အပိုင်း ၇၃-၇၆
Vol. 4 Ch. 73-76
အပိုင်း (၇၃)
စူပါဗွီအိုင်ပီတွေမှာတောင်မရှိတဲ့ အခွင့်ထူးခံ။
" ရှချူး၊ မင်းမိတ်ဆွေရဲ့နောက်ခံကဘာလဲ "
ရိုက်ကူးရေးအဖွဲ့သားများသည် ထိုဝန်ထမ်းအနောက်မှလိုက်ပြီး ယဲ့ဖန်နှင့်အတူ နတ်ရေကန်ဆီသို့ဝင်လာကြသည်။
ဒါရိုက်တာကြီးက အခွင့်အရေးရှာပြီး ရှချူးကိုလာမေးသည်။
အဓိကအဖွဲ့ဝင်တစ်ချို့ကလည်း စပ်စပ်စုစုဖြင့်လှမ်းကြည့်ကြသည်။
" အမှန်တိုင်းပြောရရင်၊ ကျွန်မလည်း သေချာမသိဘူး။ သူ့ကို အကြိမ်အနည်းငယ်ဘဲတွေ့ဖူးသေးတာ "
ရှချူးမှ အမှန်တိုင်းဖြေသည်။
သို့ပေမဲ့အခြားသူတွေက မယုံကြပေ။
သူတို့အကြိမ်အနည်းငယ်ဘဲတွေ့ဖူးသေးတာကို တစ်ဖက်သူက အဲ့လောက်ထိ လိုလိုလားလားကူညီပေးတယ်ပေါ့။
" ဒါပေမဲ့ ကျွန်မတို့ဇာတ်ညွှန်းကတော့ သူ့အကူအညီကြောင့်ရသွားတာ "
ဟု ရှချူးမှ ဆက်ဖြည့်ပြောလိုက်သည်။
သူတို့အချိတ်အဆက်တွေအများကြီးသုံးခဲ့တာတောင် ဇာတ်ညွှန်းခွင့်ပြုမိန့်မရခဲ့တဲ့အကြောင်းကိုတွေးလိုက်ကြသည်။
သို့ပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်မှာ ရှချူးက ရုတ်တရက်ဖုန်းဆက်လာပြီး ဇာတ်ညွှန်းကခွင့်ပြုချက်အောင်သွားပြီဟုပြောလာသည်။
ဘယ်သူ့အင်အားနဲ့ရသွားခဲ့လဲဆိုတာကို သူတို့ခန့်မှန်းခဲ့ကြသည်။
ဒီလူငယ်လေးဖြစ်နေခဲ့လိမ့်မယ်လို့ ထင်မထားပေ။
ထိုအချိန်မှာဘဲ ရိုက်ကူးရေးအဓိကအဖွဲ့ဝင်တစ်ချို့က ယဲ့ဖန်ကို အတော်လေး လေးစားအံ့ဩသွားကြတော့သည်။
သူတို့စကားပြောနေရင်းဖြင့် နတ်ရေကန်၏အတွင်းပိုင်းသို့ ရောက်လာကြသည်။
အဲ့ဒီနောက်တွင် လူတိုင်းသည် သူတို့ရှေ့ရှိနတ်ရေကန်၏လှပတဲ့ရှုခင်းမြင်ကွင်းကြောင့် အတော်ကိုမှင်သတ်ရှုမောကုန်ကြသည်။
နတ်ရေကန်အတွင်းပိုင်းကို လှပစွာပြင်ဆင်ထားပြီး ခေတ်သစ်နှင့် ရိုးရိုးယဉ်ယဉ်ဒီဇိုင်းကို ပေါင်းစပ်ထားသည်။
အလယ်တွင် ရေပူစမ်းကြီးတစ်ခုရှိပြီး အငွေ့တွေက တိုးဝေ့နေသည်။
နတ်ရေကန်သည် ကောင်းကင်ဘုံသို့ရောက်သွားသည့်အငွေ့အသက်ရအောင်ပြင်ဆင်ထားသည်။
ရိုက်ကူးရေးအဖွဲ့သားတွေက လှပပုံကို မထိန်းနိုင်ဘဲထုတ်ပြောကြသည်။
ရှချူးသည်လည်း မထိန်းနိုင်ဘဲ ထုတ်ပြောမိသည်။
" ဒီနေရာက လှလိုက်တာ "
သူမဘေးမှာလျှောက်နေတဲ့ယဲ့ဖန်ကတော့ အတော်လေးတည်ငြိမ်နေသည်။
" အဆင်ပြေသားဘဲ "
ထိုပုံစံကို မြင်တဲ့အခါ ရှချူး နှုတ်ခမ်းဆူမိသည်။
ယဲ့ဖန်က တည်ငြိမ်လွန်းနေ၍ သူမကသာ အနည်းငယ်မသိတတ်တဲ့ကလေးပုံစံပေါက်နေသည်။
" ကျွန်မ အဝတ်သွားလဲလိုက်ဦးမယ် "
ထိုသို့ပြောပြီး နှုတ်ခမ်းဆူလျက် လျှောက်ထွက်သွားသည်။
ယဲ့ဖန် ခေါင်းကိုခါပြီးပြုံးလိုက်သည်။ နေရာလွတ်တစ်ခုကိုရှာကာ ဝင်ထိုင်လိုက်သည်။
အစောပိုင်းတုန်းက ဝင်ပေါက်မှာပိတ်ရပ်နေခဲ့သည့်ဝန်ထမ်းသည် ချက်ချင်း ယဲ့ဖန်အတွက် သောက်စရာယူလာပေးသည်။
" လူကြီးမင်း၊ ခုနက ကျွန်တော် အဲ့လိုလေသံနဲ့ပြောမိတဲ့အတွက် တောင်းပန်ပါတယ် "
တစ်ဖက်လူသည် စူပါဗွီအိုင်ပီကတ်နံပါတ် ၀၀၁ ကိုကိုင်ဆောင်ထားတဲ့သူဖြစ်သည့်အတွက် သာလွန်ထူးကဲသောဂုဏ်ပုဒ်ရှိတဲ့သူဖြစ်မည်။
တစ်ဖက်လူမှ တစ်ခုခုပြောပါက သူအထုပ်ပြင်ရကောင်းပြင်ရနိုင်သည်။
ယဲ့ဖန်မှ သောက်စရာကိုယူပြီးတစ်ငုံသောက်လိုက်သည်။
" မင်းလည်း မင်းအလုပ်မင်းလုပ်နေတာဘဲလေ။ မင်းအတွက်ခက်ခဲအောင်လုပ်မှာမဟုတ်ပါဘူး "
ထိုစကားကြားတဲ့အခါ ဝန်ထမ်းမှ ယဲ့ဖန်ကို တရိုတသေကျေးဇူးတင်လိုက်သည်။
စိတ်ထဲမှလည်း ခံစားချက်တွေပြည့်လာတော့သည်။
တစ်ဖက်သူက ဘာကြောင့် ကတ်နံပါတ် ၀၀၁ ကိုကိုင်ဆောင်နိုင်လဲဆိုတာ အံ့ဩစရာမရှိတော့ပေ။ သူ၏သဘောထားကြီးတတ်ပုံကိုကြည့်ခြင်းအားဖြင့် သူက အလွန်ကိုထူးကဲသည့်လူမှန်းသိနိုင်သည်။
ယဲ့ဖန်သူ့ကိုလျစ်လျူရှုလိုက်သည်။ တစ်ဖက်ကိုလှည့်ပြီး အဝေးမှ ရှုခင်းတို့ကို ကြည့်နေသည်။
ဒီနေရာက ရေပူစမ်းအပန်းဖြေစခန်းရဲ့ ဘုံဗိမာန်လို့ပြောကြတာမထူးဆန်းတော့ပေ။
မြင်ကွင်းသည် ရင်သပ်ရှုမောဖွယ်ကောင်းကာ လှပလွန်းသည်။
ထိုအချိန်တွင် ရှချူးအသံကို ရုတ်တရက်အနောက်ဘက်မှ ကြားလိုက်ရသည်။
" ဘာတွေကြည့်နေတာလဲ "
ယဲ့ဖန် ဘာမှမဖြစ်သလို လှည့်ကြည့်လိုက်သည်။
ထို့နောက် ယဲ့ဖန် ကြောင်အ၊ တောင့်ခဲသွားတော့သည်။
ရှချူးသည် ပါးလျလျပိုးထည်ဝတ်ရုံကိုဝတ်ထားပြီး ထိုနေရာမှာ ခြေဗလာဖြင့်ရပ်နေသည်။
သူမ၏ဆံနွယ်ရှည်တို့ကိုလည်း ရေတံခွန်ကဲ့သို့ ကျဆင်းနေအောင် ဖြည်ချထားသည်။
နူးညံ့တဲ့လေပြည်ဖြတ်တိုက်သွားတဲ့အခါ သူမသည် လေပေါ်မှာလွင့်ပျံနေသည့်အလားဖြစ်နေသည်။
နတ်ရေကန်မှ ရှုခင်းတွေထက်တောင်လှပသေးသည်။
ယဲ့ဖန်နှလုံးသားသည် ထိန်းချုပ်မရစွာခုန်ပေါက်လာသည်။
ရှချူးသည် သူ့အမူအရာကိုကြည့်ပြီး တိတ်တိတ်ကလေးပျော်နေသည်။
သို့ပေမဲ့ သူမက တမင်မျက်နှာထားတင်းလိုက်သည်။
" ယဲ့လူကြီးမင်း၊ မိန်းကလေးတစ်ယောက်ကို အဲ့လိုကြည့်တာက မရိုင်းဘူးလား "
ယဲ့ဖန် အမြန်ချောင်းဟန့်ပြီး အဝေးကိုကြည့်လိုက်သည်။
ယဲ့ဖန်ရှက်သွားတာကို ရှချူးမြင်ရခဲတာကြောင့် မထိန်းနိုင်ဘဲရယ်ချလိုက်သည်။
ထိုအခါမှ သူမသည် ယဲ့ဖန်ကို တမင်စနောက်နေမှန်းသိလိုက်ရသည်။
ယဲ့ဖန် သူမကို မျက်လုံးကစားကြည့်လိုက်သည်။
သိပ်မနီးမဝေးမှာရှိနေတဲ့ အစ်မဝမ်က သူတို့ရဲ့ တရင်းတနှီးပုံစံကိုမြင်လိုက်ရသည်။
သူမ မထိန်းနိုင်ဘဲ အသေအချာစဉ်းစားမိသည်။
အကြိမ်အနည်းငယ်တွေ့ကြပြီးတဲ့နောက် ယဲ့ဖန်၏အင်အားကို သူမမျက်မြင်ထင်ရှားတွေ့ပြီးပြီဖြစ်သည်။
ထိုလူငယ်လေး၏လုပ်နိုင်စွမ်းသည် သူမထင်ထားတာတက်ကိုပိုသည်။
သူတို့ရှိသမျှအားစိုက်ထုတ်ပြီးဖြေရှင်းလို့မရသည့်ပြဿနာတိုင်းကို ယဲ့ဖန်က အလွယ်တကူဖြေရှင်းနိုင်သည်။
ထိုအရာတွေက သူ့ရဲ့ကြောက်စရာကောင်းလောက်တဲ့အင်အားကိုပြသသည်။
ရှချူးသာ ဒီလိုနောက်ခံမျိုးရှိပါက သူမ ဒီဖျော်ဖြေရေးလောကမှာ လုပ်ချင်တာလုပ်နိုင်မည်မဟုတ်ပါလား။
ရှချူး၏နောက်ခံနှင့်သာဆို သူမ၏မန်နေဂျာရာထူးကလည်း အဆင့်အတန်းမြင့်သွားပေလိမ့်မည်။
ထိုအတွေးနဲ့အတူ အစ်မဝမ်မှာ အကြံတစ်ခုပေါ်လာတော့သည်။
..................
ယဲ့ဖန်နှင့် ရှချူးတို့ စကားပြောနေကြစဉ်မှာဘဲ ရုတ်ရုတ်သဲသဲဖြစ်လိုက်သံကိုကြားလိုက်ရသည်။
သူတို့နှစ်ဦးသားလှည့်ကြည့်လိုက်သည်။
မုတ်ဆိတ်နှင့်ဒါရိုက်တာကြီးက ဝန်ထမ်းနှင့်ထပ်စကားများနေသည်။
" ဘာဖြစ်နေတာလဲ "
ယဲ့ဖန်သည် သူတို့နှစ်ဦးစကားများနေတာက ပိုပိုပြင်းထန်လာတာတွေ့တဲ့အခါ ကြားဝင်ဖြတ်ပြောလိုက်သည်။
ဒါရိုက်တာကြီးက မြန်မြန်ရှင်းပြသည်။
" ယဲ့လူကြီးမင်း၊ ရိုက်ကူးရေးလိုအပ်ချက်အရ ဒီကနေရာတစ်ချို့ကိုပြန်အလှဆင်ချင်ပေမဲ့ သူက တားလို့ပါ "
ထိုဝန်ထမ်းကလည်းပြန်ပြောသည်။
" ယဲ့လူကြီးမင်း၊ နတ်ရေကန်ကအပြင်အဆင်တွေက အတော်ဈေးကြီးပါတယ်။ သူတို့လုပ်ချင်သမျှလုပ်ခွင့်ပေးလိုက်ရင် ကျွန်တော်တာဝန်မယူနိုင်ပါဘူး "
ယဲ့ဖန်က သူ့လက်ကိုဝေ့ယမ်းလိုက်သည်။
" သူတို့ကိုလုပ်ခိုင်းလိုက်ပါ။ ပြဿနာတွေအကုန်တာဝန်ယူတယ် "
ဝန်ထမ်း၏အသံကပိုကြမ်းလာသည်။
" ယဲ့လူကြီးမင်း၊ ခင်ဗျားက ဒီက စူပါဗွီအိုင်ပီဆိုပေမဲ့ ကျွန်တော်တို့သူဌေးခွင့်မပြုရင် ဒီနတ်ရေကန်ကို စိတ်ရှိတိုင်းပြုပြင်လို့မရပါဘူး "
ရှချူးနှင့်တခြားသူတွေက ထိုစကားကြောင့် ကူကယ်ရာမဲ့လာကြသည်။
တစ်ဖက်ဝန်ထမ်းက စူပါဗွီအိုင်ပီကိုတောင် မျက်နှာသာမပေးပေ။ ဒီတစ်ကြိမ်တော့ တကယ်အသုံးမဝင်တော့ဘူးထင်သည်။
ယဲ့ဖန် ဖုန်းကိုထုတ်ကာ ဟူဝမ်မင်းကိုခေါ်လိုက်သည်။
ဖြစ်သမျှကိုပြောပြလိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော့်အပြစ်တွေပါ။ အဲ့ဒီဝန်ထမ်းကို ဖုန်းလွှဲပေးပါ၊ ကျေးဇူးပြုပြီး "
ယဲ့ဖန် ဘာမှဆက်မပြောဘဲ ဖုန်းကို ဝန်ထမ်းဆီပေးလိုက်သည်။
ဝန်ထမ်းသည် ဖုန်းကိုတွ့န်ဆုတ်စွာဖြင့်ယူလိုက်သည်။
" သူဌေးဟူ၊ ကျွန်တော် ကျောင်းရှောင်မင်းပါ "
သူ ပါးစပ်ဟလိုက်တာနဲ့ ဟူဝမ်မင်း၏ဒေါသသံကိုကြားလိုက်ရသည်။
" မင်းမေကြီးတော်ကို ကန်းနေတာလား။ ယဲ့လူကြီးမင်းက ငါတို့အပန်းဖြေစခန်းက သူဌေးအသစ်ဘဲ။ ငါတောင်မှ သူ့စကားကိုနာခံရတာ။ မင်းမှာ ဘာရှိလို့သူ့ကိုတားနေရတာလဲ။ အလုပ်လိုချင်သေးရဲ့လား "
အပိုင်း (၇၄)
ယောက်ျားတစ်ယောက်ရဲ့သိက္ခာကျခြင်း။
ဟူဝမ်မင်းမှ သူ့ကို မိနစ်အနည်းငယ် ဆူပူနေပြီးနောက် ဖုန်းချလိုက်သည်။
ကျောင်းရှောင်မင်းဆိုတဲ့ ဝန်ထမ်းသည် ငိုမတတ်ဖြစ်နေသည်။
သူသည် ယဲ့ဖန်ကို လက်နှစ်ဖက်ဖြင့်တရိုတသေဖုန်းကိုပြန်ပေးလိုက်ပြီး ငိုတာထက်ရုပ်ဆိုးတဲ့အပြုံးဖြင့်ပြုံးသည်။
" ယဲ့သူဌေး၊ ကျွန်တော် ...... ကျွန်တော်က ယဲ့လူကြီးမင်းက ဒီနေရာရဲ့သူဌေးအသစ်မှန်းမသိလို့ပါ။ သိခဲ့ရင် ကျွန်တော်ကို အခါတစ်ရာအခွင့်အရေးပေးရင်တောင် မတားရဲပါဘူး "
ထိုကဲ့သို့ပြောလိုက်တဲ့အခါ အဖွဲ့သားအားလုံးနှင့် အထူးသဖြင့် ရှချူးနှင့်အစ်မဝမ်တို့က ပါးစပ်အဟောင်းသားဖြင့်အံ့ဩသွားကြသည်။
ယဲ့ဖန်သည် ဒီအပန်းဖြေစခန်း၏သူဌေးအသစ်ဖြစ်နေလိမ့်မည်ဟုထင်မထားပေ။
ဒီသတင်းက ကြောက်စရာကောင်းလိုက်တာ။
ဒီရေပူစမ်းအပန်းဖြေစခန်းကြီးက အနည်းဆုံးတော့ ယွမ်သန်းရာချီတန်တယ်၊ မဟုတ်လား။
ဒီနေရာကိုဝယ်ဖို့ဆို အနည်းဆုံးယွမ်သန်းထောင်ချီပိုင်ဆိုင်မှုရှိမှာပေါ့။
သူက ဒီလောက်ငယ်တာကိုတောင် ပိုင်ဆိုင်မှုက ယွမ်ဘီလီယံနဲ့ချီပြီးရှိတာလား။
ကြောက်ဖို့ကောင်းလိုက်တာ။
သူတို့နှင့်ယှဉ်ပါက ရှချူးသည် အတော်လေးတည်ငြိမ်နေသည်။
ယဲ့ဖန်သည် ဘီလီယံနာဖြစ်ဖြစ် ဆင်းရဲသားဖြစ်ဖြစ်အရေးမကြီးပါ။
သူမအတွက် အများကြီးကွာခြားမသွားပေ။
အလွန်ဆုံးမှ နည်းနည်းအံ့ဩသွားရုံသာဖြစ်သည်။
သို့ပေမဲ့ အစ်မဝမ်၏အတွေးကတော့ ရှချူးနဲ့မတူပေ။
ယဲ့ဖန်အင်အားကြီးလေလေ အစ်မဝမ်က သူနဲ့ရှချူးကို အတူရှိစေချင်လေဖြစ်သည်။
ဒီဖျော်ဖြေရေးလောကတွင် နောက်ခံရှိသူနှင့် မရှိသူတို့က အတော်လေးကွဲပြားခြားနားသည်။
ဒီတစ်ကြိမ်ဇာတ်ညွှန်းကိစ္စကို ဥပမာထားကြည့်ပါက သိသာသည်။
ထို့အပြင်ယဲ့ဖန်သည် ငယ်ရွယ်ချမ်းသာရုံမက ချောမောသေးသည်။
တစ်ချို့မင်းသမီးတွေ၏စပွန်ဆာဘဲကြီးတွေထက် အများကြီးပိုသာသည်မဟုတ်ပါလား။
သူမ မန်နေဂျာက သူမနဲ့ယဲ့ဖန်ကို ငြိအောင်လုပ်ဖို့ဆုံးဖြတ်ထားကြောင်းကို ရှချူးကတော့ မသိပေ။
ယဲ့ဖန်နှင့်အတော်ကြာစကားပြောပြီးတဲ့နောက် ရိုက်ကူးရေးအဖွဲ့သားများက ဇာတ်ဝင်ခန်းကိုပြင်ဆင်ပြီး စတင်ရိုက်ကူးသည်။
" မီးအဖွဲ့၊ အသင့်ပြင်မယ် "
" အသံဖမ်းအဖွဲ့၊ အသင့်ပြင်မယ် "
" ရိုက်ကူးရေးအဖွဲ့၊ အသင့် "
" တစ်၊ နှစ်၊ သုံး။ စမယ် "
ဒါရိုက်တာ၏ညွှန်ကြားချက်နဲ့အတူ အဖွဲ့သားအားလုံးက စတင်ရိုက်ကူးကြသည်။
ယဲ့ဖန်သည် နားနေတဲ့နေရာမှာထိုင်နေပြီး သောက်စရာရှိတာသောက်ကာ ရုပ်ရှင်ရိုက်တာကိုကြည့်နေသည်။
သူတို့မသိလိုက်ခင်မှာဘဲ ပထမအခန်းကိုရိုက်ကူးပြီးသွားသည်။
ပြီးတဲ့အခါ မိုးချုပ်လာပြီဖြစ်သည်။
ဒါရိုက်တာက အချိန်ကိုကြည့်ပြီး ဒီနေ့အတွက်ရိုက်တာရပ်ကာ မနက်ဖြန်မှဆက်မည်ဟု ညွှန်ကြားလိုက်သည်။
ရှချူး ကိုယ်လုံးကို တရွတ်တိုက်ဆွဲပြီးလာသည်။
" ဘယ်လိုနေလဲ ကျွန်မသရုပ်ဆောင်တာ "
ယဲ့ဖန်ကို မျှော်လင့်နေတဲ့မျက်ဝန်းကြီးတွေဖြင့်ကြည့်သည်။
သူမပုံစံသည် ဆရာချီးကျူးတာကိုခံချင်နေသည့် မူလတန်းကလေးနှင့်တူသည်။
ယဲ့ဖန်တစ်ခဏတွေးပြီးနောက်ဖြေသည်။
" ကိုယ့်အထင် မင်းသီချင်းဘဲပြန်ဆိုပါလား "
ရှချူးအနည်းငယ်စိတ်ပျက်သွားသည်။
" ဒီအတိုင်းအားပေးလို့ဘဲမရဘူးလား "
ယဲ့ဖန်မှ ချက်ချင်းရယ်မောလိုက်သည်။
" ကိုယ်က မင်းကို စနေတာပါ။ သရုပ်ဆောင်တာတကယ်ကောင်းတယ်။ အကောင်းဆုံးမင်းသမီးဖြစ်ဖို့ မင်းမှာ အလားအလာရှိတယ် "
ရှချူးက မကျေနပ်သေးပေ။
" ရှင် စိတ်ထဲကမပါဘဲပြောနေတယ် "
ယဲ့ဖန်က ချက်ချင်းခွန်းတုန့်ပြန်သည်။
" မမလေး၊ မင်းရဲ့သရုပ်ဆောင်တာက ကောင်းတယ်လဲပြောမရ၊ မကောင်းဘူးလည်းပြောမရဘူး။ ဘယ်လိုဖြေပေးရမှာလဲ "
ရှချူးက သေချာထောက်ပြသည်။
" ကျွန်မမေးတဲ့အခါ၊ ရှင်အရင်ဆုံးကျွန်မကိုချီးကျူးရမှာလေ။ အမူအရာကလေးနက်ပြီးတော့ မျက်ဝန်းတွေကလည်းတည်ကြည်နေရမယ်။ ပြီးတော့ အသံကလည်း ခိုင်မာနေရမယ် "
သူမ အကြံပေးတာကိုကြားတဲ့အခါ ယဲ့ဖန်စိတ်ညစ်သွားသည်။
သူ့အတွက် ခက်ခဲလွန်းသည်။
ရှချူးသည် စနောက်နောက်မျက်နှာပေးကိုပြောင်းလိုက်တော့သည်။
" စနေတာပါ။ ရှင်က ဒီနေ့ကျွန်မကို အများကြီးကူထားတော့ ညစာလိုက်ကျွေးမယ်လေ ဘယ်လိုလဲ "
ယဲ့ဖန်ခေါင်းခါလိုက်သည်။
" တော်ပါပြီ၊ ဒီညရေပူစမ်းစိမ်ဖို့စီစဉ်ထားတယ် "
ဖြတ်သွားတဲ့အဖွဲ့သားတွေက ထိုစကားကြားတဲ့အခါ လဲကျမတတ်တောင်ဖြစ်သွားသည်။
ဒီတစ်ယောက်ဘာတွေတွေးနေတာလဲ။
ရှချူးလို ကြယ်ပွင့်တစ်ယောက်က အရင်စပြီးထမင်းစားဖိတ်တာကို သူကငြင်းပြီး ရေပူစမ်းစိမ်မှာတဲ့လား။
စွန်းဝူခုန်းက ပျိုကညာခုနစ်ပါးကိုပလစ်ပြီး မက်မွန်သီးသွားခူးတာနဲ့တောင်တူနေပြီ။
ယောက်ျားတွေကို သိက္ခာချလိုက်တာဘဲ။
ရှချူးသည် ယဲ့ဖန်၏ငြင်းဆိုချက်ကို စိတ်မဆိုးပေ။
" ဒါပေမဲ့ ကျွန်မက အကြွေးတင်နေတာမျိုးမကြိုက်ဘူးလေ။ ဘယ်လိုပြန်ပေးရမလဲပြောကြည့်ကြည့် "
ယဲ့ဖန်သည် ရှချူးဘက်မှ လက်မလျှော့တာကိုတွေ့တဲ့အခါ စနောက်လိုက်သည်။
" အဲ့လိုဆိုမှတော့ ကိုယ်နဲ့အတူ ရေပူစမ်းစိမ်ကြမလား "
ယဲ့ဖန်ထိုကဲ့သို့ပြောသည့်အခါ ရိုက်ကူးရေးအဖွဲ့သားတွေက သူ့ကို အထင်သေးသလိုလှမ်းကြည့်ကြသည်။
ရေပူစမ်းကို မိန်းကလေးနဲ့အတူစိမ်ချင်တာတဲ့လား။
ရေပူစမ်းသပ်သပ်ရောဟုတ်ရဲ့လား။
ရွံစရာအကောင်။
ရှချူးသည်လည်း အတွေးတစ်ချို့ဝင်လာပုံရပြီး သူမမျက်နှာနှင့်နားရွက်တွေအထိနီရဲတွတ်လာသည်။
" ဘယ်သူကရှင်နဲ့ရေပူစမ်းသွားချင်နေလို့လဲ "
ရှချူးသည် ယဲ့ဖန်ကို စိတ်ဆိုးမာန်ဆိုးနှင့်ကြည့်လိုက်သည်။
ထိုအချိန်တွင် အစ်မဝမ်က ကြားဝင်ဖြတ်ပြောသည်။
" ရှရှ၊ တစ်နေကုန်ရိုက်ကူးရေးလုပ်ထားတာဆိုတော့ ပင်ပန်းနေရောပေါ့။ ယဲ့လူကြီးမင်းနဲ့အတူ ခဏလောက်ရေစိမ်လိုက်ပါလား "
ရှချူးသည် သူမ၏မန်နေဂျာစကားကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
အစ်မဝမ်သည် အများသောအားဖြင့် သူမကို အတော်လေးကာကွယ်ပေးတတ်သည်။ ရှချူးကို ဆန့်ကျင်ဘက်ယောက်ျားလေးတွေနဲ့ အဆက်အသွယ်လုပ်လျှင်တောင်မှ တားမြစ်တတ်သည်ဟုပြောလျှင်တောင် အပိုပြောရာမရောက်ပေ။
သို့ပေမဲ့ ဒီနေ့တော့ အစ်မဝမ်ဘက်မှအရင်စပြီး သူမကို ယောက်ျားတစ်ယောက်နဲ့အတူ ရေပူစမ်းကို သွားစေချင်နေတာလား။
ရှချူးသည်အနည်းငယ်ရှက်နေပေမဲ့ ယဲ့ဖန်နှင့်အစ်မဝမ်တို့မှ ပြောနေပြီး၍ ငြင်းရမှာ ရှက်ရွံ့နေသည်။
ခေါင်းလေးကိုငုံ့ပြီး သဘောတူလက်ခံလိုက်သည်။
" အဲ့တာဆိုလည်း ကျွန်မအရင်အဝတ်သွားလဲလိုက်ဦးမယ် "
ထို့နောက် ရှချူး အလျင်အမြန်ထွက်ပြေးသွားသည်။
ဒီတစ်ကြိမ်မှာတော့ ကြောင်အသွားရသူက ယဲ့ဖန်ဖြစ်သည်။
သူက စနောက်လိုက်ရုံသာဖြစ်ပေမဲ့ တစ်ဖက်သူက သဘောတူလာလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။
သူ အခု ဘာလုပ်သင့်လဲ။
ဒါကြီးက မကောင်းဘူး၊ မဟုတ်ဘူးလား။
သူက လူရည်လူမွန်လေးပါ။
....................
" အစ်မဝမ်၊ ကျွန်မကို အရင်တုန်းက တခြားယောက်ျားလေးတွေနဲ့ အဆက်အဆံလုပ်တာကို တားမြစ်ထားတယ်မဟုတ်ဘူးလား။ ဒီနေ့ဘာဖြစ်နေတာလဲ "
ရှလျူးသည် အဝတ်လဲခန်းထဲကိုဝင်ပြီး အစ်မဝမ်ကို နားမလည်သည့်ပုံစံဖြင့်ကြည့်သည်။
" ရူးနေလား၊ ရှရှရယ်။ အဲ့တာက အရင်တုန်းက အခုက အခုလေ၊ နားလည်ရဲ့လား "
အစ်မဝမ်သည် အနည်းငယ်စိတ်ပျက်သွားသည်။
" နားမလည်ဘူး "
ရှချူးခေါင်းခါသည်။
အစ်မဝမ်သည် ပြောစရာစကားမဲ့သွားသည်။ စကားကိုပြောင်းပြောပြီးရှင်းပြသည်။
" ယဲ့လူကြီးမင်းက အစ်မတို့ကို အများကြီးကူညီပေးထားတာလေ။ သူ့ကို ကျေးဇူးမတင်သင့်ဘူးလား "
ရှချူးသည် ဒီတစ်ကြိမ်တွင်တော့ ခေါင်းငြိမ့်သည်။
" ဒါပေါ့။ အဲ့တာကြောင့် သူ့ကို ထမင်းစားဖိတ်ပေမဲ့ သူက ငြင်းလိုက်တယ်လေ "
အစ်မဝမ်သည် ရှချူး၏နှဖူးကို လက်ဖြင့်တို့လိုက်သည်။
" ရှရှ နင်ကတော့ ငတုံးလေးဘဲ။ ယဲ့လူကြီးမင်းက ရှရှကို ကာကွယ်ပေးတာလေ။ တကယ်လို့ သူနဲ့အတူတူ အပြင်ထွက်စားရင်း သတင်းထောက်တွေမိသွားရင် ထိုခိုက်မှုများနိုင်တယ်လေ "
ရှချူးတွေးလိုက်ပြီး အဓိပ္ပာယ်ရှိသည်ဟုထင်သည်။
" ဒါပေမဲ့ သူနဲ့အတူ ရေပူစမ်းကိုသွားစေချင်တာလား။ ကြောင်တောင်တောင်မနိုင်ဘူးလား။ အချင်းချင်းသိတာတောင် သိပ်မကြာသေးတာကြီးကို "
အစ်မဝမ်မှ သူမကို မြန်မြန်နားချလိုက်သည်။
" မပူပါနဲ့။ အစ်မ လိုက်ပေးပါ့မယ်။ ဟုတ်ပြီ၊ အခုတော့ အင်္ကျီအမြန်လဲဝတ်တော့။ ယဲ့လူကြီးမင်းကို စောင့်မနေစေနဲ့ "
ရှချူးသည် တစ်ခုခုမှားနေမှန်း ခံစားမိပေမဲ့ ဘာမှားနေလဲဆိုတာမသိပေ။
ရွေးချယ်စရာမရှိဘဲ လှည့်ထွက်ကာ အဝတ်လဲခန်းထဲသို့ဝင်သွားသည်။
အပိုင်း (၇၅)
ကျွန်မက အဲ့လိုမိန်းမမျိုးမလို့လား။
ယဲ့ဖန်အဝတ်လဲပြီးထွက်လာချိန်တွင် အဖွဲ့သားတွေကထွက်သွားပြီဖြစ်သည်။
မနက်ဖြန်ရိုက်ကူးရေးအတွက် လိုအပ်သည့်အပြင်အဆင်ပစ္စည်းအပုံလိုက်သာကျန်ခဲ့သည်။
ရေပူစမ်းကန်၏ဘေးသို့ ယဲ့ဖန်လမ်းလျှောက်သွားပြီး ရေအပူချိန်ကိုစမ်းကြည့်လိုက်သည်။
အနည်းငယ်ပူနေသေးသည်။
အကြိမ်အနည်းငယ်ထိကြည့်ပေမဲ့ ရေကန်အပူကြီးထဲကို မဆင်းရဲသေးပေ။
ထိုအချိန်တွင် သူ့အနောက်မှ ခြေသံတို့ကိုကြားလိုက်ရသည်။
ယဲ့ဖန်လှည့်ကြည့်လိုက်သည်။
ရှချူးသည် အဖြူရောင်ရေချိုးတဘက်ကိုပတ်ထားကာ လမ်းလျှောက်လာသည်။
ရေချိုးတဘက်အလယ်တွင် ဖဲပြားလေးဖြင့်ချည်ထားကာ ခါးတစ်ဝိုက်တွင်စီးထားသည်။
ရေချိုးတဘက်အောက်မှလွတ်နေသည့်နေရာတွင် ဖြူဖွေးဝင်းအိနူးညံ့သေးသွယ်ကာ ဆွဲဆောင်မှုရှိသည့်ခြေသလုံးလေးကပေါ်နေသည်။
ယဲ့ဖန် မလှုပ်မယှက်ဖြစ်သွားတော့သည်။
ယဲ့ဖန် ထပြီး သူတို့ကိုနှုတ်ဆက်ဖို့ပြန်ချိန်မှာဘဲ ရုတ်တရက် ခြေချော်သွားသည်။
ဗွမ်း
ယဲ့ဖန် ရေပူစမ်းထဲကိုပြုတ်ကျသွားသည်။
ရေကန်ထဲမှ ဗွမ်းခနဲအသံထွက်လာသည်။
ရှချူးသည် အစမှာတော့ စိတ်ပူသွားပေမဲ့ ယဲ့ဖန်၏ကြွက်စုတ်ဖြစ်နေပြီးသနားစရာပုံစံကိုတွေ့တဲ့အခါ ရယ်ရလွန်းလို့ ရှေ့နောက်ယိမ်းထိုးနေသည်။
ယဲ့ဖန်သည် ရေကန်ထဲမှာအတော်ကြာရုန်းကန်နေပြီး နောက်ဆုံးမှ မတ်မတ်ရပ်နိုင်သွားသည်။
ရှချူးသည်ရေကန်ဘေးတွင် တခစ်ခစ်ရယ်နေတာတွေ့တဲ့အခါ ယဲ့ဖန် စနောက်ချင်စိတ်ပြင်းပြလာသည်။
ယဲ့ဖန်သည် သူမ၏နူးညံ့သောခြေချင်းဝတ်လေးမှ အသာအယာဆွဲချလိုက်သည်။
" အား "
ရှချူး အော်သံနှင့်အတူ ရေကန်ထဲသို့ပြုတ်ကျသွားသည်။
ယဲ့ဖန်သည် ရှချူး ရေမွန်းသွားမှာစိုးရိမ်သည့်အတွက်ကြောင့် မြန်မြန်ကူတွဲပေးလိုက်သည်။
" ယဲ့ဖန်၊ လူဆိုးကောင်ကြီး "
ရှချူးသည် အကြောက်လွန်သွားခဲ့ပြီး ယဲ့ဖန်ပုခုံးကို ထုရိုက်တော့သည်။
အစ်မဝမ်သည် ထိုမြင်ကွင်းကိုကြည့်ပြီးပြုံးကာ တိတ်တဆိတ်ထွက်သွားခဲ့သည်။
ထိုအချိန်တွင် ယဲ့ဖန်သည် ရှချူးကိုငေးကြည့်ရင်း အတွေးထဲမှာမြောနေခဲ့သည်။
လက်ရှိသူမပုံစံက ..........
သူမကိုယ်ပေါ်ရှိရေချိုးတဘက်ဟာ ရေတွေစိုရွှဲသွားတာကြောင့် ကိုယ်ပေါ်မှာတင်းကျပ်ကျပ်ကပ်နေသည်။
နဂိုကတည်းက ပြည့်စုံနေသည့် သူမ၏ခန္ဓာကိုယ်သည် ယခုလက်ရှိတွင် ကောက်ကြောင်းတို့ပေါ်လွင်နေသည်။
ယဲ့ဖန်၏အသက်ရှုသံတို့ တဖြည်းဖြည်းမူမမှန်တော့ပေ။
ရှချူးသည် ယဲ့ဖန်၏ပေါက်ထွက်မတက်အကြည့်နှင့်ဆုံသည့်အခါ ချက်ချင်းကြောက်စိတ်ဝင်လာသည်။
အစ်မဝမ်ကို အကူအညီတောင်းဖို့ အနောက်သို့ မြန်မြန်လှည့်ကြည့်သည်။
သို့ပေမဲ့ အစ်မဝမ်သည် ဘာမှမပြောဘဲ ပျောက်သွားခဲ့သည်။
ရှချူး ဘယ်လောက်ပင် တုံးအပါစေ၊ ဒီတစ်ခါမှာတော့ နားလည်သွားပြီဖြစ်သည်။
အစ်မဝမ်သည် သူမနှင့်ယဲ့ဖန်တို့ ပိုနီးကပ်စေရန် တမင်အကွက်ဆင်ခဲ့တာဖြစ်သည်။
ထိုအတွေးကြောင့် ရှချူးတစ်ကိုယ်လုံးတောင့်ခဲလာသည်။
ရှချူးသည် ယဲ့ဖန်ကို ကြောက်ရွံ့နေသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
" အဆင်ပြေရဲ့လား "
ယဲ့ဖန်မှ အရင်စပြီးတောင်းပန်လိုက်ကာ တစ်ချိန်တည်းမှာဘဲ ရှေ့ကိုတစ်လှမ်းတိုးလာသည်။
" မလာခဲ့နဲ့ "
ရှချူးသည် အလျင်အမြန်အနောက်ကိုတစ်လှမ်းဆုတ်လိုက်သည်။
" ဘာကိုကြောက်နေတာလဲ။ ကိုယ်က မင်းကို ကိုက်စားမှာလည်းမဟုတ်ပါဘူး "
ယဲ့ဖန်သည် ရှချူး၏သတိထားနေသည့်ပုံစံလေးကိုမြင်ပြီး ပျော်စရာကောင်းသည်ဟုထင်နေသည်။
" အမလေး "
ရှချူးသည် တစ်ခုခုပြောဖို့လုပ်နေစဉ်မှာဘဲ နာကျင်မှုကြောင့် စူးခနဲအော်လိုက်ပြီး လဲကျမတတ်ဖြစ်သွားသည်။
ယဲ့ဖန်မှ သူမကို အလျင်အမြန်လှမ်းဆွဲထားလိုက်သည်။
" ဘာဖြစ်လို့လဲ "
ရှချူးမျက်နှာတွင် နာကျင်နေသည့်အမူအရာပေါ်လွင်နေသည်။
" ခြေကျင်းဝတ်ခေါက်သွားတယ် "
ယဲ့ဖန်ထိုစကားကြားတဲ့အခါ ရှချူးကို ချက်ချင်းပွေ့ချီလိုက်သည်။
" အား၊ ရှင်ဘာလုပ်တာလဲ "
ရှချူးအသံသည် တုန်လှုပ်နေသည်။
ယဲ့ဖန်သည် ဘာမှပြန်မဖြေဘဲ ရေကန်ဘေးမှ နေရာအလွတ်ဆီသို့ပွေ့ချီလာသည်။
" ဘယ်ခြေထောက်ခေါက်သွားတာလဲ "
သူ့အသံက နည်းနည်းအမိန့်သံပေါက်နေသည်။
" ဒီတစ်ဖက် "
ရှချူးသည် သူမ၏ညာခြေထောက်ကို မြန်မြန်ညွှန်ပြလိုက်သည်။
ယဲ့ဖန်သည် ဘာမှဆက်မပြောဘဲ ခေါက်သွားသည့်ခြေထောက်ကိုဆွဲယူပြီး ညင်သာစွာပွတ်ပေးသည်။
" ဝူးဝူးဝူး ........ "
ရှချူးနှာမှုတ်လိုက်ပြီး မျက်နှာတစ်ခုလုံးနီရဲနေသည်။
ရေပူစမ်းမှ ရေနွေးငွေ့တွေကြောင့်လား အခြားတစ်ခုကြောင့်လားဆိုတာကိုတော့ မသိပေ။
သူမတစ်ဘဝလုံးတွင် ဆန့်ကျင်ဘက်ယောက်ျားလေးတစ်ယောက်နှင့် ဒီလိုအနီးကပ်ထိတွေ့မှုမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးဖြစ်သည်။
သူမကျောင်းနေအရွယ်တုန်းက သူမမိဘတွေသည် သူမကို တင်းကျပ်ခဲ့ကြသည်။
တက္ကသိုလ်ရောက်လာသည့်အခါမှာလည်း ဖျော်ဖြေရေးကုမ္ပဏီမှ ရွေးချယ်ခြင်းခံရပြီး အနုပညာလောကထဲဝင်လာခဲ့သည်။
ထိုအခါ မန်နေဂျာက မိဘတွေထက်တောင်ပိုတင်းကျပ်ခဲ့သည်။
အလုပ်မှလွဲ၍ ကိုယ်ပိုင်ဘဝတွင် အခြားယောက်ျားလေးတွေနဲ့ အဆက်အသွယ်လုပ်ဖို့ ခွင့်ပြုချက်မရှိခဲ့ပေ။
သူမ၏လုပ်ငန်းခွင်လုပ်ဖော်ကိုင်ဖက်များမှလွဲ၍ အများဆုံးအဆက်အသွယ်ရှိသည့်ယောက်ျားလေးမှာ ယဲ့ဖန်ဟု ပြောလို့ရသည်။
အကြိမ်အနည်းငယ် တွေ့ဆုံပြီးတဲ့နောက် ယဲ့ဖန်၏ညှို့ဓာတ်သည် သူမအပေါ် တမျိုးတမည်ခံစားချက်ဖြစ်လာစေသည်။
တဖြည်းဖြည်းနှင့် ရှချူးမျက်လုံးတို့ဝေဝါးလာသည်။
ယဲ့ဖန်သည် ရှချူးကို အတော်ကြာနှိပ်နယ်ပေးပြီးတဲ့နောက် ခေါင်းမော့လိုက်သည်။
" အခု ဘယ်လိုနေသေးလဲ "
ရှချူးသည် ချက်ချင်းပင် အားနာစိတ်ကြောင့် အဝေးကိုကြည့်လိုက်သည်။
" အာ၊ ရပါပြီ "
ယဲ့ဖန်ကတော့ အများကြီးတွေးမနေဘဲ ဖြည်းဖြည်းချင်းထရပ်လိုက်သည်။
" ကြည့်ရတာ ကိုယ်တို့ ဒီရေပူစမ်းကိုမစိမ်နိုင်တော့ဘူးဘဲ။ ဒီနေ့တော့ ပြန်ကြရအောင် "
ရှချူးမှ အလျင်အမြန်ခေါင်းငြိမ့်ပြသည်။
" ဟုတ်ပြီ၊ ကျွန်မအရင်အင်္ကျီလဲလိုက်ဦးမယ် "
ထိုသို့ပြောပြီးနောက် လစ်ခနဲပြေးသွားတော့သည်။
ယဲ့ဖန်သည် ကပျာကယာပြေးသွားသောရှချူး၏နောက်ကျောကိုကြည့်ကာ ခေါင်းကိုကုတ်လိုက်သည်။
သူမ ဘာဖြစ်နေတာလဲ။
ဟူး၊ မိန်းကလေးတွေရဲ့အတွေးကို ခန့်မှန်းဖို့တကယ်ခက်ခဲတာဘဲ။
....................
သူတို့နှစ်ဦး အဝတ်လဲပြီးတဲ့နောက် နတ်ရေကန်မှထွက်လာခဲ့သည်။
အပြင်မှာစောင့်နေတဲ့အစ်မဝမ်က သူတို့နားကို အမြန်ရောက်လာသည်။
" ထွက်လာတာမြန်လှချည်လား "
ရှချူး သူမကိုတွေ့တဲ့အခါ ချက်ချင်းအရှက်ကွဲမှုကြောင့် ဒေါသထွက်လာသည်။
" အစ်မနဲ့ ပြန်ရောက်တော့ကျမှရှင်းမယ် "
အစ်မဝမ်သည် ကြောက်သွားပြီး ကျောတွန့်သွားကာ ဘာမှဆက်မပြောရဲတော့ပေ။
ရှချူး စိတ်တည်ငြိမ်အောင်လုပ်ပြီး ယဲ့ဖန်ဘက်ကိုလှည့်လိုက်သည်။
" ခဏနေကျ ကျွန်မရဲ့ဂုဏ်ပြုပွဲကိုတက်ပေးမလား "
ယဲ့ဖန်ခေါင်းကုတ်လိုက်သည်။
" ကိုယ်က အဖွဲ့ဝင်မှမဟုတ်တာ။ မသင့်တော်လောက်ဘူး၊ မဟုတ်လား "
ရှချူးမှ အနည်းငယ်စိတ်လှုပ်ရှားသွားသည်။
" ဘာမသင့်တော်တာရှိလို့လဲ။ ဒါက ကျွန်မရဲ့ပထမဆုံးဇာတ်ကားလေ၊ အဲ့တာကြောင့် ကျွန်မအတွက်အရမ်းအရေးကြီးတယ် "
ရှချူးထိုကဲ့သို့ပြောတာကိုမြင်တဲ့အခါ ယဲ့ဖန်စိတ်ထဲနှလုံးထဲမှ လက်ခံလိုက်ပြီးသားဖြစ်သည်။
သို့ပေမဲ့ အတွေးတစ်ခြားအပြောတစ်ခြားလုပ်လိုက်သည်။
" မင်းအတွက်အရေးကြီးပေမဲ့ ကိုယ်နဲ့က ဘာဆိုင်လို့လဲ။ ကိုယ့်ကို ဘယ်သူထင်လို့လဲ "
ရှချူးသည် ဘာပြန်ဖြေရမလဲမသိဘဲ ပြောစရာစကားပျောက်နေသည်။
ယဲ့ဖန်သည် သူမရှက်နေတာကိုတွေ့တဲ့အခါ ဂုဏ်ယူစွာပြုံးလိုက်သည်။
" တကယ်လို့ ဘာမှမဟုတ်ဘူးဆို အရင်ပြန်တော့မယ် "
ရှချူး အနည်းငယ်စိုးရိမ်သွားသည်။
" လာမှာလား၊ မလာဘူးလား "
" အချိန်ရှိမလား ကြည့်လိုက်ဦးမယ် "
ထိုသို့ပြောပြီး ယဲ့ဖန်အဝေးသို့လျှောက်သွားကာပြန်လှည့်ကြည့်မလာပေ။
ရှချူးသည် သူ့နောက်ကျောကိုကြည့်ပြီး အတော်ကြာအသိစိတ်ပြန်ကပ်မလာပေ။
ရှချူးသည် စိတ်လည်းဆိုး၊ ရှက်လည်းရှက်ပြီး ထွက်သွားဖို့တွန့်ဆုတ်နေသည်။
အစ်မဝမ်က အနားကိုထပ်ကပ်လာသည်။
" သူသွားပြီ။ အစ်မတို့လည်း ပြန်သင့်ပြီ "
ရှချူးလှည့်လာပြီး မျက်လုံးမှဒေါသတို့လျှံထွက်လာသည်။
" ဒီနေ့အစ်မဘာဆိုလိုတာလဲ။ ညီမကို ဘယ်လိုလူစားထင်နေလို့လဲ "
" ရှရှကောင်းဖို့အတွက်လုပ်ပေးတာပါ။ ဒီလိုငယ်ရွယ်ပြီးချမ်းသာတဲ့သူကရှားတယ်လေ။ အမြန်မလှုပ်ရှားရင် တစ်ခြားသူက ဆွဲစားသွားလိမ့်မယ် "
" သူ့မှာ ပိုက်ဆံရှိရှိ၊ မရှိရှိ ညီမက ဘာလုပ်ရမှာလဲ။ အဲ့လိုမိန်းမမျိုးမှမဟုတ်တာ "
" ရှရှက မဟုတ်ဘူး။ အစ်မက၊ ဟုတ်ပြီလား "
" အဲ့တာဆို ရေပူစမ်းကို သူနဲ့အတူ အစ်မသွားပါလား "
" ငါသွားချင်ရင်တောင် သူက ငါ့မှမကြိုက်တာ "
" အဲ့တာဆို သူက ညီမကိုရောကြိုက်မှာမလို့လား "
" ဒါကတော့ ရှရှ ကြိုးစားတဲ့အပေါ်မူတည်တယ်လေ "
" အစ်မကို သေအောင်ကိုက်ပစ်မယ် "
" အား .......... "
အပိုင်း (၇၆)
ကြည့်ရတာ မင်းက ကျောင်းသားကောင်းတော့မဟုတ်ဘူးထင်တယ်။
ရေပူစမ်းအပန်းဖြေစခန်းမှပြန်လာပြီးတဲ့နှစ်ရက်မြောက်နေ့တွင် ယဲ့ဖန်သည် မနက်စောစောတွင် သူ၏Lykan ကားကိုမောင်းကာ ကျောင်းသွားရန်ပြင်သည်။
သို့ပေမဲ့ သူစံအိမ်ကထွက်မည့်အချိန်မှာဘဲ ဝတုတ်ချူးဆီမှ ဖုန်းဝင်လာသည်။
" ဖန်ညီအစ်ကို၊ ဒီနေ့ကျောင်းလာမှာလား "
ဝတုတ်ချူးအသံက အတော်လေးအလောကြီးနေသည်။
" လာမှာလေ၊ ဘာလို့လဲ "
ယဲ့ဖန် နားမလည်ဖြစ်နေသည်။
" အဲ့တာဆို ဂရုစိုက်ဦး။ တုမင်းက မင်းကို ပြဿနာရှာနိုင်တယ် "
ဝတုတ်ချူးက အလျင်အမြန်သတိပေးလိုက်သည်။
" တုမင်းက ဘယ်သူလဲ "
ယဲ့ဖန် ထိုနာမည်နှင့်သူကို မသိပေ။
" တုမင်းကို မသိဘူးလား။ သူက ကျောင်းသားရေးရာစည်းကမ်းဌာနခေါင်းဆောင်လေ။ သူက စည်းကမ်းပိုင်းမှာ တာဝန်ရှိတယ် "
ဝတုတ်ချူးက တိုတိုတုတ်တုတ်ရှင်းပြလိုက်သည်။
" စည်းကမ်းရေးရာဌာနခေါင်းဆောင်နဲ့ ငါက ဘာကိစ္စရှိလို့လဲ "
ယဲ့ဖန် အခုထိနားမလည်သေးပေ။
" အခုတော့ မင်း အတန်းတွေပျက်ထားတယ်မလား။ သူက မင်းရဲ့ပျက်ကွက်အတန်းတွေကိုသိထားပြီးတော့ မင်းကို ဥပမာထားပြီး စည်းကမ်းမလိုက်နာတဲ့သူတွေကို သေချာအပြစ်ပေးမယ်လို့ ပြောနေတာ "
ဝတုတ်ချူးအသံက စိုးရိမ်သံပေါက်နေသည်။
" ရူးနေတာလား။ အတန်းလစ်တဲ့သူတွေအများကြီးလေ။ ငါ့ကို ဘာလို့ ဥပမာထားချင်ရတာလဲ "
ယဲ့ဖန်စိတ်တိုသွားသည်။
" ငါကြားတာတော့ သူက ရှန်းပိုင်ထျန်းကို လိုက်နေတာတဲ့။ ဒါပေမဲ့ ကျောင်းအလှလေးက သူ့ကို အမြဲတမ်းလျစ်လျူရှုပြီးတော့ အခုကျ မင်းနဲ့ငြိနေတယ်လို့သတင်းထွက်နေတော့ လက်စားချေချင်နေတာဖြစ်မယ် "
ဝတုတ်ချူးက ယဲ့ဖန်ကို သုံးသပ်ပြလိုက်သည်။
" သွားစမ်းပါ၊ ငြိတယ်ဆိုတာ ဘာပြောချင်တာလဲ။ စကားကို ကြည့်ပြောဦး "
ယဲ့ဖန်သည် ဝတုတ်ချူးရဲ့စကားလုံးကြောင့် မကျေမနပ်ဖြစ်သွားသည်။
" အဲ့တာက အဓိကမဟုတ်ဘူး။ အဓိကက တုမင်းက မင်းကို ပြဿနာရှာတော့မှာ။ သတိထားဦး "
ဝတုတ်ချူးက အသေအချာသတိပေးသည်။
" ဟက်၊ ငါ့ကို ပြဿနာရှာချင်တာလား။ ကြည့်ကြသေးတာပေါ့၊ အဲ့လိုလုပ်ဖို့ သူ့မှာ အရည်အချင်းတောင်ရှိရဲ့လားဆိုတာကို "
ယဲ့ဖန်သည် နှာမှုတ်ပြီး ဖုန်းချလိုက်သည်။ ယဲ့ဖန်သည် တုမင်းကို လုံးဝအာရုံထဲမထားပေ။
သူ့လက်ရှိအင်အားနဲ့သာဆို ထိုကျောင်းလေးရဲ့စည်းကမ်းရေးရာခေါင်းဆောင်မပြောနှင့် ကျောင်းအုပ်ကြီးဆိုရင်တောင် ဘာဖြစ်လဲ။
သူ့ကိုပြဿနာရှာသူတိုင်း သေမိန့်ကျစေရမည်။
[ ကံကြမ္မာအခြေအနေအသစ်ကို ရှာဖွေတွေ့ရှိထားပါသည်။ ]
[ စနစ်ညွှန်ကြားမှုစတင်ပါပြီ။ လက်ရှိလမ်းမှ တည့်တာ့်မောင်းပြီး ဘယ်ဘက်ကိုမီတာ၂၀၀ကွေ့ပါ။ ]
ယဲ့ဖန် အလွန်ပျော်သွားကာ စနစ်ညွှန်ကြားမှုနောက်ကိုလိုက်သည်။
မကြာခင်မှာဘဲ လမ်းအရှေ့တွင်ဘေးခြမ်းတွင် ကားတားဖို့လက်ဝေ့ယမ်းနေသည့် ဆံဖြူနေသောအဘိုးအိုတစ်ယောက်ကိုတွေ့လိုက်ရသည်။
ထိုအဘိုးအို၏ဘေးတွင် ကားအဟောင်းတစ်စီးရပ်ထားသည်။ ကြည့်ရတာကားပျက်နေပုံပေါ်သည်။
ကားဘေးတွင် အဘွားအိုတစ်ဦးက နာကျင်နေသည့်မျက်နှာအမူအရာဖြင့်ထိုင်နေသည်။
အဘိုးအိုသည် အကောင်းဆုံးကြိုးစားပြီးကားတားနေပါသော်လည်း ဖြတ်သွားဖြတ်လာကားတွေက လုံးဝရပ်မပေးပေ။
ဒီနေ့လိုခေတ်ကြီးတွင် အလိမ်အစားတွေကများပြားလွန်းတာကြောင့် ဘယ်သူကမှ အခြားသူအရေးကိစ္စတွေကို ဝင်မပါချင်ကြပေ။
ယဲ့ဖန်သက်ပြင်းချကာ ထိုနားထိမောင်းသွားပြီး ကားပေါ်မှဆင်းလိုက်သည်။
" ဘာများဖြစ်လို့လဲ၊ လူကြီးမင်း "
အဘိုးအိုမှ စိတ်ပျက်အားငယ်နေပြီဖြစ်ပေမဲ့ ယဲ့ဖန်ကားရုတ်တရက်ရပ်သွားတာတွေ့တဲ့အခါ မျှော်လင့်ချက်ရောင်ခြည်ပြန်သန်းလာသည်။
" လူငယ်လေး၊ ငါ့မိန်းမနှလုံးဖောက်နေလို့ပါ။ ဆေးရုံကိုအမြန်ပို့ဖို့လိုတယ်။ ငါတို့ကို ကူညီပေးပါ "
" ကားထဲဝင်ပါ "
ယဲ့ဖန် ဘာမှပြောမနေဘဲ ထိုအဘွားအိုကို အဘိုးနှင့်အတူ ကားထဲတွဲခေါ်ပေးလိုက်သည်။
အဲ့ဒီနောက် ချက်ချင်း အရှိန်တင်မောင်းလိုက်သည်။
Lykan စူပါကားသည် လှပသည့်ပုံရိပ်ကိုချန်ရစ်ပြီး နေရာမှ လစ်ခနဲပျောက်သွားတော့သည်။
ထိုမြင်ကွင်းကိုမြင်တဲ့ဖြတ်သွားဖြတ်လာတစ်ချို့က ခေါင်းခါပြီး သက်ပြင်းချလိုက်ကြသည်။
လူ့ပတ်ဝန်းကျင်ထဲမှာ ဒီလိုအရူးတွေရှိသေးတာဘဲ။
အကြိမ်အနည်းငယ်အလိမ်ခံရဖူးမှ လူတွေရဲ့စိတ်ဟာ ဘယ်လောက်မဖြူစင်မှန်းသိလိမ့်မည်။
ယဲ့ဖန်ကတော့ အခြားသူတွေရဲ့အတွေးကို စိတ်မဝင်စားဘဲ ကားကို အမြင့်ဆုံးထိအရှိန်တင်လိုက်သည်။
သူ၏ကျွမ်းကျင်လှသောမောင်းနှင်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေကို အလွယ်တကူရှောင်တိမ်းနိုင်ခဲ့သည်။
အနီးဆုံးဆေးရုံကို ပုံမှန်အရှိန်ဖြင့်သွားပါက မိနစ်၂၀လောက်ကြာပေမဲ့ ယဲ့ဖန်ကတော့ ၁၀မိနစ်တည်းဖြင့် ဆေးရုံဝင်းထဲအရောက်မောင်းခဲ့သည်။
" ဆရာဝန်၊ ဒီမှာလူနာပါလာလို့ပါ "
ယဲ့ဖန်သည် ကားထဲမှ အဘွားအိုကိုကူတွဲပေးပြီး အမြန်အော်ခေါ်လိုက်သည်။
ဆေးဝန်ထမ်းတွေကြားတဲ့အခါ အရေးပေါ်အခန်းသိြ့ခေါ်သွားကြသည်။
ထိုအခါမှ ယဲ့ဖန် သက်ပြင်းကျယ်တစ်ချက်ချလိုက်သည်။
[ ကံကြမ္မာတာဝန်ကို ပြီးမြောက်တဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်။ နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီရှယ်ယာ ၃၀%ကို ဆုအဖြစ်ရရှိပါသည်။ ]
ယဲ့ဖန်သည် နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီနာမည်ကိုကြားတဲ့အခါ အံ့ဩသွားသည်။
ဒီနာမည်က ရင်းနှီးလိုက်တာ။
အရင်က ဘယ်မှာကြားဖူးတာပါလိမ့်။
ဆက်မတွေးနိုင်ခင်မှာဘဲ အဘိုးအိုက အလျင်အမြန် ယဲ့ဖန်နားကိုလျှောက်လာသည်။
" လူငယ်လေး၊ ဘယ်လိုကျေးဇူးတင်ရမလဲတောင်မသိတော့ပါဘူး။ မင်းသာမကူညီခဲ့ရင် ငါ့မိန်းမက သေသွားလောက်တယ် "
ထိုသို့ပြောပြီး ဒူးထောက်လိုက်သည်။
ထိုမြင်ကွင်းကြောင့် ယဲ့ဖန် အမြန်ဆွဲထူလိုက်သည်။
" လူကြီးမင်း၊ ဘာလုပ်တာပါလဲ။ ဒါ ကျွန်တော့်အတွက် အသေးအဖွဲပါ "
အဘိုးအိုမျက်နှာက ကျေးဇူးတင်စိတ်တို့အပြည့်ဖြစ်နေသည်။
" မင်းအတွက်တော့ လက်တစ်ချောင်းမြှောက်လိုက်ရုံလောက် လွယ်ပေမဲ့ ငါတို့အတွက်တော့ အသက်ကိုကယ်လိုက်နိုင်တဲ့ ကောင်းချီးတစ်ခုပါဘဲ။ ငါ့မှာ ယွမ်ထောင်ချီအနည်းငယ်ပါလာသေးတယ်။ ကျေးဇူးတင်လက်ဆောင်အဖြစ်ယူလိုက်ပါ "
အဘိုးအိုကပြောရင်း အိတ်ထဲမှ ပိုက်ဆံအထပ်လိုက်ကိုထုတ်နေသည်။
ယဲ့ဖန်သည် အနည်းငယ်မပျော်မရွှင်ဖြစ်သွားသည်။
" လူကြီးမင်း၊ ကျွန်တော်က ကောင်းစေချင်လို့ကူတာပါ၊ ပိုက်ဆံကြောင့်မဟုတ်ပါဘူး "
လူအိုကြီးမျက်နှာက နီရဲသွားပြီး ပိုက်ဆံကို ပြန်သိမ်းလိုက်သည်။
" ရိုင်းပျမိတဲ့အတွက်တောင်းပန်ပါတယ် "
" ဟူး၊ ဒီလိုကလေးမျိုးတွေကို ဒီနေ့ခေတ်မှာမြင်ရဖို့ရှားသွားပြီ "
" မင်းရဲ့အသက်နဲ့ပုံစံအရ ကျောင်းသားလေးထင်တယ်၊ မဟုတ်လား။ ဘယ်ကျောင်းကများ ဒီလိုလူကောင်းလေးကို မွေးထုတ်ပေးထားတာပါလိမ့် "
" ကျွန်တော်က ကျုံးဟိုင်တက္ကသိုလ်ကပါ "
ယဲ့ဖန် ရိုးသားစွာဖြေလိုက်သည်။
ထိုအဘိုးအိုက လန့်သွားသည်။
" မင်းက ကျုံးဟိုင်တက္ကသိုလ်ကလား "
ယဲ့ဖန်သည် အဘိုးအို၏အမူအရာကိုတွေ့တဲ့အခါ ထူးဆန်းသွားသည်။
" ဟုတ်ပါတယ်၊ ဘာဖြစ်လို့ပါလဲ "
အဘိုးအိုက တစ်ခဏလောက် စကားမပြောဘဲ နောက်မှ ရုတ်တရက် ခေါင်းကိုမော့ပြီးရယ်လိုက်သည်။
" ငါ့ကိုမသိဘူးလား "
ယဲ့ဖန်အနည်းငယ်ကြောင်သွားသည်။
" သိမှရမှာလား "
အဘိုးအိုမျက်နှာတွင် ထူးဆန်းသည့်အပြုံးတစ်ခုပေါ်လာသည်။
" ကြည့်ရတာ မင်းက ကျောင်းသားကောင်းတော့မဟုတ်ဘူးနဲ့တူတယ်။ ကိုယ့်ကျောင်းအုပ်ကိုတောင် မမှတ်မိဘူးဘဲ "
ထိုအခါမှာတော့ လန့်သွားရသူက ယဲ့ဖန်ဖြစ်သည်။
" ကျုံးဟိုင်တက္ကသိုလ်ကကျောင်းအုပ်လား "
အဘိုးအိုက ပြုံးပြီးခေါင်းငြိမ့်သည်။
" ငါက ဟူဒုန်းဟိုင်၊ ကျုံးဟိုင်တက္ကသိုလ်ကျောင်းအုပ်ဘဲ "
" ဒါပေမဲ့ မင်းကိုလည်းအပြစ်တင်လို့မရပါဘူး။ ငါကအခုအသက်ကြီးနေပြီးတော့ ကျောင်းကိုလည်းသိပ်မသွားဖြစ်ဘူးဆိုတော့ မသိတာက ပုံမှန်ပါဘဲ "
ယဲ့ဖန်က ကြောင်အအ ပြုံးလိုက်သည်။
" ကျောင်းအုပ်ကြီးဟူ၊ ကျွန်တော်က ........ "
ကံကောင်းထောက်မစွာနဲ့ ဝတုတ်ချူးဆီမှဖုန်းဝင်လာတာကြောင့် ယဲ့ဖန်ခဏတဖြုတ်အရှက်ပြေရှောင်ပြေးလို့ရသွားသည်။
ဖုန်းကို အမြန်ကိုင်လိုက်သည်။
" ဘာကိစ္စလဲ၊ ဝတုတ် "
" ဖန်ညီအစ်ကို၊ ကျောင်းကိုမြန်မြန်လာ။ တုမင်းက အခန်းထဲဝင်လာပြီး လူစစ်သွားတယ်။ မင်းမလာတာတွေ့တော့ မင်းကိုအပြစ်ပေးဖို့ ကျောင်းကိုတင်ပြသွားမယ်လို့ပြောသွားတယ် "