အပိုင်း ၇၇-၈၀
Vol. 4 Ch. 77-80
အပိုင်း (၇၇)
ကျွန်တော်ကသာ ခက်ခဲအောင်လုပ်နေတာ။
ဝတုတ်ချူး၏စကားတွေကိုကြားပြီးတဲ့နောက် ယဲ့ဖန်မျက်မှောင်ကြုတ်လိုက်သည်။
" အေးပါ၊ ငါနားလည်ပြီ။ အခုဘဲကျောင်းကိုလာခဲ့မယ် "
ဖုန်းချပြီးတဲ့နောက် ယဲ့ဖန်သည် ဟူဒုန်းဟိုင်ကို တောင်းပန်သည့်အပြုံးပြုံးပြလိုက်သည်။
" ကျောင်းအုပ်ကြီး၊ ကျွန်တော် ကျောင်းကိုအမြန်ပြန်သွားရမှာမလို့ပါ။ အခုမသွားရင် သမိုင်းဝင်ကိစ္စကြီးတစ်ခုအနေနဲ့ဆက်ဆံခံရတော့မှာပါ "
ဟူဒုန်းဟိုင်သည် ခေါင်းငြိမ့်ကာ နားလည်မှုပေးသည်။
" အဲ့တာဆိုလည်း အရင်ပြန်လိုက်ပါ။ လမ်းမှာ ဂရုစိုက်သွားဦး "
ယဲ့ဖန်လှည့်ပြီးပြန်ဖို့လုပ်နေတုန်းမှာဘဲ ဟူဒုန်းဟိုင်က သူ့ကို ရုတ်တရက်လှမ်းပြောလိုက်သည်။
" ဒါနဲ့၊ မင်းနာမည်ကို ငါမသိသေးဘူး "
" ကျွန်တော့်နာမည်က ယဲ့ဖန်ပါ "
ဟူဒုန်းဟိုင်သည် ယဲ့ဖန်နာမည်ကို နှစ်ခါရွတ်ပြီးမှတ်ထားလိုက်သည်။
" ဆက်သွယ်ရမယ့်အချက်အလက်ဖလှယ်ထားရအောင်လေ။ မင်းမှာ အခက်အခဲရှိရင် ဖုန်းခေါ်ပေါ့ "
ယဲ့ဖန်လည်း အများကြီးတွေးမနေဘဲ ချက်ချင်း အချက်အလက်ဖလှယ်လိုက်သည်။
ထို့နောက် အလောတကြီးထွက်သွားတော့သည်။
ယဲ့ဖန်ကျောင်းကိုရောက်တဲ့အခါ နားချိန်ဖြစ်သည်။
ယဲ့ဖန်အတန်းထဲကိုဝင်လာချိန်မှာဘဲ ဝတုတ်ချူးက သူ့ဆီကို အလောတကြီးလာသည်။
" ဖန်ညီအစ်ကို၊ အဲ့တာ ကျောင်းသားရေးရာ စည်းကမ်းဌာနာခေါင်းဆောင် တုမင်းဘဲ။ ဒီတစ်ခါတော့ သူက မင်းရဲ့အားနည်းချက်ကို ချုပ်ကိုင်ထားတာဆိုတော့ သူ့ကို အရမ်းကို ခပ်မာမာသွားမလုပ်နဲ့။ အလွန်ဆုံး သူ့ကို ဒေါသထွက်ခွင့်ပေးလိုက်ပါ။ ဘယ်သူသိမှာလဲ ဒီကိစ္စရပ်ချင်ရပ်သွားမှာပေါ့ "
ယဲ့ဖန်ပြန်ပြောမည့်အချိန်မှာဘဲ တစ်ယောက်ယောက်က သူ့ကိုတံခါးနားမှ လှမ်းခေါ်လိုက်သံကို ကြားရသည်။
" ယဲ့ဖန်၊ ကျောင်းသားရေးရာအဆောက်အဦးကိုလာခဲ့ပါ "
ယဲ့ဖန်လှည့်ပြီး ထိုလူကိုကြည့်လိုက်သည်။ ယဲ့ဖန်မျက်နှာပေါ်တွင် အေးစက်သည့်အပြုံးတစ်ခုပေါ်လာသည်။
တုမင်းသည် တစ်ယောက်ယောက်ကို အတန်းနားလေးမှာ ယဲ့ဖန်လာမည့်အချိန်ကိုစောင့်ခိုင်းထားတာဖြစ်လိမ့်မည်။ မဟုတ်ပါက ဒီလောက်တိုက်ဆိုင်စရာအကြောင်းမရှိပါ။
သူ အခန်းထဲကိုဝင်ခါစဘဲရှိသေးတာကို တစ်ဖက်သူက ချက်ချင်းလာခေါ်တာတဲ့လား။
တစ်ဖက်က ယဲ့ဖန်ကို ဖယ်ထုတ်ချင်နေမှတော့ သူလည်းသက်ညှာပေးနေစရာအကြောင်းမရှိပေ။
ယဲ့ဖန်ချက်ချင်းလှည့်ပြီး အခန်းအပြင်ကိုထွက်သွားသည်။
ဝတုတ်ချူးသည် ယဲ့ဖန်အလောတကြီးပြုမူလိုက်မှာကိုစိုးရိမ်တာကြောင့် အနောက်မှ အမြန်လိုက်သွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် အခန်းထဲမှအခြားကျောင်းသားတွေကလည်း ပျော်စရာကြည့်ရန် လိုက်သွားကြသည်။
ယဲ့ဖန် ကျောင်းသားရေးရာကိုရောက်လာတဲ့အခါ လူတစ်ချို့အခန်းထဲမှာထိုင်နေတာကိုတွေ့လိုက်သည်။
ယောက်ျားလေးတွေရော မိန်းကလေးတွေပါရှိနေပြီး သူတို့မျက်နှာထားတွေက တည်နေကြသည်။
ဝတုတ်ချူးသည် အလယ်မှ မျက်မှန်နဲ့တစ်ယောက်ကို ညွှန်ပြလိုက်ပြီး အသံတိုးတိုးဖြင့်ပြောသည်။
" အဲ့တာ တုမင်းလေ "
ယဲ့ဖန်သည် သူညွှန်ပြရာနေရာကို လှမ်းကြည့်သည်။
တုမင်းသည် ရိုးရိုးယဉ်ယဉ်လူတစ်ယောက်ပုံစံပေါ်သည်။ တစ်ချက်ကြည့်ရုံဖြင့် သူ့ပုံစံက ဆရာမတွေနှစ်သက်တဲ့ကျောင်းသားတစ်ယောက်မှန်း ပြောနိုင်သည်။
ဒါပေမဲ့ စိတ်ထားကတော့ မသေးသိမ်လွန်းဘူးလား။
" ငါတို့က ယဲ့ဖန်ကိုရှာတာ၊ ကျန်တဲ့သူတွေထွက်သွား "
တုမင်းသည် ဝတုတ်ချူးနှင့်အခြားသူများကို အခန်းထဲမှမောင်းထုတ်ပြီး ပြန်လှည့်လာကာ မေးသည်။
" မင်းက ယဲ့ဖန်လား "
ယဲ့ဖန်သည် ခုံတစ်ခုံကိုဆွဲထုတ်ပြီး ဝင်ထိုင်လိုက်သည်။
" သိပြီးသားကို ဘာလို့မေးနေတာလဲ "
တုမင်းသည် ယဲ့ဖန်၏အထက်စီးဆန်တဲ့ပုံစံကြောင့် စားပွဲကိုရိုက်ချလိုက်သည်။
" ငါမင်းကိုထိုင်ခိုင်းလို့လား "
ယဲ့ဖန်ကတော့ သူ့ကို အေးဆေးစွာဖြင့်ပြန်ကြည့်သည်။
" မင်းက တရားခံစစ်နေတာမလို့လား။ တရားခံစစ်နေရင်တောင် မစစ်ဆေးခင် သူ့ကိုအရင်ထိုင်ခိုင်းသင့်တယ်မဟုတ်လား "
တုမင်းအမူအရာက အေးစက်သွားတော့သည်။
" ယဲ့ဖန်၊ ငါ့အထင်မင်းကမင်းအမှားကို သဘောမပေါက်သေးဘူးဘဲ "
ယဲ့ဖန်က အရေးမစိုက်ဘဲ နှာရှုံ့လိုက်သည်။
" ငါက ဘာအမှားလုပ်လို့လဲ "
တုမင်းသည် စားပွဲပေါ်သို့ မှတ်စုစာအုပ်တစ်အုပ်ကိုပစ်ချလိုက်သည်။
" မင်း အတန်းကို ရက်တွေဆက်တိုက်လစ်ထားတာလေ။ ဒါမကောင်းတဲ့အမူအကျင့်ဘဲ။ ဒါတောင် ငြင်းချင်သေးတာလား "
ယဲ့ဖန်ရယ်လိုက်သည်။
" ဘယ်သူက အတန်းမလစ်လို့လဲ။ မင်းရော အတန်းမပျက်ဖူးဘူးလား။ ဒါမှမဟုတ် သူတို့ရော မပျက်ဖူးဘူးလား။ မင်းတို့ မှတ်တမ်းတွေကိုရော စစ်ကြည့်ရဲ့လား "
တုမင်းနဲ့အတူထိုင်နေတဲ့လူတစ်စုက မျက်နှာမကောင်းကြတော့ပေ။
တက္ကသိုလ်မှာ ဘယ်သူတွေကများ အတန်းမလစ်ဖူးလို့လဲ။
အထူးသဖြင့် ပျင်းရိစရာကောင်းတဲ့အတန်းတွေအတွက်ဆို ကျောင်းသားရေးရာမှာ လုပ်စရာရှိတယ်လို့အကြောင်းပြပြီး မတက်ကြမှာပေါ့။
အမှန်တကယ် ပြဿနာရှာကြေးဆို သူတို့ရဲ့မှတ်တမ်းမှာလည်း ကျောင်းလစ်ဖူးတာရှိနေမှာဘဲ။
ဝတုတ်ချူးနှင့်အခြားသူတွေက ဝင်ပေါက်ကနေ ကြည့်နေကာ အားရမှုကြောင့် အားပေးလိုက်ကြသည်။
အများသောအားဖြင့် ကျောင်းသားရေးရာမှသူများသည် သူတို့အရှေ့တွင် အမြဲတမ်းပညာပြတတ်ကြသည်။
ဒါပေမဲ့ တော်တော်များများက ပြန်မပြောရဲကြပေ။
ဒီနေ့မှာတော့ ယဲ့ဖန်က သူတို့အစားဒေါသဖြေပေးနေပြီဖြစ်သည်။
တုမင်းသည် သူတို့ဘက်မှ အရှိန်ကျသွားတဲ့အခြေအနေကြောင့် စားပွဲကိုထပ်ရိုက်ချလိုက်ပြန်သည်။
" ငါတို့နဲ့ယှဉ်လို့ရမလား။ ငါတို့က ကျောင်းသားရေးရာကိစ္စတွေနဲ့ ကျောင်းသားတွေကို ဂရုစိုက်ပေးနေတာကို ဘယ်လိုလုပ်ပြီးအတန်းလစ်တယ်လို့ ပြောလို့ရမှာလဲ "
ယဲ့ဖန်မှ သဘောတူခေါင်းငြိမ့်သည်။
" အပြောကောင်းတာဘဲ၊ ဒါပေမဲ့ ငါကရော ကျောင်းသားတွေကို ဂရုစိုက်ပေးမနေဘူးလို့ မင်းဘယ်လိုသိမှာလဲ "
တုမင်း နှာမှုတ်လိုက်သည်။
" ဒါဆို ပြောပါဦး၊ မင်း အတန်းဖော်တွေကို ဘယ်လိုဂရုစိုက်ပေးလဲ "
ယဲ့ဖန်က မျက်နှာထားတည်တည်နဲ့ပြောသည်။
" ငါ့မှာထူးခြားတဲ့ပင်ကိုယ်စရိုက်ရှိတယ်။ အတန်းကကြာလွန်းရင် အလွယ်တကူစိတ်ဆတ်လာရော။ ငါစိတ်ဆတ်လာတဲ့အခါကျ လူရိုက်ချင်လာတယ်။ အဲ့တော့၊ ငါ့အတန်းဖော်တွေရဲ့လုံခြုံရေးအတွက် ငါအတန်းမလာဘူး။ ငါက ကောင်းလွန်းတယ်လို့ မင်းမထင်ဘူးလား "
" ဖူး၊ ဟားဟားဟားဟား "
ဝတုတ်ချူးနှင့် အခြားကျောင်းသားများက ထိုစကားကြောင့် ဝါးလုံးကွဲထရယ်ကြတော့သည်။
ယဲ့ဖန်ပေါက်တက်ကရပြောနေမှန်း လူတိုင်းသိသည်။
သို့ပေမဲ့ နားထောင်လို့တော့အတော်ကောင်းသည်။
ကျောင်းသားရေးရာကလူတွေတောင် ရယ်လိုက်ကြပေမဲ့ အမြန်ပြန်ထိန်းလိုက်ကြသည်။
တုမင်းမျက်နှာက ကြောက်စရာကောင်းလောက်အောင် မှုန်သုန်သွားသည်။
" ယဲ့ဖန်၊ ငါက မင်းကောင်းဖို့အတွက်ပြောနေတာ။ မင်း ဒီလိုစိတ်ဓာတ်မျိုးဆက်ရှိနေမယ်ဆို မင်းကိုပြစ်မှုမှတ်တမ်းပေးဖို့ ငါကျောင်းကို တရားဝင်တင်ပြမှာ "
ထိုစကားကြောင့် ဝတုတ်ချူးနှင့်အခြားကျောင်းသားတွေမျက်နှာက ချက်ချင်းသိသိသာသာပြောင်းသွားကြသည်။
ဒီတုမင်းက နည်းနည်းလေးတောင်အညှာအတာတရားရှိမနေဘူးလား။
ယဲ့ဖန်က အတန်းလေးပျက်ရုံတင်ဘဲမဟုတ်ဘူးလား။
ပြစ်မှုမှတ်တမ်းတင်တာကြီးကတော့။
မှတ်တမ်းဝင်သွားပါက ဘွဲ့ရပြီးနောက် အလုပ်ရှာရန်ခဲယဉ်းသွားပေလိမ့်မည်။
သူက ယဲ့ဖန်အနာဂတ်ကိုပါဖျက်ဆီးဖို့လုပ်နေတာလား။
သေချာပေါက်ပင် ယဲ့ဖန်၏ကြွယ်ဝမှုနှင့်ဆို ထိုမှတ်တမ်းလောက်ကို ဂရုမစိုက်ပေ။
ဒါပေမဲ့ ဒီလူရဲ့မကောင်းကြံရွယ်နေမှုကြီးက လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေသည်။
တုမင်းသည် ယဲ့ဖန်ကို ခပ်ထေ့ထေ့ကြည့်လိုက်သည်။
ကောင်လေး၊ မင်းက ငါနဲ့ယှဉ်တိုက်ချင်သေးတာလား။
ကြောက်ပြီလား။
ယဲ့ဖန်ကတော့ အထင်သေးသည့်ပုံစံဖြင့်ရယ်လိုက်သည်။ သူပြန်ပြောဖို့ပြင်နေစဉ်မှာဘဲ ရှန်းပိုင်ထျန်းက စိတ်ဆိုးမာန်ဆိုးဖြင့်ဝင်လာသည်။
" တုမင်း နင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ "
တုမင်းသည် သူမကိုမြင်တဲ့အခါ အလျင်အမြန်ထရပ်ပြီးပြုံးသည်။
" ဥက္ကဌရှန်း၊ ဒီမှာဘာလုပ်နေတာလဲ "
ရှန်းပိုင်ထျန်းက သူ့ကို မလိုမုန်းထားမျက်နှာနှင့်ကြည့်လိုက်သည်။
ထို့နောက် ယဲ့ဖန်ကို စိတ်လှုပ်ရှားစွာပြန်လှည့်ကြည့်သည်။
" သူတို့က နင့်ကို ခက်ခဲအောင်လုပ်နေတာလား "
ယဲ့ဖန်က သူမကို သက်သက်သာသာဘဲကြည့်လိုက်ပြီးဖြေသည်။
" မဟုတ်ပါဘူး၊ ကျွန်တော်ကသာ သူတို့ကို မသက်မသာဖြစ်အောင်လုပ်နေတာ "
ရှန်းပိုင်ထျန်းသည် ယဲ့ဖန်ကို စိတ်ရှုပ်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
" ဘယ်အချိန်မလို့ နောက်ပြောင်နေသေးတာလဲ "
အကြည့်ခြင်းတူသော်လည်း ကြည့်ပုံကြည့်ခြင်းက လုံးဝမတူသည့် အဓိပ္ပာယ်တွေပါဝင်နေသည်။
ထို့အပြင် သူတို့ စကားပြောနေသည့်လေသံက အတော်လေးတရင်းတနှီးဖြစ်နေသည်။
ရှိနေတဲ့လူတိုင်း၏နားထဲတွင်တော့ချစ်သူနှစ်ယောက်ကြားက စကားဝိုင်းလို့ထင်ရသည်။
သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကောလဟာလတွေက အခြေအမြစ်မရှိထွက်လာပုံမဟုတ်ပေ။
ထိုမြင်ကွင်းကြောင့် တုမင်းအမူအရာနက်မှောင်သွားသည်။
အပိုင်း (၇၈)
တကယ်ကိုလူမသိသူမသိနေချင်တာ။
" ဥက္ကဌရှန်း၊ ဒီကိစ္စက မင်းနဲ့မဆိုင်ပါဘူး။ ဝင်မစွက်ဖက်ဖို့မျှော်လင့်ပါတယ် "
ယဲ့ဖန်နှင့် ရှန်းပိုင်ထျန်းတို့ကြားက တရင်းတနှီးဆက်ဆံပုံကိုတွေ့တဲ့အခါ တုမင်းမျက်နှာက ချက်ချင်းအေးစက်သွားသည်။
" ငါက စွက်ဖက်ချင်ရင်ရော "
ရှန်းပိုင်ထျန်းမှ အာဏာပြသည့်အနေအထားဖန်တီးလိုက်သည်။
" ဒါက စည်းကမ်းရေးရာကိစ္စပါ။ မင်းမှာ ဝင်ပြောပိုင်ခွင့်မရှိဘူး "
တုမင်းသည် ရှန်းပိုင်ထျန်းမှ ယဲ့ဖန်ကို ကာကွယ်ပေးနေတာကြောင့် စိတ်ထဲမှ မနာလိုခြင်းတို့က ပိုတိုးပွားလာသည်။
" စည်းကမ်းရေးရာဌာနာတဲ့လား။ ကြီးကျယ်လိုက်တာ၊ ကျောင်းသားရေးရာက တာဝန်ရှိတဲ့သူအနေနဲ့ ငါက ဒီကိစ္စကို ဝင်ပါဖို့ အရည်အချင်းမရှိဘူးလို့ပြောချင်တာလား "
" ပြီးတော့၊ ငါ့အဘိုးနဲ့ ကျောင်းအုပ်ကြီးဟူနဲ့ကလည်း နှစ်ပေါင်းများစွာမိတ်ဆွေတွေဖြစ်လာတာ "
" အဘိုးကနေ ကျောင်းအုပ်ကြီးဆီကို ဖုန်းဆက်ခိုင်းလိုက်ရမလား။ နင့်ရဲ့စည်းကမ်းရေးရာခေါင်းဆောင်ရာထူးဆက်ထိန်းထားနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့ "
ရှန်းပိုင်ထျန်းသည် အများသောအားဖြင့် အခြားသူတွေကို အာဏာပြတတ်တဲ့ ဒုတိယမျိုးဆက်သခင်လေး၊ သခင်မလေးတွေကို မုန်းသည်။
သို့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ယဲ့ဖန်ကိုကာကွယ်ဖို့အတွက် သူမအမုန်းဆုံးလူပုံစံဖြစ်လာတော့သည်။
တုမင်းသည် သူမ၏လူသိရှင်ကြားစော်ကားမှုကြောင့် အရှက်ရသွားသည်။
ရှန်းပိုင်ထျန်းမှ ယဲ့ဖန်ကိုကာကွယ်ပေးလေလေ ပိုမနာလိုလာလေလေဖြစ်သည်။
" ကိုယ်က စည်းမျဉ်းတွေအရဘဲ အမြဲလုပ်ဆောင်ခဲ့တာ။ သူ အမှားလုပ်ခဲ့လို့ အပြစ်ပေးခံရမှာဘဲ "
" မင်းက ကျောင်းသားရေးရာရဲ့ဥက္ကဌဆိုတာရယ် မင်းတို့ရှန်းမိသားစုက အင်အားကြီးတယ်ဆိုတာသိတယ်။ မင်း ကိုယ်ရဲ့ စည်းကမ်းရေးရာဌာနခေါင်းဆောင်ရာထူးကိုဖယ်ရှားလို့တော့ရပေမဲ့ တုမင်းဆိုတဲ့ ကိုယ်ရဲ့စည်းမျဉ်းတွေကိုဆန့်ကျင်မယ်ဆိုရင်တော့ လုံးဝမဖြစ်နိုင်ဘူး "
" ဒီနေ့မှာ ရှင်းလင်းအောင်လုပ်မယ်။ ယဲ့ဖန်က ဒီနေ့အပြစ်ပေးမခံရရင် မင်းရဲ့အာဏာနဲ့ မိသားစုအဆက်အသွယ်တွေကိုတောင်သုံးစရာမလိုဘူး။ ကိုယ့်ရဲ့ စည်းကမ်းရေးရာခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်ပေးမယ် "
သူ့စကားလုံးတွေကို စိတ်ထဲမှ လိုလိုလားလားဖြင့် အသံကျယ်ကျယ်ပြောလိုက်သည်။
တုမင်းသည် အာဏာနှင့်ဖိနှိပ်ခံရသော်လည်း အမှန်အကန်ရပ်တည်ပြီး ပြတ်ပြတ်သားသားအရှုံးမပေးသည့် သူရဲကောင်းကြီးပုံစံဖမ်းနေသည်။
ကျောင်းသားရေးရာမှ လူတစ်ချို့က သူ့စကားတွေကြောင့် သက်ရောက်မှုရှိသွားပုံရသည်။
သူတို့မှ ယဲ့ဖန်နှင့်ရှန်းပိုင်ထျန်းကို ဒေါသတကြီးကြည့်ကြသည်။
ထိုအချိန်မှာတော့ ရှန်းပိုင်ထျန်း မျက်မှောင်ကြုတ်လိုက်တော့သည်။
သူမ အခုဘာလုပ်သင့်လဲ။
တကယ်ဘဲ သူမအဘိုးအဆက်အသွယ်ကိုသုံးပြီး ကျောင်းအုပ်ကြီးဆီကနေ အသနားခံသင့်လား။
သို့ပေမဲ့ သူမ အာဏာသုံးလိုက်တာနဲ့တစ်ခါတည်း ဒီနေ့အဖြစ်အပျက်က ကျောင်းသားရေးရာမှ သူမ၏လုပ်ဖော်ကိုင်ဖက်များ၏စိတ်ကို အနည်းနှင့်အများထိခိုက်စေလိမ့်မည်။
ထို့အပြင် သူမအဘိုးဆီကိုသွားရှာပါက သူမအဘိုးသည် အဲ့လိုကိစ္စတွေကို အမြဲမုန်းတီးခဲ့သူဖြစ်သည်။
တစ်ခုခုမှားယွင်းသွားပါက အဘိုးစိတ်ထဲတွင် ယဲ့ဖန်ကိုအကောင်းမြင်စိတ်လျော့သွားပေလိမ့်မည်။
သူမ ဘာလုပ်ရမလဲမသိတော့သည့်အချိန်မှာဘဲ ........
ယဲ့ဖန်ဖုန်းမှရုတ်တရက်မြည်လာသည်။
ဖုန်းထုတ်လိုက်တဲ့အခါ ကျောင်းအုပ်ကြီးဟူဆိုသည့် နာမည်ကိုမြင်လိုက်သည်။
ယဲ့ဖန်တစ်ခဏတွန့်ဆုတ်ပြီးသွားတဲ့နောက်မှ ဖုန်းကိုဖြေလိုက်သည်။
" ကျောင်းသားယဲ့၊ ကျောင်းကိုပြန်ရောက်ပြီလား။ အတန်းကိုတော့ မနှောင့်ယှက်မိဘူးမလား။ "
ဟူဒုန်းဟိုင်၏ပူပန်တဲ့အသံက ဖုန်းထဲမှထွက်လာသည်။
" မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ အဘွားဟူက အခု အဆင်ပြေရဲ့လား "
ယဲ့ဖန် အလျင်အမြန်မေးလိုက်သည်။
" အိုက်ယိုး၊ အဲ့တာ အတော်လေးအန္တရာယ်များသွားတာ။ ဆရာဝန်ပြောတာတော့ နည်းနည်းလောက်သာထပ်နောက်ကျရင် ဘုရားတောင် ဆင်းကယ်နိုင်မှာမဟုတ်ဘူးတဲ့။ အဲ့လိုဆိုမှ မင်းက ငါ့ဇနီးကိုကယ်ပေးခဲ့တာဘဲ "
ဟူဒုန်းဟိုင်က ကြောက်ရွံ့နေတဲ့အသံဖြင့်ပြောသည်။
" အဆင်ပြေရင်တော်ပါသေးတယ်။ အချိန်ရရင် ကျွန်တော် ဆေးရုံကိုလာပြီးတွေ့ပါ့မယ် "
ယဲ့ဖန်သည် ကျောင်းအုပ်ကြီးဟူကို ဖုန်းပြောနေသည်။
ထိုအချိန်တွင် တုမင်းက ရုတ်တရက် သူ့ဆီလျှောက်လာပြီး ဖုန်းကိုဆွဲယူလိုက်သည်။
" ယဲ့ဖန်၊ မင်း အရမ်းမောက်မာလွန်းနေတာမဟုတ်ဘူးလား။ မင်း အတန်းလစ်ထားတာကိုတောင် ရှင်းအောင်မလုပ်ရသေးတာတောင် ဖုန်းပြောဖို့အချိန်ရသေးတယ်ပေါ့၊ ဟုတ်လား "
ထို့နောက် ဖုန်းကိုစားပွဲပေါ်တင်လိုက်သည်။
တုမင်းသည် မတော်တဆ ဖုန်းစပီကာကိုထိမိသွားကာ ဟူဒုန်းဟိုင်းအသံကိုကြားလိုက်ရသည်။
" ယဲ့ကျောင်းသား၊ ဘာဖြစ်လို့လဲ "
တုမင်းသည် စိတ်လွတ်သွားပြီး ဖုန်းကိုအော်ပြောလိုက်သည်။
" ခင်ဗျားက ယဲ့ဖန်မိဘမလား။ သူက အတန်းလစ်ထားတာမလို့ ကျောင်းစည်းကမ်းဌာနမှာ သူ့ကိုယ်သူ သုံးသပ်ရေးလုပ်နေတာ။ ကိစ္စရှိရင် ပြီးမှဆက် "
အဲ့ဒီနောက် ဖုန်းချတော့မယ့်အချိန်မှာဘဲ .......
တစ်ဖက်မှ ကျောင်းအုပ်ကြီးဟူ၏အေးစက်စက်အသံကထွက်လာသည်။
" မင်းက ကျောင်းသားရေးရာ စည်းကမ်းကြီးကြပ်ရေးဌာနာက တုမင်း၊ ဟုတ်တယ်မလား "
တုမင်းသည် တစ်ဖက်မှ သူ့နာမည်ကိိုသိနေတာကြောင့် ကြောင်သွားသည်။
ဖုန်းခေါ်ဆိုသူနာမည်ကြည့်လိုက်တဲ့အခါ - ကျောင်းအုပ်ကြီးဟူ။
တုမင်း၏ ခြေဖျားမှ ခေါင်းနောက်အထိ ရုတ်တရက်အေးစိမ့်သွားသည်။
" ကျောင်းအုပ်ကြီးဟူလား "
လူတိုင်းက သူ့စကားကြောင့် အံ့ဩသွားကြသည်။
အဲ့တာက တကယ်ဘဲကျောင်းအုပ်ကြီးဟူလား။
ယဲ့ဖန်မှာ ဘာလို့ ကျောင်းအုပ်ကြီးဟူရဲ့ဖုန်းနံပါတ်ရှိနေရတာလဲ။
ပြီးတော့ သူတို့နှစ်ယောက်စကားပြောနေပုံအရ အတော်လေးရင်းနှီးပုံရသည်။
ယဲ့ဖန်မှ 'အဘွားဟူ'လို့ဆက်တိုက်ခေါ်နေတာကြောင့် အမျိုးတစ်ယောက်ဟုထင်လိုက်ကြတာဖြစ်သည်။
ဟူဒုန်းဟိုင်၏အသံက လေးနက်နေသည်။
" တုမင်း၊ ဘာတွေဖြစ်နေတာလဲ "
တုမင်းက အလျင်အမြန်ရှင်းပြသည်။
" ကျောင်းအုပ်ကြီး၊ ယဲ့ဖန်က အတန်းပျက်ရုံမကဘဲ အပြစ်ကိုပါဝန်မခံပါဘူး။ အဲ့တာကြောင့် စိတ်ဆိုးသွားပြီး အသံမာသွားတာပါ။ ကျွန်တော်တောင်းပန်ပါတယ် "
ဟူဒုန်းဟိုင် နှာမှုတ်လိုက်သည်။
" ယဲ့ဖန် အတန်းပျက်တာ ဒီမနက်က ငါ့ဇနီးကို ဆေးရုံလိုက်ပို့ပေးလို့ဘဲ "
" မင်းက ဒီလိုကောင်းတာလုပ်ခဲ့တဲ့ကျောင်းသားကို ဆုမပေးတဲ့အပြင် အပြစ်တောင်ပေးနေသေးတယ်ပေါ့ "
" ငါ့အထင် မင်းက ကျောင်းသားစည်းကမ်းကြီးကြပ်ရေးခေါင်းဆောင်ဆိုပေမဲ့ စည်းကမ်းမရှိဆုံးက မင်းထင်တယ် "
သူ့စကားလုံးတွေက အတော်လေးတင်းကျပ်နေသည်။ တုမင်းသည် ကြောက်လွန်းလို့တုန်ပြီး မြေပေါ်ကိုထိုင်ချမတတ်ဖြစ်သွားသည်။
" ဒါပေမဲ့ ကျောင်းအုပ်ကြီး သူက ဒီနေ့မှပျက်တာမဟုတ်ပါဘူး။ အရင်ကလည်း အကြိမ်အနည်းငယ်ပျက် .....… "
တုမင်းမှ ဆက်ရှင်းပြချင်ပေမဲ့ ဟူဒုန်းဟိုင်က ဖြတ်ပြောသည်။
" ပညာရေးရဲ့ အနှစ်သာရက လူတွေကို သိတတ်စေချင်လို့ဘဲ "
" လူကောင်းတစ်ယောက်တောင်မဖြစ်နိုင်ရင် ပညာတွေထပ်သင်နေလည်း ဘာအသုံးဝင်မှာလဲ "
" ယဲ့ဖန်လို အကျင့်စာရိတ္တကောင်းတဲ့ကျောင်းသားမျိုးကို အလွတ်လပ်ဆုံးအခွင့်အရေးတွေပေးသင့်တယ်။ အနာဂတ်မှာ အတန်းလာမလား၊ မလာဘူးလားဆိုတာ သူ့ဟာသူ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ပြီးတော့ ဘယ်သူကမှ သူ့ကို ဘာလုပ်ပါလို့ပြောပိုင်ခွင့်မရှိဘူး "
လူအုပ်ကြီးက ပွက်လောရိုက်သွားတော့သည်။
သူ့စကားများအရ ကျောင်းအုပ်ကြီးဟူသည် ယဲ့ဖန်ကို အတော်လေးလေးစားသဘောကျပုံရသည်။
သူက ယဲ့ဖန်ကို မီးစိမ်းပြပြီး အနာဂတ်မှာ အတန်းမလာဖို့တောင် ခွင့်ပြုလိုက်သည်။
အရင်ဘယ်တုန်းကမှ ဒီလိုမျိုးမဖြစ်ဘူးပေ။
ရှန်းပိုင်ထျန်း၊ ဝတုတ်ချူးနှင့် ရှိသမျှလူအားလုံးက ယဲ့ဖန်ကို အလန့်တကြားကြည့်နေကြသည်။
ဒီတစ်ယောက်ရဲ့ကံကတော့ ကောင်းကင်ဘုံကကိုချမှတ်ပေးထားတာဘဲ။
ယဲ့ဖန်သည် လူအများကြီးက ကြည့်နေတာကြောင့် ခေါင်းကိုက်လာသည်။
သူ တကယ်ဘဲ လူသိမခံချင်ပေ၊
သို့ပေမဲ့ သူ့အင်အားက ခွင့်မပြုပေ။
ကျောင်းအုပ်ကြီးဟူဖုန်းကိုချပြီးတဲ့နောက် ယဲ့ဖန်ထရပ်ကာ တုမင်းကိုကြည့်လိုက်သည်။
" ခေါင်းဆောင်တု၊ မင်းပြောတာမင်းတာဝန်ယူလား "
တုမင်းက သူ့ကို မကောင်းတဲ့အကြည့်နှင့်ကြည့်သည်။
" မင်း ဘာကိုဆိုလိုတာလဲ "
ယဲ့ဖန်ပြုံးလိုက်သည်။
" မင်းဘဲပြောတာလေ၊ ငါဒီနေ့အပြစ်မပေးခံရဘူးဆို ဌာနခေါင်းဆောင်နေရာကနေနှုတ်ထွက်မယ်ဆိုတာလေ။ အမှန်ပြောနေတာလား၊ လေကျယ်နေတာလား "
တုမင်း ကြောင်အ သွားရတော့သည်။
အပိုင်း (၇၉)
မိုင်ပေါင်းထောင်ချီဝေးနေတောင် တကယ်ကို ကံတရားကအတူရှိစေတာဘဲ။
တုမင်း စိတ်ဓာတ်ကျသွားတော့သည်။
သူသည် ယဲ့ဖန်၏အားနည်းချက်ကိုရပြီး သူ့ကို ဒီနေ့အပြစ်ပေးနိုင်လိမ့်မည်ဟုတွေးခဲ့သည်။
ကျောင်းအုပ်ကြီးဟူက ဘယ်ကမှန်းမသိ ရုတ်တရက်ထွက်လာလိမ့်မည်ဟု ဘယ်သူကသိခဲ့မှာလဲ။
သူ့ကို ဆူသွားရုံသာမက ယဲ့ဖန်ကိုပါ ချီးကျူးသွားသေးသည်။
အဆုံးတွင် ယဲ့ဖန်က အကြီးမားဆုံးလွတ်လပ်မှုကြီးပင်ရသွားသေးသည်။
ထိုအချိန်တွင် ယဲ့ဖန်မှ လက်တုန့်ပြန်သွားနိုင်သည်။
တုမင်း သွေးအန်ထွက်မတတ်ဖြစ်သွားသည်။
ဒီကျောင်းသားရေးရာခေါင်းဆောင်ရာထူးကိုရဖို့ အတော်လေးအားထုတ်ခဲ့ရပြီး မသမာနည်းတွေကိုတောင် သုံးခဲ့သေးသည်။
ဘွဲ့ရပြီးပါက အလုပ်တင်စာကြည့်ကောင်းစေရန်ဖြစ်သည်။
အခုတော့ ယဲ့ဖန်က တုမင်းကို ရာထူးမှ နှုတ်ထွက်စေချင်နေသည်။
တုမင်းသည် ဒီကိစ္စကို လက်ခံဖို့ အင်တင်တင်ဖြစ်နေသည်။
ထို့အပြင် ရှန်းပိုင်ထျန်းက အခွင့်အရေးယူပြီး သူ့ကိုလှောင်ပြောင်လိမ့်မည်ဟု ထင်မထားပေ။
" ရပါတယ်၊ မထွက်လည်း။ ဘယ်လိုဘဲဖြစ်ဖြစ် ရှင်ကစကားမတည်တတ်တဲ့သူဆိုတာကို လူတိုင်းကသိသွားမှာဘဲ "
တုမင်းသည် သူမ၏စကားကြောင့် အရှက်ဒေါသထွက်ကာ ပြန်ပြောသည်။
" ကျောင်းသားရေးရာစည်းကမ်းကြီးကြပ်ရေးဌာနခေါင်းဆောင်လောက်လေးတင်မဟုတ်လား။ မလုပ်တော့ဘူး၊ ဟုတ်ပြီလား "
ထိုသို့ပြောပြီးနောက် ဒေါသတကြီးထွက်သွားခဲ့သည်။
ရှန်းပိုင်ထျန်းသည် သူမကို ချီးကျူးစေချင်သည့် အကြည့်ဖြင့် ယဲ့ဖန်ကို ချက်ချင်းကြည့်လိုက်သည်။
ယဲ့ဖန်ကတော့ ပြုံးရုံသာပြုံးလိုက်သည်။
တကယ်တော့ တုမင်း စည်းကမ်းကြီးကြပ်ရေးခေါင်းဆောင်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ယဲ့ဖန်ဂရုမစိုက်ပေ။
သို့ပေမဲ့ ဒီအခွင့်အရေးကိုသုံးပြီး သူ့ကို ပြဿနာရှာချင်တဲ့သူတွေကို ပညာပေးလိုက်ရတာလည်း ဆိုးတဲ့အရာတော့မဟုတ်ပေ။
.....................
ယဲ့ဖန်နှင့်တုမင်းတို့၏အကြောင်းက ကျုံးဟိုင်တက္ကသိုလ်တစ်ခုလုံး အလျင်အမြန်ပြန့်သွားတော့သည်။
ကျောင်းသားရေးရာစည်းကမ်းကြီးကြပ်ရေးခေါင်းဆောင်တုမင်းသည် ယဲ့ဖန်ပျက်ကွက်တာကိုအခွင့်ကောင်းယူပြီး တမင်လက်စားချေမှန်း လူတိုင်းကသိကြသည်။ သို့ပေမဲ့ ယဲ့ဖန်ကြောင့် ရာထူးပြုတ်ပြီး ရှုံးနိမ့်သွားလိမ့်မယ်ဟု ထင်မထားကြပေ။
ယဲ့ဖန်သည် အပြစ်မပေးခံရတဲ့အပြင် ကျောင်းအုပ်ကြီး၏မျက်နှာသာပေးတာခံရပြီး ကျောင်းကို လာမလား၊ မလာမလားဆိုတာကို ဆုံးဖြတ်ခွင့်ရသွားသည်။
ရုတ်တရက်ပင် ယဲ့ဖန်သည် ကျုံးဟိုင်တက္ကသိုလ်၏အဓိကအာရုံစိုက်ခံရမှုဖြစ်သွားပြန်သည်။
သူမောင်းခဲ့တဲ့ကားတွေ၊ ရှန်းပိုင်ထျန်းနဲ့သတင်းထွက်တာတွေထက် ပိုအံ့ဩစရာကောင်းသည်။
ဘယ်လိုဘဲဖြစ်ဖြစ် ကျောင်းအုပ်ကြီးဟူသည် မျက်နှာမလိုက်တတ်သူအဖြစ်နာမည်ကြီးသည်။
ပုံမှန်အားဖြင့် သူသည် စည်းကမ်းအရှိဆုံးကျောင်းသားတွေကိုသာ အာရုံထားပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူက ယဲ့ဖန်အတွက် အခွင့်အရေးတံခါးကို ဆန္ဒရှိစွာဖွင့်ပေးလိုက်သည်။ ဒါက အနောက်ဘက်မှ နေထွက်လာတာနှင့်ဆင်တူသည်။
ထို့ကြောင့် ယဲ့ဖန်သည်ကျောင်းအုပ်ကြီးဟူ၏တရားမဝင်သားဖြစ်ပြီး ကျောင်းအုပ်ကြီး၏လူထုပုံရိပ်ကြောင့် ဖုံးကွယ်ထားသည်ဟုပြောကြသည်။
ထို့အပြင် အဲ့ဒီသတင်းကလည်း ပျံ့သွားသည်။
ယဲ့ဖန်ကို သီးသန့်လာတွေ့ပြီး သတင်းအချို့လာနှိုက်ကြသည့် ဆရာ၊ဆရာမတွေတောင်ရှိသေးသည်။
ယဲ့ဖန်သည် ထိုသတင်းတွေအပေါ် ပြောစရာစကားပင်ပျောက်သွားတော့သည်။
သို့ပေမဲ့ သူဘယ်လောက်ဘဲရှင်းပါစေ တစ်ခြားသူတွေက ဖုံးကွယ်ဖို့လုပ်နေသည်ဟု ထင်ကြသည်။
အဲ့ဒါကြောင့် ယဲ့ဖန် ရှင်းမပြပေ။
................
နေ့လယ်တွင် ယဲ့ဖန်သည် စီးပွားရေးအတန်းကိုတက်နေသည်။
ရုတ်တရက် ကျုံးဟိုင်ရေပူစမ်းအပန်းဖြေစခန်းကြီးကြပ်ရေးဌာနမှဖုန်းဝင်လာသည်။
အိမ်ခြံမြေကုမ္ပဏီတစ်ခုမှ ရေပူစမ်းအခြေစိုက်စခန်းတွင် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတစ်ခုလုပ်ချင်ကြောင်း ကမ်းလှမ်းဆွေးနွေးချင်သည်ဟုပြောသည်။
အဲ့ဒီအပြင် တစ်ဖက်ကုမ္ပဏီမှ ခဏခဏရောက်လာခဲ့ပြီး ထိုအချိန်တုန်းက သူဌေးဟူဝမ်မင်းထံမှ အငြင်းခံခဲ့ရသည်။
ဒီတစ်ကြိမ်မှာလည်း တစ်ဖက်ကုမ္ပဏီက ရိုးရိုးသားသားဖြင့် ထပ်ကမ်းလှမ်းလာပြီး သူဌေးအသစ်ကိုတွေ့ချင်သည်ဟုပြောသည်။ ဟူဝမ်မင်းကလည်း ငြင်းမရတာကြောင့် ယဲ့ဖန်မေးဖို့ဖုန်းဆက်လာသည်။
ထိုအကြောင်းကြားတဲ့အခါ ယဲ့ဖန်ကတစ်ဖက်သူဘက်က စိတ်လိုလားမှုကို ထည့်သွင်းစဉ်းစားပေးခဲ့သည်။ သုံးကြိမ်မြောက်လာခဲ့တာကိုယှဉ်စဉ်းစားကြည့်ပြီး လက်ခံလိုက်သည်။
ပြီးတော့ စီးပွားရေးအတန်းက သူ့ကို အိပ်ငိုက်စေသည်။
သူ ချက်ချင်းအထုပ်ပြင်ပြီး အခန်းထဲမှထွက်သွားသည်။
စင်ပေါ်မှ ပါမောက္ခကြီးက မြင်ပေမဲ့ မသိချင်ယောင်ဆောင်နေခဲ့သည်။
ဘယ်လိုဘဲဖြစ်ဖြစ် ယဲ့ဖန်က ကျောင်းအုပ်ကြီးဟူ၏အရေးပေးခံရမှန်း လူတိုင်းကသိနေပြီဖြစ်သည်။
ယဲ့ဖန်ကိုဆို လူတိုင်းက မသိချင်ယောင်ဆောင်ပေးကြသည်။
.......................................
ကျုံးဟိုင်ရေပူစမ်းအပန်းဖြေစခန်း။
လင်းယွမ်အိမ်ခြံမြေဥက္ကဌ ချန်းရွှမ်က တရားရေးရာဌာနဒါရိုက်တာကျန်းယုံထင်းနှင့်အတူ ဧည့်ခန်းထဲမှာ စိတ်ပူစွာစောင့်နေခဲ့သည်။
" အစ်မချန်း၊ သူဌေးအသစ်က ညီမတို့နဲ့အတူအလုပ်လုပ်ဖို့ သဘောတူပါ့မလား "
ကျန်းယုံထင်းက ချန်းရွှမ်ကို စိတ်လှုပ်ရှားစွာကြည့်သည်။
" ငါလည်းမသိတော့ဘူး။ အခုတော့ လုပ်နိုင်သမျှလုပ်ကြတာပေါ့ "
ချန်းရွှမ်သည် အတော်လေး မသေမချာဖြစ်နေသည်။
" ညီမတို့ ဒီကို အကြိမ်အနည်းငယ်ရောက်ဖူးပေမဲ့ သူဌေးဟူက အမြဲတမ်းငြင်းနေတာလေ။ သူဌေးအသစ်ကလည်း အတူအလုပ်လုပ်ဖို့ကို သဘောတူမယ်မထင်ဘူး "
ကျန်းယုံထင်က အနည်းငယ်မသေမချာဖြစ်နေသည်။
" သူဌေးအသစ်မှာ အမြင်ကောင်းရှိရင်တော့ ဒီစီမံကိန်းကို သဘောကျပါလိမ့်မယ်။ အဲ့တာတော့သေချာတယ် "
ချန်းရွှမ်မျက်နှာက ဆုံးဖြတ်ချက်အပြည့်ဖြစ်နေသည်။
" ဒါပေမဲ့ ညီမကြားသလောက် သူဌေးအသစ်က အတော်လေးငယ်တယ်တဲ့။ သူက ဒုတိယမျိုးစက်သူဌေးလေးဖြစ်မယ်ထင်တယ်။ သူ့မှာ အမြင်ကောင်းရှိလောက်မှာ မဟုတ်ဘူး "
ကျန်းယုံထင်းက သူမအတွက် ရေခဲရေတစ်ခွက်လောင်းထည့်ပေးလိုက်သည်။
" အများဆုံးဆို ငါတို့ သူ့ကို အကျိုးအမြတ်ပိုပေးရုံပေါ့။ ဘာဘဲဖြစ်ဖြစ်၊ ဒီစီမံကိန်းအောင်မြင်မှရမယ် "
ချန်းရွှမ်တွင် ဒီထက်ပိုကောင်းသည့်နည်းမရှိတော့ပေ။
ကျန်းယုံထင်းက ခေါင်းငြိမ့်ပြီးတော့ ဘာမှဆက်မပြောပေ။
ထိုအချိန်တွင် အတွင်းရေးမှူးလို့ထင်ရသည့်မိန်းကဘေးတစ်ဦးက လျှောက်လာသည်။
" ဥက္ကဌချန်း၊ ကျွန်မတို့သူဌေးကရောက်လာပါပြီ။ သူက ရုံးခန်းထဲမှာစောင့်နေပါတယ်။ ကျေးဇူးပြုပြီးအနောက်ကလိုက်ခဲ့ပေးပါ "
ချန်းရွှမ်နှင့်ကျန်းယုံထင်းတို့ အလျင်အမြန် ထလိုက်သွားသည်။
သူတို့သုံးဦး သူဌေးရုံးခန်းသို့ရောက်လာသည်။
ထို့နောက် အထဲမှ ယောက်ျားတစ်ဦးအသံကြားလိုက်ရသည်။
" အထဲဝင်ခဲ့ပါ "
ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့က အချင်းချင်းကြည့်လိုက်ကြသည်။
ဒီအသံက ဘာလို့ရင်းနှီးနေတာပါလိမ့်။
အတွင်းရေးမှူးမလေးက တံခါးဖွင့်လိုက်တဲ့အခါ ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့က အမြန်အထဲဝင်သွားသည်။
သို့ပေမဲ့ ချန်းရွှမ်သည် သူဌေးထိုင်ခံမှာ ယောက်ျားတစ်ယောက်ထိုင်နေတာကိုတွေ့ပေမဲ့ သူက သတင်းစာကိုင်ဖတ်နေတာကြောင့် မျက်နှာတစ်ခုလုံးကိုကွယ်ထားသည်။
ချန်းရွှမ်က လည်ချောင်းကိုရှင်းလိုက်သည်။
" မင်္ဂလာပါ၊ ကျွန်မက လင်းရွမ်အိမ်ခြံမြေကုမ္ပဏီကဥက္ကဌချန်းရွှမ်ပါ။ ဒီကို စီးပွားရေးခရိုင်စီမံကိန်းအတိုချုပ်ရှင်းပြဖို့လာခဲ့တာပါ "
သို့ပေမဲ့ သူမ ပြောလို့မပြီးသေးခင်မှာဘဲ .........
သတင်းစာက အောက်ကိုတဖြည်းဖြည်းကျလာပြီး ရင်းနှီးတဲ့မျက်နှာပေါ်လာသည်။
ယဲ့ဖန်လား။
သူ့ကိုမြင်တဲ့အခါ ချန်းရွှမ်ရော ကျန်းယုံထင်းပါ တစ်ပြိုင်တည်းပါးစပ်အဟောင်းသားဖြစ်သွားသည်။
ယဲ့ဖန်ဖြစ်မယ်ဟု သူတို့တစ်ခါမှမတွေးဖူးပေ။
သူတို့ဒီနေ့တွေ့ချင်တဲ့သူက လင်းယွမ်အိမ်ခြံမြေရဲ့သူဌေးအသစ်လား။
သူတို့မျက်နှာချင်းဆိုင်က ယဲ့ဖန်ကလည်း အံ့ဩသွားသည်။
သူမအကြောင်းကို အတွင်းရေးမှူးက အကြမ်းဖျင်းရှင်းပြထားပေမဲ့ လာမည့်သူက ချန်းရွှမ်မှန်းမသိပေ။
သူတို့ကတွေ့ဖို့ကံပါတာဘဲ။
အပိုင်း (၈၀)
သူမက တမင်သပ်သပ်လာစမ်းနေတာလား။
" ရှင်က ရေပူစမ်းအပန်းဖြေစခန်းရဲ့သူဌေးအသစ်လား "
ချန်းရွှမ်က မယုံကြည်နိုင်ဖြစ်နေသည်။
ယဲ့ဖန်မှ အသိစိတ်ပြန်ကပ်လာပြီး စနောက်မေးလိုက်သည်။
" ဘာလို့လဲ ကျွန်တော်လို့မထင်ဘူးလား "
" မဟုတ်ပါဘူး၊ ဒီအတိုင်းအံ့ဩသွားလို့ပါ။ ရှင် ကုမ္ပဏီဘယ်နှစ်ခုတောင်ဝယ်ထားတာလဲ "
ချန်းရွှမ် သူမစိတ်ထဲမှမေးခွန်းကိုမေးလိုက်သည်။
ဒီတစ်ယောက်က လင်းယွမ်အိမ်ခြံမြေကုမ္ပဏီရှယ်ယာ ၆၀%လည်းပိုင်သေးတဲ့အပြင် ရေပူစမ်းအပန်းဖြေစခန်းကြီးကိုလည်း ဝယ်ထားတာလား။
ဒါတောင်မှ သူမသိတဲ့အဲ့လောက်ဘဲရှိသေးသည်။
သူမ မသိတာ ဘယ်လောက်အများကြီးထပ်ရှိသေးနေလဲ။
ယဲ့ဖန်ကတော့ ပုခုံးကိုတွန့်လိုက်သည်။
" တကယ်တော့ အဲ့တာမများပါဘူး။ ကျွန်တော်တို့ ဒီမှာတွေ့တာ ကံပါလို့ဘဲ "
သူ့စကားတွေက ရွှတ်နောက်နောက်သံပေါက်နေတာကြောင့် ချန်းရွှမ်ရှက်သွားသည်။
ချန်းရွှမ်ရှက်သွားတဲ့အခါ ကျန်းယုံထင်းကို လှစ်ခနဲလှမ်းကြည့်လိုက်သည်။
သူမသည် သူမလက်အောက်ငယ်သားရှေ့တွင် သိက္ခာကျမည်ကို စိုးရိမ်တာဖြစ်သည်။
သို့ပေမဲ့ ကျန်းယုံထင်းက သူမလှမ်းကြည့်တာကိုမြင်တဲ့အခါ အထင်လွဲသွားသည်။
ဥက္ကဌချန်းက သူမဘေးမှာရှိနေတာကြောင့် ထွက်သွားဖို့ အကြည့်နှင့်ပြောသည်ဟုထင်လိုက်သည်။
" ဥက္ကဌချန်းတို့ ဆက်ပြောကြပါ။ အပြင်ကနေစောင့်နေပါ့မယ် ထ
ထို့နောက် သူမကလှည့်ပြီး အခန်းထဲမှထွက်သွားတော့သည်။
" ဟဲ့၊ နင် .... "
ချန်းရွှမ် သူမကို တားချင်ပေမဲ့ နောက်ကျသွားပြီဖြစ်သည်။
ယဲ့ဖန်နှင့် သူမသာ အခန်းထဲမှာကျန်နေခဲ့သည်။
ထိုအချိန်မှာ သူမ လုံးဝကို ပျာယာခတ်သွားသည်။
အထူးသဖြင့် သူမနဲ့ယဲ့ဖန် တစ်ခန်းထဲမှာအတူရှိနေခဲ့တုန်းက အဖြစ်အပျက်ကို သတိရသွားကာ ပိုရှက်လာတော့သည်။
ချန်းရွှမ်မျက်နှာအနည်းငယ်ပူလာသည်။
ယဲ့ဖန်သည် သူ၏မျက်နှာချင်းဆိုင်ကခုံကိုညွှန်ပြပြီး ဘာမှမဖြစ်သလိုပြောသည်။
" ဘာလို့ အဲ့မှာရပ်နေတာလဲ၊ ထိုင်လေ "
ချန်းရွှမ်လည်း ကူကယ်ရာမဲ့နေပြီး နှုတ်ခမ်းကိုကိုက်ကာ ထိုင်လိုက်သည်။
ယဲ့ဖန်က ကြင်နာစွာဖြင့် သူမအတွက် ရေနွေးကြမ်းတစ်ခွက်ငှဲ့ပေးလိုက်သည်။
" ဒီတစ်ခါတော့ ဖိတ်မကျစေနဲ့ "
ချန်းရွှမ်လက်တွေတုန်ပြီး ခွက်လွတ်ကျမတတ်ထပ်ဖြစ်သွားသည်။ ဒီတစ်ခါမှာတော့ မျက်နှာကပိုရဲတွတ်လာသည်။
ယဲ့ဖန်က သူမကိုထပ်စနောက်ဖို့ပျင်းသွားလေသည်။
" ကောင်းပါပြီ၊ ဒီကိုလာတဲ့အကြောင်းအရင်းပြောပါဦး "
ချန်းရွှမ်မှ ခံစားချက်တွေကို စုစည်းလိုက်ပြီး သူမလက်ထဲရှိအိတ်မှ အချက်အလက်စာရွက်အထပ်လိုက်ကိုထုတ်လိုက်ပြီး လှမ်းပေးလိုက်သည်။
" လင်းယွမ်အိမ်ခြံမြေနဲ့ ကျုံးဟိုင်ရေပူစမ်းတို့ကို ပူပေါင်းပြီး စားသောက်ကုန်၊ အပန်းဖြေ၊ ဖျော်ဖြေရေးနဲ့ နေထိုင်ရေးတို့ကို တစ်နေရာတည်းမှာလုပ်နိုင်မဲ့ စီးပွားရေးပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့စီစဉ်ထားတာပါ။ အဲ့လိုဆိုရင် သုံးစွဲသူတွေက တစ်နေရာတည်းမှာဘဲ အကောင်းဆုံးဝန်ဆောင်မှုတွေကို ရနိုင်ပါတယ် "
ချန်းရွှမ်၏အစီအစဉ်တို့က အသေးစိတ်ကျပြီး တစ်ခုနှင့်တစ်ခု အသေအချာလေးချိတ်ဆက်နေသည်။
ယဲ့ဖန်မေးသည့်မေးခွန်းများကိုလည်း ထောင့်ကျအောင်သေချာပြန်ဖြေပေးနိုင်သည်။
သူမ အလုပ်ကိုသေချာလုပ်ထားကြောင်း သိသာမြင်နိုင်သည်။
ယဲ့ဖန်မှ ထိုစကားတွေကိုကြားပြီးတဲ့အခါ စားပွဲပေါ်ကိုလက်ဖြင့်ခေါက်နေပြီး စကားတစ်ခွန်းမှမပြောပေ။
ချန်းရွှမ်က သူ့ကိုစိတ်လှုပ်ရှားစွာကြည့်လိုက်ပြီး ယဲ့ဖန်ဘာစဉ်းစားနေလဲ မသိဖြစ်နေသည်။
မိနစ်အနည်းငယ်ကြာတဲ့အထိ ယဲ့ဖန်က ပြန်မဖြေပေ။
သူမက အချက်အလက်အနည်းငယ်ထပ်ဖြည့်ပြောမယ့်အချိန်မှာဘဲ ......
ယဲ့ဖန်က ရုတ်တရက်ပြောသည်။
" စာချုပ်ယူလာခဲ့လား "
ချန်းရွှမ်အတော်အံ့ဩသွားသည်။
ယဲ့ဖန်က စီးပွားရေးစီမံကိန်းကြီးကို ကြုံနေရတယ်ဟုထင်ခဲ့သည်။
တစ်ဖက်က ဆွယ်ပြီးပြောနိုင်ခဲ့ရင်တောင်မှ စဉ်းစားဖို့အချိန်အနည်းငယ်လိုပေလိမ့်မည်။
သူမ မိတ်ဆက်ရှင်းပြပြီးတာနဲ့ စာချုပ်ယူခဲ့လားလို့ မေးလိမ့်မည်ဟု ဘယ်သူကထင်ခဲ့မှာလဲ။
ဒါက နည်းနည်းလေး ပုံမှန်မဟုတ်ဖြစ်မနေဘူးလား။
သူမ အချိန်အတော်ကြာစကားမပြောတာမြင်တဲ့အခါ ယဲ့ဖန်က သူမကို ပြောလိုက်သည်။
" စာချုပ်ယူခဲ့လားလို့မေးနေတာ။ တကယ်လို့ယူခဲ့ရင် အခုစာချုပ်ချုပ်လို့ရတယ် "
ထိုအခါမှ ချန်းရွှမ်အသိစိတ်ကပ်လာပြီး မြန်မြန်ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်၊ ယူလာခဲ့ပါတယ် "
ထိုသို့ပြောရင်း နောက်ထပ်အိတ်ထဲမှ စာချုပ်ကိုထုတ်လိုက်သည်။
ယဲ့ဖန်ကြည့်လိုက်ပြီး ဘာပြဿနာမှမတွေ့ပေ။
စားပွဲပေါ်ရှိဘောပင်ခွက်ထဲမှ ဘောပင်ကိုယူပြီး နာမည်ကိုလက်မှတ်ထိုးလိုက်သည်။
ထို့နောက် ချန်းရွှမ်ဘက်ကို ဘောပင်တွန်းပေးလိုက်သည်။
" လက်မှတ်ထိုးလိုက် "
ချန်းရွှမ်ည် ရုပ်သေးရုပ်လေးကဲ့သို့ နာခံစွာ ဘောပင်ကိုယူပြီး စာချုပ်မှာ လက်မှတ်ထိုးလိုက်သည်။
စာချုပ်ချုပ်ပြီးတဲ့နောက် သူမ အနည်းငယ်တွေဝေနေသည်။
သူမ ရုံးခန်းဆီသို့ အကြိမ်အရေများစွာလာခဲ့တာတောင်မှ ဒီစီမံကိန်းကိုတင်ပြဖို့ ကျရှုံးခဲ့သည်။
အခုတော့ ဒီလောက်လွယ်လွယ်လေးနဲ့ပြီးသွားတာလား။
ခေါင်းကိုမော့ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။
" မေးလို့ရမလား၊ ဘာလို့ ရှင် .......... "
" ဘာလို့ အလွယ်တကူသဘောတူလိုက်တာလဲ "
ယဲ့ဖန်က သူမ မေးခွန်းဆုံးတဲ့အခါ ယုံကြည်ချက်ရှိရှိပြုံးလိုက်သည်။
" ရှင်းပါတယ်၊ မင်းဟာရော အပန်းဖြေစခန်းရောက နှစ်ခုလုံး ကိုယ့်အပိုင်မလို့လေ "
ဘုတ် ... ထောက်။
ချန်းရွှမ်လက်တုန်သွားပြီး ဘောပင်က သူမပေါင်ပေါ်ကို ကျသွားတော့သည်။
ဘောပင်ထိပ်က ခြေထောက်နဲ့ထိပြီး မြေပေါ်ကိုကျသွားသည်။
သူမ၏အသားရောင်အသားကပ်ခြေအိတ်ပေါ်သို့ မှင်တွေပျံ့သွားတော့သည်။
" အား "
ချန်းရွှမ် အော်လိုက်သည်။
ထို့နောက် စားပွဲပေါ်မှတစ်ရှူးအနည်းငယ်ကိုဆွဲထုတ်ပြီး အမည်းရောင်မှင်တွေပေသွားသော အသားကပ်ခြေအိတ်ကိုဆွဲပြီး အလန့်တကြားသုတ်နေသည်။
သူမ ပျာယာခတ်နေတာကြောင့် အားအများကြီးသုံးလိုက်သည်။
အကြိမ်အနည်းငယ်ဖိသုတ်လိုက်တဲ့အခါ ပိုးသားအသားကပ်ခြေအိတ်မှ ပြဲသွားသည့်အသံနှင့်အတူ အပေါက်ကြီးဖြစ်သွားသည်။
သူမ၏နှင်းလိုဖြူသည့်အသားအရေပေါ်လာသည်။
သူမ လုံးဝကို ကြောင်သွားသည်။ ငေးလျက်ထိုင်နေပြီး ဘာဆက်လုပ်ရမလဲမသိတော့ပေ။
ယဲ့ဖန်လည်း ကြောင်သွားသည်။
ရေပူစမ်းကရော လင်းယွမ်အိမ်ခြံမြေကရော သူ့ဟာလို့ပြောလိုက်တာလေ သူမက ဘာလို့အဲ့လောက်လန့်သွားတာလဲ။
သူ့အကြည့်သူရုတ်လိုက်ပြီး ချောင်းနှစ်ချက်ဟန့်လိုက်သည်။ ရုံးခန်းထဲမှ သီးသန့်ရေချိုးခန်းကို ညွှန်ပြလိုက်သည်။
" အဲ့တာက ရုံးခန်းထဲက သီးသန့်ရေချိုးခန်းပါ။ အဲ့ထဲကို ဘယ်သူမှမဝင်ဘူး "
" တောင်းပန်ပါတယ်၊ ပြီးတော့ ကျေးဇူးလည်းတင်ပါတယ် " ထိုအခါမှ ချန်းရွှမ်တုန့်ပြန်သည်။ မြန်မြန်တောင်းပန်၊ ကျေးဇူးတင်ပြီး ပြဲသွားတဲ့ပိုးသားအသားကပ်ကိုဖုံးကာ ရေချိုးခန်းထဲသို့ပြေးသည်။
ရေချိုးခန်းတံခါးပိတ်သွားမှ သူမ သက်ပြင်းချရဲတော့သည်။
မှန်ထဲတွင် သူမပုံစံက သနားစရာပေါက်နေတာကြောင့် ငိုတော့မတတ်ဖြစ်နေသည်။
သူ့ရှေ့ရောက်တိုင်း ဘာလို့အဲ့လိုသနားစရာပုံစံဖြစ်ဖြစ်သွားရတာလဲ။
ယဲ့ဖန်က သူမဘဝအတွက် ကြောက်စရာမလို့လား။
သက်ပြင်းချပြီးတဲ့နောက် ပြဲသွားတဲ့အသားကပ်ကိုကြည့်လိုက်သည်။
အဲ့အပြဲကြီးကိုဆက်ဝတ်လို့မရတာကြောင့် ချွတ်ပစ်လိုက်သည်။
....................
ထိုအချိန် ကျန်းယုံထင်းမျက်နှာကတော့ နီရဲနေသည်။
ရုံးခန်းထဲမှ ချန်းရွှမ်၏အော်သံကိုကြားလိုက်ပြီး တစ်ခုခုပြဲသွားတဲ့အသံကိုလည်းကြားလိုက်သည်။
ဒီနှစ်ယောက်ကတော့ ကလေးတွေအတွက်မသင့်တော်တာတွေလုပ်နေကြတာဘဲ။
ကျန်းယုံထင်းပြောစရာစကားမဲ့နေသည်။
ဘာလို့ အမြဲတမ်းရုံးခန်းထဲမှာလဲ။
စိတ်လှုပ်ရှားစရာကောင်းလို့လား။
ယဲ့ဖန်သည် အစောကမြင်ကွင်းကို စဉ်းစားနေသည်။
ချန်းရွှမ်၏ပိုးသားအသားကပ်ပြဲသွားတုန်းက သူ့နှားခေါင်းသွေးလျှံမတတ်ဖြစ်သွားသည်။
ကံကောင်းစွာနဲ့ သူ့ရဲ့သံမဏိလိုစိတ်ကို ဒီအတော်အတွင်းမှာ သေချာလေးထိန်းထားတာကြောင့် တည်တည်ငြိမ်ငြိမ်နေနိုင်ခဲ့တာဖြစ်သည်။
ယဲ့ဖန်တည်ငြိမ်နေခဲ့ပေမဲ့ စိတ်ထဲမှ မေးခွန်းတစ်ခုပေါ်လာသည်။
ဘာလို့ချန်းရွှမ်က သူ့ရှေ့ရောက်တိုင်း ဘာလို့အဲ့လိိုစိတ်ကြွစေနဲ့အနေအထားမျိုးဖြစ်နေရတာလဲ။
ဒီမိန်းမက သူ့ကိုတမင်စမ်းသပ်နေတာလား။