← Chapters

အခန်း (၁၉၆-၁၉၈)

Vol. 14 Ch. 196-198

အခန်း (၁၉၆-၁၉၈)

Vol. 14 Ch. 196-198

အခန်း(၁၉၆) ငါ့အဘိဓာန်ထဲမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး

အဘိုးကြီး၏ စကားကိုကြားသောအခါ ချီချန်ကော၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အယောင်များ တောက်ပလာသည်။ ထို့နောက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်တုန်လှုပ်လှုပ်ဖြင့်ပြောသည်။

“ဆရာ အဲ့ကို သွားမလို့လ…”

“ဒီဆေးစက်ရုံရဲ့အောက်မှာ ယင်သွေးကြောတစ်ခုရှိတယ် အဲ့တာက ငါ့ကျင့်စဥ်အတွက် အများကြီးအကျိုးရှိတယ်။ ဒါကြောင့် ဒီစက်ရုံကို ငါရအောင်ယူရမယ်။ ရွှယ်အန်းက ငါ့အကြံအစည်ကို ဖျက်ဆီးဖို့သတ္တိရှိတယ်ဆိုတော့ သခင်လေးချီအတွက် လက်စားချေပေးတဲ့အနေနဲ့ နတ်ဆိုးအလောင်းအဖြစ်ပြောင်းလဲပစ်မယ်” အဘိုးကြီးက ယုတ်မာသောလေသံဖြင့် ပြောသည်။

“ဆရာ အကုန်လုံးကို သိတာလား”

အဘိုးကြီးက စိတ်မသက်မသာဖြစ်ရလောက်သည်အထိ အလွန်ကျယ်လောင်စွာရယ်လိုက်၏။

"ငါက နတ်ဆိုးဂိုဏ်းဝင်တစ်ယောက်ပါ၊ သခင်လေး ချီ ရဲ့ ရည်ရွယ်ချက်ကို ငါဘယ်လိုမှ နားမလည်နိုင်ခဲ့ဘူး။ စိတ်ချပါ၊ ဒီ ယင်သွေးကြောက ငါ့ဒဏ်ရာတွေကို ကုစားပြီးတာနဲ့ ဝိဉာဥ်ပြောင်းပြန်နည်းကိုသုံးပြီး မင်းကို ငါကူညီမယ်၊ မင်းကြိုက်တဲ့မိန်းမက မင်းရဲ့ရုပ်သေးရုပ်လိုမျိုး တစ်သက်လုံးဖြစ်လာမှာပါ"

ချီချန်ကောသည် အလွန်ဝမ်းမြောက်စွာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အကြိမ်ကြိမ် ကန်တော့နေ၏။

ထိုအချိန်တွင် ဆေးစက်ရုံအတွင်း၌ ကောင်းဝမ်ယင်က စိတ်ရှုပ်ထွေးစွာဖြင့် မေး၏။

“ယင်သွေးကြောဆိုတာ ဘာလဲ”

ရွှယ်အန်းက သူ့နောက်ကျောတွင် လက်နှစ်ဖက်ယှက်လျက် ခေါင်းညိတ်၍ပြောလိုက်သည်။

"ကောင်းကင်နဲ့ မြေကြီးကြားမှာ စိတ်တောင်မကူးနိုင်တဲ့အရာတွေ အများကြီးရှိတယ်၊ ယင်သွေးကြောက အဲ့ထဲက တစ်ခုပါပဲ။ အဲ့တာကို ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ရင်စွမ်းအင်တွေစုစည်းပြီးဖွဲ့စည်းထားတာပဲ။ အဲ့ကနေပြီး အရမ်းပြင်းထန်ကြီးမားတဲ့စွမ်းအားတွေနဲ့ မြေအောက်ကမ္ဘာဖြစ်လာတာပဲ”

“မြေအောက်ကမ္ဘာ…” ထိုသို့ရေရွတ်၍ လူတိုင်း၏ မျက်နှာများထက်၌ ကြောက်လန့်ရိပ်များထင်ဟပ်လာသည်။

ရွှယ်အန်းက ခေါင်းယမ်းလိုက်သည်။

"ဒါပေမယ့် ဒီယင်သွေးကြောက အဲ့အဆင့်ကိုရောက်ဖို့ လိုသေးပြီးတော့ အပြည့်အဝပုံစံမပေါ်လာသေးဘူး။ အဲ့ထဲမှာ သရဲဝိဉာဥ်စွမ်းအင်တွေရောထွေးနေတယ်။ ဆိုလိုတာကတော့…”

ရွှယ်အန်းက ရှု့ဟေးကိုကြည့်၍ မေးလိုက်သည်။

"ဒီစက်ရုံကို ဆောက်တုန်းက သင်္ချိုင်းကုန်းလား"

ရှု့ဟေးက လေးနက်စွာခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ ဒါက မူလက တစ်ခုတည်းသော သင်္ချိုင်းလို့ ဆိုလို့မရပေးမယ့် သင်္ချိုင်းကြီးတစ်ခုပဲ”

ရွှယ်အန်းက ပြုံး၍ပြောသည်။

"ဒါပဲ"

“နှစ်တွေကြာလာတာနဲ့အမျှ အတည်မပြုနိုင်တဲ့ အထီးကျန်သင်္ချိုင်းတွေက သဘာဝအတိုင်း ယင်စွမ်းအင်ကို ထုတ်ပေးတယ်။ ထို့အပြင် မင်းစက်ရုံကိုတည်ဆောက်တုန်းက ငှားခဲ့တဲ့ ဖုန်း‌ရွှေဆရာက တကယ်ကောင်းကောင်းလုပ်ခဲ့တာပဲ။ သူက ဒီနေရာကို လေနဲ့ စွမ်းအင်စုဆောင်းတဲ့ ရတနာနေရာတစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး နောက်ဆုံးမှာ ယင်သွေးကြောဖြစ်လာခဲ့တယ်”

ရွှယ်အန်း၏ ရှင်းလင်းချက်ကြောင့် လူတိုင်း ခေါင်းညိတ်သဘောတူလိုက်ကြသည်။

"ဒါဆို ငါတို့ဆေးနဲ့ ဘာဆိုင်လို့လဲ" ကျောက်ရွှယ်ဟွေ့က သိချင်စိတ်ဖြင့် မေး၏။

ထိုအချိန်တွင် ညီအကို သုံးယောက်သည် ရွှယ်အန်းလုပ်သမျှကို မအံ့သြကြ‌တော့ပေ။ ရွှယ်အန်းက သူ့ကိုယ်သူ ဂြိုလ်သားစုပြောလျှင်ပင် ၎င်းတို့က ယုံမိကြပေလိမ့်မည်။

“ဆရာကောင်းက ဆေးညွှန်းကို မြင်ပြီးပါပြီ၊ ဒါက တကယ်ကို ရိုးရိုးလေးပါ။ သေသွားတဲ့လူတွေကို အသက်ပြန်ရှင်စေနိုင်တဲ့ အကြောင်းအရင်းက အဲ့တာထုတ်တဲ့အချိန်အတွင်း ဝိဉာဥ်စွမ်းအင်ကို ငါထည့်လိုက်လို့ပဲ။ ဒါပေမယ့် ငါတစ်ယောက်တည်း ဒီဆေးကို တစ်နေကုန်မထုတ်နိုင်ဘူး။ ယင်သွေးကြောရှိရင်တော့ အဲ့က ယင်စွမ်းအင်ကို ငါသုံးလို့ရတယ်”

"ယင်စွမ်းအင်နဲ့ ဝိညာဉ်စွမ်းအင်ကို လဲလှယ်လို့ရနိုင်မလား" ကောင်းရှန်နန်က ရုတ်တရက် မေးလိုက်သည်။

ဤအရာအားလုံးကို သူမနားမလည်သော်လည်း ယင်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့၏ အမည်များသည် ထင်ရှားစွာကွဲပြားသည်။

"ဟုတ်ပါတယ်၊ သူတို့က လဲလှယ်လို့မရပါဘူး။ ဒါပေမယ့် ငါ့အဘိဓာန်မှာ 'မဖြစ်နိုင်ဘူး' ဆိုတဲ့ အရာတော့ မရှိဘူး။” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

သူ၏အမူအရာများသည် အလွန်ယုံကြည်ချက်ပြည့်နေ၏။ ကောင်းရှန်နန်ကပင် သူ့ကို ထိတ်လန့်တကြား ငေးကြည့်နေသည်။ ၎င်းတို့ထွက်သွားသည့်တိုင် သူမ၏ နှလုံးသားက တဒိန်းဒိန်းခုန်နေဆဲဖြစ်၏။

ကာကားဆီသို့ ပြန်ရမည့်အချိန်တွင် ပုံမှန်အားဖြင့် တိတ်ဆိတ်နေသော ကောင်းဝမ်ယင်က ပြော၏။

" ရှန်န် အဖေအခုပဲ မေးလိုက်တာ။ မစ္စတာရွှယ်မှာ မိသားစုရှိပြီးသား”

“အဖေ၊ မင်းကဘာလို့ အဲ့တာလာပြောနေတာလဲ”

“ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်းပြောပြတာပါ။ နောက်ပြီး သူ့ဇနီးက ကျုံးတုက အန်းမိသားစုကပဲ။ အန်းမိသားစုက ဒီရက်ထဲ ကျင်းပခဲ့တဲ့ ပွဲအကြောင်း သမီးကြားလိုက်တယ်မလား”

"အန်းမိသားစုရဲ့ စားပွဲကို ရုတ်ရုတ်သဲသဲဖြစ်သွားစေပြီး ချန်မိသားစုနဲ့ ဗိုလ်ချုပ်လင်းကိုပါ ခေါ်လာတဲ့သူက သူပဲလား။"

ကောင်းဝမ်ယင်က ခေါင်းညိတ်လိုက်သည်။

ကောင်းရှန်နန်လည်း ခေါင်းညိတ်လိုက်၏။ ဤသည်ကို မြင်သောအခါ ကောင်းဝမ်ယင်က သက်ပြင်းချလိုက်သော်လည်း ဆက်မပြောတော့ပေ။

ထိုနေ့ည။

ရွှယ်အန်းသည် ဆေးစက်ရုံ၏ ရုံခန်းတွင် နေလျက်ရှိသည်။ ထွက်မသွားရန်ဆုံးဖြတ်ချက်ချလိုက်ကြောင်း သူ ကြေညာလိုက်သောအခါ လူတိုင်းထိတ်လန့်သွားကြ၏။

အထူးသဖြင့် ရှ့ဟေးသည် ပထမဆုံး ထိတ်လန့်သွားပြီးနောက် သူ့မြေးရှု့လျိုကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ မက်မွန်ပွင့်ကဲ့သို့ ပန်းနုရောင်မျက်နှာရှိသော ရှု့လျိုသည် စကားမပြောဘဲ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့လိုက်သည်။

သို့သော် ရွှယ်အန်း၏နောက်ထပ်စကားလုံးများသည် လူများစွာ၏စိတ်ကူးများကို ကြေကွဲသွားစေခဲ့သည်။

“မသက်ဆိုင်တဲ့ လူတွေအကုန်လုံး ထွက်သွားပါ။ ဒီစက်ရုံမှာ ငါတစ်ယောက်ပဲကျန်ခဲ့ရင် ကောငးမယ်”

လူတိုင်းကို မောင်းထုတ်လိုက်၏။

ကြီးမားကျယ်ပြန့်သော ဆေးစက်ရုံကြီးတွင် ရွှယ်အန်းသာ ကျန်တော့သည်။

ကောင်းကင်ယံထက်၌ လမင်းသည် တောက်ပလျက်ရှိသည်။ ရွှယ်အန်းက အပေါ်ထပ်တွင် အရက်သောက်နေသည်။ အချိန်များကုန်သွားသော်လည်း မည်မျှကြာသွားသည်ကို မည်သူမျှမသိကြပေ။ ဘယ်လောက်ကြာသွားလဲ ဘယ်သူမှမသိလိုက်ဘူး။ ရုတ်တရက်ပင် ပြင်းထန်သောလေတိုက်မှုကြောင့် ကောင်းကင်နှင့်မြေကြီး မှောင်မိုက်သွားသည်။

ကောင်းကင်တွင် လရောင်မှိန်ဖျော့ဖျော့သာကျန်တော့၏။ ရွှယ်အန်းက မည်သို့မျှမပြုမူဘဲ အေးဆေးစွာ အရက်ဆက်သောက်သည်။ အဆောက်အအုံပတ်ပတ်လည်တွင် သဲများနှင့် ဖုန်မှုန့်များ ဝေ့ဝဲလာသည်။

ရွှယ်အန်းက မော့ကြည့်၍ ဘာသိဘာသာပြောလိုက်၏။

"မင်းရောက်လာပြီဆိုမှတော့ ကိုယ်ထင်ဘာလို့မပြတာလဲ”

“မင်းကို ငါ လျှော့တွက်လိုက်မိပြီ။ မင်းက တကယ်ပဲ ပြီးပြည့်စုံတဲ့အဆင့်ထိ ရောက်နေပြီး တကယ်ကို ကျွမ်းကျင်သူပဲ။ စိတ်မကောင်းပါဘူး၊ ငါ့အတွက်၊ အဲတာက လုံးဝ အသုံးမဝင်ဘူး"

ထိုသို့ပြောပြီးနောက် နတ်ဆိုးကဲ့သို့ မျက်နှာထားရှိသော အဘိုးကြီးတစ်ယောက် အိမ်ခေါင်မိုးပေါ်တွင် ပေါ်လာသည်။ သဲများနှင့် ဖုန်မှုန့်များ ပြန့်ကျဲနေချိန်တွင် အကြီးအကဲသည် မောက်မာစွာ မတ်တပ်ရပ်နေကာ ရွှယ်အန်းကို သူ၏ နတ်ဆိုးသဖွယ်မျက်လုံးများဖြင့်စိုက်ကြည့်နေသည်။

"ဒီကမ္ဘာမှာ နတ်ဆိုးဂိုဏ်းထဲက တစ်ယောက်ယောက်ရှိနေမယ်လို့ ငါမမျှော်လင့်ထားဘူး”

ဤစကားကိုကြားသောအခါ လူကြီး၏ မျက်နှာက အနည်းငယ်အရောင်ပြောင်းသွားသည်။

"ကောင်လေး၊ မင်း နတ်ဆိုးဂိုဏ်းအကြောင်း တကယ်သိလား"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

" ဒီနေရာက မြေအောက်ကမ္ဘာသွေးကြောအတွက် ဒီရောက်လာတာလား”

“ဟုတ်တာပေါ့ ကောင်လေး၊ မြေအောက်ကမ္ဘာသွေးကြောအကြောင်း သိနေတာက ငါ့ကို ပိုပြီးအံ့သြစေတယ်”

"ဒါတင်မကသေးပါဘူး၊ မင်းရဲ့ အဓိက အရေးကြီးတဲ့ စွမ်းအင်တစ်ခုခု ဒဏ်ရာရသွားတာဖြစ်မယ်၊ ကုသဖို့ မြေအောက်ကမ္ဘာသွေးကြောကို ရှာချင်နေတာမလား”

လူကြီး၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားကာ သူ့မျက်လုံးများတွင် ထိတ်လန့်ရိပ်များသန်းလားသည်။

"ငါက နတ်ဆိုးဂိုဏ်းက ကုန်းရှင်းဖာပဲ။ မင်းကဘယ်သူလဲ”

ကုန်းရှင်းဖာက ရွှယ်အန်းသည် ဂုဏ်သိက္ခာကြီးမြတ်သော ဂိုဏ်းများမှဆင်းသက်လာခြင်းဖြစ်လိမ့်မည်ကို စိုးရိမ်မိသောကြောင့် ဦးစွာမေးမြန်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သို့သော် ရွှယ်အန်းက ခေါင်းခါလိုက်၏။

“မေးစရာမလိုပါဘူး။ ငါက ဘယ်ဂိုဏ်းကမှမဟုတ်ဘူး”

ထို့ အတူ ရွှယ်အန်းသည် ဝိုင်နောက်တစ်ခွက်ကို သောက်လိုက်သည်။ ကုန်းရှင်းဖာက သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့အမြင်အရ၊ ရွှယ်အန်း၏ ကိုယ်ခံပညာ လေ့ကျင့်မှု အဆင့်သည် သင့်လျော်သော်လည်း၊ ယခုထက်ပိုသာလေ ကုန်းရှင်းဖာ ပို၍ စိတ်လှုပ်ရှားလေဖြစ်သည်။

သူသာရွှယ်အန်းကို နတ်ဆိုးအလောင်းကောင်အဖြစ်သို့ ပြောင်းလဲမည်ဆိုပါက ၎င်းသည် ပိုမိုစွမ်းအားကြီးပေလိမ့်မည်။

"ကလေး၊ မင်းအများကြီးသိပေမယ့် မင်းမှာ စွမ်းအားအလုံအလောက်မရှိဘူး” ကုန်းရှင်းဖာက အေးစက်စွာပြောသည်။

ရွှယ်အန်းက လက်ခုပ်တီး၍ ပေါ့ပါးစွာရယ်မောလိုက်သည်။

“မှန်တယ် ဒါပေမယ့် ဒါ မင်းကို ငါပြောချင်တာ အတိအကျပဲ"

ကုန်းရှင်းဖာက ကြုံးဝါးလိုက်သောအခါ သူ့ခန္ဓာကိုယ်မှ ထွက်လာသော နတ်ဆိုးရောင်ဝါများက နောက်ကျောဘက်ကောင်းကင်ရှိ လကို ဖုံးကွယ်သွားသည်။

"တရားမဲ့ကောင်းကင်"

ဤသည်မှာ ကုန်းရှင်းဖာ၏ စွမ်းအားအကြီးဆုံးသိုင်းကွက်ဖြစ်သည်။ သူသည် ယခင်က ကျင့်ကြံသူများစွာကို ချေမှုန်းရန်အတွက် အသုံးပြုခဲ့ဖူးသော်လည်း ထိုအရာများထဲတွင် ခွန်းလွန်အတွင်းစည်း တပည့်အနည်းငယ်သာ ပါဝင်ခဲ့၍ သူ့ကို အလွန်ဒုက္ခရောက်စေခဲ့သည်။ ခွန်းလွန်ကျင့်ကြံသူများ၏

ခွန်းလွန် ကျင့်ကြံသူများ၏ အမဲလိုက်ခြင်းကို ခံရပြီးနောက် ကျုံးတုသို့ အသက်လုပြေးကာ ရှောင်တိမ်းခဲ့ရသည်။ ယခု ချက်ချင်း သတ်ဖြတ်ရန် ရည်ရွယ်ထားသဖြင့် သူအပိုင်နိုင်ဆုံးဖြစ်သည့် သိုင်းကွက်ကို တိုက်ရိုက်အသုံးပြုခဲ့သည်။ နတ်ဆိုးစွမ်းအင်များ လွှမ်းခြုံထားသည့် အကွာအဝေးအတွင်းတွင် သိုင်းပညာတိုင်းသည် ခေတ္တမျှ အကျိုးသက်ရောက်မှုပျောက်ဆုံးသွားရမည်ဖြစ်သည်။ ကုန်းရှင်းဖာသည် နောက်ထပ်တစ်စက္ကန့်တွင် ရွှယ်အန်းက‌ခြောက်သွေ့၍ နတ်ဆိုးအလောင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု ထင်ကာအနည်းငယ် စိတ်လှုပ်ရှားနေသည်။

စိတ်ကူးယဉ်ခြင်းသည် အမြဲတစေ လှပသော်လည်း အမှန်တရားသည် အလွန်ရက်စက်လှ၏။

ရွှယ်အန်းကို ကုန်းရှင်းဖာ၏နတ်ဆိုးစွမ်းအင်များ ထိလိုက်သည်နှင့် ရွှယ်အန်း၏ခန္ဓာကိုယ်မှ မြင့်မြတ်သော အငွေ့အသက်များ ဖြာထွက်လာသည်ကို ခံစားလိုက်ရသည်။

အခန်း(၁၉၇) လွတ်မြောက်အင်မော်တယ်တွေကို ခွေးတွေကြက်တွေလိုသတ်ပစ်တာကကွ

ကုန်းရှင်းဖာသည် အသည်းတခိုက်ခိုက်တုန်သည်အထိ ကြောက်လန့်တကြား အော်ပြောလိုက်သည်။

“မင်းက လွတ်မြောက်အင်မော်တယ်လား”

“လွတ်မြောက်အင်မော်တယ်ဟုတ်လား။ ငါက လွတ်မြောက်အင်မော်တယ်တွေကို ခွေးတွေဝက်တွေသတ်သလို သတ်တာကွ”

ထို့နောက် အနက်ရောင်စွမ်းအင်ထုကို ကျော်ဖြတ်၍ဝင်လာသော သွယ်လျပြေပြစ်သည့် လက်သီးတစ်လုံးသည် ကုန်းရှင်းဖာ၏ ရင်ဘတ်တည့်တည့်သို့ သက်ဆင်းသွားရာ သူ့တစ်ကိုယ်လုံးသို့ အလွန်ပြင်းထန်‌သော စွမ်းအားများတိုးဝင်လာ၍ နောက်သို့ မိုင်ပေါင်းများစွာ လွင့်ထွက်သွားသည်။

ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် ရွှင်မြူးနေသော အပြုံးတစ်ခု ပေါ်လာသည်။

“ငါ မင်းကို ဘာလို့ ဒီမှာစောင့်နေလဲသိလား။ မင်း သေပြီးဖြစ်လာမယ့် နတ်ဆိုးခန္ဓာကိုယ်က ဒီသွေးကြောအတွက် အကောင်းဆုံးဆုံချက်ဖြစ်လို့ပဲ။ ဆိုတော့… သွား သေ လိုက် တော့”

ဤသို့ပြော၍ ရွှယ်အန်းက လက်သီးကို မြှောက်လိုက်ရာ ထိုအချိန်တွင် ကုန်းရှင်းဖာက ဆယ်မိုင်ကျော်ခန့် ကြောက်လန့်တကြားထွက်ပြေးနေခဲ့ပြီဖြစ်သည်။

‘ဒီလူက စောက်ရမ်းကြောက်ဖို့ကောင်းတယ်’

အထူးသဖြင့် ရွှယ်အန်းကိုယ်မှ ဖြာထွက်နေသော အလွန်ပြင်းထန်သည့်ရောင်ဝါကို ကုန်းရှင်းဖာသည် ရှေးဟောင်းသိုင်းဆက်ခံသူများ၌သာ မြင်ခဲ့ဖူးသည်။ သို့သော် ကံကောင်းစွာဖြင့် သူအမြန်ပြေးထွက်နိုင်ခဲ့သည်။

ကုန်းရှင်းဖာက ဤသို့တွေး၍ သူ့ကိုယ်ပေါ်မှ ချွေးစေးများကိုသုတ်လိုက်သည်။ သို့သော် သူ သက်ပြင်းမချနိုင်လိုက်ခင်တွင်ပင် လူတစ်ယောက် သူ့ခေါင်းထက်၌ပေါ်လာကာ အေးစက်စွာပြောလိုက်၏။

“ကောင်းကင်နဲ့မြေကြီးကို ရွှေ့စေ”

ကုန်းရှင်းဖာသည် ရုန်းကန်ရန်အခွင့်အရေးပင်မရလိုက်ဘဲ ဤလက်သီးချက်ကြောင့် ချက်ချင်း ပျောက်ကွယ်သွားရာ သူ၏ နတ်ဆိုးအရိုးစုသာ ကျန်ရစ်ခဲ့၏။

တစ်ချိန်တည်း၌ပင် ထို အရိုးစု၏ ပါးစပ်က လှုပ်လာသည်။

“မင်း ငါ့ နတ်ဆိုးအရိုးကို ယူလို့ရပါတယ်။ ဒါပေမယ့်… ကျေးဇူးပြုပြီး… ငါ့အသက်ကို ချမ်းသာပေးပါကွာ…”

ရွှယ်အန်းက စိတ်အနှောက်အယှက်ဖြစ်မခံဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုအရိုးများသည် တဖြည်းဖြည်းကျုံ့သွား၍ သူ့လက်ဖဝါးပေါ်သို့ ပျံလာသည်။ ယင်းတွင် တွယ်ညိနေသည့် ကုန်းရှင်းဖာ၏ အရိုးကိုမူ ရွှယ်အန်းက အေးဆေးစွာပင် ဖယ်ပစ်လိုက်သည်။ ထိုသို့ဖြင့် ခွန်းလွန်နယ်မြေရှိ အင်မော်တယ်များကပင် မကိုင်တွယ်နိုင်ခဲ့သော နယ်မြေများစွာကို ကျူးကျော်ခဲ့သည့် နတ်ဆိုးမိစ္ဆာဂိုဏ်းချုပ်သည် အပြည့်အဝ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ရွှယ်အန်းက ဆေးစက်ရုံသို့ ပြန်သွား၍ စက်ရုံ၏ ခေါင်မိုးထက်၌ ရပ်ကာ မျက်လုံးများကို ခဏတာမှိတ်ထားလိုက်ပြီးနောက် နတ်ဆိုးအရိုးအမြစ်များကို ပစ်ချလိုက်သည်။

“ကောင်းကင်နဲ့ မြေကြီး… ငါ့အမိန့်ကို နာခံလော့။ ယင်နဲ့ယန်ကို ပြောင်းပြန်လဲပစ်”

မြေပြင်ထက်သို့ ကျသွားသည့် နတ်ဆိုးအရိုးများ ချက်ချင်းပျောက်ကွယ်သွားသည်။ ရွှယ်အန်းသည် ယင်ပြီးလျှင် ယန်လာသည်ဟူသော နိယာမကို ချေးငှားပစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ခဏအကြာတွင် အင်အားနည်းသော ဝိညာဉ်စွမ်းအင်များ လွင့်ပျံလာသည်။ ရွှယ်အန်းက ကျေနပ်အားရစွာ ခေါင်းညိတ်၍ နောက်ပိုင်း ဆေးပညာအသုံးပြုရာတွင် အဆင်ပြေစေရန် ဝိညာဉ်ဖွဲ့စည်းရေးပုံစံကို ပြုလုပ်လိုက်သည်။ အရာအားလုံးကို လုပ်ပြီးသည့်နောက် ရွှယ်အန်းက အဝေးကိုလှမ်းကြည့်လိုက်၏။

"ချီချန်ကောလား။ နတ်ဆိုးဆွေကို သခင်သဘောထားတာက သေထိုက်တဲ့အပြစ်တစ်ခုပဲ။ အန်းယန်အပေါ်ကိုတောင် မင်းက မကောင်းတဲ့အကြံတွေကြံရဲတယ်ဆိုတော့ ငါမင်းကို မင်းလမ်းမင်းသွားလို့ရအောင် ပို့ပေးလိုက်မယ်”

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် အမှောင်ထဲသို့ ခုန်တက်သွားကာ ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် ချီချန်ကောသည် ဘားတစ်ခုတွင် အရက်မူးလျက် လမ်းပျောက်နေ၏။ သူ၏ အချစ်ပြိုင်ဘက်၏ သေဆုံးခါနီးတွင် အလွန်ပျော်ရွှင်နေမိသည်။ ထို့ကြောင့် စားပွဲထိုးကို လက်ပြကာ ရိုသေစွာခေါ်လိုက်ပြီးနောက် စကားအနည်းငယ်ပြောလိုက်သည်။ သိပ်မကြာခင်၌ အရှေ့ရှိ ဒီဂျေဘားမှလူတစ်ယောက်က မိုက်ခရိုဖုန်းကိုင်လျက် အော်ပြောလိုက်၏။

“ဒီည စုစုပေါင်းကုန်ကျငွေအားလုံးကို သခင်လေးချီကအကုန်ခံပါ့မယ်။ အားလုံးပဲ ပါတီပွဲလေးလုပ်ကြရအောင်”

ဘားတစ်ခုလုံး စိတ်လှုပ်ရှားစွာ ပေါက်ကွဲသွားသည်။ လူများစွာက ခုံတစ်လုံးတွင်ထိုင်နေသော ချီချန်‌ကောကို ဂုဏ်ပြုသည့်အနေဖြင့် ဖန်ခွက်ကို မြှောက်ပြကြသည်။ ချီချန်ကောက ဟက်ဟက်ပက်ပက် ရယ်မော၍ ဖန်ခွက်ထဲသို့ ဝိုင်တစ်ခွက်ထည့်လိုက်သည်။ ဖန်ခွက်ကို ချလိုက်သည်နှင့်တစ်ပြိုင်နက် သူ့ဘေးနားရှိ ဆိုဖာပေါ်တွင် လူတစ်ယောက်ထိုင်နေသည်ကို မြင်လိုက်ရ၏။

ချီချန်ကောသည် လူစိမ်းများက သူ့အနီးသို့ နီးကပ်လာခြင်းကို ရွံရှာသဖြင့် မျက်မှောင်ကြုတ်ကာ ဒေါသထွက်လုနီးပါးဖြစ်နေသော်လည်း မော့ကြည့်၍ ရွှယ်အန်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရသည်။

"အံ့သြသွားလား" ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

"မင်း...မင်း..."

"ငါဘယ်လိုအသက်ရှင်နေသေးလဲ သိချင်လား" ရွှယ်အန်းက စူးရှစွာပြုံးလိုက်သည်။

"ကံမကောင်းစွာပဲ၊ မင်းရဲ့ နတ်ဆိုးသခင်ဆိုတဲ့လူက အရမ်းအားနည်းလွန်းတယ်လေ”

“ဘာ… ဘာလိုချင်တာလဲ။ ငါကချီမိသားစုရဲ့ အသက်အကြီးဆုံး သခင်လေးပဲ။ မင်းပြောတာတွေ ငါဘာတစ်ခုမှမသိဘူး”

ရွှယ်အန်းက ချီချန်ကောကိုကြည့်ကာ ညင်သာစွာခေါင်းခါလိုက်သည်။

"ငါသိချင်လိုက်တာ။ မင်းတို့လိုလူတွေက မသေခင်မှာ ဘာလို့ ဒီလို အမြဲတုံ့ပြန်ကြတာလဲ”

ချီချန်ကောက ကြောက်လန့်တကြားအော်ဟစ် အကူအညီတောင်းတော့မည့်ဆဲဆဲတွင် ရင်ဘက်ထဲမှ အေးစက်မှုတစ်ခုကို ခံစားလိုက်ရ၏။ ရင်ဘတ်ပေါ်သို့ ငုံ့ကြည့်လိုက်သောအခါ ဒဏ်ရာကိုမြင်လိုက်ရသဖြင့် ရွှယ်အန်းကို ကြောင်အစွာစိုက်ကြည့်လိုက်သည်။

"မင်း ငါ့ကို တကယ်သတ်ရဲတယ်ပေါ့"

"ငါမသတ်ရဲတဲ့လူမရှိဘူး။ နောက်ဘဝကျရင် ပြိုင်ဘက်ရွေးတဲ့နေရာမှာ နောက်ကြောင်းစုံစမ်းဖို့ သတိရလိုက်ပါ”

စကားပြောပြီးနောက် ရွှယ်အန်းလှည့်၍ ဘားထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ ချီချန်ကော၏ ဆိုဖာအောက်သို့ စမ်းရေကဲ့သို့ သွေးများ စီးကျလာသည်။ ချီချန်ကောသည် နောက်ဆုံး မသေခင်အခိုက်အတန့်၌မှသာ သူ မစော်ကားသင့်သော လူတစ်ယောက်ကို စော်ကားလိုက်မိပြီဖြစ်ကြောင်း နားလည်သွား၏။

ထို့အပြင် နောက်ထပ်တစ်နာရီခန့်အကြာတွင်မှ သူ့ခန္ဓာကိုယ်ကို သတိထားမိသွားကြသောအခါ ဘားတစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်သည်။ ဘားပိုင်ရှင်သည် ကြောက်လန့်တကြား သွေးပျက်နေ၏။

‘ဒါ ချီမိသားစုရဲ့ အကြီးဆုံးသားပဲ’

ယခု သူ့နယ်မြေတွင် ဤသို့ကိစ္စမျိုးဖြစ်သွားပြီဖြစ်၍ သူသည် အမှန်ပင် အဆုံးသတ်ရတော့မည်ဖြစ်သည်။

မကြာမီ၌ ချီမိသားစုက အခင်းဖြစ်ရာနေရာသို့ရောက်လာသည်။

“ဘာဖြစ်သွားတာလဲ” ချီချုန်းရှန်က မှောင်မှိုင်းနေသော အမူအရာဖြင့်မေးသည်။

“မိသားစုခေါင်းဆောင်ကို လှမ်းပြောပါ။ ဒဏ်ရာက ဓားချီကြောင့်ရတာ။ ဒီ ဓားချက်က အရမ်းရှင်းလင်းပြီး အကျိုးရှိတယ်” ချီမိသားစု၏ ထိန်းသိမ်းသူတစ်ဦးက ပြောသည်။

"ဓားချီဟုတ်လား။ ဒီကျုံးတုမှာ ချီမိသားစုကို ဘယ်သူကတိုက်ခိုက်ရဲတာလဲ” ချန်ချုန်းရှန်က အံကြိတ်၍ ဒေါသတကြီးပြော၏။

မည်သို့ပင်ဒေါသဖြစ်စေကာမူ လက်ရှိတွင် ချီချန်ကော၏ အလောင်းကို ပြန်သယ်ရုံသာ တတ်နိုင်ကြတော့သည်ဖြစ်သည်။ ၎င်းတို့ အိမ်းပြန်ရောက်ပြီးမကြာမီ၌ပင် သတင်းကြားသည်နှင့်အပြေးပြန်လာသော ချီဝေ့ယန်ရောက်လာသည်။ သူမအစ်ကို ဆုံးပါးသွားပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ မျက်ရည်များကျဆင်းလာသည်အထိ ငိုကြွေးလိုက်သည်။

ထို့နောက်တွင်မူ သူမက မျက်ရည်များကို သုတ်လိုက်၏။

“ဖေဖေ သံသယဖြစ်စရာ လူတစ်ယောက်ရှိနေပြီထင်တယ်"

ထို့နောက် ချီဝေ့ယန်သည် ရွှယ်အန်းနှင့်ပတ်သက်သည့်အရာအားလုံးကို ပြန်ပြောပြသည်။

အန်းမိသားစု၏ မွေးနေ့အခမ်းအနားတွင် ဖြစ်ပျက်ခဲ့သမျှကို သူသိသည်။ ယခု သခင်မကြီးအန်းသည် အထက်တန်းစားများကြားတွင် ဟာသတစ်ခုဖြစ်လာခဲ့ပြီဖြစ်၏။ သို့သော် သူ့သားသည် ရွှယ်အန်းနှင့် ဤမျှရန်ငြှိုးရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ကောင်းပြီ ငါနားလည်ပါတယ်။ ဒီရွှယ်အန်း၊ ငါသူ့ကို ဘယ်တော့မှ အလွတ်မပေးဘူး” ချီချုန်းရှန်က အံကြိတ်၍ပြော၏။

နောက်တစ်နေ့တွင် ရှု့လျိုသည် စက်ရုံသို့ စောစောရောက်လာကာ ယနေ့တွင် ဤနေရာ၌ တစ်စုံတစ်ခု မတူတော့သည်ကိုတွေ့ရှိခဲ့သည်။ အတိတ်တွင် စက်ရုံ၏ အပေါ်မှ မြူခိုးအလွှာများတွဲလောင်းကျလျက်ရှိရာ၊ အန္တရာယ်မရှိလှသော်လည်း ထူးဆန်းနေခဲ့သည်။

သို့သော် ယနေ့တွင် စက်ရုံတစ်ခုလုံး မထင်မှတ်ဘဲ ရှင်းလင်းနေ၏။ ဝင်လိုက်သည်နှင့် စိတ်ကို လန်းဆန်းစေကာ အားအင်ဖြစ်စေသည်။ သူမသာ သတိပြုမိသည်မဟုတ်၊ တခြားသူများလည်း ဤသို့ ခံစားရသည်။ သို့သော် လူတိုင်းက မေးရမည်ကို အလွန်ကြောက်ကြသည်။ ရွှယ်အန်းသည် ဤကိစ္စများအတွက် အစီအစဥ်များပြုလုပ်ထားကာ ညီအစ်ကိုသုံးယောက်အတွက် တစ်ဦးချင်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

နောက်ရက်များတွင် ရှု့လျိုနှင့် အခြားသူများ ဆေးဝါးထုတ်လုပ်ရေးတွင် အလုပ်များလာကြသည်။ ကောင်းဝမ်ယင်ပါထည့်ပေါင်းလိုက်သောအခါ အရာအားလုံးသည် အလွန်ချောမွေ့သွားခဲ့သည်။ ထို့ကြောင့် မကြာခင်၌ပင် ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည်ထူထောင်နိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် ရွှယ်အန်းသည် ကျောက်ညီအစ်ကို သုံးယောက်ကို ဝိဉာဥ်စွမ်းအင်ပြောင်းလဲခြင်းနည်းကို သင်ကြားပေးခဲ့၏။

ထိုနေ့တွင် ဆေးကို သန့်စင်ပြီးနောက် ဝိညာဉ်စွမ်းအင်ဖြင့် ဖုံးအုပ်ထားသောအခါ အားလုံးက စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

"ဒါကို ဘယ်လိုစမ်းသပ်ရမှာလဲ" ရှု့လျိုက မေးသည်။

ကောင်းဝမ်ယင်က လေးနက်သော အသံဖြင့် ပြော၏။

“ကျွန်တော် လုပ်ပါရစေ။”

စကားပြောပြီးနောက် သူသည်ဆေးပုလင်းငယ်ကို ကောက်ယူကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။

ဆယ်မိနစ်။

တစ်နာရီ။

အဆုံးတွင် ကောင်းဝမ်ယင်သည် ၎င်း၏ဝမ်းဗိုက်အောက်ပိုင်းရှိ အပူရှိန်ကို ခံစားလိုက်ရ၍ မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက်တွင် သူ၏ ယခင်က ပိတ်ဆို့နေသော ခန္ဓာကိုယ်သည် ရုတ်တရက် ပေါင်းစပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤသို့ဖြင့်

အသက်ရှည်ဆေးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့၏။

ကျောက်ညီအစ်ကိုများသည် အလွန်ဝမ်းမြောက်ကြလျက် ရွှယ်အန်းကို သတင်းကောင်းပြော‌တော့မည့်ဆဲဆဲတွင် အသစ်ခန့်အပ်ထားသော နတ်ဝိဉာဥ်ဓားသမားသည် ပင်လယ်သို့ဖြတ်၍ ဟွာရှားသို့ရောက်ရှိလာကြောင်းသတင်းက တစ်တိုင်းပြည်လုံးကို ပျံ့နှံ့သွား၏။

အခန်း (၁၉၈) မွှေးကြိုင်သော ငါးများဖြင့် ရွှေလိပ်ကို မြှူဆွယ်ခြင်း

ဤသို့ဖြင့် ရုတ်တရက်သတင်းကြားသောအခါ တချို့က အချို့က ဝမ်းသာကြသည်။ အချို့က စိုးရိမ်ကြသည်။ သိုင်းပညာဖိုရမ်တွင် လူအများအပြားသည် ၎င်းတို့၏ အိုင်ဒေါ ဟွာရှား၏ နံပါတ်တစ် စစ်နတ်ဘုရား ဗိုလ်ချုပ်ကြီး လင်းကို အားပေးရန် ပိုစ့်များအများအပြားတင်ခဲ့ကြသည်။ သို့သော် ဤတိုက်ပွဲနှင့် ပတ်သက်၍ အကောင်းမမြင်သူအများအပြားရှိသေးသည်။

ဗိုလ်ချုပ်လင်းသည် အနှစ်သုံးဆယ်ကျော်ကြာအောင် ကျော်ကြားခဲ့ကာ တိုက်ပွဲများစွာတွင် ဒဏ်ရာအနာတရများစွာဖြင့် တိုက်ပွဲဝင်ခဲ့၍ သူ၏အင်အားသည် ယခင်ကဲ့သို့မဟုတ်တော့ကြောင်း ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ ထိုသို့သောအခြေအနေများတွင် အခြားနိုင်ငံမှ နတ်ဘုရားဝိဉာဥ်ဓားသမားအသစ်ကိုရင်ဆိုင်ရသည်မှာ ရလဒ်ကို ခန့်မှန်းရန်ခက်သည်။

သို့သော် ကျုံးတုရှိ အင်အားကြီးမိသားစုများကြားမှ တုံ့ပြန်မှုကမူ မတူညီပေ။

အန်းမိသားစုတွင် ရက်အတော်ကြာ မျက်နှာမပြဘဲ နေခဲ့သော သခင်မကြီးအန်းသည် ဤသတင်းကို ကြား၍ စိတ်အားထက်သန်စွာဖြင့် ဤကိစ္စကို ဆွေးနွေးရန် သားနှစ်ယောက်ကိုချက်ချင်းခေါ်ယူခဲ့သည်။

“ဒီတိုက်ပွဲက နောက်ဆယ်စုနှစ်အတွက် အာဏာပိုင်ဆိုင်မှုကို ဆုံးဖြတ်ပေးလိမ့်မယ်။ ဗိုလ်ချုပ်လင်းက သူ့အစွမ်းရှိသလောက်တိုက်မှာထင်တယ်။ နောက်ပြီး အခု ဂျပန်နိုင်ငံက နတ်ဘုရားဝိဉာဥ်ဓားသမားက မမျှော်လင့်ဘဲ အမျိုးသမီးတစ်ယောက်ဖြစ်နေတာကြောင့် ဗိုလ်ချုပ်လင်းက အောင်ပွဲခံနေတုန်းပဲလို့ ကျုပ်ယုံတယ်”

အန်းချန်က ခေါင်းခါလိုက်သည်။

"ဗိုလ်ချုပ်လင်းက နာမည်ကြီးနေတာကြာပြီ၊ သူ့ရဲ့ လက်ရှိအင်အားက လျှို့ဝှက်ဆန်းကြယ်တယ်။ ဒါပေမယ့် အဲ့နိုင်ငံက စျေးမြင့်မြင့်နဲ့ဝယ်ခဲ့တဲ့ အချက်အလက်အရဆိုရင် နတ်ဘုရားဝိဉာဥ်ဓားသမားက ကြောက်စရာကောင်းတယ်လို့ သိရတယ်”

ကျင်းရှို့ရုန်သည် မှုန်မှိုင်းသော မျက်နှာဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ ခဏအကြာတွင် သူက အေးစက်စွာပြောလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်လင်းသာ ဒီတိုက်ပွဲကို ရှုံးရင် ရွှယ်အန်းနဲ့ အန်းယန်တို့က စက်ဆုပ်ဖို့ကောင်းတဲ့ အခြေအမြစ်မရှိတဲ့ သစ်ပင်တွေဖြစ်လာလိမ့်မယ်။ အဲ့အချိန်ကျရင် မိသားစုကို သစ္စာဖောက်တဲ့အတွက် နောက်ဆက်တွဲအကျိုးဆက်တွေကို ငါပြပေးမယ်”

ချီမိသားစုသည်လည်း ယခုအချိန်တွင် အလားတူဆွေးနွေးမှုများပြုလုပ်နေသည်။

"ဗိုလ်ချုပ်လင်း အာဏာက ကျဆုံးတာနဲ့ ချန်မိသားစုတစ်ခုတည်းနဲ့ ရွှယ်အန်းကို ကာကွယ်နိုင်မှာမဟုတ်ဘူး။ အဲ့ကျရင် ချန်ကောအတွက် လက်စားချေပေးမယ်” ချီချုန်းရှန်က အံကြိတ်၍ ပြော၏။

ထိုအချိန်တွင် ထိုနိုင်ငံမှ သံတမန်တစ်ဦးသည် သတ်မှတ်ချိန်မတိုင်မီ ဟွာရှားသို့ရောက်ရှိလာသည်။

"လေးစားရပါသော ဗိုလ်ချုပ်၊ ကျုပ်သခင်ပေးပို့တဲ့ စိန်ခေါ်ချက်ကို လက်ခံရရှိပါသလား" ကီမိုနိုဝတ်ထားသော အမျိုးသားတစ်ဦးက မောက်မာသောလေသံဖြင့် ပြောသည်။

ဗိုလ်ချုပ်လင်းသည် ကုလားထိုင်တစ်ခုတွင်ထိုင်ကာ အနည်းငယ် မျက်မှောင်ကြုတ်ကာ ကြည့်၍ ပြောလိုက်၏။

“နတ်ဘုရားဝိဉာဥ်ဓားသမားက တကယ်ပဲမိန်းမလား”

ထိုလူ၏ မျက်နှာသည် ပြောင်းလဲသွားပြီးနောက် အေးစက်စွာရယ်၍ ပြန်ဖြေသည်။

“ဗိုလ်ချုပ်၊ ငါ့သခင်က ကောင်းကင်က စေလွှတ်တဲ့ နတ်ဘုရားဖြစ်တယ်ဆိုတာ မင်းနားလည်မယ်လို့ မျှော်လင့်ပါတယ်။ အပြောအဆိုသတိထားပါ”

ဤထုတ်ပြန်ချက်သည် အခန်းတွင်းရှိ လူတိုင်း၏ အမူအရာများကို ပြောင်းလဲသွားစေသည်။ အန်းချင်က အေးစက်သောအမူအရာဖြင့် ရှေ့သို့တိုးလိုက်သည်။

“မာဆုရှီမား၊ ရှင်လည်းဒါကို တွေးကြည့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက ဟွာရှားပါ၊ ရှင်တို့ ဂျပန်နိုင်ငံမဟုတ်ဘူး”

မာဆူရှီမား နာနာအိကိုသည် အန်းချင်ကို လှောင်ပြောင်၍ ကြည့်ကာ ဗိုလ်ချုပ်လင်းဘက်သို့ လှည့်ပြောလိုက်သည်။

"မင်းနိုင်ငံမှာရှိတဲ့ စစ်မှုထမ်းတွေရဲ့ အရည်အသွေးက ဒီလောက်ပဲလား"

အန်းချင်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။

ဗိုလ်ချုပ်လင်းက သူ့လက်ကို ဝှေ့ယမ်းကာ တိတ်တိတ်နေရန် အချက်ပြလိုက်၏။

“ဒါဆို ငါ့ကို ဘယ်လိုသတိထားရမလဲပြောကြည့်လေ”

"ဗိုလ်ချုပ်၊ မင်းနဲ့ တခြားသူတွေက ငါ့သခင်ကို ရည်ညွှန်းတဲ့အခါ 'လေးစားတယ်' ဆိုတဲ့ စကားလုံးကို သုံးဖို့ မျှော်လင့်တယ်။" မာဆူရှီမား နာနာအိကိုက လေးစားမှုအပြည့်ဖြင့်ပြောသည်။

သူကဲ့သို့သော အိုရိုချီဘုရားကျောင်း၏ အလယ်အလတ်အဆင့်အဖွဲ့ဝင်များ၏အမြင်တွင် နတ်ဆိုးနတ်ဘုရားဝိဉာဥ်ကပ်တွယ်နေသော တကဲဥချီ ကျီရိုကိုသည် ဤခေတ်၏နတ်ဘုရားဖြစ်၍ မည်သူမဆိုက ကြောက်ရသည်။

"မင်ဖုန်းတောင်ကနေ ပြန်သွားပြီဆယ်ရက်ကြာရင် မြို့ရဲ့ မြောက်ဘက် နှစ်ဆယ်မိုင်အကွာမှာ မင်းရဲ့ ဝိဉာဥ်နတ်ဘုရားဓားသမားကို ငါသတ်မယ်” ဗိုလ်ချုပ်က ပြုံး၍ မာဆူရှီမား နာနာအိကို၏ အနားတွင်ရပ်နေသော ဧည့်သည်ကို ကြည့်၍ ပြောလိုက်သည်။

“ဗိုလ်ချုပ်၊ ဂျပန်နိုင်ငံရဲ့ ဆာမူရိုင်းကို တမင်တကာ စော်ကားနေတာလား”

ဗိုလ်ချုပ်လင်းသည် ရုတ်တရက် သူ့ဓားကို ဆွဲထုတ်၍ ဓားချီဖြင့် မာဆူရှီးမား နာနာအိကိုကို ခုတ်ပိုင်းလိုက်ရာ နေရာအနှံ့သို့ သွေးများဖျာထွက်သွားသည်။

"ဟွာရှားက မင်းအာချောင်လို့ရတဲ့နေရာမဟုတ်ဘူးကွ”

အားလုံး အံ့အားသင့်သွားပြီးနောက် ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေသော ဗိုလ်ချုပ်ကြီးကို ရိုသေမှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။ အန်းချင်၏ နက်နဲသော မျက်လုံးများတွင်သာ စိုးရိမ်ပူပန်မှုအရိပ်အမြွက်များထင်ဟပ်နေသည်။

ထိုနေ့တွင် ဂျပန်နိုင်ငံမှ သံတမန်ကို လုပ်ကြံသတ်ဖြတ်လိုက်သည့် ဗိုလ်ချုပ်ကြီးလင်း၏ သတင်းသည် လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ ထို့အပြင် ဗိုလ်ချုပ်လင်းကို သိုင်းပညာဖိုရမ်တွင် ချီးကျူးအားပေးခဲ့ကြသော သူများက စစ်မှ်သော သွေးသံရဲသည့် စစ်သားများသည် ဤကဲ့သို့ဖြစ်သင့်သည်ဟု ကြွေးကြော်ခဲ့ကြသည်။

ဗိုလ်ချုပ်လင်းအပေါ် ယခင်က အဆိုးမြင်သော အငွေ့အသက်များလည်း အနည်းငယ် လျော့ပါးသွားခဲ့သည်။

ရွှယ်အန်းသည် အန်းယန်နှင့် သမီးနှစ်ဦးကို ဦးဆောင်ကာ ချန်ရှို့ နှင့် သူ၏မြေး ချန်ရုရှီတို့နှင့်အတူ ဆေးဝါးစက်ရုံသို့ ရောက်လာသည်။ ၎င်းတို့က ရွှေရောင်ဖျော့ဖျော့ပါသော ပုလင်းများကို မြင်လိုက်ရသောအခါ ချန်ရှို့က ထိတ်လန့်တကြားဆွံ့အသွားသည်။

"မစ္စတာ...မစ္စတာ ရွှယ်၊ ဒါ မင်းပြောခဲ့တဲ့ အနှစ်နှစ်ဆယ်ကြာအောင် သက်တမ်းတိုးနိုင်တဲ့ နတ်ဆေးတွေလား။"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ငါ သူတို့ကို 'ကောင်းကင်ကံကြမ္မာ' လို့အမည်ပေးထားတယ်”

"ကောင်းကင်ကံကြမ္မာ" ချန်ရှို့ က ရေရွတ်၍ သက်ပြင်းရှည်ချလိုက်သည်။

“မစ္စတာရွှယ် မင်း ဒီအကြောင်းကို အရင်ပြောတုန်းက လုံးဝမဖြစ်နိုင်ဘူးလို့ ငါထင်ခဲ့တယ်၊ ဒါပေမယ့် ရက်အနည်းငယ် အကြာမှာ မင်းအဲ့တာကို ပြီးသွားပြီဆိုတော့ တကယ့်ကို လေးစားစရာပဲ”

ရွှယ်အန်းက ပြုံးကာ ခပ်လှမ်းလှမ်းက သူ့ညီအကို သုံးယောက်ကို ကြည့်လိုက်သည်။

“ငါက အဲ့တာကို တွန်းအားပေးဖို့ တာဝန်ပဲရှိတာပါ။ တခြားသူတွေ တော်တော်များများက အသေးစိတ် အချက်အလက်တွေနဲ့အလုပ်ရှုပ်နေကြတာ” ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပြောခဲ့သည်။

ထိုအချိန်တွင် ကောင်းဝမ်ယင်သည် ထုတ်လုပ်ရေးလိုင်းမှဆင်းလာ၍ ချန်ရှို့ ကိုမြင်သောအခါ လေးစားစွာဖြင့်ပြော၏။

"မျိုးနွယ်စုခေါင်းဆောင်ချန်"

ချန်ရှို့ အံ့သြသွားသည်။

"နတ်ဆေးဆရာဝန်ကောင်း ဒီမှာဘာလုပ်နေတာလဲ”

ကောင်းဝမ်ယင်သည် ကျုံးတုတွင် အလွန်ရေပန်းစားသောကြောင့် ချန်ရှို့က ချက်ချင်းသတိထားမိသည်။

ကောင်းဝမ်ယင်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

“ဟုတ်ပါတယ် ကျွန်တော် မစ္စတာရွှယ်ဆေးထုတ်တာကို ကူညီပေးနေတာပါ”

စကားအနည်းငယ်ပြောပြီးနောက် ကောင်းဝမ်ယင်က လှည့်၍ သူ့အလုပ်သို့ ပြန်သွားသည်။

ကောင်းဝမ်ယင်၏ နောက်ကျောကို ကြည့်၍ ချန်ရှို့ကသက်ပြင်းချလိုက်သည်။

“မစ္စတာရွှယ်မှာ တကယ်ကို ထူးခြားတဲ့နည်းလမ်းတွေရှိပါတယ်၊ ကောင်းဝမ်ယင်လို လူတစ်ယောက်ကတောင်မှာ မင်းအတွက် စိတ်နှလုံးအကုန်နှစ်ပြီး လုပ်ပေးဖို့ ဆန္ဒရှိတယ်”

ချန်ရှို့ သည် ကောင်းဝမ်ယင်၏ စိတ်နေစိတ်ထားကို ကောင်းစွာသိသည်။ မြင့်မြတ်သောဆရာဝန်ကောင်းသည် အခြားသူများနှင့်ဆက်ဆံရာတွင် အလွန်နူးညံ့သိမ်မွေ့သော်လည်း အမှန်တကယ်တွင် သူသည် အလွန်မာနကြီးသူဖြစ်သည်။

တစ်စုံတစ်ဦးကို ဒူးထောက်ကာ တောင်းပန်လျှင်ပင် တစ်စုံတစ်ဦးကို နှိမ့်ချ၍ ဆက်ဆံရန် လက်ညှိုးထိုးမည်မဟုတ်ပါ။ သူကသာ တစ်စုံတစ်ယောက်ကို အထင်သေးလျှင် ၎င်းတို့က ဒူးထောက်တောင်းပန်နေလျှင်ပင် လက်ညှိုးတစ်ချောင်းပင်မ၍ ထိုသူတို့ကို ကိုင်တွယ်လိမ့်မည်မဟုတ်ပေ။ ရွှယ်အန်းက ပြုံး၍ ရုတ်တရက် အကြောင်းအရာကိုပြောင်းလိုက်သည်။

"မင်းကို ဘာလို့ လာခိုင်းတာလဲ သိလား"

ချန်ရှို့ သည် ချက်ချင်းရုပ်တည်သွား၍ လက်များကို ဆုပ်လိုက်ကာ လေးနက်စွာပြောသည်။

"ကျေးဇူးပြုပြီးပြောပါ မစ္စတာရွှယ်”

"ကောင်းကင်ရဲ့ကံကြမ္မာက အဆင်သင့်ဖြစ်နေပြီဆိုတော့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့အတွက် ကျုံးတုရဲ့ မြင့်မြတ်တဲ့မိသားစုအားလုံးကို စုစည်းဖို့ ငါစီစဉ်ထားတယ်။

ချန်ရှို့ထိတ်လန့်သွား၏။

“ကျုပ်ရဲ့ နှိမ့်ချတဲ့ မျက်နှာထားနဲ့ ဆို ဒါက မခက်တာ သေချာတယ်။ ဒါပေမယ့်…”

ချန်ရှို့ ခေတ္တရပ်လိုက်ပြီးမှဆက်ပြောသည်။

“လက်ရှိမှာ ဂျပန်နိုင်ငံက နတ်ဘုရားဝိဉာဥ်ဓားသမား ရောက်လာတော့မှာမို့ အားလုံးက ဗိုလ်ချုပ်လင်းကို အာရုံစိုက်နေကြပြီ ငါတို့ ဒါကို အခုချက်ချင်း ကြေညာရင်… အန္တရာယ်များလွန်းမှာ မဟုတ်ဘူးလား”

ချန်ရှို့ဆိုလိုချင်သည်မှာရှင်းသည်။ မရေမတွက်နိုင်သော မျက်လုံးများက ၎င်းတို့ကို စောင့်ကြည့်နေကာ ကောင်းကင်ဘုံ၏ ကံကြမ္မာတွင်ပါရှိသော အကျိုးကျေးဇူးများမှာ အံ့ဩဖွယ်ကောင်းလှသည်။ ယခုကြေညာလိုက်လျှင် မမြင်နိုင်သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်မှာ သေချာသည်။ ချန်ရှို့ ကသာ ဤသို့တွေးခြင်းမဟုတ်၊ ချန်ရုရှီသည်လည်း ရွှယ်အန်းကို စိုးရိမ်တကြီး နားမလည်နိုင်စွာဖြင့် စိုက်ကြည့်နေသည်။

"ဒါပဲ ငါလိုချင်တာလေ။ ဒီစကား ကြားဖူးလား"

"ဘာပြောတာလဲ" ချန်ရှို့ အံ့အားသင့်သွားသည်။

“ငါးမွှေးနံ့နဲ့ ဖမ်းဖို့လေ ” ရွှယ်အန်းက တည်ငြိမ်စွာပြောသည်။

"မင်းပြောတာ... "

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"မှန်ပါတယ်၊ ယုတ်ညံ့တဲ့ စိတ်ဆန္ဒရှိသူတွေကို ဆွဲဆောင်ပြီး သူတို့ရဲ့ ကံကြမ္မာကို ငါ့လက်ထဲမှာ ကိုင်ထားချင်တယ်”

သူ၏ ဂရုမစိုက်သော အသံတွင် ခိုင်မာသော ယုံကြည်မှုတစ်ခု ရှိနေသည် ။

ဤသည်ကိုကြားသောအခါ ချန်ရှို့ က တင်းတင်းကြပ်ကြပ် နောက်ပြန်ဆုတ်၍ လက်များကို ကျစ်ကျစ်ပါသည်အထိ ဆုပ်လိုက်သည်။

"ကောင်းပြီ၊ မင်း ဒီလို ရည်ရွယ်ချက်ရှိနေတယ်ဆိုရင် ငါ့ရဲ့ချန်မိသားစုက ဒီလို ဝန်ဆောင်မှုမျိုးပေးဖို့ ဆန္ဒရှိပါတယ်”

အခန်း(၁၉၉) ကော်ဖီနှင့် Isatis အမြစ်အရသာ

ချန်ရုရှီသည် ခေါင်းမှခြေအဆုံး အလွန် စွမ်းအားကြီးသည့် ရောင်ဝါများဖြာထွက်နေသည့် လူကို ခံစားချက်များရှုပ်ထွေးစွာငေးကြည့်နေမိသည်။ သို့သော် သူမက ယင်းကို မတုံ့ပြန်နိုင်မီ၌ ရွှယ်နျန်က စားပွဲပေါ်ဥ စီတန်းထားသော ပုလင်းငယ်များကို လက်ညှိုးထိုးပြ၍ မေးလိုက်သည်။

“ဖေဖေ ဒါတွေက အရသာကောင်းလား”

ဤသည်ကို ကြားသောအခါ ရွှယ်ရှန်းက လူကြီးလေးတစ်ယောက်ကဲ့သို့ သက်ပြင်းချကာ နျန်နျန်၏ တင်ပါးလေးကို ရိုက်လိုက်သည်။

“ရွှယ်နျန် နင်က တကယ်အငတ်ပဲ”

“ဒါပေမယ်… ဖေဖေ သူတို့က တကယ် အရသာရှိတဲ့ပုံပဲ” ရွှယ်ရှန်းကလည်း အနည်းငယ် သွားရည်ကျလျက်ပြောလိုက်သည်။

ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်မော၍ ပုလင်းနှစ်ပုလင်းကို ပေါ့ပေါ့ပါးပါး ကောက်ကာသမီးနှစ်ယောက်ကို ပေးလိုက်သည်။

“သောက်ကြည့်လိုက်”

ကောင်မလေးနှစ်ယောက်က အချိုရည်သောက်နေသကဲ့သို့ ကောင်းကကင်ကံကြမ္မာနှစ်ပုလင်းကို သောက်ချလိုက်သည်။ ဤမြင်ကွင်းက လူများစွာကို အံ့သြသွားစေသည်။

ယခုအချိန်တွင် ကောင်းကင်ကံကြမ္မာတစ်ပုလင်းထုတ်လုပ်ရန် ကုန်ကျစရိတ်မှာ တစ်သန်းဝန်းကျင်ရှိသော်လည်း ရွှယ်အန်းသည် ၎င်းတို့ကိကို ၎င်း၏သမီးများအတွက် အချိုရည်အဖြစ် ပေါ့ပေါ့ဆဆ အသုံးပြုခဲ့သည်။

သောက်ပြီးသွားသောအခါ ကောင်မလေးနှစ်ယောက်လုံး မျက်လုံးပြူးသွားကြသည်။

"အရသာကောင်းလား" ထိုအချိန်တွင် အန်းယန်က မေးသည်။

"အွန်း အွန်း ချိုလည်း ချို ချဥ်လည်းချဥ်တယ်။ အသီးဖျော်ရည်လိုပဲ” ရွှယ်နျန်က ပြောသည်။

"မဟုတ်ဘူး၊ သမီးဟာက ကော်ဖီအရသာရှိတယ်"ရွှယ်ရှန်းက ပြောသည်။

"ငါတို့ ကော်ဖီသောက်ဖူးလား"ရွှယ်နျန်က သံသယရှိစွာဖြင့် မေးလိုက်၏။

"သောက်ဖူးတာပေါ့။ အန်တီရွှမ်အာက ငါတို့ကို Banlangen (Isatis root : တရုတ်လက်ဖက်ရည်တစ်မျိုး) သောက်ခိုင်းတုန်းက မှတ်မိလား။ အရသာက ကော်ဖီနဲ့တူတယ်လို့ ပြောတယ်” ရွှယ်ရှန်းက ယုံကြည်ချက်အပြည့်ဖြင့် ငြင်း၏။

ကလေးမလေးနှစ်ယောက်က Banlangen နှင့် ကော်ဖီ၏ တကယ့်အရသာအကြောင်း ငြင်းခုံကြသည်။ ထို့နောက် ရွှယ်အန်းသည် အခြားပုလင်းကိုယူ၍ အန်းယန်အား‌ပေးလိုက်သည်။

“မင်းလည်းသောက်ကြည့်”

အန်းယန်က ခေါင်းခါလိုက်သည်။

“ငါ့ခန္ဓာကိုယ်က အခု အဲ့လို ဝိဉာဥ်ဆေးမျိုးသောက်လို့လည်းအသုံးမဝင်တော့ဘူး။ ငါ့အတွက်မဖြုန်းတီးပါနဲ့”

ရွှယ်အန်းက ပြုံးလိုက်သည်။

"မင်းယောက်ျားက မင်းအတွက် အဲ့တာကို ဖြုန်းတီးပစ်နိုင်တယ်”

အန်းယန်၏ မျက်နှာများအနည်းငယ်နီမြန်းလာပြီးနောက် ကောင်းကင်ကံကြမ္မာပုလင်းကိုယူကာ အနည်းငယ်သောက်လိုက်၍ ရွှယ်အန်းကို ပြန်ပေးလိုက်သည်။

"ရှင်လည်းသောက်”

ဤမြင်ကွင်းကို မြင်လိုက်ရသော ပတ်ဝန်းကျင်က လူများတွင် မနာလိုမှုများဖြင့် ပြည့်နေသည်။ ချန်ရုရှိက ခေါင်းငုံ့လျက် ငြိမ်ကျသွားသည်။ ယခု သူမခံစားနိုင်သမျှမှာ မနာလိုခြင်းနှင့် ပျော်ရွှင်ခြင်းပင်ဖြစ်သည်။

အန်းယန်ကိုကြည့်နေသော ရွှယ်အန်း၏ အကြည့်များသည် နစ်မွန်းဖွယ်ကောင်းလောက်သည်အထိ နက်ရှိုင်းနူးညံ့လှ၏။ သမီးကဲ့သို့ စွဲလမ်းနေသော ယောက်ျားတစ်ယောက်ကို ရှာတွေ့နိုင်သော မိန်းမတစ်ယောက်သည် မည်မျှကံကောင်းသနည်း။

ချန်ရှို့ဟဲက လျှင်မြန်စွာလှုပ်ရှားလိုက်သည်။ နောက်တစ်နေ့တွင် ချန်မိသားစုမှကျင်းပပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲသတင်းသည် ကျုံးတုတစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။ ကျုံးတုသည် ပြင်းထန်သောတိုက်ပွဲဖြစ်ပေါ်လာနိုင်ခြေ အစွန်းတစ်ဖက်တွင်ရှိနေကာ ယခု တစ်ဖန်ပြန်လည်လှုံ့ဆော်ခြင်းခံရပြန်ပြီဖြစ်သည်။

ချန်မိသားစုမှ ကျင်းပသော သတင်းစာရှင်းလင်းပွဲ။

ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် ချန်ရှို့ဟဲက မည်သို့ စီစဥ်နေသနည်း။ လူများစွာက သံသယအပြည့်ဖြင့် ကြည့်နေကြသည်။

သတင်းစာရှင်းလင်းပွဲလုပ်မည့်နေ့သို့ရောက်သောအခါ အစောပိုင်းမှစ၍ ချန်မိသားစုပိုင်ဆိုင်သော ဇိမ်ခံကားများသည် ဟိုတယ်၌ ပြည့်နေသည်။

အများအပြားက အဖွဲ့ငယ်များစုရုံး၍ နောက်လာမည့် သတင်းစာရှင်းလင်းပွဲအကြောင်း ပြောဆိုကြသည်။

ထိုအချိန်တွင်ပင် ကျက်သရေရှိ၍သော ချုန်ဆမ်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင်းရှို့ရုန်သည် သူမ၏ သားနှစ်ဦးနှင့်အတူ လမ်းလျှောက်လာသည်။

လူအုပ်ကြီးက သူမအတွက် လမ်းဖယ်ပေးလိုက်ကြကာ လူအချို့က လေးစားစွာဖြင့်

“သခင်မကြီးအန်း ကျန်းမာနေကောင်းပါစေ” ဟု အော်ဟစ်ခဲ့ကြသည်။

ကျင်းရှို့ရုန်သည် အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် ခန်းမထဲသို့ မောက်မာသည့်ဟန်ဖြင့် ဆက်သွားခဲ့သည်။ သူမကျော်သွားပြီးနောက် တီးတိုးပြောသံများ ပြန်စလာသည်။

“ဒီသခင်မကြီးအန်းဟာ တကယ်ကို အံ့ဖွယ်တည်ရှိမှုပါပဲ”

“ကျွတ်…ကျွတ် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူတို့ရဲ့ အာဏာကြီး မိသားစုကို မင်းမြင်ဖူးသင့်တယ်။ သူတို့ ထွက်လာရင် ရှေးခေတ်က နန်းတော်ထဲက ဧကရာဇ်မိသားစုနဲ့တူတယ်”

"အရမ်းမိုက်တာပဲ။ ဒါတောင် လွန်ခဲ့တဲ့ရက်အနည်းငယ်က မွေးနေ့ပွဲအတွက် သူတို့ မရှက်ကြဘူးလား" တစ်ယောက်က ကဲ့ရဲ့သည်။

“ဟယ်၊ အန်းမိသားစုက အခုချိန်မှာ ပိုအားနည်းနေနိုင်ပေမယ့် အစာငတ်နေတဲ့ကုလားအုတ်တစ်ကောင်က မြင်းထက်တောင် ပိုကြီးနေသေးတယ်။ ပွဲပဲဆက်ကြည့်ကြရအောင်"

ရွှယ်အန်းရောက်ရှိလာချိန်တွင် ဟိုတယ်ဧည့်ခန်းသည် အသံများစွာဖြင့် စိတ်လှုပ်ရှားဖွယ် အသက်ဝင်နေပြီဖြစ်သည်။ ရွှယ်အန်းက မည်သို့မျှ မဖြစ်ဘဲ ခန်းမထဲသို့ဝင်ခါနီးတွင် အသံတစ်ခုထွက်ပေါ်လာသည်။

"မစ္စတာရွှယ် လား”

ရွှယ်အန်းက လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသော မျက်နှာကို တွေ့လိုက်ရသည်။

"မင်းက... ချန်ရှောင်းယီလား"

ချန်ရှောင်းယီသည် ပြည်နယ်မြို့တော်၌ ပြန်လည်ရောက်ရှိလာသော ရွှယ်အန်းကို တွေ့ဆုံမေးမြန်းခဲ့သော အမျိုးသမီး သတင်းထောက်ဖြစ်သည်။ မမျှော်လင့်ဘဲ သူမ ဒီနေ့ ကျုံးတုသို့ ရောက်လာကာ ဤသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့သည်။ ချန်ရှောင်းယီက ရွှယ်အန်းကို မြင်လိုက်ရသောအခါ အလွန်ပျော်ရွှင်နေသည်။

“မစ္စတာရွှယ်၊ ရှင့်ကို ဒီမှာတွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးထားဘူး”

"သတင်းထောက်ချန်က ပြည်နယ်မြို့တော်မှာ မရှိတော့ဘူးလား။"

"မဟုတ်ဘူး၊ ဒီတစ်ခါ ကျွန်မ ကျုံးတုမှာ ကိစ္စတချို့ ကိုင်တွယ်ဖို့ သူငယ်ချင်းတစ်ယောက်နဲ့ လိုက်လာတာ။ ဒီညီလာခံပွဲကို ကြုံလာရလို့ အပျော်ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ။” ချန်ရှောင်းယီက သူ့ဘေးနားက ကောင်မလေးကို လက်ညှိုးထိုးပြသည်။

"ဒါ ကျွန်မသူငယ်ချင်း ဟွမ်ရှန်းယန် ပါ”

ရွှယ်အန်းသည် သာမန်ကြည့်ကောင်းသော်လည်း ဖက်ရှင်ကျကျ ၀တ်ဆင်ထားသည့် ဟွမ်ရှန်းယန်ကို စိုက်ကြည့်လိုက်သည်။ သူမ အမူအရာက အနည်းငယ်မောက်မာနေသည့်တိုင် ဆွဲဆောင်မှုအပြည့်ရှိ၏။

ချန်ရှောင်းယီ မိတ်ဆက်ပြီးနောက် သူမသည် ရွှယ်အန်းကို ခဏမျှ အကဲဖြတ်ကြည့်ကာ အထင်သေးမှုများဖြင့် ခေါင်းလှည့်သွားသည်။

"ရှောင်းယီ မင်းအရင် စကားပြောပါ၊ ငါ မင်းကို ဟိုနားမှာစောင့်နေမယ်"

ဤသို့ပြော၍ လှည့်ထွက်သွားသည်။

ချန်ရှောင်းယီက ရှက်ကိုးရှက်ကန်းဖြင့် တောင်းပန်သည်။

“တောင်းပန်ပါတယ်။ ငါ့သူငယ်ချင်းက လူတိုင်းနဲ့ ဒီလိုမျိုးပဲ”

ရွှယ်အန်းက ပြုံးပြပြီး သူ့နောက်ကို လက်ဟန်ပြသည်။

ချန်ရှောင်းယီ လှည့်ကြည့်လိုက်သောအခါ ဟွမ်ရှန်းယန်က သူ့ဘေး၌ လူချမ်းသာမိသားစုမှလူငယ်တစ်ယောက်နှင့် ထိုင်စကားပြောလျက် ပြုံးရွှင်နေသည်ကို သူမသိလိုက်ရသည်။ သူမ၏ အီစီကလီလုပ်နေသော အမူအရာသည် ယခင် အေးစက်မှုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

ချန်ရှောင်းယီ၏ မျက်နှာမှာ အလွန်ရှက်ရွံ့နေ၏။

“မစ္စတာရွှယ်၊ မိန်းကလေးဖန်းက ဟောလိဝုဒ်ကို သွားခဲ့တာ မင်းသိလား" ချန်ရှောင်းယီ ရုတ်တရက် ပြောလိုက်သည်။

ရွှယ်အန်းက အံ့အားသင့်သွားသည်။

“မသိဘူး။ ဘယ်တုန်းကသွားတာ"

“ကျွန်မကြားလိုက်ရတာ။ သူ့ မူရင်းကုမ္ပဏီနဲ့ စာချုပ်ကို ဖျက်လိုက်ပြီးတော့ အဓိက ရုပ်ရှင်ကမ်းလှမ်းမှုတွေကို ပယ်ချပြီး ဟောလီးဝုဒ် တစ်ယောက်တည်းကို သွားခဲ့တယ်လို့ ပြောကြတယ်။ တော်တော်များများက သူ ရူးသွားပြီလို့ ပြောနေကြတယ်။” ချန်ရှောင်းယီ သက်ပြင်းချလိုက်သည်။

ဤစကားကိုကြားသောအခါ ရွှယ်အန်းသည် သူ့နှလုံးသားအတွင်းထဲမှ ပျော့ပြောင်းသောနေရာမှ ခံစားချက်တစ်ခုကို ခံစားလိုက်ရကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"ဒီအကြောင်း ငါတကယ်မသိခဲ့ဘူး"

ချန်ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

“မိန်းကလေးဖန်းမှာ သူ့ကိုယ်ပိုင်အစီအစဥ်ရှိတယ်လို့ ထင်တယ်”

အားလုံးက ထိုင်နေကြစဉ် ရွှယ်အန်း၌ထိုင်ခုံမရှိဟုလို့ ထင်နေသော ချန်ရှောင်းယီက ရင်းရင်းနှီးနှီး ဖိတ်ခေါ်လိုက်သည်။

“မစ္စတာရွှယ် ဘာလို့ ကျွန်မဘေးမှာမထိုင်တာလဲ။ ဒီက မြင်ကွင်းကောင်းတော့ သေချာမြင်ရတယ်”

ရွှယ်အန်းက ခဏတာစဥ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။

ဖန်းမင်ရွှယ်၏ အခြေအနေအကြောင်း အသေးစိတ်မေးမြန်းရန် သူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ချန်ရှောင်းယီ ဝမ်းသာပီတိဖြစ်မိသော်လည်း နှစ်ယောက်သား ထိုင်နေကြစဉ် သူမအနားမှ ချမ်းသာကြွယ်ဝသူ လူငယ်နှင့် စိတ်အားထက်သန်စွာ စကားပြောနေသည့် ဟွမ်ရှန်းယန် သည် မျက်မှောင်ကြုတ်လိုက်သည်။

“မစ္စတာရွှယ် ဒီတစ်ခါလာဖို့ ဖိတ်ထားတာလား" ဟွမ်ရှန်းယန်က ရည်ရွယ်ချက်ရှိရှိမေး၏။

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ဖိတ်စာမရှိဘူး"

ဟွမ်ရှန်းယန်၏မျက်နှာပေါ်မှ လှောင်ပြောင်မှုအငွေ့အသက်များ နက်ရှိုင်းလာသည်။

"ရှင့်မှာ ဖိတ်စာတောင်မရှိရင် ဘာလို့ဒီမှာထိုင်နေတာလဲ"

ချန်ရှောင်းယီ၏အမူအရာက မှောင်မိုက်သွား၏။

"ရှန်းယန်"

ဟွမ်ရှန်းယန်က ကဲ့ရဲ့လှောင်ပြောင်ရယ်မောလိုက်၏။

"ရှောင်းယီ မင်းသတိထားရင် ပိုကောင်းမယ်။ တစ်ချို့လူတွေက သူတို့ရဲ့ ရုပ်ရည်ချောမောမှုကို အားကိုးပြီး အမျိုးသမီးတွေကို လှည့်စားကြပြီး ငွေရှာကြတယ်။ မင်းတကယ်သတိထားသင့်တယ်"

ဤတွင် ရွှယ်အန်းရယ်သည်။ ဟွမ်ရှန်းယန်သည် ဤစကားပြောနေစဥ် သူမကိုယ်သူမ အရင်မစဥ်းစားခဲ့သလော။

သို့သော် ချန်ရှောင်းယီ၏ မျက်နှာ ပြာကျသွားသည်။ သူမ ဒေါသထွက်နေသည်မှာထင်ရှားသည်။

ဤသည်ကို မြင်သောအခါ ဟွမ်ရှန်းယန်က အားပါးတရ ရယ်လိုက်သည်။

ရုံးခန်းတွင် ချန်ရှောင်းယီသည် အမြဲတစေ ကြိုးစား၍သြဇာကြီးသော မိန်းမတစ်ယောက်ဖြစ်ကာ ယခုမူ သူမသည် မိုက်မဲသော မိန်းမတစ်ယောက်သာ ဖြစ်ပုံရသည်။

သူမ ဤကဲ့သို့ အမှားမျိုးကို လုပ်မည်မဟုတ်ပေ။ သူမသည် သတင်းစာရှင်းလင်းပွဲသို့ ဖိတ်ခေါ်ခြင်းခံရရန် အချိန်များစွာကြာ ကြိုးပမ်းခဲ့ကာ သူမ၏ ရည်ရွယ်ချက်မှာ ချမ်းသာကြွယ်ဝသော သူဌေးတစ်ယောက်ကို ဖမ်းမိရန်ဖြစ်သည်။

သူမအတွက် ငွေသည် အရေးကြီးဆုံးဖြစ်သည်။

All Chapters