← Chapters

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အခန်း(၁၆၉) ကျုံးတုသို့ ပြန်ခြင်း

ယွမ်ချန်ယွီ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွား၏။

"မင်းက ရွှယ်အန်း လား"

ရွှယ်အန်းက ခေါင်းညိတ်၍ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"ဒီနေ့ ရာသီဥတု သာယာတယ်၊ သတ်ဖို့ ကောင်းတယ်"

ယွမ်ချန်ယွီ ၏အကြည့်များသည် မသေချာမရေရာမှုများဖြင့် တုန်ခါသွားကာ နောက်ဆုံးတွင် အံကြိတ်၍ပြော၏။

“ရွှယ်အန်း၊ မင်းက ငါ့သားအကြီးဆုံးကိုသတ်လိုက်တဲ့အတွက်တောင် ငါမင်းကို ပြန်ပြီးသွေးကြွေးမဆပ်ခိုင်းရသေးဘူး။ ဒါပေမယ့် မင်းက အခု ငါ့အိမ်တံခါးဝထိရောက်လာပြီဆိုမှတော့….လာကြစမ်း၊ ဒီကောင့်ကို သတ်လိုက်ကြ"

ယွမ်ချန်ယွီ အမိန့်ပေးလိုက်သည်နှင့်အမျှ ကောင်းကင်လူသားအဆင့် ကျွမ်းကျင်ပညာရှင် တစ်ဒါဇင်ကျော်သည် ရုတ်တရက် အရပ်ရပ်မှ ပြေးထွက်လာခဲ့သည်။ ပူးပေါင်းတိုက်ခိုက်မှုတွင် ရှင်းရှင်းလင်းလင်း ကောင်းစွာ လေ့ကျင့်ထားသည့် ဤလူများသည်ရွှယ်အန်း ထွက်ပြေး လွတ်မြောက်နိုင်သော နေရာများအားလုံးကို ချက်ခြင်း ပိတ်ပစ်လိုက်သည်။

ယွမ်ချန်ယု၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

ယွမ်ကျုံးဖုန်သေဆုံးသွားခဲ့စဥ်မှစ၍ အခြားသူများ လက်စားချေရန် အခွင့်အရေးကို ဆုပ်ကိုင်မိမည်ကို စိုးရိမ်သဖြင့် သူသည် ကမ္ဘာတစ်ဝှမ်းမှ သူရဲကောင်းများကို စုဆောင်းကာ ဤဒါဇင် သို့မဟုတ် ကောင်းကင်လူသား ကျွမ်းကျင်သူများကို သူ၏ ဝှက်ဖဲအဖြစ် စုဆောင်းခဲ့သည်။

ယခုကြည့်လျှင် သူ့နည်းဗျူဟာက အောင်မြင်သွားသည်ထင်ရ၏။

ရွှယ်အန်းက လွတ်မြောက်အင်မော်တယ်ဖြစ်လျှင်ပင် ကောင်းကင်လူသားအဆင့် လူတစ်ဒါဇင်ကျော်၏ ပေါင်းစပ်တိုက်ခိုက်ခြင်းကို ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။

သို့သော် ယွမ်ချန်ယု၏ မျက်နှာပေါ်၌ ဖြစ်ပေါ်လာသော အပြုံးသည် ရုတ်တရက် အေးခဲသွားသည်။

ရွှယ်အန်းသည် ပြင်းထန်သော ထိုးစစ်ကို ရှောင်တိမ်းခြင်းမရှိဘဲ ရှေ့သို့ပင် လှမ်းတက်ကာ ၎င်းကို တိုက်ရိုက် ရင်ဆိုင်ခဲ့သည်။

တစ်ချိန်တည်း၌ပင် သူက စူးစူးရဲရဲအော်လိုက်သည်။

“နတ်ဘုရားသုတ်သင်ခြင်း”

နတ်ဘုရားသုတ်သင်ခြင်းကျင့်စဥ်၏ စတုတ္ထမြောက်သိုင်းကွက်သည် တစ်ဖန် ထွက်ပေါ်လာပြန်သည်။ ယခုတစ်ကြိမ်တွင် ၎င်း၏ စွမ်းအားသည် ယခင်ကထက် အဆတစ်ရာကျော် တိုးလာခဲ့သည်။ ကောင်းကင်လူသား ကျွမ်းကျင်ပညာရှင်များသည် သူ့ကိုမသတ်နိုင်လျှင်ပင် နောက်သို့ဆုတ်စေနိုင်လိမ့်မည်ဟု ထင်ခဲ့ကြသည်။

သို့သော် ရွှယ်အန်း၏ အလင်းကဲ့သို့ အသံထွက်ပေါ်လာပြီးနောက် ထိုလူအားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် လွင့်ထွက်သွားကြသည်။ ရွှယ်အန်းကို တိုက်ရိုက်ရင်ဆိုင်သူများက ပွဲချင်းပြီး သေဆုံးသွားကြသည်။ လွတ်မြောက်လာသူများအားလုံးသည်လည်း ဒဏ်ရာပြင်းထန်စွာရကြ၍ မသန်မစွမ်းဖြစ်ကုန်ကြသည်။

တစ်ချက်တည်းဖြင့် အားလုံးကို သုတ်သင်ပစ်လိုက်ခြင်းဖြစ်၏။ ကောင်းကင်လူသား ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်၏ ပူးပေါင်းတိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သဖြင့် ယွမ်မိသားစုအားလုံး၏ မျက်နှာများသည် တစ်ပြိုင်နက် ပြောင်းလဲသွားသည်။

အထူးသဖြင့် အံ့အားသင့်စွာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုနေရာတွင် ရပ်နေသော ယွမ်ချန်ယွီက တီးတိုးညည်းညူလိုက်သည်။

“ဘယ်လိုလုပ်… ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ရွှယ်အန်းသည် အထင်သေးစွာဖြင့် အေးအေးလူလူ လမ်းလျှောက်လာသည်။

"မင်းရဲ့ ယွမ် မိသားစုတစ်ခုလုံးကို သုတ်သင်ဖို့ ရည်ရွယ်ထားပေမယ့် အခုတော့ မင်းဟာ အရာအားလုံးအတွက် လှုံ့ဆော်သူဖြစ်ပုံရတယ်"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သူ့လက်ချောင်းများကို ပွတ်သပ်လိုက်ရာ ယွမ်ချန်ယွီ၏ ခြေထောက်နှင့် လက်များ ပြတ်တောက်သွားသည်။ သို့သော် ထိုအချိန်တွင် ယွမ်ချန်ယွီသည် မသေသေးဘဲ ပြင်းထန်သော ဝေဒနာဖြင့် သွေးအိုင်ထဲတွင် နာကျင်စွာလဲလျောင်းနေခဲ့သည်။

ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း တုန်လှုပ်သွားကြသည်။ ယွမ်ချန်ယွီက သတ္တိရှိဟန်ပြု၍ သွားများကို ဖိကိုက်ထားကာ ကျယ်လောင်စွာမအော်ခဲ့ပေ။

ရွှယ်အန်းက ငုတ်တုတ်ထိုင်ကာ သူ့ကို ဘာသိဘာသာ ကြည့်နေသည်။

" မင်းရဲ့ သမီးလေးကို ကျေးဇူးတင်ရမှာ။ မဟုတ်ရင် မင်းကိုမသတ်ခင် စိတ်ဝိဉာဥ်မီးတောက်နဲ့အချိန်အတော်ကြာအောင် ကင်ထားလိုက်မှာ"

ယွမ်ချန်ယွီသည် ရွှယ်အန်းကိုခါးသက်စွာကြည့်၍ ဒေါသတကြီးဖြင့်ပြော၏။

"မင်း ဘာလို့ ငါ့ ယွမ် မိသားစုနောက်ကို ထပ်ခါထပ်ခါ လိုက်နေတာလဲ"

ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။

"မင်းရဲ့ ယွမ် မိသားစုကို လိုက်နေတာလား။ အင်မော်တယ်တွေ့ဆုံပွဲညီလာခံမှာ မင်းသားက ငါ့ကို ချောင်းတိုက်ခိုက်လို့ သတ်ပစ်လိုက်ရတာ။ ဒီတစ်ကြိမ် မင်းငါ့မိသားစုကို ထိခိုက်လုနီးပါးဖြစ်နိုင်တဲ့ လုပ်ကြံသတ်ဖြတ်သူတွေကို စေလွှတ်ခဲ့တယ်။ အခု မင်းရဲ့ ယွမ် မိသားစုကို ငါဘာလို့ လိုက်နေတာလဲလို့ မေးဖို့ သတ္တိရှိသေးတယ်ပေါ့”

ဤစကားများသည် ယွမ်ချန်ယွီ၏မျက်နှာကို သေလုနီးပါးဖြူဖပ်ဖြူရော်ဖြစ်စေ၍ သူ့အမူအရာမှသည်လည်း မကျေမနပ်ဖြစ်လာသည်။

ရွှယ်အန်းသည် အရာအားလုံးကိုသိနေ၏။ ရွှယ်အန်းသည် ဤလူကို စကားများများပြောရန် စိတ်မ၀င်စားဘဲ၊ သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ မီးက ယွမ်ချန်ယွီကို တိုက်ရိုက်လောင်ကျွမ်းသွားခဲ့သည်။ ချက်ခြင်းပင် သူသည် ဗလာနတ္ထိပျောက်ကွယ်သွား၏။ ထို့နောက် ရွှယ်အန်းသည် မတ်တပ်ထရပ်၍ တက်ရောက်လာသူအားလုံးကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ရွှယ်အန်းနှင့် မည်သူမျှ အကြည့်ချင်းမဆုံဝံ့ကြပေ။ အချို့သည် ထိတ်လန့်လွန်းလှသဖြင့် ခြေထောက်များ တုန်ယင်နေသည်။ ရွှယ်အန်းသည် ဘာသိဘာသာ အမူအရာဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ လူနှစ်ဆယ် သို့မဟုတ် သုံးဆယ်၏ ခြေအောက်မှ မီးတောက်များ ထွက်ပေါ်လာသည်။ ဤလူများ မအော်နိုင်ခင်၌ပင် ၎င်းတို့သည် ပြာများအဖြစ် တိုက်ရိုက်ပြောင်းလဲသွားသည်။

ဤသို့ဖြင့် ယွမ်မိသားစု၏တရားဝင်ဌာနခွဲထက်ဝက်ကျော်ခန့် ပျောက်ကွယ်သွားခဲ့ရာ ယွမ်မိသားစု အကြီးအကဲများအတွက်မူ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။

" မူလက မင်းတို့ယွမ်မိသားစု တစ်ခုလုံးကို သုတ်သင်ဖို့ ရည်ရွယ်ထားပေမယ့် အခုတော့ မင်းတို့ထဲက အချို့က အမှောင်ထဲပိတ်မိနေကြပုံပဲဆိုတော့ တစ်ကြိမ်လောက်သက်ညှာပေးဖို့ စဥ်းစားလိုက်မယ်"

စကားပြောပြီးနောက် ရွှယ်အန်းသည်‌ ခြေဆောင့်လိုက်ရာ ကောင်းကင်တည့်တည့်သို့ ပျံတက်၍ ပျောက်ကွယ်သွားခဲ့သည်။ သူထွက်ခွာသွားပြီးနောက် ယွမ်မိသားစု၏ ကျန်အဖွဲ့ဝင်များသည် လေးလံသောဝန်ထုပ်ဝန်ပိုးကို ပခုံးပေါ်မှ ရုတ်သိမ်းလိုက်သကဲသို့ ခံစားလိုက်ရသည်။

သို့သော် သူတို့သက်ပြင်းချလိုက်သောအခိုက်အတန့်၌ ရွှယ်အန်း နင်းခဲ့သော မြေပြင်သည် ပေါက်ကွဲသံနှင့်အတူ ပြိုကျ၍ အချင်း တစ်ဒါဇင်မျှရှိသော အပေါက်ကြီးတစ်ခုဖြစ်သွားခဲ့သည်။ လူများစွာက ၎င်းတို့ မည်သို့ တွေးနေသည်ကိုပင် မသိကြတော့ပေ။

ယခုအချိန်တွင် ရွှယ်အန်းသည် ယွမ် မိသားစု၏ ထိပ်တန်းအဖွဲ့ဝင်အားလုံးကို တစ်ချက်တည်းသုတ်သင်ခဲ့၍ ကျိပေမြို့ ၏ ယွမ် မိသားစုကို ပထမအဆင့်မှ ဒုတိယအဆင့်သို့ အဆင့်ကျသွားစေခဲ့သည်။ ထို့နောက် ရွှယ်အန်းက ရှန်ကျန်းမြို့သို့ပျံလာခဲ့၏။ အန်းယန်က သူပြန်လာသည်ကို မြင်သောအခါ သက်ပြင်းချလိုက်မိသည်။

“အန်းချင်က ခုဏကတည်းက အလျင်လိုနေလို့ ပြန်သွားပြီ” အန်းယန်က ပြောသည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးနောက် ဆုန်ယိကို ကြည့်လိုက်သည်။

“ဆုန်ယိအခု မင်မိသားစုလည်းမရှိတော့ဘူးဆိုတော့ ရှန်ကျန်းက ခေါင်းမရှိတဲ့နဂါးလိုပဲဖြစ်နေလိမ့်မည်။ ကျုပ်ခင်ဗျားကို ဒီနေရာကို ဦးစီးဖို့လုပ်စေချင်တယ်။ ခင်ဗျား တာဝန်ယူနိုင်လား”

ဆုန်ယိက ရွှယ်အန်းကို မယုံကြည်နိုင်စွာဖြင့်ကြည့်၍ ပခုံးတွန့်လိုက်သည်။

“မစ္စတာရွှယ်…ခင်ဗျား..ကျုပ်ကို ရှန်ကျန်းကို ဦးစီးဖို့ပြောနေတာလား”

ရွှယ်အန်းက ခေါင်းညိတ်ပြ၏။

“ခင်ဗျားလုပ်ရဲလားမလုပ်ရဲဘူးလား”

ဆုန်ယိက ခဏတာခန့်တွေးနေပြီးမှ ခိုင်မာပြတ်သားသော မျက်နှာမျိုးဖြင့် ပြောလိုက်သည်။

“မစ္စတာရွှယ်က အမိန်‌့ပေးတာဆိုတော့ ကျုပ် ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ဖြတ်ရမယ်ဆိုရင်တောင် ကျုပ် မငြင်းပါဘူး”

ရွှယ်အန်း ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သူသည် ဆုန်ယိ၏ နည်းလမ်းများကို ယုံကြည်၏။ ကျုံးတုကဲ့သို့သော နေရာတစ်ခုတွင် ထင်ပေါ်သောသူတစ်ဦးက မည်သို့ သာမန်လူတစ်ယောက်ဖြစ်နိုင်မည်နည်း။

“မစ္စတာရွှယ်၊ ခင်ဗျားမိန်းမကို ကျုံးတုကို ပြန်ခေါ်သွားမှာလား”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဒါဆို ဆရာ့ကို တစ်ခုလောက် သတိပေးချင်ပါသေးတယ်။ ဆရာ့ ကျင့်ကြံစဥ်က နတ်အဆင့်ဖြစ်နေပေမယ့် ကျုံးတုက အခြားနေရာတွေနဲ့မတူပါဘူး။ အဲ့မှာ အကောင်းအဆိုးရောနေတာ မြင့်မြတ်တဲ့မိသားစုတွေက နွားမွှေးလိုပဲ အရမ်းများတယ်။ ချင်းမန်တောင်ပေါ်က အချိန်အတိုင်းပဲ ခင်ဗျားသတ်ခဲ့တဲ့ ဟော်ဟဲမင်က ဟော်မိသားစုရဲ့ မထင်ရှားတဲ့သားတစ်ယောက်ဆိုပေမယ့် တကယ်လို့ အဲ့ကိုသွားရင်…”

ဆုန်ယိသည် အမှန်ပင် စိုးရိမ်နေခြင်းဖြစ်၏။ သူက ရွှယ်အန်း၏ ဒေါသကို သိသဖြင့် ကျုံးတုမြို့တွင် စုပေါင်းတိုက်ခိုက်ခြင်းခံရမည်ကို စိုးရိမ်သည်။ ရွှယ်အန်းကမူ လက်ကို ခါပြီးနောက် ခပ်ပါးပါးရယ်၍ ပြောလိုက်၏။

“ကျုပ်နားလည်ပါတယ်။ ကျုပ်ကကျုံးတုကို ဒုက္ခပေးဖို့သွားတာမဟုတ်ပါဘူး။ ဒါပေမယ့် ကျုပ်ကို ပြဿနာမရှာသရွေ့တော့ ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး။ အဲ့မိသားစုတွေက နည်းနည်းတော့ အသိစိတ်ရှိဖို့ မျှော်လင့်ပါတယ်”

ဤစကား၏အဆုံးတွင် ရွှယ်အန်း၏ မျက်လုံးထဲ၌ အေးစက်သော အငွေ့အသက်တစ်ခု ဖြတ်ပြေးသွား၏။ ဆုန်ယိက ပါးစပ်ကို ပိတ်၍ ဆက်လက်၍ မည်သည့်စကားမျှမပြောဝံ့တော့ပေ။ ရွှယ်အန်းသည် ထိုညနေ၌ ဟိုတယ်၌ ဆက်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် ရှန်ကျန်းတစ်ခွင်၌ အုတ်အော်သောင်းတင်းဖြစ်နေ၏။ မင်မိသားစုသည် ရှန်ကျန်းမြို့၌ မျိုးဆက်ပေါင်းများစွာ အမြစ်တွယ်လာခဲ့ရာ ဤမြေ၏သခင်ပင်ဖြစ်သည်။ သို့သော် ၎င်းတို့က ပျက်ဆီးပျောက်ကွယ်သွားလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။ မင်မိသားစု၏ အိမ်ကြီးသည်ပင်လျှင် မြေအောက်ထဲသို့ နိမ့်ကျသွားခဲ့ရသည်။

ထိုသို့သော နည်းလမ်းများက ရှန်ကျန်းရှိ အခြားအာဏာရှင်များကို မည်ကဲ့သို့ မတုန်လှုပ်စေဘဲ နေလိမ့်မည်နည်း။ ထို့အပြင် မင်းမိသားစုကို ဖျက်ဆီးခဲ့သူသည် ယခုအချိန်ထိ ထွက်ခွာမသွားရသေးနှင့် မင်မိသားစုပိုင်သော ဟိုတယ်တွင်ဆက်နေနေသည်ဟူသော သတင်းစကားများလည်း ပျံ့နှံ့လာခဲ့သည်။

ဤသတင်းများက မြို့တစ်ခုလုံး၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် ရွှယ်အန်းသည်မူ ဤကိစ္စနှင့်ပတ်သက်၍ ဂရုမစိုက်ပေ။ နောက်ဆုံးတွင် ရှန်ကျန်းမြို့ဟူသည် သူ့အတွက် အလွန်သေးငယ်လှသည်။

သူ ဤနေရာတွင်နေရသည်ကိုလည်းမကြိုက်ပေ။ ဆုန်ယိက ဤအခွင့်အရေးကိုယူ၍ အဖွဲ့အားလုံးကို သတင်းပို့ခဲ့သည်။ ထိုသတင်းသည် ယနေ့မှစ၍ ရှန်ကျန်းသည် ရွှယ်မိသားစု၏ အုပ်ချုပ်မှုအောက်သို့ရောက်ရှိသွားပြီဖြစ်ကြောင်း အခိုင်အမာပြောကြားထား၏။

သူ၊ ဆုန်ယိသည် ရွှယ်မိသားစု၏ တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်ပေလိမ့်မည်။ ယင်းကို သဘောမတူသောသူမှန်သမျှ ယခုအချိန်တွင် ကန့်ကွက်ပြောဆိုနိုင်သည်။ ထိုသတင်းကို ကြားရပြီးသည့်နောက် မိသားစုကြီးများက အချိန်များစွာကြာ တိတ်ဆိတ်နေခဲ့ကြရာ နောက်ဆုံးတွင် ပညာသားပါပါရွေးချယ်ခဲ့သည်။ ၎င်းတို့သည် တစ်မိသားစုပြီးတစ်မိသားစု ဆုန်ယိဆီသို့ လက်ဆောင်ပဏာများပေးအပ်ခဲ့ကြကာ အညံ့ခံခဲ့ကြသည်။ သွေးတစ်စက်မျှ ကျရန်မလိုအပ်ဘဲ ဆုန်ယိသည် ရှန်ကျန်းတစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။ သို့သော် ဤသည်က အစသာရှိသေး၏။ အင်အားစုအများစုသည် ရွှယ်အန်း၏ ဆုံးဖြတ်ချက်ကြြေင့် ကြောက်လန့်နေကြခြင်းဖြစ်၍ ကျန်ရှိသော လမ်းခရီးကို ဆုန်ယိတစ်ဦးတည်းက ဖောက်ရန် လိုသေးသည်။ ရွှယ်အန်းသည်မူ နောက်နေ့မနက်တွင် အန်းယန်နှင့် သမီးဖြစ်သူနှစ်ဦးနှင့်အတူ ကျုံးတုသို့ ဦးတည်သော လေယာဥ်ပေါ်တွင် ရောက်နေပြီဖြစ်သောကြောင့် ထိုကိစ္စများကို ဂရုမစိုက်ခဲ့ပေ။ ဤအကြိမ်တွင် သူသည် ကျုံးတုနယ်မြေတစ်ခုလုံးကို ကြီးစိုးတော့မည်ဖြစ်၏။

အခန်း (၁၇၀) ကျုံးတုရှိ အန်းမိသားစစု

ကျုံးတု၊

ဟွာရှား၏မြို့တော်။

လေးနက်သော သမိုင်းအမွေအနှစ်များဖြင့် နှစ်ပေါင်းတစ်ထောင်ကျော် ရှေးဟောင်းမြို့တစ်မြို့။

ကျုံးတု၏အနောက်ဘက်တွင် ကြီးမားသော လုံးချင်းအိမ်ကြီးများနှင့် ဇိမ်ခံအိမ်ကြီးများရှိသည်။

ဤနေရာသည် ချမ်းသာသော မိသားစုများ နေထိုင်ရာ နေရာဖြစ်သည်။

ရွှယ်အန်းနှင့် အန်းယန်တို့ ကားပေါ်မှ ဆင်းပြီးနောက် ခမ်းနားထည်ဝါသော တံခါးကို မျှော်ကြည့်ကာ အန်းယန်၏ မျက်နှာသည် တဖြည်းဖြည်းချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ဤနေရာသည် တစ်ချိန်က သူမနေထိုင်ခဲ့သည့်နေရာဖြစ်၍ သူမ၏ အဆုံးမဲ့ဆင်းရဲဒုက္ခများ၏ အရင်းအမြစ်လည်းဖြစ်သည်။

“ယောကျ်ား… ငါတို့ တကယ်ဝင်ရမှာလား” အန်းယန်၏ အသံက တုန်ယင်နေသည်။

ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"အင်း၊ ငါတို့ ဝင်ရမှာ။ မကြောက်နဲ့ ကိုယ် မင်းအတွက် ဒီမှာ ရှိနေပြီ"

ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ရေခဲမုန့်များကို လျှာဖြင့်လျက်လျက် တစ်စုံတစ်ခုကို တိတ်တဆိတ်ဆွေးနွေးနေကြသည်။

"မမ ဒါက မေမေ့အိမ်လား။ အရမ်းကြီးတာပဲ"

"အင်း ဒါပေမယ့် ဖေဖေက မေမေ့ရဲ့ မိသားစုဝင် တော်တော်များများက လူဆိုးတွေလို့ ပြောတယ်"

ရွှယ်ရှန်းက လူကြီးတစ်ယောက်ကဲ့သို့ ညွှန်ကြားလိုက်သည်။

“ခဏနေ ငါတို့ ဝင်ရင် ငါတို့ ဖေဖေနဲ့ မေမေကို သိက္ခာကျအောင် မလုပ်နဲ့ နားလည်လား"

ရွှယ်နျန်က အားတက်သရော ခေါင်းညိတ်လိုက်ကာ သူမ၏ပြည့်ဖောင်းသော မျက်နှာလေးထက်၌ ပြတ်သားမှုတစ်ခု ပေါ်လာသည်။

မိသားစုလေးယောက်က ဝင်ရန် ပြင်ဆင်နေကြချိန်၌ ကြက်သွေးရောင် Lamborghini တစ်စီးသည် ဂိတ်တံခါးရှေ့သို့ မော်းနှင်လာကာ ၎င်း၏ကြီးမားသောအင်ဂျင်သည် လမ်းဘေးသစ်ပင်များမှ သစ်ရွက်များကို တုန်လှုပ်သွားစေလောက်သည်အထိ ကျယ်လောင်လွန်းလှ၏။ ကားတံခါး ပွင့်လာပြီးနောက် ကြီးကျယ်ခမ်းနားသော ၀တ်စုံများကို ဝတ်ဆင်ထားသည့် မာနထောင်လွှားပုံပေါ်သော အမျိုးသမီးငယ်တစ်ဦး ထွက်လာသည်။ ဤကောင်မလေးကို မြင်သည်နှင့် အန်းယန်အံ့သြသွားရသည်။

တစ်ချိန်တည်း၌ပင် အမျိုးသမီးငယ်သည် လမ်းဘေးတွင် ရပ်နေသော အန်းယန်ကို သတိပြုမိခဲ့သည်။ သူမက ပါးစပ်အဟောင်းသားဖြင့် ခဏကြာကြည့်နေပြီးမှ အံ့သြစွာအော်လိုက်၏။

“နင်လား… အန်းယန်”

“အန်းမင်”

ဤအမျိုးသမီးမှာ အန်းယန်၏ဝမ်းကွဲအစ်မ အန်းမင်ဖြစ်သည်။

ထင်ရှားသော မျိုးနွယ်စုတစ်ခုအနေဖြင့် မိသားစုသည် သဘာဝအတိုင်းပင် ထွန်းကားသော မျိုးရိုးရှိသည်။ တရားဝင်သားစဉ်မြေးဆက်၏ အဓိကအကိုင်းအခက် သုံးခုရှိသည်။ အန်းယန်၏ဖခင်မှာ အကြီးဆုံးသားဖြစ်၍ အန်းယန်ကို အမည်ပေးခဲ့သော်လည်း သူမ ငယ်စဥ်ကပင် သေဆုံးသွားခဲ့သည်။

ဒုတိယမှာ အန်းမင်၏ဖခင် အန်းရွှယ်ဖြစ်သည်။

တတိယမှာ အန်းချန်ဖြစ်၍ ယခု အန်းမိသားစု၏ အဓိက အုပ်ချုပ်သူဖြစ်သည်။

အန်းယန်ကိုမြင်လိုက်ရပြီးနောက် ရွှယ်အန်းနှင့် ကောင်မလေးနှစ်ယောက် အနားတွင်ရပ်နေသည်ကိုတွေ့လိုက်ရသောအခါတွင် သူမ၏အကြည့်များသည် သိသိသာသာပြောင်းလဲသွားသည်။

ထို့နောက် အန်မင်၏နှုတ်ခမ်းတွင် အထင်သေးသော အပြုံးတစ်ခု ပေါ်လာသည်။

“ညီမအန်းယန် တကယ်ပြန်လာပြီလား။ ဒါဟာ တကယ့်ကို ကြည်နူးစရာ အချိန်အခါပါ။ အဖွားသိရင်အရမ်းပျော်နေလိမ့်မယ်”

အဖွားအကြောင်းထည့်ပြောလာသောအခါတွင် အန်ယန်၏မျက်လုံးများထဲ၌ ရှုပ်ထွေးသောအကြည့်များ ပေါ်လာသည်။ ထို့နောက်တွင် အန်းမင်သည် ရွှယ်အန်းကို အထင်သေးစွာကြည့်၍ ပြော၏။

"ဒါ... ခဲအိုဖြစ်ရမယ် ဟုတ်လား"

သို့သော် 'ခဲအို' ဟု ပြောသောအခါတွင် သူမ၏ မျက်နှာသည် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်။ အန်းယန်သည် ရွှယ်အန်းကို စိုးရိမ်တကြီး ကြည့်ကာ ဒေါသထွက်လာမည်ကို စိုးရိမ်နေသည်။ သို့သော် ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ဦးနှောက်နှင့်အသိဉာဏ် ချို့တဲ့သော အမျိုးသမီးတစ်ဦးနှင့် သူမငြင်းခုန်ချင်ပေ။

ထို့အပြင်…ယခုက အချိန်မဟုတ်သေးပေ။

အန်းယန်ပြန်လာပြီဟူသော သတင်းက အန်းမိသားစု၌ ပျံ့သွားလျှင် တည်ငြိမ်သော အန်းမိသားစုပင်လျှင် ရုတ်ရုတ်သဲသဲဖြစ်လာပေလိမ့်မည်။ လက်ရေးလှရေးလေ့ကျင့်နေသော အန်းချန်သည် ကျွန်၏အစီရင်ခံစာကိုကြားသောအခါတွင် မကျေမနပ်ဖြစ်သောအမူအရာမျိုးပေါ်လာသည်။

"ငါသိပြီ။ သွားပြီး သခင်မကြီးကို အကြောင်းကြားလော့”

ခြံအနောက်ဘက်တွင် မြင်းစီးနေသော အန်းရွှယ်သည် သတင်းကိုကြားသောအခါ အမူအရာသည် မှောက်မိုက်လာ၍ မျက်လုံးများသည်လည်းအေးစက်နေသည်။ သူ၏ မြင်းစီးအဝတ်များကိုပင်မလဲဘဲ အိမ်ရှေ့ခြံဝင်းဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားသည်။

ထိုအချိန်တွင် လူအများအပြားက ခြံကို ဝိုင်းထားကြ၍ တီးတိုးပြောနေကြသည်။

"အဲ့လူက အန်းယန်လိုက်သွားတဲ့ ရွှယ်အန်းဆိုတဲ့လူလား"

"ကျစ်..ကျစ် သူက ရုပ်ရည်ကြည့်ကောင်းပေမယ့်အဝတ်အစားတွေကတော့ သာမန်ကျလွန်းတယ်”

"ဒီကောင်မလေးနှစ်ယောက်က တော်တော်ချစ်စရာကောင်းတာပဲ"

"ဟယ်၊ နင်ပြောတာ သခင်မကြီး မကြားစေနဲ့။ တစ်ချိန်က သူက အန်ယန်၏ သားသမီးတွေကို တစ်သက်လုံးအသိအမှတ်မပြုဘူးလို့ ပြောခဲ့ဖူးတယ်”

သခင်မကြီးဟူသော အကြောင်းကြားလိုက်ရသောအခါ အစေခံအားလုံးသည် စကားဆက်မပြောဝံ့ဘဲ ချက်ခြင်းပင် တိတ်ဆိတ်သွားကြသည်။ အန်းရွှယ်လျှောက်လာစဉ် အစေခံများသည် သူ့အတွက် လမ်းကြောင်းတစ်ခုကို အမြန်ရှင်းလင်းခဲ့သည်။

"ဒုတိယသခင်ကြီး"

ခန်းမထဲသို့ တည့်တည့် လျှောက်လာစဉ် အန်းရွှယ်၏ မျက်နှာသည် ရေကဲ့သို့ ငြိမ်သွားသည်။ သူပေါ်လာသောအခါ အန်းယန်သည် ငှက်တစ်ကောင်ကဲ့သို့ ထိတ်လန့်သွားကာ မတ်တပ်ရပ်ရသည်ကိုပင် ပင်ပန်းသွားသည့်အလား တောင့်တင်းသွားသည်။ သို့သော် ရွှယ်အန်းက သူမကို ညင်သာစွာ ဖိချလိုက်သည်။

“မင်းရဲ့ ခန္ဓာကိုယ်က အားနည်းနေတယ်၊ ပေါ့ပေါ့ဆဆ မနေနဲ့"

အန်ယန်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေသော်လည်း သူမ နာခံ၍ ထိုင်ချလိုက်သည်။ အန်းယန်ကိုမြင်သောအခါ အန်းရွှယ်သည် အေးစက်စွာ အော်ဟစ်၍ ရွှယ်အန်းကို အေးစက်စွာစိုက်ကြည့်လိုက်သည်။ ခန်းမတစ်ခုလုံးကို အလွန်ပြင်းထန်သော သြဇာက အရှိန်အဟုန်ပြင်းပြင်းဖြင့် တဖြည်းဖြည်း လွှမ်းခြုံသွားသည်။ အစေခံများက အဝေးမှ တီးတိုးပြောနေကြသည်။

"အခု ပွဲကြီးပွဲကောင်းဖြစ်တော့မယ်ထင်တယ်။ ဒုသခင်ကြီး ဒေါသဖြစ်နေပြီ"

“ဟဲဟဲ၊ ပိန်လှီနေတဲ့ကောင်ကို ကြည့်။ ဒုတိယသခင်၏ ထိုးနှက်ချက်နည်းနည်းလောက်ကိုတောင် ခံနိုင်ရည်ရှိမည်လို့ မင်းထင်လား"

"ငါ အများဆုံး သုံးချက်လို့ လောင်းတယ်"

"အရမ်းနည်းတယ်၊ ငါငါးချက်လောင်းမယ်”

ထိုကဲ့သို့ သြဇာကြီးလှသည့်လူကို ရင်ဆိုင်နေရသော်လည်း ရွှယ်အန်းသည် သတိမမူဘဲ လက်ဖက်ရည်ကို အေးဆေးဆက်သောက်နေသည်။

အတန်ကြာပြီးနောက် အန်းရွှယ်ကသြရှ‌သောအသံဖြင့် ပြောလိုက်သည်။

"ဒါဆို မင်းက ရွှယ်အန်းလား"

"ဟုတ်တယ်၊ ကျုပ်က ရွှယ်အန်းပါ"

“ဟားဟား” အန်းရွှယ်ရယ်လိုက်သည်။

သူ ရယ်လိုက်သောအခါတွင် နှဖူးထက်၌ ဒေါင်လိုက် နားထင်ကြောများတွန့်လာရာ အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ လူများစွာက တုန်လှုပ်သွားကြသည်။

ဒုသခင်ကြီး ရယ်လိုက်သောအခါ တစ်စုံတစ်ယောက် အသတ်ခံရတော့မည်ဟု ဆိုလိုသည်ကို မည်သူက မသိသနည်း။

“ကောင်းပြီ၊ မင်းမှာ ဒီလိုမျိုး သတ္တိရှိမယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းက ငါတို့ မိသားစုရဲ့ သမီးတစ်ယောက်ကို ခိုးပြေးတာတင်မကဘဲ ပြန်လာဖို့တောင် သတ္တိရှိသေးတယ်ပေါ့”

အန်းရွှယ်၏ ပါးစပ်များသည် လှောင်ပြောင်မှုနှင့်အတူ ကွေးတက်သွားသည်။

“မင်း အရင်က တစ်ချိန်က အန်းမိသားစုကို သွားလည်တယ်လို့ ကြားတယ်၊ အဲတုန်းက မင်းကိုယ်မင်းအရမ်းတော်တယ်ထင်နေတာဆို။ ဘာလဲ။ အခုတော့စဥ်းစားမိပြီလား။ အန်းမိသားစုကို ငွေတောင်းဖို့ အဆင်သင့်ဖြစ်ပြီလား”

ရွှယ်အန်းသည် ဖြည်းညှင်းစွာမော့၍ အန်းရွှယ်ကို လျစ်လျူရှု့၍ကြည့်လိုက်ရာ အန်းရွှယ်က ဆက်မပြောနိုင်တော့ဘဲ ဆွံ့အသွားရသည်။ ရွှယ်အန်း၏ အကြည့်များသည် အလွန်ငြိမ်သက်ကာ ကြောက်မက်ဖွယ်ကောင်းလှသောကြောင့် အန်းရွှယ်၏ နှလုံးသားကို အနည်းငယ်တုန်လှုပ်သွားစေသည်။

ရုတ်တရက် အန်းရွှယ်ဒေါသထွက်လာသည်။

‘သူ ဒီ ရွှယ်အန်းကို တကယ်ကြောက်သွားမိတာလား’

သူက စကားပြောတော့မည့်အခိုက်တွင် ရွှယ်အန်းက ခေါင်းကို ငြင်သာစွာခါလိုက်၏။

“ခင်ဗျားတစ်ခုမှားသွားပြီ”

"ကျွန်တော်ကအန်းယန်အတွက် မိသားစုကို တောင်းဖို့ ဒီကို ရောက်လာတာမဟုတ်ဘူး။ ခင်ဗျားကသာ ဒူးထောက်ပြီး တောင်းပန်တာမျိုးမလုပ်မိအောင် သတိထားရမယ့်သူပဲ”

ထိုစကားများသည် လက်ရှိရှိနေသူများကို ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။ အန်းမင်၏မျက်နှာပေါ်တွင် အထင်သေးသည့် အကြည့်တစ်ခုပေါ်လာ၍ သူမ၏ ရွှယ်အန်းအပေါ်သို့အမြင်သည် ပို၍ပင် အထင်သေးမှုများပြည့်လာသည်။ သူ့အမြင်တွင် ဤလူသည် အလွန်ခန့်ညားလှသည်မှလွဲ၍ လေကြီးလေကျယ်ပြောတတ်ကာ အသုံးမကျပေ။

သူမ၏ ဝမ်းကွဲညီမက သူ့ကို ရတနာကဲ့သို့ သဘောထားနေသည်မှာ ဟာသတစ်ခုပင်ဖြစ်သည်။

အန်းရွှယ်က ဒေါသကြီးစွာဖြင့် ရယ်မောလိုက်သည်။

"ကောင်းပြီ ကောင်းပြီ မင်းက အရေထူထာပဲ။ မင်းကို အန်းမိသားစုဝင်တစ်ယောက်က ဒူးထောက်ဖို့ မျှော်လင့်နေတာ မင်းကိုယ်မင်းဘာကောင်ထင်နေလဲ”

“ကျုပ်ဘယ်သူလဲဆိုတာ ဂရုမစိုက်ဘူး။ ကျုပ်က ရွှယ်အန်းပါ" ရွှယ်အန်းက ဖြည်းညှင်းစွာ တုံ့ပြန်သည်။

အန်းရွှယ်၏ မျက်လုံးများတွင် ရက်စက်သော အကြည့်တစ်ခု တောက်ပလာသည်။

"ကောင်လေး၊ မင်းငါ့ကိုပြိုင်ဖို့ သတ္တိရှိလား"

ရွှယ်အန်းသည် သူ့လက်ဖက်ရည်ခွက်ကိုချ၍ ခပ်ပါးပါးပြုံးလိုက်သည်။

"ဘာပြိုင်မှာလဲ"

"ဘာပဲဖြစ်ဖြစ် မင်းရဲ့ အရပ်အမောင်းနဲ့ ပြောရရင် တိုက်ခိုက်ရင် ငါ့ဘက်သာနေတော့ အနိုင်ကျင့်ရာကျလိမ့်မယ်။ … ဒါဆို ငါတို့ မြင်းစီးပြိုင်မယ်လေ ဘယ်လိုလဲ”

‘မြင်းစီးပြိုင်မယ်ဟုတ်လား’

မျက်နှာများစွာထက်တွင် အပြုံးများပေါ်လာသည်။

ကျုံးတုတစ်ခုလုံးတွင် ဒုသခင်ကြီး အန်းရွှယ်သည် ထိပ်တန်းမြင်းစီးသူဖြစ်သည်ကို မည်သူမသိကြသနည်း။ ဗြိတိသျှတော်ဝင်မိသားစု၏ မြင်းစီးနည်းပြများပင်လျှင် အန်းရွှယ်နှင့် မယှဉ်နိုင်ပေ။ ရွှယ်အန်း၏အသွင်အပြင်ကိုကြည့်လျှင် သူသည် မြင်းမစီးဖူးသူဖြစ်နိုင်သည်။

လူများက စတင်၍ လှောင်ပြောင်နေကြသည့်အခိုက်တွင် ရွှယ်အန်းက ခေါင်းညိတ်၍ ချွန်ထက်သောသွားများကို လှစ်ဟပြလျက် ပြုံးလိုက်သည်။

“ခင်ဗျားပြောတာနော်”

အခန်း (၁၇၁) စစ်မှန်သောမြင်းတိုက်ပွဲကား အဘယ်နည်း

မြေတစ်လက်မတိုင်း ရွှေအလေးချိန်တန်သော ကျုံးတုတွင် အန်းမိသားစုသည် အမှန်တကယ်ပင် ၎င်းတို့၏ မြင်းမွေးမြူရေးခြံကို ပိုင်ဆိုင်ထားသည်။ ထိုအချိန်တွင် မျိုးကောင်းမြင်းကောင်ရေ တစ်ဒါဇင်ကျော်သည် အေးအေးဆေးဆေး စားကျက်နေသည်။

"ဒီမြင်းတွေဟာ ဗြိတိန်တော်ဝင်မိသားစုတွေရဲ့ မြင်းတွေထက်တွေထက်တောင် ပိုသန့်တယ်။ ၊ တစ်ကောင်ချင်းစီက သန်းဆယ်ဂဏန်းလောက်တန်တယ်" အန်းရွှယ်က ပြောသည်။

ဤသို့ပြောပြီးနောက် အန်းရွှယ်သည် ရွှယ်အန်း၏ မျက်နှာထက်တွင် အံ့သြမှုအရိပ်အယောင်ကို မြင်ရရင် ကြည့်နေ၏။ နောက်ဆုံးအနေဖြင့် အန်းမိသားစုသို့လည်ပတ်၍ မြင်းမွေးမြူရေးခြံကို မြင်ဖူးသူတိုင်းသည် ၎င်းတို့၏ အခြေအနေမည်သို့ပင်ဖြစ်နေစေကာမူ အမြဲတစေ တုန်လှုပ်ခြောက်ခြားစေ၏။

သို့သော် အံ့သြဖွယ်မှာ ရွှယ်အန်းသည် အနည်းငယ်မျှပင် အံ့သြသွားသည့်ပုံမပေါ်ပေ။ အန်းရွှယ်က ရွှယ်အန်းသည် ကမ္ဘာကို တစ်ကြိမ်တစ်ခါမျှ မမြင်သဖြင့် ဤသတ္တဝါများ၏ တန်ဖိုးကို မသိသော ခွေးတစ်ကောင်သာဖြစ်နိုင်သည်ဟုတွေးကာ စိတ်ထဲမှ လှောင်ရယ်လိုက်သည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် အရပ်မြင့်မြင့် မြင်းဖြူတစ်ကောင်ကို ဦးဆောင်၍ ရောက်လာ၏။

အန်းရွှယ်သည် မြင်း၏လည်ပင်းကို ချစ်ခင်စွာ ပွတ်သပ်ပြီးနောက် ၎င်းကို အသာအယာကိုင်ကာ ကျောပေါ်သို့ ခုန်တက်သွားသည်။ ဤကျွမ်းကျင်သော အပြုအမူသည် အစေခံများစွာထံမှ လက်ခုပ်သံများ ထွက်ပေါ်လာစေသည်။

"ငါ့ စစ်ပုဆိန်ရှည်ကို ယူလာပါ" အန်းရွှယ်က ပြုံး၍ လေးနက်သောအသံဖြင့်ပြော၏။

များမကြာမီတွင် လူတစ်ယောက်သည် ပါးစပ် နားရွက်တက်ချိတ်လုမတက်ပြုံး၍ အလွန်ကြီးမားသော စစ်ပုဆိန်ရှည်ကို သယ်ဆောင်လာသည်။ အန်းရွှယ်သည် ပုဆိန်ကို လွှဲ၍ ဂုဏ်ယူရယ်မောလိုက်သည်။

"ဒီနေ့ ရှေးခေတ်က မြင်းတပ်ရဲ့ စစ်ဆင်ရေးအနုပညာကို ငါမင်းကို ပြမယ်"

အန်းရွှယ်က ပြောပြီးသည်နှင့် မြင်းကို ခြေထောက်နှစ်ဖက်ဖြင့် တွန်းအားပေးလိုက်ရာ မြင်းသည် ကွင်းကိုပတ်၍ ရိုင်းစိုင်းစွာပြေးတော့၏။ ကွင်းထဲ၌ ကောက်ရိုးအရုပ်များစွာရှိနေသည်။ အန်းရွှယ်သည် ကောက်ရိုးရုပ်တစ်ရုပ်ကို ဖြတ်သွားပြီးနောက် ရုတ်တရက် ဟိန်းဟောက်လိုက်သည်။

"သေတော့ သူခိုး"

သူ၏အသံသည် မိုးခြိမ်းသံနှင့်ပင်တူ၏။ ထို့နောက် ဓားတစ်ချောင်းထွက်လာကာ ကောက်ရိုးရုပ်ကို ခါးမှတစ်ဆင့် ထက်ဝက်သန့်ရှင်းစွာ လှီးဖြတ်လိုက်သည်။ အိမ်အကူများစွာသည်လည်း ထိတ်လန့်တကြားဖြစ်ကုန်ကြ၏။

သို့သော်လည်း ရွှယ်အန်းသည် လက်နှစ်ဖက်ကိုပိုက်ကာ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။ အန်းရွှယ်သည် တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းပစ်လိုက်၏။ ကောက်ရိုးအရုပ်များအားလုံးကို ခုတ်ပိုင်းပြီးသည့်နောက်တွင် သူက ကောင်းကင်ကို မော့ကြည့်၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"အားရစရာ"

ထို့နောက်တွင် သူက အေးစက်စွာဖြင့် ရွှယ်အန်းကို လှည့်ပြောလိုက်သည်။

"ရွှယ်အန်း၊ အခု မင်းအလှည့်ရောက်ပြီ"

အားလုံးရဲ့မျက်လုံးများက ရွှယ်အန်းကိုကြည့်နေကြသည်။ သူက ခေါင်းကို ညင်သာစွာ ခါလိုက်သည်။ အန်းမင်သည် ရှုံးနိမ့်ကြောင်း ဝန်ခံရမည်ထင်ကာ ကဲ့ရဲ့ရှုတ်ချလိုက်သည်။ သို့သော် မမျှော်လင့်ဘဲ ရွှယ်အန်းက ဘာသိဘာသာပြောလိုက်၏။

“ကျုပ်အမြင်ကို ကြားချင်ရင် ဒီမြင်းပြန်စစ်ပွဲလို့ခေါ်တဲ့ပြကွက်က လုံးဝ တန်ဖိုးမရှိဘူး”

ထိုစကားကိုကြားသောအခါ အန်းရွှယ်၏မျက်နှာသည် အလွန်ရုပ်ဆိုးသွား၏။

"တန်ဖိုးမရှိဘူးဟုတ်လား။ ဟား၊ မင်းက တကယ်လေကြီးတာပဲ ကောင်လေးရဲ့"

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

“မယုံဘူးလား။ မယုံရင် ကျုပ်ခင်ဗျားကို ပြမယ်”

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် မြင်းတင်းကုပ်များဆီသို့ လျှောက်သွားလိုက်သည်။ ဤနေရာတွင် အဖိုးတန်မြင်းမျိုးစုံရှိသော်လည်း ရွှယ်အန်းသည် အခြားသူများနှင့် ခပ်လှမ်းလှမ်းတွင်ရှိသော ရေသောက်ရန် ခေါင်းငုံ့နေသည့် မြင်းနက်တစ်ကောင်ကို အထူးစိတ်ဝင်စားမိသည်။

မြင်းတင်းကုပ်များကို အန်းမိသားစု၏ ဘဏ္ဍာစိုးက စီမံခန့်ခွဲရသည်။ ရွှယ်အန်းက မြင်းနက်ဆီသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ ဘဏ္ဍာစိုးက ငြီးငြူလိုက်၏။

“ဆရာ၊ ဒီမြင်းနက်က မနေ့ကမှ ဒီကို လာခေါ်လာခဲ့တာ ဒေါသကြီးလွန်းတယ်။ ဆရာ့ကိုထိခိုက်မိရင် သတိမပေးဘူးဆိုပြီး ကျုပ်ကို အပြစ်မတင်နဲ့နော်”

ရွှယ်အန်းက မတုံ့ပြန်ဘဲ မြင်းနက်ဆီသို့ ဆက်သွားခဲ့သည်။ မြင်းနက်သည် အရက်သောက်ကာ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို ခံစားရ၍ ကျယ်လောင်စွာ ဟစ်အော်ပြီးနောက် မာနအပြည့်ဖြင့် ခေါင်းကို မြှောက်လိုက်သည်။ တင်းကုပ်မန်နေဂျာသည် ရွှယ်အန်းက မြင်းနက်၏ ကန်ချက်ဖြင့် ချက်ချင်း လွင့်ထွက်သွားလိမ့်မည်ဟု မျှော်လင့်ကာ ရင်ခုန်စွာကြည့်နေ၏။

သို့သော် ထို့နောက်တွင် အံ့သြဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။ မြင်းနက်ကြီးသည် ကြည်ညိုဖွယ်ရာမြင်ကွင်းတစ်ခုကို မြင်လိုက်ရသကဲ့သို့ အနည်းငယ်တုန်လှုပ်သွားကာ ရှေ့ခြေထောက်များကို ဒူးထောက်၍ ရွှယ်အန်း၏ခြေဖဝါးကို ၎င်း၏ ဦးခေါင်းနှင့် ငြင်သာစွာထိလိုက်သည်။

ဤမြင်ကွင်းက ကြည့်ရှု့သူအားလုံးကို အံ့သြသွားစေသည်။

‘ဘာဖြစ်နေတာလဲ’

ဤ ရွှယ်အန်းသည် မြင်းများကို လေ့ကျင့်နည်းကို သိသောကြောင့် ဖြစ်နိုင်ပါသလော။ သို့သော် ဤမြင်းနက်သည် တောရိုင်းဖြစ်သဖြင့် ထိပ်တန်းမြင်းလေ့ကျင့်ရေးမှူးများစွာကိုပင် အံတုကာ ရိုင်းစိုင်းတတ်သည်ဖြစ်ရာ သူ၏ ချဥ်းကပ်မှုကို အဘယ်ကြောင့် ယဥ်ပါးနေရသနည်း။ လူအုပ်ကြီးသည် အံ့သြခြင်း သံသယများဖြင့် ပြည့်နှက်နေသကဲ့သို့ ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးကာ မြင်းနက်၏လည်ဆံကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

"မင်းကို ဒီမှာ ချုပ်နှောင်ထားတာ တကယ်ကို မတရားဘူး ဒါဆို ငါ ဒီနေ့ မင်းကိုစီးမယ်"

မြင်းနက်ကြီးက စိတ်အားထက်သန်စွာ ဟစ်အော်လိုက်သည်။ ရွှယ်အန်းသည် ချက်ချင်းပင် မြင်းကိုစီးကာ မတ်တပ်ရပ်၍ ရွှယ်အန်းကို မြင်းမွေးမြူရေးခြံအလယ်သို့ ခေါ်သွားသည်။ ထိုအချိန်တွင် အန်းရွှယ်၏မျက်နှာသည် မသေချာမရေရာမှုများ၊ နက်မှောင်သောအမူအရာများဖြင့် ပြည့်နှက်နေသည်။

ရွှယ်အန်းသည် မြင်းနက်ကို ထိန်းနိုင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သို့သော် မြင်းစီးနည်းကို ရိုးရိုးရှင်းရှင်းသိရုံနှင့် မလုံလောက်ပေ။ ဓားများသည် ခြေလျင်လျှောက်ရာ၌ အသုံးပြုရန်သာ လွယ်ကူသည်။ သို့သော် အရှိန်ပြင်းပြင်းသွားနေသော မြင်းတစ်ကောင်အပေါ်မှ နေ၍ ခုတ်ပိုင်းသောအခါတွင်မူ အလွန်မြင့်မား‌စွာ ကျွမ်းကျင်နေရန် လိုအပ်သည်။

အန်းရွှယ်သည် ၎င်း၏ လက်ရှိကျွမ်းကျင်မှုအဆင့်ကို ရရှိရန် နှစ်ပေါင်းများစွာ လုံ့လစိုက်ထုတ်လေ့ကျင့်ခဲ့သည်။

"ကျုပ် ဓားသုံးတာကို မကြိုက်ဘူး"

ထို့နောက် သူသည် ထောင့်စွန်းရှိ လက်နက်စင်ပေါ်တွင် တင်ထားသော ဖန်ထျန်ပုဆိန်ကို ညွှန်ပြသည်။

"ဒါကြည့်ကောင်းတယ် ငါယူမယ်"

ဤစကားများပြောလာသည်နှင့် တစ်ခန်းလုံးငြိမ်သက်သွားသည်။

အန်းမင်က ပြင်းပြင်းထန်ထန် ရယ်မောကာ ဗိုက်ကို တင်းတင်းဖိထားလိုက်သည်။

"ဒီကောင်က တစ်ခုခုကို သိနေတယ်ထင်နေတာ တကယ်တော့ လေပေါနေတာပဲ။ ဖန်ထျန်ပုဆိန်က သံမဏိစစ်စစ်ဖြင့် လုပ်ထားလို့ ပေါင်တစ်ရာကျော် အလေးချိန်ရှိတယ်။ အဲ့တာကို အလှဆင်ဖို့ပဲသုံးကြတာကို သူက တကယ်သုံးချင်နေတာလား”

အခြားသူများလည်း ကဲ့ရဲ့ ရှုံ့ချနေကြသည်။ ရွှယ်အန်းသည် လက်ရှိလူများကို ဖြည်းညှင်းစွာ ကြည့်လိုက်ရာ

ရယ်သံများ တဖြည်းဖြည်းလျော့ပါးလာသည်။ ရွှယ်အန်း၏ အကြည့်များသည် တည်ငြိမ်လွန်းလှကာ လှောင်ပြောင်မှုများလည်းကိန်းအောင်းနေသည်။

ထို့နောက် သူက ဇက်ကြိုးကို လှန်၍ မြင်းကို လက်နက်စင်အနားသို့ သွားခိုင်းလိုက်သည်။ ရွှယ်အန်းသည် ဖန်ထျန်ပုဆိန်ကို လှမ်းယူ၍ ကြည့်ရှုသူများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ၎င်းကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

ဤမြင်ကွင်းသည် အန်းရွှယ်ကိုလည်း အလွန်တုန်လှုပ်သွားစေသည်။

မဖြစ်နိုင်ဘူး

သူ၏ စွမ်းအားကို အပြင်းအထန်အသုံးပြုက အန်းရွှယ်သည်လည်း ဖန်ထျန်ပုဆိန်ကို ရွှေ့နိုင်သည်။ သို့သော် ရွှယ်အန်းသည် ၎င်းကို တုတ်ကောက်ကဲ့သို့ လွယ်ကူစွာ ဆွဲယူလိုက်သည်။

“ကဲ… မြင်းတပ်စစ်ဆင်ရေး အစစ်အမှန်က ဘယ်လိုလဲဆိုတာ ကျုပ်ပြမယ်”

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် စတင်၍ မြင်းရေးပြတော့၏။ အနက်ရောင်မြင်းသည် အလွန်လျင်မြန်စွာဖြင့် အနက်ရောင်လျှပ်စီးကြောင်းကဲ့သို့ ပြေးထွက်လာသည်။

စီးနင်းကွင်းတွင် အလံတိုင်များစွာ စိုက်ထူထားကာ ကြိုးမျိုးစုံနှင့် ကေဘယ်ကြိုးများကို ချည်နှောင်ရန် အသုံးပြုထားသည်။ ရွှယ်အန်းသည် ရုတ်တရက် ခပ်ပါးပါး အော်ငေါက်၍ ပုဆိန်ကို ဝှေ့ယမ်းလိုက်သည်။

ဘမ်း

ကျယ်လောင်သော သတ္ထုသံတစ်ခု ထွက်ပေါ်လာကာ ၎င်းသည် သံမဏိအလံတိုင်ကို နှစ်ခြမ်းပိုင်းပစ်လိုက်၏။

ထို့အပြင် ယင်းသည် အစသာရှိသေးသည်။ ရွှယ်အန်းသည် ဖန်ထျန်ပုဆိန်ကို အဆက်မပြတ်ဝှေ့ယမ်းလိုက်သည်။

ဘမ်း ဘမ်း

ဤအလံတိုင်များအားလုံးကို ဆက်တိုက် ခုတ်ပိုင်းပစ်လိုက်သည်။ ကျယ်လောင်လှသော အသံသည် ရောက်ရှိလာသူအားလုံးကို အံ့အားသင့်စေခဲ့ကာ တုန်လှုပ်ခြောက်ခြားမှုအပြည့်ဖြင့်ငေးကြည့်နေကြသည်။

အထူးသဖြင့် အန်းရွှယ်သည် မျက်လုံးများပြူးကျယ်၍ စကားမပြောနိုင်တော့ပေ။ ဤအခိုက်အတန့်တွင် ရွှယ်အန်းသည် ဖျတ်ခနဲ ပြုံး၍ ဇက်ကြိုးကို လှန်လိုက်ရာ မြင်းနက်သည် အန်းရွှယ်ဆီသို့ တည့်တည့်တိုးဝင်လာသည်။ အန်းရွှယ်သည် ထိတ်လန့်သွား၍ သူ၏ ဓားကို ကိုင်မြှောက်ကာ ခုခံရန် ကြိုးစားလိုက်သည်။

သို့သော် ထိုင်တောင်ကဲ့သို့ ရွှယ်အန်း၏ ဖန်ထျန်ပုဆိန်ကို မခံနိုင်ခဲ့ပေ။ နောက်ဆုံးတွင် အန်းရွှယ်သည် ကြောက်ရွံ့မှုဖြင့် ကျယ်လောင်စွာ အော်လိုက်၏။ ဓားသည် နှစ်ခြမ်းကွဲသွား၏။

တစ်ချိန်တည်း၌ပင် ဖန်ထျန်ပုဆိန်က ခုတ်ပိုင်းကျလာသည်။ အန်းရွှယ်သည် မျက်လုံးများကို မှိတ်၍ စိတ်လွတ်လျက်ရှိသည်။

သို့သော် ခဏအကြာတွင် အန်းရွှယ်သည် သူ့နဖူးပေါ်မှ လေညင်းတစ်ခုသာ ခံစားလိုက်ရကာ အခြားဘာမှ မရှိတော့ပေ။အန်းရွှယ်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ရာ ဖန်ထျန်ပုဆိန်သည် သူ့နဖူးမှ တစ်လက်မခန့်တွင်ရပ်နေသည်ကို မြင်လိုက်ရ၏။ ယင်းသာ ကျလာလျှင် သူ့ဦးခေါင်းခွံကို ကွဲကြေသွားစေရန်လုံလောက်သည်။

ရွှယ်အန်းသည် ဖန်ထျန်ပုဆိန်ကိုကိုင်လျက် နက်ရှိုင်းသောရေကန် သို့မဟုတ် မြင့်မားသောတောင်ထွတ်တစ်ခုကဲ့သို့ မလှုပ်မရှားရပ်နေခဲ့သည်။

အန်းရွှယ်အံ့အားသင့်သွားသည်။

လူအုပ်ကြီးက အလွန်တိတ်ဆိတ်စွာဖြင့် ပါးစပ်အဟောင်းသား စိုက်ကြည့်နေကြသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ပုဆိန်ကို ဖယ်၍ နောက်သို့ ပေါ့ပါးစွာ ပစ်လိုက်သည်။ ပုဆိန်သည် လမ်းညွှန်လိုက်သကဲ့သို့ အပြည့်အ၀ လိုက်လျောညီထွေဖြစ်စွာဖြင့် ၎င်း၏မူလနေရာသို့ ပျံသန်းသွားခဲ့သည်။

ချွင်

၎င်းကျရောက်သွားသောအခါ လက်နက်စင်သည်လည်း တုန်ယင်သွား၍ အသံတစ်ခု ထွက်ပေါ်လာသည်။

ရွှယ်အန်းက အေးဆေးတည်ငြိမ်စွာပြောသည်။

"အခု ခင်ဗျားယုံပြီလား”

All Chapters