← Chapters

အပိုင်း ၄၅-၄၈

Vol. 3 Ch. 45-48

အပိုင်း ၄၅-၄၈

Vol. 3 Ch. 45-48

အပိုင်း (၄၅)

ရေခဲတုံးဥက္ကဌအလှလေးရဲ့စိတ်ကူးယဉ်မှု။

ယဲ့ဖန်က ချန်းရွှမ်ရဲ့ရှုပ်ထွေးတဲ့အကြည့်ကြောင့် ဖုန်းကိုကိုင်လိုက်သည်။

ယဲ့ဖန် ဘာမှမတုန့်ပြန်ခင်မှာဘဲ သူမက ချက်ချင်းမေးသည်။

" ယဲ့လူကြီးမင်း၊ အခုဘယ်ရောက်နေပါပြီလဲ "

ယဲ့ဖန်က ရယ်ချင်စိတ်ကိုအောင့်လိုက်သည်။

" နည်းနည်းတော့ဝေးပေမဲ့ ခင်ဗျားမျက်စိရှေ့နားမှာတင်ပါဘဲ "

ကျန်းယုံထင်းလှည့်ကြည့်လိုက်တဲ့အခါ ယဲ့ဖန်နဲ့အကြည့်ဆုံသွားသည်။

သူတို့အရှေ့ကလူငယ်လေးက သူတို့ကုမ္ပဏီရဲ့ရှယ်ယာ၆၀%ကိုဝယ်သွားတဲ့ ယဲ့လူကြီးမင်းတဲ့လား။

သူက အဲ့လောက်ငယ်မယ်လို့ သူမ ထင်မထားပေ။

သူမထက်တောင် ငယ်ပုံရသည်။

ချန်းရွှမ်က ပိုတောင်အံ့ဩနေရသည်။

" ကျွန်မကုမ္ပဏီကိုဝယ်တာရှင်လား "

ယဲ့ဖန်က ပြုံးလိုက်သည်။

" ဘာလို့ ကျွန်တော်မဖြစ်နိုင်ရမှာလဲ "

ချန်းရွှမ်က ချက်ချင်းလက်ခါပြသည်။

" အထင်မလွဲပါနဲ့၊ ကျွန်မက အံ့ဩသွားလို့ပါ။ ကျုံးဟိုင်မြို့မှာ လင်းယွမ်အိမ်ခြံမြေကိုဝယ်နိုင်တဲ့သူက အနည်းငယ်ဘဲရှိလို့ပါ။ ရှင့်မှာ ဒီလိုအင်အားရှိမယ်မှန်းမထင်ထားတာကြောင့်ပါ "

သူမက ပြောနေရင်း မျက်လုံးတို့က နီရဲလာပြီး ငိုမည့်အသွင်ပေါ်လာသည်။

ယဲ့ဖန် လန့်သွားသည်။

" ဘာလို့ငိုနေတာလဲ။ မရောင်းချင်ရင် ကျွန်တော်မဝယ်ပါဘူး၊ ဟုတ်ပြီလား "

ချန်းရွှမ်က မြန်မြန်ခေါင်းခါပြသည်။

" မဟုတ်ပါဘူး။ ကျွန်မ ......... ကျွန်မက ဒီအတိုင်းဝမ်းသာလို့ပါ။ ရှင်ကြောင့်သာမဟုတ်ရင် ကျွန်မတို့ကုမ္ပဏီကဒေဝါလီခံရတော့မှာ။ ကျေးဇူးအများကြီးတင်ပါတယ် "

အဲ့အခါမှ ယဲ့ဖန်စိတ်လျှော့နိုင်တော့သည်။

သူမက ပျော်လို့ငိုနေတာဘဲ။

ငိုဖို့လိုလို့လား ဒီလိုအတွက်နဲ့။

သူတို့စကားဝိုင်းကိုကြားတဲ့အခါ လင်းယွမ်အိမ်ခြံမြေကဝန်ထမ်းတွေ ခြောက်ခြားကုန်သည်။

သူတို့ နှာဘူးလို့အထင်လွဲခဲ့တဲ့သူက သူတို့သူဌေးအသစ်ဖြစ်မယ်မထင်ထားတာပါ။

သူတို့နောက်ကျ အနိုင်ကျင့်ခံရတော့မှာလား။

အထူးသဖြင့် ယဲ့ဖန်ကို ရဲလက်အပ်မယ်ပြောကြတဲ့သူတွေကတော့ ကမ္ဘာကြီးအဆုံးသတ်ပြီလို့ကိုခံစားနေရတော့သည်။

ယဲ့ဖန်ကိုလိမ်စားတဲ့အမျိုးသမီးကတော့ ပိုလို့တောင် နောင်တရသွားသည်။

ဒီလူက လင်းယွမ်အိမ်ခြံမြေရဲ့သူဌေးအသစ်မှန်း သူမ သိခဲ့ပါက အဲ့လို လိမ်စားဖို့လုပ်ရဲမှာမဟုတ်ခဲ့ချေ။

ထိုအတွေးနဲ့အတူ သူမက သနားစရာကောင်းအောင် ယဲ့ဖန်ကိုမြှူဆွယ်တဲ့အကြည့်နဲ့ကြည့်နေသည်။

ထိုပုံစံကိုမြင်တဲ့ ချန်းရွှမ်က ဒေါသထွက်လာသည်။

" ဒီနေရာကနေ ချက်ချင်းထွက်သွားပါ။ လင်းယွမ်အိမ်ခြံမြေက မင်းလိုလူကို ဘယ်တော့မှ အလုပ်ခန့်မှာမဟုတ်ဘူး "

ထိုအမျိုးသမီးက လန့်သွားပြီး ယဲ့ဖန်လက်ကို ချက်ချင်းဆွဲကာတောင်းပန်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်မမှားသွားပါတယ်။ ကျေးဇူးပြုပြီး နောက်ထပ်အခွင့်အရေးပေးပါ။ ဒီအလုပ်ကိုတကယ်ရချင်လို့ပါ "

ယဲ့ဖန်က သူမကိုဆွဲခါလိုက်ချင်ပေမဲ့ သူမက ခွေးသန်းအလား သူ့ကိုတွယ်ကပ်နေသည်။

ယဲ့ဖန်လည်း သူမနဲ့ဆက်ရန်မများချင်တာကြောင့် လုံခြုံရေးကိုလှမ်းခေါ်ပြီးထုတ်ခိုင်းလိုက်သည်။

ထိုမိန်းမရဲ့ ရင်ကွဲမတတ်ငိုသံကိုကြားတဲ့အခါ လင်းယွမ်ဝန်ထမ်းတွေ အသက်တောင်မရှူရဲကြတော့ပေ။

သူမအတွက် ရှေ့ကကာပြောပေးခဲ့ကြသူတွေက ချွေးစေးတွေထွက်လာကြပြီး သူတို့ပါအထုတ်ခံရမှာကြောက်လာကြသည်။

သို့ပေမဲ့ ယဲ့ဖန်က အဲ့လိုဝန်ထမ်းလေးတွေတိုင်းနဲ့ လိုက်စကားများဖို့ ပျင်းလွန်းသည်။

အဲ့ဒီနောက် ချန်းရွှမ်က သူ့ကို စာရွက်စာတမ်းကိစ္စပြင်ရန် ဥက္ကဌရုံးခန်းသို့ခေါ်သွားသည်။

ယဲ့ဖန်က ဒီလုပ်ငန်းစဉ်နဲ့ရင်းနှီးကျွမ်းဝင်နေပြီဖြစ်တာကြောင့် နာရီဝက်အတွင်းပြီးသွားခဲ့သည်။

ချန်းရွှမ်က စာရွက်စာတမ်းကို လက်မှတ်ထိုးပြီး တရားဝင်ရုံးတံဆိပ်တုံးထုပြီးတဲ့နောက် သက်ပြင်းရှည်ကြီးချလိုက်သည်။

သူမကိုယ်ပေါ်က ဝန်ထုပ်ဝန်ပိုးကြီးလျော့သွားသလို ခံစားရသည်။

စိတ်ကောင်းဝင်နေတဲ့သူမက ယဲ့ဖန်ကို ရေနွေးကြမ်းငဲ့ပေးသည်။

ဘေးမှာ စာရွက်တွေစီနေတဲ့ ကျန်းယုံထင်းက လန့်သွားရသည်။

ကုမ္ပဏီအတွင်းတွင် ဥက္ကဌကို ရေခဲနတ်ဆိုးလို့ အမည်ပေးထားကြသည်။ ဘယ်တုန်းက သူမက အဲ့လို သူများကို ဂရုစိုက်တတ်သွားတာလဲ။

အထူးသဖြင့် တစ်ဖက်လူကယောက်ျားလေးဖြစ်နေတာတောင်မှလေ။

ဒါက လုံးဝကို ကျော်သွားလို့မရတဲ့ကိစ္စဖြစ်သည်။

သူတို့နှစ်ယောက်ကြားမှာ ဘယ်သူမှမသိတဲ့တစ်ခုခုများရှိနေလို့လား။

ဖြစ်နိုင်ချေမြင့်သည်။

မဟုတ်ပါက ယဲ့လူကြီးမင်းက ဒေဝါလီခံရခါနီး သူမကုမ္ပဏီကိုဝယ်ရန်အကြောင်းမရှိပေ။

ကျန်းဒါရိုက်တာရဲ့စိတ်ကူးယဉ်တွေးနိုင်စွမ်းက အရမ်းကြီးတယ်လို့ပြောကြသည်။

လျင်မြန်စွာဘဲ သူမက စိတ်ထဲက သူတို့နှစ်ယောက်ကိစ္စကို ဆက်စပ်တွေးချပလိုက်သည်။

ထိုအတွေးနဲ့အတူ သူမက အကြောင်းပြချက်ပေးပြီး အပြင်ထွက်သွားသည်။

ချန်းရွှမ်နှင့် ယဲ့ဖန်တို့နှစ်ယောက်သာ ဥက္ကဌရုံးခန်းကြီးထဲမှာ ကျန်နေခဲ့သည်။

ပတ်ဝန်းကျင်အနေအထားက အတော်လေးကို ကြောင်အအနိုင်သည်။

" ယဲ့လူကြီးမင်း၊ အိမ်ခြံမြေဈေးကွက်ကို ဘယ်လိုထင်ပါလဲ "

ချန်းရွှမ်က စကားစလိုက်သည်။

" အိမ်ခြံမြေလား။ အမှန်တိုင်းပြောရရင် ကျွန်တော် သေချာမသိဘူး "

ယဲ့ဖန်က အမှန်တိုင်းဘဲဖြေလိုက်သည်။

စနစ်က သူ့ကို ကူညီခဲ့တာကြောင့် ဒီအရာတွေကိုရခဲ့တာဖြစ်ပြီး ဈေးကွက်အကြောင်းကို သူတကယ်မသိပေ။

" ရှင်က ဈေးကွက်အကြောင်းတွေနားမလည်ဘူးလား "

ချန်းရွှမ် လုံးဝကို ကြောင်အသွားရသည်။

တစ်ဖက်လူက ကုမ္ပဏီရဲ့ရှယ်ယာ၆၀%ကိုဝယ်လိုက်ပေမဲ့ သူက အိမ်ခြံမြေဈေးကွက်အကြောင်းကို ဘာမှမသိဘူးတဲ့လား။

သူက ပိုက်ဆံအများကြီးနဲ့ရူးနေတဲ့သူများဖြစ်နေမလား။

သေချာပေါက် မဟုတ်ဘူးပေါ့။

နဂါးကိုးခွက်ကိုမှတ်မိတဲ့သူက ဘယ်လိုလုပ်အရူးဖြစ်ရမှာလဲ။

ဒါဆို ဖြစ်နိုင်ချေက တစ်ခုသာရှိတော့သည် ............

သူက ဒီကို ကုမ္ပဏီကိုလိုချင်လို့မဟုတ်ဘဲ သူမကို အခက်အခဲတွေကနေ ကူညီချင်လို့ဖြစ်မည်။

ဒါဆို အဓိပ္ပာယ်ရှိသွားပြီလေ။

ဒါပေမဲ့ ဘာလို့ အဲ့လိုလုပ်ရတာလဲ။

' သူက ငါ့ကို ...... ကြိုက်နေတာများလား '

ထိုအတွေးကြောင့် ချန်းရွှမ်မျက်နှာရုတ်တရက်နီရဲတက်လာသည်။

ယဲ့ဖန်က ချန်းရွှမ်ရဲ့အခန်းတွင်းအပြင်အဆင်တွေကိုကြည့်နေရင်း သူမ ရုတ်တရက် ရှက်သွေးဖြာလာတာကိုမြင်လိုက်သည်။ ထူးဆန်းတယ်လို့ ယဲ့ဖန်ထင်မိသည်။

" အဆင်ပြေရဲ့လား "

ချန်းရွှမ်က အတွေးလွန်နေတာကြောင့် သူမေးတာကို မကြားပေ။

ယဲ့ဖန်က အသံကိုမြှင့်ပြီးထပ်မေးလိုက်သည်။

" အဆင်ပြေရဲ့လား "

" အာ့ "

ချန်းရွှမ်က လန့်သွားသည်။ သူမလက်ထဲက ရေနွေးခွက်ကတုန်သွားပြီး ရေနွေးတွေက ခြေထောက်ပေါ်ကိုဖိတ်စင်လာသည်။

" အာ့၊ နာလိုက်တာ "

ထိုပုံစံကိုမြင်တဲ့အခါ ယဲ့ဖန်က သူမ စကတ်ကို မ'လိုက်တဲ့အခါ သူမခြေထောက်က ရဲနေတာကိုတွေ့လိုက်သည်။

" အာ့၊ မလုပ် ........ "

ချန်းရွှမ်က ပိုလန့်သွားပြီး သူ့ကို အဝေးတွန်းထုတ်လိုက်သည်။

" မရွှေ့နဲ့ "

ယဲ့ဖန်အော်လိုက်သည်။

သူ့အသံကို ငြင်းဆန်လို့မရတဲ့အသံအနေအထားဖြစ်သည်၊

ပုံမှန်ဆို သူမ ဝန်ထမ်းတွေအရှေ့မှာ အရမ်းကိုတည်ကြည်တဲ့ ချန်းရွှမ်က ချက်ချင်းမလှုပ်ရဲတော့ပေ။

" ဆေးသေတ္တာရှိလား "

ယဲ့ဖန်က အပူလောင်တဲ့နေရာကိုကြည့်ပြီး ခေါင်းကိုမော့လိုက်သည်။

" အဲ့ဒီမှာ "

ချန်းရွှမ်က အချက်အလက်စုဆောင်းရေးဘီရိုအပေါ်ကို ညွှန်ပြလိုက်သည်။

ယဲ့ဖန်က ချက်ချင်းဆေးသေတ္တာကိုယူပြီး ဂွမ်းဖတ်ပေါ်အပူလောင်လိမ်းဆေးလောင်းချပြီး သူမရဲ့ဖြူဖွေးတဲ့ခြေထောက်လေးပေါ်ပွတ်ပေးလိုက်သည်။

" အာ့.... ဖြည်းဖြည်းလုပ်ပါ "

အပိုင်း (၄၆)

ကြီးမားသောအထင်လွဲခြင်း

" ဖြည်းဖြည်းလုပ်ပေးလို့ရမလား.......အဲ့တာကနာတယ် ...... "

ချန်းရွှမ်ရဲ့နာကျင်မှုကြောင့်အော်တဲ့အသံက ဥက္ကဌရုံးခန်းအပြင်ကနေကြားနေရသည်။

အပြင်မှာရပ်နေတဲ့ ကျန်းယုံထင်းက ထိုစကားတွေကြားပြီး ရှက်လာသည်။

သူမ ဒီနေရာကနေ ချက်ချင်းပျောက်ကွယ်သွားနိုင်ဖို့ဆုတောင်းနေသည်။

သို့ပေမဲ့ သူမထွက်သွားပါက အခြားတစ်ယောက်ယောက်ရောက်လာပြီး ဥက္ကချန်းရဲ့ကိစ္စတွေ အပြင်ကိုပွသွားပြီး ဂုဏ်သိက္ခာကျမှာလည်းစိုးရိမ်သည်။

အဲ့တာကြောင့်တံခါးနားမှာဘဲရပ်စောင့်နေခဲ့သည်။

သူမစိတ်ထဲကမှာတော့ တစ်ယောက်တည်းနေချင်စိတ်သာစိုးမိုးနေတော့သည်။

ဌာနရဲ့တရားဝင်ဒါရိုက်တာတစ်ယောက်အနေကနေ ဒီလိုလူကြီးကိစ္စတွေကိုစောင့်ကြည့်ပေးရမယ့်သူတစ်ယောက်အဖြစ်ရာထူးကျသွားမယ်မှန်း မထင်ထားပေ။

.....................

ရုံးခန်းထဲ။

ယဲ့ဖန်က ချန်းရွှမ်ကို ဆေးကူလိမ်းပေးပြီး အနာကပ်တိပ်ပတ်ပေးသည်။

" ဆေးရုံသွားပြီး ကုလိုက် မဟုတ်ရင် အနာက ပိုးဝင်သွားလိမ့်မယ် "

ချန်းရွှမ် နာနာခံခံခေါင်းကိုငြိမ့်သည်။

သူမ ဘာကြောင့် သူ့စကားကိုနားထောင်မိလဲ မသိတော့ပါ။

သူတို့နှစ်ယောက်က နှစ်ကြိမ်သာတွေ့ဆုံရသေးတာဖြစ်သည်။

သူတို့နှစ်ယောက်က အခုမြင်ကွင်းက မသင့်တော်ဘူးဆိုတာကို ယဲ့ဖန်က သတိထားမိသွားသည်။

ချန်းရွှမ်ရဲ့ကျောက်စိမ်းလိုခြေထောက်လေးက သူ့ခြေထောက်ပေါ်တင်ထားပြီး အရမ်းကိုညှို့ယူအားပြင်းနေသည်။

" ခြေထောက်ချလို့ရပါပြီ "

ယဲ့ဖန်က သူမ ခြေထောက်ရွှေ့ချင်ပုံမပေါ်တာကြောင့် သတိပေးလိုက်သည်။

ချန်းရွှမ်ရဲ့လှပတဲ့မျက်နှာလေးက ထပ်ပြီးနီရဲလာကာ ခြေထောက်ကိုပြန်ချလိုက်ပြီး စကတ်ကိုလည်း ဆွဲချလိုက်သည်။

သူမနှလုံးခုန်သံတို့က အရိုင်းဆန်နေသည်။

သူမ တစ်ခါမှမခံစားဖူးတဲ့ခံစားချက်တို့က ရင်ထဲမှာဖြစ်တည်လာသည်။

ယဲ့ဖန်ကတော့ သိပ်အများကြီးမတွေးပါ။

အခု လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် သူဒီမှာဆက်နေဖို့ အကြောင်းပြချက်မရှိပေ။

အဲ့တာကြောင့် ချက်ချင်းထပြီးပြန်သွားသည်။

ချန်းရွှမ်က မြန်မြန်လိုက်ထပြီး နှုတ်ဆက်ပို့ဆောင်သည်။

တံခါးရှေ့မှာရပ်စောင့်နေတဲ့ ကျန်းယုံထင်းသည် ချန်းရွှမ်ရဲ့ထော့နဲ့နေတဲ့လမ်းလျှောက်ပုံနဲ့ တွန့်ကြေနေတဲ့စကတ်အစ်ကိုမြင်တဲ့အခါ သူမ အထင်မှန်ကြောင်း လက်ခံလိုက်တော့သည်။

သူတို့တွေအထဲမှာရှိနေတုန်း မဟုတ်တာတွေလုပ်နေကြတာဘဲ။

" ယုံထင်း၊ အစ်မနေလို့မကောင်းလို့ ယဲ့လူကြီးမင်းကို လိုက်ပို့ပေးလိုက်ပါလား "

ချန်းရွှမ်က တကယ်ဘဲ လှုပ်ရှားလို့မလွယ်တာကြောင့် ကျန်းယုံထင်းကို ခိုင်းစေလိုက်သည်။

" ဟုတ်ကဲ့ပါအစ်မ "

ကျန်းယုံထင်းက ချက်ချင်းဘဲ သဘောတူပြီး ' ကျွန်မနားလည်ပါတယ် ' ဆိုတဲ့ အကြည့်တစ်ချက်ဖြင့်ကြည့်လိုက်သည်။

ထိုမိန်းကလေးဘာတွေးနေလဲဆိုတာ ချန်းရွှမ်မသိပေ။ မဟုတ်ပါက ကျန်းယုံထင်းကို အလွတ်ပေးမှာမဟုတ်ပါ။

ကျန်းယုံထင်းက ယဲ့ဖန်ကို အောက်အထိလိုက်ပို့ပြီး ယဲ့ဖန်နားမလည်နိုင်ဖြစ်သွားတဲ့စာသားတစ်ခုနဲ့နှုတ်ဆက်လိုက်သည်။

" ရှင် ရွှမ်ရွှမ့်ကို နောက်ကျ စိတ်ပျက်အောင်လုပ်ရင် ကျွန်မရှင့်ကိုအလွတ်ပေးမှာမဟုတ်ဘူး "

အဲ့ဒီနောက် သူမက လှည့်ပြီးလျှောက်ထွက်သွားသည်။

ယဲ့ဖန်က သူမနောက်ကျောကိုကြည့်လိုက်ပြီး ခေါင်းကိုကုတ်သည်။

" ရူးချင်စရာဘဲ "

..............

ထိုအချိန်မှာဘဲ၊ ဇိမ်ခံစံအိမ်တစ်ခုတွင်။

" အမှိုက်သရိုက် "

ယောက်ျားတစ်ယောက်ရဲ့ဒေါသသံဩဩနဲ့အတူ ရိုက်သံတစ်ချက်ထွက်လာသည်။

မိန်းမတစ်ယောက်က အရိုက်ခံရ၍ မြေပေါ်ပုံကျသွားသည်။

" ကျွန်မတောင်းပန်ပါတယ်၊ ကျန်းသခင်လေး။ ကျွန်မက အသုံးမကျပါဘူး "

မြေပေါ်ကမိန်းမက မြန်မြန်ထလာပြီး ရိုရိုကျိုးကျိုးတောင်းပန်သည်။

ယဲ့ဖန်သာ ဒီမှာရှိပါက ထိုမိန်းမဟာ သူ့ကို လင်းယွမ်အိမ်ခြံမြေအရှေ့မှာ လိမ်စားဖို့လုပ်ခဲ့တဲ့မိန်းမမှန်း သိနိုင်လိမ့်မည်။

" ငါမင်းကို လင်းယွမ်အိမ်ခြံမြေမှာ သူလျှိုအဖြစ်နေပြီး ချန်းရွှမ်ရဲ့လှုပ်ရှားမှုမှန်သမျှစောင့်ကြည့်ထားပါလို့ပြောတာကို နင်ကအခုအင်တာဗျူးတောင်မအောင်ခဲ့ဘူးလို့ပြောနေတာလား။ အဲ့တာဆို နင်က ဘာအသုံးဝင်သေးလို့လဲ "

ထိုယောက်ျားက အသက်နှစ်ဆယ်ဝန်းကျင်ရှိပြီး ရုပ်ရည်ကပြေပြစ်သည်။

သို့ပေမဲ့ သူ့မျက်ဝန်းထဲက အညှာအတာမဲ့တဲ့အကြည့်တစ်ချက်တစ်ချက်က တစ်ဖက်သူကို ကြောက်ရွံ့စေသည်။

ထိုမိန်းမက အမြန်ရှင်းပြသည်။

" ကျွန်မက ၁၀၀% ရဖို့သေချာပေမဲ့ ယောက်ျားတစ်ယောက်ကြောင့် ကျွန်မအစီအစဉ်တွေပျက်စီးသွားတာပါ "

ထိုလူက မျက်မှောင်ကြုတ်လိုက်သည်။

" ဘယ်အကောင်လဲ "

ထိုမိန်းမက သတိရဖို့ပြန်စဉ်းစားနေသည်။

" သူ့ကို ယဲ့ဆိုလား တစ်ခုခုဘဲ အဲ့လို့ခေါ်တယ်ထင်တယ်။ သူက လင်းယွမ်အိမ်ခြံမြေကိုဝယ်ယူဖို့လာတာလို့ကြားမိတယ် "

ထိုလူက သူမကို မီးဝင်းဝင်းတောက်တဲ့အကြည့်ဖြင့်ကြည့်လိုက်သည်။

" နင် ငါ့ကို မလိမ်ရင်ကောင်းမယ် "

ထိုမိန်းမက ခပ်မြန်မြန်ကတိပေးသည်။

" ကျွန်မလိမ်ညာမိရင် အသေဆိုးနဲ့သေရပါစေ "

ထိုလူက သူမကို အလွှတ်ပေးလိုက်ပြီး စားပွဲပေါ်က အနီရောင်ဝိုင်ခွက်ကိုယူလိုက်သည်။

" ယဲ့ဆိုတဲ့မျိုးရိုးနဲ့လူတဲ့လား၊ မင်းက ငါကျန်းရှောင်ကျဲဆိုတဲ့သူရဲ့စီးပွားရေးကို လာဖျက်ဆီးရဲတယ်ပေါ့လေ ဟုတ်လား "

သူက ချန်းရွှမ်အပေါ် သွားရည်တမြားမြားဖြစ်နေတာကြာပြီဖြစ်ပေမဲ့ တစ်ဖက်က သူ့ကိုတစ်စက်မှအရေးမလုပ်ပေ။

အဲ့တာကြောင့် သူက လတ်တလော လင်းယွမ်အိမ်ခြံမြေကို ပြဿနာတွေတက်အောင်လုပ်နေခဲ့တာဖြစ်သည်။

သူ့ရည်ရွယ်ချက်က ချန်းရွှမ်သူ့ဆီဒူးထောက်ခစားလာစေရန်ဖြစ်သည်။

အကြံအစည်ကအောင်မြင်ခါနီးမှ အနှောင့်ယှက်ခံလိုက်ရမယ်လို့ထင်မထားပေ။

သူ ဒါကို ဘယ်လိုလုပ်ကျော်သွားပေးလို့ရမှာလဲ။

" မင်းဘယ်သူလဲ ငါဂရုမစိုက်ဘူး။ မင်းက ငါ့ရန်သူဖြစ်ချင်မှတော့ မင်းကို ငရဲပို့ပေးရမှာပေါ့ "

ကျန်းရှောင်ကျဲရဲ့ချောမောတဲ့မျက်နှာက နတ်ဆိုးအသွင်ပြောင်းသွားတော့သည်။

.....…........................

နောက်နှစ်ရက်အတွင်းတွင် ယဲ့ဖန် သူ့ဘာသူနိုးလာတဲ့အထိ အိပ်ချိန်ရပြီး လက်တွေနာတဲ့အထိပိုက်ဆံတွေရေတွက်နေနိုင်ခဲ့သည်၊

ယဲ့ဖန်က သူနဲ့ ရှန်းပိုင်ထျန်းရဲ့ ကျောင်းစာမျက်နှာပေါ်က ကောလဟာသသတင်းကိစ္စကို မြင်ပြီးပြီဖြစ်သည်။

ပြဿနာကို မီးထွန်းမပေးချင်တဲ့အတွက် သူ ဒီနှစ်ရက် အိမ်မှာဘဲနေဖြစ်သည်။

ဒီလိုလွတ်လပ်အေးဆေးတဲ့ဘဝလေးက အမြဲရှိနေနိုင်မည်ဟု တွေးမိသည်။

ရှန်းပိုင်ထျန်းက သူ့ရဲ့အေးချမ်းတဲ့ဘဝလေးကို လာဖျက်ဆီးလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။

" ဘာလဲ။ စီနီယာ့အဘိုးရဲ့မွေးနေ့ပွဲကိုတက်ပေးရမှာလား။ လာနောက်နေတာလား "

ယဲ့ဖန်က ရှန်းပိုင်ထျန်းရဲ့ဖုန်းပေါ်ကတောင်းဆိုသံကိုကြားတဲ့အခါ သူချက်ချင်းပေါက်ကွဲထွက်တော့သည်။

" ငါက စနေတာပါ၊ ကျွန်မက ရှင့်ကို လာတက်ဖို့ဖိတ်ခေါ်ချင်ရုံပါ "

ရှန်းပိုင်ထျန်းက သူ့ကိုဖျောင်းဖျပြောဆိုသည်။

" ကျွန်တော်က စီနီယာ့အဘိုးကိုမှမသိတာ။ ဘာလို့သွားရမှာလဲ "

ယဲ့ဖန်က ဆက်ပြီးငြင်းဆိုသည်။

" ငါ့အဘိုးကိုမသိလည်းရပါတယ်။ ငါ့ကိုတော့သိတယ်လေ ဟုတ်တယ်မလား။ ငါ့ကို အဲ့လိုအထက်တန်းစားပတ်ဝန်းကျင်တစ်ခုမှာ မမြင်ဖူးချင်ဘူးလား "

ရှန်းပိုင်ထျန်းက ဆက်ပြီးပြောသည်။

" မမြင်ချင်ဘူး "

ယဲ့ဖန် တွေးတောင်မတွေးပေ။ သူက ထပ်ငြင်းလိုက်သည်။

" လာမှာလား မလာဘူးလား "

ရှန်းပိုင်ထျန်းအသံနေအသံထားက သိပ်မကောင်းပေ။

" မသွားဘူး၊ သေအောင်အရိုက်ခံရမယ်ဆိုရင်တောင်မသွားဘူး "

ယဲ့ဖန်က စိတ်ပိုင်းဖြတ်ထားသည်။

" ဒါပေမဲ့ကျောင်းက ကောလဟာလတွေကြောင့် လူတိုင်းက ငါတို့မှာထူးခြားတဲ့ဆက်ဆံရေးရှိနေတယ်လို့ထင်နေကြတာလေ။ နင်မလာရင် ငါကအိမ်ကလူတွေကို ဘယ်လိုရှင်းပြလို့ရမှာလဲ "

ရှန်းပိုင်ထျန်းအသံကနူးညံ့လာသည်။

" ဒီလိုဆိုရင်ရော။ အခုကူပြီး ငါ့အဘိုးမွေးနေ့ကိုလိုက်တက်ပေးလေ။ အဲ့တာပြီးရငါ ငါ့ရဲ့သတ်မှတ်ချက်မျဉ်းကိုမကျော်တဲ့တောင်းဆိုမှုတစ်ခုခုကိုလိုက်လျောပေးမယ်။ ဘယ်လိုလဲ။ "

သူမ စကားတွေကိုနားထောင်ပြီး သေချာစဉ်းစားကာ ယဲ့ဖန်အသံကနူးညံ့လာသည်။

" သွားလို့ရတယ်။ ဒါပေမဲ့လက်ဆောင်ပါဖို့တော့မမျှော်နဲ့။ ကျွန်တော်ကဆင်းရဲတယ် "

" နင်ကဆင်းရဲတယ်ဟုတ်လား "

ရှန်းပိုင်ထျန်း သူ့ရဲ့အဓိပ္ပာယ်မရှိတဲ့စကားကို ကြားရတာတောင်မယုံနိုင်ပေ။

Ferrari Enzo ကိုဝယ်စီးနိုင်ပြီး ရှချူးဖျော်ဖြေပွဲကို သီးသန့်ခန်းကနေ အဖိတ်ခံတဲ့သူကလေ။

အခုတော့ သူက ဆင်းရဲတယ်လို့ အတွန့်တက်နေတာလား။

ပြီးတော့ သူက လွန်ခဲ့တဲ့နှစ်ရက်မှ သူမဆီက ယွမ်၁၅သန်းရထားတာဖြစ်သည်။

ယဲ့ဖန်လာသရွေ့အဆင်ပြေပါသည်။

သူ ကပ်စီးနဲလည်း နဲပါစေ။

အဲ့လိုတွေးပြီး သူမက ပြန်ဖြေလိုက်သည်။

" နင်လာသရွေ့အဆင်ပြေတယ် "

အပိုင်း (၄၇)

တောင်တစ်ဖက်က မြေခွေးကို မျက်နှာချင်းဆိုင် ရိုက်ခြင်း။

ယဲ့ဖန်က ရှန်းပိုင်ထျန်းပေးတဲ့လိပ်စာတစ်လျှောက် သူ့ Ferrari Enzo ကားကြီးကိုမောင်းသွားသည်။

သူက ခရီးဆုံးကိုရောက်တဲ့အခါ တောင်ကိုနောက်ခံထားပြီးဆောက်ထားတဲ့ တရုတ်ရိုးရာအိမ်အကြီးကြီးကိုတွေ့လိုက်ရသည်။

ထိုအခါမှ ယဲ့ဖန်သည် ရှန်းပိုင်ထျန်းမိသားစုက ဒီလိုကျိကျိတက်ချမ်းသာမှန်းသိတာဖြစ်သည်။

ခြံသီးသန့်ကပင် ကျုံးထျန်းကန်သာယာစံအိမ်ထက် အစပေါင်းများစွာ ပိုပြီးခမ်းနားသည်။

ခြံအပြင်ဘက်တွင် ဇိမ်ခံကားများစွာက ပါကင်ထိုးထားသည်။

ထိုကားများထဲတွင် သူ့ Ferrari Enzo လောက်ဈေးကြီးတဲ့ကားတော့မရှိပေ။

သို့ပေမဲ့ ဒီလူတွေနဲ့ယှဉ်ပါက သူ့အခြေခံအုတ်မြစ်က နိမ့်ပါးနေသေးသည်။

သို့ပေမဲ့ သူ့ကိုယ်သူမရှက်ပါ။

သီချင်းလေးညည်းရင်း ကားထားဖို့နေရာရှာနေသည်။

ကားထိုးဖို့နေရာရှာတွေ့သွားပြီး ပါကင်ထိုးဖို့ပြင်နေစဉ်မှာဘဲ။

ဘွန်း။

ယဲ့ဖန် နေရာမဝင်ခင်မှာဘဲ အနက်ရောင် Koenigsegg CCX ကားက ဝင်ချလာသည်။

ယဲ့ဖန်သိသလောက် Koenigsegg CCX ဈေးကွက်ပေါက်ဈေးက ယွမ်သန်း၂၀ရှိသည်။

သူ့ Enzo ထက် အများကြီးတော့ မဆိုးပေ။

အဲ့ဒီနောက် ရုပ်ရည်ပြေပြစ်တဲ့အမျိုးသားတစ်ယောက်က ကားတံခါးကိုဖွင့်ပြီး ကားပေါ်ကဆင်းလာသည်။

သူက ယဲ့ဖန်ကို အထင်သေးသည့်အကြည့်ဖြင့်ကြည့်သည်။

ယဲ့ဖန် မျက်မှောင်နည်းနည်းကြုတ်လိုက်သည်။

တစ်ဖက်လူရဲ့ မပျူငှာမှုကို ယဲ့ဖန်ခံစားလို့ရသည်။

သို့ပေမဲ့ ထိုလူက ဘယ်သူလဲဆိုတာ ယဲ့ဖန်လုံးဝမသိပေ။

အဲ့တာဆို သူကဘာကြောင့်မုန်းတီးနေရတာလဲ၊

ထိုအချိန်မှာဘဲ ချက်ချင်းမသိနိုင်သလို ယဲ့ဖန်က တွေးကြည့်ဖို့ အားစိုက်ထုတ်မနေချင်ပါ။

အဲ့တာကြောင့် ကားထားဖို့ တခြားနေရာရှာပြီး ပါကင်ထိုးလိုက်သည်၊

ယဲ့ဖန်က ရှန်းအိမ်တော်ဝင်ပေါက်ကိုလျှောက်လာပြီး အထဲဝင်ဖို့ပြင်နေစဉ်မှာ .........

ထိုလူက ဘယ်ကမှန်းမသိပေါ်လာပြီး ယဲ့ဖန်လမ်းကိုပိတ်လိုက်သည်။

" အဘိုးရှန်ရဲ့မွေးနေ့ပွဲက ဘယ်ကအကောင်မဆို ဝင်လို့ရနေတာလား "

ယဲ့ဖန် ခေါင်းကိုမော့ပြီး သူ့ကိုကြည့်လိုက်သည်။

" ကျွန်တော်က ခင်ဗျားကိုသိလို့လား "

ထိုလူက နှာမှုတ်လိုက်သည်။

" မင်းကမသိပေမဲ့ ငါကမင်းကိုသိတယ်။ မင်းက လင်းယွမ်အိမ်ခြံမြေကိုဝယ်လိုက်တဲ့ ယဲ့ဖန် ဟုတ်တယ်မလား "

ယဲ့ဖန် မျက်လုံးကိုကြုတ်ပြီးကြည့်သည်။

" ခင်ဗျားက ကျွန်တော့်အကြောင်းစုံစမ်းထားတာဘဲ "

ထိုလူက ကြောက်ရွံ့စိတ်တစ်စက်ကလေးမှမပြပေ။

" စုံစမ်းတော့ဘာဖြစ်လဲ။ ငါ့ကိုယ်ငါမိတ်ဆက်ထားလိုက်မယ်။ ငါ့နာမည်က ကျန်းရှောင်ကျဲ၊ ပြီးတော့ချန်းရွှမ်က ငါကြိုက်တဲ့မိန်းကလေး။ မင်းအနာဂတ်မှာ သူမဆီကဝေးဝေးနေ၊ မဟုတ်ရင် ငါ့ကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့ပေါ့ "

ယဲ့ဖန်က ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။

" အစကတော့ သူမအပေါ်စိတ်ဝင်စားမှုမရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားပြောတာကြားပြီးတော့ သူမကို တကယ်စိတ်ဝင်စားသွားပြီ "

ကျန်းရှောင်ကျဲအကြည့်မှာ အညှာအတာကင်းမဲ့တဲ့ပုံရိပ်တို့ဖြတ်သွားသည်။

" ဒီမှာကလေး၊ ငါ့အထင် မင်းက ကျန်းမိသားစုရဲ့အင်အားကို အခုထိသိသေးပုံမရဘူးထင်တယ်၊ ဟုတ်တယ်မလား။ ငါက မင်းကို ဒီကမ္ဘာပေါ်က မိနစ်အနည်းငယ်အတွင်းဖျောက်ပစ်လိုက်လို့ရတယ်ဆို မင်းယုံမလား "

ယဲ့ဖန်ကလည်း အလျော့မပေးချေ။

" တကယ်ဆို မြင်ချင်ပါသေးတယ် "

ထိုအချိန်မှာ ဧည့်သည်တွေက တံခါးအရှေ့မှာစုဝေးလာကြသည်။

ကျန်းရှောင်ကျဲက တစ်ဖက်လူရဲ့ အများအမြင်ကိုသုံးပြီးချေပလိုက်မှုကြောင့် အနည်းငယ်ရှက်သွားရသည်။

" မင်းကောင်စုတ်လေး၊ မင်းက တောင်းဆိုနေမှတော့ "

သူကပြောရင်း အရှေ့ကိုတိုးလာသည်။

ထိုအချိန်မှာဘဲ ခြံထဲကတစ်ယောက်ယောက်ကအော်လိုက်သည်။

" ကျန်းရှောင်ကျဲ၊ ဒီနေ့က ငါ့အဘိုးမွေးနေ့နော်။ နင်ပြဿနာရှာရင် နင့်ကို ရှန်းမိသားစုရဲ့ရန်သူအဖြစ်သတ်မှတ်လိုက်မယ် "

စကားပြောပြီး အဖြူရောင်ဝတ်စုံနဲ့ထွက်လာတဲ့ ရှန်းပိုင်ထျန်းကိုတွေ့ရသည်။

ကောင်းမွန်စွာဝတ်စားထားတဲ့လူကြီးတွေလည်း ထိုနေရာမှာ အများကြီးရှိနေသည်။

သို့ပေမဲ့ရှန်းပိုင်ထျန်းထွက်လာတာနဲ့ အားလုံးမျက်နှာက အရောင်ဖျော့ကုန်ကြသည်။

ဒါက ပြဿနာကို အာဏာသုံးဖြေရှင်းတယ်ဆိုတာမျိုးလား။

ကျန်းရှောင်ကျဲက ရှန်းပိုင်ထျန်းကိုတွေ့တဲ့အခါ သူက ချက်ချင်းကိုပြုံးသည်။

" ရှောင်ထျန်းလေး၊ မတွေ့တာတောင်ကြာပြီ "

ရှန်းပိုင်ထျန်းကို သူ့ကိုမျက်စောင်းထိုးကြည့်လိုက်ပြီးပြောသည်။

" ကျန်းရှောင်ကျဲ၊ ငါနင့်ကို ဖိတ်မထားဘူး "

ကျန်းရှောင်ကျဲက သဘောတူသည့်အနေနဲ့ ခေါင်းငြိမ့်သည်။

" ငါ့ကိုဖိတ်မထားပါဘူး။ ဒါပေမဲ့ ဒီနေ့က အဘိုးရှန်းရဲ့မွေးနေ့လေ။ ဂျူနီယာတစ်ယောက်အနေနဲ့ သူ့ကို ဘာလို့လာပြီးဂုဏ်မပြုရမှာလဲ "

ရှန်းပိုင်ထျန်းက မွေးနေ့ပွဲမှာ ပြဿနာမတက်ချင်တာကြောင့် သူမက နှာမှုတ်လိုက်ပြီးသာ သတိပေးလိုက်သည်။

" ရှင့်ကိုယ့်အပြုအမူတွေကိုယ်သတိထား။ ကျွန်မကိုပြဿနာရှာမယ်ဆို ကျွန်မနဲ့ရှင်းရမယ်မှတ် "

ကျန်းရှောင်ကျဲက သူ့ကိုယ်သူဖြူစင်ယောင်ဆောင်ပြီး မြန်မြန်ငိုယိုသည့်ပုံစံနဲ့တိုင်သည်၊

" ကိုယ်က ဖြူစင်ပါတယ်ကွာ။ ဒီကလေးပေါ့ မွေးနေ့ပွဲကိုခိုးဝင်ပြီး တစ်ခုခုကိုခိုးဖို့ကြံနေတာ။ ပြီးတော့ ကိုယ်က သူ့ကို လက်ပူးလက်ကြပ်မိထားတာ။ ကိုယ်ဘာလုပ်ပေးရမလဲ "

သူကပြောပြီး ယဲ့ဖန်ကို လှမ်းကြည့်ဖို့လည်းမမေ့ပေ။

ရှန်းပိုင်ထျန်းက သူ့ကို အမူအရာမပြောင်းဘဲကြည့်လိုက်သည်။

" သူက ခိုးဖို့လုပ်တယ်လို့ ရှင့်မှာ ဘာပြောပိုင်ခွင့်ရှိလို့လဲ။ သက်သေရှိလို့လား "

ကျန်းရှောင်ကျဲက လူအုပ်ကြီးကိုလှမ်းကြည့်သည်။

" ခင်ဗျားတို့ သူ့ကိုသိကြလား "

မြင်ကွင်းထဲက ဧည့်သည်တွေက ခေါင်းခါကြသာ ယဲ့ဖန်ကို မသိကြောင်းပြောကြသည်။

ကျန်းရှောင်ကျဲက ရှန်းပိုင်ထျန်းကို ဂုဏ်ယူသည့်အကြည့်ဖြင့်ကြည့်သည်။

" တွေ့လား။ သူ့ကို ဘယ်သူမှမသိကြဘူးလေ၊ အဲ့တော့ သူက ကောင်းတဲ့သူမဟုတ်လောက်ဘူး "

ရှန်းပိုင်ထျန်းက သူ့ကိုအေးစက်စွာကြည့်လိုက်သည်။

" ယဲ့ဖန်ကိုဖိတ်ထားတာ ကျွန်မဘဲ။ ရှင်က ကျွန်မကို ကြံရာပါလို့စွပ်စွဲချင်နေတာလား "

ကျန်းရှောင်ကျဲ လုံးဝကို ကြောင်အသွားသည်။

" မင်းက သူ့ကိုဖိတ်ထားတာလား "

ရှန်းပိုင်ထျန်းက ယဲ့ဖန်ဘေးကိုလျှောက်လာပြီး သူ့လက်မောင်းကိုဖက်လိုက်သည်။

" ဟုတ်တယ်၊ သူက ကျွန်မရဲ့ကောင်လေး။ သူက ကျွန်မအဘိုးရဲ့မွေးနေ့ပွဲကိုတက်တာနဲ့ပတ်သက်ပြီး ပြဿနာရှိလို့လား "

ဧည့်သည်တွေက ထိုမြင်ကွင်းကိုမြင်တဲ့အခါ ပါးစပ်အဟောင်းသားတွေဖြစ်ကုန်ကြသည်။

ရှန်းပိုင်ထျန်းသည် ကျုံးဟိုင်မြို့အချမ်းသာဆုံးသူဌေးကြီးရဲ့မြေးမလေးဖြစ်သည်။

ရှန်းပိုင်ထျန်းကို လက်ထပ်မည့်သူက ရှန်းမိသားစုရဲ့ကြီးကျယ်တဲ့ကံကြမ္မာကို အမွေဆက်ခံရမှာဖြစ်သည်။

ဒီကောင်လေးက ဘယ်ကလဲ။

လူတိုင်းက ယဲ့ဖန်ရဲ့ပုံစံကိုခန့်မှန်းကြတော့သည်။

ကျန်းရှောင်ကျဲက ပိုပြီးစိတ်တိုလာသည်။

ဒီယဲ့ဖန်လို့ခေါ်တဲ့အကောင်က သူ့ထက် ဘာများသာနေလို့လဲ၊

ချန်းရွှမ်လို ထူးချွန်တဲ့မိန်းကလေးသာမက ရှန်းပိုင်ထျန်းကတောင်မှ သူနဲ့ မရှင်းမရှင်းဆက်ဆံရေးတွေရှိနေလေသည်။

သူ ငယ်စဉ်ကတည်းက အခုထိ ဒါဟာ ပထမဆုံး မနာလိုခြင်းကို ခံစားမိတာဖြစ်သည်။

အဲ့ဒီအပြင် မနာလိုခြင်းမှ အမျက်ဒေါသထွက်လာစေသည်။

ထိုအချိန်မှာ အထဲမှ အသက်ကြီးကြီးသူတစ်ယောက်ရဲ့ အသံထွက်လာသည်။

" ထျန်းထျန်း၊ အပြင်မှာ ဘာတွေဖြစ်နေတာလဲ "

လူတိုင်းက ထိုအသံကိုကြားတဲ့အခါ ချက်ချင်းလှမ်းမော့ကြည့်ကြသည်။

ထိုအဘိုးအိုက ဒီအတိုင်းလူတစ်ယောက်သပ်သပ်မဟုတ်ပေ။

သူက ရှန်းမိသားစုရဲ့အကြီးအကဲ ရှန်းကွမ်းလင်းဖြစ်သည်။

အပိုင်း (၄၈)

သခင်ကြီးရှန်းရဲ့မိတ်ဆွေဟောင်း။

ယဲ့ဖန်က ရှန်းမိသားစုရဲ့နာမည်ကြီးသခင်ကြီးကိုတွေ့တဲ့အခါ လုံးဝကိုကြောင်အသွားသည်။

သူက လွန်ခဲ့တဲ့ရက်တွေတုန်းက ရှေးဟောင်းဈေးကနေ နဂါးကိုးခွက်ကို ယွမ်သန်း၈၀ပေးဝယ်သွားတဲ့ အဘိုးအိုမဟုတ်လား။

ရှန်းကွမ်းလင်းကလည်း ယဲ့ဖန်ကိုတွေ့ရ၍ အံ့ဩထိတ်လန့်သွားသည်။

သူက ယဲ့ဖန်ကို ဒီမှာတွေ့မယ်လို့ လုံးဝထင်မထားပေ။

ကျန်းရှောင်ကျဲက ရှန်းကွမ်းလင်းကိုတွေ့တဲ့အခါ မျက်လုံးကစားလိုက်သည်။

ရှန်းပိုင်ထျန်းက ယဲ့ဖန်ကို သူမကောင်လေးပါဟု လူသိရှင်ကြားကြော်ညာလိုက်ပေမဲ့လည်း ရှန်းကွမ်းလင်းက သဘောမတူလောက်ပေ။

ပြီးတော့ ရှန်းမိသားစုလို မိသားစုကြီးတစ်ခုက သူ့လိုကလေကချေကောင်ကို မြေးသမက်အဖြစ် လက်ခံမှာတဲ့လား။

ဒီကလေးက အမြင့်ကိုမှန်းလွန်းအားကြီးနေတာမဟုတ်ဘူးလား။

ထိုအတွေးနဲ့အတူ သူက ရှန်းကွမ်းလင်းကိုမြန်မြန်ကြည့်လိုက်သည်။

" အဘိုးရှန်း၊ ရှောင်ထျန်းလေးကပြောတယ် ဒါက သူ့ကောင်လေးတဲ့။ အဘိုးသိလား "

ရှန်းကွမ်းလင်းက ထိုအကြောင်းကြားတဲ့အခါ အံ့ဩသွားသည်။ သူက ရှန်းပိုင်ထျန်းနဲ့ယဲ့ဖန်ကို မယုံနိုင်စွာ ကြည့်ပြီးပြောသည်။

" ထျန်းထျန်း၊ အဲ့တာအမှန်ဘဲလား "

ရှန်းကွမ်းလင်းရဲ့အမူအရာကိုကြည့်ခြင်းအားဖြင့် သူက ဒီကိစ္စကို သိမထားမှန်း ကျန်းရှောင်ကျဲသိလိုက်ရသည်။

ဒါကတော့ ပြပွဲလှလှလေးဖြစ်နေတော့မှာဘဲ။

ထိုအချိန်တွင် ရှန်းပိုင်ထျန်းကလည်း နည်းနည်း ပျာယာခတ်သွားသည်။ သူမက အခု ယဲ့ဖန်ကို သူမကောင်မလေးလို့ပြောလိုက်ခြင်းက ကျန်းရှောင်ကျဲကို နောက်ဆုတ်သွားစေရန်သာဖြစ်သည်။

ထိုအကြောင်းကို သူမအဘိုးရှေ့မှာပြောရန် မရည်ရွယ်ထားပေ။

သူမအဘိုးက စိတ်ဆိုးပြီး ယဲ့ဖန်ရဲ့ခြေထောက်တွေကိုချိုးပစ်လိုက်မှာ စိုးရိမ်ပါသည်။

သို့ပေမဲ့ ရှန်းကွမ်းလင်းလုပ်လိုက်တဲ့အပြုအမူကြောင့် ရှန်းပိုင်ထျန်းသာမက လူတိုင်းက ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

ရှန်းကွမ်းလင်းက အရှေ့ကိုခြေလှမ်းအနည်းငယ်လျှောက်လာပြီး ယဲ့ဖန်လက်ကိုဆွဲလိုက်သည်။

" ယဲ့မိတ်ဆွေလေး၊ မင်းက တကယ်ဘဲထျန်းထျန်းရဲ့ကောင်လေးလား။ အဲ့တာဆိုကောင်းတယ်၊ ငါ ရှန်းကွမ်းလင်းက မင်းလိုလူကိုသာ မြေးသမက်တော်ရမယ်ဆို စိတ်ဖြောင့်လက်ဖြောင့်သေလို့ရပြီကွ။ ဟားဟားဟားဟား "

" ဖူး၊ ဖူး၊ ဖူး "

ကျန်းရှောင်ကျဲ သွေးအန်ထွက်မတက်ဖြစ်သွားသည်။

ဒီအခြေအနေကြီးက ဘာကြီးလဲ။

ရှန်းကွမ်းလင်းက ဒီအကြောင်းသိရင် ဒေါသထွက်ပြီး ယဲ့ဖန်ကို သူ့လူတွေခေါ်ပြီး အပြင်ထုတ်ခိုင်းမှာ မဟုတ်ဘူးလား။

ဘာလို့ သူက ပျောက်သွားတဲ့မြေးကိုတွေ့လိုက်ရသလိုဖြစ်နေတာလဲ။

ရှန်းပိုင်ထျန်းလည်းစဉ်းစားမရပေ။

သူမအဘိုးက သူမအရှေ့တွင် အရမ်းကိုတည်ကြည်တဲ့သူဖြစ်ပြီး သူ့ရဲ့ခံစားချက်တွေကို ထုတ်ပြလေ့မရှိပေ။

ဘာလို့ သူမအဘိုးက ယဲ့ဖန်ကိုတွေ့လိုက်တာနဲ့ ပေါင်တစ်ရာကျော်လောက်လေးတဲ့ကောင်ငယ်လေးက အရူးလေးလိုပျော်နေသလိုမျိုးဖြစ်နေရတာလဲ။

ဧည့်သည်တွေလည်း အံ့ဩနေကြသည်၊

အဘိုးရှန်းက သူ့ကို တကယ်ကြီးမြေးသမက်အဖြစ် လက်ခံလိုက်တာလား။

ကြည့်ရတာ ကျုံးဟိုင်မြို့ရဲ့စီးပွားရေးလောကကြီးက ပြောင်းလဲတော့မည်ထင်သည်။

အခု ယဲ့ဖန်က အရှက်ဆုံးသူဖြစ်နေသည်၊

သူ ငြင်းရမလား လက်ခံရမလားမသိပေ။ သူ စိတ်နှစ်ခွဖြစ်နေသည်၊

ကံကောင်းစွာနဲ့ ရှန်းကွမ်းလင်းက သူ့ကို ခက်ခဲအောင်တော့မလုပ်ဘဲ လက်ကိုသာ တယုတယကိုင်ထားသည်။

" ယဲ့မိတ်ဆွေလေး၊ အထဲဝင်ပါ။ ရှောင်ဖန်လေး၊ ဒီအတိုင်းအပြင်မှာရပ်မနေပါနဲ့။ ကျေးဇူးပြုပြီး အထဲကိုမြန်မြန်ဝင်ပြီး ကိုယ့်အိမ်လိုသဘောထားပါ "

ရှန်းပိုင်ထျန်းက သူမအဘိုးကိုကြည့်ပြီးနောက် ယဲ့ဖန်ကျောကိုကြည့်လိုက်ကာ ရုတ်တရက် မိုးတွေခြိမ်းလာသလိုခံစားလိုက်ရသည်။

သူမအဘိုးကသာ ယဲ့ဖန်ကိုမြေးသမက်အဖြစ်သတ်မှတ်လိုက်ရင် အနာဂတ်မှာဘာတွေဖြစ်လာမလဲ။

' ဒီအတိုင်းအကောင်းဆုံးလုပ်ကြည့်တာပေါ့ '

ထိုအတွေးကြောင့် ရှန်းပိုင်ထျန်းမျက်နှာရဲလာသည်။

သူမ မျက်နှာကိုမြန်မြန်ကာပြီး သူ့အနောက်ကိုလိုက်သွားသည်။

ထိုအချိန်မှာ ကျန်းရှောင်ကျဲငိုချလိုက်ချင်ပေမဲ့ မျက်ရည်မရှိပေ။

ယဲ့ဖန်အပေါ်ထားတဲ့ သူ့ရဲ့မနာလိုစိတ်က ပိုကြီးထွားလာသည်။

ဒီကလေးက ဘာလို့ ကောင်းတဲ့အရာတွေချည်းဘဲရနေရတာလဲ။

သူ လက်မခံနိုင်ပေ။

...........................

အဘိုးရှန်းဆီက လက်ခံမှုကိုရပြီးတဲ့နောက် ယဲ့ဖန်က မွေးနေ့ပွဲရဲ့အဓိကဇာတ်ဆောင်ဖြစ်လာသည်။

ကျုံးဟိုင်မြို့ရဲ့အာဏာရှိလူတော်တော်များများက အရင်စပြီး ယဲ့ဖန်ကိုလာနှုတ်ဆက်မိတ်ဖွဲ့ကြသည်။

ပွဲမစခင်မှာဘဲ ယဲ့ဖန်လက်ထဲမှာ စီးပွားရေးကတ်တွေအထပ်လိုက်ကြီးရောက်နေပြီဖြစ်သည်။

သူ့လက်ထဲကို မသိမသာလာထိုးထည့်သွားတဲ့ အခန်းကတ်တွေလည်းရှိနေသည်။

ယဲ့ဖန် မသိချင်ယောင်ဆောင်ပြီးသာပြုံးလိုက်သည်။ အဲ့ဒီနောက် ထိုလုပ်ငန်းကတ်တွေနဲ့ အခန်းကတ်တွေကို အမှိုက်ပုံးထဲထည့်ပစ်လိုက်သည်။

ဧည့်သည်တွေကို ဧည့်ခံရင်းအလုပ်ရှုပ်နေတဲ့ရှန်းပိုင်ထျန်းက ထိုမြင်ကွင်းကိုတွေ့လိုက်သည့်အခါ မထိန်းနိုင်ဘဲ ချိုသာစွာပြုံးသည်။

တကယ်တော့ သူမက ယဲ့ဖန်ကို မသိမသာစောင့်ကြည့်နေတာဖြစ်သည်။

အဲ့တာကြောင့် အပေါစားလူတွေက ယဲ့ဖန်ကိုမြှူဆွယ်ပြီး ယဲ့ဖန်လက်ထဲကို အခန်းကတ်တွေထိုးထည့်ပေးနေတာကိုမြင်လိုက်သည်။

သူမက အတော်လေးစိတ်ပူနေခဲ့တာဖြစ်သည်။

ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ထဲမှာ တကယ်ကိုကြည့်ကောင်းတဲ့လူတွေပါနေသည်။

အဲ့လိုဖြားယောင်းမှုကို ယောက်ျားအများစုက ခံနိုင်ရည်ရှိမှာမဟုတ်ပေ။

ယဲ့ဖန်ကိုလည်း အဲ့လိုလုပ်လိမ့်မည်ဟု သူမ မထင်ထားချေ။

သူမ ရင်ထဲမှာ ယဲ့ဖန်အတွက်နေရာဖြစ်တည်မှုက ပိုပိုပြီးကြီးထွားလာသည်။

မွေးနေ့စားပွဲစတင်တော့မည်ဖြစ်သည်။ သို့ပေမဲ့ စားပွဲက မစတင်ခဲ့ပေ။

ရှန်းမိသားစုက တစ်စုံတစ်ယောက်ကိုစောင့်နေပုံပေါ်သည်။

ယဲ့ဖန် စိတ်ဝင်စားကာ သိချင်လာသည်။

ကျုံးဟိုင်မှာရှိတဲ့ ရှန်းမိသားစုရဲ့ဂုဏ်အရှိန်အဝါနဲ့ဆို ဘယ်သူ့ကိုများ သူတို့ကစောင့်နေပေးရမှာလဲ။

သူ ရှုပ်ထွေးနေချိန်မှာဘဲ စနစ်အကြောင်းကြားစာက ရုတ်တရက်စိတ်ထဲကမြည်လာသည်။

[ အခွင့်အရေးအသစ် ရှာဖွေတွေ့ရှိထားပါသည်။ စနစ်ညွှန်ကြားရေး စတင်လိုက်ပါပြီ။ ]

[ ပစ်မှတ်က နီးကပ်လာပါပြီ။ ဆယ်မီတာ ...... ရှစ်မီတာ ....... ]

စနစ်ရဲ့အကြောင်းကြားသံကိုကြားတဲ့အခါ ယဲ့ဖန် အံ့ဩသွားသည်။

ဒီလိုအခြေအနေမျိုးကို ယဲ့ဖန်ပထမဆုံးကြုံတွေ့ဖူးခြင်းဖြစ်သည်။ တာဝန်ပစ်မှတ်က အရင် သူ့ဆီကိုချဉ်းကပ်လာနေသည်။

သူ နားမလည်နိုင်ဖြစ်နေစဉ်မှာဘဲ အပြင်ကနေ နွေးထွေးတဲ့အသံတစ်ခုကိုကြားလိုက်ရသည်။

" သခင်ကြီးရှန်း၊ ကျွန်တော် တကယ်တောင်းပန်ပါတယ်။ လမ်းမှာ မတော်တဆလေးတစ်ခုဖြစ်နေလို့ စောင့်နေစေမိပါပြီ "

အဲ့ဒီနောက် လူတစ်ယောက်က ခြံထဲဝင်လာတာကို ယဲ့ဖန်တွေ့လိုက်သည်။

အသက်သုံးဆယ်အရွယ်ရှိယောက်ျားတစ်ယောက်ကဝင်လာပြီး သူ့လှုပ်ရှားမှုတုန်းက ကိုယ်ရောင်ကိုယ်ဝါအပြည့်ဖြစ်နေသည်။

ရှန်းကွမ်းလင်းလည်း နှေးတိနှေးတုန့်မလုပ်ရဲဘဲ မြန်မြန်ထပြီး သူ့ကိုနှုတ်ဆက်သည်။

ယဲ့ဖန်က ထိုမြင်ကွင်းကြောင့် ပိုပြီးအံ့ဩသွားရသည်။

ဒီလူငယ်အမျိုးသားက ဘယ်သူလဲ။ အဘိုးရှန်းကတောင် ထပြီးနှုတ်ဆက်ရတဲ့အထိကို ဘယ်လိုများလုပ်နိုင်တာရလဲ။

ယဲ့ဖန်ဘေးမှာရပ်နေတဲ့ ရှန်းပိုင်ထျန်းက သူ ကြောင်အနေတာမြင်တဲ့အခါ တိုးတိုးလေးရှင်းပြသည်။

" သူက ကျောင်းဖုလင်၊ ကျုံးရှန်းပြည်နယ်ရဲ့အချမ်းသာဆုံး ကျန်းယွဲ့ရှန်ရဲ့သား။ ပြည်နယ်ခေါင်းဆောင်တွေကတောင် သူ့ကိုလေးစားရတယ် "

ယဲ့ဖန်က သူမရဲ့ရှင်းပြချက်ကိုကြားတဲ့အခါ ထိုသခင်လေးကျောင်းကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သည်။

ဒီတစ်ခေါက်သူ့ရဲ့အခွင့်အရေးက ဒီလူများလား။

All Chapters