အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
အခန်း (၁၇၈) ပျိုနီပန်းသာလျှင် နိုင်ငံတော်၏ စစ်မှန်သောအရောင်ဖြစ်ပြီး ပန်းပွင့်သောရာသီသည် မြို့တော်ကို ရွေ့လျားစေသည်။
အန်းချင်သည် အန်းယန်နှင့် ကွဲပြားသည်။ စစ်တပ်တွင် သူမ၏အဆင့်အတန်းသည် တဖြေးဖြေးမြင့်တက်လာပြီဖြစ်၍ အန်းချန်သည် သူမကို မြင်သောအခါ မိသားစုအဆင့်ကိုပင် မထုတ်ပြောဝံ့ပေ။ သို့သော် ယနေ့တွင် သူမက အန်းမိသားစုနှင့် အဆက်အသွယ်ဖြတ်ရန်ရွေးချယ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ အန်းယန်က သူမ၏ ညီမဖြစ်သူကို ကြည့်၍ မျက်ရည်များကျလာသည်။
“ချင်အာ”
"အစ်မ၊ နင့်အမြင်အာရုံက အရမ်းကောင်းလွန်းတဲ့အတွက် အခုနင့်ကို အရမ်းလေးစားတယ်" အန်းချင်က ခပ်ပြုံးပြုံးပြောသည်။
"အန်းချင် နင် မိသားစုကို တကယ်သစ္စာဖောက်ဖို့ သတ္တိရှိလား။ မင်း စစ်တပ်ထဲ မြန်မြန်ဝင်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ငါတို့ မိသားစုရဲ့ အာဏာကြောင့်ဆိုတာ မေ့နေပြီလား" အန်းချန်က ဤအခိုက်အတန့်တွင် ကျယ်လောင်စွာအော်လိုက်သည်။
အန်းချင်က ခေါင်းယမ်း၍ ကဲ့ရဲ့ရှုံ့ချသော မျက်နှာဖြင့် ပြန်ဖြေသည်။
“ကျွန်မ ဘယ်သူ့ကိုမှ အားမကိုးဘူး ဟုတ်ပြီလား။ ရှင်တို့ထဲမှာ ကျွန်မကိုဘယ်သူကများ ဂရုစိုက်ဖူးလဲ။ အန်းမန်က တစ်နေကုန် အလေလိုက်နေတာတောင် ရှင်တို့က သူ့ကို ရတနာတစ်ခုလိုဆက်ဆံနေကြတုန်းပဲ။ ကျွန်မကရော။ ကျွန်မကိုယ်တိုင်သာ လေ့လာသင်ကြားပြီး အလုပ်တစ်ခုခုမရခဲ့ရင် ရှင်တို့က သူဌေးအိမ်ပို့ဖို့ လက်ဆောင်အဖြစ်ပဲ သဘောထားကြမှာမလား”
ဤစကားများသည် အန်းချန်ကို ဆွံ့အသွားစေသည်။ ထိုအချိန်တွင် ကျင်းရှို့ရုန် သည် ဒေါသထွက်ကာ ရူးသွပ်သွား၏။
"မိသားစုမှာ ဒီလိုကံဆိုးမှုတွေ၊ မိသားစုထဲမှာ ဒီလိုကံဆိုးမှုတွေ၊ တစ်ယောက်ယောက် ငါ့အတွက် ဒီလူအားလုံးကို သတ်ပစ်ပါ။ အားလုံးကို သတ်ပစ်”
ထိုအချိန်တွင်ပင် အပြင်ဘက်မှ အသံဟောင်းတစ်ခု ထွက်ပေါ်လာသည်။
“ဘယ်သူက သေမင်းကို သတ်ဖို့ တောင်းဆိုနေတာလဲ”
ထိုသို့ပြော၍ ချန်ရှို့ဟဲသည် ချန်မိသားစုကို ဦးဆောင်၍ ဝင်လာသည်။ သူရောက်ရှိလာမှုသည်လူအားလုံးကို ထိတ်လန့်သွားစေ၏။
ချန်မိသားစုနှင့် အန်းမိသားစုအကြားရန်ငြိုးကို ကောင်းစွာသိထားကြသည်ဖြစ်ရာ ယခုတွင် ချန်မိသားစု၏ စွမ်းအားသည် ပို၍ပင် ပြင်းထန်လာ၍ အန်းမိသားစုသည်ပင် အနည်းငယ် အဆင့်နိမ့်နေပြီဖြစ်သည်။ မမျှော်လင့်ဘဲ ချန်ရှို့ဟဲသည် ယနေ့တွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ခဲ့သည်။ ကျင်းရှို့ရုန်သည် ချန်ရှို့ဟဲကိုမြင်သောအခါ ပထမ ငြိမ်သက်သွားပြီးမှမတ်တပ်ထရပ်၍ ခေါင်းညိတ်လိုက်သည်။
“သခင်ချန်ဖြစ်နေတာပဲ”
ချန်ရှို့ဟဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သော်လည်း သူ့အကြည့်က ရွှယ်အန်းမှပေါ်သို့သာရောက်နေသည်။
အမှန်ပင် အထင်ကြီးဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခုဖြစ်သည်။
တွင်းနက်ကြီးကဲ့သို့ နက်နဲ၍ ခိုင်ခံ့သော တောင်ကဲ့သို့ ခိုင်မာသည်။
နမျောစရာပဲ…
ချန်ရှို့ဟဲက ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ကျင်းရှို့ရုန်၏ အကြည့်ကို လျစ်လျူရှုလိုက်သည်။
"ဒါက မစ္စတာ ရွှယ်အန်းဖြစ်မယ်ထင်တယ်"
သူ့အမူအရာက လူအများကို တုန်လှုပ်စေခဲ့သည်။ အန်းယန်နှင့် ရွှယ်အန်းသည်ချန်မိသားစုကိုပါ ပါဝင်ပက်သက်လာစေရန် ကြိုတင်စီစဥ်ထားခြင်းဖြစ်သလော။
ရွှယ်အန်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။
“မင်းက…”
"ဟေးဟေး၊ ငါက ချန်ရှို့ဟဲ၊ ချန်ရု့ရှီရဲ့အဖိုးပါ အဲဒီနေ့က မင်းလက်ဆောင်ပေးတဲ့ဆေးအတွက် ငါ မစ္စတာရွှယ်ကို ကျေးဇူးတင်လို့ပါ” ချန်ရှို့ဟဲက ရယ်မောလိုက်သည်။
ဆေးလက်ဆောင်လား။
မျက်နှာများစွာသည် ပြီးပြည့်စုံစွာ စိတ်ရှုပ်ထွေးနေပုံပေါ်သည်။ ကျင်းရှို့ရုန် နှင့် အန်းချန်အပါအဝင် လူအနည်းငယ်ကသာ မသိမသာ မျက်နှာပြောင်းလဲသွားကြ၏။ ချန်ရှို့ဟဲအပြင်းဖျားနေသည်ဆိုသော
ကောလဟာလများ ရှိခဲ့ပြီး နောက်ပိုက်တွင် သူပြန်ကောင်းလာခဲ့သည်။
‘ဒီဆေးလက်ဆောင်ကြောင့်များဖြစ်နေမလား’
ဤသည်ကို သဘောပေါက်သွားသောအခါ ကျင်းရှို့ရုန်၏ နှလုံးသားထဲ၌ တုန်လှုပ်ချောက်ခြားမှုကို ခံစားလိုက်ရသည်။ ထိုမှသာ ရွှယ်အန်းသည် ချန်ရု့ရှီမည်သူဖြစ်သည်ကို မှတ်မိ၍ ပြုံးလိုက်သည်။
"ဒါက ဘာအကြောင်းလဲ" ချန်ရှို့ဟဲက မသိနားမလည်ဟန်ဆောင်ကာ မေးလိုက်သည်။
အန်းချင်က အေးစက်စွာပြန်ဖြေသည်။
"အကြီးအကဲချန် ဘာမှမဟုတ်ပါဘူး၊ ငယ်ငယ်ကတည်းက မိဘမဲ့ကလေးနှစ်ယောက်ပဲ ဒီ အကြင်နာတရားခေါင်းပါးပြီး မဖြောင့်မတ်တဲ့ မိသားစုကို စွန့်ခွာဖို့ ပြင်ဆင်နေတာ၊ ဒီလောက်ပါပဲ"
ချန်ရှို့ဟဲက ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြော၏။
“အိုး အဲ့တာဆို ကောင်းလိုက်တာ။ အထူးသဖြင့် ငါ့မြေးလေးကို ငါအရမ်းသဘောကျတယ်။ သမီးတို့ နှစ်ယောက် ငါ့ဘက်လာပါလား”
ဤသို့ ပြောင်ပြောင်တင်းတင်း ခိုးယူခြင်းကြောင့် ကျင်းရှို့ရုန်၏ အမူအရာသည် ရေများကဲ့သို့ နက်မှောင်သွားသည်။
"သခင်ချန် ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တာလဲ”
ချန်ရှို့ဟဲက အေးစက်စက် ရယ်မောလိုက်သည်။
"ငါ့ရဲ့ ရည်ရွယ်ချက်ဟုတ်လား။ ပေါင်းပင်တွေကြားထဲက နဂါးအစစ်ကို မမြင်နိုင်ဘဲ အမြင်တိုတဲ့လူတချို့အတွက် နှမျောဖို့ကောင်းတယ်လို့ ခံစားမိလို့ပါ”
ပေါင်းပင်တွေကြားထဲက နဂါးအစစ်လား။
ကျင်းရှို့ရုန်သည် ရွှယ်အန်းကို တစ်ချက်ကြည့်လိုက်သည်။
‘သူ့အကြောင်းပြောနေတာလား’
သူမစကားပြန်ပြောခါနီးဆဲဆဲတွင် အပြင်မှ အခြားလူတစ်စုဝင်လာကြသည်။
ဝေရူယန် ဝင်လာသည်။
ဝေ့ရူယန်သည် ကျုံးတုတွင် အလွန်နာမည်ကြီးသူဖြစ်သည်။
ရှားပါးပန်းပင်များနှင့် အပင်များကို ပြုစုပျိုးထောင်ခြင်းတွင် သူမ၏ကျွမ်းကျင်မှုကြောင့် လူသိများကာ သူမဘဝအတွက် ကျယ်ပြန့်သောအချိတ်အဆက် အဆက်အသွယ်များ ပြုလုပ်ထားသောကြောင့် မြင့်မြတ်သော မိသားစုများမှလူများပင် မစော်ကားဝံ့ကြပေ။
‘အခု သူလည်း ဒီရောက်လာတာလား’
‘သခင်ဝေ့က ဒီလိုမျိုးတွေမကြိုက်ဘူးမလား’
ဝေ့ရူယန်သည် ရွှယ်အန်းအနီးသို့ချဥ်းကပ်၍ အနည်းငယ်ပြုံးပြလိုက်သောကြောင့် လူအများ အံ့သြသွားကြသည်။
“မစ္စတာ ရွှယ် မတွေ့တာကြာပြီ"
အသက်နဲ့အမျှ ပန်းများကို မြတ်နိုးသော ဤအမျိုးသမီးကို ရွှယ်အန်းက သတိထားမိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒါ သခင်ဝေ့”
ဝေ့ရူယန်က ခါးသီးစွာပြုံးလိုက်သည်။
"သခင်ရဲ့ရှေ့မှာ ကျွန်မကိုယ်ကျွန်မ ဘယ်လိုလုပ် အရှင်သခင်လို့ ခေါ်ရဲမှာလဲ”
ထို့နောက် သူ့အနားတွင် ရပ်နေသော အန်းယန်ကို လှမ်းကြည့်လိုက်သည်။
‘ဒါက မိန်းကလေးရွှယ်ဖြစ်ရမယ်။ ပထမဆုံးအကြိမ် တွေ့ရတာ ဝမ်းသာပါတယ်။”
သူမက ဤသို့ပြော၍ လက်ကို ကမ်းလာရာ လက်ထဲတွင် အလွန်နူးညံ့၍ တစ်ခုတည်းသော အပင်ပေါက်လေးကို မြင်လိုက်ရသည်။
"ကျေးဇူးပါ” အန်းယန်က ယင်းကို လက်ခံ၍ ခပ်ပြုံးပြုံးပြန်ဖြေ၏။
သူမ လက်ထဲသို့ ရောက်ပြီး မကြာမီ၌ပင် ထိုအညှောင့်လေးမှ စတင်တုန်ခါလာကာ အလွန်လျင်မြန်သောနှုန်းဖြင့် အပင်ပေါက်လာသည်။
မကြာမီပင် လှပတင့်တယ်သောအပင်အဖြစ် ပွင့်လန်းလာခဲ့သည်။ အဖူးသည် အကြိမ်အနည်းငယ် တုန်လှုပ်သွားပြီးနောက်မှ ရုတ်တရက်ပွင့်လာသည်။
ပန်းပွင့်သည် ရင်သပ်ရှုမောဖွယ် အလှတရားများကဲ့သို့ပင် လှပသည်။ တစ်မူထူးခြားသော ရနံ့တစ်ခုက ခန်းမတစ်ခုလုံးကို မွှေးပျံ့သွားစေသည်။
"ဒါက ပျိုနီပန်းပဲ” တစ်စုံတစ်ယောက်ကခပ်တိုးတိုးရေရွတ်လိုက်သည်။
ဝေရူယန်လည်း ခဏတာမျှ ထိတ်လန့်သွားပြီးနောက် ပြောလိုက်၏။
“မိန်းကလေးရွှယ်က တကယ်ကို ထူးခြားတဲ့ အလှတစ်ခုပါပဲ။ ပန်းတစ်ပွင့်က လူတစ်ဦးချင်းစီရဲ့ စိတ်နေစိတ်ထားအရ ပေါက်ပါတယ်”
“ပျိုနီပန်းကတော့…” ဝေရူယန်က ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်။ “ပျိုနီပန်းက တိုင်းပြည်ရဲ့ စစ်မှန်တဲ့ အလှတရားဖြစ်ပြီး ပန်းပွင့်လာတဲ့အခါ မြို့တော်ကို နှိုးဆော်တယ်တဲ့”
တစ်ချိန်တည်း၌ပင် ဝေရူယန်သည် သူမ၏ ရင်းနှီးသောသူငယ်ချင်း၌ မျှော်လင့်ချက်မရှိတော့ကြောင်း ဝန်ခံကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ပန်းပင်များကို အပြင်းအထန်လေ့လာခဲ့သော ဝေရူယန်က အမျိုးသမီးတိုင်းသည် ထူးခြားသော ပန်းတစ်ပွင့်ဟု ယုံကြည်ကြသည်။ ချန်ရု့ရှိ၏ ပန်းသည် သန့်ရှင်းမှု၊ မျှော်လင့်ချက်နှင့် အေးချမ်းမှုကို ကိုယ်စားပြုသော သစ်ခွဖြစ်သည်။
အန်းယန်အတွက်ကမူ ပျိုနီပန်းဖြစ်၍ ပန်းများ၏ ဘုရင်မကို ကိုယ်စားပြုသည်။
ထိုအချိန်တွင် ကျင်းရှို့ရုန်သည် ရွှယ်အန်းဝန်းကျင်တွင် စုရုံးနေသော လူအုပ်ကို ကြည့်ကာ အဓိပ္ပါယ်ဖော်၍မရသော ခံစားချက်ကို ခံစားလိုက်ရသည်။
ဒေါသထွက်နေသော်လည်း ထိတ်လန့်မှုနှင့် မလုံခြုံမှုတို့က ပိုသာ၏။
တကယ်ပင် သူမသည် အလွန်ထိတ်လန့်တုန်လှုပ်နေမိသည်။
စစ်သားတစ်စု ရုတ်တရက်ဝင်လာပြီးနောက် အခန်းတစ်ဖက်တစ်ချက်တွင် တိတ်တဆိတ်နေရာယူလိုက်ကြသည်။ ထို့နောက် အရပ်ရှည်သော ဗိုလ်ချုပ်ကြီးတစ်ဦး ဖြည်းညှင်းစွာ ဝင်လာသည်။
သူရောက်လာသောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထို့နောက် အားလုံးနီးပါး မတ်တပ်ထရပ်ကာပြိုင်တူပြောလိုက်ကြသည်။
"ဗိုလ်ချုပ်ကို နှုတ်ဆက်ပါတယ်"
ဤလူများအားလုံးသည် သူ့ကို မကွယ်မဝှက်ဘဲ သဘောကျစွာ ကြည့်နေကြသည်။
နောက်ဆုံးတွင်မူ ဤလူကို ဟွာရှား၌ ဒဏ္ဍာရီလာပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြသည်။ ကျင်းရှို့ရုန် ၏ မျက်နှာသည် ကြည်လင်လာကာ သူ့ကို နှုတ်ဆက်ရန် စင်မြင့်ပေါ်မှ အမြန်ဆင်းလိုက်သည်။
“ဒီနေ့ ဗိုလ်ချုပ် လင်းရောက်လာမယ်လို့ ကျွန်မသတိမထားမိလိုက်ဘူး”
ကျင်းရှို့ရုန်၏ စကားမဆုံးခင်မှာပင် ဗိုလ်ချုပ် လင်းက သူမကို တစ်ချက်မျှ မကြည့်ဘဲ ကျော်သွားသည်။
ကျင်းရှို့ရုန်က အေးခဲသွားပြီးမှ မတ်တပ်ရပ်ကာ အမြန်လှည့်ကြည့်လိုက်သည်။
ဗိုလ်ချုပ်လင်းသည် ရွှီအန်းထံသို့ တိုက်ရိုက်သွားနေသည်ကို သူမမြင်လိုက်ရ၏။
“မစ္စတာရွှယ်"
ဤမြင်ကွင်းကိုကြည့်ပြီးနောက် ကျင်းရှို့ရုန်၏ အမြင်အာရုံသည် မှောင်မိုက်သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး တုန်လှုပ်သွားသည်။ ရွှယ်အန်းသည် အထင်ကြီးဖွယ်ကောင်းလှသော ဗိုလ်ချုပ်လင်းကို ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။
“ဗိုလ်ချုပ်လင်းလား”
ရွှယ်အန်းက သူ့ကို နာမည်တပ်ခေါ်လိုက်သဖြင့် လူအချို့၏ အမူအရာများပြောင်းလဲသွားသည်။
သို့သော် ဗိုလ်ချုပ်လင်းက ရိုးရိုးရှင်းရှင်း ပြုံးပြလိုက်၏။
“ကျေးဇူးတင်ပါတယ်”
ဗိုလ်ချုပ်ကြီးလင်း၏ ကျေးဇူးစကားနောက်ကွယ်တွင် အဓိပ္ပါယ်များစွာရှိနေသည်ကို ၎င်းတို့ နားမလည်ခဲ့ကြပေ။
သို့သော် ယခုအချိန်တွင် ၎င်းတို့ကသာမန်လူဟုထင်နေခဲ့သော သူမှာ အကြီးအကဲချန်ပြောခဲ့သည့်အတိုင်း နဂါးအစစ်တစ်ကောင်သာဖြစ်သည်။ ယင်းနောက်တွင် လူအများက ကျင်းရှို့ရုန်ကို စာနာစိတ်အပြည့်ဖြင့် ကြည့်နေကြ၏။
ဤမျှ အံ့အားသင့်ဖွယ်ကောင်းသော အလားအလာရှိသော မြေးသားမက်ကို ငြင်းပယ်၍ ရန်သူဖြစ်စေခြင်းဖြင့် အန်းမိသားစုဆုတ်ယုတ်သွားသည်မှာ အံ့သြဖွယ်မရှိပေ။
အခန်း (၁၇၉) မကြာခင်မှာ မင်းဒူးထောက်တောင်းပန်ရမယ်
ဗိုလ်ချုပ်လင်းက သူပေးခဲ့သော အလင်းစီးဓားကို ရည်ညွှန်းခြင်းဖြစ်ကြောင်းသိသောကြောင့် ရွှယ်အန်း ပြုံးလိုက်သည်။
"ဓားနဲ့ပတ်သက်ပြီးပြောရရင် ကျုပ်က ဓားတွေသုံးတာ ကျင့်သားမကျဘူး ဘာလို့လဲဆိုတော့ စစ်မှန်တဲ့ အထက်တန်းအဆင့်ဟာ လူတစ်ယောက်ရဲ့ လက်သီးချက်တွေရဲ့ အစွမ်းထက်မှုအောက်မှာ ရှိနေတယ်လို့ပဲ ကျုပ်ယုံကြည်ထားတယ်"
လူသတ်ရန် ရည်ရွယ်ချက် အပြည့်ဖြင့် ဤပြောဆိုချက်သည် လူများစွာ၏ မျက်နှာအမူအရာများကို အနည်းငယ် အရောင်ပြောင်းလဲသွားစေခဲ့သည်။ အထူးသဖြင့် အန်းချန်သည် သတိလွတ်လျက် နောက်သို့ ခြေနှစ်လှမ်းဆုတ်ခွာသွားရ၏။
“မစ္စတာရွှယ်က ဒီအသက်အရွယ်မှာ ဒီကျင့်ကြံစဥ်အဆင့်ထိရောက်နေတာ အံ့သြစရာတော့ မရှိဘူး။ သူ့နှလုံးသားနယ်ပယ်ထဲမှာ ငါတောင် မယှဥ်နိုင်ဘူး” ဗိုလ်ချုပ်လင်းက ပြောသည်။
ထိုအချိန်တွင် ချန်ရှို့ဟဲက အားပါးတရရယ်လိုက်၏။
"ဘာဖြစ်တာလဲ။ ဒီလိုအောင်မြင်မှုတွေရှိပေမဲ့ သူ့ကို ထုတ်ပစ်ဖို့ တွန်းအားပေးနေတဲ့ မကျေနပ်တဲ့သူတွေလည်း ရှိသေးတယ်။ ဒါ ရယ်စရာမကောင်းလွန်းဘူးလား”
ချန်ရှို့ဟဲ၏ ထက်မြက်သော စကားလုံးများသည် မိသားစုကို တိုက်ရိုက် ညွှန်ပြနေသည်။ သခင်မကြီးအန်း၏မျက်နှာသည် ပြာနှမ်းသွားကာ အန်းရွှယ်နှင့် အခြားသူများသည်လည်း မည်သို့ပြောရမည်ကို မသိကြတော့ဘဲ ရှက်ရွံ့သောအမူအရာများဖြင့်သာ နှုတ်ဆိတ်နေကြ၏။
အန်းယင်၏ အကြည့်များသာ အနည်းငယ် တုန်ခါသွား၍ သက်ပြင်းဖွဖွတစ်ချက်ချလိုက်သည်။
ယနေ့ မွေးနေ့ပွဲသည် ငြိမ်းချမ်းမည်မဟုတ်ဟု သူမျှော်လင့်ထားသည်။
သို့သော်လည်း ရွှယ်အန်း၏ သြဇာလွှမ်းမိုးမှုသည် အလွန်အံ့အားသင့်ဖွယ်ကောင်းမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ တစ်ယောက်က ချန်မိသားစုဖြစ်၍ ကျန်တစ်ဦးမှာ တပ်မတော်တွင် အငြင်းပွားဖွယ်မရှိသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။
ထိုအဓိက အင်အားစုနှစ်ခု ပူးပေါင်းလာခဲ့ခြင်းသည် သခင်မကြီးအန်း၏ မျက်နှာတည့်တည့်ကို ပါးရိုက်လိုက်ခြင်းနှင့်ဆင်တူသည်။
ဗိုလ်ချုပ်လင်းက တစ်ခဏအတွင်း အံ့အားသင့်သွား၏။
“အိုး ဟုတ်လား။ ဒီလောက်တောင် အမြင်ကျဥ်းလွန်းတဲ့လူတွေရှိတာလား။ မစ္စတာရွှယ်သာ ငါတို့ စစ်တပ်ထဲဝင်ရင် ကြိုက်တဲ့ ရာထူးကို လက်ညှိုးထိုးပြီးယူလို့ရတယ်”
ဗိုလ်ချုပ်ကြီးလင်း၏ အဆိုပြုချက်က လူများစွာကို ပင့်သက်ရှိုက်စေမိသည်။
‘ကြိုက်တဲ့ရာထူးကို ရွေးဟုတ်လား’
‘ဒါ ဗိုလ်မှုးအဆင့်ကိုတောင် ယူလို့ရတယ်လို့ ပြောတာမဟုတ်လား’
ရွှယ်အန်း ပြုံးလိုက်သော်လည်း ဗိုလ်ချုပ်လင်း၏စကားကို မတုံ့ပြန်ဘဲ အန်းမိသားစုဝင်များဆီသို့သာ လျှောက်သွား၏။
"ရွှယ်အန်း မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဗိုလ်ချုပ်လင်းရောက်နေတယ်ဆိုတာ မင်းသိအောင်ပြောရမယ်”
ရွှယ်အန်းက လျစ်လျူရှု့လိုက်သည်။
“မင်းတို့နှစ်ယောက်စလုံး သေထိုက်တဲ့အတွက် မင်းကိုသက်ညှာပေးဖို့ အစတည်းကမစီစဉ်ထားဘူး။ ဒါပေမယ့် အခုတော့ ရုတ်တရက် စိတ်ပြောင်းသွားပါပြီ”
"မင်းကိုသတ်မယ့်အစား မင်းကိုအရင်အသက်ရှင်ခွင့်ပေးလိုက်တာက ပိုကောင်းပါတယ်။ တစ်နေ့ကျရင် မင်း ငါ့ကို ဒူးထောက်ပြီးတောင်းပန်စေရမယ်လို့ ငါပြောလိုက်မယ်”
စကားပြောပြီးနောက် ရွှယ်အန်းက အန်းယန်ကို ပြုံးပြလိုက်သည်။
“မိန်းမ သွားကြရအောင်”
ဗိုလ်ချုပ်လင်းနောက်မှ ရွှယ်အန်းနှင့် သူ၏အပေါင်းအပါများအားလုံး ခန်းမထဲမှ ထွက်လာကြသည်။
ချန်ရှို့ဟဲသာလျှင် အဆုံးတွင် လျှောက်လှမ်းလာပြီးနောက် ပြာနှမ်းနေသည့် ကျင်းရှို့ရုန်ကို ပြုံးပြ၍ ပြော၏။
"ရိုးရိုးသားသားပြောရရင် သခင်မကြီးအန်းက ဒီမြင့်မြတ်တဲ့ အန်းမိသားစုကို ဒီအခြေနေအထိ ဖြစ်လာအောင်လုပ်တဲ့နေရာမှာ ငြင်းမရနိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်။ ပြီးတော့ မင်းကို သတိပေးခွင့်ပြုပါ၊ ဒါ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် မဟုတ်တော့ဘူး"
"မင်းရဲ့ဘိုးဘေးတွေက ဧကရာဇ်မိသားစုဝင်တွေဖြစ်ရုံနဲ့ မင်းဟာ ချန်ချင်းရဲ့ မြင့်မြတ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်နေတုန်းပဲလို့ မထင်လိုက်နဲ့။ မင်းက အခု ဧကရာဇ်ဘုရင်မမဟုတ်ဘူး”
ထိုသို့ပြောကာ ချန်ရှို့ဟဲက အေးစက်စက်ရယ်မော၍ထွက်သွား၏။ ကျင်းရှို့ရုန်၏ ပါးပြင်များ ဖြူဖျော့လာကာ လှောင်ပြောင်ကဲ့ရဲ့သံများကြား ရူးမတက်ဖြစ်နေသည်။ တကယ်တမ်းတွင် ချန်ရှို့ဟဲပြောသည်မှာ မှန်သည်။ သူမ၏ မိခင်သည် ချန်ချင်းကာလအတွင်း ဧကရာဇ်မိသားစုမှဆင်းသက်လာသူဖြစ်၍ နောက်ပိုင်းတွင် ၎င်းတို့၏ မျိုးရိုးနာမည်ကို ကျင်းဟု ပြောင်းလဲခဲ့သည်။
သူမသည် ဤအချက်အတွက် အမြဲဂုဏ်ယူခဲ့၍ သူမ၏နေ့စဉ်ဘ၀တွင် တစ်ချိန်က အစိုးရကို အုပ်စိုးခဲ့သော ဧကရာဇ်ဘုရင်မကဲ့သို့ ပြုမူခဲ့သည်။
ရွှယ်အန်းနှင့် အခြားသူများ မရှိတော့ပေ။ ခန်းမသည် ဗလာဖြစ်၍ အခေါင်းပေါက်ဖြစ်နေပုံရသည်။
ချီချန်ကောသည် အန်းယန်၏ နောက်ကျောကို ကြေကွဲနေသော စိတ်ဝိညာဉ်ဖြင့် ကြည့်ကာ သူ့အတွင်းပိုင်း၌ တစ်စုံတစ်ရာ ကွဲအက်သွားသကဲ့သို့ ခံစားရလိုက်ရသည်။ သူသည် အပြေးအလွှားထွက်ကာ သူမကို ရင်ဆိုင်ချင်ခဲ့သော်လည်း ချန်ရှို့ဟဲနှင့် ဗိုလ်ချုပ်လင်းပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ သတ္တိများရပ်တန့်သွားရသည်။
ချီမိသားစုက မဆိုးလှသော်လည်း ချန်မိသားစုကို နှိုးဆွရန်မတတ်နိုင်သကဲ့သို့ ဗိုလ်ချုပ်လင်းကိုလည်း နှိုးဆွရန်မတတ်နိုင်ပေ။ ထို့ကြောင့် အဝေးမှသာ ရပ်ကြည့်နေနိုင်ခဲ့သည်။
ထိုအကြီးစားပုဂ္ဂိုလ်ကြီးများနှင့် တန်းတူတွင်ရပ်တည်နေသော ဤလူကို ကြည့်၍ ချီိချန်ကော သဘောပေါက်ခဲ့သည်။
သူရှုံးခဲ့သည်။
သူ လုံးလုံး ရှုံးနိမ့်ခဲ့သည်။
"အစ်ကို၊ သွားရအောင်" ချီဝေ့ယန်က ခပ်တိုးတိုးပြောသည်။
ချီချန်ကောက မသိကျိုးကျွန်ပြုကာ ခေါင်းညိတ်သည်။
ထွက်သွားရုံမှတပါး သူ လုပ်နိုင်သောအရာရှိသေးသလော။ အန်းမိသားစုသည် ယခုအချိန်တွင် လူများအားလုံး၏ ကျောခိုင်းခြင်းကို ခံနေရ၏။ အတိတ်က အန်းမိသားစုမဟုတ်တော့ပေ။
ချီမိသားစုလည်း ထွက်သွားသည်။
ကျန်ဧည့်သည်များသည်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ ထို့နောက် ကြီးကျယ်ခမ်းနားစွာဖြင့် စတင်ခဲ့သော အန်းမိသားစု၏ မွေးနေ့ပွဲသည် မှုန်မှိုင်းစွာဖြင့် ပြီးဆုံးသွားခဲ့သည်။ ထို့အပြင် တစ်ရက်အတွင်း မွေးနေ့ပွဲ၏ အဖြစ်အပျက်များသည် ကျုံးတုတစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ရွှယ်အန်း၏ အမည်သည် မြင့်မြတ်သောမိသားစုများစွာ၏ အဆင့်မြင့်အဖွဲ့ဝင်များ၏ တွေ့ဆုံပွဲများတွင် စတင်ပေါ်လာသည်။
ဟော်မိသားစုတွင်ဖြစ်သည်။
"ဟေး စိတ်ဝင်စားစရာပဲ။ ချန်ရှို့ဟဲက အန်းမိသားစုရဲ့ စုန်းအိုမကြီးကို လူသူရှေ့မှာ ခေါင်းမဖော်နိုင်အောင်လုပ်လိုက်တယ်” ဟော်မိသားစု၏ အကြီးအကဲ ဟော်ထျန်လုက အေးစက်သောအပြုံးဖြင့် ပြောခဲ့သည်။
"မိသားစုခေါင်းဆောင်၊ ဒီ ရွှယ်အန်းက သခင်လေး ဟော်ဟေးမင်ကို ချင်းမန်တောင်ပေါ်မှာသတ်ခဲ့တယ်။ ကျွန်တော်တို့…” ဘဏ္ဍာစိုးက နှိမ့်ချသောအသံဖြင့်မေးသည်။
ဟော်ထျန်လုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒီ ရွှယ်အန်းက တန်ခိုးသြဇာမရှိတဲ့ သာမန်ပညာရှင်တစ်ယောက်သာဆိုရင် သူ့ကို သတ်လိုက်တာ ကောင်းပါတယ်၊ ဒါပေမယ့် အခု သူ့မှာ ချန်မိသားစုအပြင် ဗိုလ်ချုပ်လင်းနဲ့ပါ ပုဂ္ဂိုလ်ရေးအရ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပြီမို့ ကျွန်တော်တို့သတိထားဖို့ လိုသေးတယ်”
“ဟုတ်”
"ဒါပေမယ့် ကျွန်တော်တို့ သူ့ကို အေးဆေးနေခွင့်တော့ မပြုသင့်ဘူး။ လုပ်ကြံသတ်ဖြတ်သူနည်းနည်းရှာပြီးတော့ ငွေနည်းနည်းသုံးရင် ကိစ္စပြေလည်သွားမယ်မလား။ ဘာလို့ ကိုယ်တိုင်စိတ်ရှုပ်ခံပြီး လုပ်နေရမှာလဲ” ဟော်ထျန်လုက ရယ်မောလိုက်သည်။
ဟော်ထျန်လုသည် ကိုယ်တိုင်ကိုယ်ကျ ဖုန်းခေါ်ဆို၍ လူသတ်သမားအချို့ကို ဆက်သွယ်ရန် ပြင်ဆင်နေသည်။ ဤမြင့်မြတ်သော လူချမ်းသာမိသားစုများအတွက် ခိုက်ရန်ဖြစ်ပွားမှုနှင့် လုပ်ကြံသတ်ဖြတ်မှုသည် လက်တွေ့တွင် နေ့စဉ်ဖြစ်ပျက်နေသောကြောင့် ၎င်းတို့အားလုံးတွင် ရင်းနှီးသော ကြေးစားလူသတ်သမားများရှိကြသည်။
"ဟော်မိသားစုခေါင်းဆောင်မှာ ညွှန်ကြားချက်တစ်ခုခုရှိလား"
"ဟား ငါမင်းကိုဘာလို့ခေါ်ရမှာလဲ လူသတ်ခိုင်းဖို့ပေါ့"
"ကောင်းပြီ၊ နာမည်ပြောပြပါ" ဖုန်း၏အခြားတစ်ဖက်မှ အသံက ရွှင်မြူးစွာပြောသည်။
၎င်းတို့အိမ်ပေါက်ဝတည့်တည့်သို့ရောက်လာသော စီးပွားရေးသည် ၎င်းတို့ကို အလိုအလျောက် ပျော်ရွှင်စေသည်။
“အဲ့လူက ရွှယ်အန်း၊ သူက…”
သူစကားမဆုံးလိုက်ခင်၌ပင် တစ်ဖက်လူက ဖုန်းချလိုက်၏။ ဟော်ထျန်လုက မျက်မှောင်ကြုတ်လိုက်သည်။
‘ဒီကြေးစားတွေက ဘာပြဿနာရှိလို့လဲ’
‘ထားလိုက်တော့ အခြားတစ်ယောက်ကိုဆက်ကြည့်မယ်’
သူက အခြားဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
"ပစ်မှတ်က ဘယ်သူလဲ"
"ရွှယ်အန်း"
တူ..ပီ…
နောက်ထပ် ဖုန်းချသွားသောအသံတစ်ခု။
ဖုန်းခေါ်ဆိုမှု ခုနစ်ကြိမ် ရှစ်ကြိမ်ပြုလုပ်ပြီးနောက် တစ်ဖက်လူက ရွှယ်အန်း ဖြစ်သည်ကိုသိလိုက်ရသောအခါ ခြွင်းချက်မရှိဘဲ အားလုံးက ဖုန်းချလိုက်ကြသည်။ အဆုံးတွင် ဟော်ထျန်လုသည် တစ်ခုခုမှားနေပြီဟု ခံစားကာ အခြားကြေးစားတစ်ယောက်က ဖုန်းချတော့မည့်အချိန်တွင်ကြိုမေးလိုက်၏။
"ဘာတွေဖြစ်နေတာလဲ။ ငါ ရွှယ်အန်း ပြောလိုက်တာနဲ့ မင်းတို့အားလုံးက ဘာလို့ ဖုန်းချလိုက်တာလဲ။
"ဟော်မိသားစုခေါင်းဆောင်၊ ဒီ ရွှယ်အန်းကို ကျွန်တော်တို့ ရန်စဖို့မဖြစ်နိုင်လို့ပါ"
"မင်းတို့ လုပ်ကြံဖို့ မတတ်နိုင်တဲ့လူတွေတောင် ရှိသေးလား"
"ဟား၊ ဒီ ရွှယ်အန်း လက်ထဲမှာ ဘယ်သူသေသွားပြီလဲ မင်းသိလား။ ကမ္ဘာ့ဒုတိယအဆင့်ရှိရှောင်ယောင်းအဆင့်ရဲ့ လုပ်ကြံသတ်ဖြတ်သူ နှစ်ဦးအပြင် ပုံမှန်သတ်ဖြတ်ရေးသမားတွေပါသေသွားပြီကွ။ အခုသူတို့က ထိပ်ဆုံးဆယ်ယောက်ထဲတောင် မဝင်နိုင်ကြတော့ဘူး။ ရွှယ်အန်းတစ်ယောက်တည်းက အကုန်လုံးကို သတ်သွားတာ။ "
“ဟော်မိသားစုခေါင်းဆောင်၊ ငါ မင်းကို အကြံပေးတယ်၊ ရွှယ်အန်းက မဆိုစလောက် ဆက်ဆံရမယ့်သူ မဟုတ်ဘူး။ မင်းကြောက်ပြီးသေသွားစေလောက်နိုင်တဲ့ သူ့အကြောင်းတွေအများကြီးရှိသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်”
ဖုန်းချပြီးနောက် ဟော်ထျန်လု၏ တစ်ကိုယ်လုံး အေးစက်သွားခဲ့သည်။
"မိသားစုခေါင်းဆောင်၊ ဘာဖြစ်နေတာလဲ။ ဒီ ရွှယ်အန်း ကို ဂရုစိုက်ဖို့ လူတချို့ကို ဆက်သွယ်စေချင်သလား"
"ထွက်သွား" ဟော်ထျန်လုက အံကြိတ်လျက် ကျိန်ဆဲလိုက်သည်။
“ဟွာဟေးမင်ရဲ့အကြောင်းကို ထပ်မပြောနဲ့တော့။ သူသေသွားပြီဆိုတော့လည်း သေပါစေတော့။ သူက တရားမဝင်သားတစ်ယောက်သာသာပဲ။ ငါ့မှာ သားတွေအများကြီးရှိတယ်” ဟော်ထျန်လုက သူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။
ချန်မိသားစု။
ချန်ရုရှီသည် အဝေးတွင်ထိုင်နေသော အဖိုးဖြစ်သူနှင့် စကားစမြည်ပြောလျက် ရယ်မောနေသော အမျိုးသားကို နှလုံးသားထဲမှ ရောထွေးနေသော ခံစားချက်များဖြင့် ကြည့်နေသည်။ ဤအခိုက်အတန့်တွင် ဝေ့ရူယန်က သူမကို ကြည့်၍ ဘာသိဘာသာပြော၏။
“ရုရှီ၊ လက်လျှော့လိုက်ပါ။ ရွှယ်အန်းနဲ့ အန်းယန်ကြားက ဆက်ဆံရေးက ဖောက်ဖျက်လို့မရနိုင်ဘူး”
ခဏတိတ်ဆိတ်သွားပြီးနောက် ချန်ရုရှီက ဒေါသတကြီးပြုံးလိုက်သည်။
"နင်အရင်က အချစ်ကို မယုံဆုံးမဟုတ်ဘူးလား"
"အရင်ကဟုတ်ပေမယ့် ဒီနေ့တော့ ကိုယ့်မျက်စိနဲ့ကိုယ်မြင်လိုက်ရပြီ” ဝေ့ရူယန်က နူးညံ့စွာပြောသည်။
အခန်း (၁၈၀) မီးဖီးနစ်ဖွဲ့စည်းပုံ
ထိုအချိန်တွင် ဗိုလ်ချုပ်လင်းနှင့် ချန်ရှို့ဟဲ နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ ရွှယ်အန်းသည် စကားများစွာပြောတတ်သူမဟုတ်သော်လည်း သူပြောသောစကားတိုင်းသည် ထူးထူးခြားခြားနှင့် ဉာဏ်အလင်းပေးနိုင်သည်။ သူ၏ ကျင့်ကြံစဥ်အဆင့်ကို ဘေးဖယ်ထားလိုက်လျှင်ပင် သူ၏ အသိဥာဏ်တစ်ခုတည်းဖြင့် သူ့ဂုဏ်ကို ဆောင်နိုင်၏။
ရွှယ်အန်းသည် သူ၏လက်ဖက်ရည်ခွက်ကိုချကာ ဗိုလ်ချုပ်လင်းကို အနည်းငယ်ပြုံး၍ ကြည့်လိုက်သည်။ "မင်းဒဏ်ရာကို သက်သာစေဖို့ ဝိညာဉ်ဆေးသုံးနေတာမလား၊ ဗိုလ်ချုပ်လင်း မင်းရဲ့အခြေအနေကို တခြားသူတွေကို ပြောပြဖို့ တော်တော် ဝန်လေးနေပုံပဲ"
ဤစကားလုံးများကို ကြားလိုက်ရသည်နှင့်ချက်ချင်းပင် ချန်ရှို့ဟဲ၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။ သို့သော် ဗိုလ်ချုပ်လင်းက ခါးသက်စွာပြုံးလိုက်၏။
“မစ္စတာရွှယ်က တကယ်ကို လေးစားထိုက်တန်ပါတယ်၊ တကယ်ကို ထိုးထွင်းသိမြင်တတ်သူပဲ။ ဂျပန်ပြည်မှာ နတ်ဝိဉာဥ်ဓားချက် နာဂါစုကီအီတိုနဲ့တိုက်ခိုက်ပြီး လွန်ခဲ့တဲ့ ဆယ်နှစ်က သတ်ပစ်နိုင်ခဲ့ပေမယ့် နတ်ဝိဉာက်ဓားချက်ကြောင့်လည်း ဒဏ်ရာရခဲ့တယ်”
“ဒဏ်ရာက ပြင်းထန်နေပြီး မကြာသေးခင်နှစ်တွေအတွင်း ပိုပြင်းထန်လာတယ်။ မစ္စတာရွှယ်က ရုရှီနဲ့ ပို့လိုက်တဲ့ ဆေးကြောင့်သာမဟုတ်ရင် အခုအချိန်ထိ တောင့်ခံမထားနိုင်မှာတောင် စိုးမိပါတယ်”
ဗိုလ်ချုပ်လင်း ထုတ်ဖော်ပြသခဲ့သည်မှာ ဟွာရှား၏စစ်တပ်၏ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်သည်။
ဗိုလ်ချုပ်လင်းသည် ဟွာရှား၏စစ်တပ်တွင် နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရနိုင်သောကြောင့် ၎င်း၏ဒဏ်ရာပြင်းထန်သောသတင်းများ ထွက်ပေါ်ပါက မရေမတွက်နိုင်သော အကြံဆိုးများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။
ဗိုလ်ချုပ်လင်းက ခါးသက်စွာပြုံး၍ စကားကို အဆုံးသတ်လိုက်သည်။ သို့သော် ရွှယ်အန်းပြောလိုက်သည့်စကားက သူ့ကို အံ့အားသင့်စေသည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"မင်းက ရှင်သန်ခြင်းအဆင့်ဖြစ်နေတာ မထူးဆန်းပါဘူး။ ဒါပေမယ့် မင်းရဲ့တည်ရှိမှုကတော့ ရှင်သန်ခြင်းထက်ဝက်အဆင့်မှာပဲလို့ ထင်ရတယ်”
ဗိုလ်ချုပ်လင်း၏ မျက်နှာသည် အံ့ဩခြင်းအပြည့်ရှိနေ၏။
"ငါဘယ်လိုသိလဲ မေးချင်လို့လား" ရွှယ်အန်းပြုံး၍ လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာ ကောက်ယူကာ တစ်ငုံသောက်လိုက်သည်။
လက်ဖက်ရည်ခွက်က သူ့နှုတ်ခမ်းကိုထိလိုက်သည်နှင့် ရွှယ်အန်း၏ ခန္ဓာကိုယ်ထဲမှ မြင့်မြတ်သော တည်ရှိမှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာသော်လည်း သဲလွန်စပင်မကျန်ဘဲ ချက်ချင်းပျောက်ကွယ်သွားသည်။
အခိုက်အတန့်သည် အလွန်တိုသော်လည်း၊ ချန်ရှို့ဟဲ နှင့် ဗိုလ်ချုပ်လင်းတို့၏ အမူအရာများပြောင်းလဲသွားသည်။
"လွတ်မြောက်အင်မော်တယ်အဆင့်”
"အတိအကျပြောရရင်၊ ခြေလှမ်းတစ်ဝက်လောက်ပဲတက်ရသေးတဲ့ လွတ်မြောက်အင်မော်တယ်” ရွှယ်အန်းက ထူးမခြားနားပြောလိုက်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ အခုဖြစ်တည်မှုက လွတ်မြောက်အင်မော်တယ်အဆင့် သိုင်းပညာရှင်တောင် မရနိုင်ဘူးလေ” ချန်ရှို့ဟဲက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ အော်ပြောလိုက်သည်။
သို့သော် ဗိုလ်ချုပ်လင်းသည် လေးနက်စွာဖြင့် ရွှယ်အန်းကို ကြည့်နေသည်။
"မဖြစ်နိုင်တာဘာမှမရှိဘူး။ ကျုပ်အတွက်တော့ လွတ်မြောက်အင်မော်တယ်တွေက ကြက်တွေ ခွေးတွေထက် ဘာမှမပိုပါဘူး” ရွှယ်အန်းက ကြေညာပြီးနောက် ဗိုလ်ချုပ်လင်းထံသို့ လှည့်ကြည့်လိုက်သည်။
"အင်မော်တယ်ဓားကို ဘာလို့ရှာနေတာလဲ"
ဗိုလ်ချုပ်လင်းက ပြန်ဖြေ၏။
"ကျွန်တော် နာဂါစုကီအီတိုကို တိုက်တုန်းက သူရှုံးသွားရင် ဂျပန်က နတ်ဘုရားဝိဉာဥ်ဓားချက်က ဆယ်နှစ်အကြာမှာ ပင်လယ်ကို ဖြတ်ပြီး ဒီကို ပြန်လာလိမ့်မယ်လို့ ပြောခဲ့တယ်”
"ဒီနှစ်က ဆယ်နှစ်ပြည့်ပြီ"
ဗိုလ်ချုပ်လင်းက သက်ပြင်းချလိုက်သည်။
“ကျွန်တော်က ဟိုတုန်းကလို လူမဟုတ်တော့ဘူး။ ကျွန်တော့် ခွန်အားတွေလျော့နည်းသွားပြီမို့ ဂျပန်နိုင်ငံရဲ့ နတ်ဘုရားဝိဉာက်ဓားသမားအသစ်နဲ့ ယှဥ်နိုင်မှာမဟုတ်တော့ဘူး။ ကျွန်တော်ရှုံးရင် ဟွာရှဦးရဲ့ ဂုဏ်သိက္ခာကျဆင်းရလိမ့်မယ်”
“ကျွန်တော် အရှုံးမခံနိုင်တာကြောင့် နတ်လက်နက်ကို ရှာနေတာပါ” ဗိုလ်ချုပ်လင်းက စိတ်ပိုင်းဖြတ်ထားသည့် အမူအရာဖြင့် ပြောသည်။
“မစ္စတာရွှယ် ဗိုလ်ချုပ်လင်းရဲ့ ဒဏ်ရာကို ကုသဖို့ နည်းလမ်းရှိလား" ချန်ရှို့ဟဲက မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။
“နောက်ကျသွားပြီ။ ဒဏ်ရာပြီးပြီးချင်းသာ သီးသန့်လေ့ကျင့်ခဲ့ရင် အခွင့်အလမ်းနည်းနည်းရှိနိုင်ပေမယ့် တကယ်တမ်းမှာ သူက သူ့ ကျင့်ကြံစဥ်နဲ့ အတင်းထိန်းထားခဲ့တယ်။ အမှန်တကယ်မှာ သူက နောက်ပိုင်းမှာ ဝိဉာဥ်ရေးဆိုင်ရာဆေးနဲ့ နှိမ်နင်းထားခဲ့ပေမယ့် အဲ့တာက ယာယီ အချိန်ကာလတစ်ခုအထိပဲ”
“သူ့ဝိညာဉ် ခန်းခြောက်လုနီးပါးဖြစ်နေပြီ။ ဆီကုန်ပြီး ဆီမီးလည်း လောင်သွားပြီ၊ အခု ဘယ်လိုလုပ် ကယ်တင်နိုင်မှာလဲ”
ချန်ရှို့ဟဲ၏ မျက်နှာသည် စိတ်ပျက်လက်ပျက်ဖြစ်နေ၏။ ရွှယ်အန်းသက်ပြင်းချလိုက်သည်။ တကယ်တမ်းတွင် သူ့ကို ကယ်တင်ရန် လုံးဝမဖြစ်နိုင်ခြင်းမဟုတ်သော်လည်း လိုအပ်သော ဝိဉာဥ်ရေးဆေးသည် ဤလောက၌လုံးဝမရှိပေ။ သို့သော် ဗိုလ်ချုပ်လင်းသည် ယင်းကို ကြိုတွေးထားပုံ၍ ခေါင်းယမ်းလိုက်၏။
“ရှင်မလား သေမလားဆိုတာ ကံကြမ္မာပေါ်မှာပဲ မူတည်ပါတယ်။ ဒီအတွက် ငါ့မှာ သီးခြားခံစားချက်မရှိဘူး။ ကျုပ်မေးချင်တာတစ်ခုပဲ မစ္စတာရွှယ်”
"အဲ့တာဘာလဲ”
“တစ်လကျော်ကြာရင် ကျုပ်တို့ သဘောတူတဲ့နေ့ ဖြစ်လိမ့်မယ်။ ဂျပန်ပြည်က တစ်ယောက်ယောက်ကို မပို့ဘူးဆိုရင်တောင် ကြာကြာခံမှာ မဟုတ်ဘူး။ ငါလဲကျရင် ဟွာရှားကို ဝံပုလွေအုပ်က ထပ်ပြီး အမဲလိုက်မှာမဟုတ်လား။ ဒါ့ကြောင့် အများကြီးစဥ်းစားပြီးတဲ့နောက် စစ်တပ်အင်အားစုအသစ်တစ်ခု ထူထောင်ဖို့ ဆုံးဖြတ်လိုက်ပြီ”
"အိုး” ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။
"ဒီစစ်တပ်က ဟွာရှားကို ပြင်ပလူတွေအနိုင်ကျင့်တာကနေ ကာကွယ်ဖို့နဲ့ သိုင်းပညာရှင်တွေနဲ့ အင်မော်တယ်ကျင့်ကြံသူတွေနဲ့ရင်ဆိုင်ရာမှာ အထူးအသုံးဝင်လိမ့်မယ်”
ပြောပြီးသည်နှင့် ဗိုလ်ချုပ်လင်းသည် မတ်တပ်ထရပ်ကာ ရွှယ်အန်းကို လေးနက်စွာ ဦးညွှတ်လိုက်သည်။
"ဒီကိစ္စအတွက် ကျွန်တော် မစ္စတာရွှယ်ရဲ့ အကူအညီကို နှိမ့်ချစွာ တောင်းဆိုပါတယ်"
ရွှယ်အန်းသည် လက်ဖက်ရည်သောက်လျက် ဦးညွှတ်နေဆဲဖြစ်သော ဗိုလ်ချုပ်လင်းကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်နေသည်။ ထိုအချိန်တွင် ချန်ရှို့ဟဲလည်း သက်ပြင်းချလိုက်သည်။
“မစ္စတာရွှယ်… ဗိုလ်ချုပ်လင်းရဲ့ တိုင်းပြည်အတွက် တာဝန်ယူလိုတဲ့စိတ်ဆန္ဒကို နားလည်ပေးပါ။ လူတွေကို ညှာတာထောက်ထားပေးတော်မူပါ”
ရွှယ်အန်းက ရုတ်တရက်ပြန်မေးသည်။
"ဘာလို့လဲ"
ဗိုလ်ချုပ်လင်းက ခေါင်းကို မော့၍ပြတ်ပြတ်သားသားစိုက်ကြည့်ကာ ပြောသည်။
"မစ္စတာရွှယ်ရဲ့ အနာဂတ် အောင်မြင်မှုတွေက တိုင်းတာလို့ မရနိုင်ဘူးဆိုတာ ကျွန်တော် သိတာကြောင့် မစ္စတာရွှယ်က ကျွန်တော်တို့ စစ်တပ်အသစ်အတွက် အကောင်းဆုံးနည်းပြတစ်ယောက်ဖြစ်မယ်လို့ ထင်ပါတယ်”
ရွှယ်အန်းသည် ဗိုလ်ချုပ်လင်းကိုကြည့်ကာ ခဏအကြာတွင် ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့တောင်းဆိုချက်ကို ငါသဘောတူလို့ရတယ်။ ဒါပေမယ့် ငါက နည်းပြဆရာအဖြစ်တော့ လုပ်မှာမဟုတ်ဘူး။ စစ်တပ်မှာလည်း ရာထူးတစ်ခုမှ ယူတော့မှာမဟုတ်ဘူး။ ငါ သူတို့ကို ရိုးရိုးရှင်းရှင်းပဲသင်ပေးမှာပါ”
“ကောင်းပါပြီ” ဗိုလ်ချုပ်လင်းက ခေါင်းညိတ်သည်။
“မစ္စတာရွှယ် ဒီတပ်ဖွဲ့က ရှိပြီးသား ဖီးနစ်အထူးတပ်ဖွဲ့ရဲ့ အခြေခံအုတ်မြစ်ကို အခြေခံပြီးတော့ တပ်ခွဲအမျိုးမျိုးကနေ လက်ရွေးစင်တွေကို စုဆောင်းဖို့ ပြင်ဆင်နေတာကြောင့် ဒီတပ်သစ်ကို နာမည်ပေးပေးဖို့ တောင်းဆိုချင်ပါတယ်”
“သူတို့ကို မီးဖီးနစ်လို့ခေါ်လိုက်ပါ” ရွှယ်အန်းက ဘာသိဘာသာပြောသည်။
“နာမည်က ကောင်းလိုက်တာ” ဗိုလ်ချုပ်လင်း၏ မျက်လုံးများ တောက်ပလာသည်။
"ပြာကနေပြန်နိုးထလာတဲ့ ဖီးနစ်က မီးဖီးနစ်ဖြစ်လာတယ်”
ထိုအချိန်တွင် ကျုံးတုမြို့အပြင်ဘက်ရှိ အလွန်လျှို့ဝှက်သော တန်းလျားတစ်ခုတွင် အလွန်ထွားကျိုင်း၍ ကြောက်မက်ဖွယ်ကောင်းသော စစ်သားအုပ်စုတစ်စုသည် ပေါ့ပေါ့ပါးပါး အုပ်စုဖွဲ့ စကားပြောနေကြသည်။
"ဟေ့ ချန် ဒီတခေါက် ငါတို့ရဲ့ နည်းပြအသစ်က ဘယ်သူဖြစ်မယ်ထင်လဲ" ခပ်ပိန်ပိန် လူတစ်ယောက်က မေးသည်။
ရှပ်အင်္ကျီမပါသော ချန်ဟောက်သည် အလျားလိုက်ဘားပေါ်တွင်အိပ်ထမတင်လုပ်နေ၏။ တန်းကို ကိုင်၍ ထလိုက်သည့်အခါတိုင်း သူ၏ နောက်ကျောပြင်မှ ကြွက်သားများက ရေစီးများကဲ့သို့ တုန်ခါသွားသည်။ ဤမေးခွန်းကို ကြားလိုက်သည်နှင့် ချန်ဟောက်က ဘာသိဘာသာပြော၏။
"ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ ငါ့ဆရာဖြစ်ဖို့ဆို ငါ့စာမေးပွဲကို အရင်ဖြေရမှာပေါ့”
ထိုသို့ပြော၍ လက်လွှတ်ချလိုက်ရာ မြေကြီးပေါ်သို့ ကျသွားသည်။
မြေပြင်သည် အနည်းငယ်တုန်ယင်သွားပုံရ၏။
"ဟား သဘာဝကျပါပေတယ်။ မင်းက စစ်တပ်မှာ နည်းပြဆရာဖြစ်နေပြီ၊ ဒါပေမယ့် မင်းကို အထူးတပ်ဖွဲ့တွေ ပြန်လည်တည်ဆောက်ဖို့နဲ့ လေ့ကျင့်ရေးတွေ တိုးမြှင့်ဖို့ ပြောနေတာက ရယ်စရာကောင်းလိုက်တာ”
ချန်ဟောက်သည် ထိုလူကို အေးစက်စွာကြည့်လိုက်သည်။
"ကျိုးဆွေ့ မင်း အမြဲတမ်း စကားအများကြီး မပြောဘဲ မနေတတ်ဘူးလား”
ကျိုးဆွေ့က ပညာရှိစွာဖြင့် ပါးစပ်ပိတ်လိုက်သည်။ တန်းလျား၏ ထောင့်တစ်နေရာရှိ လေ့ကျင့်ရေးဖျာပေါ်တွင် လဲလျောင်းနေသော လူတစ်ယောက်သည် သွားကြားထိုးတံကို ကိုက်လျက် ချန်ဟောက်ကို ကြည့်ကာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။ အမှောင်ညကျားဟု လူသိများသော ချန်ဟောက်ကို ဤနေရာသို့ ပြောင်းရွှေ့၍ လေ့ကျင့်ပေးရန် ကြိုးစားနေသည်ဖြစ်ရာ ဗိုလ်ချုပ်သည် မည်သို့သော စစ်တပ်မျိုးကို တည်ထောင်ရန် ကြိုးစားနေခြင်းဖြစ်သနည်း။
‘နည်းပြဆရာက ဘယ်သူများဖြစ်နိုင်မလဲ’
အမှန်တွင် ဤနေရာသို့ ပြောင်းရွှေ့ခံရသူများကို ကိုင်တွယ်ရန် မလွယ်ကူပေ။ အကယ်၍ နည်းပြ၏ အရည်အချင်းနှင့် အရည်အချင်းများ ချို့တဲ့ပါက သူသည် မည်သို့မျှ အမိန့်ပေးနိုင်မည်မဟုတ်ပေ။ ထိုသူက ထိုသို့တွေးနေစဥ်တွင် အံ့အားသင့်ဖွယ်ကောင်းသော လူက ချဥ်းကပ်လာသည်။
"ထတော့"
"ဘာလို့လဲ” လဲလျောင်းနေသော လူက မေးသည်။
"ငါ ဒီဖျာကို သဘောကျလို့လေ။ မင်းဘာလို့ ဒီဖျာပေါ်မှာ အမြဲအိပ်နေရတာလဲ။"
"ဘာလို့လဲဆိုတော့ ငါ့စွမ်းရည်က မင်းထက် ပိုကောင်းလို့" ထိုလူက ရယ်မော၍ ရုတ်တရက် သွားကြားထိုးတံကို ထွေးထုတ်ကာ အရှိန်ပြင်းစွာဖြင့် ထိုသူကို ကန်လိုက်သည်။
တစ်ချိန်တည်း၌ပင် ထိုသူသည် ဓားတစ်ချောင်းကို ထုတ်၍ ရောက်လာသူ၏ လည်ပင်းကို ဖိချိန်ထားလိုက်သည်။
"ဒါက စစ်မြေပြင်ဖြစ်ခဲ့ရင် မင်း အခု သုံးကြိမ်လောက် သေသွားပြီးလောက်ပြီ”
ဤသို့ပြောပြီးသည်နှင့် ထိုသူက မတ်တပ်ထရပ်လိုက်သည်။
"ချန် အဲ့လူက အာတိတ်မြေခွေးလို့သိကြတဲ့ စွန်းလင်ပဲ” ကျိုးဆွေ့က ခပ်တိုးတိုးပြောသည်။
ချန်ဟောက်သည် ထွက်ခွာသွားသော စွန်းလင်၏ နောက်ကျောကို ကြည့်လျက် ကျန်ရစ်နေခဲ့သည်။