← Chapters

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

အခန်း(၁၇၅) အမူအရာများကို ဆက်လက်ထိန်းသိမ်းပါ

"ရွှယ်အန်း…အား" ချီဝေ့ယန်က သူမ၏ မျက်လုံးကြီးများကို မှိတ်ထားသည်။

ဝေ့ရူယန်သည် သူမ၏ နှလုံးသားကို တည်ငြိမ်သွာစေရန်အတွက် အသက်ကို ပြင်းပြင်းရှုလိုက်၏။

"သခင်ဝေ့က သူ့ကို သိနေတာလား။" ချီဝေယန်က ထပ်မေးသည်။

ဝေ့ရူယန်က ခေါင်းခါလိုက်၏။

"သူ့ကို ငါမသိဘူး။ တောင်းပန်ပါတယ် ငါ့မှာလုပ်စရာတွေရှိလို့ ငါအရင်သွားနှင့်မယ်"

ထိုသို့ပြောပြီးနောက် ဝေရူယန်သည် မတ်တပ်ထရပ်ကာ ထွက်သွားသည်။ ချီဝေ့ယန်နှင့် ချမ်းသာသော မိသားစုများမှ အခြား မိန်းမပျို အများအပြားသည် တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။ ဝေရူယန်၌ မည်သို့ ဖြစ်နေသည်ကို ၎င်းတို့ မသိကြပေ။ ဟိုတယ်မှထွက်လလာ၍ သူမ၏ကားထဲသို့ဝင်ပြီးနောက် ဝေရူယန်သည် သူမ၏ဖုန်းကိုထုတ်ကာ ဖုန်းခေါ်လိုက်သည်။

"မင်္ဂလာပါ သခင်ဝေ့ ဘာလို့ ဖုန်းခေါ်တာလဲမသိဘူး” စွဲမက်ဖွယ်ကောင်းသော အသံသည် ဖုန်း၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။

ဝေ့ရူယန်က ပြော၏။

"ရွှယ်အန်းက ကျုံးတုကို ရောက်ပြီ”

"ဒါဆို သူလာနေပြီပေါ့…နေပါဦး မင်းကိုဘယ်သူပြောတာလဲ" ဖုန်းထဲက အသံက ရုတ်တရက် တုန်ခါသွားသည်။

"ရွှယ်အန်းလေ။ တောင်တွေပေါ်မှာ ရှင်နဲ့အတူ ဆေးဖက်ဝင်ပင်တွေစုပြီး အရာအားလုံးကို အသက်ပြန်ရှင်စေခဲ့ပြီး ကျောက်လုံကို ခေါင်းဖြတ်သတ်ခဲ့တဲ့သူ ”

"သူဘယ်မှာလဲ" တစ်ဖက်မှ အသံက စိတ်အားထက်သန်စွာ မေးသည်။

"အန်းမိသားစုမှာ တကယ်တော့ သူက အန်းယန်ရဲ့ ယောက်ျားပဲ”

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဖုန်းထဲကလူကပြန်ဖြေလိုက်သည်။

"နားလည်ပြီ"

ထို့နောက်တွင် ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားခဲ့သည်။ ဝေရူယန်သည် တိတ်တဆိတ်တွေးတောလျက် ရှေ့ကို ကြည့်လိုက်သည်။ ရွှယ်အန်းရောက်ရှိလာသည်နှင့် ဤ ကျင်းတုသည် စိတ်မငြိမ်မသက်ဖြစ်သွားတော့မည်။

တစ်ချိန်တည်း၌ပင်။ ကျုံးတု၏ ချန်မိသားစုတွင် ချန်ရု့ရှီသည် သူမ၏ ကုတင်ပေါ်တွင် ထိုင်နေပြီး ခံစားချက်များ ရောနှောကာ စိတ်ရှုပ်ထွေးနေလျက်ရှိသည်။

ရွှယ်အန်းရောက်လာပြီ ချင်းမန်တောင်ပေါ်တွင် နဂါးတစ်ကောင်ကို သတ်ပစ်ခဲ့သည့် ပုံရိပ်သည်ချန်ရှု့ရှီ၏ အိပ်မက်ထဲတွင် မကြာခဏ ပေါ်လာဆဲဖြစ်သည်။ သို့သော် သူသည်အန်းမိသားစု၏ သမီး အန်းယန်၏ခင်ပွန်းဖြစ်နေလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

ချန်ရှု့ရှီသက်ပြင်းချလိုက်ကာ အိပ်ခန်းထဲက ထွက်ရန်ထလိုက်သည်။

"ရုရှီ ဘယ်သွားမလို့လဲ" ချန်ရှု့ရှီ၏ဖခင်ဖြစ်သူ လက်ရှိ မိသားစုခေါင်းဆောင်ချန်တုန်က မေးမြန်းခဲ့သည်။

"အဘိုးနဲ့တွေ့မလို့"

ထို့နောက် ချန်ရှု့ရှီသည် အတွင်းခန်းထဲသို့ ဝင်သွားခဲ့သည်။

သူမ၏ အဖိုး၊ ချန်မိသားစု၏ စစ်မှန်သော အာဏာကို ကိုင်ဆောင်ထားသူ ချန်ရှို့ဟဲသည် စာအုပ်တစ်အုပ်ကိုကိုင်လျက် ခေါင်းအုံးကို မှီထားသည်။ ရု့ရှီကိုတွေ့သောအခါ ချန်ရှို့ဟဲသည် စာအုပ်ကိုချ၍ ကြင်နာစွာပြုံးပြသည်။

"သမီးလေး၊ မင်းကိုဘယ်သူက စိတ်ဆိုးအောင်လုပ်လို့ စိတ်မကောင်းဖြစ်နေရတာလဲ”

ချန်ရှို့ဟဲသည် သူ့၏ မြေးမလေးကို အမြဲတစေ အလွန်ချစ်မြတ်နိုးကာ ချန်ရု့ ရှီ၏ အနည်းငယ်မျှသော မကျေနပ်မှုကိုပင် သတိထားမိနိုင်သည်။

ချန်ရှု့ရှီသည် ကုတင်ဘေး၌ထိုင်ချ၍ ရုတ်တရက် ငိုချလိုက်သည်။ ချန်ရှို့ဟဲ အံ့သြသွားသည်။ ထို့နောက်တွင် သူ၏ မျက်ခုံးမွှေးဖြူဖြူများက ကြုတ်သွားကာ အသက်အရွယ် ကြီးလာသော်လည်း သူ့အမူအရာက ပြင်းထန်လှလွန်းသည်။

"ဘယ်သူလဲ။ ဘိုးဘိုး သူ့ကို အခုချက်ချင်း ရှင်းပေးမယ်"

ချန်ရု့ရှီက ခေါင်းခါလိုက်သည်။

“ဘိုးဘိုး သမီးကို ဘယ်သူမှ အနိုင်မကျင့်ပါဘူး။ ရင်ထဲမှာ ဝမ်းနည်းနေတယ်၊ ငိုတာက စိတ်သက်သာရာရစေလိမ့်မယ်"

ချန်ရှို့ဟဲက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ။ ငါ့မြေးလေး ငိုချင်ရင် ငိုလိုက်ပါ။ မျက်ရည်ဆိုတာ မိန်းကလေးအတွက် ရှက်စရာ မဟုတ်ပါဘူး”

ချန်ရု့ရှီက ပြိုလဲစွာတုံ့ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမ မျက်ရည်များကြားမှ ပြုံးပြလိုက်သည်။

"အဘိုး၊ တစ်ယောက်ယောက်ကို ချစ်ရတာ တကယ်ကို စိတ်ထိခိုက်စရာပဲလား"

"ဘာလဲ ငါ့မြေးအကြီးမလေး နောက်ဆုံးတော့ အသိဝင်လာပြီလား။ မင်းနောက်ကိုလိုက်နေတဲ့ ကောင်လေးတွေရှိတယ်။ ဘယ်သူကို စိတ်ဝင်စားလို့လဲ"

"အာ ဘိုးဘိုးကလည်း သမီးကမေးရုံပဲမေးတာကို" ချန်ရှု့ရှီက သူမ၏ မျက်နှာပူထူလာသကဲ့သို့ ခံစားလိုက်ရသည်။

ချန်ရှို့ဟဲ သက်ပြင်းချလိုက်သည်။

“ဟုတ်တယ်။ လူတစ်ယောက်ကို သဘောကျတာက တကယ်ပဲ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတို့ ရောနေတာပဲ”

"တခြားလူက အိမ်ထောင်ပြုပြီးရင် ဘယ်လိုလုပ်မလဲ" ချန်ရုရှီက မေးသည်။

“အရူးမလေး ဘာလို့အဲ့လိုမေးရတာလဲ။ တကယ်များ…”

“မဟုတ်ဘူး သမီး တကယ် ဒီတိုင်း မေးနေတာပါ”

စကားအနည်းငယ်ပြောပြီးနောက် ချန်ရုရှီသည်ထကာ ထွက်ခွာသွားခဲ့သည်။ သူမထွက်သွားပြီး မကြာမီတွင် ချန်ရှို့ဟဲက ကုတင်ပေါ်မှ ထလာ၏။

ချန်တုန် လမ်းလျှောက်ဝင်လာသည်။

"အဖေ"

ချန်ရှို့ဟဲ၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းစွာ နက်မှောင်နေသောကြောင့် သူနောက်ထပ်အသံမထွက်ရဲတော့ပေ။

"ရုရှီပတ်ဝန်းကျင်က အမျိုးသားတွေအားလုံးကို စုံစမ်းကြည့်ပြီး မိသားစုရှိတဲ့သူနဲ့ အဆက်အသွယ်ရှိခဲ့ရင် အားလုံးကိုသတ်ပစ်ပါ" ချန်ရှို့ဟဲက အံကြိတ်လျက်ပြောလိုက်သည်။

“ဟုတ်” ချန်တုန်အမြန်ထွက်သွားသည်။

ချန်ရှို့ဟဲသည် အခန်းတွင်းလမ်းလျှောက်လျက် မျက်နှာထက်တွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။ တစ်စုံတစ်ဦးသည် သူ၏ မြေးမလေးကို ပစ်မှတ်ထားခဲ့သည့်အပြင် အိမ်ထောင်သည်ဖြစ်နေသည်။ ယင်းကြောင့် စစ်ဘက်ရေးဆိုင်ရာ နောက်ခံရှိသူ ချန်ရှို့ဟဲသည် သူ့အဆုတ်ပေါက်ကွဲတော့မည့်အလား ဒေါသထွက်နေမိ၏။

သို့သော်လည်း ထိုစိတ်ရှုပ်ထွေးမှုများကြာကြာမခံလိုက်ခင်တွင် ဖုန်းတစ်‌ကောဝင်လာ၏။

ဗိုလ်ချုပ်လင်းထံမှ ဖုန်းဆက်လာခြင်းဖြစ်သည်။

ဗိုလ်ချုပ်လင်း နှင့် ချန်ရှို့ဟဲ တို့သည် တူညီသော ကတုတ်ကျင်းထဲမှ ရဲဘော်များဖြစ်ကြကာအလိုအလျောက်ပင် သူတို့၏နှောင်ကြိုးသည် အနက်ရှိုင်းဆုံးဖြစ်သည်။ မဟုတ်လျှင် ချန်ရုရှီက ဗိုလ်ချုပ်လင်းကို ရှားပါးသော ဝိညာဉ်ရေးဆေးကို ပေးမည်မဟုတ်ပေ။

"ဘာဖြစ်တာလဲ လင်း" ချန်ရှို့ဟဲက အနည်းငယ် စိတ်မရှည်သောလေသံဖြင့် ပြောလိုက်သည်။

"အိုး၊ ယမ်းမှုန့်တွေ ပြည့်နေလား။ ဘာလို့ဒီလောက်တောက်လောင်နေတာလဲ"

"ဟမ် လူတစ်ယောက်က ရုရှီကို ချိန်နေတယ်” ချန်ရှို့ဟဲ က အေးစက်စွာပြောသည်။

ဗိုလ်ချုပ်လင်းက ရယ်မောလိုက်သည်။

“ရူရှီ အခုချိန်းတွေ့တာ ပုံမှန်မဟုတ်ဘူးလား။ သူကြီးလာပြီမလား”

"ဒါပေမယ့် တခြားတစ်ဖက်က အိမ်ထောင်ကျသွားပြီ" ချန်ရှို့ဟဲ က လူသတ်ချင်စိတ်အပြည့်ဖြင့် ပြောလိုက်သည်။

ဗိုလ်ချုပ်လင်းက လန့်ဖျပ်သွားကာ ခဏတာမျှစဥ်းစားလိုက်၏။

“မင်းသိသင့်တယ်လို့ ငါထင်တယ်”

"အင်း ဘာလဲ”

"ကျောက်လုံကိုသတ်ခဲ့တဲ့ ရွှယ်အန်းက ကျုံးတုကို ရောက်လာပြီ"

"ဘာလဲ ဘယ်မှာလဲ" ချန်ရှို့ဟဲလည်း ထိတ်လန့်သွားသည်။

ချန်ရှုရှီပြန်လာပြီးနောက် သူမသည် တစ်စုံတစ်ရာကိုမျှ ဖုံးကွယ်မထားဘဲ ချန်ရှို့ဟဲ နှင့် ဗိုလ်ချုပ်လင်းတို့ကို အရာအားလုံး ပြောပြခဲ့သည်။

သူတို့နှစ်ဦးစလုံးသည် ရွှယ်အန်းကို အလွန်အထင်ကြီးခဲ့ကြသည်။ သူ ကျုံးတုသို့ ရောက်လာလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့ကြပေ။

"အန်းမိသားစုမှာ"

"အန်းမိသားစု ဟုတ်လား"

"ဟုတ်တယ်၊ လွန်ခဲ့တဲ့ လေးနှစ်က အန်းမိသားစုရဲ့ မိန်းကလေး အန်းယန်က သူနဲ့အတူ ထွက်ပြေးသွားတာ”

ဤသည်ကို ပြောပြီးသည်နှင့် မြေခွေးဟောင်းနှစ်ကောင်က ရုတ်တရက် ရပ်လိုက်ပြီးနောက် “မဖြစ်နိုင်ဘူး” ဟု တညီတညွတ်တည်း အော်လိုက်ကြသည်။

ထို့နောက် နှစ်ယောက်သား သက်ပြင်းချကြသည်။

" အဘိုးကြီးချန် မင်း အခု ခေါင်းကိုက်ရတော့မယ်။ ရှေးခေတ်ကတည်းက အလှမယ်တွေဟာ သူရဲကောင်းတွေကို ချစ်ကြတယ်။ ရွှယ်အန်းဟာ ချောမောပြီး ကျွမ်းကျင်လွန်းတာကြောင့် ရုရှီစိတ်ဝင်စားမိတာ အံ့သြစရာတော့ မရှိပါဘူး”

ချန်ရှို့ဟဲ၏မျက်နှာသည် အလွန်စိတ်မကောင်းဖြစ်နေပုံရသည်။

"မင်းက ဒါကို ပြောရဲသေးတယ်ပေါ့။ ရုရှီတစ်ခုခုဖြစ်သွားရင် မင်းပြန်ပေးဆပ်ရမယ်”

ဗိုလ်ချုပ်လင်းက အားပါးတရရယ်မောလိုက်သည်။

“အဘိုးကြီးချန် သိပ်မကြာခင်ကျရင် အန်းမိသားစုရဲ့ အဘွားကြီးမွေးနေ့ဖြစ်လိမ့်မယ်။ မင်းတက်မှာလား”

"ငါမသွားဘူး အဲဒီစုန်းမကြီးရဲ့မျက်နှာကို မြင်ကိုမမြင်ချင်ဘူး”

"ဒါပေမယ့် ငါတို့သွားလည်ရင် အကောင်းဆုံးလို့ ငါထင်တယ်” ဗိုလ်ချုပ်လင်းက လေးနက်စွာပြောသည်။

ချန်ရှို့ဟဲက ရွဲ့စောင်း၍ မှတ်ချက်ချတော့မည် ဖြစ်သော်လည်း ထိုအဓိပ္ပာယ်ကို သူနားလည်သွားသည်။

"မင်းဆိုလိုတာက… ရွှယ်အန်းကိုထောက်ခံဖို့သွားရမှာလား"

ဗိုလ်ချုပ်လင်းက ခါးသက်စွာပြုံး၍ ပြောသည်။

“နောက်ဆုံးတော့လည်း ငါတို့က သူ့ကို အသက်ကြွေးဆပ်ဖို့ လိုသေးတယ်လေ။ ကိုယ်ရောင်လေးပြပေးတာက သိပ်မများပါဘူး”

"အေး ဒါဆိုလည်း ဒီလိုပဲပေါ့။ ငါလည်း သွားမယ်။ ငါ့မြေးကို ပြုစားလိုက်တဲ့အဲ့လူက ဘယ်လိုပုံစံလဲဆိုတာ ငါကိုယ်တိုင်မြင်ချင်တယ်”

အန်းမိသားစု၏ ကိုးကွယ်ရေးခန်းမတွင် အန်းရွှယ်သည် တင်းမာသောမျက်နှာဖြင့် လျှောက်လာသည်။

အကြီးအကဲအချို့က စစ်တုရင်ကုစားနေကြသည်။

"အကြီးအကဲတွေကို ဂါရဝပြုပါတယ်" အန်းရွှယ်က ဦးညွှတ်နှုတ်ဆက်သည်။

အကြီးအကဲများသည် အန်းရွှယ်ကို လှမ်းကြည့်ကြသည်။ ၎င်းတို့ထဲမှ တစ်ယောက်က ပြုံး၍‌ပြော၏။

"အင်း၊ ဒုတိယသခင်။ ဘာလို့ရောက်လာတာလဲ။ ကိစ္စတစ်ခုခုရှိလို့လား”

“အကြီးအကဲတွေကို မေးလို့ရမလား၊ မွေးနေ့ အခမ်းအနား နဲ့ ပတ်သတ်ပြီး အကြောင်းကြားပြီးပြီလား"

"မင်းဆိုလိုတာ…"

အန်းရွှယ်က အံကြိတ်၍ပြောသည်။

“လူသတ်တဲ့ကိစ္စ”

“တတိယသခင်က ငါတို့ကိုပြောတယ်” အကြီးအကဲတစ်ယောက်က ခေါင်းညိတ်၍ပြောသည်။

အန်းရွှယ်က ခေါင်းညိတ်ပြလိုက်သည်။

"အချိန်ကျလာရင် ဆရာတို့ရဲ့ ခွန်အားကို အကုန်သုံးရရင်တောင် အသေသတ်ခဲ့ဖို့ အလောင်းတောင်မချန်ခဲ့ဖို့ တောင်းဆိုချင်လို့ လာခဲ့တာပါ”

အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။

“ဒါကို စိတ်ပူနေစရာ မလိုပါဘူး ဒုတိယသခင်။ ကွန်ဖူးလောက်ပဲသိတဲ့ သေမျိုးတစ်ယောက်ကို သတ်တာက ငါတို့အတွက် အရမ်းလွယ်ပါတယ်”

အခန်း (၁၇၆) အန်းမိသားစု၏ မွေးနေ့ပွဲ

မွေးနေ့ပွဲ အချိန်အခါသို့ ကျရောက်လာပြီဖြစ်သည်။ မိသားစု၏ကျေးကျွန်များသည် မနက်အစောပိုင်းကတည်းကစ၍ ပွဲတော်အတွက် စတင် ရှင်းလင်းပြင်ဆင်ကြသည်။ လမ်းများကို ရေသန့်ဖြင့် သုံးကြိမ်တိုင်တိုင်ဆေးကြော၍ ဖုန်မှုန့်အမှန်အမွှားများပင် မကျန်စေခဲ့ပေ။ အမြဲတစေပိတ်ထားခဲ့သော တံခါးကြီးများသည် ယနေ့တွင်စတင်၍ ပွင့်လာခဲ့သည်။

ယခု မနက်ကိုးနာရီပင်မထိုးသေးပေ။ မွေးနေ့အခမ်းအနားသို့ ကြွရောက်လာကြသော ဧည့်သည်များ တဖွဲဖွဲရောက်ရှိလာကြသည်။ သို့သော် ယခုရောက်ရှိလာသူများသည် ယေဘုယျအားဖြင့် ကျုံးတုမြို့မှ မိသားစုငယ်များဖြစ်ကြသည်။ ဤလူများသည် ယနေ့မွေးနေ့ပွဲအကြောင်းဆွေးနွေးကြ၍ သုံးလေးဦးခန့် အုပ်စုဖွဲ့၍ စုရုံးနေကြသည်။

"ဟေး ကြားလိုက်သေးလား အန်းမိသားစုက စွန့်ပစ်သမီး အန်းယန်က ကျုံးတုကို ပြန်ရောက်လာပြီတဲ့”

“ကျွန်တော် ဒီအကြောင်း ကြားဖူးတာ ကြာပါပြီ။ ယောက်ျားနဲ့ ကလေးတောင် ပြန်ခေါ်လာတယ်လို့ ပြောတယ်”

"ကျွတ်..ကျွတ် ဒါက ချီမိသားစုရဲ့ သခင်လေးရဲ့ မျက်နှာကို ပေါ်တင်ကြီးဖြတ်ရိုက်လိုက်တာမဟုတ်ဘူးလား။ ချီချန်ကောက အန်းယန်ကို ဘယ်လောက် လေးလေးနက်နက်ကြိုက်ခဲ့လဲဆိုတာ ကျုံးတုမှာမသိတဲ့လူမရှိဘူး”

“အဲ့တာတင်မက အန်းယန်ကို အတင်းအကျပ်ပြန်ဖမ်းလာခဲ့ကြသေးတယ်လို့ ကြားခဲ့ရပေမယ့် ချီချန်ကောက ချစ်နေတုန်းပဲတဲ့။ ဒါတောင် သူက အရှုံးပေးမယ့်အစား ထွက်ပြေးသွားသေးတယ်”

"ဟဲဟဲ၊ ဒီနေ့ မွေးနေ့ပွဲက တော်တော်အသက်ဝင်မယ်လို့ ထင်တယ်"

လူများ ဆွေးနွေးနေကြစဉ် Mercedes-Benz G-Class တစ်စီး မောင်းလာ၍ ချီချန်ကောနှင့် ချီဝေ့ယန်တို့ မောင်နှမနှစ်ယောက်သား ကားပေါ်မှ ဆင်းလာခဲ့ကြသည်။

၎င်းတို့ ရောက်လာသည်ကို မြင်သောအခါ ဆွေးနွေးနေကြသူအများအပြား၏ ပါးစပ်များပိတ်ကုန်ကြသည်။

ကျုံးတုရှိ ချီမိသားစုသည် အန်းမိသားစုနှင့် တန်းတူ ထိပ်တန်း ချမ်းသာသော မိသားစု ဖြစ်သည်။

မည်သူက ၎င်းတို့ကို အရိုအသေတန်မဲ့ ပြုဝံ့ကြလိမ့်မည်နည်း။

"သခင်လေးချီ”

“မိန်းကလေးချီ”

နှုတ်ခွန်းဆက်စကားများ အဆုံးမသတ်ဘဲ ဆက်လက်တည်ရှိနေသော်လည်း ရေကဲ့သို့ ငြိမ်သက်နေသော မျက်နှာဖြင့် ချီချန်ကောသည် သတိမထားမိလိုက်ပေ။ ချီဝေ့ယန်ကမူ အသိအမှတ်ပြုကာ ခေါင်းညိတ်ပြသည်။

ထို့နောက် နှစ်ယောက်သား အိမ်ထဲသို့ ဝင်သွားကြသည်။

၎င်းတို့ရောက်လာသည်နှင့်အမျှ မွေးနေ့ဆုတောင်းပေးကြသော ဧည့်သည်များ ရုတ်တရက် တိုးလာသည်။

ဇိမ်ခံကားများဖြင့် ဂိတ်ဝတွင် သပ်ရပ်စွာ ၀တ်စားဆင်ယင်ထားသူများသည် ရွှင်ပြုံးစွာဖြင့် အချင်းချင်း တီးတိုး တီးတိုး ပြောဆိုနေကြသည်။

ထိုအချိန်တွင် ဧည့်ခန်းအတွင်း၌…။

ချီချန်ကောသည် ကုလားထိုင်ပေါ်တွင် အန်းချန်နှင့်အတူ တစ်ဖက်တစ်ချက်စီတွင်ထိုင်နေ၏။

"သူဘယ်မှာလဲ" ဤသည်က ချီချန်ကော၏ ပထမဆုံးသော မေးခွန်းဖြစ်သည်။

အန်းချန်က အနည်းငယ်ပြုံးလိုက်သည်။

“သခင်လေးချီက စိတ်မပူပါနဲ့ မွေးနေ့ပွဲစရင် သူပေါ်လာမှာပါ”

"ဦးလေး၊ သူ ယောက်ျားလေးတစ်ယောက် ကလေးတစ်ယောက်နဲ့ ပြန်လာတယ်လို့ သမီးကြားခဲ့တယ်” ချီဝေ့ယန်က ပြောသည်။

“ဟုတ်တယ်”

ချီဝေ့ယန် သက်ပြင်းချလိုက်သည်။

ဤသည်မှာ ရှောင်လွှဲ၍ မရရနိုင်သော အဆုံးသတ်နှင့်တူသည်။

နေ့ခင်းသို့ရောက်သောအခါ မွေးနေ့ပွဲစတင်သည်။ ကုန်းနှင့်ပင်လယ်တို့မှ အရသာရှိသောအရာများကို စီးဆင်းနေသော ရေကဲ့သို့ ကျွေးမွေးကြသည်။ သို့သော် ဧည့်သည်များသည် ယင်းအစားအသောက်များကို မြည်းစမ်းခြင်းမရှိဘဲ အခြားအရာတစ်ခုအတွက် စောင့်ဆိုင်းနေကြသည်။

နောက်ဆုံးတွင် အန်းမိသားစု၏ သခင်မကြီး ကျန်းရို့ရှန်သည် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

သူမကိုတွေ့သည်နှင့် အားလုံးက ချက်ချင်းထရပ်လိုက်ကြသည်။

"သခင်မကြီး ကျန်းမာချမ်းသာပါစေ"

"သခင်မကြီးကို အရှေ့ပင်လယ်လိုမျိုး ကြီးကျယ်ခမ်းနားပြီး တောင်တန်းတွေလို အသက်ရှည်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်"

ကျင်းရှို့ရုန်က ပြုံးပြ ခေါင်းညိတ်ကာ အားလုံးကို ထိုင်ခိုင်းရန် အချက်ပြလိုက်ပြီးနောက် ထိပ်ဆုံးခုံတွင် နေရာယူလိုက်သည်။ ထိုအချိန်တွင် အန်းမိသားစု၏ မျိုးဆက်သစ်လူငယ်များက မွေးနေ့ဆုတောင်းစကားများဖြင့် ကမ်းလှမ်းလာကြသည်။

ထုံးစံအတိုင်း စင်ပေါ်ကို ပထမဆုံးတက်လာသူမှာ အန်းရွှယ်နှင့် အန်းချန်ဖြစ်သည်။

"မေမေ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ"

စကားပြောပြီးနောက် နှစ်ယောက်သား ဘယ်ညာသို့ လျှောက်သွားကြသည်။ နောက်တစ်ဖွဲ့မှာ အန်းယင်နှင့် အန်းမင်တို့ကဲ့သို့ လူငယ်များဖြစ်ကြသည်။

ထို့နောက် ဂါရဝပြုကြကုန်၏။

လူတိုင်း၏ နှလုံးသားသည် မျှော်လင့်ခြင်းများဖြင့် တုန်လှုပ်သွား၏။

‘နောက်ဖြစ်လာမည့်အရာသည် မွေးနေ့ပွဲ၏ အဓိကအရာဖြစ်ပေလိမ့်မည်’

တကယ်ကိုပင် ပွဲရုံ၏ အပြင်ဘက်မှ ခြေသံများကြားလိုက်ရသည်။ ပုတီးစေ့ကန့်လန့်ကာကို ဖယ်လိုက်သောအခါ ပထမဆုံးဝင်ရောက်လာသူမှာ ကျုံးတုမှ လေးနှစ်ကြာထွက်ပြေးသွားခဲ့သည့် အန်းယန်ဖြစ်သည်။

သူမပေါ်လာမှုသည် အောက်တွင် ထိုင်နေသူများကို တုန်လှုပ်ချောက်ချားသွားစေသည်။ ချီချန်ကောသည် အန်းယန်ကို ရူးသွပ်စွာငေးကြည့်နေသည်။ သူ့နောက်တွင် လိမ္မာရေးခြားရှိ၍ ချစ်စဖွယ်ကောင်းသော ကောင်မလေးနှစ်ယောက်ရှိသည်။

ကောင်မလေးနှစ်ယောက်ကိုတွေ့လိုက်သောအခါ ချီချန်ကော၏အမူအရာက သိသိသာသာပြောင်းလဲသွားသည် ။

စားပွဲ၏ခေါင်းရင်းတွင်ထိုင်နေသော ကျင်းရှို့ရုန်က မသိမသာ နှာခေါင်းရှုတ်လိုက်သည်။ နောက်ဆုံးဝင်လာသည်မှာ အရပ်မြင့်မြင့်နှင့် အပြုံးမပျက်သော လူတစ်ယောက်ဖြစ်သည်။

သူ၏ ၀တ်စားဆင်ယင်မှုသည် ရိုးရှင်းသော်လည်း သူ၏လှုပ်ရှားမှုတိုင်းသည် ထူးကဲသော ရောင်ဝါကို ပေါ်လွင်စေသည်။ ချီချန်ကောရုတ်တရက် မတ်တပ်ထရပ်၍ ထိုသူက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်နေသည်။ ရွှယ်အန်းသည် ချီချန်ကော၏အကြည့်ကို သတိပြုမိသော်လည်း ခပ်ပါးပါးပြုံး၍ အန်းယန်ဘက်သို့ လှည့်သွားသည်။ အန်းယန်သည် များစွာသော မျက်လုံးများ၏ အကဲဖြတ်မှုအောက်တွင် အနည်းငယ် တုန်လှုပ်နေပုံရသည်။

ရွှယ်အန်းက သူမ၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်ရာ အန်းယန် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သို့သော်လည်း သူတို့နှစ်ဦးကြားမှ ချစ်ခင်ကြင်နာသည့် အမူအရာကြောင့် လူအုပ်ကြားတွင် အနည်းငယ် အုတ်အော်သောင်းတင်းဖြစ်သွားရသည်။

ထိုအချိန်တွင် အန်းယန်သည် ကျင်းရှို့ရုန် ထံသို့ ချဥ်းကပ်၍ လက်နှစ်ဖက်ကို ဘေးသို့ချကာ လေးစားစွာပြောလိုက်သည်။

“အဘွားကို နေလို လလို အသက်ရှည်ရှည်နေရပြီ အမြဲစိမ်းလန်းနေတဲ့ ထင်းရှုးပင်နဲ့ ကြိုးကြာငှက်လိုရှင်သန်နိုင်ပါစေလို့ ယန်အာ ဆုတောင်းပေးပါတယ်”

သို့သော် သူမ စကားဆုံးသည်နှင့် ကျင်းရှို့ရန်က လက်ကို စားပွဲပေါ်သို့တင်ကာ အမိန့်ပေးလိုက်သည်။

“အခု ငါ့ရှေ့မှာ ဒူးထောက်လိုက်စမ်း”

ဤအမိန့်သံသည် မိုးခြိမ်းသံကဲ့သို့ မြည်ဟိန်းနေသည်။

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

အန်းမင်သည် အောင်ပွဲခံသော အပြုံးဖြင့် နှုတ်ခမ်းကို ကွေးလိုက်သည်။

‘မင်းက ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ အဖွားရဲ့မျက်စိရှေ့မှာ ဒူးထောက်ပြီး ပြစ်ဒဏ်ကို လက်ခံရမှာပဲမလား’

အန်းယန်က အနည်းငယ်ထိတ်လန့်သွားပြီးနောက် သူမ၏ ခါးကို ကိုင်း၍ ဒူးထောက်လိုက်သည်။

သို့သော် ထိုအချိန်တွင် လက်တစ်ဖက်က သူမကို တားလိုက်၏။

မော့ကြည့်လိုက်သောအခါ ရွှယ်အန်းက ညင်သာစွာ ပြုံးနေသည်ကို မြင်လိုက်ရ၏။

"မိန်းမရယ်၊ ကိုယ်မင်းကို ပြောထားတာကို။ အခုကစပြီး မင်းဘယ်သူ့ကိုမှ ဒူးထောက်စရာမလိုတော့ဘူးလို့”

ဤစကား ထွက်လာသည်နှင့် တပြိုင်နက် ကြည့်ရှု့သူများအကြားသို့ လက်ပစ်ဗုံးပစ်ချလိုက်သကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

အားလုံးက အံ့အားသင့်စွာ ကြည့်နေကြသည်။

အချို့က ရွှယ်အန်းသည် ကိုယ့်သေတွင်းကိုယ်တူးနေသည်ဟုထင်ကာ လှောင်ရယ်ကြသည်။

ကျင်းရှို့ရုန်၏ မျက်နှာသည် ရေကဲ့သို့ မည်းမှောင်သွားသည်။

"မင်းက... မင်းက ငါ့မြေးလေးကို သစ္စာမဲ့ပြီး ထွက်ပြေးအောင် သွေးဆောင်ခဲ့တဲ့ ရွှယ်အန်းလား။"

သို့သော် ရွှယ်အန်းက ရယ်မောလိုက်သည်။ သူ့အပြုံးက အေးစက်မှုအပြည့်ဖြင့်ရှိနေ၏။

"ခင်ဗျားရဲ့ မြေးလေးကို လှည့်စားခဲ့တာလား။ ဟမ် အန်းယန်နဲ့ ကျွန်တော်တို့ အန်းရွှယ်မှာရှိတုန်းက ချစ်မိသွားခဲ့ပြီး ခင်ဗျားရဲ့ အန်းမိသားစုဆီတောင်လာလည်ခဲ့တယ်လေ။ အဲ့တာကို ခင်ဗျားဘာလို့ ထည့်မပြောတာလဲ”

"မင်းကများ" ကျင်းရှို့ရုန်၏ အနားတွင် ရပ်နေသော အိမ်တော်ထိန်းက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ သူ့ကို ပြောလိုက်သည်။

ကျင်းရှို့ရုန်သည် အထင်သေးစွာဖြင့် ကြည့်နေ၏။

"လွန်ခဲ့တဲ့ လေးနှစ်က မင်းမှာ ဘာမှမရှိဘူး၊ ငါ့မိသားစုရဲ့သမီးနဲ့ လက်ထပ်ပြီး ကောင်းကင်ဘုံကို ခြေတစ်လှမ်းလှမ်းဖို့ စိတ်ကူးထားတယ်။ ဒါပေါ့ ငါသဘောမတူခဲ့ဘူး။ နောက်လေးနှစ်လောက်ကြာတော့ ကလေးနှစ်ယောက်တွဲပြီး ပြန်လာပြန်ပြီ။ နင်ထင်လား… ဒါက ငါ့ကို အလျှော့ပေးစေလိမ့်မယ်လို့”

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ခင်ဗျားမှားနေပြီ။ ကျုပ်က ခင်ဗျားတို့ အလျှော့ပေးဖို့ ဘယ်တုန်းကမှ မတွေးဖူးဘူး။ ခင်ဗျားတို့က အဲ့လောက်နဲ့မထိုက်တန်ဘူး”

ထိုစကားအဆုံးတွင် အခန်းတစ်ခုလုံး ပြီးပြည့်စုံစွာတိတ်ဆိတ်သွားသည်။ လူအများက ရွှယ်အန်းကို သေလူကဲ့သို့ ကြည့်နေကြသည်။ ကျုံးတုတွင် အန်းမိသားစုကို စော်ကားခြင်းသည် ကိုယ့်သေတွင်းကိုယ်တူခြင်းနှင့် မည်သို့မျှမကွာပေ။

ကျင်းရှို့ရုန်၏ အမူအရာ အနည်းငယ်ပြောင်းသွားပြီးနောက် သူမက အေးစက်စွာပြောခဲ့သည်။

"ကောင်းပြီ မင်းဟာမင်း ဘယ်လောက် မာနကြီးနေပါစေ သနားစရာပဲ။ အမာဆုံးအရိုးတွေတောင် ကျိုးရလိမ့်မယ်”

သူမ၏ စကားများအဆုးတွင် ခန်းမဆောင်ထောင့်မှ အကြီးအကဲအများအပြားထွက်လာကြသည်။

ခေါင်းဆောင်သည် ကျင်းရှို့ရုန် ထံသို့ ချဉ်းကပ်ကာ ရိုသေစွာ ဦးညွှတ်လိုက်၏။

“သခင်မကြီး”

"သူ့ကိုသတ်" ကျင်းရှို့ရုန်သည် လက်ဖက်ရည်သောက်၍ အသေးအဖွဲကိစ္စကို ဆွေးနွေးနေသကဲ့သို့ပေါ့ပါးသော အသံဖြင့် ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့”

"လူငယ်၊ နှလုံးသားမရှိဘူးဆိုပြီး ငါ့ကို အပြစ်မတင်ပါနဲ့။ ကိုယ့်သေတွင်းကိုယ်တူးတာ မင်းအပြစ်ပဲ”

သူ၏ မျက်ခုံးမွှေးများ နီမြန်းလာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ရုတ်တရက်ထွက်လာသည်။အခန်းထဲရှိလူတိုင်း လန့်သွားကြ၍ သိုင်းပညာရှင်အများအပြား၏ မျက်နှာများ အရောင်ပြောင်းသွားကြသည်။

“ဒါက… တစ်ချိန်က သိုင်းလောကကို လွှမ်းမိုးထားခဲ့တဲ့ ရွှေကျားသစ်၊ ကျောက်စိမ်းစာရင်းမှာ အဆင့် ၁၀ ရှိတဲ့ စစ်သည်တော်ပဲ။ သူက တကယ်ပဲ အန်းမိသားစုမှာ အမှုထမ်းနေတာလား”

ထိုအချိန်တွင် ရွှေကျားသစ်သည် ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်သည်။

"ငါ့လက်ထဲ အသေခံဖို့က မင်းအတွက် ဂုဏ်ယူစရာတစ်ခုပဲ"

သို့သော်လည်း ရွှယ်အန်းက ခေါင်းခါလိုက်သည်။

“အားနည်းလွန်းတယ်”

"ဘာလဲ" ရွှေကျားသစ်က ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။

"ကျုပ်ပြောတာက... ခင်ဗျားက အရမ်းအားနည်းလွန်းတယ်လို့" ရွှယ်အန်း၏ စကားဆုံးသည်နှင့်တပြိုင်နက် လက်တစ်ဖက်ကိုမြှောက်၍ လက်သီးတစ်လုံးပစ်ကြွေးလိုက်သည်။

အခန်း (၁၇၇) လမ်းခွဲ

ရွှေကျားသစ်သည် မူလက ဂရုမစိုက်ပေ။ သူ့မျက်လုံးထဲတွင် ရွှယ်အန်း၏ ရောင်ဝါသည် ပြန့်ကားနေကာ လက်ဝှေ့ကိုသိသော သာမန်လူတစ်ဦးမျှသာဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ ရွှယ်အန်းက လက်သီးထိုးလိုက်သောအခါ သူ၏ ကိုယ်ရောင်ကိုယ်ဝါက ရုတ်တရက် မြင့်မားလာသည်။

ရွှေကျားသစ်၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသော်လည်း ကြုံးဝါး၍ လက်သီးတစ်ချက်ပစ်သွင်းလိုက်၏။

"ငါ့ရဲ့ တောင်ပေါ်လက်သီးကို မြည်းကြည့်စမ်း”

လက်သီးနှစ်လုံးထိပ်တိုက်တွေ့သွားသည်။

ဘမ်း

ကျယ်လောင်သောအသံကြီးတစ်ခု ထွက်လာပြီးနောက် အနီးနားရှိလူများအားလုံး နားအူသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ ရွှေကျားသစ်သည် ထိုနေရာတွင် တောင့်တင်းနေကာ ခဏအကြာ၌ပင် လေးနက်စွာအသက်ရှုသွင်းလိုက်၏။

"ကောင်းလိုက်တဲ့လက်သီးသိုင်း”

ဤသို့ပြောပြီးနောက် သူသည် လက်သီးကြောင့် ပြာအဖြစ်ပြောင်းလဲသွားကာ နောက်ဆုံးတွင် ကြွေအပိုင်းအစများကဲ့သို့ သဲလွန်စပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားသည်။ သူသည် လက်သီးမှ ပြာများအဖြစ်သို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင် ကြွေအပိုင်းအစများကဲ့သို့ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

လူတိုင်း ထိတ်လန့်သွားကြသည်။

ရွှယ်အန်း၏လက်ချက်တစ်ချက်အောက်တွင် ရွှေကျားသစ်သည် ဗလာနတ္ထိအဖြစ်သို့ ပျောက်ကွယ်သွားလိမ့်မည်ဟု မည်သူက စိတ်ကူးယဉ်နိုင်မည်နည်း။ မူလက စုစည်းလာသည့် အကြီးအကဲများအားလုံး ရုတ်တရက် မတ်တပ်ထရပ်ကာ ရွှယ်အန်းကို ထိတ်လန့်တကြားကြည့်နေကြသည်။

ကျင်းရှို့ရုန်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

သံပြာရောင် အသားအရေနှင့် ချီချန်ကောကသာ ရွှယ်အန်းကို ကြည့်၍ ဒေါသတကြီး ကြုံးဝါးလိုက်သည်။

“အန်းယန်က ငါ့မိန်းမပါ။ ဒီနေ့ကစပြီး သူက အန်းမိသားစုကနေ ထွက်သွားတော့မှာမို့ ဒီ မြင့်မြတ်တဲ့မိသားစုယောင်ယောင် ဘာယောင်ယောင်မိသားစုရဲ့ အုပ်ချုပ်မှုကို မခံရတော့ဘူး။ ငါပြောချင်တာ ဒါအကုန်ပဲ။ ဘယ်သူက သဘောတူပြီး ဘယ်သူက သဘောမတူလဲဆိုတာ ထိပ်တိုက်ရှင်းလို့ရတယ်”

မည်သူမျှ ပြန်မပြောဝံ့ကြပေ။

အန်းမိသားစုကို ထားခဲ့မည်ဟူသည့် ကိစ္စမျိုး ယခင်က မဖြစ်ခဲ့ဖူးပေ။

ဤအခိုက်အတန့်တွင် အန်းရွှယ်သည် သူ့ကိုယ်သူ ထိန်းမနိုင်တော့ဘဲ ခုန်ထွက်လာ၏။

“မိသားစုကို ထားခဲ့မယ်ဟုတ်လား။ ဟားဟား သူ့ သွေးက အန်းမိသားစုသွေးလေ ဒါကို ဒီတိုင်းထားခဲ့မယ်လို့ ပြောနေတာလား”

ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်သည်။

"ဒါဆို ခင်ဗျားက သဘောမတူဘူးပေါ့"

"ဒါပေါ့ ငါသဘောမတူဘူး"

"ကောင်းပြီ မင်း သွားသေလိုက်တော့”

အန်းရွှယ်မတုံ့ပြန်မီတွင် အနီးနားရှိ အကြီးအကဲတစ်ဦး၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားကာ ရွှယ်အန်း၏ ရှေ့သို့ ချက်ချင်းရွေ့သွား၍ ကြုံးဝါးလိုက်သည်။

“ဒိုင်း”

သူ့ရှေ့တွင် မှုန်မှိုင်းသော အကာအကွယ်တစ်ခု ပေါ်လာကာ အန်းရွှယ်ကို နောက်တွင် ကာကွယ်ပေးထားသည်။

ဤအခိုက်တွင် ရွှယ်အန်းက လက်ညှိုးကို လှန်လိုက်သည်။

အကာအကွယ်သည် ပြင်းထန်စွာဖြင့် စက္ကန့်ပိုင်းအတွင်း၌ ပေါက်ကွဲသွားသည်။ ထို့နောက် အကြီးအကဲသည် လွင့်ထွက်သွား၍ နံရံနှင့် ဆောင့်မိသွား၏။ ပါးစပ်ဟလိုက်သောအခါ ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထွက်လာသည်။

ရွှယ်အန်းသည် မျက်နှာဖြူဖျော့ဖျော့နှင့် လူကြီးကိုကြည့်၍ ပြောသည်။

"မဆိုးပါဘူး၊ ခင်ဗျားကျုပ်ဆီက တစ်ချက်ကို ခံနိုင်သားပဲ"

လူကြီးက ခါးသီးစွာ ရယ်မောလိုက်သည်။ သူသည် ဝူသန့်တောင်မှ စစ်မှန်သော ခုခံရေးနည်းလမ်းဖြစ်သည့် နတ်ဘုရားရတနာကို အသုံးပြုခဲ့ရာ ရွှယ်အန်း၏ ရိုက်ချက်ကို ခံနိုင်ရည်ရှိမည်ဟု သူထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ စက္ကန့်ပိုင်းအတွင်း ကွဲသွားခဲ့သည်။

"စစ်မှန်တဲ့ သိုင်းပညာရဲ့ ရောင်ဝါဟုတ်လား" ရွှယ်အန်းက ညင်သာစွာ ပြုံးလိုက်သည်။

"မင်းရဲ့ အကြီးအကဲကြောင့် ငါမင်းကို မသတ်တော့ဘူး”

ဤအချိန်တွင် အန်းရွှယ်သည် နောက်ဆုံးတွင် မည်သို့ဖြစ်ပျက်ခဲ့သည်ကို သဘောပေါက်သွားခဲ့သည်။ အကယ်၍ ဝူသန့်တောင်မှ အကြီးအကဲကျန်းကသာ သူ့ကို ကယ်ဆယ်ရန်ထွက်မလာခဲ့ပါက သူသည် ယခုအချိန်တွင် ကွဲကြေသွားရပေလိမ့်မည်။ အန်းရွှယ်၏ မျက်နှာတစ်ခုလုံး တုန်လှုပ်မှုများပြည့်နေသည်။။

"မင်းက... ငါ့ကို တကယ်သတ်ရဲတယ်ပေါ့"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဘာလို့ မသတ်ရဲရမှာလဲ။ မင်းအသတ်က ငါ့အတွက် ပေါင်းပင်တွေထက် မပိုဘူး"

ဤပြောဆိုချက်သည် လူများစွာ၏ ဒေါသကို လှုံ့ဆော်လိုက်သကဲ့သို့ လူအများစုက ရွှယ်အန်းကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ၎င်းတို့အားလုံးသည် သူတို့ကိုယ်သူတို့ အဆင့်တူသည်ဟု ယူဆထားကြသည်ဖြစ်ရာ ရွှယ်အန်းက လူတစ်ဦးကို သတ်လိုက်ပါက လူတိုင်းကို အကြပ်ရိုက်စေသည်မှာ သဘာဝပင်ဖြစ်သည်။

ထိုအချိန်တွင် သခင်မကြီးကျင်းရှို့ရုန်၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသော်လည်း ရွှယ်အန်းနှင့် စကားမပြောဘဲ အန်းယန်ကို လှည့်ကြည့်၍ ပြောလိုက်သည်။

“အန်းယန် မင်းက ငယ်ငယ်လေးကတည်းက ငါ့ဘေးမှာ ကြီးပြင်းလာတာ။ ဒီလိုလူကြောင့် မိသားစုနဲ့ ကွဲချင်နေတာလား။”

အန်းယန်သည် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော်လည်း ယခုအခါ သူမ၏ အမူအရာသည် တဖြည်းဖြည်း ငြိမ်သက်သွားကာ သူမ၏ မျက်လုံးများသည်လည်း ထိတ်လန့်ခြင်းမှ ကင်းစင်သွားသည်။

"အဘွား၊ ဒါက အဘွားကို အဘွားလို့ခေါ်တာ နောက်ဆုံးအကြိမ် ဖြစ်နိုင်တယ်။ အမှန်တော့ သမီး ငယ်ငယ်ကတည်းက ဒီမှာကြီးပြင်းခဲ့ပြီး သမီးကို ပြုစုပျိုးထောင်ပေးတဲ့အတွက် ကျေးဇူးတွေ ရှိတယ်”

“ဒါပေမယ့် ငယ်ငယ်တည်းက အရွယ်ရောက်တဲ့အထိ အဘွားက ပြုံးပြတာ တစ်ခါမှမမြင်ခဲ့ရဘူး။ အဖေဆုံးသွားပြီးတော့၊ အန်းချင်ကလွဲရင် သမီးကို ဘယ်သူက ဂရုစိုက်ဖူးလဲ။ အဘွားရဲ့အမြင်မှာ သမီးက အိမ်ထောင်ရေးကတဆင့် တခြားမြင့်မြတ်တဲ့မိသားစုတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ ကိရိယာကလွဲလို့ အဲ့ထက်မပိုပါဘူး။ သမီးပြောတာ မှန်တယ်မလား”

ဤမေးခွန်းများသည် ကျင်းရှို့ရုန်၏မျက်နှာကို ပြောင်းလဲသွားစေခဲ့သည်။ အန်းယန်သည် သူမနှင့် ဆန့်ကျင်ဘက်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် အန်းယန်ကို အေးစက်စွာ စိုက်ကြည့်လျက် သခင်မကြီး၏ မျက်နှာသည် မည်းမှောင်လာသည်။

"ကောင်းတယ် အရမ်းကောင်းတယ်”

အန်းယန်သည် ကျင်းရှို့ရုန်၏ ဒေါသထွက်နေသော အရိပ်အယောင်ကိုလျစ်လျူရှု၍ ရွှယ်အန်းကို ညင်သာစွာ ပြုံးပြကာကြည်နာစွာကြည့်လိုက်သည်။

“အရင်က ရှင်တို့အားလုံးက သူ့ကို အနာဂတ်မရှိဆင်းရဲသား လူလိမ်လို့ ခေါ်ကြတယ်။ ကျွန်မမကြောက်ဘူး။ ကျွန်မ သူနဲ့အတူရှိနေသရွေ့ တောင်းရမ်းဖို့တောင် ဆန္ဒရှိတယ်"

"ဒါပေမယ့် ရှင်တို့က ကျွန်မတို့ကို ခွဲဖို့ပဲ စဉ်းစားနေတာ၊ ကလေးမွေးပြီးတဲ့ ကျွန်မကိုတောင် ဖမ်းပြီး ပြန်ခေါ်လာခဲ့တာ။ ရှင်တို့လုပ်ခဲ့တဲ့ ဒီလုပ်ရပ်တွေက တကယ်ပဲ ဂုဏ်ကျက်သရေ ထွန်းလင်းနေသလား"

ဤစကားသည် ပရိတ်သတ်ကြားတွင် တုန်လှုပ်သွားစေသည်။ အမျိုးသမီး အများအပြားသည် အန်းယန်က ၎င်းတို့၏ နှလုံးသားထဲမှ ခံစားချက်များကို ဖော်ပြနေသောကြောင့် အန်းယန်ကို ခိးကြည့်နေကြသည်။ အန်ယန်ကို ခိုးကြည့်နေကြသည်၊ အဘယ်ကြောင့်ဆိုသော် သူမသည် သူတို့ အများစု၏ နှလုံးသားထဲတွင် ခံစားချက်များကို ဖော်ပြနေသောကြောင့် ဖြစ်သည်။ ချူးဝေ့ယန်သည် စိတ်ပိုင်းဖြတ်ထားဟန်ပေါ်သော အန်းယန်ကို စိုက်ကြည့်ကာ အနည်းငယ် မနာလိုဖြစ်မိသွားသည်။ ဤအမျိုးသမီးသည် သူမ၏ တစ်သက်တာ ဆိပ်ခံကို ရှာတွေ့သွားပြီဖြစ်သည်။

“ဆပ်သင့်တဲ့အကြွေးကို ဆပ်ပြီးပြီ။ ရှင်တို့အပေါ် ကျွန်မ ဘာအကြွေးမှမကျန်တော့ဘူး။ ဒီနေ့ကစပြီး ကျွန်မနဲ့ အန်းမိသားစုက ကျေးဇူးတရားကစလို့ တရားမျှတမှုအထိ အကုန်ဖြတ်တောက်လိုက်ပါပြီ” အန်းယန်၏ မျက်နှာ ဖြူဖျော့နေသော်လည်း မယိမ်းယိုင်သော ဆုံးဖြတ်ချက်ဖြင့် အသံက ခိုင်မာနေသည်။

“ပြည်တန်ဆာမ၊ မင်းမိသားစုကို အပြင်လူအတွက် သစ္စာဖောက်တယ်” ကျင်းရှို့ရုန်သည် နောက်ဆုံးတွင် ပေါက်ကွဲသွားကာ ဒေါသအမျက်များပြည့်နှက်နေသည်။ ရွှယ်ရှန်း နှင့် ရွှယ်နျန်သည် အနည်းငယ် ဒေါသတကြီး ခံစားရ၍ အောက်ဆင်းလာကြသည်။

“အဘွားကြီး ခင်ဗျားက ငါတို့ မေမေကို အနိုင်ကျင့်ချင်ရအောင် ဘာအခွင့်အရေးရှိလို့လဲ”

ကလေးများ၏ စကားသံများက ကျင်းရှို့ရုန်ကို ဒေါသပိုထွက်စေသည်။

"မင်းတို့တွေ တစ်ယောက်မှ ဒီနေ့ထွက်သွားလို့မရဘူး။ အန်းယန်၊ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်။ မင်း…”

ထိုအချိန်တွင် အန်းယန်က ကြီးမားသောဝန်ထုပ်ဝန်ပိုးကို ရုတ်သိမ်းလိုက်သကဲ့သို့ ရယ်မောကာ

“မလိုပါဘူး ကျွန်မမလိုအပ်ဘူး"

ထိုအချိန်တွင် ရွှယ်အန်းသည် အန်းယန်၏ပါးကို ညင်သာစွာ ပွတ်သပ်လိုက်၏။

"မိန်းမရေ၊ မင်းပြောဖို့မေ့သွားတာတစ်ခုရှိသေးတယ်"

"ဘာကြီးလဲ”

"လေးနှစ်အတွင်း ငါ ကျုံးတု ကိုပြန်လာတဲ့အခါ လူတိုင်းကို ဒူးထောက်ခိုင်းစေမယ်"

သူ့လေသံက တည်ငြိမ်နေသော်လည်း ခိုင်လုံသော ယုံကြည်မှုအပြည့်ရှိသည်။

အန်းယန်က ဝမ်းသာအားရ ခေါင်းညိတ်ပြ၍ ရွှင်မြူးမှုအပြည့်ဖြင့် ပြောသည်။

"ကျွန်မယုံတယ်။ ရှင်ပြောတာမှန်သမျှ ကျွန်မယုံတယ်"

“သူ့ကိုသတ်ပစ် ငါ့အတွက်သူ့ကို သတ်ကြစမ်း"

မည်သူမျှ မလှုပ်ရဲကြတော့ပေ။ ရွှယ်အန်း၏ အစွမ်းသတ္တိကို ခဏတာ သရုပ်ပြခဲ့ပြီးနောက် လူတိုင်း ငြိမ်သက်သွားကြသည်။

"သူ့ကိုသတ်ပစ်ရမလား" ရွှယ်အန်းက ပေါ့ပေါ့ပါးပါး မေးသည်။

အန်းယန်က ခေါင်းခါလိုက်လိုက်သည်။

“နောက်ဆုံးတော့လည်း သူက ကျွန်မကို ကျွေးမွေးထားတာလေ။ ထားလိုက်ကြရအောင်ပါ”

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ အေးမြသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။

"အစ်မ၊ ထွက်သွားမယ်ဆိုတော့ ညီမလေးလည်းထွက်သွားတော့မယ်”

အန်းချင်သည် ထိုသို့ပြော၍ ခေါင်းမော့ကာ ခန်းမထဲသို့ ဝင်လာသည်။ သူမ ရောက်ရှိလာခြင်းသည် လူအုပ်ကြား၌ လှုပ်လှုပ်ရွရွဖြစ်သွားစေသည်။

ကျင်းရှို့ရုန်သည် သူမ၏နားကို မယုံနိုင်လောက်အောင်ပင်ဖြစ်နေ၏။

"အန်းချင်၊ မင်း ဘာပြောလိုက်တာလဲ။"

“စုန်းမအိုကြီး၊ ကျွန်မမှာ မမလို သည်းခံနိုင်စွမ်းမရှိဘူး။ သူ့ကြောင့်သာမဟုတ်ရင် ဒီအန်းမိသားစုမှာ အတူတူနေချင်မယ်ထင်လား။ ထွက်သွားချင်နေတာကြာပြီ"

ကြီးစိုးမှုအပြည့်ရှိသော ဤကြေငြာချက်သည် ကြည့်ရှုသူအများအပြား၏ မျက်လုံးများကို ပေါက်ထွက်လုနီးပါး ဖြစ်စေသည်။ လူများစွာက ဤမွေးနေ့ပွဲကို တက်ရောက်ခွင့်ရသဖြင့် ကံကောင်းသည်ဟု တိတ်တဆိတ်ခံစားမိကြသည်။

အမှန်ပင် ထူးထူးခြားခြားအသက်ဝင်နေ၏။

All Chapters