← Chapters

အပိုင်း ၈၁-၈၄

Vol. 5 Ch. 81-84

အပိုင်း ၈၁-၈၄

Vol. 5 Ch. 81-84

အပိုင်း (၈၁)

အရူးအမူးဖြစ်စေတဲ့လူတစ်ယောက်။

ယဲ့ဖန်အတွေးထဲမြောနေချိန်မှာဘဲ အမည်မသိဖုန်းမှ ရုတ်တရက်ဝင်လာသည်။

ဖုန်းကိုင်လိုက်တဲ့နောက် တစ်ဖက်မှ ယောက်ျားကြီးတစ်ယောက်ရဲ့အသံကိုကြားရသည်။

" မင်္ဂလာပါ၊ ယဲ့ဖန်လူကြီးမင်း ဟုတ်ပါသလား။ ကျွန်တော်က နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီတရားဝင်ဒါရိုက်တာ ဆွန်းယောင်ထင်းပါ။ လူကြီးမင်းက ရှယ်ယာ ၃၀%ဝယ်ယူထားတာကြောင့် ကျွန်တော်တို့လွှဲပြောင်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ရပါမယ်။ အခု အားပါသလား "

ထိုအသံကြားမှ ယဲ့ဖန် ဒီနေ့မနက် ကျောင်းအုပ်ကြီးဟူရဲ့ဇနီးကို ကယ်တင်ခဲ့တာကြောင့် စနစ်မှ နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီ၏ရှယ်ယာ၃၀%ကို ဆုအဖြစ်ပေးထားကြောင်းသတိရသည်။

" လာတွေ့လှည့်ပါ။ လိပ်စာပို့လိုက်ပါမယ် "

" ကောင်းပါပြီ၊ ယဲ့လူကြီးမင်း။ မကြာခင်တွေ့ပါမယ် "

ယဲ့ဖန် ဖုန်းချလိုက်တဲ့အခါမှာဘဲ ချန်းရွှမ်သည် ရေချိုးခန်းထဲမှ ဖြည်းဖြည်းချင်းလျှောက်လာတာကိုတွေ့လိုက်သည်။

သူမသည် အသားကပ်ခြေအိတ်ကိုချွတ်လိုက်ပြီဖြစ်ကာ သူမ၏သွယ်လျလှပစိုပြည်သောခြေတံလေးက ပေါ်ထွက်လာသည်။

အထူးသဖြင့် အနက်ရောင်ဒေါက်မြင့်လေးကိုစီးထားပုံက ယောက်ျားတွေအတွက် အတော်လေးညှို့ယူအားပြင်းနေသည်။

ယဲ့ဖန်မတတ်နိုင်ဘဲ ခဏခဏအကြည့်ရောက်နေမိသည်။

သူ့အမူအရာကြောင့် ချန်းရွှမ်၏မျက်နှာ ထပ်ပြီးနီရဲလာပြန်သည်။

တစ်ချိန်တည်းမှာဘဲ သူမကိုယ်သူမဂုဏ်ယူမိသည်။

ယဲ့ဖန်လို ထူးချွန်ထက်မြက်တဲ့သူတစ်ယောက်က သူမအပေါ်ဒီလိုခံစားချက်မျိုးဖော်ပြတဲ့အတွက် သူမသည်ဆွဲဆောင်မှုရှိကြောင်း သက်သေပြဖို့ လုံလောက်နေသည်။

" သူဌေးယဲ့၊ ရှင့်မှာ ဒီနေ့ည အစီအစဉ်မရှိရင် ကျွန်မတို့ ပူးပေါင်းဆောင်ရွက်ရေးအောင်မြင်မှုအတွက် ညစာဖိတ်ကျွေးချင်လို့ပါ "

ချန်းရွှမ် စိတ်တည်ငြိမ်အောင်လုပ်ပြီး ယဲ့ဖန်ကို သူမဘက်မှ အရင်စဖိတ်လိုက်သည်။

ယဲ့ဖန်တစ်ခဏမျှတွေးပြီး သဘောတူခေါင်းငြိမ့်လိုက်သည်။

" မင်းပြောသလိုဘဲလုပ်လိုက်မယ် "

ချန်းရွှမ်သည် ဖုန်းကိုထုတ်ပြီး နီးစပ်ရာကြယ်ငါးပွင့်စားသောက်ဆိုင်ကို ကြိုတင်အမှာနေရာယူလိုက်သည်။

ယဲ့ဖန်သည် လိပ်စာရတဲ့အခါ နန်းဖန်ဖျော်ဖြေရေးတရားဝင်ဒါရိုက်တာဆီသို့ပို့ပေးလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်အတူ ရုံးခန်းထဲမှထွက်လာသည်။

အပြင်မှာတစ်ချိန်လုံးစောင့်နေခဲ့တဲ့ ကျန်းယုံထင်းက လှည့်ကြည့်လာသည်။

ကျန်းယုံထင်းသည် ဒီနေ့ ချန်းရွှမ်အသားရောင်အသားကပ်ဝတ်လာမှန်း မှတ်မိသည်။

အခုတော့ အသားကပ်ခြေအိတ်တွေမရှိတော့ဘူး။

သေချာပေါက် ချန်းရွှမ်ဒီရောက်မှချွတ်လိုက်တာဖြစ်သည်။

ဒီပုံစံသည် ကျန်းယုံထင်းစိတ်ထဲမှ ထင်မြင်ချက်ကို ပိုပြီးသေချာစေသည်။

ထင်ထားသလိုဘဲ ဒီနှစ်ယောက်တော့ မဟုတ်တာတွေဖြစ်နေတာဘဲ။

ထိုအတွေးကြောင့် ကျန်းယုံထင်းမျက်နှာပူလာသည်။

ချန်းရွှမ်ကတော့ ကျန်းယုံထင်းဘာတွေးနေလဲမသိဘဲ သူမကို စာချုပ်ချုပ်ဆိုမှု အောင်မြင်သွားကြောင်း ဝမ်းသာအားရပြောသည်။

" သူဌေးယဲ့က ငါတို့နဲ့ပူးပေါင်းဖို့သဘောတူလိုက်မယ် "

" အို "

ကျန်းယုံထင်းသည် ချန်းရွှမ်နှင့်ယဲ့ဖန်တို့က အချင်းချင်းရည်ငံနေကြသည်ဟုထင်တာကြောင့် အံ့ဩခြင်းမရှိဘဲ ခေါင်းငြိမ့်လိုက်သည်။

ချန်းရွှမ်သည် ကျန်းယုံထင်း၏တည်ငြိမ်ပုံကိုတွေ့တဲ့အခါ အံ့ဩသွားသည်။

" မအံ့ဩဘူးလား "

" ကျွန်မက အံ့ဩသင့်တာလား "

ကျန်းယုံထင်းက နှုတ်ခမ်းဆူလိုက်သည်။

ကျန်းယုံထင်းစိတ်ထဲမှာတော့

' အစ်မက အစ်မရဲ့အလှအပကျော့ကွင်းကိုသုံးပြီး အစ်မတို့နှစ်ယောက်က အဲ့လိုဆက်ဆံရေးအဆင့်တောင်ရှိနေပြီကို အံ့ဩနေရဦးမှာလား "

ချန်းရွှမ်ကတော့ သူမကို ကြောင်အစွာကြည့်လိုက်သည်။

ကျန်းယုံထင်း ဘာလို့ အဲ့အမူအရာလုပ်နေတာလဲ။

တကယ်ဘဲ ထူးဆန်းလိုက်တာ။

...........................

သူတို့သုံးဦးသား 'Love Joy' ဆိုသည့်စားသောက်ဆိုင်ကိုရောက်သည့်အခါ ချက်ချင်း ဂယက်ထသွားတော့သည်။

ယဲ့ဖန်ကြောင့် သေချာပေါက်မဟုတ်ပေ။

ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့ အလှလေးနှစ်ယောက်က အကြည့်ကိုဖမ်းစားထားတာကြောင့်ဖြစ်သည်။

တစ်ချိန်တည်းမှာလည်း ယဲ့ဖန်အပေါ် လူတစ်ချို့ကအကြည့်ရောက်နေသည်။

သို့ပေမဲ့ အကြည့်အများစုက ရန်လိုမှုတွေပြည့်နေသည်။

" ဒီတစ်ယောက်က သာမန်ပါဘဲ။ ဒီလိုအလှလေးနှစ်ယောက်ကို ဘယ်လိုများချိတ်လိုက်တာပါ့လိမ့် "

" ဟုတ်တယ်၊ ငါဆို သူ့ထက်တောင်ပိုချောသေးတာကို အခုထိ တစ်ယောက်တည်းဖြစ်နေတုန်း "

" ဒီကလေးမှာ ထူးခြားတဲ့အရည်အချင်းတွေရှိတာဖြစ်နိုင်တယ် "

" ဆိုတော့ အဲ့ဒီလိုလား၊ ဟီးဟီးဟီးဟီးဟီး "

ဘေးမှ လာစားသုံးသူတို့၏ တီးတိုးပြောနေသံကို အတိုင်းသားကြားနေရသည်။

ယဲ့ဖန်ကတော့ အရေထူတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အများကြီးသိပ်မတွေးပေမဲ့ အမျိုးသမီးနှစ်ယောက်ဖြစ်တဲ့ ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့က ခြေလှမ်းတွေကိုမြန်မြန်လျှောက်ကြသည်။

သူတို့သည် ကြိုတင်မှာယူထားတာဖြစ်တာကြောင့် သူတို့သုံးယောက်ထိုင်ပြီးတာနဲ့ စားပွဲထိုးမှ ဟင်းလျာများကို ချပေးသည်။

အနည်းငယ်စားပြီးတဲ့နောက် .......

ကျန်းယုံထင်းမျက်လုံးပင့်ပြီး ရုတ်တရက်မေးသည်

" ယဲ့လူကြီးမင်း၊ ရေပူစမ်းအပန်းဖြေစခန်းကိုဝယ်လိုက်တာက ကျွန်မတို့ ဥက္ကဌချန်းကို ထပ်ပြီးကူညီပေးဖို့လား "

" အဟွတ်၊ အဟွတ်၊ အဟွတ် ...... "

စားနေရင်းဖြင့် ထိုစကားကြောင့် ချန်းရွှမ် ချက်ချင်းပြင်းပြင်းထန်ထန်ချောင်းဆိုးသွားကာ သူ(မ)အင်္ကျီလက်ကိုပင့်လိုက်သည်။

ကျန်းယုံထင်းကတော့ မတုန်မလှုပ်ဘဲနေနေသည်။ သူ(မ)သည် ယဲ့ဖန်ကိုကြည့်ပြီး သူ၏အဖြေကိုစောင့်နေသည်

ယဲ့ဖန်က သူ(မ)ကို ကြောင်အတဲ့အမူအရာဖြင့်ကြည့်လိုက်သည်။

" မင်းရဲ့ ဥက္ကဌချန်းကို ကူညီဖို့လား။ ဘာလို့အဲ့လိုထင်တာလဲ "

ကျန်းယုံထင်းအမူအရာသည် သူ(မ)အရာအားလုံးကိုသိထားပြီးသားဟုသည့်ပုံစံဖြစ်နေသည်။

" နောက်ဆုံးအကြိမ် ကျွန်မတို့ဥက္ကဌချန်း အခက်အခဲတစ်ချို့ကြုံနေရတုန်းက ရှင်က လင်းယွမ်အိမ်ခြံမြေကိုဝယ်ယူပြီး သူ(မ)အဲ့ဒီအခက်အခဲတွေကျော်လွှားနိုင်ဖို့ ကူညီခဲ့တယ်လေ "

" အခုလည်း ရှင်က ထပ်ပြီးပေါ်ထွက်လာပြန်တယ် "

" ကျွန်မတို့က ကျုံးဟိုင်ရေပူစမ်းအပန်းဖြေစခန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေပေမဲ့ အကြိမ်ကြိမ်အငြင်းခံရတာကိုသိတယ်မလား။ အဲ့တာကြောင့် ဝယ်လိုက်တာမလား "

ထိုစကားကြောင့် ချန်းရွှန်မျက်နှာနီရဲသွားပြီး ခေါင်းကို အလျင်အမြန်ငုံ့လိုက်သည်။

တစ်ချိန်တည်းမှာဘဲ သူ(မ)လည်း ယဲ့ဖန်၏ရှင်းပြချက်ကို သိချင်သည်။

ကျန်းယုံထင်းမှ သူ(မ)သိချင်နေသည်များကို မေးပေးခဲ့ခြင်းကြောင့်ဖြစ်သည်။

ယဲ့ဖန်မှ လင်းယွမ်အိမ်ခြံမြေကို ဝယ်ယူပြီး သူ(မ)အခက်အခဲတွေကျော်လွှားနိုင်အောင် ကူညီခဲ့တာက တိုက်ဆိုက်မှုတစ်ခုဆိုလျှင် တိုက်ဆိုင်မှုဟု သတ်မှတ်လိုက်နိုင်သည်။ သို့ပေမဲ့ သူ(မ)အခက်အခဲကြုံနေလို့ ရေပူစမ်းအပန်းဖြေစခန်းကိုဝယ်လိုက်တာကတော့ တိုက်ဆိုင်မှု မဖြစ်နိုင်တော့ဘူးမလား။

ဘယ်လိုလုပ်ပြီး အဲ့လောက်များတဲ့တိုက်ဆိုင်မှုတွေ ရှိရမှာလဲ။

ယဲ့ဖန် ဘယ်လိုဖြေရမလဲမသိတာကြောင့် အနည်းငယ်လန့်သွားသည်။

ဒီအလှလေးနှစ်ယောက်ကို တကယ်ဘဲတိုက်ဆိုင်မှုပါဟု ပြောချင်ခဲ့ပေမဲ့ ထိုသို့ပြောလိုက်ပါက ချန်းရွှမ်၏ သိက္ခာကို စော်ကားရာရောက်သွားပေလိမ့်မည်။

ထိုအတွေးကြောင့် မရေမရာအဖြေကိုသာပေးလိုက်သည်။

" ဒါက ရေစက်ပါလို့ပါဘဲ "

ယဲ့ဖန်မှ တိကျတဲ့အဖြေမပေးတာကြောင့် ချန်းရွှမ်ပိုပိုပြီးသိချင်စိတ်ဖြစ်လာသည်။

ဒီတစ်ယောက်က ဘာတွေတွေးနေတာလဲ။

ဒါက တမင်ရည်ရွယ်ထားတာ ဟုတ်လား၊ မဟုတ်ဘူးလား။

သူ(မ)ဆက်ပြီး တွေးနေတုန်းမှာဘဲ စားသောက်ဆိုင်တံခါးကို ရုတ်တရက်တွန်းဖွင့်ခံလိုက်ရသည်။

ထို့နောက် အနက်ရောင်ဝတ်စုံပြည့်ဖြင့်လူတစ်ယောက်ဝင်လာတာကို တွေ့လိုက်ရသည်။

ထိုလူကြီးက အသက်လေးဆယ်ဝန်းကျင်အရွယ်ရှိပြီး အတော်လေးကြည့်ကောင်းသည်။

အတိအကျပြောရရင် ထိုလူကြီးသည် ရာထူးမြင့်မြင့်နေရာတစ်ခုမှာ အချိန်အတော်ကြာရှိနေသည့် လူတစ်ယောက်ပုံစံမျိုး အငွေ့အသက်ရှိနေပြီး လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှုရှိသည်။

ထိုမြင်ကွင်းကြောင့် စားသောက်ဆိုင်ထဲမှ မိန်းကလေးတွေဟာ ချက်ချင်းပင် စွဲလမ်းတဲ့အမူအရာမျိုးကို ပြသကြသည်။

အမျိုးသမီးအများစုသည် ဤကဲ့သို့ဆွဲဆောင်မှုရှိသော ရင့်ကျက်သည့်ယောက်ျားမျိုးကို မလွန်ဆန်နိုင်ကြပေ။

ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့တောင်မှ မတတ်နိုင်ဘဲ ထိုလူဆီသို့ သုံးလေးကြိမ်လောက် အကြည့်ရောက်မိသည်။

သေချာပေါက်ပင် သူတို့နှစ်ဦးဟာ အခြားမိန်းကလေးတွေလောက် စွဲလမ်းတဲ့အမူအရာမပေါ်ပေဲ့ သူတို့သည်လည်း မထိန်းနိုင်ဘဲ ထိုလူ၏ဩဇာအပြည့်ဖြစ်နေသည့်အငွေ့အသက်ကို ငေးမောနေကြသည်။

ဒီလူရဲ့ပုံစံက သေချာပေါက် သာမန်မဟုတ်နိုင်ပေ။

လူတိုင်းက ထိုလူရဲ့ပုံစံကို ခန့်မှန်းနေကြတုန်းမှာဘဲ သူက ယဲ့ဖန်ဆီသို့ လျင်မြန်စွာလျှောက်လာသည်။

" တွေ့ရတာဝမ်းသာပါတယ် "

ထိုတစ်ဒင်္ဂတွင် စားသောက်ဆိုင်တစ်ခုလုံးတိတ်ဆိတ်သွားတော့သည်။

အပိုင်း (၈၂)

အံ့ဩဖို့ လိုလို့လား။

နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီ၏တရားဝင်ဒါရိုက်တာဖြစ်တဲ့ ဆွန်းယောင်ထင်းမှ ယဲ့ဖန်ကို တလေးတစားနှုတ်ဆက်ပုံကို တွေ့တဲ့အခါ ချန်းရွှမ်နှင့် ကျန်းယုံထင်းသာမက စားသောက်ဆိုင်တစ်ခုလုံးမှ လူတိုင်းက အံ့ဩသွားကြသည်။

ထိုကဲ့သို့ အရှိန်အဝါအပြည့်နဲ့လူတစ်ယောက်က ယဲ့ဖန်လို လူငယ်လေးတစ်ယောက်ကို လေးလေးစားစားဆက်ဆံလိမ့်မည်ဟု ထင်မထားကြပေ။

လူတိုင်းက ယဲ့ဖန်၏နောက်ခံကို စတင်ခန့်မှန်းကြတော့သည်။

သူက မိသားစုကြီးက သခင်လေးများလား။

လူတိုင်း၏အံ့ဩမှုနဲ့မတူဘဲ ယဲ့ဖန်ကတော့ ဘယ်လိုမှမဖြစ်ပေ။

" မင်္ဂလာပါ၊ ဒါရိုက်တာဆွန်း။ လွှဲပြောင်းရေးစာရွက်စာတမ်းတွေ ယူခဲ့ပါသလား "

ဆွန်းယောင်ထင်း မမေ့ရဲပေ။ သူ့အိတ်ထဲမှ စာရွက်စာတမ်းအထပ်လိုက်ကို မြန်မြန်ထုတ်လိုက်သည်။

" အကုန်ဒီမှာပါ။ စစ်ဆေးကြည့်ပါ "

ယဲ့ဖန် စာရွက်စာတမ်းတွေကိုယူပြီး သေချာဖတ်နေသည်။

ဆွန်းယောင်ထင်းသည် ဘေးမှရပ်ပြီး စိတ်ရှည်စွာစောင့်ပေးနေသည်။

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် ယဲ့ဖန်သည် စာရွက်စာတမ်းများတွင် ဘာပြဿနာမှမရှိတဲ့အတွက်ကြောင့် လက်မှတ်ထိုးလိုက်သည်။

လွှဲပြောင်းရေးလုပ်ငန်းစဉ်က ဆယ်မိနစ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။

" ဒါဆို ကျွန်တော် ယဲ့လူကြီးမင်းနဲ့ အမျိုးသမီးနှစ်ယောက်တို့ စားနေတာကို မနှောင့်ယှက်တော့ပါဘူး "

ဆွန်းယောင်ထင်းသည် ယဲ့ဖန်လက်မှတ်ထိုးထားသော စာရွက်စာတမ်းများကိုစစ်ဆေးပြီးနောက် တရိုတသေထွက်သွားသည်။

ထိုအချိန်တွင် ချန်းရွှမ်မှ အခွင့်အရေးယူပြီး စကားပြောသည်။

" ရှင်အခုဘာစာရွက်စာတမ်းလွှဲပြောင်းရေးလုပ်တာလဲ "

ယဲ့ဖန် ဘာမှမဖြစ်သလို တစ်လုတ်လောက်စားလိုက်သည်။

" ဘာမှမဟုတ်ပါဘူး၊ နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီကနေ ရှယ်ယာလေးနည်းနည်းပါးပါးဝယ်တာပါ "

" အို၊ ဟုတ်လား။ ဘယ်လောက်ဖိုးဝယ်တာလဲ "

ယဲ့ဖန်၏တည်ငြိမ်တဲ့အမူအရာကြောင့် ရင်းနှီးမြှုပ်နှံမှုအသေးစားဟုထင်ပြီး ချန်းရွှမ် စားလက်စကိုဆက်စားသည်။

" မများပါဘူး၊ ၃၀% တည်းပါ "

" ဖူး၊ ဖူး၊ ဖူး "

ချန်းရွှမ် အခုလေးတင်စားလိုက်သမျှ ပြန်ထွက်လာကာ သူမ၏လှပတဲ့မျက်လုံးလေးများ ပြူးကျယ်လာကုန်သည်။

" ဘယ်လောက်။ နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီရှယ်ယာ ၃၀ ရာခိုင်နှုန်း "

ကျန်းယုံထင်းသည်လည်း မယုံနိုင်တာကြောင့် ပါးစပ်အဟောင်းသားဖြစ်ကုန်သည်

ယဲ့ဖန်ကတော့ သူ့ပါးစပ်ကို တစ်ရှူးနဲ့သုတ်ပြီး သူတို့နှစ်ယောက်ကို ရိုးသားအပြစ်ကင်းတဲ့ပုံစံလေးဖြင့်ကြည့်လိုက်သည်။

" ဘာလို့ မင်းတို့က အံ့ဩနေကြတာလဲ။ အဲ့တာက ၃၀%တည်း မဟုတ်ဘူးလား "

ချန်းရွှမ်သည် ယဲ့ဖန်ကို သားရဲကြီးတစ်ကောင်ကိုကြည့်နေသည့်အလား ကြည့်လိုက်သည်။

" ၃၀% တည်း မဟုတ်လားလို့ ပြောလိုက်တာလား။ အဲ့တာက ကျုံးဟိုင်မြို့ရဲ့ဖျော်ဖြေရေးကုမ္ပဏီတွေထဲက ထိပ်တန်းတစ်ခုလေ "

ယဲ့ဖန် ပုခုံးကိုတွန့်လိုက်သည်။

" အဲ့ဒီတော့ "

ချန်းရွှမ် လုံးဝကို ပြောစရာစကားမဲ့သွားတော့သည်။

ဘာလို့ ဒီတစ်ယောက်အရှေ့မှာဆိုရင် သူမက လောကကြီးကို မမြင်ဖူးတဲ့ ကျေးရွာကလူနုံလူအလေးတစ်ယောက်လို ပြုမူနေမိတာလဲ။

သူမ တကယ်ဘဲ အကဲပိုနေမိတာများလား။

ဒါပေမဲ့ အဲ့တာက နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီရှယ်ယာ ၃၀% ကြီးတောင်လေ။

အဲ့ဒီရှယ်ယာတွေနဲ့တင်ကို ကျုံးဟိုင်မြို့ရဲ့ဖျော်ဖြေရေးလောကမှ ထိပ်ဆုံးသူဌေးကြီးဖြစ်နေနိုင်သည်။

သူ ဘာလို့အဲ့လိုတည်ငြိမ်နေနိုင်ရတာလဲ။

သူက လူတောင်မှဟုတ်ရဲ့လား။

သူတို့သုံးယောက်နားတွင်ထိုင်နေသောသူတစ်ချို့ကလည်း သူတို့စကားဝိုင်းကိုကြားတဲ့အခါ ချန်းရွှမ်တို့နီးတူအံ့ဩသွားကြသည်။

သူတို့သည် ဒီကောင်လေးကို အသက်ငယ်ငယ်လေးဖြင့် နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီကြီးမှ ရှယ်ယာ၃၀ရာခိုင်နှုန်းတောင် ဝယ်နိုင်သည့်အရည်အချင်းရှိမည်ဟု မထင်ထားကျပေ။

သူ့ဆီမှာ ဘာလို့ လှပတဲ့အမျိုးသမီးနှစ်ယောက်တောင်ရှိနေလဲဆိုတာ မထူးဆန်းတော့ပါဘူး။

ဒါ အရင်းရှင်စနစ်ဘဲ။

ထိုစကားတွေကို ကြားသွားတဲ့ ဘေးဝိုင်းမှ ကောင်မလေးတစ်ချို့ကလည်း ချက်ချင်းပင် ယဲ့ဖန်ရင်ခွင်ထဲကို ပြေးဝင်ချင်သွားကြသည်။

သို့ပေမဲ့ သူတို့ကိုယ်သူတို့ ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့ကို ယှဉ်ပါက အနည်းငယ်သိမ်ငယ်မိကြသည်။

ဒါကြောင့် ထိုအတွေးတွေကို ဖယ်ထုတ်ပစ်လိုက်ကြရသည်။

သူတို့သုံးဦး စားသောက်ပြီးကြသည့်အခါ ချန်းရွှမ်က ဦးဆောင်ငွေရှင်းလိုက်သည်။

ယဲ့ဖန်က လှုပ်လည်းမလှုပ်သလို၊ တားလည်းမတားပေ။

ပြီးတော့ ချန်းရွှမ်မှ ထမင်းကျွေးမည်ဟု သဘောတူထားတာကြောင့် ဖိတ်ခေါ်သူကို ငွေအင်အားပြပြီးအတင်းဝင်ရှင်းစရာမလိုပေ။

သို့ပေမဲ့ ထိုမြင်ကွင်းကြောင့် စားသောက်ဆိုင်ထဲမှသူတွေက မတူညီတဲ့အတွေးမျိုးရှိလာကြသည်။

အထူးသဖြင့် ယောက်ျားလေးတစ်ချို့က မနာလိုဖြစ်ကုန်သည်။

ဒီကောင်က အလှလေးနှစ်ယောက်လုံးကို တစ်ပြိုင်တည်းရထားတဲ့အပြင် မိန်းကလေးဘက်မှ ငွေရှင်းအောင်လုပ်နိုင်သေးသည်။

မိန်းကလေးတွေကို မျက်နှာလိုမျက်နှာရလုပ်ပြီး ငွေလုရှင်းရင်တောင်မှ နတ်ဘုရားမတွေက သူတို့လိုလူတွေကို လှည့်တောင်မကြည့်ကြပေ။

လူအချင်းချင်းနှိုင်းယှဉ်ရတာ စိတ်တိုစရာကောင်းလှသည်။

ချန်းရွှမ် ငွေရှင်းပြီးနောက်ပြန်လာတဲ့အခါ အထုပ်ပြင်သည်။ ရုတ်တရက် သူမက ယဲ့ဖန်ကိုမေးသည်။

" ရှင် အခု အိမ်ပြန်မှာလား "

ယဲ့ဖန် တစ်ခဏကြောင်သွားပြီးမှ ပြန်ဖြေသည်။

" ဟုတ်တယ်၊ ဘာဖြစ်လို့လဲ "

ချန်းရွှမ်အမူအရာက အနည်းငယ်သဘာဝမကျဖြစ်နေသည်။

" ပြန်ဖို့အလျင်မလိုရင် ကျွန်မနဲ့လိုက်ပြီး ဈေးဝယ်ထွက်ပါလား "

ထိုသို့ပြောပြီး အကြောင်းပြချက်မရှိဘဲ သူမမျက်နှာနီရဲလာသည်။

တစ်ဖက်တွင် ကျန်းယုံထင်းကတော့ တအံ့တဩမျက်နှာအမူအရာဖြစ်သွားသည်။

ဒီတစ်ကြိမ်တော့ ဥက္ကဌချန်းက သူ့အပေါ်တကယ်ကြီးကြွေဆင်းသွားပြီထင်တယ်။

သူမဘက်ကအရင်စပြီး ယောက်ျားလေးတစ်ယောက်ကို အတူဈေးဝယ်ထွက်ဖို့ ဖိတ်ခေါ်ခဲ့သည်။

ဥက္ကဌချန်း၏ ယခုလိုပုံစံကို ကျန်းယုံထင်း ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။

ယဲ့ဖန်က ခဏလောက်တွေးလိုက်သည်။ သူ ပြန်ရောက်သည့်အခါတွင်လည်း ဘာမှလုပ်စရာမရှိချေ။ ထို့ကြောင့် လိုက်ဖို့ သဘောတူဖို့ ဆုံးဖြတ်လိုက်သည်။

ထိုတစ်ဒင်္ဂမှာဘဲ စနစ်အကြောင်းကြားစာသည် ရုတ်တရုတ် ယဲ့ဖန်စိတ်ထဲမှာမြည်လာသည်။

[ ကံကြမ္မာရှာဖွေခြင်းစနစ်မှ ကံကောင်းသည့်အခွင့်အရေးတစ်ခုကို ရှာဖွေတွေ့ရှိထားပါသည်။ တစ်ချိန်က တော်ဝင်ကိုယ်လုပ်တော်ယန်သုံးခဲ့ဖူးသည့် ကျောက်စိမ်းဆံထိုးဖြစ်ပါသည်။ ]

[ စနစ်ညွှန်ကြားရေးစတင်ပါပြီ။ လက်ရှိလမ်းမှ ထွက်ခွာပြီး တောင်ဘက်သို့ ၁၀မီတာမောင်းပါ။ ထို့နောက် ညာကွေ့ပါ။ ]

ယဲ့ဖန်တစ်ခဏကြောင်အသွားပြီးနောက် ရယ်လိုက်သည်။

အခွင့်အရေးက အချိန်မှားမှာရောက်လာတာလား၊ ဒါမှမဟုတ် အချိန်ကောင်းမှာရောက်လာတာလား။

မတတ်နိုင်ဘဲ ခေါင်းခါလိုက်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့်စောင့်နေသော ချန်းရွှမ်ကို ယဲ့ဖန် အားတုန့်အားနာစွာဖြင့် ပြုံးပြလိုက်သည်။

" တောင်းပန်ပါတယ်။ ခဏနေ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့တွေ့ဖို့ချိန်းထားတာကို ရုတ်တရက်သတိရသွားလို့ပါ။ နောက်တစ်ကြိမ်မှပေါ့ "

သူ့အဖြေကြောင့် ချန်းရွှမ်မျက်နှာတွင် စိတ်ပျက်မှုတို့ တစ်ခဏပေါ်လာသည်။

ဒါဟာ ဘဝမှာ ပထမဆုံးအကြိမ် သူမဘက်မှစပြီး ယောက်ျားလေးတစ်ယောက်ကို ဈေးဝယ်ထွက်ရန် ခေါ်ဖူးခြင်းဖြစ်သည်။

အငြင်းခံရလိမ့်မည်ဟု ထင်မထားပေ။

ကျန်းယုံထင်းသည် အနည်းငယ်ဒေါသထွက်သွားပြီး ယဲ့ဖန်ကို အော်ဖို့လုပ်ပေမဲ့ ချန်းရွှမ်ကတားလိုက်သည်။ သူမက အကျိုးအကြောင်းမဆီလျော်တဲ့သူတစ်ယောက်လို့ ယဲ့ဖန်ကို မထင်စေချင်ပေ။

ယဲ့ဖန်က တောင်းတောင်းပန်ပန်ဖြင့်ထပ်ပြုံးကာ လှည့်ပြီး စားသောက်ဆိုင်ထဲမှ ထွက်သွားသည်။

ကျန်းယုံထင်းမှ ဒေါသတကြီးပြောသည်။

" အစ်မချန်း၊ ဒီတစ်ယောက်က မျက်နှာသာပေးတာကို ဘယ်လိုလက်ခံရမလဲဆိုတာ မသိဘူးလား။ ပိုက်ဆံလေးအနည်းငယ်လောက်ဘဲမလား။ ဘာအရေးကြီးလို့လဲ "

ချန်းရွှမ်က သူမကို စိတ်မရွှင်လန်းစွာဖြင့်ကြည့်လိုက်သည်။

" သူ့မှာ တကယ် တစ်ခုခုလုပ်စရာရှိလို့နေမှာပေါ့။ ငါက အရမ်းစိတ်မြန်လက်မြန်နဲ့ သေချာမတွေးလိုက်မိလို့ပါ "

ကျန်းယုံထင်းကလည်း မကျေမနပ်ဖြစ်သွားသည်။

" ဟွန့်၊ အစ်မနောက်ကိုလိုက်နေတဲ့ သူဌေးသားလေးတွေလည်း သူ့ထက်ဆိုးတဲ့သူမပါပါဘူး။ အစ်မသာတစ်ခွန်းဟလိုက်တာနဲ့ သူတို့က အစ်မနောက်ကို ဈေးဝယ်လိုက်ဖို့ တန်းစီနေကြမှာ။ သူ့ကိုမလိုဘူး "

ချန်းရွှမ်က အထင်သေးစွာရယ်လိုက်သည်။

" အဲ့ဒီ မိဘလုပ်စာထိုင်စားပြီး အဖြစ်မရှိတဲ့သူတွေနဲ့ ယဲ့ဖန်ကို ဘယ်လိုလုပ်ယှဉ်လို့ရမှာလဲ "

ကျန်းယုံထင်းက ချက်ချင်းစနောက်လိုက်သည်။

" ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ယဲ့ဖန်က အကောင်းဆုံးဘဲ၊ ဟုတ်ပြီလား။ အစ်မတို့မင်္ဂလာပွဲကို ဘယ်တော့တက်ရမှာလဲ "

ချန်းရွှမ်ရှက်သွားတာကြောင့် ချက်ချင်းစိတ်ဆိုးသွားသည်။

" ဒီကောင်မစုတ်လေးကတော့၊ ဘာတွေလျှောက်ပြောနေတာလဲ။ သူနဲ့ သူငယ်ချင်းလို့တောင်ပြောလို့မရတာကို ဘာ မင်္ဂလာပွဲလဲ "

ကျန်းယုံထင်းက အားလုံးသိပြီးသားဆိုတဲ့အပြုံးကြီးပြုံးလိုက်သည်။

" အစ်မ၊ ညီမကိုဖုံးကွယ်ထားချင်သေးတာလား။ ညီမ အကုန်သိပြီးသားပါ "

ချန်းရွှမ် နည်းနည်းနားမလည်ဖြစ်သွားသည်။

" ဘာသိထားလို့လဲ "

ကျန်းယုံထင်းသည် ချန်းရွှမ်စိတ်မပျော်ဖြစ်သွားမှာစိုးတာကြောင့် ပြုံးတာကိုရပ်လိုက်သည်။

" မပူပါနဲ့၊ အစ်မချန်း။ အစ်မတို့ကြားကအကြောင်းကို ဘယ်သူ့ကိုမှ မပြောပြပါဘူး "

ချန်းရွှမ်လုံးဝကိုကြောင်အသွားသည်။

ကျန်းယုံထင်း ဘာတွေပြောနေတာလဲ။

အပိုင်း (၈၃)

လူလိမ်တစ်ယောက်ကလိမ်တာတောင် လူလိမ်ကမသိတာ လူမှဟုတ်သေးရဲ့လား။

ယဲ့ဖန် သူ၏စူပါကားကြီးကိုစီးပြီး စနစ်၏ညွှန်ကြားချက်နောက်ကိုလိုက်ကာ ရှေးဟောင်းပစ္စည်းအရောင်းလမ်းထဲကိုရောက်လာသည်။

နောက်ကျနေပြီဖြစ်တာကြောင့် ရှေးဟောင်းပစ္စည်းအရောင်းလမ်းတွင် မီးထွန်းထားပြီဖြစ်သည်။

သို့ပေမဲ့ လမ်းပေါ်မှလူတွေကတော့ အမြဲတစေအတိုင်း အလုပ်ရှုပ်နေကြသည်။

ယဲ့ဖန်၏ Lykan ကား ရှေးဟောင်းပစ္စည်းလမ်းထဲရောက်လာတဲ့အခါ ဆူဆူညံညံဖြစ်သွားသည်။

ရှေးဟောင်းပစ္စည်းလမ်းထဲ ရတနာလာရှာသူများဟာ အများသောအားဖြင့် လူချမ်းသာများဖြစ်ကြသော်လည်း ထိုကဲ့သို့သောဇိမ်ခံစူပါကားကြီးကို မြင်ဖူးခြင်းက လူတော်တော်များများအတွက် ပထမဆုံးဖြစ်တာကြောင့် သူတို့က အတော်လေးအံ့ဩနေကြသည်။

ရှေးဟောင်းပစ္စည်းလမ်းတစ်လျှောက်တွင် ဟိုဟိုဒီဒီကြည့်နေသည့် ရှုကျင်းရှင်းသည်လည်း ထိုမြင်ကွင်းသို့ အကြည့်ရောက်သွားသည်။

ကားကိုမြင်တဲ့အခါ ဒီလမ်းထဲကို ဒီလိုစူပါပြိုင်ကားကြီးမောင်းလာတဲ့ ဒုတိယမျိုးဆက်သူဌေးသားက ဘယ်သူလဲဆိုတာ စဉ်းစားနေသည်။

ထိုအချိန်မှာဘဲ လူငယ်တစ်ယောက်က ကားပေါ်မှဆင်းလာသည်။

ထိုလူသည် သူမ ကျောက်ဝိုင်းတွင်တွေ့ခဲ့သော ယဲ့ဖန်ဖြစ်သည်။

တကယ်ဘဲ သူလား။

သူက ဘာလို့ ရှေးဟောင်းပစ္စည်းလမ်းကို လာရတာလဲ။

သူက ရှေးဟောင်းပစ္စည်းတွေမှာရော ဆရာကြီးဖြစ်နေတာလား။

ရှုကျင်းရှင်း၏ ယဲ့ဖန်အပေါ်အမြင်မှာ အတော်လေးနက်ရှိုင်းတာကြောင့် သူ့ကို ဒီမှာထပ်တွေ့ရတဲ့အတွက် အနည်းငယ်အံ့ဩနေသည်။

သို့ပေမဲ့ ယဲ့ဖန်ကတော့ ရှုကျင်းရှင်းရှိနေမှန်းကို သတိမထားမိပေ။

ကားထဲကထွက်လာပြီးနောက် စနစ်၏ညွှန်ကြားမှအတိုင်း လျှောက်လာသည်။

" အချောလေး၊ လာကြည့်နော်။ ငါ့မှာ ရတနာတွေအများကြီးရှိတယ် "

" အချောလေး၊ ဒီမှာ ရတနာတွေအများကြီးရှာတွေ့ထားတာ။ ပြီးရင် ဒါမျိုးထပ်တွေ့နိုင်မှာမဟုတ်ဘူး "

" ဒီမှာ ရတနာတွေအများကြီးရှိတယ်။ တစ်ခုချင်းစီက မြို့တစ်မြို့စာလောက်တောင်တန်တာနော်။ မဝယ်ရင် ယွမ်သန်းချီဆုံးရှုံးရလိမ့်မယ် "

ဆိုင်ပိုင်ရှင်တို့က ယဲ့ဖန်ကိုတွေ့တဲ့အခါ ချက်ချင်းစိတ်အားထက်သန်စွာဖြင့် လှမ်းခေါ်ကြသည်။

ဒီလူငယ်လေးသည် အတော်လေးချမ်းသာမှန်း သူတို့မြင်နိုင်သည်။ ထို့ကြောင့် သူတို့က ဒီလို ခပ်များများသုံးနိုင်ဖြုန်းနိုင်မယ့်သူကို လက်မလွှတ်ချင်ကြပေ။

သို့ပေမဲ့ ယဲ့ဖန်ကတော့ သူတို့ကို မကြားချင်ယောင်ဆောင်ပြီး ဆိုင်တစ်ဆိုင်သို့သာ တန်းတန်းသွားသည်။

ထိုဆိုင်တွင် မိန်းကလေးတစ်ယောက်က ဆိုင်ပိုင်ရှင်နှင့် ဈေးဆစ်နေသည်။

ယဲ့ဖန်သည် စနစ်၏အတွင်းကျကျရှာဖွေခြင်းလုပ်ငန်းစဉ်ကို ဖွင့်လိုက်ကာ ဆိုင်တစ်ခုလုံးကို လိုက်ပတ်ကြည့်လိုက်သည်။

ထို့နောက် ဆိုင်ထဲမှပစ္စည်းတော်တော်များများဟာ အတုတွေဖြစ်မှန်း ပြောနိုင်လိုက်သည်။

တစ်ခုတည်းသော ချွင်းချက်သည် ဆိုင်ထောင့်တစ်နေရာရှိ မထင်မရှားကျောက်စိမ်းဆံထိုးဖြစ်သည်။

ယဲ့ဖန်သည် ဆံထိုးကို ချက်ချင်းယူဖို့မလုပ်ဘဲ ဆိုင်ရှင်နှင့်ဈေးဆစ်နေသည့်ကောင်မလေးကိုကြည့်လိုက်သည်။

ထိုကောင်မလေးသည် အတော်လေးလှသည်။

ယဲ့ဖန်ကြည့်ရသလောက် သူမ၏အနေအထားက ၉၅မှတ်အထက်လောက်ရှိသည်။

သူမ၏မျက်လုံးဝိုင်းဝိုင်းတစ်စုံက လှုပ်ခတ်နေပြီး ထိုမျက်လုံးတို့က အထူးသဖြင့်စိတ်လှုပ်ရှားစေသည်။

သူမ၏ဝတ်စားပုံနှင့်စကားပြောပုံတို့ကလည်း အတော်လေးသင့်တော်ပြီး ပညာတတ်တစ်ယောက်ပုံစံရှိသည်။

" သူဌေး၊ ဒါလေးကို ဈေးလျှော့ပေးလို့ရမလား "

ထိုကောင်မလေးသည် လက်ထဲတွင် ယပ်တောင်တစ်ချောင်းကိုကိုင်ထားသည်။ ယပ်တောင်ရိုးတွေတွင် ကော်မှုန့်တွေတောင်ပေနေပြီး ပစ္စည်းဟောင်းတစ်ခုပုံစံပေါ်သည်။

" ကောင်မလေး၊ ငါက မင်းကို ယွမ် ၂၀၀၀၀ ထားပေးတာ မင်းက ဒါကိုဝယ်ဖို့စိတ်အားထက်သန်နေလို့ဘဲ။ ဒီယပ်တောင်ကို တစ်ချိန်တုန်းက ကျီရှောင်းလန်က သုံးခဲ့တာ။ အခြားသူသာဆို ငါ ယွမ် ၁၀၀,၀၀၀ ထက်လျှော့မရောင်းဘူး "

သူဌေး၏အသံသည် အတော်လေးကို ရိုးသားဖြူစင်နေပြီး ကြားသမျှလူတိုင်းက ယုံနိုင်သည်။

ယဲ့ဖန်သည် ထိုကောင်မလေးကိုင်ထားသောယပ်တောင်ကို ကြည့်လိုက်သည့်အခါ ရယ်ချမိမတတ်ဖြစ်သွားသည်။

ထိုယပ်တောင်ကို သေချာပေါက် အွန်လိုင်းမှဝယ်ထားတာဖြစ်ပြီး အလွန်ဆုံးမှ ၁၀ ယွမ်သာ ကျသင့်မှာဖြစ်သည်။

ဒီသူဌေးက ယွမ် ၂၀,၀၀၀ ထိတောင်းရဲတဲ့အထိ အတော်လေးမျက်နှာပြောင်တာဘဲ။

အတွင်းစိတ်ပုတ်လိုက်တာ။

ကောင်မလေးသည် တခဏတွန့်ဆုတ်နေပြီး နောက်ဆုံးမှာတော့ အံကိုကြိတ်ကာ သဘောတူလိုက်သည်။

" ကောင်းပြီလေ၊ ယွမ် ၂၀,၀၀၀ ဆိုတော့လည်း။ ကတ်နဲ့ရှင်းလို့ရမလား "

သူဌေးက ချက်ချင်းအပျော်လွန်သွားသည်။ ကတ်ဖြင့်ငွေရှင်းတဲ့စက်ကို မြန်မြန်ဆွဲယူလိုက်ပြီး ပြောသည်။

" ဟုတ်ကဲ့ပါ၊ ရပါတယ်။ WeChat ကတ်နဲ့ဆိုရပါတယ် "

ထိုကောင်မလေးသည် ဘဏ်ကတ်ကို အိတ်ထဲမှထုတ်ပြီး ငွေချေဖို့လုပ်နေတုန်းမှာဘဲ ယဲ့ဖန်က ဆက်ကြည့်မနေနိုင်တာကြောင့် သူမကို ကောင်းစေချင်တဲ့စိတ်ဖြင့် သတိပေးလိုက်သည်။

" မိန်းကလေး၊ တကယ်ဘဲ ထပ်ပြီးမစဉ်းစားတော့ဘူးလား "

ထိုကောင်မလေးက လှည့်လာပြီး သူ့ကို အံ့ဩလျက်ကြည့်သည်။

ထို့နောက် ခဏကြာပြီးတဲ့အခါ သူမက ချစ်စရာကောင်းစွာပြောသည်။

" ကျွန်မအဖေမွေးနေ့က နီးနေပါပြီ။ သူ့ကို လက်ဆောင်ပေးချင်လို့ပါ။ သူက ရှေးဟောင်းပစ္စည်းတွေစုဆောင်းရတာကြိုက်တယ်ဆိုတော့ ဒီခေါက်ယပ်တောင်လေးက အတော်ကောင်းတယ်ထင်လို့လေ။ သူ ကြိုက်လောက်တယ်၊ မဟုတ်လား "

ယဲ့ဖန် မထိန်းနိုင်ဘဲ ရယ်လိုက်တော့သည်။

" ဒါကိုရပြီးရင် သူက မင်းကို သေအောင်ရိုက်သတ်လိမ့်မယ် "

သူ့သတိပေးစကားက သိသိသာသာထင်ရှားနေပေမဲ့ ထိုကောင်မလေးကတော့ ယဲ့ဖန် ဘာကိုဆိုလိုလဲဆိုတာကို မသိပေ။

" သူက ဘာလို့ ကျွန်မကို သတ်ချင်ရမှာလဲ "

ယဲ့ဖန် ဆက်ပြောသည်။

ထိုအချိန်တွင် ဆိုင်ပိုင်ရှင်က မပျော်မရွှင်ဖြစ်နေပြီဖြစ်သည်။

" ငါပြောမယ်၊ မင်းဘာလို့ စကားလာများနေတာလဲ။ မဝယ်ချင်ရင် တစ်ခြားဆိုင်တွေသွားပြီး ပတ်ကြည့်လေ။ ဒီမှာ ငါ့လုပ်ငန်းကို မနှောင့်ယှက်နဲ့ "

ယဲ့ဖန်သူ့စကားတွေကြားတဲ့အခါ နှာမှုတ်လိုက်သည်။

" သူဌေး၊ အရမ်းကြီး စိတ်မပုတ်ပါနဲ့။ ဒီကနေအမြတ်နည်းနည်းဘဲယူရင်တောင် ကျွန်တော် ဘာမှမပြောဘူးလို့ ကတိပေးတယ်။ ဒါပေမဲ့ ခင်ဗျားက လမ်းဘေးပစ္စည်းကို ယွမ် ၂သောင်းနဲ့ရောင်းနေတာက နည်းနည်းလေး မလွန်ဘူးလား "

သူ့ကို ဖော်ထုတ်ခံလိုက်ရတာကြောင့် သူဌေးက ချက်ချင်းဒေါသပေါက်ကွဲသွားတော့သည်။

" မင်းက ပေါက်ကရပြောနေတာဘဲ။ ဘာကို အပေါစားပစ္စည်းလဲ။ သွားပြီး ပတ်မေးကြည့်။ ငါ လီသရာက အတုတွေ ဘယ်တုန်းက ရောင်းဖူးလဲလို့ "

ထိုကောင်မလေးကလည်း မြန်မြန်ပြောသည်။

" မောင်လေး၊ သူဌေးကို အထင်လွဲနေပြီထင်တယ်။ ကျွန်မအထင် သူက လူကောင်းပါ "

ယဲ့ဖန် ပြောစရာစကားမဲ့သွားသည်။

" မိန်းကလေးဖုန်းထဲမှာ 'TaoBao'ဆိုတဲ့ အက်ပလီကေးရှင်းရှိတယ်မလား "

ကောင်မလေးက ခေါင်းခါသည်။

" တစ်ခါမှ TaoBao ကို မသုံးဖူးဘူး "

ယဲ့ဖန် ခေါင်းကို ဖွလိုက်သည်။

" အဲ့တာဆို အခု ဒေါင်းလုတ်လုပ်လိုက်။ ပြီးတော့ ခေါက်ယပ်တောင်လို့ရှာကြည့်လိုက်ပါ "

ယဲ့ဖန် ဘာကိုဆိုလိုလဲဆိုတာမသိပေမဲ့ ထိုကောင်မလေးက ဖုန်းကို နာနာခံခံထုတ်ပြီး TaoBao အွန်လိုင်းဈေးဝယ်သည့် အက်ပလီကေးရှင်းကို ဒေါင်းလူတ်ဆွဲလိုက်သည်။

ထို့နောက် ခေါက်ယပ်တောင်ဆိုပြီးရှာလိုက်သည်။

စာမျက်နှာပေါ်တွင် ခေါက်ယပ်တောင်မျိုးစုံပေါ်လာသည်။

ပစ္စည်းအချို့ကိုကြည့်ရင်း ထိုမိန်းကလေးက ရှာကာ အမြန်ကြည့်လိုက်သည်။

လျင်မြန်စွာဘဲ ဆိုင်ရှင်ရဲ့လက်ထဲကတစ်ခုနဲ့ တစ်ပုံစံတည်းတူတဲ့ခေါက်ယပ်တောင်ကို ရှာတွေ့သွားသည်။

တကယ်တော့ ပုံစံအဆင်ကအစတူနေသည်။

ထို့နောက် အဲ့ဒီမိန်းကလေးက အံ့ဩသွားသည်။

အဘယ်ကြောင့်ဆိုသော် ထိုယပ်တောင်ဈေးသည် ၉.၉ယွမ်သာကျသင့်တာကြောင့်ဖြစ်သည်။

ထို့အပြင် ပိုစိတ်တိုစရာကောင်းတာက ၉.၉ယွမ်သည် အိမ်အရောက်ပို့ခ အပါအဝင်ဖြစ်သည်။

လက်ရှိမြင်ကွင်းကြောင့် ဘေးမှလူတွေက ရယ်ကြသည်။

ဒီလိုကောင်မလေးမျိုးဆို ဝယ်ပြီးရင်တောင်မှ သူမက ပိုက်ဆံကူရေတွက်ပေးလိမ့်မည့်သူမျိုးဖြစ်သည်။

လူအုပ်ထဲမှ ရှုကျင်းရှင်းက ယဲ့ဖန်ကို နက်နက်နဲနဲကြည့်လိုက်သည်။

ဒီတစ်ယောက်က တကယ်စိတ်ကောင်းရှိတာဘဲ။

အတော်ကြာပြီးတဲ့နောက်မှ ထိုမိန်းကလေးက အသိစိတ်ကပ်လာပြီး ဆိုင်ပိုင်ရှင်ကိုစောင်းမြောင်းကြည့်တော့သည်။

" သူဌေး၊ ရှင်က ကျွန်မကိုလိမ်နေတာဘဲ။ ဒါက ၉.၉ယွမ်ဘဲကျသင့်တာကို ရှင်က ယွမ်၂သောင်းနဲ့ ကျွန်မကိုရောင်းနေတာတဲ့လား "

သူဌေးကလည်း အနည်းငယ်ကြောင်သွားသည်။

ဒီခေါက်ယပ်တောင်ကို လက်လီလက်ကားဈေးရုံကြီးမှဝယ်လာတာဖြစ်သည်။

ဝယ်ဈေးက ယွမ်၂၀ ဖြစ်သည်။

ဈေးရုံကြီးမှ သူဌေးက သူ့ကို ပုံမှန်ဖောက်သည်မလို့ အနိမ့်ဆုံးဈေးနှင့်ပေးတာဟုပြောခဲ့သည်။

အလိမ်သမားကို အလိမ်သမားက လိမ်သွားတာလား။

လူမှ ဟုတ်သေးရဲ့လား။

အပိုင်း (၈၄)

ထူးခြားတဲ့စွမ်းရည်လို့ခေါ်ချင်တယ်။

သူဌေးသည် ထိုမိန်းကလေး၏မေးခွန်းကြောင့် အနည်းငယ်အရှက်ရသွားသည်။

ထိုသူဌေးသည် ဝင်ရှုပ်သည့် ယဲ့ဖန်ကို ချက်ချင်းဘဲ စူးစူးဝါးဝါးကြည့်ပြီး အထုပ်ပြင်ကာ ပြန်ဖို့လုပ်သည်။

" နေပါဦး "

ယဲ့ဖန်က သူ့ကို ရုတ်တရက်ခေါ်လိုက်သည်။

" ခေါင်းလေးတစ်ချက်ငြိမ့်ရုံနဲ့ လူတစ်ယောက်ကို သတ်ထားတာမဟုတ်လား။ ဘာလိုချင်သေးလို့လဲ "

သူဌေးသည် ပါးစပ်ထဲ ဘဲရောက်ပြီးမှ အဝေးပျံသွားတာကြောင့် ဒေါသပေါက်ကွဲနေပြီဖြစ်သည်။ အဲ့တာကို ဒီတစ်ယောက်က လွှတ်မပေးနိုင်သေးဘူးလား။

" ဘာကို ဘာလိုချင်ရမှာလဲ။ တစ်ခုခုဝယ်ချင်လို့ပေါ့ "

ယဲ့ဖန်က မျက်လုံးကစားလိုက်သည်။

" မင်းငါ့ကိုလာနောက်နေတာလား "

သူဌေးသည် ဒေါသူပုန်ထလာသည်။ သူက အတုတွေရောင်းနေတယ်လို့သိပြီးတာတောင်မှ သူ့ဆီကနေ ပစ္စည်းဝယ်ချင်သေးတာလား။

မြည်းရဲ့ခေါင်းကို ကန်ရတာအားမရလို့ လှောင်ပါလှောင်နေတာလား။

" တကယ်ဘဲ တစ်စုံတစ်ခုကိုဝယ်ချင်လို့ပါ။ ဘာလို့မယုံရတာလဲ "

ယဲ့ဖန်သည် ထိုသူဌေးကြောင့် ပြောစရာစကားပင်ရှာမရဖြစ်သွားသည်။

ယဲ့ဖန်သည် နောက်နေပုံမရတာကြောင့် ဆိုင်သူဌေးက သိမ်းဆည်းတာကို ခဏရပ်လိုက်သည်။

" အဲ့တာဆို ကြိုပြောထားမယ်၊ ငါ့ဆိုင်ထဲကပစ္စည်းတွေမှန်သမျှအကုန် ယွမ် ၁၀၀၀ စီကျတယ်။ ဈေးမလျှော့ပေးနိုင်ဘူး။ ဝယ်နိုင်ရင် ဝယ်၊ မဝယ်နိုင်ရန် ထွက်သွား "

ထိုစကားကြောင့် ဘေးမှ လူအုပ်ကြီးက ဆဲဆိုကြတော့သည်။

ဒီသူဌေးကတော်တော်အရေထူပြီး ပြောင်တင်းတာဘဲ။

သူ ပစ္စည်းအတုတွေရောင်းနေမှန်း ဖော်ထုတ်ခံရတာတောင်မှ ဒီလိုမျိုး ဈေးကို လွန်လွန်ကဲကဲတင်ရောင်းရဲသေးတယ်ပေါ့။

ယွမ် ၁၀၀၀ နဲ့ဆို သူ့တစ်ဆိုင်လုံးကိုတောင် ဝယ်လို့ရနိုင်တယ်မဟုတ်လား။

အရူးကိုဘဲသွားပြီး လှည့်စားလို့ရမည်။

သို့ပေမဲ့ ယဲ့ဖန်က ဘာမှမပြောဘဲ ယွမ် ၁၀၀၀ ကို ထုတ်ပေးလိမ့်မည်ဟု ထင်မထားပေ။

" ရော့ ယွမ် ၁၀၀၀၊ ယူလိုက် "

ထို့နောက် ဆိုင်ထဲမှ ကျောက်စိမ်းဆံထိုးကိုယူလိုက်သည်။

သူဌေးသည် သူ့လက်ထဲမှ ငွေအထပ်လိုက်ကိုကြည့်ပြီး ယဲ့ဖန်ကို မယုံကြည်နိုင်စွာကြည့်နေသည်။

သူက ဒီအတိုင်း ငွေပမာဏကိုပြောလိုက်ပေမဲ့ တစ်ဖက်သူက ဈေးတောင်မဆစ်ဘဲ ချက်ချင်းငွေချေဝယ်ယူလိမ့်မည်ဟုထင်မထားပေ။

ဒါကြီးက တဇွတ်ထိုးမနိုင်ဘူးလား။

အခုလေးတင် သူ့ကို ဒီတစ်ယောက်က အလိမ်ဖော်ထားတာကြောင့် တစ်ဖက်လူကို ကျွမ်းကျင်ဆရာကြီးတစ်ယောက်ဟုထင်ခဲ့မိသည်။

ဒီလိုမျိုး အရူးဖြစ်နေမယ်လို့ထင်မထားပေ။

ဒါက ထောင်ချောက်ဆင်ထားတာတောင်မှ သူက တမင်သက်သက်ခုန်ဆင်းလာသည်။

ထိုအချိန်တွင် ဘေးမှလူတိုင်းကလည်း ဆိုင်ပိုင်ရှင်တွေးသလိုပင်တွေးနေကြသည်။

ယဲ့ဖန်သည် အစောပိုင်းက အတော်လေးထက်မြက်တဲ့ပုံပေါ်ပေမဲ့ အခုရူးသွပ်တဲ့အလုပ်ကို ဘာကြောင့်လုပ်ခဲ့တာလဲ။

ဒီဆိုင်တွင် ပစ္စည်းအတုတွေသာရှိမှန်းသိလျက်နဲ့တောင် အဲ့လောက်ပိုက်ဆံအများကြီးသုံးပြီးဝယ်ချင်သေးတာလား။

ဒီလိုသာဆို သူက ပိုက်ဆံပေါနေတဲ့အရူးဘဲမလား။

လူအုပ်ထဲမှ ရှုကျင်းရှင်းလည်း အံ့ဩသွားသည်။

ကျောက်ဝိုင်းတုန်းက သူ့ကိုတွေ့ခဲ့ပုံအရ ယဲ့ဖန်က အရမ်းကို တော်တဲ့သူတစ်ယောက်ဟု သူမခံစားခဲ့ရသည်။

ဒါပေမဲ့ အခုဘာလို့ သူက အဲ့လိုရူးမိုက်တဲ့ကိစ္စကိုလုပ်ရတာလဲ။

" မောင်လေး၊ စဉ်းစားမကြည့်တော့ဘူးလား "

အလိမ်ခံရတော့မလိုဖြစ်သွားသည့်ကောင်မလေးက မြန်မြန်သူ့ကို တားသည်။

ထိုကောင်ငယ်လေးက သူမကိုတော့ အတုမှန်း ထောက်ပြခဲ့ပေမဲ့ သူကလည်း အခုလိုထောင်ချောက်ထဲဝင်သွားလိမ့်မည်ဟု ထင်မထားပေ။

" ကံကြမ္မာကိုယုံလား "

ယဲ့ဖန်က အမေးကို အမေးနှင့်ပြန်ဖြေသည်။

" အာ "

ထိုကောင်မလေး၏မျက်နှာသည် အနည်းငယ်နီရဲသွားသည်။ သူက ဘာကိုဆိုလိုတာလဲ။

" ကျွန်တော်နဲ့ ဒီဆံထိုးနဲ့က ရေစက်ပါတယ်လို့ထင်တယ်။ ကံကြမ္မာကို ကျွန်တော့်ကို လိမ်မှာမဟုတ်ဘူးဆိုတာ ယုံတယ် "

ယဲ့ဖန်မျက်နှာက ယုံကြည်ချက်အပြည့်ဖြစ်နေသည်။

ယဲ့ဖန်စကားကို ဆိုင်ပိုင်ရှင်ကကြားထဲအခါ ကြိတ်ရယ်လိုက်သည်။

ဘယ်လိုအရူးလဲ။

သူ ဒီကျောက်စိမ်းဆံထိုးကို ယွမ် ၂၀ တည်းဖြင့်ဝယ်ခဲ့တာဖြစ်သည်။

သူ ယွမ် ၁၀၀၀နှင့်ရောင်းလျှင်တောင်မှ ယွမ် ၉၂၀ အမြတ်ရသည်။

ဆိုင်ပိုင်ရှင်က သူ့ကိုယ်သူဂုဏ်ယူနေချိန်မှာဘဲ ယဲ့ဖန်က ဖုန်းကိုထုတ်ပြီး ဗီဒီယိုဖုန်းခေါ်လိုက်တာကိုမြင်လိုက်သည်။

တစ်ခဏအကြာတွင် ချောမောသည့်သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ပုံဖုန်းထဲတွင်ပေါ်လာသည်။

" ချန်းချုံရှန်းလား။ အဲ့တာက ချန်းချုံရှန်းလား "

ဘယ်သူက အရင်အော်လိုက်လဲဆိုတော့မသိပေမဲ့ ဘေးနားမှလူတိုင်းရဲ့အာရုံကို စွဲဆောင်လိုက်နိုင်သည်။

ချန်းချုံရှန်းသည် ရှေးဟောင်းပစ္စည်းလောကတွင် နတ်ဘုရားတစ်ပါးအသွင်ရှိသည်။

ရှေးဟောင်းပစ္စည်းလောကမှာ သူ့ကိုမသိတဲ့သူရောရှိသေးရဲ့လား။

ထိုအချိန်တွင် လူတိုင်းသည် ယဲ့ဖန်ကိုကြည့်နေသည့်အကြည့်ပုံစံပြောင်းသွားကြတော့သည်။

ချန်းချုံရှန်းက သာမန်မဟုတ်ဘူးဆိုတာကို ဘယ်သူကများမသိလို့လဲ။

အဖြစ်အပျက်တွေကိုကြည့်နေတဲ့ ရှုကျင်းရှင်းတောင်မှ ထိတ်လန့်သွားသည်။

သေချာပေါက် သူမ ချန်းချုံရှန်းဆိုသောနာမည်ကိုသိသည်။

တွေးကြည့်ပါက ယဲ့ဖန်သည် တကယ့်ဒိတ်ဒိတ်ကြဲကြီးတွေကို သိပုံရသည်။

ဈေးဆိုင်ပိုင်ရှင်ကတော့ သူ့ရှေ့မှာ မြင်တွေ့ကြုံလိုက်ရတဲ့မြင်ကွင်းကြောင့် ကြောက်နေပြီဖြစ်သည်။

ဒါက နတ်ဆိုးလေးနဲ့ နတ်ဆိုးကြီးတို့ တွေ့ဆုံခြင်းမဟုတ်ဘူးလား။

ချက်ချင်းပင် သူ့အလိမ်တွေပေါ်သွားမှာ ကြောက်ရွံ့လာသည်။

ယွမ် ၁၀၀၀ လေးတောင် ခက်ခက်ခဲခဲရထားတာဖြစ်သည်။

ထိုအတွေးကို ဆိုင်ပိုင်ရှင်တွေးမိတဲ့အခါ ချက်ချင်းအထုပ်တွေသိမ်းဆည်းပြီး ထွက်ပြေးဖို့လုပ်တော့သည်။

ယဲ့ဖန်သည် လူအုပ်ကြီး၏အကြည့်ကို ဂရုမစိုက်ဘဲ ချန်းချုံရှန်းကိုအရင်နှုတ်ဆက်လိုက်သည်။

" အစ်ကိုကြီးချန်း၊ ရှေးဟောင်းဈေးထဲမှာ ပစ္စည်းဟောင်းတစ်ခုကိုတွေ့ခဲ့တယ်။ တစ်ချက်လောက်ကူကြည့်ပေးပါလား "

ထိုသို့ပြောပြီး ကျောက်စိမ်းဆံထိုးကို ဖုန်းကင်မရာနားကပ်ပြလိုက်သည်။

ချန်းချုံရှန်းသည် အစမှာတော့ တည်ငြိမ်နေပေမဲ့ ကျောက်စိမ်းဆံထိုးကိုမြင်သည့်အခါ ထိတ်လန့်အံ့ဩသွားသည်။

" အနားတိုးပြပါဦး။ သေချာကြည့်ကြည့်ရအောင် "

ယဲ့ဖန်သည် သူပြောတဲ့အတိုင်းတိုးပြီး ကင်မရာနားပိုနီးအောင်ပြလိုက်သည်။

ထို့နောက် ချန်းချုံရှန်းကပြောသည်။

" ယဲ့ညီလေး၊ မင်း ရတနာရထားတာဘဲ။ ငါထင်တာသာမမှားဘူးဆိုရင် ဒီကျောက်စိမ်းဆံထိုးက ထန်မင်းဆက်ကဖြစ်မယ်။ ပြီးတော့ တော်ဝင်ကိုယ်လုပ်တော်ယန်က ဝတ်ဆင်ဖူးတယ်လို့ ရှေးဟောင်းစာအုပ်ထဲမှာမှတ်တမ်းရှိတယ်။ အဲ့ဒါက အနည်းဆုံးယွမ်၁၀သန်းလောက်တန်တယ် "

သူ့စကားတွေကြားပြီးတဲ့နောက်တွင် ယဲ့ဖန်သည် သိပြီးသားဖြစ်တာကြောင့် ဘာအမူအရာမှမပြပေ။

သို့ပေမဲ့ ကြည့်နေတဲ့သူများကတော့ အံ့ဩကုန်ကြသည်။

တော်ဝင်ကိုယ်လုပ်တော်ယန်က ဝတ်ခဲ့ဖူးတဲ့ဆံထိုးတဲ့လား။

အနည်းဆုံး ယွမ် ၁၀သန်းတန်တယ်တဲ့လား

နည်းနည်းလေးကြောက်စရာမကောင်းလွန်းဘူးလား။

ဒီလိုအဖိုးတန်တဲ့ဆံထိုးကို သူက အတုတွေရောင်းတဲ့ လမ်းဘေးဈေးဆိုင်လေးကနေ သာမန်ကာလျှံကာဝယ်လိုက်နိုင်တာလား။

ပြောတဲ့သူက ချန်းချုံရှန်းသာ မဟုတ်ပါက သူ့ကို ဘေးမှလူတွေက ဝိုင်းပြောဆိုကြမှာဖြစ်သည်။

သို့ပေမဲ့တစ်ဖက်သူက Sotheby ၏တရုတ်ပြည်ဌာနခွဲမှ သူဌေးကြီးဖြစ်သည်။

သူသည် ရှေးဟောင်းပစ္စည်းလောကတွင် အထက်တန်းရာထူးရှိလူတစ်ယောက်ဖြစ်သည်။

ထို့ကြောင့် လူတိုင်းက ဘာသံသယမှမဝင်ဘဲ ယုံကြည်ပေးကြသည်။

ထို့နောက် သူတို့က ယဲ့ဖန်ကို ထပ်ကြည့်လိုက်ကြကာ အရင်က အထင်သေးသည့်ပုံစံတို့က ပျောက်ကွယ်သွားကြသည်။ သူတို့၏ဟိတ်ဟန်ထုတ်မှုတို့က ထိတ်လန့်ခြင်း၊ သိချင်စိတ်ပြင်းပြခြင်းနှင့် မယုံနိုင်ခြင်းတို့အဖြစ်ပြောင်းလဲသွားကြသည်။

" ဒီလူငယ်လေးက ချန်းချုံရှန်းကိုတောင် ညီအစ်ကိုလို့ခေါ်နိုင်တာ မထူးဆန်းတော့ပါဘူး "

" သူ့အမြင်က ကောင်းကင်ဘုံကချီးမြှင့်ထားတာများလား "

" ယွမ် ၁၀၀၀ ကနေ ယွမ် ၁၀သန်းကို စက္ကန့်ပိုင်းအတွင်းပြောင်းလဲလိုက်နိုင်တာလေ။ ဒါကို ထူးခြားလွန်းတဲ့အရည်အချင်းတစ်ခုလို့ပြောချင်တယ် "

ရှုကျင်းရှင်းလည်း မယုံနိုင်ဖြစ်နေသည်။

ယဲ့ဖန်၏ ကျောက်ဝိုင်းမှ အောင်နိုင်မှုသည် အတော်လေးထူးခြားပြည့်စုံခဲ့သည်။

ရှေးဟောင်းပစ္စည်းနယ်ပယ်မှာလည်း ယဲ့ဖန်တွင် အဲ့လိုလိုက်မမီနိုင်တဲ့အရည်အချင်းမျိုးရှိနေလိမ့်မည်ဟုထင်မထားပေ။

သူက အေးအေးဆေးဆေးတစ်ခုရွေးလိုက်ပေမဲ့ ထိုအရာက တန်ဖိုးကြီးမားလွန်းနေသည်။

သူက လူမှဟုတ်သေးရဲ့လား။

All Chapters