အပိုင်း ၅၇-၆၀
Vol. 3 Ch. 57-60
အပိုင်း (၅၇)
ပီကာဆို၏ပျောက်ဆုံးနေသောနာမည်ကြီးပန်းချီကား
မူလအိမ်ပိုင်ရှင်၏စာကြည့်ခန်းထဲတွင် ဆေးပန်းချီကား၊ ရှုခင်းပန်းချီကား၊ လက်ရေးလှစာစဉ်များနှင့် ပုံကြမ်းမျိုးစုံရှိသည်။
သေချာပေါက် ထိုပန်းချီတွေဟာ အတုများဖြစ်ပြီး ဈေးသိပ်မများပေ။
မူလအိမ်ပိုင်ရှင်က အနုပညာဆန်ပြီးတင့်တယ်တဲ့အိမ်ပုံစံအသွင်ဖန်တီးထားမှန်း မြင်နိုင်သည်။
သို့ပေမဲ့ အတွေးအခေါ်ပညာရှင်တစ်ဦးကပြောဖူးသည်။
' တင့်တယ်တာက ပြယုဂ်မဟုတ်ဘဲ ရင်သပ်ရှုမောစရာကောင်းတာကမှ ပြယုဂ်တစ်ခု '
ရိုးရာယဉ်ကျေးမှုဆိုတာ အတုဖန်တီးလို့ရသည့်အရာ မဟုတ်ပေ။
ယဲ့ဖန်မှာ မူလပိုင်ရှင်၏အမြင်ကို စနောက်ဖို့အချိန်မရှိပေ။ ယဲ့ဖန် ချက်ချင်းအထဲကိုဝင်သွားပြီး သေချာစရှာတော့သည်။
ယဲ့ဖန်ရဲ့ထိုပုံစံက ရယ်စရာကောင်းတယ်ဟု ရှန်းပိုင်ထျန်းထင်သည်။
" ဘာတွေရှာနေတာလဲ။ ဒီမှာ အမှန်အကန်ပစ္စည်းရှာနေတာတော့မဟုတ်ဘူးမလား။ လက်လျှော့လိုက်ဖို့အကြံပေးမယ်။ ငါကြည့်ပြီးသွားပြီ။ အကုန်လုံးက အတုတွေချည်းဘဲ။ တစ်ခုမှ အစစ်မပါဘူး "
ယဲ့ဖန်က မတုန်လှုပ်ပေ။
" အံဖွယ်အဖြစ်နဲ့ကြုံရရင်ရော ဘယ်လိုနေမလဲ "
ရှန်းပိုင်ထျန်းက လုံးဝကိုပြောစရာစကားမဲ့သွားသည်။
" ဒါဆို နင်ထီသာသွားထိုးလိုက်တော့လေ။ ထီပေါက်ဖို့က ဒီမှာရှာနေတာထက်တောင် အခွင့်အရေးပိုမြင့်သေးတယ်။ "
ယဲ့ဖန်က သူမကိုလျစ်လျူရှုပြီး ဆက်၍ရှာဖွေနေခဲ့သည်။
ဆယ်မိနစ်လောက်ဆက်ရှာပြီးတဲ့နောက်တွင် ရှန်းပိုင်ထျန်းစိတ်မရှည်ဖြစ်လာတော့သည်။
ထိုအချိန်မှာဘဲ ရှာဖွေနေသည့် ယဲ့ဖန်၏မျက်လုံး ရုတ်တရက်အရောင်တောက်သွားသည်။
မူလပိုင်ရှင်၏စာအုပ်စင်ပေါ်တွင် ဖုန်အထပ်ထပ်တင်နေသည့် ဖွင့်မထားသောသေတ္တာတစ်ခုရှိနေသည်။
ထိုသေတ္တာကို ယဲ့ဖန် ချက်ချင်းထုတ်လိုက်ပြီး ဖုန်တွေကိုမှုတ်ထုတ်လိုက်သာ သေချာဂရုတစိုက်ဖွင့်လိုက်သည်။
ရှန်းပိုင်ထျန်းကတော့ အနည်းငယ်ဒေါသထွက်နေပြီဖြစ်သည်။
" ယဲ့ဖန်၊ နင်ဒီမှာ အချိန်ဖြုန်းမနေနဲ့။ နင် ဒီမှာ တန်ဖိုးမြင့်ပန်းချီကားတစ်ခုရှာတွေရင်တောင် ဒီကရှိသမျှပန်းချီကားတွေအကုန် စားပြမယ် "
ထိုအချိန်တွင် ယဲ့ဖန်က သေတ္တာထဲမှပန်းချီကားကို ဖြည်းဖြည်းချင်းအလိပ်ဖြန့်နေသည်။
အိုဟောင်းနေသည့်ဆေးပန်းချီကားက ချက်ချင်းပုံပေါ်လာသည်။
အနီရောင်ဦးထုပ်ဆောင်းထားသည့်မိန်းကလေးပုံဖြစ်သည်။ သူမမျက်နှာပေါ်တွင် အမူအရာမရှိသလို ဘာခံစားချက်မှလည်းမရှိပေ။ သူမက တည်တည်ငြိမ်ငြိမ်နဲ့ထိုနေရာမှာသာထိုင်နေပြီး အဝေးတစ်နေရာကိုငေးကြည့်နေသည်။
ရှန်းပိုင်ထျန်းမျက်လုံးများချက်ချင်းပြူးကျယ်သွားရသည်။
သူမ ငယ်စဉ်ကတည်းက ကောင်းမွန်သည့်အနုပညာလက်ရာများနှင့် ရင်းနှီးကြီးပြင်းလာတာကြောင့် ဆေးပန်းချီအကြောင်းနှင့်ပတ်သက်ပြီး တော်တော်လေးသိထားသည်။
သူမမျက်လုံးထဲမှာ ထိုပန်းချီကားဟာ အခန်းထဲမှာရှိသည့်အခြားပန်းချီကားအတုတွေနဲ့ လုံးဝကိုကွဲပြားနေသည်။
သူမ နှလုံးသားထဲမှ ဖော်ပြမရတဲ့ခံစားချက်တစ်ခုက ပေါ်ထွက်လာသည်။
" နေဦး၊ ငါဓာတ်ပုံရိုက်လိုက်မယ် "
ပန်းချီကားကို သေသေချာချာကြည့်ပြီးတဲ့နောက် ရှန်းပိုင်ထျန်းအနည်းငယ်အံ့ဩနေသလို မသင်္ကာလည်းဖြစ်နေသည်။
သူမ ဖုန်းကိုအလျင်အမြန်ထုတ်လိုက်ပြီး ဓာတ်ပုံရိုက်ကာ သူမသိသည့် စစ်ဆေးပေးသည့်ဆရာကြီးတစ်ယောက်ဆီကို ပို့ပေးလိုက်သည်။
သို့ပေမဲ့ ယဲ့ဖန်ကတော့ ဒီပန်းချီကားရဲ့စစ်မှန်မှုကို နည်းနည်းလေးမှ သံသယမဝင်ပါ။
စနစ်အကြောင်းကြားသံက သူ့စိတ်ထဲမှာပေါ်လာတာကြောင့်ဖြစ်သည်။
[ ဂုဏ်ယူပါတယ်၊ လက်ခံသူ။ ရတနာရှာဖွေခြင်းညွှန်ကြားခြင်းစနစ်ကို ပြီးမြောက်သွားပါပြီ။ ပင်းရှန်းမြို့နယ်မှ ယွမ်သန်း၁၀၀၀တန်ဖိုးရှိ တိုက်ခန်းအဆောက်အဦးဆယ်ခုကို ဆုအဖြစ် ပေးအပ်ခံရပါသည်။ ]
ယဲ့ဖန် စနစ်ရဲ့ရက်ရောမှုကြောင့် ဟစ်ကြွေးမိသည်။
အဆောက်အဦးဆယ်ခုကို တစ်ချီတည်းနှင့်ရသွားခဲ့သည်။ သူ 'အငှားကုမ္ပဏီ' လုပ်စားလို့ရပြီး ဘယ်တော့မှပြန်ပေးစရာမလိုပေ။
သူ ပျော်ပျော်ရွှင်ရွှင်ကြီးစိတ်ကျေနပ်တုန်း ရှန်းပိုင်ထျန်းကလည်း အတုအစစ်ခွဲပေးသည့်ဆရာကြီးထံမှ ပြန်စာရရှိလာသည်။
" သခင်မလေးရှန်း၊ ဒီပန်းချီကားကို ဘယ်ကရလာတာပါလဲ "
ဆရာကြီးက အသံပြန်စာပို့လာပြီး စိတ်လှုပ်ရှားနေသည့်သူ့အသံအနေအထားကို အတိုင်းသားကြားနေရသည်။
" ကျွန်မ သူငယ်ချင်းဟာပါ "
ရှန်းပိုင်ထျန်းက အလျင်အမြန်ပြန်ဖြေလိုက်သည်။
" ကျွန်မ ရှင့်ကို စစ်မှန်ကြောင်းအတည်ပြုပေးစေချင်တာပါ "
ထိုဆရာကြီးက အတော်လေးစိတ်လှုပ်ရှားနေသည်။
" သေချာပေါက်အစစ်ပါ။ ဒီပန်းချီကားက ပီကာဆိုရဲ့ 'ဦးထုပ်နီနဲ့ကောင်မလေး'အမည်ရှိပန်းချီကားပါ။ ဒီပန်းချီကားပျောက်ဆုံးနေတာ နှစ်အတော်ကြာပါပြီ။ မမလေးသူငယ်ချင်းရဲ့လက်ထဲမှာရောက်နေမယ်လို့ ထင်မထားပါဘူး။ သခင်မလေးသူငယ်ချင်းက တကယ့်ကိုနတ်ဘုရားအဆင့်ဘဲ "
ရှန်းပိုင်ထျန်းက ယဲ့ဖန်ကို ထိတ်လန့်စွာလှမ်းကြည့်လိုက်သည်။
ဒီပန်းချီကားက တကယ်ဘဲအစစ်လား။
ဒီတစ်ယောက်က ဒီလိုအမှိုက်ပုံထဲကနေ တကယ်ကြီးရတနာရှာလို့ရသွားတာလား။
သူမသာ ယဲ့ဖန်နဲ့ တစ်ချိန်လုံးအတူရှိမနေခဲ့ဘူးဆိုပါက ဒီကိစ္စကို လုံးဝယုံကြည်မိမှာမဟုတ်ပေ။
" လုဆရာကြီး၊ သေချာအနီးကပ်ကြည့်ပေးပါဦး။ အစစ်ဆိုတာ သေချာရဲ့လား "
" ကျွန်တော့်သိက္ခာနဲ့ရင်းပြီး ကျိန်ဆိုပါတယ်။ ကျွန်တော်ဒီနှစ်တွေအတွင်းမှာ ပီကာဆိုရဲ့ ၉၉ရာခိုင်နှုန်းလက်ရာအစစ်တွေကို စုဆောင်းခဲ့ပါတယ်။ အတုလုပ်တဲ့နေရာမှာ နတ်ဘုရားတစ်စူသာမဟုတ်ရင်တော့ ကျွန်တော့်မျက်လုံးတွေကိုလှည့်စားလို့မရနိုင်ပါဘူး "
" ဒါဆို ဒီပန်းချီက လက်ရှိမှာပေါက်ဈေးဘယ်လောက်လောက်ရှိမလဲ "
" ဒီလိုဂန္တဝင်လက်ရာကောင်းကို ဈေးဖြတ်ဖို့က အနုပညာရှင်ကိုစော်ကားရာရောက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့နှစ်ပေါင်းများစွာအတွေ့အကြုံကိုရင်းပြီးပြောရမယ်ဆိုရင်တော့ ဒီပန်းချီက ဈေးကွက်မှာဆို အနည်းဆုံး သန်း၅၀၀လောက် တန်ဖိုးရှိပါတယ် "
ရှန်းပိုင်ထျန်း လုံးဝကို ထိတ်လန့်သွားရတော့သည်။
ဒီပန်းချီကားက သန်း၅၀၀တောင်တန်တာလား။
ယဲ့ဖန် ဒီအိမ်ကိုဝယ်ဖို့အတွက် သန်း၃၀သုံးလိုက်တာကို လက်ဖွာပြီးမတန်ဘူးဟု သူမ ထင်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာဘဲ သူက ဆယ်ဆမကပိုရသွားမယ်လို့ ဘယ်သူကထင်ထားမှာလဲ။
ဒီတစ်ယောက်က ကြွက်သေကိုရှာတွေ့သွားတဲ့ကြောင်မျက်ကန်းလား၊ ဒါမှမဟုတ် တကယ်ကို စွမ်းအားအစစ်အမှန်တွေကိုဖွက်ထားတဲ့သူလား။
သူမ အကြည့်တွေကြောင့် ယဲ့ဖန်မွေးညင်းတွေထောင်လာတာကို ခံစားရသည်။
" ဘာလို့ ကျွန်တော့်ကိုအဲ့လိုကြည့်နေတာလဲ "
ရှန်းပိုင်ထျန်းရဲ့ မျက်လုံးလှလှလေးတွေက သူ့ကိုကြည့်နေသည်။
" ဒီစာကြည့်ခန်းထဲမှာ ဒီလိုအဖိုးဖြတ်မရတဲ့ဆေးပန်းချီကားရှိနေတယ်ဆိုတာ နင်ဘယ်လိုလုပ်သိတာလဲ "
ယဲ့ဖန်က ရယ်သည်။
" ဘယ်လိုလုပ်သိရမှာလဲ။ ဒီအတိုင်းရှာကြည့်လိုက်တာပါ။ ဒီလောက်ကံကောင်းမယ်လို့မထင်ထားဘူးလေ "
ရှန်းပိုင်ထျန်းက သူ့နားကိုဖြည်းဖြည်းချင်းလျှောက်လာသည်။
" ဒါကိုကံကောင်းတယ်ခေါ်တာလား။ ဒါက လုံးဝကို ကောင်းကင်ဘုံကချပေးတဲ့အခွင့်အရေးကြီးဘဲမဟုတ်လား။ တစ်ခါတလေ နင်က ဒီကမ္ဘာကဟုတ်ရဲ့လားလို့တောင် တွေးမိတယ် "
ယဲ့ဖန်က စနောက်တော့သည်။
" ကျွန်တော်လျှို့ဝှက်ချက်တစ်ခုကိုပြောပြမယ်။ တကယ်တော့ ကျွန်တော်က ကမ္ဘာပေါ်ကိုခိုးဝင်လာတဲ့ဂြိုဟ်သားဘဲ "
သို့ပေမဲ့ ရှန်းပိုင်ထျန်းက ယဲ့ဖန်ရဲ့ပေါက်တက်ကရစကားတွေကြောင့် နည်းနည်းလေးတောင်စိတ်လှုပ်ရှားမသွားပေ။
" ငါ့ကိုအမှန်ပြောစမ်းပါ။ နင် ဘာတွေလျှို့ဝှက်ထားတာလဲ "
ယဲ့ဖန်ကလည်း အလျော့မပေးဘဲ သူမကိုပြန်ကြည့်ပြီးမေးသည်။
" ကျွန်တော့်မှာ လျှို့ဝှက်ချက်တွေအများကြီးရှိတယ်။ တကယ်သိချင်တာလား "
သူတို့နှစ်ယောက်က အချင်းချင်း အတော်လေးနီးကပ်နေကြပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့အသက်ရှုသံကိုပါ ခံစားလို့ရနေကြသည်။
ရှန်းပိုင်ထျန်း၏မာန်အပြည့်နဲ့ပုံစံက ချက်ချင်းအားနည်းသွားသည်။
" အရူး "
အဲ့လိုပြောပြီးတဲ့နောက် လှည့်ဖို့ပြင်နေချိန်မှာဘဲ ယဲ့ဖန်က သူမကို အနောက်ကဆွဲလိုက်ပြီး သူမရဲ့ နူးညံ့တဲ့မျက်နှာလေးကို ငုံ့ကြည့်လိုက်သည်။
" မိန်းကလေး၊ မင်း ယောက်ျားတွေအကြောင်းကိုမသိချင်စမ်းပါနဲ့။ သိချင်စိတ်က ကြောင်ကိုသတ်နိုင်တယ်တဲ့။ မကြားဖူးဘူးလား "
ရှန်းပိုင်ထျန်းသည် ယဲ့ဖန်၏မျက်လုံးကို အနီးကပ်စိုက်ကြည့်ပြီးတဲ့နောက် သူမနှလုံးသားက အမြန်ခုန်လာသည်။
ယဲ့ဖန်ခေါင်းက တဖြည်းဖြည်းအောက်ငုံ့လာသည်။
ရှန်းပိုင်ထျန်းနှလုံးခုန်သံက မြန်သထက်မြန်လာသည်။
' သူဘာလုပ်နေတာလဲ '
' ငါ့ကိုမဟုတ်တာလုပ်မလို့တော့ မဟုတ်ဘူးမလား '
' ငါအခုဘာလုပ်သင့်လဲ '
' သူ့ကိုတွန်းထုတ်လိုက်သင့်လား '
အဲ့ဒီအချိန်မှာဘဲ ........
" ဗိုက်ဆာနေပြီ၊ သွားစားတော့မယ် "
ရှန်းပိုင်ထျန်းစိတ်ထဲဗလောင်ဆူနေတုန်း ယဲ့ဖန်က ထိုသို့ပြောလိုက်သံကို ကြားလိုက်ရသည်။
အဲ့ဒီနောက် သူက ရှန်းပိုင်ထျန်းကိုလွှတ်ပေးလိုက်ပြီး စာကြည့်ခန်းထဲမှ အရင်ထွက်သွားသည်။
ရှန်းပိုင်ထျန်းသည် သူ့နောက်ကျောကိုကြည့်ပြီး ပို၍ပို၍ထူးဆန်းလာသည်ဟု ခံစားရသည်။
" ဟေး၊ ငါ နင်တို့ကို ယဲ့ဖန်ရဲ့နောက်ကြောင်းကိုစုံစမ်းခိုင်းထားတာ။ အခြေအနေဘယ်လိုလဲ "
" နင်တို့ ဘာလုပ်နေကြတာလဲ။ ဒီလောက်အကြာကြီးရှိနေပြီကို ဘာလို့ ဘာမှတိုးတက်မှုမရှိရတာလဲ "
" အကြောင်းပြချက်တွေမကြားချင်ဘူး။ တတ်နိုင်သမျှ မြန်မြန်ရှာထားပေး "
ဖုန်းချပြီးတဲ့နောက် ရှန်းပိုင်ထျန်းစိတ်ငြိမ်အောင်လုပ်ကာ ယဲ့ဖန်နောက်ကိုအမြန်လိုက်လာသည်။
' နင့်မှာ လျှို့ဝှက်ချက်ဘယ်လောက်ရှိရှိ ...... "
' ငါ မရမက အကုန်တူးဖော်ပြစ်မယ် '
အပိုင်း (၅၈)
အဆုံးထိသွားချင်တာလား။ လာလေ။
ရှန်းပိုင်ထျန်းနဲ့အတူ နေ့လယ်စာအတူစားပြီးတဲ့နောက် ယဲ့ဖန်ကျောင်းကိုထပ်မသွားတော့ဘဲ စံအိမ်ကိုဘဲတိုက်ရိုက်ပြန်လာခဲ့သည်။
သူ တိတ်ဆိတ်စွာ 'ဦးထုပ်နီနဲ့ကောင်မလေး' ပန်းချီကိုရှုစားနေရင်း WeChat စာရောက်သံတွေနဲ့အတူ ဖုန်းကရုတ်တရက်မြည်လာသည်။
စာရောက်သံတွေက တရစပ်မြည်နေပြီး ရပ်မသွားပေ။
ယဲ့ဖန် ဖုန်းထုတ်ကြည့်လိုက်တဲ့အခါ မက်ဆေ့ချ်တွေက ငယ်သူငယ်ချင်းစကားပြောဂရုတစ်ခုကဖြစ်နေသည်။
ထူးဆန်းသည်ဟု ယဲ့ဖန်ခံစားမိသည်။
ဒီဂရုထဲတွင် လွန်ခဲ့တဲ့နှစ်ရက်လုံး တိတ်ဆိတ်နေခဲ့တာဖြစ်သည်။
ဘယ်သူက အားယားနေပြီးအဲ့လောက်ပို့နေတာလဲ။
ယဲ့ဖန်ဖွင့်ကြည့်လိုက်သည့်အခါ ထန်းရှင်းယွမ်ဆိုတဲ့နာမည်ကိုတွေ့လိုက်သည်။
ထိုနာမည်ကိုမြင်တဲ့အခါ ယဲ့ဖန်ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။
ထန်းရှင်းယွမ်ကလည်း သူ၏ငယ်သူငယ်ချင်းဖြစ်သည်။
သို့ပေမဲ့ သူ့အဖေက ရုတ်တရက်ချမ်းသာသွားပြီး မိသားစုတစ်ခုလုံးလူချမ်းသာရပ်ကွက်ကိုပြောင်းသွားကာ ကျောင်းအကောင်းစားကိုလည်းပြောင်းတက်ခဲ့သည်။
တစ်ခါတလေ သူတို့မြင်ကွင်းထဲပေါ်ပေါ်လာပြီး ကားအကောင်းစားကြီးမောင်းပြကာ တတူးတကလာကြွားလုံးထုတ်သည်။
အဲ့တာကြောင့် သူနဲ့ ငယ်သူငယ်ချင်းတို့ကြားဆက်ဆံရေးက တဖြည်းဖြည်းဝေးကွာလာသည်။
သူက ဘယ်တုန်းက ဒီစကားပြောဂရုထဲရောက်နေတာလဲ။
အဲ့ဒီနောက် ယဲ့ဖန်က သူပို့တဲ့စာတွေကိုဖတ်ကြည့်လိုက်သည်။
[ ရှုယောင်း ဒီမှာရှိလား။ ဘာလို့ အခုတလော ကိုယ့်ကိုရှောင်နေတာလဲ။ ကိုယ့်ဖုန်းနဲ့စာတွေကိုလည်းမပြန်ဘူး ]
[ ရှုယောင်း၊ နေရာပြောင်းသွားတာလား။ အရင်နေရာကိုသွားရှာပေမဲ့ အဲ့ဒီမှာ ဘယ်သူမှမရှိဘူး ]
[ ရှုယောင်း၊ ကိုယ့်ကိုစာပြန်သင့်တယ် ]
[ ကိုယ့်ကိုစာမပြန်ရင် ဆက်ပို့နေမှာ ]
[ ရှုယောင်း၊ ရှုယောင်း၊ ဒီမှာလား ]
အဲ့ဒီနောက် ရှုယောင်းကိုနာမည်ခေါ်ထားတဲ့စာတွေချည်း အစောင်၂၀ လောက် ဆက်တိုက်ပို့ထားလေသည်။
ဖုန်းမျက်နှာပြင်မှာ ရှုယောင်းကိုခေါ်ထားတဲ့စာတွေချည်း တစ်မျက်နှာလုံးပြည့်နေသည်။
ယဲ့ဖန် အနည်းငယ်ဒေါသထွက်သွားပြီး စာပြန်လိုက်သည်။
[ မင်းပြီးပြီလား ]
ထန်းရှင်းယွမ်ကလည်း စာပြန်သည်။
[ အို၊ ဘယ်သူများပါလိမ့်လို့။ ရှောင်ဖန်လေးမလား။ဂမတွေ့ရတာတောင်ကြာပြီ။ မင်းလည်း ဂျက်ပေါ့ထိသွားတယ်ကြားတယ်။ မင်းလိုလူကလည်းချမ်းသာနိုင်သေးတာပါလား ]
ယဲ့ဖန်ပို၍မျက်မှောင်ကြုတ်လာသည်။
[ ငါ ချမ်းသာသာ မချမ်းသာသာ မင်းအပူမပါဘူး ]
ထန်းရှင်းယွမ်က သူ့ကို ပြုံးနေသည့်မျက်နှာပုံလေးပို့သည်။
[ မင်းသာတကယ်ချမ်းသာလာရင်တော့ ငါကဝမ်းသာတာပေါ့။ ဒါပေမဲ့ တစ်ချို့လူတွေက သူတို့ရဲ့နိမ့်ကျတဲ့အဆင့်ကို မခံစားနိုင်တာနဲ့ ချမ်းသာချင်ယောင်ဆောင်ကြတာကို ငါကစိတ်ပူလို့ပါ ]
ယဲ့ဖန် နှာမှုတ်လိုက်သည်။
[ မင်းအကြောင်းမင်းပြောနေတာ ဟုတ်တယ်မလား ]
ထန်းရှင်းယွမ် မပျော်မရွှင်ဖြစ်သွားရသည်။
[ ငါကမင်းထက်ချမ်းသာတာဘဲ။ ဟန်ဆောင်စရာလိုသေးလို့လား။ နိမ့်ကျတဲ့သူတွေသာဟန်ဆောင်ရတာ။ ဘယ်သူ့အကြောင်းပြောနေလဲဆိုတာ မင်းကောင်းကောင်းသိပါတယ် ]
ယဲ့ဖန်ပြန်စာမရောက်လာခင်မှာ ကျိုးရှုယောင်းက ရုတ်တရက်ပေါ်လာသည်။
[ ထန်းရှင်းယွမ်၊ စကားကို သေချာပြော။ ဘာလို့ ယဲ့ဖန်က ဟန်ဆောင်ရမှာလဲ။ အဲ့ဒီနေ့က ငါတို့အကုန်အဲ့မှာရှိတယ်။ ယဲ့ဖန်က ဇိမ်ခံစူပါကားကြီးစီးပြီး စီးပွားရေးပညာရှင်တွေက သူ့ကိုတောင် လာနှုတ်ဆက်ကြတာ။ ပြီးတော့ လင်းယွမ်အိမ်ခြံမြေရှယ်ယာ၆၀%ကိုလည်း ယဲ့ဖန်ကဝယ်ထားသေးတယ်။ အဲ့တော့ နင့်ထက်အများသာတယ် ]
သူမက ယဲ့ဖန်ဘက်ကလိုက်ပြီးပြောတာကို မြင်တဲ့အခါ ထန်းရှင်းယွမ် မနာလိုဖြစ်သွားသည်။
[ မင်းတို့က လှည့်စားဖို့လွယ်လို့လေ။ အဲ့လို ပြိုင်ကားတွေကငှားလို့ရတယ်။ အဲ့ဒီ ဘောစိအကြီးစားတွေကလည်း ရုပ်ဖျက်ထားတဲ့အငှားတွေဖြစ်မှာပေါ့။ လင်းယွမ်အိမ်ခြံမြေရှယ်ယာဝယ်တုန်းကရော မင်းတို့မျက်မြင်တွေ့လို့လား ]
တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့တဲ့ လုကျဲကဝင်ပြောတော့သည်။
[ ငါ့သူဌေးကလည်း အဲ့တုန်းကပါတယ်လေ။ သူ့ဆီကကြားတာတော့ ယဲ့ဖန်ကိုနှုတ်ဆက်တဲ့သူက ကျုံးရှန်းပြည်နယ်ကအချမ်းသာဆုံး ကျောင်းယွဲ့ရှန်းရဲ့သား ကျောင်းဖုလင်တဲ့ ]
လုကျဲစကားလုံးတွေက ဗုံးတစ်လုံးလို အထိတ်တလန့်ဖြစ်သွားစေသည်။
ဂရုတစ်ခုလုံး ချက်ချင်းပွက်ပွက်ညံသွားတော့သည်။
[ တကယ်ကြီးလား။ ကျုံးရှန်းပြည်နယ်ရဲ့အချမ်းသာဆုံးတဲ့လား။ အမလေး၊ ဘုရားရေ ]
[ ဘာလို့ အဲ့လူရဲ့ပုံစံက အဲ့လောက် ကိုယ်ရောင်ကိုယ်ဝါတောက်နေရတာလဲလို့တွေးနေတာ။ သူက အချမ်းသာဆုံးသူရဲ့သားဖြစ်နေတာကိုး ]
[ အမလေး၊ ငါက တကယ်ကြီး အချမ်းသာဆုံးသူရဲ့သားနဲ့ အနီးကပ်တွေ့ခဲ့ရတာပေါ့နော်။ မိုက်လိုက်တာ ]
[ ရှောင်ဖန်က အဲ့လိုအဆင့်ကလူတွေကိုသိတာတဲ့လား။ မိုက်တယ်ဟေး ]
[ ......... ]
ယဲ့ဖန်ကို လူတိုင်းကချီးကျူးနေတာတွေ့သည့်အတွက် ထန်းရှင်းယွမ်ပို၍ဒေါသထွက်လာသည်။
[ ကျုံးရှန်းပြည်နယ်မှာ ကျောင်းမိသားစုကအချမ်းသာဆုံးလို့ မင်းတို့ကိုဘယ်သူပြောလဲ။ သူတို့ထက်ပိုပြီးအထင်ကြီးစရာကောင်းတဲ့သူတွေရှိတယ်ကွ။ ဒါပေမဲ့ သူတို့က သရုပ်မှန်ဖုံးကွယ်ပြီးနေကြတာ။ မင်းတို့လိုအဆင့်ကလူတွေက အတွင်းသတင်းတွေကိုမသိပါဘူးကွာ ]
ကျိုးရှုယောင်းက ထပ်ပြီးပြောသည်။
[ ကျောင်းမိသားစုက အချမ်းသာဆုံးမဟုတ်တောင် သူတို့က အာဏာကြီးတုန်းဘဲလေ။ ရှောင်ဖန်က အဲ့လိုအဆင့်ကလူကိုတောင်သိတယ်။ ဒါက သူ့အင်အားကိုပြတာဘဲ ]
ထန်းရှင်းယွမ်က ဆက်ပြီးစကားများသည်။
[ သူတို့အချင်းချင်းသိတော့ ဘာဖြစ်လဲ။ ငါလည်းကျောင်းဖုလင်ကိုသိတာဘဲ။ သိရုံက အသုံးဝင်လား။ တစ်ယောက်ယောက်က လာနှုတ်ဆက်တယ်ဆိုတာ သူတို့ဘက်က ကိုယ်ကျင့်တရားကောင်းပြီး မိတ်ဖွဲ့တတ်လို့ဘဲ။ မင်းက အံ့ဩစရာကောင်းတဲ့သူကြီးဖြစ်မသွားဘူး။ ငါပြောတောင် မင်းတို့နားလည်မှာမဟုတ်ဘူး ]
သူက လူတတ်ကြီးပုံစံလုပ်နေတာကြောင့် ယဲ့ဖန်စာပြန်ဖို့လုပ်ချိန်မှာဘဲ ရုတ်တရက်ဖုန်းဝင်လာသည်။
ပင်းရှန်းတိုက်ခန်းတရားဝင်ရုံးခန်းမှဖုန်းဖြစ်ပြီး လွှဲပြောင်းရေးလုပ်ငန်းအတွက်ဖုန်းခေါ်တာဖြစ်သည်။
ထိုအခါမှ သူနေ့လယ်က ရတနာရှာတဲ့လုပ်ငန်းပြီးဆုံးထားတာကြောင့် စနစ်က သူ့ကို တိုက်ခန်းအဆောက်အဦးဆယ်ခု ဆုပေးထားမှန်းသတိရလိုက်သည်။
ဖုန်းချပြီးတဲ့အခါ ယဲ့ဖန် တစ်ခဏတွေးပြီး ဂရုထဲမှာ ကျိုးရှုယောင်းကို မန်းရှင်းပြီးခေါ်လိုက်သည်။
[ ရှုယောင်း၊ ဒီနေ့လယ်အားလား ]
[ ဒီနေ့အားတယ်၊ ဘာလို့လဲ ]
[ အဲ့တာဆို ပင်းရှန်းတိုက်ခန်းမှာတွေ့ရအောင်၊ ငါ့မှာ နင့်အတွက် အံ့ဩစရာလက်ဆောင်ရှိတယ် ]
[ ဘာလက်ဆောင်လဲ ]
[ ပြောပြလိုက်ရင် ဘယ်အံ့ဩစရာကောင်းပါ့မလဲ ]
[ လျှို့လျှို့ဝှက်ဝှက်တွေလုပ်နေတာဘဲ။ အေး၊ အဲ့တာဆိုလည်း တွေ့တာပေါ့ ]
[ နောက်မှတွေ့မယ်နော်]
သူတို့နှစ်ယောက်က ထန်းရှင်းယွမ်ကို လျစ်လျူရှုပြီး သူ့ရှေ့မှာတင် အီစီကလီလုပ်နေတာကြောင့် ဒေါသထွက်သွားသည်။
[ ငါလည်း ဒီနေ့လယ်အားတယ်။ သခင်ကြီးယဲ့က ဘာတွေပြင်ဆင်ထားလဲ သိရအောင် လိုက်ခဲ့မယ်လေ။ ဘယ်သူလိုက်ချင်သေးလဲ ]
အဲ့ဒီနောက် တစ်ချို့က အားတက်သရောလိုက်ဖို့ပြောကြသည်။
ယဲ့ဖန်က နှာမှုတ်ထုတ်လိုက်သည်။
အဲ့ဒီထန်းရှင်းယွမ်က သေတဲ့အထိတိုက်ဖို့ ဆုံးဖြတ်ထားတာဘဲ။
အဲ့တာဆိုလည်း လာပေါ့။
အချိန်ကျလာရင်တော့ ရှေ့သွားကျွတ်ရုံနဲ့ ပြီးမသွားစေရဘူး။
အပိုင်း (၅၉)
မင်းက တကယ်ရောက်လာတာဘဲ။
ယဲ့ဖန်သည် ပင်းရှန်းတိုက်ခန်းတွေဆီသို့ သူ၏Lykan စူပါကားကြီးဖြင့်ရောက်လာသည့်အခါ ကျိုးရှုယောင်းက ဝင်ပေါက်မှ အတော်ကြာစောင့်နေခဲ့သည်။
သူမက ဝိုင်အနီရောင်ဂါဝန်နှင့်အတူ ဒေါက်ဖိနပ်အနီရောင်လေးကိုစီးထားသည်။
သူမကိုကြည့်ရတာ တလျှံလျှံတောက်နေသည့် မီးတောက်လေးနှင့်တူသည်။
ယဲ့ဖန်က သူမအရှေ့တွင်ကားကိုရပ်လိုက်ပြီး ပြတင်းပေါက်ကိုမှီလိုက်ကာ ပြုံးလျက်စနောက်သည်။
" ငါ့ကိုတွေ့ဖို့အတွက်နဲ့ ဒီလောက်လှအောင်ဝတ်ဖို့ လိုလို့လား "
ကျိုးရှုယောင်းသည် သူမမျက်စိရှေ့မှာကျနေတဲ့ ဆံပင်စတစ်ချို့ကို ဖယ်လိုက်ကာ ကြည့်ရအတော်လှနေသည်။
" ငါတို့ရဲ့ အကြီးဆုံးသခင်လေးယဲ့ကိုတွေ့ဖို့လာမှတော့ သေချာပေါက် ဒီလိုလေးကောင်းကောင်းမွန်မွန်ဝတ်လာရမှာပေါ့။ နင့်ကိုအရှက်ရစေလို့မဖြစ်ဘူးလေ "
ယဲ့ဖန်က နှာခေါင်းကိုထိလိုက်သည်။
" ဒါမျိုးပုံစံကို 'ကောင်မလေးက သူကြိုက်တဲ့ကောင်လေးအတွက် တကူးတကဝတ်လာတဲ့ပုံစံ' လို့ခေါ်တယ်၊ မဟုတ်လား "
ကျိုးရှုယောင်း ရှက်သွားသည်။
" အဲ့တာကောင်းတဲ့စကားမဟုတ်ဘူးနော် "
သူတို့နှစ်ယောက် စကားပြောလိုက်ရယ်လိုက်လုပ်နေချိန်မှာဘဲ အနီရောင် Porsche Panameraတစ်စီးက အရှိန်မြှင့်ပြီးရောက်လာသည်။
ကားကို ဆက်ခနဲဘရိတ်အုပ်လိုက်သံက ပဲ့တင်ထပ်သွသည်။ ထိုကားက ယဲ့ဖန်ကားအနောက်မှာရပ်သွားသည်။
ထို Porsche Panamera ကားအနောက်တွင် သာမန်မိသားစုကားလေးတွေတစ်ချို့ရပ်ထားသည်။
ထန်းရှင်းယွမ်နှင့် သူ့ငယ်သူငယ်ချင်းတစ်ချို့ဖြစ်သည်။
" ရှုယောင်း၊ ငါ နင့်ကိုရှာနေတာကြာလှပြီကို နင်ကတော့ ရှောင်နေတာ။ ယဲ့ဖန်က တစ်ခွန်းလောက်နဲ့ခေါ်လိုက်ရော နင်ကထွက်လာတယ်။ ငါ နင့်ကိုသဝန်တိုမှာ မစိုးရိမ်ဘူးလား "
ယဲ့ဖန်နှင့် ရှုယောင်းတို့ရဲ့ အပြုအမူတွေကိုမြင်တဲ့အခါ ထန်းရှင်းယွမ်ရုတ်တရက် မနာလိုဖြစ်လာသည်။
" ထန်းရှင်းယွမ်၊ နင်က ဘာဆိုလိုတာလဲ။ နင်နဲ့ငါ့ကြားမှာ ဘာဆက်ဆံရေးမှ မရှိဘူးလေ။ နင်က ဘာလို့သဝန်တိုရမှာလဲ "
ထန်းရှင်းယွမ်ကိုမြင်တဲ့အခါ ကျိုးရှုယောင်းမျက်လုံးထဲမှာ ရွံရှာမှုတို့အပြည့်ဖြစ်သွားသည်။
ထန်းရှင်းယွမ်က သူမကို အတော်ကြာနှောင့်ယှက်နေခဲ့တာကြောင့် ကျိုးရှုယောင်းစိတ်ရှုပ်ခဲ့ရသည်။
ထန်းရှင်းယွမ် စိတ်တိုပေမဲ့ သူ့ဒေါသကို ရှုယောင်းအပေါ်ပုံမချရဲတာကြောင့် ယဲ့ဖန်ဘက်ကိုလှည့်လိုက်သည်။
" အို၊ ဒါကမင်းရဲ့ Lykan စူပါကားကြီးလား။ ငှားရတာ ဈေးတော့မပေါလောက်ဘူး၊ ဟုတ်တယ်မလား "
ယဲ့ဖန်သည် သူ့လက်ကို ရှုယောင်းပုခုံးပေါ်ကိုတင်လိုက်ပြီး သူ့ကိုရန်စသလိုကြည့်လိုက်သည်။
" မင်းကိုတကယ်လာမယ်ထင်မထားဘူး "
ထန်းရှင်းယွမ် ထိုမြင်ကွင်းကြောင့်ပိုဒေါသထွက်သွားသည်။
" ဒါပေါ့၊ ငါတို့ရဲ့ ယဲ့သခင်ကြီး ဘယ်လိုလိမ်တဲ့အကွက်တွေရွှေ့မလဲဆိုတာကိုသိချင်တယ်လေ။ ရှုယောင်းအတွက် စပရိုက်ပြင်ထားတယ်လို့မပြောဘူးလား။ ဘယ်မှာလဲ စပရိုက်က "
ယဲ့ဖန်က သူ့ကိုလျစ်လျူရှုပြီး ကျိုးရှုယောင်းကို လက်မောင်းမှာတွဲကာ တိုက်ခန်းထဲသို့ဝင်လာသည်။က်
ကျိုးရှုယောင်းက အရမ်းကိုနာခံပြီး မခုခံပေ။
ထန်းရှင်းယွမ်မျက်လုံးတို့က ဒေါသကြောင့်တောက်နေသည်။
' အလကားကောင်၊ ဒီနေ့မင်းရဲ့အလိမ်တွေကိုဖော်ပြမယ် '
ရှုယောင်းအတွက် သူကသာ ထိုက်တန်ကြောင်းမြင်စေရမည်။
" ယဲ့ဖန်၊ နင်ငါ့ကို ဒီကိုဘာလို့ခေါ်လာတာလဲ "
ကျိုးရှုယောင်းမေးလိုက်သည်။
" ဒီနေရာကိုဘယ်လိုထင်လဲ "
ယဲ့ဖန်က သူမအမေးကိုတိုက်ရိုက်မဖြေပေ။
အဲ့အစား သူမကို မေးခွန်းထပ်မေးလိုက်သည်။
" မဆိုးပါဘူး။ နေရာကလည်းကောင်းပြီးတော့ ပတ်ဝန်းကျင်မှာ လိုအပ်တဲ့အရာတွေလည်း အရမ်းကိုပြည့်စုံတယ်။ တိုက်ခန်းကလည်း တော်တော်လေးလှတယ်။ ဇိမ်ခံတိုက်ခန်းလို့တောင်ပြောလို့ရတယ် "
ကျိုးရှုယောင်းက ဒီနေရာတွေကို ရှာဖွေဖူးသည့်အတိုင်း ချောချောမွေ့မွေ့ဖြေလိုက်သည်။
" နင်ကြိုက်တယ်ဆို ဒီကိုရွှေ့လာလိုက် "
ယဲ့ဖန်က ထိုအခွင့်အရေးကိုယူပြီး အကြံပေးလိုက်သည်။
" ဒီမှာငှားခက ဈေးမပေါဘူးလေ၊ ဟုတ်တယ်မလား။ ငါမတတ်နိုင်ဘူး "
ကျိုးရှုယောင်း အမြန်ခေါင်းခါငြင်းသည်။
" ငှားခပေးစရာမလိုပါဘူး၊ အလကားပါ "
ယဲ့ဖန်က ပြုံးလျက်ပြောသည်။
" ငှားခပေးပြီးသားလား "
ကျိုးရှုယောင်းက ပြန်ဖြေဖို့ကို အတော်အချိန်ယူလိုက်ရသည်။
" မဟုတ်ဘူး၊ ငါဒီမှာတိုက်ခန်းဆယ်ခုလုံးကိုဝယ်လိုက်တာ "
ယဲ့ဖန် အသံက အတော်လေး တည်ငြိမ်နေသည်။
သို့ပေမဲ့ သူ့စကားထဲကပြောချင်တဲ့သက်ရောက်မှုကတော့ တည်ငြိမ်မနေခဲ့ပါ။
ကျိုးရှုယောင်း သူ့ကိုကြောင်အစွာကြည့်နေသည်။
" နင်ဘာပြောတာလဲ။ ဒီမှာတိုက်ခန်းဆယ်ခုလုံးဝယ်ထားတာလား။ တကယ်ကြီးလား "
ယဲ့ဖန်က ဂရုမစိုက်သလိုသာ ပြုံးလိုက်သည်။
" တကယ်ပေါ့။ ဒီနေ့ နင့်ကို ဒီခေါ်လိုက်တာက အဲ့အဆောက်အဦးတွေကို နင့်ကို စီမံစေချင်လို့။ ငါ့ကိုကူပြီး ငှားခတွေကောက်ပေးလေ။ ပြီးတော့ တစ်ချို့တလေ ဟိုဟိုဒီဒီ ပြဿနာတက်ရင်ကူရှင်းပေးပေါ့ "
ကျိုးရှုယောင်းသည် ပို၍တောင် အံ့ဩသွားရသည်။
" ဒီတိုက်ခန်းအဆောက်အဦးတွေကို စီမံစေချင်တာလား "
ယဲ့ဖန်က သူမ နှာခေါင်းလေးကို ပွတ်လိုက်သည်။
" ဘာလဲ။ မလုပ်ချင်ဘူးလေ။ မပူပါနဲ့၊ လစာမနှိမ်ပါဘူး။ အခုလက်ရှိအလုပ်ထက်ပိုပေးမယ်လို့ အာမခံပါတယ် "
ကျိုးရှုယောင်း ခေါင်းကိုခါသည်။
" ငါအဲ့သဘောပြောတာမဟုတ်ဘူးလေ။ ငါက အံ့ဩလွန်းလို့ပါ။ ဒီအဆောက်အဦးဆယ်ခုလုံးကိုဝယ်ဖို့ ဘယ်လောက်တောင်ပေးလိုက်ရတာတုန်း "
ယဲ့ဖန် ပြန်မဖြေခင်မှာဘဲ .......
သူတို့နောက်ကိုလိုက်နေတဲ့ ထန်းရှင်းယွမ်က စကားပြောဖို့ အခွင့်အရေးရသွားသည်။
" ရှုယောင်း၊ သူပေါက်တက်ကရပြောတာ ယုံမနေနဲ့။ နင့်ကိုလိမ်နေတာ။ ဒီမှာ အဆောက်အဦးဆယ်ခုဝယ်ဖို့ဆိုတာ ဘယ်လောက်ကုန်မလဲသိလား။ မင်းက တကယ့်ကို အော်နေတဲ့ဖားသာသာဘဲ။ အာကျယ်နေသေးတယ် "
ကျိုးရှုယောင်းက သူ့ကို ရွံရှာသည့်အကြည့်ဖြင့်ကြည့်သည်။
" ယဲ့ဖန်က ငါ့ကိုလိမ်မှာမဟုတ်ဘူးလို့ ငါယုံတယ် "
ထန်းရှင်းယွမ်က စိတ်ပျက်သွားသည်။
" ရှုယောင်း၊ ငါက နင်ကောင်းဖို့ပြောနေတာ။ ဒီမှာ အဆောက်အဦးဆယ်ခုဝယ်ချင်ရင် အနည်းဆုံး ယွမ်၁ဘီလီယံရှိမှရမှာ။ သူ့မှာ ပိုက်ဆံအဲ့လောက်ရှိလို့လား။ သူက နင့်ကိုရဖို့ ဇာတ်လမ်းထွင်နေတာဖြစ်မှာ "
ယဲ့ဖန် နှာမှုတ်လိုက်သည်။
" ထန်းရှင်းယွမ်၊ လူတိုင်းက မင်းလိုအရှက်မဲ့တယ်မထင်နဲ့ "
ထန်းရှင်းယွမ်က ယဲ့ဖန်ကိုစိုက်ကြည့်သည်။
" ယဲ့ဖန်၊ မင်းရှုယောင်းကိုလိမ်လို့ရတယ်။ ငါ့ကိုတော့လိမ်လို့မရဘူး။ မင်းသာ ဒီမှာအဆောက်အဦးဆယ်ခုကိုဝယ်နိုင်တယ်ဆိုလို့ကတော့ ငါချက်ချင်းကို ချီးစားပြလိုက်ဦးမယ် "
ယဲ့ဖန်ပြုံးလိုက်သည်။
" မင်းက အဲ့လောက်တောင် ချီးစားရတာကြိုက်တာလား။ အဲ့တာကြောင့်မင်းပါးစပ်က အဲ့လောက်အနံ့ထွက်နေတာကိုး "
ထန်းရှင်းယွမ်က ဘယ်လိုမှမနေပေ။
" မင်းမှာ အရည်အချင်းရှိရင် ငါ့ကိုအရင်သက်သေပြလိုက်။ မပြနိုင်ရင်တော့ မင်းလည်းစားပြလေ။ စိန်ခေါ်ရဲလား "
ယဲ့ဖန်က စိတ်လိုလက်ရရယ်လိုက်သည်။
" စိန်လိုက်ပေါ့ "
အဲ့ဒီအချိန်မှာဘဲ အနက်ရောင်ဝတ်စုံပြည့်နဲ့အမျိုးသမီးက မြန်မြန်လျှောက်လာသည်။
အသက် ၃၀အရွယ်အမျိုးသမီးက အနက်ရောင်စတောကင်ကိုဝတ်ထားပြီး ခြေထောက်တို့ကသွယ်လျကာ ဆွဲဆောင်မှုရှိနေသည်။
လူတိုင်းအကြည့်က သူမဆီကိုရောက်နေသည်။
အဲ့ဒီနောက် ထိုအမျိုးသမီးက ယဲ့ဖန်ဆီကိုလျှောက်လာသည်။
" ရှင်က လူကြီးမင်းယဲ့ဖန်ဖြစ်မယ်။ ကျွန်မက ကျန်းဟွေ့ပါ။ ပင်းရှန်းတိုက်ခန်းတရားဝင်မန်နေဂျာပါ။ ရှင့်ကိုစောင့်နေတာပါ "
အဲ့ဒီ မိန်းမရဲ့စကားတွေကိုကြားတဲ့အခါ ထိုနေရာကလူတိုင်းက ထိတ်လန့်အံ့ဩသွားကြတော့သည်။
အပိုင်း (၆၀)
သူတို့လား။ မရင်းနှီးပါဘူး။
" တောင်းပန်ပါတယ်၊ လမ်းမှာ ကြန့်ကြာသွားလို့ပါ "
ယဲ့ဖန်က သာမန်ဘဲ ရှင်းပြလိုက်သည်။
" ယဲ့လူကြီးမင်း၊ ရှင့်ရဲ့ တိုက်ခန်းအဆောက်အဦးဆယ်ခုအတွက် စာချုပ်နဲ့ လွှဲပြောင်းရေးစာရွက်စာတမ်းတွေကို ပြင်ဆင်ပြီးပါပြီ။ လက်မှတ်ထိုးရုံပါဘဲ "
ကျန်းဟွေ့က ပညာရှင်ဆန်မှုကိုပြသပြီး ကောင်းမွန်စွာပြုမူသည်။
" ဘာပြောလိုက်တယ် "
ထန်းရှင်းယွမ်က အမြန်မေးလိုက်သည်။
" သူက တကယ်ဘဲ မင်းတို့ရဲ့ အဆောက်အဦးဆယ်ခုလုံးကိုဝယ်လိုက်တာလား "
ကျန်းဟွေ့က သူ့ကို ထူးဆန်းသလိုကြည့်လိုက်သည်။
" ဟုတ်တယ်၊ ဘာပြဿနာရှိလို့လဲ "
" သေချာလို့လား "
ထန်းရှင်းယွမ်က နည်းနည်းစိတ်ရှုပ်ထွေးနေသည်။
" သူက ဘယ်လိုလုပ် ဒီလောက်အဆောက်အဦးအများကြီးကိုတတ်နိုင်မှာလဲ "
" ရှင် ကျွန်မရဲ့လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုကို သံသယဝင်နေတာလား "
ကျန်းဟွေ့အနည်းငယ်မကျေမနပ်ဖြစ်သွားသည်။
အဲ့ဒီနောက် သူမက သူ့ကိုလျစ်လျူရှုပြီး ယဲ့ဖန်ကိုကြည့်သည်။
" ယဲ့လူကြီးမင်း၊ လွှဲပြောင်းရေးလုပ်ငန်းစဉ်လုပ်ဆောင်ဖို့ သွားကြရအောင်ပါ "
ယဲ့ဖန်က ခေါင်းငြိမ့်လိုက်ပြီး ထန်းရှင်းယွမ်ဘက်ကို မထီမဲ့မြင်လှည့်ကြည့်လိုက်သည်။
" မင်း ချီးစားချင်တယ်လို့ပြောတယ်မလား။ လတ်လတ်ဆတ်ဆတ်လေးသွားရှာစားလိုက်။ ရှာမရရင်လည်း ငါက မင်းကို အလကားပေးပါ့မယ်။ သေချာပေါက် မင်းဗိုက်ပြည့်တဲ့အထိစားလို့ရမှာပါ "
ကျိုးရှုယောင်းက သူမပါးစပ်ကိုအုပ်ပြီးရယ်ကာ ယဲ့ဖန်ကို တွန်းထုတ်လိုက်သည်။
" နင်ကလေ တော်တော်ကိုညစ်ပတ်တာဘဲ "
ထန်းရှင်းယွမ် အမူအရာထိန်းမရအောင်ပျက်သွားတော့သည်။
ဒီအထိလာပြီး ယဲ့ဖန်က သူ့ကို အရူးလုပ်တာကို ခံလိုက်ရသည်။
သူ့ကိုယ်သူ လူပြက်ဖြစ်သွားမယ်မှန်း ထင်မထားခဲ့ပေ။
တစ်ချိန်တည်းမှာဘဲ အတော်လေးလည်း အံ့ဩသွားရသည်။
ယဲ့ဖန်က ဘယ်ကနေ အဲ့လောက်ပိုက်ဆံတွေအများကြီးရသွားတာလဲ။
အဲ့လောက်အဆောက်အဦးကြီးဆယ်ခုကိုဝယ်ဖို့ကို သူက ဘယ်လောက်ချမ်းသာနေတာလဲ။
ဇာတ်လမ်းအစအဆုံးကို ကြည့်လိုက်ရတဲ့သူငယ်ချင်းတွေက ချက်ချင်းဘဲ စကားပြောဂရုထဲကို မက်ဆေ့ချ်တွေ ပို့ကြတော့သည်။
စကားပြောဂရုကြီးက ထပ်ပြီး ပွက်ပွက်ညံသွားတော့သည်။
ထန်းရှင်းယွမ်ချေပပြောဆိုတာကိုကြားပြီးတဲ့နောက် တစ်ချို့က ယဲ့ဖန်ကို လိမ်နေသည်ဟုသံသယဝင်ခဲ့ကြသည်။
အခုတော့ ယဲ့ဖန်မှာ အဲ့လိုလုပ်နိုင်စွမ်းရှိသည်ဆိုတာကို သက်သေပြနိုင်ခဲ့ပြီး အချက်အလက်တွေလည်းရှိနေသည်။
သူက အဆောက်အဦးဆယ်ခုကို တစ်ချီတည်းဝယ်လိုက်နိုင်သည်။
သူ အနာဂတ်မှာ ဘာမှမလုပ်ဘဲ အိမ်ငှားခတွေကောက်ပြီး ထိုင်စားရင်တောင်မှ လူအများစုထက် ဘဝကိုသာသာယာယာနဲ့အပူပင်ကင်းကင်းနေနိုင်မည်ဖြစ်သည်။
ရိုးရှင်းပေမဲ့ သာမန်လူတစ်စုံတစ်ယောက်အနေအထားမှ အားကျလွန်းလို့ရူးသွားစေနိုင်သည်။
...............................
လွှဲပြောင်းရေးလုပ်ငန်းစဉ်က ချောချောမွေ့မွေ့ပြီးသွားခဲ့သည်။
ယဲ့ဖန်က နောက်ဆုံးတစ်ခုကို လက်မှတ်ထိုးပြီးတဲ့အခါ ကျန်းဟွေ့က သူ့ကိုလက်လှမ်းပြီး နှုတ်ဆက်ပြောသည်။
" ဂုဏ်ယူပါတယ်၊ ယဲ့လူကြီးမင်း။ အခုကစပြီး ရှင်က ပင်းရှန်းတိုက်ခန်းတွေရဲ့ပိုင်ရှင်အစစ်ဖြစ်သွားပါပြီ "
" ကျေးဇူးတင်ပါတယ် "
ယဲ့ဖန်ကလည်း လက်လှမ်းပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။
သူမလက်က အရိုးမရှိသည့်အလား နူးညံ့ပြီး အသားအရေကလည်း ပိုးသားလိုချောမွေ့နေသည်။
ယဲ့ဖန်နှလုံးတုန်လာရသည်။
လက်ထပ်ပြီးခါစအမျိုးသမီးတစ်ဦးရဲ့နှစ်လိုဖွယ်ကောင်းမှုက သာမန်လူတစ်ယောက်ကိုငြင်းဆိုမရအောင် ဆွဲဆောင်မှုရှိနေစေသည်။
" ယဲ့လူကြီးမင်း၊ ကျွန်မတို့ WeChat မှာအပ်ထားမလား။ ရှင်အနာဂတ်မှာ တရားရေးရာပြဿနာတွေရှိလာရင် ကျွန်မကို အချိန်မရွေးဆက်သွယ်လို့ရပါတယ် "
ကျန်းဟွေ့က အကြံပြုလိုက်သည်။
သူမက ယဲ့ဖန်ရဲ့နောက်ခံအင်အားကို ခန့်မှန်းမိလိုက်သည်။
ဒီလိုလူနဲ့မိတ်ဖွဲ့ထားပါက အကျိုးမယုတ်နိုင်ပေ။
ယဲ့ဖန်ကလည်း ဝမ်းသာတရလက်ခံပြီး သူမနဲ့ချက်ချင်း WeChat မှာအပ်လိုက်သည်။
" သူတို့က ယဲ့လူကြီးမင်း သူငယ်ချင်းတွေလား "
ကျန်းဟွေ့က ထန်းရှင်းယွမ်တို့ကို ကြည့်ပြီးမေးလိုက်သည်။
ယဲ့ဖန်ကသာ 'ဟုတ်တယ်'လို့ဖြေပါက သူတို့ကိုပါ ကျန်းဟွေ့က အပ်မလို့ဖြစ်သည်။
တစ်ချို့ကလည်း ယဲ့ဖန်ကို စိတ်အားထက်သန်သည့်အကြည့်ဖြင့်ကြည့်နေကြသည်။
ဒီလိုမိန်းမမျိုးဟာ သူတို့ အိပ်မက်မက်ရုံမျှသာတက်နိုင်မှန်းသိသော်လည်း သူတို့ကလည်း ဒီလို အရည်အသွေးမြင့်မိန်းကလေးမျိုးနှင့် WeChat မှာ သူငယ်ချင်းဖြစ်ချင်သည်။
အနည်းဆုံးတော့ သူများတွေကို ကြွားလို့ရသည်။
သို့ပေမဲ့ ယဲ့ဖန်က ခေါင်းခါလိုက်သည်။
" သူတို့နဲ့ မရင်းနှီးပါဘူး "
ထန်းရှင်းယွမ်အပါအဝင် ထိုလူတွေက ယဲ့ဖန် သူကိုယ်သူအရူးလုပ်မိတာကိုကြည့်ဖို့လာခြင်း မဟုတ်ပါက ယဲ့ဖန်ကို မယုံကြည်လို့လာကြတဲ့သူတွေဖြစ်သည်။
အဲ့တာကြောင့် သူ အဲ့လိုလူတွေရဲ့ခံစားချက်ကို လိုက်ဖြည့်မတွေးပေးနိုင်ချေ။
ထန်းရှင်းယွမ်နှင့်အခြားသူတွေက အရှက်ရသွားသည်။
သူတို့က ချက်ချင်း ယဲ့ဖန်ခြေထောက်ကြားမှ အမြီးနှံ့ပြတဲ့သူတွေဖြစ်ကုန်ကြသည်။
မျက်နှာပျက်နေတဲ့သူတွေကိုကြည့်ပြီး ကျိုးရှုယောင်းအတော်ပျော်သွားသည်။
' နင်တို့နောက်တစ်ခါ ယဲ့ဖန်ကို အထင်သေးရဲ့သေးကြည့် '
ကျန်းဟွေ့က ယဲ့ဖန်ကို စကားအနည်းငယ်ပြောပြီးတဲ့နောက် ပြန်သွားသည်။
ယဲ့ဖန်က သူမရဲ့အရှိန်အဝါအပြည့်နဲ့နောက်ကျောကိုကြည့်ပြီး မတတ်နိုင်ဘဲ စိတ်လှုပ်ရှားလာရသည်။
" ကြည့်နေတုန်းလား။ မျက်လုံးကြီးလည်း ကျွတ်ကျကုန်ဦးမယ် "
သူ့ဘေးမှာရပ်နေတဲ့ကျိုးရှုယောင်းက ခပ်ချဉ်ချဉ်စနောက်လိုက်သည်။
" အဟမ်း၊ ကျန်းအမျိုးသမီးက လုပ်ရည်ကိုင်ရည်ရှိတယ်လို့တွေးမိလို့ပါ "
ယဲ့ဖန်အနည်းငယ်ရှက်သွားသည်။
" ဒါဆို ငါကကျ မလုပ်နိုင်တဲ့သူလို့ပြောချင်တာလား "
ကျိုးရှုယောင်းက အလျော့မပေးပေ။
" နင်လည်း လုပ်ရည်ကိုင်ရည်ရှိပါတယ်။ အရမ်းပေါ့ "
ယဲ့ဖန်က ချက်ချင်းအရှုံးပေးရတော့သည်။
" ဒါဆို ငါကဘာလုပ်နိုင်တာလဲ "
ကျိုးရှုယောင်းက အဆုံးထိကို ဆက်သွားနေသည်။
ယဲ့ဖန် ထိုမေးခွန်းကြောင့် ခေါင်းကိုက်သွားရသည်။ အဲ့တာကြောင့် သူက ပြန်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်သည်။
" နင် ဘာလုပ်နိုင်လဲဆိုတာ ကိုယ့်ဘာကိုယ်မေးသင့်တယ် "
ကျိုးရှုယောင်းက တစ်ခဏကြောင်အသွားပေမဲ့ ယဲ့ဖန်က သူမကို စကားတွေနဲ့ ဘေးကျပ်နံကျပ်ဖြစ်အောင်လုပ်နေမှန်း မြန်မြန်ဘဲ နားလည်သွားတော့သည်။
သူမ မျက်နှာကနေ နားရွက်တွေထိ နီရဲလာတော့သည်။
သူမ ချက်ချင်းထွက်ပြေးချင်လာသည်။
ယဲ့ဖန်က သူမကို လက်ကြားထဲ ဆွဲသွင်းလိုက်သည်။
" ဘာလို့ပြေးနေတာလဲ။ အိမ်တော်ထိန်းလေး "
ကျိုးရှုယောင်း နည်းနည်းမပျော်မရွှင်ဖြစ်သွားသည်။
" ဘယ်သူ့ကို အိမ်တော်ထိန်းလေးလို့ခေါ်နေတာလဲ "
ယဲ့ဖန်က ခပ်ညစ်ညစ်ပြုံးလိုက်သည်။
" အခုကစပြီး နင့်ကို ဒီနေရာစီမံခွင့်ပြုမယ်လေ။ ငါကအိမ်ပိုင်ရှင်ဖြစ်ပြီး နင်ကအိမ်တော်ထိန်းလေးပေါ့ "
သူ့စကားတွေက အရမ်းကိုရဲတင်းလွန်းနေတာကြောင့် ရှုယောင်းက သူ့ကို ရှက်ရှက်နဲ့ဆူလိုက်သည်။
" အရှက်ကိုမရှိဘူး၊ ဘယ်သူက နင့်အိမ်တော်ထိန်းဖြစ်ချင်နေလို့လဲ "
ယဲ့ဖန်အကြည့်တွေက ခြိမ်းခြောက်သယောင်ပေါ်နေသည်။
" ဘယ်သူ့ကို အရှက်မရှိဘူးပြောနေတာလဲ "
ကျိုးရှုယောင်းကလည်း မကြောက်ပေ။
" နင့်ကိုလေ "
" အဲ့တာဆိုလည်း ဘာက ပိုအရှက်မရှိလဲဆိုတာ ပြရသေးတာပေါ့ "
ယဲ့ဖန်က ပြောပြီးပြီးချင်း သူမကို လှမ်းဆွဲလိုက်သည်။
" အို "
ကျိုးရှုယောင်း ရုတ်တရက် ချောင်းအတိုက်ခိုက်ခံလိုက်ရတာကြောင့် နည်းနည်းကပျာကယာဖြစ်သွားသည်။
သူမက ယဲ့ဖန်ရင်ဘတ်ကို တဘုန်းဘုန်းထုနေသည်။
သို့ပေမဲ့ သူမအားနဲ့ ယဲ့ဖန်ကို ရွေ့အောင်တောင်မလုပ်နိုင်ပေ။
ယဲ့ဖန်က သူမ အသက်ရှုကြပ်လာမှလွှတ်ပေးလိုက်တော့သည်။
" ဒီမကောင်းတဲ့ကောင်ကြီးကတော့ "
ကျိုးရှုယောင်း မျက်နှာကနေနားရွက်တွေထိ ရဲတွတ်နေသည်။
အဲ့လိုပြောပြီးတဲ့နောက် အဝေးကိုပြေးသွားတော့သည်။