အပိုင်း ၃၇-၄၀
Vol. 2 Ch. 37-40
အပိုင်း (၃၇)
ထူးဆန်းလျှို့ဝှက်တဲ့သူ။
မိနစ်အနည်းငယ်အကြာမှာ ယဲ့ဖန်နဲ့ရှန်းပိုင်ထျန်းတို့ကားက VIP ကားပါကင်ကိုရောက်လာသည်။
ကားနေရာချပြီးတဲ့အခါ အစ်မဝမ်က ယဲ့ဖန်နဲ့တခြားသူတွေကို နားနေခန်းသို့ခေါ်သွားပေးသည်။
ထိုအချိန်မှာ ဝတ်စုံပြည့်ဝတ်ကာ လယ်သာဖိနပ်တွေစီးပြီး သာမန်ထက်ပိုတဲ့ကိုယ်ရောင်ဝါရှိတဲ့သူတစ်စုက သူတို့ဆီလျှောက်လာသည်။
ထိုလူအုပ်ရဲ့ခေါင်းဆောင်က အနည်းငယ်ဝဖိုင့်ဖိုင့်နဲ့အသက်ငါးဆယ်အရွယ်လောက်ရှိသည်။
ထိုလူက ယဲ့ဖန်ဆီလျှောက်လာကာ လမ်းလှမ်းပြီး ပြုံးသည်။
" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်တော်က ဟွမ်းကျီယွမ်ပါ "
ယဲ့ဖန်ပြုံးကာ ပြန်နှုတ်ဆက်သည်။
" မင်္ဂလာပါ၊ ဥက္ကဌဟွမ်း "
သူ မနေ့က ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေကုမ္ပဏီအကြောင်းကို အချက်အလက်ကစစ်ဆေးထားတာကြောင့် ဟွမ်းကျီယွမ်ကို ယဲ့ဖန်သိသည်။
ကျုံးဟိုင်ယဉ်ကျေးမှုနဲ့မြေကုမ္ပဏီပိုင်ရှင်က အတော်လေးချမ်းသာပြီး ကျုံးဟိုင်စီးပွားရေးလောကမှာ အတော်အာဏာရှိသည်။
လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက် ဟွမ်းကျီယွမ်က ရုတ်တရက်တောင်းတောင်းပန်ပန်ဖြင့်ဆိုသည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့ တကယ်ကိုတောင်းပန်ပါတယ်။ နောက်ကျသွားပြီး ကောင်းကောင်းမကြိုလိုက်ရပါဘူး ........... "
အစ်မဝမ် ကြောင်သွားသည်။
ဘာတွေဖြစ်နေတာလဲ။
ကျုံးဟိုင်ယဉ်ကျေးမှုနဲ့မြေအစုကုမ္ပဏီသူဌေးက ဘာလို့ ယဲ့ဖန်ကိုတောင်းပန်နေရတာလဲ။
ဝတုတ်ချူးလည်း ကြောင်အနေသည်။
ရှန်းပိုင်ထျန်းကတော့ ပုံမှန်အမူအရာရှိနေပေမဲ့ သူမလည်း တော်တော်လေးအံ့ဩနေသည်။
သူမလည်း ဟွမ်းကျီယွမ်ရဲ့အကြောင်းကိုသိသည်။
ဒီလိုအဆင့်ရှိတဲ့သူက ရိုကျိုးစရာမလိုသလို ကျုံးဟိုင်မြို့ရဲ့ဘယ်သူဌေးကိုမှ မျက်နှာလုပ်စရာမလိုပေ။
ဒါပေမဲ့ သူက အခု ယဲ့ဖန်ကို အချိန်မီ မကြိုမိတာကြောင့် တောင်းပန်နေရတာတဲ့လား။
ဒါကြီးက အရမ်းကိုရယ်စရာမကောင်းနေဘူးလား။
ယဲ့ဖန်ကတော့ အရမ်းကိုတည်ငြိမ်နေသည်။
" ရပါတယ် "
ယဲ့ဖန်လက်ယမ်းပြကာ စိတ်ထဲမထားပေ။
ယဲ့ဖန်က စိတ်မဆိုးမှန်းသိခါမှ ဟွမ်းကျီယွမ်နဲ့အခြားသူတွေက သက်ပြင်းချရတော့သည်။
ယဲ့ဖန်ကို ချီးကျူးပနာပြုပြီးတဲ့နောက် ဟွမ်းကျီယွမ်ကမေးသည်။
" ယဲ့လူကြီးမင်း၊ အစည်းအဝေးခန်းကိုအရင်သွားမလား။ ဖျော်ဖြေပွဲကို အရင်ကြည့်ချင်ပါသလား "
" အစည်းအဝေးခန်းကို အရင်သွားကြတာပေါ့ "
ယဲ့ဖန် မဆိုင်းမတွဖြေလိုက်သည်။
" ကောင်းပါပြီ "
ဟွမ်းကျီယွမ်ခေါင်းငြိမ့်ပြီး ရှန်းပိုင်ထျန်းနဲ့တခြားသူတွေကိုကြည့်လိုက်သည်။
ရှန်းပိုင်ထျန်း၊ ဝတုတ်ချူးနဲ့ အစ်မဝမ်တို့က ယဲ့ဖန်နဲ့ ဟွမ်းကျီယွမ်တို့ကို သိချင်စိတ်ကြောင့် ကြည့်နေကြသည်။
ဟွမ်းကျီယွမ်က ယဲ့ဖန်ကိုကြည့်ပြီးနောက် ဖုံးကွယ်ထားဖို့မလိုမှန်းမြင်လိုက်ကာ သူတို့သုံးယောက်ကိုပြောပြသည်။
" ယဲ့လူကြီးမင်းက ကျွန်တော်တို့ကုမ္ပဏီရဲ့ ဥက္ကဌအသစ်ပါ။ ယဲ့လူကြီးမင်းကိုခေါ်ပြီး ရှယ်ယာလွှဲပြောင်းရေးကိစ္စဆောင်ရွက်ဖို့ပါ ....... "
ဝတုတ်ချူး ထိုစကားကြောင့် တစ်ကိုယ်လုံးတောင့်သွားသည်။
တစ်ဖက်မှာတော့ အစ်မဝမ်က ယဲ့ဖန်ကို စိတ်ထင်သလိုမစုံစမ်းလိုက်မိတဲ့အတွက် တော်သေးတယ်ဟုတွေးနေသည်။
ရှန်းပိုင်ထျန်းကတော့ ဟွမ်းကျီယွမ်ရှင်းပြတာနားထောင်ပြီး ယဲ့ဖန်ကို တအံ့တဩထပ်ကြည့်သည်။
ယဲ့ဖန် သူတို့ရဲ့အမူအရာတွေပြောင်းကုန်တာတွေ့ပေမဲ့ ဘာမှမပြောပေ။
ရှန်းပိုင်ထျန်းနဲ့ ဝတုတ်ကို နားနေခန်းထဲခေါ်သွားဖို့ အစ်မဝမ်ကိုပြောပြီးတဲ့နောက် ယဲ့ဖန်က ဟွမ်းကျီယွမ်နဲ့အတူ အစည်းအဝေးခန်းမသို့သွားသည်။
အစ်မဝမ်က ရှန်းပိုင်ထျန်းတို့က နားနေခန်းထဲခေါ်သွားပြီးတဲ့နောက် စင်အနောက်ကို အမြန်ပြေးတော့သည်။
ယဲ့ဖန် ကိစ္စတွေပြီးတဲ့နောက် ဟွမ်းကျီယွမ်က အစည်းအဝေးခန်းကနေ နားနေခန်းထိ သူ့ကို လိုက်ပို့ပေးသည်။ မကြာခင်မှာဘဲ တစ်ယောက်ယောက်က တံခါးလာခေါက်သည်။
အဲ့ဒီနောက် အဖြူရောင်ဂါဝန်ရှည်နဲ့အမျိုးသမီးတစ်ယောက်က ပန်းချီကားထဲကထွက်လာသည့်အလား အစ်မဝမ်နဲ့အတူ အခန်းထဲသို့လျှောက်လာသည်။
အပိုင်း (၃၈)
ဖန်ညီအစ်ကို၊ မင်း လက်ပါးစေများလိုလားဟင်။ မသိရတဲ့လူထူးဆန်း
" ယဲ့ ...... ယဲ့လူကြီးမင်း ဒီနေရာကို သဘောကျပါရဲ့လား "
ရှန်းပိုင်ထျန်းနှင့် ဝတုတ်ချူးတို့ရှေ့တွင် ရှချူးက အရမ်းကို သတိထားနေသည်။
" မဆိုးပါဘူး "
ယဲ့ဖန်စိတ်ကျေနပ်တာကြောင့် ခေါင်းငြိမ့်ပြသည်။
" ဘာသောက်ချင်လဲမှာလေ၊ ဝယ်တိုက်ပါ့မယ် "
ရှချူးအပြုအမူတွေက သာမန်ဖြစ်ပြီး အထိန်းအကွပ်မဲ့ကာ ပိုင်ရှင်လိုဖြစ်သည်။
" မပူပါနဲ့၊ ရှမိန်းကလေးပိုက်ဆံတွေကို အစုမခံပါဘူး "
ယဲ့ဖန်ကလည်း သူ့ကိုယ်သူ အပြင်လူအဖြစ်မသတ်မှတ်ပေ။
ရှချူးက ထိုစကားကြားတဲ့အခါ ပျော်သွားသည်။
" စင်ပေါ်မကြာခင်တက်ရတော့မှာမလို့ အရင်သွားပြင်လိုက်ဦးမယ်နော် "
ထို့နောက် သူမက တခြားနှစ်ယောက်ကို ခေါင်းငြိမ့်ပြပြီး ထွက်သွားသည်။
ရှချူးက လှည့်ပြီး သီးသန့်ခန်းထဲက ထွက်သွားသည်။
ထိုအချိန်မှာ ဝတုတ်ချူးက ဘေးမှာရပ်နေပြီးဆိုသည်။
" ဖန်ညီအစ်ကို၊ မင်းနဲ့ရှချူးက ဘယ်လိုဆက်ဆံရေးလဲ "
ယဲ့ဖန် ပုခုံးတွန့်ပြသည်။
" ဒီအတိုင်း သာမန်သူငယ်ချင်းပါ "
ဝတုတ်ချူးအသံက စူးခနဲထွက်လာသည်။
" သာမန် သူငယ်ချင်း ဟုတ်လား။ ပွဲစတော့မှာကိုတောင် သူမက မင်းကို တကူးတကလာနှုတ်ဆက်တာလေ။ အဲ့တာတောင် ဘယ်လိုလုပ်ပြီး သာမန်သူငယ်ချင်းလဲ "
ယဲ့ဖန် လက်ယမ်းပြသည်။
" တိုးတိုးနေစမ်းပါ၊ တိုးတိုးနေ။ အဲ့တာက ဒီတိုင်းနှုတ်ဆက်တာဘဲ ဟုတ်ပြီလား။ ဘာလို့ ကြီးကြီးကျယ်ကျယ်တွေလုပ်နေတာလဲ "
ဝတုတ်ချူး လုံးဝကိုပြောစရာစကားမဲ့သွားသည်။
ဒီနှစ်ရက်အတွင်း ယဲ့ဖန်က သူ့ကို စိတ်လှုပ်ရှားစရာတွေချည်းဆက်တိုက်ပေးနေတော့ သူ ထုံလာပြီဖြစ်သည်။
အခု ယဲ့ဖန်က အမေရိကန်သမ္မတနဲ့ပုခုံးဖက်ပေါင်းနေရင်တော့ ဝတုတ်ချူးအံ့ဩတော့မှာမဟုတ်ပေ။
ရှန်းပိုင်ထျန်းကတော့ ယဲ့ဖန်ကို ရှုပ်ထွေးတဲ့အကြည့်နဲ့ကြည့်နေသည်။
ဒီလူ့မှာ လျှို့ဝှက်ချက်တွေအများကြီးရှိတယ်။
သူမ အကြည့်ကြောင့် ယဲ့ဖန်ခြေဖျားလက်ဖျားတွေအေးလာသည်။
ကံကောင်းစွာနဲ့ဘဲ ထိုအချိန်မှာဖျော်ဖြေပွဲက စတင်တော့သည်။
သူတို့ သုံးဦးသား စင်မြင့်ကိုအကြည့်ရောက်သွားသည်။
ရှချူးက စင်မြင့်ပေါ်မှာ တကယ်ကိုတောက်ပသည်။
အပြင်ဘဝမှာ ချဉ်းကပ်ရလွယ်တဲ့လူပုံစံမျိုးမဟုတ်တော့ပေ။
သူမက စင်ပေါ်မှာ အရှိန်အဝါအပြည့်ဖြစ်ပြီး လှုပ်ရှားမှုတိုင်းက ပရိတ်သတ်ကို မိန်းမောစေသည်။
ဂီတလောကမှာ သူမဟာ နာမည်အကြီးဆုံးအရှိန်အဝါကိုရထားသည်။
ဖျော်ဖြေရေးပွဲခန်းမကြီးတစ်ခုလုံးက ပွဲအထွတ်အထိပ်ကိုရောက်နေပြီး လေထုက အရမ်းကိုတက်ကြွနေသည်။
နှစ်နာရီကြာပြီးတဲ့နောက် ဖျော်ဖြေပွဲက အဆုံးသတ်တော့မည်ဖြစ်သည်။
ရှချူးက စင်မြင့်အလယ်ကိုရောက်လာပြီ လူထောင်ချီတဲ့ပရိတ်သတ်တွေကိုကြည့်သည်။
" နောက်တစ်ပုဒ်အနေနဲ့ ' မင်းကြောင့် ' ဆိုတဲ့သီချင်းကို တစ်စုံတစ်ယောက်အတွက်ဆိုချင်ပါတယါ။ သူ့ကြောင့်သာမဟုတ်ရင် ကျွန်မ ဒီနေ့ ဒီလိုနေရာမှာ ရပ်နေနိုင်မှာမဟုတ်ပါဘူး ......... "
အဲ့ဒီနောက် သူမက ယဲ့ဖန်အခန်းကိုလှမ်းကြည့်သည်။
ယဲ့ဖန်က အခန်းရှေ့မှာရပ်ပြီး သူမကို လှမ်းကြည့်သည်။
သူ စိတ်မထိန်းနိုင်ဘဲ ရင်ခုန်လာသည်။
" တစ်စုံတစ်ယောက်ကို လွမ်းဆွတ်တယ်ဆိုတဲ့နေ့မျိုး ရှိလာမယ်လို့ မထင်ထားခဲ့ဘူး။ မင်းက အမြဲတမ်း နှလုံးသားထဲမှာ ပေါ်လာပြီး ....... "
ရှချူးအသံချိုချိုလေးက အားကစားရုံတစ်ခုလုံးလွှမ်းခြုံသွားသည်။
ယဲ့ဖန် သီချင်းစာသားတွေကိုကြားတဲ့အခါ မထိန်းနိုင်ဘဲ ခေါင်းကုတ်မိသည်။
ဒီသီချင်းက ချစ်သူတွေအတွက်မဟုတ်ဘူးလား။
ဒါက နည်းနည်း သူ့အတွက်ဆို ......... အတင့်မရဲလွန်းဘူးလား။
ဘေးမှာရပ်နေတဲ့ ရှန်းပိုင်ထျန်းက သူနဲ့ရှချူးကိုကြည့်နေသည်။
မိန်းမတစ်ယောက်ရဲ့ ဆဌမမြောက်အာရုံအရ သူမက တစ်ခုခုကို သတိထားမိသွားသည်။
ပွဲခင်းထဲ ပရိတ်သတ်တွေကလည်း ပိုလို့တောင် အံ့ဩကုန်ကြသည်။
သူတို့ရဲ့နတ်ဘုရားမက။
' လျှို့ဝှက်လူတစ်ယောက်အတွက် ပေါ်တင်သီချင်းရည်ရွယ်ဆိုနေတာလား '
အဲ့လူက ယောက်ျားလားမိန်းမလားလည်းမသိရပေ။
မိန်းမဆိုရင်တော့ အဆင်ပြေသည်။
ယောက်ျားဆိုရင်ကတော့ ........
ဖျော်ဖြေရေးလောကမှာ ဘယ်လောက်ရိုက်ခတ်သွားမလဲဆိုတာ စဉ်းစားကြည့်ရုံသာတတ်နိုင်သည်။
ဖျော်ဖြေပွဲက အဆုံးသတ်သွားသည်။
ပရိတ်သတ်တွေက ပွဲခင်းထဲကထွက်လာသည်။
ယဲ့ဖန်က တခြားနှစ်ယောက်ကလည်း ပြန်ဖို့လုပ်သည်။
ထိုအချိန်မှာဘဲ သီးသန့်အခန်းတံခါးကထပ်ပွင့်လာသည်။
ရှချူးက သူမ စင်ပေါ်မှာဝတ်ခဲ့တဲ့ လှပတဲ့ဝတ်စုံကိုဝတ်ထားသည်။
" ရှင် ...... ပြန်တော့မလို့လား "
သူမ အသံတွင် မလိုလားသယောင်ပေါက်နေသည်။
" ဟုတ်တယ်၊ ဘာလို့လဲ "
ယဲ့ဖန်နားမလည်ဖြစ်သွားသည်။
" ရှင် ကျွန်မ ..... သီချင်းဆိုတာကို ဘယ်လိုထင်လဲ "
ရှချူး စကတ်ကို စိတ်လှုပ်ရှားစွာကိုင်လိုက်ပြီး စင်ပေါ်ကရှိခဲ့တဲ့အရောင်အဝါတွေလျော့ကျကုန်သည်။
" အဲ့တာက အရမ်းကိုကောင်းတာဘဲ။ အထူးသဖြင့် နောက်ဆုံးသီချင်းလေ။ အဲ့တာ ကိုယ့်အတွက်လား "
ယဲ့ဖန်က ချက်ကောင်းကိုမေးချလိုက်သည်။
" မ... မဟုတ် .... မဟုတ်ပါဘူး။ အဲ့တာက ကျွန်မ ........ "
ရှချူးတောင်စဉ်ရေမရပြောနေသည်။
သီချင်းကို ဒီအတိုင်းစဉ်းစားလိုက်တာဖြစ်သည်။ သီချင်းအလယ်ရောက်မှ အချစ်သီချင်းကြီးဖြစ်နေမှန်း သတိထားမိတာဖြစ်သည်။
အဲ့တာက အချစ်သီချင်း။
အကြိမ်အနည်းငယ်ဘဲတွေ့ဖူးတဲ့ယောက်ျားလေးတစ်ယောက်အတွက် အဲ့တာက အနည်းငယ်မသင့်လျော်ပေ။
ယဲ့ဖန်က သူမ တုန်လှုပ်နေတာမြင်တဲ့အခါ ရယ်ချင်လာသည်။
ဘာမှထပ်မပြောတော့ဘဲ သူက ဝတုတ်ချူးနဲ့ ရှန်းပိုင်ထျန်းကို အပြင်ခေါ်လာသည်။
သူ အခန်းတံခါးနားရောက်မှ ပြန်လှည့်လာပြီးပြောသည်။
" ကိုယ်အရမ်းကြိုက်တယ် "
ရှချူးက သူတို့ သုံးယောက်ထွက်သွားပြီးတာတောင်မှ အတွေးထဲမျောနေသည်။
သူက ကြိုက်တယ်လို့ပြောသွားတာ.....
ဘာဆိုလိုတာလဲ။
သီချင်းကိုလား...
ဒါမှမဟုတ်
ထိုအတွေးကြောင့် သူမမျက်လုံးတွေ တဖျက်ဖျက်ခတ်ကုန်သည်။
….......…....…...........
" မင်းရဲ့ WeChat ပေး "
ယဲ့ဖန်နဲ့သူတို့ ကားပါကင်ရောက်တဲ့အခါ တစ်လျှောက်လုံးတိတ်နေတဲ့ရှန်းပိုင်ထျန်းက ရုတ်တရက်သတ္တိမွေးပြီး စကားထပြောသည်။
" အာ? "
ယဲ့ဖန်ကြောင်သွားသည်။
ရှန်းပိုင်ထျန်းမျက်နှာက နည်းနည်းရဲနေသည်။ သူ့လက်ထဲကဖုန်းကိုဆွဲယူပြီး WeChat မှာ သူငယ်ချင်းဖွဲ့လိုက်သည်။
သူမက ဖုန်းကိုပြန်ပစ်ပေးပြီး ကားရှိရာလှည့်သွားကာ ကားပေါ်တက်ပြီးမောင်းထွက်သွားသည်။
ယဲ့ဖန်ကသာ ကြောင်အပြီး ရပ်ကျန်နေခဲ့သည်။
အဲ့အချိန်မှာ ဝတုတ်ချူးက စကားစပြောသည်။
" ဖန်ညီအစ်ကို၊ မင်းအရမ်းကိုစိတ်တိုစရာကောင်းနေတာမဟုတ်ဘူးလား။ ယွမ်သန်းချီတဲ့ကားအကောင်းစားလည်းပိုင်သေးတယ်။ တကယ့်သူဌေးကြီးတွေကတောင် ဦးညွတ်ရတယ်။ အဲ့ဒီအပြင် မိန်းကလေးတွေကပါ လိုလိုလားလား မင်းဆီပစ်ဝင်ချင်နေကြတာ......ဖန်ညီအစ်ကိုရေ လက်ပါးစေလိုလား။ ပထမဆုံးအဖြစ်လျှောက်ပါရစေ "
ယဲ့ဖန် သူ့ကိုပိတ်ကန်လိုက်သည်။
" လူကောင်းအစား ဘာလို့ခွေးဖြစ်ချင်နေရတာလဲဟမ် "
ဝတုတ်ချူးက အရှက်မရဘဲ ဂုဏ်တောင်ယူသေးသည်။
" ပိုက်ဆံသာအဆင်ပြေရင် ဘာမဆိုလုပ်မှာ ..... "
အပိုင်း (၃၉)
မင်းက ချမ်းသာတဲ့အရူးလား။
နောက်နေ့က စနေနေ့ဖြစ်တာကြောင့် ကျောင်းသွားဖို့မလိုပေ။
ယဲ့ဖန် မနက်စောစောနိုးလာပြီး လူခေါင်းလောက်ရှိတဲ့ ခွေးခေါင်းပုံရွှေတုံးကြီးကိုယူကာ ရှေးဟောင်းဈေးကွက်သို့မောင်းလာသည်။
ကျုံးဟိုင်မြို့ရဲ့ရှေးဟောင်းဈေးလမ်းက ရှေးဟောင်းပစ္စည်းတွေကြား နာမည်ကြီးနေရာဖြစ်သည်။
မနက်ခင်းဘဲရှိသေးတာတောင် တော်တော်လေးစည်ကားနေသည်။
ဒီလာတဲ့သူတွေက တွေ့ကရာကောက်လာပြီး ညချင်းပေါက်ချမ်းသာချင်ကြတဲ့သူတွေဖြစ်သည်။
ကားဝင်လို့မရတာကြောင့် ယဲ့ဖန်လမ်းထောင့်မှာရပ်ထားခဲ့ပြီး လမ်းလျှောက်ဝင်လာသည်။
ကားပါကင်ထိုးပြီးချိန်မှာဘဲ စနစ်အကြောင်းကြားစာရောက်လာသည်။
[ အခွင့်အရေးနယ်မြေအသစ်ရှာတွေ့ထားပါသည်။ လမ်းကြောင်း ညွှန်ကြားပေးပါမည်။ ]
[ လက်ခံသူ၊ ကျေးဇူးပြု၍ လက်ရှိလမ်းကနေ တည့်တည့်သွားပြီး မီတာငါးရာကျ ညာချိုးပြီး ရှေးဟောင်းလဲလှယ်ရေးဈေးသို့သွားပါ။ ခန့်မှန်းကြာချိန် ငါးမိနစ် ]
ယဲ့ဖန် အူမြူးသွားသည်။
ခွေးခေါင်းရွှေတုံးကို ဖြေရှင်းမပြီးသေးခင်မှာဘဲ ရတနာရှာတဲ့စနစ်အသစ်ကိုထပ်ရလိုက်သည်။
ဒီစနစ်က အရမ်းစိတ်ဝင်စားစရာကောင်းတာဘဲ။
ကားထဲက ရွှေတုံးကိုယူပြီး စနစ်ကညွှန်ကြားတဲ့ ရှေးဟောင်းလမ်းကိုသွားသည်။
လဲလှယ်ရေးဈေးကိုရောက်တာနဲ့ သူ့ရှေ့က လဲလှယ်ရေးနေရာမှာ လူတွေအုံနေတာတွေ့လိုက်သည်။
လူအုပ်ထဲမှာ အရမ်းကိုအထင်ကြီးစရာကောင်းတဲ့ ပညာရှင်အချို့လည်းရှိနေသည်။
သူတို့က စားပွဲပေါ်က ရှေးဟောင်းပစ္စည်းတွေကို သုံးသပ်နေကြသည်။
ယဲ့ဖန်ကလည်း ကြည့်နေတဲ့သူတွေထဲက အဘိုးအိုတစ်ယောက်ကိုမေးလိုက်သည်။
" အဘိုး၊ သူတို့ဘာလုပ်နေကြတာလဲ "
ထိုအဘိုးအိုက အဖြူရောင်ကုတ်ကိုဝတ်ဆင်ထားပြီး လက်ထဲမှာသစ်ကြားသီးနှစ်လုံးကိုလှိမ့်နေသည်။ သူ့ကိုကြည့်ရတာ သာမန်ထက်ထူးကဲသည်။
" ရှေးဟောင်းလမ်းကဦးစီးတဲ့ အကဲဖြတ်ပွဲလေ။ ကျုံးဟိုင်က အတော်ဆုံးအကဲဖြတ်တွေခေါ်ပြီး အလကားအကဲဖြတ်ပေးတာ "
ထိုအဘိုးအိုက အလယ်ကထိုင်နေတဲ့အကဲဖြတ်တစ်ယောက်ကိုညွှန်ပြသည်။
" သူ့ကိုမြင်လား။ သူက ကျုံးဟိုင်မှာအတောါဆုံးပညာရှင်ဘဲ၊ မန်းတုန်ဟိုင်းတဲ့။ သူက ဒီလုပ်ငန်းမှာကျင်လည်နေတာ နှစ်ဆယ်ချီပြီ၊ ဒါပေမဲ့တစ်ခါမှမမှားဘူးသေးဘူး "
ယဲ့ဖန်က ထိုဆရာကြီးမန်းကိုကြည့်လိုက်တဲ့အခါ သူ့ဆီက ပညာသားငွေ့ကိုခံစားမိသည်။
ထိုအချိန်မှာ လူအုပ်ထဲက အမျိုးသမီးတစ်ယောက်အသံထွက်လာသည်။
" မဖြစ်နိုင်တာ၊ ဒီကျောက်စိမ်းခွက်တွေက ကျွန်မဘိုးဘေးတွေဆီက လက်ဆင့်ကမ်းလာတာ။ ယွမ် တစ်သိန်းဘဲတန်ရမှာလား "
လူတိုင်းအာရုံကထိုနေရာကိုရောက်သွားသည်။
အနက်ရောင်ဝတ်စုံနဲ့အမျိုးသမီးက ထိုပညာရှင်တွေကို စူးစိုက်ကြည့်နေသည်။
သူတို့အကဲဖြတ်မှုကို သူမ သဘောမကျကြောင်းသိသာနေသည်။
ယဲ့ဖန်အမြင်အရ ထိုအမျိုးသမီးက အမှတ်၉၀နီးပါးလောက်ရှိသည်။
ပြီးတော့ သူမက မိတ်ကပ်မလိမ်းထားတာကြောင့်ဖြစ်သည်။ သူမ အနည်းငယ်မျက်တွင်းကျနေသည်။
မဟုတ်ပါက အမှတ်တိုးလောက်သည်။
ပွဲကြည့်သူတွေကလည်း ထိုအမျိုးသမီးကလှတာကြောင့် ငေးနေကြသည်။
အဲ့ဒီနောက် ယဲ့ဖန်အကြည့်ကို သူမလက်ထဲကခွက်ဆီပို့လိုက်သည်။
အစိမ်းပုတ်ရောင်ကျောက်စိမ်းခွက်ဖြစ်ပြီးတော့ မျက်စိကိုဖမ်းစားနိုင်သည်။
မန်းတုန်ဟိုင်းက ကျောက်စိမ်းခွက်ကိုယူပြီး သေချာကြည့်သည်။ အဲ့ဒီနောက် သူက စိတ်ပျက်လက်ပျက်နဲ့ခေါင်းခါသည်။
" ဒီကအမျိုးသမီး၊ ဒီခွက်တွေက အရည်အသွေးမြင့်တွေမဟုတ်ဘူး။ ဒီဈေးကွက်မှာဆို ယွမ်သိန်းဂဏန်းလောက်ဘဲရမယ် "
ကျုံးဟိုင်တွင် ဆရာမန်းရဲ့စကားတွေကသာ ဥပဒေဖြစ်သည်။
ခွက်တွေက သာမန်ဘဲလို့သူပြောရင် ထိုခွက်တွေက သာမန်ဘဲဖြစ်သည်။
ထိုအမျိုးသမီးအမူအရာက လုံးဝကိုပြောမရအောင်ယိုယွင်းနေပြီး ကျောက်စိမ်းခွက်တွေကိုယူပြီး ပြန်ဖို့ပြင်သည်။
ထိုအချိန်မှာ ယဲ့ဖန်က ထိုအမျိုးသမီးကိုခေါ်လိုက်သည်။
" အမျိုးသမီး၊ ဒီခွက်တွေကို ဘယ်လောက်နဲ့ရောင်းချင်တာပါလဲ "
ထိုအမျိုးသမီးကသွားနေရာကရပ်ပြီး ယဲ့ဖန်ကို နားမလည်နိုင်စွာကြည့်သည်။
" ယွမ် သန်း ၃..... ၃၀ "
သူမက ပမာဏကိုပြောရင်း သူမရဲ့အေးစက်စက်မျက်နှာက ရဲတက်လာသည်။
သာမန်ကျောက်စိမ်းခွက်လောက်က ယွမ်တစ်သိန်းလောက်တန်ပေမဲ့ သူမကတော့ ယွမ်သန်း၃၀နဲ့ရောင်းလိုသည်။ သူမက အတွေးလွန်နေတာဘဲ။
ဒါပေမဲ့ ယဲ့ဖန်က သူမကို မလှောင်ဘဲပြောသည်။
" ယွမ်သန်း၅၀နဲ့ဝယ်ပါ့မယ် "
" အာ? "
ထိုအမျိုးသမီးက အံ့ဩတာကြောင့် ပါးစပ်ပိတ်မရဖြစ်သွားသည်။
ဝန်းရံနေတဲ့လူအုပ်ကြီးကလည်း ယဲ့ဖန်စကားကြောင့် ထိတ်လန့်သွားကြတော့သည်။
" ဒီကလေးကရူးနေလား။ ဆရာကြီးမန်းကတောင် ယွမ်တစ်သိန်းဘဲတန်တယ်လို့ပြောနေတာကို သူက သန်း၅၀တောင်ပေးနေသေးတယ် "
" သူက ဆရာကြီးမန်းရဲ့စကားကို မယုံတာမလား "
" သူက ရူးနေတဲ့သူဌေးဘဲ။ ဒီလိုလူမျိုးက အလိမ်ခံဖို့သင့်တယ် "
" ဒီကောင်က တမင်ဈေးခေါ်ဖို့ဟိတ်ဟန်လုပ်ပြနေတာများလား "
" .............. "
ထိုအမျိုးသမီးက သူ့ကို အံ့ဩစွာကြည့်နေသည်။
" ရှင်.......ရှင်တကယ်သန်း၅၀နဲ့ဝယ်မှာလား "
ယဲ့ဖန်ကခေါင်းငြိမ့်ပြီး အခိုင်အမာပြောသည်။
" မယုံရင် အခုချက်ချင်းငွေထုတ်ပေးမယ် ကျွန်တော့်ကိုပစ္စည်းပေးပါ "
ထိုအမျိုးသမီးသဘောတူတာကိုမစောင့်ဘဲ သူမဘေးက မန်းတုန်ဟိုင်းက ဒေါသတကြီးထလာသည်။
" လူငယ်လေး၊ မင်းက ငါ့အကဲဖြတ်အရည်အချင်းကို မေးခွန်းထုတ်နေတာလား "
တခြားအကဲဖြတ်သမားတွေကလည်း သိပ်မကြည်ကြပေ။
ယဲ့ဖန်ဘေးက အဘိုးအိုကလည်း သူ့ကိုဖြောင်းဖြသည်။
" လူငယ်လေး၊ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့။ ဆရာကြီးမန်းက ဒီအကဲဖြတ်လောကမှာဆရာတစ်ဆူပါ။ သူကလိမ်တာဖြစ်ပါ့မလား "
ယဲ့ဖန် ပုခုံးတွန့်လိုက်သည်။
" ဆရာကြီးရဲ့စကားဆိုတိုင်းလည်း မယုံရဘူးလေ "
ထိုစကားကြားတဲ့အခါ မန်းတုန်ဟိုင်းက ဒေါသထွက်ပြီးရယ်မောသည်။
" ဒါဆို ဒီလူငယ်လေးရဲ့ပညာရှိတဲ့အမြင်ကိုသိချင်စမ်းပါဘိ။ တကယ်လို့ ငါမှားတယ်ဆို ဒီအမျိုးသမီးကိုတောင်းပန်မယ် "
ထိုအချိန်မှာ လူတိုင်းအကြည့်က ယဲ့ဖန်ဆီရောက်လာသည်။
ထိုအကြည့်တွေအရ သူသာဒီနေ့ရှင်းပြချက်မပေးရင် ထွက်ဖို့တောင် ခက်ခဲပေလိမ့်မည်။
ယဲ့ဖန် ကူကယ်ရာမဲ့သွားသည်။
သူက ထိုအမျိုးသမီးလက်ထဲက ကျောက်စိမ်းခွက်ကိုယူပြီး စစ်ကြည့်သည်။
" ဒီခွက်က သာမန်ခွက်မဟုတ်ဘူး။ ဒါက နဂါးကိုးခွက်ထဲကဘဲ "
မန်းတုန်ဟိုင်းနဲ့ တခြားပညာရှင်တွေ တစ်ချိန်တုန်းက အရမ်းကိုမျက်နှာပျက်သွားကြတော့သည်။
သေချာပေါက် ယဲ့ဖန်စကားကြောင့် အံ့ဩရကုန်သည်။
နဂါးကိုးခွက်ထဲကတဲ့လား။
အပိုင်း (၄၀)
ဘာလို့ဒီရောက်နေတာလဲ။
ပုံမှန်ထက်ထူးကဲတဲ့ပုံစံနဲ့အဘိုးအိုက မြန်မြန်မေးသည်။
" နဂါးကိုးခွက်က ဘာလဲ "
" နဂါးကိုးခွက်ကို ဘိုးဘွားစဉ်ဆက်ကရတဲ့လက်ကျန်ပစ္စည်းတွေကနေလုပ်ထားတာ။ အစုံလိုက် ကိုးခွက်ရှိတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ချင်းမျိုးဆက်တိုက်ပွဲကြားမှာ ပျောက်ဆုံးသွားတာ ...... "
စနစ်က ပေးတဲ့အချက်အလက်တွေကို ယဲ့ဖန် မျက်နှာပြင်ကနေဖတ်နေသည်။
မန်းတုန်ဟိုင်းက သူ့စကားကနေ အခွင့်ကောင်းယူပြီးပြန်ပြောသည်။
" ဒါတွေက ယုံတမ်းသပ်သပ်ဘဲ။ အဲ့တာတွေအတွက် သီးသန့်မှတ်တမ်းမရှိဘူး "
ယဲ့ဖန် ခပ်ဖျော့ဖျော့ပြုံးသည်။
" ဘယ်သူက မှတ်တမ်းမရှိဘူးလို့ပြောလဲ။ နဂါးကိုးခွက်အကြောင်းအသေးစိတ်ကို ကျောက်စိမ်းမှတ်တမ်းတတိယအကြိမ်ထုတ် စာမျက်နှာ ၁၈၊ ရှေးဟောင်းရတနာလက်နက် ဒုတိယအကြိမ်ထုတ် စာမျက်နှာ ၃ ပြီးတော့ ရှေးဟောင်းရှာဖွေရေးကြေးမုံမှတ်တမ်း ငါးကြိမ်မြောက်ထုတ် စာမျက် ၇၂ တွေမှာရှိတယ် "
မန်းတုန်ဟိုင်းနဲ့ အခြားသူတွေက အချင်းချင်းကြည့်သည်။ ယဲ့ဖန်က အမှန်ပြောနေတာလား သူတို့မသိကြပေ။
" အဲ့ဒီရှေးဟောင်းစာအုပ်တွေရှာလာခဲ့ "
မန်းတုန်ဟိုင်း မြန်မြန် အမိန့်ပေးလိုက်သည်။
ချက်ချင်းဘဲ တစ်စုံတစ်ယောက်က ထိုရှေးဟောင်းစအုပ်တွေရလာသည်။
မန်းတုန်ဟိုင်းနဲ့ ကျွမ်းကျင်သူတွေက မြန်မြန်စစ်ကြည့်လိုက်သည်။
စာအုပ်တိုင်းကိုလှန်ကြည့်လေလေ သူတို့မျက်နှာပျက်ရလေလေဖြစ်သည်။
သုံးအုပ်လုံးဖတ်ပြီးတဲ့အခါ သူတို့က ယဲ့ဖန်ကို သရဲမြင်ရတဲ့အလားကြည့်နေကြသည်။
တကယ်ဘဲထိုစာအုပ်တွေထဲမှာ နဂါးကိုးခွက်အကြောင်းပါသည်။
ယဲ့ဖန်ပြောတဲ့စာမျက်နှာတွေလည်း အတိအကျဖြစ်နေသည်။
သူ …........ သူက လူရောဟုတ်ရဲ့လား။
သူတို့က အံ့ဩဖို့အချိန်မရှိပေ။ ကျောက်စိမ်းခွက်ကိုကြည့်ပြီး မှန်ဘီလူးဖြင့်စစ်ကြည့်ကြသည်။
" ဒါတကယ်ဘဲ နဂါးကိုးခွက်လား "
မန်းတုန်ဟိုင်း အံ့ဩမှုကြောင့်အော်ကာ ထိုင်ခုံပေါ်ပြုတ်ကျသွားသည်။
တစ်ဖက်မှာတော့ ဒီလိုတုနှိုင်းမဲ့ရတနာနဂါးကိုးခွက်ပေါ်လာတာကြောင့် အံ့ဩရပြီး တစ်ဖက်မှာတော့ ယဲ့ဖန်ကြောင့် အံ့ဩရသည်။
ဒီလူငယ်က အမြင်ကောင်းရှိရုံမကဘူး အတွေ့အကြုံကောင်းလည်းရှိသည်။ သူက တကယ့်ကို ဉာဏ်ကြီးရှင်ဘဲ။
ဆရာကြီးမန်းရဲ့စကားတွေက လူအုပ်ထဲပြန့်သွားသည်။
" ဘုရားရေ၊ ဆရာကြီးမန်းက မှားသွားတာလား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
" ဆရာကြီး ကြည့်ပါဦး ကျွန်တော့်ခွက်ကလည်း နဂါးကိုးခွက်ဖြစ်နေဦးမယ် "
တောက်ပတဲ့ကိုယ်ရောင်ဝါနဲ့အဘိုးအိုက ယဲ့ဖန်ကိုကြည့်သည်။
" ငါက ရှန်းကွမ်းလင်းပါ။ မင်းကို ဘယ်လိုခေါ်ရမလဲ "
ယဲ့ဖန်က သူ့နာမည်ကို ယဉ်ကျေးစွာပြန်ဖြေသည်။
" ယဲ့ဖန်ပါ နာမည်က "
ရှန်းကွမ်းလင်းထိုနာမည်ကိုစိတ်ထဲမှတ်ပြီး နဂါးကိုးခွက်ပိုင်ရှင်ကို ကြည့်သည်။
" ဒီကအမျိုးသမီး၊ ငါ ဒီနဂါးကိုးခွက်အတွက် ယွမ်သန်း၈၀ပေးပါ့မယ်။ ရောင်းဖို့ဆန္ဒရှိရဲ့လား "
ထိုအမျိုးသမီးတကယ်ဘဲ လန့်သွားရသည်။
" သန်း ၈၀ လား "
သူမ ထင်ထားတာထက်ပိုများနေသည်။
ကုမ္ပဏီအခြေအနေမကောင်းတာကြောင့်သာ မိသားစုပိုင်ပစ္စည်းကိုလာရောင်းချရတာဖြစ်သည်။
သူမစိတ်ထဲမှာ အလွန်ဆုံးယွမ်သန်း၃၀သာ မှန်းထားသည်။
တစ်ဖက်က သန်း ၈၀တောင်ပေးမှတော့ သူမ ရောင်းဖို့ဆန္ဒရှိတာထက်တောင်ပိုသေးသည်။
ရှန်းကွမ်းလင်းက သူမ ခွင့်ပြုချက်ကိုတောင်းပြီးနောက် သူ့ချက်လက်မှတ်စာအုပ်ကိုထုတ်ပြီး စကားထပ်မပြောဘဲထုတ်ပေးလိုက်သည်။ သူက ဂဏန်းတွေချရေးလိုက်သည်။
ထိုအမျိုးသမီးက ရုတ်တရက်ကြားဖြတ်ပြောသည်။
" နှစ်စောင်ရေးပေးပါ၊ တစ်စောင်က သန်း ၇၀ နဲ့ တစ်စောင်က ၁၀သန်း "
ရှန်းကွမ်းလင်းကလည်း ငြင်းဆိုခြင်းမရှိဘဲ နှစ်စောင်ရေးပေးလိုက်သည်။
ထိုအချိန်မှာ ယဲ့ဖန်စနစ်ကအကြောင်းကြားစာရလိုက်သည်။
[ ဂုတ်ယူပါတယ်၊ လက်ခံသူ။ ကံကြမ္မာညွှန်ကြားချက်ပြီးဆုံးတာကြောင့် သန်း၈၀၀တန်ဖိုးရှိ ကျောင်းအဆောက်အဦးတစ်ခုကိုရရှိပါမည်။ ]
ယဲ့ဖန်အလွန်ပျော်သွားသည်။
ဒီစနစ်က အရမ်းကိုရက်ရောတာဘဲ။
ထိုအချိန်မှာ အမျိုးသမီးက ယွမ်သန်း၇၀ကို သိမ်းလိုက်ပြီး ယဲ့ဖန်ဘက်ကိုလှည့်ကြည့်သည်။
" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်မက ချန်းရွှမ်ပါ။ ဒီနေ့ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မ ဒီလောက်ငွေပမာဏနဲ့ရောင်းလို့ရမှာမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ဒီငွေယွမ်၁၀သန်းကို လက်ခံပေးပါ "
ယဲ့ဖန်လည်း ပုလ္လင်ခံမနေဘဲ ချက်ချင်းလက်ခံလိုက်သည်။
ဒီငွေပမာဏက တကယ်ဘဲ သူရသင့်တာဖြစ်သည်။
သူသာ ဒီခွက်က နဂါးကိုးခွက်မှန်းထောက်မပြခဲ့ရင် သူမ ယွမ်သန်း၃၀ မပြောနှင့် ၃သိန်းနဲ့တောင်ရောင်းလို့ရမှာမဟုတ်ချေ။
သို့ပေမဲ့ စနစ်ရဲ့ဆုတွေနဲ့ယှဉ်လျှင် ရေပုံးထဲကရေစက်သာသာဘဲရှိသည်။
ချန်းရွှမ်က သူလက်ခံလိုက်မှ စိတ်အေးသွားရသည်။
အဲ့ဒီနောက် ယဲ့ဖန်ကို ဆက်သွယ်ဖို့အချက်အလက်တောင်းပြီး အခွင့်အရေးရှိပါက ထမင်းဖိတ်ကျွေးပါမည်ဟုပြောပြီး အမြန်ထွက်သွားသည်။
ရှန်းကွမ်းလင်းက နဂါးကိုးခွက်ကိုသေချာကြည့်ပြီး ယဲ့ဖန်နဲ့စကားပြောပြီးကာ ကျေကျေနပ်နပ်ကြီးပြန်သွားသည်။
ဒီတစ်ခါမှာတော့ ဆရာကြီးမန်းက အရင် ယဲ့ဖန်ဆီကိုလျှောက်လာကာ သူ့ကို အရှက်ရတဲ့အမူအရာနဲ့ကြည့်သည်။
" အိုက်ရိုး၊ ဒါတွေက ဒီလူငယ်လေးယဲ့ရဲ့အကူအညီတွေကြောင့်ပါဘဲ။ မဟုတ်ရင်တော့ ဒီလူအိုကြီး ဒီတစ်ခါတော့အဆုံးသတ်သွားတော့မှာ "
ယဲ့ဖန်က လက်ယမ်းပြသည်။
" ပညာရှိတွေလည်းမှားတတ်ကြပါတယ်။ ဆရာကြီးမန်း၊ စိတ်ထဲမထားပါနဲ့ "
မန်းတုန်ဟိုင်းလည်း ခေါင်းငြိမ့်သည်။
" ယဲ့လူငယ်လေး၊ အနာဂတ်မှာ အကူအညီလိုရင် အချိန်မရွေးလာခဲ့ပါ။ အကောင်းဆုံးကူညီပေးပါ့မယ် "
ယဲ့ဖန်က သူဒီနေ့လာရတဲ့အဓိကအကြောင်းကိုသတိရသွားသည်။
" ဆရာကြီးမန်းကို မေးစရာရှိပါတယ်။ ကျွန်တော့်မှာရောင်းချင်နေတဲ့ ခွေးခေါင်းပုံရွှေတုံးကြီးရှိတယ်။ ဘယ်မှာများရောင်းလို့ရနိုင်မလဲ "
မန်းတုန်ဟိုင်း မျက်လုံးတို့လက်သွားသည်။
" ဒီလူအိုကြီးက အရင်ကြည့်လို့ရမလား "
ယဲ့ဖန်က ရွှေတုံးကို စားပွဲပေါ်တင်လိုက်သည်။
မန်းတုန်ဟိုင်းက မှန်ဘီလူးနဲ့သေချာကြည့်နေသည်။ အဲ့ဒီနောက် ဖုန်းကိုထုတ်ပြီး နံပါတ်တစ်ခုနှိပ်ကာခေါ်လိုက်သည်။
ဖုန်းချပြီးတဲ့နောက် ယဲ့ဖန်ကိုရှင်းပြသည်။
" လွန်ခဲ့တဲ့ရက်တွေတုန်းက ဝယ်သူတစ်ယောက်ရောက်လာတယ်။ ကောင်မလေးတစ်ယောက်က သူ့အဖိုးအတွက် ခွေးခေါင်းပုံရွှေတုံး မွေးနေ့လက်ဆောင်ပေးချင်လို့ ရှာပေးဖို့ပြောထားတာ။ ဒီလိုလွယ်လွယ်ရှာတွေ့မယ် မထင်ထားဘူး ဟားဟားဟား ....... "
ယဲ့ဖန်လည်း အတော်ပျော်သွားသည်။ ဒီပစ္စည်းအတွက် သူဒုက္ခရောက်စရာမလိုတော့ပေ။
ဆယ်မိနစ်လောက်စောင့်ပြီးတဲ့နောက် နူးညံ့တဲ့ပုံရိပ်လေးက အမြန်ပြေးလာသည်။
" ဆရာကြီးမန်း၊ ကျွန်မလိုချင်တဲ့ခွေးခေါင်းပုံရွှေတုံးက ဘယ်မှာလဲ "
ယဲ့ဖန်က ထိုအသံကိုတရင်းတနှီးကြားဖူးနေတဲ့အတွက် လှည့်ကြည့်လိုက်တဲ့အခါ အံ့ဩသွားသည်။
" စီနီယာက ဘာလို့ဒီရောက်နေတာလဲ "
ကောင်မလေးကလည်း လှည့်လာပြီး အံ့ဩသွားသည်။
" နင်ကရော ဘာလို့ရောက်နေတာလဲ "