← Chapters

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂) အထူးအေးဂျင့်များ၏တိုက်ပွဲ

အမေရိကနိုင်ငံ။

မျက်နှာဖြူလူမျိုးတစ်ဦးသည် လေးနက်သောမျက်နှာဖြင့် အောက်ခြေရှိ အေးဂျင့်များကို ပြောလိုက်သည်။

"အခု အထူးအလုပ်တစ်ခုရပြီ၊ ဟွာရှားမှာ တစ်ယောက်ယောက်က အနှစ်နှစ်ဆယ်ကြာအောင် သက်တမ်းတိုးနိုင်တဲ့ ဆေးတစ်မျိုးကို တီထွင်ခဲ့ပြီး၊ အချက်အလက်တွေက လုံးဝယုံကြည်စိတ်ချရတယ်၊ အခု ငါတို့နိုင်ငံဟာ ဒီဆေးနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို အရေးတကြီး လိုအပ်နေပြီ”

ထိုသူက ဤသို့ပြော၍ အသေးစိတ် အချက်အလက်များပါရှိသော စာရွက်ဖိုင်များကို ပေးလိုက်သည်။ ပထမလူမှာ ရွှယ်အန်းဖြစ်၍ အန္တရာယ်အဆင့်ကို အမြင့်ဆုံးအဖြစ်သတ်မှတ်ထားသည်။

"ဆရာ၊ ဒါက မှားနေတာလား"

ထိုလူက ခေါင်းခါ၍ လေးနက်သောအသံဖြင့်ပြောသည်။

"ဒါက စနစ်က အလိုအလျောက် ထုတ်ပေးတဲ့ ကောက်ချက်ပဲ"

“ငါတို့ရဲ့ ထောက်လှမ်းရေးစနစ်အရ အခြားနိုင်ငံတွေက စတင်လှုပ်ရှားနေပြီ။ ဒါက အေးဂျင့်တွေအကြားတိုက်ပွဲမို့ ငါတို့ အမေရိကကလည်း အရှုံးခံလို့မဖြစ်ဘူး”

“ဟုတ်” လူအုပ်ကြီးက ပြင်းထန်စွာ တုံ့ပြန်သည်။

အားလုံး ထွက်ခွာသွားပြီးနောက်တွင် အနက်ရောင်မျက်လုံးနှင့် အဝါရောင် အသားအရည်ရှိသော မိန်းမချောလေးတစ်ယောက် ကျန်ရစ်ခဲ့သည်။

“ဟယ်သာကလွဲပြီး ကျန်တဲ့လူတွေ ထွက်သွားကြစမ်း”

"ဟယ်သာ ဒီကိစ္စက မင်းအတွက်သီးသန့်တာဝန်ပဲ။ ဒါက မင်းရဲ့ အချက်အလက်အသစ်တွေ”

ဟယ်သာသည် သူမကို ပေးလာသည့် အထောက်အထားအသစ်ကို ကြည့်လိုက်သည်။

သူမ၏ အမည်အသစ်ကား…

ယွမ်ရှောင်ရှားဖြစ်၏။

ထို့အပြင် တာဝန်သည် လူတစ်ယောက်၏ အချက်အလက်များပါသော စာရွက်တစ်ရွက်သာရှိသည်။

[ ယန်ပင်းယီ

အမျိုးသား

အသက် နှစ်ဆယ့်သုံးနှစ်

မအောင်မြင်သော အချစ်ရေး အတွေ့အကြုံတစ်ခု ရှိ

အိမ်ထောင်မရှိ၊

ကိုယ်ရည်ကိုယ်သွေး သိမ်မွေ့သော်လည်း စိတ်မြန်လက်မြန်ဖြစ်တတ်သည်

စနစ်ဖြင့် C အဆင့်သတ်မှတ်သည်

ဖြတ်ကျော်ရန် လွယ်ကူသည် ]

ဟယ်သာက ခေါင်းညိတ်လိုက်သည်။

“နားလည်ပါပြီ”

ကျုံးတုနယ်မြေသည် အမျိုးမျိုးသောတပ်ဖွဲ့များ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ရန် နယ်မြေတစ်ခုဖြစ်သည်။ ရွှယ်အန်းက ကောင်းကင်ကံကြမ္မာကဲ့သို့ တစ်စုံတစ်ရာကို ထုတ်ဖော်ပြသလိုက်ခြင်းမှာ အဆီအသားတစ်ပိုင်းကို ကော်လီဆီယမ်ထဲသို့ ပစ်ချခြင်းဖြစ်၍ အဖွဲ့အစည်းများစွာကို စတင်တိုက်ခိုက်စေသည်။

ယနေ့တွင် ရွှယ်အန်းသည် သူ၏ရုံးခန်းထိုင်ခုံတွင် လက်ဖက်ရည်သောက်လျက် အေးအေးဆေးဆေး ထိုင်နေသည်။ ထိုအချိန်တွင် သူ့ရှေ့ရှိ စားပွဲခုံပေါ်သို့ ကျည်ဆံနှစ်ခု တိုးဝင်လာသည်။ ကျည်ဆန်များကို ပစ်ခတ်ခဲ့သူသည်မူ ရွှယ်အန်းပြုလိုက်သော တာအိုဓားချီဖြင့် အသတ်ဖြတ်ခံလိုက်ရပြီးဖြစ်သည်။

ဤခံစားချက်သည် အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်း၏။

လှောင်ပြောင်နေသော ကလေးငယ်များနှင့်တူသည်။ ရွှယ်အန်းသည် ၎င်းကို ဂိမ်းတစ်ခုကဲ့သို့ပင် စတင် သဘောထား၍ ပို၍ နှစ်သက်လာသည်။ ဆေးဝါးစက်ရုံကို ယခုအခါ ကောင်းကင်ကံကြမ္မာဆေးဝါးထုတ်လုပ်ရေးစက်ရုံဟု အမည်ပြောင်းခဲ့သည်။

မရေမတွက်နိုင်ဖွယ်များပြားသော မျက်လုံးများက စောင့်ကြည့်နေကြပြီဖြစ်သော်လည်း ရွှယ်အန်းသည် အရာအားလုံးကို ကြိုတင် ခန့်မှန်း၍ ကြီးကြပ်ဖွဲ့စည်းခဲ့သည်။

"အစ်ကို(၂) နောက်ထပ်တိုက်ခိုက်ပြန်တာလား"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ပြီးတော့ အဲ့တာက လုံးဝအရည်အချင်းမရှိတဲ့ သတ်ဖြတ်မှုပဲ။ ကြည့်ရတာ ကျုပ်တို့ စားပွဲခုံအသစ်ဝယ်ရတော့မယ်ထင်တယ်”

ကျောက်ရွှယ်ဟွေ့က မျက်မှောင်ကြုတ်လိုက်သည်။

"ဒီလိုမျိုး ထာဝရ ဆက်သွားနေလို့မဖြစ်ဘူး”

ရွှယ်အန်းက ပြုံးလိုက်သည်။

“ဒါဟာ ထာဝရ တည်ရှိနေမှာ မဟုတ်ပါဘူး။ အချင်းချင်း စုံစမ်းနေကြသလိုပါပဲ။ သူတို့က ငါ့ရဲ့ အဓိကအချက်ကို မသိတဲ့အတွက် စုံစမ်းဖို့ ဒီနည်းလမ်းကို သုံးကြပေမယ့် ကံမကောင်းတာက သူတို့ ပိုလုပ်လေလေ ပိုရှုပ်လေလေ"

ရွှယ်အန်းပြောခဲ့သကဲ့သို့ပင် ယခုအချိန်တွင် အခြားနိုင်ငံများမှ ထောက်လှမ်းရေးအကြီးအကဲများအားလုံး၏ မျက်နှာများ ပြာနှမ်းလျက်ရှိကြသည်။

ယခုအချိန်တွင် ၎င်းတို့ဘက်မှ အမှုထမ်းများစွာ ဆုံးရှုံးခဲ့ရသော်လည်း ရွှယ်အန်း၏ အိမ်ရှေ့တံခါးကိုပင် မည်သူမျှ မဝင်နိုင်ခဲ့ကြပေ။ ယနေ့အထိ အဖွဲ့အစည်းအားလုံးသည် မည်သည့်အတွင်းသတင်းကိုမျှ မယူနိုင်ကြသေးပေ။ နောက်ပိုင်းတွင် လူများက ဤစစ်ဆင်ရေးကို ထောက်လှမ်းရေးတပ်ဖွဲ့များကြားမှ လှံကွဲတိုက်ပွဲဟု ဆိုကြသည်။

ယနေ့တွင် ယန်ပင်းယီသည် အသေးအဖွဲကိစ္စများကို ကိုင်တွယ်ဖြေရှင်းရသောကြောင့် စက်ရုံသို့ မသွားရသေးပေ။ ၎င်းတို့နှင့်ဆက်ဆံပြီးသည့်နောက် သူစတင်ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြိဖြစ်၏။ ကားထဲမှ ထွက်ခါနီးတွင် ကားနောက်ဖင်သို့ ဝင်ဆောင့်လိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့် ကားပေါ်မှ ဆင်းလာသောအခါ ပန်းရောင်ကားက သူ့ကားကို နောက်မှ ဝင်တိုက်ထားသည်ကို မြင်လိုက်ရသည်။

ယန်ပင်းယီက မျက်မှောင်ကြုတ်၍ တောင်းပန်သောမျက်နှာထားမျိုးဖြင့် ထွက်လာသော မိန်းကလေးကို မြင်လိုက်ရသည်။ မိန်းကလေးသည် အလွန်လှပသည်မဟုတ်သော်လည်း အတော်အတန်ကြည့်ကောင်း၍ ယန်ပင်းယီကို အဆက်မပြတ်တောင်းပန်လျက်ရှိသည်။

"တကယ်တောင်းပန်ပါတယ် ကျွန်မတမင်လုပ်တာမဟုတ်ပါဘူး”

ကားမောင်းနေသော မိန်းကလေးကို မြင်လိုက်ရသောအခါ ယန်ပင်းယီ၏ ကြုတ်ထားသော မျက်မှောင်မှာ အနည်းငယ် ပြေလျော့သွားသည်။

"ရပါတယ် အာမခံပဲသွားကြည့်ကြရအောင်” ယန်ပင်းယီကပြောသည်။

"အဲ...ထားပါတော့ ကျွန်မ ဒီနှစ်မှာ မတော်တဆမှုတွေ အများကြီးဖြစ်ခဲ့တယ်" မိန်းကလေးက လျှာထုတ်ပြလျက်ပြောသည်။

"ကျွန်မရှင့်ကို တိုက်ရိုက်ပေးပါ့မယ်”

ယန်ပင်းယီသည် မည်သည့်အရာကိုမှ သံသယမ၀င်ဘဲ စျေးနှုန်းကို ရိုးရှင်းစွာပြောလိုက်သည်။

“ကျွန်မ ရှင့်ကို WeChat မှာ အပ်ပြီးမှ ငွေလွှဲလို့ရလား။ နောက်မှ ပြဿနာတစ်ခုခုရှိနေရင်လည်း ကျွန်မကို ဆက်သွယ်လို့ရပါတယ်”

ယန်ပင်းယီခေါင်းညိတ်လိုက်သည်။

WeChat တွင် တစ်ယောက်နှင့်တစ်ယောက် အကောင့်အပ်ပြီးနောက် ကောင်မလေးက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြော၏။

“ကျွန်မနာမည် ယွမ်ရှောင်ရှားပါ။ ရှင့်နာမည်မေးလို့ရမလား"

"ငါ ယန်ပင်းယီပါ" ယန်ပင်းယီက အနည်းငယ်ပြုံး၍ ပြောသည်။

"ပြဿနာဖြစ်ရတဲ့အတွက် တောင်းပန်ပါတယ်"

"ရပါတယ်" ယန်ပင်းယီက ပြောပြီးသည်နှင့် ကားမောင်းထွက်သွားသည်။

ယွမ်ရှောင်ရှားသည် ယန်ပင်းယီ၏ကား မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကိုကြည့်လျက် တဖြည်းဖြည်းနှင့် သူမ၏ အပြုံးက မှေးမှိန်သွားသည်။

"ပထမခြေလှမ်းက မမျှော်လင့်ဘဲ ချောချောမွေ့မွေ့ဖြစ်သွားတယ်။ ဒီမစ်ရှင်က စိန်ခေါ်မှု သိပ်မရှိပုံပဲ"

နောက်နေ့ညနေ။

ယန်ပင်းယီသည် ညစာစားရန် ကော်ဖီဆိုင်သို့သွားရန် ပြင်ဆင်နေရာ ဖုန်းမြည်လာသဖြင့် ဖုန်းကို ထုတ်ကြည့်လိုက်သည်။ We Chat တွင် ယွမ်ရှောင်ရှားပို့ထားသော မက်ဆေ့ချ်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းသည် တောင်းပန်းသည့်အပြုံးမျက်နှာစတစ်ကာတစ်ခုနှင့်အတူ အသံမက်ဆေ့ချ်တစ်ခုလည်းပါသည်။

ယန်ပင်းယီက အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် နားထောင်ကြည့်ရန် နှိပ်လိုက်သည်။

“မနေ့ကအတွက် စိတ်မကောင်းပါဘူး။ ဒီည ရှင်အချိန်ရရင် ရှင့်ကို ပေါ့ပေါ့ပါးပါး ညစာစားဖို့ ဖိတ်ချင်ပါတယ်"

ယန်ပင်းယီအသက်ပြင်းပြင်းရှုလိုက်ပြီးမှ စာပြန်ပို့လိုက်၏။

“အိုကေ”

ညနေပိုင်း။

ကျုံးတုရှိ သာမန်ကျသော စားသောက်ဆိုင်တစ်ဆိုင်တွင် ယန်ပင်းယီသည် သပ်ရပ်စွာ၀တ်စားဆင်ယင်၍ ရင်သပ်ရှုမောဖွယ် လှပသော ယွမ်ရှောင်ရှားကို စိုက်ကြည့်ကာ အနည်းငယ် အံ့သြနေမိသည်။

"ဘာလို့ ကျွန်မကို စိုက်ကြည့်နေတာလဲ" ဤသို့ပြောလျက် သူမ၏ ပါးပြင်များ အနည်းငယ်နီးမြန်လာသည်။

"အိုး...တောင်းပန်ပါတယ်။ ကျွန်တော် အံ့သြသွားလို့ပါ"

ယွမ်ရှောင်ရှားက မျက်လုံးများမှိတ်သည်အထိ ရယ်မောလိုက်သည်။

“ရှင် ရှင့်ကောင်မလေးကို ဒီလိုပဲပြောနေကျလား”

ယန်ပင်းယီက ခေါင်းခါလိုက်သည်။

“ကျွန်တော့်မှာရည်းစားမရှိဘူး”

"ဘယ်လိုဖြစ်ပြီးတော့ ရှင့်လို လူတော်မျိုးက ရည်းစားမရှိရတာလဲ”

"အတိအကျပြောရမယ်ဆိုရင် ကျွန်တော် အရင်က တစ်ယောက်ရှိခဲ့ဖူးပါတယ်" ယန်ပင်းယီက ခါးသက်စွာပြုံး၍ ပြောလိုက်သည်။

ယွမ်ရှောင်ရှားကခေါင်းညိတ်လိုက်၏။

"တောင်းပန်ပါတယ် ကျွန်မမမေးလိုက်သင့်ဘူး"

နှစ်ယောက်သား စားသောက်လျက် စကားစမြည်ပြောကြရာ စကားလက်ဆုံကျလာကြသည်။ ထမင်းစားပြီးနောက် ယွမ်ရှောင်ရှားသည် စားသောက်ဆိုင်မှ အနည်းငယ် မူးလျက် ထွက်လာသည်။

"ရှင်… ကျွန်မကို အိမ်ပြန်ပို့လို့ရမလား" ယွမ်ရှောင်ရှား ခပ်တိုးတိုးမေးလိုက်သည်။

မှန်သည်။ မိန်းကလေးတစ်ဦးက ဤသို့ တောင်းဆိုလျှင် မည်သည့်ယောက်ျားကမျှ ငြင်းလိမ့်မည်မဟုတ်ပေ။

ယန်ပင်းယီသည် တက္ကစီတစ်စီးကို လှမ်းခေါ် ကာ ယွမ်ရှောင်ရှားကို အိမ်သို့ ခေါ်သွားခဲ့သည်။

အပြန်လမ်းတွင် ယွမ်ရှောင်ရှားသည် ယန်ပင်းယီ၏ပခုံးပေါ်တွင် ခေါင်းမှီလျက် အိပ်ပျော်သွား၏။

သူမနေရာသို့ရောက်သည်အထိ ယွမ်ရှောင်ရှားသည် ကောင်းကောင်းအိပ်ပျော်နေသေးသည်။

ယန်ပင်းယီက အိမ်ရှေ့တံခါးဝထိ လိုက်ပို့ရုံမှတပါး အခြားလုပ်နိုင်သောအရာမရှိတော့ပေ။ ဝင်ပြီးနောက် ယန်ပင်းယီသည် သူမကို ဆိုဖာပေါ်တင်ကာ လှည့်ထွက်တော့မည့်ဆဲဆဲတွင် ယွမ်ရှောင်ရှားက သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

"ကျွန်မ ဒီမှာ တစ်ယောက်တည်းနေရမှာ တကယ်ကြောက်တယ် ရှင်ကျွန်မနဲ့ နေပေးလို့ရလား"

ယန်ပင်းယီက တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။

ယွမ်ရှောင်ရှားသည် ယန်ပင်းယီ၏ ပခုံးထက်၌လဲလျောင်းလျက် ရုတ်တရက် စကားပြောလာ၏။

"ရှင် ကျွန်မကို မကြိုက်ဘူးလား" ယွမ်ရှောင်ရှား၏မျက်လုံးများသည် ပိုးသားကဲ့သို့ ဆွဲဆောင်မှုရှိသည်။

ဤသို့ညမျိုးတွင် ချောမောလှပသော မိန်းမချောလေးတစ်ယောက်က မိမိရင်ခွင်ထဲရောက်နေပါက သံမဏိလူသားတစ်ယောက်ပင်လျှင် တုန်လှုပ်သွားရပေလိမ့်မည်။

ယွမ်ရှောင်ရှားသည် ယခုအချိန်တွင် နွေးထွေးစွာ ဆွဲဆောင်နေသောကြောင့် ပို၍ပင် ဖြစ်နိုင်သည်။

သို့သော် နောက်ထပ်တစ်စက္ကန့်တွင် သူမ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။

ယန်ပင်းယီက သူမကို အေးစက်စွာကြည့်နေ၏။

"မင်းရဲ့ ကြိုးစားအားထုတ်မှုကို မဖြုန်းတီးပါနဲ့။ မင်းက ဆေးနောက်လိုက်နေတာပဲမဟုတ်လား”

ယွမ်ရှောင်ရှား၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူမက ပေါ့ပေါ့ပါးပါးရယ်မောလိုက်သည်။

"ရှင်ဘာတွေပြောနေတာလဲ ကျွန်မနားမလည်ဘူး"

ယန်ပင်းယီသည် သူ့လက်ကို ဖြည်းညှင်းစွာဆွဲထုတ်၍ မတ်တပ်ရပ်ကာ ပြုတ်နေသော ကြယ်သီးများကို တပ်ပေး၍ အေးစက်စွာပြောလိုက်သည်။

“အစတည်းက မင်းအမှားတွေအများကြီးလုပ်ခဲ့တာ သိသာလွန်းတယ်”

အခန်း (၂၀၃) မင်ဖုန်းတောင်တိုက်ပွဲ

ယွမ်ရှောင်ရှား၏ မျက်နှာတွင် အရက်မူးနေသည့်အငွေ့အသက်များရှိနေသေးကာ သူမက ခပ်ပါးပါးရယ်လိုက်သည်။

“ရှင်မူးနေတာမလား။ ရှင်မူးနေတာပဲဖြစ်ရမယ်”

ယန်ပင်းယီသည် ထိုစကားလုံးများကို ဥပက္ခာပြုထား၏။

"ဘယ်မိန်းကလေးကမှ ဘယ်မောင်းဂီယာနဲ့ကားကို မမောင်းဘူးကွ။ အဲ့တာမင်းရဲ့အကြီးမားဆုံး ချို့ယွင်းချက်ပဲ”

သူ့စကားများကြောင့် ယွမ်ရှောင်ရှား၏ မျက်နှာထက်၌ အရိပ်တစ်ခု ဖုံးလွှမ်းသွားကာ သူမ၏ မျက်လုံးများထဲမှ မူးယစ်ခြင်းအငွေ့အသက်များလည်းပျောက်ကွယ်သွားသည်။

"ကျွန်မရှင့်ကို လျှော့တွက်ခဲ့တယ်၊ ဒါပေမယ့် လေ့ကျင့်ထားတဲ့ အထူးအေးဂျင့်ကို ဒေါသထွက်စေတဲ့ အကျိုးဆက်တွေကို ရှင်စဉ်းစားဖူးလား။"

ယန်ပင်းယီက ခပ်ပါးပါး ရယ်မောလိုက်သည်။ "ဆေးဝါးစက်ရုံပိုင်ရှင်ကို စော်ကားမိတဲ့အတွက် နောက်ဆက်တွဲအကျိုးဆက်တွေကို မင်းစဉ်းစားပြီးပြီလား"

“ရှင်…” ရုတ်တရက် ယွမ်ရှောင်ရှားသည် မျက်လုံးများဝေဝါးလာသကဲ့သို့ခံစားလိုက်ရသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျွန်မတစ်ချိန်လုံးသတိထားတယ်။ ရှင် ကျွန်မကို ဘယ်လိုဆေးခပ်လိုက်တာလဲ” ယွမ်ရှောင်ရှားက ထိတ်လန့်စွာပြောသည်။

သူမကိုကြည့်နေသော ယန်ပင်းယီ၏မျက်နှာထက်တွင် သရော်လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။

"အရက်ထဲမှာ ဘာဆေးမှမရှိပေမယ့် တက္ကစီထဲမှာတော့ တစ်ခုရှိတယ်လေ"

ယွမ်ရှောင်ရှားက တစ်ခုခုထပ်ပြောချင်သော်လည်း ဘာမှမသိတော့ဘဲ အိပ်ပျော်သွားခဲ့သည်။

ယန်ပင်းယီက ယွမ်ရှောင်ရှားကို ကောင်းကင်ကံကြမ္မာဆေးဝါးစက်ရုံသို့ ပြန်ခေါ်သွားချိန်တွင် အခြားသူများလည်း ရွှယ်အန်းကိုတွေ့ရန်ရောက်ရှိလာခဲ့သည်။

ချောမောလှပသော အမျိုးသမီး အထူးအေးဂျင့်တစ်ဦးဖြစ်သည်ကို မြင်လိုက်ရသဖြင့် ချောင်လဲ့သည် အနည်းငယ် စိတ်ဆိုးသံဖြင့်ပြော၏။

"ငါက တိရစ္ဆာန်တွေကိုကိုင်တွယ်နေရချိန်မှာ မင်းကျ အမျိုးသမီး အထူးအေးဂျင့်တွေရဲ့ လှည့်ဖြားမှုကို ဘာလို့ ခံရတာလဲ"

ယန်ပင်းယီဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ညီ(၂) ဒီလူတွေနဲ့ ဘာလုပ်ဖို့ စီစဉ်ထားလဲ” ကျောက်ရွှယ်ဟွေ့က ဤလူများသည် အနည်းငယ်ဒုက္ခပေးသည်ဟု ခံစားမိသည်။

"စကားပြောပြီးရင် လွှတ်ပေးလိုက်တော့" ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။

"သူတို့ကို သွားခွင့်ပြုမှာလား"

"ဟုတ်တယ် တခြားဘာလုပ်လို့ရလို့လဲ"

“ဒါပေမယ့်…”

“စိတ်မပူပါနဲ့။ ဒီလူတွေက ပြန်ပြီးတာနဲ့ တစ်ဖက်ကို ပိုဒုက္ခပေးလိမ့်မယ်၊ အဲ့တာက သူတို့ကိုသတ်တာထက် ပိုအကျိုးရှိတယ်” ရွှယ်အန်းက ပေါ့ပါးသော အပြုံးဖြင့် ပြောသည်။

အမှန်စင်စစ် သူပြောခဲ့သည့်အတိုင်းပင် ဤလူများကို လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့အားလုံးသည် မှတ်ဉာဏ်ရှုပ်ထွေးမှုဒဏ်ကို ခံစားနေကြရသည်။

ဤအရာက ၎င်းတို့ကို စစ်ဆေးမေးမြန်းသူတိုင်းကို တုန်လှုပ်စေသည်။ ရက်အနည်းငယ်အတွင်းတွင်၊ ဤလက်ရွေးစင် အထူးအေးဂျင့်များအားလုံးသည် ပြောင်းလဲသွားခဲ့သည်။

ဤဆေးဝါးစက်ရုံသည် ဤမျှမရိုးရှင်းပုံရသည်။ ဤဟန့်တားမှုကြောင့် အချိန်အတော်ကြာအောင် ထောက်လှမ်းရေးအတွက် မည်သူမျှ ပေါ့ပေါ့ဆဆ မစုံစမ်းရဲကြပေ။

ထို့အပြင် ကောင်းကင်ကံကြမ္မာ ဆေးဝါးစက်ရုံကို အဖွဲ့အစည်းအားလုံးက ထောက်လှမ်းရေး၏ Black Hole ဟုလည်းခေါ်သည်။

ကျုံးတုရှိ အခြားသော တပ်ဖွဲ့များ အနေဖြင့်လည်း ယခုအခါ ငြိမ်သက်သွားခဲ့သည်။ ၎င်းတို့ အလွန်မျှော်လင့်ထားသော တိုက်ပွဲသည် နောက်ဆုံးတွင် ရောက်ရှိလာပြီ ဖြစ်သည်။

မင်ဖုန်းတောင်သည် မူလက အလွန်မြင့်မားသော သို့မဟုတ် အထူးလှပသော တောင်ထွတ်မဟုတ်ပေ။ ခရီးသွားဧည့်သည် အနည်းငယ်သာ တွေ့ရတတ်သည်။ သို့သော် ယနေ့ မိုးလင်းမှ စ၍ မော်တော်ယာဉ်များ အဆက်မပြတ် စည်ကားလာသည်။

ကောင်းကင်၌ နေမြင့်လာချိန်တွင် မင်ဖုန်းတောင်၏ အခြေစိုက်စခန်းသည် ယာဉ်မျိုးစုံဖြင့် ပြည့်နေသည်။ ကျုံးတု၏အထက်တန်းလွှာအားလုံးနီးပါးသည် ဤတိုက်ပွဲကို လူကိုယ်တိုင်တွေ့မြင်ရန် စုဝေးလာကြသည်။ သို့ရာတွင် အဆင့်နိမ့်သူများသည် တောင်အောက်ခြေတွင် စောင့်ဆိုင်းခဲ့ကြရမည်ဖြစ်၍ သတ်မှတ်ထားသော အမှတ်အသားနှင့် အဆင့်အတန်းရှိသူများသာ တက်ခွင့်ရှိသည်။

ထိုအချိန်တွင် အမျိုးသမီးတစ်ဦးသည် ဘီးတပ်ကုလားထိုင်တစ်ခုကို တောင်ပေါ်သို့ တွန်းလာရာ ကုလားထိုင်တွင် ထိုင်နေသော အမျိုးသမီးသည် ကျက်သရေရှိစွာလှပ၏။

သူမ ထွက်သွားသည်နှင့် လူတချို့က အချင်းချင်း တီးတိုးပြောလာကြသည်။

"ဒီမိန်းမက ဘယ်သူလဲ။ သူ ဘာလို့ ဒီကို ဘီးတပ်ကုလားထိုင်နဲ့ရောက်နေတာလဲ"

"မင်း သူ့ကို မမှတ်မိဘူးလား။ ဘီးတပ်ကုလားထိုင်ကို တွန်းပေးတဲ့သူက ပန်းသခင်ဝေ့ရူယန်ပါ”

"ပန်းသခင် ဝေ့ရူယန်ဟုတ်လား"

"မှန်တယ် တွန်းခံရတဲ့လူက ဝေ့ရူယန်ရဲ့လက်ရှိ သက်ရှိအဘိဓာန်လို လူသိများကြတဲ့ ဝေ့မိသားစုရဲ့ ကျော်ကြားတဲ့ ဝေ့ရူလန်ပဲ”

အချို့လူများက စူးရှစွာအသက်ရှသွင်းလိုက်ကြသည်။

ဝေ့ရူလန်သည် ကျုံးတုတွင် နာမည်ကောင်းရှိသောကြောင့် လူများစွာသည် ဤသက်ရှိအဘိဓာန်ကို သတိပြုမိကြသည်။ သို့သော သူမသည် မသန်စွမ်းသော မိန်းမပျိုတစ်ယောက်ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။

ထိုအချိန်တွင် ဝေ့ရူယန်က သူ၏ အစ်မတစ်ဝမ်းကွဲကို တော်ပေါ်သို့ တွန်းပို့ပေးနေကာ လမ်းလျှောက်လျက် ညီအစ်မနှစ်ယောက် စကားစမြည်ပြောနေကြသည်။

"အစ်မ၊ ငါ အခုထိ နားမလည်နိုင်သေးဘူး။ ရွှယ်အန်းက ကောင်းကင်ကံကြမ္မာကို သိအောင်လုပ်ဖို့ ဒီအချိန်ကို ဘာလို့ ရွေးရတာလဲ" ဝေရူလန်၏ မျက်နှာသည် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။

ဝေ့ရူယန်က ပြုံး၍ ပြောလိုက်သည်။

“အစ်မလည်းမသိဘူး”

“အခုအချိန်ထက် ပိုဆိုးတဲ့ အချိန်မျိုးတော့ မဖြစ်နိုင်ပါဘူး၊ သူက ဗိုလ်ချုပ်လင်းနဲ့ တစ်တပ်တည်းမှာပဲ ရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဗိုလ်ချုပ်လင်းက သေရေးရှင်ရေးတိုက်ပွဲတွေအများကြီးဖြတ်ခဲ့ပြီးပြီဆိုတော့ သူ ငြိမ်မနေသင့်တော့ဘူးလား”

“သူက ကောင်းကင်ကံကြမ္မာကို ပြပြီး ဆန့်ကျင်ဘက်လုပ်ခဲ့ပြီး အခုတော့ တစ်ကမ္ဘာသူ့အပေါ်မှာအာရုံစိုက်နေကြပြီ။ ဗိုလ်ချုပ်လင်းရှုံးရင် အခြေအနေအရမ်းဆိုးလိမ့်မယ်”

"ဗိုလ်ချုပ်လင်းနိုင်ရင် ဘာဖြစ်မလဲ" ဝေ့ရူယန်က ခပ်ပြုံးပြုံးပြောသည်။

“မဖြစ်နိုင်ဘူး ငါ့ခန့်မှန်းချက်အရ ဗိုလ်ချုပ်လင်းက ရှုံးကိုရှုံးမှာပဲ”

"အိုး… ဘာ"

“သူက သံတမန်ကို ခေါင်းဖြတ်သတ်တဲ့အတွက် သူ့အခွင့်အာဏာက အဲ့လိုနည်းလမ်းတွေသုံးပြီး ထိန်းသိမ်းရတဲ့အထိကျသွားတာက ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး”

သူမ၏ ဝမ်းကွဲစကားကို ကြားသောအခါ ဝေ့ရူယန်၏ မျက်လုံးများထက်တွင် စိုးရိမ်မှုအရိပ်အယောင်များပေါ်လာသည်။

သူမ၏ ခန့်မှန်းချက်များသည် မှန်ကန်ကြောင်း သက်သေပြနေသောကြောင့် ဝေ့ရူလန်၏ စကားကို သူမ အလွန်ယုံကြည်ထားသည်။

တောင်ပေါ်ကို တက်လာပြီး ယခုအချိန်တွင် လူများစွာက စောင့်ဆိုင်းနေကြပြီဖြစ်သည်။ ဝေ့ရူယန်သည် ၎င်းတို့ အကြား၌ ရင်းနှီးနေသော မျက်နှာများကို မြင်လိုက်ရသည်။

ထိုင်ရန် နေရာရှာပြီးနောက် ရွှယ်အန်းလည်းရောက်လာသည်။

သူ၏ အသွင်အပြင်သည် လူအများ၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်။ အထူးသဖြင့် လူများစွာက ရွှယ်အန်းကို မရင်းနှီးစွာဖြင့်ကြည့်နေကြ၏။

သို့သော် ရွှယ်အန်းသည် ဘာသိဘာသာနေမြဲတိုင်းနေလျက်ရှိသည်။

“မစ္စတာရွှယ် ဒီမှာ” ဝေ့ရူယန်က ပေါ့ပါးစွာရယ်၍ လှမ်းခေါ်လိုက်သည်။

မစ္စတာရွှယ်က ပြုံး၍ လမ်းလျှောက်သွားသည်။ သို့သော် ဝေ့ရူလန်သည် ရွှယ်အန်းကို တွေးတောဆင်ခြင်လျက်ကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။

“မစ္စတာရွှယ် ရှင် လတ်တလော လုပ်ခဲ့တဲ့အရာက နည်းနည်း အဆင်အခြင်မဲ့နေတယ်လို့ မထင်ဘူးလား”

ဝေ့ရူယန်က မျက်မှောင်ကြုတ်၍ အော်လိုက်သည်။

"ရူလန်"

ဝေ့ရူလန်က ပြုံး၍ ပြန်ဖြေ၏။

"အစ်မ၊ ညီမလေးကသိချင်စိတ်နဲ့မေးတာပါ မစ္စတာရွှယ်စိတ်မဆိုးလောက်ဘူးမလား"

"ဒါပေါ့ ငါစိတ်မဝင်စားဘူး။ ဒါပေမယ့် ငါ့ဘက်က ပေါ့ပေါ့တန်တန်တော့ လုပ်ခဲ့တာမဟုတ်ဘူး”

ဝေ့ရူလန်က မျက်မှောင်ကြုတ်၍ ရွှယ်အန်းကို ပို၍ အထင်သေးစွာကြည့်လိုက်သည်။

လက်သီးဝှေ့ယမ်းနည်းကိုသာ သိ၍ ဦးနှောက်မရှိသူတစ်ဦးသည် တန်ဖိုးရှိမည်မဟုတ်ပေ။

ဤသို့ဖြင့် ဝေ့ရူလန်၏အကြည့်သည် အနည်းငယ်ပို၍မထီမဲ့မြင်ပြုသဖွယ်ဖြစ်လာရာ တိတ်ဆိတ်စွာဖြင့် ခေါင်းလှည့်သွားခဲ့သည်။

ထိုအချိန်တွင် တောင်ပေါ်သို့ လူအများအပြား ဆက်လက်ရောက်ရှိလာကြသည်။ ဤလူများသည် သိုင်းပညာလောကမှ သခင်အများစုဖြစ်သည်။

အများစုမှာ ဟွာရှားမှဖြစ်သည်။

နောက်ဆုံးအနေဖြင့် ဤအရာသည် ဟွာရှား၏ စစ်နတ်ဘုရားဗိုလ်ချုပ်လင်းနှင့် ဂျပန်နိုင်ငံအကြား နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ဟွာရှားနိုင်ငံသားများအနေဖြင့် ၎င်းတို့သည် ရလဒ်အတွက် လေးနက်သော စိုးရိမ်ပူပန်မှုများ ရှိနေသည်မှာ သဘာဝပင်ဖြစ်သည်။

မွန်းတည့်ချိန်နီးနေပြီဖြစ်သည်။

တောင်ပေါ်၌ နှစ်နာရီသုံးနာရီခန့်စောင့်ပြီးနောက် လူအများ ပင်ပန်းလာကြသည်။

"ဗိုလ်ချုပ်လင်းဟာ ဟိုတလောက သီးသန့်လေ့ကျင့်နေတယ်တဲ့။ သူ့စွမ်းအားတွေကို ပြန်စုဆောင်းဖို့ စီစဥ်နေပုံရတယ်”

"ရှူး သူတို့လာပြီ”

ကီမိုနိုဝတ်ထားသော လူတစ်စု တောင်ပေါ်သို့ တက်လာသည်ကို တွေ့လိုက်ရသည်။ အဖွဲ့ကို ဦးဆောင်သူမှာ ဓားရှည်ကြီးတစ်ချောင်းကို ကိုင်ဆောင်ထားသည့် မိန်းကလေးတစ်ဦးဖြစ်သည်။

ကောင်မလေးသည် သစ်သားဖိနပ်ကို စီးလျက် ဖြည်းညင်းစွာ လျှောက်လာကာ အရာအားလုံးကို ဥပက္ခာပြုထားသည်။

လူအုပ်ကြားတွင် အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။

အချို့က အံ့သြသွားကြသည်။

“အဲဒါက ဂျပန်နိုင်ငံရဲ့ ဝိဉာဥ်နတ်ဘုရားဓားသမားလား။ တကယ်တော့ မိန်းမဖြစ်နေတာလား"

"ဟား ငါတို့ ဗိုလ်ချုပ်လင်း နိုင်မယ့်ပုံပဲ"

သို့သော် ကျွမ်းကျင်သောသိုင်းပညာရှင်အများအပြား၏ မျက်နှာအမူအရာများဆိုးရွားလာသည်။ ၎င်းတို့သည် ဤအမျိုးသမီးနှင့်ပတ်သက်၍ ထူးခြားသော အရောင်အဝါကို မြင်နိုင်ကြသည်။

ရွှယ်အန်းသည်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

‘ဒီမိန်းမ… သူ့ရောင်ဝါနဲ့ပတ်သက်ပြီး နည်းနည်းထူးဆန်းနေတယ်”

အခန်း (၂၀၄) စည်းမျဥ်းသုံးသွယ်ဓား

လူဟုထင်ရသော်လည်း လူမဟုတ်၊ နတ်ဆိုးလည်း အတိအကျမဟုတ်ပေ။ တကယ်ပင် အနည်းငယ်စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ရွှယ်အန်းက ယင်းကို တိတ်တဆိတ်ကြည့်နေသည်။ တကဲအုချီ ခီရိုခိုသည် သူမနောက်လိုက်လာသော အိုရိုချီဘုရားကျောင်းမှ မှလူများနှင့်အတူ တောင်ထိပ်တစ်ဖက်တွင် ရပ်လိုက်ပြီးနောက် မျက်လုံးများကိုမှိတ်ထား၍ သူမ၏ဝိညာဉ်ကို ပျိုးထောင်လိုက်သည်။

ဟွာရှားမှလူများသည် စတင်၍ တိတ်တဆိတ် ဆွေးနွေးကြသည်။

ချီချုန်းရှန်၏ ပါးစပ်ထောင့်တွင် မှိန်ဖျော့သော အပြုံးတစ်ခု ပေါ်လာသည်။ ယမန်နေ့ညက ဂျပန်ပြည်မှ ဤလူများနှင့် တိတ်တဆိတ်အဆက်အသွယ်လုပ်ခဲ့သည်။ ယနေ့ ဗိုလ်ချုပ်လင်း ကွယ်လွန်သွားလျှင် အနာဂါ့တ်ကျုံးတုကို ချီမိသားစုက အပိုင်ရမည်ဖြစ်သည်။

အန်းမိသားစုသည်လည်း အလားတူ ရည်မှန်းချက်များ ထားရှိကြသည်။ သို့သော် နောက်ဆုံးအခိုက်အတန့်မတိုင်ခင်အထိ မိမိတို့သရုပ်မှန်ကို ပြသရန် အချိန်မကျသေးသဖြင့် တိတ်တဆိတ်စောင့်ဆိုင်းကြည့်ရှုရန် ဆုံးဖြတ်ခဲ့ကြသည်။

နေမင်းကြီးသည် လူတိုင်း၏ ဦးခေါင်းထက်သို့ တဖြည်းဖြည်း တက်လာသည်။ နေရောင်ခြည်သည် ပြင်းထန်သောကြောင့် လူများ၏ အမြင်အာရုံကို ဝေဝါးသွားသည်။

ရုတ်တရက် တကဲအုချီ ခီရိုခိုသည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

"သူတို့ ဒီရောက်နေပြီ”

ထို့နောက် ၎င်းတို့သည် တောင်ပေါ်သို့ ပျံသန်းလာသကဲ့သို့ ပြေးတက်လာသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် လူအုပ်ကြီးတစ်ခုလုံး တုန်လှုပ်ချောက်ခြားသွားကာ ထိုသူက တောင်ထိပ်သို့ရောက်လာသည်။

"အဲတာ ဗိုလ်ချုပ်လင်း"

"ဗိုလ်ချုပ်လင်း လာပြီ"

ဗိုလ်ချုပ်လင်းသည် တောင်ထိပ်ပေါ်တွင် ရပ်ကာ လူအုပ်ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြကာ တကဲအုချီ ခီရိုခိုကို ကြည့်လိုက်သည်။

"ဝိဉာဥ်နတ်ဘုရားဓားသမားအသစ်က မိန်းမဖြစ်နေမယ်လို့ ငါ မမျှော်လင့်ထားဘူး"

တကဲအုချီ ခီရိုခို၏ နဂိုက ကျက်သရေရှိသော မျက်နှာပေါ်၌ ရက်စက်သော အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။

"ဗိုလ်ချုပ်လင်း လွန်ခဲ့တဲ့ ဆယ်နှစ်က မင်းငါ့ကို မင်းရဲ့ဓားနဲ့ခုတ်ခဲ့တယ်။ ဒီနေ့ ငါ မင်းကို အဲ့ဓားအတွက် ပြန်လက်စားချေမယ်”

ဗိုလ်ချုပ်လင်း၏ မျက်လုံးများ အေးစက်သွားသည်။ ဂျပန်နိုင်ငံ၏ ဝိဉာဥ်နတ်ဘုရားဓားသမားသည် အမေ

အမွေအနှစ်နှင့်တူသော တည်ရှိမှုတစ်မျိုးဖြစ်ကြောင်း သူသိသည်။ သို့သော် မှတ်ဉာဏ်များကိုပါ အမွေဆက်ခံနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ငါမင်းကို သတ်နိုင်ခဲ့တယ်၊ နောက်ဆယ်နှစ်လောက်ကြာလည်း ဒါကအတူတူပဲ" ထိုစကားပြောပြီးနောက် ဗိုလ်ချုပ်လင်းသည် သူ့ဓားကို ဓားအိမ်မှ ရုတ်တရက် ဆွဲထုတ်လိုက်သည်။

ဓားချီက ကောင်းကင်ယံသို့ ဖြာထွက်လာကာ စောင့်ကြည့်နေသော လူအုပ်ကြီးကို မီတာတစ်ရာကျော် နောက်ပြန်ဆုတ်သွားစေသည်။

ဤအခိုက်တွင် ဝေရူလန်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

“ဗိုလ်ချုပ်ရဲ့ တိုက်ပွဲက နည်းနည်းစိုးရိမ်စရာကောင်းလာပြီ။။ သူ့ဓားကို အရင်ထုတ်လိုက်တော့ သူ့အစွမ်းအစကို ကြိုပြလိုက်သလိုဖြစ်သွားတာ သတိမထားမိဘူး”

ဘေး၌ရပ်နေသော ရွှယ်အန်းက ဤသည်ကို ကြားသောအခါ အနည်းငယ်ပြုံးလိုက်သည်။

"ဒီတိုက်ပွဲမှာ ဗိုလ်ချုပ်လင်းကို မင်း သိပ်မျှော်လင့်ချက်မထားဘူးထင်တယ်"

"မှန်ပါတယ်၊ ကျွန်ကျွန်မအမြင်အရတော့ ဗိုလ်ချုပ်လင်းက ရှုံးကို ရှုံးတော့မှာမို့လို့ ကောင်းကင်ဘုံသဘောတူညီချက်ကို ကြိုကြေငြာလိုက်တာဟာ လုံးဝမိုက်မဲတဲ့ လုပ်ရပ်ပဲ"

"ရူလန် မင်းလျှာမင်းထိန်း” ဝေရူယန်က အသံတိုးတိုးဖြင့် ပြစ်တင်လိုက်သည်။

"ဒါအမှန်တရားပဲမဟုတ်လား။ မယုံရင် စောင့်ပြီး ရလဒ်ကို ကြည့်လိုက်ပါ။” ဝေရူလန်က အေးစက်စွာ ရယ်မော၍ ကွင်းလယ်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင် ဗိုလ်ချုပ်လင်းသည် လက်ထဲတွင် ဓားတစ်လက်ကိုင်လျက် အရှိန်အဟုန်ဖြင့် တက်လာပြီး တခဏချင်းတွင် လွတ်မြောက်အင်မော်တယ်အဆင့်ကို ဖြတ်ကျော်ကာ လေးနက်သော နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားသည်။

သိုင်းပညာရှင်အားလုံး တစ်ခဲနက် အရောင်ပြောင်းသွားကြသည်။

"ဒါ အင်မော်တယ်စွမ်းအားပဲ"

"ဗိုလ်ချုပ်က တကယ့်ကို စွမ်းအားကြီးတယ်"

“ဟွာရှားရဲ့ အင်မော်တယ်ကချန်ထားခဲ့တဲ့ ဒီဓားကို အလင်းရောင်စီးမျောခြင်းလို့ခေါ်တယ်။ ဒီနေ့ ဒီဓားကိုကိုင်ပြီး မင်းကို မင်ဖုန်းတောင်မှာ သတ်ပစ်မယ်"

တကဲအုချီ ခီရိုခိုသည် ထူးဆန်းစွာရယ်မောလိုက်ပြီးနောက် သူမ၏ ကီမိုနိုသည် လေတိုက်ခြင်းအလျင်းမရှိဘဲ စတင်၍ လှုပ်ခါလာကာ သူငယ်အိမ်များလည်း အနက်ရောင်ပြောင်းသွားသည်။

ကြည့်သူ၏ကျောရိုးတစ်ယောက် အေးစက်သွားစေနိုင်သော နက်မှောင်မူ။

"ကောင်းပြီ ငါမင်းကိုသတ်ပြီးတာနဲ့ ကြီးမားကျယ်ပြန့်တဲ့ ဟွာရှားမှာ အင်မော်တယ်ရှိတော့မှာမဟုတ်ဘူး။

ပြီးတော့ ကျွန်မက ဆန့်ကျင့်ဘက်ကို ပြေးနိုင်တယ်”

တကဲအုချီ ခီရိုခို၏ ခံစားချက်မဲ့သော အသံနှင့်အတူ သူမ၏ရောင်ဝါက ရုတ်တရက် ပေါက်ကွဲသွားသည်။

လူအားလုံး၏ မျက်နှာများက အရောင်ပြောင်းသွားသည်။

"ဒါဟာ အင်မော်တယ်တင်မဟုတ်တော့ဘူး။ အင်မော်တယ်အဆင့်ကိုပါ ကျော်သွားပြီထင်တယ်”

ဗိုလ်ချုပ်လင်း၏ အမူအရာ ဆိုးရွားသွားပြီးနောက် သူ့လက်ထဲမှ ဓားသည် ရုတ်တရက် ရင်သပ်ရှု့မောဖွယ် ဓားကွေးတစ်ခုအဖြစ်ပြောင်းလဲ၍ တကဲအုချီ ခီရိုခို ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားသည်။

“ဓားပျံကခေါင်းဖြတ်စေ” ဗိုလ်ချုပ်လင်းက အေးစက်စွာအော်လိုက်သည်။

ဓားသည် လျင်မြန်စွာ ခုန်တက်သွား၍ ချက်ချင်းပင် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ သို့သော် ဓား

အရှိန်မြန်သကဲ့သို့၊ တကဲအုချီ ခီရိုခိုသည် သူမ၏လက်ကို ဆန့်ထုတ်၍ ယင်းကို လက်နှစ်ချောင်းကြား၌ ဖမ်းလုကိ်သည်။ ကြီးမားသော ဓားစွမ်းအင်သည် တကဲအုချီ ခီရိုခို ၏နောက်ကွယ်ရှိ သစ်တောကျယ်ကြီးကို တိုက်ရိုက်ဖျက်ဆီးလိုက်သော်လည်း ခီရိုခိုပေါ်ရှိ ဆံပင်တစ်ပင်ကို မထိခိုက်စေခဲ့ပေ။

"မြန်ပေမယ့် မလုံလောက်ဘူး" တကဲအုချီ ခီရိုခိုက လှောင်ပြုံးပြုံး၍ ပြောသည်။

သူမ ပြုံးလိုက်သောအခါတွင် သူမ၏ နှုတ်ခမ်းထောင့်စွန်းသည် နားရွက်တက်ချိတ်လုနီးပါးဖြစ်ကာ နတ်ဆိုးဆန်လွန်းလှသည်။

သို့သော် ဗိုလ်ချုပ်လင်းသည် ခေတ္တမျှပင် မရပ်ဘဲ သူ့လက်တစ်ဖက်ဖြင့် တိုက်ခိုက်လိုက်သည်။

“လူသားက ကမ္ဘာမြေနောက်လိုက်တယ်”

အလင်းရောင်စီးမျောခြင်းဓားသည် ရုတ်တရက် အလွန်လေးလံလာကာ တကဲအုချီ ခီရိုခို၏ သိမ်မွေ့သော လက်ချောင်းများသည် ချက်ချင်းပင် ပြတ်တောက်သွားသည်။ တစ်ချိန်တည်း၌ပင် ဓား၏အရှိန်သည် တောင်ကြီးတစ်ခုကဲ့သို့ဖြစ်၍ တကဲအုချီ ခီရိုခိုကို ခြေလှမ်းတစ်ဒါဇင်ကျော်ခန့် လွင့်ပျံသွားစေသည်။

လူအုပ်ကြားမှ အံ့အားသင့်သောအသံမျိုးစုံထွက်ပေါ်လာသည်။

မျက်နှာများစွာထက်တွ၍် အပြုံးများ ပေါ်လာသည်။

သို့သော် တကဲအုချီ ခီရိုခိုသည် မြေပြင်မှ ဖြည်းညှင်းစွာထလာကာ သူမ၏ ခန္ဓာကိုယ်သည် ဓားစွမ်းအင်ကြောင့် လောင်ကျွမ်းနေသော အရိပ်အယောင်များ ထင်ထင်ရှားရှား ပေါ်လွင်နေသော်လည်း သူမ၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ရှိနေသေးသည်။

"ထပ်လာခဲ့"

အသံသည် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

လူများစွာ၏ အမူအရာများ ဆိုးရွားလာသည်။ သို့သော် ဗိုလ်ချုပ်လင်း၏ အမူအရာမှာ မည်သို့မျှ မထူးခြားသကဲ့သို့ တည်ငြိမ်နေ၏။

“ကမ္ဘာမြေက ကောင်းကင်ဘုံနောက်လိုက်တယ်”

တကဲအုချီ ခီရိုခို ပတ်လည်မီတာ တစ်ဒါဇင်ကျော်အတွင်းဧရိယာကို ဓားအလင်းတန်းများစွာက ချက်ချင်းဖုံးလွှမ်းသွားသည်။

"ဒါက စည်းမျဥ်းသုံးသွယ်ဓားသိုင်းပဲ" ဝေ့ရူလန်က မျက်တောင်ခတ်လျက် နူးညံ့စွာပြော၏။

တကဲအုချီ ခီရိုခိုသည် ခုခံ၍မရနိုင်သော ဓားကို ရင်ဆိုင်လျက် ပြုံးနေဆဲဖြစ်သည်။

"ဒါက မင်းရဲ့ အစွမ်းအစအကုန်ပဲလား ဗိုလ်ချုပ်လင်း၊ မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဆယ်နှစ်တာအတွင်း အတော် ဆုတ်ယုတ်သွားပုံပဲ”

ထိုသို့ပြောပြီးနောက် တကဲအုချီ ခီရိုခို သည် သူမ၏လက်ကို ဓါးအဖြစ်အသုံးပြုကာ ရှေ့သို့တိုး၍ ခုတ်ပိုင်းချလိုက်သည်။

ဘွန်း

ဤဓားချက်သည် ဓားအလင်းတန်းအားလုံးကို ခြေမွပစ်လိုက်ရာ ဓားသွားတောင်တစ်စင်းနှင့်တူသည်။ အလင်းရောင်စီးမျောခြင်းဓားသည် နောက်သို့ အရှိန်ပြင်းစွာလွင့်ထွက်သွား၏။

အထူးသဖြင့် ဟွာရှားမှလူများသည် အလွန်အမင်း အံ့အားသင့်နေကြ၏။ ဂျပန်နိုင်ငံမှ ဝိဉာဥ်နတ်ဘုရားဓားသမားည် ဤမျှ ကြောက်မက်ဖွယ်ကောင်းနိုင်သလော။

သို့သော် ဤအခိုက်တွင် ဗိုလ်ချုပ်လင်းက မြေပြင်သို့ ငုံ့ကြည့်လျက် ကြုံးဝါးလိုက်၏။

"ကောင်းကင်ဘုံက လမ်းစဥ်အတိုင်းပဲ”

ဤသည်မှာ ဥပဒေသုံးဓား၏ အပြင်းထန်ဆုံး သိုင်းကွက်များထဲမှ တစ်ခုဖြစ်သည်။

အလင်းပျောက်ကွယ်သွားသည်။

ဗိုလ်ချုပ်လင်း၏ လက်ထဲတွင် ဓားမရှိ‌တော့သော်လည်း မီတာတစ်ရာအကွာအဝေးအတွင်း၌ နေရာတိုင်းတွင် ရုတ်တရက် ပေါ်လာသော ဓားသွားများရှိနေသည်။ ဓားချီများစွာရှိနေ၍ ဓားစွမ်းအင်များ ပေါများလှသည်။ ဤမီတာတစ်ရာအတွင်းကို ဗိုလ်ချုပ်လင်းသည် သူ့ကိုယ်ပိုင်နယ်မြေအဖြစ် ပြောင်းလဲခဲ့သည်။

နောက်ဆုံးတွင် တကဲအုချီ ခီရိုခို၏ မျက်နှာပေါ်တွင် လေးနက်မှု အရိပ်အယောင်များ ပေါ်လွင်လာသော်လည်း သူမက ဘာသိဘာသာရပ်နေသေးသည်။

"ဟား အခု နည်းနည်း ကောင်းလာပြီ”

ရုတ်တရက် တကဲအုချီ ခီရိုခို၏ ရင်ဘတ်ရှေ့ ညာဘက်မှ ဓားတစ်ချောင်း ထိုးဖောက်သွားသည်။

လူအုပ်ကြီးက အံ့အားသင့်စွာ အော်ဟစ်၍ ဟွာရှားမှ လူများ သက်ပြင်းချကြသည်။

စစ်သူကြီးသည် ကြောက်မက်ဖွယ်ကောင်းနေသေးသည်ဟု တွေး၍ နောက်ဆုံးတွင် သူသည် ဤလူသားတစ်ဝက်၊ နတ်ဆိုးတစ်ဝက်သတ္တဝါကို အနိုင်ယူနိုင်ခဲ့သည်။

ဝေရူလန်ကဲ့သို့ သူများ၏ အမူအရာများကသာ ပို၍ လေးနက်လာသည်။

ထိုအချိန်တွင် တကဲအုချီ ခီရိုခိုသည် သူမ၏ ရင်ဘတ်ရှိဓားကို ငုံ့ကြည့်ကာ ပေါ့ပေါ့ပါးပါး ရယ်မော၍ ခေါင်းယမ်းလိုက်သည်။

"မင်းငါ့ကို နာကျင်စေနိုင်တယ်လို့ ထင်ရင် ကိုယ့်ကိုကိုယ် ဂုဏ်ယူသင့်တယ်"

ဤသို့ပြော၍ တကဲအုချီ ခီရိုခိုက ဓားသွားကို ဆုပ်ကိုင်လိုက်ကာ ရင်ဘတ်ထဲမှ ဓားကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်သ်ည။

ကြောက်မက်ဖွယ်ကောင်းသည်မှာ သွေးတစ်စက်မျှ ထွက်မလာခြင်းဖြစ်သည်။

ထို့နောက် တကဲအုချီ ခီရိုခိုက လှောင်ပြောင်လိုက်သည်။

“ဗိုလ်ချုပ်လင်း၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ငါဒီကမ္ဘာကို စရောက်လာတုန်းက ကျွန်တော်နေထိုင်တဲ့ အသားက အရမ်းနွမ်းနယ်တာကြောင့် ငါ့ကို ထွက်သွားဖို့ တွန်းအားပေးရင်း ဒဏ်ရာရခဲ့တယ်။ ယခု၊ ဒီခန္ဓာကိုယ်က ငါ့ရဲ့ နတ်ဆိုးအရှင်ပုံစံနဲ့ လုံးဝကိုက်ညီတယ်။ ဒီလောကနည်းစနစ်တွေနဲ့ မင်းငါ့ကို အနိုင်ယူနိုင်သေးတယ်လို့ မင်းတကယ်ထင်နေလား"

ဤပြောဆိုချက်သည် ဟွာရှားမှလူအပေါင်းတို့ကို အားပျက်စေခဲ့သည်။

ဗိုလ်ချုပ်လင်းကသာ ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်သည်။

လူအများက သံသယများနှင့် ပြည့်နှက်နေချိန်တွင် ရုတ်တရက် လူတစ်ယောက်က အော်လိုက်သည်။

“ဗိုလ်ချုပ်…သူ…”

ရုတ်တရက် ဗိုလ်ချုပ်လင်း၏ဆံပင်များ တခဏချင်းဖြူလာကာ သူ၏ရုပ်ပုံသဏ္ဍာန်သည် တဖြည်းဖြည်း ပျော့ညံ့လာ၍ အသားအရေသည်လည်း လျင်မြန်စွာ အိုမင်းလာသည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် ဆံပင်ဖြူနှင့် အဘိုးကြီးတစ်ယောက် ဖြစ်လာခဲ့သည်။

တစ်ချိန်တည်း၌ပင် ဗိုလ်ချုပ်လင်းက ခပ်တိုးတိုးပြောလိုက်၏။

“လမ်းစဥ်က… သဘာဝကို လိုက်တယ်”

All Chapters