← Chapters

အပိုင်း ၃၃-၃၆

Vol. 2 Ch. 33-36

အပိုင်း ၃၃-၃၆

Vol. 2 Ch. 33-36

အပိုင်း (၃၃)

ရှန်းပိုင်ထျန်း သူမဘဝကို နှစ်ဆမြှင့်တင်ခြင်း။

" ယဲ့ဖန်ပါ "

ယဲ့ဖန် သူ့နာမည်ကို ရှန်းပိုင်ထျန်းအား မိတ်ဆက်လိုက်သည်။

ရှန်းပိုင်ထျန်း ထိုနာမည်ကြားတဲ့အခါ အံ့ဩသွားသည်။

ယဲ့ဖန်လား။

Ferrari Enzo ရှိပြီး ရှချူးနဲ့ ထူးခြားတဲ့ဆက်ဆံရေးရှိတဲ့ယဲ့ဖန်လား။

ကျောင်းစာမျက်နှာမှာ ယဲ့ဖန်ပုံတွေရှိပေမဲ့ သူမက Ferrari Enzo ကိုဘဲစိတ်ရောက်နေတာကြောင့် ယဲ့ဖန်ကိုမကြည့်လိုက်မိပေ။ အဲ့တာကြောင့် သူမက အဲ့ဒီယဲ့ဖန်လားဆိုတာ မသေချာပေ။

သေချာပေါက် သူမက သူ့ကို တိုက်ရိုက်မမေးလိုက်ပေ။ ပြုံးပြီး ဆက်ပြောသည်။

" ဂျူနီယာယဲ့ဖန်၊ ဒီနေ့အတွက်ကျေးဇူးပါ။ အဆင်ပြေမယ်ဆို ထမင်းကျွေးဖိတ်ချင်ပါတယ် "

ယဲ့ဖန်က အများကြီးမတွေးဘဲ ငြင်းလိုက်သည်။

" ရပါတယ်၊ မလိုပါဘူး စီနီယာရှန်း "

ထိုစကားကြားတဲ့အခါ ရှန်းပိုင်ထျန်း အံ့ဩသွားရသည်။

သူမက အရင်စပြီး ဖိတ်လိုက်ပေမဲ့ သူက ငြင်းလိုက်သည်။

ပုံမှန်ဆို တစ်ခြားသူကသာ သူမကို ထမင်းဖို့ဖိတ်ခေါ်ကြရတာဖြစ်သည်။

ထိုအချိန်မှာဘဲ ယဲ့ဖန်စကားသံထပ်ထွက်လာသည်။

" တကယ်လို့ ကျေးဇူးတင်ချက်တယ်ဆိုရင် အပြင်နေကျောင်းသားလက်မှတ်ရဖို့ ကူညီပေးပါ "

ရှန်းပိုင်ထျန်း အနည်းငယ်သံသယဖြစ်သွားသည်။ သူက ဒါလိုချင်လို့ သူမကို လိုလိုလားလား ကူညီပေးခဲ့တာလား။

ယဲ့ဖန်ကို ခပ်စူးစူးကြည့်သည်။

ယဲ့ဖန်က ဘာမှမသိပေ။ သူမ လှမ်းကြည့်တာကိုမြင်တဲ့အခါ မသေမချာနဲ့မေးလိုက်သည်။

" ဘာဖြစ်လို့လဲ။ ပြဿနာတစ်ခုခုများရှိလို့လား "

ရှန်းပိုင်ထျန်းက သူမကိုယ်သူမ အရှက်ရအောင်လုပ်မိမှာစိုးတာကြောင့် ဆက်မပြောပေ။ အသက်ပြင်းပြင်းရှူပြီး အဝေးကိုကြည့်ကာ ခေါင်းခါသည်။

" အဲ့တာက မခက်ခဲပါဘူး။ ငါအခုလုပ်ပေးလိုက်မယ်လေ "

" အခုလား "

ယဲ့ဖန် သူမ ခြေထောက်ကိုကြည့်သည်။

" ခြေထောက်က .......... "

ရှန်းပိုင်ထျန်း သူမလက်ကို ချစ်စရာကောင်းစွာယမ်းလိုက်သည်။

" ရပါတယ်။ ဖုန်းခေါ်ပြီးတစ်ယောက်ယောက်ကို ကူခိုင်းလိုက်မယ် "

" ခဏလေးနဲ့ပြီးမှာပါ။ မြန်ရင် မိနစ်အနည်းငယ်လောက်ဘဲကြာလိမ့်မယ် "

အဲ့ဒီနောက် သူမက ယဲ့ဖန်ရှေ့မှာဘဲ ဖုန်းခေါ်လိုက်သည်။

တစ်ဖက်က ယဲ့ဖန်ကတော့ သက်ပြင်းချသည်။ အတွင်းလူနဲ့သိလို့ကတော့ ဘာမှဆိုလုပ်ရလွယ်တာဘဲ။

သူမကို ကျေးဇူးတင်ပြီးနောက် သူက ရှန်းပိုင်ထျန်းကို ရုံးခုံမှာထိုင်နိုင်ရန် ကူညီပေးလိုက်သည်။

မကြာခင်မှာ ရှန်းပိုင်ထျန်းရဲ့ညွှန်ကြားချက်အတိုင်း အချက်အလက်တစ်ချို့ကိုဖြည့်သည်။

မိနစ်အနည်းငယ်အတွင်းမှာဘဲ ယဲ့ဖန် သူ့ရဲ့အပြင်နေကျောင်းသားလက်မှတ်ကိုရသွားသည်။

..................

လက်မှတ်ရပြီးတဲ့နောက် ယဲ့ဖန် ပြန်ဖို့ပြင်သည်။

သို့ပေမဲ့ မထင်မှတ်ထားဘဲ သူမကို ကျေးဇူးတင်ပြီးပြန်ဖို့လုပ်နေစဉ်မှာဘဲ ရှန်းပိုင်ထျန်းက သူမ ခေါင်းကိုမော့ပြီး ရှက်ရဲရဲဖြင့်ပြောသည်။

" ဟို......ဂျူနီယာယဲ့ဖန်၊ မင်းငါ့ကို ရှချူးဖျော်ဖြေပွဲခေါ်သွားလို့ရမလား "

ယဲ့ဖန်က ချက်ချင်းသဘောမတူပေ။ သူမကို လှည့်ပြီးကြည့်သည်။

သူ့အကြည့်ကြောင့် ရှန်းပိုင်ထျန်းပိုရှက်လာပြီး မသိစိတ်ကြောင့် လက်ကိုတတောက်တောက်ခေါက်နေကာ နူးညံ့ချစ်စရာကောင်းတဲ့အသံဖြင့်ပြောသည်။

" တကယ်တော့ ငါကလည်း ရှချူးရဲ့ပရိတ်သတ်ပါ "

" ဒါပေမဲ့ ရှချူးက အရမ်းကိုနာမည်ကြီးတယ်လေ။ အကောင်းဆုံးကြိုးစားပြီး VIP လက်မှတ်ရအောင်လုပ်ခဲ့ပေမဲ့ သီးသန့်ခန်းနဲ့တော့ မယှဉ်နိုင်ဘူးပေါ့ "

" အဲ့တာကြောင့်လေဖြစ်နိုင်မယ်ဆိုရင် ဂျူနီယာယဲ့ဖန်က ငါ့ကိုခေါ်ပြီး သီးသန့်ခန်းကနေ ရှချူးဖျော်ဖြေပွဲကို ကြည့်နိုင်ဖို့ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ် "

ယဲ့ဖန် သူမရဲ့ချစ်စရာကောင်းမှုကြောင့် ခိုက်သွားပေမဲ့ ခပ်လောလောနဲ့ ပြန်မပြောပေ။

ရှန်းပိုင်ထျန်းကလည်း ထက်မြက်သည်။ ယဲ့ဖန်ကို လှမ်းကြည့်လိုက်ပြီးနောက် ထပ်ဖြည့်ပြောသည်။

" ဂျူနီယာသာ သဘောတူတယ်ဆို ဖျော်ဖြေပွဲပြီးတဲ့နောက် လိုက်လျောနိုင်မယ့်တောင်းဆိုမှုတစ်ခုလုပ်နိုင်ပါတယ် "

သူမက အဲ့လောက်ထိပါပြောနေမှတော့ ယဲ့ဖန် ဆက်မငြင်းနေတော့ဘဲ ပြုံးကာမေးသည်။

" စီနီယာရှန်း၊ ကားရှိလား "

ယဲ့ဖန် ဘာလို့ အဲ့လိုမေးလဲ သူမ နားမလည်ပေမဲ့ အမှန်တိုင်းဖြေလိုက်သည်။

" ရှိပါတယ် "

ယဲ့ဖန်က သူ့ကားဟာ လူနှစ်ယောက်ဘဲဆန့်တယ်ဆိုပြီး ထွေထူးရှင်းပြမနေတော့ပေ။ ခေါင်းငြိမ့်ပြီး

" အဲ့တာဆိုကောင်းတယ်။ မနက်ဖြန်ညနေ၆နာရီ ယောက်ျားလေးအဆောင်အောက်ထပ်မှာစောင့်နေပါ့မယ် "

သူက ပြောပြီးနောက် တံခါးဆီထွက်သွားသည်။

ကျောင်းသားရေးရာအဆောက်အဦးကနေ ထွက်လာပြီးတဲ့နောက် သူ့ရဲ့အချစ်တော်ရတနာကို မမေ့မလျော့ဘဲနဲ့ တောအုပ်ဆီသို့ မြန်မြန်လျှောက်သွားသည်။

အပိုင်း (၃၄)

ပြီးဆုံးသွားသောရတနာရှာဖွေခြင်း၊ ဆုအသစ်။

ဆယ်မိနစ်ကြာပြီးတဲ့နောက် ညွှန်ကြားချက်ကိုလိုက်နာပြီး ရတနာရှိရာမြေသို့ နောက်တစ်ခါရောက်လာသည်။

ဒီတစ်ခါတော့ ဘယ်သူမှရှိမနေတာကြောင့် ယဲ့ဖန်ဟိတ်ဟန်ထုတ်မနေတော့ပေ။

ညွှန်ကြားချက်နောက်လိုက်ပြီး ရှန်းပိုင်ထျန်းထိုင်နေခဲ့တဲ့ ကျောက်တုံးကို မ'ကာ မြေပေါ်ပစ်ချလိုက်သည်။

ဘုန်း။

ကျောက်တုံးမြေကြီးပေါ်ကျကွဲသွားသံကြောင့် သစ်ပင်ပေါ်ကငှက်တစ်ချို့ပါ လန့်ကုန်ကြသည်။

ထိုအချိန်မှာဘဲ ယဲ့ဖန်က ကျောက်တုံးအောက်နေ တစ်ခွက်ခွက် အက်ကွဲလာသံကိုကြားရသည်။

သူမြန်မြန် ကျောက်တုံးကို ဖယ်သည်။

အဲ့ဒီနောက် သူထင်ထားတဲ့အတိုင်း ကျောက်တုံးချိုင့်ထဲတွင် မြေကြီးထဲကနေ ထိုးထွက်နေတဲ့ ကြွေထည်အပိုင်းအစအကွဲတွေကို တွေ့ရသည်။

ထိုကြွေထည်ပစ္စည်းတွေထဲတွင် ရွှေအနည်းငယ်ရှိနေပုံရသည်။

ယဲ့ဖန် သစ်ကိုင်းတစ်ချို့ယူပြီး ယာယီပေါက်တူးအနေနဲ့သုံးကာ ထိုနေရာတစ်ဝိုက်ကို ထိုးကော်သည်။

တူးဖော်နေရင်း ကျောက်တုံးချိုင့်အောက်က ဖန်ထဲမှာထည့်ထားသော ရွှေပစ္စည်းတစ်ခုခုက နောက်ဆုံးတော့ ပေါ်ထွက်လာသည်။

အဲ့တာက ခွေးခေါင်းပုံဖော်ထားသည့်ရွှေတုံးကြီးဖြစ်သည်။

ခွေးခေါင်းပုံကြီးမြင်တဲ့အခါ ယဲ့ဖန် တစ်ခဏကြောင်သွားသည်။

သူ ရွှေနဲ့ကျောက်တွေအကြောင်းမသိပေမဲ့ သူ့အရှေ့ကသတ္တုခဲကြီးကတော့ သေချာပေါက်ကို ခွေးတစ်ကောင်ရဲ့ခေါင်းပုံစံရှိနေတဲ့ ရွှေတုံးကြီးဖြစ်သည်။

အဲ့ဒီအပြင် ထိုခွေးခေါင်းပုံရွှေတုံးကြီးက တော်တော်လေးကိုလေးသည်။

ဒါပေမဲ့ သူထပ်မတွေးနိုင်ခင်မှာဘဲ စနစ်ကပေါ်ထွက်လာသည်။

[ ရတနာရှာဖွေတွေ့ရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်၊ လက်ခံသူ။ ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေစုပေါင်းကုမ္ပဏီရဲ့ အစုရှယ်ယာ၆၀%ကို ဆုအဖြစ်ရရှိပါသည်။ ]

[ ဆုကို ပြင်ဆင်ပြီးပါပြီ။ စစ်ဆေးပြီး လက်ခံပေးပါ။ ]

ယဲ့ဖန် မတတ်နိုင်ဘဲ အသက်ပြင်းပြင်းရှူလိုက်သည်။

သူ မှတ်မိတာသာမှန်လျှင် ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေစုပေါင်းကုမ္ပဏီရဲ့ အစုရှယ်ယာ ဈေးကွက်နှုန်ထားက သန်းတစ်ထောင် ( တစ်ဘီလီယံ ) တန်ဖိုးရှိသည်။

ရှယ်ယာ ၆၀% ဆိုပါက ယွမ်သန်း၆၀၀တန်ဖိုးရှိသည်။

အဲ့ဒီအပြင် သူမှတ်မိတာမှန်မယ်ဆို ရှချူးဖျော်ဖြေမယ့် ဝူယွမ်မြစ်အားကစားရုံက ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေစုပေါင်းကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေထဲကတစ်ခုဖြစ်သည်။

ဒီတစ်ခါတော့ ရှယ်တူးမိတာဘဲ။

ထိုအတွေးနဲ့အတူ ယဲ့ဖန် ထိုခွေးခေါင်းရွှေတုံးကို မြန်မြန်တူးထုတ်သည်။

တူးပြီးတဲ့နောက် ခွေးခေါင်းပုံရွှေတုံးကြီးက မသေးမှန်းသိလိုက်ရသည်။ အနည်းငယ် ၆၀၀ဂရမ်လောက်လေးလိမ့်မည်။

သူ့ဘေးမှာ ဒီလိုရွှေတုံးရှိနေဖို့က မလွယ်ပေ။

ဘယ်သူမှကြည့်မနေတုန်း ယဲ့ဖန်က အမဲရောင်ပလတ်စတစ်အိတ်နဲ့ထည့်လိုက်သည်။

ဘယ်သူမှမသိခင်မှာဘဲ ကားထဲထည့်ပြီး အိမ်ကိုယူသွားသည်။

သူ ကျုံးထျန်းကန်သာယာစံအိမ်ကိုပြန်ရောက်တဲ့အခါ ယဲ့ဖန် ထိုခွေးခေါင်းပုံရွှေကို ဆေးကြောပြီး အလှဆင်ပစ္စည်းတစ်ခုခုနဲ့ အစားထိုးဖို့လုပ်သည်။

သို့ပေမဲ့ အိမ်ကိုပတ်ကြည့်ပြီးတဲ့နောက် ထားဖို့သင့်တော်တဲ့နေရာကိုမတွေ့ပေ။

ပြီးတော့ တကယ်ကြီးပြောရမယ်ဆို သူ ဒီလိုရွှေရောင်ပစ္စည်းတွေကို သိပ်မကြိုက်ပေ။

အဲ့ဒီအတွေးနဲ့ စတိုခန်းထဲထည့်သိမ်းလိုက်ပြီး ဖျော်ဖြေပွဲပြီးမှ သင့်တော်တဲ့နေရာမှာ သွားရောင်းဖို့ ဆုံးဖြတ်လိုက်သည်။

ယဲ့ဖန် ရွှေတုံးကို စတိုခန်းထဲထည့်ပြီးချိန်မှာဘဲ သူ့ဖုန်းက မြည်လာသည်။

ဖုန်းခေါ်သူနံပါတ်မပေါ်ပေ။

ဖုန်းဝင်သွားတဲ့အခါ တစ်ဖက်ကနေ တည်ငြိမ်တဲ့ယောက်ျားလေးတစ်ယောက်အသံထွက်လာသည်။

" ဟယ်လို၊ ယဲ့လူကြီးမင်း ဟုတ်ပါသလား "

" ဒီဘက်ကရော ဘယ်သူများလဲ "

ယဲ့ဖန်က တစ်ဖက်လူရဲ့ရည်ရွယ်ချက်ကိုမသိရပေ။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်တော်က ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေကုမ္ပဏီက တရားဝင်မန်နေဂျာ ချင်းယွမ်ပါ "

ထိုလူက သူ့ကိုယ်သူမိတ်ဆက်ကာ သရုပ်မှန်ကိုဖော်ပြသည်။

" ဒါက ဒီလိုပါ၊ ယဲ့လူကြီးမင်း ကိုယ်တိုင်လာပြီး ရှယ်ယာလွှဲပြောင်းဖို့ကို လုပ်ဖို့ အဆင်ပြေမလားမေးချင်လို့ပါ "

ယဲ့ဖန်ဘာဖြစ်လဲဆိုတာ သဘောပေါက်သွားပြီဖြစ်သည်။

စနစ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို တိတ်တိတ်ကလေး သက်ပြင်းချပြီးတဲ့နောက် သူ နောက်နေ့ ဖျော်ဖြေပွဲသွားရမှာကို သတိရလိုက်တာကြောင့် ပြောလိုက်သည်။

" မနက်ဖြန်ည ၇နာရီဆိုဘယ်လိုလဲ။ အဲ့မှာ ဖျော်ဖြေပွဲသွားစရာရှိတယ် "

" သေချာပေါက်ရပါတယ်။ ယဲ့လူကြီးမင်းကို မနက်ဖြန်ည ဝူယွမ်မြစ်အားကစားကွင်းမှာ စောင့်နေပါ့မယ် "

ဖုန်းတစ်ဖက်က ချင်းယွမ်က အရမ်းကိုတရိုတသေတလေးတစားနဲ့ ချက်ချင်းသဘောတူလိုက်သည်။

ယဲ့ဖန်လည်း အထူးတလည်ယဉ်ကျေးမနေတော့ဘဲ ဖုန်းချလိုက်သည်။

အပိုင်း (၃၅)

ကျောင်းအလှလေးနဲ့သတင်းကို အတည်ပြုခြင်း။

နောက်တစ်နေ့ ညနေ ၆:၃၀ ။

ကျုံးဟိုင်တက္ကသိုလ်ကလူတိုင်းဟာ ရှချူးဖျော်ဖြေပွဲအကြောင်းပြောနေကြပြီး ယဲ့ဖန်ဆီက စိန်အဆင့်ကတ်ကိုလည်းပြောနေကြသည်။

ယောက်ျားလေးအဆောင်အောက်။

ကျွီ။

ရုတ်တရက်ကားဘရိတ်အုပ်သံပေါ်လာသည်။

အဲ့ဒီနောက် ခမ်းနားလှတဲ့ Ferrari Enzo က ယောက်ျားလေးအဆောင်ရှေ့မှာရပ်သွားသည်။

အဆောင်အောက်ကလူတိုင်းရဲ့အကြည့်က အဲ့ကားဆီရောက်သွားကြသည်။

" မြန်မြန်ကြည့်ကြ ယဲ့ဖန်ဘဲ "

" ချောလိုက်တာ။ ကားက အရမ်းချောတာဘဲ။ လူက ပိုတောင်ချောသေးတယ်။ အမလေး ဘုရားရေ ငါတော့ချစ်မိပြီထင်တယ် "

" စိတ်ကူးယဉ်မနေနဲ့။ ယဲ့ဖန်က ကျောင်းအလှလေးရှန်းနဲ့ဖြစ်နေပြီ။ အခွင့်အရေးမရှိဘူး "

" ........... "

လူတိုင်းရဲ့စကားသံကို ယဲ့ဖန်လျစ်လျူရှုကာ လူအုပ်ထဲကိုကြည့်ပြီးရှာနေသည်။

ဘာမှပြောစရာမလိုလိုက်ဘဲ ဝတုတ်ချူးက ချက်ချင်းဝင်ထိုင်ကာ ဘေးနားရောက်လာသည်။

ယဲ့ဖန်ကပြုံးပြီး ကားကို စမမောင်းသေးပေ။

ကားမထွက်သေးတာကြောင့် ဝတုတ်ချူးက နည်းနည်းသိချင်လာသည်။

" ဖန်ညီအစ်ကို၊ တစ်ယောက်ယောက်ရှိသေးလို့လား "

ယဲ့ဖန်က လျှို့ဝှက်စွာပြုံးရင်းဖြေသည်။

" မကြာခင်သိပါလိမ့်မယ် "

ထိုအခါ ဝတုတ်ချူးက ဆက်မမေးတော့ဘဲ Ferrari Enzo ကားကြီးရဲ့ရှေ့ခန်းဘေးခုံမှာ မိန့်မိန့်ကြီးထိုင်နေတော့သည်။

ဘေးကကြည့်နေတဲ့လူအုပ်ကြီးက မနာလိုဖြစ်နေသည်။

ဝတုတ်ချူးက သေချာပေါက်ကို အဲ့အကြည့်တွေကြားပျော်နေတော့သည်။ လူတိုင်းက အကြည့်ကို သတိထားမိတဲ့နောက် ယဲ့ဖန်ကို ကျေးဇူးတင်သလိုကြည့်လာသည်။

" ဖန်ညီအစ်ကို၊ လူတိုင်းက ငါမင်းနဲ့ခင်တာကိုသိကြတယ်။ အဲ့တာကြောင့် ကောင်မလေးတွေအများကြီးက ငါ့ဆီကတစ်ဆင့်မင်းနဲ့သိဖို့လုပ်ကြရော ........ "

" ဖန်ညီအစ်ကို၊ မင်းသူတို့ကို WeChat ကနေ သူငယ်ချင်းလုပ်ချင်လား "

" သူတို့ထဲမှာ တော်တော်လေးလှတဲ့သူတွေပါတယ် "

ယဲ့ဖန်ရယ်ကာ လက်ခါပြသည်။

ဝတုတ်ချူး နည်းနည်းအံ့ဩသွားသည်။

" ဘယ်သူတွေက မင်းကို အပ်ချင်လဲဆိုတာ မသိချင်ဘူးလား။ သူတို့ထဲကတစ်ချို့က လူတကာလိုချင်တဲ့ ဌာနတွေရဲ့အလှပဂေးတွေနော်။ "

ယဲ့ဖန် ထပ်ပြုံးသည်။

ဌာနရဲ့ပန်းကလေးတွေတဲ့လား။

အဲ့တော့ရော။ သူတို့က ရှချူးနဲ့ ရှန်းပိုင်ထျန်းလောက် လှကြလို့လား။

ထိုပုံစံမြင်ပြီး ဝတုတ်ချူး နားမလည်တော့ပေ။

ရုတ်တရက် အဝေးက Beetle ကားတစ်စီးက မောင်းလာပြီး ယဲ့ဖန်ကားဘေးကိုရပ်သည်။

ကားပြတင်းပေါက်ချလိုက်တဲ့အခါ ရှန်းပိုင်ထျန်းရဲ့ လှပတဲ့မျက်နှာလေးကပေါ်လာသည်။

အဲ့ဒီနောက် ရှန်းပိုင်ထျန်းရဲ့မျက်နှာမှာ အပြုံးတစ်ပွက့်ပေါ်လာပြီး ယဲ့ဖန်ကားရှိရာကို လက်လှမ်းပြသည်။

" ဂျူနီယာယဲ့ဖန် "

ဝတုတ်ချူး ကြောင်သွားသည်။

ဒါပေမဲ့ ယဲ့ဖန်ကတော့ စိတ်ထဲရှိပုံမပေါ်ပေ။ သူက ရှန်းပိုင်ထျန်းကို ပြုံးပြပြီး ခေါင်းငြိမ့်ပြသည်။

" လူစုံပြီဆိုတော့ သွားကြစို့ "

အဲ့ဒီနောက် သူ့ကားစက်ကိုနှိုးလိုက်သည်။

ယောက်ျားလေးအဆောင်အောက်တွင်ရှိသူတိုင်းက ဘာကြောင့်ရှန်းပိုင်ထျန်း ဒီကိုရုတ်တရက်ရောက်လာလဲ မသိကြပေ။

အဲ့ဒီနောက် ရှန်းပိုင်ထျန်းက ယဲ့ဖန်ကိုနှုတ်ဆက်ပြီး သူ့ကားနောက်လိုက်သွားတာကိုတွေ့တဲ့အခါ အားလုံးတိတ်ဆိတ်သွားကြတော့သည်။

ယဲ့ဖန်ကားထဲက ဝတုတ်ချူးကတော့ အခုထက်ထိ တုန်လှုပ်နေသေးသည်။

ကားက ကျောင်းဝင်ပေါက်အပြင်ထွက်လာမှ အသိကပ်တော့သည်။

" ဖန်ညီအစ်ကို၊ မင်းကအရမ်းမိုက်တာဘဲ။ ရှန်းပိုင်ထျန်းကိုတောင်ရတာပေါ့၊ ကျောင်းရဲ့အလှဘုရင်မလေးလေ။ တစ်ခြားဌာနကပန်းလေးတွေကို ဘာလို့စိတ်မဝင်စားတာလဲ မထူးဆန်းတော့ပါဘူး ...... "

ယဲ့ဖန်က သူ့ကိုလှမ်းကြည့်ပြီးပြောသည်။

" ပေါက်တက်ကရမပြောနဲ့။ ရှန်းပိုင်ထျန်းနဲ့ငါနဲ့က ဒီအတိုင်းသာမန်သူငယ်ချင်းတွေ "

ဒါပေမဲ့ ဝတုတ်ချူးက သူ့ကို မယုံပေ။

ရှန်းပိုင်ထျန်းက ဆန့်ကျင်ဘက်လိင်ဘယ်သူနဲ့မှ နီးနီးကပ်ကပ်မနေဘူးကြောင့် ကျုံးဟိုင်တက္ကသိုလ်တစ်ခုလုံးသိသည်။

ဒီနေ့တော့ သူမက ယဲ့ဖန်ကိုတွေ့ဖို့ အဆောင်ထိလာသည်။

အဲ့တာတောင်မှ ယဲ့ဖန်နဲ့ ဘာမှမဆိုင်ဘူးတဲ့လား။

ကျုံးဟိုင်တက္ကသိုလ်ကျောင်းသားတွေ ဘယ်သူမှယုံမှာမဟုတ်ဘူး။

ယဲ့ဖန်ကလည်း ဝတုတ်ချူးမယုံမှန်းသိသည်။

ဝတုတ်ချူးရဲ့ ' လာနောက်နေတာလား ' ဆိုတဲ့အမူအရာကိုကြည့်ပြီး ပြုံးရုံသာပြုံးကာ ရှင်းပြမနေတော့ပေ။

အပိုင်း (၃၆)

အခွင့်ထူးခံ။ နတ်ဆိုးတစ်မျှချမ်းသာခြင်း။

နာရီဝက်ကြာတဲ့နောက်။

ယဲ့ဖန်နှင့် ရှန်းပိုင်ထျန်းတို့ရဲ့ကားက ဝူယွမ်မြစ်အားကစားရုံနဲ့ တစ်ကီလိုမီတာလောက်ဝေးတဲ့နေရာမှာရပ်နေရသည်။

ထိုအချိန်တွင် လမ်းပေါ်မှာ ကားတွေသိသိသာသာကိုများနေပြီး ကားလမ်းကပြွတ်သိပ်နေသည်။

တစ်ချို့စိတ်မရှိတဲ့လူတွေက ကားဟွန်းတွေတီးနေကြပြီးတစ်ချို့က ဆဲဆိုနေကြသည် .........

လမ်းမတစ်ခုလုံး စိတ်မရှည်မှုနဲ့ပြည့်နှက်နေသည်။

ယဲ့ဖန်က အဆင်ပြေပေမဲ့ အနည်းငယ်တော့ လုပ်ရကြပ်နေသည်။

ဝတုတ်ချူးက စိတ်ပူလာသည်။

" ကားတွေကအများကြီးဘဲ။ ယာဉ်ကြောက ဘယ်လောက်ထိပိတ်နေမှာလဲ။ အဲ့လိုဆို ဖျော်ဖြေပွဲကို အချိန်မီရောက်မှာမဟုတ်တော့ဘူးမလား "

" ငါတော့မထင်ပါဘူး "

ယဲ့ဖန် ခေါင်းခါသည်။

အားကစားရုံကနေ တစ်ကီလိုမီတာလောက်သာဝေးပြီး ဖျော်ဖြေပွဲက ၈နာရီမှစမှာဖြစ်သည်။ တစ်နာရီကျန်သေးကာ လုံလောက်တာထက်ပိုသည်။

အားကစားရုံမှာ ကားထားဖို့နေရာကျန်ပါ့မလားတွေးနေမိသည်။

အဲ့ဒီအတွေးနဲ့အတူ ဖုန်းကိုထုတ်ပြီး စစ်ကြည့်လိုက်သည်။

ထင်ထားတဲ့အတိုင်း ကားပါကင်က ပြည့်နေပြီဖြစ်သည်။

ဝတုတ်ချူးကလည်း ဖုန်းကနေ အခြေအနေကိုမြင်လိုက်တာကြောင့် ပိုစိတ်လှုပ်ရှားလာသည်။

" ကားထိုးဖို့နေရာမကျန်တော့ဘူးမလား။ ဘယ်လိုလုပ်ကြမလဲ "

ယဲ့ဖန် ဘာလုပ်ရမလဲတွေးနေစဉ် ဖုန်းမြည်လာသည်။

အဲ့တာက အစ်မဝမ်ဖြစ်သည်။

" ဟယ်လို၊ ယဲ့လူကြီးမင်း။ ရှင်နဲ့ရှင့်သူငယ်ချင်းတွေ အားကစားကွင်းကို ရောက်ပြီသားသိချင်လို့ပါ "

ယဲ့ဖန်က ကြားတဲ့နောက် အစ်မဝမ်ကို အခြေအနေရှင်းပြသည်။

" ယဲ့လူကြီးမင်း၊ ဒုက္ခခံဖို့မလိုပါဘူး။ "

အစ်မဝမ်ကပြောသည်။

" နေရာပြောလိုက်ပါ။ ယဲ့လူကြီးမင်းနဲ့ သူငယ်ချင်းတွေကို သီးသန်းလမ်းကြောင်းစီစဉ်ပေးဖို့ပြောလိုက်ပါ့မယ် "

ယဲ့ဖန်က မငြင်းလိုက်ပေ။ အစ်မဝမ်ကို နေရာပို့ပြီးတဲ့နောက် ရှန်းပိုင်ထျန်းကို မက်ဆေ့ချ်ပို့လိုက်ပြီး သူ့နောက်ကနေ သီးသန့်လမ်းကြောင်းကို လိုက်ဖို့ပြောလိုက်သည်။

အနောက်က ရှန်းပိုင်ထျန်းက စာကိုဖတ်ပြီး အံ့ဩသွားသည်။

သူမ မိသားစုကလည်း ကျုံးဟိုင်မြို့မှာ အတော်လေးအာဏာရှိပေမဲ့ သီးသန့်လမ်းကြောင်းဖွင့်ပေးရလောက်အောင်ထိ အခွင့်အရေးမရပေ။

ဒါပေမဲ့ ယဲ့ဖန်က သူအဲ့လိုလုပ်နိုင်တယ်လို့ပြောလိုက်တာလား။

ဒီလူရဲ့နောက်ခံကဘာလဲ။

ယဲ့ဖန်က သူ့ရဲ့သာမန်စာလေးက ရှန်းပိုင်ထျန်းရင်ထဲကို ဗလောင်ဆူသွားစေမယ်မှန်းမသိခဲ့ပါ။

မိနစ်အနည်းငယ်ကြာပြီးနောက် သူ့ရှေ့ကကားက ရွေ့လာတာကြောင့် သူလည်းနောက်ကနေမြန်မြန်ကပ်လိုက်သည်။

အစ်မဝမ်က အားကစားရုံအရှေ့ပေါက်ကနေ စောင့်ကြိုနေတာမြင်တဲ့အခါ သူက စတီယာတိုင်ကိုလှည့်ပြီး အရှေ့ဂိတ်ကိုသွားလိုက်သည်။

ရှန်းပိုင်ထျန်းကလည်း အနောက်ကနေကပ်လိုက်သည်။

သူတို့နားက တခြားကားပိုင်ရှင်တွေက အံ့ဩကုန်ကြသည်။

" သူတို့က ဘာလို့အရှေ့ဂိတ်ကို ဦးတည်နေကြတာလဲ။ အရှေ့ဂိတ်ကနေ ဝင်ဖို့တားထားတယ်မဟုတ်ဘူးလား "

" ဟ အဲ့တစ်ယောက်ကချမ်းသာတယ်လေ။ မမြင်ဘူးလား သူ့ကားက Ferrari ဟ "

" အဲ့တာက ဇိမ်ခံကားဖြစ်တော့ရော ဘာအရေးမလို့လဲ။ အရှေ့ဂိတ်ကနေ Lamborghini ကားတစ်စီးဖြတ်သေးတယ်။ ဒါပေမဲ့မောင်းထုတ်ခံလိုက်ရတာ။ သူတို့အရှက်ကွဲမှာကိုမြင်ယောင်နေတယ် "

" ................. "

သို့ပေမဲ့ လူတိုင်းက ယဲ့ဖန်နဲ့ရှန်းပိုင်ထျန်းအရူးဖြစ်တော့မှာကို စိတ်ဝင်တစားစောင့်ကြည့်နေရင်း အရှေ့ဂိတ်တန်းက မြောက်တက်သွားသည်။

ယဲ့ဖန်နဲ့ ရှန်းပိုင်ထျန်းကားက အတားအဆီးမရှိ အားကစားရုံထဲဝင်လို့ရသွားသည်။

ခုနကပြောနေကြတဲ့ကားပိုင်ရှင်တွေအကုန်ပါးစပ်ပိတ်သွားကြတော့သည်။

" .......... "

ယဲ့ဖန်ကတော့ သေချာပေါက် ဘာမှကိုမသိပေ။

သူ အားကစားရုံထဲကိုမောင်းလာပြီး အစ်မဝမ်ကိုအရင်နှုတ်ဆက်ကာ ကားကိုပါကင်ထိုးသည်။

ကားပေါ်က ဝတုတ်ချူးကတော့ အဲ့မြင်ကွင်းကြောင့် အရမ်းကိုလေးစားသွားသည်။

" ဖန်ညီအစ်ကိုရေ မင်းက မိုက်လိုက်တာ။ ရှချူးမန်နေဂျာကတောင် ကိုယ်တိုင်လာခေါ်ပေးတာပေါ့လေ "

ယဲ့ဖန်ပြုံးကာ ပြန်မဖြေပေ။

အဲ့ဒီနောက်မှာတော့ ရှန်းပိုင်ထျန်းကလည်း ယဲ့ဖန်ကို အစ်မဝမ်ကိုယ်တိုင်ကိုယ်ကျလာခေါ်ပေးတာကိုတွေ့ပြီး မျက်လုံးတွေပြူးကျယ်ကုန်သည်။

All Chapters