အခန်း (၁၅၄-၁၅၆)
Vol. 11 Ch. 154-156
အခန်း (၁၅၄) ခင်ဗျားမိသားစုက တကယ်ဩဇာရှိတယ်ဆိုရင် ကျုပ်ကို ဘာလို့မမှတ်မိရတာလဲ
'ရွှယ်အန်းတဲ့လား'
ကျူးဖုန်းနှင့် ကျောက်ယင်တို့သည် တစ်ဦးကိုတစ်ဦး အံ့ဩစွာ လှည့်ကြည့်နေကြသည်၊ ပေကျင်းမြို့တွင် ရွှယ်မိသားစုအမည်ဖြင့် ချမ်းသာကြွယ်ဝသော မိသားစုမျိုးကို ၎င်းတို့ တစ်ခါမျှ မကြားခဲ့ဖူးပေ။ သူသည် အမှန်တကယ် မွဲတေဆင်းရဲသူ ဖြစ်မည်ဟု ၎င်းတို့က ထင်မိကြ၏။
ထိုအချိန်တွင်၊ အန်းယန်သည် မျက်ရည်များ စီးကျလျက် ထန်ရွှမ်အာကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
"ရွှမ်အာ" ထန်ရွှမ်အာက အလွန် အံ့သြသွားသည်။
"နင်... နင် အန်းယန်မဟုတ်လား"
"ဟုတ်တယ် ငါပါ"
ထန်ရွှမ်အာသည်လည်း အလွန်ဝမ်းသာသွား၏။
"ရှောင်ယန်၊ နောက်ဆုံးတော့ နင် ပြန်လာပြီပေါ့နော်။ ဒီနှစ်တွေအတွင်း နင် ဘယ်ကိုရောက်နေတာလဲ"
"အင်းပါ၊ ဇာတ်လမ်းက အရှည်ကြီးပဲ၊ အထဲအရင်ဝင်ဦး၊ ဟမ် ဒီနှစ်ယောက်က ဘယ်သူ…”
ဤစုံတွဲသည် ကနဦးတွင် အန်းယန်၏ ရင်သပ်ရှုမောဖွယ် အလှတရားဖြင့် ညို့ယူခံခဲ့ရသော်လည်း ခဏအကြာတွင် ၎င်းတို့၏ အမူအရာများ ပြန်လည်မောက်မာလာပြန်သည်။
"ငါတို့က ရွှမ်အာရဲ့ဦးလေးနဲ့ အဒေါ်ပဲ"
“ဪ ဒါဆိုရင် ကျေးဇူးပြုပြီး အထဲဝင်ပါဦးနော်"
အန်းယန်က နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။ အိမ်ထဲသို့ရောက်သည်နှင့် ကျူးဖုန်းနှင့် ကျောက်ယင်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ၎င်းတို့၏ မျက်နှာများ မဲ့ရွဲ့လာကြသည်။
'နေရာကလည်း စုတ်လိုက်တာ အပြင်အဆင်တွေကလည်း မလှဘူး၊ သူက တကယ် ချမ်းသာမယ့်ပုံမပေါ်ဘူး'
“မစ္စတာရွှယ် ခင်ဗျား ဘယ်မှာအလုပ်လုပ်လဲလို့ မေးလို့ရမလား"
ကျောက်ယင်က မသိမသာ သွယ်ဝိုက်သောနည်းဖြင့် စတင်စူးစမ်းလိုက်သည်။ စုံတွဲ၏ရည်ရွယ်ချက်ကို ပြတ်သားစွာ မြင်လိုက်သော ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ကျုပ်လား၊ ကျုပ်က အလုပ်လက်မဲ့လေ၊ အိမ်မှာပဲနေတာ"
'အိုး... ဒါဆို သူက လတ်လျားလတ်လျားနေတဲ့လူပေါ့'
ဤဖွင့်ဆိုချက်သည် ကျောက်ယင်၏အမူအရာကို ပို၍ပင် ဘဝင်မြင့်သွားစေသည်။
"ဒါဆို ကျုပ်တို့ ရွှမ်အာနဲ့ ခင်ဗျားရဲ့ဆက်ဆံရေးကရော..."
ထန်ရွှမ်အာက အလျင်အမြန် ကြားဖြတ်ပြောလိုက်သည်။
"ကျွန်မတို့က သူငယ်ချင်းတွေပါ"
ခေတ္တရပ်တန့်ပြီးနောက် ထန်ရွှမ်အာက ခါးသီးသော အရိပ်အမြွက်များဖြင့် ထပ်မံပြောဆိုလိုက်သည်။
"ဒီအတိုင်း သာမန်သူငယ်ချင်းတွေပါ"
'ဒီလိုဆိုရင် ပိုလို့တောင် အဆင်ပြေသွားတာပေါ့'
ကျူးဖုန်းနှင့် ကျောက်ယင်တို့က စိတ်ထဲတွင် အလွန်ဝမ်းမြောက်နေကြသည်။ ထိုအချိန်တွင် သန့်မောင်က BMW ကား အသစ်စက်စက်ကို မောင်းနှင်ကာ တိုက်ခန်းရှိရာသို့ ရောက်ရှိလာသည်။ ပတ်ဝန်းကျင်နေရာသည် သန့်မောင်ကို မျက်မှောင်ကြုတ်သွားစေပြီးနောက် အတွင်းစိတ်တွင် ပို၍ပင် ယုံကြည်မှုရှိလာ၏။ ထိုသို့သောနေရာ၌ နေထိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် ထန်ရွှမ်အာက အလွန်ခက်ခဲနေမည်မှာ သေချာသည်ဟု တွေးနေမိ၏။
'ဒါဆိုရင် နည်းနည်းလောက် အကျိုးအမြတ်ပေးလိုက်ရုံနဲ့ သူ့လက်ထဲ ရောက်သွားမှာ မဟုတ်ဘူးလား'
ထိုအတွေးများဖြင့် အပေါ်ထပ်သို့ တိုက်ရိုက်တက်သွားခဲ့သောအခါ သန့်မောင်၏ စိတ်လှုပ်ရှားမှုများ အလွန်မြင့်တက်လာသည်။ တံခါးခေါက်သံ ထွက်ပေါ်လာသည့်အခိုက်တန့်တွင် ကျူးဖုန်းက ထိတ်လန့်စွာ ထခုန်လိုက်သည်။
"ငါ တံခါးသွားဖွင့်လိုက်မယ်" ကျူးဖုန်းက တံခါးဆီ အမြန်ပြေးသွားသည်။
ပြီးနောက် သန့်မောင်က စိမ်ပြေနပြေ လျှောက်လာရာ သူ့ကို အံ့သြသွားစေသည်မှာ ဧည့်ခန်းထဲတွင် အခြားလူများ ရှိနေခြင်းဖြစ်သည်။ အထူးသဖြင့် အန်းယန်သည် သန့်မောင်၏ မျက်လုံးများသည် အံ့အားသင့်မှု အရိပ်အငွေ့များဖြင့် လင်းလက်သွားသည် ထိုအချိန်တွင်၊ ကျောက်ယင်က မတ်တပ်ရပ်၍ မျက်နှာချိုသွေးကာ လျှောက်လာ၏။
"သန့်ရှောင်၊ ဒါက ကျွန်တော့် တူမလေး ရွှမ်အာလေ"
သန့်ရှောင်သည် ထန်ရွှမ်အာကို ရမက်ကြီးစွာ စိုက်ကြည့်ပြီးနောက် စိမ်ပြေနပြေ လမ်းလျှောက်လာကာ သူ ကိုင်ဆောင်ထားသော လက်ဆောင်ကို အောက်သို့ ချလိုက်သည်။
"မိန်းကလေး ထန်ရွှမ်အာ၊ ဒါက ကျွန်တော် လမ်းမှာတွေ့လို့ ယူလာခဲ့တာလေး တစ်ခုပါ၊ ကျွန်တော်တို့ ပထမဆုံး တွေ့ဆုံမှုအတွက် လက်ဆောင်တစ်ခုလို့ပဲ မှတ်ယူလိုက်နော်"
ကျူးဖုန်းက လက်ဆောင်အိတ်ကို မြင်လိုက်သည်နှင့် သူမ၏ မျက်လုံးများ တောက်ပလာသည်။
"သန့်ရှောင်က အမြဲ ရက်ရောတာပဲ ဒီလိုစျေးကြီးတဲ့ အိတ်မျိုးကို ပေးရတယ်လို့။ ရွှမ်အာ၊ သန့်ရှောင်ကို သမီး ကျေးဇူးမတင်တော့ဘူးလား"
သို့သော်လည်း ထန်ရွှမ်အာက အိတ်ကို တစ်ချက်မျှ လှည့်မကြည့်ဘဲ ခေါင်းညိတ်ပြရုံသာ ညိတ်ပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် သန့်ရှောင်၊ ဒါပေမယ့် ကျွန်မ ဒါတွေ မလိုအပ်ဘူး၊ နောက်ပြီး…”
ထန်ရွှမ်အာက ကျူးဖုန်းနှင့် ကျောက်ယင်တို့ ဘက်သို့ လှည့်ကြည့်လိုက်သည်။
"အန်တီတို့ ကျွန်မကို တွေ့ရုံပဲ တွေ့စေချင်တာ မဟုတ်လား၊ အခုတွေ့ပြီးပြီဆိုတော့... သွားလို့ရပြီ မဟုတ်လား"
ဤပြောဆိုချက်သည် အခန်းအတွင်းရှိ အခြေအနေကို ကိုးရိုးကားရား ဖြစ်သွားစေသည်။ သန့်မောင်က သူ၏သမာဓိကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူ၏မျက်ခွံများက ထိန်းမနိုင်သိမ်းမရဖြစ်စွာ တုန်လှုပ်နေသည်။ ကျောက်ယင်က စိတ်ပျက်မှုများဖြင့် အနားသို့ အလျင်အမြန်လျှောက်လာကာ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
“ငမိုက်မ၊ သန့်ရှောင်ကို ဘယ်လိုပြောလိုက်တာလဲ။ မြန်မြန် မတောင်းပန်သေးဘူးလား။ သန့်ရှောင်က နင့်ကို စိတ်ရင်းနဲ့ ခင်မင်ရင်းနှီးချင်လို့ လာခဲ့တာလေ"
မျက်နှာအမူအရာ ဖြူဖျော့နေသော ထန်ရွှမ်အာက ခေါင်းမာစွာဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ကျွန်မ သူနဲ့ ခင်မင်ရင်းနှီးချင်စိတ် မရှိဘူး၊ ပြီးတော့ တွေ့ပြီးရင် ပြန်လို့ရမယ်လို့ အန်တီတို့ပဲ ပြောတာ။ ကျွန်မက ဘာလို့တောင်းပန်ရမှာလဲ"
ဤအချိန်တွင် ဆက်လက်၍ စိတ်မထိန်းချုပ်နိုင်သော ကျူးဖုန်းက အဆုံးတွင် နက်မှောင်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ရွှမ်အာ၊ ဒါက နင် လူကြီးတွေကို ပြောသင့်တဲ့ လေသံလား"
သူမ၏ ပါးစပ်မှ ထိုစကားလုံးများ ထွက်လာပြီး မကြာမီတွင် နံဘေးမှ တိတ်တဆိတ်ကြည့်နေသော ရွှယ်အန်းက ရယ်မောလိုက်သည်။
"မင်းက ဘာရယ်တာလဲ"
ဒေါသအလွန်ထွက်နေသော်လည်း ပုံချစရာနေရာမရှိသော သန့်မောင်က အေးစက်စွာ မေးလိုက်သည်။ ရွှယ်အန်းက သူ၏ မျက်ခုံးပင့်၍ ပြောလိုက်သည်။
"ဘာကို ရယ်နေတာလဲ ဟုတ်လား။ တစ်ချို့လူတွေက မိသားစုဆက်ဆံရေးကို အခွင့်ကောင်းယူပြီး တခြားသူကို ခြိမ်းခြောက်မှုအဖြစ် အသုံးချနေလို့ ရယ်လိုက်တာလေ၊ ပြီးတော့ တစ်ချို့တွေက သူတို့ကိုယ်သူတို့ ဟုတ်လှပြီထင်နေပေမယ့်... တကယ်တမ်း လက်တွေ့မှာ လူပြက်တွေလိုပဲ"
ဤစကားများသည် သန့်မောင်၏အမူအရာကို အလွန် ဆိုးရွားသွားစေသည်။
“မစ္စတာရွှယ်၊ ဒီကိစ္စက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ ဒီလူက ဘယ်သူလဲဆိုတာ ခင်ဗျား သိလား" ကျောက်ယင်က ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။
"အိုး"
"ကျုပ်လည်း တကယ် သိချင်မိသား" ရွှယ်အန်းက စိတ်ဝင်တစားဖြင့် မေး၏။
“သူက ပေကျင်းမှာရှိတဲ့ သန့်မိသားစုရဲ့ သခင်လေး သန့်မောင်ပဲ။ သန့်မိသားစုအကြောင်းကို ခင်ဗျား သိလား။ ပေကျင်းမှာရှိတဲ့ ကား 4S စတိုးဆိုင်တွေက ထက်ဝက်ကျော်လောက်က သူတို့ပိုင်ဆိုင်မှုတွေချည်းပဲ။ ခင်ဗျားမှာ တခြားဘာပြောစရာရှိသေးလဲ"
"အမှန်ပဲ၊ တချို့လူတွေက တစ်နေ့ကုန်ကို ဘာမှလုပ်စရာ မရှိကြဘဲ အလုပ်လက်မဲ့ ကလေကချေတွေ ဖြစ်နေကြတာတောင် သန့်ရှောင်ကို လူပြက်ဆိုပြီး လှောင်ပြောင်နေတုန်းပဲ။ ငါကတော့ မင်းကမှ တကယ့် လူပြက်လို့ပဲထင်တယ်" ဤအချိန်တွင် ကျူးဖုန်းက လှောင်ရယ်ပြောဆိုလိုက်သည်။
ဤစကားများကိုကြားသော ထန်ရွှမ်အာက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ၊ မတ်တပ်ထရပ်ကာ မျက်မှောင်ကြုတ်လျက် စကားပြောရန် ပြင်ဆင်လိုက်လေသည်။ ရွှယ်အန်းက သူမကို ဆက်လက် ထိုင်နေရန်အတွက် သူ၏လက်ကို ဝှေ့ယမ်း၍ အချက်ပြပြီးနောက် ကျူးဖုန်းကို ရွှတ်နောက်နောက် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ပေကျန်းမြို့က သန့်မိသားစုလား"
“ဟုတ်တယ်၊ ပေကျန်းမြို့က သန့်မိသားစုပဲ၊ ဘာလဲ အခုတော့ ကြောက်သွားပြီလား" ကျူးဖုန်းက လှောင်ရယ်လိုက်သည်။
ရွှယ်အန်းက ခေါင်းခါ၍ ရယ်မောလိုက်ပြီးနောက် သန့်မောင်ကို အမူမထားသော လေသံဖြင့် ပြောလိုက်သည်။
"မင်းရဲ့ သန့်မိသားစုက ပေကျင်းမြို့မှာ တကယ် အဲ့လောက် ဩဇာရှိတယ်ဆိုရင် မင်း ငါ့ကို မှတ်မိသင့်တာပေါ့"
ထိုစကားကို ကြားသော သန့်မောင်က ပြက်ရယ်ပြုသော အမူအရာဖြင့် လှောင်ရယ်လိုက်သည်။
“စိတ်တော့မရှိနဲ့၊ ကျုပ်တို့ သန့်မိသားစုက… ခင်ဗျားကို တကယ် မမှတ်မိဘူး”
ရွှယ်အန်းကို ကြွားဝါသူဟု တွေးထင်ကြသော ကျောက်ယင်နှင့် ကျူးဖုန်းတို့၏ မျက်နှာတွင် ကဲ့ရဲ့သော အမူအရာများဖြင့် ထင်ဟပ်လာသည်။ ဤအခိုက်အတန့်တွင် ရွှယ်အန်းက အနည်းငယ် သက်ပြင်းချလိုက်သည်။
"ဒါဆို မင်းတို့ သန့်မိသားစုက လုံလုံလောက်လောက် အင်အားမကြီးသေးလို့ဖြစ်မယ်"
သန့်မောင်၏ မျက်နှာပြင်တွင် လှောင်ပြောင်သော အမူအရာ ပေါ်ပေါက်လာ၍ စကားပြောခါနီးအချိန်တွင် ရွှယ်အန်းက ပြတင်းပေါက်ဆီသို့ ညွှန်ပြလိုက်သည်။
"သူတို့တွေ ရောက်နေလောက်ပြီ၊ မင်း အခု သွားကြည့်လို့ရတယ်"
'သူက ဘာကို ဆိုလိုတာလဲ။ ဘာတွေရောက်လာတာလဲ'
သန့်မောင်၊ ကျောက်ယင်နှင့် ကျူးဖုန်းတို့က အနည်းငယ်မျှ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
ထို့နောက် ရွှယ်အန်းက ကြွားလုံးထုတ်နေသည်ဟု ယုံကြည်နေသော သန့်မောင်က မထီမဲ့မြင်ပြုသော မျက်နှာထားဖြင့် ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။
'ဟုတ်တယ်၊ အောက်နားမှာ နေရာအလွတ်ချည်းပဲ၊ ဘာမှကို ရှိမနေတာ'
ထိုအချိန်တွင်၊ ကျောက်ယင်နှင့် ကျူးဖုန်းတို့သည်လည်း လာရောက်ကြည့်ရှု့ကာ လှောင်ရယ်လိုက်လေသည်။
“မစ္စတာရွှယ်၊ ခင်ဗျားက ကျုပ်တို့ကို ဘာပြချင်နေတာလဲ..."
၎င်းတို့၏ ထိုစကားများကို အဆုံးမသတ်နိုင်ခဲ့ပေ။
ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်ပေါက်လာ၏။
နက်ပြောင်နေသော Rolls-Royce များသည် လူနေအိမ်ခြံဝင်းအတွင်းသို့ အတန်းလိုက် ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။ ဤ Rolls-Royces များသည် အရောင်နှင့် မော်ဒယ်များ တူညီရုံသာမက ၎င်းတို့၏ လိုင်စင် နံပါတ်ပြားများလျှင်ပင် အစီအစဉ်လိုက် ဖြစ်နေသည်။
ပထမဦးဆုံး လိုင်စင် နံပါတ်ပြားသည် ၀၀၀၀၁ ဖြစ်၍၊ ဒုတိယတစ်ခုသည် ၀၀၀၀၂ စသည်တို့ဖြင့် စုစုပေါင်း တစ်ဒါဇင်ကျော်မျှ ရှိနေသည်။
ယင်းဖြစ်စဉ်သည် သန့်မောင်၏ အမူအရာကို တုန်လှုပ်သွားစေသည်။ာ၎င်းတို့မိသားစုသည် ကားအရောင်းအဝယ် လုပ်ငန်းနှင့် ပတ်သက်နေသောကြောင့် ဤ Rolls-Royce များ၏ တန်ဖိုးကို သန့်မောင်က ကောင်းစွာ သိနေသည်။
သို့သော် လိုင်စင်နံပါတ်များက အရေးအကြီးဆုံး အခန်းကဏ္ဍဖြစ်သည်။
ဤသည်မှာ ငွေဖြင့် ဝယ်ယူ၍ မရနိုင်သော အရာတစ်ခုဖြစ်သည်။
သို့သော် ၎င်းသည် အစပျိုးရုံသာ ရှိသေးသည်။
ဤ Rolls-Royces များ ရပ်တန့်ပြီးသည်နှင့်၊ စစ်စိမ်းရောင် Humvees ယာဉ်များက အတန်းလိုက် ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။ ဤ Humvees များကို ပြည်တွင်း၌ပင် ဝယ်ယူ၍ မရနိုင်သောကြောင့်၊ နိုင်ငံခြားမှ သီးသန့်တင်သွင်းရသည့် အရာများဖြစ်သည်။ သန့်မောင်၏ နဖူးတွင် ချွေးစေးများ စတင်ထွက်ပေါ်လာသည်။ ၎င်းအနောက်တွင် အရောင်မျိုးစုံရှိသော ဇိမ်ခံကား အစီးနှစ်ဆယ် သုံးဆယ်ခန့်က တစ်စီးပြီးတစ်စီး ဝင်ရောက်လာ၏။ Porsche ပြိုင်ကားများအပြင် Bentley ဇိမ်ခံကားများ အားလုံးသည် စနစ်တကျဖြင့် သပ်သပ်ရပ်ရပ် ရပ်တန့်လျက်ရှိသည်။ ထိုကဲ့သို့သော ကြီးကျယ်ခမ်းနားသော မြင်ကွင်းသည် လူနေအိမ်ခြံဝင်းရှိ လူတိုင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေစေ၏။
ကျောက်ယင်နှင့် ကျူးဖုန်းတို့က ပို၍ပင် အံဩနေကြသည်။
'ဘာ... ဘာတွေဖြစ်နေတာလဲ။ ဒီလောက်များတဲ့ ဇိမ်ခံကားတွေက ရုတ်တရက်ကြီး ဘယ်လို ရောက်လာတာလဲ'
ထိုအခိုက်အတန့်တွင် ရဟတ်ယာဉ်များ၏ ဆူညံသံများ ကောင်းကင်မှ ထွက်ပေါ်လာသည်။ သန့်မောင်၊ ကျောက်ယင်နှင့် ကျူးဖုန်းတို့သည် အဆောက်အဦးအောက်ရှိ နေရာလွတ်သို့ ရဟတ်ယာဉ်များ ဆင်းသက်လာခြင်းကို ပါးစပ်အဟောင်းသားဖြင့် ငေးငိုင်စွာ စောင့်ကြည့်နေကြသည်။
အခန်း (၁၅၅) ဂုဏ်ပြုရန်အတွက် သူရဲကောင်းများစုရုံးခြင်း
ဤထိတ်လန့်ဖွယ်ရာ မြင်ကွင်းသည် ၎င်းတို့သုံးဦးစလုံးကို မှင်သက်သွားစေသည်။ ထိုအချိန်တွင် ကျောက်ယင်က ခက်ခက်ခဲခဲ တံထွေးမျိုချလိုက်ပြီးနောက် ဟန်လုပ်ပြုံးလိုက်သည်။
"ဒီပတ်ဝန်းကျင်မှာ ချမ်းသာတဲ့လူ တစ်ယောက်ယောက် ရှိနေတာပဲဖြစ်ရမယ်"
သို့သော် သူပြောခဲ့သော စကားကို သူကိုယ်တိုင်ပင် မယုံကြည်ခဲ့ပေ။ သန့်မောင်က အသံပင် မထွက်နိုင်ဘဲ ထိုနေရာတွင် အံ့အားသင့်နေသော မျက်နှာဖြင့် ရပ်တန့်နေ၏။
'ဒီလူက ဘယ်သူလဲ။ ဇိမ်ခံကားတွေက ဘာလို့ ဒီနေရာမှာ ဒီလောက်စုဝေးနေရတာလဲ'
သန့်မောင်က ထိုသို့စဉ်းစားနေချိန်တွင် အပြင်ဘက်မှ ဒေါက်ဖိနပ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ထို့နောက် လှပစွာ ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်။ ထိုအမျိုးသမီးသည် အလွန် လှပ၍ နူးညံ့သိမ်မွေ့သော ကိုယ်နေဟန်ထားမျိုးရှိသည်။
သူမ၏မျက်နှာသည် အနည်းငယ် ရင်းနှီးသည်ဟု တွေးမိသော်လည်း သူမကို ယခင်က မည်သည့်နေရာတွင် မြင်ဖူးခဲ့ခြင်းဖြစ်သည်ကို သန့်မောင်က မမှတ်မိနိုင်ပေ။ ရောက်ရှိလာသော အမျိုးသမီးသည် ချင်းယွီဖြစ်ရာ သူမက အခန်းထဲသို့ ဝင်လာသည်နှင့် ဆိုဖာပေါ်တွင် ထိုင်နေသည့် ရွှယ်အန်းနှင့် အန်းယန်ကိုတွေ့လိုက်လေသည်။ အထူးသဖြင့် အန်းယန်ကို မြင်လိုက်ချိန်တွင် သူမ၏ မျက်လုံးများကို အရောင်တောက်သွား၏။
'တကယ့်ကို ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အလှတရားပါလား'
"မစ္စတာရွှယ်ကို နှုတ်ဆက်ပါတယ်"
"တော်တော်လေး စောစောရောက်လာတာပဲ"ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ချင်းယွီက ပြန်လည် ပြုံးပြလိုက်သည်။
"ကုမ္ပဏီမှာ အလုပ်ကိစ္စလေး နည်းနည်းရှိနေလို့၊အဖိုးကတော့ ခဏနေမှ ရောက်လာလောက်ပါတယ်"
ထိုအချိန်တွင် ဤအမျိုးသမီးက မည်သူဖြစ်သည်ကို ရုတ်တရက် သတိရသွားသဖြင့် သန့်မောင်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။ သို့သော် ဤနားလည်သဘောပေါက်နိုင်စွမ်းက သူ၏စိတ်ကို ဗလာနတ္ထိဖြစ်သွားစေသည်။
'သူ မဟုတ်လား၊ ဒါပေမယ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလိုအနေအထားမျိုးနဲ့ ဒီလူကို ဘာလို့ ဒီလောက်လေးစားနေရတာလဲ'
သန့်မောင်၏ ထူးဆန်းသော အပြုအမူကို သတိပြုလိုက်မိသော ကျူးဖုန်းက မေးမြန်းလိုက်သည်။
"ဘာဖြစ်လို့လဲ သန့်ရှောင်"
သန့်ရှောင်သည် စကားတစ်ခွန်းပင် မပြောနိုင်ဘဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ ထိုအချိန်တွင် ထန်တုန်နှင့် ၎င်း၏သမီး ထန်ရှောင်ယွီတို့အပြင်၊ ဟွာရှင်းယွီနှင့် ၎င်း၏မြေးဖြစ်သူ ဟွာတင်းတင်းတို့သည်လည်း အထဲသို့ ဝင်ရောက်လာသည်။
၎င်းတို့အားလုံးသည် ပေကျင်းမြို့တွင် ထင်ရှားသော ပုဂ္ဂိုလ်များဖြစ်၍ သန့်မောင်က ၎င်းတို့ကို ယခင်က မြင်တွေ့ခဲ့ဖူးသည်။ ပြီးနောက် သူသည် ဤအရေးကြီးပုဂ္ဂိုလ်များက ရွှယ်အန်းကို လေးလေးနက်နက် ဦးညွှတ် အရိုအသေပေးနေသော မြင်ကွင်းကို ကူကယ်ရာမဲ့စွာ ကြည့်နေ၏။ ထိုသို့သော မြင်ကွင်းကြောင့် သန့်မောင်၏ အမြင်အာရုံများကို မှောင်မိုက်သွားကာ ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်ခဲ့ရသည်။
ကျောက်ယင်နှင့် ကျူးဖုန်းတို့က ပို၍ပင် ထိတ်လန့်လျက် ၎င်းတို့၏ ခန္ဓာကိုယ်များ ကောက်ရိုးမျှင်ကဲ့သို့ တုန်လှုပ်နေတော့သည်။ ဤအချိန်တွင် ရွှယ်အန်းက သာမန်လူတစ်ဦး မဟုတ်ကြောင်းကို အရူးတစ်ယောက်လျှင်ပင် မြင်တွေ့နိုင်မည်ဖြစ်သည်။ အထဲသို့ ချင်းယွမ် ဝင်ရောက်လာချိန်တွင် သန့်မောင်၏ ခြေထောက်များ အားနည်းလာကာ ရွှံ့ပုံကြီးကဲ့သို့ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
ချင်းယွမ်နှင့် တွေ့ရန်အတွက် သူ၏အဖေကို အဖော်ပြုခဲ့ဖူးသောကြောင့် ၎င်းကို ချက်ချင်း မှတ်မိလိုက်ခြင်းဖြစ်သည်။ ဖုန်းချောင်ချုံးနှင့် ရှီဟောင်တို့ အခန်းထဲသို့ ဝင်လာခဲ့ချိန်တွင် ပေကျန်းမြို့နှင့် ပြည်နယ်မြို့၏ အထက်တန်းလွှာများ အားလုံးနီးပါး ဤနေရာတွင် စုရုံးနေကြပြီဖြစ်သည်။ ပြီးနောက် ဤလူအပေါင်းစွာက လေးစားစွာ မတ်တပ်ရပ်၍ ရွှယ်အန်းကို ဦးညွှတ်လိုက်ကြသည်။
"ကျွန်တော်တို့ မစ္စတာရွှယ့်ကို နှုတ်ဆက်ပါတယ်"
၎င်းတို့၏ ကြီးကျယ်ခမ်းနားသော ဖြစ်တည်မှုသည် မည်သူတစ်ဦးတစ်ယောက်ကိုမဆို အံ့သြသွားစေမည်ဖြစ်သည်။ သန့်မောင်၏ မျက်လုံးများတွင် စိတ်ပျက်အားလျော့မှုနှင့် ကြောက်ရွံ့မှုများမှတစ်ပါး မည်သည်မျှ မကျန်ရှိတော့ပေ။
'ဒီလူ… ဒီလူက တကယ်ပဲ ဘယ်သူလဲ'
ထိုအချိန်တွင် ရွှယ်အန်းက သူ၏ ပုလဲများကဲ့သို့ ဖြူဖွေးနေသည့် အစွယ်နှစ်ချောင်းကို ထုတ်ပြကာ ကြမ်းကြုတ်သော အပြုံးဖြင့် သန့်မောင်ကို လှည့်ကြည့်၍ ပြောလိုက်သည်။
"ငါပြောတယ် မဟုတ်လား၊ သန့်မိသားစုက ပေကျန်းမြို့မှာ တကယ် သြဇာရှိတယ်ဆိုရင် ငါ့ကို မှတ်မိသင့်တယ်လို့"
သန့်မောင်သည် ထိန်းမနိုင်သိမ်းမရဖြစ်စွာ တုန်ယီလျက် စကားပင်မပြောနိုင်တော့ပေ။ ချင်းယွီက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ဒီလူက ဘယ်သူလဲ၊ မစ္စတာရွှယ်"
“သူ့ကို အဖိုးသိတယ်။ သူက သန့်မိသားစုရဲ့ အကြီးဆုံးသားပဲ"
'သန့်မိသားစုလား'
ခေတ္တ စဉ်းစားပြီးနောက် ချင်းယွီက ရုတ်တရက် သဘောပေါက်သွားသည်။
"ကားရောင်းတဲ့ ဟို သန့်မိသားစုကို ပြောတာလား"
ချင်းယွမ်က ခေါင်းညိတ်လိုက်သည်။ ဤအခိုက်အတန့်တွင် သန့်မောင်က ချင်းယွမ်ထံသို့ တိုးလျှိုးဝပ်တွား၍ တောင်းဆိုလိုက်လေသည်။
"အကြီးအကဲချင်း၊ ကျွန်တော့်ကို ကယ်တင်ပေးဖို့ မေတ္တာရပ်ခံပါတယ်"
မျက်နှာပြင်တွင် အရယ်အပြုံးမရှိသော ချင်းယွမ်က ခေါင်းခါလိုက်သည်။
"သန့်ရှောင်၊ မင်း တောင်းပန်တာ လူမှားနေပြီ။ ဒီနေရာမှာ မစ္စတာရွှယ်ရဲ့ စကားကပဲ အရာရောက်တာ”
သန့်မောင်က ရွှယ်အန်းဘက်သို့ လျင်မြန်စွာ လှည့်၍ မျက်နှာချိုသွေးရန် ကြိုးစားလိုက်လေသည်။
"မစ္စတာရွှယ်…”
ရွှယ်အန်းက ခေါင်းယမ်းလိုက်ပြီးနောက် ထောင့်တစ်နေရာတွင် ကြောက်လန့်၍ အမြီးကုပ်နေသော ကျောက်ယင်နှင့် ကျူးဖုန်းကို ကြည့်လိုက်သည်။
"မင်းတို့ သုံးယောက် ဆွေးနွေးထားပြီးသားလား"
ထိုစကားသည် ၎င်းတို့သုံးဦး၏ မျက်နှာအရောင်များကို ပြောင်းလဲသွားစေသည်။
သန့်မောင်က ဟန်လုပ်ပြုံးလိုက်သည်။
“မစ္စတာရွှယ် ဘာတွေပြောနေတာလဲ... ကျွန်တော် ဘာမှ နားမလည်ဘူး"
ရွှယ်အန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
"တကယ်တော့ မင်းတို့ ဝင်လာကတည်းက ငါ သတိထားမိတယ်။ အကယ်၍ ငါသာ ဒီနေ့ ဒီနေရာမှာ ရှိမနေဘဲ၊ ရွှမ်အာက မင်းတို့ဆီက ထွက်ပြေးဖို့ ကြိုးစားရင် မင်းအားလုံး အင်အားသုံးဖို့ စီစဉ်ထားကြတာ မဟုတ်လား"
ထိုစကားပြောနေချိန်တွင် ရွှယ်အန်း၏လေသံ ဆိုးရွားလာကာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လာသည်။ ကျောက်ယင်သည် ဘုတ်ခနဲ့ အသံဖြင့် ဒူးထောက်ချလိုက်ပြီးနောက် ကြက်သွန်ဖြူ ထောင်းနေသကဲ့သို့ ထပ်ခါတလဲလဲ ခယတောင်းပန်လျက်ရှိသည်။
“မစ္စတာရွှယ်၊ အသက်ကို ငဲ့ညှာပေးပါ၊ ကျွန်တော့် အသက်ကို ငဲ့ညှာပေးပါ၊ ဒါတွေအကုန်လုံးက သန့်ရှောင်ရဲ့ အမိန့်ကြောင့်ပါ"
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ထန်ရွှမ်အာ၏ မျက်လုံးများသည် ဒေါသစိတ်ဖြင့် နီရဲနေ၏။ သူမ၏ဆွေမျိုးဟုခေါ်သော လူများက ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် နှလုံးသားမျိုးရှိမည်ဟု သူမ မထင်မှတ်ခဲ့ပေ။ ရွှယ်အန်းက ခေါင်းမော့၍ ချင်းယွမ်ကို စိုက်ကြည့်လိုက်သည်။
"ဒီသန့်မိသားစု..."
"စိတ်ချပါ မစ္စတာရွှယ် သန့်မိသားစုက ဒီညအထိပဲ တည်ရှိတော့မှာပါ" ချင်းယွီက ကြားဖြတ်ပြောလိုက်သည်။
ဤစကားများသည် သန့်မောင်၏ မျက်နှာကို ဖြူဖျော့သွားစေ၍ ချွေးစေးများ အဆက်မပြတ် စီးကျလာစေသည်။ ထို့နောက် ရွှယ်အန်းက အန်းယန်ကို ပြုံး၍ ငုံ့ကြည့်လိုက်သည်။
"ရှင်မ မျက်လုံးမှိတ်ထား"
အန်းယန်က နာခံစွာဖြင့် သူမ၏မျက်လုံးများကို မှိတ်လိုက်သည်။ ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
"တကယ်တော့ ဒါက သိပ်ပြီးကြီးမားတဲ့ ကိစ္စမဟုတ်ပါဘူး"
ရွှယ်အန်းက ခွင့်လွှတ်ပေးလိုက်သည်ဟု ထင်မိကြသော ကျောက်ယင်နှင့် အခြားလူများက စိတ်သက်သာရာ ရသွားကြလေသည်။ ပြီးနောက် ရွှယ်အန်း၏ အပြုံးများ ရုတ်တရက် အေးစက်သွားလေ၏။
" နောက်ဘဝကျရင် ပိုပြီး သတိထားကြပေါ့"
ထိုစကားဖြင့် သူ၏လက်ချောင်းများကို တောက်ထုတ်လိုက်သောအခါ သန့်မောင်၊ ကျောက်ယင်နှင့် ကျူးဖုန်းတို့၏ခြေဖဝါးအောက်မှ မီးတောက်များ ထွက်ပေါ်လာ၍ တခဏချင်းတွင် ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤရက်စက်ကြမ်းကြုတ်သော နည်းလမ်းသည် ရောက်ရှိလာသူအားလုံးကို အံ့သြထိတ်လန့်သွားစေခဲ့သည်။
'ပြတ်သားတဲ့ သတ်ဖြတ်ခြင်း၊ ဒါက... မစ္စတာရွှယ်ပဲ'
၎င်းတို့၏များပြားသော လူအရေအတွက်ဖြင့် ဤအခန်းကျဉ်းထဲတွင် ၎င်းတို့အားလုံးကို ဧည့်ခံရန် မလုံလောက်ပေ။ ချင်းယွီက ချင်းမိသားစုပိုင်သည့် စားသောက်ဆိုင် မဟုတ်လျှင် နံပါတ်တစ် ရှန်ဗီလာသို့ သွားရန် အကြံပြုလိုက်သည်။
သို့သော် ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"ဒီမှာပဲ လုပ်ကြရအောင်၊ အောက်က နေရာလွတ်မှာပဲ စားပွဲတည်ကြတာပေါ့"
ရွှယ်အန်း၏စကားကို မည်သူမျှ မကန့်ကွက်ရဲ့ကြပေ။
ချင်းယွီ၏ ဖုန်းခေါ်ဆိုမှုဖြင့် ချင်းမိသားစု၏ ကြယ်ငါးပွင့်ဟိုတယ်မှ စားဖိုမှူးများကို ဆော်ဩစည်းရုံးခဲ့သည်။ စားပွဲနှင့် ကုလားထိုင်များကိုပင် ပရိဘောဂဈေးကွက်မှ တိုက်ရိုက် ယူဆောင်လာခဲ့ကြသည်။ ချင်းယွီ၏ စေ့စပ်သော ကိုင်တွယ်ဖြေရှင်းမှုဖြင့် အဆင့်မြင့် ပါဝင်ပစ္စည်းအမျိုးမျိုးပင် ရောက်လာ၏။
ထိပ်တန်းစားဖိုမှူးများသည် လမ်းမပေါ်၌ စတင်ချက်ပြုတ်ခဲ့ကြသည်။ ဤပွဲသည် ဥက္ကဌဟောင်းလျှင်ပင် လေးစားမှုအပြည့်ဖြင့် ဆက်ဆံရသည့် ပုဂ္ဂိုလ်အတွက်ဖြစ်ကြောင်းကို ၎င်းတို့အားလုံး သိကြသည်။ ထို့ကြောင့် ၎င်းတို့၏ အရည်အချင်းများကို အကောင်းဆုံး ထုတ်ပြနေကြသည်။
အစားအသောက်များ၏ မွှေးရနံ့များ ကျယ်ပြန့်စွာ ပျံ့လွင့်လာသည်။ ပွဲအခမ်းအနား အဆင်သင့်ဖြစ်သည်နှင့် စားသောက်ချိန်ရောက်ရှိပြီဟု ပြောဆိုသံကို စောင့်ဆိုင်းနေသော ၎င်းတို့အားလုံးက ရွှယ်အန်းကို မော့ကြည့်လိုက်ကြသည်။ သို့သော် ရွှယ်အန်းက အလျင်လိုခြင်းမရှိဘဲ ကောင်းကင်ပေါ်ရှိ လမင်းကိုသာ ငေးကြည့်နေ၏။
"ခဏလောက် စောင့်ကြဦး"
သူက ပြောလိုက်သည်။
သူ၏ ခွင့်ပြုချက် မရှိဘဲ မည်သူမျှ ၎င်းတို့၏ တူများကို မထိဝံ့ကြပေ။
ထို့ကြောင့် ၎င်းတို့အားလုံး တိတ်ဆိတ်စွာ ထိုင်နေခဲ့ကြသည်။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက်တွင် အဖြူရောင် ကားတစ်စီး ဆိုက်ရောက်လာသည်။
ထိုကားပေါ်မှ ဖန်းမင်ရွှယ် ဆင်းလာသည်နှင့် ပွဲတစ်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
"ဟေး အဲ့ဒါဖန်းမင်ရွှယ် မဟုတ်ဘူးလား"
"ဟုတ်တယ် ဖန်းမင်ရွှယ်ပဲ မှားစရာအကြောင်းမရှိဘူး။ သူ ရိုက်ထားတဲ့ ဇာတ်ကားတွေကို ငါအရမ်း ကြိုက်တာ"
"သူက ဘယ်လိုရောက်လာတာလဲ"
"ရှူး၊ မတွေ့ဘူးလား၊ ဖန်းမင်ရွှယ်လည်း မစ္စတာရွှယ်ကို သိနေတာပဲဖြစ်မယ်"
ဤအခိုက်အတန့်တွင် အန်းယန်က သိမ်မွေ့သွာပြုံး၍ မတ်တပ်ထရပ်လိုက်သည်။
“လာလေ၊ မင်ရွှယ်၊ ဒီမှာထိုင်"
ဖန်းမင်ရွှယ်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေသော်လည်း သူမက ခေါင်းညိတ်ပြပြီးနောက် အန်းယန်၏ နံဘေးတွင် နာခံစွာ ထိုင်လိုက်သည်။
ထိုအချိန်တွင် ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဒီနေ့၊ ခင်ဗျားတို့အားလုံးကို ဖိတ်လိုက်ရတဲ့အကြောင်းအရင်းက သူက ကျုပ်သမီးနှစ်ယောက်ရဲ့ မိခင်ဖြစ်ပြီး၊ ကျုပ်ရဲ့ ဇနီးဆိုတာကို ကြေညာဖို့ပဲ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းက အန်းယန်ကို သူ၏နံဘေးသို့ ဆွဲကပ်လိုက်လေသည်။ လူအုပ်ကြားတွင် ရုတ်ရုတ်သဲသဲများ ဖြစ်ပွားသွားခဲ့ရာ၊ ရှီဟောက်နှင့် ဖုန်းချောက်ချုံးတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ပြီးနောက် ၎င်းတို့အားလုံးထိုင်ခုံမှ ထရပ်၍ ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
“မိန်းကလေးရွှယ်ကို နှုတ်ဆက်ပါတယ်"
၎င်းတို့၏အသံသည် အလွန်ကျယ်လောင်လှသည်။ အနည်းငယ် ထိရှသွားပုံရသော အန်းယန်၏ မျက်ဝန်းများတွင် မျက်ရည်များဝဲလာခဲ့ရာ ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“ဒီနေ့ ခင်ဗျားကို အားလုံးကို တစ်ခွက်ချီးမြှောက်ပေးမယ်"
ဖုန်းချောင်ချုံးက အရှေ့သို့ လှမ်းလာလိုက်သည်။
“ကျွန်တော်တို့ကသာ မစ္စတာရွှယ်ကို တစ်ခွက်ချီးမြှောက်ပေးရမှာပါ"
ထိုသို့ပြောလိုက်သော ဖုန်းချောင်ချုံးက သူ၏ဝိုင်ခွက်ကို မြှောက်လိုက်သည်နှင့် အခြားလူများသည်လည်း ၎င်းတို့၏ဝိုက်ခွက်များကို လိုက်ပါ၍ မြှောက်လိုက်ကြသည်။
"ဒီတစ်ခွက်က မစ္စတာရွှယ် အတွက်ပါ"
ဤသည်မှာ ရွှယ်အန်းကို ချီးမြှောက်ပေးရန်အတွက် ကြီးမြတ်သူများ၏ တွေ့ဆုံပွဲတစ်ခုပင်ဖြစ်သည်။
အခန်း (၁၅၆) ယောက်ျားကို လှည့်စားတဲ့အတွက် ဘယ်လို အပြစ်ပေးသင့်လဲ
လူတိုင်းနီးပါးသည် ရွှယ်အန်းနှင့် အန်းယန်ကို ခွက်မြှောက်၍ ဂုဏ်ပြုချင်နေကြသည်။ အန်းယန်သည် ဖျော်ရည်အနည်းငယ်မျှသာ သောက်သုံးခဲ့၍ ကျန်အရက်သေစာများကို ရွှယ်အန်းက သောက်ခွင့်မပြုခဲ့ပေ။ သို့သော် ရွှယ်အန်းက မည်သူကိုမျှ ငြင်းဆိုခဲ့ခြင်းမရှိဘဲ ရောက်ရှိလာသမျှ ဖန်ခွက်တစ်ခုစီကို သောက်သုံးခဲ့ရာ၊ လူအများအပြား မူးလဲကျသည်အထိ ဖြစ်နေချိန်တွင် သူ၏မျက်နှာထက်၌ မူးဝေသည့် မည်သည်အရိပ်အမြွက်ကိုမှ မပြသခဲ့ပေ။
ထိုအချိန်တွင် သူ၏အနောက်မှ တွန့်ဆုတ်အသံတစ်ခု ထွက်ပေါ်လာသည်။
"ရှောင်အန်း၊ ညီမလေးလည်း ကိုကို့ကို ဂုဏ်ပြလို့ရမလား "
ရွှယ်အန်းက လှည့်ကြည့်လိုက်ချိန်တွင် ဝိုင်တစ်ခွက်ကို ကိုင်ထားသော ရှဲ့ကျင်းကျင်းက သူ့ကို စေ့စေ့ကြည့်နေခြင်းကို တွေ့လိုက်ရသည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
“ဒါပေါ့၊ ဒါပေမယ့် မင်း အရက်မသောက်တာ ပိုကောင်းလိမ့်မယ်"
ရှဲ့ကျင်းကျင်းက ခေါင်းမာစွာဖြင့် သူမ၏ခေါင်းကိုခါယမ်းလိုက်သည်။
"တစ်ခွက်ပဲ သောက်မယ်လေ နော်"
ရွှယ်အန်းက ခေတ္တရပ်တန့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ၎င်းတို့၏ ဖန်ခွက်များကို ညင်သာစွာ တိုက်လိုက်နောက် ရှဲ့ကျင်းကျင်းက ရှုပ်ထွေးသောအမူအရာဖြင့် ရွှယ်အန်းကိုကြည့်ကာ တီးတိုးပြောလိုက်သည်။
"ရှောင်အန်း၊ ညီမလေး ကိုကို ပျော်ရွှင်ဖို့ ဆုတောင်းပေးပါတယ်"
စကားပြောပြီးနောက် ရှဲ့ကျင်းကျင်းက သူမ၏ဖန်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ရွှယ်အန်းသည်လည်း သက်ပြင်းချပြီးနောက် သူ၏ဖန်ခွက်ထဲမှ ဝိုင်များကို မော့ချလိုက်သည်။ာသူမ၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ရွှန်းလဲလာသော ရှဲ့ကျင်းကျင်းသည် ရွှယ်အန်းကို နောက်တစ်ကြိမ် လှည့်ကြည့်ပြီးနောက် လှည့်၍ ထွက်ပြေးသွားခဲ့သည်။
ထိုအချိန်တွင် အန်းယန်က မတ်တပ်ထရပ်၍ ပြောလိုက်သည်။
"ကျွန်မ ရှန်းရှန်းနဲ့ နျန်နျန်ကို အပေါ်ထပ်ကို အရင်ခေါ်သွားလိုက်မယ်နော်"
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် အန်းယန်က ထန်ရွှမ်အာနှင့် ဖန်းမင်ရွှယ်ကို ပြုံးပြလိုက်လေသည်။
"ဒါက ယောက်ျားလေးတွေရဲ့ စားပွဲသောက်ပွဲ၊ ဒီတော့ ကျွန်မတို့ မိန်းကလေးတွေလည်း ပြန်သင့်ပြီ"
ဤသို့ဖြင့် အန်းယန်က ထန်ရွှမ်အာနှင့် ဖန်းမင်ရွှယ်တို့ကို အပေါ်ထပ်ကို ခေါ်သွားခဲ့သည်။ ၎င်းတို့ ထွက်သွားပြီးနောက် အရက်စားပွဲဝိုင်း၏ လေထုသည် ပို၍ပင် သက်တောင့်သက်သာ ရှိလာသည်။ ထိုအချိန်တွင် အဖိုးကြီးရှဲ့သည် တစ်ခွက်ချီးမြှောက်ရန် ရောက်ရှိလာသည်။ ယနေ့တွင် အဖိုးကြီးရှဲ့သည် ကမ္ဘာကြီးကို မြင်တွေ့ခဲ့ရပြီဖြစ်သည်။ ပေကျင်းမြို့နှင့် ပြည်နယ်မြို့တော်၏ အရေးပါသော ပုဂ္ဂိုလ်အများအပြားသည် ရွှယ်အန်း၏ အရှေ့တွင် လေးစားမှုများဖြင့် ပြုမူနေထိုင်နေကြသည်။ ယခုအခါ ရှောင်အန်း၏ အောင်မြင်မှုများသည် သူ၏ကိုယ်ပိုင် စိတ်ကူးထက် ပိုမိုကျော်လွန်နေပြီဟု ထင်ရသည်။
ဤသို့ဆိုလျှင်ပင် ရွှယ်အန်းက လုံးလုံးလျားလျား ပြောင်းလဲခြင်းမရှိဘဲ သူနှင့် ပျော်ရွှင်စွာ စားသောက်နေဆဲဖြစ်သည်။
ဤဖြစ်စဉ်က အဖိုးကြီးရှဲ့ကို အလွန်သက်တောင့်သက်သာရှိစေသည်။ ထို့ကြောင့် ဝိုင်သုံးခွက်မျှ မော့ချလိုက်ပြီးနောက် စိတ်ကျေနပ်စွာ ထွက်ခွာသွားခဲ့သည်။ ထိုအချိန်တွင် ချင်းယွမ်သည် ဝိုင်တစ်ခွက်နှင့် အရှေ့သို့ ရောက်လာခဲ့သည်။
“မစ္စတာရွှယ်၊ ကျွန်တော် ခင်ဗျားကို တစ်ခွက်လောက် ချီးမြှောက်ချင်ပါတယ်"
ရွှယ်အန်းက ပြုံးပြပြီးသည်နှင့် ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။
သူ၏ ဝိုင်ခွက်ကို သောက်သုံးပြီးသော ချင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
"မစ္စတာရွှယ်၊ ခင်ဗျားက အရက် တော်တော် သောက်နိုင်တာပဲ"
ဝိုင်တစ်ခွက်ကို မော့ချပြီးခဲ့သော ချင်းယွမ်က မျက်နှာအမူအရာ တည်ငြိမ်သွားခဲ့သည်။
“မစ္စတာရွှယ်၊ မေးသင့်လား မမေးသင့်လားမသိပေမယ့် ကျွန်တော် မေးစရာလေးရှိပါတယ်"
"အိုး၊ ဘာများလဲ"
ချင်းယွမ်သည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် တီးတိုးမေးမြန်းလိုက်သည်။
"ခင်ဗျားရဲ့ဇနီးက ကျုံးတုမြို့ရဲ့ အန်းမိသားစုနဲ့ ဘယ်လိုများ ပတ်သက်လဲဆိုတာ မေးလို့ရမလား"
ရွှယ်အန်းက ပြုံးလိုက်သည်။
"ဟုတ်တယ်၊ သူက အန်းမိသားစုကပဲ"
သူ၏မျက်လုံးများတွင် နားလည်မှုများဖြင့် တောက်ပလာသော ချင်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။
“ကျုပ် နားလည်ပါပြီ၊ မစ္စတာရွှယ်က အနာဂတ်မှာ ဘာလုပ်ဖို့ စီစဉ်ထားပါသလဲ”
"ရိုးရှင်းပါတယ်၊ ကျုပ်ကို အကြွေးတင်ထားတဲ့လူတွေကို သဘာဝအတိုင်း အကြွေးပြန်တောင်းရမှာပေါ့" ရွှယ်အန်းက ဘာသိဘာသာ ပြန်ပြောလိုက်သည်။
"မစ္စတာရွှယ်၊ ကျုံးတုမြို့ရဲ့ အန်းမိသားစုက ထိပ်တန်းအဆင့် တစ်ဆယ် မိသားစုထဲက တစ်ခုဆိုရင်တောင် ခင်ဗျားဘက်က လိုအပ်မယ်ဆိုရင် ကျုပ်တို့ ချင်းမိသားစုက အစွမ်းကုန် ပံ့ပိုးပေးသွားမှာပါ" ချင်းယွမ်က လေးနက်တည်ကြည်သောအမူအရာဖြင့် အားကြိုးမာန်တက်ပြန်ပြော၏။
"ဒါ့အပြင်၊ ဒီကျုံးတုမြို့ရဲ့ အထက်တန်းလွှာ မိသားစုတွေက ကောလဟာလတွေထဲကအတိုင်း အဲ့လောက်ကြီးမြတ်လိမ့်မယ်ဆိုတာ ကျုပ်တော့ မယုံဘူး"
ဤစကားများကို ပြောနေချိန်တွင် ချင်းယွမ်၏ မျက်နှာပြင်တွင် ပြတ်သား၍ပြတ်သားသော အမူအရာမျိုးထင်ဟပ်လာသည်။
“အန်းမိသားစုတစ်ခုလောက်ကို ကျုပ်ဘက်က အာရုံစိုက်ဖို့ မထိုက်တန်ပါဘူး”ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။
ပြီးနောက် ကြယ်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ကြီးကို မော့ကြည့်၍ တီးတိုးပြောလိုက်သည်။
“ဒီကမ္ဘာကြီးက ခင်ဗျားတို့ မြင်နေတာထက် အများကြီး ပိုပြီးကျယ်ပြောလွန်းတယ်”
လူအများစုသည် ထိုညတွင် အလွန် အရက်မူးနေကြသည်။ ၎င်းတို့အားလုံးသည် မနက်စောစောအချိန်မှာသာ တဖြည်းဖြည်း လူစုကွဲသွားကြသည်။ ရွှယ်အန်းက အပေါ်ထပ်သို့ တက်လာချိန်တွင် ဆိုဖာပေါ်တွင် ထိုင်နေသော အန်းယန်ကို တွေ့လိုက်ရသည်။ လက်ဖက်ရည် နွေးနွေးတစ်ခွက်ကိုလည်း ကော်ဖီစားပွဲပေါ်တွင် တင်ထား၏။ အရက်သေစာသည် ရွှယ်အန်းအတွက် မမူးမော်စေသော်လည်း လက်ဖက်ရည်ကို ပျော်ရွှင်စွာ ရယ်မော၍ သောက်သုံးခဲ့သည်။
ထိုအချိန်အတွင် အန်းယန်က ညင်သာစွာ ပြောလိုက်သည်။
"ဖန်းမင်ရွှယ် ပြန်သွားပြီ"
ရွှယ်အန်းက အနည်းငယ် အံ့ဩသွားပြီးနောက် စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒီလောက်နောက်ကျနေတာကို ဘာလို့ ပြန်သွားလဲ"
“ဘာလဲ၊ သူက မပြန်တော့ ဒီမှာ တစ်ညလုံးနေသင့်တာလား"အန်းယန်က ပြုံးရယ်၍ ကျီစယ်လိုက်သည်။
ရွှယ်အန်းက ဆွံ့အ နေသည်ကို မြင်၍ အန်းယန်က သက်ပြင်းချကာ ဆက်ပြော၏။
"ကျွန်မတို့တွေ မိန်းကလေးအချင်းချင်း ကိစ္စတွေပြောပြီးတာနဲ့ သူ ထွက်သွားတော့တာပဲ အိုး"
ရွှယ်အန်းက ဉာဏ်ရှိစွာဖြင့် သူ၏ပါးစပ်ကို ပိတ်ထားလိုက်သည်။ အန်းယန်က အချိန်အတော်ကြာ စောင့်ခဲ့သော်လည်း ရွှယ်အန်းက စကားမပြောခဲ့သောကြောင့် သူမဘက်မှ မေးမြန်းရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။
"ရှင် မသိချင်ဘူးလား"
ရွှယ်အန်းက ခါးသီးစွာ ပြုံးလိုက်သည်။
"ဒါဆို မင်းတို့ ဘာတွေပြောကြလဲ"
အန်းယန်က လျှို့ဝှက်ချက်ဆန်စွာ ပြောပြီးနောက် ကျိတ်ရယ်လိုက်သည်။
"မပြောပါဘူး။ ဒါက ကျွန်မတို့မိန်းကလေးတွေကြားက လျှို့ဝှက်ချက်တွေပါနော်"
ရွှယ်အန်းသည် အန်းယန်၏ ကလေးဆန်သော အပြုအမူကြောင့် မခံမရပ်နိုင်ဖြစ်မိသော်လည်း ဟာသမြောက်နေမိသည်။ ရွှယ်အန်းသည် သူမကို ရုတ်တရက် ပွေ့ချီပြီးနောက် အိပ်ခန်းထဲသို့ လျှောက်လှမ်းသွားကာ ကုတင်ပေါ်သို့ ပစ်ချလိုက်လေသည်။
"ခင်ပွန်းကို လှည့်စားခဲ့တဲ့အတွက် မင်းကို ဘယ်လိုအပြစ်ပေးသင့်လဲ"
ရွှယ်အန်းက တင်းမာသောမျက်နှာထားဖြင့် မေးလာသဖြင့် အန်းယန်က ရွှယ်အန်းကို သနားဖွယ်ကောင်းသော အမူအရာမျိုးဖြင့်ပြန်ကြည့်လိုက်သည်။
"ရှင် ကျွန်မကိုအနိုင်ကျင့်တယ်၊ ရှင် ကျွန်မကို တကယ် အနိုင်ကျင့်တယ်ပေါ့လေ... သူ့ကို သမီးနှစ်ယောက်တောင် မွေးပေးထားတာတောင် ရှင်က အနိုင်ကျင့်ရဲသေးတယ်...ဟီးဟီးဟီး”
အဆုံးတွင် ရယ်မောမှုကို မထိန်းချုပ်နိုင်တော့သော အန်းယန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။ ရွှယ်အန်းသည်လည်း ရယ်မောနေမိသည်။ ၎င်တို့နှစ်ဦး ရယ်မောပြီးနောက် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ထိုအချိန်မှာ ကလေးမလေးနှစ်ဦးက ဘေးဘက်ခန်းတွင် အိပ်မောကျနေပြီဖြစ်သည်။ နေရာတစ်ခုလုံး တိတ်ဆိတ်နေခဲ့ရာ၊ ၎င်းတို့ အချင်းချင်း၏ နှလုံးခုန်သံများကိုပင် ကြားနေရသည်။
မျက်နှာပြင်တစ်ခုလုံး တဖြည်းဖြည်း နီမြန်းလာသော အန်းယန်သည် အိပ်ရာပေါ်တွင် ဖြည်းညင်းစွာ လဲလျောင်းလိုက်ပြီးနောက် သူမ၏ နံနားရှိ ခေါင်းအုံးကို ပုတ်လိုက်သည်။
"မအိပ်သေးဘူးလား"
ရွှယ်အန်းက ရယ်မောပြီးနောက် လှဲအိပ်လိုက်သည်။ ၎င်းတို့နှစ်ဦးက လဲလျောင်းပြီးနောက် မျက်နှာကျက်ကို တိတ်ဆိတ်စွာဖြင့် ငေးကြည့်နေကြသည်။ ခဏအကြာတွင်၊ အန်းယန်က တစ်ဖက်သို့ ပြန်လှည့်ကာ ရွှယ်အန်း၏ခါးကို ညင်သာစွာ ဖက်ထားလိုက်သည်။ ရွှယ်အန်းက ပြုံး၍ အန်းယန်၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ပြီးနောက် ရွှယ်အန်းက သူ၏ရင်ဘတ်ပေါ်မှ နွေးထွေးမှုတစ်မျိုး ခံစားလိုက်ရသည်။
"မိန်းမ၊ ဘာဖြစ်လို့လဲ"
ခေါင်းမော့လိုက်သော အန်းယန်၏မျက်နှာပြင်တွင် မျက်ရည်များဖြင့် စိုရွှဲနေသည်။
“ယောက်ျား၊ ကျွန်မ အခု အိပ်တောင် မအိပ်ရဲတော့ဘူး။ ဒါတွေအကုန်လုံးက အိပ်မက်တစ်ခုဖြစ်နေမှာကို ကျွန်မ အရမ်းကြောက်တာပဲ"
ရွှယ်အန်းသည် သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်များကို သူ၏လက်ဖြင့် ယုယုယယ သုတ်ပေးလိုက်သည်။
"စိတ်မပူပါနဲ့ ဒါတွေက အိပ်မက်မဟုတ်ဘူး၊ ပြီးတော့ အနာဂတ်မှာလည်း ကိုယ် မင်းအနားမှာ အမြဲရှိနေမှာ"
ပြီးနောက် ၎င်းတို့နှစ်ဦး နှုတ်ဆိတ်သွားကြသည်။
"ယောက်ျား ကျွန်မ ရှင့်ကို ချစ်တယ်နော်"
"ကိုယ်လည်း မင်းကို ချစ်ပါတယ်"
"အင်း"
အန်းယန်က ခေါင်းညိတ်ပြပြီးသည်နှင့် ပြုံးရယ်၍ ရွှယ်အန်း၏နားထဲသို့ တီးတိုးပြောလိုက်သည်။
"ယောက်ျား၊ လိုချင်လား ဟင်"
တိုးညှင်းညှင်းအသက်ရှုသံသည် ရွှယ်အန်း၏နားရွက်ကို ယားယံသွားစေသည်။ ရွှယ်အန်း၏ နှလုံးခုန်သံ အနည်းငယ် မြန်ဆန်လာပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့၊ ကိုယ် လိုချင်တာပေါ့"
အန်းယန်၏ မျက်နှာအမူအရာ လေးနက်သွားသည်။
"လိုချင်ရင်လည်း မပေးပါဘူး။ တောင့်ထား"
သို့သော် သူမသည် ခဏအကြာတွင် ထပ်မံရယ်မောပြီးနောက် ရွှယ်အန်း၏ရင်ဘတ်တွင် သူမ၏ ခေါင်းကိုမြုပ်ထားကာ ငှက်ကုလားအုတ်တစ်ကောင်ကဲ့သို့ ဗလုံးဗထွေး ပြောလိုက်သည်။
"လိုချင်ရင်... ကျွန်မ ပေးမှာပါ"
သို့တိုင်ပင် ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"မိန်းမ"
"ဟင်"
အန်းယန်က ခေါင်းမော့လိုက်သည်။
“မင်း ခန္ဓာကိုယ်က ချိပ်ပိတ်ထားတာကြောင့် အားနည်းနေသေးတယ်… ကိုယ် လိုချင်ရင်တောင် ထိန်းထားမှဖြစ်မယ်။ အနှစ်သုံးထောင်လောက် စောင့်ပြီးပြီပဲကို နောက်ထပ် ရက်နည်းနည်းလောက် ထပ်စောင့်ရမှာကို ကိုယ် မကြောက်ပါဘူး”
ရွှယ်အန်းက လေးနက်စွာ ပြောလိုက်သည်။ အန်းယန်၏ မျက်လုံးများ နီရဲလာပြန်သည်။ သူမသည် ရွှယ်အန်းနှင့် ပြန်လည် တွေ့ဆုံချိန်မှစ၍ မျက်ရည် ပိုလွယ်လာခဲ့သည်။
"ဒီတော့ မိန်းမက စိတ်ချထားနော်၊ ကိုယ်တို့ တစ်သက်တာ ပျော်ရွှင်မှုအတွက် ချိပ်ပိတ်ထားတာကို ကိုယ် တတ်နိုင်သမျှ မြန်မြန် ဖယ်ထုတ်မှာပါ" ရွှယ်အန်းက ပြုံးရယ်၍ပြော၏။
အန်းယန်က သဘောတူညီသံပြု၍ ရွှယ်အန်း၏ ရင်ခွင်ထဲတွင် ကျေနပ်စွာ လဲလျောင်းနေလိုက်သည်။ အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်၊ အန်းယန်က တီးတိုးပြောလိုက်သည်။
"ယောက်ျား၊ ရှင် အိပ်ပျော်သွားပြီလား"
"ကိုယ် အိပ်ပျော်နေပြီ"
"ရှင်ကတော့ နော်"
အန်းယန်က ရွှယ်အန်းကို လက်သီးဖြင့် ထိုးလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
"ရှန်းရှန်းနဲ့ နျန်နျန်က အန်းချင် ရောက်လာတယ်လို့ ပြောတယ်၊ အဲ့ဒါ ဟုတ်လား"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ဒါပေမယ့် သူ့အလုပ်က တာဝန်ကျလာလို့ဆိုပြီး ပြန်ထွက်သွားတာ"
အန်းယန်က စိုးရိမ်တကြီး ပြောလိုက်သည်။
“အန္တရာယ်တစ်ခုခုများ ရှိနေမလား မသိဘူးနော်၊ သူအဆင်မှပြေရဲ့လား သိချင်လိုက်တာ”
"စိတ်မပူပါနဲ့၊ သူက ကွန်ပြူတာကျွမ်းကျင်သူမို့လို့ စစ်မြေပြင်ကို သွားစရာ မလိုပါဘူး"
အိပ်ယာပေါ်တွင် ၎င်းတို့နှစ်ဦးက တီးတိုးပြောနေစဉ်တွင် ပေကျင်းမြို့အပြင်ဘက်ရှိ အဝေးပြေးလမ်းမပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေသော အမျိုးသားတစ်ဦးက ရုန်းကန် လျှောက်လှမ်းနေလေသည်။ သူ၏စိတ်ထဲတွင် ပန်းတိုင်တစ်ခုသာရှိနေသည်။ ဤသည်မှာ ပေကျင်းမြို့ကိုသွား၍ ရွှယ်အန်းဟု ခေါ်သော အမျိုးသားကိုတွေ့ရန်ဖြစ်သည်။ ၎င်းသည် သူမ အဖမ်းမခံရခင်အချိန် အန်းချင်က မိမိကို နောက်ဆုံးပြောခဲ့သည့် စကားဖြစ်သည်။
အန်းချင်က ရှင်းလင်းစွာ သိထားသည်။ သူမနှင့် အင်မော်တယ်ဖီးနစ်တပ်ဖွဲ့ဝင်များကို ကယ်တင်နိုင်မည့် တစ်ဦးတည်းသောလူသည် ရွှယ်အန်းသာ ဖြစ်ပေလိမ့်မည်။