← Chapters

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း (၁၉၃) ငါ သိပေမယ့် ဂရုမစိုက်ဘူး

“ဘာဖြစ်လို့လဲဆိုတော့….” ရှု့လျို၏မျက်နှာအမူအရာ ခါးသီးသွားပြီးနောက် သူမက တီးတိုးပြောလိုက်သည်။

"အငြင်းပွားမှုမျိုး ရှိထားလို့လား" ရွှယ်အန်းက အမူမထားဘဲ ပြောလိုက်သည်။

ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှု့လျိုက တုန်လှုပ်သွား၍ ရွှယ်အန်းကို အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ အစပိုင်းတွင် ရှု့လျိုက ရွှယ်အန်းကို ဒရိုင်ဘာတစ်ဦးဟုသာ ထင်ထားသောကြောင့် သူမက သူ့ကို အလေးအနက်မထားခဲ့ပေ။ ယခုမူကား သူသည် အမှန်တကယ် ဆုံးဖြတ်ချက်ချမည့်သူတစ်ဦး ဖြစ်ပုံပေါ်သည်။

ရှု့လျိုက သက်ပြင်းချ၍ ခေါင်းညိတ်ပြပြီးနောက် သူမ၏ မျက်နှာရှုံ့မဲ့လာသည်။

"ဟုတ်တယ်၊ အငြင်းပွားစရာမျိုး ရှိထားတယ်။ ပြီးတော့ အဲ့လူတွေက ကျုံးတုရဲ့ချီမိသားစုပဲ”

'ချီမိသားစု'

ဤအမည်သည် ကျောက်ရွှယ်ဟွေ့နှင့် အခြားလူများ၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေသည်။

ချောင်လဲ့က မကျေမနပ်ဖြစ်စွာ ပြောလိုက်သည်။

“ဥက္ကဌရှု့၊ ခင်ဗျားရဲ့ ဒီလုပ်ရပ်က မဖြောင့်မတ်ဘူးနော်။ ဒီလောက် အကြာကြီး စကားပြောပြီးမှ ခင်ဗျားက ကျုပ်တို့ကို ထောင်ချောက်ထဲ ဆွဲချဖို့ ပြင်နေပုံပဲ" ရှု့လျို၏မျက်နှာ နီရဲလာ၍ ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။

“ကျွန်မ… အခု ကျွန်မမှာ တခြားရွေးချယ်စရာ မရှိတော့လို့ပါ။ လွန်ခဲ့တဲ့ ရက်တွေမှာ စက်ရုံကို လူတွေ လာကြည့်ကြပေမယ့် ချီမိသားစုအကြောင်း သိတာနဲ့ အားလုံးက ထွက်ပြေးသွားကြတယ်။ အခုလို ဖုံးကွယ်ဖို့ကလွဲပြီး ကျွန်မ ရွေးချယ်စရာမရှိတော့ဘူး”

စကားများ ပြီးဆုံးသွားသည့်အခါ ရှု့လျိုက မျက်လုံးများကို စိတ်ထိခိုက်စွာဖြင့် မှိတ်ထားလိုက်သည်။

"ရှင်တို့အားလုံး လက်မခံနိုင်ဆိုရင်လည်း ထားလိုက်ပါ"

ကျောက်ရွှယ်ဟွေ့သည် ချောင်လဲ့နှင့် အကြည့်ချင်းဖလှယ်၍ မတ်တပ်ရပ်လိုက်သည်။

"တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဒီထက်ပိုပြီး ဆွေးနွေးစရာ မလိုတော့ဘူးထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချီမိသားစုက…”

၎င်းတို့၏ ရည်ရွယ်ချက်သည် သိသာထင်ရှာသည်။ ကျုံးတု၏ ချီမိသားစုသည် အထက်တန်းလွှာ မိသားစုဖြစ်သည်။ ဤအခြေအနေကို ကြည့်လျှင် ရှု့လျိုစော်ကားခဲ့သည့် ချီမိသားစုမှ ပုဂ္ဂိုလ်သည် သာမန်မိသားစုဝင်မျိုး ဟုတ်ပုံ မပေါ်ပေ။

စက်ရုံသည် စျေးပေါသော်လည်း ၎င်းကို လွှဲပြောင်းယူခြင်းက အထက်တန်းလွှာ မိသားစု၏ မုန်းတီးမှုကို ရင်ဆိုင်ရမည်ဆိုလျှင် ထိုက်တန်မည် မဟုတ်ပေ။ ရှု့လျိုက စကားတစ်ခွန်းမျှ မပြောဘဲ ခေါင်းညိတ်လိုက်ကာ သူမ၏ မျက်နှာသည် အလွန် ဖြူဖျော့သွားသည်။

ကျောက်ရွှယ်ဟွေ့နှင့် အခြားလူများက မတ်တပ်ရပ်၍ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ရွှယ်အန်းသည် ဟိုရွေ့ သည်ရွေ့လုပ်နေသော ဘောပင်ကို ချ၍ မော့ကြည့်ပြီးနောက် ရှုလျူကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကျုပ်က ဒီစက်ရုံကို လက်လွှဲယူပြီး ခင်ဗျားကို ဒီစက်ရုံကို စီမံခန့်ခွဲခွင့်ပေးမယ်ဆိုရင် သတ္တိရှိမှာလား"

ထိုစကားများကို ကြားသောအခါ မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်ထားသော ရှု့လျို၏မျက်နှာပေါ်တွင် ယုံကြည်မှုကင်းမဲ့သော အကြည့်များ ပြသလာသည်။

"မစ္စတာ၊ ဒီစက်ရုံက ချီမိသားစုနဲ့ တိုက်ရိုက် ပဋိပက္ခရှိထားတဲ့အကြောင်းကို ကျွန်မ သေချာ ရှင်းပြထားပါတယ်၊ ရှင်..." ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကျုပ် သိတယ်၊ ဒါပေမယ့် ကျုပ် ဂရုမစိုက်ဘူး"

သူ၏စကားက ထူးခြားမှု မရှိသော်လည်း စကားများတွင် ပါဝင်သော ခိုင်လုံမှုက ရှု့လျိုကို အံ့အားသင့်သွားစေသည်။ ဤလူငယ်သည် သာမာန် ဖြစ်ပုံပေါ်သော်လည်း သူက မည်သို့ကြောင့် ဤမျှပြင်းထန်သည့် ယုံကြည်မှုမျိုး ပိုင်ဆိုင်ထားရခြင်းဖြစ်သနည်း။

"ခင်ဗျားကို မေးနေတယ် သတ္တိရှိလား မရှိဘူးလား" ရွှယ်အန်းသည် ရှု့လျိုကို စိုက်ကြည့်၍ ဆက်ပြောလိုက်သည်။

ဤအချိန်တွင် ကိစ္စများက ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဤလူက တာဝန်ယူဝံ့ပါက ချီမိသားစုကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းရှိမည်ဟု ရှု့လျိုက နှုတ်ခမ်းကို ကိုက်၍ တွေးနေမိသည်။ ပြီးနောက် သူမက စက်ရုံကို အမှန်တကယ် စီမံခန့်ခွဲနိုင်လျှင် ယခုထက် ပို၍ကောင်းမွန်သော အခြေအနေ ရှိလိမ့်မည် မဟုတ်ပေ။

ခေတ္တတုံ့ဆိုင်းသွားပြီးနောက် ရှု့လျိုက ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့၊ ကျွန်မ လုပ်ရဲတာပေါ့"

ရွှယ်အန်းက အနောက်သို့ မှီလိုက်ပြီးနောက် ပေါ့ပါးစွာ ပြောလိုက်သည်။

"ကောင်းပြီ၊ ဒါဆို အခု သဘောတူညီချက် ရေးဆွဲကြရအောင်"

"ရှင်" ရှု့လျိုက မှားယွင်းစွာ ကြားခဲ့သည်ဟု ထင်နေသည်။

"ဒီလောက် မြန်မြန်ကြီးလား" ကျောက်ရွှယ်ဟွေ့သည်လည်း အံ့ဩသွားသည်။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"အဲ့လောက် ကြီးလေးတဲ့ ကိစ္စမဟုတ်ပါဘူး၊ သဘောတူတယ်ဆိုရင် လက်မှတ် ထိုးကြတာပေါ့"

"ဒါပေမယ့်..." ကျောက်ရွှယ်ဟွေ့သည် မျက်ခုံးပင့်ထား၍ ရွှယ်အန်းကို အကြံပြုလိုပုံပေါ်သည်။

ရွှယ်အန်းသည် ချီမိသားစုကို မကြောက်ရွံ့မှန်း သူသိသော်လည်း မလိုအပ်သော ပြဿနာများကို ရှောင်ရှားခြင်းက အမြဲတစေ ပိုကောင်းမည်ဖြစ်သည်။ မည်သို့ကြောင့် ဤစက်ရုံကို မရမက လိုချင်နေသည့်အပြင် ဤအမျိုးသမီးကို ဒါရိုက်တာအဖြစ် မရမက ထားရှိလိုခြင်း ဖြစ်သနည်း။

'မဟုတ်မှလွဲရော သူ့ညီက ဒီအမျိုးသမီးကို စွဲလန်းသွားတာများ ဖြစ်နိုင်လား'

ဤအမျိုးသမီးက အတော် ဆွဲဆောင်မှုရှိသော်လည်း သူ၏ခယ်မလေးနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ တစ်ချိန်တည်းမှာပင်၊ ရှု့လျို၏နှလုံးသားထဲတွင်လည်း သံသယအချို့ ရှိနေမိသည်။

'သူက ဘာလို့ ဒီလိုလုပ်နေရတာလဲ။ မဟုတ်မှလွဲရော… သူက ငါ့ရဲ့အလှကို မက်မောနေတာများလား'

ရွှယ်အန်းက ပေါ့ပါးသော လေသံဖြင့် ပြောလိုက်သည်။

"ဒီကိုလာတဲ့ လမ်းတစ်လျှောက်လုံး ကြည့်နေတာ၊ ဒီစက်ရုံကို ကျုပ် တော်တော်လေး ကျေနပ်တယ်။ ခင်ဗျားမှာ စိတ်အားထက်သန်မှုနဲ့ တာဝန်သိစိတ်ရှိတာကို ကျုပ် မြင်နိုင်တာကြောင့် ချီမိသားစုနဲ့ ရန်ငြိုးရှိနေတာကို ကျုပ် ဂရုမစိုက်ဘူး။ ဒီစက်ရုံက ကျုပ်အတွက် သဘောတူညီချက်ပဲ”

ရှု့လျိုသည် သူမ၏ ယခင်အတွေးများကြောင် ရှက်ရွံ့မှုဖြင့် မျက်နှာနီမြန်းလာပြီးနောက် မတ်တပ်ထရပ်၍ လေးစားစွာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ မစ္စတာရဲ့ နာမည်ကို မေးလို့ရမလား"

"ကျုပ် မျိုးရိုးနာမည်က ရွှယ်"

ရှု့လျိုသည် သဘောတူညီချက်ကို လျင်မြန်စွာ လက်မှတ် ရေးထိုးခဲ့ပြီးနောက် ကွဲပြားခြားနားသော ဖြစ်ရပ်မှန်တွင် အသက်ရှင်နေသကဲ့သို့ ခံစားနေရသေးသည်။

“မစ္စတာရွှယ်၊ နောက်ကို ဘယ်လိုထုတ်ကုန်မျိုး ထုတ်ဖို့ အစီအစဉ်ရှိလဲ။ လောလောဆယ် ကုန်ကြမ်းက သိပ်မကျန်တော့၊ တစ်ခုခု ထုတ်လုပ်ချင်တယ်ဆိုရင် ကုန်ကြမ်းတွေကို ချက်ခြင်း ပြန်ဖြည့်ဖို့ လိုအပ်ပါတယ်”

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ကျုပ်တို့က ဒီလို သာမန်ဆေးတွေကို ထုတ်လုပ်မှာ မဟုတ်ဘူး။ ကျုပ်တို့ ထုတ်လုပ်မယ့်ဆေးက အနှစ်နှစ်ဆယ်ထိ သက်တမ်းတိုးမြှင့်နိုင်တဲ့ နတ်ဆေးတစ်လက်ပဲ”

သူ၏ပြောဆိုချက်သည် ရှု့လျို၏အမူအရာကို ချက်ချင်း ပြောင်းလဲသွားစေ၍ သူမက ရွှယ်အန်းကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

“ဒါဆိုရင် ကျွန်မ ဒီစက်ရုံကို မရောင်းနိုင်ဘူး”

"ဘာလို့လဲ။ ဟေး၊ မင်း အခုပဲ သဘောတူစာချုပ်ကို လက်မှတ်ထိုးပြီးမှ အခု နောက်ဆုတ်ချင်နေတာ ရယ်စရာမကောင်းဘူးလား" ချောင်လဲ့က မနေနိုင် မထိုင်နိုင်ဖြင့် ပြောမိသွားလေသည်။

ရှု့လျိုက အေးစက်စွာ ပြောလိုက်သည်။

"ဒီစက်ရုံကို ကျွန်မ ကိုယ်တိုင် ဖျက်ဆီးရမယ်ဆိုရင်တောင် တခြားလူတွေကို လှည့်စားမယ့် ဆေးအတုမျိုး ရှင်တို့ကို ထုတ်ခွင့်မပေးနိုင်ဘူး"

ဤပြောဆိုချက်သည် ပထမပိုင်းတွင် ကျောက်ရွှယ်ဟွေ့နှင့် အခြားလူများကို အံ့အားသင့်စေခဲ့ရာ၊ ၎င်းတို့အားလုံးက ခေါင်းခါ၍ ခါးသီးစွာ ရယ်မောလိုက်ကြသည်။ ၎င်းတို့သည် မှန်ကန်စွာပြောရမည်ဆိုလျှင် ဤသို့သော အခြေအနေမျိုးကို တစ်ကြိမ်ထက်မက ကြုံတွေ့ဖူးသည်။

လူများစွာသည် အနှစ်နှစ်ဆယ်ကြာ သက်တမ်းတိုးမြှင့်နိုင်သော နတ်ဆေးမျိုးကို မိမိတို့က ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း ကြားသိရသောအခါ ထိုလူများ၏ ပထမဆုံး တုံ့ပြန်မှုက မိမိတို့ကို လိမ်လည်လှည့်ဖြားသူများဟု သတ်မှတ်ခြင်းသာဖြစ်သည်။

ထိုအချိန်တွင် ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ကျုပ်တို့က လူလိမ်တွေလို့ ထင်နေတာလား"

ရှု့လျိုက ရွှယ်အန်းကို အေးစက်စွာ ကြည့်လိုက်သည်။

"ဒါက ကျွန်မ ထင်နေတာ မဟုတ်ဘူး၊ ဒါက အမှန်တရားပဲ"

ဆေးကျောင်းသူတစ်ဦးဖြစ်သော ရှု့လျိုသည် မည်သည့်ဆေးကမျှ လူ့သက်တမ်းကို အနှစ်နှစ်ဆယ်အထိ သက်တမ်းတိုးမြှင့်နိုင်မည်ဟု လုံးလုံးလျားလျား မယုံကြည်ခဲ့ပေ။ ရွှယ်အန်းက ခေါင်းညိတ်၍ သူ၏အိတ်ကပ်ထဲရှိ ဖန်ပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းသည် ရွှေရောင် ဖျော့ဖျော့ အရည်များနှင့် ပြည့်နှက်နေသည်။

“ဒါက... အသက်ရှည်စေနိုင်တဲ့ ဆေးပဲ”

ဤအရာကိုမြင်လိုက်ရသောအခါ ရှု့လျို၏မျက်နှာတွင် ကဲ့ရဲ့သည့် အကြည့်မျိုး ပေါ်ပေါက်လာသည်။

"ဒါကို ကျွန်မက ယုံမယ်လို့ထင်နေတာလား"

ရွှယ်အန်းက မတ်တပ်ထရပ်၍ ဖန်ပုလင်းကို စားပွဲပေါ်သို့ တင်လိုက်သည်။

"ဒါကို မင်းကိုယ်တိုင်စမ်းသပ်ဖို့ အချိန်တစ်ည ပေးမယ်"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက လှည့်ထွက်သွားခဲ့သည်။ ကျောက်ရွှယ်ဟွေ့နှင့် အခြားလူများက ရှု့လျိုကို လှည့်ကြည့်ပြီးနောက် ၎င်းတို့အားလုံးလည်း ထွက်ခွာသွားကြသည်။

ရုံးခန်းကျယ်ကြီးထဲတွင် ရှု့လျိုတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ စားပွဲပေါ်ရှိ ပုလင်းငယ်လေးကို ငုံ့ကြည့်နေသော သူ၏အမူအရာတွင် မသေချာခြင်းများစွာ ရှိနေသည်။ အနှစ်နှစ်ဆယ်အထိ အသက်ရှည်စေနိုင်မည့် နတ်ဆေးမျိုးက မည်သို့မျှ ရှိနေနိုင်မည်နည်း။

ထိုသို့သော ဆေးမျိုး ရှိခဲ့လျှင်ပင် လက်ရှိဆေးပညာ အခြေအနေဖြင့် ပြုလုပ်နိုင်ခြင်းက ဖြစ်နိုင်မည် မဟုတ်ပေ။ ဤအတွေးဖြင့် ရှု့လျိုသည် ပုလင်းငယ်ကို ကောက်ယူ၍ အမှိုက်ပုံးထဲသို့ ပစ်ချရန် ကြံရွယ်လိုက်သည်။ ထိုအချိန်တွင် ဖုန်းမြည်သံ လာထွက်ပေါ်လာ၍ အခြားတစ်ဖက်မှ အမျိုးသမီး၏ စိုးရိမ်သောကအသံတစ်ခု ပေါ်လာခဲ့သည်။

"ရှု့လျိုမြန်မြန် ပြန်လာခဲ့၊ နင့် အဘိုး အခြေအနေမကောင်းဘူး"

ရှု့လျို၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွား၍ သူမသည် အောက်ထပ်သို့ ချက်ချင်းပင် ပြေးဆင်းသွားရာမှ ပုလင်းငယ်လေးကို အိတ်ကပ်ထဲသို့ မတော်တဆ ကောက်ထည့်လိုက်မိသည်။ သူမသည် ဆေးရုံ၏ အထူး ကြပ်မတ်ဆောင်သို့ ရောက်ရှိလာသည်နှင့် ကောင်းရှန်နန်က အပြင်တွင် စောင့်နေခဲ့သည်။

ရှု့လျိုက သူမကိုမြင်သည်နှင့် စိုးရိမ်တကြီး မေးလိုက်သည်။

"အဘိုး အခြေအနေ ဘယ်လိုလဲ"

“အခြေအနေက အရမ်းဆိုးတယ်။ ငါ့အဖေ သူ့ကို အထဲမှာ ကုသနေတုန်း" ကောင်းရှန်နန်က ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။

ဤသို့ကြားသော ရှု့လျိုက သက်ပြင်းတစ်ချက်ချလိုက်သည်။ ကောင်းရှန်နန်၏ဖခင်က မည်သူဖြစ်သည်ကို သူမ သိနေသောကြောင့်ဖြစ်သည်။ ကောင်းဝမ်ယင်သည် နံပါတ်တစ် နတ်ဆေးသမားတော်အဖြစ် ကျုံးတုတွင်သာမက ဟွာရှားတွင်ပင် ကျော်ကြားသူဖြစ်သည်။ ကောင်းဝမ်ယင်ရှိနေသရွေ့ တစ်စုံတစ်ယောက်က သေချင်လျှင်ပင် ရွေးချယ်စရာရှိမည် မဟုတ်ပေ။ နာရီဝက်အကြာတွင် ကောင်းဝမ်ယင်က မှိန်ဖျော့သော မျက်နှာဖြင့် ကြပ်မတ်ဆောင်ထဲမှ ထွက်လာခဲ့သည်။

သူက ရှု့လျိုကို ခေါင်းခါပြလိုက်သည်။

"သခင်ကြီးရဲ့ အခြေအနေက ပိုဆိုးလာပြီ။ ဒီအကျပ်အတည်းကို ကျော်လွှားဖို့ 'ဘေးအန္တရာယ် ကျော်ဖြတ်ခြင်း ရွှေအပ်' အပ်စိုက်ကုထုံးနဲ့ သူ့ကို ယာယီကူညီပေးထားပေမယ့်၊ အခုကစပြီး သူ့အခြေအနေက တော်တော်လေး ခက်ခဲတော့မှာ"

အခန်း (၁၉၄) အကြီးအကဲကို အရိုအသေပေးပါတယ်

ကောင်းဝမ်ယင်၏ စကားကိုကြားသောအခါ ရှု့လျို၏ မျက်ရည်များ စီးကျလာသည်။

"ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ"

“ဆရာဝန်က ရောဂါတွေကို ကုသပေးနိုင်ပေမယ့် ကံတရားကိုတော့ မပြင်ပေးနိုင်ဘူး။ စိတ်ကို ပြင်ဆင်ထားပါ” ကောင်းဝမ်ယင်က သက်ပြင်းချ၍ ထိုသို့ပြောပြီးသည်နှင့် အရင်ထွက်ခွာသွားသည်။ ရှု့လျို၏ သူငယ်ချင်းကောင်းအဖြစ် ကောင်းရှန်နန်သည် သူမကို အဖော်ပြုပေးရန်အတွက် နေကျန်ခဲ့သည်။

“ကဲပါ၊ သေရေး ရှင်ရေးဆိုတာ ကြိုတင်သတ်မှတ်ထားလို့ ရတာ မဟုတ်ဘူး၊ အဘိုးရဲ့ အသက်ကတော့ မငယ်တော့ဘူးလေ၊ စိတ်ကို ထိန်းမှပေါ့"

ရှု့လျိုသည် ကောင်းရှန်နန်ကို သောကနှင့် နာကြည်းမှုများ ပြည့်နှက်နေသည့် မျက်နှာဖြင့် မော့ကြည့်လိုက်သည်။

“အဘိုးက မသေသေးတာတောင် ချီမိသားစုက လူတွေက ဒီလောက် ရမ်းကားနေတာ။ သူသာ ထွက်သွားရင် ငါ ဘာလုပ်ရမလဲ"

ဤစကားကိုကြားသော ကောင်းရှန်နန်သည်လည်း သက်ပြင်းချလိုက်မိသည်။

"ချီမိသားစုက... တကယ်ကို လွန်လွန်းအားကြီးတယ်"

ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေသော ရှု့လျိုသည် ဆေးရုံခန်းထဲကို ၀င်သွားပြီးနောက် ကုတင်ပေါ်တွင် သတိလစ်မေ့မြောစွာ လဲလျောင်းနေသည့် ဤကမ္ဘာပေါ်ရှိ သူ၏တစ်ဦးတည်းသာ မိသားစုဝင်ကို တွေ့သောအခါ မျက်ရည်များ တသွင်သွင် စီးကျလာသည်။ သူမသည် ကုတင်နားရောက်သည်နှင့် ခေါင်းငုံ့၍ အဘိုးဖြစ်သူ၏ နားထဲသို့ တီးတိုး ပြောလိုက်သည်။

"အဘိုးထွက်သွားရင် သမီး ဘယ်လိုလုပ်ရမလဲ"

သူမကို ကြားလိုက်ပုံရသော အဘိုးအို၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွား၍ မျက်လုံးထောင့်မှ မျက်ရည်များ စိမ့်ထွက်လာသည်။ ရှု့လျိုသည် အဘိုး၏ မျက်ရည်များကို သုတ်ရန်အတွက် သူမ၏ အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ယူရန် ပြင်ဆင်နေသည်။

သူမ အိတ်ကပ်ထဲရှိ ဖန်ပုလင်းကို ရုတ်တရက် ထိလိုက်မိသည်။ စိတ်အားထက်သန်မှု အလင်းတန်းများ သူမ၏ စိတ်အာရုံကို လွှမ်းမိုးသွားသည်။ ထိုနေ့တွင်တွေ့ခဲ့သော လူအုပ်စုနှင့် ခံစားချက် ကင်းမဲ့သော မျက်နှာထားနှင့် အမျိုးသားက လူ့သက်တမ်းကို အသက်နှစ်ဆယ်ထိ ရှည်စေနိုင်သည့် ဆေးတစ်မျိုးရှိသည်ဟု ပြောခဲ့သော စကားများကို သူမ မှတ်မိသွားသည်။

'ဒီလိုဆေးမျိုး တကယ်ရှိနိုင်ပါ့မလား'

အကယ်၍ ၎င်းက အခြားအချိန်များတွင်ဆိုလျှင် ရှု့လျိုက ၎င်းကို လှောင်ပြောင်ခဲ့မည်ဖြစ်သော်လည်း ယခုမူကား သူမ၏ အရင်းနှီးဆုံးဆွေမျိုး၏ ကွယ်လွန်ခါနီးအချိန်တွင် သူမ၏ စိတ်သည်လည်း ကမောက်ကမ ဖြစ်နေသည်။

'ဒါကို စမ်းကြည့်သင့်လား'

ရှု့လျိုက တုန်တုန်ယင်ယင်ဖြင့် ဖန်ပုလင်းကိုထုတ်ယူ၍ အဖုံးကို ညင်သာစွာ ဖွင့်လိုက်သည်။ ထူးဆန်းသည့် မွှေးရနံ့တစ်ခုက သူမကို လွှမ်းခြုံသွားကာ လန်းဆန်းတက်ကြွမှုကို ခံစားရစေသည်။ ရှု့လျိုက အံကြိတ်လိုက်ပြီးနောက် အဘိုး၏ လည်ချောင်းကို လောင်းချလိုက်သည်။

ငါးမိနစ်တွင် မည်သို့သော တုံ့ပြန်မှုမျှ မရှိခဲ့ပေ။ ဆယ်မိနစ်တွင်လည်း တုံ့ပြန်မှုမျှ မရှိသေးပေ။ တစ်နာရီကြာပြီးနောက်၊ သူမ၏အဘိုးကို ကြည့်နေသော ရှု့လျို၏ မျက်လုံးများသည် ကနဦးအချိန်ကအတိုင်း လုံးလုံးလျားလျား မျှော်လင့်ချက်ကင်းမဲ့သွားသည်။

သူမသည် ဤသို့သောအရာများကို ယုံကြည်ခဲ့သည်အထိ မည်သို့မျှ မိုက်မဲခဲ့ရခြင်း ဖြစ်သနည်း။ ရှု့လျိုသည် သူမကိုယ်သူမ လှောင်ပြောင်ရယ်မောပြီးနောက် ကုတင်ဘေးတွင် ထိုင်၍ အဘိုး၏ နောက်ဆုံးခရီးစဉ်တွင် အဖော်ပြုရန် အသင့်ပြင်လိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ပင်ပန်းနွမ်းနယ်မှုနှင့် ချီမိသားစု၏ ကြီးလေးသော ဖိအားများသည် ဤအမျိုးသမီးငယ်ကို မောပန်းစေခဲ့သည်။ ထို့ကြောင့် ရှု့လျိုသည် မသိလိုက်အချိန်မှာဘဲ ကုတင်ဘေးတွင် အိပ်ပျော်သွားခဲ့သည်။

သူမသည် အချိန် မည်မျှကြာသည်အထိ အိပ်မောကျသွားမှန်း မသိခဲ့ပေ။ ရှု့လျိုက သူမ၏ဆံပင်များကို တစ်စုံတစ်ယောက်က ဖြည်းညှင်းစွာ ပွတ်သပ်နေခြင်းကို ခံစားလိုက်ရသည်။ လက်ဖဝါးသည် နွေးထွေး၍ ကျယ်ပြန့်လှသည်...အဘိုးဖြစ်သူက သူမကို ငယ်ငယ်က ပွတ်သပ်ခဲ့ပုံနှင့် အလွန် ဆင်တူသည်။ ရုတ်တရက်ဆိုသလိုပင် ရှု့လျိုအိပ်ပျော်နေရာမှ နိုးလာခဲ့သည်။

'အဘိုး၊ အဘိုး ဘယ်လိုနေသေးလဲ'

မော့ကြည့်လိုက်ချိန်တွင် အဘိုးဖြစ်သူက ကျန်းမာရေး ကောင်းမွန်သည့် နှင်းဆီရောင် အမူအရာဖြင့် ကုတင်ခေါင်းရင်းကို မှီလျက် ပြုံးနေခြင်းကို တွေ့လိုက်ရသောအခါ ရှု့လျိုက အံ့ဩသွားသည်။

'ဒါက အိပ်မက်များလား။ အိပ်မက်တစ်ခုပဲ ဖြစ်ရမယ်၊ အခုတလော အရမ်းပင်ပန်းနေလို့ ဖြစ်နိုင်တယ်'

သူမက ငေးငိုင်နေချိန်တွင် ရှု့ဟေးက ရယ်မော၍ သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ "အရူးမလေး ဘာတွေ ငေးနေတာလဲ"

ရှု့လျို၏မျက်ရည်များ အဆက်မပြတ် ကျဆင်းလာသည်။

"အဘိုး၊ ဒါက အိပ်မက်လား ဟင်။ သမီးကို ထားခဲ့တော့မှာလား"

ရှု့ဟေးက ရှု့လျို၏မျက်ရည်များကို သုတ်၍ ရယ်မောလိုက်သည်။

"အဘိုးပါ၊ ပြီးတော့ ဒါက အိပ်မက် မဟုတ်ဘူး၊ အဘိုး တကယ်နိုးလာတာပါ"

ရှု့လျိုသည် ကနဦးတွင် မယုံနိုင်ဆဲဖြစ်နေ၍ သူမ၏ပါးကို ဖိညှစ်မိသည့်အချိန်မှ အံ့သြသွားခဲ့သည်။

'အမှန်ပဲ၊ ဒါက အမှန်ပဲ'

ပီတိဖြစ်ခြင်းများ ပျံ့နှံ့လာ၍ သူမ၏ စိတ်ကို တစ်ဟုန်ထိုး လွှမ်းမိုးသွားသည်။ ရှု့လျိုက သူမ၏ အဘိုးကို တင်းတင်းကြပ်ကြပ် ဖက်ထား၍ မျက်ရည်များ စီးကျလာသည်။ ထိုအချိန်တွင် ကောင်းဝမ်ယင်နှင့် သူ၏သမီး ဖြစ်သူ၊ ကောင်းရှန်နန်တို့က ဆေးရုံခန်း၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

အတွင်းမှ ငိုသံကို ကြားလိုက်ရသောအခါ ကောင်းရှန်နန်၏ မျက်နှာ ပြောင်းလဲသွားသည်။ "အဖေ၊ သခင်ကြီးရှု့ ကွယ်လွန်သွားပြီလား"

ကောင်းဝမ်ယင်က သက်ပြင်းချလိုက်သည်။ “မနေ့က သူ့သွေးခုန်နှုန်းကို စစ်ဆေးကြည့်တာတော့ သူ ဒီနေ့ကို မဖြတ်သန်းနိုင်ဘူးလို့ ပြောလို့ရတယ်။ သနားစရာ ရှု့လျို…”

ကောင်းဝမ်ယင်က သူ၏ စကားများကို အဆုံးမသတ်နိုင်ခဲ့ပေ။ မည်သို့ဆိုသော် ကောင်းဝမ်ယင် နှင့် သူ၏သမီးဖြစ်သူတို့သည် အခန်းတွင်းရှိ အခြေအနေတွင် ပါးစပ် အဟောင်းသားဖြင့် မျက်လုံးများ ပြူးကျယ်စွာ ဖွင့်လျက် စိုက်ကြည့်နေကြသည်။ ယမန်နေ့က ကောင်းဝမ်ယင်ဘက်မှ သေဆုံးမည်ဟု အသေအချာ ပြောကြားထားသော ရှု့ဟေးသည် ယခုအခါ နှင်းဆီရောင် အသားအရေဖြင့် အိပ်ယာပေါ်တွင် ထိုင်၍ ကောင်းမိသားစု၏ သားအဖကို ပြုံးပြကာ ခေါင်းညိတ်ပြနေသည်။

ကောင်းရှန်နန်သည် သရဲတစ္ဆေမြင်နိုင်သည်ဟု တွေးတော၍ တုန်တုန်ယင်ယင်ဖြစ်နေသည်။ ကောင်းဝမ်ယင်ကမူ မျက်မှောင်ကြုတ်လိုက်သည်၊ ယင်းသည် မသေဆုံးမီ ဖြစ်ပေါ်လေ့ရှိသည့် လှုံ့ဆော်မှု ဖြစ်စဉ်မျိုး ဟုတ် မဟုတ်ကို တွေးနေမိသည်။ သို့သော်လည်း ဤလှုံ့ဆော်မှု ဖြစ်စဉ်မျိုးက ပြင်းထန်လွန်းနေသည်။

ဤအခိုက်အတန့်တွင် ရှု့လျိုသည် အငိုရပ်၍ မတ်တပ်ထရပ်လိုက်ပြီးနောက် ကောင်းဝမ်ယင်ကို ဦးညွှတ်လိုက်သည်။

"ဦးလေးကောင်း၊ အဘိုးက အခုနေကောင်းနေပြီလို့ ပြောပေမယ့် သမီး စိုးရိမ်နေတုန်းမို့လို့၊ ကျေးဇူးပြုပြီး စစ်ကြည့်ပေးပါ နော်”

ကောင်းဝမ်ယင်သည် အရှေ့သို့ တိုး၍ သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် သူ၏မျက်နှာ သိသိသာသာ ပြောင်းလဲလာသည်။

"ဦးလေးကောင်း၊ အဘိုးရဲ့ရောဂါက ဘယ်လိုလဲ ဟင်" ရှု့လျိုက စိုးရိမ်တကြီး မေးလိုက်သည်။

ကောင်းဝမ်ယင်က ခေါင်းခါလိုက်သည်။

"သမီး အဘိုးရဲ့ရောဂါက... လုံးဝပျောက်ကင်းသွားပြီ။ သူ့ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေက ဦးလေးထက်တောင် ပိုကောင်းနေသေးတယ်”

ထိုစကားသည် အခန်းတွင်းရှိ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ ရှု့ဟေးလျှင်ပင် အနည်းငယ် အံ့ဩ၍ ဝေခွဲမရဖြစ်သွားသည်။ ကောင်းဝမ်ယင်သည် သူ၏ ဓားသွားကဲ့သို့ ထက်မြက်သော မျက်လုံးများဖြင့် ရှု့လျိုကို စိုက်ကြည့်၍ မေးလိုက်သည်။

"ရှု့လျို၊ ဦးလေးကို ပြောစမ်း။ သမီး သခင်ကြီးကို ဘာကျွေးတာလဲ"

ရှု့လျို၏နှလုံးသား ပြင်းထန်စွာ တုန်လှုပ်သွားပြီးနောက် ဖန်ပုလင်းငယ်ကို ရုတ်တရက် သတိရသွား၍ ရွှယ်အန်းပြောခဲ့သည့် စကားများကို သတိရလိုက်သည်။ သူမက ခေါင်းညိတ်၍ ဖြစ်ပျက်ခဲ့သော ကိစ္စများကို အကြမ်းဖျင်း ပြောပြလိုက်သည်။ ကောင်းဝမ်ယင်၏ မျက်လုံးများတွင် အကန့်အသတ်မဲ့သော အလင်းတန်းများ ထွက်ပေါ်လာ၍ သူ၏သမီးဖြစ်သူ ကောင်းရှန်နန်လျှင်ပင် ယခင်က မမြင်တွေ့ဖူးသော စိတ်လှုပ်ရှားမှုမျိုးကို တွေ့လိုက်ရသည်။

"အဲ့ပုလင်းက ဘယ်မှာလဲ၊ ဦးလေးကို အမြန် ပြပါဦး"

"မနေ့ညက အဘိုးကို ဆေးတိုက်ပြီးတာနဲ့ လွှင့်ပစ်လိုက်တယ်"

"ဘယ်မှာ ပစ်လိုက်တာလဲ" ကောင်းဝမ်ယင်က အလောတကြီး မေးလိုက်သည်။

“အပြင်ဘက်က အမှိုက်ပုံးမှာ…” ရှု့လျိုက ပြောလိုက်သည်။

သူမ၏ စကားမပြီးဆုံးခင်မှာပင် ကောင်းဝမ်ယင်က အမြန် ထွက်ခွာသွားသည်။ ကံကောင်းထောက်မစွာပင်၊ ကောင်းဝမ်ယင်က ဦးစွာ ထွက်သွားခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် မနက်ခင်း သန့်ရှင်းရေးသမားများက အမှိုက်များကို အကုန် သိမ်းယူသွားပေလိမ့်မည်။ ကောင်းဝမ်ယင်သည် လေးနက်စွာဖြင့် ဖန်ပုလင်းငယ်ကို ကောက်ယူပြီးနောက် နမ်းရှုံ့ရန် အနားတိုးလိုက်သည်။ ပြီးနောက် သူ၏ မျက်လုံးများ မှိတ်၍ ငြိမ်ကျသွားလေသည်။

"ဘာဖြစ်လို့လဲ ဦးလေးကောင်း" ရှု့လျိုက မေးလိုက်သည်။

ကောင်းဝမ်ယင်၏ မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာပြီးနောက် သူ၏ စိတ်လှုပ်ရှားမှုကို မျိုသိပ်လိုက်သည်။

"ရှု့လျို၊ ဦးလေးကို ပြောပါဦး၊ ဒီလူတွေ ဒီနေ့ လာကြမှာလား"

ဤမေးခွန်းသည် ရှု့လျိုကို သတိရသွားစေသောကြောင့် ရုတ်တရက် အော်ဟစ်လိုက်သည်။

"မနေ့ကလူက ကျွန်မကို စဉ်းစားဖို့ တစ်ညပဲပေးမယ် ပြောတယ်"

"မြန်မြန်၊ ဖုန်းဆက်လိုက်" ကောင်းဝမ်ယင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ရှု့လျိုသည် ရွှယ်အန်းနှင့် ဖုန်းလိုင်းချိတ်ဆက်မိသည်နှင့် ကောင်းဝမ်ယင်က ဖုန်းကို အလျင်အမြန် လုယူပြီးနောက် အသက်ပြင်းပြင်းရှူ၍ လေးစားစွာ ပြောလိုက်သည်။

“အကြီးအကဲ"

'အကြီးအကဲတဲ့လား'

ဤအမည်နာမသည် အနားတွင် ရှိနေသူတိုင်း၏ အမူအရာများကို ပြောင်းလဲသွားစေသည်။ ကျုံးတုရှိ ကောင်းဝမ်ယင်၏ အဆင့်အတန်းသည် အလွန် ထူးခြားလှ၍ အင်အားကြီးသည့် သြဇာအရှိဆုံးသော မိသားစုအကြီးအကဲများလျှင်ပင် ရိုသေစွာ ဆက်ဆံရသူ ဖြစ်သည်။

အဆုံးတွင် ဖျားနာမှုကို မည်သူမျှ ရှောင်တမ်းနိုင်မည် မဟုတ်ပေ။ ကောင်းဝမ်ယင်သည် လောကီရေးရာများကို အမြဲတစေ ဂရုစိုက်ခြင်း မရှိဘဲ တည်ငြိမ်သော အမူအရာဖြင့် နေလေ့ရှိသူဖြစ်သည်။ သို့သော်လည်း ဤနေ့တွင် မိမိ၏ ရိုသေလေးစားရသော ပုဂ္ဂိုလ်နှင့် တွေ့နေသည့် ကျောင်းသားတစ်ဦးကဲ့သို့ ပြုမူနေခဲ့သည်။

အခြားတစ်ဖက်တွင်၊ ရွှယ်အန်းက ရယ်မောလိုက်သည်။

"ဘာလဲ၊ စမ်းသပ်မှု အောင်မြင်သွားပြီလား"

ကောင်းဝမ်ယင်က သဘောတူညီသံပြု၍ ရိုသေစွာ ပြောလိုက်သည်။

"အကြီးအကဲ၊ ဒီနေ့ အချိန်ရနိုင်မလား။ ကျွန်တော်၊ ရှု့လျိုနဲ့ သခင်ကြီးရှု့တို့က အကြီးအကဲကို တွေ့ချင်လို့ပါ”

ရွှယ်အန်းနှင့် အခြားလူများက ဤဆေးဝါးစက်ရုံသို့ တစ်ဖန်ပြန်လည် ရောက်ရှိလာသောအခါ၊ ကောင်းဝမ်ယင်က ၎င်းတို့ဆီသို့ ပြေးလာ၍ ရွှယ်အန်းဆီသို့ ဦးတည့်သွားနေသည်။ အနားသို့ ရောက်သောအခါ၊ ကောင်းဝမ်ယင်က ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ဒီတပည့်က အကြီးအကဲကို နှုတ်ဆက်ပါတယ်"

ရွှယ်အန်းသည် အသက်ခြောက်ဆယ်နားသို့ နီးကပ်နေသော ၎င်းအမျိုးသားကို ကြည့်၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“နတ်ဆေး သမားတော်ကောင်းလား”

ကောင်းဝမ်ယင်က မဲ့ရွဲ့စွာ ပြုံးလိုက်သည်။

"အကြီးအကဲရဲ့မျက်မှောက်မှာ၊ ကမ္ဘာပေါ်က ဘယ်လိုလူမျိုးက နတ်ဆေး သမားတော်ဆိုတဲ့ ဘွဲ့အမည်ကို ခံယူဝံ့မှာပါလဲ"

အခန်း (၁၉၅) ဒီနေရာက ငါ့ အပိုင်ပဲ၊ တခြားဘယ်သူ့ကိုမှ ခွင့်မပြုနိုင်ဘူး

ရွှယ်အန်းက အတည်ပြုခြင်း မရှိသကဲ့သို့ ငြင်းဆိုခြင်းလည်း မပြုလုပ်ဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။ ထိုအချိန်တွင် ရှု့လျိုနှင့် ရှု့ဟေး နှစ်ဦးစလုံးက အရှေ့သို့ လှမ်းလာ၍ ရွှယ်အန်းကို ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

"ဆေးလက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်၊ မစ္စတာ"

"ကဲ ယုံပြီလား" ရွှယ်အန်းက အမူမထားဘဲ ပြောလိုက်သည်။

ရှု့လျို၏မျက်နှာ နီမြန်းလာပြီးနောက် ရှက်ရွံ့စွာ ပြောလိုက်သည်။

“တောင်းပန်ပါတယ် မစ္စတာရွှယ်၊ ကျွန်မ အသိပညာရဲ့ ကန့်သတ်မှုကြောင့်ပါ၊ ကျွန်မ တကယ် တောင်းပန်ပါတယ်"

ကောင်းရှန်နန်သည် ရွှယ်အန်းကို သိချင်စိတ်ပြင်းပြနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ရွှယ်အန်းဆိုသော လူကို ဆံပင်ဖြူသည့် အဘိုးအိုတစ်ဦး မဟုတ်လျှင် သိမ်မွေ့သော စာပေးပညာရှင်တစ်ဦးဖြစ်မည်ဟု သူမ ထင်ခဲ့မိသည်။

သို့သော်လည်း ရွှယ်အန်းက ဤမျှ ငယ်ရွယ်နေမည်ဟု သူမ မမျှော်လင့်ထားပေ။ ဤဖြစ်စဉ်သည် ကောင်းရှန်နန်ကို ပြင်းထန်သော စိတ်ဝင်စားမှုမျိုး ဖြစ်ပေါ်စေသည်။

၎င်းတို့ အဖွဲ့က စက်ရုံထဲသို့ ဝင်တော့မည့်အချိန်တွင် Audi ကားတစ်စီးက စက်ရုံ၏ ဝင်ပေါက်တည့်တည့်တွင် မောက်မာစွာ ရပ်တန့်လိုက်သည်။ ပြီးနောက် ဝတ်ကောင်းစားလှများဝတ်ဆင်ထားသော မောက်မာသည့် မျက်နှာထားနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကားပေါ်မှ ဆင်းလာသည်။

ဤလူကိုတွေ့လိုက်သည်နှင့် ရှု့လျို၏အမူအရာ မည်းမှောင်သွားလေသည်။ ထိုလူသည် ရောက်ရှိလာသူများကို လှည့်ပတ် အကဲခတ်ပြီးနောက် ရှု့လျိုကို ကြည့်ရှုလိုက်သည်။

"မိန်းကလေးရှု့ မင်း သေချာ စဉ်းစားပြီးပြီလား။ ကုန်ဆုံးနေတဲ့ နေ့ရက်တိုင်းမှာ ချီမိသားစုရဲ့ ကမ်းလှမ်းချက်က ငါးရာခိုင်နှုန်းစီ လျော့ကျသွားမယ်ဆိုတဲ့အကြောင်းကို မှတ်ထားပါ။ အချိန်က ရွှေပဲ”

ဤသို့ကြားသော ရှု့လျိုက အေးစက်စွာ လှောင်ပြောင်လိုက်၍ ရှု့ဟေး က မျက်မှောင်ကြုတ်လျက် အရှေ့သို့ လှမ်းလာသည်။

"ချီမိသားစုရဲ့ ဒီလုပ်ရပ်အတွက် ဒဏ်ခတ်ခံရမှာ မကြောက်ဘူးလား" ထိုလူက ရှု့ဟေးကို ကြည့်၍ လှောင်ရယ်လိုက်သည်။

“ခင်ဗျားက ဘယ်သူလဲ။ ဒဏ်ခတ်မယ် တဲ့လား၊ ကျုံးတုမှာ ကျုပ်တို့ ချီမိသားစုဆိုတာ ပြစ်ဒဏ်တစ်ခုပဲ" ရှု့ဟေး က ဒေါသကြောင့် ရယ်မောမိလိုက်သည်။

"ကျုပ်က ဒီစက်ရုံကို တည်ထောင်သူ၊ ရှု့ဟေး ပဲ" ထိုစကားကိုကြားသောအခါ ထိုလူက အနည်းငယ် ထိတ်လန့်သွားသည်။

"ခင်ဗျားက... သေခါနီးနေပြီ မဟုတ်ဘူးလား" ရှု့ဟေး က အေးစက်စက် လှောင်ရယ်မှုဖြင့် တုံ့ပြန်လိုက်သည်။

"ခင်ဗျားတို့ ချီမိသားစုရဲ့လုပ်ရပ်ကြောင့် ကျုပ် အခု အသက်ပြန်ရှင်လာနိုင်ပြီ" ထိုလူက ရယ်မောပြီးနောက် စက်ဆုပ်စွာ ပြောလိုက်သည်။

“ခင်ဗျားက ရှု့ဟေး ဆိုတော့ရော ဘာဖြစ်လဲ။ ကျုပ် ပြောလိုက်မယ် ကျုပ်တို့ ချီမိသားစုရဲ့ သခင်လေးက ဒီစက်ရုံကို အရမ်းကြိုက်နေတယ်။ အကောင်း အဆိုးသိရင် မြန်မြန်ထွက်သွားလိုက်၊ ဒါမှမဟုတ်ရင် ခင်ဗျားရော ခင်ဗျားရဲ့မြေးပါ အိုးအိမ်မဲ့ပြီး ဘဝပါ ဆုံးရှုံးရလိမ့်မယ်"

ရှု့ဟေး ဒေါသစိတ်ကြောင့် တုန်ရီနေခဲ့သည်။ ထိုအချိန်တွင် ရွှယ်အန်းက အရှေ့သို့ တိုးလာသည်။

"မင်းက ချီမိသားစုကလား"

"ဟုတ်တယ်၊ ငါက ချီမိသားစုရဲ့ ဘဏ္ဍာစိုးပဲ ငါ့နာမည်က ချီရှီ" ထိုအမျိုးသားက ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။

“မျှော်လင့်ထားတဲ့အတိုင်း လူနဲ့လိုက်ဖက်တဲ့ နာမည်တစ်ခုပဲ” ရွှယ်အန်းက ခေါင်းညိတ်၍ ပြောလိုက်သည်။

လူအများက ၎င်းတို့၏ ပါးစပ်များကို ဖိအုပ်၍ ရယ်မောနေကြရာ၊ ချီရှီ၏ မျက်နှာအမူအရာက မည်းမှောင်သွားလေသည်။

"ကောင်လေး၊ မင်းဘယ်သူနဲ့ စကားပြောနေတာလဲဆိုတာ မင်း နားလည်မယ်လို့ မျှော်လင့်တယ်"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ကျုပ် သိပါတယ်၊ ခင်ဗျားတို့ ချီမိသားစုက သခင်လေးကို စကားနည်းနည်းလောက် အမှားပါးပေးဖို့ မျှော်လင့်တယ်"

"ဘာလဲ"

“ရှု့မိသားစုရဲ့ ဒီစက်ရုံကို ကျုပ် ယူထားပြီးပြီ။ တခြားလူတွေလာလည်း အသုံးမဝင်ဘူး။ ကျုပ် စကားက နိဂုံးပဲ” ရွှယ်အန်းက တည်ငြိမ်စွာ ကြေငြာလိုက်သည်။

ချီရှီ၏အမူအရာမှာ မည်းမှောင်သွားပြီးနောက် သူက လှောင်ရယ်လိုက်သည်။

"မင်း အဲ့လိုပြောတာနဲ့ ပြီးရအောင်၊ မင်းက ဘာကောင်မို့လို့လဲ။ ကောင်လေး မင်း အခုထွက်သွားရင် ငါ ငဲ့ညှာပေးမယ်၊ မဟုတ်ရင်…”

"မဟုတ်ရင် ဘာဖြစ်လဲ" ရွှယ်အန်းက ခေါင်းညိတ်၍ အေးစက်စွာ ပြောလိုက်သည်။

"မဟုတ်ရင် ငါ မင်းကို အခု ငဲ့ညှာပေးမှာ မဟုတ်ဘူး" ချီရှီက အေးစက်စွာ ပြောလိုက်သည်။

ရွှယ်အန်းက လှိုင်းဂယက်ထသွားခြင်း မရှိသော အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။

“ကောင်းပြီ” ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“လူတချို့က သွေးထွက်သံယို မမြင်မချင်း လေးစားမှုက ဘာလဲဆိုတာ မသိကြဘူး"

ချီရှီသည် ရှုတ်ချမှုများနှင့် ပြည့်နှက်စွာ စကားပြောတော့မည့်အချိန်တွင် လေပြေညင်းတစ်ခု တိုက်ခတ်လာသည်။ သူ၏ဦးခေါင်းတွင် အေးမြမှုကို ခံစားလိုက်ရသောကြောင့် လက်ဖြင့် ထိတွေ့လိုက်ချိန်တွင် သွေးများ ဖုံးလွှမ်းနေခြင်းကို တွေ့လိုက်ရသည်။ ထိုအချိန်မှပင် သူ၏နားရွက်တစ်ဖက် ဖြတ်တောက်ခံလိုက်ကြောင်းကို ချီရှီက သတိထားမိလိုက်သည်။

“မင်း…” ချီရှီက နာကျင်မှုဖြင့် တုန်လှုပ်စွာ ပြောလိုက်သည်။

"မထွက်သွားဘူးဆိုရင် ဆယ်စက္ကန့်တိုင်းမှာ မင်းရဲ့အခြားအစိတ်အပိုင်းတွေကို နှုတ်ဆက် လိမ့်မယ်။ နားလည်လား" ရွှယ်အန်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ချီရှီသည် ခုန်ပျံကျော်လွှားကာ ကျည်ဆန်သကဲ့သို့ ကားပေါ်သို့ အရှိန်ပြင်းစွာ ပြေးဝင်သွားပြီးနောက် ဂတ်စ်ကို အရှိန်ပြင်းစွာ နင်း၍ အဝေးသို့ ထွက်ခွာသွားသည်။ ချီရှိ ထွက်သွားသည့်နောက်၊ ရှု့လျိုနှင့် ရှု့ဟေး တို့ နှစ်ဦးစလုံးက သက်ပြင်းချလိုက်၍ ရွှယ်အန်းအား ရိုသေလေးစားသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ကောင်းဝမ်ယင်သာ ဤအချက်ဖြင့် အံ့ဩခြင်း မရှိခဲ့ပေ။ သေလွန်သွားသူများကို အံ့ဖွယ် ဆေးပညာမျိုးဖြင့် အသက်ပြန်သွင်းခဲ့သူသည် မည်သို့မျှ ရိုးရှင်းလွယ်ကူနိုင်မည်နည်း။ ရုံးခန်းသို့ ရောက်သောအခါ လူတိုင်းက စုဝေးနေကြသည်။

“ကျုပ်တို့တွေ အခုပဲ စက်ရုံကို လွှဲယူလိုက်မယ်။ ငွေကို မကြာခင် ခင်ဗျားအကောင့်ထဲကို လွှဲပေးမယ်" ရွှယ်အန်းက ရှု့လျိုကို ပြောလိုက်သည်။

ရှု့လျိုက အဘိုးဖြစ်သူ ရှု့ဟေး ကို ကြည့်လိုက်ချိန်တွင်၊ အဘိုးက ခေါင်းညိတ်ပြနေခြင်းကို တွေ့လိုက်သည်နှင့် ၎င်းတို့နှစ်ဦးက မတ်တပ်ထရပ်၍ ရိုသေစွာ ပြောလိုက်ကြသည်။

“မစ္စတာရွှယ်၊ ကျုပ်တို့ဆွေးနွေးပြီးပြီ၊ ကျုပ်တို့တွေ ပိုက်ဆံမယူဖို့ ဆုံးဖြတ်ထားပါတယ်"

"အိုး ဟုတ်လား" ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။

ရှု့လျိုသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။

“မစ္စတာရွှယ်၊ ကျွန်မတို့ရဲ့ ဒီစက်ရုံကို ရှယ်ယာယူဖို့ သုံးရင် လက်ခံမှာလား"

အတော်အတန်ကြာ တိတ်ဆိတ်နေသည်။ ရှု့လျိုနှင့် ရှု့ဟေး တို့ နှစ်ဦးစလုံး၏ အမူအရာများ ပြောင်းလဲလာသွားသည်၊ အထူးသဖြင့် သူမ၏ ငွေရောင်သွားများကို အဆက်မပြတ် ဖိကိုက်နေသော ရှု့လျိုက စိတ်ထဲတွင် အလွန် ကြောက်လန့်နေသည်။

အဆုံးတွင် ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

ရှု့လျိုက ဝမ်းသာသွားသည်။ ထိုအချိန်တွင် ကောင်းဝမ်ယင်က လေးနက်သော အမူအရာဖြင့် မတ်တပ်ထရပ်လိုက်သည်။

"အကြီးအကဲ၊ ဒီလိုဆိုရင် ကောင်းမိသားစုရဲ့ မျိုးရိုးလည်း ပါဝင် အားဖြည့်ချင်ပါတယ်"

ရွှယ်အန်းက ကောင်းဝမ်ယင်ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။ ကောင်းဝမ်ယင်က အလျင်စလို ဆက်ပြောလိုက်သည်။

"ကျွန်တော် ရှယ်ယာကို အလကားမယူပါဘူး။ ကျွန်တော့်ရဲ့ အသက်ကို ဆယ်စုနှစ်လောက် ဖြုန်းတီးခဲ့ပေမယ့် ကျွန်တော့်မှာ ဆေးဘက်ဆိုင်ရာ ဗဟုသုတအချို့တော့ ရှိပါသေးတယ်။ ဘာမှတောင်းဆိုခြင်းမရှိဘဲ ကျွန်တော့် လျှို့ဝှက်ဆေးစာတွေအားလုံးကို လှူဒါန်းနိုင်ပါတယ်…”

ကောင်းဝမ်ယင်က စကားပြောနေစဉ် ရွှယ်အန်း၏မျက်လုံးများက ရွှင်မြူးမှုများဖြင့် ပြည့်နှက်လာသောကြောင့် သူ၏အသံက ပိုမိုတိုးလျော့လာသည်။

ကောင်းဝမ်ယင်သည် ရှက်ရွံ့မှုဖြင့် သူ၏ မျက်နှာ နီမြန်းသွားသည်။

“ကျွန်တော်… ဒီအံ့ဖွယ်ဆေးက ဘာနဲ့အတိအကျ ဖန်တီးထားတာလဲဆိုတာကိုလည်း ကျွန်တော် သိချင်ပါတယ်" ပြီးနောက် ကောင်းဝမ်ယင်က လေးနက်စွာ ပြောလိုက်သည်။

"မစ္စတာရွှယ် စိတ်ချပါ။ ကျွန်တော် ကောင်းဝမ်ယင်က အရမ်း ကျွမ်းကျင်မှု မရှိသေးပေမယ့်၊ ကျွန်တော့်ရဲ့ စရိုက်ကတော့ ရည်မွန်မှုရှိပါသေးတယ်။ ဒီအံ့ဖွယ်ဆေးကို ဘယ်လိုဖန်တီးထားလဲဆိုတာကို သိချင်ရုံပါ၊ လျှို့ဝှက်ချက်တွေကို လုံးဝ မထုတ်ဖော်ပါဘူး။ ကျွန်တော်သာ ဒီသစ္စာကို ဖောက်ဖျက်ရင် ကျွန်တော့်ကို မိုးကြိုး ပစ်သွားပါစေ”

ရွှယ်အန်းက သူ၏ခေါင်းကို အောက်ငုံ့လိုက်သည်။ ကောင်းဝမ်ယင်၏မျက်နှာတွင် စိတ်ပျက်မှု အရိပ်အမြွက်များ ပြသခဲ့သော်လည်း သူသည် တလေးတစား ဦးညွှတ်လိုက်ဆဲဖြစ်သည်။

"တပည့်နားလည်ပါပြီ၊ တပည့်က အတင့်ရဲသွားတာပါ..."

သူ၏ စကားမပြီးဆုံးခင်မှာပင် ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ဖြစ်နိုင်တယ်"

ကောင်းဝမ်ယင်က ထိတ်လန့်သွားသည်။ ကောင်းဝမ်ယင်သာမက အခြားလူများလျှင်ပင် အံ့အားသင့်သွားကြသည်။ ရွှယ်အန်းသည် ခဲတံကို ကိုင်ပြီးနောက် ကုလားထိုင်ပေါ်သို့ ပြန်လှဲ၍ ပြုံးလိုက်သည်။

"ဒါတွေက ခင်ဗျားအတွက် ရတနာတစ်ခုဆိုပေမယ့် ကျုပ်အတွက်တော့ အုတ်ကြွပ်တွေလောက်ပဲ တန်ဖိုးရှိတာမျိုး၊ ခင်ဗျားသိသွားလည်း ဘာအန္တရာယ်များ ရှိမှာမို့လို့လဲ"

ထို့ကြောင့် ရွှယ်အန်းသည် စာရွက်တစ်ရွက်ပေါ်တွင် တစ်စုံတစ်ခုကို ပေါ့ပေါ့တန်တန် ရေးပြီးနောက် ကောင်းဝမ်ယင်ဆီသို့ ပစ်လိုက်သည်။ ကောင်းဝမ်ယင်သည် ရတနာတစ်ခုကို ဆုပ်ကိုင်ထားသကဲ့သို့ ငုံ့ကြည့်လိုက်ပြီးနောက် ထိတ်လန့်သွား၍ ရွှယ်အန်းကို အံ့သြစွာ မော့ကြည့်လိုက်သည်။

"ဒါက အရမ်းရိုးရှင်းတယ်လို့ ထင်တယ်မဟုတ်လား" ရွှယ်အန်က ပြုံးလိုက်သည်။

ကောင်းဝမ်ယင်က ခေါင်းညိတ်လိုက်သည်။

ရွှယ်အန်းက မတ်တပ်ထရပ်ပြီးနောက် ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။

"ဒီစက်ရုံကို ဘာလို့ရွေးချယ်ခဲ့တာလဲ သိလား"

"ဘာလို့လဲဆိုတော့ ဒီနေရာက ရင်မရီးဒျန်ရှိနေလို့ပဲ"

ကျုံးတု၊ ချီမိသားစု။

ချီရှီ၏ မျက်ရည်များကျဆင်းကာ ပြောဆိုနေသော တိုင်ကြားချက်များကို နားထောင်ပြီးနောက် မည်သည့်အတွေးများ ရှိနေသည်ကို မသိနိုင်သော ချီချန်ကောက ဆိုဖာပေါ်သို့ ပြန်လှဲလိုက်သည်။

တခဏအကြာတွင် ချီချန်ကောက အရေးမထားဟန်ဖြင့် လက်ဟန်ပြလိုက်သည်။

“နားလည်ပြီ၊ မင်း ထွက်သွားလို့ရပြီ”

ချီရှီက ငိုရှိုက်လျက် ထွက်ခွာသွားသည်။ သို့သော် ချီချန်ကောက ခေါင်းကို မော့လိုက်ချိန်၌ သူ၏မျက်လုံးများတွင် နာကြည်းမှုများဖြင့် ပြည့်နှက်နေသည်။

'ရွှယ်အန်း၊ ဒီတစ်ခါလည်း မင်းပဲပေါ့လေ။ မင်းက ငါဆိုတဲ့ ချီချန်ကောကို တမင်တကာ ဆန့်ကျင်နေတာလား။ အန်းယန်ကို မင်း လုယူသွားတဲ့ ကိစ္စကို ငါ သည်းခံပြီးပြီ။ အခု ဒီစက်ရုံကိုလည်း လုယူတော့မယ်ပေါ့လေ။ ချီမိသားစုမှာ ဘယ်သူမှမရှိဘူးလို့ မင်းက တကယ်ထင်နေတာလား'

ချီချန်ကော၏မျက်နှာသည် အလင်းနှင့်အမှောင်ကြားတွင် အတက်အကျဖြစ်နေသည်။ ပြီးနောက် သူသည် အတွင်းခန်းထဲသို့ လျှောက်သွားလိုက်သည်။ ပြင်းထန်သည့် တစ္ဆေတစ်ကောင်ကဲ့သို့သော အသွင်အပြင်မျိုးရှိသည့် အဘိုးအိုတစ်ဦးက တင်ပျဉ်ခွေလျက် တရားထိုင်နေ၏။

ချီချန်ကောက လေးလေးစားစား ဒူးထောက်လိုက်သည်။

"ဆရာ၊ ကိစ္စ အပြောင်းအလဲရှိသွားပါတယ်"

အဘိုးအိုသည် တစ္ဆေမီးတောက်များဖြင့် ပြည့်နှက်နေသော သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

"ဘာလဲ"

"ဆရာ စိတ်ဝင်စားနေတဲ့ ဆေးဝါးစက်ရုံကို တစ်စုံတစ်ယောက်က လုယူသွားတာပါ" ချီချန်ကောက ပြောလိုက်သည်။

အဘိုးအို၏ မျက်နှာအမူအရာ တုန်လှုပ်သွားပြီးနောက် သူ၏အသံသည်လည်း တုန်လှုပ်နေသည်။

“ဘယ်သူလဲ။ ထင်ရှားတဲ့ မိသားစုက ဆင်းသက်လာသူလား”

ချီချန်ကောက ခေါင်းခါလိုက်သည်။

"ကျုံးတုကို မကြာသေးခင်ကမှ ရောက်လာတဲ့ လူတစ်ယောက်ပါ။ သူ့နာမည်က ရွှယ်အန်း”

ချီချန်ကောသည် ရွှယ်အန်း၏ အခြေအနေကို အကြမ်းဖျင်း ပြန်ပြောပြလိုက်သည်။ နားထောင်ပြီးနောက် အဘိုးအိုက ကြောက်မက်ဖွယ်ကောင်းသော အပြုအမူဖြင့် ရယ်မောလိုက်သည်။

“သူက တိုက်ခိုက်ရေး စွမ်းရည်တချို့ရှိတဲ့ သိုင်းပညာရှင်တစ်ယောက်ပါ။ ငါလည်း စားသုံးဖို့အတွက် သွေး လတ်လတ်ဆတ်ဆတ်တွေ ပြတ်တောက်နေတာနဲ့ အတော်ပဲ။ သူ့ဘာသာသူ သေကြောင်းကြံစည်နေတာဆိုတော့ ငါ့ကို အပြစ်မတင်နဲ့ပေါ့"

All Chapters