတွေ အရှုံးကိုကြိတ်ခံနေမှန်း အစ်မဝမ်သိသည်။ ကျန်းဟောင်နဲ့ သူ့လူတွေအကုန်ထွက်သွားမှ အစ်မဝမ်က သီးသန့်တံခါးကိုပိတ်လိုက်သည်။

အဲ့ဒီနောက် တံခါးအပြင်ကိုထွက်လာပြီး သက်တော်စောင့်တွေကို နည်းနည်းရှင်းပြသည်။

.................

တံခါးပြန်ပိတ်သွားတဲ့အခါ ရှချူးက ယဲ့ဖန်ကိုကြည့်ပြီး ကျေးဇူးတင်သည်။

" ကျေးဇူးတင်ပါတယ် "

ယဲ့ဖန်စကားတွေက သူမအတွက် အချိန်အတော်ကြာအနှောင့်အယှက်ပေးနေတဲ့ပြဿနာကို ဖြေရှင်းလိုက်နိုင်သည်။ သူမ ယဲ့ဖန်ကို အမှန်တကယ် ကျေးဇူးတင်တာဖြစ်သည်။

ယဲ့ဖန်စိတ်ထဲမထားဘဲ သာမန်ကာလျှံကာလက်ကိုယမ်းပြီးပြောလိုက်သည်။

" ဒါက ကိစ္စသေးသေးလေးပါ "

ရှချူးက နည်းနည်းအားနာနေသေးသည်။

" တကယ်တောင်းပန်ပါတယ်၊ ထမင်းဖိတ်ကျွေးချင်ခဲ့ပေမဲ့ ဒီလိုတွေဖြစ်သွားရတယ် "

ယဲ့ဖန် အများကြီးမတွေးပေ။ ပြဿနာရှင်းသွားတဲ့နောက် ပါးစပ်ကိုတစ်ရှူးနဲ့သုတ်ပြီး ပြုံးသည်။

" ထမင်းက တကယ်စားလို့ကောင်းခဲ့ပါတယ်။ နေ့လယ်ကျ အတန်းရှိနေသေးတော့ ......... "

" နေပါဦး "

ရှချူးက ယဲ့ဖန်ပြန်တော့မယ်ဆိုတော့ မြန်မြန်တားလိုက်သည်။

အဲ့ဒီနောက် သူမအိတ်ထဲက စာရွက်စာတမ်းကိုထုတ်လိုက်သည်။

" ယဲ့ဖန် ဒါက ကျွန်မရဲ့သိတတ်မှုသေးသေးလေးပါ "

" ရှင့်ကျေးဇူးကြောင့် ထန်းဥက္ကဌကြီးက ကူဖို့သဘောတူတာပါ "

ယဲ့ဖန်က ချက်ချင်းမယူဘဲ စာရွက်စာတမ်းတွေကို ကြည့်လိုက်သည်။

စာရွက်စာတမ်းက ရှချူးရဲ့ရုပ်ရှင်စီမံချက်ရှယ်ယာလွှဲပြောင်းစာချုပ်မှန်းတွေ့လိုက်ရတဲ့အခါ သူ အံ့ဩသွားရသည်။

" ကျေးဇူးတင်လက်ဆောင်အနေနဲ့ ရှယ်ယာ ၂၀%တောင်လား။ ရှမိန်းကလေးက အရမ်းကိုရက်ရောတာဘဲ "

ရှချူးက ပွင့်ပွင့်လင်းလင်းပြောသည်။

" ရှင်ကူတာနဲ့ယှဉ်ရင် ဒါလေးက မပြောပပါဘူး။ ဒါပေမဲ့ ဒါက ရှင့်ကိုပြန်ပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်ပါ "

" ကျေးဇူးပြုပြီး လက်ခံပေးပါ "

သူမ စကားတွေကြားတဲ့အခါ ယဲ့ဖန်ထပ်ပြောမနေတော့ဘဲ စာချုပ်ကိုယူလိုက်သည်။

ရှချူးရဲ့ရုပ်ရှင်က ထုတ်လုပ်ရေးကြီးတစ်ခုဖြစ်သည်။ ရှချူးရဲ့ကျော်ကြားမှုနဲ့သာဆို ရုပ်ရှင်လွှင့်တဲ့အခါ ဝင်ငွေက နည်းမှာမဟုတ်ပေ။

အမြတ်တွေ ငါးပုံတစ်ပုံဟာ နည်းတဲ့ပမာဏမဟုတ်။

သို့ပေမဲ့ လက်ရှိသူ့အနေအထားနဲ့ဆို အရမ်းကြီးတန်ဖိုးမြင့်တာလည်းမဟုတ်ပေ။

ရှချူးက ပြောမှတော့ သူ လက်ခံလိုက်သည်။

အပိုင်း (၃၀)

ရှချူးက သိချင်နေတယ်။ ကျေးဇူးတင်ပါတယ်။

ယဲ့ဖန်က လက်ခံလိုက်ပေမဲ့ ဘာအမူအရာမှမပြတဲ့အခါ ရှချူး ထပ်ပြီးအံ့ဩရပြန်သည်။

တကယ်တော့ အစတုန်းက သူမ ယဲ့ဖန်ကို ရုပ်ရှင်စီမံချက်ရဲ့ ဆယ်ပုံတစ်ပုံသာပေးဖို့ ပြင်ဆင်ခဲ့တာဖြစ်သည်။

သို့ပေမဲ့ ကျန်းဟောင်ကိစ္စတွေရောဖြစ်ပြီးသွားသည့်အတွက် ယဲ့ဖန်ကို ထပ်ပြီး အပိုထပ်ဆောင်းအနေနဲ့ ၁၀% ထပ်တိုးပေးလိုက်တာဖြစ်သည်။

ဒါပေမဲ့ ဘယ်သူသိမှာလဲ ဒီလောက်အမြတ်ကြီးရတဲ့ကိစ္စကတောင် ယဲ့ဖန်ကို မျက်တောင်တစ်ချက်မခတ်စေနိုင်ဘူးဆိုတာ။

.........................

ယဲ့ဖန်ကတော့ များများစားစားမတွေးပေ။ ရှချူးကို နှုတ်ဆက်ပြီးနောက် ပြန်သွားသည်။

Ferrari Enzo ကားက စားသောက်ဆိုင်ထဲက ထွက်သွားသည့်အခါ ရှချူးနှင့် အစ်မဝမ်တို့လည်း ကားပေါ်တက်လိုက်ကြသည်။

ကားပေါ်တက်ပြီးတဲ့နောက် သီးသန့်ခန်းထဲမှာဖြစ်ခဲ့တာကို တွေးပြီး အစ်မဝမ်က စိတ်လှုပ်ရှားနေသည်။

" ကျန်းမိသားစုရဲ့သခင်လေးကတောင်မှ ယဲ့လူကြီးမင်းကိုကြောက်ရတယ်။ ယဲ့လူကြီးမင်းရဲ့နောက်ခံက အစ်မတို့ထင်တာထက်ကိုပိုပြီးအာဏာရှိမယ်နဲ့တူတယ် "

" ရှရှ၊ သူ့ကို အပြစ်မပြုမိစေနဲ့ "

ရှချူး ခေါင်းငြိမ့်ပြီး ဘာမှမပြောပေ။

အစ်မဝမ် မပြောရင်တောင်မှ သူမ ယဲ့ဖန်ကိုဆန့်ကျင်ရဲတဲ့ထိ မိုက်ရူးရဲမဆန်ပါ။

အစ်မဝမ်က စိတ်ထဲမတင်မကျဖြစ်နေသည်။

" ယဲ့လူကြီးမင်းရဲ့နောက်ခံက ဘာများဖြစ်မလဲ "

သူမ ကျုံးဟိုင်ရဲ့သူဌေးကြီးတွေနဲ့ ရင်းနှီးပေမဲ့ ယဲ့ဖန်အကြောင်းကိုတစ်ခါမှမကြားဖူးပေ။

" ရှရှ "

" အစ်မ စုံစမ်းဖို့ လူငှားလိုက်ရမလား "

" မလိုပါဘူး " ရှချူးလက်ယမ်းလိုက်သည်။

ယဲ့ဖန်နဲ့သူမ အတူရှိနေရတဲ့ခံစားချက်ကို နှစ်သက်သည်။ ယဲ့ဖန်က သူမကို နာမည်ကြီးတစ်ယောက်လိုမဟုတ်ဘဲ သာမန်လူတစ်ယောက်လိုသာဆက်ဆံသည် ......... အဲ့လိုစိတ်သက်သာရတဲ့ခံစားချက်နဲ့ သူမပုံစံအစစ်အတိုင်းနေလို့ရတာကောင်းသည်။

သူမ တိတ်တိတ်ကလေးစုံစမ်းလိုက်တာက ယဲ့ဖန်စိတ်ရှုပ်သွားမှာကို စိုးရိမ်သည်။ ဒီလိုကိစ္စနဲ့ ဒီလိုမိတ်ဆွေမျိုးကို ဆုံးရှုံးလိုက်ရဖို့ မတန်ပေ။

ဒါပေမဲ့ အစ်မဝမ်ရဲ့အကြံကို ငြင်းလိုက်သော်ငြား ရှချူး သိချင်နေမိသည်။ ယဲ့ဖန်နောက်ခံအသိုင်းအဝိုင်းက ဘာလဲ။

.................................

ယဲ့ဖန်ကတော့ ရှချူးဘာတွေဖြစ်နေလဲမသိပေ။

ဆယ်မိနစ်ကြာတဲ့နောက် သူ့ကားနဲ့ကျောင်းကိုရောက်လာသည်။

ကားပါကင်ထိုးပြီးနောက် ယဲ့ဖန် စာသင်ဆောင်သို့သွားသည်။

သွားနေတဲ့လမ်းမှာ ကျောင်းသားတွေအများကြီးရှိသည်။

မနက်ကဖြစ်သွားတဲ့ကိစ္စကြောင့် သူကကျောင်းမှာနာမည်ကြီးလာပြီး ကျောင်းသားတော်တော်များများက သူ့ကိုမှတ်မိနေကြသည်။

" မြန်မြန်ကြည့်၊ သူက ယဲ့ဖန်ဘဲ "

" ယဲ့ဖန်လား။ ရှချူးဖျော်ဖြေရေးစိန်အဆင့်ကတ်ရှိတဲ့တစ်ယောက်လား "

" သူက ချောလိုက်တာ။ သူစီးတဲ့ကားက Ferrari မလား "

" အဲ့လိုကားမျိုးအကြောင်း တွေးတောင်မတွေးရဲပါဘူး "

" .............. "

လူအုပ်ကြီးရဲ့စကားဝိုင်းက ပြင်းထန်နေသည်။

ဒါပေမဲ့ ယဲ့ဖန်ကတော့ အဖတ်မလုပ်ဘဲ ကားပါကင်ထိုးပြီး စာသင်ခန်းသို့သွားသည်။

ဒါပေမဲ့ အခန်းတံခါးရှေ့မှာ အခန်းထဲကအလှဆုံးကောင်မလေးကို တွေ့ရမယ်လို့ ထင်မထားပေ။

အခန်းအလှလေးက ယဲ့ဖန်ကိုတွေ့တဲ့အခါ တစ်ခဏအံ့ဩသွားပြီး ရှက်ပြုံးပြုံးသည်။

" ယဲ့ဖန်၊ နင်ဒီညအချိန်ရှိလား။ ငါနင့်ကိုထမင်းလိုက်ကျွေးချင်လို့ ....... "

ယဲ့ဖန်က အတန်းအလှလေးရဲ့စကားကိုဖြတ်ပြောသည်။

" အချိန်မရှိဘူး "

သူပြောပြီးတဲ့နောက် တံခါးရှေ့ကအတန်းအလှပဂေးလေးရဲ့ကြောင်အနေတဲ့အမူအရာကို လျစ်လျူရှုပြီး အတန်းထဲကိုဝင်လာသည်။

အတန်းထဲက စကားပြောနေတဲ့သူတိုင်းက တံခါးရှေ့မှာဖြစ်သွားတာကို သေချာပေါက်သတိထားမိကြပြီး သူ့ကို တစ်ညီတည်းလှည့်ကြည့်ကြသည်။

သူတို့က လှမ်းကြည့်ပြီး အမူအရာပေါင်းစုံပေါ်လာသည်။

ယဲ့ဖန်သူတို့ကို အာရုံထဲမထားပါ။ ဝတုတ်ချူးထိုင်ခုံနားသွားလိုက်သည်။

ဝတုတ်ချူးက သူ့ဖုန်းကိုကိုင်နေပြီး အရူးလိုပြုံးနေသည်။ ယဲ့ဖန်လျှောက်လာတာကိုမြင်တဲ့အခါ လက်ယမ်းပြသည်။

ယဲ့ဖန်က လျှောက်လာပြီး ဘေးမှာထိုင်သည်။ သူက မေးသည်။

" ဘာတွေကြည့်နေတာလဲ။ အရမ်းကိုပြုံးပျော်နေတော့ "

" ဘာမှမဟုတ်ပါဘူး " ဝတုတ်ချူးခေါင်းခါသည်။

" ဒီအတိုင်း ငါတို့ ဖန်ညီအစ်ကိုကို ဆင်ဖြူတော်မှီပြီးကြံစုပ်ရာကနေ ငါကအရမ်းကို ဟော့တဲ့ကိတ်ကလေးဖြစ်နေတာကွ "

ယဲ့ဖန်ရယ်မောပြီး ဘာမှတော့ပြန်မပြောပေ။

ဝတုတ်ချူးက တစ်စုံတစ်ခုကိုတွေးမိပြီး ရုတ်တရက်မေးသည်။

" ဒါနဲ့ ဖန်ညီအစ်ကို မင်းက အပြင်မှာနေမှတော့ အပြင်နေကျောင်းသားလက်မှတ်လျှောက်ပြီးပြီလား "

" အပြင်နေကျောင်းသားလက်မှတ်လား "

ယဲ့ဖန် အံ့ဩသွားသည်။ သူ ဒီအကြောင်းကိုမသိပါ။

ဝတုတ်ချူးခေါင်းငြိမ့်သည်။

" ဟုတ်တယ်။ ပထမနှစ်ကျောင်းသားတွေက အပြင်မှာနေချင်ရင် အပြင်နေကျောင်းသားလက်မှတ်လျှောက်ရတယ်။ မဟုတ်ရင် ကျောင်းက ခွင့်မပြုဘူး "

သူကပြောပြီး တစ်ခုခုကိုတွေးနေပုံရကာ မျက်နှာအမူအရာကဖျော့သွားသည်။

အပိုင်း (၃၁)

အလှအပက ရတနာထက် ပိုအရေးကြီးလို့လား။

ယဲ့ဖန်က သတိထားမိတဲ့အခါ မေးသည်။

" ဝတုတ်၊ ဘာဖြစ်လို့လဲ "

ဝတုတ်က အပြင်နေကျောင်းသားလက်မှတ်လျှောက်ဖို့ ကိစ္စကို အလောတကြီးရှင်းပြသည်။

" ကြားရသလောက်တော့ အဲ့လက်မှတ်ရဖို့ တော်တော်လေးရှုပ်တယ်တဲ့။ လက်မှတ်လျှောက်လွှာဖောင်တွေဖြည့် ပြီးတော့ .......... "

" ရှင်းရှင်းပြောရရင် အချိန်တိုအတွင်း လုပ်လို့မပြီးဘူးတဲ့ "

" ပြီးတော့ မရမချင်း အပြင်မှာနေလို့မရဘူး "

ယဲ့ဖန် ထိုအကြောင်းကြားတဲ့အခါ ဘာလို့ သူ အဲ့လိုအမူအရာလုပ်လဲဆိုတာ နားလည်သွားသည်။ ယဲ့ဖန်က ချက်ချင်းမေးလိုက်သည်။

" မြန်မြန်လုပ်လို့ရနိုင်မယ့် နည်းလမ်းမရှိဘူးလား "

ဝတုတ်ချူး ခေါင်းငြိမ့်သည်။

" ရှိတယ်။ ကျောင်းသားရေးရာနဲ့အချိတ်ရှိရင် မြန်မြန်ရနိုင်တယ် "

" ဖန်ညီအစ်ကို၊ အဲ့ဌာနက မင်းမှာ အသိမရှိဘူးလား "

ယဲ့ဖန် ခေါင်းခါသည်။

ထိုပုံစံမြင်တဲ့အခါ ဝတုတ်ချူး သက်ပြင်းချသည်။

" ငါ့မှာလည်းမရှိဘူး။ မဟုတ်ရင် ကူပေးလို့ရမှာကိုကွာ "

ယဲ့ဖန် ထိုစကားကြားရင်း အကြံထုတ်နေတုန်း ကျောင်းတက်ခေါင်းလောင်းမြည်လာသည်။

သူ အဲ့ကိစ္စကို ထပ်စဉ်းစားမနေတော့ပေ။ ကျောင်းဆင်းမှ ကျောင်းသားရေးရာကို သွားပြီး ကံစမ်းကြည့်ရတော့မည်။

မထင်မှတ်ထားဘဲ ကျောင်းသားရေးရာဌာနအဆောက်အဦးကိုသွားနေရင်း စနစ်မြည်သံက ပေါ်လာသည်။

[ ရတနာအသစ်ရှာတွေ့ထားပါသည်။ ယွမ် ၁၀သန်းတန်ဖိုးရှိရတနာဖြစ်ပါသည်။ ]

[ လမ်းလျှောက်ညွှန်ကြားရေးစနစ် စတင်ပါမည်။ လက်ခံသူ၊ ကျေးဇူးပြု၍ လက်ရှိနေရာမျိ ရှေ့ကိုတည့်တည့်သွားပါ။ အဲ့ဒီနောက် ညာဘက်ကို မီတာ ၁၀၀ ကွေ့ပါ ...... ]

ယွမ် ၁၀သန်းတန်တဲ့ ရတနာတဲ့လား။

ယဲ့ဖန် မျက်လုံးတို့တောက်လာသည်။

ယွမ် ၁၀သန်းက သူ့ရဲ့လက်ရှိအနေအထားနဲ့ ဘာမှမဟုတ်ပေမဲ့ ဘယ်လိုလူက ပိုက်ဆံပိုရမှာကို ငြင်းမှာတဲ့လဲ။

ချက်ချင်းဘဲ ရတနာရှာရာစနစ်ပြောတဲ့အတိုင်း လမ်းကြောင်းပေါ်တက်လိုက်သည်။

စနစ်ကပေးတဲ့လမ်းအတိုင်းသွားပြီးနောက် အဓိကလမ်းမကြီးကနေ သွေဖယ်ပြီး ချောင်ကျတဲ့တောအုပ်ဆီသို့ရောက်လာသည်။

[ လက်ခံသူ၊ ကျေးဇူးပြုပြီး ရှေ့ဆက်ပါ။ ဘယ်ဘက်ကို ၆မီတာကွေ့ပါ။ အဲ့ဒီနောက် မီတာ ၂၀၀ ခန့်ဆက်လျှောက်ပါက အဆုံးသတ်နေရာဆီရောက်ပါလိမ့်မည်။ ]

ထိုစကားကြားပြီး ယဲ့ဖန် ဆက်လျှောက်သည်။

စနစ်ရဲ့လမ်းပြမှုနဲ့ ယဲ့ဖန်ရတနာရှိရာသို့ရောက်လာပေမဲ့ .........

ဘာလို့ ရတနာနယ်မြေမှာ အပြာရောင်ဂါဝန်နဲ့အရမ်းချစ်စရာကောင်းတဲ့ကောင်မလေးကရှိနေရတာလဲ။

အဲ့ဒီနူးညံ့ပြီးချစ်စရာကောင်းတဲ့ကောင်မလေးကလွဲလို့ သူမထိုင်နေသည့်ကျောက်တုံးသာရှိသည်။

ကျောက်တုံးက ရတနာဖြစ်နေမလား။

ရတနာက ကျောက်တုံးထဲမှာလား။

ယဲ့ဖန်တွေးနေရင်း ထိုနူးညံ့သိမ်မွေ့တဲ့အလှလေးက ခေါင်းကိုငုံ့ရင်းခြေချင်းလိမ်နေရာမှာ အာရုံခံမိပြီး လှမ်းကြည့်လာသည်။

ထိုကောင်မလေးရဲ့အသွင်အပြင်ကြောင့် ယဲ့ဖန်အံ့ဩသွားရသည်။

သူမ မျက်နှာက သေချာပေါက် ၉၅မှတ်အထက်ရှိကာ အရမ်းကိုလှသည်။

သူတွေ့ဖူးတဲ့အလှဆုံးသူက ရှချူးဖြစ်ပြီး သူ့ရှေ့ကကောင်မလေးကလည်း ရှချူးထက်တော့ အဆင့်မနိမ့်ပေ။

သူက ချက်ချင်းအဝေးကိုကြည့်လိုက်သည်။

ကောင်မလေးတွေက ရတနာထက်ပိုအရေးကြီးလို့လား။

စနစ်ပြောတဲ့ရတနာက ရှန်းပိုင်ထျန်းထိုင်နေတဲ့ကျောက်တုံးလားဆိုတာကို ယဲ့ဖန်အတည်ပြုဖို့လိုသည်။ ရှန်းပိုင်ထျန်းထွက်သွားအောငါ ဘယ်လိုလုပ်ရမလဲ။

ရှန်းပိုင်ထျန်းက ယဲ့ဖန် သူမကို ကြည့်မနေကြောင်းတွေ့လိုက်ရတဲ့အတွက် နည်းနည်းအံ့ဩသွားရသည်။

ပုံမှန်ဆို ကောင်လေးတွေက သူမဆီကိုဘဲ အကြည့်ကပ်နေကြတာကြောင့် သူမ ယဲ့ဖန်အပေါ် အထင်ကြီးသွားသည်။

" ဟေး၊ တစ်ခုလောက်ကူပေးလို့ရမလား "

ရှန်းပိုင်ထျန်းမေးလိုက်သည်။

" စီနီယာရှန်း၊ ဘာကိစ္စများပါလဲ "

ယဲ့ဖန်မေးသည်။

" ငါ့ကိုသိတယ်လား "

ယဲ့ဖန်ခေါင်းငြိမ့်သည်။

" စီနီယာရှန်းက ကျောင်းရဲ့နာမည်ကြီးဘဲ။ သေချာပေါက်သိပါတယ် "

တကယ်တော့ ယဲ့ဖန် သူ့အရှေ့က ထိုနူးညံ့သိမ်မွေ့တဲ့

အလှလေးကိုမြင်လိုက်ကတည်းက ရှန်းပိုင်ထျန်းမှန်းသိသည်။ ကျောင်းရဲ့ဒဏ္ဍာရီလာအလှလေးရှန်းပိုင်ထျန်း။

ယဲ့ဖန်စကားတွေကြားပြီးတဲ့နောက် ရှန်းပိုင်ထျန်းပြုံးပြီး ထိုကိစ္စကိုဆက်မပြောတော့ပေ။

" ဒီကကျောင်းသား၊ ငါ့ခြေချင်းဝတ်ခေါက်သွားလို့ပါ။ ကျောင်းသားရေးရာကို ပြန်လိုက်ပို့ပေးနိုင်မလား "

တခြားတစ်ယောက်သာဆို သူမ မေးစရာတောင်မလိုပေ။ မရေနိုင်တဲ့ကောင်လေးတွေက သူမကို ကူညီချင်ကြပေမဲ့ ယဲ့ဖန်ကတော့ သူမ တပ်အပ်မပြောနိုင်ပေ။

သေချာတော့မရှင်းပြတတ်ပေမဲ့ ယဲ့ဖန်က တခြားသူတွေနဲ့မတူဘူးဟု ရှန်းပိုင်ထျန်းထင်သည်။

ယဲ့ဖန်က ရှန်းပိုင်ထျန်းထွက်သွားဖို့ အကြောင်းပြချက်ရှာမရတာကြောင့် စိုးရိမ်နေခဲ့သည်။ ထိုအကြောင်းကြားတဲ့အခါ သူက ချက်ချင်းသဘောတူလိုက်သည်။

" ရပါတယ်၊ ကျွန်တော်က တခြားသူတွေကို ကူညီရတာနှစ်သက်ပါတယ် "

ယဲ့ဖန်က ချက်ချင်းကို သဘောတူတာကို တွေ့ရတဲ့အခါ သူမ နောင်တနည်းနည်းရသွားသည်။

ယဲ့ဖန်က သူမကို အခွင့်ကောင်းယူမှာတော့ မဟုတ်ဘူးမလား။

သို့ပေမဲ့ သူမ ပြောပြီးသားဖြစ်နေသည်။

အဲ့ဒီအပြင် နေကလည်း အရမ်းပြင်းနေတာကြောင့် တောအုပ်ထဲမှာဖြစ်နေပေမဲ့ နေရောင်ခြည်က တိုက်ရိုက်ထိနေသေးသည်။ သူမ ဒီမှာ ကြာကြာဆက်မနေချင်ပေ။

" စီနီယာရှန်း၊ ရပ်နိုင်လား "

ယဲ့ဖန်က မေးပြီး သူမဘေးရောက်လာသည်။

ရှန်းပိုင်ထျန်း ရပ်ကြည့်ပေမဲ့ ချက်ချင်းမျက်နှာမဲ့သွားသည်။

" မရဘူး၊ နာတယ် "

" ဟုတ်ပြီ "

ယဲ့ဖန်ပြောကာ သူ့လက်ကိုဆန့်ပေးလိုက်သည်။

ရှန်းပိုင်ထျန်းမျက်နှာရဲလာသည်။

သူမ ကောင်လေးတစ်ယောက်လက်ကို ဘယ်တုန်းကမှ မကိုင်ခဲ့ဖူးပေ။

ဒီနေရာက အရမ်းကိုချောင်ကျပြီး သူမ ဖုန်းမယူခဲ့မိပေ။ သူမ အခု ယဲ့ဖန်ကိုငြင်းလိုက်ပါက ဘယ်တော့မှ လူတစ်ယောက်ထပ်လာမလဲဆိုတာ သူမ မသိနိုင်ပါ။

အဲ့တာကြောင့် စက္ကန့်အနည်းငယ်ကြာတဲ့နောက် သူမလက်ကို ယဲ့ဖန်လက်ပေါ်ထပ်ကိုင်လိုက်သည်။

ယဲ့ဖန် ရှန်းပိုင်ထျန်းလက်ကိုဆွဲထားလိုက်သည်။

အရိုးမရှိဘူးလို့ထင်ရအောင် နူးညံ့ပြီး အိစက် နူးညံ့နေသည် ........

ကိုင်လို့ကောင်းလိုက်တာ။

ဒါပေမဲ့ ယဲ့ဖန်တွင် သူမအပေါ် အခွင့်အရေးယူချင်တဲ့မကောင်းစိတ်ရှိမနေခဲ့ချေ။

ယဲ့ဖန်က သူမကို အခွင့်ကောင်းမယူဘဲ သာမန်ရိုးကျကူညီနေတာမြင်တဲ့အခါ ယဲ့ဖန်ပေါ်ထားတဲ့အကောင်းမြင်မှုက ပိုတိုးသွားသည်။

ယဲ့ဖန်က ရှန်းပိုင်ထျန်းကို ထဖို့ကူပေးပြီးတဲ့နောက် သူမကို ကျောင်းသားရေးရာအရင်ပို့ပေးပြီး ပြန်လာကာ ရတနာကိုယူမည်ဖြစ်သည်။

သို့ပေမဲ့ ရှန်းပိုင်ထျန်းက ပြန်ဖို့စိတ်ကူးမရှိပေ။

" ဘာလို့လဲ "

ယဲ့ဖန်နားမလည်ပေ။

" ငါ့ဖိနပ်ပျက်သွားပြီ ...... "

ရှန်းပိုင်ထျန်းက မြေပေါ်ကဒေါက်ဖိနပ်အကျိုးကိုပြသည်။

သူမ ခြေခေါက်လဲသွားခြင်းက ဒေါက်ဖိနပ်ကျိုးသွားခြင်းကြောင့်ဖြစ်သည်။ သူမ သေချာပေါက် အဲ့တာတွေကို ထပ်စီးလို့မရတော့ပေ။

ကျန်တဲ့တစ်ဖက်တည်းနဲ့ ဘယ်လိုလုပ်လမ်းလျှောက်ရမှာလဲ။

ခြေဗလာနဲ့ပြန်ရမှာလား။

ယဲ့ဖန် ပြောစရာစကားမဲ့သွားသည်။

' သူ့ဖိနပ်ပျက်တာနဲ့ ဘာလို့ ငါ့လာကြည့်နေတာတုန်း '

' ငါ့ဖိနပ် လိုချင်လို့လား '

အပိုင်း (၃၂)

ကျောင်းမှာ ရုတ်ရုတ်သဲသဲဖြစ်နေတယ်။

" စီနီယာရှန်း၊ ဒီမှာ ခဏစောင့်နိုင်မလား။ ဖိနပ်သွားဝယ်ပေးပါ့မယ် "

ယဲ့ဖန်မေးလိုက်သည်။

" ကျေးဇူးပါ "

ရှန်းပိုင်ထျန်းခေါင်းငြိမ့်လိုက်သည်။

" ရပါတယ် "

ပြောပြီးတဲ့နောက် ယဲ့ဖန် လက်ကိုလွှတ်ပြီး တောထဲက အမြန်ပြေးထွက်လာသည်။

ယဲ့ဖန်ကျောကိုကြည့်ပြီး ရှန်းပိုင်ထျန်း ငိုရမလား၊ ရယ်ရမလားမသိပေ။

သူမ ရုတ်တရက် ခံစားမိလိုက်သည် ........

ယဲ့ဖန်က တော်တော်လေးချစ်ဖို့ကောင်းတာဘဲ။

သူက နည်းနည်းအဖြောင့်သမားကြီးဖြစ်သည်။

သူ့နေရာမှာ တခြားကောင်လေးသာဆို သူတို့ဖိနပ်ကိုချက်ချင်းချွတ်ပြီး သူမကိုပေးမှာဖြစ်သည်။

.................

ဆယ်မိနစ်ကြာတဲ့နောက် ယဲ့ဖန်တောထဲကို ပြန်ရောက်လာသည်။

ရှန်းပိုင်ထျန်းကို ထိုနေရာမှာဘဲရပ်ပြီး သူ့ကိုစောင့်နေသည်။ ယဲ့ဖန်ပြန်လာတာမြင်တဲ့အခါ သူမမျက်ဝန်းထဲမှာ မကျေမနပ်ဖြစ်နေသည်။

" ဂျူနီယာလေး၊ နင် ဖိနပ်သွားဝယ်တာ အကြာကြီးဘဲ "

သူမ ထိုနေရာမှာ ဆယ်မိနစ်ကျော်ရပ်နေခဲ့ရပြီး ခြေခွေကျမတတ်ဖြစ်နေသည်။

ယဲ့ဖန်က တကယ်ကိုလွန်သည်။ မသွားခင် သူမကို ထိုင်ဖို့ကျောက်တုံးပေါ်တင်ပေးသွားလို့ မရဘူးလား။

" ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။ ဒီနေရာက ခေါင်လွန်းတယ် "

ယဲ့ဖန်လည်း အတော်လေးအခက်ကြုံသွားရသည်။

အနီးဆုံးစူပါမားကတ်က ဒီနေရာနဲ့ မီတာ၁၀၀၀ကျော်ဝေးသည်။ သူ ဆယ်မိနစ်လောက်နဲ့ပြန်ရောက်လာတာက မြန်တယ်လို့တောင် ပြောရမည်။

သူက ပြောပြီး ဖိနပ်ကိုထုတ်ပေးသည်။

ဖိနပ်ကိုမြင်တဲ့အခါ ရှန်းပိုင်ထျန်းအမူအရာပြောင်းကာထူးဆန်းသွားသည်။

ယဲ့ဖန်က ယောက်ျားစီးဖိနပ်ပါးဝယ်လာသည်။

အဲ့ဒီအပြင် ဆိုဒ်က မတော်ပေ။

ယဲ့ဖန်လည်း ဘာလုပ်လို့ဘာကိုင်ရမလဲမသိဖြစ်နေသည်။ သူ မားကတ်ကိုရောက်မှ ရှန်းပိုင်ထျန်းရဲ့ဖိနပ်ဆိုဒ်ကိုမေးဖို့ မေ့လာမှန်းသတိရသည်။

ဒါပေမဲ့ ဆိုဒ်ကြီးကတော့ သေချာပေါက်ဝတ်လို့ရလေသည်။

" စီနီယာရှန်း၊ ဖိနပ်အရင်စီးလိုက်ပါ "

ပြောပြီးတဲ့နောက် သူက ဖိနပ်ကို မြေပေါ်ချပေးသည်။

ရှန်းပိုင်ထျန်း ချေးမများပါ။ သူ့ကို ကျေးဇူးတင်ပြီး ဖိနပ်လဲစီးလိုက်သည်။

ယဲ့ဖန်က ရှန်းပိုင်ထျန်းကိုကူထိန်းပေးပြီး ဖိနပ်လဲတာကိုကြည့်နေလိုက်သည်။

ရှန်းပိုင်ထျန်းရဲ့ခြေထောက်လေးတွေက တော်တော်လေးလှသည်။

နူးညံ့သွယ်လျပြီးအပြစ်အနာအဆာကင်းကာ ကျောက်ဖြူကနေထုစစ်ထားသယောင်ဖြစ်သည်။

တစ်ခုတည်းသော အနာအဆာက သူမခြေချင်းဝတ်က ယောင်နေတဲ့အနီရောင်ဒဏ်ဖြစ်ပြီး ကြည့်ရတာ ပြင်းထန်ပုံပေါ်သည်။

" စီနီယာရှန်း၊ ကျောင်းဆေးခန်းကိုအရင်လိုက်ပို့ပေးရမလား "

သူမရဲ့ယောင်နေတဲ့ခြေထောက်ကိုကြည့်ပြီး နည်းနည်းစိတ်ပူသွားသည်။

ရှန်းပိုင်ထျန်းခေါင်းခါသည်။

" မလိုပါဘူး။ ကျောင်းသားရေးရာဌာနကိုဘဲ ကူပို့ပေးပါ "

ပြောပြီး ဖိနပ်ပါးတွေကို စီးလိုက်သည်။

" ကောင်းပါပြီ " ယဲ့ဖန်ခေါင်းငြိမ့်သည်။

အဲ့ဒီနောက် ကူတွဲပြီး ရှန်းပိုင်ထျန်းကို သစ်တောထဲကနေခေါ်လာပေးသည်။

သစ်တောထဲကထွက်လာတဲ့နောက် လူများတဲ့နေရာရောက်လာသည်။

ကျောင်းရဲ့နာမည်ကြီးအလှလေးက ယောက်ျားတစ်ယောက်လက်မောင်းကိုတွဲထားတာမြင်တဲ့အခါ ကျောင်းသားတိုင်း အံ့ဩသွားကြသည်။

" တစ်ယောက်ယောက်က တကယ်ကြီး အလှလေးကိုရသွားပြီ။ သတင်းထူးဟေး "

" နတ်ဘုရားမလေး၊ ငါရဲ့နတ်ဘုရားမလေး မင်းကိုယ်မင်း ဘာလို့တစ်ယောက်ယောက်ရဲ့လက်ထဲပစ်ဝင်ရတာလဲ "

" ငါ့အချစ်တော့ကုန်ပါပြီ "

" ........ "

တစ်ချို့လူတွေက ဖုန်းကိုထုတ်ဓာတ်ပုံရိုက်ပြီး ကျောင်းစာမျက်နှာမှာတင်ကြသည်။

.................

မိနစ်နှစ်ဆယ်ကြာပြီးနောက် ယဲ့ဖန်နှင့် ရှန်းပိုင်ထျန်း ကျောင်းသားရေးရာအဆောက်အဦးဆီရောက်လာသည်။

အစကတော့ သစ်တောကနေ ကျောင်းသားရေးရာအဆောင်ဆီကို ဆယ်မိနစ်သာလျှောက်ရပေမဲ့ ရှန်းပိုင်ထျန်းခြေထောက်က ဒဏ်ရာကြောင့် ယဲ့ဖန်အရှိန်လျှော့လိုက်ရသည်။

သူက ရှန်းပိုင်ထျန်းကိုကူပြီး အဆောက်အဦးထဲထိပို့ပေးသည်။

ကျောင်းကောင်စီကလူတိုင်းရဲ့အာရုံက သူတို့နှစ်ယောက်ဆီရောက်လာတော့သည်။

သူတို့က သိချင်တာရော၊ အားကျ၊ မနာလို၊ အံ့ဩ........

ယဲ့ဖန် သူတို့ကို လျစ်လျူရှုပြီး ရှန်းပိုင်ထျန်းရဲ့ ညွှန်ကြားချက်အတိုင်း ရုံးခန်းထဲကို ခေါ်သွားပေးခဲ့သည်။

ရုံးခန်းတံခါးပိတ်သွားတဲ့နောက် တိတ်ဆိတ်နေတဲ့ကျောင်းသားရေးရာဌာနကြီးက ပွက်ပွက်ညံသွားတော့သည်။

" ဘာတွေဖြစ်နေကြတာလဲ။ ဘာတွေဖြစ်ကုန်တာလဲ "

" ဥက္ကဌရှန်းက ယောက်ျားလေးတစ်ယောက်နဲ့ နီးနီးကပ်ကပ်နေတာ တစ်ခါမှမတွေ့ဖူးဘူး "

" အဲ့ကောင် ဘယ်သူလဲ။ ဥက္ကဌရှန်းရဲ့မျက်နှာသာရဖို့ အဲ့ကောင်ဘာလုပ်လိုက်တာလဲ "

" ........ "

သူတို့ပြောနေကြရင်း ရုံးခန်းတံခါးကိုကပ်ပြီး အထဲက ယဲ့ဖန်နဲ့ ရှန်းပိုင်ထျန်းပြောတာကိုသိရဖို့ ခိုးနားထောင်ကြသည်။

........…....................

ရုံးခန်းထဲ။

ယဲ့ဖန်က ရှန်းပိုင်ထျန်းကို ဆိုဖာပေါ်ထိုင်စေသည်။

သူမ ထိုင်ပြီးတဲ့နောက် ယဲ့ဖန်က သူမကို ချက်ချင်းလွှတ်လိုက်သည်။

ထိုပုံစံကိုမြင်တဲ့အခါ ယဲ့ဖန်ကို သူမ အထင်ကြီးပေမဲ့ တစ်ချိန်တည်းမှာဘဲ ရှုံးနိမ့်သလိုခံစားရသည်။

သူက ဘာမှအခွင့်အရေးမယူပေ။ ယဲ့ဖန်အတွက် သူမက ဆွဲဆောင်မှုမရှိလို့လား။

ဘာ။

သူ အခုဘာတွေတွေးနေမိတာလဲ။

ထိုအတွေးပေါ်လာတာနဲ့ ရှန်းပိုင်ထျန်းမျက်နှာပူလာသည်။ ဘာလို့ အဲ့လိုတွေးရမှာလဲ .......

ယဲ့ဖန်ကို ခိုးကြည့်လိုက်တဲ့အခါ ကံကောင်းစွာနဲ့ ယဲ့ဖန်အာရုံက သူမဆီမှာရှိမနေပေ။ မဟုတ်ပါက ရှက်စရာကောင်းလိမ့်မည်။

" စီနီယာရှန်း၊ ရုံးခန်းထဲမှာ ဆေးရှိလား "

ယဲ့ဖန်မေးသည်။

ရှန်းပိုင်ထျန်းခြေထောက်က ခုနကထက် ပိုယောင်လာတာတွေ့တဲ့အခါ သူမကိုဆေးကူလိမ်းပေးဖို့ ယဲ့ဖန်ဆုံးဖြတ်လိုက်သည်။

ရှန်းပိုင်ထျန်းခေါင်းငြိမ့်သည်။

ယဲ့ဖန်က ထုတ်ပြီး သူမကို ကူလိမ်းပေးဖို့ပြင်နေတာကိုတွေ့တဲ့အခါ သူမကတားလိုက်သည်။

" ဂျူနီယာကျောင်းသား၊ ဒုက္ခမခံပါနဲ့။ နောက်ကျမှ ကိုယ့်ဟာကိုယ်လိမ်းလိုက်ပါ့မယ် "

" ကောင်းပါပြီ " ယဲ့ဖန်ဆိုသည်။

" ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် ဂျူနီယာကျောင်းသား။ အို ဒါနဲ့ ဘယ်လိုခေါ်ရမလဲ "

All Chapters