← Chapters

အပိုင်း ၄၁-၄၄

Vol. 3 Ch. 41-44

အပိုင်း ၄၁-၄၄

Vol. 3 Ch. 41-44

အပိုင်း (၄၁)

ကြောက်စရာအကောင်းဆုံးက ရုတ်တရက်တိတ်ဆိတ်သွားတဲ့လေထုအနေအထား။ အဲ့တာကြောင့် " မကြုံဆုံရင်၊ ဇာတ်လမ်းမဖြစ်ဘူး " ဆိုတဲ့ဆိုရိုးရှိတာ။

ခွေးခေါင်းပုံစံရွှေတုံးကို ဝယ်ယူသူက ရှန်းပိုင်ထျန်းဖြစ်နေခဲ့သည်။

" ဒီခွေးခေါင်းပုံရွှေတုံးက နင့်ဟာလား "

ရှန်းပိုင်ထျန်းအသိဝင်လာပြီး မယုံနိုင်ဖြစ်နေသည်။

" ဟုတ်တယ်၊ ကျွန်တော်တို့က တကယ်ကိုရေစက်ဆုံလို့ ဒီမှာလာတွေ့ရတာဘဲ "

ယဲ့ဖန် မနေနိုင်ဘဲ စနောက်မိသည်။

" ဘယ်သူက နင်နဲ့ရေစက်ရှိလို့လဲ "

ရှန်းပိုင်ထျန်းအနည်းငယ်ရှက်သွားသည်။

" ကြိုပြောထားမယ်နော်။ နင်နဲ့ငါနဲ့သိရင်တောင်မှ နင့်ရဲ့ခွေးခေါင်းပုံရွှေတုံးက ကြည့်လို့မကောင်းရင် မဝယ်ဘူး "

ရှန်းပိုင်ထျန်းပြောပြီးတဲ့နောက် ရွှေတုံးကို ကြည့်ရန် လှည့်လိုက်သည်။

တစ်ချက်ကြည့်ရုံနဲ့ သူမ ချက်ချင်းကို အံ့ဩမှင်သက်သွားသည်။

ဒီခွေးခေါင်းပုံရွှေတုံးက သေချာပေါက်အကောင်းဆုံးအရည်အသွေးရှိပြီး အလေးချိန်အရရော အပြင်ပန်းပုံစံကပါ အကောင်းဆုံးဖြစ်နေသည်။

" နင် ဒီရွှေတုံးကို ဘယ်ကရတာလဲ "

ရှန်းပိုင်ထျန်းသိချင်စိတ်ကြောင့်မေးလိုက်သည်။

" ဒီခွေးခေါင်းပုံရွှေတုံးကို အူကြောင်ကြောင်ငန်းတစ်ကောင်ရဲ့တင်ပါးအောက်က တူးပြီးရလာတာ "

ယဲ့ဖန် ထပ်ပြီး စနောက်ပြန်သည်။

ဒီရွှေတုံးဟာ ရှန်းပိုင်ထျန်းထိုင်နေခဲ့တဲ့ကျောက်တုံးအောက်က တူးဖော်လာတာဖြစ်သည်။

ဒီရွှေတုံးကြီးက သူမနဲ့ ခြေတစ်လှမ်းမျှသာဝေးတဲ့နေရာမှာရှိနေခဲ့မှန်း သူမ လုံးဝထင်ခဲ့မိမှာမဟုတ်ပေ။

" ငန်းတစ်ကောင်ရဲ့တင်အောက်က ဟုတ်လား။ အဲ့တာဆို အဲ့ဒီငန်းက သေချာပေါက်ကံကောင်းတဲ့ငတုံးငန်းဘဲဖြစ်မှာ "

ရှန်းပိုင်ထျန်းက သူမကိုယ်သူမ ဟာသပြောတတ်တဲ့သူတစ်ယောက်ပုံစံအဖြစ် တွေးလိုက်သည်။

" တကယ်ကို ရူးကြောင်ကြောင်နိုင်ပြီးကံကောင်းတဲ့ငန်း ဟုတ်တယ် "

ယဲ့ဖန်က ခေါင်းငြိမ့်ပြီး သဘောတူထောက်ခံသည်။

" ကောင်းပြီလေ။ ငါ ဒီခွေးခေါင်းပုံရွှေတုံးကိုယူလိုက်မယ်။ ဈေးပြောပါ "

ရှန်းပိုင်ထျန်းက ဈေးခေါ်ခိုင်းဖို့ဆုံးဖြတ်လိုက်သည်။

" ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက်သိနေကြတာဘဲ။ သက်သာတဲ့ဈေးနဲ့ပေးပါ့မယ် ယွမ်ဆယ်........ဆယ့်ငါးသန်း "

ယဲ့ဖန်က ဈေးပိုပြောလိုက်ပြီးမှ တစ်ဖက်က ဈေးဆစ်မှာကိုစောင့်နေလိုက်သည်။

အမှန်တကယ်တော့ သူ့စိတ်ထဲမှာ ယွမ်ဆယ်သန်းသာလိုချင်တာဖြစ်သည်။

" ကောင်းပြီလေ၊ သဘောတူပါတယ် "

ရှန်းပိုင်ထျန်းက တွေးတောင်တွေးမနေဘဲ သဘောတူလိုက်သည်။

အဲ့ဒီနောက် သူမက ချက်လက်မှတ်စာအုပ်ကိုထုတ်လိုက်ပြီး ငွေပမာဏကိုရေးချလိုက်သည်။

ယဲ့ဖန် သူမအပေါ် အခွင့်အရေးယူလိုက်တာကို သူမက လက်ခံလိုက်တာကြောင့် ယဲ့ဖန် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

" ကားထဲကိုကူရွှေ့ပေးပါ့မယ် "

တစ်ဘက်လူဆီက ယွမ်ငါးသန်း ပိုရလိုက်တာကြောင့် ယဲ့ဖန် အနည်းငယ် အားနာသွားပြီး ကူညီပေးဖို့ အရင်စပြောလိုက်သည်။

ဒီခွေးခေါင်းပုံရွှေတုံးကြီးဟာ ဆယ်ပေါင်မကလေးသည်။ အဲ့တာကြောင့် မိန်းကလေးတစ်ယောက်အတွက် မဖို့ အနည်းငယ်ခက်ခဲပေမည်။

" ကျေးဇူးတင်ပါတယ် "

ရှန်းပိုင်ထျန်း အခုထိအနည်းငယ်ရှက်နေသေးသည်။

ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းရမ်းမိသည်။

ဒီမိန်းကလေးကတော့ ပိုက်ဆံပေးပြီးတာတောင် တစ်ဖက်လူ ငွေရေတာကိုစောင့်နေပေးသေးသည်။

ကားပါကင်ကိုရောက်တဲ့အခါ တစ်ကားပြီးတစ်ကားရှာကြည့်ပြီးတဲ့နောက် ရှန်းပိုင်ထျန်းရဲ့ကားကိုတွေ့ရသည်။

ယဲ့ဖန်က ချက်ချင်း အနောက်ဖုံးကိုဖွင့်ဖို့ သွားလိုက်သည်။

ရှန်းပိုင်ထျန်းက တစ်ခုခုကိုတွေးမိပြီး ပြောလိုက်သည်။

" ခဏလေးပါ "

သူမက အနောက်ဖုံးကို ယဲ့ဖန်အစားမြန်မြန်ဖွင့်လိုက်သည်။

အဲ့ဒီနောက် သူမက အိတ်တစ်ခုကိုထုတ်လိုက်ပြီး သူမအနောက်ကိုဖွက်လိုက်သည်။

ယဲ့ဖန်က ရွှေတုံးကို အနောက်ခန်းထဲထည့်ပေးလိုက်ပြီး သူမကို သိချင်စိတ်ကြောင့်လှမ်းကြည့်လိုက်မိသည်။

" ဘာကြီးလဲ။ စီနီယာက ဘာလို့ လျှို့လျှို့ဝှက်ဝှက်လုပ်နေတာလဲ "

" ဘာမှမဟုတ်ပါဘူး "

ရှန်းပိုင်ထျန်း ခေါင်းကို မြန်မြန်ခါသည်။

" မပြဘူးဆိုလည်း ထားလိုက်ပါတော့ "

ယဲ့ဖန်က လှည့်ချင်ယောင်ဆောင်လိုက်တာကြောင့် သူမက စိတ်လျှော့လိုက်တဲ့အခါမှ သူက ချက်ချင်းပြန်လှည့်ပြီး သူမအနောက်ကနေ လုယူဖို့ လက်လှမ်းလိုက်သည်။

ရှန်းပိုင်ထျန်းလန့်သွားပြီးအော်လိုက်ကာ ပြန်ဆွဲယူဖို့လုပ်တော့သည်။

တစ်ယောက်ဆီကနေတစ်ယောက်ဆွဲလုရင်းကနေ စက္ကူအိတ်ကပြဲသွားတော့သည်။

အမျိုးသမီးသုံးအဖြူရောင်ပတ်အိတ်လေးတွေက မြေပေါ်ကျသွားသည်။

လေထုက ချက်ချင်းအေးခဲသွားသည်။

ယဲ့ဖန်က လုရင်း အနောက်ကလှမ်းဖက်မိတဲ့အခြေအနေမှာဖြစ်နေပြီး လန့်ကာ မလှုပ်နိုင်ဖြစ်သွားသည်။

ရှန်းပိုင်ထျန်းမျက်လုံးတို့ကလည်း ပြူးကျယ်လာပြီး ဘယ်လိုတုန့်ပြန်ရမလဲမသိပေ။

သူတို့နှစ်ဦးသား ထိုအူကြောင်ကြောင်အနေအထားကြီးအတိုင်း မလှုပ်မယှက်ဖြင့်ရပ်နေမိကြသည်။

ထိုမြင်ကွင်းကို ဖြတ်သွားဖြတ်လာ ကျုံးဟိုင်တက္ကသိုလ်ကျောင်းသားတစ်ယောက်က တွေ့သွားသည်။

သူက ထိတ်လန့်စွာနဲ့ ဖုန်းကိုမြန်မြန်ထုတ်ပြီး ဓာတ်ပုံရိုက်ယူလိုက်ကာ ကျောင်းစာမျက်နှာတွင်တင်လိုက်သည်။

သူက ခေါင်းစဉ်ကို ကြီးကြီးကျယ်ကျယ်တပ်လိုက်သည်။

' ကျုံးဟိုင်အလှလေးက သူ့ရဲ့လျှို့ဝှက်ချစ်သူကို ကားပါကင်မှာဖက်နေတယ်။ ပြီးတော့ သူက ယောက်ျားလေး '

ပို့စ်တင်ပြီးသွားတာနဲ့ ကျုံးဟိုင်တက္ကသိုလ်ကြီးတစ်ခုလုံး လှုပ်လှုပ်ခါခါဖြစ်သွားတော့သည်။

[ ဘုရားရေ၊ ငါတို့နတ်ဘုရားမလေးက ပိုင်ရှင်ရှိနေပြီလား။ ဘယ်အကောင်က ငါတို့နတ်ဘုရားမလေးကို လုယူရဲရတာလဲ။ သူ့ကို သေအောင်ချပစ်မယ် ]

[ အဲ့ကောင်လေးက ...... ယဲ့ဖန်နဲ့တူလိုက်တာ ]

[ ဘယ်သူက ယဲ့ဖန်လဲ။ ငါ့လောက်ချောလို့လား ]

[ ငါ့အထင် သူက ကျောင်းရဲ့အကောင်ကြီးအသစ်လေ ]

[ ငါ့ထက်ချမ်းသာလို့လား ]

[ သူက ယွမ်သန်း၃၀တန် Ferrari Enzo စီးတာ ]

[ သူတို့ ကလေးလေးပါမွေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ တာ့တာပါ ]

[ .............. ]

တစ်ချိန်လုံး သူတို့နှစ်ယောက်ရဲ့ကောလဟာလပေါင်းစုံဟာ တောက်လျှောက်ကို တက်နေတော့သည်။

မိနစ်အနည်းငယ်အတွင်းမှာ ဇာတ်လမ်းပေါင်းစုံထွက်လာသည်။

အေးစက်တဲ့ကျောင်းဘုရင်မလေးကို မရလိုက်တဲ့ချမ်းသာတဲ့သူတစ်ချို့က ဒေါသထွက်ကြသည်။

အရမ်းထင်ပေါ်တဲ့သူဌေးကြီးတွေကိုမှလိုချင်ကြတဲ့ သိုက်တူးသမားတွေကလည်း စိတ်တိုကြသည်။

အတိုချုပ်ပြောရလျှင် သူတို့နှစ်ဦးက ကျောင်းရဲ့ရေပန်းအစားဆုံး ပြောစရာစကားဝိုင်းဖြစ်နေသည်။

ယဲ့ဖန်က ထိုအကြောင်းတွေကို မသိပေ။

သူ့အသိပြန်ဝင်လာမှ ရှန်းပိုင်ထျန်းအနောက်ကနေ ချက်ချင်းရှောင်ထွက်လိုက်သည်။

ရှန်းပိုင်ထျန်းက သူ့ရဲ့အားနာတဲ့ပုံစံကိုမြင်တာကြောင့် ချက်ချင်း အူမြူးသွားသည်။

ထိုကောင်လေးရဲ့ ဒီလိုပုံစံကို မြင်ရတာရှားသည်။

ဘယ်လောက် စိတ်ဝင်စားစရာကောင်းလိုက်လဲ။

အပြန်လမ်းတွင် ရှန်းပိုင်ထျန်း သူမ သူငယ်ချင်းဆီက ဖုန်းဝင်လာသည်။

သူမ သူငယ်ချင်းဆီကနေ သူမ နဲ့ ယဲ့ဖန်တို့အကြောင်းဟာ ပြောစရာသတင်းအဖြစ် ကျောင်းစာမျက်နှာမှာတက်နေကြောင်း သိလိုက်ရသည်။

" ပိုင်ထျန်း၊ နင် တကယ်ကြီးယဲ့ဖန်နဲ့တွဲနေတာလား "

သူမ သူငယ်ချင်းကလည်း ထိုအကြောင်းကို အရမ်းစိတ်ဝင်စားနေသည်။

" မဟုတ်ပါဘူး "

သူမက ကားမောင်းနေရင်း အရေးမပါသလို အသံဖြင့်ဖြေလိုက်သည်။

" ဒါဆို ကျောင်းစာမျက်နှာမှာတင်ပြီး ရှင်းမပြတော့ဘူးလား "

သူမ သူငယ်ချင်းက စိတ်ပူစွာဖြင့် ထပ်မေးသည်။

" ဘာလို့ရှင်းပြရမှာလဲ "

ရှန်းပိုင်ထျန်း ထိုကိစ္စကို လုံးဝဂရုမစိုက်ပေ။

" အဲ့လိုဆို လူတိုင်းက နင့်ကို အထင်လွဲနေတော့မှာပေါ့ "

" အဲ့လိုအထင်လွဲနေတော့ကောင်းတာပေါ့။ အဲ့တာဆို ယင်ကောင်လို အကောင်တွေငါ့နားမကပ်တော့ဘူးလေ "

" ဒါပေမဲ့ ....... "

" အင်းပါ၊ ငါကားမောင်းနေလို့ နောက်မှပြောမယ် "

ရှန်းပိုင်ထျန်း သူမ သူငယ်ချင်းနဲ့ဖုန်းပြောတာချပြီးတဲ့နောက် ယဲ့ဖန်ပုံရိပ်က သူမစိတ်ထဲပေါ်လာသည်။

သူမနှုတ်ခမ်းက တမင်မဟုတ်ပါဘဲ လှပတဲ့ပုံရိပ်လေးအဖြစ် အပေါ်သို့ကွေးညွတ်တက်သွားသည်။

စဉ်းစားရင်းမှ သူမအဘိုးမွေးနေ့ပွဲက နီးကပ်လာပြီဖြစ်ပြီး သူမမှာ ပွဲတက်ဖို့တွဲဖက်ယောက်ျားလေး မရှိသေးပေ။

အဲ့ဒီကောင်လေးက ခေါ်သွားဖို့အဖော်ကောင်းဖြစ်သည်။

ယဲ့ဖန်သဘောတူမလားတော့ သူမ မသိပေ။

ဟမ့်၊ သူက သဘောမတူဘဲနေပါ့မလား။

သူမ အခု အလွန်ကိုရှက်သွေးဖြာနေပြီဖြစ်သည်။

သူသာ သဘောမတူရဲလို့ကတော့..........

ဟမ့် ဟမ့်။

အပိုင်း (၄၂)

ဒီလူငယ်လေးကဘယ်သူများလဲ။

ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ကနေ ပြန်ပြီးတဲ့နောက် ယဲ့ဖန် ဘဏ်သို့ အရင်ဆုံးသွားလိုက်သည်။

သူ့ရဲ့ချက်လက်မှတ်နှစ်စောင်ကို ကိုယ်ပိုင်အကောင့်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် ကျောင်းမြို့နယ်အိမ်၏ အရောင်းဝန်ထမ်းမန်နေဂျာမှ ယဲ့ဖန်ကို ပိုင်ဆိုင်မှုလွှဲပြောင်းရေးအတွက် ဖုန်းဆက်သည်။

အခုထိ စောသေးတာဖြစ်တဲ့အတွက် ယဲ့ဖန် အဲ့ဒီနေရာသို့ ကားမောင်းသွားလိုက်သည်။

ကျောင်းမြို့နယ်အိမ်ရှိသည့်ရပ်ကွက်ကို လီကျင်းဥယျာဉ်ဟုခေါ်သည်။

ထိုနေရာတွင် မူလတန်းကျောင်း၊ အလယ်တန်းကျောင်းများစွာရှိပြီး ကျုံးဟိုင်တက္ကသိုလ်နဲ့လည်းမဝေးပေ။

ဆေးရုံများ၊ ရထားဘူတာရုံများနှင့် အခြားလိုအပ်သည့်အဆောက်အဦးများစွာလည်းရှိသည်။

ထိုနေရာရှိမြေတစ်လက်မတိုင်းက ရွှေတစ်မျှတန်ဖိုးရှိတဲ့ တန်ဖိုးမြင့်နေရာဖြစ်သည်။

ယဲ့ဖန် လီကျင်းဥယျာဉ်အရောင်းရုံးခန်းကိုရောက်တဲ့အခါ ထိုနေရာမှာ လူအပြည့်ဖြစ်နေသည်။

ယောက်ျားမိန်းမလူအုပ်ကြီးက ဝယ်ယူဖို့ ရန်ဖြစ်နေကြသည်။

သူတို့ကိုကြည့်ရတာ အိမ်ခြံမြေဝယ်ဖို့နဲ့မတူဘဲ ဂေါ်ဖီထုပ်ဝယ်ဖို့ လုနေကြသူများနှင့်တူသည်။

ယဲ့ဖန် ခေါင်းကိုခါပြီးပြုံးလိုက်သည်။ အဲ့ဒီနောက် အရောင်းဝန်ထမ်းမန်နေဂျာကိုရှာနေလိုက်သည်။

ထိုအချိန်မှာဘဲ လူအုပ်ထဲမှ ရင်းနှီးတဲ့ပုံရိပ်တစ်ခုကိုမြင်လိုက်သည်။

ကျုံးထျန်းအိမ်ခြံမြေဥက္ကဌ လင်းကျွင်းကျွင်းဖြစ်သည်။

သူမပုံစံက အရင်ကလို လုပ်ရည်ကိုင်ရည်အပြည့်နဲ့ထူးချွန်တဲ့ပုံရိပ်က ပျောက်ဆုံးနေပြီး သူမက အနည်းငယ်ရှက်ရွံ့နေပုံရသည်။

သူမက လူအုပ်ထဲမှာတိုးဝေ့နေသည်။

" လင်းမိန်းကလေး၊ ဘာလုပ်နေတာလဲ "

ယဲ့ဖန်က သူမကို လူအုပ်ထဲကဆွဲထုတ်လိုက်သည်။

လင်းကျွင်းကျွင်းက ရန်ပြန်တွေ့ဖို့လုပ်နေပြီးမှ ယဲ့ဖန်မှန်းတွေ့လိုက်ရတာကြောင့် ဒေါသကိုထိန်းလိုက်သည်။

" ယဲ့လူကြီးမင်း၊ ရှင်ရော ဒီမှာ အိမ်ဝယ်ဖို့ရောက်နေတာလား "

ယဲ့ဖန်က သူမ ချွေးပျံနေတာမြင်တဲ့အခါ အနည်းငယ်ရယ်စရာကောင်းတယ်ဟုထင်မိသည်။

" ခင်ဗျားက ရာထူးရာခံရှိတဲ့သူတစ်ယောက်ဘဲ။ အိမ်တစ်လုံးဝယ်ဖို့အတွက်နဲ့ ဒီလိုပုံစံထိဖြစ်ဖို့လိုလို့လား "

လင်းကျွင်းကျွင်းက ပိုပြီးရုတ်ရုတ်သဲသဲဖြစ်လာသည့်လူအုပ်ကြီးကိုကြည့်ပြီး စိတ်ပူလာသည်။

" ယဲ့လူကြီးမင်း၊ ရှင်မသိလို့ပါ။ ဒီရပ်ကွက်က ကျုံးဟိုင်မြို့ရဲ့အကောင်းဆုံး ကျောင်းမြို့နယ်အိမ်တွေပါ။ ရှင့်မှာ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရပါဘူး။ ဝယ်ချင်တယ်ဆိုရင် မြန်မြန်လုပ်မှရပါမယ် "

ယဲ့ဖန် အုတ်အော်သောင်းနင်းဖြစ်နေတဲ့လူအုပ်ကြီးကိုကြည့်ပြီး ခေါင်းခါလိုက်သည်။

" တကယ်ကို အဲ့လောက်တောင် ကြီးကျယ်နေလို့လား "

အဲ့ဒီနောက် ယဲ့ဖန် အရောင်းမန်နေဂျာရဲ့ဖုန်းနံပါတ်ကိုနှိပ်လိုက်သည်။

" ဒီရောက်နေပါပြီ။ အရောင်းဧည့်ခန်းထဲမှာပါ "

လင်းကျွင်းကျွင်းကတော့ ယဲ့ဖန်နဲ့ဆက်ပြီး အချိန်ဖြုန်းမနေချင်တာကြောင့် စကားဖြတ်ပြောလိုက်သည်။

" ယဲ့လူကြီးမင်း၊ နောက်မှပြောမယ်နော်။ ကျွန်မ ဝယ်ဖို့ တန်းစီရဦးမှာမလို့ပါ "

သူမက ပြောပြီးတဲ့နောက် တန်းစီဖို့ လူအုပ်ထဲကို ပြန်ဝင်သွားသည်။

ထိုအချိန်တွင် အလောတကြီးလမ်းလျှောက်လာတဲ့ အရောင်းရုံးခန်းမန်နေဂျာနှင့် ဝန်ထမ်းတစ်အုပ်ကိုတွေ့ရသည်။

" ခင်ဗျားက ယဲ့လူကြီးမင်းဖြစ်ရမယ် မဟုတ်လား။ ကျွန်တော်က ဝမ်မင်းပါ။ လီကျင်းဥယျာဉ်အရောင်းဌာနရဲ့ ခေါင်းဆောင်ပါ။ တွေ့ရတာ ဝမ်းသာပါတယ် "

ချက်ချင်းဘဲ ယောက်ျားတစ်ယောက်က ရှေ့ကိုတက်လာပြီး ယဲ့ဖန်လက်ကို အားပါးတရဆွဲကာနှုတ်ဆက်သည်။

ကြည့်လိုက်တာနဲ့ မျက်နှာလိုမျက်နှာရလုပ်နေမှန်းသိနိုင်သည်။

လင်းကျွင်းကျွင်း အံ့ဩသွားရသည်။

အခု သူမ ဒီအရောင်းရုံးခန်းကိုလာတုန်းက ကျုံးထျန်းအိမ်ခြံမြေရဲ့အထွေထွေမန်နေဂျာအဖြစ် သူမကိုယ်သူမမိတ်ဆက်ပြီး တစ်ဖက်သူလူရှိန်အောင် မိတ်ဆက်ခဲ့သည်။

သို့ပေမဲ့ ဝမ်မန်နေဂျာက ဂရုမစိုက်ဘဲပြန်ဖြေသည်။

" လူတွေအများကြီးက အိမ်တွေဝယ်နေကြတာပါ။ ကူညီချင်ရင်တောင် ကူလို့မရပါဘူး "

ဒါပေမဲ့ အခုတော့ သူက ယဲ့ဖန်ကို အလွန်မျက်နှာသာပေးနေသည်။

လူနှစ်ယောက်ကို ဆက်ဆံပုံက အင်မတန်ကွာခြားနေသည်။

လီကျင်းဥယျာဉ် ရုံးဝန်ထမ်းတွေကလည်း ထိတ်လန့်တဲ့အမူအရာတွေဖြစ်ကုန်ကြကာ ယဲ့ဖန်ကို ခြေဆုံးခေါင်းဆုံးကြည့်ကြသည်။

ဒီလူငယ်လေးက ဘယ်ကလဲဆိုတာ သူတို့မသိကြပေ။

မန်နေဂျာဝမ်ကတောင် ကိုယ်တိုင်ကိုယ်ကျထွက်ကြိုရတာလား။

ယဲ့ဖန်က ဘာသိဘာသာဘဲ ခေါင်းငြိမ့်ပြသည်။

" မန်နေဂျာဝမ်၊ ကျွန်တော့်မှာ အချိန်သိပ်မရှိတာကြောင့် မြန်မြန်ကိစ္စဖြတ်ကြတာပေါ့ "

မန်နေဂျာဝမ်က ခေါင်းကိုချက်ချင်းငြိမ့်ပြသည်။

" စာချုပ်က အသင့်ဖြစ်နေပါပြီ။ အချိန်မရွေးပေးလို့ရပါတယ် "

အဲ့ဒီနောက် မန်နေဂျာဝမ်က သူ့လက်ထောက်ဆီက စာချုပ်အထုပ်လိုက်ကြီးကိုယူလိုက်သည်။

ထိုမြင်ကွင်းက အရောင်းရုံးခန်းတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။

မန်နေဂျာဝမ်ရဲ့လက်ထဲကိုကြည့်လိုက်တာနဲ့ အနည်းဆုံးစာချုပ်တစ်ဒါဇင်လောက်ရှိနေသည်။

ဒီလူငယ်လေးက တစ်ခါတည်းအိမ်တစ်ဒါဇင်ထက်မကလောက်ကို ဝယ်လိုက်တာများလား။

မန်နေဂျာဝမ်က ချက်ချင်းပြောသည်။

" ယဲ့လူကြီးမင်း၊ ဒီဟာတွေက ကျွန်တော်တို့ရဲ့ အိမ်ခြံမြေဘုရင်တိုက်ခန်းအမှတ် (၈)က ငွေချေစာချုပ်တွေပါ။ တစ်ချက်စစ်ကြည့်ပါ "

မန်နေဂျာဝမ်ကပြောပြီးတဲ့နောက် ရုံးခန်းကြီးတစ်ခုလုံး နောက်တစ်ကြိမ်ထပ်ဆူညံသွားသည်။

သူက အဆောက်အဦးကြီးတစ်ခုလုံးကိုဝယ်လိုက်တာလား။

ပြီးတော့ တိုက်ခန်းအမှတ်(၈)ကိုလား။

အဲ့တာက လီကျင်းဥယျာဉ်တိုက်တွေရဲ့ အကောင်းဆုံးဘုရင့်တိုက်လို့တောင်ပြောကြသည်။

ထိုအိမ်ခြံမြေတိုက်ခန်းကို ပိုက်ဆံရှိရုံနဲ့တင် ဝယ်ယူလို့မရနိုင်ပါ။

လင်းကျွင်းကျွင်း လုံးဝကို ထိတ်လန့်သွားသည်။

ယဲ့ဖန်ရဲ့အင်အားက တောင့်တင်းမှန်း သူမ သိသော်လည်း ဒီလောက်ကြီးအထိပြင်းထန်မယ်လို့ မထင်ထားပေ။

ဒီကျောင်းမြို့နယ်အတွင်းမှာ အိမ်တစ်လုံးဝယ်ယူရန်ကို သူမ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်မတတ်လုပ်နေရသည်။

သို့ပေမဲ့ သူကတော့ လီကျင်းဥယျာဉ်ဘုရင်တိုက်ခန်းဆိုတဲ့ ဂုဏ်ပုဒ်ကို လွယ်လင့်တကူအရယူလိုက်နိုင်သည်။

လူအချင်းချင်းကို နှိုင်းယှဉ်ဖို့က စိတ်တိုစရာကောင်းသည်။

လွှဲပြောင်းတဲ့လုပ်ငန်းစဉ်က အလွန်ကိုချောမွေ့ခဲ့ပြီး ကိစ္စအားလုံးကို တစ်နာရီအတွင်း ပြီးမြောက်သွားခဲ့သည်။

အခုတော့ လီကျင်းဥယျာဉ်ရဲ့ ထိပ်ဆုံးတိုက်ခန်းအဆောက်အဦးနံပါတ် (၈)က တရားဝင် ယဲ့ဖန်နာမည်ပေါက်သွားပြီဖြစ်သည်။

ဒီလောက်ထူတဲ့စာချုပ်အထပ်လိုက်နဲ့ ပိုင်ဆိုင်မှုလက်မှတ်တွေကို ကိုင်ထားရတာတောင်မှ ယဲ့ဖန်စိတ်က တည်ငြိမ်နေသည်။

ဒီကျောင်းမြို့နယ်အဆောက်အဦးလေးတစ်ခုက ယွမ်သန်း ၈၀၀ လောက်သာတန်သည်။

ဘယ်လောက်များကိစ္စကြီးလို့လဲ။

အရောင်းရုံးခန်းထဲတွင် လူတိုင်းက သူ့လက်ထဲက စာချုပ်ထပ်ကြီးကိုသာ ကြည့်နေကြသည်။

သူတို့အကြည့်တွေက အစာမစားရတာအတော်ကြာနေတဲ့ ဝံပုလွေတွေအလား စူးရဲနေကြသည်။

လင်းကျွင်းကျွင်း အံကိုကြိတ်ပြီး အရဲစွန့်ကို ရှေ့တက်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်မ မျက်နှာပြောင်ပြောင်နဲ့ဘဲ တောင်းဆိုပါရစေ။ တိုက်ခန်းတစ်စုံလောက်ရောင်းပေးနိုင်မလား။ ဈေးကွက်ပေါက်ဈေးထက် ပိုပေးနိုင်တယ်လို့ အာမခံပါတယ် "

ဒီတောင်းဆိုမှုက အနည်းငယ်မျက်နှာပြောင်တိုက်တယ်လို့ သူမ ထင်မိတာကြောင့် မြန်မြန် ဆက်ဖြည့်ပြောသည်။

" တကယ်လို့ သဘောမတူရင်လည်းရပါတယ်။ ကျွန်မ မမေးလိုက်ဘူးလို့ဘဲ သဘောထားပေးပါ "

ယဲ့ဖန်က ခပ်ဖျော့ဖျော့ ပြုံးသည်။

" ရတာပေါ့။ ခင်ဗျားကြိုက်တဲ့ဟာ ဘယ်ဟာမဆို ရွေးလိုက်ပါ "

သူက ပြောလိုက်ရင်း စာချုပ်အပုံလိုက်ကြီးကို လှမ်းပေးလိုက်သည်။

လင်းကျွင်းကျွင်း မယုံနိုင်တာကြောင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။

သူမက ဒီအတိုင်းရလိုရငြားမေးလိုက်ပေမဲ့ တကယ်ကြီး သဘောတူလာလိမ့်မည်ဟု မထင်ထားပေ။

သူမက ချက်ချင်းမယူနိုင်ဖြစ်နေတာကို ယဲ့ဖန်တွေ့တဲ့အခါ စနောက်မိသည်။

" ဘာလဲ၊ မယူတော့ဘူးလား "

လင်းကျွင်းကျွင်း စာချုပ်တွေကိုယူလိုက်ပြီး သူမ လိုချင်တဲ့အထပ်ကိုရွေးတော့သည်။

အခန်းထဲကလူတိုင်းက သူမကို မနာလိုနေကြသည်။

သူမက လှပတာကြောင့် ဆက်ဆံပုံက သေချာပေါက်ကွဲပြားသည်။

အပိုင်း (၄၃)

ရိုးသားတဲ့ဟာသ၊ ချက်ကောင်းထိတဲ့ဟာသ။

လင်းကျွင်းကျွင်း အိမ်တွေကို အချိန်အတော်ကြာ ကြည့်ပြီးတဲ့နောက် ၁၆လွှာက တိုက်ခန်းတစ်ခုကို ရှာတွေ့သွားသည်။

အဆောက်အဦးက ၁၇လွှာရှိပြီး ၁၆လွှာက အကောင်းဆုံးဖြစ်သည်။

ဒါကြောင့် ဈေးကလည်း အကြီးဆုံးဖြစ်သည်။

ဈေးကွက်ပေါက်ဈေးအရ အနည်းဆုံးယွမ်သန်း၅၀တန်သည်။

သူမ ကျေးဇူးတရားကိုဖော်ပြတဲ့အနေနဲ့ လင်းကျွင်းကျွင်းနောက်ထပ်ငါးသန်းထပ်ပိုပေးလိုက်သည်။

အဲ့လိုဆိုရင်တောင်မှ သူမ ကောင်းကျိုးအများကြီးရလိုက်တာဖြစ်သည်။

ကျောင်းမြို့နယ်ထဲရှိ လီကျင်းဥယျာဉ်ထဲကလို ကောင်းမွန်တဲ့နေရာမှ တိုက်ခန်းတစ်ခုရလိုက်ခြင်းက သေချာပေါက်အဖိုးတန်လွန်းလှသည်။

သူမသာ ဆန္ဒရှိရင် သန်း၆၀နဲ့ပြန်ရောင်းလျှင်တောင်မှ လူတွေကပြန်ဝယ်ဖို့ ရန်ဖြစ်ကြပေလိမ့်မည်။

သူမလည်း အကျိုးအများကြီးရထားတာသိတာကြောင့် ပိုင်ဆိုင်မှုလွှဲပြောင်းပြီးတာတောင်မှ ယဲ့ဖန်ကို ထမင်းစားဖိတ်ဖို့ စခေါ်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒီနေ့ည စီစဉ်ထားတာမရှိဘူးဆိုရင် ကျွန်မက ထမင်းဖိတ်ကျွေးလို့ရမလား "

ယဲ့ဖန်တွေးပြီးတဲ့နောက် ခေါင်းငြိမ့် သဘောတူလိုက်သည်။

ယဲ့ဖန်လည်း ညစာအတွက်အခြားချိန်းဆိုထားမှုမရှိတာကြောင့် သူနဲ့အတူ မိန်းမလှလေးက ထမင်းစားမည်ဆိုလျှင် စားမြိန်လေသည်။

သူတို့အတူ ရုံးခန်းအပြင်သို့လျှောက်ထွက်သွားသည့်အခါ ရုံးခန်းထဲကလူတွေရဲ့ခံစားချက်တွေက ရောထွေးကုန်သည်။

မိန်းမအများစုကတော့ လင်းကျွင်းကျွင်းကိုမနာလိုကြသည်။ သူမက လိုချင်တဲ့တိုက်ခန်းရသွားရုံသာမက ယဲ့ဖန်လို ငယ်ရွယ်ပြီး ဒိတ်ဒိတ်ကြဲချမ်းသာတဲ့သူဌေးလေးနဲ့ ညစာစားဖို့ချိတ်နိုင်သွားသည်။

ယောက်ျားအများစုအားကျခြင်းအကြောင်းမှာ ယဲ့ဖန်သည် ချမ်းသာရုံသာမက ရုပ်ရည်လည်းချောမောတာကြောင့်ဖြစ်သည်။

အဲ့လိုလှပတဲ့အမျိုးသမီးတစ်ယောက်ကတောင် သူမကိုယ်သူမ ယဲ့ဖန်လက်ထဲသို့ လိုလိုလားလား ပစ်ဝင်သည်။

အခြားသူတွေမှ မနာလိုစိတ်သာဖြစ်လာသည်။

.........................

လင်းကျွင်းကျွင်းသည် ယဲ့ဖန်ထက် ကျုံးဟိုင်ကို သေချာပေါက်ပိုပြီးရင်းနှီးကျွမ်းဝင်မှုရှိသည်။

သူမ ဦးဆောင်ရင်းကနေ သူတို့နှစ်ဦးဟာ မကြာခင်မှာ 'ယွဲ့ကျီ'အမည်ရှိ သီးသန့်စားသောက်ဆိုင်သို့ရောက်လာသည်။

အဝေးကနေ တောင်ကိုနောက်ခံထားသည့် တရုတ်ရိုးရာပုံစံအိမ်ကို ယဲ့ဖန် တွေ့ရသည်။ တကျီကျီမြည်နေတဲ့ငှက်သံတို့ ပဲ့တက်ထပ်နေတာကလွဲပြီး အတော်လေးကို တိတ်ဆိတ်နေသည်။

သူတို့နှစ်ဦးသည် လင်းကျွင်းကျွင်းကြိုမှာထားသည့် သီးသန့်ခန်းထဲကို ဝင်လိုက်ချိန်မှာဘဲ စနစ်မှအကြောင်းကြားစာရောက်လာသည်။

[ နှစ်တစ်ရာဂျင်ဆင်းကို ရှာဖွေတွေ့ရှိထားပါသည်။ ယွမ်သန်း၅၀တန်ဖိုးရှိပစ္စည်းဖြစ်ပါသည်။ ]

[ ရတနာရှာဖွေခြင်းစနစ်က သင့်ကို လမ်းညွှန်ပေးပါတော့မည်။ လက်ရှိလမ်းကြောင်းမှ ဘယ်ဘက်ကို လှည့်ပါ။ ]

ယဲ့ဖန်သည် လင်းကျွင်းကျွင်းကို တည်ငြိမ်စွာကြည့်သည်။

" မှာနှင့်ပါ။ သန့်စင်ခန်း ခဏသွားလိုက်ပါဦးမယ် "

လင်းကျွင်းကျွင်းက ဘာမှသံသယမဝင်ဘဲ ဟင်းပွဲတွေကို စတင်မှာနေသည်။

ယဲ့ဖန်က သီးသန့်အခန်းကနေထွက်ပြီး စနစ်ရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာပြီး သီးသန့်စားသောက်ဆိုင်ကနေထွက်ကာ အနောက်ဘက်ကတောင်ထဲသို့ဝင်သွားသည်။

ကောင်းကင်ကမှောင်နေပြီဖြစ်ပြီး တောထဲကိုဝင်လေလေ ယဲ့ဖန်အမြင်တွေဝေဝါးလာလေဖြစ်သည်။

သို့ပေမဲ့ ယဲ့ဖန် စနစ်ကိုယုံကြည်ပြီး တောနက်ထဲ ဆက်ဝင်သွားသည်။

နောက်ဆုံးတွင် ဆယ်မိနစ်ကြာပြီးတဲ့နောက် နှစ်ချို့ထင်းရှုးပင်ကြီးအောက်တွင် ယဲ့ဖန် နှစ်ရာကျော်သက်တမ်းရှိဂျင်ဆင်းကိုတွေ့ခဲ့သည်။

စနစ်ကညွှန်ကြားတဲ့နည်းလမ်းကိုလိုက်နာပြီး အသေအချာလေးတူးဖော်လိုက်သည်။

ဆယ်မိနစ်အတွင်းမှာဘဲ လက်တစ်ဖဝါးစာဂျင်ဆင်းရိုင်းကို ရရှိသွားသည်။

အမြစ်တွေကို အထိအခိုက်မရှိဘဲ ဂျင်ဆင်းအသန့်ကိုတူးဖော်လိုက်နိုင်သည်။

ထိုအချိန်မှာ စနစ်ရဲ့သတိပေးအကြောင်းကြားသံက ထွက်ပေါ်လာသည်။

[ ဂုဏ်ယူပါတယ်၊ လက်ခံသူ။ ရတနာစနစ်တာဝန်ပြီးဆုံးတဲ့အတွက်ကြောင့် စနစ်က သင့်ကို ဈေးကွက်ပေါက်ဈေး ယွမ်သန်း၂၀၀၀တန်ဖိုးရှိ လင်းယွမ်အိမ်ခြံမြေရှယ်ယာ ၆၀%ကို ဆုအဖြစ်ပေးအပ်ပါသည်။ ]

ကောင်းတဲ့အရာတွေ အစုံလိုက်ရောက်နေတာဘဲ။

ယဲ့ဖန်ပျော်ရွှင်သွားပြီးနောက် ဂျင်ဆင်းရိုင်းကို သေချာသိမ်းပြီး လာရာလမ်းအတိုင်းပြန်သည်။

သူ သီးသန့်အခန်းထဲကိုပြန်ရောက်တဲ့အခါ လင်းကျွင်းကျွင်းကို သူ့ကို အကြာကြီးစောင့်နေခဲ့တာဖြစ်သည်။

" ကျွန်မက ရှင်ပလစ်သွားပြီထင်တာ "

သူမ အသံမှာ မကျေမနပ်သံပေါက်နေသည်။

" တောင်းပန်ပါတယ်၊ လမ်းပျောက်သွားလို့ပါ "

ဒီကိစ္စကို ကျော်ချသွားဖို့အတွက် ယဲ့ဖန်က မကြီးလွန်းမသေးလွန်းတဲ့အလိမ်အညာတစ်ခုကိုပြောလိုက်သည်။

လင်းကျွင်းကျွင်းကလည်း ဆက်မမေးတော့ဘဲ ယဲ့ဖန်ကို ဟင်းအနည်းငယ်ခပ်ထည့်ပေးသည်။

သူတို့နှစ်ဦးလုံး ကားမောင်းရမှာဖြစ်တဲ့အတွက်ကြောင့် အရက်မှာမထားပေ။

" ယဲ့လူကြီးမင်း၊ ရှင့်ဆီကနေ အခွင့်အရေးအများကြီးယူမိသွားပါပြီ။ ဘယ်လိုတောင်ကျေးဇူးတင်ရမလဲမသိတော့ပါဘူး။ အနာဂတ်မှာ ကျွန်မဆီက အကူအညီလိုရင် တောင်းဆိုဖို့ ဝန်မလေးပါနဲ့ "

လင်းကျွင်းကျွင်းရဲ့ မျက်လုံးဝိုင်းတို့က တလက်လက်တောက်ပနေပြီး သူမက သိပ်ကို ကြည့်ကောင်းနေသည်။

" အစ်မလင်းက ကျောင်းမြို့နယ်နားမှာ အိမ်ကို အရမ်းဝယ်ချင်နေတာဆိုတော့ ကလေးကျောင်းသွားရင် အဆင်ပြေအောင်လို့များလား "

ယဲ့ဖန်က စားနေရင်း သာမန်ရိုးကျမေးလိုက်သည်။

" ဘာတွေပြောနေတာပါလဲ၊ ယဲ့လူကြီးမင်း။ ကျွန်မမှာ ချစ်သူရည်းစားတောင်မရှိတာကို ဘယ်က ကလေးရှိရမှာလဲ "

လင်းကျွင်းကျွင်းအသံက ခပ်ပြတ်ပြတ်ဖြင့် စနောက်ကာဖြေလိုက်သည်။

" တောင်းပန်ပါတယ်။ ကျွန်တော်က လင်းမိန်းကလေးလို ထက်မြက်တဲ့အမျိုးသမီးမှာက သင့်တော်တဲ့သူတွေအများကြီးရှိမှာလို့တွေးမိလို့ပါ။ ဘာလို့ ကောင်လေးမရှိတာလဲ "

ယဲ့ဖန် အထင်လွဲသွားတာအတွက် အနည်းငယ်ရှက်သွားသည်။

" ကျွန်မအထင် ထူးချွန်လေလေ သင့်တော်တဲ့သူရှာရခက်လေလေ ဖြစ်မယ် မဟုတ်လား။ ယဲ့လူကြီးမင်းမှာလည်း ကောင်မလေးမရှိဘူးလေ ဟုတ်တယ်မလား "

" အဟွတ်၊ အဟွတ်၊ အဟွတ် .......... "

ယဲ့ဖန် ချက်ချင်းကို သီးသွားပြီး ပြင်းပြင်းထန်ထန်ချောင်းဆိုးသွားသည်။

လင်းကျွင်းကျွင်းက သူမ စနောက်တာလွန်သွားပြီဆိုတာသိတဲ့အခါမှ ကူညီပြီး ကျောကိုလာပုတ်ပေးသည်။

" ယဲ့လူကြီးမင်း၊ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မက ရှင့်ကို နောက်လိုက်တာပါ "

သူမက ခါးကိုင်းလိုက်တဲ့အခါ ရင်ဘတ်ကဟိုက်သွားသည်။

ယဲ့ဖန် သူ့ရဲ့မျက်လုံးထောင့်ကနေ သူမရဲ့ စိုပြည်တဲ့အသားအရေကို တဖျတ်ခနဲမြင်လိုက်ရတာကြောင့် အသက်ရှူရပ်သွားသလိုခံစားရသည်။

" လင်းမိန်းကလေးရဲ့ ဟာသက တကယ်ကို ချက်ကောင်းထိတဲ့ဟာသဘဲ "

လင်းကျွင်းကျွင်းက ယဲ့ဖန်ရဲ့အသံအနေအထားထူးဆန်းနေတယ်လို့ထင်မိတာကြောင့် သူ့ရဲ့အမြင်ရောက်တဲ့နေရာကိုကြည့်ဖို့ ခေါင်းငုံ့လိုက်သည်။ သူမ မျက်နှာကနေ နားရွက်အထိ တစ်ပြင်လုံးရဲတွတ်သွားသည်။

သူမက ယဲ့ဖန်ရဲ့ကျောကို ရိုက်လိုက်သည်။

" ရှင်က မကောင်းတဲ့လူကြီးဘဲ "

အဲ့ဒီနောက် သူမက စိတ်ဆိုးဆိုးနဲ့ ပြန်ထိုင်သည်။

ဒီအမျိုးသမီးက ရုပ်ရည်သာမက ကိုယ်လုံးကိုယ်ပေါက်ကပါ အကောင်းဆုံးအရည်အသွေးရှိတယ်လို့ ပြောလို့ရနိုင်သည်။

အဲ့တာကြောင့် သူမစိတ်ဆိုးပုံက စိတ်ရှုပ်စရာကောင်းမနေဘဲ ကြည့်ရတောင်ကောင်းနေသည်။

ယဲ့ဖန်က ဂနာမငြိမ်ဘဲ သူမကို ဆက်ပြီးစနောက်ဖို့ပြင်နေချိန်မှာဘဲ တိုက်ဆိုင်စွာဖြင့် ဖုန်းဝင်လာသည်။

သူ့ခံစားချက်က ချက်ချင်းရပ်တန့်သွားပြီး ဖုန်းကို ကိုင်လိုက်သည်။

" ဘယ်သူပါလဲ "

တစ်ဖက်ကလူက သူ့စိတ်အခြေအနေမကောင်းတာကို ခန့်မှန်းမိပုံရသည်။ တစ်ခဏရပ်နေပြီးမှ မိန်းကလေးတစ်ယောက်ရဲ့အသံထွက်လာသည်။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်မက ကျန်းယုံထင်းပါ။ လင်းယွမ်အိမ်ခြံမြေရဲ့တရားဝင်ဒါရိုက်တာပါ။ ရှယ်ယာလွှဲပြောင်းရေးအတွက် ကုမ္ပဏီကိုလာဖို့ အချိန်များရှိပါသလား "

အပိုင်း (၄၄)

တိုက်ဆိုင်မှုမရှိလျှင် ဇာတ်လမ်းလည်းမရှိ။

တနင်္ဂနွေနေ့မနက်တွင် ယဲ့ဖန် နေမြင့်တဲ့အထိအိပ်နေခဲ့သည်။

မနက်စာကို ဖြည်းဖြည်းချင်းစားပြီးတဲ့နောက် ဝတ်စုံပြည့်အသစ်ကိုဝတ်ကာ လင်းယွမ်အိမ်ခြံမြေသို့ ကားဖြင့်မောင်းသွားသည်။

လင်းယွမ်အိမ်ခြံမြေရဲ့ဌာနချူပ်က အရမ်းကိုခမ်းနားပြီး ရည်မှန်းချက်ပြည့်ဝတယ်ဆိုတဲ့ ခံစားချက်လည်းရသည်။

ယဲ့ဖန် ကားထားဖို့နေရာရှိလိုက်ပြီး သူ့ကားကိုပါကင်ထိုးလိုက်ကာ လမ်းဘေးတစ်လျှောက်ရှုခင်းတွေကြည့်ရင်း အဆောင်အဦးထဲကိုဝင်လာသည်။

ပြောနေရင်းဖြင့် ယဲ့ဖန်အတော်လေးကံမကောင်းဖြစ်သွားသည်။

ပျာယာခတ်နေတဲ့ပုံရိပ်တစ်ခုက သူ့ကို အသိမပေးဘဲ ဝင်တိုက်သည်။

" အိုက်ရိုး "

တစ်ဖက်ကသူက မိုးပြိုမလိုမျက်နှာနဲ့ လန်ကျမလိုဖြစ်သွားသည်။

ယဲ့ဖန်က အများကြီးတွေးမနေဘဲ သူမခါးကနေလှမ်းဆွဲမတ်ပေးလိုက်သည်။

" အဆင်ပြေရဲ့လား "

တစ်ဖက်လူက သူ့ကိုဝင်တိုက်တာဖြစ်ပေမဲ့ ယဲ့ဖန်ကဘဲ ယဉ်ကျေးသမှုနဲ့မေးလိုက်သည်။

မထင်မှတ်စွာဘဲ တစ်ဖက်ကအမျိုးသမီးက အဲ့တာကို ကျေးဇူးမတင်ပေ။ အဲ့အစား ဒေါသပါထွက်လာပြီး ပြန်အော်ပြောသည်။

" လမ်းလျှောက်နေရင်း မျက်စိနဲ့ကြည့်မလျှောက်တတ်ဘူးလား "

ထိုအမျိုးသမီးက လှပပေမဲ့ ဒီလိုအကျိုးအကြောင်းမဆီလျော်လိမ့်မယ်လို့ မထင်ထားပေ။

ထိုအမျိုးသမီးက သူ့ကို အထင်သေးသည့်အကြည့်ဖြင့်ကြည့်သည်။

" ငါကမင်းက တိုက်မိလို့လား။ မင်းကသာ ငါ့ကို လာဝင်တိုက်တာ၊ ဟုတ်ပြီလား။ ငါမင်းလိုလူတွေအများကြီးမြင်ဖူးတယ်၊ အမှောင်ထဲမှာပုန်း၊ ပြီးရင် ကောင်မလေးတွေကို ဝင်တိုက်ချင်ယောင်ဆောင်ပြီး အခွင့်ကောင်းယူတာလေ "

သူမက အော်ဟစ်နေတာကြောင့် ဟောခန်းထဲကလူတွေက ယဲ့ဖန်ကို လှည့်ကြည့်ကြသည်။

သူတို့အကြည့်ကလည်း အထင်သေးသည့်အကြည့်တွေဖြစ်နေသည်။

ယဲ့ဖန်က ဒီနေ့ ရှယ်ယာလာလွှဲပြောင်းယူတာဖြစ်တာကြောင့် ဒီမိန်းမနဲ့အချိန်ဖြုန်းနေဖို့မရှိပေ။

သူက ချက်ချင်းလှည့်ထွက်ဖို့ပြင်သည်။

ထိုမိန်းမက အဲ့လောက်ခေါင်းမာမယ်မှန်း ယဲ့ဖန်မထင်ထားပါ။ သူမက ယဲ့ဖန်အင်္ကျီကိုဆွဲပြီးပြောသည်။

" နင် ငါ့ကို မတောင်းပန်ရသေးဘူးလေ။ ဘယ်သွားဖို့ပြင်နေတာလဲ "

" ခင်ဗျားရူးနေတာလား "

ယဲ့ဖန် အနည်းငယ်ဒေါသထွက်လာပြီး လက်ကိုပုတ်ထုတ်လိုက်သည်။

တကယ်တော့ သူ အားအနည်းငယ်သာသုံးပြီး သူမဆွဲထားတဲ့လက်ပြုတ်သွားရုံလောက်သာ ဖယ်ထုတ်လိုက်ပေမဲ့ ထိုမိန်းမက မြေပေါ်လဲကျသွားလိမ့်မယ်လို့ ယဲ့ဖန်ထင်မထားပါ။

အဲ့ဒီနောက် သူမက စတင်ငိုတော့သည်။

ထိုအချိန်တွင် ဟောခန်းမထဲကလူတွေက ယဲ့ဖန်နားဝိုင်းလာသည်။

" မိန်းကလေးတစ်ယောက်ကို ဘာလို့အဲ့လိုလုပ်နိုင်ရတာလဲ "

" ဟုတ်တယ်၊ မင်းကယောက်ျားလေးဘဲကို "

" ဒီကအစ်မ၊ မကြောက်ပါနဲ့။ ကျွန်တော်တို့ ကူညီပါ့မယ် "

" ရဲကိုခေါ်လိုက်၊ ပြီးရင် ဒီအကြမ်းဖက်လူကို ဥပဒေအရအရေးယူလိုက်ကြ "

လူတိုင်းက စိတ်လှုပ်ရှားနေကြသည်။ အထူးသဖြင့်အရှေ့နားကလူတွေက သူမကို ကာကွယ်ပေးသူကြီးတွေအလား စပြောကြသည်။

မြေပေါ်ကမိန်းကလေးက ငိုနေပေမဲ့ပျော်နေသည်။

သူမက ဒီနေ့ လင်းယွမ်အိမ်ခြံမြေကိုလာပြီး အလုပ်အင်တာဗျူးဖြေဖို့လုပ်ထားပေမဲ့ သူမ အောင်မြင်ဖို့ရာခိုင်နှုန်းအလွန်နည်းသည်။

သူမ ဒီအခွင့်အရေးကိုသုံးပြီး အထက်လူကြီးတွေဆီသတင်းရောက်အောင်လုပ်ရမည်။

အဲ့တာဆို ကုမ္ပဏီလူကြီးတွေထဲကတစ်ယောက်ယောက်က သူမကိုသနားပြီး အလုပ်ခန့်နိုင်သည်။

ထိုအတွေးနဲ့အတူ သူမက ပိုအော်ငိုလိုက်သည်။

ယဲ့ဖန် ဘေးကျပ်နံကျပ်ဖြစ်နေစဉ်မှာဘဲ သူ့အနောက်ကနေ ရုတ်တရက် မိန်းမတစ်ယောက်အသံထွက်လာသည်။

" ဒါ ယဲ့လူကြီးမင်းများလား "

ယဲ့ဖန် အသံကြားတဲ့အခါ အနောက်လှည့်လိုက်သည်။

သူက အနက်ရောင်ဝတ်စုံပြည့်ဝတ်ထားပြီး အေးစက်တဲ့ကိုယ်ရောင်ဝါရှိတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်သည်။

ထိုအမျိုးသမီးဟာ မနေ့က ရှေးဟောင်းဈေးမှာ နဂါးကိုးခွက်ကိုရောင်းခဲ့တဲ့သူဖြစ်သည်။

' ငါ့အထင် သူမနာမည်က ....... ချန်းရွှမ်များလား '

" မိန်းကလေးချန်း၊ ဘယ်လောက်တောင် တိုက်ဆိုင်တာလဲ။ ဒီမှာအလုပ်လုပ်တာလား "

ယဲ့ဖန်က အရင် သူမကို နှုတ်ဆက်လိုက်သည်။

ထိုအချိန်မှာဘဲ အစက ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ခန်းမထဲကလူတွေက ရုတ်တရက်တိတ်ဆိတ်သွားတာကို ယဲ့ဖန်သတိထားမိလိုက်သည်။

အထူးသဖြင့် ယဲ့ဖန်ကို တရားဥပဒေအရဆောင်ရွက်မယ်လို့ ဆော်ဩခဲ့တဲ့ယောက်ျားတွေက ပိုလို့တောင်ကြောက်နေကြသည်။

" တကယ်ကြီး ယဲ့လူကြီးမင်းဘဲ "

ချန်းရွှမ်က အရှေ့ကိုမြန်မြန်လျှောက်လာပြီး သူ့ကို နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်လိုက်သည်။

" ဟုတ်ပါတယ်၊ ကျွန်မက ဒီမှာ အလုပ်လုပ်တာပါ။ လင်းယွမ်အိမ်ခြံမြေရဲ့ဥက္ကဌနဲ့အမှုဆောင်မန်နေဂျာပါ "

မြေပေါ်က လိမ်ညာပြီးငိုနေတဲ့အမျိုးသမီးက ရုတ်တရက်မယုံနိုင်သည့်အကြည့်ဖြင့်ကြည့်နေသည်။

သူမ အခုလိမ်စားလိုက်တဲ့အကောင်က လင်းယွမ်အိမ်ခြံမြေသူဌေးရဲ့အသိလား။

အဲ့တာဆို သူမ သံပန်းကန်ပြားကြီးကို ကန်မိသွားတာမဟုတ်လား။

ချန်းရွှမ်က ထိုအမျိုးသမီးကိုသတိထားမိသွားပြီး ယဲ့ဖန်ကို ချက်ချင်းပြန်ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ဘာများဖြစ်လို့ပါလဲ "

ယဲ့ဖန်က ကူကယ်ရာမဲ့စွာ ပုခုံးတွန့်ပြီး ဖြစ်ကြောင်းကုန်စင်ရှင်းပြသည်။

ချန်းရွှမ်က ထိုအမျိုးသမီးကိုပြန်ကြည့်တဲ့အခါ သူမရဲ့အေးစက်တဲ့အကြည့်ကပြန်ပေါ်လာသည်။

" မင်းပြောသလိုဆို ယဲ့လူကြီးမင်းက မင်းကိုတမင်ဝင်တိုက်ပြီး မင်းကိုအခွင့်ကောင်းယူတယ်ပေါ့ ဟုတ်လား "

မြေပေါ်ကအမျိုးသမီးကထလာပြီး ကိုးယိုးကားယားအခြေအနေကနေ ပြုံးပြသည်။

" ကျွန်မ အထင်လွဲသွားတာဖြစ်ကောင်းဖြစ်နိုင်ပါတယ် "

ချန်းရွှမ်နှုတ်ခမ်းက အပေါ်ကိုကွေးတက်သွားပြီး အေးစက်တဲ့အပြုံးပေါ်လာသည်။

" ဖြစ်နိုင်တယ်တွေမလုပ်ပါနဲ့။ ဟုတ်တယ်ဆို ဟုတ်တယ်။ မဟုတ်ဘူးဆို မဟုတ်ဘူးပေါ့။ စောင့်ကြည့်ကင်မရာကနေပြန်ကြည့်ပြီး ဘယ်သူပြဿနာတက်မလဲကြည့်ကြမယ်လေ "

ထိုအမျိုးသမီးက ချက်ချင်းထိတ်လန့်သွားပြီး လက်ယမ်းပြသည်။

" မလိုပါဘူး။ ကျွန်မက ယဲ့လူကြီးမင်းအပေါ်အထင်လွဲသွားတာပါ။ ကျွန်မက တောင်းပန်ပါတယ် "

ချန်းရွှမ်ကဖိပြောလိုက်သည်။

" အထင်လွဲတာမဟုတ်ဘူးမလား။ တမင်တကာ သူ့ကို ချောက်ချတာဖြစ်ရမယ် "

ထိုအမျိုးသမီးဟာ အပြစ်မကင်းစိတ်ကြောင့် ခေါင်းကိုငုံ့ထားပြီး အသံပင်မထွက်ရဲပေ။

ချန်းရွှမ်က ခန်းမထဲကဝန်ထမ်းတွေကိုလည်း လှည့်ပြီးပြောသည်။

" မင်းတို့အားလုံးကြားတယ်မလား။ အနာဂတ်မှာ အကြောင်းမသိဘဲ ဘက်မလိုက်မိစေနဲ့ "

ဝန်ထမ်းတစ်အုပ်လုံးက အရှက်ရမှုကြောင့် ခေါင်းကိုငုံ့ထားကြသည်။

ချန်းရွှမ်က သူတို့ကြောင့် ဆက်စိတ်ရှုပ်ခံမနေတော့ပေ။ သူမက ယဲ့ဖန်ကိုကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်မမှာ အရမ်းအရေးကြီးတဲ့ဧည့်သည်ရှိနေလို့ပါ။ ခဏစောင့်ပေးပါ၊ ကျွန်မ နေ့လယ်စာလိုက်ကျွေးပါ့မယ် "

ယဲ့ဖန်က ပြန်ဖြေဖို့ပြင်နေတုန်း အနီရောင်ဝတ်စုံပြည့်နဲ့မိန်းမတစ်ယောက်က မြန်မြန်လမ်းလျှောက်လာသည်။

" ဥက္ကဌချန်း၊ လွှဲပြောင်းရေးစာရွက်စာတမ်းတွေက အကုန်အဆင်သင့်ဖြစ်ပါပြီ "

ချန်းရွှမ်ပ အသေအချာခေါင်းငြိမ့်ပြလိုက်သည်။

" ယုံထင်း၊ ယဲ့လူကြီးမင်းက ဘယ်တော့ရောက်မှာလဲ "

အနီရောင်ဝတ်စုံနဲ့အမျိုးသမီးက ကုမ္ပဏီ၏တရားဝင်ဒါရိုက်တာ၊ သူမရဲ့ညာလက်ရုံး၊ ကျန်းယုံထင်းဖြစ်သည်။

" မကြာခင်ရောက်မယ်ထင်ပါတယ်။ ကျွန်မဖုန်းဆက်ပြီး ထပ်မေးလိုက်ပါ့မယ် "

ကျန်းယုံထင်းက ချက်ချင်းသူမဖုန်းကိုထုတ်ပြီး နံပါတ်ကိုရိုက်နှိပ်လိုက်သည်။

ချက်ချင်းဘဲ ယဲ့ဖန်ဖုန်းကမြည်လာသည်။

ချန်းရွှမ်မျက်လုံးတို့က မယုံနိုင်မှုကြောင့် ပြူးကျယ်သွားသည်။

သူက သူမကုမ္ပဏီကိုဝယ်တဲ့ ယဲ့လူကြီးမင်းများလား။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

All Chapters