အခန်း (၁၆၆-၁၆၈)
Vol. 12 Ch. 166-168
အခန်း(၁၆၆) မေမေ အရမ်းတုံးတာပဲ
မင်ယွေ့ဖုန်း တုန်လှုပ်သွားပြီးနောက် ဆက်လုပ်လာသော အပြုအမူအကြောင့် ယွမ်ယွင်ရှင်းအလွန်အံ့သြသွားရသည်။ မင်ယွေ့ဖုန်းသည် ရုတ်တရက် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်၏။
“မစ္စတာ ရွှယ်၊ ငါက ဒီလုပ်ရပ်တွေအားလုံးအတွက် တာဝန်ရှိတယ်။ ငါ့ကိုသတ်ပါ၊ ဒါပေမယ့် မင်မိသားစုကို ညှာတာပေးပါ”
ထိုစကားကိုပြောပြီးနောက် မင်ယွေ့ဖုန်းသည်မျှော်လင့်ချက်အပြည့်ဖြင့် ရွှယ်အန်းကို ကြည့်နေသည်။
"ဖွဲ့စည်းပုံကို ဖောက်ဖျက်ပြီးရင် မင်းရဲ့ မင်မိသားစုက အဲ့အကြောင်းသိတဲ့လူတွေအားလုံးကို သတ်ဖို့ ကြံစည်ထားတုန်းကရော ဘယ်သူ့ကို သက်ညှာပေးဖို့ စဥ်းစားဖူးလဲ” ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးရုံသာ ပြော၏။
ဤစကားကြောင့် မင်ယွေ့ဖုန်း၏ မျက်နှာတစ်ခုလုံး ဖြူဆုတ်သွားရသည်။
"ဘယ်လို...ဘယ်လိုလုပ်သိတာလဲ"
"ငါဘယ်လိုသိတာလဲ မင်းသိချင်တယ်မဟုတ်လား"
“မင်းဟာ ငါ့မိသားစုကို အန္တရာယ်ပေးဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာကိုလည်း ငါသိတယ်။ ငါပြောတာမှန်တယ်မလား သခင်လေးမင်"
မင်ယွေ့ဖုန်းသည် သူ့ခြေဖဝါးအောက်မှ မီးတောက်တစ်ခု တိတ်တဆိတ်တောက်လောင်လာသည်ကို ခံစားလိုက်ရသဖြင့် နာကျင်စွာအော်ဟစ်လိုက်သည်။ အခြားသော လျင်မြန်သောမီးများနှင့်မတူသည်မှာ ဤမီးသည် မင်ယွေ့ဖုန်းကို ဖြည်းညှင်းစွာ လောင်ကျွမ်းစေခြင်းပင်ဖြစ်၍ တစ်စုံတစ်ယောက်က သူ၏ ရိုးတွင်းခြင်ဆီကို ရွှေရောင်အပ်တစ်စင်းဖြင့် ဖောက်ထွင်းနေသကဲ့သို့ နာကျင်မှုသည် အသည်းခိုက်ဖွယ်ကောင်းလှသည်။
"ငါ့ကိုသတ်လိုက်ပါ။ ငါကို သတ်သာသတ်လိုက်ပါတော့” မင်ယွေ့ဖုန်းက နာကျင်မှုကို သည်းမခံနိုင်တော့သဖြင့် အော်လိုက်သည်။ ရွှယ်အန်းက ပြုံး၍ ကြည့်ကာ တုန်လှုပ်ချောက်ခြားနေသော ယွမ်ယွင်ရှင်းကို လှည့်ကြည့်လိုက်သည်။
"တော်တော်လှတယ်မဟုတ်လား"
ယွမ်ယွင်ရှင်း၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားသည်။
"ရွှယ်အန်း တစ္ဆေတစ်ကောင်ဖြစ်သွားရင်တောင် ငါမင်းကို ခွင့်မလွှတ်ဘူး” မင်ယွေ့ဖုန်း က အော်လိုက်သည်။
ရွှယ်အန်းက အားပါးတရရယ်၍ပြော၏။
"မင်းမှာ သရဲတစ္ဆေဖြစ်ဖို့ အခွင့်အလမ်းရှိမယ် ထင်လား"
မီးတောက်များ ရုတ်တရက် ပိုမိုပြင်းထန်လာပြီးနောက် မင်ယွေ့ဖုန်းသည် ၎င်းတို့အောက်တွင် လောင်ကျွမ်းပျောက်ကွယ်သွားသည်။ သူ၏ ဝိညာဉ်နှင့် စိတ်ဝိညာဥ်တို့အားလုံး ချေမှုန်းခံလိုက်ရ၏။ ရွှယ်အန်းသည် ခေါင်းလှည့်၍ ယွမ်ယွင်ရှင်းကိုကြည့်လိုက်သည်။ ထိုအချိန်တွင် ယွမ်ယွင်ရှင်းထိတ်လန့်စွာ ငြိမ်သက်သွားပြီးမှ ဆက်ပြော၏။
"ကျွန်မ မသေခင် ရှင့်ကို မေးခွန်းနည်းနည်းမေးလို့ရမလား"
“မေးလေ” ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဘာလို့ အစ်ကို့ကို သတ်လိုက်တာလဲ"
"ဘာလို့လဲဆိုတော့ သူက … နှစ်မြို့စရာမကောင်းလို့"
နှစ်မြို့စရာမကောင်းလို့ ဒါ ဘယ်လိုရှင်းပြချက်လဲ။ ယွမ်ယွင်ရှင်းသည် တပြိုင်နက်တည်း၌ ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ တကယ်တမ်းတွင် ရွှယ်အန်းသည် မည်သို့မျှ ရှင်းပြရန် ထိုက်တန်သည်ဟု မထင်ထားပေ။
“ဒါဆို… ရှင့်ရဲ့ဖွဲ့စည်းပုံစွမ်းရည်ကို ဘယ်မှာလေ့လာခဲ့လဲ။ အင်မော်တယ်စည်းချိပ်ကို ချိုးဖျက်ဖို့ နည်းလမ်းကို ရှင်ဘယ်လိုသိခဲ့တာလဲ”
"ဒါကို ငါဘာသာလေ့လာထားတာလို့ပြောရင် မင်းယုံမှာလား”
ယွမ်ယွင်ရှင်းက နှုတ်ခမ်းကို ကိုက်၍ခေါင်းညိတ်လိုက်သည်။
“ယုံတယ်”
“ငယ်ငယ်ကတည်းက လူတွေက ကျွန်တော့်ကို ဖွဲ့စည်းပုံပါရမီရှင်လို့ ခေါ်ကြပေမယ့် အဲ့နာမည်ကို မုန်းတယ်။ သူတို့အားလုံးက ကျွန်မ ကြိုးစားအားထုတ်ခဲ့တဲ့အားထုတ်မှုကို လျစ်လျူရှု့ထားကြတယ်။ ဒါပေမယ့် ရှင်ကတော့… တကယ့် ပါရမီရှင်တစ်ယောက်ပဲ”
ယွမ်ယွင်ရှင်းက မျက်လုံးမှိတ်လိုက်သည်။
"လုပ်ပါ"
ရွှယ်အန်းသည် ဤသာမန်အမျိုးသမီးကို ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ယွမ်ယွင်ရှင်းက အံ့သြမှုအပြည့်ဖြင့် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
"ရုတ်တရက် စိတ်ပြောင်းသွားပြီ၊ မင်းလို ဖြူစင်တဲ့လူတွေက ရှားပါးလာတယ် နောက်တစ်ယောက်ကို သတ်လိုက်တာက ဒီကမ္ဘာကြီးကို ပိုပြီး မွဲခြောက်သွားစေလိမ့်မယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည်ဆုန်ယိကို မြေပြင်မှဆွဲထူ ခုန်ချ၍ ပင်လယ်ပြင်ထက်မှ ပျောက်ကွယ်သွားသည်။ ယွမ်ယွင်ရှင်းသည် ရွှယ်အန်း၏ နောက်ကျောကို စိုက်ကြည့်နေ၏။
ဝမ်းနည်းရမည်လော၊ ပျော်ရွှင်ရမည်လော သူမမသိတော့ပေ။ ဤအချိန်တွင် ရှန်ကျန်းမြို့၌ မင်မိသားစု၏ ဟိုတယ်တစ်ခုအတွင်း၌ အန်းယန်နှင့် သမီးနှစ်ယောက်သည် ပဟေဌိများကို ခန့်မှန်းလျက်ရှိသည်။
“မေမေ၊ ဝက်ကြီးက ‘အင်း’လို့ပြောပြီး ဝက်ငယ်လေးက 'ဟင့်အင်း' လို့ ပြောတာကို ကြားဖူးလား။” ရွှယ်ရှန်းက တခစ်ခစ်ရယ်၍ မေးသည်။ အန်းယန်သည် ခဏတာမျှ တွေးတောကာ မျက်မှောင်ကြုတ်၍ ရွှယ်နျန်ကို မေးလိုက်သည်။
"နျန်နျန်ကြားဖူးလား"
ရွှယ်နျန်က စိတ်အားထက်သန်စွာ ခေါင်းခါ်လိုက်၏။ "ဟင့်အင်း”
"ဟီးဟီးဟီးဟီး" ရွှယ်ရှန်းက သူမ၏ မျက်လုံးများ လခြမ်းများအဖြစ်သို့ ကွေးသွားသည်အထိ ရယ်မောလိုက်သည်။ အန်ယန်သည်လည်း ပြုံးရွှင်နေ၏။
"နင်တို့ဘာတွေရယ်နေကြတာလဲ" ရွှယ်နျန်အနည်းငယ် အံ့ဩသွားသည်။
“နင်က တကယ်ကို အရူးကြီးပဲ။ ဝက်ကြီးက 'အင်း' လို့ပြောတယ်၊ ဝက်ငယ်လေးက 'ဟင့်အင်း' လို့ပြောပါတယ်ဆို နင်က ‘ဟင့်အင်း’လို့ ပြောလိုက်တယ် အဲ့တာ နင့်ကိုနင် ဝက်လေးလို့ပြောလိုက်မဟုတ်ဘူးလား” ရွှယ်ရှန်းက ရှင်းပြသည်။
ထိုမှပင် ရွှယ်နျန်နားလည်လာတော့သည်။
"အမေ မမက သမီးကို ထပ်ပြီးအနိုင်ကျင့်နေပြန်ပြီ”
"အာ... ဒါက နင့်ကို အနိုင်ကျင့်တယ်တဲ့လား။ ဒါ နင့်ဘာသာပိန်းနေလို့မဟုတ်ဘူးလား”
ဤသို့ပြော၍ ရွှယ်ရှန်းက ရွှယ်နျန်ကို မျက်နှာလွှဲလိုက်ရာ ရွှယ်နျန်၏ ဖောင်းအိအိမျက်နှာကလေးက ဒေါသကြောင့် နီမြန်းလာ၏။
"မမ မမကို ပဟေဠိတစ်ခု ဝှက်ပြမယ်”
“အိုကေလေ ပြောကြည့်လိုက်" ရွှယ်ရှန်းသည် ယုံကြည်မှုအပြည့်ရှိသည်။
“အမ်… အမ်…” ရွှယ်နျန်၏ မျက်နှာငယ်လေးသည် အနည်းငယ် နီရဲလာ၍ နောက်ဆုံးတွင် ထုတ်ပြောလိုက်သည်။
“လိပ်နဲ့ ယုန်က ပြိုင်တယ်၊ ဝက်က တရားသူကြီးပဲ။ ဘယ်သူအနိုင်ရလဲ ပြောပြနိုင်မလား"
ရွှယ်ရှန်းက တစ်စုံတစ်ခု ပြောတော့မည့်အခိုက်အတန့်တွင် သူမ၏ ဝိုင်းစက်နေသော မျက်လုံးကြီးများကို ရုတ်တရက်မှိတ်လိုက်ကာ အန်းယန်ဘက်သို့ လှည့်၍ ပြောလိုက်၏။
“အမေ၊ ဒီအဖြေကို သမီး မသိဘူး”
အန်းယန်ကလည်း ခဏတာစဥ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
“အဲတာက… လိပ်နဲ့ ယုန်နဲ့ပြိုင်တာဆိုတော့ နိုင်တာက လိပ်ဖြစ်မယ်ထင်တယ်”
“ဒါဆို မေမေက ဝက်ကြီးပေါ့”
“ဘာလို့လဲ” အန်းယန်က အံ့သြသင့်နေ့သော အမူအရာဖြင့်မေး၏။
“ဘာလို့လဲဆိုတော့ … တရားသူကြီးကပဲ ဘယ်သူနိုင်တာလဲသိလို့လေ”
နျန်နျန်က ပျော်မြူးစွာဖြင့် စိတ်အားထက်သန်လျက်ရယ်နေ၏။ ရွှယ်ရှန်းက သူမ၏ လက်နှစ်ဖက်ကို တင်ပါးပေါ်တင်လျက် အနည်းငယ်စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
“မေမေက အရမ်းတုံးတာပဲ”
အန်းယန်သည်လည်း ရယ်ရခက်ငိုရခက်ဖြစ်သွား၏။
“ဟုတ်ပါတယ် မေမေက တုံးတာပါ”
ထို့နောက် အန်းယန်က မတ်တပ်ထရပ်၍ စိုးရိမ်စွာဖြင့် ရာသီဥတုကို ကြည့်လိုက်သည်။ မိမိ၏ ခင်ပွန်းဖြစ်သူက မည်သို့ လုပ်ဆောင်နေမည်ကို သိချင်နေမိသည်။ ရွှဘ်အန်းက ပေါ့ပေါ့ပါးပါးပြောသွားခဲ့သော်လည်း အန်းယန်ကမူ စိုးရိမ်မိနေသေးသည်။ ဟွားပိုင်ကျဲနှင့် ချိုင်ရွှီခွန်တို့သည် ဟိုတယ်နှင့် မလှမ်းမကမ်းမှ အဆောက်အဦတစ်ခု၏ ထိပ်တွင်ရပ်နေသည်။
“ရွှယ်အန်းနဲ့ မင်မိသားစုတို့က ပင်လယ်ဘက်ကို ထွက်သွားပေမယ့် ဘာလို့ ထွက်သွားလဲဆိုတာ မသိသေးဘူး။ ငါတို့ ဒီအခွင့်အရေးကို ယူပြီး ရွှယ်အန်းရဲ့မိန်းမနဲ့ ကလေးတွေကို ပြန်ပေးဆွဲကြရအောင်။ သူပြန်လာရန် သူမိသားစုကို သုံးပြီး အညံ့ခံခိုင်းလို့ရတယ်” ချိုင်ရွှီခွန်က အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ လျှာသပ်၍ပြောသည်။
ပိုင်ဟုန်ကျဲကခေါင်းခါလိုက်၏။
‘မင်းသွားချင်ရင် မင်းဘာသာသွား ငါ အဲ့လိုမျိုးမလုပ်နိုင်ဘူး”
ချိုင်ရွှီခွန်က အေးစက်စွာနှာခေါင်းရှုတ်လိုက်သည်။
“ဒါဆို ငါသွားမယ်”
ဤသို့ပြောပြီးနောက် ချိုင်ရွှီခွန်သည် အရိပ်များထဲ၌ ပျောက်ကွယ်သွား၏။ ဤသည်က သူ၏ မွေးရာပါ စွမ်းရည်ဖြစ်ကာ အမှောင်ထဲတွင် အမြန်ရွေ့လျားပျောက်ကွယ်နိုင်သည်။
ချိုင်ရွှီခွန်က မင်မိသားစု၏ ဟိုတယ်ရှေ့၌ ပြန်ပေါ်လာပြီးနောက် အန်းယန်တို့ နေနေသော အခန်း၏ အပြင်ဘက် နံရံ့မှတွယ်တက်လိုက်သည်။ ထိုအခိုက်အတန့်တွင် အန်းယန်သည် ပြတင်းပေါက်အပြင်၌ ရပ်နေ၏။ ချိုင်ရွှီခွန်က အန်းယန်ကို ကြည့်၍ မက်မောသောအသွင်ဖြင့် လျှာသပ်လိုက်သည်။
ဒီမိန်းမက အရမ်းလှတာပဲ။ ထို့အပြင် အန်းယန်သည်လည်း ချိုင်ရွှီခွန်ကို သတိထားမိသဖြင့် ကြောင်ကြည့်နေ၏။
သူက အနည်းငယ် အားစိုက်ထုတ်လိုက်သောအခါ ဖန်အမာသားမှန်က စတင်ကွဲအက်လာသည်။ ထို့နောက် ချိုင်ရွှီခွန်းက သူ့ကိုယ်သူ အလွန်ယုံကြည်မှုပြင်းထန်စွာဖြင့် ချောမောစွာလျှောက်လှမ်းလာသည်ဟု တွေးကာ အန်းယန်နှင့် ကလေးမလေးနှစ်ယောက်ကို ကြည့်လျက် ခပ်ပါးပါးပြုံးလိုက်သည်။
“မိန်းမလှလေးတို့ စိတ်မကောင်းပါဘူး။ အခုကစပြီး မင်းတို့အားလုံး ငါ့စကားကို နားထောင်ကြရမယ်”
အန်းယန်က အံ့သြတကြီးဖြစ်လျက် မေး၏။
“ရှင်ဘာလုပ်မလို့လဲ”
“မင်းယောက်ျား အရမ်း မာန်တက်နေတာကိုပဲ အပြစ်တင်လိုက်ပါ။ အခု သူ့ခေါင်းအတွက် လူတစ်ယောက်က တန်ကြေး တစ်ဘီလီယံဖွင့်ထားတယ်…” ချိုင်ရွှီခွန်းက ဤသို့ပြောလျက် အန်းယန်၏ အသားကို ထိရန် လက်ကို ဆန့်လိုက်သည်။
သို့သော် သူ့လက်က လမ်းတစ်ဝက်သို့သာ ရောက်နေသည့်အခိုက်အတွင် အန်းယန်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာသည်။ ထိုအရှိန်အဟုန်သည် အလွန် ထိတ်လန့်ဖွယ်ကောင်းလှသဖြင့် ဟိုတယ်တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေနိုင်သည်။
ချိုင်ရွှီခွန်းက ထိုရွှေရောင်အလင်းတန်းကြောင့် လွင့်ထွက်သွားသည်။
ဘမ်း
ဘမ်း
ဘမ်း
ထို့နောက် သူသည် နံ့ရံတစ်ခုပြီးတစ်ခုသို့ ပေါက်ထွက်၍ ဟိုတယ်၏ ကြမ်းပြင်တစ်ခုလုံးကို ပေါက်ထွင်းသွားသည်။ ကျန်ရှိသော စွမ်းအားက မကုန်သေးသော်လည်း သူက ချက်ချင်းပင် အဝေးရှိ တောင်တန်းတစ်ခုသို့ လွင့်ထွက်သွား၏။
ဘွန်း
ချိုင်ရွှီခွန်သည် ချက်ချင်းပင် တောင်များအကြား၌ မြေမြှုပ်ခံလိုက်ရပြဖြစ်ရာ နောက်ဆုံးတွင် ယင်းကြောင့်သာ ရပ်တန့်သွား၏။ ထိုအခါမှသာလျှင် ချိုင်ရွှီခွန်က သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။ သွေးများသည် သူ၏ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများဖြင့်ရောနေ၏။ ထိုတစ်ချက်တည်းကပင် ချိုင်ရွှီခွန်၏ အရိုးများအားလုံးကို ကျိုးကြေသွားစေနိုင်သည်။
အကယ်၍ ချိုင်ရွှီခွန်၏ မွေးရာပါစွမ်းရည်ကသာ သူ၏ စွမ်းအင်အများစုကို အရိပ်အဖြစ်သို့ မပြောင်းစေနိုင်ခဲ့လျှင် ဖုန်အဖြစ်ပြောင်းလဲသွားမည်မှာသေချာသည်။ ချိုင်ရွှီခွန်၏ မျက်နှာထက်တွင် ကြောက်လန့်မှုများအပြည့်ဖြစ်နေ၏။ ဟွားပိုင်ကျဲသည် အဖြစ်အပျက်ကို အဝေးမှကြည့်၍ ဖြူဖျော့သွားသည်။
‘ဘာဖြစ်သွားတာလဲ’
သူမက ရွှေရောင်အလင်းတန်းကို မြင်လိုက်ရပြီးနောက် အလွန်ပြင်းထန်သော စွမ်းအားတစ်ခုက ပတ်ဝန်းကျင်လေထုတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ၎င်းသည် ခဏတာမျှသာကြာလိုက်သော်လည်း ယင်းက ဟွားပိုင်ကျဲကို အလွန်တုန်လှုပ်သွားစေ၏။ ထိုစွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
ဤသို့ဆိုလျှင် အစီအစဥ်ကို ပြောင်းရန် လိုအပ်နေပြီဖြစ်သည်။ ဤသို့တွေး၍ ဟွားပိုင်ကျဲက နေရာမှ ပျောက်ကွယ်သွား၏။
သူမထွက်သွားပြီး မကြာမီတွင် ရွှယ်အန်းသည် ဟိုတယ်၏ အထက်သို့ ဆုန်ယိနှင့်အတူ ရောက်လာသည်။ ပျက်ဆီးနေသော ဟိုတယ်ကို ကြည့်လိုက်ပြီးနောက် ရွှယ်အန်း၏ မျက်ခုံးများ မြင့်တက်လာကာ မျက်နှာသည်လည်း သတ်ဖြတ်လိုစိတ်များပြည့်လာသည်။
‘တကယ် ငါ့မိသားစုကို တိုက်ရဲတယ်ပေါ့’
ရွှယ်အန်း အလွန် ဒေါသထွက်နေ၏။ သူ၏ ဒေါသအောက်တွင် ကောင်းကင်ယံတစ်ခုလုံး လောင်ကျွမ်း၍ ရှန်ကျန်းမြို့တစ်ခုလုံး အနည်းငယ်တုန်ယင်သွားသည့်ပုံပေါ်သည်။
အခန်း(၁၆၇) မြို့တစ်ခုလုံး၏ ပန်းများနှင့် အပင်များကို ငှားရမ်းခြင်း
မင်ချန်ဟိုင်သည် ရုတ်တရက် ပြင်းထန်သော နှလုံးခုန်သံကို ခံစားလိုက်ရသဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဘာကိစ္စရှိလို့လဲ။
ရွှေ့ဖုန်းများ ဒုက္ခရောက်နေပြီလား။
မင်ချန်ဟိုင်သည် ထိတ်လန့်မှုနှင့် သံသယများ ရောထွေးကာ တောင်ခြေရင်းမှ ပြင်းထန်သော ရောင်ဝါတစ်ခုတစ်ဟုန်ထိုး တက်လာသည်ကို ခံစားလိုက်ရသည်။ မင်ချန်ဟိုင်၏ မျက်နှာသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေ၍ သူ၏ ခန္ဓာကိုယ်သည် ဤမယုံကြည်နိုင်လောက်သော အရှိန်အဟုန်အောက်တွင် အနည်းငယ် တုန်ခါနေသည်။
ဘယ်သူလဲ
ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်တည်မှုမျိုးရှိနေတာလဲ။
ထိုအချိန်တွင် ရွှယ်အန်းက အိမ်သို့ ပြန်လာခဲ့သည်။
ခင်ပွန်းဖြစ်သူ ပြန်လာသည်ကိုမြင်သောအခါ အန်ယန်က လေးလံသောဝန်ထုပ်ဝန်ပိုးကို ဖယ်ချလိုက်ရသကဲ့သို့ စိတ်ပေါ့ပါးသွားသည်။ ရှန်းရှန်းနှင့် ညီမဖြစ်သူတို့က သူ့ဆီသို့ပြေးလာကြသည်။
"ဖေဖေ ခုနက ဒီမှာ လူဆိုးဦးလေးကြီးတစ်ယောက်ရှိနေတယ်" ရှန်းရှန်းက ပြောသည်။
ရွှယ်အန်းက ပြုံး၍ ကောင်မလေးနှစ်ယောက်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
"ဖေဖေသိပါတယ်၊ ဖေဖေက လူဆိုးအားလုံးကို သေချာပေါက် မောင်းထုတ်ပစ်မယ်"
"ဟမ်"
မငြိမ်မသက်ဖြစ်နေသော အန်းယန်သည် ယခုအချိန်တွင် ရှေ့သို့ တိုးလာသည်။
"ယောက်ျား"
“ယန်အာ၊ မကြောက်နဲ့။ ဒီမှာ ကိုယ်နဲ့သာရှိရင် မင်းကို ဘယ်သူမှ ဘာမှမလုပ်ရဲတော့ဘူး။”
“ဆုန်ယိ”
"ရှိပါတယ်"
“ဒီမှာနေပြီး သူတို့ကို စောင့်ရှောက်ပါ။ ငါ အခု အန်းချင်ကို ကယ်ဖို့ မင်မိသားစုဆီသွားလိုက်ဦးမယ်"
ဤသို့ပြောပြီးနောက် ရွှယ်အန်းသည် ဟိုတယ်မှထွက်ကာ မင်မိသားစုဆီသို့ တည့်တည့်သွားခဲ့သည်။
မင်ချန်ဟိုင်သည်လည်း တစ်ခုခုလွဲချော်နေတာကို ခံစားမိသဖြင့် မင်မိသားစု၏ ကျွမ်းကျင်သူအားလုံးကို အိမ်ရှေ့ဝင်းထဲ၌ စုဝေးရန် ချက်ချင်းခေါ်လိုက်သည်။ အလင်းတန်းတစ်ခု လင်းလက်လာပြီးနောက် ရွှယ်အန်းသည် မင်မိသားစု အထက်မှ ဆင်းသက်လာကာ အောက်မှ လူများကို ငုံ့ကြည့်နေသည်။
မင်ချန်ဟိုင်က ရွှယ်အန်းကို လေးနက်သောအမူအရာဖြင့် မော့ကြည့်လိုက်သည်။
"မေးရမလား ဆရာ၊ ဒါက ဘာအဓိပ္ပာယ်လဲ"
ရွှယ်အန်းသည် ယင်းကို လျစ်လျူရှု့၍ မင်ချန်ဟိုင်၏မေးခွန်းကို မတုံ့ပြန်ခဲ့ပေ။
"မင်းရဲ့ မင်မိသားစုက ရှန်ကျန်း မှာ ဘယ်နှစ်နှစ်ရှိပြီလဲ"
"တစ်ရာ့ဆယ့်နှစ်နှစ်" မင်ချန်ဟိုင်က ဂုဏ်ယူစွာ ကြေငြာလိုက်သည်။
ရွှယ်အန်းက သူ၏သွားများကို ဖြဲ၍ ရက်စက်စွာပြုံးပြလိုက်သည်။
“ဒါဆို ဒီနေ့က မင်းရဲ့ မင်မိသားစုရဲ့ အဆုံးသတ်ကို ရင်ဆိုင်ရမယ့်နေ့ပဲ”
မင်ချန်ဟိုင်သည် ရွှယ်အန်း၏ စကားကြောင့် ဒေါသထွက်ကာ အေးစက်စွာ ပြန်ပြောသည်။
"ဆရာ၊ မင်းရဲ့ ကျင့်ကြံစဥ်ကလေးနက်တယ်၊ ဒါပေမယ့် ငါတို့ မင်မိသားစုဟာ ရှန်ကျန်းမှာ နှစ်အတော်ကြာနေခဲ့တာ ဘယ်သူ့ကိုမှ အလွယ်တကူ အနိုင်ကျင့်ခွင့်မပေးဘူးဆိုတာ မင်းသိထားသင့်တယ်"
ရွှယ်အန်းက အနည်းငယ် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"ငါလည်း မင်းကို အနိုင်ကျင့်ချင်တယ်လို့ ငါ မပြောခဲ့ဘူး။ ငါပြောချင်တာက… မင်းတို့အားလုံးကို ငါရှင်းပစ်မယ်လို့ ပြောတာ”
ဤသို့ပြော၍ ရွှယ်အန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အေးစက်စွာအော်လိုက်သည်။
"ကောင်းကင်နှင့်မြေကြီးကို စုတ်ချေလော့"
အမိန့်တော်ထွက်ပေါ်လာသောအခါ ကမ္ဘာမြေကြီးလှုပ်ခါ၍ တောင်တို့သည်လည်း တုန်လှုပ်လာသည်။
မင်မိသားစု တစ်ခုလုံးသည် ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မြေပြင်ပေါ်သို့ လူများစွာလဲကျသွားသည်။
"ဖုန်းရွှေ လျှို့ဝှက်နည်းပညာ၊ ရွှမ်ဝူ... ထမြောက်" မင်ချန်ဟိုင်က အော်၏။
ဘွန်း
မင်မိသားစုမှ နှစ်ပေါင်းတစ်ရာ့တစ်ဆယ့်နှစ်နှစ်ကျော်ကြာ စုစည်းထားသော မြေကြီးချီသည် ရှန်ကျန်း တစ်ခုလုံးကို ဖုန်းရွှေဖွဲ့စည်းပုံအဖြစ် ပေါင်းစပ်လိုက်ကာ ဧရာမလိပ်ပြီးအဖြစ်သို့ ပြောင်းလဲ၍ ကောင်းကင်ယံထက်ရှိ ရွှယ်အန်းဆီသို့ ပြေးသွားသည်။ ရွှမ်ဝူ ဖြတ်သွားတိုင်း ၎င်း၏စွမ်းအားသည် မြေကြီးပြိုကျ၍ နတ်များအားလုံး ခေါင်းညွတ်သွားမည်ထင်ရ၏။
သို့တိုင် ရွှယ်အန်းသည် ပြင်းထန်သော ရွှမ်ဝူ ချီတက်လာသည်ကို မတုန်လှုပ်ဘဲ လေထုအလယ်တွင် ရပ်နေဆဲဖြင့် ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
“ဒါဟာ ရာစုနှစ်တစ်ခုရဲ့ တန်ဖိုးရှိတဲ့ မြေကြီးချီနဲ့ ဖွဲ့စည်းထားတဲ့ ရွှမ်ဝူ ရဲ့ အသွင်အပြင်တစ်ခုပဲ။ ရွှမ်ဝူ ရဲ့ စိတ်ဝိဉာဥ်အစစ်အမှန်က ဒီမှာရှိနေတယ်ဆိုရင်တောင် ငါနဲ့ ဘယ်လိုရင်ဆိုင်နိုင်မှာလဲ။”
ထို့နောက် ရွှယ်အန်းက လက်ညှိုးတစ်ချောင်းထုတ်ကာ ရွှမ်ဝူ၏ ဦးခေါင်းညာဘက်သို့ ညွှန်ပြလိုက်သည်။
ထို့နောက်တွင် မြေနီရောင်ရှိသော ဧရာမလိပ်ကြီး ရွှမ်ဝူသည် လေထုထဲတွင် အေးခဲသွား၍ အပိုင်းပိုင်း ကွဲအက်သွားသည်။ တုန်ခါနေသော မြေကြီးချီပေါက်ကွဲသွား၍ ရှန်ကျန်း တစ်ခုလုံး တုန်လှုပ်သွားသည်။
မင်ချန်ဟိုင် ၏ မျက်လုံးများသည် မျက်အိမ်ထဲမှထွက်လုနီးပါး ဖြစ်သွားရ၏။ ဤသည်မှာ မင်မိသားစု၏ နောက်ဆုံးနည်းလမ်းဖြစ်သည်။ လွတ်မြောက်အင်မော်တယ်အဆင့်မှ ကျင့်ကြံသူတစ်ဦးပင် ဤသိုင်းကွက်ကို ခံနိုင်မည်မဟုတ်ပေ။
သို့သော်လည်း ၎င်းသည် ရွှယ်အန်း၏ လက်ချောင်းတစ်ချောင်းဖြင့် အလွယ်တကူ ကွဲကြေသွားရသည်။
မင်မိသားစုက ထိတ်လန့်တုန်လှုပ်နေသော်လည်း၊ ရွှယ်အန်းက နောက်ထပ် ခြေလှမ်းနှစ်လှမ်း လှမ်းလာခဲ့သည်။
"ယင်နဲ့ယန် ကို ခွဲစေ"
"အသက်ကို သေခြင်းမှ ခွဲထုတ်ပါ"
ရွှယ်အန်း၏ လက်ရှိကျင့်ကြံရေးအဆင့်ဖြင့် သူသည် စကားလုံးများကို ပြောဆိုရန် မလိုအပ်ဘဲ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ပြုလုပ်ရန် မလိုအပ်ဘဲ နတ်ဘုရားသုတ်သင်ခြင်းခြောက်ပါးသော နည်းပညာကို အသုံးပြုနိုင်၏။
ဤသည်မှာ စကားလုံးများ၏ စွမ်းအားသည် ဥပဒေဖြစ်လာခြင်းဖြစ်သည်။
နတ်ဘုရားသုတ်သင်ခြင်းနည်းပညာနှစ်ခုပြီးနောက် မင်မိသားစု၏အိမ်ခြံမြေတစ်ခုလုံးသည် နျူကလီယားဗုံးဖြင့် ကြေမွသွားသကဲ့သို့ ပကတိမဲမှောင်သွားသည်။ အမှုန်အမွှားများပြေသွားချိန်တွင် မင်ချန်ဟိုင်တစ်ဦးတည်းသာ မတ်တပ်ရပ်ကျန်နေခဲ့သည်။
အခြားသူများအားလုံး သေဆုံးသွားခဲ့ကြသည်။
ရွှယ်အန်းက မြေပြင်ပေါ်သို့ ဆင်းလာ၏။ မင်ချန်ဟိုင်သည် သွေးများဖြင့် ဖုံးလွှမ်းထားသော မျက်နှာဖြင့် ရွှယ်အန်းကို ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဘာလို့ မင်းအသက်ကို ကယ်ခဲ့တာလဲ သိလား"
မင်ချန်ဟိုင်၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။
"မင်းကိုပြောစရာရှိလို့။ မင်းရဲ့သား... သူ့ဝိညာဉ်တွေလည်း ပြန့်ကျဲသွားပြီ"
မင်ချန်ဟိုင်၏ အမူအရာသည် မှုန်ဝါးလာကာ သူ့မျက်လုံးထဲရှိ မီးတောက်များ ငြိမ်းသွားသည်။ ရွှယ်အန်း၏လက်မှ အလင်းလှိုင်းဖြင့် မင်ချန်ဟိုင်၏ခေါင်းသည် လွင့်ပျံသွား၍ သူ၏အသက်ဝိညာဉ်သည်လည်း သူ့ခန္ဓာကိုယ်မှ ထွက်လာကာ ရွှယ်အန်း၏လက်ဖဝါးထဲသို့ ပျံတက်သွားသည်။
ခပ်ဖွဖွညှစ်လိုက်ရုံဖြင့် ထိုအသက်ဝိဉာဥ်သည်လည်း ကြေမွပျက်ဆီးသွားသည်။
ထိုသို့ဖြင့် မင်မိသားစုသည် လုံးလုံး ပျက်စီးသွားသည်။
ရွှယ်အန်းသည် သူ့မျက်လုံးများကိုမှိတ်ထားကာ ခဏအကြာတွင် ပေါ့ပါးစွာပြော၏။
"မင်းရဲ့ မင်မိသားစုက လုပ်သမျှအတွက် သေခြင်းတရားက ပေါ့ပါးပါတယ်"
စကားပြောပြီးနောက် ရွှယ်အန်းသည် နေရာမှ ပျောက်ကွယ်သွားသည်။ာထောင်ထဲတွင် အန်းချင်နှင့် အခြားသူများသည် အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြားလိုက်ရကာ မသေချာမရေရာမှုများဖြင့် နားထောင်နေကြသည်။
ရုတ်တရက်ပင် ထောင်သည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ထို့နောက် အလင်းရောင်တစ်ခု ဝင်လာသည်။
ရွှယ်အန်းသည် ဖြည်းညှင်းစွာ ဝင်လာကာ အန်းချင်၏ အံ့အားသင့်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် ခပ်ပါးပါးပြုံးလိုက်၏။
"ရှောင်ချင်း၊ ငါ မင်းကို ပြန်ခေါ်သွားဖို့ လာပြီ"
"ခဲအို" အန်းချင်က တုန်တုန်ယင်ယင်ဖြင့် မျက်ရည်များစီးကျလုမတက်ခံစားလျက် ပြောသည်။
ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"သွားရအောင်၊ မင်းအစ်မ မင်းကို ဟိုတယ်မှာ စောင့်နေတယ်"
"အစ်မ။ ငါ့အစ်မ ပြန်ရောက်ပြီလား" အန်းချင်က အံ့အားသင့်စွာ အော်လိုက်၏။
"ငါတို့ ပြန်ရောက်တာနဲ့ မင်းသိလိမ့်မယ်"
အန်းချင်သည် အင်မော်တယ်ဖီးနစ်မှ အသက်ရှင်ကျန်ရစ်သူများနှင့်အတူ ထောင်ထဲမှ ထွက်လာခဲ့သည်။
အပြင်က မြင်ကွင်းက ၎င်းတို့အားလုံး၏ မျက်နှာများကို ဖြူဖျော့သွားစေခဲ့သည်။ ထောင်ထဲတွင် အဖမ်းခံခဲ့ရစဥ်က ဤမင်မိသားစုအိမ်သည် ခမ်းနားထည်ဝါခဲ့သည်။ ယခုမူကား မီးလောင်ကျွမ်းထားသည့် မြေကြီးတစ်ခုသာဖြစ်တော့၏။
ရွှယ်အန်းသည် အားလုံးကို မင်မိသားစု ဟိုတယ်သို့ ပြန်ခေါ်သွားခဲ့သည်။ အန်းယန်သည် သူမ၏ညီမကိုမြင်လိုက်ရသည်နှင့် ပြေး၍ ပွေ့ဖက်ကာ ငိုကြွေးနေမိ၏။ အန်းချင်သည်လည်း မျက်ရည်များကျနေ၏။
"အစ်မ ဒီရက်ပိုင်း ဘယ်ရောက်နေတာလဲ"
အန်ယန်က ခေါင်းခါလိုက်၏။
“ဒါက ဇာတ်လမ်းရှည်ကြီးပဲ။ ဒါပေမဲ့ ညီမလေးရော ညီမလေးကို မင်မိသားစုက ဘယ်လိုဖမ်းသွားတာလဲ"
အန်းချင်က သက်ပြင်းချလိုက်သည်။
"ဒီနေရာက အင်မော်တယ်အမွေအနှစ်တစ်ခုကို ရှာဖွေဖို့ ဗိုလ်ချုပ်လင်းက စေလွှတ်လိုက်ပေမယ့် မင်မိသားစုက ညီမလေးတို့ကို ခြုံခိုတိုက်ခိုက်ပြီးဖမ်းသွားတာ”
"ဗိုလ်ချုပ်လင်းဟုတ်လား" အန်းယန် အံ့သြသွားသည်။
“ဟုတ်တယ် ဗိုလ်ချုပ်လင်းအတွက် အရမ်းအရေးကြီးတဲ့ အင်မော်တယ် အမွေအနှစ်တစ်ခု ရှိပေမယ့် အခု မင်မိသားစုလက်ထဲရောက်နေတယ်လို့ ညီမလေးထင်တယ်”
ထို့နောက် ရွှယ်အန်းသည် တောက်ပသော ဓားတစ်ချောင်းကို ထုတ်လိုက်၏။
"မင်း ဒီအကြောင်း ပြောနေတာလား"
ဤဓားကိုမြင်သောအခါ အန်းချင်နှင့် အင်မော်တယ်ဖီးနစ်မှလူအများအပြားသည် ထိတ်လန့်သွားကြသည်။
“ဒါ…” အန်းချင်ကမည်သို့ ဖြစ်သွားသည်ကိုပင် မသိတော့ပေ။
ဆုန်ယိက ဘေးမှ ရယ်လိုက်သည်။
"အင်မော်တယ်အမွေအနှစ်ကို မစ္စတာရွှယ်က ယူထားပြီးသား။ ပြီးတော့ မင်မိသာစုကိုလည်း ဖျက်ဆီးပစ်လိုက်ပြီ”
အန်းချင်နှင့် အခြားသူများအားလုံး လုံးဝ ထိတ်လန့်သွားကြသည်။ ထိုအချိန်တွင် ဟွားပိုင်ကျဲသည် ချွေးများရွှဲရွှဲစိုကာ အဝေးသို့ ပြေးသွားခဲ့သည်။
ရွှယ်အန်းက မင်မိသားစုကို ချေမှုန်းလိုက်သည်ကို သူမ အဝေးမှနေ၍ အကုန်မြင်လိုက်ရသည်။
ရွှယ်အန်း၏ နတ်ဘုရားသဖွယ် နည်းလမ်းများက သူမကို ရူးသွပ်သွားစေနိုင်သည်။ သူမသည် ရွှယ်အန်းကို ဆန့်ကျင်ရန် မည်သို့မျှ မတွေးနိုင်တော့ပေ။ ယခု သူမ ဖြစ်ချင်သည်မှာ ရွှယ်အန်းနှင့် ဝေးနိုင်သမျှ ဝေးဝေးသို့ ထွက်ပြေးရန်ဖြစ်သည်။
ဒဏ်ရာများဖုံးလွှမ်းနေသည့် ချိုင်ရွှီခွန်သည်လည်း ဤသို့တွေးနေ၏။ သို့သော် ဤလူများ ဝရုန်းသုန်းကားထွက်ပြေးနေသည့်အခိုက်တွင် ရွှယ်အန်းက ဟိုတယ်ပြတင်းပေါက်နား၌ ရပ်၍ ပြောလိုက်၏။
"အခုပြေးဖို့ စဉ်းစားနေတာလား။ ကံမကောင်းစွာပဲ… မင်းတို့မှာ အခွင့်အရေးမရှိဘူး”
ထိုနောက် ရွှယ်အန်းသည် သူ့လက်ဖဝါးကို လှန်၍ ဆန့်ထုတ်လိုက်ကာ နူးညံ့စွာပြောလိုက်သည်။
"မြို့တစ်ခုလုံးရဲ့ ပန်းတွေနဲ့ အပင်တွေကို ခဏလောက် ငှားပါရစေ"
အခန်း (၁၆၈) ကြွေကျနေသော သစ်ရွက်ခြောက်များနှင့် ပန်းပွင့်များ
မြို့တစ်မြို့လုံးရှိ ပန်းများနှင့် အပင်များသည် ဧကရာဇ်အမိန့်ကို ကြားသိရပြီးနောက် ချက်ချင်းပင် ရိုင်းစိုင်းစွာ ကြီးထွားလာခဲ့သည်။ ထွက်ပြေးနေသော ချိုင်ရွှီခွန်သည် ခြေဖဝါးအောက်မှ ထူးဆန်းသော တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ သာမန်သစ်ပင်တစ်ပင်က ရုတ်တရက် ပိုမြင့်လာသည်ကို တွေ့လိုက်ရသည်။ ယင်းက အကိုင်းအခက် အရွက်များ ဆန့်ထွက်ကာ ချိုင်ရွှီခွန်ကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။
ချိုင်ရွှီခွန်သည် အလွန်အမင်းထိတ်လန့်လျက် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော် သူအသက်ပြန်မရှုနိုင်ခင်၌ပင် သူ၏နောက်ကျောရှိ တောရိုင်းမြက်ပင်များစွာက ရုတ်တရက် ပင်စည်များကို ဆန့်ထုတ်ကာ အနောက်မှ ချုပ်နှောင်လိုက်ကြ၏။ ချိုင်ရွှီခွန်သည် ရုန်းကန်ချင်သော်လည်း
တောရိုင်းမြက်ပင်က ချက်ချင်းပင် သူ၏ လည်ပင်းကို လိမ်ချိုးလိုက်၏။
ချိုင်ရွှီခွန်သေပြီဖြစ်သည်။
ထိုအချိန်တွင် ဟွားပိုင်ကျဲသည် ရှန်ကျန်း၏မြောက်ဘက်စွန်းသို့ ထွက်ပြေးနေပြီဖြစ်သည်။ ထိုနေရာတွင် အပျော်စီးသင်္ဘောကို ကြိုပြင်ထား၏။ သူမ ပင်လယ်ထဲသို့ သွားနိုင်သရွေ့ ဘေးကင်းနိုင်ခြေပို၍ မြင့်မားလာပေလိမ့်မည်။ သူမသည် အဝေးမှ သင်္ဘောကို မြင်နေရပြီဖြစ်၏။
ဟွားပိုင်ကျဲက သက်ပြင်းတစ်ချက်ချလိုက်သည်။
ရုတ်တရက် သူမ၏ ခြေထောက်အောက်မှ မြက်ပင်များ ပျော့ပြောင်းလာကာ ခြေထောက်တစ်ဖက် နစ်ကျသွားသည်။ ဟွားပိုင်ကျဲသည် ထိတ်လန့်တုန်လှုပ်သွား၍ သူမ၏ ခွန်အားရှိသမျှကို အသုံးပြုကာ လေထဲသို့ ခုန်တက်လိုက်သည်။
သို့သော် ထိုအချိန်တွင် သူမသည် ရှန်ကျန်း၏အစွန်အဖျားတွင်ရှိနေသည်။ တောင်ကုန်းသည် တောရိုင်းမြက်ခင်းများဖြင့် ဖုံးလွှမ်းနေ၍ ဒုဓလီပန်းအပင်များ အလွန်ပေါများ၏။
သူမက လေထုအလယ်သို့ ခုန်ဆင်းလိုက်သောအခါ ဒိုင်ဒလိုင်ယွန်အပင်များအားလုံး မြေပြင်ပေါ်သို့ ကွေးညွတ်သွား၍ အဖြူရောင် ဒုဓလီပန်းအစေ့များသည် ဝေဟင်အလယ်ပိုင်းရှိ ဟွားပိုင်ကျဲထံသို့ ဦးတည်သွားသည်။
ဟွားပိုင်ကျဲသည် အလွန် ကြောက်ရွံ့ထိတ်လန့်သွား၏။
‘ဒါဘယ်လိုတောင် စောက်ကျိုးနည်း နည်းတွေလဲ’
ဝှစ်စ်
ခပ်ဖျော့ဖျော့အသံတစ်ခု ထွက်ပေါ်လာသည်။
ဒုဓလီပန်းအစေ့သည် ဟွားပိုင်ကျဲ၏ပခုံးကို ကျော်သွားရာ သွေးများ ချက်ချင်း ပန်းထွက်လာသည်။ ပုံမှန်အားဖြင့် ပျော့ပျောင်းသော ဒုဓလီပန်းပင်များသည် ယခုအခါ ဓားသွားများထက် ပိုမို ပြတ်သားလာသည်။ ဟွားပိုင်ကျဲသည် သူမ၏ စွမ်းရည်အားလုံးကို အသုံးပြုကာ ဤတိုက်ခိုက်မှုလှိုင်းကိုရှောင်တိမ်း၍ ဆင်းသက်ထွက်ပြေးလာ၏။ သို့သော် နောက်ထပ် အခိုက်အတန့်၌ သူမ အေးခဲသွားသည်။ သူမ၏ ပခုံးပေါ်ရှိ ဒဏ်ရာထက်မှ ဒုဓလီပန်းစေ့များသည်စတင်၍ အညှောင့်ပေါက်လာရာ သူမတစ်ကိုယ်လုံးရှိ ရှိသမျှသော စွမ်းအားများ ဆုတ်ယုတ်သွားသည့်ပုံပေါ်၏။ ထို့နောက် ဟွားပိုင်ကျဲသည် အဝေးမှ သင်္ဘောကို ငေးမောလျက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ မျက်ရိုင်းက သူမကို ချက်ချင်းမြှုပ်နှံပစ်လိုက်၏။
ဤသို့ဖြင့် ဟွားပိုင်ကျဲ သေဆုံးသွားခဲ့သည်။
ထိုအချိန်တွင် ရှန်ကျန်း၏ ထောင့်မျိုးစုံမှ လုပ်ကြံသတ်ဖြတ်ရန် ပစ်မှတ်ထားလာသူတိုင်းနီးပါး အသတ်ခံခဲ့ရသည်။ လူသတ်သမားများသည် ရှန်ကျန်း ၏ နေရာအနှံ့အပြားရှိ အပင်များဖြစ်သည်။
ကြေကွနေသော သစ်ရွက်ခြောက်များ၊ မျောလွင့်နေသော ပန်းပွင့်များအကြား၌ လုပ်ကြံသတ်ဖြတ်ရေးသမားများအားလုံး သေဆုံးခဲ့ကြသည်။
ဤအရာသည် အမှန်တကယ်ပင် "ကြွေကျနေသော သစ်ရွက်ခြောက်များနှင့် လွင့်မျောနေသော ပန်းများ နှစ်ခုလုံးက သေစေနိုင်၏” ဟူသော စကားအတိုင်းသာဖြစ်၏။ အန်းချင်နှင့် အခြားသူများက ယင်းကိုကြည့်၍ အံ့သြလျက်ရှိကြသည်။ အချို့သူများသည် ရွှယ်အန်းကို မတူညီကွဲပြားစွာကြည့်လာကြသည်။ တစ်ချက်တည်းအမိန့်ပေးရုံဖြင့် လှုပ်ခတ်နေသည့် သစ်ပင်များအကြား၌ အားလုံးသေဆုံးခဲ့ရသည်။
ဤအရာသည် လူသားတို့ ဆောင်ရွက်နိုင်မည့်အရာတစ်ခုဖြစ်နိုင်ပါသလော။ သို့သော် ရွှယ်အန်းသည် ဂရုစိုက်ခြင်းအလျင်းမရှိဘဲ ရယ်မော၍ အန်းချင်ကို ပြောလိုက်သည်။
"ဒီဓားကို ရဖို့ မင်းတာဝန်ရှိလား”
အန်းချင်က ခေါင်းညိတ်လိုက်သည်။
"ဒါဆို ယူပါ" ရွှယ်အန်းသည် ဓားကိုအန်းချင်ဆီသို့ ပစ်ပေးလိုက်ရာ အန်းချင်အပါအဝင် အင်မော်တယ် ဖီးနစ်အဖွဲ့မှ လူများအားလုံး ထိတ်လန့်သွားကြသည်။
‘ဒီလောက် အဖိုးတန်တဲ့ အင်မော်တယ်ဓားကို ဒီတိုင်းပေးလိုက်တာလား’
ရွှယ်အန်းက မည်သို့မျှ မစဥ်းစားပေ။ ဤသေဆုံးသွားသော ရွှေအင်မော်တယ်ထက်ဝက်အဆင့် ပုဂ္ဂိုလ်သည် ထိုဖွဲ့စည်းပုံများတွင်သာ အထူးပြုထားသဖြင့် ဓားအတုပြုလုပ်ခြင်းနှင့် မရင်းနှီးလှပေ။
ပစ္စည်း အတုလုပ်ခြင်း နည်းပညာအရ ဖြစ်ပေါ်လာသော ဤဓားသည် အမှိုက်ဖြစ်သည်။ ရွှယ်အန်းသည် ထိုကဲ့သို့ ကိစ္စရပ်အတွက် မည်သို့မျှ စိတ်ထဲမထားပေ။ ရွှယ်အန်းက ဤအရာကို အထင်သေးသော်လည်း ဤအလင်းစီးမျောခြင်းဓားသည် ရွှေအင်မော်တယ်ထက်ဝက်အဆင့်၏ ဉာလက်ရုံးဖြစ်ခဲ့သဖြင့် သေမျိုးလောကတွင် ယှဥ်နိုင်သော ရတနာအဖြစ်သတ်မှတ်၍ရသည်။ အန်းချင်က လေးနက်စွာလက်ခံ၍ ရွှယ်အန်းဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် ခဲအို"
ထိုအချိန်တွင် အန်းချင်သည် ရွှယ်အန်းကို လုံးဝလေးစားသွားခဲ့သည်။ တစ်ချိန်က သူအစ်မကို ပြုစားထားသည်ဟု ထင်ခဲ့သော်လည်း ယခုအချိန်တွင် သူ့အစ်မသည် ဉာဏ်ပညာမျက်စိရှိကာ အမျှော်အမြင်ကြီးသည်ထင်ရ၏။
"အခုတော့ ကိစ္စ ပြေလည်သွားပါပြီခဲအို၊ အစ်ကိုနဲ့ မမတို့ ကျုံးတုကို ပြန်လိုက်လာသင့်တယ်”
သို့သော် ရွှယ်အန်းက အလျင်လိုခြင်းမရှိပေ။
"အလျင်မလိုပါဘူး၊ ငါလုပ်စရာတစ်ခုရှိသေးတယ်"
"ဘာဖြစ်လို့လဲ”
ရွှယ်အန်းက မြောက်ဘက်သို့ လှမ်းကြည့်လိုက်ကာ အေးစက်စွာပြောလိုက်သည်။
“ကျိပေရဲ့ ယွမ်မိသားစုက အကြိမ်ကြိမ်ပြဿနာရှာနေတာဆိုတော့ သူတို့ ထပ်ရှိနေဖို့ မလိုတော့ဘူး”
စကားပြောပြီးနောက် ရွှယ်အန်းက အန်းယန်ဘက်သို့ လှည့်၍ ပြော၏။
"မိန်းမ ကိုယ့်ကို ခဏစောင့်နော်။ မကြာခင် ပြန်လာခဲ့မယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ယံထက်၌ ပျောက်ကွယ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ဆုန်ယိက သက်ပြင်းချလိုက်သည်။
“ဒါ… ဒါက အင်မော်တယ်တစ်ယောက်ရဲ့ ကြီးကျယ်မှုကြီးပဲ”
ကျိပေမြို့၏ ယွမ် မိသားစု။
ယွမ်ချန်ယွီသည် သူ့ဝိုင်ကို ကျေနပ်စွာ သောက်နေသည်။ ကျိပေတွင် အရာအားလုံးက အချိန်အတော်ကြာ ငြိမ်သက်ပြီးရင်း ငြိမ်သက်နေခဲ့သည်။ ယွမ်မိသားစုသည် ယွမ်ကျုံးဖုန်ကို ဆုံးရှုံးခဲ့ရသော်လည်း ၎င်းတို့ကို ကျိပေတွင် ထိပ်တန်းအဆင့်မြင့်မိသားစုအဖြစ် သတ်မှတ်ခံရဆဲဖြစ်သည်။ အထူးသဖြင့် သူ့သမီး ရှန်ကျန်းသို့ သွားပြီးစဥ်မှစ၍ သူမသည် အင်မော်တယ်အမွေအနှစ်ကို ဖော်ထုတ်ကာ မင်မိသားစုနှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်ပါက ယွမ်မိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအကျိုးရှိမည်ဖြစ်သည်။
ဤသည်ကို တွေး၍ ယွမ်ချန်ယွီက ပြံးနေမိသည်။
ယွမ်မိသားစု၏အိမ်အပြင်ဘက်။ ယွမ်မိသားစုဝင်များအဖြစ် ၀တ်ဆင်ထားသော အစောင့်အချို့သည် အေးအေးဆေးဆေး စကားပြောနေကြသည်။
"မမလေးက ရှန်ကျန်း ကိုသွားတယ်လို့ကြားလား"
"ဟုတ်တယ် သူ့ကို မင်မိသားစုက အထူးဖိတ်ကြားထားတာ”
"ကျစ်ကျစ်၊ ငါတို့ရဲ့ မမလေးကို တကယ်လေးစားတယ်၊ သူက လူသားတွေကြားက တကယ့်ပါရမီရှင်တစ်ယောက်ပဲ”
အဖွဲ့သည် စကားစမြည်ပြောလျက် လမ်းလျှောက်သွားရာ ချောမောလှသည့် အမျိုးသားတစ်ဦး လမ်းပေါ်မှ ဖြည်းညှင်းစွာ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ပထမတွင် ၎င်းတို့ ဂရုမစိုက်ကြဘဲ ဆက်လက်၍ စကားစမြည်ပြောနေကြသော်လည်း ထိုသူသည် အိမ်ကြီး၏ တံခါးထံသို့ လျှောက်သွားနေသည့်အခါတွင်မူ သူတို့ထဲမှ တစ်ယောက်က မျက်မှောင်ကြုတ်၍ အော်လိုက်၏။
“ဘာလုပ်စရာရှိလို့လဲခင်ဗျ၊ ယွမ်မိသားစုနဲ့တွေ့ဖို့ ချိန်းထားတာရှိလား”
ထိုလူက ခေါင်းကိုလှည့်၍ သူ့ကို ကြည့်လိုက်သည်။ ယွမ်မိသားစု၏အဖွဲ့ဝင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ထိုကဲ့သို့ နက်နဲအေးစက်သော မျက်လုံးများကို သူတစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ ၎င်းတို့သည် ဧကရာဇ်မင်း၏ မျက်လုံးများနှင့်တူသည်။
အသက်မဲ့နေသော ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ တစ်ချက်တစ်ချက်ကြည့်လိုက်ရုံဖြင့် ယွမ်မိသားစုဝင်တစ်ဦး၏ နတ်အာရုံကို ဖြိုဖျက်ကာ သူ့ကိုသတ်ပစ်လိုက်သည်။ ယွမ်မိသားစုမှ အခြားအဖွဲ့ဝင်များ အားလုံးက မည်သို့ ဖြစ်သွားသည်ကို မသိသောကြောင့် ထိတ်လန့်အံ့သြကုန်ကြသည်။
သို့သော် ထိုလူက ခေါင်းညိတ်လိုက်၏။
“မင်းတို့ အများကြီးကို သတ်ရမှာ အဓိပ္ပါယ်မရှိဘူး”
ထိုသို့ပြော၍ ရှေ့သို့ ဆက်လှမ်းသွားသည်။ သစ်သားဖြင့်လုပ်ထားသော တံခါးက လူကို မတားနိုင်ဘဲ ပေါက်ကွဲထွက်သွားကာ မြေပြင်ပေါ်သိ့ ပြုတ်ကျလာသည်။
ထို့နောက် ထိုလူက လှေကားထစ်များပေါ်တွင် ရပ်လိုက်၏။
"ယွမ်မိသားစုဝင်တွေ ထွက်လာပြီး မင်းတို့ရဲ့ သေမင်းကို လာတွေ့ကြပါ”
ဤလူသည် ရွှယ်အန်း ဖြစ်သည်။ သူသည် နာရီဝက်ကျော်အတွင်း မိုင်ထောင်ချီခရီးနှင်ခဲ့၍ ကျိပေမြို့၏ ယွမ်မိသားစုထံ တိုက်ရိုက်ရောက်ရှိလာခဲ့သည်။ာသူ့အသံထွက်လာသည်နှင့် ယွမ်မိသားစုတစ်ခုလုံး တုန်လှုပ်သွားသည်။
"ယွမ်မိသားစုကို ဘယ်သူက ပြဿနာရှာရဲတာလဲ" လူတစ်ယောက်က ကြုံးဝါးလျက်ထွက်ပြေးလာသည်။
သူသည် ယွမ်မိသားစု၏ လုံခြုံရေးမှူး၊ ကျန်းရန်နယ်မြေ၏ သခင်ဖြစ်သည်။ ရွှယ်အန်းသည် သူ့လက်ကို ပေါ့ပါးစွာဝှေ့ယမ်းလိုက်ရာ ကျန်းရန်နယ်မြေသခင်၏ ဦးခေါင်းသည် လေထဲသို့ လွင့်သွားသည်။
နေရာအနှံ့ သွေးတွေ ဖျန်းခနဲပြန့်ကုန်၏။ ဤမြင်ကွင်းက သူ့နောက်လိုက်လာသော ယွမ်မိသားစုအဖွဲ့ဝင်များကို ထိတ်လန့်စေသည်။
"မင်းက ဘယ်သူလဲ မင်းငါ့တို့ ယွမ် မိသားစုကိုဘာလို့ ပြဿနာလာရှာတာလဲ" ထိုသို့ ပြောလာသူမှာ ယွမ်မိသားစု၏ အကြီးအကဲတစ်ဦးဖြစ်သည်။
ရွှယ်အန်းက သူ့ကို တစ်ချက်ကြည့်၍ ပြောလိုက်၏။
"မင်းက ယွမ်ချန်ယွီ လား"
“သူက ငါတို့ရဲ့ မိသားစုခေါင်းဆောင်၊ ငါက ယွမ်မိသားစုရဲ့ အကြီးအကဲတစ်ယောက်ပဲ”
ထိုလူက ဂုဏ်ယူစွာပြောသည်။
"မဟုတ်ရင် သေလိုက်တော့"
အမိန့်တော်အတိုင်း လူသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် ယွမ်မိသားစုမှ ရောက်ရှိလာသူတိုင်း၏ နှလုံးသားကို အေးစက်တုန်ယင်သွားစေသည်။
ဤလောက၌ ဤသူသည် မည်သူနည်း။
ထိုအချိန်တွင် ယွမ်ချန်ယွီသည် ဒေါသတကြီးနှင့် ထွက်လာ၏။
"ငါတို့ ယွမ် မိသားစုကို ပြဿနာရှာရဲတာ ဒီအရူးက ဘယ်သူလဲ”
ရွှယ်အန်းသည် လှေကားထစ်များထက်တွင် နောက်ကျောသို့ လက်နှစ်ဖက်ယှက်၍ မတ်တပ်ရပ်ကာ ပြုံးကြည့်နေသည်။
"ကျုပ်နာမည်က ရွှယ်အန်း ပါ။ ယွမ်မိသားစုကို သုတ်သင်ဖို့ ဒီနေ့ လာခဲ့တာပဲ”
ရွှယ်အန်း
ဤအမည်သည် ကျိန်စာတစ်ခုကဲ့သို့ပင် ယွမ်မိသားစု၏လူအားလုံးကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။